အခန်း(၁)
၂၀၁၁၊ စက်တင်ဘာ ၁၂ ရက်မှ အောက်တိုဘာ ၁၆ အထိ ၃၄ ရက်( တစ်လကျော်) နေ့ရောညပါဆက်တိုက်သွန်ရေး ခဲ့ပြီးနောက်၊ နဂါးခေါင်းဗျပ်စောင်း သည် ပြီးစီးအထမြောက်သွားခဲ့လေသည်။
လုံးချင်းဝတ္ထုအသစ်တစ်ပုဒ်ကို ဤသို့ ဆက်တိုက် တရစပ်ထိုင်မရေး ဖြစ်ခဲ့သည်မှာ ငါးနှစ် ကျော်ခြောက်နှစ် ပင် ရှိခဲ့ပြီ ဖြစ်ကြောင်းကိုလည်း မိမိကိုယ်မိမိ စိတ်ပျက်အံ့သြဖွယ် တွေ့ရှိလိုက်ပါသည်။
ထိုကာလများ တွင် အဟောင်းတွေ အကြိမ်ကြိမ်ပြန်ရိုက်လိုက် အတိုအထွာအလတ်အရှည်တွေ ရေး လိုက်ဖြင့် စာရေး ခြင်း သမုဒ္ဒရာပြင်ဝယ် ပေါလောမျောနေခဲ့လေသည်။
လုံးချင်းအသစ် စ-ဆုံးနှင့် ဝေးကွာနေခဲ့သော ကလောင်ကို ပြန်နှိုးရသည်မှာ ခက်ခဲလှပါသည်။
ကလောင်နိုးလာပြီး ရေး ပြန်တော့လည်း ပင်ပန်းလှပါသည်။ သို့ သော် အံ့သြစရာက A4 အရွယ် အရွက် ၂၀-၃၀ ခန့်ရေး ပြီးသော အခါတွင် ကား ဝတ္ထုထဲမှ ဇာတ်ဆောင်များ ကလောင်ပေါ် တဖျောဖျောသွန်ကျလာလိုက်သည်မှာ ၊ ဝဲလက်ယာလက် နှစ် ဖက်စလုံးသုံးပြီး တစ်ပြိုင်တည်း ရေး လို့ရရင်
ကောင်းလေစွဟူ၍ ပင် မြည် တမ်းမိပါတော့သည်။ လက်နှိပ်စက်လည်း မသုံး၊ ကွန်ပျူတာလည်း မကိုင်၊ဘောပင်နှင့်သာ တိုက်ရိုက်ရေး ချတတ်ရာ၊ အကြိမ်ပေါင်းများ စွာ ပင် လက်ချောင်းများ ကပ်နေခြင်း၊လက်ကောက်ဝတ် ကိုက်ခဲခြင်း၊ လက်မောင်းအောင့်ခြင်းများ ကို ဖြတ်သန်းရပေသည်။
"တယ်လဲ ဝီရိယကြီးလိုက်ပါလား" ဟု မပြောပါနှင့်ခင်ဗျား။
မူလဇာတ်ကျောရိုးကိုယ်နှိုက်က ဆွဲဆောင်အားကြီးမားသော ကြောင့် ဖြစ်ပါသည်။ လွန်ခဲ့သော နှစ် ပေါင်း ၁၃၀၀ ကျော်မှ ပျူလူမျိုးများ နှင့် ပျူယဉ်ကျေးမှု က ဖမ်းစားသော ကြောင့် ဖြစ်ပါသည်။ ဤအတွက်ကျွန်တော် သည် ကျွန်တော် တို့၏ အဘီ အဘင့် အဘောင် အဘော်တော် စပ်ခဲ့သော ပျူလူမျိုးများ နှင့်တကွ"နဂါးခေါင်းဗျပ်စောင်း" ထဲမှ ဇာတ်ဆောင်များ ကို ကျေးဇူးအထပ်ထပ် တင်နေရပါတော့သည်။
"နဂါးခေါင်းဗျပ်စောင်း" ဝတ္ထုရေး ရန်အတွက် အောက်ပါတို့ကို ဖတ်ရှုကိုးကားပါသည်။
(၁) ဦးရည်စိန် (သုတေသနမှူး)၏ (ခရစ်နှစ် ၈၀၂ ခုနှစ် ၊ တရုတ်နိုင်ငံရောက် ပျူအဖွဲ့) စာတမ်း။
ပြည်ထောင်စုမြန်မာနိုင်ငံအစိုးရ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ နိုင်ငံသမိုင်း သုတေသနဌာနမှ ၁၉၇၈ တွင် ထုတ်ဝေသော နိုင်ငံသမိုင်း သုတေသနစာစောင် အမှတ်(၃)'
(၂) ရာမညကိုကိုနိုင်-ပျူခေတ်ပန်းပုပညာ။
(၃) စိန်ဝင်း (ရှေးဟောင်းသုတေသန)- မြန်မာနိုင်ငံသမိုင်းအတွက် အထောက်အကူပြုသော ပျူကြေးဆင်းတုတစ်ဆူ။
(၄) တင်သန်းယု (မြန်မာခရီးသွား)- သီရိခေတ္တရာပျူခေတ်။
(၅) စောမုံညင်း- မြန်မာအမျိုးသမီး ဆင်ယင်ထုံးဖွဲ့မှု ။
(၆) ချစ်စံဝင်း- မြန်မာ့ဘူမိ ဖြစ်စဉ်နှင့် ပျူတို့၏ ရှေးဦးမြို့ပြနိုင်ငံ အခင်းအကျင်း။
အထူးလက်ရင်းပြု ဖတ်ရှုကိုးကားရသည်မှာ ဦးရည်စိန်၏ စာတမ်း ဖြစ်လေရာ၊ စာတမ်းရှင် ဆရာကြီးဦးရည်စိန်၏ ကျေးဇူးတရား ကိုကံသုံးပါးတို့ဖြင့် ပူဇော်အပ်ပါသည်။ အခြားကိုးကားစာများ ကိုရေး သားပြုစုခဲ့ကြသော ဆရာ ဆရာမ တို့၏ ကျေးဇူးတရားများ ကိုလည်း ကမ္ပည်းတင်အပ်ပါသည်။
"နဂါးခေါင်းဗျပ်စောင်း" လုံးချင်းဝတ္ထုအသစ်ကိုရေး သားပြီးစီးခြင်း၏ အခြားသော အကျိုးသက်ရောက်မှု တစ်ရပ်မှာ လုံးချင်းအသစ်များ ပြန်လည်ရေး သားရန် မိမိကိုယ်မိမိ ယုံကြည်မှု ပြန်လည်ရရှိသွားခြင်းပင် ဖြစ်ပါသည်။
တစ်လောကလုံး နှင်းမုန်တိုင်း တိုက်ခတ်နေသလား ထင်ရသည်။ ဝန်းကျင်ရှစ်မျက်နှာတစ်ခွင်လုံးမှိုင်းမှု န်နေပြီး၊ ခဲပုပ်ရောင် ကဲသော ဖြူလျော်လျော် ကန့်လန့်ကာကြီးတစ်ခုက ဤကမ္ဘာမြေကို လေးလံစွာ ဖုံးအုပ်နေသည်။ တဝှီးဝှီးမုန်တိုင်းသံက အဆက်မပြတ် အော်မြည် နေပြီး မုန်တိုင်းစီးကြောင်းအတိုင်းလိုက်ပါလာသော ဆီးနှင်းများ ကလည်း အဟုန်ပြင်းစွာ ပျံသန်းနေကြသည်။
အကယ်၍ သာ "တောင်ပြန်လေ" မတိုက်ခတ်ပါက ဆီးနှင်းများ သည် ဖွေးဖွေးလွလွဝါဂွမ်းပွင့်များ နှယ် အဆုပ်လိုက်အဆုပ်လိုက် လှပစွာ ဝဲကျနေကြမည် ဖြစ်၏ ။ ယခုမူကား မဲခေါင်မြစ်ရိုးရှိမြင့်လှစွာ သော တောင်တန်းများ ထိပ်ဆုံးအထိ တက်ပျံခဲ့သော လေပြင်းအရှိန်သည် တောင်ထွဋ်ဖျားများ ကိုဖြတ်ကျော်လျှက် တောင်ကြောတောင်စောင်းများ အတိုင်း အရှိန်အဟုန်ပြင်းစွာ ဆင်းသက်တိုက်ခတ်ခဲ့လေရာ ဧရာမ တောင်ပြန်လေစီးကြောင်းကြီးအ ဖြစ်သို့ ရောက်ရှိသွားလေသည်။
ထိုတောင်ပြန်လေစီးကြောင်းနှင့် ထိုတောင်ပြန်လေစီးကြောင်းနှင့် ဆီးနှင်းများ တိုးဝှေ့ပေါင်းစုံကြသော အခါ ပြင်းထန်သော ဆီးနှင်းမုန်တိုင်းကြီး ဖြစ်ပေါ်လာသည်။
အဇဋာ ကောင်းကင်ထက်ဆီမှ မမြင်ရသော စစ်တပ်ကြီး၏ အထောင်အသော င်းအသိန်းအသန်းသော မြားတံများ က၊ ကောင်းကင်အပြည့်ပျံဝဲလာကာ မြေပြင်ဆီသို့ အငြိုးကြီးစွာ ထိုးစိုက်တိုက်ခိုက်နေကြသည့်အလားပင်။
ဆီးနှင်းမုန်တိုင်းအောက်ဝယ် "နန်စော" မြို့ရိုးတံတိုင်းသည် အလူးအလဲ ကြံ့ကြံ့ခံတည့်ရပ်နေရ၏ ။
ထိုထက်မူ မြို့ရိုးတံတိုင်း၏ မြောက်ဘက်မျက်နှာ တံခါးမုခ်ဝရှေ့ရှိ အစောင့်တာဝန်ကျစစ်သည်ရဲမက်များ မှာ အသက်ရှင်လျှက်ပင် ငရဲဘုံသို့ ရောက်နေကြသူများ ဖြစ်သည်ဟု ဆိုရတော့ပေမည် ။
တံခါးမုခ်ကို စောင့်နေကြသော နန်စောရဲမက်တပ်ဖွဲ့ဝင်များ အားလုံး မိမိကိုယ်မိမိ နှင်းမုန်တိုင်းထဲလွင့်ပါမသွားအောင် နီးရာတိုင်လုံးများ ၊ သစ်ပင် ပင်စည်များ ကို ကုပ်ကပ်တွယ်ဖက်ထားကြရသည်။
သားမွေးဝတ်ရုံများ ဖြင့် တစ်ကိုယ်လုံးကို တင်းကြပ်စွာ ရစ်ပတ်လျှက်၊ သံခမောက်နှင့် တစ်ဆက်တည်းချိတ်တွယ်ထားသော သားရေနားရွက်ဖုံးများ ဖြင့် ပိတ်ဆို့စည်းနှောင်ထားသည့်ကြားမှ ဆီးနှင်းမြားတံများ ကမျက်နှာပြင်ဆီသို့ ထိုးစိုက်လာကြသည်။
"ဘာကြောင့်များ ကိုယ်ရံတော် တပ်ဖွဲ့ထဲ မဝင်မိတာပါလိမ့်၊ ဘာကြောင့်များ မြို့ရိုးစောင့်တပ်ဖွဲ့ထဲဝင်မိပါလိမ့်"
ရဲမက် တစ်ယောက် က အော်ဟစ်ညည်းညူသည်။
"ဘာပြောတာလဲ"
နောက် တစ်ယောက် က လှမ်းအော်မေးသည့် တဝှီးဝှီးမုန်တိုင်းသံအောက်ဝယ် သူတို့ချင်း တစ်ယောက် အသံ တစ်ယောက် မကြားရချေ။
"ခုနေ အရက်ပြင်းပြင်းတစ်ခွက်ကိုလည်ချောင်းထဲလောင်းချလိုက်ချင်စမ်းပါဘိ"
"ကြာရင် သွေးခဲပြီးနေရာမှာ တင် အတောင့်လိုက် သေသွားလိမ့်မယ်နဲ့တူတယ်"
"ငါ့ဘဝမှာ အလိုချင်ဆုံး ကတော့ သားမွေးစောင်အထပ်ထပ်နဲ့ အိပ်ရာထဲမှာ ကွေးပြီးအိပ်ရတဲ့အရသာပဲ"
ဆီးနှင်းမုန်တိုင်း"ဏ်ကို အံခဲခုခံသော အနေဖြင့်သူတို့အော်ဟစ်ပြောဆိုနေကြခြင်း ဖြစ်၏ ။
ထိုစဉ် လေပြင်းတစ်ချက်အဝေ့ နားရွက်အုပ်သားရေပြား လန်ထွက်သွားသော ရဲမက် တစ်ယောက် က လှံရှည်ကို တင်းတင်းဆုပ်ကာ...
"ဟော... ကြားလားဟေ့"
"ဘာပြောလိုက်တာလဲ"
"မြင်းခွာသံတွေ .. မြင်းခွာသံတွေ .. ငါကြားလိုက်တယ်
အသံကုန်ဟစ်သဖြင့် အခြားရဲမက်များ က...
"ဘယ်က မြင်းခွာသံတွေ လဲ... ငါတော့ဘာမှမကြားမိပါလား"
"သေချာတယ်... မြင်းခွာသံတွေ ..."
" ဒီလောက်ဆိုးတဲ့ ရာသီဥတုကြားမှာ ဒီနေရာကို ဘယ်က နင့်အမေလင် မြင်းစီးသမားတွေ က လာမှာ လဲ"
"ငါတကယ် ကြားလိုက်ရ"
ရဲမက်၏ စကားမဆုံးခင် သူ့စကားအမှန် ဖြစ်ကြောင်း တွေ့လိုက်ကြရ၏ ။ မြို့ရိုးတံတိုင်းတံခါးမုခ်ဝဆီသို့ ဦးတည်စိုင်းနှင်လာကြသော မြင်းစီးသမားများ ...
မတ်စောက်ကွေ့ကောက်သော ကျောက်တုံးလမ်းများ အတိုင်း မြင်းစီးသမားများ သည် ကျွမ်းကျင်စွာ
မြင်းများ ကို စိုင်းနှင်လာသည်။ ရှေ့ဆုံးမှ မြင်းစီးသမားကိုင်ဆောင်လာသော တံခွန်အလံက
ဆီးနှင်းလေပြင်းဝယ် တဖျတ်ဖျတ်လှုပ်ခါလျှက်...
ထိုတံခွန်အလံပေါ်မှ ရုပ်ပုံကိုမြင်လိုက်ရသော ရဲမက် တစ်ယောက် က အသံကုန်မြှင့်၍ အော်လိုက်၏ ။
"ဟာ... တုရိုက်တွေ "
နန်စောအစောင့်ရဲမက်များ အားလုံး လှံရှည်များ ကို ကိုယ်၏ လက်ယာဘက်ဘေးတွင် ကပ်လျှက်၊
လှံသွားကိုအပေါ်တွင် ထားကာ ခြေစုံရပ်လိုက်ကြသည်။
မကြာမီမှာ ပင် မြင်းစီးသမားများ တံခါးမုခ်ရှေ့သို့ ရောက်လာကြ၏ ။ စုစုပေါင်း မြင်းငါးစီး၊ တံခွန်အလံ ကိုင်ဆောင်ထားသော မြင်းစီးသမား၏ နောက်မှ ပန်းတက်ကာ အကြီးဆုံးမြင်းကိုစီးလာသူကရှေ့ဆုံးတွင် နေရာယူလိုက်သည်။ သူစီးလာသော မြင်းနက်ကြီး၏ တရှူးရှူးနှာမှု တ်သံနှင့်အတူနှာခေါင်းပေါက်မှလည်း အငွေ့များ ခြောင်းခြောင်းထနေလေသည်။ မြင်းကြီးအပေါ်မှ ထွားကြိုင်းလှသော လူကြီးကလည်း မုတ်ဆိတ်မွေးတွင်ကပ်ငြိနေသော ဆီးနှင်းများ ကိုတစ်ချက်သုတ်သင်ပြီး အော်လိုက်၏ ။
"ဘာလုပ်နေကြတာလဲ ခွေးအတွေ တံခါးဖွင့်ပါတော့လား"
သူ့မြင်းကြီး နှာမှု တ်သံနှင့်မခြား သူ့အသံမှာ စူးစူးသြသြ ပြင်းထန်ချေသည်။
ဤမျှရာသီဥတုဆိုးရွားနေချိန်တွင် ဤနေရာသို့ မည် သူမျှ ရောက်လာလိမ့်မည် ဟုထင်မထားကြသည့် နန်စောရဲမက်များ မှာ ငေးငိုင်မင်တက်နေကြရာမှ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏ ။
မြို့ရိုးတံတိုင်း၏ တံခါးမုခ်ကြီးကိုဖွင့်ပေးလိုက် ကြသည်။
မြင်းစီးသမားများ မြို့ရိုးတွင်းသို့ ကဆုန်စိုင်း ဝင်သွားကြသည်။
တံခါးချက်ကိုပြန်ပိတ်ရင်း၊ နန်စောရဲမက်များ ခေါင်းတယမ်းယမ်း လည်တခါခါပြောဆိုကျန်ရစ်ခဲ့ကြသည်။
"ခုလိုအချိန်ကြီးမှာ ဒီဝံပုလွေကောင်ကြီးက ရောက်လာသေးတယ်ကွာ"
"တုရိုက်စစ်သူကြီး ကျူမင်ချုန်ကို မင်းက ဝံပုလွေကောင်ကြီးလို့ ပြောရဲသလား"
"ငါတို့ကိုခွေးအလို့ ဆဲသွားတဲ့အကောင်ကြီး ကိုယ်တိုင်လည်း ဝံပုလွေကလွဲလို့ဘာများ ဖြစ်ရဦးမှာ တုန်းဟ"
"ဝံပုလွေတွေ ဟာ သိပ်ရက်စက်ကြမ်းကြုတ်တယ်နော်"
မုန်တိုင်း အနည်းငယ်စဲစပြုလာသဖြင့်သူတို့ချင်း သဲသဲကွဲကွဲ ကြားလာကြရသည်။
"အေး... ကျူမင်ချုန်ဟာ အရက်စက်ဆုံး ဝံပုလွေပဲ"
"ခုလိုအချိန်ကြီးမှာ သူဘာကြောင့်များ လာရတာ ပါလိမ့်"
အခန်း(၂)
နန်စောဘုရင် ယီမိုယွန်သည် သားမွေးကမ္ဗလာများ ခင်းထားသည့်ထိုင်ခုံတွင် သက်တောင့်သက်သာ ထိုင်လျှက်ရှိ၏ ။ ဘုရင်၏ လက်ယာဘက် ပိုနိမ့်သော ထိုင်ခုံထက်တွင် အမတ်ချုပ်ကြီး ကျင်ဟွေ နေရာယူထားသည်။ လက်ဝဲဘက်ရှိ ထိုင်ခုံများ တွင် အခြားမှူးမတ်များ ထိုင်ကြသည်။
စိတ်နှလုံးနူးညံ့ပြီး အေးချမ်းစွာ ပြောဆိုပြုမူတတ်သော ဘုရင်ယီမိုယွန်သည် အမတ်ကြီး ကျင်ဟွေလျှောက်တင်နေသည့်စကားလုံးတိုင်းကို နားစိုက်ထောင်နေသည်။ အမတ်ကြီး ကျင်ဟွေမှာ ယီမိုယွန်၏ ဘိုးတော် ဖြစ်သူ ကော်လော်ဖဲ(င့်) လက်ထက်ကတည်းက အမတ်ချုပ်ကြီးအ ဖြစ် အမှု တော် ထမ်းခစားခဲ့သူ ဖြစ်သည်။
စင်စစ်မူ အမတ်ချုပ်ကြီး ကျင်ဟွေသည် ဟိုယခင်အခါက နယ်ခြားဒေသရှိ ယှီလူမြို့မြို့ဝန် ဖြစ်ခဲ့သည်။ နန်စောဘုရင် ကော်လော်ဖဲ(င့်)သည် ရှေးယခင်က တိဗက်တို့၏ စစ်အင်အားကိုအကူအညီရယူကာ အင်နန်မြစ်ဝှမ်းဒေသသို့ စစ်ဆင်အောင်မြင်ခဲ့သည်။ ထိုစစ်ပွဲတွင် ယှီလူမြို့ဝန်ကျင်ဟွေကို လက်ရဖမ်းဆီးမိခဲ့လေသည်။
တရုတ်စာပေနှင့်စကား ကောင်းစွာ တတ်မြောက်ကျွမ်းကျင်သည့် ကျင်ဟွေအားဘုရင်ကော်လောဖ်ဲ(င့်)က တစ်စုံတစ်ရာ ပြစ်ဒဏ်အရေး မယူဘဲ ကောင်းစွာ စောင့်ရှောက်ခဲ့သည်။ကျင်ဟွေကလည်း နန်စောအတွက် သစ္စာရှိစွာ ဦးဆွေးဆံမြည့် အမှု တော် ထမ်းခဲ့သည်။ ဘုရင်ကကျင်ဟွေအား တောင်ပိုင်းမျိုးနွယ်စုတို့အား အကျိုးစီးပွား ဖြစ်ထွန်းစေသူ ဟု အဓိပ္ပာယ်ရသည့် မန်လီဘွဲ့ဖြင့်ချီးမြှောက်ခဲ့၏ ။
ယခု ယီမိုယွန်လက်ထက်အထိ နန်စောဘုရင် မင်းသုံးဆက်တိုင် အမှု ထမ်းခဲ့သော အမတ်ချုပ်ကြီးကျင်ဟွေမှာ သက်တော် ရှည် အမတ်ကြီး ဖြစ်၍ နေချေပြီ။ မုတ်ဆိတ်ကျင်စွယ်တို့သာမက မျက်ခုံးမွှေး၊မျက်တောင်မွှေးများ ပင် ဆွတ်ဆွတ်ဖြူ၍ နေလေပြီ။ သို့ သော် အမတ်ချုပ်ကြီး၏ မျက်လုံးအစုံကားဇရာ၏ မှု န်ရီဝေသီခြင်းကြားမှပင် တောက်ပဆဲ ရှိနေသေး၏ ။
"မှန်ပါအရှင်... ကျွန်ုပ်တို့ရဲ့ နန်စောရဲ့ သြဇာအာဏာဟာ မဲခေါင်မြစ်ညာအနောက်ဘက်ဒေသကိုသာမက သံလွင်မြစ်ညာ အနောက်ဘက်အထိ ပျံ့နှံ့သက်ရောက်နေပါတယ်။ထိုမျှသာမက ဧရာဝတီမြစ်ညာဒေသကိုပါ ဆက်လက်သိမ်းသွင်းနိုင်ခဲ့ပြီး အနောက်မြောက်ဘက်မှာ ရှိတဲ့မျိုးနွယ်စုတွေ ကလည်း ကျွန်ုပ်တို့အာဏာစက်အောက် ဝင်ရောက်ခိုလှုံခဲ့ကြပါတယ်"
ဘုရင်ယီမိုယွန်က မုတ်ဆိတ်ကို အသာအယာသပ်၍ ခေါင်းညိတ်သည်။
ထိုသို့ နန်စောတို့၏ သြဇာအာဏာ ပျံ့နှံ့သက်ရောက်ခြင်း၊ နယ်မြေဒေသ ကျယ်ဝန်းခြင်းတို့ကိုပြောပြနေသော်လည်း အမတ်ချုပ်ကြီး ကျင်ဟွေ၏ အသံနှင့် အမူအရာမှာ ဂုဏ်ယူမောက်မာဝင့်ကြွားခြင်းအလျဉ်းမရှိဘဲ ပကတိ ငြိမ်သက်အေးဆေးမှု အပြည့်ရှိနေ၏ ။
အမတ်ချုပ်ကြီး ဆက်ပြောသည်...
"အရှင်မင်းကြီးရဲ့ ဘိုးတော် ၊ ကော်လော်ဖဲ(င့်)မင်းတရားကြီးဟာ စစ်အင်အားကြီးမားစွာ နဲ့ဧရာဝတီမြစ်ညာဒေသတစ်ဝိုက် သိမ်းပိုက်ခဲ့တဲ့ နယ်မြေဟာ ကုန်းတွင်းပိုင်းမှာ တည်ရှိနေတဲ့မြို့နိုင်ငံတစ်ခု နဲ့ ဆက်စပ်နေခဲ့ပါတယ်။ အဲဒီ မြို့နိုင်ငံမှာ အလွန်တရာ ယဉ်ကျေးမှု ကြီးကျယ်ထွန်းကားပြီးငြိမ်းချမ်းခြင်းကို လိုလားကြတဲ့၊ ဗုဒ္ဓဘာသာ ကိုးကွယ်သော လူမျိုးများ နေထိုင်ကြပါတယ်။ သူတို့ ကတော့ပျူလူမျိုးများ ဖြစ်ပြီး၊ သူတို့နိုင်ငံတော် ကလည်း ပျူနိုင်ငံတော် လို့ ခေါ်ပါတယ်။ ပျူဒေသဟာ မြေနိမ့်လွင်ပြင်အရပ်ဒေသ ဖြစ်ပါတယ်"
အမတ်ချုပ်ကြီး ကျင်ဟွေစကားစကို ခေတ္တရပ်နားပြီး တစ်စုံတစ်ခု ဆက်ပြောမည် အပြုတွင် အခြေအနေက ရုတ်ခြည်းပြောင်းလဲသွားလေသည်။
ဘုရင့်ခန်းမဆောင် တံခါးဝတွင် ကိုယ်ရံတော် တပ်ဗိုလ် တစ်ယောက် ဝင်လာပြီး တံခါးခုံမှာ ပင်ဝပ်ဆင်းလျှက်...
"တုရိုက်စစ်သူကြီး ကျူမင်ချုန် ရောက်ရှိ. .."
တပ်ဗိုလ်၏ စကားအဆုံးမသတ်လိုက်ရချေ။
ကျူမင်ချုန်က တပ်ဗိုလ်အား တွန်းထိုးဖယ်ရှားပြီး ခန်းမဆောင်ထဲသို့ ခြေလှမ်းကြဲကြီးများ ဖြင့် ဝင်လာ၏ ။ ဘုရင် ယီမိုယွန်နှင့် အမတ်ချုပ်ကြီး ကျင်ဟွေ( ၂)ယောက် မှအပ ကျန်အမတ်များ အစောင့်စစ်သည်များ လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ ကျူမင်ချုန်သည် နောက်ပါလေးယောက် ရှေ့မှခြေသုံးလှမ်းစာ ကျူးလျှက် ကော်ဇောခင်းထားသည့် လမ်းအတိုင်း ဘုရင်ထံသို့ ဦးတည်လျှောက်လာသည်။
သံကြိုးနန်းခတ်ကြဲသေးအင်္ကျီ၊ မောက်မို့သော ကြေးနီရင်အုပ်ဖုံး၊ ခုံးကြွသော ပခုံးအုပ်တို့ကြားမှဓားပြားအရှည် ဓားအိမ်ကောက်ကြီးက ထိုးထွက်နေသည်။ ပခုံးနှစ် ဖက်ထိပ်ကလွိုန်လျှက် ရင်အုံတွင် ချိတ်တွယ်ထားသော နီနီရဲရဲ ဝတ်ရုံရှည်ကြီးကလည်း နောက်ကျောဖက်တွင် ဖားဖားလွှားလွှားလှုပ်ယမ်းလျှက် နန်းရင်ပြင်တစ်လျှောက် တရွတ်ဆွဲလျှောတိုက်ပါလာသည်။ ကျူမင်ချုန်လျှောက်လာခဲ့သည့် ကော်ဇောပြင်တစခ်ုလုံးမှာ ဝတ်ရုံမှ တစ်စက်စက်ကျသော ဆီးနှင်းရည်များ ဖြင့်ရွှဲစိုကုန်သည်။
ကျူမင်ချုန်က ဘုရင်ယီမိုယွန် ထိုင်နေရာ ထိုင်ခုံလှေကားထစ်များ အတိုင်း နင်းတက်ဖြတ်သန်းကာဘုရင်နှင့်အနီးဆုံးနေရာရောက်မှ တုံ့ရပ်လိုက်၏ ။ ခြေတစ်ဖက်က အနိမ့်လှေကားထစ်ပေါ် စွေ့စွေ့ရပ်ကာကျန်တစ်ဖကက် အမြင့်လှေကားထစ်ပေါ်တွင် တင်ထားလိုက်သည်။ ဘုရင်တစ်ပါးရှေ့မှော က်တွင် မနေသင့်သော အနေအထားပင်။
ဘုရင့်မျက်နှာကို စူးစူးကြည့်လျှက်ကျူမင်ချုန်ပြော၏ ။
"ဒီလောက် ဆိုးရွားတဲ့ရာသီဥတုကြားမှာ ဒီနန်းတော် ၊ ဒီနေရာထိအရောက် ကျုပ်ခရီးပြင်းနှင်ခဲ့ရတယ်။ အင်မတန်ကို စိတ်ပျက်စရာကောင်းတ့ဲ အခြေအနေပဲ"
ယီမိုယွန်က အေးဆေးစွာ တုံ့ပြန်သည်။
"သင်ပြောစရာရှိတာ ပြောပါ၊ စစ်သူကြီး ကျူမင်ချုန်"
တုရိုက်စစ်သူကြီးက တွဲရရွဲကျနေသော ဝတ်ရုံကြီးကို ယာလက်ဖြင့် နောက်ဖက်သို့ ဝှေ့ယမ်းလိုက်သည်။ ခါးစည်းပြား၌ ချိတ်ဆွဲထားသော ဓားကောက်အရိုးအိမ်က အတိုင်းသားထွက်ပြူလာသည်။ သူ၏ ဓားကောက်ရှည်ကြီးကို မြင်သာအောင်ထိုသို့ တမင်ပြုမူလိုက်ခြင်းလည်း ဖြစ်၏ ။
"ပြောစရာရှိတာဟုတ်လား ယီမိုယွန်၊ ဒီလ ဒီရက်ဟာ စကားပြောနေရမယ့် အချိန်လား၊ထုံးစံနဲ့အညီ ဆက်ပို့ရမယ့် အခွန်ကို ဆက်ပို့ရမယ့် အချိန်မဟုတ်လား"
အမတ်ချုပ်ကြီး ကျင်ဟွေထံမှ အသံထွက်လာ၏ ။
"အခွန်အတုတ်ဆက်မယ့်အဖွဲ့ကို ယမန်နေ့ကတည်းက ကျွန်ုပ်တို့ လွှတ်လိုက်ပြီးပြီ ဖြစ်တယ်။နှင်းမုန်တိုင်းကြောင့် သူတို့ခရီးဖင့်ပြီး မရောက်လာတာ ဖြစ်လိမ့်မယ်"
ကျူမင်ချုန်က အမတ်ချုပ်ကြီးရှိရာသို့ စူးခနဲ တစ်ချက်ကြည့်သည်။ ထို့နောက် အေးစက်ပြက်ရယ်အပြုံးဖြင့် ..
"ကျုပ် နန်စောဘုရင်ကို စကားပြောနေခြင်း ဖြစ်တယ်။ တရုတ်အနွယ်ဝင် အမတ်ချုပ်အဘိုးအို တစ်ယောက် ကို ပြောနေတာမဟုတ်ဘူး"
အမတ်ချုပ်ကြီး ကျင်ဟွေက ထူးခြားတုန်လှုပ်မှု ကို မပြသော်လည်း အခြားအမတ်စစ်သည်များ လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။ ထိုအခြေအနေကို ဖြန့်လျှက်အကြည့်တစ်ချက်တည်းဖြင့် မြင်လိုက်သော ကျူမင်ချုန်က ဓားရိုးပေါ်သို့ လက်တင်လိုက်သည်။ ထို့နောက် အသက်ပြင်းပြင်းရှူနေကြသည့်အမတ်စစ်သည်များ ၏ မျက်နျာတစ်ခုချင်းစီကို အစေ့အငကြည့်ကာ...
"နောင်ဆိုရင် ရာသီဥတု ဆိုးလို့ဆိုတဲ့ အခြေအနေကိုပါ ကြိုတင်တွက်ဆပြီး အခွန်အတုတ်ရောက်ရမယ့်နေ့ အတိအကျရောက်ပါစေ။ ဒါပဲ လာကြဟေ့... ငါ့လူများ ..."
ဦးညွှတ်ခြင်း၊ နှုတ်ဆက်ခြင်း စကားတစ်လုံးမျှမဆိုဘဲ ကျူမင်ချုန်လှည့်ထွက်သွားသည်။ သူ့လူလေးယောက် ကလည်း အမတ်စစ်သည်များ ကို မထီမဲ့မြင် မျက်လုံးများ ဖြင့်ကြည့်ကာ နောက်မှလိုက်သွားကြသည်။ ကျူမင်ချုန်ရပ်သွားခဲ့သော ဘုရင့်ခြေတော် ရင်းမှ ကော်ဇောပေါ်တွင် ကားနှင်းရည်များ ဖြင့် စွတ်စိုသွားသော အကွက်ထင်ကျန်ရစ်ခဲ့သည်။
အမတ်ချုပ်ကြီး ကျင်ဟွေက ထိုရေကွက်ကို ငေးငိုင်ကြည့်နေစဉ် တံခါးဝအရောက်တွင် ရပ်၍ ပြန်လှည့်ပြောလိုက်သော ကျူမင်ချုန်၏ အသံ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပြန်၏ ။
"ယီမိုယွန် နန်စောထီးနန်းအရှင်အ ဖြစ် သင်နန်းတက်ခဲ့တဲ့နှစ် မှာ ပဲ ကျုပ်တို့နဲ့ တိဗက်အရှင်တွေ ကသင့်ကို နေထွက်ဘုရင်လို့ အဓိပ္ပာယ်ရတဲ့ ဥဒယရာဇာဘွဲ့ ပေးအပ်ခဲ့တာကို သင်မမေ့သင့်ဘူး။အမြဲသတိရနေပါ"
ကျယ်လောင်သော အသံနှင့်အတူ ကျူမင်ချုန်နှင့်နောက်လိုက်များ မြင်ကွင်းမှပျောက်ကွယ်သွားကြသည်။
မုန်တိုင်းတစ်ချက်မွှေလိုက်သလို ရုတ်တရက် ဝင်ရောက်လာကာ စီးနင်းသော စကားလုံးများ ဖြင့်စော်ကားသွားပြီးနောက် ချက်ချင်း ပျောက်ကွယ်သွားသည့် အ ဖြစ်သနစ်သည် နန်စောဘုရင် ယီမိုယွန်၏ ရင်ထဲကို စူးစူးနစ်နစ် ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏ ။
အခန်း(၃)
မြင့်လှစွာ သော အထက်ဆီ၌ ဟိုတစ်စသည်တစ်စ တွေ့နေရသည့် တိမ်ဆုပ်တိမ်ခဲအနည်းအကျဉ်းမှအပ ကောင်းကင်ပြင်တစ်ခွင်လုံး ကြည်လင်ရွှန်းမြလျှက် ရှိလေသည်။ ပြာလဲ့သော ထိုကောင်းကင်၏ အောက် တရုတ်နိုင်ငံ၊ ထန်မင်းဆက်ဧကရာဇ် တဲကျူန်၏ နန်းတော် ကြီးမှာ လည်းကောင်းကင်၏ အပြာရောင် နှင့်အပြိုင် နီညိုအဆင်းဖြင့် တင့်တယ်နေ၏ ။
ပြန့်ပြူးရှည်လျား ကျောက်သားလှေကားထစ်များ ၊ ဝဲယာလက်ရန်းအဆင့်ဆင့် မှ ခြသေ့င်္ရုပ်တုများ ၊ နီဖွေး၊ ဝါရွှေ၊ စိမ်းမြဖြူလွှ အသွေးအရောင် စုံလင်လှသော ကျောက်ပန်းအိုးကြီးများ ထဲမှ ပန်းချုံပန်းနွယ်များ ၊ခြသေ့င်္ရုပ်ခံတွင်းမှ သွင်သွင်စီးကျနေသော ရေပန်းများ ၊ အောက်ခြေရောင် စုံ ကျောက်တုံးများ ကိုနောက်ခံပြုထားသော ကြည်လင်သည့် ရေကန်ငယ်များ ၊ ဟိုအဝေးဆင်ခြေလျှောတောင်ကုန်းငယ်များ အပြည့် တောင်ကုန်းငယ်များ အပြည့် စိုက်ပျိုးထားသည့် မြက်ခင်းစိမ်းစိမ်းများ ၊ ထိုမြက်ခင်းစိမ်းစိမ်းများ ထက်၌ အကြောင့်ကြ အပူပင်ကင်းစွာ သွားလာလှုပ်ရှားနေကြသည့် ဥဒေါင်းများ စသည်တို့ဖြင့် နန်းတော် ကြီး၏ ဝဲယာထက်အောက်ဝန်းကျင်မှာ ကြည်နူးချမ်းမြေ့ဖွယ်အတိ နှင့် ပြည့်စုံနေသည်။
ကျောက်ဖြူသား လှေကားထစ်များ စွာ တို့၏ အထက်ဆီ၌ ဧကရာဇ်တဲကျူန်၏ ညီလာခံခန်းမဆောင်ကြီးက မြင့်မြင့်မားမား၊ ဣနြေ္ဒကြီးစွာ တည်ရှိနေသည်။ ခြူးပန်းခြူးကွက်ကနုတ်ခတ်များ ဖြင့် အဆန်းတကြယ် စီရင်ထားသည့် အပြင်လေသာဆောင် ကို လွန်သော အခါဗဟိုနန်းမဆောင်သို့ ပေါက်သည့် ဝရန်တာလမ်းက ဆီးကြိုနေသည်။ ဝရန်တာလမ်းတစ်လျှောက် ဝဲယာတို့၌ ပန်းပွားတပ် လှံရှည်ကိုင်ရဲမက်များ နေရာယူထားကြသည်။ ဝရန်တာမှ စင်္ကြံလမ်းဆုံးသော အခါခန်းမဆောင်၏ အပြင်ရံတံခါးချပ်ကြီး ကို တွေ့ရမည် ဖြစ်သည်။ အပြင်ရံတံခါးချပ်ကြီးရှေ့တွင် အမှု ထမ်းနေကြသည့် တံခါးစောင့်ရဲမက်နှစ် ယောက် ကား ထွားကြိုင်းလှသော ဧရာမစစ်သည်ကြီးများ ဖြစ်လေသည်။
စစ်သူကြီးဝေကောင်သည် အခြံအရံအစေခံမပါဘဲ တစ်ယောက် တည်းသာ လျှင် စင်္ကြံလမ်းအတိုင်းလျှောက်လာခဲ့ပြီးနောက် အပြင်ရံတံခါးမကြီးရှေ့တွင် ခြေစုံရပ်လိုက်သည်။
အစောင့်လူထွားရဲမက်ကြီးနှစ် ယောက် က ကြက်ခြေခတ်ကိုင်စွဲထားသော လှံရှည်ကြီးနှစ် ချောင်း ကိုတညီတညာတည်း ရုပ်သိမ်းပေးလိုက် ကြသည်။
ထို့နောက် တံခါးချပ်ကြီး၏ လက်ကိုင် ကို တစ်ဖက်တစ်ချက် စီဆွဲယူကာ ဖွင့်ပေးကြသည်။
ဝေကောင် အထဲ သို့ ဆက်ဝင်သွားသည်။ အပြင်ရံတံခါးမှသည် ခြေလှမ်းနှစ် ဆယ်စာဆက်လျှောက်သွားသော အခါ အတွင်းတံခါးမုခ်သို့ ရောက်သည်။ အတွင်းတံခါးမုခ်ရှေ့မှာ လည်းအပြင်ရံတံခါးစောင့် လူထွားကြီးများ နှင့်မခြားသော ရဲမက်နှစ် ဦး စောင့်ကြပ်နေကြပြန်သည်။
ကြက်ခြေခတ်လှံရှည်ကြီးနှစ် ချောင်း ကို ရုပ်သိမ်းလျှက် တံခါး ကို ဖွင့်ပေးကြသည်။ ရဲမက် တစ်ယောက် ကတံခါးချပ်ဖွင့်ပေးရုံသာမက အသံဝါကြီးဖြင့် ကြေညာလိုက်သည်။
"စီချွမ်နယ် အနောက်ပိုင်း ဘုရင်ခံ စစ်သူကြီး ဝေကောင်"
တံခါးစောင့်၏ အသံဝါကြီးက အတွင်းနန်းဆောင်ထဲသို့ ပဲ့တင်ရိုက်ပျံ့လွင့်သွားသည်။
ဝေကောင်သည် တံခါးဝမှာ ပင်ဒူးတုပ်ပျပ်ဝပ်လျှက် အနေအထားဖြင့် နန်းဆောင်၏ အတွင်းဘက်သလွန်ပေါ်တွင် စံမြန်းနေသော ဧကရာဇ် တဲကျူန် ကို ခစားလိုက်သည်။
ကြီးမားကျယ်ပြန့်သော အဝါရောင် ဖဲယပ်တောင် ကို ဖြည်းညင်းစွာ ခတ်ရင်း ဧကရာဇ်မင်းကဝေကောင်၏ ဂါရဝအမှု ကို အသိအမှတ်ပြုသော အားဖြင့် အသာအယာခေါင်းညိတ်သည်။
ဝေကောင်နေရာမှထ၍ အတွင်းသို့ ဆက်ဝင်သွားသည်။ ဝဲယာထိုင်ခုံများ တွင် အသင့်နေရာယူနှင့်ပြီးဘုရင်ခံများ ၊ မှူးမတ်များ ၊ ဗိုလ်များ က မိမိတို့ရှေ့မှ ဝေကောင်ဖြတ်သွားလေတိုင်း မသိမသာ ခေါင်းညွှတ်၍ အရိုအသေပေးကြသည်။
ဘုရင်ခံဝေကောင်သည် ဧကရာဇ်မင်းထိုင်နေသည့် စင်မြင့်၏ အောက်ဆုံးလှေကားထစ်ရှေ့အရောက်တွင် ထပ်မံ ဒူးတုပ်ပျပ်ဝပ်လျှက် ဧကရာဇ်မင်းအား အရိုအသေပြုခစားပြန်သည်။ ထို့နောက်မှ သူ့အတွက် သတ်မှတ်ထားရှိသော ထိုင်ခုံ တွင် ဝင်ထိုင်လေသည်။
ဧကရာဇ် တဲကျူန်က ညီလာခံဆွေးနွေးမှု ကို စတင်လိုက်သည်။
"ဝေကောင် စစ်သူကြီး... သင့်ရဲ့ အမြော်အမြင်ကြီးမှု ၊ သစ္စာစောင့်သိကျိုးနွံမှု တို့ ကို အကြောင်းခံပြီးသင့် ကို မူလစစ်သူကြီးရာထူးအပြင်စီချွမ်နယ် အနောက်ပိုင်းဘုရင်ခံအဖြစ် ခန့်ထားချီးမြှောက်လိုက်တာ ကိုအားလုံးက ဝမ်းသာဂုဏ်ယူကြတယ"
ဝေကောင်က တည်ငြိမ်စွာ ပြန်ပြောသည်။
"အသက်ထက်ဆုံး ကျေးဇူးသစ္စာစောင့်သိပါမယ် အရှင်မင်းကြီး "
"စီချွမ်အနောက်ပိုင်း ဘုရင်ခံအဖြစ် သင်အမှု ထမ်းခြဲ့ပီးနောက် ကျွန်ုပ်နဲ့တကွ ချန်အန်းနေပြည်တော် ညီလာခံမှာ သင် တင်ပြဆွေးနွေးစရာရှိတယ်လို့ လျှောက်ထားလွှာပါးခဲ့တယ်။ ယခု သင်ပြောစရာရှိတာပြောနိုင်ပြီ ဝေကောင်"
ဧကရာဇ်၏ ခွင့်ပြုချက်ရရှိသည် နှင့် ဝေကောင် ထိုင်ရာမှ ရပ်လိုက်တယ်...
"ထန်မင်းဆက် ဧကရာဇ်မင်းနဲ့တကွ ချန်အန်းနေပြည်တော် ညီလာခံသို့ စုရုံးရောက်ရှိနေကြတဲ့ဘုရင်ခံများ ၊ အမတ်ကြီးများ ၊ စစ်သူကြီးများ အားလုံး ကို အရိုအသေပြုပါတယ်"
ဘုရင်ခံဝတ်စုံ အဆောင်အယောင် ကို ဝတ်ဆင်ထားသော်လည်း စစ်သူကြီးတစ်ဦးလည်း ဖြစ်နေသည့် ဝေကောင်၏ အသံမှာ ရှင်းလင်းပြတ်သားနေသည်။
"ကျွန်ုပ် စီချွမ်နယ်အနောက်ပိုင်းဘုရင်ခံအ ဖြစ် အမှု ထမ်းခဲ့တာဟာ ယနေ့ပါနဲ့ဆိုရင် (၁) လနဲ့ ရက်(၂၀) ရက်ရှိပါပြီ။ ဒီကာလအတွင်း ကျွန်ုပ်ဟာ အနောက်တောင်ဘက် နယ်ခြားဒေသတွေ ဆီကိုအခါအခွင့်သင့်တိုင်း ခရီးထွက်ပြီး လေ့လာစုံစမ်းခဲ့ပါတယ်"
အနောက်တောင်ဘက်နယ်ခြားဒေသဟူသော စကားလုံးကြောင့် အားလုံး စိတ်ဝင်တစား ဖြစ်သွားကြသည်။
"အားလုံး သိထားကြပြီ ဖြစ်တဲ့အတိုင်း တရုတ်-နန်စော-တိဗက်နယ်ခြားဒေသ၊အင်နန်မြစ်ဝှမ်းဒေသမှာ မျိုးနွယ်စုများ နေထိုင်ကြပါတယ်။ အဲဒီ မျိုးနွယ်စုတွေ ထဲမှာ လူဦးရေအများ ဆုံးကနာခီလို့သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ကြပြီး ကျွန်ုပ်တို့က မောင်စောင်လို့ ခေါ်တဲ့ မျိုးနွယ်စု ဖြစ်ပါတယ်။ ဒုတိယလူဦးရေအများ ဆုံးက တိုင် လူမျိုးနွယ်စု ဖြစ်ပါတယ်။ အဲဒီ မျိုးနွယ်စုတွေ ရဲ့ ခေါင်းဆောင်များ နဲ့ ကျွန်ုပ်ရင်းရင်းနှီးနှီး ဆက်ဆံနိုင်ခဲ့ပါတယ်"
ဝေကောင်က ဧကရာဇ် ကို လှမ်းကြည့်လိုက်ရာ ဧကရာဇ်က ဆက်ပြောရန်ခွင့်ပေးသော အဓိပ္ပာယ်ဖြင့် ခေါင်းဆတ်ပြလိုက်သည်။
"နာခီနဲ့တိုင် မျိုးနွယ်စု ခေါင်းဆောင်တို့ဆီက အတိအကျသိခဲ့ရတဲ့ သတင်း ကတော့ နန်စောဘုရင်ဥဒယရာဇာဘွဲ့ခံ ယီမိုယွန်ဟာ တုရိုက်နဲ့တိဗက်တို့ရဲ့ အနိုင်ကျင့်မှု ၊ ညှင်းပန်းမှု များ ကြောင့် အလွန်အမင်းစိတ်အနှောင့်အယှက် ဖြစ်နေပြီး ဘုရင်တစ်ပါးရဲ့ ဂုဏ်သိက္ခာပါ ညှိုးနွမ်းသလို ခံစားနေရတယ်ဆိုတဲ့သတင်း ဖြစ်ပါတယ်"
ဝေကောင်၏ တင်ပြဆွေးနွေးမှု က အရေး ကြီးလာပြီ ဖြစ်သော ကြောင့် ဧကရာဇ် တဲကျူန်သည်ခတ်ဆဲယပ်တောင်ဝါကြီး ကိုသိမ်းလိုက်ပြီး ကိုယ် ကို ရှေ့သို့ အနည်းငယ်ကိုင်းညွှတ်၍ နားစွင့်နေသည်။
"ဒီနေရာမှာ နန်စောဘုရင် ယီမိုယွန်ရဲ့ အခြေအနေ ကို ပြောပါရစေ။ ယီမိုယွန်ရဲ့ အဘိုးလက်ထက်ကတည်းက နန်စောတို့ဟာ မဲခေါင်မြစ်ညာဒေသ ကို သိမ်းပိုက်ထိန်းချုပ်ထားနိုင်ခဲပါတယ်။ဒါတင်မက သံလွင်မြစ်ညာအနောက်ဘက်အထိ သြဇာပျံ့နှံ့ခဲ့ပါတယ်။ အဲဒီ ဒေသက အာချန်မျိုးနွယ်စုများ ကိုအောင်မြင်ပြီးနောက်မှာ ဧရာဝတီမြစ်ညာဒေသဘက် ကို ဆက်လက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒီလိုသိမ်းပိုက်နိုင်ခဲ့ရာမှာ တုရိုက်နဲ့တိဗက်စစ်တပ်များ ရဲ့ အကူအညီ ကို ရခဲ့တာပါ။ ဒါကြောင့်နန်စောဘုရင်အပေါ်မှာ တုရိုက်တို့ဟာ ကျေးဇူးရှိခဲ့ဖူးတယ်ဆိုပြီး နှစ် ဦးနှစ် ဖက်စလုံးက လက်ခံခဲ့ကြပါတယ်"
"ဘုရင်ခံ ဝေကောင်"
ဧကရာဇ် တဲကျူန်ထံမှ အမိန့်အာဏာသံပါသော အသံထွက်ပေါ်လာသည်။
ဝေကောင်က လက်နှစ် ဖက် ကို ရင်ညွန့်ရှေ့တွင် ဆုပ်လျှက် ခစားလိုက်၏ ။
"ယခင့်ယခင် အ ဖြစ်သနစ်များ ကို ကျွန်ုပ်တို့အားလုံး သိပြီး ဖြစ်တယ်။ ယခုမျက်မှော က်အခြေအနေကိုသာ ပြောစမ်း "
"ကောင်းပါပြီ အရှင်မင်းကြီး၊ ယီမိုယွန် နန်းတက်လာပြီးနောက်မှာ တော့  တုရိုက်တွေ ဟာသူ့ဘိုးတော် လက်ထက်ကလို မဟုတ်တော့ဘဲ နည်းအမျိုးမျိုးနဲ့ အနိုင်ကျင့်ဆက်ဆံလာခဲ့ပါတယ်။အခွန်အတုတ် တစ်မျိုးပြီးတစ်မျိုး ဆက်စေပါတယ်။ နန်စော၊ တုရိုက်၊ တိဗက်နယ်ခြားဒေသမှာ ရှိတဲ့သေနင်္ဂဗျူဟာအရ အရေး ပါတဲ့စခန်းတွေ ကို အတင်းသိမ်းယူပြီး တပ်ဖွဲ့တွေ ချထားခဲ့ပါတယ်။ ဒီတပ်တွေ နဲ့ပူးတွဲပြီး နယ်ခြားဒေသ ကို ကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့လည်း နန်စောစစ်တပ်များ ကိုစေလွှတ်ခိုင်းပါတယ်"
"ဒါ ကို နန်စောအရှင် ယီမိုယွန်က လိုက်လျောသတဲ့လား "
အမတ်ကြီးတစ်ဦး၏ အမေးစကားသံပေါ်လာသည်။
ဝေကောင်က တလေးတစား ဖြေ၏ ။
"တုရိုက် နဲ့ တိဗက်တို့ဟာ အုပ်ချုပ်ရေး ပညာမှာ မကျွမ်းကျင်ပေမယ့် စစ်အင်အား အလုံးအရင်းနဲ့ဝင်ရောက်ထိုးဖောက်ခြင်း၊ ကျူးကျော်တိုက်ခိုက်ခြင်း၊ လုယက်သတ်ဖြတ်ခြင်းအလုပ်တွေ မှာ တော့ပြောင်မြောက်သူ တွေ ဖြစ်ပါတယ်။ အထူးသဖြင့် တုရိုက်စစ်တပ်ကြီးတွေ ထဲမှာ မွန်ဂိုစစ်သားတွေ အများ အပြား ကို အမှု ထမ်းခိုင်းထားပါတယ်"
"ဒီလိုဆိုရင်တော့ တုရိုက်တွေ ဟာ မဟာဒေသကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းမှု ကို ခြိမ်းခြောက်နေသူများ ဖြစ်နေပြီပေါ့"
ဧကရာဇ် တဲကျူန်က ရင်ခေါင်းသံဖြင့် ပြောသည်။
"အဲဒီ အတိုင်း အတိအကျပါပဲ အရှင်မင်းကြီး။ ဒါ့အပြင်နောက်တစ်ချက် အရေး ကြီးတဲ့အချက်ကဟိုးရှေးယခင် နှစ် ပေါင်းများ စွာ ပထမဧကရာဇ် ရှိဟုအန်တိ လက်ထက်မှာ တရုတ်နိုင်ငံရဲ့ မြောက်ပိုင်းကိုထိုးဖောက်ကျူးကျော်လာတဲ့ တုရိုက်တို့ကို တိုက်ခိုက်မောင်းထုတ်ခဲ့တာ ကို ယခုအထိ သူတို့အခဲမကြေကြသေးပါဘူး။ သူတို့ဟာ သွေးဆာပြီး အာဃာတကြီးသူများ ဖြစ်ပါတယ်"
"ဝေကောင် သင့်ဆွေးနွေးတင်ပြချက် ကို အနှစ် ချုပ်လိုက်တော့"
ဧကရာဇ်က အမိန့်ပေးလိုက် သည်။
"ကောင်းပါပြီ အရှင်မင်းကြီး... တုရိုက်တွေ ဟာ မွန်ဂိုစစ်သည်များ နဲ့ ဖွဲ့စည်းထားတဲ့ စစ်အင်အား ကိုအသုံးပြုပြီး မဟာဒေသကြီးတစ်ခုလုံးရဲ့ ငြိမ်းချမ်းရေး ကို ခြိမ်းခြောက်နေပါတယ်။ နယ်ခြားဒေသနဲ့မြစ်ညာဒေသတစ်ဝှမ်းက မျိုးနွယ်စုတွေ ကို ထိန်းချုပ်ထားပါတယ်။ နန်စောဘုရင် ယီမိုယွန်ဟာတုရိုက်တွေ ကို မနှစ် မြို့ပေမယ့် အားချင်းမမျှလို့ မာန်ချနေရပါတယ်"
"ဒီအခြေအနေတွေ ပေါ်မှာ သင် ဘာကောက်ချက်ဆွဲချင်သလဲ"
"နန်စောအပါအဝင် အခြားဒေသများ မျိုးနွယ်စုများ ကို ကျွန်ုပ်တို့ဘက် ပါဝင်လာအောင် ကျွန်ုပ်တို့နဲ့ပူးပေါင်းခိုဝင်လာအောင် ဆင့်ခေါ်သိမ်းသွင်းသင့်ပါတယ်။ ဒါမှသာ တုရိုက်-မွန်ဂို-တိဗက်အင်အားလျော့ပါးသွားမှာ ဖြစ်ပါတယ်"
ညီလာခံတစ်ခုလုံး တိတ်ဆိတ်သွား၏ ။ စစ်ရေး ၊ နိုင်ငံရေး ၊ စီးပွားရေး အရေး အရာများ အားလုံးအကျုံးဝင်နေသော ဤအဆိုပြုချက်သည် စင်စစ်မူ အလွန်ကြီးကျယ်လှသော အရေး ကိစ္စ ဖြစ်လေသည်။
ထို့ပြင်ရှေးရှေးယခင်ကတည်းက တရုတ်နိုင်ငံ မြောက်ပိုင်းဒေသများ သို့ ကျူးကျော်ခဲ့ဖူးသည့် တုရိုက်-မွန်ဂိုအန္တရာယ်မှာ ထပ်မံ ဖြစ်ပေါ်ဖို့လည်း အလားအလာ ရှိနေပေသည်။
ဧကရာဇ် တဲကျူန် မတ်တပ်ရပ်လိုက်၏ ။ အားလုံး ထိုင်ခုံမှ ထလိုက်ကြသည်။ အမိန့်တစ်စုံတစ်ရာချမှတ်တော့မည့် အမူအရာ ဖြစ်သည်။
"စီချွမ်နယ် အနောက်ပိုင်းဘုရင်ခံ၊ စစ်သူကြီး ဝေကောင်ကိုယ်တိုင် ဦးစီးပြု၊ နန်စောအပါအဝင် မျိုးနွယ်စုများ ၊ ဒေသများ ကို ထန်မင်းဆက် တရုတ်နိုင်ငံနဲ့ ပူးပေါင်းခိုဝင်လာအောင် လုပ်။ စစ်ရေး ၊ နိုင်ငံရေး ၊သံတမန်ရေး ၊ သူလျှိုအထောက်တော် တပ်ဖွဲ့များ အသုံးပြုရေး တို့အတွက် ဖြစ်နိုင်သမျှ နည်းလမ်းများ ကိုအသုံးပြု၊ လိုအပ်တဲ့ကိစ္စအဝဝအတွက် နေပြည်တော် ချန်အန်း နန်းတော် ကြီးရဲ့ ဘဏ္ဍာတော် တိုက်နဲ့ဆက်သွယ်ထုတ်ယူသုံးစွဲ၊ စစ်သူကြီးဝေကောင် အမှူးပြုပြီး၊ ထူးခြားမှု ဖြစ်ပေါ်တိုင်းမှန်မှန်သတင်းကြားလျှောက်... ထန်မင်းဆက် ဧကရာဇ် ကျွန်ုပ်တဲကျူန် အမိန့်"
"ကောင်းလှပါပြီ အရှင်ဧကရာဇ်မင်းကြီး "
စက္ကရု နှင့် ဘဒ္ဒါ | ဒေဝစ္ဆရာနှင့်တွေ့ဆုံခြင်း | ယာဇ |