
(စာရေး သူ၏ အမှာ စာ)
တိုင်းပြည်၏ မျက်စိ၊ နားသဖွယ် ဖြစ်သော စာပေအနုပညာရှင်များ ၏ အတ္ထုပ္ပတ္တိများ ကို တစ်ဦးကောင်း၊ တစ်ယောက် ကောင်းဖြင့် ပြီးပြည့်စုံအောင် ပြုစုနိုင်မည် မဟုတ်ပါ။ ထို့ကြောင့် မိဘ ဆွေမျိုးများ ၊ ခေတ်ပြိုင်စာရေး သူများ ၊ သိမီသူများ ၊ စာပေသုတေသီများ အနေဖြင့် လိုကွက်၊ ဟာကွက်၊ မှားယွင်းချက်၊ ကွဲလွဲမှု ………. အစရှိသည်တို့ကို ထောက်ပြ၊ ဖြည့်စွက်၊ တည့်မတ်ပေး ကြပါရန် အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်။ နောင် အလျဉ်းသင့်သည့်အခါ လိုအပ်ချက်များ ကို ပြုပြင်၍ ဖြည့်စွက်ထုတ်ဝေခြင်းဖြင့် အတန်အသင့်ပြည့်စုံမှန်ကန် ကိုးစားမှု ရှိသည့် စာအုပ်တစ် အုပ် ဖြစ်အောင် ကြိုးစားအားထုတ် သွားပါမည် ။
ရာပြည့်စာအုပ်တိုက်
၂၀ ရာစု မြန်မာစာရေး ဆရာ ၁၀၀ ပထမအုပ်ကို ရာပြည့်စာအုပ်တိုက် ၁၀ နှစ် ပြည့် အမှတ် တရအ ဖြစ် ထုတ်ဝေခဲ့ပါသည်။ တစ်ဖန် ဒုတိယစာအုပ်ကို ရာပြည့်စာအုပ်တိုက် ၁၅ နှစ် ပြည့်အမှတ် တရနှင့် ရာပြည့်စာအုပ် ၃၀၀ ပြည့်အထိမ်းအမှတ်အ ဖြစ် ထုတ်ဝေခဲ့ပြန်သည်။ ယခု ၁ သြဂုတ် ၂၀၁၄ တွင် ရာပြည့်စာအုပ် ၄၀၀ ပြည့်မြောက်ခဲ့ပါပြီ။ ထို့ကြောင့် ၄၀၀ ပြည့် အမှတ်တရအ ဖြစ် တတိယအုပ်ကို ပြုစုထုတ်ဝေလိုက်ခြင်း ဖြစ်ပါသည်။
ဤစာအုပ်များ ကို ပြုစုတည်းဖြတ်သူသည် အသက် ၆၀ ကျော်အရွယ်သို့ ရောက်ရှိလာခဲ့ သည်။ အသက်ကြီးလာသည်နှင့် အမျှ စာအုပ်ရွေးချယ်ဖတ်ရှုမှု သည်လည်း ရွေ့လျောလာခဲ့သည်။ အသက်အရွယ်၏ တောင်းဆိုမှု ကြောင့် လော၊ သေမင်းခံတွင်းဝသို့ ပိုမိုရှေးရှုလာမှု ကြောင့် လော၊ စိတ်ငြိမ်းချမ်းမှု ထွက်ပေါက်ရှာချင်၍ လော၊ ရင့်ရော်အိုမင်းခြင်း၏ ထွေပြားလက္ခဏာကြောင့် လော၊ တမလွန်အတွက် အမျက်ဖြေလင်္ကာ ထုပ်ပိုက်ခြင်းလော၊ သင်္ခါရကြောင့် သွေးရူးသွေးတမ်း ဆုပ်ဖမ်းခြင်းလော၊ စိတ်အညောင်းဖြေသိမ့်ခြင်းလော …….. စသည် စသည် တိတိပပ မဆုံးဖြတ် နိုင်ဘဲ ဘာသာရေး စာပေများ နှင့် ခံတွင်းတွေ့ ၊ မွေ့လျော်နေမိခဲ့သည်။
မိမိမှာ ပဲခူးတိုင်းဒေသကြီး က၀မြို့နယ် မိုးဂနိမ်းမြန်မာကျေးရွာ ဆရာတော် ဦးပညာ၏ ဘုန်းတော် ကြီးသင် မူလတန်းကျောင်း (ဘက) မှ ၁၉၆၀ တွင် စတုတ္ထတန်းအောင်မြင်ခဲ့သည်။ က၀မြို့ အ.ထ.က တွင် သွားရောက်ပညာသင်ခွင့်မရမီ ဆရာတော် ဦးပညာထံတွင် ကိုရင်ဝတ်ဖြင့် ၂ နှစ် ခန့် အခြေခံဘာသာရေး စာပေများ သင်ယူခဲ့ရသည်။ များများ စားစားမဟုတ်ပါ။ ပရိတ်ကြီး ကုန်သည်အထိပင် ဖြစ်သည်။ ထို့ကြောင့် မိမိ၏ ဘာသာရေး စာပေအခြေခံသည် အလွန်နုံနဲ့သည် ဖြစ်ရာ အများ ပြည်သူ ဖတ်ရှုနားလည်နိုင်သည့် ဘာသာရေး စာအုပ်များ ကိုသာ ဖတ်ရှုမိခြင်း ဖြစ်ပါ သည်။ စာပေဖတ်ရှုရာမှ စာပြုပုဂ္ဂိုလ်စာရေး ဆရာထေရ်မွန် အချို့၏ ထေရုပတ္တိတွင် နစ်ဝင်ခဲ့မိ သည်။ ဘ၀နှင့် စာအဓိပ္ပာယ်ကို စေ့ငုဆင်ခြင်ရင်း၊ မိမိဖတ် ဖြစ်ခဲ့သော စာရေး ဆရာထေရ်မွန် အချို့၏ ထေရုပ္ပတ္တိများ ကို စုစည်းတည်းဖြတ်မိခြင်းပင် ဖြစ်တော့သည်။ အရေး အသား ချွတ်ချော် တိမ်းယိမ်းခဲ့လျှင် ဆုံးမပေးပါရန်လည်း တောင်းပန်အပ်ပါသည်။
ဤစာအုပ်များ ပြုစုစဉ်က မူလရည်ရွယ်ချက်မှာ “မောင်သုတ၏ စာဆိုတော် များ အတ္ထုပ္ပတ္တိ တွင် မပါဝင်သေးသည့် ကွယ်လွန်ပြီးစာရေး ဆရာများ ကိုသာ ဖြည့်စွက်ပေးရန်” ဖြစ်သည်။ သို့ ရာ တွင် စာပေမိတ်ဆွေအချို့ကမူ စာအုပ်အမည် နှင့် လျော်ညီစွာ ၂၀ ရာစုအတွင်း မြန်မာစာရေး ဆရာ များ ၏ အတ္တုပ္ပတ္တိများ ကို ပြည့်ပြည့်စုံစုံရေး သင့်ကြောင်း အကြံပြုကြပါသည်။ ထို့ကြောင့် မောင်သုတ၏ စာဆိုတော် များ အတ္တုပ္ပတ္တိတွင် ပါရှိပြီး ဖြစ်သည့် ၂၀ ရာစု စာရေး ဆရာအချို့၏ အတ္တုပ္ပတ္တိများ ကိုလည်း တစ်ဆက်တစ်စပ်တည်း ဖြစ်အောင်၊ ပုံစံမတူအောင် အတိုကျဉ်းရေး သား ဖော်ပြလိုက်ပါသည်။ အခြေအနေပေးလာသော အခါတွင် “၂၀ ရာစု မြန်မာစာရေး ဆရာ အဘိဓာန်” အ ဖြစ် ဖြည့်စွက်တည်းဖြတ်ထုတ်ဝေဖို့ ရည်ရွယ်ထားပါသည်။
ဤစာအုပ်တွဲ များ ပြုစုရာတွင် ကျမ်းကိုးအ ဖြစ် အသုံးပြုခဲ့သည့်စာများ ကို ပြုစုခဲ့ကြသည့် စာရေး ဆရာကြီးများ ၊ ထောက်ပြဝေဖန်ပေးသည့် စာရေး ဆရာကြီးများ ၊ ဖြည့်စွက်အကြံပေးသည့် စာချစ်သူများ နှင့် ဆိုင်ရာမိသားစုဝင်များ ၊ ပါဝင်သင့်သော ကြွင်းကျန်နေသော စာရေး ဆရာများ ၏ အတ္တုပ္ပတ္တိများ ကို ရေး သားပေးပို့သူများ ၊ မြန်မာထုတ်ဝေသူတစ်ဦးအနေဖြင့် မအားမလပ်သည့် အကြားမှ ရေး ဖြစ်အောင်တိုက်တွန်းကူညီခဲ့ကြသည့် ရာပြည့်မိသားစုဝင်များ ……….စသည် စသည် တို့ကို များ စွာ ကျေးဇူးတင်ပါကြောင်း ဖော်ပြအပ်ပါသည်။ ။
ရာပြည့်ဦးစိုးညွန့်
အခန်း (၁)

မှော်ဘီမြို့နယ် မင်းရွာ၌ အဖလယ်သမားကြီး ဦးရွှေကြူ၊ အမိဒေါ်ငွေတို့က ၃၁ မတ် ၁၈၆၂ တနင်္လာနေ့တွင် မွေးသည်။ မွေးချင်းလေးဦးတွင် ဒုတိယမြောက်သား၊ ငယ်မည် မောင်ဖိုးသိန်း ဖြစ် သည်။
မင်းရွာကို ကိုရွှေမိတ်ထံတွင် သင်ပုန်းကြီး၊ ဦးပိုက်ထံတွင် အခြေခံဘာသာရေး သင်ရိုးစာ များ ၊ ကန်ကုန်းဘုန်းကြီး ဦးဝဏ္ဏထံတွင် ပရိတ်ကြီးနှင့် ဇာတ် အဋ္ဌကထာ နိဿယများ ကို လေ့လာ ခဲ့သည်။ သန်လျင်ညောင်ဝိုင်းကျောင်း (သိမ်ကျောင်း) ဘုန်းကြီး ဦးနန္ဒမာလာထံတွင် ဘာသာရေး စာများ သာမက ပျို့၊ ကဗျာ၊ လင်္ကာ၊ မေတ္တာစာ၊ ဓမ္မသတ်နှင့် ဦးပုည၀တ္ထု တရားစာများ ကိုပါ ဖတ်ရှု ခဲ့သည်။ ပြဇာတ်ရေး ဆရာ ရှေ့နေ ဦးပုတ်နီထံတွင် ပြဇတ်သဘောသဘာဝကိုလည်းကောင်း၊ မလွန်မင်းသားကြီး၏ အကြီးတော် ဦးသံမှိုထံတွင် နန်းတွင်းရေး ၊ ရာဇ၀င်ရေး ဗဟုသုတများ ကို လည်းကောင်း၊ ရှေ့နေဦးရေး ထံတွင် မြန်မာစာပေဆိုင်ရာကိုလည်းကောင်း၊ ဟင်္သတ ဆရာမှဲ့ထံ တွင် ကဗျာလင်္ကာအကြောင်းကိုလည်းကောင်း၊ ပျဉ်းမနား တောအုပ်ကြီး ဦးပန်းဒွေးထံတွင် ရကန် ဖျက်ဦးလန်း၏ ကဗျာများ အကြောင်းကိုလည်းကောင်း၊ သံချိုဆရာ ဦးကျော်လှထံတွင် သံချို အကြောင်းကိုလည်းကောင်း ဆည်းပူးခဲ့သည်။ ရန်ကုန်မြို့ အင်းစိန်ရွာမကျောင်း ဘုန်းကြီး ဦးနာရဒ၊ ရကန်ဆရာကြွေတို့ထံ၌ လောကီ၊ လောကုတ် ဗဟုသုတများ ရှာမှီးသည်။ ဒေသန္တရ ဗဟုသုတအလို့ငှာ မြန်မာပြည့်အနှံ့ခရီးဆန့်ခဲ့သည့်ပြင် ယိုးဒယား၊ ဇင်းမယ်အထိ သွားရောက်ခဲ့ သည်။
ကိုးနှစ် ၊ ဆယ်နှစ် သားအရွယ်ကပင် နွားကျောင်း၊ ကျွဲကျောင်း၊ ဆီဆုံလှည့်၊ ထမင်းပို့ အလုပ်များ ကို စပါးပေးလုပ်ကိုင်ခဲ့သည်။ ဟံသာဝတီအရေး ပိုင် အယ်လင်၏ ဘဏ္ဍာစိုး၊ ကြေးတိုင် ၀န် ပဲရော့ထံတွင် စားပွဲထိုး၊ ဟံသာဝတီ ကြေးတိုင်ရုံး လျှောက်လွှာစာရေး (၁၅ ဧပြီ ၁၈၈၀)၊ အင်္ဂပူ မြို့ တရားမမြို့အုပ်ရုံး တံဆိပ်ခေါင်းရောင်းစာရေး (၁၈၈၄)၊ မှော်ဘီ မြို့အုပ်ရုံး ဒုစာရေး (၁၈ မတ် ၁၈၈၅)၊ ကွမ်းခြံကုန်းမြို့အုပ်ရုံးစာရေး အ ဖြစ် အမှု ထမ်းခဲ့ပြီး ၁၃ ဧပြီ ၁၈၉၆ တွင် အလုပ်မှထွက်ခဲ့ သည်။ ထို့နောက် ဟံသာဝတီပုံနှိပ်တိုက်တွင် စာပြင်၊ မြန်မာနိုင်ငံ ကမ္ပည်းကျောက်စာရုံး၌ ကျောက် စာ အဖတ်၊ အရေး ။ ပျဉ်းမနားတွင် သစ်စက်သူဌေး ကိုယ်စားလှယ် (၁၉၀၀ ပြည့်)၊ မဟာဗောဓိ သတင်းစာ၊ ဧရာဝတီပုံနှိပ်တိုက်၊ အင်္ဂလိပ်မြန်မာပုံနှိပ်တိုက်များ တွင် လည်း လုပ်ကိုင်ခဲ့သည်။ မြန်မာ နိုင်ငံ သုတေသနအသင်းအတွက် စာဟောင်းပေဟောင်း စုဆောင်းရှာဖွေသူ၊ ၁၉၁၆ - ၁၇ မြန်မာ စာပေညွန့်ပေါင်းကျမ်း စုဆောင်းရေး အကြံပေးဘုတ်အဖွဲ့ဝင် လက်ထောက်အယ်ဒီတာအ ဖြစ် အမှု ထမ်းခဲ့သည်။ အင်္ဂလိပ်အရာရှိကြီးများ ၏ မြန်မာစာပြဆရာ၊ အင်းစိန်နှင့် ဟံသာဝတီ စီရင်စုတွင် သမ၀ါယမလုပ်ငန်း၊ ငွေစုငွေချေးလုပ်ငန်း ၀ါဒဖြန့်ချိရေး အကျိုးဆောင် တရားဟောဆရာ စသည် လုပ်ကိုင်ခဲ့သည်။
၁၈၈၀ ပြည့်နှစ် တစ်ဝိုက် ပဲခူးကြေးတိုင်ရုံး စာရေး လေးဘ၀တွင် “ထွန်းဖေ ဂွန်းမေ” အမည် ရှိ ပြဇာတ်တိုတစ်ပုဒ်ကို စမ်းရေး ခဲ့သည်။ ပထမပုံနှိပ်စာအုပ်မှာ ပေါရာဏဒီပနီ (ပထမတွဲ ) (၁၈၉၆)၊ မကွယ်လွန်မီ တစ်နှစ် အလို (၁၉၄၁) ခုထိ ရေး သားခဲ့သည်များ အနက် ထင်ရှားသော စာအုပ်များ မှာ ပေါရာဏဒီပနီ [ဒုတိယတွဲ ] (၁၉၁၃)၊ ဒွန်းစဏ္ဍားနှင့် မင်းသမီးညားပုံ [ယျလေးလုံး ပုံပြင်စာတမ်း] (၁၉၂၃)၊ ဂီတလ၈င်္ာရဒီပနီ (၁၉၂၄)၊ ပါးစပ်ရာဇ၀င် [ပထမတွဲ ] (၁၉၂၆)၊ (ဒုတိယတွဲ ) (၁၉၂၇ ခန့်)၊ ဘုရားသမိုင်းပေါင်းချုပ် (၁၉၃၄)၊ ရှေး ဖြစ်စာတမ်း (၁၉၃၅ခန့်)၊ ရှေးဟောင်း ရှေး ဖြစ်စာတမ်း (၁၉၃၅ ခန့်)၊ ဘိန်းပုံရာဇာနှင့် ကွမ်းပုံကုမ္မာပြဇာတ် (တည်းဖြတ်) (၁၉၃၆)၊ ရှေးတံဆိပ်တော် ရ ဆရာတော် တို့စာတမ်း (စာပြီး ၁၉၃၆၊ ပုံနှိပ် ၂၀၀၉)၊ နှောင်း ဖြစ်စာတမ်း (၁၉၃၇ ခန့်)၊ စကား ပဒေသာစာတမ်း၊ အရူးလွယ်အိတ်၊ ဗျိုင်းနား မင်္ဂလာစာတမ်း (၃ ကြိမ်၊ ၁၉၅၃)၊ ဗဟုသုတ ဟင်းလေးအိုး (၁၉၅၄) နှင့် မြန်မာ့ဇာတ်ပွဲသဘင်နှင့် မြန်မာပြဇာတ်စာအုပ်များ (၁၉၆၅) တို့ ဖြစ် ကြသည်။
၁ ဇန်န၀ါရီ ၁၉၄၂ ခု ညနေ ၆ နာရီ ၂၅ မိနစ်တွင် မှော်ဘီမြို့မှာ ကွယ်လွန်သည်။
[စာကိုး။ ။ (၁) မောင်သုတ၊ စာဆိုတော် များ အတ္တုပ္ပတ္တိ (၂၀၀၂)။ စာ ၃၀၀ - ၃၀၃။ (၂) တိုက်စိုး။ မော်ပီဆရာသိန်း (၁၉၇၄)။ (၃) မလိခ။ “မြန်မာစာပေ အဘိဓာန်”၊ မိုးဝေ (ဇူလိုင် ၁၉၈၄)။ စာ ၃၃။ (၄) ဇော်ဂျီ။ သိန်းနှင့် ကျား ဋီကာ (၁၉၈၄)။]

ပဲခူးမြို့နယ် ကျောက်တန်းကြီးကျေးရွာ၌ ခမည်းတော် လှေသူကြီး ဦးအောင်လှ၊ မယ်တော် ဒေါ်အောင်တို့က ၁၂၃၅ ခု တပေါင်းလဆန်း ၁၀ ရက် (၂၅ ဖေဖော်ဝါရီ ၁၈၇၄) ဗုဒ္ဓဟူးနေ့ နံနက် ၄း၁၂ တွင် မီးရှူးသန့်စင် ဖွားမြင်တော် မူသည်။ မွေးချင်း ၈ ယောက် တွင် သတ္တမမြောက် သားရတနာ ဖြစ်၍ ငယ်အမည် မှာ မောင်ဥာဏ် ဖြစ်သည်။
၇ နှစ် သားအရွယ်၌ ကျောက်တန်းရွာ ရွာလယ်ကျောင်း ဆရာတော် ထံ အပ်နှံ၍ ပညာသင် ယူခဲ့သည်။ မင်္ဂလာသုတ်ပါဋ္ဌ်အနက် ပရိတ်ကြီး၊ နာမက္ကာရ၊ လောကနီတိ၊ ဇာတ်အဋ္ဌကထာ၊ ကစ္စည်းသဒ္ဒါ၊ ကိုးကြောင်း မကာရန္တဗေဒင်တို့ကို သင်ယူပြီးမြောက်ခဲ့သည်။ ၁၄ နှစ် သားရှိလျှင် မိဘများ က ရန်ကုန်မြို့ ပုဇွန်တောင်အစိုးရကျောင်းသို့ ပို့အပ်၍ ခေတ်ပညာကိုသင်ယူရသည်။ အသက် ၁၇ နှစ် သို့ရောက်လျှင် ခမည်းတော် မယ်တော် တို့၏ ပစ္စယာနုဂ္ဂဟဖြင့် ရှင်သာမေဏပြု သည်။ ဘွဲ့တော် မှာ ရှင်ဝါယမ ဖြစ်၍ စာပေကျမ်းဂန်များ ကို ဆက်လက်ဆည်းပူးတော် မူသည်။
၁၈ နှစ် အရွယ်တွင် ရန်ကုန်ကျောင်းတော် ရာ ဆရာတော် ကြီးအထံ၌ ဆည်းကပ်ပညာသင် ယူရာ တစ်နှစ် အတွင်းမှာ ပင် သုတ်နက်ရှစ်စောင်၊ ကစ္စည်း သဒ္ဒါ ရှစ်စောင်၊ ပုဒ်စစ် သုဒ်စစ် နည်း လေးဆယ် သံဝဏ္ဏနာ၊ ဒွေးမာတိကာတို့ကို အနက်အဓိပ္ပာယ်နှင့် တကွ အာဂုံရရှိပေါက်မြောက်လေ သည်။ ၁၂၅၅ ခု ပထမ၀ါဆိုလဆန်း ၁၃ ရက် အင်္ဂါနေ့ ညနေ ၃ နာရီတွင် ခမည်းတော် ၊ မယ်တော် တို့၏ ပစ္စည်းပရိက္ခရာကိုခံယူ၍ ရန်ကုန်မြို့ ကျောင်းတော် ရာ ရွှေကျင်တိုက်သိမ်၌ ကျောင်းတော် ရာ ဆရာတော် ကြီးကို ဥပဇ္ဈာယ်ပြုကာ ရဟန်းအ ဖြစ်သို့ ရောက်တော် မူသည်။ ရဟန်း ဖြစ်ပြီးနောက် ကျောင်းတော် ရာဆရာတော် ကြီး၊ ၎င်း၏ တပည့် ယွန်းကျောင်းဆရာတော် တို့ထံ၌ စာပေသင်ယူရာ မာဂဓ အဘိဓာန်၊ သုဗောဓာလင်္ကာရ၊ ဓာတွတ္ထသင်္ဂြိုဟ်၊ ခုဒ္ဒသိက္ခာ၊ မူလသိက္ခာ၊ သဒ္ဓတ္ထဘေဒစိန္တာ၊ ကစ္စယနာသာရ၊ ဧကက္ခရကောသ၊ ၀စ္စ၀ါစက၀ိဘတ္တုတ္ထ၊ နေတ္ထိဟာရ အကောက်၊ သမ္ဗန်ခြောက် ပါး၊ ဘုရားကြီးနိယံ၊ ဟိစပနနိယံ၊ အာချတ်သာမိနိယံ၊ တွင်းကြီးနိယံ၊ ဓမ္မပဒစောင်လုံး၊ မာဂဓ အဘိဓာန်မှစ၍ အာဂုံရတော် မူသည်။
ရဟန်းသိက္ခာ ၄ ၀ါအရတွင် ကျောင်းတော် ရာရွှေကျင်တိုက်၌ အဋ္ဌကထာကြီးများ ကိုပင် ပို့ချနိုင်သော စာချဂဏ၀ါစကအ ဖြစ် ချီးမြှော က်ခြင်းခံရသည်။ ရဟန်းသိက္ခာ ၈ ၀ါအရ ၁၂၆၂ ခုနှစ် တွင် ညောင်တုန်းမြို့ ရွှေဟင်္သာတောရ မင်္ဂလာစံကျောင်း၌ တိုက်အုပ်အ ဖြစ် သီတင်းသုံးကာ၊ တိုက်တာ သာသနာ့တာဝန်ကို အဘက်ဘက်မှ ကြီးကြပ်အုပ်ချုပ်ခဲ့သော ကြောင့် “စံကျောင်းဆရာ တော် ကလေး” ဟု အမည် တွင် တော် မူခဲ့သည်။ ရဟန်းသိက္ခာ ၁၈ ၀ါအရတွင် မူ ကျောင်းတော် ရာ ဆရာတော် ကြီးက ညောင်တုန်း ရွှေဟင်္သာတောရတိုက်ကြီးကို အပြီးအပိုင်နှင်းအပ်၍ “စံကျောင်း ဆရာတော် ” ဟု ချီးမြှော က်တော် မူခဲ့သည်။ ထိုအခါမှစ၍ ငယ်မည် တော် တစ်စတစ်စ တိမ်ကော လျက် “ညောင်တုန်း ရွှေဟင်္သာတောရ စံကျောင်းဆရာတော် ” ဟူသော အမည် ဖြင့် သာ ထင်ရှား ကျော်ကြားတော် မူခဲ့သည်။ သိက္ခာတော် ၄၉ ၀ါအရတွင် ရွှေကျင်မြို့အနီး ရွှေဟင်္သာတောရ ကျောင်းသစ်၌ တစ်ကိုယ်တည်းတောရကျင့်သုံးတော် မူကာ ၀ိပဿနာဓုရဖြင့် မျှတအားထုတ်တော် မူသည်။ ဒုတိယကမ္ဘာစစ်ကာလတွင် မှသာ ညောင်တုန်း ရွှေဟင်္သာတောရသို့ ပြန်လည်ကြွရောက် ချီးမြှော က်ကြည်ဖြူ သီတင်းသုံးတော် မူသည်။
တိုက်တာ၏ တာဝန်အရပ်ရပ်ကို မလစ်လပ်ရအောင် ဆောင်ရွက်နေသည့်ကြားမှပင် နှောင်းတပည့် သားမြေးများ ၏ အကျိုးအလို့ငှာ ကျမ်းစာပေါင်း ၂၀ ကျော်ကို ပြုစုတော် မူခဲ့သည်။ ယင်းတို့မှာ စေတိယ၀ိနိစ္ဆယကျမ်း (မ-၁၂၇၅)၊ သြ၀ါဒဒီပနီကျမ်း (မ-၁၂၇၆)၊ ကံဥာဏ်ဝီရိယ အကျယ် လက်စွဲကျမ်း (မ-၁၂၇၈)၊ မင်္ဂလာဖွင့်အကျယ် လက်စွဲ (မ-၁၂၈၂)၊ ကြွယ်ဝချမ်းသာရေး လက်စွဲခေါ် သမ္ဗဒါဖွင့်အကျယ်ကျမ်း (မ-၁၂၈၃)၊ ကမ္မဋ္ဌာန၀ိနိစ္ဆယကျမ်း (မ-၁၂၈၄)၊ လောကနီတိ ဖွင့်အကျယ် (မ-၁၂၈၅)၊ အတွင်းအောင်ခြင်းနှင့် အပြင်အောင်ခြင်း အဖွင့်ကျမ်း (မ-၁၂၈၅)၊ မေတ္တာ အဖွင့်ကျမ်း (မ-၁၂၈၆)၊ ယထာဘူတ ၀ိနိစ္ဆယကျမ်း (မ-၁၂၉၇)၊ အပရိဟာနိယအဖွင့် ခေါ် တိုးတက်ကြီးပွားချမ်းသာရေး ကျမ်း (မ-၁၂၉၇)၊ ပရိဝါသမာနတ္တာဒိ ၀ိနိစ္ဆယကျမ်း (မ-၁၃၀၁)၊ ဥပသကာကျင့်ထုံး (?)၊ ဆုတောင်းပုံ နည်းမျိုးစုံကျမ်း (?)၊ အပရိဟာနိယ ဆုံးမစာ (မ-၁၃၁၄)၊ ကမ္မဋ္ဌာန်းစီးဖြန်းပုံ နည်းစုံကျမ်း (?) နှင့် စာအုပ်အ ဖြစ်မရောက်သေးသော “ပါဠိ - မြန်မာ အဘိဓာန် ကျမ်းကြီး” (မ-၁၃၀၉)၊ “သုန္ဒရာကာဗျဘာသာပြန်ကျမ်း” (မ-၁၂၉၀)၊ “ဗုဒ္ဓစရိတကာဗ ခေါ် ဗုဒ္ဓ ၀င်ဘာသာပြန်ကျမ်း” (မ-၁၃၀၆) တို့ ဖြစ်ကြသည်။
သာသနာတော် လုံးဆိုင်ရာ ရွှေကျင်နိကာယ အစည်းအဝေးကြီးများ ၌ စံကျောင်းဆရာတော် အား (၁) ဂဏ၀ါစက၊ (၂) နယ်မဟာနာယက၊ (၃) နယ်လှည့် သာသနာပြု မဟာနာယက၊ (၄) ရွှေကျင်နိကာယ တွဲ ဖက်ဥပဥက္ကဋ္ဌ ဂိုဏ်းလုံးဝန်ဆောင် မဟာနာယက (မ-၁၃၀၈) အ ဖြစ်ဖြင့် အဆင့်ဆင့်တင်မြှော က်တော် မူသည်။ မ-၁၂၉၉ ခုနှစ် ၌ “အဂ္ဂမဟာပဏ္ဍိတ” ဘွဲ့တံဆိပ်တော် အလှူခံရယူတော် မူခဲ့သည်။
သက်တော် ၇၃ နှစ် ၊ သိက္ခာတော် ၅၄ ၀ါအရ ၁၃၀၉ ခု ၀ါခေါင်လပြည့်ကျော် ၁ ရက် (၂ သြဂုတ် ၁၉၄၇) စနေနေ့ နံနက် ၄း၂၀ နာရီတွင် ဇီဝိတိနြေ္ဒ ချုပ်ငြိမ်းတော် မူ၍ သာသနာပြုစခန်း သိမ်းတော် မူပါသည်။
[စာကိုး။ ။ (၁) စစ်ကိုင်း ရွှေဟင်္သာဆရာတော် အရှင်ပဏ္ဍိတမထေရ်၊ ၇၅ နှစ် မြောက် အထိမ်းအမှတ် ရွှေဟင်္သာတောရသမိုင်း (၁၉၇၆)။ (၂) စစ်ကိုင်း ရွှေဟင်္သာဆရာတော် အရှင် ပဏ္ဍိတမထေရ်။ “ညောင်တုန်းမြို့ ရွှေဟင်္သာတောရ စံကျောင်းဆရာတော် ဘုရား၏ ကျမ်းစာများ ”၊ ညောင်တုန်းမြို့ ရွှေဟင်္သာကျောင်းတိုက် ၇၅ နှစ် မြောက် စာစောင် (၁၉၇၆)။ စာ ၁၅-၂၅။ (၃) ရွှေကျင်နိကာယမှတ်တမ်း၊ ဂေါဇာ ၁၃၂၀ ခုနှစ် (မ-၁၃၂၆)။ စာ ၁၁၁-၁၁၄။ (၄) ရွှေကျင်နိကာယ အဓိပတိဆရာတော် ကြီးများ ၏ ဘ၀ ဖြစ်စဉ်နှင့် အဓိကမှတ်တမ်းများ အကျဉ်း (၂၀၁၂)။ စာ ၂၉-၃၀။ (၅) မေမြို့မိုးကြည်။ ဘွဲ့တံဆိပ်တော် ဂုဏ်ရည် သမိုင်းချုပ်နှင့် မဟာထေရ်ကြီးများ (၁၉၈၀)။ စာ ၁၁၆-၁၁၈။ (၆) လှသမိန်။ ဂန္ထ၀င်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ် (၁၉၆၁)။ စာ ၁၅၂။]

ပြည်ခရိုင် ရွှေတောင်မြို့နယ် ၀ါးလည်ရွာတွင် အဖ ဦးစံဒွန်း၊ အမိ ဒေါ်အုန်းတို့က ၂၃ မတ် ၁၈၇၆ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့သည်။ မွေးချင်းငါးယောက် အနက် ဒုတိယမြောက် ဖြစ်သည်။ ငယ်အမည် မှာ မောင်လွမ်းမောင် ဖြစ်၏ ။
ကျီးသဲလေထပ်ဆရာတော် ဘုရားကြီးထံတွင် စာပေပညာသင်ယူခဲ့သည်။ ခုနစ်နှစ် သား အရွယ်တွင် မန္တလေး မြတောင်ကျောင်းတိုက်၌ ကိုရင်ပဏ္ဍိတဘ၀ဖြင့် ပညာသင်ယူခဲ့သည်။ သီပေါ မင်းပါတော် မူပြီးနောက် စစ်ကိုင်းသို့ ကြွခဲ့သည်။ ထို့နောက် စစ်ကိုင်း၊ ချောင်းဦး၊ မုံရွာ၊ အလုံ၊ ကြေးမုံ တစ်ဝိုက်တွင် ခြောက်နှစ် ခန့်လှည့်လည်စာသင်ခဲ့သည်။ အဂ္ဂိရတ်ဖိုထိုးခြင်း ၀ါသနာပါခဲ့သည်။ ၁၈၉၇ တွင် အစိုးရစစ်ခုနစ်တန်းစာမေးပွဲကို မုံရွာမြို့ အလွတ်ပညာသင်ကျောင်းမှ ဦးပဏ္ဍိတရဟန်း အမည် ဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ထို့နောက် လူဝတ်လဲခဲ့သည်။
၁၈၉၈ တွင် မော်လမြိင်မြို့သို့ ရောက်ခဲ့သည်။ မော်လမြိုင်မြို့ မြန်မာတိုင်းသတင်းစာတွင် “ပဏ္ဍိလေး” အမည် ဖြင့် ကဗျာများ ၊ စာများ ရေး သားခဲ့သည်။ ရန်ကုန်ဇမ္ဗူ့ကျက်သရေ စာပုံနှိပ် တိုက်တွင် စာစီ၊ စာပြင်ဆရာ (၁၉၀၀)၊ ရန်ကုန်တိုင်းသတင်းစာတိုက်နှင့် မော်လမြိုင်မြို့ မြန်မာ တိုင်းသတင်းစာအယ်ဒီတာ (၁၉၀၃)၊ ဟင်္သာတမြို့ အမေရ၀တီပုံနှိပ်တိုက် စာပြု၊ စာပြင် အယ်ဒီ တာ (၁၉၀၇)၊ သူရိယသတင်းစာ အယ်ဒီတာ (၁၉၂၁)၊ ဒဂုန်မဂ္ဂဇင်း တိုက်ထိုင်အယ်ဒီတာ (၁၉၂၃)၊ ဗြိတိသျှဘားမား မဂ္ဂဇင်း (နောင်-ဓူဝံမဂ္ဂဇင်း) ကြီးမှူးအုပ်ချုပ်သူ (၁၉၂၇)၊ တို့ဗမာ အစည်းအရုံးနာယက (၁၉၃၄)၊ ဒုတိယကမ္ဘာစစ်အပြီး တို့ဗမာအစည်းအရုံးဥက္ကဋ္ဌ (၁၉၄၅)၊ ပြည် ထောင်စုမြန်မာနိုင်ငံ စာရေး ဆရာသမဂ္ဂနာယက (၁၉၆၂) စသည်ဖြင့် နယ်ချဲ့ဆန့်ကျင်ရေး ၊ အမျိုး သားလွတ်မြောက်ရေး ၊ ဖက်ဆစ်တော် လှန်ရေး ၊ အမျိုးသားစည်းလုံးညီညွတ်ရေး အခန်းကဏ္ဍတိုင်း တွင် တက်ကြွထက်သန်စွာ ပါဝင်လှုပ်ရှားခဲ့သည်။ တရုတ်ပြည်၊ မွန်ဂိုလီးယား၊ ဟန်ဂေရီ၊ ဆိုဗီယက် ယူနီယံ၊ သီရိလင်္ကာ၊ အိန္ဒိယ၊ ဂျာမနီနိုင်ငံများ သို့ သွားရောက်ခဲ့သည်။ အလင်္ကာကျော်စွာ ဘွဲ့ (၁၉၅၀)၊ စတာလင် ငြိမ်းချမ်းရေး ဆု (၁၉၅၄)၊ အရှေ့ဂျာမနီနိုင်ငံ ဟမ်းဘတ်တက္ကသိုလ်၏ ဂုဏ် ထူးဆောင်ပညာပါရဂူ [ဒေါက်တာဘွဲ့] (၁၉၆၀) တို့ အပ်နှင်းခြင်းခံရသည်။
၁၉၀၀-၁၉၁၀ အတွင်း ပြဇာတ်ပေါင်း ၈၀ ကျော် ရေး ခဲ့သည်။ ထင်ရှားသော စာအုပ်အချို့ မှာ မော်လမြိုင်ရာဇ၀င်ဝတ္ထု (ပထမတွဲ ) (၁၉၀၅)၊ ကဗျာသာရမဉ္ဇူ (၁၉၀၆)၊ ကဗျာသာရတ္ထ သင်္ဂြိုဟ် (၁၉၁၀)၊ မြန်မာရာဇ၀င်ချုပ်နှင့် ရွှေနတ်တောင်ဘုရားသမိုင်း (၁၉၁၁)၊ ဗိုလ်ဋီကာ (၁၉၁၄)၊ ဆောင်းပါးပေါင်းချုပ်ကြီး (ပထမတွဲ ) (၁၉၁၄)၊ ဓမ္မစေတီဝတ္ထု (၁၉၁၈)၊ မှာ တော် ပုံ (၁၉၁၆-၁၉၂၁)၊ ပဲခူးရာဇ၀င် ဇာတ်တော် ကြီး (၁၉၁၉)၊ ဒေါင်းဋီကာသစ် (၁၉၂၀)၊ မှန်နန်းရာဇ၀င် တော် ချုပ် (ပထမတွဲ ) (၁၉၂၁)၊ မှန်နန်းရာဇ၀င်တော် သစ် (ပထမအုပ်) (၁၉၂၂)၊ မျောက်ဋီကာ (၁၉၂၃)၊ မျောက်ကဏ္ဍိ (၁၉၂၃)၊ ခွေးဋီကာ (၁၉၂၅)၊ ဂဠုံပျံဒီပနီ (၁၉၃၁)၊ မန္တလေးမြို့ ရွှေရေး ဆောင် ဆရာတော် ဘုရားကြီး ဦးကြည်၏ ထေရုပတ္တကထာ (၁၉၃၅)၊ သခင်ဋီကာ (၁၉၃၈)၊ အာဇာနည်ဗိမာန် (၁၉၄၈)၊ အနာဂတ်ဇာတ်ခုံ အိပ်မက်ဒိဋ္ဌုံ ဋီကာ (၁၉၅၀)၊ လေးချိုးပေါင်းချုပ် (ပထမတွဲ )) (၁၉၅၅)၊ တို့ဗမာဝတ်ရွတ်စဉ် (၁၉၇၆) တို့ ဖြစ်ကြ၏ ။ စာအုပ်ပေါင်း ၁၅ အုပ်ခန့်ကို လည်း တည်းဖြတ်ခဲ့သည်။
၃၂ ဇူလိုင် ၁၉၆၄ ကြာသပတေးနေ့ နံနက် ၁း၃၀ နာရီတွင် ရန်ကုန်မြို့ ချမ်းသာလမ်း စမ်းချောင်းနေအိမ်၌ လူကြီး ရောဂါ ဖြင့် ကွယ်လွန်ခဲ့သည်။
[စာကိုး။ ။ (၁) မောင်သုတ။ စာဆိုတော် များ အတ္ထုပ္ပတ္တိ (၂၀၀၂)။ စာ ၃၄၃-၃၄၅။ (၂) တိုက်စိုးနှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ (၂၀၁၄)။ (၃) မောင်တင်ရွှေ။ သခင်ကိုယ်တော် မှိုင်း (၂၀၁၃)။ (၄) နယ်ချဲ့ဆန့်ကျင်ရေး ၊ မျိုးချစ်စာဆို ဆရာကြီးသခင်ကိုယ်တော် မှိုင်း (၁၂၃၇- ၁၃၅၇) (၁၈၇၆-၁၉၆၄) နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်စာပေဂျာနယ် (မတ်၊ ဧပြီ ၁၉၉၆)။ စာ ၆-၁၅။]
အခန်း (၂)

မုံရွာခရိုင် ချောင်းဦးမြို့အနီး ညောင်ဖြူပင်ရွာ၌ အဖ လယ်ပိုင်ရှင် ဦးရောက်ကလေး (ဦးရောက်)၊ အမိ မင်းတုန်းမင်း၏ အပျိုတော် စာတော် ဖတ် ဒေါ်ထပ်ကြီး (ဒေါ်ထပ်) တို့က ၃၀ ဇန်န၀ါရီ ၁၈၇၉ တွင် ဖွားမြင်သည်။ တစ်ဦးတည်းသော သား ဖြစ်၍ မောင်သန့်စင် (မောင်သန့်) ဖြစ် သည်။
ခုနှစ် နှစ် အရွယ်၌ ညောင်ဖြူပင်ရွာ မရမ်းပင်ကျောင်းဆရာတော် ဦးသီရိထံတွင် စာစသင် သည်။ သင်ပုန်းကြီး၊ မင်္ဂလသုတ်၊ ပရိတ်ကြီး၊ လောကနီတိတို့ကို တစ်နှစ် အတွင်းတတ်မြောက်၍ လောကနီတိချိုး၊ ဓမ္မနီတိချိုးတို့ကိုလည်း အာဂုံရသည်။ ကိုးနှစ် သားတွင် ရှင်သာမဏေ၀တ်သည်။ ရှင်ဘွဲ့မှာ ရှင်ပဏ္ဍိစ္စ ဖြစ်သည်။ ရှင်ပြုပြီးမကြာမီပင် မိခင်ကွယ်လွန်သော ကြောင့် ရှင်လိင်ပြန်၍ ဖခင်နှင့် အတူနေသည်။ မရန်းပင်ကျောင်းဆရာတော် ထံ၌ သဒ္ဒါ၊ သင်္ဂြိုဟ် စသည် ဆက်လက်သင် ယူသည်။ ၁၃ နှစ် အရွယ်တွင် ဖခင်ကွယ်လွန်ပြန်ရာ၊ တစ်ကောင်ကြွက်ဘ၀သို့ ရောက်ခဲ့ရသည်။ ကိုရင်ဝတ်လိုက်၊ ရှင်လိင်ပြန်လိုက်ရှင်ခဲ့ရာမှ ၁၈ နှစ် အရွယ်တွင် စတုတ္ထအကြိမ်မြောက် ကိုရင်ဝတ် ပြီးနောက် မုံရွာလယ်တီဆရာတော် ထံ ပညာသင်ယူသည်။ ဘွဲ့အမည် မှာ ရှင်ပဏ္ဍိတ ဖြစ်လာ သည်။ ဥာဏ်ပညာထက်မြက်လွန်းလှသဖြင့် လယ်တီဆရာတော် ကိုယ်တိုင် မကြာခဏ ထုတ်ဖော် ချီးကျူးရလောက်အောင် ထူးထူးချွန်ချွန် တတ်မြောက်ခဲ့သည်။ ရဟန်းဘ၀ရောက်ပြီးနောက် မကြာမီပင် လယ်တီတိုက်တွင် စာချပုဂ္ဂိုလ် ဖြစ်လာသည်။ “သဒ္ဒါပဏ္ဍိတ၊ ကဗျာပဏ္ဍိတ” ဟူ၍ ကျော်စောခဲ့သည်။ ရဟန်းသုံးဝါအရတွင် မန္တလေး ၀ိသုဒ္ဓါရုံတိုက်မှာ ပညာဆည်းပူးသည်။ လယ်တီ ဆရာတော် ၏ တပည့်ရင်း၊ လယ်တီတိုက်မှလာသူ ဖြစ်သော ကြောင့် “လယ်တီပဏ္ဍိတ” အမည် တွင် လာသည်။ ရဟန်း ၉ ၀ါ၊ အသက် ၃၀ တွင် လူဝတ်လဲသည်။ “လယ်တီပဏ္ဍိတ ဦးမောင်ကြီး” အမည် ယူခဲ့သည်။
ပျဉ်းမနားတွင် ၃ နှစ် ခန့်၊ မန္တလေးတွင် တစ်နှစ် ခန့်နေပြီးနောက် ၁၉၁၁ တွင် ရန်ကုန်သို့ ရောက်သည်။ ၁၉၂၁ တွင် မြန်မာ့အလင်းမဂ္ဂဇင်း အယ်ဒီတာလုပ်သည်။ ထို့နောက် ပညာ့အလင်း မဂ္ဂဇင်း၊ ၁၉၂၃ တွင် ဒဂုန်မဂ္ဂဇင်းနှင့် ၁၉၂၆ တွင် လယ်တီတရား သတင်းစာတို့မှာ အယ်ဒီတာ အ ဖြစ် ဆောင်ရွက်သည်။ ၁၉၃၉ ခု ဧပြီလတွင် တို့ဗမာအစည်းအရုံး၏ နာယကကြီးအ ဖြစ် တာဝန် ထမ်းဆောင်သည်။
ရဟန်း ၅ ၀ါအရလောက်ကပင် ပစ္စယမဉ္ဇရီ၊ ၀ီထိမဉ္ဇရီ၊ သဒ္ဒမဉ္ဇရီ၊ ပရမတ္ထသံခိပ်ဋီကာ၊ ပါဠိ အဘိဓာန်စသော ကျမ်းများ ၊ ယပ်လှဲတရားစာများ ဖြစ်သည့် သော တမာလာ၊ ဒေသနာမဉ္ဇရီ၊ သာဓု သုန္ဒရီ စသော စာအုပ်များ ရေး သားခဲ့သည်။ မြန်မာစာပေလောကအတွက် ရာဇ၀င်ဝတ္ထုနှင့် ရှစ်လုံး ဘွဲ့ကဗျာများ ကို တီထွင်ရေး သားခဲ့၍ ပါဠိဂါထာ ကဗျာအဖွဲ့ကိုလည်း မူသစ်ထွင်ခဲ့သည်။ ကျမ်းပေါင်း ၄၀၀ ကျော်ပြုစုခဲ့သည့်အနက် အချို့မှာ ကဗျာမဉ္ဇရီ (၁၉၆၂) ကဗျာကျမ်း၊ နီတိမဉ္ဇရီ (၁၉၂၀)၊ သူရဿတိနီတိ (၂ တွဲ )၊ (၁၉၂၆)၊ သုတ္တန္တနီတိ (ဒုကြိမ်၊ ၁၉၂၈)၊ နီတိမာလာ (၁၉၂၉)၊ စာဏကျနီတိ (၃ တွဲ ) (၁၉၂၉)၊ ဝေဿန္တရာဂီတိကျမ်းစသော ဂီတိ (ပါဠိကဗျာ) ကျမ်းများ ၊ ပါဠိ စကားသင်၊ စာရေး သင် (၁၉၅၃) စသော ဘာသာစကားစာအုပ်များ ၊ ဘဂ၀ါဂီတိကျမ်း (၁၉၂၆)၊ ဝေဿန္တရာဂီတိကျမ်း စသော ဂီတိ (ပါဠိကဗျာ) ကျမ်းများ ၊ ထေရီဘာသာပြန် (၅ တွဲ ) (၁၉၂၆)၊ ထေရာဘာသာပြန် (၄ တွဲ ) (၁၉၂၇-၃၀) စသော ဘာသာပြန်ကျမ်းများ ၊ ဓမ္မစကြာ အမေးအဖြေ (၁၉၂၅)၊ ပဋ္ဌာန်းအမေးအဖြေ (၁၉၂၆)၊ အနတ္တလက္ခဏာသုတ် အမေးအဖြေ၊ မဟာသတိပဋ္ဌာန် အမေးအဖြေစသော ဓမ္မကျမ်းစာ အမေးအဖြေများ ၊ ခင်မြင့်ကြီး (၅ တွဲ ) (၁၉၁၄)၊ တင်တင်မြ (၃တွဲ ၊ တ-တွဲ ကို ဒဂုဏ်ဦးထွန်းမြင့်ရေး သည်) (၁၉၁၆)၊ သန်းသန်း (၄ တွဲ ) ၁၉၁၉-၂၁) စသော ၀တ္ထုကြီး များ ၊ နတ်သျှင်နောာင် (၁၉၁၉)၊ ရွှေပြည်ကြီး (၁၉၂၁)၊ တပင်ရွှေထီး (?)၊ ပန်ထွာမင်းသမီး (?)၊ ဗညားနွဲ့ (?) စသော ရာဇ၀င်ဝတ္ထုရှည်ကြီးများ ၊ မြန်မာရာဇ၀င်သံခိပ်ကျမ်း (ဒုကြိမ်၊ ၁၉၃၀) တို့ ဖြစ် ကြသည်။ ၁၉၃၂ နှစ် တွင် ရန်ကုန်တက္ကသိုလ်က ဂုဏ်ထူးဆောင်မဟာဝိဇ္ဇာဘွဲ့ ချီးမြှင့်ပေးအပ် သည်။
၂၁ ဧပြီ ၁၉၃၉ တွင် မုံရွာမြို့ နေအိမ်မှာ ကွယ်လွန်သည်။
[စာကိုး။ ။ (၁) မောင်သုတ။ စာဆိုတော် များ အတ္ထုပ္ပတ္တိ (၂၀၀၂)။ စာ ၃၂၈-၃၃၁။ (၂) ပါရဂူ။ လယ်တီပဏ္ဍိတ ဆရာဦးမောင်ကြီး (၁၉၉၅)။ (၃) သိပံ္ပမောင်ဝ။ စာပေယဉ်ကျေးမှု (၂၀၀၆)။ (၄) လယ်တီဦးလှပိုင်။ လယ်တီဂန္ထ၀င် ပုဂ္ဂိုလ်ကျော်များ သမိုင်း (၁၉၆၇)။ စာ ၃၈၅-၄၃၂)။]
ရခိုင်ပြည်နယ် သံတွဲ မြို့၌ အဖ ဦးဖိုး၊ အမိ ဒေါ်ရွှေချိန်တို့က ၁၈၈၀ ပြည့်နှစ် နိုဝင်ဘာလ တွင် ဖွားမြင်သည်။ တက္ကသိုလ် နန္ဒမိတ်၊ ဦးတင်ဦး (ရန်ကုန်တက္ကသိုလ် ဘာသာပြန်နှင့် စာအုပ် ထုတ်ဝေရေး ဌာန စာတည်း)၊ ကဗျာဆရာ ချစ်သန္တာတို့၏ ဦးလေးတော် သူ ဖြစ်သည်။ အမည် ရင်းမှာ ဦးထွန်းကြိုင် ဖြစ်သည်။
ငယ်စဉ်က မျိုးချစိတ်ဓာတ်အရ အင်္ဂလိပ်စာပေကို မုန်းတီးသော ကြောင့် အင်္ဂလိပ်စာသာ အဓိကပြုသင်သော ကျောင်းများ ၌ မနေခဲ့ပေ။ အင်္ဂလိပ်-မြန်မာ အထက်တန်းကျောင်းတွင် သာ ခုနစ် တန်းအထိ သင်ဖူးခဲ့သည်။ နောင်တွင် စာရေး ၊ စာဖတ် ၀ါသနာပါလွန်းလှသဖြင့် အင်္ဂလိပ်စာပေကို အလွတ်ဆည်းပူးခဲ့ရာ ဂန္ထ၀င်မြောက် အင်္ဂလိပ်ဝတ္ထုကြီးများ အပြင် ကမ္ဘာကျော်အတ္ထုပ္ပတ္တိများ ၊ ဘာသာရေး နှင့် နိုင်ငံရေး ကျမ်းများ ကိုပါ ကျွမ်းကျင်စွာ ဖတ်ရှုဘာသာပြန်ပြုစုနိုင်ခဲ့ပေသည်။ ဇာတိ သံတွဲ မြို့မှာ ထက် ရန်ကုန်မြို့တွင် အနေများ သူ ဖြစ်သည်။ မန္တလေးမြို့ရှိ ရဲအရာရှိသင်တန်းကျောင်း (ဆပ်ကျောာင်း) သို့ တက်ရောက်နေစဉ် ဆရာလွန်း (ဆရာကြီး သခင်ကိုယ်တော် မှိုင်း) နှင့် ခင်မင် ရင်းစွဲရှိသဖြင့် ဆရာလွန်းခေါ်ယူသော ကြောင့် သူရိယသတင်းစာတိုက်တွင် ဘာသာပြန်လက် ထောက်အယ်ဒီတာအ ဖြစ် ဆောင်ရွက်သည်။ သံတွဲ မောင် အကြိုက်နှစ်သက် ဆုံးစာအုပ်မှာ လှိုင် ထိပ်ခေါင်တင်၏ “ဣန္ဒာဝံသ နန်းတွင်းဇာတ်တော် ကြီး” ဟူ၍ ဖွင့်ဟခဲ့သည်။
သူရိယသတင်းစာတိုက်တွင် ဘာသာပြန်လက်ထောက်အယ်ဒီတာအ ဖြစ် ဆောင်ရွက်နေ စဉ် သူရိယရုပ်စုံသတင်းစာမှာ ပင် “နပိုလီယံ ဘိုနာပတ်” အတ္ထုပ္ပတ္တိကို ရေး သားသည်။ ၁၄ ဇွန် ၁၉၃၁ ထုတ် သတင်းစာတွင် စတင်ဖော်ပြခဲ့သည်။ ရုပ်ပုံများ ဖြင့်ဖော်ပြခဲ့ရာ လူကြိုက်များ ကြောင်း၊ လုံးချင်းထုတ်ဝေရန် စာဖတ်ပရိသတ်အများ က တောင်းဆိုကြကြောင်း မှတ်တမ်းတွေ့ ရသည်။ ထို့ကြောင့် ၁၉၃၁ တွင် သူရိယသတင်းစာတိုက်လီမိတက်ကပင် ရုပ်ပုံ ၁၀ ပုံ၊ စာမျက်နှာ ၂၉၀၊ အဖိုး ၁ ကျပ် ၄ ပဲ၊ စာအုပ်အရွယ် ၁၃ × ၂၁ စင်တီဖြင့် ထုတ်ဝေခဲ့သည်။ စာရေး သူ၏ ပထမဆုံး သော လုံးချင်းစာအုပ် ဖြစ်၍ ထိုစာအုပ်နှင့် ပင် စာပေလောကသို့ ခြေစုံပစ်၍ ၀င်ခဲ့သည်။ မူရင်းမှာ Abbott’s “Life Of Napoleon Bonaparte” စာအုပ် ဖြစ်သည်။ ဘာသာပြန်သူက “နိဒါန်း” တွင် အောက်ပါအတိုင်း ဖော်ပြခဲ့သည်။
ဥရောပတိုက်ရာဇ၀င်တွင် အယ်လက်ဇန်ဒါ၊ ဆီးဇား၊ နပိုလီယံဆိုသော ကမ္ဘာကျော် အာဇာ နည်ယောက်ျား ၃ ယောက် ထင်ရှားပေါ်ပေါက်ရှိသည့်အနက် ဥရောပတိုက်တစ်တိုက်လုံးကို တုန် လှုပ်ချောက်ချားစေခဲ့သော နပိုလီယံဆိုသူသည်ကား သာမန်လူစားမှသည် ကိုယ့်ကိုယ်ကို အားကိုး၊ ကိုယ့်ထူးကိုယ်ချွန် သက်သက်ဖြင့် ပြင်သစ်နိုင်ငံ၏ အင်ပိုင်ယာဘုရင်ကြီးအ ဖြစ်သို့တိုင် ရောက်ရှိ လေရာ၊ ၎င်းနပိုလီယံ၏ အကြောင်းအရာ အတ္ထုပ္ပတ္တိတို့မှာ အက်ဘော့ဆိုသူ အမေရိကန် စာရေး ဆရာကြီးတစ်ဦးက ဟုတ်တိုင်းမှန်ရာ စိစစ်ဖွေရှာ၍ သေသေချာချာစာချုပ်စာတမ်း အကိုးအကား များ စွာ နှင့် တကွ ရေး သားထားသည့်အတိုင်း၊ ကိုယ့်ထူးကိုယ်ချွန်အလုပ်မျိုးဖြင့် ကမ္ဘာပေါ်တွင် တံခွန်စိုက်ထူနိုင်သော နည်းနာနိဿရည်းများ ဖြစ်သော ကြောင့် ၎င်းနည်းနာနိဿရည်းများ ကို အားပါးတရဖတ်ရှု နည်းယူကြစေခြင်းအကျိုးငှာ ဘာသာပြန်ဆို၍ ရေး သားဖော်ပြလိုက်ပါကြောင်း။
“နပိုလီယံဘိုနာပတ်” စာအုပ်၏ သြဇာသည် နှောင်းခေတ်မြန်မာနိုင်ငံထုတ် “နပိုလီယံ ” အတ္ထုပ္ပတ္တိစာအုပ်များ အပေါ်တွင် ကြီးကြီးမားမား သြဇာသက်ရောက်နေသည်ကို တွေ့ ရှိနိုင်သည်။ ထွက်ရှိသမျှ စာအုပ်များ စွာ တွင် “နပိုလီယံ ဘိုနာပတ်” စာအုပ်မှ စာသားများ ကို အချို့မှာ လုံးဝ နီးပါးမျှ၊ အချို့ကမူ ငါးဆယ်ရာခိုင်နှုန်းမျှ ထုတ်နုတ်ရယူအသုံးပြုထားခြင်းက သက်သေပြနေခြင်း ပင် ဖြစ်တော့သည်။
ထို့နောက် တူရကီအာဏာရှင်၊ မြန်မာပြည် ဟုမ္မရူးကျမ်း (Dominion Home Rule)၊ ဂီးခရစ်၏ နိုင်ငံရေး သိပံ္ပပညာ (Political Science)၊ မက်ဇီနီ၏ လူ့တာဝန် (Duties of Man)၊ ပိန်း၏ လူ့အခွင့်အရေး (Rights of Man)၊ တော် ဘွိုမ်း၏ အစိုးရ၏ မကောင်းမှု များ (မိစ္ဆာအစိုးရ) (Evils of Government)၊ မက္ခရာဗလ်လီ၏ မင်းသား (Prince by Niccolo Machiavelli) (1469-1527)၊ ဂန်ဒီ၏ ဟင်းဆွာရပ် (Hind Swaraj)၊ အာသော ကမင်းတရားကြီး အတ္ထုပ္ပတ္တိနှင့် ကမ္ပည်း ကျောက်စာတော် များ (၁၉၃၉) နှင့် တကယ့်ခေါင်းဆောင် အိုင်းရစ်အာဇာနည် (၁၉၄၀) တို့ကို မြန်မာဘာသာပြန်ဆိုပြုစုခဲ့သည်။
ယင်းတို့တွင် “အသော ကမင်းတရားကြီး အတ္ထုပ္ပတ္တိနှင့် ကမ္ပည်းကျောက်စာတော် များ ” သည် ထူးထူးခြားခြား မှတ်တိုင်စိုက်ခဲ့သော စာအုပ်ဟူ၍ ယူသော်ရနိုင်မည် ထင်ပါသည်။ ထိုစာအုပ် မတိုင်မီက မြန်မာနိုင်ငံတွင် အသော ကမင်းတရားကြီး၏ အတ္ထုပ္ပတ္တိဟူ၍ မြန်မာဘာသာဖြင့် ပြည့် ပြည့်စုံစုံ ပြုစုထားသော စာအုပ်ဟူ၍ မရှိချေ။ မဟာဝင်ကျမ်းတွင် သာ အသော ကမင်းတရားကြီး အကြောင်း အမြွက်မျှ ဖော်ပြထားသည်ကို တွေ့ ရှိနိုင်သည်။ ထို့ကြောင့် အစောဆုံးမြန်မာဘာသာ နှင့် ရေး သားထုတ်ဝေသည့် အသော ကမင်းတရားကြီး၏ အတ္ထုပ္ပတ္တိစာအုပ် ဖြစ်သည်။ ထို့ပြင် ဤ ကျမ်းကိုပြုစုရာတွင် စာတစ်အုပ်တည်းကိုသာ မြန်မာပြန်ထားခြင်းမဟုတ်ပေ။ ဒေါက်တာဟတ်ဇက် (Dr. E. Huetzsch) ၏ အသော ကမင်းတရားကြီး၏ ကမ္ပည်းကျောက်စာ၊ ဒေါက်တာ ဗင်းဆင့်စမစ် (Dr. Vincent A. Smith) ၊ ဒေါက်တာမက်ဖေး (Dr. J. M. Mc Phail) ၊ ဒေါက်တာ ဘန်ဒကား (Dr. D. R. Bhandarkar)၊ ဒေါက်တာမူကာဂျီ (Dr. Radhakumud Mookerji) တို့၏ အသော က မင်းတရားကြီးနှင့် ပတ်သက်သော စာအုပ်များ အပြင် ကာလကတ္တား၊ လတ်ခနောင်၊ လာဟိုးစသော အိန္ဒိယနိုင်ငံ သိပံ္ပကျောင်းကြီးများ တွင် ပြဋ္ဌာန်းထားသည့် စာအုပ်များ မှ အချက်အလက်များ ကို စိစစ် ညှိနှိုင်းကောက်နုတ်တည်းဖြတ်ပြုစုထားရာ ခိုင်လုံပြည့်စုံလှပေသည်။ တစ်ဖန် ကျောက်စာ မြန်မာ ဘာသာပြန်ဆိုချက်များ ကို ဓာတ်ပုံမူရင်းများ နှင့် တကွ ဖော်ပြထားရာ ကျမ်းတစ်စောင်အ ဖြစ် ပီပြင် ကိုးစားမှု အပြည့်ရှိပေသည်။ ထို့ကြောင့် ပင်လျှင် အဆိုပါကျမ်းသည် ပထမဆုံးသော ၀ိုင်အမ်ဘီအေ ဆုကို ၁၉၃၉ တွင် ရရှိခဲ့သည့်အပြင် ၁၉၄၇ တွင် အင်္ဂလိပ်-မြန်မာ ၁၀ တန်းစာမေးပွဲအတွက် ကျောင်းသုံးပြဋ္ဌာန်းခြင်း ခံခဲ့ရပေသည်။ ဤကျမ်းကို ပြုစုခဲ့ခြင်းအတွက် စာရေး သူမှာ အကျိုးများ စွာ ဖြစ်ထွန်းခဲ့ကြောင်း၊ ကြည့်မြင်တိုင် ကြံခင်းလမ်းတွင် နေစရာအိမ်တစ်ဆောင်၊ မြေတစ်ကွက် ရရှိခဲ့ ကြောင်း၊ ငွေကြေးအတော် အတန်စုမိခဲ့ရာ အင်္ဂလန်နိုင်ငံမှပင် “ဒုတိယကမ္ဘာစစ်ကြီးအကြောင်း” အတွဲ လိုက်စာအုပ်များ ကိုပင် ဘာသာပြန်ရန်အလို့ငှာ မှာ ယူခဲ့ကြောင်း မှတ်တမ်းတွေ့ ရသည်။
“တကယ့်ခေါင်းဆောင် အိုင်းရစ်အာဇာနည်” စာအုပ်မှာ မူ အိုင်းရစ်အာဇာနည်ခေါင်းဆောင် မိုက်ကယ်ကောလင်း၏ ကြောင်းရာထုပ္ပတ်ကို ဘာသာပြန်ပြုစုထားခြင်း ဖြစ်သည်။ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှု အထွတ်အထိပ်ကာလတွင် “ကျွန်ုပ်တို့ မြန်မာအမျိုးသားများ မှာ နောက်လိုက်ကောင်း သလောက် ခေါင်းဆောင်မရှိဟု သူငါငါ ညည်းညူပြောဆိုနေကြသည်ကို နားမဆံ့အောင် ကြားရ ပေသည်။ သို့ ဖြစ်ရာ ‘တကယ့်ခေါင်းဆောင်’ ဟူသည်မှာ ‘သူ’ ပဲဟူ၍ ညွှန်ပြနိုင်လောက်အောင် သံတွဲ မောင်သည် ဤစာအုပ်ကို ရေး သားလိုက်ခြင်း ဖြစ်ရာ ဤမိုက်ကယ်ကောလင်း၏ အတ္ထုပ္ပတ္တိ ကို ဖတ်ရှုသူမြန်မာပြည်သူပြည်သားအပေါင်းတို့သည် အထူးနှစ် ထောင်းအားရ ၀မ်းမြောက်ကြလိမ့် မည် ဟု မျှော်လင့်ရပေသတည်း” ဟူ၍ မြို့မဆရာဟိန်က “စကားချီး” ရေး သားထားပေသည်။
မြန်မာစာပေ ဘဏ္ဍာတိုက်အတွင်းသို့ အဖိုးထိုက် အဖိုးတန် ကမ္ဘာ့ဂန္ထ၀င် ကျမ်းစာများ ပြုစု ထည့်သွင်းခြင်းအလုပ် အရှိန်ရနေစဉ်မှာ ပင် သံတွဲ မောင်သည် ခြေလက်ရောင် ရောဂါ ဖိစီးလျက် နာမကျန်း ဖြစ်လာခဲ့သည်။ ပိုမိုဖိစီးလာရာ ရန်ကုန်ဆေးရုံကြီး အထူးတန်းတွင် တက်ရောက်ကုသ လာရသည်။ သို့ သော် ရောဂါ အခြေအနေမှာ မသက်သာ။ ပို၍ သာ ဆိုးရွားလာသည်။ စကားမပြော နိုင်အောင် အသံဝင်သွားပြီးနောက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီ ၁၄ ရက်နေ့တွင် ကွယ်လွန်ခဲ့သည်။ မြန်မာစာပေလောကအတွက် အဖိုးတန်ပညာရှင်တစ်ဦးကို လက်လွတ်ဆုံးရှုံးရခြင်းပင် ဖြစ်တော့ သည်။
[စာကိုး။ ။ (၁) ဒဂုန်ရွှေမျှား။ မြန်မာနိုင်ငံ စာပေဆုများ (၁၉၇၂)။ (၂) ချစ်သန္တာ။ သံတွဲ မောင်၊ သွေးသောက် (ဒီဇင်ဘာ ၁၉၅၉)။ စာ ၁၀၁-၁၀၅။ (၃) ကထိက ဦးကျော်ရင်။ ပထမ ကလောင်၊ ပုလဲပန်း ၁၃၂၀ ခု စာဆိုတော် နေ့ အထိမ်းအမှတ်။ ရန်ကုန်တက္ကသိုလ် ကလောင် အသင်း။ ၁၉၅၈။ စာ ၅-၈ နှင့် ၆၂-၆၄။]

သုံးဆယ်မြို့ ရွာမရပ်၌ အဖ ပန်းထိမ်ဆရာ ဦးရွှေခမ်း၊ အမိ ဒေါ်စိန်နုတို့က ၅ နိုဝင်ဘာ ၁၈၈၃ ခု တနင်္လာနေ့ နံနက် ၉ နာရီတွင် မွေးဖွားသည်။ မွေးချင်းငါးယောက် တွင် အကြီးဆုံး၊ ငယ် အမည် မိုးနှင်း။ ဇာတာအမည် မောင်ကျော်ညွန့်၊ နောင်တွင် အဖျားဆွတ်၍ မောင်ကျော်ဟုခေါ် သည်။ ၁၉၁၆-၁၇ တွင် အလုံနှစ် ခြင်းသာသနာပြုကျောင်း၌ လက်တင်ဆရာလုပ်ရာ ဖီးလစ်မိုးနင်း မှ ပီမိုးနင်းဟု အမည် တွင် သည်။
ငယ်စဉ်က မိဘများ ဆင်းရဲလွန်းသော ကြောင့် ပညာကိုကောင်းစွာ မသင်နိုင်။ ထို့ကြောင့် အိမ်မှထွက်ပြေးပြီး သုံးဆယ်ရှိ ဗရင်ဂျီ သာသနာပြုကျောင်းတွင် ပညာသင်ယူသည်။ သုံးနှစ် အကြာ ၄ တန်းအောင်သော အခါ မော်လမြိုင် ဆင်မီနာရီကျောင်း၊ ၁၈၉၉ တွင် ပီနန် ဂျင်နရယ်ကောလိပ် တို့တွင် ဆက်လက်သင်ယူခဲ့သည်။ အသက် ၁၉နှစ် ခန့်တွင် ရန်ကုန်သို့ ပြန်ရောက်သည်။ ထို့နောက် ရှင်သာမဏေ၀တ်သည်။ မိခင်နှင့် ပထွေးအကူအညီဖြင့် မြန်မာစာလေ့လာသည်။ ၁၉၀၆ ၌ လယ်တီဆရာတော် ထံတွင် ပဉ္ဇင်းခံသည်။ ပရမတ္တသံခိပ်ကို သင်ယူသည်။ တစ်နှစ် ကျော်အကြာ တွင် လူထွက်သည်။
၁၉၀၂ ခုခန့်တွင် ကြို့ပင်ကောက်ရှိ ဗရင်ဂျီကျောင်းမှာ ဆရာ၊ လမ်းဘက်ဆိုင်ရာရုံး (သာယာဝတီ)၊ ပြည်သူ့ဆေးရုံ (ပြည်) တို့တွင် စာရေး လုပ်သည်။ ထို့နောက် ဟံသာဝတီ သတင်း စာတိုက်တွင် ခြောက်လကျော်ခန့် ဘာသာပြန်အလုပ်လုပ်ပြန်သည်။ ထိုမှ သုံးဆယ်နှင့် ဓမ္ဘီရှိ ဗရင်ဂျီကျောင်းများ တွင် ကျောင်းဆရာ၊ အင်္ဂပူအစိုးရဘိန်းဆိုင်၌ ဘိန်းစာရေး ၊ မင်းလှ၌ အင်္ဂလိပ် ကျောင်းဆရာ၊ သုံးဆယ်မြို့ မြန်မာ့မိတ်ဆွေမဂ္ဂဇင်း ထုတ်ဝေသူ (၁၉၁၄)၊ မြန်မာ့အလင်းသတင်း စာ ဘာသာပြန်ဆရာ (၁၉၁၅)၊ သူရိယသတင်းစာ ဆပ်အယ်ဒီတာနှင့် အလုံနှစ် ခြင်းသာသာနာပြု ကျောင်း လက်တင်ဆရာ (၁၉၁၆-၁၇)၊ ထို့နောက် ပညာ့အလင်းသတင်းစာ၊ သစ္စာဝါဒီ သတင်းစာ၊ ဗန္ဓုလဂျာနယ်တို့တွင် လုပ်ကိုင်ခဲ့သည်။ တစ်ဖန် “မေတ္တာနှင့် သူရာ” ဇာတ်ညွှန်းရေး သူ (၁၉၁၉)၊ အောင်တော် မူမဂ္ဂဇင်း ထုတ်ဝေသူ (၁၉၂၀)၊ နောလိပ်မဂ္ဂဇင်း အယ်ဒီတာ (၁၉၃၇)၊ လမ်းညွှန် ဂျာနယ် အယ်ဒီတာအပြင် စာရေး ခြင်းဖြင့် ၀မ်းရေး မဖူလုံသော ကြောင့် ဆေးဖော်ရောင်းခြင်း၊ ဂျာမန် ရွှေတုပစ္စည်းလုပ်ရောင်းခြင်းတို့ကိုလည်း လုပ်ကိုင်ခဲ့သည်။
မောင်ကျော်၊ ပိုက်ဆံကြီး၊ ပီမိုးနင်း၊ ပေါက်ဆိန်၊ လူမင်း၊ လေပွ၊ ဦးလေပွ၊ ကြွက်စုတ် စသည့်ကလောင်အမည် များ စွာ ကို အသုံးပြု၍ စာနယ်ဇင်းပေါင်းများ စွာ တွင် ၀တ္ထုတို၊ ရှည်၊ စိတ် ပညာ၊ တက္ကဗေဒ၊ ဒဿနိက၊ တက်ကျမ်း၊ နိုင်ငံရေး ကျမ်း၊ အင်္ဂလိပ်ဘာသာစကားသင်စာအုပ် စသည်ဖြင့် ဘက်စုံ၊ စွယ်စုံ၊ စာစုံရေး သားခဲ့သည်။ လောကီလမ်းပြ နိသျကျမ်း (၁၉၁၄) သည် ပထမဆုံးကျမ်း ဖြစ်သည်။ မောင်ကျော်အမည် ဖြင့် ရေး သည့် ခင်ထား၊ ပင်လယ်ကူးဓာတ်ပုံ၊ စုံထောက်မောင်ရွှေရ၏ စွန့်စားခန်း၊ ဘီအေမောင်တင့်နှင့် ကချေသည် မယ်မြင့်တို့သည်လည်း ကောင်း၊ ပိုက်ဆံကြီးအမည် ဖြင့် ရေါ်သည့် နေရီရီ၊ ပွဲစားကြီးသားအဖနှင့် မြမြ၊ ဘားမားဒေး၊ မယ် ယက္ခတို့သည်လည်းကောင်း၊ ပီမိုနင်းအမည် ဖြင့် ရေး သည့် နေညိုညို၊ တစ်ကိုယ်တော် ၊ ချစ်ပန်းနွယ်၊ သဲမြညှာ၊ သင်းတို့အကြံတို့သည်လည်းကောင်း ထင်ရှားသော ၀တ္ထုများ ဖြစ်ကြသည်။ ပီမိုးနင်း၏ ပီမိုးနင်းအမည် ရှိ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိကိုလည်း ပြုစုခဲ့သည်။
၅ ဒီဇင်ဘာ ၁၉၃၉ တွင် မြန်မာ့အလင်းသတင်းစာတိုက်၌ ကျင်းပသော အမျိုးသားအောာင် ပွဲနေ့ အခမ်းအနားမှအပြန် စက်ဘီးအတိုက်ခံရသည်။ ယင်းဒဏ်ရာကြောင့် ပင် ၆ ဇန်န၀ါရီ ၁၉၄၀ ပြည့်နှစ် နံနက် ၉း၁၉ နာရီ၊ အသက် ၅၆ နှစ် အရွယ်တွင် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သည်။
[စာကိုး။ ။ (၁) မြန်မာစာပေအဘိဓာန် (၄) (၁၉၈၅)။ စာ ၅၇-၅၉။ (၂) မလိခ။ မြန်မာ ၀တ္ထုအညွှန်းပေါင်းချုပ် (၂၉၂၁)။ စာ ၃၃၁-၃၃၄။ (၄) ပီမိုးနင်း၏ ပီမိုးနင်း (မ-၁၃၀၂)။ ရန်ကုန် ဂျာနယ်ကျော်တိုက်။ (၅) တိုက်စိုးနှင့် မင်းယုဝေ။ စာဆိုနှင့် သုတေသီ (၂၀၁၄)။ စာ ၉၂-၁၀၃)။ (၆) ပီမိုးနင်း နှစ် တစ်ရာပြည့်ပွဲကျင်းပရေး ကော်မတီ။ ပီမိုးနင်း (၁၈၈၃-၁၉၄၀)။ (၁၉၈၃)။ ရန်ကုန်။ စာပေလောက]
![]() နှစ်ဆယ်ရာစု မြန်မာစာရေးဆရာ ၁၀၀ |