ပရိတ်ဆိုတာ ပရိတ္တ = အရံအတားလို့ ဆိုပါတယ်။ မြတ်စွာ ဘုရားရှင် လက်ထက်တော် အခါ ကတည်းက မြတ်စွာ ဘုရားက တောထဲ တောင်ထဲ အဆင်ပြေရာ သီတင်းသုံးနေထိုင် ကြရတဲ့ တောရ ဆောက်တည် ကြတဲ့ တပည့်သား သံဃာတော် အရှင်မြတ်များ ဘေးရန်များ က လွတ်အောင် ရွတ်ဆို ပွားများ စေတဲ့ အရံ အတား ဂါထာ မန္တာန်တော် များ ဖြစ်ပါတယ်။
မြန်မာများ ရင်းနှီးနေကျ ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ သူ့ သုတ်နဲ့ သူ၊ ဘယ်သုတ်ဟာ ဘယ်လို ဘေးမျိုးအတွက် အရံ အတား ဖြစ်တယ် ဆိုတာ အဓိပ္ပာယ် ကိုယ်စီ ရှိပါတယ်။ ပရိတ်ရွတ်ရာမှာ ရွတ်သူ စည်းကမ်းနဲ့ ကြားနာသူ စည်းကမ်း ၂မျိုး ရှိပါတယ်။ စည်းကမ်းကို လိုက်နာပြီး ရွတ်မှ ထက်မြက်စွာ အကျိုး ပေးတယ်လို့ ဆိုပါတယ်။
ရွတ်သူ စည်းကမ်းများ ကတော့
(၁) ပုဒ်ဖြတ် ပုဒ်နေ ပါဠိ သဒ္ဒါ အသံမှန်အောင် ရွတ်ရပါမယ်။
(၂) ကိုယ်ရွတ်တဲ့ ပါဠိကို အဓိပ္ပာယ်ကို အတိအကျ အစအဆုံး မသိတောင် အကြမ်းဖျင်းတော့ သိရပါမယ်။ (၃) လာဘ်လာဘ အတွက် ငွေအတွက် မရွတ်ရပါဘူး။ ကြည်လင် သန့်စင်တဲ့ စေတနာ သဒ္ဓါတရားနဲ့ သာ ရွတ်ရပါမယ်။
ကြားနာသူ စည်းကမ်းများ ကတော့
(၁) ပဉ္စာနန္တရိယ ကံလို့ ခေါ်ဆိုတဲ့ ဂုဏ်ကျေးဇူး အားဖြင့် အတိုင်းအဆမရှိ အနန္တ ကြီးမြတ်သူ ငါးဦးကို ပြစ်မှား ဖူးတဲ့ ကံ မရှိရပါဘူး။ အဲဒီ ကံငါးပါး ကတော့ မိသတ်၊ ဖသတ်၊ ဘုရားကို သွေးစိမ်းတည်အောင်လုပ်၊ သံဃာကို သင်းခွဲ၊ မိစ္ဆာအယူကို ယူခြင်း တို့ ဖြစ်ပါတယ်။ ဒါတွေ ကို ပြစ်မှား ကျူးလွန်ထားရင် ပရိတ်နာလဲ အကျိုးခံစားရခြင်း မရှိတော့ပါဘူး။ အဲဒါတွေ လုပ်လို့ ဖြစ်တဲ့ အကုသိုလ်ကံရဲ့ အကျိုးပေးကို ဘယ်အရာ ကမှ တားမြစ် နိုင်ခြင်း မရှိလို့ပါ။
(၂) နိယတ မိစ္ဆာဒိဌိ မ ဖြစ်ရပါဘူး။ ဘုရားကို ဘုရားမဟုတ်၊ တရားကို တရားမဟုတ်၊ သံဃာကို သံဃာ မဟုတ်လို့ ထင်မြင် ယူဆ စွပ်စွဲ ပြောဆို လက်ခံ ကျင့်သုံးသူကို ပရိတ်က အကာအကွယ် မပေးပါဘူး။
(၃) ပရိတ်တော် ရဲ့ တန်ခိုးနဲ့ သူ့ရဲ့ အကျိုးအာနိသင်ကို ယုံကြည်မှု သဒ္ဓါတရားနဲ့ ပြည့်စုံ ရပါမယ်။
ပရိတ်ကြီး ဆယ့်တစ်သုတ်မှာ ရွတ်ရုံ ရွတ်ရတဲ့ ပရိတ်နဲ့ ရွတ်လဲ ရွတ်၊ ကျင့်လဲ ကျင့်ရတဲ့ ပရိတ် ဆိုပြီး ၂မျိုး ပြန်ကွဲပါတယ်။ ရွတ်လဲရွတ်၊ ကျင့်လဲ ကျင့်ရတဲ့ ပရိတ် သုတ်တော် များ ကတော့ မင်္ဂလသုတ်၊ အင်္ဂုလိ မာလ သုတ်၊ ဗောဇ္ဈင်သုတ်၊ မေတ္တာသုတ်၊ ခန္ဓသုတ်နဲ့ ဓဇဂ္ဂသုတ်တို့ ဖြစ်ပြီး ရွတ်ရုံ ရွတ်ရတဲ့ သုတ်တော် များ ကတော့ ရတနသုတ်၊ မောရသုတ်၊ ၀ဋ္ဋသုတ်၊ အာဋာနာဋိယသုတ်၊ ပှုဗ္ဗဏှ သုတ်တို့ ဖြစ်ပါတယ်။
မခွန်မြလှိုင်
♥ ♥ ♥
လူအများ သည် ဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် ၊ အကျိုးများ ဖြစ်ပေါ်စေရန်“ပရိတ်”တရားတော် များ ကိုရွတ်ဖတ်၊ နာယူကြပါသည်၊၊
အမှန်တကယ်လည်း ပရိတ်ရွတ်ဖတ်၊ နာယူခြင်းသည် ဘေးအန္တရာယ်များ မှ ကာကွယ်ပေးနိုင်ပြီး၊ လို အပ်သည့်အကျိုးများ စွာ ကို ရရှိနိုင်ပါသည်၊၊
“ပရိတ်”ဟောဝါရသည်“ပရိတ္တ”ဟူသော ပါဠိပုဒ်မှဆင်းသက်လာသော ပါဠိသက်ဝေါဟာရ ဖြစ်ပါသည်၊၊
“ကာကွယ်ပေးခြင်း၊ တားဆီးပေးခြင်း”ဟု အဓိပ္ပါယ်ရပါသည်၊၊ ဘေးအန္တရာယ်များ နှင့် ၊ မလိုလားအပ် သည့်ရလာဘ်များ မှ အကာအကွယ်နှင့် ၊ အတားအဆီးကိုပြုပေးနိုင်သည့် မြတ်စွာ ဘုရားရှင် ဟော တော် မူထားသော ပါဠိတော် (၁၁)သုတ်ကို “ပရိတ်”ဟုခေါ်ပါသည်၊၊
(၁) မင်္ဂလသုတ်၊
(၂) မေတ္တသုတ်၊
(၃) ရတနသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ၀ဋသုတ်၊
(၇) ဓဇဂ္ဂသုတ်၊
(၈) အာဋာနာတိယသုတ်၊
(၉) အင်္ဂုလိမာလသုတ်၊
(၁၀) ဗောဇ္ဈင်္ဂသုတ်၊
(၁၁) ပုဗ္ဗဏှသုတ်၊
ပရိတ်ကြီး(၁၁)သုတ်ဟု အသိများ သည့် ပရိတ်တော် များ ကို မြတ်စွာ ဘုရားရှင်သည် လူသားတို့၏ မျက် မှော က်ဘ၀အကာအကွယ်နှင့် ၊ အကျိုးစီးပွား ဖြစ်စေရေး အတွက် သီးခြားဟောတော် မူထားခြင်း ဖြစ်ပါ သည်၊၊
ပရိတ်ရွတ်ဖတ်သည့်အစဉ်အလာသည် မြတ်စွာ ဘုရားရှင်မပွင့်ခင်ကတည်းကတည်ရှိခဲ့သည်ဟု လေ့ လာရပါသည်၊၊ ဗုဒ္ဓဘာသာကိုယုံကြည်ကိုးကွယ်သည့် နိုင်ငံများ တိုင်းတွင် ပရိတ်ရွတ်ဖတ်၊ နာယူသည့် အစဉ်အလာရှိကြပြီး၊ နိုင်ငံအလိုက်ကွဲပြားသည့် ပရိတ်ရွတ်ပုံနှင့် ၊နာယူပုံကွာခြားမှု များ ကို တွေ့ ရပါသည်၊၊
ထိုင်းနိုင်ငံတွင် ပရိတ်ရွတ်သည့်အခါ တူရိယာတစ်မျိုးမျိုးနှင့် တွဲ ဖက်၍ စည်းဝါးတကြရွတ်ဖတ်သည်ကို တွေ့ ရပါသည်၊၊ အိန္ဒိယလူမျိုးတို့ကမူ မန္တန်ရွတ်သကဲ့သို့ အသံရှည်ဆွဲ၍ ရွတ်ဖတ်ကြပါသည်၊၊ သီရိလင်္ကာလူမျိုးတို့သည် ပရိတ်ရွတ်သည့်အခါ သံရှည်ဆွဲပြီး၊ ဂီတသံပါပါရွတ်ဆိုကြပါသည်၊၊
မဟာပရိတ်ပွဲကြီးများ တွင် မူထူးခြားစွာ ၊ ရဟန်းသုံးပါးခန့်ပြိုင်တူ အသံကိုရှည်နိုင်သမျှရှည်ရှည်ဆွဲ၍ ရွတ်ဖတ်လေ့ရှိကြပါသည်၊၊ ပရိတ်သုတ်အရေအတွက်မှာ လည်း သုတ်ပေါင်း(၂၈)ရှိပါသည်၊၊ အခြားဗုဒ္ဓ ဘာသာနိုင်ငံများ တွင် လည်း ပရိတ်သုတ်အရေအတွက် များ စွာ ကွာခြားကြပါသည်၊၊
သီရိလင်္ကာလူမျိုးတို့သည် သံဃာတော် များ ရှေ့နှင့် ၊ ဘုရားပုထိုးစေတီများ တွင် ထိုင်သည့်အခါ ဘုရား၊ သံဃာနှင့် ဆင်းတုစေတီများ ဘက်သို့ “ခြေဆင်း”ပြီးထိုင်ကြပါသည်၊၊ မြန်မာအယူအဆနှင့် ကြည့်လျင် အလွန်ရိုင်းဆိုင်းသည့် ထိုင်ပုံထိုင်နည်း ဖြစ်ပါသည်၊၊
ပရိတ်ရွတ်ဖတ်ချိန်တွင် “ပရိတ်ချည်”ကို သံဃာများ သည် ပရိသတ်များ နှင့် အတူတူကိုင်ထားကြလျက်၊ ပြီးဆုံးသည့်အခါ သံဃာများ မှချည်ကြိုးကို အပိုင်းပိုင်းဖြတ်လျက်၊ လူအားလုံး၏ လက်ကောက်ဝတ်တွင် ချည်ပေးကြပါသည် သီရိလင်္ကာတို့၏ လုပ်ရိုးလုပ်စဉ် ဖြစ်ပါသည်၊၊
ပရိတ်တရားတော် များ ကို အသေးစိတ်လေ့လာကြည့်လျင် ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးကိုတိုင် တည်၍ ၊ ဘေးကင်းစေရန်ဆုတောင်းကြပုံ၊ သစ္စာပြုလျက် အကျိုးကိုတောင်းတပုံနှင့် ၊ လောကတစ်ခွင် လုံးတွင် ရှိကြသည့်သတ္တ၀ါများ ကို ဘေးကင်းစေကြောင်း၊ မေတ္တာပို့သည့်ပါဠိစာပိုဒ်များ ဖြစ်ကြောင်းကို တွေ့ ရပါသည်၊၊
ပရိတ်တရားများ ကို ရွတ်ဖတ်ခြင်း၊ နာယူခြင်းသည် အမှန်တကယ်ဘေးကင်းစေပြီး၊ အကျိုးတရားကို ဖြစ်ပေါ်စေပါသည်၊၊ မမြင်ရသည့်သရဲတစ္ဆေ၊ မြေဘုတ်ဘီလူး၊ မှင်စာ၊ စုန်းကဝေစသည်များ ၏ အန္တ ရာယ်ပေးမှု ကို အကာအကွယ်ပေးနိုင်ကြောင်း ခိုင်မာသည့်သာဓကများ စွာ ရှိပါသည်၊၊
မြတ်စွာ ဘုရားရှင်သည် လူနတ်တို့၏ မျက်မှော က်ဘ၀ ဘေးကင်းရေး နှင့် ၊ အကျိုးတိုးပွား ဖြစ်ပေါ်စေရန် ရည်သန်တော် မူလျက် ပရိတ်အ ဖြစ်ရွတ်ဖတ်နိုင်သည့် သုတ်များ ကိုသီးခြားလမ်းညွန်ထားခြင်း ဖြစ်ပါသည်၊၊
ပါဠိစာပေတစ်ရပ်လုံးတွင် သုတ်ပေါင်း(၄,၀၀၀၀)ကျော်မျှရှိသော်လည်း မြတ်စွာ ဘုရားရှင်မှ“ပရိတ်”အ ဖြစ်ရွတ်ဖတ်ရန် ညွန်ကြားတော် မူသည့် သုတ်အရေအတွက်မှာ အနည်းငယ်မျှသာ ဖြစ်ပါသည်၊၊ ပါဠိစာပေတိုင်းသည် ပရိတ်အ ဖြစ်ရွတ်ဖတ်နာယူရန် မ ဖြစ်နိုင်သည့်ဟန် ဖြစ်ပါသည်၊၊
ပရိတ်(၁၁)သုတ်သည် ကျမ်းတစ်ကျမ်းတည်းတွင် စုစည်းလျက်ဖော်ပြထားသည်မဟုတ်ဘဲ၊ ကျမ်းအ မျိုးမျိုးတွင် ပြန့်ကျဲလျက် ဖော်ပြထားသည်ကို တွေ့ ရပါသည်၊၊ “မင်္ဂလသုတ်နှင့် ရတနသုတ်၊ မေတ္တသုတ်” တို့ကို “ခုဒ္ဒကပါဌကျမ်းနှင့် သုတ္တနိပါကျမ်း”တို့တွင် ဖော်ပြထားသည်ကို တွေ့ ရပါသည်၊၊
ရတနသုတ် “ပဏိဓာနတော…မှ..ဗုဒ္ဓဂုဏေ အာဝေဇ္ဇတွာ” အထိ ပါဠိစကားပြေသည် “ဓမ္မပဒအဌကထာ၊ ဒု-၂၇၅၊”တွင် ဖော်ပြထားပါသည်၊၊
ခန္ဓသုတ်သည် “စူဠ၀ါကျမ်း၊ အင်္ဂုတ္တရနိကာယကျမ်း-ပ၊ ဇာတကကျမ်း-ပ၊” တို့တွင် ဖော်ပြပါရှိပါသည်၊၊ မောရသုတ်သည် “ဇာတိကပါဠိတော် -ပ”တွင် ပါရှိပါသည်၊၊
ဝဋ္ဋသုတ်သည် “စရိယာပိဋကကျမ်းနှင့် ၊ ဇာတကပါဠိတော် ” တို့တွင် ဖော်ပြထားသည်ကို တွေ့ ရပါသည်၊၊
“အာဋာနာတိယသုတ်” မှ “၀ိပဿိဿစ..မှ..ဟိတံဒေ၀မနုဿာနံ” အထိ စာပိုဒ်ခြောက်ခုသည် “သုတ်ပါ ထေယျကျမ်း” တွင် ဖော်ပြထားပြီး၊ “အဘိဝါဒနသီလိဿ” ဂါထာသည် “ဓမ္မပဒကျမ်း” တွင် ဖော်ပြထားပြီး၊ ကျန်သည့် ပါဠိစာပိုဒ်များ သည် ဆရာတော် ကြီးများ မှ ရေး သားထည့်သွင်းထားခြင်း ဖြစ်ပါသည်၊၊
အမျိုးသမီးများ မီးဖွားလွယ်ကူစေရန် ရွတ်ဖတ်နာယူလေ့ရှိသည့် “အင်္ဂုလိမာလသုတ်” သည် “မဇ္ဈိမ ပဏ္ဏာသကျမ်း” တွင် ဖော်ပြထားပါသည်၊၊ ဗောဇ္ဈင်္ဂသုတ်သည် “သံယုတ်ကျမ်း-တ၊” မှ “ပထမဂိလာန သုတ်၊ ဒု-တ-ဂိလာနသုတ်” များ ကိုမှီငြမ်းပြုလျက် ဆရာတော် ကြီးများ မှ ဂါထာများ အ ဖြစ် ရေး သားထားသည်ဟု ဆိုပါသည်၊၊
ပုဗ္ဗဏှသုတ်မှ “ယံကိဉ္စိ ၀ိတ္တံ” ဂါထာသည် ရတနသုတ်မှ ဖြစ်ပါသည်၊၊ “သုနက္ခတ္တံ” စသော ဂါထာသုံးပုဒ်သည် “အင်္ဂုတ္တရနိကာယကျမ်း-ပ၊” တွင် ဖော်ပြထားပြီး၊ ကျန်သည့်ပါဠိစာပိုဒ်များ သည် ဆရာတော် ကြီး များ ထည့်သွင်း ရေး ထားကြပါသည်၊၊
ပရိတ်တော် (၁၁)သုတ်ကို စီစစ်ခွဲခြားကြည့်လျင် ဘုရားဟောစစ်(၈)သုတ်၊ ဘုရားဟောပါဠိနှင့် ဆရ တော် ကြီးများ ရေး သားထားသည်ကို ရောစပ်ထားသည့်(၂)သုတ်နှင့် ၊ မြတ်စွာ ဘုရား၏ ဟောကြားချက်များ ကို မှီငြမ်းပြုပြီး၊ ဆရာတော် ကြီးများ ရေး သားသည့်(၁)သုတ်၊ စုစုပေါင်း(၁၁)သုတ်ဟူ၍ ဖြစ်ပေါ်လာပါသည်၊၊
“ပရိတ်အသေး” ဟူ၍ စာပေဝေါဟာရ မရှိသော်လည်း “ပရိတ်” ပုဒ်၏ နောက်မှ “ကြီး” စာလုံးဖြည့်စွက်လျက် “ပရိတ်ကြီး” ဟူ၍ လည်း ခေါ်ကြပါသေးသည်၊၊
ကြီးကြီးကျယ်ကျယ်ပြောဆို ရေး သားရသည်ကို မြန်မာတို့ သဘောခွေ့လေဟန် ထင်မှတ်ရပါသည်၊၊
“သီရိလင်္ကာလူမျိုး” တို့သည် သာမန်ပရိတ်ပွဲများ တွင် ရွတ်ဖတ်သည့်ပရိတ်ကို နာမည် အထူးမခေါ်သော် လည်း၊ ထူးခြားသည့်အခန်းအနား၊ အိမ်တက်စသည်များ တွင် ရွတ်ဖတ်သည့် ပရိတ်ကိုမူ “မဟာပရိတ်” ဟူ၍ ခေါ်ကြပါသည်၊၊ အိမ်ကြီးအတွင်းတွင် ပရိတ်မဏ္ဍပ် အသေးစားဆောက်လျက် သံဃာများ ကို အတွင်းတွင် နေရာချထား ပြီး၊ မြန်မာနိုင်ငံမှ ပဌာန်းပွဲဆန်ဆန် ကျင်းပသည့် မဟာပရိတ်ပွဲကြီးများ မှာ ညလုံးပေါက်ရွတ်ဖတ်ပေးရ ပြီး၊ နာယူကြပါသည်၊၊
ပရိတ်ရွတ်ဖတ်သည့် အစဉ်အလာသည် ဗုဒ္ဓရှင်တော် မပွင့်မှီကပင် တည်ရှိခဲ့ကြောင်း ပရိတ်တော် များ ၏ နောက်ခံ ဖြစ်စဉ်များ ကို လေ့လာသုံးခြင်းအားဖြင့် သိနိုင်ပါသည်၊၊
“မောရသုတ်ပရိတ်”သည် ဘုရားမ ဖြစ်မှီ “ဥဒေါင်း” ဘ၀တွင် ရွတ်ဆိုခဲ့သည့်ပရိတ်တော် ဖြစ်ပါသည်၊၊ မောရသုတ်ကိုရွတ်ဖတ်သဖြင့် မင်းခုနှစ် ဆက်တိုင် ဖမ်းခြင်းငှာ မစွမ်းနိုင်သည့် အကျိုးကိုရခဲ့ဖူးပါသည်၊၊ ဤ ဖြစ်စဉ်ကိုသုံးသပ်သော အားဖြင့် မောရသုတ်သည် အခြား အကျိုးကျေးဇူးများ အပြင်၊ အထူးသဖြင့် အဖန်းအဆီးခံရမည့်  ဘေးမှကင်းလွတ်စေသည်ဟု ယူဆနိုင်ပါသည်၊၊
“ခန္ဓသုတ်”ကို မြတ်စွာ ဘုရားသည် ရသေ့ ဖြစ်စဉ်ဘ၀တွင် တပည့်ရသေ့များ အား မြွေဆိုးဘေးအန္တ ရာယ်မှကာကွယ်စေရန် သင်ပြလမ်းညွန်ခဲ့သည့် ပရိတ် ဖြစ်သည်ဟု ဖော်ပြထားပါသည်၊၊ ဖြစ်စဉ်ကို ထောက်ဆကြည့်ခြင်းအားဖြင့် ခန္ဓသုတ်သည် မြွေနှင့် အဆိပ်ရှိသတ္တ၀ါများ ၏ ဘေးများ ကင်းဝေးစေ နိုင်သည်ဟု မှတ်သားနိုင်ပါသည်၊၊
“၀ဋ္ဋသုတ်”သည် မြတ်စွာ ဘုရားရှင်သည် “ငုံးငှက်” ဖြစ်စဉ်ဘ၀၌ သစ္စာပြုရန်ရွတ်ဆိုခဲ့သည်ဟု ဖော်ပြ ထားပါသည်၊၊
အတောင်မပေါက်သေးသည့်ငှက်ငယ်သည် တောမီးလောင်နေစဉ် “ငါသည် မပျံနိုင်ပါ၊၊ ငါ၏ မိဘတို့ သည် စွန့်ခွါကုန်ပြီ၊၊ ဤသစ္စာစကားကြောင့် တောမီးသည်ငြိမ်းပါစေသတည်း”ဟု ဘုရားအလောင်း ငှက်ငယ် သစ္စာဆိုခဲ့ပါသည်၊၊ ၀ဋသုတ်သည် မီးဘေးအန္တရာယ်မှ ကာကွယ်ပေးနိုင်သည်ဟု မှတ်သား နိုင်ပါသည်၊၊
အထက်တွင် ဆွေးနွေးတင်ပြထားသည်များ ကို လေ့လာသော အားဖြင့် မောရသုတ်၊ ၀ဋ္ဋသုတ်နှင့် ၊ ခန္ဓ သုတ်တို့သည် ဘုရားမပွင့်မှီကပင် ရှိခဲ့သည့် ပရိတ်များ ဖြစ်ကြောင်း သိသာပါသည်၊၊
“မာဃလုလင်”သည် ရှင်ဘုရင်မှ အထင်မှားပြီး၊ ဆင်ဖြင့် နင်းသတ်စေရာ ဆင်များ မှမနင်းဝံ့သဖြင့် ၊ အကြောင်းကိုမေးမြန်းသည့်အခါ “ပရိတ်ရွတ်နေသဖြင့် ဆင်ဘေးမှ ကင်းဝေးရသည်”ဟု ဖြေသည်ကို သုံးသပ်ခြင်းအားဖြင့် ပရိတ်တော် များ သည် မနာလိုသူများ ၏ ချောက် ချသည့်အန္တရာယ်မှလည်း ကင်းဝေးစေနိုင်ကြောင်း မှတ်သားနိုင်ပါသည်၊၊
“ဗာရဏသီမင်း၏ သားတော် သည် တက္ကသိုလ်ပြည်သို့ မင်းအ ဖြစ်ကိုခံယူရန်အတွက်၊ ဘီလူးနှင့် သားရဲ ပေါသည့်တောကြီးကိုဖြတ်သွားရမည် ဖြစ်၍ ဘေးများ မှကင်းဝေးရန် ပစ္စေကဗုဒ္ဓါများ မှ ပရိတ်ချည်နှင့် ၊ ပရိတ်သဲများ ကို ပေးလိုက် သည်” ဟု တေလပတ္တဇာတ်၊ အဌကထာတွင် ဖော်ပြထားပါသည်၊၊
“ဆဒ္ဒန်ဆင်မင်းသည် အစွယ်ကို ဖြတ်သည့်မုဆိုးအား၊ ခုနှစ် နှစ် ၊ ခုနှစ် လလာခဲ့ရသည့်ခရီးကို ပရိတ်အကာအကွယ်များ ပြုပေးလိုက် ခြင်းဖြင့် ခုနှစ် ရက်တည်းဖြင့် တိုင်းပြည် အရောက်ပြန်နိုင်ခဲ့သည်” ဟု ဖော်ပြထားပါသည်၊၊
အထက်ပါဖော်ပြချက်များ ကို သုံးသပ်သော အားဖြင့် ပရိတ်ရွတ်ဖတ်လျင် ဖြစ်စေ၊ နာယူလျင် ဖြစ်စေ ခရီး သွားသည့်အခါ လမ်းခရီးလျင်မြန်ကြောင်းနှင့် ၊ ဘေးကင်းကြောင်းကို မှတ်သားနိုင်ပါသည်၊၊ ဆွေးနွေးဖော်ပြထားသည့် ဖြစ်စဉ်များ မှာ ဘုရားမ ဖြစ်ခင်ဘ၀များ က ဖြစ်ခဲ့သည့် ဖြစ်စဉ်များ ဖြစ်၍ ၊ ပရိတ် ရွတ်ဖတ်သည့် အစဉ်အလာသည် ဘုရားမပွင့်မှီနှင့် ၊ ဗုဒ္ဓဘာသာမပေါ်မှီ ကပင်တည်ရှိခဲ့သည်ဟု ဆိုနိုင်ပါ သည်၊၊
* * *
မြတ်စွာ ဘုရားရှင် ဘုရား ဖြစ်ပြီးမှပေါ်ပေါက်လာသည့် ပရိတ်တော် (၇)သုတ်ရှိပါသည်၊၊ ဘုရား ဖြစ်ပြီးမှ မြတ်စွာ ဘုရားရှင်ကိုယ်တိုင် လမ်းညွန်တော် မူသည့် ပရိတ်(၇)သုတ်ဟု ဆိုလိုပါသည်၊၊
(၁) ရတနသုတ်၊
(၂) မေတ္တသုတ်၊
(၃) ခန္ဓသုတ်၊
(၄) ဓဇဂ္ဂသုတ်၊
(၅) အာဋာနာတိယသုတ်၊
(၆) အင်္ဂုလိမာလသုတ်၊
(၇) ဗောဇ္ဈင်္ဂသုတ်၊
“ရတနသုတ်” သည် ဝေသာလီပြည်တွင် ရောဂါ ဘေး၊ ဘီလူးသားရဲဘေးနှင့် ၊ အစားအသောက်ငတ် မွတ်ဘေးတို့ ဖြစ်ပေါ်သည့်အတွက် မြတ်စွာ ဘုရားရှင်မှ အရှင်အာနန္ဒာအား “ရတနသုတ်”ကိုသင်ပေးပြီး မြို့ကိုပတ်၍ ရွတ်ဖတ်စေသဖြင့် ဘေးအားလုံးမှကင်းဝေး သွားပါသည်၊၊
တောနက်ထဲတွင် ကမ္မဌာန်းတရား အားထုတ်နေကြသည့် ရဟန်း(၅၀၀)တို့အား သစ်ပင်စောင့်နတ်များ မှအန္တရာယ်ပြုသဖြင့် ၊ အကာအကွယ်ရစေနေရန် မြတ်စွာ ဘုရားရှင်မှ “မေတ္တသုတ်”ကိုသင်ပြပေးပြီး၊ ရွတ်ဖတ်စေခဲ့ပါသည်၊၊
မေတ္တသုတ်သည် မြင်ရ၊ မမြင်ရ အနှောက်အယှက် ဘေးအန္တရာယ်များ မှ ကင်းဝေးစေသည့်ပရိတ်ဟု မှတ်သားနိုင်ပါသည်၊၊
“ဓဇဂ္ဂသုတ်”ကို မြတ်စွာ ဘုရားရှင်သည် တောထဲတွင် တရားအားထုတ်နေသည့် သံဃာများ အတွက် ကြောက်လန့်ခြင်း၊ ကြက်သီးထခြင်းများ မ ဖြစ်ပေါ်စေရန် ရတနာသုံးပါး၏ ဂုဏ်များ ကို အောက်မေ့အ မှတ်ရနေရမည် ဟု သင်ပြလမ်းညွန်ပေးခဲ့ပါသည်။
ဝေဿ၀ဏ်နတ်မင်းကြီးသည် တရားကျင့်သည့် သံဃာတော် တို့အား နတ်ဆိုးများ နှင့် ၊ တစ္ဆေ၊ ပြိတ္တာတို့ မှမနှောက်ယှက်နိုင်စေရန် “အာဋာတိယသုတ်”ကို လျောက်ထားသဖြင့် မြတ်စွာ ဘုရားမှ ခွင့်ပြုတော် မူ ခဲ့သည့် ပရိတ် ဖြစ်ပါသည်၊၊
ကျန်းမာရေး မကောင်းသည့်အချိန်တွင် ရွတ်ဖတ်ခြင်းဖြင့် သက်သာပျောက်ကင်းစေရန် မြတ်စွာ ဘုရား ရှင်သည် “ဗောဇ္ဈင်္ဂသုတ်” ကို ဟောပြောသင်ပြခဲ့ပါသည်၊၊ မြတ်စွာ ဘုရားရှင် ကိုယ်တိုင်နှင့် ၊ “အရှင်မောဂ္ဂ လာန်၊ အရှင်မဟာကဿပ” တို့ မကျန်းမာချိန်ကလည်း “အရှင်စုန္ဒမထေရ်” ကိုရွတ်ဖတ်စေခဲ့သည်ဟု ပါဠိတော် မှတ်တမ်းတင်ထားပါသည်၊၊
အထက်တွင် ဆွေးနွေးတင်ပြထားသည့် ပရိတ်တော် (၇)သုတ်သည် စာပေအထောက်အထား ခိုင်မာ သည့် မြတ်စွာ ဘုရားဟော ပရိတ်တော် များ ဖြစ်ပါသည်၊၊ “မင်္ဂလသုတ်၊ ၀ဋ္ဋသုတ်၊ မောရသုတ်နှင့် ၊ ပုဗ္ဗ ဏှသုတ်” တို့ကို မြတ်စွာ ဘုရားရှင်မှ ပရိတ်အ ဖြစ် ရွတ်ဆို၊ နာယူကြရန် လမ်းညွန်ခဲ့သည် ပါဠိတော် အထောက်အထား မရှိကြောင်း ပါဠိသုတေသနပညာရှင်များ မှ ဆိုပါသည်၊၊
မြတ်စွာ ဘုရား ပရိနိဗ္ဗာန်ပြုအပြီး နှစ် (၅၀၀)အကြာ “အရှင်နာဂသိန်နှင့် ၊ မိလိန္ဒမင်း” တို့ပေါ်ပေါက်သည့် ခေတ်တွင် ပရိတ်ရွတ်ခြင်းသည် အကျိုးရှိ၊ မရှိပြဿနာကို အရှင်နာဂသိန်မှ အကျိုးဧကန်ရှိကြောင်း ဖြေကြားတော် မူပြီး၊ ပရိတ်(၇)သုတ်ကို ဖော်ညွန်ပြခဲ့ပါသည်၊၊
(၁) ရတနသုတ်၊
(၂) မေတ္တသုတ်၊
(၃) ခန္ဓသုတ်၊
(၄) မောရသုတ်၊
(၅) ဓဇဂ္ဂသုတ်၊
(၆) အာဋာနာတိယသုတ်၊
(၇) အင်္ဂုလိမာလသုတ်၊
အထက်ပါဖော်ပြချက်ကို ထောက်ဆသော အားဖြင့် ထိုခေတ်အချိန်က ပရိတ်(၇)သုတ်သာရှိသေးကြောင်း သိနိုင်ပါသည်၊၊
သာသနာတော် နှစ် (၉၀၀)တွင် “သီရိလင်္ကာနိုင်ငံ” ၌ ပါဠိစာပေအထူးထွန်းကားလျက်ရှိပြီး၊ သာသနာတော် နေရောင် လရောင် ပမာ ထွန်းပြောင်ခဲ့ပါသည်၊၊ “အရှင်မဟာဗုဒ္ဓဃောသ” ဟူသော ပါဠိကျမ်းပြု ဆရာတော် တစ်ပါးပေါ်ပေါက်ခဲ့ပြီး၊ ဘုရားဟောပါဠိကျမ်းများ ကို အဖွင့်ကျမ်းကြီးများ ပြုစုခဲ့ပါသည်၊၊
အရှင်မဟာဗုဒ္ဓဃောသသည် သူ၏ ကျမ်းကြီးများ ထဲတွင် ပရိတ်တော် (၈)သုတ်ကို ဖော်ပြထားပါသည်၊၊
(၁) ရတနသုတ်၊
(၂) မေတ္တသုတ်၊
(၃) ခန္ဓသုတ်၊
(၄) မောရသုတ်၊
(၅) ဓဇဂ္ဂသုတ်၊
(၆) အာဋာနာတိယသုတ်၊
(၇) ဗောဇ္ဈင်္ဂသုတ်၊
(၈) ဣသိဂိလိသုတ်၊
“ဣသိဂိလိသုတ်” သည် “ဥပရိပဏ္ဏာသပါဠိကျမ်း”တွင် ဖော်ပြထားပြီး၊ ဣသိဂိလိတော် ပေါ်တွင် နေထိုင်ကြသည့် ပစ္စေကဗုဒ္ဓါများ ၏ နာမည် များ ကို ဖော်ပြထားသည့် သုတ် ဖြစ်ပါသည်၊၊
ဘီလူး၊ ဘုတ်တစ္ဆေ၊ ပြိတ္တာတို့ဘေးရန်မှ ကာကွယ်နိုင်သည့် “ယက္ခပရိတ်”နှင့် ၊ မြွေဆိုးများ မလာစေရန် စည်း ချသည့် “နာဂမဏ္ဍလပရိတ်” တို့ကို သံဃာများ သင်သင့်ကြောင်းကို “စူဠ၀ါပါဠိကျမ်း” တွင် ဖော်ပြထားပါသည်၊၊
ဘုရားဟောသုတ်များ မဟုတ်သဖြင့် ၊ သင်ကြားမှု ၊ ရွတ်ဖတ် နာယူမှု ပျောက်ကွယ်ခဲ့သည့် ပရိတ်သုတ်များ ဖြစ် ဟန်ရှိပါသည်၊၊
သာသနာတော် နှစ် (၂၁၅၃)တွင် “အရှင်တေဇောဒီပမထေရ်” သည် “ပရိတ်ကြီးဋီကာကျမ်းကြီး” ကို ရေး သားခဲ့ပါ သည်၊၊ ကျမ်းကြီးထဲတွင် ပရိတ်(၉)သုတ်ကိုသာ ဖော်ပြထားပါသည်၊၊
(၁) မင်္ဂလသုတ်၊
(၂) ရတနသုတ်၊
(၃) မေတ္တသုတ်၊
(၄) ခန္ဓသုတ်၊
(၅) မောရသုတ်၊
(၆) ဓဇဂ္ဂသုတ်၊
(၇) အင်္ဂုလိမာလသုတ်၊
(၈) အာဋာနာတိယသုတ်၊
(၉) ဗောဇ္ဈင်္ဂသုတ်၊
* * *အထက်တွင် ဆွေးနွေးဖော်ပြခဲ့သည်များ အားလုံးကို အသေးစိတ်လေ့လာကြည့်လျင် ရှေးခေတ်က ပရိတ်(၉)သုတ်ကိုသာ အသုံးပြုခဲ့ပြီး၊ “၀ဋ္ဋသုတ်နှင့် ၊ပုဗ္ဗဏှသုတ်”တို့ကို ပရိတ်အ ဖြစ်အသုံးမပြုခဲ့ကြောင်း တွေ့ နိုင်ပါသည်၊၊
“၀ဋ္ဋသုတ်” သည် မြတ်စွာ ဘုရား ကိုယ်တိုင်ခေတ်နှင့် ၊ အခြားသော ခေတ်များ အားလုံးတွင် ပရိတ်အ ဖြစ် အသုံးပြုခဲ့ခြင်းမရှိဘဲ၊ မျက်မှော က်ခေတ်တွင် မှ ဆရာတော် ကြီးများ ထည့်သွင်းပြီး ပရိတ်အ ဖြစ်ရွတ် ဖတ်ခဲ့ခြင်း ဖြစ်ပါသည်၊၊
ပုဗ္ဗဏှသုတ်မှ “ယံဒုန္နိမိတ္တံ..မှ..အပရာဇိတပလ္လင်္ကေ” အထိ သုံးဂါထာသည် အရှင်တေဇောဒီပ၏ ကျမ်း ထဲတွင် မေတ္တာပို့ဂါထာများ အ ဖြစ်ဖော်ပြထားပြီး၊ မျက်မှော က်ခေတ်တွင် “အင်္ဂုတ္တရနိကာယ်” မှ “သုနက္ခ တ္တံ” စသော ဂါထာများ ကိုထည့်သွင်းပြီး “ပုဗ္ဗဏှသုတ်” ဟု အမည် တပ်အသုံးပြုခဲ့ဟန် တူပါသည်၊၊
ပရိတ်၏ အစတွင် ရွတ်ဆိုသည့် “သမန္တာဂါထာ” သည် ပရိတ်ကြီး ဋီကာကျမ်းကြီး ပေါ်ချိန်အထိ မရှိသေး ဘဲ၊ ထိုအချိန်က ပရိတ်ရွတ်လျင် “ဓမ္မဿသနကာလော အယံဘဒန္တာ” မှ စတင်ပြီးရွတ်ဆိုခဲ့ကြသည်ဟု မှတ်တမ်းများ တွင် တွေ့ ရပါသည်၊၊
ပရိတ်ရွတ်ဖတ်နာယူသည့် အစဉ်အလာသည် ဗုဒ္ဓဘာသာနိုင်ငံတိုင်းတွင် တည်ရှိသည့်အတွက် အရေး ပါသည့် ကျင့်စဉ် ဖြစ်နေပါသည်၊၊ ပရိတ်ကိုပင် စည်းချသည့် အရံအတားအ ဖြစ်၎င်း၊ အဆောင်မန္တန်အ သွင်ဖြင့် ၄င်း အသုံးပြုကြသည်များ လည်း ရှိပါသေးသည်၊၊
မည် သို့အသုံးပြုသည် ဖြစ်စေကာမူ ရိုသေမှု ဖြင့် သုံးလျင် အကျိုးကိုရရှိနိုင်ပါသည်၊၊ ပရိတ်ရွတ်ဖတ်သူတွင် ရှိရမည့် အင်္ဂါရပ်များ နှင့် ၊ နာယူသူတွင် ရှိရမည့် အင်္ဂါရပ်များ ဟူ၍ ရှိပင်ရှိသော်လည်း၊ အင်္ဂါရပ်များ မ ပြည့်စုံစေကာမူ၊ တိရစ္ဆာန်များ ပင် ပရိတ်အကျိုးကိုရနိုင်သည်ကို ထောက်ဆသော အားဖြင့် လူတို့အတွက် ဧကန်မုချ အကျိုးကျေးဇူးကို ရရှိနိုင်သည်ဟု ယုံကြည်ရပါသည်၊၊
“ပရိတ်”ကို သံဃာများ တွင် မက၊ လူများ လည်း ရွတ်ဖတ်နိုင်ပါသည်၊၊ ဘာသာခြားသူများ လည်း ရွတ် ဖတ်နာယူနိုင်ပါသည်၊၊ အကျိုးကို ရရှိသည်ခြင်း အတူတူပင် ဖြစ်ပါသည်၊၊
မြတ်စွာ ဘုရားရှင် သင်ပြဟောပြောတော် မူခဲ့သည့် ပါဠိတော် ကျမ်းများ စွာ ပင် ရှိသော်လည်း ပရိတ်ပါဠိ များ သည် လူတို့နှင့် အနီးကပ်ဆုံး ဖြစ်သည့်အတွက် အသေးစိတ် သိရှိကြစေရန် ရည်ရွယ်ချက်ဖြင့် ယ္ခုစာ တမ်းကို ရေး သားတင်ပြခြင်း ဖြစ်ပါသည်၊၊
ပရိတ်အကြောင်း လေ့လာတင်ပြချက်သည် ဤတွင် အတိုင်းအတာတစ်ခုမျှ ပြည့်စုံပြီဟု ယူဆပါသည်၊၊ “အလင်းစက်”စာဖတ်သူများ ပရိတ်တော် အစွမ်းဖြင့် ငြိမ်းချမ်း အေးမြပါစေကြောင်းဆုမွန်ချွေလျက် စာ တမ်းကို အဆုံးသတ်လိုက်ရပါသည်၊၊
* * *
ရတနသုတ်ရတနသုတ်= ကပ်ကြီး သုံးပါးမှ ကင်းဝေး ပြေပျောက် စေသော သုတ်တော် ။ ( ဝေသာလီပြည်တွင် ကပ်ကြီး သုံးပါး (ဘီလူးဘေး၊ အနာ ရောဂါ ဘေး၊ အငတ်ဘေး) ဆိုက်ရောက်ပြီး လူများ သေကြေ ပျက်စီး သော ကြောင့် ဘီလူး သရဲများ မြို့တွင်းဝင်ပြီး လူသေ သာမက လူရှင်များ ကိုပါ သတ်ဖြတ် စားသောက် လာသော ကြောင့် ဘုရင်ရဲ့ ပင့်ဖိတ်ချက်အရ ကြွလာပြီး ရှင် အာနန္ဒာကို သုတ်တော် ကို သင်ပေးပြီး မြို့တံတိုင်း သုံးထပ် အကြား လှည့်လည် ရွတ်စေပြီး ကပ်ဘေးများ ကင်းပျောက်စေခဲ့သည်။ )
၁။ ပဏိဓာနတော ပဋ္ဌာယတထာဂတဿ ဒသ ပါရမိယော၊
(ပဏိဓာန-တောပတ်ထာယ,တ-ထာဂတ်တတ်သ ဒ-သပါရမိယော)
ဒသ ဥပပါရမိယော၊ဒသ ပရမတ္တ ပါရမိယောတိ၊
(ဒ-သအုပ-ပါရမိယော,ဒ-သပရမတ်ထ ပါရမိယောတိ/)
သမတိံ သ ပါရမိယော၊ပဉ္စ မဟာပရိစ္စာဂေ၊
(သမ-တိမ်သ-ပါရမိယော,ပင်စ-မဟာ ပရိတ်စာဂေ/)
လောကတ္ထ စရိယံ ဉာတတ္ထ စရိယံ၊ဗုဒ္ဓတ္ထ စရိယန္တိ ,၊
(လောကထ-စရိယံ ညာတတ်ထ-စရိယံ ဗုတ်ဓတ်ထ-စရိယန်တိ/)
တိေဿာ စရိယာယော၊ပစ္ဆိမဘဝေ ဂဗ္ဘဝေါက္ကန္တိံ၊
(တိတ်သော စရိယာယော ပစ်ဆိမ-ဘဝေ ဂပ်ဘ-ဝေါက်ကန်တိမ်/)
ဇာတိံ အဘိ နိက္ခမနံ၊ပဓာနစရိယံ ဗာဓိပလ္လင်္ကေ
(ဇာတိမ်-အဘိ နိတ်ခမနံ ပဓာန-စရိယံ ဗောဓိ ပန်လင်ကေ/)
မာရ၀ိဇယံ၊သဗ္ဗညုတညာဏပ္ပဋိဝေဓံ၊
(မာရ-၀ိဇယံ သပ်ဗင်ညုတင်ညာနပ်ပတိဝေဓံ/)
ဓမ္မစက္ကပ္ပ၀တ္တနံ၊န၀ လောကုတ္တရဓမ္မေတိ၊
(ဓမ်မ-စက်ကပ် ပ၀တ်တနံ,န၀ လောကုတ်တရ ဓမ်မေတိ/)
သဗ္ဗပိမေ ဗုဒ္ဓဂုဏေ၊အာဝဇ္ဇေတွာ၊
(သပ်ဗေပိမေ ဗုတ်ဓ-ဂူဏေ,အာဝစ်ဇစ်တ၀ါ/)
ဝေသာလိယာ တီသု ပါကာရန္တ ရေသု၊
(ဝေသာလိယာ တီသု ပါကာ ရန်တရေသု/)
တိယာမရတ္တိံ ပရိတ္တံ ကရောန္တော၊
(တိယမ-ရတ်တိမ် ပရိတ်တံ ကရွန်တော/)
အာယသ္မာ အာနန္ဒတ္ထရော ၀ိယ၊
အာယက်သမာ အာနန်ဒတ်ထေရော ၀ိယ/)
ကာရုညစိတ္တံ ဥပဋ္ဌပေတွာ
(ကာရုည စိတ်တံ အုပတ်ထပစ်တ၀ါ/)
၂။ကောဍီ သတဟေဿသု၊စက္က၀ါဠေသု ဒေ၀တာ။
(ကောတီ-သတ- သဟတ်သေတု၊စက်က-၀ါလေသုဒေ၀တာ/)
ယဿာဏံ ပဋဂ္ဂဏှန္တိ၊ယဉ္စ ဝေသာလိယာ ပုရေ။
(ယတ်သာဏံ ပတိတ်ဂန်နန်တိ၊ယင်စ ဝေသာလိယာပုရေ/)
၃။ ရောဂါ မနုဿဒုဗ္ဘိက္ခသမ္ဘူတံ တိဝိဓံ ဘယံ။
( ရောဂါ မနုတ်သ-ဒုတ်ဘိတ်ခ-သမ်ဘူတံ တိ ၀ိဓံဘယံ/)
ခိပ္ပ မန္တရ ဓာပေသိ၊ပရိတ္တံ တံ ဘဏာမ ဟေ၊
(ခိတ်ပ-မန်တရ-ဓါပေသိ၊ပရိတ်တံ တံဘဏမဟေ/)
၎။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
(ယာနီဓ ဘူတာနိ သမာဂတာနိ၊/)
ဘုမ္မာနိ ၀ါယာနိ ၀ အန္တလိက္ခေ။
(ဘုမ်မာနိ ၀ါယာနိဝ-အန်တံ-လိတ်ခေ/)
သဗ္ဗေ၀ ဘူတာ သုမနာ ဘ၀န္တု၊
(သပ်ဗေ၀ ဘူတာ သုမနာ ဘ၀န်တုဝ)
အထောပိ သက္ကစ္စ သုဏန္တု ဘာသိတံ။
(အထောပိ သက်ကစ်စ သုကန်တု ဘာသိတံ/)
၅။တသ္မာ ဟိ ဘူတာ နိသာမေတ သဗ္ဗေ၊
(တတ်သမာ ဟိ ဘူတာ နိသာမေထ-သပ်ဗေ/)
မေတ္တံ ကရောထ မာနုသိယာ ပဇာယ၊
(မစ်တံ ကရောထ မာနုသိယာ ပဇာယ/)
ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ၊
(ဒိဝါစ-ရတ်တောစ-ဟရန်တိ ယေဗလိမ်)
တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ။
(တတ်သမာ ဟိ နေ ရက်ခထ အပ်,ပမတ်တာ/)
၆။ ယံကိဉ္စိ ၀ိတ္တံ ဣဓ ၀ါ ဟုရံ ၀ါ၊
(ယံကိန်စိ ၀ိတ်တံ အိဓ-၀ါဟုရံဝါ)
သဂ္ဂေသု ၀ါ ယံ ရတနံ ပဏီတံ။
(သက်ဂေသု ၀ါယံ ရတနံ ပဏီတံ/)
နနော သမံ အတ္ထိ တထာဂတေန၊
(န-နောသမံ အတ်ထိတ-ထာဂတေန)
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
(အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန-သစ်စေန-သုဝတ်ထိ ဟောတု/)
၇။ ခယံ ၀ိရာဂံ အမတံ ပဏီတံ၊
(ခယံ ၀ိရာဂံ အ-မတံ ပဏီတံ)
ယဒဇ္ဈဂါ သကျမုနီ သမာဟိတော။
(ယဒစ်ဈဂါသက်ကျမုနိ သမာဟိတော/)
န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ၊
(န-တေ-န ဓမ်မေန-သမက်ထိ ကိန်စိ)
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏိတံ။
(အိအမ်ပိ ဓမ်မေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟောတု/)
၈။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ၊
(ယံ ဗုတ်ဓ-သစ်ထော ပရိဝန်ဏယီ သုစိမ်/)
သမာဓိ မာနန္တရိက ညမာဟူ။
(သမာဓိ မာနန်တရိ ကင်ည မုဟု/)
သမာဓိနာ တေန သမော န ၀ဇ္ဇတိ၊
(သမာဓိနာ တေန-သမောန-၀ိတ်ဇတိ)
ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ၊
(အိဒမ်ပိ ဓမ်မေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိဟောတု/)
၉။ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ၊
(ယေ ပုတ်ဂလာ အတ်ထ သတံ ပသတ်ထာ)
စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ။
(စက်တာရိ အေတာနိ ယုဂါနိ ဟွန်တိ/)
တေ ဒက္ခိဏေယျာ သုဂတဿ သာဝကာ၊
(တေ ဒက်ခိဏေယာ သုဂတတ်သ-သာဝကာ)
ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ။
(အေတေသု ဒိန်နာနိ မဟပ်,ဖလာနိ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟောတု/)
၁၀။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန၊
(ယေသုတ်ပယုတ်တာ မန-သာ ဒန်လှေန)
နိက္ကာမိနော ဂေါတမသာသနမှိ။
(နိတ်ကာမိနော ဂေါတမ-သာသနမ်မှိ/)
တေ ပတ္တိပတ္တာ အမတံ ၀ိဂယှ၊
တေ ပတ်တိပတ်တာ အ-မတံဝိဂယ်ယှ)
လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ။
(လတ်ဓာ မုဓာ နိတ်ဗုတိမ် ဘုန်ဇ-မာနာ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ။
(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုတ်ဝတ်ထိ ဟောတု/)
၁၁။ ယထိန္ဒခီလော ပထ၀ိဿိတော သိယာ၊
(ယထိန်ဒ-ခီလော ပထ၀ိတ်သိဿတော သိယာ/)
စတုဗ္ဘိ ၀ါတေဟိ အသမ္ပကမ္ပိယော။
(စတုတ်ဘိ ၀ါတေဟိ အ-သမ်,ပကမ်ပိယော/)
တထူပမံ သပ္ပုရိသံ ၀ဒါမိ၊
(တထူပမံ သပ်,ပုရိသံ ၀ဒါမိ/)
ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ။
(ယော အရိယ သစ်စာနိ အ၀စ်စ ပတ်သတိ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
(အိဒမ်ပိသံဃေ ရတနံ ပဏိတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟောတု/)
၁၂။ ယေ အရိယသစ္စာနိ ၀ိဘာဝယန္တိ၊
(ယေ အရိယ-သစ်စာနိ ၀ိ,ဘာဝယန်တိ)
ဂမ္ဘီရ ပညေန သုဒေသိတာနိ။
(ဂမ်ဘီရ-ပင်ညေန သု-ဒေသိတာနိ/)
ကိဉ္စာပိ တေ ဟောန္တိ ဘုသံ ပမတ္တာ၊
(ကိန်စာပိ တေ ဟွန်တိ ဘုသံ ပမတ်တာ)
န တေ ဘ၀ အဋ္ဌမ မာဒိယန္တိ။
(န-တေ ဘ၀ံ အတ်ထမ မာဒိယန်တိ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟာတု/)
၁၃။ သဟာဝဿ ဒဿနသမ္ပဒါယ၊
(သဟာဝတ်သ ဒတ်သန သမ်ပဒါယ)
တယဿု ဓမ္မာ ဇဟိတာ ဘ၀န္တိ။
(တယတ်သု ဓမ်မာ ဇဟိတာ ဘ၀န်တိ/)
သက္ကာယ ဒိဋ္ဌိ ၀ိစိကိစ္ဆိတဉ္စ၊
(သက်ကာယ-ဒိတ်ထိ ၀ိစိကိတ်ဆိတင်စ/)
သီလဗ္ဗတံ ၀ါပိ ယဒတ္ထိ ကိဉ္စိ။
(သီလပ်ဗတံ ၀ါပိ ယဒတ်ထိ ကိန်စိ/)
၁၄။ စတူဟပါယေဟိ စ ၀ိပ္ပမုတ္တော၊
(စတူဟ ပါယေဟိစ ၀ိတ်ပ-မုတ်တော)
ဆစ္စာဘိ ဌာနာနိ အဘဗ္ဗ ကာတုံ။
(ဆစ်စာဘိ ထာနာနိအ-ဘပ်ဗ-ကာတုံ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိဟောတု/)
၁၅။ ကိဉ္စာပိ သော ကမ္မကရောတိ ပါပကံ၊
(ကိန်စပိ သော ကမ်မ- ကရောတိ ပါပကံ)
ကာယေန ၀ါစာ ဥဒ စေတသာ ၀ါ။
(ကာယေန ၀ါစာ အုဒ စေတ-သာဝါ/)
အဘဗ္ဗသော တဿ ပဋိစ္ဆဒါယ၊
(အ-ဘပ်ဗ-သော တက်သ ပတိတ်ဆဒါယ/)
အဘဗ္ဗတာ ဒိဋ္ဌပဒဿ ၀ုတ္တာ။
(အ-ဘပ်ဗ တာ ဒိတ်ထ ပဒတ်သ-၀ုတ်တာ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ/)
ဧတေန သစ္စာန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟောတု/)
၁၆။ ၀နပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ၊
(၀နပ်,ပဂုံဗေ ယ-ထ ဖုတ်သိတက်ဂေ/)
ဂိမှာ န မာသေ ပဌမသ္မိံ ဂိမှေ။
(ဂိမ်မှာ န-မာသေ ပဌမ-သမိမ်ဂိမ်မှေ/)
တထူပမံ ဓမ္မ၀ရံ အဒေသယိ၊
(တထူပမံ ဓမ်မ-၀ရံ အ- ဒေသယိ/)
နိဗ္ဗာနဂါမိံ ပရမံ ဟိတာရ။
(နိတ်ဗာန ဂါမိ ပရမံ ဟိတာယ/)
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ။
(အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ/)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟောတု/)
၁၇။ဝရော ၀ရညူ ၀ရဒေါ ၀ရာဟရော။
(၀ရော ၀ရင်ညူ ၀ရ-ဒေါ ၀ရာဟရော/)
အနုတ္တရော ဓမ္မ၀ရံ အဒေသယိ။
(အနုတ်တရော ဒမ်မ၀ရံ အ-ဒေသယိ/)
ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ၊
(အိဒမ်ပိ ဗုတ်ဓေ ရတနံ ပဏီတံ/)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိ ဟောတု/)
၁၈။ ခီဏံ ပုရာဏံ န၀ နတ္ထိ သမ္ဘ၀ံ၊
(ခီဏံပုရာဏံ န၀ နတ္ထိ ဥမ္ဘ၀ံ/)
ဝိရတ္တစိတ္တာ ယတိကေ ဘ၀သ္မိံ။
(၀ိရတ်တ စိတ်တာ ယတိကေ ဘ၀-သမိမ်/)
တေ ခီဏဗီဇာ အ၀ိရုဠှိ စန္ဒာ၊
(တေခိဏ-ဗီဇာ အ-၀ိရုန်လှိဆန်ဒါ/)
နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ။
(နိတ်ဗန်တိ ဓီရာ ယ ထာယံ ပဒီပေါ/)
ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ၊
(အိဒမ်ပိ သံဃေ ရတနံ ပဏီတံ/)
ဧတေန သစ္စေန သုဝတ္ထိ ဟောတု။
(အေတေန သစ်စေန သုဝတ်ထိဟောတု/)
၁၉။ ယာနီဓ ဘူတာနိ သမာဂထာနိ၊
(ယာနဓ ဘူတာနိ သမာဂတာနိ/)
ဘုမ္မာနိ ၀ါယာနိဝ အန္တလိက္ခေ။
(ဘုမ်မာနိ ၀ါ ယာနိဝအန်တ-လိတ်ခေ/)
တထာဂတံ ဒေ၀မနုဿပူဇိတံ။
(တ-ထာ ဂတံ ဒေ၀ မနုတ်သ-ကူဇတေံ/)
ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု။
(ဗုတ်ဓံ နမတ်သာမ သုဝတ်ထိ ဟောတု/)
၂၀။ ယာနီဓ ဘူတာနိ သမာဂတာနိ
(ယာနိဓ ဘူတာနိသမာဂတာနိ /)
ဘုမ်မာနိ ၀ါ ယာနိဝ အန္တလိက္ခေ၊
(ဘုမ်မနိဝါ ယာနိဝ အန်တ-လိတ်ခေ/)
တထာဂတံ ဒေ၀မနုဿ ပူဇိတံ။
(တ-ထာဂတံ ဒေ၀-မနုတ်သ-ပူဇိတံ/)
ဓမ်မံ နမဿာမ သုဝတ္ထိ ဟောတု။
(ဓမ်မံ နမတ်သာမ သုဝတ်ထိ ဟောတု/)
၂၁။ ယာနီဓ ဘူတာနိ သမာဂတာနိ၊
(ယာနိဝ ဘူတာနိ သမာဂတာနိ /)
ဘုမ်မာနိ ၀ါ ယာနိဝ အန္တလိက္ခေ၊
(ဘုမ်မနိဝါ ယာနိဝ အန်တာ-လိတ်ခေ/)
တထာဂတံ ဒေ၀မနုဿ ပူဇိတံ၊
(တ-ထာဂတ ဒေ၀ မနုတ်သ-ပူဇိတံ/)
သံဃံ နမဿာမ သုဝတ္ထိ ဟောတု။
(သံဃံ နမတ်သာမ သုဝတ်ထိ ဟောတု/)
ရတန သုတ္တံ နိဋ္ဌိတံ။
ရတန သုတ်တံ နိတ်ထိတိ♥ ♥ ♥
မေတ္တသုတ်မေတ္တာသုတ် = လူ၊ နတ်၊ ဗြဟာ သတ္တ၀ါတို့ ချစ်ခင် မြတ်နိုးစေသော သုတ်တော် ( တောရ ဆောက်တည် သော သံဃာတော် များ ရဲ့ သီလ အစွမ်းကြောင့် တောထဲတွင် မနေနိုင်သော နတ်၊ မှင်စာ၊ တစ္ဆေ၊ သရဲတို့ ခြောက်လှန့်သော ကြောင့် တရား အားမထုတ်နိုင် ဖြစ်ရသော ကြောင့် ထို အနှောင့်အယှက် ကင်းဝေး စေ ရန် ရွတ်ဆိုစေခဲ့သည်။)
၁။ယဿာနုဘာဝတော ယက္ခာ၊
(ယတ်သာနု ဘာဝ တော ယက်ခါ)
နေ၀ ဒေဿန္တိ ဘီသနံ။
(နေ၀ ဒတ်သင်တိ ဘီသနံ/)
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊ ရတ္တိန္ဒိဝ မတန္ဒိတော။
(ယင်ညှိစေ၀ါ နုယုန်ဇန်တော ရတ်တိန်ဒိဝ မ-တန်ဒိတော/)
၂။ သုခံ သုပတိ သုတ္တော စ၊ပါပံ ကိဉ္စိ န ဿတိ။
(သုခံ သုပတိ သုတ်တောစ ပါပံ ကိန်စိန-ပတ်သတိ/)
ဧ၀မာဒိ ဂုဏူပေတံ။ပရိတ္တံ တံ ဘဏာမ ဟေ။
(အေ၀ မာဒိဂုဏူပေတံ ပရိတ်တံ တံ ဘမဏဟေ/)
၃။ကရဏီယာ မတ္ထကုသလေန၊ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
(ကရဏီူယာ မတ်ထ-ကုသလေန ယန်တ သန်တံ ပဒံ-အဘိသမစ်စ/)
သက္ကော ဥဇူ စ သုဟုဇူ စ၊
(သက်ကောစ အုဇူစ-သုဟုဇူ စ၊)
သုဝစော စဿ မုဒု အနတိမာနီ။
(သုဝစော စက်သ မုဒု အနှတိမာနီ/)
၎။ သန္တုဿကော စ သုဘရော စ၊
(သန်တုတ်သကောစ သုဘရောစ၊)
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
(အပ်ပ ကိတ်စောစ သန်လဟုက၀ုတ်တိ/)
သန္တိန္ဒြိယော စ နိပကော စ၊
(သန်တိန်ဒရိယောစ နိပကောစ)
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
(အပ် ပဂပ်ဘော ကုလေသွ နနုဂိတ်ဓော/)
၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
(န စ ခုတ်ဒ-မာစရေ ကိန်စိ၊)
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
(ယေန -ိန်ညူ ပရေ အုပ-၀ဒေယုံ/)
သုခိနောဝ ခေမိနော ဟောန္တု၊
(သုခိနောဝ ခေမိနော ဟွန်တု၊)
သဗ္ဗတတ္တာ ဘ၀န္တု သုခိတတ္တာ။
(သပ်ဗ သတ်တာ ဘ၀န်တု သုခိတက်တာ/)
၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
(ယေ ကေစိ ပါက ဘူတက်ထိ၊)
တသာ ၀ါ ထာဝရာဝ န၀သေသာ။
(တသာ ၀ါ ထာဝရာ ၀ န၀-သေသာ/)
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
(ဒီဃာ ၀ါ ယေ၀-မဟန်တာ၊)
မဇ္ဈိမာ ရဿကာ အဏုကထူလာ။
(မစ်ဈိမာ ရတ်သကာ အဏုက -ထူလာ/)
၇။ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
(ဒိတ်ထာ ၀ါယေ၀ အ-ဒိတ်ထာ၊)
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
(ယေ၀ ဒူရေ ၀သန်တိ အ-၀ိဒူရေ/)
ဘူတာဝ သမ္ဘဝေသီဝ၊
(ဘူတာဝ သအ်ဘဝေ သီ-၀၊)
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
(သပ်ဗ-သပ်တာ ဘ၀န်တု သုခိတက်တာ/)
၈။ န ပရော ပရံ နိကုဗ္ဗေထ၊
(န-ပရော ပရံ နိကုတ်ဗေထ/)
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
နာတိမင်ညေထ ကစ်ထစိ န-ကင်စိ/)
ဗျာရောသနာ ပဋိဃသည၊
(ဗျာရောသနာ ပတိဃ သင်ည၊)
နာညမညဿ ဒုတ္ခ မိစ္ဆေယျ။
(နင်ည-မင်ညတ်သ ဒုတ်ခ မိတ်ဆေ ယ/)
၉။မာတာ ယထာ နိယံပုတ္တ၊
(မာတာ ယ-ထာ နိယံ ပုတ်တ၊)
မာယုသာ ဧကပုတ္တ မနုရက္ခ။
(မာယုသာ အေက-ပုတ်လတ မနုရက်ခေ/)
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
(အေ၀မ်ပိ သပ်ဗ-ဘူတေသု)
မာနသံ ဘာဝယေ အပရိမာဏံ။
(မာနသံ ဘာဝေယေ အ-ပရိမာဏံ/)
၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိ၊
(မစ်တင်စ သပ်ဗ-လောက -သမိ)
မာနသံ ဘာဝယေ အပရိမာဏံ။
(မာနသံ ဘာဝယေ အ-ပရိမာဏံ/)
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
(အုတ်ဓံ အဓော စ တိရိယင်စ)
အသမ္ဗာဓံ အဝေရ မသပတ္တံ။
(အ-သမ်ဗာဓံ အ-ဝေရ မ- သပတ်တံ/)
၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
(တိတ်ထံ စရံ နိသိန်နော ၀၊)
သယာနောယာဝတာဿ ၀ိတမိဒ္ဓေါ။
(သယာနော ယ၀တတ်သ ၀ိတ-မိတ်ဒေါ/)
ဧတံ သတႎ အဓိေ႒ယ်၊
(အေတံ သတိမ် အဓိတ်ထေယ၊)
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာတု။
(ဗြန်မ, မေတံ ၀ိဟာရ မိဓ-မာဟု/)
၁၂။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ၊သီလ၀ါ ဒဿနေန မ္ပန္နော။
(ဒိတ်ထိန်စ အနုပတ်ဂမ်မ၊ သီလ-၀ါ ဒတ်သနေန သမ်ပန်နော/)
ကာမေသု ၀ိနယ ဂေဓံ၊
(ကာမေသု ၀ိနယ ဂေဓံ၊)
န ဟိ ဇာတုဂ္ဂဗ္ဘသေယျ ပုန ရေတိ။
(န-ဟိ ဇာတုတ်,ဂပ်ဘ-သေယ-ပုန-ရေတိ/)
မေတ္တသုတ္တံ နိဋ္ဌိတံ။
(မေစ်တ-သုတ်တံ နိတ်ထိတံ)♥ ♥ ♥
ခန္ဓသုတ် = မြွေမျိုး၊ ကင်းမျိုး တို့ရဲ့ ဘေးရန်မှ လွတ်မြောက်စေသော သုတ်တော် ( မြွေ ဆိုသည်မှာ စတုမဟာရာဇ် နတ်မင်းကြီး တစ်ပါးဧ။် အုပ်ချုပ်မှု လက်အောက်ခံ နဂါးမျိုးစိတ်ထဲမှ နိမ့်သော အမျိုး ဖြစ်သော ကြောင့် နတ်မင်းကြီးများ ကို တိုင်တည်ပြီး သူ့ရဲ့ တပည့် သားမြေးများ ကိုယ့်ကို မနှောင့်ယှက် စေရန် တောင်းဆိုစေသော သဘော ဖြစ်လေသည်။)
၁။ သဗ္ဗာသီဝိသဇာတီနံ၊ ဒိဗ္ဗမန္တာဂဒံ ၀ိယ။
(သပ်ဗာသီဝိသ ဇာတိနံ၊ ဒိတ်ဗ-မန်တာ ဂဒံ ၀ိယ/)
ယံ နာသေတိ ၀ိသံ ဃောရံ သေသဉ္စာပိ ပရိဿယံ။
(ယံ နာသေတိ ၀ိသံဃောရံ၊ သေသင်စာပိ ပရိတ်သယံ/)
၂။ အာဏာက္ခေတ္တမှိ သဗ္ဗတ္ထ၊ သဗ္ဗဒါ သဗ္ဗပါဏိနံ။
(အာဏာ ခစ်တမ်မှိ သပ်ဗတ်ထ၊ သပ်ဗဒါ သပ်ဗ-ပါဏိနံ/)
သဗ္ဗသော ပိ နိဝါရေတိ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(သပ်ဗ-သော ပိ နိဝါရေတိ၊ ပရိတ်တံ တံ ဘဏာမ ဟေ/)
၃။ ၀ိရူပက္ခေဟိ မေ မေတ္တံ၊ မေတ္တံ ဧရာပထေဟိ မေ။
(၀ိရူပတ်ခေဟိ မေ မစ်တံ၊ မေတ္တံ ဧရာ ပထေဟိ မေ/)
ဆဗျာပုတ္တေဟိ မေ မေတံ၊ မေတ္တံ ကဏှာဂေါတမကေဟိ စ။
(ဆ,ဗျာ ပုတ်တေဟိ မေ မစ်တံ၊ မစ်တံ ကန်ဏှာ ပေါတမ ကေဟိ စ/)
၎။ အပါဒကေဟိ မေ မေတ္တံ၊ မေတ္တံ ဒွိပါဒကေဟိ မေ။
(အ-ပါဒကေဟီ မေ မစ်တံ၊ မစ်တံ ဒွိပါဒေကေဟိ မေ/)
စတုပ္ပဒေဟိ မေ မေတ္တံ၊ မေတ္တံ ဗဟုပ္ပဒေဟိ မေ။
(စတုတ်ပဒေဟိ မေမစ်တံ၊ မစ်တံ ဗဟုတ်ပေဒေဟိ မေ/)
၅။ မာ မံ အပါဒကော ဟိံသိ၊ မာ မံ ဟိံသိ ဒွိပါဒကော။
(မာမံ အ-ပါဒကော ဟိမ်သိ၊ မာမံ ဟိမ်သိ ဒွိပါဒကော/)
မာ မံ စတုပ္ပဒေါ ဟိံသိ၊ မာ မံ ဟိံသိ ဗဟုပ္ပဒေါ။
(မာမံ မတုတ်ပဒေါ ဟိမ်သိ၊ မာမံ ဟိမ်သိ ဗဟုတ်ပေဒေါ/)
၆။ သဗ္ဗေ သတ္တာ သဗ္ဗေ ပါဏာ၊ သဗ္ဗေ ဘူတာ စ ကောဝလာ။
(သပ်ဗေ သတ်တာ သပ်ဗေ ပါဏာ၊ သပ်ဗေ ဘူတာ စ ကေ၀လာ/)
သဗ္ဗေ ဘဒြာနိ ပဿန္တု၊ မာ ကဉ္စိ ပါပ မာဂမာ။
(သပ်ဗေ ဘတ်ဒရာနိ ပတ်သန်တု၊ မာ ကိန်စ ပါပ, မာဂမာ/)
၇။ အပ္ပမာဏော ဗုဒ္ဓေါ၊
(အပ်, ပမာဏော ဗုတ်ဓော/)
အပ္ပမာဏော ဓမ္မော။
(အပ်, ပမာဏော ဓမ်မော/)
အပ္ပမာဏော သံဃော
(အပ်, ပမာဏော သံဃော/)
ပမာဏာဝန္တာနိ သရီသပါနိ။
(ပမာဏ ၀န်တာနိ သရီပသပါနိ/)
အဟိ ၀ိစ္ဆိကာ သတပဒီ၊
(အဟိ ၀ိတ်ဆိက သတ - မဒီ)
ဥဏ္ဏနာဘီ သရဗူ မူသိကာ။
(အုန်ဏနာဘီ သရဗူ မူသိကာ/)
၈။ ကတာ မေ ရက္ခာ ကတံ မေ ပရိတ္တံ
(ကတာ မေ ရက်ခါ, ကတံမေ ပရိတ်တံ)
ပဋိက္ကမန္တု ဘူတာနိ။
(ပတိတ်က မန်တု ဘူတာနိ/)
သော ဟံ နမော ဘဂ၀တော။
(သော ဟံ နမော ဘဂ ၀ တော)
နမော သတ္တန္နံ သမ္မာသမ္ဗုဒ္ဓါနံ။
(နမော သတ်တန်နံ သမ်မာ သမ်ဗုတ်ဓာနံ/)
ခန္ဓသုတ္တံ နိဋ္ဌိတံ။
(ခန်ဓ - သုတ်တံ နိတ်ထိတံ)* * *
မောရသုတ် = အဖမ်းအဆီး အချုပ် အနှောင်မှ ကင်းလွတ်စေသော သုတ်တော် (ဘုရားအလောင်း ဥဒေါင်းမင်း ဘ၀က ပုံမှန် ရွတ်ဆိုခဲ့သော ကြောင့် ငှက်ခတ် မုဆိုး သားစဉ်မြေးဆက် ခုနှစ် ဆက်တိုင်တိုင် က ဥဒေါင်းမင်းကို အနှစ် ခုနှစ် ရာပတ်လုံး ဖမ်းသော်လည်း မမိခဲ့ပေ။ လက်တွေ့  ဘ၀တွင် လည်း မောရသုတ်ကို ပုံမှန် ရွတ်ဆိုပြီး ကိုယ်စောင့်နတ်ကို အမျှပေးသူသည် အဖမ်းအဆီး ရှိခဲ့သော် ထိုနေရာမှ အချိန်မီ ခွာရန် အိပ်မက်ရခြင်း၊ သတိပေး ခံရခြင်းများ ဖြစ်လေ့ ရှိသည်ဟု ကြားနာ မှတ်သားဖူးပါသည်။)
၁။ ပူရေန္တံ ဘောဓိသမ္ဘာရေ၊
(ပူရင်တံ ဗောဓိသမ်ဘာရေ၊)
နိဗ္ဗတ္တံ မောရယောနိယံ။
(နိတ်ဗတ်တံ မောရ- ယောနိသံ/)
ယေန သံဝိဟိတာ ရက္ခံ၊
(ယေန သံဝိဟိတာ ရက်ခံ၊)
မဟာသတ္တံ ၀နေစရာ။
(မဟာသတ်တံ ၀နေစရာ/)
၂။စိရဿံ ၀ါယမန္တာပိ၊
(စိရိတ်သံ ၀ါယမန်တာပိ၊)
နေ၀ သက္ခိံသု ဂဏှိတုံ။
(နေ၀ သက်ခိမ်သု ဂန်ဏှိတုံ/)
ဗြဟ္မမန္တ န္တိ အက္ခာတံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(ဗြန်မ-မန်တန်တိ အက်ခါတံ၊ ပရိတ်တံ တံ ဘဏာမ ဟေ/)
၃။ ဥဒေတယံ စက္ခုမာ ဧကရာဇာ၊
(အုဒေတယံ စက်ခုမ အေက -ရာဇာ၊)
ယရိဿ ၀ဏ္ဏော ပထ၀ိပ္ပဘာသော ။
(ဟရိတ်သ-၀ဏ်ဏော ပထ၀ိတ်ပ,ဘာသော /)
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊
(တံ တံ နမတ္သာမိ ဟရိတ္သ-၀ဏ္ဏံ၊ ပထ၀ိတ္ပ, ဘာသံ/)
တယာဇၨ ဂုတၱာ ၀ိဟေရမု ဒိ၀သံ၊
(တယစ္ဇ ဂုတ္တာ ၀ိဟေရမု ဒိ၀သံ/)
၄။ယေ ဗြာဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
(ယေ ဗြန်မဏာ ဝေဒူ သပ်ဗ-ဓမ်မေ/)
တေ မေ နမော တေ စ မံ ပါလယန္တု။
(တေ မေ နမော, တေ စ - မံ ပါလယန်တု/)
နမတ္ထု ဗုဒ္ဓါနံ နမတ္ထု ဗောဓိယာ၊
(နမတ်ထု ဗုတ်ဓာနံ, နမတ်ထု ဗေယဓိယာ)
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တာယာ၊
(နမော ၀ိမုတ္တာနံ, နမော ၀ိမုတ္တိယာ။)
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော စရတိ ဧ သနာ။
(အိမံ သော ပရိတ်တံ ကတ်တ၀ါ၊ မောရော စရတိ အေသနာ)
၅။ အပေတယံ စက္ခုမာ ဧကရာဇာ၊
( အပေတယံ စက်ခုမ အေက - ရာဇာ)
ဟရိဿဝဏ်ဏော ပထ၀ိပ္ပဘာသော ။
(ဟရိတ်သ-၀ဏ်ဧော ပထ၀ိတ်ပ, ဘာသော /)
တံ တံ နမဿာမိ ဟရိဿဝဏ္ဏံ ပထ၀ိပ္ပဘာသံ၊
(တံ တံ နမတ္သာမိ ဟရိတ္သ-၀ဏ္ဏံ ပထ၀ိတ္ပ, ဘာသံ)
တယာဇၨ ဂုတၱာ ၀ိဟေရမု ရတၱႎ။
(တယစ်ဇ ဂုတ်တာ ၀ိဟရေမု ရတ်တိမ်/)
၆။ ယေ ဗြဟ္မဏာ ဝေဒဂူ သဗ္ဗဓမ္မေ၊
(ယေ ဗြန်မဧာ ဝေဒဂူ သပ်ဗ-ဓမ်မေ)
တေ မေ နမော တေ စ မံ ပါလယန္တု။
(တေ မေ နမော,တေ စ-မံ ပါလယန်တု/)
နမတ္တု ဗုဒ္ဓါနံ နမတ္ထု ဘောဓိယာ။
(နမတ်ထု ဗုတ်ဓာနံ နမတ်ထု ဗောဓိယာ)
နမော ၀ိမုတ္တာနံ နမော ၀ိမုတ္တိယာ။
(နမော ၀ိမုတ္တာနံ, နမော ၀ိမုတ်တိယာ/)
ဣမံ သော ပရိတ္တံ ကတွာ၊ မောရော ၀ါသ မကပ္ပယိ။
(အိမံသော ပရိတ်တံ ကတ်တါ၊ မောရော ၀ါသ-မ-ကပ်မယိ/)
မောရသုတ္တံ နိဋ္ဌိတံ။
(မောရ-သုတ်တံ နိတ်ထိတံ)
* * *
ဝဋ္ဋသုတ် = မီးကွင်းစေသော ၊ လောင်နေသော မီးကို ရပ်တန့်စေသော အစွမ်းရှိသည့် သုတ်တော် ဖြစ်သည်။ ဘုရားအလောင်း ငုံးမင်း ဘ၀က တောမီးလောင်ရာ မပျံနိုင်အောင် ငယ်သေးသော ကြောင့် သစ္စာပြုရာ တောမီး ငြိမ်းခဲ့သည်။ သို့သော် စဉ်းစားရန်မှာ ငုံးမင်းရဲ့ သစ္စာပြုပုံမှာ လူများ နဲ့ မတူတဲ့ အချက် ဖြစ်လေသည်။ ငါသည် ငယ်လွန်းသည်။ အတောင်ရှိလျက် မပျံနိုင် ခြေရှိလျက် မသွားနိုင် ငါ့မိဘ တို့သည် ငါ့ကို ထားခဲ့ပြီ။ ဒီစကားမှန်လျှင် တောမီး ငြိမ်းပါစေ ဟု အဓိပ္ပာယ် ရလေသည်။ လူများ ရွတ်က တော် မတော် စဉ်းစားစေချင်ပါသည်။ ရွတ်လိုပါကလည်း ငုံးမင်းကို အတုခိုးပြီး မိမိတို့ရဲ့ မှန်ရာ အ ဖြစ် နဲ့ သာ သစ္စာဆိုခြင်း သို့မဟုတ် ငုံးမင်းက ဒီလို ရွတ်ဆိုမီးကွင်း ဖူးသည်မှာ မှန်ကန်ကြောင်း သစ္စာဆို ခြင်းသာ ပြုသင့်လေသည်။
၁။ ပုရေန္တံ ဘောဓိသမ္ဘာရေ၊ နိဗ္ဗတ္တံ ၀ဋ္ဋဇာတိယံ။
(ပူရင်တံ ဗောဓိသမ်ဘာရေ၊ နိတ်ဗတ်တံ ၀တ်တ-ဇာတိယံ/)
ယဿ တေဇေန ဒါဝဂ္ဂိ၊ မဟာသတ္တံ ၀ိဝဇ္ဇယိ။
(ယတ်သ တေဇေန ဒါဝက်ဂိ၊ မဟာသတ်တံ ၀ီဝစ်ဖယိ/)
၂။ ထေရဿ သာရိပုတ္တဿ၊ လောကနာထေနိ ဘာသိတံ။
(ထေရတ်သ သာရိပုတ်တသ၊ ဘောက-နာထေန-ဘာသိတံ/)
ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(ကပ်ပထာယိမ် မဟာတေဇံ၊ ပရိတ်တံ တံဘဏာမ - ဟေ/)
၃။အတ္ထိလောကေ သီလဂုဏော၊
(အတ်ထိလောကေ သီလ-ဂုဏော/)
သစ္စံ သော စေယျ နုဒ္ဒယာ။
(သစ်စံသော စယ နုတ်ဒယာ/)
တေန သစ္စေန ကာဟာမိ၊ သစ္စကိရိယ မုတ္တမံ။
(တေန သစ်စေန ကာဟာမိ၊ သစ်-ကိရိယ,မုတ်တမံ/)
၎။အာဝဇ္ဇေတွာ ဓမ္မဗလံ၊ သရိတွာ ပုဗ္ဗကေ ဇိနေ။
(အာဝစ်ဇစ်တ၀ါ ဓမ်မ-ဗလံ၊ သရိတ်တ၀ါ ပုတ်ဗကေ ဇိနေ/)
သစ္စဗလ မ၀ဿာယ၊ သစ္စကိရိယ မကာသဟံ။
(သစ်စ-ဗလ မ၀တ်သာယ၊ သစ်စ-ကိရိယ,မကာသဟံ/)
၅။ သန္တိ ပက္ခာ အ ပတန၊ သန္တိပါဒါ အ၀ဉ္စနာ။
(သန်တိ ပက်ခါ အ-ပတနာ၊ သန်တီ ပါဒါအ -၀င်စနာ/)
မာတာ ပိတာ စ နိက္ခန္တာ၊ ဇာတဝေဒ ပဋိက္ကမ။
(မာတာ ပိတာစ- နိတ်ခန်တာ၊ ဇာတ-ဝေဒ ပတိတ်ကမ/)
၆။ သဟ သစ္စေ ကတေ မယှံ၊ မဟာပဇ္ဇလိတော သိခီ။
(သဟ သစ်စေ ကတေ မယ်ယှံ၊ မဟာပစ်ဇလိတော သိခီ/)
ဝဇ္ဇေသိ သော ဠသ ကရီသာနိ၊
(၀စ်ဇေသိ သော လ-သ ကရီသာနိ/)
ဥဒကံ ပတွာ ယာထာ သိခီ။
(အုဒကံ ပတ်တ၀ါ ယ-ထာ သိခီ/)
သစ္စေန မေ သမော နတ္ထိ၊
(သစ်စန မေ သမော နတ်ထိ/)
ဧသာ မေ သစ္စပါရမီ။
(အေသာ မေ သစ်စ-ပါရမီ/)
ဝဋ္ဋသုတ္တံ နိဋ္ဌိတံ။
(၀တ်တ-သုတ်တံ နိတ်ထိတံ။)* * *
ဓဇဂ္ဂ သုတ်= အကြောက်တရားကို ကာကွယ်သော သုတ်တော် ။ ( ကြောက်ရွံ့ တုန်လှုပ်သူများ အတွက် ဟောသည်။ သိကြားမင်း အသုရာကို တိုက်စဉ် နတ်စစ်သည်များ က ကြောက်ရွံသော အခါ နတ်စစ်သူကြီး များ ရဲ့ အောင်လံဖျားကို ကြည့်ပြီး ရဲဆေးတင်ရန် သိကြားမင်းက ပြောရာ မြတ်စွာ ဘုရားက အကြောက် တရား ကိုယ်တိုင် မကင်းသော သိကြားမင်းရဲ့ အောင်လံကို ကြည့်ရုံနဲ့ နတ်စစ်သည်တို့ တကယ် အ ကြောက် တရား မကင်းနိုင်ကြောင်း၊ အကြောက်တရားမှ တကယ် ကင်းဝေးသော ငါဘုရားရဲ့ ဂုဏ်တော် များ ကို ရွတ်ဖတ် ပွားများ က အမှန်တကယ် အကြောက်တရား ကင်းနိုင်ကြောင်း၊ ငါဘုရားရဲ့ ဂုဏ်တော် ကို အာရုံမှာ ထင်အောင် မပွားနိုင်ပါက တရားဂုဏ်တော် ခြောက်ပါးကို ပွားနိုင်ကြောင်း၊ ဒါတောင်မှ အာရုံမှာ ဂုဏ်တော် ထင်အောင် မပွားနိုင်ပါက သံဃာ ဂုဏ်တော် ကိုးပါး တို့ကို အထပ်ထပ် ရွတ်ဆို ပွားများ ခြင်း ဖြင့် ဂုဏ်တော် တို့ ရွတ်ဖတ်သူရဲ့ အာရုံကို ထင်ဟပ် လာသည့်အခါ အကြောက်တရား ကင်းကြ လိမ့်မည် ဟု ဟောသည်ကို ဥပမာပေးသည်။ သာမန် အဆောက်အဦ၊ တောင်၊ လှေကား၊ သစ်ပင် စသည်တို့မှ ပြုတ်ကျခြင်းသာ မက ရာထူးပြုတ်မှာ ကြောက်သူများ လဲ ရွတ်ကြလေသည်။)
၁။ ယဿာ နုဿရဏေနာပိ၊ အန္တ လိက္ခေပိ ပါဏိနော။
(ယတ်သာ နုတ်သရဏေနာပိ၊ အန်တ- လိတ်ခေပိ ပါဏိနော/)
ပတိဋ္ဌ မဓိဂစ္ဆန္တိ၊ ဘူမိယံ ၀ိယ သဗ္ဗထာ၊
(ပတိတ်ထ မဓိဂစ်ဆန်တိ၊ ဘူမိယံ ၀ိသ ယပ်ဗထာ/)
၂။ သဗ္ဗုပဒ္ဒ၀ဇာလမှာ ၊ ယက္ခစောရာဒိသမ္ဘ၀ါ။
(သဗု ပတ္ဒ၀ ဇာလမ္မွာ ၊ ယက္ခ-ေစာရာဒိ- သမ္ဘ၀ါ/)
ဂဏနာ န စ မုတ္တာနံ၊ ပရိတ္တံ တံ ဘဏာမ ဟေ။
(ဂဏနာ-န-စ-မုတ်တာနံ၊ ပရိတိတံ တံ ဘဏာမ ဟေ/)
၃။ ဧ၀ံ မေ သုတံ၊
(အေ၀ံ မေ သုတံ-)
ဧကံ သမယံ ဘဂ၀ါ သာဝတ္ထိယံ။
(အေကံ သမယံ ဘဂ၀ါ သာဝတ်ထိသံ/)
ဝိဟရတိ ဇေတ၀နေ၊ အနာထ ပိဏ္ဍိကဿ အာရာမေ။
(၀ိဟရတိ ဇေတ-၀နေ၊ ဘ-နာထ ပိန်ဒိကတ်သ အာရာမေ/)
၎။ တတြ ခေါ ဘဂ၀ါ ဘိက္ခူ အာမန္တေသိ ဘိက္ခဝေါတိ၊
(တတ်တရ-ခေါ ဘဂ၀ါ ဘိတ်ခူ အာမန်တေသိ ‘ဘိတ်ခဝေါ’ တိ/)
ဘဒန္တေ တိ တေ ဘိက္ခု -
(ဘတ်တန်တေ’ တိ တေ ဘိတ်ခူ၊)
ဘဂ၀တော ပစ္စေဿာသုံ။
(ဘဂ-၀တော ပစ်စတ်သော သုံ/)
ဘဂ၀ါ ဧတဒဝေါစ၊
(ဘဂ၀ါတော တေတ ဒဝေါစ……./)
ဘူတပုဗ္ဗံ ဘိက္ခဝေ၊ ဒေ၀ါသုရသင်္ဂါမော၊
(ဘူတ ပုတ်ဗံ ဘိတ်ခဝေ၊ ဒေ၀ါသုရ-သင်ဂါမော)
သမုပဗျူဠော အဟောသိ။
(သမုပ ဗျုန်လှော အဟောသိ/)
အထ ခေါ ဘိက္ခဝေ သက္ကော ဒေ၀ါနမိန္ဒော။
(အထ ခေါ ဘိတ်ခဝေ သက်ကော ဒေ၀ါန-မိန်ဒေါ/)
ဒေဝေ တာဝတိံ သေ အာမန္တေသိ၊
(ဒေဝေ တာဝတိမ်သေ အာမန်တေသိ/)
သစေ မာရိသာ ဒေ၀ါနံ၊ သင်္ဂါမဂတာနံ ဥပ္ပဇ္ဇေယျ
(သ-စေ မာရိသာ ဒေ၀ါနံ၊ သင်ဂါမ- ဂတာနံ အုတ်ပစ်ဇေယ/)
ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ လောမဟံသော ၀ါ၊
(ဘယံ ၀ါ ဆမ်ဘိတတ်တံ ၀ါလောမဟံသော ၀ါ/)
မမေ၀ တသ္မိံ သမယေ၊ ဓဇဂ္ဂံ ဥလ္လောကေ ယျာထ။
(မ-မေ၀-တ-သမိမ် သမယေ ဓဇတ်ဂံ အုန်လောကေယာထ/)
မ မံ ဟိ ဝေါ ဓဇဂ္ဂံ ဥလ္လောကယတံ၊
(မ-မံ ဟိဝေါ ဓဇက်ဂံ အုန်လောကယတံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သိတိ ဘယံ ၀ါဆမ္ဘိ တတ္တံ ၀ါ၊)
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။
(လောမဟံသော ၀ါ၊ သော ပဟီယိတ် သတိ/)
၅။ နော စေ မေ ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
(နော စေ မေ ဓဇက်ဂံ အုန်လောကေ ယာထ/)
အထ ပဇာပတိဿ ဒေ၀ရာဇဿ-
(အထ ပဇာ ပတိတ်သ ဒေ၀-ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လောကေယျာထ။
(ဓဇတ်ဂံ အုန်လော ကေယာထ/)
ပဇာပတိဿ ဟိ ဝေါ ဒေ၀ရာဇဿ၊
(ပဇာပတိတ်သ ဟိ ဝေါ ဒေ၀-ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လောကယတံ၊
(ဓဇက်ဂံ အုန်လောက ယတံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ/)
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။
(လောမဟံ သော ၀ါ၊ သော ပဟီယိတ်သတိ/)
၆။ နော စေ ပဇာပတိဿ ဒေ၀ရာဇဿ၊
(နောစေ ပဇာပတိတ်သ၊ ဒေ၀-ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
(ဓဇက်ဂံ အုန်လောက ယေထ/)
အထ ဂရုဏဿ ဒေ၀ရာဇဿ၊
(အထ ၀ရုဏ်သ ဒေ၀-ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လောကေယျာထ။
(ဓဇက်ဂံ အုန်လောက ယေထ/)
ဝရုဏဿ ဟိ ဝေါ ဒေ၀ရာဇဿ၊
(၀ရုဏတ်သ ဟိ ဝေါ ဒေ၀- ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လော ကယတံ၊
(ဓဇက်ဂံ အုန်လောကယ တံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သတိ ဘယ၊ ၀ါ ဆမ္ဘိတတ္တံ ၀ါ)
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။
(လောမဟံသော ၀ါ၊ သော မဟီယိတ်သတိ/)
၇။ နော စေ ၀ရုဏဿ ဒေ၀ရာဇဿ၊
(နော စေ ၀ရုဏ်သ ဒေ၀-ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လောကေယျာထ၊
(ဓဇဂံ ဥလ္လော ကေယာထ/)
အထ ဤသာနဿ ဒေ၀ရာဇဿ၊
(အထ အီသာနတ်သ ဒေ၀-ရာဇတ်သ)
ဓဇဂ္ဂံ ဥလ္လောကေယျာထ။
(ဓဇက်ဂံ အုန်လောကေယာထ/)
အထ ဤသာနဿ ဟိ ဝေါ ဒေ၀ရာဇဿ။ ဓဇဂ္ဂံ ဥလ္လောကယတံ၊
(အထ အီသာနတ်သ ဒေ၀-ရာဇတ်သ ဓဇက်ဂံ အုန်လော ကေယာတံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သတိ ဘယ့ ၀ါ ဆမ္ဘိတတ္တံ ၀ါ)
လောမဟံသော ၀ါ၊ သော ပဟီယိဿတီ တိ။
(လောမဟံ သော ၀ါ၊ သော ပဟီယိတ်သတီ” တိ/)
၈။ တံ ခေါ ပန ဘိက္ခဝေ၊
(တံ ခေါ ပ-န ဘိတ်ခဝေ)
သက္ကဿ ၀ါ ဒေ၀ါနမိန္ဒဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
(သက်ကတ်သ ၀ါ ဒေ၀ါန-မိန်ဒက်သ ဓဇက်ဂံ အုန်လော ကယ-တံ/)
ပဇာပတိဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
(ပဇာပိတိသ ၀ါ ဒေ၀-ရာဇတ်သ ဓဇက်ဂံ အုန်လော ကယတ-တံ/)
ဝရုဏဿ ၀ါ ဒေ၀ရာဇဿ ဓဇဂ္ဂံ ဥလ္လောကယတံ၊
(၀ရုဏတ်သ ၀ါ ဒေ၀-ရာဇတ်သ ဓဇတ်ကံ အုန်လောကယ -တံ/)
ဤသာနဿ ၀ါ ဒေ၀ရာဇဿ၊ ဓဇဂ္ဂံ ဥလ္လောကယတံ၊
(အီသာနတ်သ ၀ါ ဒေ၀-ရာဇတ်သ ဓဇတ်ဂံ အုန်လောကယ-တံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ)
လောမဟံသော ၀ါ၊
(လောမဟံ သော ၀ါ/)
သော ပဟီယေထာပိ နောပိ ပဟီယေထ။
(သော ပဟီယေထာပိ နောပိ ပဟီယေထ/)
၉။ တံ ကိဿ ဟေတု၊
(တံ ကိတ်သ ဟေတု/)
သက္ကော ဟိ ဘိက္ခဝေ ဒေ၀ါနမိန္ဒော၊
(သက်ကော ဟိ ဘိတ်ခဝေ ဒေ၀ါန မိန်ဒေါ/)
အ ၀ီတရာဂေါ အ ၀ီတဒေါသော ၊ အ ၀ီတ မောဟော၊
(အ-၀ီတ-ရာဂေါ အ- ၀ီတ- ဒေါသော အ-၀ီတ မောဟော/)
ဘီရု ဆမ္ဘီ ဥတြာသီ ပလာယီတိ။
(ဘီရု ဆမ္ဘီ အုတ္တရာသီ ပလာယီတိ/)
၁၀။ အဟဉ္စ ခေါ ဘိက္ခဝေ ဧ၀ံ ၀ဒါမိ၊
(အဟင်စ- ခေါ ဘိတ်ခဝေ အေ၀ံဝဒါမိ/)
သစေ တုမှာ ကံ ဘိက္ခဝေ၊
(သ- စေ တုမ်မှာ ကံ ဘိတ်ခဝေ/)
အရညဂတာနံ ၀ါရိက္ခမူလဂတာနံ ၀ါ၊
(အရင်ည-ဂတာ နံ ၀ါရုတ်ခ- မူလ -ဂတာနံ ၀ါ/)
သုညာဂါရဂတာနံ ၀ါ၊ ဥပၸေဇၨယ် ဘယံ ၀ါ ဆမၻိတတၱံ ၀ါ၊
(သုန္ညာဂါရ- ဂတာနံ ၀ါ အုတ္ပစ္ေဇယ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ/)
လောမဟံသော ၀ါ၊
(လောမဟံ သော ၀ါ/)
မမေ၀ တသ္မိံ သမယေ အနုဿရေယျာထ။
(မ-မေ၀ တ-သမိမ် သမေယေ အနုတ်သရေယာထ/)
၁၁။ ဣတိပိသော ဘဂ၀ါ အရဟံ၊
(“အိတိပိ-သော ဘဂ၀ါ အရဟံ”)
သမ္မာသမ္ဗုဒ္ဓေါ၊ ၀ိဇ္ဇာစရဏသမ္ပန္နော၊
(သမ်မာ သမ်ဗုတ်ဓော၊ ၀ိတ်ဇာ စရဏ သမ်ပန်နှော၊)
သုဂတော လောက၀ိဒူ၊
(သုဂတော, လောက ၀ိဒူ)
အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
(အနုတ်တရော ပုရိသ ဒမ်မ - သာရထိ)
သတ္ထာဒေ၀မနုဿာနံ။ ဗုဒ္ဓေါ ဘဂ၀ါ တိ။
(သတ်ထာဒေ၀ မနုတ်သာနံ၊ ဗုတ်ဓော,ဘဂ-၀ါ” တိ/)
၁၂။ မမံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊
(မ-မံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ်သတိ ဘယံ ၀ါ ဆမ်ဆိတတ်တံ ၀ါ/)
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။
(လောမဟံသော ၀ါ၊ သော ပစီယိတ်သိတိ/)
၁၃။ နော စေ မံ အနုဿရေယျာထ၊ အထ ဓမ္မံ အနုဿ ရေယျာထ၊
(နော စေ မံ အနုတ်သရေယာထ/ အထ ဓမ်မံ အနုတ်သရေယာတ/)
၁၄။ သွက္ခာတော ဘဂ၀တာ ဓမ္မော၊
(သွက်ခါတော ဘဂ၀တာ ဓမ်မော)
သန္ဒိဋ္ဌိကော အကာလိကော
(သန်ဒိတိထိကော,အ-ကာလိကောယ/)
ဧဟိပဿိကော သြပနေယျိကော
(အေဟိပတ်သိကော, အောပ-နေယိကော)
ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟီ တိ။
(ပစ်စတ်တံ ဝေဒိတပ်ဗော ၀ိန်ညူဟီ” တိ/)
၁၅။ ဓမ္မံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ။
(ဓမ်မံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ/)
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။
(လောမစံသော ၀ါ၊ သော ပဟီယိတ်သတိ/)
၁၆။ နော စေ ဓမ္မံ အနုဿရေယျာထ၊
(နော စေ ဓမ်မံ အနုတ်သရေယာထ/)
အထ သံဃံ အနုဿရေယျာထ။
(အထ သံဃံ အနုတ်သရေယာထ/)
၁၇။ သုပ္ပဋိပန္နော ဘဂ၀ါတော သာဝက သံဃော၊
(သုတ်ပတိပန်နော ဘဂ၀တော သာဝက သံဃော/)
ဥဇုပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
(အုဇုတ်ပတိပန်နော ဘဂ၀ တော သာဝက သံဃော)
ဉာယပ္ပဋိပန္နော ဘဂ၀တော သာဝသံ သံဃော၊
(ညာယပ်ပတိပန်နော ဘဂ၀တော သာဝက သံဃော/)
သာမီစိပ္ပဋိပန္နော ဘဂ၀တော သာဝက သံဃော၊
(သာမီစိတ်ပတိပန်နော ဘဂ၀ တော သာဝက သံဃော/)
ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊ အဋ္ဌ ပုရိသပုဂ္ဂလာ၊
(ယဒီဒံ စတ်တာရိ ပုရိသ-ယူဂါနိ အတ်ထ ပုရိသ-ပုတ်ဂလာ/)
ဧသ ဘဂ၀တော သာဝကသံဃော၊
(အေသ ဘဂ၀ တော သာဝက သံဃော/)
အာဟုနေယျော ပါဟုနေယျော၊
(အာဟုနေယော, ပါဟုနေယော/)
ဒက္ခိဏေယျော အဉ္စလိကရဏီယော၊
(ဒက်ခိဏေယော အင်ဇလိ ကရဏိယော/)
အနုတ္တရံ ပုညက္ခေတ္တံ လောကဿာ တိ။
(အနုတ်တရံ ပုန်ညက်ခစ်တံ လောကတ်သာ” တိ/)
၁၈။ သံဃံ ဟိ ဝေါ ဘိက္ခဝေ အနုဿရတံ၊
(ဘဃံ ဟိ ဝေါ ဘိတ်ခဝေ အနုတ်သရ-တံ/)
ယံ ဘ၀ိဿတိ ဘယံ ၀ါ ဆမ္ဘိတတ္တံ ၀ါ၊
(ယံ ဘ၀ိတ္သတိ ဘယံ၀ါ ဆမ္ဘိတတ္တံ ၀ါ/)
လောမဟံသော ၀ါ၊ သော ပဟီယိဿတိ။
(လောမဟံ သော ၀ါ၊ သော ပဟီယိတ် သတိ/)
၁၉။ တံ ကိဿဟေတု၊ တထာဂတော ဟိ ဘိက္ခဝေ။
(တံ ကိတ်သ-ဟေတု၊ တ-ထာဂတော ဟိဘိတ်ခဝေ)
အရဟံ သမ္မောသမ္ဗုဒ္ဓေါ၊
(အရဟံ သမ်မာ သမ်ဗုတ်ဓော/)
ဝီတရာဂေါ ၀ီတဒေါတော ၀ီတမောဟော၊
(၀ီတ -ရာဂေါ ၀ီတ - ဒေါသော ၀ီတ - မောဟော/)
အဘီရု အဆမ္ဘီ အနုတြာသီ အပလာယီတိ။
(အ-ဘီရု အ-ဆ်ဘီ အနုတ်တရာသီ အ-ပလာယီတိ/)
၂၀။ ဣဒ မဝေါစ ဘဂ၀ါ၊ ဣဒံ ၀တွာန သုဂတော၊
(အိဒ မဝေါစ ဘဂ၀ါ၊ အိဒံ ၀တ်တ၀ါန သုဂတော)
အထာပရံ ဧတဒဝေါစ သတ္ထာ။
(အထာပရံ အေတ ဒဝေါစ သတ်ထာ/)
၂၁။ အရညေ ရုက္ခမူလေ ၀ါ၊ သုညာဂါရေ၀ ဘိက္ခဝေါ။
(အရင်ညေ ရုတ်ခ-မူလေ ၀ါ၊ သုန်ညာ ဂါရေ၀ ဘိတ်ခဝေါ/)
အနုဿရေထ သမ္ဗုဒ္ဓံ၊ ဘယံ တုမှာ က နော သိယာ။
(အနုတ်သရေထ သမ်ဗုတ်ဓံ၊ ဘယံ တုမ်မှာ က နော သိယာ/)
၂၂။ နော စေ ဗုဒ္ဓံ သရေယျာထ၊ လောကဇေဋ္ဌံ နရာသဘံ၊
(နော စေ ဗုတ်ဓံ သရေယာထ၊လောက ဇစ်ထံ နရာ သဘံ/)
အထ ဓမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ၊
(အထ ဓမ်မံ သရေယာထ၊ နိန်ယာနိကံ သု-ဒေသိတံ/)
၂၃။ နော စေ ဒမ္မံ သရေယျာထ၊ နိယျာနိကံ သုဒေသိတံ။
(နော စေ ဓမ်မံ သရေယာထ၊ နိန်ယာနိကံ သု-ဒေသိတံ/)
အထ သံဃံ သရေယျာထ။
(အထ သံဃံ သရေယာထ)
ပုညက္ခတ္တံ အနုတ္တရံ။
(ပုန်ညက်ခစ်တံ အနုတ်တရံ/)
၂၄။ ဧ၀ံ ဗုဒ္ဓံ သရန္တာနံ၊
(အေ၀ံ ဗုတ်ဓံ သရန်တာနံ/)
ဓမ္မံ သံဃဉ္စ ဘိက္ခဝေါ၊
(ဓမ်မံ သံဃင်စ ဘိတ်ခဝေါ/)
ဘယံ ၀ါဆမ္ဘိတတ္တံ ၀ါ၊
(ဘယံ ၀ါ ဆမ် ဘိတတ်တံ ၀ါ၊)
လောမဟံသော န ဟေဿတိ။
(လောမဟံသော န-ဟစ်သတိ/)
ဓဇဂ္ဂသုတ္တံ နိဋ္ဌိတံ။
(ဓဇတ်ဂ- သုတ်တံ နိတ်ထိတံ/)* * *
အာဋာနာဋိယသုတ်===========အာဋာနာဋိယ သုတ်= မြတ်စွာ ဘုရား လက်ထက်တော် ခေတ်အခါက သာသနာတော် ကို မသက်ဝင်သော ၊ သီလစောင့်သူများ ရဲ့ ဘုန်းကံကို မခံနိုင်သော ဘီလူး မိစ္ဆာများ က သာသနာ့ အနွယ်ဝင် ပရိတ်သတ် လေး ပါး ဖြစ်သော ရဟန်း၊ ရဟန်းမ၊ သာသနာ့ ဒါယကာ၊ သာသနာ့ ဒါယိကာမ တို့ကို ဖမ်းဆီး နှောင့်ယှက် ကြသော ကြောင့် ထို မိစ္ဆာ ဘီလူးများ ယဉ်ကျေးလာပြီး သာသနာတော် တွင် သက်ဝင် ယုံကြည်လာအောင် ရွတ်ဆိုစေသည်။
၁။ အပ္ပသန္နေသိ နာထဿ၊ သာသနေ သာဓုသမ္မတေ။(အပ်ပသန်နေဟိ နာထတ်သ၊ သာသနေ သာဓု- သမ်မတေ/)အမနုေဿဟိ စဏ္ဍေဟိ၊သဒါ ကိဗ္ဗိသ ကာရိဘိ။(အ-မနုတ်သေဟိ စန်ဒေဟိ၊ သဒါ ကိတ်ဗိသ- ကာရိဘိ/)၂။ ပရိသာနံ စတဿန္နံ၊အဟိံ သာယ စ ဂုတ္တိယာ။(ပရိသာနံ စတတ်သန်နံ၊ အ-ဟိမ်သာယ-စ-ဂုတ်တိယာ/)ယံ ဒေသေသိ မဟာဝီရော၊ပရိတ္တံ တံ ဘဏာမ ဟေ။(ယံ ဒေသေသိ မဟာဝီရော၊ ပရိတ်တံ တံ ဘဏာမ-ဟေ/)၃။ ၀ိပဿိဿ စ နမတ္ထု၊စက္ခုမန္တဿ သိရီမတော။(၀ိပတ်သိတ်သ စ နမတ်ထု၊ စက်ခုမန်တတ်သ သိရီမ- တော/)သိခိဿပိ စ နမတ္ထု၊သဗ္ဗဘူတာ နုကမ္ပိနော။(သိခိတ်သပိ စ နမတ်ထု၊ သပ်ဗ- ဘူတာ နုကမ်ပိနော/)၄။ ဝေဿဘုဿ စ နမတ္ထု၊နှာတကဿ တပဿိနော။(၀စ်သဘုတ်သ စ နမတ်ထု၊ နှာတကတ်သ တပတ်သိနော/)နမတ္ထု ကကုသန္ဓဿ၊မာရသေနာ ပမဒ္ဒိနော။(နမတ်ထု ကကုသန်ဓက်သ၊ မာရ-သေနာ- ပမတ်ဒိနော/)၅။ ကောဏာဂမနဿ နမတ္ထု။ဗြာဟ္မဏဿ ၀ုသီမတော။(ကောဏာဂမနတ်သ- နမတ်ထု၊ ဗြန်မဏတ်သ-၀ုသီမ-တော/)ကဿပဿ စနမတ္ထု၊၀ိပ္ပမုတ္တဿ သဗ္ဗဓိ။(ကတ်သပတ်သ စ နမတ်ထု၊ ၀ိတ်ပ မုတ်တတ်သ သပ်ဗ-ဓိ/)၆။ အင်္ဂီရသဿ နမတ္ထု၊သကျပုတ္တဿ သိရီမတော။(အင်ဂီရ-သတ်သ နမတ်ထု၊ သက်ကျ ပုတ်တတ်သ-သိရီမ-တော/)ယော ဣမံ ဓမ္မံ ဒေသေသိ၊သဗ္ဗဒုက္ခာပနူဒနံ။(ယော အိမံ ဓမ်မံ ဒေသေသိ၊ သပ်ဗ-ဒုတ်ခါပနူဒနံ/)၇။ ယေ စာပိ နိဗ္ဗုတာ လောကေ၊ယထာဘူတံ ၀ိပဿိသုံ။(ယေ စာပိ နိတ်ဗုတာ လောကေ၊ ယထာဘူတံ ၀ိပတ်သိသုံ/)တေ ဇနာ အပိသုဏာ ထ၊မဟန္တာ ၀ီတသာရဒါ။(တေ ဇနာ အ-ပိသုဏာထ၊ မဟန်တာ ၀ီတ သာရဒါ/)၈။ ဟိတံ ဒေ၀နုဿာနံ၊ယံ နမဿန္တိ ဂေါတမံ။(ဟိတံ ဒေ၀ မနုတ်သာနံ ယံ နမတ်သန်တိ ဂေါတမံ/)၀ိဇ္ဇာစရဏသမ္ပန္နံ၊မဟန္တံ ၀ီတသာရဒံ။(၀ိတ်ဇာစရဏ သမ်ပန်နံ၊ မဟန်တံ ၀ီတ- သာရဒံ/)၉။ ဧတေ စညေ စ သမ္ဗုဒ္ဓေါ၊အနေကသတသော ဋိယော။(အေတေ စင်ညေစ သမ်ဗုတ်ဒါ၊ အနေက-သတ- ကောတိယော/)သဗ္ဗေ ဗုဒ္ဓေါ သမသမာ၊သဗ္ဗေ ဗုဒ္ဓေါ မဟိဒ္ဓိကာ။(သပ်ဗေ ဗုတ်ဓာ သမ-သမာ၊ သပ်ဗေ ဗုတ်ဓာ မဟိတ်ဓိကာ/)၁၀။ သဗ္ဗေ ဒသဗလူပေတာဝေသာရဇ္ဇေဟု ပါဂတာ။(သပ်ဗေ ဒ-သ-ဗလူပေတာ၊ ဝေသာရစ်ဇေဟု ပါဂတာ/)သဗ္ဗေ တေ ပဋိအာနန္တိ၊အာသဘံ ဌာန မုတ္တမံ။(သပ်ဗေ တေ ပတိဇာနန်တိ၊ အာသဘံဌာန မုတ်တမံ/)၁၁။ သီဟနာဒံ နဒန္တေ တေ၊ပရိသာသု ၀ိသာရဒါ။(သီဟ-နာဒံ နဒန်တေတေ၊ ပရိသာသု ၀ိသာရဒါ/)ဗြာဟ္မစက္ကံ ပ၀တ္တန္တိ၊လောကေ အပ္ပဋိဝတ္တိယံ။(ဗြန်မ-စက်ကံ ပ၀တ်တင်တိ၊ လောကေ အပ်ပတိ ၀တ်တိယံ/)၁၂။ ဥပေတာ ဗုဒ္ဓဓမ္မေဟိ၊အဋ္ဌာရသဟိ နာယကာ(အုပေတာ ဗုတ်ဓ-ဒမ်မေဟိ၊ အတ်ထာရသ-ဟိ နာယကာ/)ဗာတ္တိံသ လက္ခဏူပေတာ၊သီတာနုဗျဉ္ဇနာ ဓရာ။(ဗတ်တိမ်သ- လက်ခဏူပေတာ၊ သီတာနု ဗျင်ဇနာ ဓရာ/)၁၃။ ဗျာမပ္ပဘာယ သုပ္ပဘာ၊သဗ္ဗေ တေ မုနိကုဉ္ဇရာ။(ဗျာမပ်ပ ဘာယ သုတ်ပ-ဘာ၊ သပ်ဗေ တေ မုနိ-ကုန်ဇရာ/)ဗုဒ္ဓါ သဗ္ဗညုနော ဧတေ၊သဗ္ဗေ ခီဏာသ၀ါ ဇိနာ။(ဗုတ်ဓာ သပ်ဗင်ညုနော အေတေ၊ သပ်ဗေ ခီဏာသ၀ါ ဇိနာ/)၁၄။ မဟာပဘာ မဟာတေဇာ၊မဟာပညာ မဟဗ္ဗလာ။(မဟာပ-ဘာ မဟာတေဇာ မဟာပင်ညာ မဟပ်ဗလာ/)မဟာကာရုဏိကာ ဓီရာ၊သဗ္ဗေသာနံ သုခါဝဟာ။(မဟာကာရုဏိကာ ဓီရာ၊ သပ်ဗေသာနံ သုခါဝဟာ/)၁၅။ဒီပါ နာထာ ပတိဋ္ဌာ စ၊တာဏာ လေဏာ စ ပဏိနံ။(ဒီပါ နာထာ ပတိတ်ထာ စ၊ တာနာ လေဏာ စ ပါဏိနံ/)ဂတီ ဗန္ဓူ မဟေဿာသာ၊သရဏာ စ ဟိတေသိနော(ဂတီ ဗန်ဓူ မဟစ်သာသာ၊ သရဏာ စ ဟိတေသိနော/)၁၆။ သဒေ၀ကဿ လောကဿသဗ္ဗေ ဧတေ ပရာယဏာ။(သ-ဒေ၀ကတ်သ လောကတ်သ၊ သပ်ဗေ အေတေ ပရာယဏာ/)တေသာ ဟံ သိရသာ ပါဒေ၊၀န္ဒာမိ ပုရိသုတ္တမေ။(တေသာ ဟံ သိရ-သာ ပါဒေ၊ ၀န်ဒါမိ ပုရိသုတ်တမေ/ )၁၇။ ၀စသာ မနသာ စေ၀၊၀န္ဒာမေ တေ တထာဂတေ။(၀စ- သာမန-သာ စေ၀၊ ၀န်ဒါ မေ တေ တ-ထာကတေ/)သယနေ အာသနေ ဌာနေ၊ဂမနေ စာပိ သဗ္ဗဒါ။(သယနေ အာသနေ ထာနေ၊ ဂမနေ စာပိ သပ်ဗဒါ/)၁၈။ သဒါ သုခေန ရက္ကန္တု၊ဗုဒ္ဓါ သန္တိကရာ တုဝံ။(သဒါ သုခေန ရက်ခန်တု၊ ဗုတ်ဓာ သန်တိကရာ တုဝံ/)တေဟိ တွံ ရက္ခိတော သန္တော။မုတ္တော သဗ္ဗဘယေဟိ စ။(တေဟိ တွမ် ရက်ခိတော သန်တော၊ မုတ်တော သပ်ဗ ဘယေဟိ စ/)၁၉။ သဗ္ဗ ရောဂါ ၀ိနီမုတ္တော၊သဗ္ဗသန္တာပ ၀ဇ္ဇိတော။(သပ်ဗ- ရောဂါ ၀ိနီမုတ်တော၊ သပ်ဗ-သန်တာပ-၀စ်ဇိတော/)သဗ္ဗဝေရ မတိက္ကန္တော၊နိဗ္ဗုတော စ တုဝံ ဘ၀။(သပ်ဗ-ဝေရ မတိတ်ကန်တော၊ နိတ်ဗုတော စ တုဝံ ဘ၀/)၂၀။တေသံ သစ္စေန သီလေန၊ခန္တိမေတ္တာ ဗလေန စ။(တေသံ သစ်စေန သီလေန။ ခန်တိမစ်တာ ဗလေန-စ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု၊ အ-ရောဂေန သုခေန-စ/)၂၁။ ပုရတ္ထိမသ္မိံ ဒိသာဘာဂေ၊သန္တိ ဘူတာ မဟိဒ္ဓိကာ။(ပုရတ်ထိမ-သမိမ် ဒိသာဘာဂေ၊ သန်တိဘူတာ မဟိတ်ဓိကာ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု၊ အ-ရောဂေန သုခေန-စ/)၂၂။ ဒက္ခိဏသ္မိံ ဒိသာဘာဂေ၊သန္တိ ဒေ၀ါ မဟိဒ္ဓိကာ။(ဒက်ခိဏ သမိမ် ဒိသာဘာဂေ။ သန်တိဒေ၀ါ မဟိတ်ဓိကာ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု၊ အ-ရောဂေန သုခေန-စ/)၂၃။ ပစ္ဆိမသ္မိံ ဒိသာဘာဂေ၊သန္တိ နာဂါ မဟိဒ္ဓိကာ။(ပစ်ဆိမ-သမိမ် ဒိသာဘာဂေ၊ သန်တိ နာဂါ မဟိတ်ဓိကာ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု၊ အ-ရောဂေန သုခေန-စ/)၂၄။ ဥတ္တရသ္မိံ ဒိသာဘာဂေ၊သန္တိ ယက္ခာ မဟိဒ္ဓိကာ။(အုတ်တရ-သမိမ် ဒိသာဘာဂေ။ သန်တိယက်ခါ မဟိတ်ဓိကာ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု၊ အ- ရောဂေန သုခေန-စ/)၂၅။ ပုရတ္ထိမေန ဓတရဋ္ဌော၊ဒက္ခိဏေန ၀ိရူဠှကော။(ပုရတ်တိမေန ဓတ-ရတ်ထော၊ ဒက်ခိဏေန၀ိရုန်လှကော၊/)ပစ္ဆိမေန ၀ိရူပက္ခော၊ကုဝေရော ဥတ္တရံ ဒိသံ။(ပစ်ဆီမေန ၀ိရှုပက်ခေါ၊ ကုဝေရော အုတ်တရံ ဒိသံ/)၂၆။ စတ္တောရော တေ မဟာရာဇာ၊လောကပါလာ ယသဿိနော။(စတ်တာရော တေ မဟာရာဇာ လောက-ပါလာ ယ-သတ်သိနော/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု၊ အ -ရောဂေန သုခေန-စ/)၂၇။ အာကာသဋ္ဌာ စ ဘူမဋ္ဌာ၊ဒေ၀ါ နာဂါ မဟိဒ္ဓိကာ။(အာကာသတ်ထာ စ ဘူမတ်ထာ၊ ဒေ၀ါနာဂါ မဟိတ်ဓိကာ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု အ-ရောဂေန သုခေန-စ/)၂၈။ ဣဒ္ဓိမန္တော စ ယေ ဒေ၀ါ၊၀သန္တာ ဣဓ သာသနေ။(အိတ်ဓိမန်တော စ-ယေ ဒေ၀ါ၊ ၀သန်တာအိဓ-သာသနေ/)တေပိ အမှေ နုရက္ခန္တု၊အရောဂေန သုခေန စ။(တေပိ အမ်မှေ နု ရက်ခန်တု အ-ရောဂေန သုခေနစ/)၂၉။ သဗ္ဗီတိယော ၀ိဝဇ္ဇန္တု၊သော ကော ရောဂေါ ၀ိနဿတု။(သပ်ဗီတိယော ၀ိဝစ်ဇန်တု၊ သော ကော ရောဂေါ ၀ိနတ်သတု/)မာ တေ ဘ၀န္တန္တရာယာ၊သုခီ ဒီဃာယုကော ဘ၀။(မာ တေ ဘ၀န်တွန်တရာယာ၊ သုခီ ဒီဃာယုကော ဘ၀/)အဘိဝါဒန သီလိဿ၊နိစ္စံ ၀ုဍ္ဎာပစာယိနော။(အဘိဝါဒန-သီလိတ်သ၊ နိတ်စံ ၀ုတ်ဒါပစာယိနော/)စတ္တာရော ဓမ္မာ ၀ဍ္ဎန္တိ၊အာယု ၀ဏ္ဏော သုခံ ဗလံ။(စတ်တရော ဓမ်မာ ၀တ်ဒန်တိ။ အာယု ၀ဏ်ဏောသုခံ ဗလံ/)အာဋာနာဋိယသုတ္တံ နိဋ္ဌိတံ။(အာတာနာတိယ-သုတ်တံ နိတ်ထိတံ)* * * * *
အင်္ဂုလိမာလသုတ်(အင်ဂုလိမာလ-သုတ်)==========အင်္ဂုလိမာလ သုတ်= မြန်မာ အများ စုမှ ကိုယ်ဝန်ဆောင်များ မီးဖွားချိန် ရွတ်လျှင် ကလေးမွေးရ လွယ် တယ်ဟု မှတ်ယူကာ တွင် ကျယ်စွာ ရွတ်ကြသော်လည်း မည် သည့် ဝေဒနာ ခံစားရသည် ဖြစ်ပါစေ ရွတ်နိုင် ပါသည်။ (အင်္ဂုလိမာလ မထေရ် ရဟန္တာ ဖြစ်သော်လည်း သူလက်ဖြတ်ခဲ့ဖူးသူများ ရဲ့ ဆွေမျိုး သားချင်း လူ အများ က ဆွမ်းမလောင်းသည့်အပြင် ခဲဖြင့် ပစ်ပေါက်ခြင်း အစရှိသဖြင့် ဆက်ဆံ ခံရသော ကြောင့် ပြေ ပျောက် စေရန် မြတ်စွာ ဘုရားက သင်ပေးသော မန္တန် ဖြစ်လေသည်။ အဓိပ္ပာယ်မှာ ငါသည် ရဟန်း ဖြစ် သည့် နေ့မှစပြီး သူတပါးကို မသတ်ဖူးပါ။ သည်မှန်သော သစ္စာ စကားကြောင့် သင်ခံစား နေရသော ဝေဒနာ ပျောက်ကင်းပါစေဟု အဓိပ္ပာယ်ရလေသည်။ ထို့ကြောင့် ဒီဂါထာကို ရွတ်ဆို မည့် သူသည် သူတပါး အသက် ကို ခြင်၊ ပရွက်ဆိတ်မှ အစ မသတ်ရပေ။ ထိုမှသာ စွမ်းပါသည်။ မဟုတ်က သစ္စာ ပျက်ပါသည်။)
၁။ ပရိတ္တံ ယံ ဘဏန္တဿ၊နိသိန္နဋ္ဌာနဓောဝနံ။(ပရိတ်တံ ယံ ဘဏန်တတ်သ၊ နိသိန်နတ်ထာန ဓောဝနံ/)ဥဒကမ္ပိ ၀ိနာသေတိ၊သဗ္ဗမေ၀ ပရိဿယံ။(အုဒကမ်ပိ ၀ိနာသေတိ၊ သပ်ဗ-မေ၀ ပရိတ်သယံ/)၂။သော တ္ထိနာ ဂဗ္ဘ၀ုဋ္ဌာနံ၊ယဉ္စ သာဓေတိ တင်္ခဏေ။(သွေတ်ထိနာ ဂပ်ဘ-၀ုတ်ထာနံ၊ ယင်စ သာဓေတိတင်ခဏေ/)ထေရဿင်္ဂုလိမာလဿ၊လောကနာထေန ဘာသိတံ။(ထေရတ်-သင်ဂုလိမာလတ်သ၊ လောက နာထေန ဘာသိတံ/)ကပ္ပဋ္ဌာယိံ မဟာတေဇံ၊ပရိတ္တံ တံ ဘဏာမ ဟေ။(ကပ်ပတ်ထာယိမ် မဟာတေဇံ၊ ပရိတ်တံ တံဘဏာမေဟေ/)၃။ ယတော ဟံ ဘဂိနိ အရိယာယ၊(ယ-တော ဟံ ဘဂိနိ အရိယာယ/)ဇာတိယာ ဇာတော၊(ဇာတိယာ ဇာတော/)နာဘိဇာနာမိ သဉ္စိစ္စ ပါဏံ၊(နာဘိဇာနမိ သင်စိတ်စ-ပါဏံ/)ဇီဝိတာ ဝေါရောပေတာ၊(ဇီဝိတာ ဝေါရောပေတာ/)တေန သစ္စန သော တ္ထိ တေ၊(တေန သစ်စေန သွတ်ထိ တေ/)ဟောတု သော တ္ထိ ဂဗ္ဘဿ။(ဟောတု သွတ်ထိ ဂပ်ဘတ်သ/)အင်္ဂုလိမာလသုတ္တံ နိဋ္ဌိတံ။(အင်ဂုလိမာလ-သုတ်တံ နိတ်ထိတံ)* * * * *