နေမင်းလမင်းသိန်းရာထောင်
စာရေး ဆရာချစ်ဦးညိုကို ၁၉၄၇၊ ဒီဇင်ဘာလ ၃၀ တွင် မန္တလေးမြို့၌ အဖဦးရွှေဒေါင်းညို၊ အမိ ဒေါ်စိန်ရင်တို့မှ ဖွားမြင်သည်။ မွေးချင်း ၇ ယောက် တွင် အကြီးဆုံး ဖြစ်သည်။ အမည် ရင်းမှာ ဦးကျော်စွာ ဖြစ်သည်။ မန္တလေးမြို့၊ နန်းတော် ရှေ့၊ မတ္တရာတိုက်၊ မူလတန်းကျောင်းတွင် အခြေခံ ပညာဆည်းပူးခဲ့ပြီး ၁၉၅၆တွင် မန္တလေးမြို့ ၀က်စလီကျောင်းနှင့် ဘီဘီအိုအေကျောင်းများ ၌ အလယ်တန်းတက်ရောက်ခဲ့သည်။ မန္တလေးမြို့ အထက(၁)မှ ဆယ်တန်းအောင်ခဲ့ပြီး ၁၉၆၂တွင် တက္ကသိုလ်၌ ဥပစာ ၀ိဇ္ဇာ(က)တန်း တက်ရောက်သည်။ ၁၉၆၃-၆၈ တွင် ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံတက္တ သိုလ်၌ ဒဿနိကဗေဒအဓိကဖြင့် တက်ရောက်ပြီး ၁၉၆၈ တွင် ဂုဏ်ထူးသုံးဘာသာဖြင့် ၀ိဇ္ဇာဘွဲ့ရခဲ့သည်။ မဟာဝိဇ္ဇာ ဆက်လက်တက်ရောက်ခဲ့သည်။
၁၉၇၀မှစ၍ လုပ်သားများ ကောလိပ်၊ စစ်တွေ ကောလိပ်၊ ဗဟိုသမ၀ါယမကျောင်းတို့တွင် နည်းပြဆရာအ ဖြစ် အမှု ထမ်းခဲ့ကာ ၁၉၇၅တွင် အမှု ထမ်းဘ၀ကို စွန့်လွှတ်ပြီးနောက် ဇာတ်အဖွဲ့ ဇာတ်ညွှန်းနှင့် ဒါရိုက်တာ၊ ကျူရှင်ဆရာအ ဖြစ် ကျင်လည်ခဲ့သည်။
၁၉၇၀၊ အောက်တိုဘာလထုတ် မိုးဝေစာပေမဂ္ဂဇင်းတွင် ပထမဆုံး ပုံနှိပ်စာမူအ ဖြစ် `ရန်ကုန်မြို့အလယ်´၀တ္ထုတိုဖြင့် စာပေနယ်သို့ ၀င်ရောက်ခဲ့သည်။ မိုးဝေစာပေမဂ္ဂဇင်းနှင့် ရှုမ၀ ရုပ်စုံမဂ္ဂဇင်းများ တွင် ၀တ္ထု၊ ဆောင်းပါး၊ ဘာသာပြန်များ ရေး သားခဲ့သည်။ ပထမဆုံး လုံးချင်းဝတ္ထု မှာ `လင်္ကာဒီပချစ်သူ´(၁၉၇၇) ဖြစ်ပြီး သူ၏ အထင်ရှားဆုံးဝတ္ထုလည်း ဖြစ်သည်။ သူ၏ အခြားထင်ရှားသော ၀တ္ထုများ မှာ `ချစ်သော ပါဒဧကရီ´(၁၉၇၉)၊ `နှင်းကေသရာချစ်တဲ့ သူရဲကောင်း´(၁၉၇၉)၊ `သုဝဏ္ဏဘုမ္မိ ဝေဒနာ´(၁၉၈၀)၊ `ရွှေတိုက်စိုး´(၁၉၈၆)၊ `ရတနာဂီရိ အကျဉ်းသား´(၁၉၉၄)၊ `မဏိစန္ဒာဥဒါန်း´(၁၉၉၁)၊ `ဘဒ္ဒါ´(၁၉၉၃)၊ `ရာဇကုမာရ´(၁၉၉၄)၊ `ရှင်စောပု´(၁၉၉၆)၊ `လောကဓံနှင့် လမ်းလျှောက်အတူထွက်ခြင်း´(၁၉၉၉)၊ `သမိုင်းမတွင် ပေ မယ့် သမိုင်းဝင်နေမယ့်စကားများ ´(၁၉၉၉)တို့ ဖြစ်ကြသည်။ စာရေး သက် ၂၅ နှစ် အတွင်း ဗုဒ္ဓယဉ် ကျေးမှု နောက်ခံဝတ္ထု ၁၄ အုပ်၊ သမိုင်း နောက်ခံ ၀တ္ထု ၁၆ အုပ်၊ သုတေသနစာတမ်း ၃ စောင် ရေး သားထုတ်ဝေပြီး ဖြစ်သည်။
ချစ်ဥိးညိုသည် စာပေရေး သားရင်း သဘင်မဂ္ဂဇင်း စာတည်းချုပ်၊(၁၉၈၃-၈၈)နှင့် ရွှေပြည်တန်ဂျာနယ် စာတည်းချုပ် (၁၉၉၉-၂၀၀၀)အ ဖြစ်လုပ်ခဲ့သည်။ ၁၉၉၇တွင် တက္ကသိုလ် ဘုန်းနိုင်၏ `သူ့ကျွန်မခံပြီ´၀တ္ထုကို ရုပ်ရှင်ရိုက်ကူးရာ၌ ဇာတ်ညွှန်းနှင့် အနုပညာဒါရိုက်တာအ ဖြစ် တာဝန်ယူခဲ့သည်။ ဆို၊ က၊ ရေး ၊ တီးပြိုင်ပွဲ ဇာတ်သဘင် ပြိုင်ပွဲကဏ္ဍတွင် အကဲဖြတ်အဖွဲ့ခေါင်း ဆောင်အ ဖြစ် လုပ်ဆောင်ခဲ့သည်။ ၁၉၉၈-၂၀၀၂နှစ် များ အတွင်းတွင် စင်္ကပူ၊ အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ မလေးရှားနှင့် အမရိကန်နိုင်ငံများ သို့ စာပေနှင့် ယဉ်ကျေးမှု အနုပညာဆိုင်ရာ လုပ်ငန်းများ အတွက် သွားရောက်ခဲ့သည်။
ယခုတိုင် စာပေရေး သားခြင်း၊ ဇာတ်ညွှန်းရေး သားခြင်းလုပ်ငန်းများ အပြင် ရန်ကုန် ယဉ်ကျေးမှု တက္ကသိုလ်တွင် ပညာရေး အဖွဲ့ဝင်၊ ပြင်ပ စာစစ်မှူးနှင့် ဇာတ်သဘင်ပညာဌာန အကြံပေးအ ဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။
ဤ၀တ္ထုသည် `မြတ်ပန်းရဂုံဓမ္မရုပ်စုံမဂ္ဂဇင်း´တွင် ၁၉၉၄ မှ ၁၉၉၈အထိ အခန်းဆက် ၀တ္ထု ရှည်အ ဖြစ် ရေး ခဲ့သည်ကို တစ်စုတစ်စည်းတည်း ပုံနှိပ်ထုတ်ဝေခြင်း ဖြစ်ပါသည်။ အခန်းဆက်ဝတ္ထု ရှည်အ ဖြစ် ရေး ခဲ့စဉ်က ၀တ္ထုအမည် မှာ `အနန္တစကြ၀ဠာ´ ဖြစ်လေသည်။
ယခုအမည် သစ်က `နေမင်းလမင်းသိန်းရာထောင်´။
အခန်းဆက်အ ဖြစ် ရေး ခဲ့စဉ်ကတည်းက ရေး ရင်းရေး ရင်းဖြင့် ၀တ္ထုအမည် ကို မိမိကိုယ်တိုင် ကြိုက်နှစ်သက် ခြင်းက လျော့ပါးလာခဲ့သည်။ အမည် သည် ၀တ္ထုနှင့် လိုက်ဖက်ညီခြင်း မရှိလှဟု မိမိ ဘာသာ သိလာခဲ့သည်။ သို့ သော် အခန်းဆက်ဝတ္ထုရှည်တစ်ပုဒ်ကို အမည် ပြောင်း၍ မရတော့ပါ။
တစ်စုတစ်လုံးတည်း လုံးချင်းအ ဖြစ် ထုတ်ဝေရန် စီစဉ်သော အခါ အမည် သစ်တစ်ခုကို ပေးရန် ဆုံးဖြတ်ချက်၊ ၀တ္ထုတစ်ပုဒ်လုံး၏ အာဘော်၊ အကြောင်းအရာတို့ကို ခြုံငုံထင်ဟပ်စေမည့်  အမည် များ ကို စဉ်းစားရွေးချယ်ခဲ့ပါသည်။ ထိုအခြေခံ အချက်များ အပြင် အမည် နာမသစ်သည် ခွန်အားလည်းရှိရမည် ၊ လှလည်းလှရမည် ။ အသံထွက်ဖတ်လျှင် ပြေပြစ်မှု လည်း ရှိရမည် စသော အင်္ဂါရပ်များ နှင့် ညီညွတ်စေသည့်အမည် သုံးလေးခုလောက် ကျွန်တော် ရွေးချယ်ကြည့်ပါသည်။
တစ်ခုတစ်လေကိုမျှ စိတ်တိုင်းမကျပါ။ ဤအခါမှပင် မိမိသည် ၀တ္ထုခေါင်းစီးအမည် နာမပေး ရာ၌ ညံ့သူမှန်း ကိုယ့်ဘာသာကိုယ် သိလာရသည်။ ယခင့်ယခင်ဝတ္ထုအမည် များ အဆင်ပြေသွား တာရှိခဲ့ပါလျှင်လည်း စွပ်စွပ်ရွပ်ရွပ်`တည့်´သွားသော ကြောင့် သာ ဖြစ်ပေလိမ့်မည် ။
ဤသို့ ဖြင့် ကျွန်တော် လည်း မဟာဂီတကျမ်းများ ၊ မြန်မာစာ ညွှန့်ပေါင်းကျမ်း၊ သဗ္ဗဂီတက္ကမ ပကာသနီကျမ်းများ ကို မွှေနှောက်ရှာဖွေခဲ့သည်။ ကြိုးဘွဲ့၊ ယိုးဒယား၊ ပတ်ပျိုး၊ သီချင်းခံ၊ တေးထပ်၊ ရတု၊ ပျို့၊ လူးတား၊ ဒုံချင်း၊ အဲ၊ ရကန်၊ အိုင်၊ လှေတော် သံ. . . လက်လှမ်းမီသမျှ ရှာဖွေခဲ့လေသည်။ သူ့နေရာနှင့် သူ အပြိုင်းအရိုင်း ၀င့်ကြွားတောက်စားနေသော စကားလုံးများ ကို တွေ့ ရသည်။ အပြန်ပြန် အထပ်ထပ်ရှာရင်း တစ်ခုသော စကားလုံးစုကို မျက်စိကျခဲ့ပါသည်။
မြ၀တီမင်းကြီးရေး ဖွဲ့သော ရောင် ခြည်တော် ဘွဲ့သီချင်းခံထဲမှ ဖြစ်သည်။
“ထူးမခြားနား၊ မီးရေစုံသား၊ ရောင် တော် ထွေပြား၊ ဖြူးလို့လို့(ပြောင်းလို့လို့)များ ထွေ၊ ထူးထွေတည့်အံ့ရာသော်. . .ရွှန်းရရွှန်းလင်း၊ စိမ်းပြာဖြူဝင်း၊ နေရောင် ခြည်လင်း(ရှင်း)ထွန်းလို့လို့ ရွှန်းဝေ. . .၊ များ ထွေတည့်အံရာပင်(သား)၊ ဘုန်းတန်ခိုလဲ၊ နှိုင်းဆိုရာဘဲ၊ တူမည် မှာ လဲ၊ ရဲရဲဝင်း (ရှိန်း)ပြောင်. . .နေမင်း လမင်းသိန်းရာထောင်. . .”
ဤစာပိုဒ်ထဲမှ`နေမင်းလမင်းသိန်းရာထောင်´ကို ကျွန်တော် အကြိုက်ကြီးကြိုက်နေသည်။
ဤတွင် အခက်ကြုံရပါတော့သည်။
`နေမင်းလမင်းသိန်းရာထောင်´သည် ကျွန်တော့အတွက် အလွန်ရင်းနှီးနားစွဲနေသော စကား ဖြစ်သည်။ ထူးမခြားနား ရောင် ခြည်တော် ဘွဲ့ထဲမှ စာသားတစ်ခုအ ဖြစ် ကျွမ်းဝင်နေသည် တော့ မဟုတ်ပါ။ မဟာဂီတနှင့် ထဲထဲဝင်ဝင် အကျွမ်းတ၀င်မရှိဘူးဟု ဆိုစေဦးတော့ ဤစာသား သည် ထူးမခြားနားထဲမှ စာသားဟု သတိမထားမိဘဲ ဆိုစေဦးတော့. . . စာသမားတို့သည် `နေမင်းလမင်းသိန်းရာထောင်´ကို ရင်းရင်းနှီးနှီးသိကြမည် ထင်ပါသည်။
အကြောင်းမူ စာရေး ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းရေး ခဲ့သော (ပုဂံစာအုပ်တိုက်မှ ၁၉၆၅ ခုနှစ် တွင် ထုတ်ဝေခဲ့သော ) ထင်ရှားသည့် ပြဇာတ်တစ်ပုဒ်၏ အမည် ဖြစ်နေသော ကြောင့် ပင်။
ထို့ကြောင့် အခြားအမည် တစ်ခုခုနှင့် အစားထိုးရန် ကြိုးစားကြည့်ပြန်သည်။ မဟာဂီတနှင့် မြန်မာစာညွှန့်ပေါင်းကျမ်းထဲမှ မွှေနှောက်ရှာဖွေပြန်သည်။ သို့ သော် မည် သည့်စကားလုံးကိုပဲ တွေ့ တွေ့  `နေမင်းလမင်း´ဆီသို့ သာ ပြန်ပြန်ရောက်နေတော့သည်။ ဘယ်သို့ မှ ရုန်းမထွက်သာ တော့ပါ။ `နေမင်းလမင်းသိန်းရာထောင်´ကိုမှ မယူရလျှင် အခြားမည် သည့်အမည် ကိုမျှ မထားချင် တော့သည်အထိ စွဲလန်းနေပါတော့သည်။
နောက်ဆုံးတော့ ကျွန်တော် စိတ်ဒုံးဒုံးချလိုက်ပါသည်။
ရောင် ချည်တော် ဘွဲ့သီချင်းခံကြီးကို လက်မွန်မဆွ စီကုံးရေး သားခဲ့သည့် မြ၀တီမင်းကြီး ဦးစနှင့် ရှေးဂန္တ၀င်စာတို့၌ ကျွမ်းကျင်နှံ့စပ်ပြီး ထူးမခြားနားထဲမှ ဤစကားလုံးကို မျက်စိစူးရှစွာ တွေ့ မြင့်ထုတ်နုတ် သုံးစွဲခဲ့သည့် စာရေး ဆရာကြီး ဆင်ဖြူကျွန်းအောင်သိန်းတို့ကို ရှေးဦး ကျေးဇူးရှင် နှစ် ပါး(ပုဗ္ဗကာရီ)အ ဖြစ်ရှိခိုးလျက် ဤ`နေမင်းလမင်းသိန်းရာထောင်´ကိုပဲ ယူငင်အသုံး ပြုလိုက်ပါတော့သည်။
ပညာရှင်၊ ပညာရှိကြီးများ ၏ အရိပ်အာဝါသကို ခိုလှုံခြင်းသည် အပြစ်မ ဖြစ်နိုင်ဟု ယုံကြည် မိပါကြောင်း။
ချစ်ဦးညို
အခန်း(၁)
တောတန်းတစ်ခုလုံး မြင်းခွာသံများ ဖြင့် သိမ့်သိမ့်တုန်နေသည်။ ခရီးယူဇနာငါးဆယ်ကျော် တိုင် အပြင်းနှင်ခဲ့သည့်အတွက် မြင်းများ မှာ မောဟိုက်ပင်ပန်းနေကြပေပြီ။ သို့ သော် မြင်းစီး သူရဲအမတ်တို့၏ တဟေးဟေးကြွေးကြော်သံများ နှင့် မလျော့စတမ်း ဆုပ်ကိုင်ထားကြသော ဇက်ကြိုးတို့အောက်တွင် မြင်းကြီးများ သည် ကဆုန်စိုင်းလျက်ပင်ရှိကြသည်။ အုပ်မိုးယှက်ဖြာနေကြ သော တောတန်းမှ သစ်ရွက်ဖားလျားတို့သည် မြင်းတပ်ကြီးအဖြတ်တွင် သစ်ရွက်များ ဖြောဖြော ကြွေကျသွားကြသည်။
အဆက်မပြတ်သော မြင်းခွာသံများ ကြောင့် ပင်စည်အခက်အလက်တို့တွင် လည်း တုန်လှုပ် ယိမ်းထိုးနေကြပြီဟု ထင်ရသည်။ ယူဇနာ ငါးဆယ်. . . ခရီးပေါက်ခဲ့သည့် အတိုင်းအတာမှာ ယူဇာနာငါးဆယ်မျှသာ ရှိသေးသည်။ နောက်ထပ်ယူဇနာခုနစ်ဆယ် ကျန်သေးသည်။ ခရီး တစ်ဝက်မျှပင် မပေါက်သေး။ ဟံသာဝတီနေပြည်တော် ကြီးသို့ ရောက်ရန် ခရီးတစ်ဝက်ကျော် လိုသေးသည်။
မြင်းတပ်ကြီး၏ ရှေ့ဆုံးမှဦးဆောင်လာသူမှာ သုမနမင်းသား ဖြစ်သည်။ ငယ်ရွယ်နုပျိုသော မင်းလုလင်၏ မျက်နှာ၌ တက်ကြွသော အသွင်ကိုတွေ့ ရသည်။ ခရီးပန်းမှု ကို စိုးစဉ်းမျှ မတွေ့ ရ။ မိမိ တို့၏ အရှင်သခင် ဖြစ်သော သုမနမင်းသား၏ တက်ကြွမှု ကို တွေ့ ရသော အခါ နောက်ပါစစ်မှူး အမတ်တစ်ထောင်တို့မှာ လည်း ပို၍ ပင် တက်ကြွလန်းဆန်းနေကြသည်။
လျှိုတစ်ခုဖြတ်လိုက်ပြီးနောက်တွင် ရှေ့ခပ်လှမ်းလှမ်း၌ ကျောက်ဂူစခန်းတစ်ခုကို ဘွားခနဲ တွေ့ လိုက်ရသည်။ သုမနမင်းသားသည် မြင်းဇာတ်ကို လျှော့လိုက်သည်။ ယူဇနာငါးဆယ်ကျော် အထိ ခရီးပြင်းနှင်ခဲ့သည့်တစ်လျှောက်လုံးတွင် နှစ် ကြိမ်မျှသာ ခေတ္တခဏ နားခဲ့ကြသည်။ မြင်းပေါ်မှ စိတ်ဓာတ်တက်ကြွလန်းဆန်းနေသော လူများ အဖို့ မထောင်းသာသော်လည်း မြင်းများ မှာ ပင်ပန်းလှချေပြီ။ ဤကျောက်ဂူစခန်းတွင် အချိန်ယူ၍ အနားပေးမှ ဖြစ်မည် ။
ကျောက်ဂူစခန်းဟု ဆိုရသော်လည်း ကျောက်သားပကတိချည်းရှိနေသည်မဟုတ်။ သေးငယ်သော ရေတံခွန်လေးတစ်ခု၊ ကျောက်တုံးများ ကို တိုးဝှေ့ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းငယ်၊ နက်မှော င် ကြည်လင်သော ရေအိုင်၊ ရေအိုင်ကမ်းစပ်တစ်ဝိုက်မှ စိမ်းစိမ်းစိုစို မြက်ခင်းများ နှင့် အရိပ်ကောင်းသော သစ်ပင်များ ၊ ထို့နောက် သက်သော င့်သက်သာ လဲလျောင်း ချင်စဖွယ် ကျောက်ဖျာကြီးများ လည်းရှိသည်။
သုမနမင်းသားသည် ရွှေကနုတ်ပန်းများ ဖြင့် အနားကွပ်ထားသည့် တံပိုးကိုထုတ်၍ နှစ် ချက် ဆင့်မှု တ်လိုက်သည်။ တံပိုးသံ၏ အဓိပ္ပာယ်မှာ ဤနေရာတွင် စခန်းတစ်ထောက် နားကြမယ် ဟူသော ဓိပ္ပာယ် ဖြစ်သည်။ မြင်းစီးသူရဲများ အားလုံး တုံ့ရပ် လိုက်ကြလေသည်။ အေးမြသော ရေနံ့ ရသဖြင့် မြင်းများ သည် တဟီးဟီး အသံပြုလာကြသည်။
စင်စစ်မူ ဤနေရာတွင် စခန်းတစ်ထောက်နားဖို့ ဆုံးဖြတ်ရာ၌ မြင်းတွေ ပင်ပန်းလှသည်ဟူ သော အကြောင်းတစ်ချက်တည်းကြောင့် မဟုတ်ကြောင်း၊ သုမနမင်းသားသည် တစ်ယောက် တည်း စိတ်ကူးနေမိသည်။ မြင်းတွေ ကို အနားပေးဖို့ လိုသည်မှာ လည်း မှန်သည်။ နောက်ထပ် အကြောင်း တစ်ကြောင်း ရှိသေးသည်။ ယူဇနာခုနစ်ဆယ်မျှသာကျန်တော့သော ခရီးဝယ် တိကျရေရာမှု မရှိ သေးသော တစ်စုံတစ်ခု ရှိနေသေးသည်။
နောက်တစ်နေ့ သို့ မဟုတ် ယနေ့ညနေပိုင်းလောက်တွင် ဟံသာဝတီနေပြည်တော် ကြီးသို့ ရောက်တော့မည် ဖြစ်သည်။ ဟံသာဝတီနေပြည်တော် ကြီးမှ ခမည်းတော် အာနန္ဒာမင်းနှင့် မယ်တော် သုဇာတာ မိဖုရားကြီးတို့သည် ကြီးစွာ သော အခမ်းအနားဖြင့် မိမိကို အကြိုထွက်ကြလိမ့် မည် ။ အောင်ပွဲရ သားတော် သုမနကို နေပြည်တော် သားအားလုံးကလည်း သော င်းသော င်းဖြဖြ ကြိုဆိုကြလိမ့်မည် ။
အောင်ပွဲရသူတို့အား ဆုလာဘ်ချီးမြှင့်သည့် အလေ့အတိုင်း ခမည်းတော် မင်းကြီးသည် မိမိ အား ကြီးစွာ သော အဆောင်အယောင် ဆုလာဘ်များ ဖြင့် ချီးမြှောက်ဂုဏ်ပြုပေလိမ့်မည် ။
“လိုရာဆုကို တောင်းပေတော့ သားတော် ”ဟု ခမည်းတော် မင်းကြီးက အခွင့်ပေးသနား မည် မှာ ဧကန် ဖြစ်သည်။ လိုရာဆု. . .။ မည် သို့ သော ဆုလာဘ်ကို တောင်းရမည် နည်း။
ဘုရင်မင်းမြတ်၏ သားတော် တစ်ပါးအနေဖြင့် မိမိသည် မြို့ကြီးတစ်မြို့ကို အပိုင်စားရထား သည်။ သူတကာ ဘုရင့်သားတော် တွေ လို နေပြည်တော် ထီးရိပ်ခိုကာ ဥပရာဇာဘ၀ဖြင့် သက်တောင့်သက်သာ နေခဲ့သည်မဟုတ်။ ခမည်းတော် ကြီး ကိုယ်တိုင်ကလည်း သားတော် ဟူ သော အမှတ်ဖြင့် အချိန်တန်လျှင် ထီးမွေနန်းမွေ ဆက်ခံစေဟုဆိုကာ မိမိအား တာဝန်မဲ့ မနေစေခဲ့။ ဟံသာဝတီမှ ယူဇနာတစ်ရာ့နှစ် ဆယ်ဝေးသော မြို့တွင် မြို့စားခန့်အပ်ခဲ့ကာ တိုင်းရေး ပြည်မှု ကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့ စေခဲ့ပေသည်။
အခွန်အတုပ် ဘဏ္ဍာတော် များ အရေး ၊ တရားစီရင်မှု အရေး ၊ နယ်မြေဒေသ တိုင်းသား ပြည်သူတို့ ပျော်ရွှင်ချမ်းမြေ့ရေး ကိုလည်း မိမိ လက်တွေ့ လုပ်ဆောင်နိုင်ခဲ့သည်။ နောက်ဆုံး တိုင်းရေး ပြည်ရာကိစ္စတို့တွင် အခက်အခဲအရှုပ်ထွေးဆုံး ဖြစ်သော စစ်ရေး ကိုပင် မိမိ ကိုင်တွယ် ဖြေရှင်းပြီးခဲ့ပေပြီ။
ပစ္စန္တရစ် အစွန်အဖျားဒေသများ မှ သူပုန်သူကန်တို့ကို သုမနမင်းသား အောင်မြင်စွာ တိုက်ခိုက်နှိမ်နင်းခဲ့ပြီးပြီ။ “တိုက်နယ်ဒေသ ငြိမ်းအေးသာယာ ရှိခဲ့ပါပြီ´ သူပုန်သူကန်တို့အရေး လုံးဝ ချုပ်ငြိမ်း သွားပါပြီ”ဟု ခမည်းတော် ထံ သ၀ဏ်လွှာ ပို့လွှတ်ခဲ့သည်။ ချက်ချင်း လိုပင် ခမည်း တော် ထံမှ သ၀ဏ်လွှာ ပြန်လာသည်။ `လွန်စွာ နှစ် ထောင်းအားရ ရှိလှသည်။ ခမည်းတော် ထံသို့ ငါ့သားတော် အလျင်အမြန် ၀င်ရောက်ခစားစေ´
သုမနမင်းသားသည် မိမိ၏ မြင်းဖြူကြီးကို ရေတိုက်ရင်း ကျောက်ဂူရေအိုင်စပ် ကျောက်ဖြူ ကြီးပေါ်တွင် ထိုင်လိုက်လေသည်။
“ကျုပ်တော့ လယ်နှစ် ပွဲလောက် တောင်းမလား စိတ်ကူးတယ်။ လယ်နှစ် ပွဲ နွားတစ်ရှဉ်းဆို ရင် တော် ပါပြီ။ ကိုယ်က တောင်သူဘ၀က လာခဲ့တာဆိုတော့ လယ်နဲ့မြေကိုပဲ အာရုံကျတယ်”
“ဒါတော့ ရောင်းရင်းသဘောပေါ့လေ၊ ကျုပ် ကတော့ ပတ္တမြားလက်စွပ်တစ်ချီလောက်ဆို တော် ပါပြီ။ အဟဲ. . . ကျုပ်ဖို့ မဟုတ်ပါဘူး။ အိမ်က ကတော် စိုးက ပတ္တမြား ၀တ်လှချည်ရဲ့ ပြောနေ တာကြာပြီ။ စစ်ပွဲပြန် အောင်ပွဲရခုလိုအခါမျိုးမှာ ဘုရင်မင်းမြတ်ဟာ သားတော် နဲ့အတူ ကျုပ်တို့ကို လည်း လိုရာဆုတောင်းစေလို့ အခွင့်ပေးသနားမှာ အမှန်ပဲလေ”
“ကိုရင့်ဟာက ကတော် စိုးမယားအတွက်ချည်းပဲ စိတ်ကူးတာကိုး၊ ကျုပ် ကတော့ မြင်းချော ချော မျိုးသန့်မျိုးကောင်းကြီးတွေ တောင်းမှာ ပဲ။ ဘုရင့်မြင်းဇောင်းထဲကနေ ရွေးယူမှာ လေ”
“ဟို တစ်ယောက် ကော. . . ဘာဆုလာဘ် တောင်းမလဲ၊ စဉ်းစားထားပြီးပလား။ ငြိမ်ချက် သားကောင်းလှချည်လား”
“အဲ. . . ဘာတောင်းရမှန်း မသိလို့ပါ။ အိမ်ကမယားက ဘာမှမမှာ လိုက်ဘူး။ အမြန်ဆုံး ပြန်လာခဲ့တဲ့၊ ဒါပဲ မှာ လိုက်တာ။ ဒီတော့ ကျုပ်စဉ်းစားနေတာက ဘုရင်မင်းမြတ် သနားတော် မူတာ ကိုပဲ လက်ခံပြီး အမြန်ဆုံးအိမ်ပြန်ခွင့် ပြုတော် မူပါဘုရားဆိုတဲ့ ဆုလာဘ်ပဲ တောင်းရမလားလို့. . .”
ရယ်သံများ ထွက်ပေါ်လာကြသည်။
“သူပုန်သူကန်လည်း မကြောက်ဘူးဗျ။ မကြောက်လို့လည်း ရွပ်ရွပ်ချွံချွံ တိုက်ခဲ့ပြီကော. . .၊ အဲ. . . အိမ်က မယားတော့ ကြောက်ရသဗျို့”
ဝါးခနဲ ၀ိုင်းရယ်ကြပြန်သည်။
“သူရဲကောင်း စစ်သည်အမတ်ဆိုတာ ဇနီးမယားကို ညှာတာရတယ်၊ အလိုလိုက်ရတယ်။ အဲဒါကို မယားကြောက်တယ် ပြောကြလည်း ခံရမှာ ပဲ။ အမှန်က မိန်းမသားတွေ ကို အလိုက်လိုက် အလျှော့ပေးခြင်းဆိုတာ မင်းယောက်ျားတို့ရဲ့ စိတ်ဓာတ်ကြီးကျယ်မှု ဗျ”ဟု ထိုစစ်သည်အမတ်က တဖောင်ဖောင်ဆက်ပြောနေပြန်သည်။
“ကျုပ် ကတော့ နဖူးစည်း ရွှေကြိုးနဲ့ ဘွဲ့တံဆိပ်ရရင် တော် ပါပြီဗျာ။ ဘွဲ့တံဆိပ်တစ်ခု ရှိထား ရင် ကိစ္စတော် တော် များများ ပေါက်ရောက်တာဗျ”
“အဲဒါ ကိုရင့်အမြင်လေ၊ ကျုပ် ကတော့ ရှင်းရှင်းပဲ၊ စံအိမ်တော် မွမ်းမံဖို့ ကျုပ်မှာ အသပြာ လိုတယ်”
“ကျုပ်လား ကျုပ်က ပိုရှင်းသေးတယ်၊ ရွှေပဲယူမယ်၊ ရွှေရှိရင် ထုခွဲဖဲ့ခြွေပြီး ၀ယ်ချင်တာ ၀ယ်လို့ရတယ်လေ”
“ကျုပ်ကလူပျိုလေ၊ မယား မရှိပါဘူး. . . ဟဲ ဟဲ. . .၊ ရွှေနန်းတော် ကြီးထဲက အချော အလှ လေး တစ်ယောက် လောက်ကို တောင်းမလားလို့. . .၊ သူရဲကောင်းအတွက် ဆုလာဘ်ဆိုတာ မိန်းမလှပဲ။ ဒါနိယာမပဲ. . . ဟဲဟဲ”
သုမနမင်းသား ပြုံးမိလေသည်။ စစ်မြေပြင်တွင် နတ်ဘီလူးများ နှယ် ကြောက်ခမန်းလိလိ တိုက်ပွဲဝင်ခဲ့ကြသော ဤစစ်မှူး အမတ် တစ်ထောင်တို့သည် စင်စစ် ငယ်ရွယ်ကြသေးသူများ သာ ပင်။ ယခုလို အောင်ပွဲရ ပြည်တော် ၀င်စစ်သည်များ အ ဖြစ် ဂုဏ်ပြုခံရတော့မည့် အချိန်တွင် သူတို့ သည် လွတ်လပ်ပေါ့ပါးစွာ ဖြင့် မိမိတို့၏ ဆန္ဒကို ထုတ်ဖော်ရင်း တပျော်တပါး ရယ်ပွဲဖွဲ့နေကြသည်။
ခမည်းတော် ဘုရင်မင်းမြတ်ထံမှ သူတို့ ရယူတောင်းဆိုကြမည့်  ဆုလာဘ်များ ကို စိတ်ကူး ကိုယ်စီဖြင့် ရွေးချယ်နေကြသည်။
အမှု ထမ်းစစ်သည်အမတ်တို့၏ တ၀ါးဝါးရယ်သံ၊ စကားပြောသံများ ကို နားထောင်ရင်း ပြုံးမိ နေရာမှ သုမနမင်းသားသည် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဤကျောက်ဂူစခန်းသို့ မရောက်မီ လမ်း၌ မိမိဝိုးတ၀ါး တွေးခဲ့မိသော အတွေး။ ယူဇနာခုနစ်ဆယ်ကျန် ခရီးတစ်လျှောက်လုံးမှာ ပင် တိကျရေရာမှု မရှိသေးသော တစ်စုံတစ်ခု။
အမတ်စစ်သည်များ ကတော့ သူတို့ အာရုံကျ စိတ်ကူးရရာများ ကို ရည်ညွှန်းလျက် ဘုရင်းမင်းမြတ်ထံမှ ရယူမည့်  ဆုလာဘ်များ ကို အချင်းချင်းဆွေးနွေးတိုင်ပင်နေကြသည်။ မိမိကိုယ် တိုင် ကတော့. . . အဘယ်ဆုကို တောင်းရမည် နည်း။
“လိုရာဆု တောင်းပေတော့ သားတော် ”ဟု ခမည်းတော် အခွင့်သနားလာချိန်တွင် မိမိက ဘာဆုကို တောင်းယူရမည် နည်း။
မိမိသည် ဘုရင့်သားတော် ဖြစ်သည်။ ထီးမွေနန်းလျာ အရိုက်အရာခံ ဖြစ်သည်။ ထီးနန်းကို တောင်းစရာ မလို။ ရာဇ၀ံသအရ တစ်နေ့သော အခါ ဟံသာဝတီ ထီးဖြူပလ္လင်သည် မိမိထံ ရောက်ရှိလာမည် သာပင်။
သို့ ဆိုလျှင် ရွှေငွေဥစ္စာရတနာတွေ ကော၊ ဆင်မြင်းရထားတွေ ကော၊ တိုက်နယ်၊ ဇနပုဒ်၊ မြို့ ရပ်ဒေသတွေ ကော. . .၊ ဘာကို တောင်းရမည် နည်း။ သုမနမင်းသားသည် တောင်းယူရရှိလာမည့်  ဆုလာဘ်များ ကို မြင်ယောင်ကြည့်လိုက်သည်။
ရွှေငွေဥစ္စာရတနာ ရတနာခုနစ်ပါး. . . ထိုအရာတို့ကို ၀တ်ဆင်လျက်၊ အသုံးပြုလျက်၊ မိမိ၏ ဘ၀သည် မည် မျှပို၍ ကြီးကျယ်သွားမည် နည်း။ ဆင်မြင်းရတားတွေ . . . ဒါတွေ ကို ပိုင်ဆိုင် ထားလို့ကော မည် မျှ ဘုန်းကျက်သရေ တိုးပွားမည် နည်း။ တိုက်နယ်မြို့ရွာတွေ . . . ဒါတွေ ကို များ မြောင်လှစွာ ပိုင်စိုး အခွန်အတုပ်စားရလို့ကော၊ မိမိ၏ ထမင်းပွဲ အာဟာရသည် ဘယ်လောက် များ ပို၍ အရသာထူးကဲလာမည် နည်း။
အတွေးထဲမှာ ပင် ရှုပ်ထွေးလာသည်။ ထိုအရာတို့ကို ရရှိပိုင်ဆိုင်ခြင်းနှင့် တစ်ပါးတည်း ပါရှိလာသော ကြီးကျယ်ခမ်းနားမှု . . .။ ကြီးကျယ်ခမ်းနားမှု ဆိုတာ အဘယ်နည်း။ ပျော်ရွှင်ချမ်းမြေ့ မှု ကို ဘယ်လောက်အထိ ထိုအရာတွေ က ပေးစွမ်းကြမည် နည်း။ ရတနာခုနစ်ပါးသည် ပျော်ရွှင်ချမ်း မြေ့မှု ကိုပေးစွမ်းနိုင်သလား။ ဆင်မြင်းရထား၊ ဇနပုဒ်၊ တိုက်နယ်၊ အခွန်အတုတ်များ သည်ကော ပျော်ရွှင်ချမ်းမြေ့မှု ကို ပေးစွမ်းနိုင်သလား။
များ မြောင်လှစွာ သော အလျှံပယ် စည်းစိမ်ချမ်းသာတို့ကို သုမနမင်းသား ခံစားခဲ့ဖူးပြီ။ ဘုရင့်သားတော် ဟူသော ဘ၀၌ နှုတ်တစ်ပွင့် လက်တစ်ဝင့်မျှဖြင့် အမိန့်အာဏာတို့ ထုတ်လွှတ်ကာ လိုသမျှကို ဖြစ်ပေါ်စေခဲ့ဖူးပြီ။
ထိုစည်းစိမ်ချမ်းသာများ ကို ပိုင်ဆိုင်ခံစားခြင်းနှင့် အတူ ရရှိလာသော ပျော်ရွှင်မှု ၊ အလိုပြည့်မှု ဆိုသည့်အရာသည် အခိုက်အတန့်မျှသာ ဖြစ်ပေါ်ပြီးထပ်ကြပ်လိုက်ပါလာသည်များ ကမူ စိတ်နှလုံး နောက်ကျိဖွယ်ရာ။
ထိုအရာတို့ လျော့ပါးကုန်ဆုံးသွားမည် ကို စိုးရိမ်ရခြင်း၊ ပျက်စီးဆုံးရှုံးသွားမည် ကိုကြောင့် ကြရခြင်း၊ လျော့ပါးကုန်ဆုံး ပျက်စီးသွားသော အခါများ ၌ ပူလောင်ကြေကွဲရခြင်း၊ အဟောင်း၌ ငြီးငွေ့ကာ အသစ်ကို တောင့်တခြင်း၊ အသစ်ကို ရရှိသော အခါ ထပ်မံပျောက်မည် စိုး၍ ကြောင့်ကြ ရခြင်း. . .။
“အိုး. . . ငါ ဘာကို တောင်းရမှာ လဲ၊ ငါ ဘာကို အလိုရှိအပ်သလဲ”
တဝေါဝေါကျနေသော ရေတံခွန်အောက်ခြေမှ ရေအဖွား၊ ရေအမြုပ်များ နှင့် အတူ သုမန မင်းသား၏ အတွေးများ သည် ပလုံစီ ပွက်လှုပ်လျက် ဖွေးဖွေးလှည့်နေတော့သည်။
“ခမည်းတော် ဆီက ငါ ဘာကို တောင်းရမှာ တဲ့လဲ. . .”
သုမနမင်းသားသည် စစ်မှူးအမတ်တစ်ထောင်တို့အနက် အနည်းငယ် အသက်ပိုကြီးသော ရင့်ကျက်သည့် အမတ်အချို့ကို ခေါ်ယူစုရုံးစေလိုက်သည်။ သူတို့သည် လက်ရုံးရည်ထက် နှလုံးရည်တွင် ပိုမိုအစွမ်းပြနိုင်သူများ လည်း ဖြစ်ကြသည်။
“သူပုန်သူကန်တွေ ကို အလုံးစုံ နှိမ်နင်းခဲ့ပြီးလို့ ခမည်းတော် က ကျွန်ုပ်ကို များ စွာ နှစ် ထောင်း အားရ ဖြစ်ပြီး အခုလို နေပြည်တော် ကို ခေါ်ယူတာ ဖြစ်ကြောင်း မောင်မင်းတို့အားလုံး သိကြပြီးပြီ။ အခု ခရီးတစ်ဝက်ကျိုးတော့မယ်။ မကြာမီ နေပြည်တော် ကို ရောက်တော့မယ်၊ ရောက်တဲ့အခါ ခမည်းတော် ရှေ့မှော က် ၀င်တဲ့အခါမှာ သားတော် လိုရာဆုတောင်းနိုင်တယ်လို့ ခမည်းတော် အခွင့် ပေးသနားတော် မူမှာ မုချပဲ”
အမတ်များ ငြိမ်သက်စွာ စူးစိုက်နားထောင်နေကြသည်။ သုမနမင်းသားက ပို၍ လေးနက် သော အသံဖြင့် ဆက်ပြောလေသည်။
“ကျွန်ုပ်မှာ ဝေခွဲမရ ဖြစ်နေတယ်။ ဒါဟာ အလွန်ရိုးစင်းသလောက် ဆန်းကြယ်တဲ့အရာ လည်း ဖြစ်တယ်။ ကျွန်ုပ်ရဲ့ နှလုံးသားကို မေးခွန်းတစ်ခုက အခါမလပ် ရိုက်ပုတ်နေတယ်။ ဒါပေမယ့် အဖြေရလဒ်က ထွက်မလာဘူး”
သုမနမင်းသားသည် ကျောက်ဖျာအပြင်၌ ရပ်လိုက်သည်။ နေရောင် ခြည်များ ဖြာကျနေ သော ရေအိုင်မျက်နှာပြင်မှ အလင်းစက်ဝန်းတို့က မင်းသား၏ တင့်တယ်သော ကိုယ်ခန္ဓာအား တောက်ပသည့် အနားရေး ကြောင်းများ ဖြင့် ဘောင်ကွပ်ပေးလိုက် လေသည်။
“အဖြေရလဒ် ထွက်မလာဘူးဆိုတာက အင်း. . . အဖြေရလဒ်တွေ ကို တစ်ခုပြီးတစ်ခု ကျွန်ုပ် ထုတ်ဖော်ကြည့်ခဲ့ပြီးပြီ။ တစ်ခုတစ်လေမှ စိတ်တိုင်းကျစရာ ဖြစ်မလာဘူး။ ဒါကြောင့် ကျွန်ုပ် ရဲ့ ရင်မှာ တိုးဆောင့်နေတဲ့ အဲဒီ မေးခွန်းကို မောင်မင်းတို့ဆီ လွှဲပြောင်းပေးမလို့ပဲ၊ မောင်မင်းတို့ ဖြေ ကြည့်ကြစမ်း”
စစ်ပွဲတစ်ခု ၀င်တော့မည့် အလား အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ စိတ်အားထက် သန်မှု ဖြင့် နားစိုက်စူးစွင့်နေကြသည်။
“ခမည်းတော် မင်းကြီးက သားတော် လိုရာဆုကို တောင်းပါလို့ မိန့်တော် မူလာတဲ့အခါ ကျွန်ုပ် ဘာဆုလာဘ်ကို တောင်းရမှာ လဲ”
အတန်ငယ်တိတ်ဆိတ်နေပြီးမှ မသဲမကွဲ ရေရွတ်တီးတိုးသံများ ပေါ်လာသည်။ ထို့နောက် ပြန်လည်တိတ်ဆိတ်သွားပြီးမှ အသံတစ်သံ ပေါ်လာသည်။
“ရာဇာမင်းတို့မည် သည်မှာ ဆင်ဖြူရတနာကို ပိုင်စိုးရစမြဲ ဖြစ်ပါတယ်အရှင်။ ဆင်မည်းများ နဲ့တကွ ဆင်ဖြူရတနာကို တောင်းယူသင့်ပါတယ်။ ဆင်ဖြူရှင်ဆိုတဲ့အမည် ကိုလည်း တစ်ပါတည်း ခံယူသင့်ပါတယ်”
မင်းသားသည် မလှုမခြောက် ရှိနေလေသည်။ ထိုစဉ် အမတ်တစ်ဦးက ပြောလာပြန်သည်။
“အရှင်ဟာ တုဖက်ကင်းတဲ့ မြင်းသည်ကျော်၊ မြင်းစီးသူရဲ ဖြစ်ပါတယ်။ အရှင်ရဲ့ စွမ်းပကား နဲ့လည်း လိုက်ဖက်၊ တကယ်တမ်းလည်း အသုံးဝင်အဖိုးတန်မယ့်အရာ ကတော့ မြင်းရတနာ ဖြစ်ပါ တယ်။ ဟံသာဝတီနေပြည်တော် တစ်ခုလုံးမှာ ရှိရှိသမျှမြင်းတွေ ထဲက အကောင်းဆုံးမြင်းများ ကို ရယူပိုင်ဆိုင်တော် မူပါ”
“မဟုတ်သေးပါဘူး အမတ်မင်းတို့ရယ်၊ ဆင်၊ မြင်း ဆိုတာ တောင်းယူစရာမလိုဘဲ အလိုလို ရရှိလာမယ့် ဆုလာဘ်တွေ ပါ”
အသက်အနည်းငယ်ကြီးသော အမတ် တစ်ယောက် က ဆိုပြန်သည်။ သူက စိတ်အား ထက်သန်စွာ ဖြင့် ဆက်ပြောသည်။
“ကျွန်ုပ်တို့ရဲ့ အရှင် သုမနကုမာရဟာ အခုအခါမှ ရာထူးဌာနန္တရအားဖြင့် မြို့စားအရာပဲ ရှိနေသေးတာ မဟုတ်လား။ ဘုန်းတော် ကြီးဘုရားဟာ စစ်ပွဲအောင်မြင်မှု ကို အကြောင်းပြပြီး သားတော် ကို နယ်ပယ်ဒေသများ ပိုင်စိုးခံစားနေချင်နေမှာ မုချပဲ။ ခုချိန်မှာ ပေးသူနဲ့ ယူသူတို့ရဲ့ သဘောကြိုက်ကိုက်ညီမှု ရှိတဲ့အချိန်ကောင်းပါပဲ။ ဒါကြောင့် အခုစားရသော မြို့အပြင်မှာ ကြီးမား ကျယ်ပြန့်သော တိုက်နယ်၊ ဇနပုဒ်၊ မြို့ရွာများ ကို ထပ်မံတောင်းယူသင့်ပါတယ်”
သုမနမင်းသားသည် သည်တစ်ခါတွင် မူ ခေါင်းကိုသာ ခါယမ်းလိုက်လေသည်။ အားပါးတရ လျှောက်တင်သော အမတ်လည်း ခေါင်းငုံ့သွားသည်။
“နှစ်သက် မြတ်နိုးခြင်းကို ဖြစ်စေသော ကြောင့် ရတနာမည် ၏ တဲ့”
နောက် တစ်ယောက် ၏ အသံထွက်ပေါ်လာပြန်သည်။
“ရတနာကို ပိုင်ဆိုင်ခြင်း၊ ၀တ်ဆင်ခြင်းဟာ ဘုန်းကျက်သရေကိုတိုးစေတယ်။ အသွေး အသား၊ တောက်ပကြည်လင်စေတယ်။ လိုအင်ဆန္ဒ မှန်သမျှလည်း ပြည့်စုံစေတယ်။ ဒါကြောင့် ရတနာခုနစ်ပါးကို ဆုလာဘ်တော် အ ဖြစ် တောင်းယူသင့်လှပါတယ်အရှင်”
ရေတံခွန်မှ တဝေါဝေါရေကျသံများ က စည်းဝေးဆွေးနွေးပွဲကို လှောင်ပြောင်နေသယောင် ပင်။ သုမနမင်းသားသည် ကျောက်ဂူဆီသို့ သာ မမှိတ်မသုန် ငေးမျှော်နေသည်။ ကျောက်ဂူသည် မည်းမှော င်နေသလဲ့သို့ ရလာသမျှ အဖြေများ သည်လည်း မိမိ၏ အမေးပုစ္ဆာအတွက် အလင်း ရောင် ကိုမပေးစွမ်းနိုင်သော အမှော င်များ သာ ဖြစ်နေသည်။
မင်းသား၏ အလိုမကျမှု ကို သိရှိသွားကြသော အမတ်တို့လည်း ဆက်လက်မပြော ကတော့ ဘဲ တစ်ယောက် ကို တစ်ယောက် သာ စောင်းငဲ့ကြည့်ရင်းခေါင်းယမ်းနြေ ကတော့သည်။
ထိုစဉ် သုမနမင်းသား၏ လက်ရုံး ဖြစ်သော အသက်အရွယ် အတန်ကြီးရင့်သူ စစ်မှူးအမတ် တစ်ဦးသည် ပျပ်ဝပ်ဒူးတုပ်နေရာမှ ဒူးထောက်စွင့်မတ်လိုက်သည်။
“ကျွန်တော် မျိုး အဖြေရလဒ်တစ်ခုကို တွေ့ ပြီလို့ ထင်ပါတယ်အရှင်”
ဤအမတ်သည် မင်းသား၏ စစ်မှူးသူရဲအမတ် တစ်ထောင်တို့တွင် စိတ်နှလုံး အနူးညံ့ဆုံး နှင့် နှိုင်းနှိုင်းဆဆ အရှိဆုံးပင် ဖြစ်သည်။
“အင်း. . . ပြောကြည့်ပါဦး”
“အရှင်ဟာ ရေမြေ့သနင်း ဘုရင်မင်းရဲ့ သားတော် ဖြစ်ပါတယ်။ အရှင့်အဖို့ရာမှာ ဆင်၊ မြင်း၊ ရွှေ၊ ငွေ၊ စည်းစိမ် စတဲ့အရာတွေ ဟာ ရခဲတဲ့အရာတွေ မဟုတ်ပါဘူး။ ဒါတွေ ဟာ လောကီဥစ္စာ ရတနာတွေ သာ ဖြစ်ပါတယ်”
“လောကီဥစ္စာ ရတနာတွေ . . .၊ အင်း. . . ဆက်ဆိုစမ်း”
သုမနမင်းသားသည် စတင်၍ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
“ရလွယ်တဲ့ အဲဒီ လောကီဥစ္စာရတနာတွေ ဟာ ရသင့်လို့ ရအပ်ပေမယ့် နောက်ဆုံးမှာ တော့ သူက စွန့်လို့ ဖြစ်စေ၊ ကိုယ်က စွန့်လို့ ဖြစ်စေ အားလုံးကို စွန့်ပစ်သွားရမှာ ပဲ။ ဆုံးရှုံးပျက်စီးသွားရမှာ ပဲ ဖြစ်ပါတယ်”
“အဲဒီ စကား မှန်တယ်၊ မောင်မင်းဆက်ပြော”
“ဆင်ကို မြင်းကို၊ ရတနာကို၊ ပိုင်နက်နယ်မြေကို မိမိသေဆုံးပြီးတမလွန်သို့ ယူဆောင်သွား နိုင်တယ်လို့ မရှိပါဘူး”
“ဟုတ်တယ်၊ တမလွန်သို့ ယူဆောင်သွားနိုင်တာကော ရှိသလား”
“ရှိပါတယ်အရှင်၊ အဲဒါ ကတော့ ကုသိုလ်ကောင်းမှု ပါ”
“ကုသိုလ်ကောင်းမှု ၊ မိမိနဲ့အတူ တမလွန်သို့ ယူဆောင်သွားနိုင်တဲ့အရာ၊ ဟုတ်လိုက်လေ ခြင်း။ ဆက်ပြောစမ်း. . .”
“ဒါကြောင့် ခမည်းတော် က ဆုလာဘ်များ ပေးတော် မူလျှင် ယူဆောင်သွားနိုင်တဲ့ ကုသိုလ်ကောင်းမှု ၊ ဖြစ်ရာ ဖြစ်ကြောင်းအရာကိုသာ တောင်းယူသင့်လှပါတယ်”
“ဘယ်လိုအရာလဲ”
“အရှင့်နောင်တော် ကို ၀ါတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေးခွင့်ပဲ ဖြစ်ပါတယ်အရှင်. . .”
ကျောက်ဂူစခန်းတစ်ခုလုံး ရုတ်တရက် လင်းထိန်တောက်ပသွားသည်ဟု သုမနမင်းသား ထင်လိုက်မိသည်။ မိမိရပ်တည်နေရာ ကျောက်ဖျာကြီးတစ်ခုလုံး မြောက်ကြွသွားသလိုလိုလည်း ခံစားလိုက်ရသည်။
နောင်တော် အား ၀ါးတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေးခွင့်။
အလို. . .၊ ဟုတ်ချင်းမက ဟုတ်လှပါသည်ကော။
ဟံသာဝတီ မင်းနေပြည်တော် ကြီးကို အမှီဂေါစရကံပြုကာ သီတင်းသုံးနေထိုင်တော် မူသော နောင်တော် `ပဒုမုတ္တရ မြတ်စွာ ဘုရား´။
အို. . . ကြည့်စမ်းပါဦး။ မိမိသည် ဟံသာဝတီနေပြည်တော် နှင့် ယူဇနာတစ်ရာ့နှစ် ဆယ်ကွာ ဝေးသော အရပ်ဒေသ၌ မြို့စားမင်းအ ဖြစ် တစ်လျှောက်လုံး နေထိုင်ခဲ့သည်။ မိဝေးဖဝေး ရွှေပြည်ကြီးနှင့် ဝေးသည်မှာ မဆန်း။ မိမိသည်လည်း ကိုယ့်အာဏာ ကိုယ်စား၊ ကိုယ့်ထီးနှင့် ကိုယ်နေခဲ့သည်။ အပိုင်စားရသော နယ်ဒေသ၏ အခွန်အတုတ်တို့ကို စားလျက် တိုင်းသားပြည်သူ တို့ကို အုပ်ချုပ်လျက် စိုးစံနေထိုင်ခဲ့သည်။
အားလုံးနှင့် ဝေးကွာစွာ ၊ သို့ သော ချမ်းမြေ့လုံခြုံစွာ မိမိရှင်သန်ခဲ့သည်။ သို့ သော် ထိုဝေးကွာ မှု များ ထဲတွင် မဝေးကွာစကောင်းသော အရာတစ်ခု ပါရှိနေသည်ကို မိမိ မဆင်ခြင်မိပါတကား။
နောင်တော် ပဒုမုတ္တရာ မြတ်စွာ ဘုရား. . .။
ဘုရားရှင်အ ဖြစ်သို့ ရောက်တော် မမူခင် ကတော့ နောင်တော် နှင့် မိမိသည် ဘတူမိကွဲညီ နောင်များ အ ဖြစ် ဟံသာဝတီ နန်းတော် ကြီးထဲတွင် အတူတကွ ငယ်စဉ်ဘ၀များ ကို ကုန်ဆုံးစေခဲ့ကြ လေသည်။
ယခု ရဟန်းတော် တစ်သိန်းခြံရံလျက် လောကအထွတ်အထိပ် သဗ္ဗညုဘုရားရှင်အ ဖြစ်သို့ ရောက်တော် မူပြီးသော နောက်တော် ။ ရံခါမှသာ ဟံသာဝတီရွှေနန်းတော် သို့ ခမည်းတော် ၊ မယ်တော် တို့အား အခစား ၀င်ရင်း ကြုံကြိုက်ဆုံစည်းမှု ဖြင့် ဖူးမြော်ဝင်ခဲ့သည့် နောင်တော် မြတ်စွာ ဘုရား. . .။
နောင်တော် မြတ်စွာ ဘုရားအား ၀ါတွင်းသုံးလပတ်လုံး ပြုစုလုပ်ကျွေးခွင့်. . . တဲ့။ အို. . . မိမိတစ်ခါမျှ မတွေးဖူးသော စိတ်ကူးပါပေ။ တစ်ဆက်တည်းမှာ ပင် မိမိ ရှာဖွေမရသော အဖြေမဲ့ ပုစ္ဆာ၏ တွက်ပေါက်ရလဒ်. . .။
သုမနမင်းသားသည် စစ်မှူးအမတ်ကြီးအား အနူးအညွတ် ကြည့်လိုက်လသည်။
“မှန်ပါတယ်အရှင်။ အဲဒီ ဆုလာဘ်ဟာ တောင်းယူသင့်ဆုံး ဆုလာဘ် ဖြစ်ပါတယ်။ ဒါထက် ပိုမိုကြီးမြတ်တဲ့ ဆုလာဘ်လည်း မရှိတော့ပါဘူး”
စောစောက ဆင်မြင်းရတနာများ ၊ နယ်စားပယ်စားများ ကို တောင်းယူရန် အကြံပေးခဲ့ကြသူ များ အားလုံးကလည်း တညီတညွတ်တည်း ဆိုလာကြသည်။ သုမနမင်းသားသည် ၀မ်းမြောက် ကြည်နူးခြင်းဖြင့် -
“အမတ်တို့. . . သင်တို့ဟာ ကျွန်ုပ်နဲ့ မိတ်ဆွေကောင်းများ လည်း ဖြစ်ခဲ့ကြပြီ။ သည်မျှထူးကဲ တဲ့ဆုလာဘ်ကို တောင်းယူဖို့ ကျွန်ုပ်မှာ စိတ်ကူးမရှိခဲ့ဘူး။ ကျွန်ုပ်မှာ ဆုလာဘ်တွေ အမျိုးမျိုးကို တစ်ခုပြီးတစ်ခု စဉ်းစားရင်းနဲ့ကိုယ်တိုင် အလိုမကျ ဖြစ်ပြီး ဖယ်ရှားပစ်ခဲ့တယ်။ ဘာကို တောင်းယူရ မယ်ဆိုတာ ရှာဖွေမတွေ့ ခဲ့ဘူး။ သင်တို့ကျေးဇူးကြီးလှပေတယ်။ ကိုင်း. . . မြင်းတွေ လဲ အစာရေစာ ၀လို့ အမောပြေလောက်ပြီ။ အားလုံး ဟံသာဝတီကို ခရီးဆက်ကြဖို့ အသင့်ပြင်ကြ”
ရေတံခွန်ကျောက်ဂူစခန်းသည် သုမနမင်းသားနှင့် စစ်မှူးအမတ်တို့အား ကောင်းချီးသြဘာ ပေးလျက် ကျန်ရစ်ခဲ့လေသည်။
အောင်ပွဲရ ပြည်တော် ပြန်တပ်တော် ကြီးအား အာနန္ဒာမင်းကြီးနှင့် သုဇာတာမိဖုရားကြီးတို့ က ဆုလာဘ် ချီးမြှင့်သော အခမ်းအနားကို နန်းရင်ပြင်၌ ကျင်းပသည်။ ဘုရင်နှင့် မိဖုရားတို့ ပေးသနားသော ဆုလာဘ်များ ကို စစ်သည်တော် များ သာမက မှူးမတ်ပရိတ်သတ်များ က ကောင်း ချီးပေးကြသည်။ ဘွဲ့ထူးဂုဏ်ထူးများ နှင့် အတူ ရွှေငွေရတနာများ ကို ထိုက်တန်စွာ ရရှိကြသည့် စစ်သည်တော် များ သည်လည်း ကျေနပ်အားရစွာ ဖြင့် ဂုဏ်ယူလျက်ရှိကြသည်။
ပရိတ်သတ်၏ ကောင်းချီးပေးသံများ ဖြင့် စည်ကားလှုပ်ရှားနေသော ထိုဆုလာဘ်ချီးမြှင့်ပွဲ ကြီးသည် ပရိတ်သတ်အားလုံး စိတ်ဝင်စားနေသည့် အချိန်သို့ ရောက်ရှိလာသည်။ ထိုအချိန်ကား ဥပရာဇာ သုမနမင်းသားအလှည့်ပင် ဖြစ်လေသည်။ စစ်မှူးသေနာပတိ ဦးဆောင်သည့် တပ်မ ဖြစ်ခဲ့ လျှင် အကြီးအကဲ ဖြစ်သော သေနာပတိကို အဦးဆုံး ဆုလာဘ်ပေးသနားပေးပြီးမှ ကျန်စစ်သည် တို့အား ချီးမြှင့်မြဲ ဖြစ်သော်လည်း ယခု အောင်ပွဲခံတပ်ကို ခေါင်းဆောင်ခဲ့သူမှာ သုမနမင်းသားကိုယ် တိုင် ဖြစ်သဖြင့် ဆုလာဘ်ချီးမြှင့်ပွဲမှာ တစ်မျိုးတစ်ဖုံ ဖြစ်ခဲ့သည်။ ဘုရင့်သားတော် အား ချီးမြှင့်ပွဲမှာ စစ်သည်များ အားလုံးအပြီး နောက်ဆုံးအလှည့်အ ဖြစ် သတ်မှတ်ထားလေသည်။
ဤသို့ ဖြင့် စစ်သည်များ အား ဆိုင်ရာ ရာထူးရာခံအလိုက် ချီးမြှင့်ခဲ့ပြီးနောက် နောက်ဆုံး အလှည့်အ ဖြစ် သုမနမင်းသားအလှည့် ကျရောက်လာခဲ့သည်။ သုမနမင်းသားသည် ခမည်းတော် နှင့် မယ်တော် တို့ရှေ့မှော က်တွင် နေရာယူလိုက်လေသည်။ နန်းရင်ပြင် ပရိတ်သတ်လည်း စိတ်ဝင် တစားဖြင့် တိတ်ဆိတ်သွားသည်။
အာနန္ဒာမင်းကြီးသည် သားတော် အား မည် သည့်ဆုလာဘ်ကို ပေးသနားမည် နည်း။ သုမန မင်းသားသည် ခမည်းတော် ထံမှ ဘာကို တောင်းဆိုမည် နည်း။
မင်းကြီးသည် ရှေ့မှော က်တွင် ဒူးထောက်ခစားသော သားတော် အား ပွေ့ဖက်၍ ဦးထိပ်၌ နမ်းရှုံ့လိုက်ပြီးနောက်. . .
“သားတော် အလိုရှိရာဆုကို ခမည်းတော် ပေးသနားဖို့ အသင့်ရှိတယ်။ သားတော် လိုရာကို တောင်းဆိုပါ”ဟု မိန့်လိုက်၏ ။
အာနန္ဒာမင်းကြီးအနေဖြင့် ကန့်အသတ်မဲ့သော ခွင့်ပြုချက်ကို ထုတ်ဖော်လိုက်ခြင်းပင် ဖြစ်လေသည်။ ဤအချိန်ဝယ် သားတော် သည် ထီးနန်းစည်းစိမ်ကိုပင် အလိုရှိ၍ တောင်းဆိုပါက ပေးသနားမည့်  ခွင့်ပြုဖိတ်ခေါ်ချက်ပင် ဖြစ်သည်။
သုမနမင်းသားက လေးနက်သော ဣနြေ္ဒသံဖြင့် သံတော် ဦး တင်လေသည်။
“ခမည်းတော် ဘုရင်မင်းမြတ်၊ သားတော် ယခုဘ၀ ရရှိရှင်သန်နေတဲ့ အသက်ကို အမြုံမ ဖြစ် အောင် ပြုလုပ်လိုပါတယ်”
နန်းရင်ပြင်ပရိတ်သတ်သည် သုမနမင်းသား၏ ထူးခြားသော စကားကြောင့် ပို၍ စိတ်ဝင် တစားဖြင့် တိတ်ဆိတ်စွာ စောင့်စားနေကြ၏ ။
“ထူးခြားတဲ့စကားပါလား။ ကောင်းပြီလေ။ ခမည်းတော် ခွင့်ပေးပြီးသားပဲ။ အလိုရှိရာသာ လျှောက်တင်ပါ”
“ယခုဝါတွင်းသုံးလကြာ ကာလအတွင်း မြတ်စွာ ဘုရားအား ပစ္စည်းလေးပါးနဲ့ ပူဇော်ခွင့်ပြု ဖို့ဆုကို သားတော် တောင်းဆိုပါတယ် ခမည်းတော် ဘုရင်မင်းမြတ်”
အဝေးဆီမှ တဝေါဝေါအသံများ လွင့်လာသလို နန်းရင်ပြင်သည် လှုပ်လှုပ်ရွရွ ဖြစ်သွား၏ ။ သုမနမင်းသားအနေဖြင့် ဤဆုကိုတောင်းလိမ့်မည် ဟု မည် သူမျှ မထင်ကြ။ တီးတိုးရွတ်သံများ စဲသွားပြီးနောက် ပရိတ်သတ်သည် အာနန္ဒာမင်းကြီးထံ အာရုံစိုက်သွားကြပြန်သည်။ မင်းကြီးအနေ နှင့် ကော သားတော် တောင်းဆိုသည့် ဤဆုလာဘ်အပေါ် မည် သို့ တုန့်ပြန်လေမည် နည်း။
အာနန္ဒာမင်းကြီး၏ ပြုံးရွှင်သာယာနေသော မျက်နှာသည် ရုတ်တရက်တည်ကြည်မှု န်မှိုင်း သွားလေသည်။
“သားတော် အခုတောင်းလိုက်တဲ့ဆုမှတစ်ပါး ကြွင်းတဲ့အရာကိုတောင်းပါ။ ဒီဆုကိုတော့ ခမည်းတော် မပေးနိုင်ဘူး”
မင်းကြီး၏ အသံမှာ လည်း ပြတ်သားလှသည်။
သုမနမင်းသားသည် ဖြည်းညင်းစွာ ဦးခေါင်းကို ခါယမ်းလိုက်လေသည်။
“ခမည်းတော် ဘုရင်မင်းမြတ်၊ ရေမြေ့သနင်းတို့မည် သည်မှာ စကားကို နှစ် ခွနှစ် မျိုး ဆိုရိုးမရှိစကောင်းပါ။ တောင်းခဲ့ပြီးသော ဆုကလွဲလို့ အခြားတစ်ပါးသော ဆုကို သားတော် အလိုမရှိ ပါ”
မင်းသား၏ အသံမှာ ပိုမိုခိုင်မာပြတ်သားနေသည်။
ပဒုမုတ္တရ မြတ်စွာ ဘုရားရှင်သည် ခမည်းတော် အာနန္ဒာမင်းကြီးအား ချီးမြှောက်လျက် ဟံသာဝတီနေပြည်တော် ကို ဂေါစရဂံ အမှီပြုကာ ရဟန်းတစ်သိန်းအခြံအရံဖြင့် သီတင်းသုံးနေထိုင် တော် မူရာတွင် မင်းကြီးသည်လည်း သားတော် ဘုရားရှင်အား မပြတ်ပူဇော် လုပ်ကျွေးနေခဲ့ချေ သည်။ ပြည့်ရှင်မင်းလည်း ဖြစ်၊ ဘုရားရှင်၏ ခမည်းတော် လည်း ဖြစ်သော ကြောင့် မင်းကြီး၏ ပူဇော် ၀တ်ကို မည် သူတစ်ဦး တစ်ယောက် မျှ ၀င်ရောက်ခွဲဝေ မယူရဲခဲ့ပေ။
အာနန္ဒာမင်းကြီးလည်း သုမနမင်းသား၏ ၀ံ့စားသော သံတော် ဦးတင်ချက်ကြောင့် အခက်ကြုံသွားလေသည်။ အလိုရှိသော ဆုကိုတောင်းဟုလည်း ခွင့်ပေးခဲ့မိပြီ။ သားတော် သည် ဆင်းမြင်းရထား ရတနာစိည်းစိမ်ဥစ္စာတို့မှ တစ်ခုခုတောင်းဆိုလိမ့်မည် ဟု အထင်ရှိခဲ့သည်မှာ လည်း မှားယွင်းသွားခဲ့ပေပြီ။ မြတ်စွာ ဘုရားအား ပူဇော်လုပ်ကျွေးခွင့်ဟူသော အခွင့်အရေး ကို သားတော် တောင်းဆိုလိမ့်မည် ဟူ၍ စိုးစဉ်းမျှ မထင်မိခဲ့။
ဤအရာကား အမြင့်ဆုံးအရာ ဖြစ်၏ ဘုရားရှင်အား ပူဇော်ခွင့် ရရှိနေခြင်းသည် မိမိ၏ မင်းအ ဖြစ်ထက်ပါ ပို၍ မြင့်မားကြီးကျယ်သော အခွင့်အရေး ပင် ဖြစ်၏ ။ မိမိသည်ပင် ပဒုမုတ္တရဘုရား ရှင်၏ ခမည်းတော် အ ဖြစ်၊ ပြည့်ရှင်မင်းအ ဖြစ်၊ ထိုအခွင့်အရေး ကို တစ်ကိုယ်တည်းပိုင်အ ဖြစ် ရရှိ ပိုင်ဆိုင်ထားသော အထွတ်အထိပ် အခွင့်အရေး ဖြစ်၏ ။ သားတော် ကား ထိုအထွတ်အထိပ်ကိုမှ တောင်းဆိုပေပြီ။ မိမိကလည်း အလိုရှိရာဆု တောင်းယူဟု အကန့်အသတ်မဲ့ ခွင့်ပေးခဲ့မိပြီ။
ဤအခွင့်ဆုလာဘ်ကို မည် သို့ မျှမပေးနိုင်ကြောင်း မိမိအသိဆုံး ဖြစ်သည်။ သို့ သော် သားတော် က ထပ်မံ၍ အပိုင်အနိုင် ချည်နှောင်ပြောဆိုသလို မိမိသည် စကားနှစ် ခွဆိုရန် မသင့်။
အာနန္ဒာမင်းကြီးသည် အခက်အခဲမှ ရုန်းထွက်ရှောင်တိမ်းရန် ကြိုးစားလိုက်လေသည်။
“သားတော် ၊ ဘုရားရှင်တို့ရဲ့ စိတ်အလိုတော် ဆိုတာ သိနိုင်ခဲလှပေတယ်။ အကယ်၍ မြတ်စွာ ဘုရားက သားတော် ပင့်ရာသို့ ကြွရောက်လိုက်ပါဖို့ အလိုတော် မရှိခဲ့ဘူးဆိုရင် ခမည်းတော် က အခွင့်ပေးဦးတော့ သားတော် ရဲ့ ဆန္ဒဘယ်မှာ ပြည့်စုံနိုင်တော့မှာ လဲ”
မင်းကြီး၏ အဆုံးစွန်ပြောနိုင်သည့်စကားပင် ဖြစ်လေသည်။ ဤသို့ သော မေးလွှဲစကားမျိုးမှ အပ အခြားမည် သို့ မျှ မပြောနိုင်တော့ပေ။
သုမနမင်းသားက ပို၍ တက်ကြွသော အသွင်ဖြင့် . . .
“ကောင်းပါပြီ ခမည်းတော် ဘုရား၊ နောင်တော် ဘုရားရှင်ထံ ဆည်းကပ်ပြီး စိတ်အလိုတော် ကို သားတော် ကိုယ်တိုင် စူးစမ်းပါ့မယ်”
ကိုယ်စီကိုယ်ငှ မသိမသာ သက်ပြင်းချလိုက်ကြခြင်း ဖြစ်သော်လည်း နန်းရင်ပြင်တစ်ခုလုံး မှာ လှုပ်လှုပ်ရွရွ ဖြစ်သွားပြန်လေသည်။
ပခုမုတ္တရမြတ်စွာ ဘုရားသည် ဆွမ်းကိစ္စကိုပြီးစေ၍ ဂန္ဓကုဋီကျောင်းတော် သို့ ၀င်ပြီးစအချိန် ဖြစ်လေသည်။
သုမနမင်းသားသည် နန်းတော် မှနေ၍ မြတ်စွာ ဘုရားသီတင်းသုံးတော် မူရာ ကျောင်းတော် ၀ိ ဟာရသို့ အမြန်ပင် လာရောက်ခဲ့၏ ။ ၀ိဟာရပရိဝုဏ်အတွင်း ရဟန်းတော် တို့ စုဝေးရာ ဖြစ်သော ညီမူရာတန်ဆောင်းဝင်း ဓမ္မသာလာသို့ ရောက်လာလေသည်။ ရဟန်းတော် များ က မင်းသားကို ကျိုးကြောင်းကိစ္စ မေးမြန်းကြသော အခါ အရေး တကြီးပင် လျှောက်ထားလိုက်၏ ။
“မြတ်စွာ ဘုရားကို ဖူးမြင်ဖို့ တပည့်တော် ရောက်လာပါတယ် ဘုရား။ မြတ်စွာ ဘုရားရှိရာကို ညွှန်ပြတော် မူကြပါဘုရား”
သုမနမင်းသား ရေး ကြီးသုတ်ပျာဖြင့် လာရောက်သလောက် ရဟန်းတော် များ ကမူ တည်ငြိမ်စွာ မိန့်ဆိုကြသည်။
“ဥပရာဇာ၊ ကျွန်ုပ်တို့ဟာ မြတ်စွာ ဘုရားကို မိမိအလိုရှိအပ်သော အချိန်ကာလမှာ ဖူးမြော် ခွင့်ရကြတာ မဟုတ်ပါ”
သုမနမင်းသားသည် စိတ်ပျက်အားလျော့၍ မသွားပေ။
“အရှင်ဘုရားတို့၊ မြတ်စွာ ဘုရားကို အလိုရှိအပ်သော ခဏမှာ ဖူးတွေ့ ခွင့်ရနိုင်တဲ့ အရှင်မြတ်တစ်ပါးပါးတော့ ရှိနိုင်ကောင်းပါရဲ့ ဘုရား၊ ဘယ်အရှင်မြတ်ဟာ အဲဒီ လို ဖူးတွေ့ ခွင့်ရပါ သလဲ ဘုရား”
“ဥပဇာ၊ သုမနမထေရ် ကတော့ မိမိ လိုအပ်သော ခဏမှာ ဘုရားရှင်ကို ဖူးတွေ့ ခွင့်ရပါ တယ်”
သုမနမထေရ်။ မိမိနှင့် အမည် နာမချင်း တူနေပါကလား။ မင်းသားသည် ရွှင်လန်းအား တက်သွားလေသည်။ သို့ ဖြင့် သုမနမထေရ် ရှိနေမည့် အရပ်ကို မေးမြန်း၍ မထေရ်မြတ်အား ရှိခိုး လျက် ဘုရားရှင်အား ဖူးတွေ့ လိုက်ပါကြောင်းနှင့် ဘုရားရှင်အား ပြပေးတော် မူရန် တောင်းပန် လေသည်။
ပဒုမုတ္တရမြတ်စွာ ဘုရား၏ အဂ္ဂသာဝကကြီးနှစ် ပါးတို့မှာ ဒေ၀လမထေရ်နှင့် သုဇာတမ ထေရ်တို့ ဖြစ်ကြပြီး သုမနမထေရ်ကား အလုပ်အကျွေးဥပါဌာက မထေရ် ဖြစ်လေသည်။
သုမနမထေရ်သည် မင်းသား၏ လျှောက်ကြားတောင်းပန်စကားကို မည် သို့ မျှ တုန့်ပြန်ဆိုတော် မမူတော့ဘဲ အာပေါကိဏဈာန်ကို ၀င်စားလျက် မဟာပထ၀ီမြေကြီးကို`ရေ ဖြစ် စေသား´ဟု ဓိဌာန်ကာ ရေဟု ထင်ရသော မြေအပြင်၌ ငုပ်လျှိုးသွား၏ ။
သုမနမင်းသားကား မျက်ဝါးထင်ထင်မြင်ရသော ထူးခြားဆန်းကြယ်မှု ကို အံ့သြခြင်းကြီးစွာ ဖြင့် ကြည့်နေဆဲ။
သုမနမထေရ်ကား ပဒုမုတ္တရဘုရားရှင်၏ ဂန္ဓကုဋီကျောင်းတော် ၌ ထင်ရှားပေါ်ခဲ့ကာ ညီတော် သုမနမင်းသား အဖူးအမြော် လာရောက်ကြောင်း လျှောက်ထားလေသည်။ ဘုရားရှင်က နေရာခင်းရန် မိန့်တော် မူသည်တွင် သုမနမထေရ်လည်း ဘုရားရှင်၏ နေရာအခင်းတော် ကို ဆောင်ယူခဲ့ကာ ဂန္ဓကုဋီကျောင်းအတွင်းမှ ငုပ်လျှိုး၍ ပရိဝုဏ်အပြင်ဘက်၌ ထင်ရှားပေါ်တော် မူခဲ့ ပြန်၏ ။ ထို့နောက် မင်းသား ကြည့်နေစဉ်မှာ ပင် ပရိဝုဏ်တွင် ဘုရားရှင် နေရာတော် ကို ခင်းကျင်း လိုက်လေသည်။
မိမိကြည့်မြင်နေစဉ်မှာ ပင် ပရိဝုဏ်မြေအပြင်ကို ရေပြင်သဖွယ် ဖြစ်စေပြီး ငုပ်လျှိုးကာ ပျောက်ကွယ်သွားခြင်း၊ တစ်ဖန် မကြာမတင်၌ ပင် ပြန်လည်ငုပ်လျှိုးရာမှ ပေါ်လာကာ ပရိဝုဏ်၌ နေရာတော် ကို ခင်းကျင်းခြင်း တည်းဟူသော အံ့ဖွယ်နှစ် ပါးကို မြင်ရသော အခါ သုမနမင်းသား သည် အံ့သြကြည်ညိုခြင်းဖြင့် `တန်ခိုးရာထူး ကြီးမားမြင့်မြတ်လှပါပေ့´ဟူ၍ တွေးမိလေသည်။
ထိုအခိုက်မှာ ပင် ပခုမုတ္တရဘုရားရှင်သည် ဂန္ဓကုဋီကျောင်းတော် မျ ထွက်ကြွတော် မူကာ သုမနမထေရ်ခင်းထားအပ်သော နေရာတော် ၌ ထိုင်စံပယ်တော် မူလေသည်။
မင်းသားသည် နောင်တော် ဘုရားရှင်အား ရှိခိုပြီးနောက် `ဘယ်အချိန်က လာရောက်သ လဲ´ဟူသော ဘုရားရှင်၏ အမေးတော် ကို ဖြေကြားလျှောက်ထား၏ ။
“အရှင်ဘုရား ဂန္ဓကုဋီကျောင်းထဲ ၀င်နေတော် မူစဉ်မှာ တပည့်တော် ရောက်ရှိခဲ့ပါတယ် ဘုရား။ ရဟန်းတော် များ ကို မေးမြန်းလျှောက်ခဲ့ရာမှာ မြတ်စွာ ဘုရားကို ငါတို့ဟာ အလိုရှိအပ်သော အချိန်ခဏများ မှာ ဖူးမြော်ခွင့် မရနိုင်ကြပါလို့ မိန့်ဆိုကြပြီး တပည့်တော် ကို သုမနမထေရ် ကတော့ အရှင်ဘုရားကို ဖူးတွေ့ လိုပါတယ်ဆိုတဲ့ တပည့်တော် ရဲ့ စကားတစ်ခွန်းတည်းနဲ့ပဲ မြတ်စွာ ဘုရားကို ဖူးတွေ့ ခွင့်ရအောင် ဆောင်ရွက်တော် မူပါတယ်ဘုရား။ နောင်တော် အရှင်မြတ်ဘုရား၊ သုမန မထေရ်ဟာ အရှင်ဘုရားတို့ရဲ့ သာသနာတော် မှာ အကျွမ်းဝင်သူ ဖြစ်တယ်လို့ တပည့်တော် ထင်ပါ တယ်ဘုရား”
ပဒုမုတ္တရမြတ်စွာ ဘုရားက `သုမနရဟန်းသည် ငါဘုရား၏ သာသနာတော် ၌ အကျွမ်းဝင် သူ စစ်စစ် ဖြစ်၏ ´ဟု မိန့်တော် မူသော အခါ သုမနမင်းသားလည်း တက်ကြွစွာ ဆက်မေးမြန်း လျှောက်ထားလေတော့၏ ။
“ဘယ်သို့ သော ကောင်းမှု ကိုပြုပြီး ဘုရားရှင်သာသနာတော် မှာ အကျွမ်းဝင်သူများ ဖြစ်နိုင်ကြပါသလဲ ဘုရား”
ပဒုမုတ္တရဘုရားရှင် ဖြေကြားမိန့်တော် မူလေသည်။
“အလှူဒါန ပေး၍ ၊ သီတင်းသီလ ဆောက်တည်၍ ၊ ဥပုသ်နှလုံးကျင့်သုံး၍ ဘုရားရှင်တို့၏ သာသနာ၌ အကျွမ်းဝင်သူများ ဖြစ်နိုင်ပါတယ် မင်းသား”
အခွင့်အခါကောင်းကို ရပေပြီ။ တံတားသဖွယ် ခင်းခဲ့သော မိမိ၏ စကားလမ်းကြောင်းပေါ် သို့ မိမိဆက်လက်ကူးလျှောက် ဖြတ်သန်းသည့်နှယ်။
“မြတ်စွာ ဘုရား၊ တပည့်တော် ဟာ သုမနမထေရ်ကဲ့သို့ ဘုရား သာသနာတော် ၌ အကျွမ်း ၀င်သူ ဖြစ်လိုလှပါတယ်ဘုရား။ နက်ဖြန်ခါမှာ တပည့်တော် ရဲ့ ဆွမ်းအလှူကို လက်ခံတော် မူကြပါ ဘုရား”ဟု ၀ံ့စားကြည်လင်စွာ လျှောက်ထားလိုက်လေသည်။
ဆိတ်ဆိတ်နေတော် မူခြင်းဖြင့် ဘုရားရှင်သည် ပင့်လျှောက်ချက်ကို လက်ခံတော် မူလေ သည်။ သုမနမင်းသားလည်း ၀မ်းမြောက်ပီတိ ကြီးစွာ ဖြင့် ကြိုတင် ဖြစ်ပေါ်အပ်သော သဒ္ဓါ၏ ညွတ်နူး ခြင်းများ ကို ပွေ့ပိုက်ကာ တဲနန်းစံအိမ်သို့ ပြန်သွားလေသည်။
`ယာယီတဲနန်းအလှူဆွမ်း´ဖြင့် ဘုရားရှင် အမှူးပြုသော ရဟန်းတို့အား ကြီးစွာ ပူဇော်လုပ် ကျွေးခဲ့သည်မှာ ခုနစ်ရက်တိုင်ခဲ့ပေပြီ။ ခုနစ်ရက်မြောက်သော နေ့၌ သုမနမင်းသားသည် ဘုရားရှင် အား ရှိခိုးလျှောက်ထားပြန်လေသည်။
“အရှင်ဘုရား၊ ၀ါတွင်းသုံးလပတ်လုံး အရှင်ဘုရားတို့အား ပြုစုလုပ်ကျွေးခွင့်ကို ခမည်းတော် မင်းတရားထံမှ တပည့်တော် အခွင့်ရယူအပ်ပြီးပါပြီ။ ၀ါတွင်းသုံးလပတ်လုံး တပည့် တော် ရဲ့ ကျောင်းတိုက်မှာ ၀ါဆို သီတင်းသုံးတော် မူရန် လျှောက်ထားပါသည်ဘုရား”
ပဒုမုတ္တရမြတ်စွာ ဘုရားရှင်သည် မင်းသားပင့်ဆောင်ရာကို ကြွရောက်ခြင်းဖြင့် အကျိုးရှိမည် လားဟု ဆင်ခြင်တော် မူရာ အကျိုးရှိမည် ဟု သိမြင်တော် မူပြီး မိန့်တော် မူလေသည်။
“မင်းသား၊ မြတ်စွာ ဘုရားတို့သည် ဆိတ်ငြိမ်ရာအရပ်မှာ မွေ့လျော်တော် မူကြကုန်တယ်”
မြတ်စွာ ဘုရား၏ ဆိတ်ဆိတ်နေတော် မူခြင်းကို သုမနမင်းသားသည် ကောင်းစွာ နားလည် လိုက်လေသည်။ သို့ သော် မိမိမှာ ရှိနေသော အခက်အခဲ တစ်ခုကို ဆင်ခြင်မိပြန်သည်။ မိမိသည် ဟံသာဝတီ နေပြည်တော် ၌ ဥပရာဇာစံနန်းတော် နှင့် စံမြန်းနေထိုင်သူ မဟုတ်။ ဘုရင့်သားတော် ဖြစ်သော်လည်း စင်စစ် မိမိရာထူးမှာ မြို့စားသာ ဖြစ်၏ ။ မိမိနေထိုင်ရာမြို့မှာ ဟံသာဝတီမြို့မှ ယူဇနာတစ်ရာ့နှစ် ဆယ်ဝေးကွာသော အရပ်၌ တည်ရှိနေ၏ ။ ဘုရားရှင်ထံမှ ၀ါတွင်းသုံးလပတ်လုံး သီတင်းသုံးရန် လက်ခံမှု ကို ရရှိပြီ ဖြစ်သော အခါ ဘုရားရှင်အတွက် စံကျောင်းတော် လိုအပ်လာပြီ ဖြစ်၏ ။ မိမိ၌ ဘုရားရှင်၏ ၀န်ခံတော် မူခြင်းမှအပ ဘာတစ်ခုမျှ မပြည့်စုံသေး အဓိကအားဖြင့် ကျောင်းတိုက်ဝိဟာရ တည်ဆောက်ရဦးမည် ဖြစ်လေသည်။ ထို့ကြောင့် မင်းသားသည် နောင်တော် ဘုရားရှင်အား လျှောက်ထားရပြန်၏ ။
“အရှင်ဘုရား၊ တပည့်တော် အပိုင်စိုးရတဲ့ မြို့ရပ်ကို ပြန်ပြီးကျောင်းတိုက် တည်ဆောက်ပါ့ မယ်ဘုရား။ ကျောင်းတိုက်ဆောက်ပြီး၍ တပည့်တော် ပင့်လျှောက်သော အခါမှသာ ရဟန်းတော် တစ်သိန်းတို့နှင့် အတူ ကြွတော် မူခဲ့ကြပါဘုရား”
ဘုရားရှင်၏ ကြွတော် မူမည် အကြောင်း ၀န်ခံစကားရသော အခါ သုမနမင်းသားသည် ဂန္ဓကုဋီကျောင်းမှ ပြန်လာခဲ့သည်။ မင်းသားသည် အချိန်မဆွဲတော့ဘဲ ပြုဖွယ်ကိစ္စများ ကို အလျင် အမြန်ပြုမူလေတော့သည်။
ဦးစွာ နန်းတော် သို့ ၀င်ကာ ခမည်းတော် အား သံတော် ဦးတင်၏ ။
“နောင်တော် မြတ်ဘုရားက သားတော် ပင့်ဆောင်ရာ လိုက်ပါမည့် အကြောင်း ပဋိညာဉ်ဝန်ခံ ချက် ပေးအပ်တော် မူလိုက်ပါပြီ။ သားတော် အခုမြို့ကိုပြန်ပါ့မယ်။ သားတော် ထံက အပင့်လွှတ် သော အခါမှသာ ခမည်းတော် တို့က ဘုရားရှင်ကို သားတော် ထံ ပို့ဆောင်တော် မူကြပါ”
အာနန္ဒာမင်းကြီးလည်း မိမိ၏ ၀န်ခံစကားနှင့် မိမိတုပ်ချည်မိပြီး ဖြစ်သွား၏ ။ `မြတ်စွာ ဘုရား လက်ခံတော် မမူလျှင် မိမိခွင့်ပြုသော်လည်း ဘယ်မှာ ဖြစ်နိုင်လို့လဲ´ဟု မိမိဆိုခဲ့ချေသည်။ ယခုကား ဘုရားရှင်ထံမှ လက်ခံတော် မူခဲ့လေပြီ။ သားတော် အလိုဆန္ဒအတိုင်းသာ ဆက်လက်ခွင့်ပြု လိုက်လျောရန် ရှိတော့သည်။
သုမနမင်းသားသည် မိမိ၏ မြို့သို့ အပြန်ခရီး ယူဇနာတစ်ရာ့နှစ် ဆယ်တွင် တစ်ယူဇနာ တစ်ယူဇနာတိုင်း၌ စံကျောင်းတော် တစ်ဆောင်စီ ဆောက်လုပ်ခဲ့၏ ။ မိမိစားကျေးမြို့သို့ ရောက် သော အခါ ကျောင်းတော် တည်ဆောက်ရန် တည်နေရာကို ဦးစွာ ရွေးချယ်ရပြန်သည်။
ဘုရားရှင်တို့သည် ဆိတ်ငြိမ်ရာအရပ်၌ မွေ့လျော်တော် မူကြသည်ဟု နောင်တော် မြတ်စွာ ဘုရား မိန့်တော် မူရင်းစကားရှိသည်။ မင်းသားသည် မိမိ၏ မြို့ကလေးအတွင်း၌ ဆိတ်ငြိမ်အေး ချမ်းသော နေရာကို ရွေးချယ်ကြည့်သည်။
အဓိကအားဖြင့် ဆိတ်ငြိမ်အေးချမ်းသော နေရာကို ရှာဖွေသည်။ တိတ်ဆိတ်သော နေရာ များ ကိုကား တွေ့ ပါ၏ ။ သို့ သော် ခြောက်သွေ့၍ စိုပြည်သာယာခြင်းမရှိသော နေရာများ သာ ဖြစ်နေ သည်။ ဘုရားရှင်က ဆိတ်ငြိမ်ရာအရပ်ကိုသာ ညွှန်းဆိုမိန့်တော် မူလိုက်သော်လည်း မင်းသားသည် ဆိတ်ငြိမ်မှု အပြင် သာယာအေးချမ်းမှု ပါ ထည့်သွင်းစဉ်းစား၍ ရွေးချယ်ခဲ့လေသည်။
နောက်ဆုံးတွင် ကား တိတ်ဆိတ်အေးချမ်းခြင်း၊ နှလုံးမွေ့လျော်သာယာဖွယ် ဖြစ်ခြင်းတို့နှင့် ပြည့်စုံသော နေရာတစ်ခုကို တွေ့ ခဲ့၏ ။ သို့ သော် ထိုနေရာမှာ မိမိစားကျေးမြို့ နယ်နိမိတ်အတွင်းမှ မိမိအမိန့်ဖြင့် အလိုရှိတိုင်းလုပ်ပိုင်ခွင့်ရှိသော နေရာမဟုတ်ဘဲ သော ဏ အမည် ရှိ သူကြွယ် တစ်ဦး ပိုင်ဆိုင်သော ဥယျာဉ် ဖြစ်နေ၏ ။
သုမနမင်းသားသည် သူကြွယ်ပိုင်ဥယျာဉ်အား အဓမ္မသိမ်းလိုသူ မဟုတ်။ ထို့ကြောင့် ဥယျာဉ်ကို အသပြာတစ်သိန်းပေး၍ ၀ယ်လိုက်လေသည်။ ထို့နောက် နောက်ထပ်အသပြာ တစ်သိန်းကို လက်ခကံကျွေး စွန့်လှူပေးကာ ကျောင်းတိုက်ကြီးကို အလျင်အမြန် တည်ဆောက် စေသည်။
ဤသို့ ဖြင့် ဘုရားရှင်အတွက် ဂန္ဓကုဋီကျောင်းတော် ၊ ရဟန်းတော် တို့အတွက် ညဥ့်နေသန့် ရာ ၀ိဟာရဆောင်၊ လိုဏ်၊ မဏ္ဍပ်၊ ကုဋီ စသည်များ တံတိုင်းအရံအတား၊ တံခါးမုခ်တို့ဖြင့် ပြည့်စုံ သော ကျောင်းတိုက်ကြီးဆောက်လုပ်ပြီးစီးသွားလေသည်။
အစခပ်သိမ်း အဆင်သင့် ဖြစ်သော အခါ သုမနမင်းသားသည် ဟံသာဝတီသို့ တမန်စေ လိုက်၏ ။ ခမည်းတော် အာနန္ဒာမင်းကြီးလည်း သားတော် ၏ အားကြီးသော သဒ္ဓါကြည်ညိုစိတ် နောက်သို့ လိုက်ပါခဲ့ရပြီ ဖြစ်လေသည်။ ဘုရားရှင်နှင့် ရဟန်းတော် တို့အား ဆွမ်းဆက်ကပ်လှူဒါန်း၍ သားတော် မြတ်စွာ ဘုရား၊ အရှင့်ညီတော် သုမနမင်းသားဟာ ဆိုင်ရာလုပ်ဆောင်ဖွယ်ကိစ္စအ၀၀ တို့ကို ပြီးစီးအောင်မြင် ဆောင်ရွက်ထားပါပြီ။ ယခုအခါမှာ အရှင်ဘုရားတို့ရဲ့ ကြွလာတော် မူခြင်းကို အလွန်အမင်း ထက်သန်စွာ နဲ့ တောင့်တမျှော်ခေါ်နေပါပြီဘုရား´ဟု လျှောက်ထားရတော့၏ ။
ပဒုမုတ္တရမြတ်စွာ ဘုရားရှင်လည်း ရဟန်းတစ်သိန်းတို့ခြံရံလျက် ဟံသာဝတီမင်းနေပြည်မှ မင်းသား၏ မြို့သို့ ကြွချီတော် မူခဲ့၏ ။ လမ်းခရီးအကြားတစ်ယူဇနာတိုင်းဝယ် ဆောက်လုပ်ထားသော ယာယီစံကျောင်းတော် များ မှာ လည်း ညဥ့်ကျိန်းစက်တော် မူကာ ယူဇနာတစ်ရာ့နှစ် ဆယ်ခရီးကို မပင်မပန်းကြွချီတော် မူလေသည်။
မြတ်စွာ ဘုရား ကြွချီတော် မူလာပြီဟု သိရသော သုမနမင်းသားလည်း မြို့မှထွက်၍ တစ်ယူ ဇနာအရပ်တွင် ခရီးဦး ကြိုဆိုကာ နံ့သာပန်းများ ဖြင့် ပူဇော်လျက် ကျောင်းတိုက်သို့ ပင့်ဆောင်ခဲ့ လေသည်။
ကျောင်းတိုက်တော် ကြီးဝယ် ဘုရားရှင် နေရာယူတော် မူပြီးသည်နှင့် သုမနမင်းသားသည် ကြီးစွာ သော ပီတိသဒ္ဓါစသော ကုသိုလ်စိတ်များ ဖြင့် ထုံမွှမ်းလျက် လျှောက်ထားလေသည်။
“မုနိပရမေ မြတ်စွာ ဘုရား။ တပည့်တော် သုမနသည် သော ဏသူကြွယ်၏ ဥယျာဉ်ကို တစ်သိန်းသော အသပြာဖြင့် တန်ဖိုးကဲဖြတ် ၀ယ်ယူအပ်လျက် တစ်သိန်းသော အသပြာဖြင့် ကျောင်းတိုက်တော် ကြီးကို တည်ဆောက်ပြီးပါပြီ။ ဤကျောင်းတိုက် ၀ိဟာရကြီးကို ကရုဏာရှေ့ရှု အလှူခံတော် မူပါဘုရား”
ကောသမ္ဗီ | ၀ိဇိတာဝီ | အီဂျစ်နဲ့အင်္ဂလန် နိုင်ငံခြားကို မောင်သွားထားလေမလား |