
ဒီနေ့မှ ဖေဖေကလည်း ချစ်ခွန်းချို မသွားချင်ပါဘူးဆိုသည့် နေရာကို ဆိုက်ဆိုက်မြိုက်မြိုက် စေလွှတ်လိုက်၏ ။ ဒီလိုမျိုး ရွှံ့တွေ ဗွက်တွေ နေရာတကာမှာ လက်ညှိုးထိုးမလွဲ ရှိနေပြီး ကျဉ်းမြောင်းလှသော လမ်း လေးထဲကို ခွန်းချိုရဲ့ ကားလေးကလည်း ဝင်ဖို့ အဆင်မပြေပြန်ပါ။
ထို့ကြောင့် ပင် ဒီလမ်းကျဉ်းလေးထဲသို့ မရောက်ခင် လမ်းချိုး တစ်ခု ဖြစ်သည့် လမ်းကျယ်တစ်ခုပေါ်မှာ ပင် ကားကို ထားခဲ့လိုက်ရ၏ ။ ဖေဖေ ပေးလိုက် သော လိပ်စာကလည်း တော် တော် ကို ရှာရခက်ပါသည်။ တစ်အိမ်ပြီးတစ်အိမ် ဝင်မေးပါသော်လည်း မသိသူက များ နေ၏ ။
စိတ်ပျက်လက်ပျက် ဖြစ်လာသည်ထိ အချိန်တွေ ကြာမြင့်လာ သော အခါမှာ တော့ ခွန်းချို တစ်ယောက် ဟစ်လို့သာ အော်ပစ်လိုက်ချင် တော့၏ ။ ဗွက်လွတ်ရာ အပင်တစ်ပင်အောက်မှာ မတ်မတ်ရပ်ရင်း ပတ်ဝန်းကျင်ကို ဘယ်နှကြိမ်မြောက်မှန်းမသိ ဝေ့ဝဲကြည့်မိပြန်သည်။
ဖေဖေပေးလိုက် သော လိပ်စာအရတော့ ဒီနေရာဆိုတာ သေချာ ပါသည်။ ဒါပေမဲ့ ဒရိုင်ဘာ ဦးလေးကြီးအိမ်ကို ရှာလို့ မတွေ့ သေးပါ။ ခွန်းချို လက်ထဲမှာ ကိုင်ထားသော ဆေးဝါးများ နှင့် တန်ဖိုးကြီးအစား အသောက်တွေ ပါသည့် အိတ်လေးကလည်း တကယ့်ကို လေးလံလွန်း လှပြီ။
''ဟူး စိတ်ညစ်လိုက်တာနော်၊ ဒီလိုနေရာမျိုးကိုမှ ဖေဖေက လည်း ငါ့ကို လွှတ်ရက်တယ်''
ခွန်းချို အသံက ခပ်တိုးတိုးဆိုပေမယ့် သူမရှေ့မှ ဖြတ်သွား သော ကောင်လေး တစ်ယောက် ကတော့ ကြားသွားပုံပေါ်ပါသည်။ ခွန်းချို ကို သမင်လည်ပြန်ပင် လှည့်ကြည့်လိုက်သေး၏ ။ နောက်တော့ ခြေလှမ်း သုံးလေးလှမ်းခန့် လျှောက်သွားပြီး ရပ်သွားပြန်ကာ ချက်ချင်း ပင် သူမ ရှိရာဆီသို့ ပြန်လှည့်လျှောက်လာသည်။
''ဒီမှာ မင်းက ဘယ်သွားမလို့လဲ''
သူနဲ့လည်း မသိပါဘဲ ဘလိုင်းကြီး လာမေးသော လူငယ်ကို ခွန်းချိုက မျက်စောင်းလေးချီလျက် မော့ကြည့်လိုက်သည်။ ဝတ်စားထား ပုံက မသားနားပေမယ့် သပ်ရပ်သည်။ ဆံပင်တိုတိုများ ကို ဂျယ်လိမ်းကာ စနစ်တကျ ထောင်ထားသည်။ အပေါစားမှန်း သိသာသော ရှပ်လက်တို တစ်ထည်ကို ချည်ကြမ်းပုဆိုးတစ်ထည်နှင့် တွဲ ဖက်ဝတ်ဆင်ထား၏ ။
အချိန်တိုလေးအတွင်းမှာ ပဲ ခွန်းချိုက ဒီလူ့ပုံစံကို သေချာ ကြည့်လိုက်မိသည်။ ဒီလိုနေရာက လူတွေ ကို ဒီလောက် ကြည့်ထားပါမှ အကဲခတ်လို့ ရမည် ။ သိပ်တော့ စိတ်ချရတာ မဟုတ်။ ကူညီချင်ယောင် ဆောင်ပြီး ကိုယ့်ကို အန္တရာယ်ပြုနေက ခက်မည် ။ ခွန်းချိုရဲ့ တစ်ကိုယ် လုံးကလည်း တန်ဖိုးကြီး လက်ဝတ်လက်စားတွေ ကိုချည်းပဲ ဆင်မြန်း ထားသည် မဟုတ်လား။
''ဟိတ် လူကို ဘာကြောင်ကြည့်နေတာလဲ၊ မင်းကို မေးနေ တယ်လေ၊ ဘယ်သွားမလို့လဲလို့''
''နင်က ဘယ်သူလဲ''
ခွန်းချိုရဲ့ စိမ်းပြတ်သော အထက်စီးဆန်ဆန် လေသံမာမာ ကြောင့် ထိုလူ့မေးကြောများ တင်းခနဲ ဖြစ်သွားသည်။ စူးရှသော မျက်လုံး များ က သူမကို ထိုးဖောက်မတတ် စိုက်ကြည့်လိုက်ပြီး ချာခနဲ လှည့်ထွက် သွား၏ ။ သူမ နည်းနည်း တော့ အံ့အားသင့်သွားသည်။
ဒီလူက ဘယ်လိုပါလိမ့်။ ကိုယ်မသိသော အရပ်တစ်ခုတွင် ကိုယ် မသိသော သူစိမ်း ယောက်ျားတစ်ဦးက စကားလာပြောသည်ကို ခွန်းချိုက ဒီတိုင်းပဲ ပြန်လည် ပြောလိုက်ရမည် တဲ့လား။ နည်းနည်း ပါးပါးတော့ ဘယ်သူဘယ်ဝါဆိုတာ သိခွင့်ရှိရမည် မဟုတ်လား။
ဒီခေတ်ကြီးထဲမှာ က သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားသော လူများ က ပိုလို့တောင် ကြောက်ဖို့ကောင်းနေတတ်ကြတာ။
ခက်တာက သူမရဲ့ တကယ့်စိတ်ရင်းထဲတွင် တော့ အဲဒီ လူက ခုမှမြင်ဖူးပေမယ့် ဆိုးသွမ်းမည့်  လူ တစ်ယောက် မဟုတ်ဘူး ဆိုတာ အလိုလို လက်ခံနေမိခြင်း ဖြစ်သည်။
ထို့ကြောင့် ပင်
''ဒီမှာ ဒီမှာ ခဏနေဦး''
ခြေလှမ်းကျဲကြီးများ ဖြင့် ထွက်သွားသော သူ့နောက်သို့ အပြေး တစ်ပိုင်း လိုက်မိသော ကြောင့် သူမမှာ ရှေ့တည့်တည့်မှ ဗွက်အိုင်ကို မမြင်တော့ဘဲ တည့်တည့်မတ်မတ်ပင် တက်နင်းချလိုက်မိတော့သည်။
''အမလေး ဟာ သွားပါပြီ''
သူမရဲ့ မျက်နှာလေးမှာ ချက်ချင်း ပင် ငိုမဲ့မဲ့ ဖြစ်သွားရလျက် မကျေမနပ် ရေရွတ်သံများ လည်း အဆက်မပြတ် ထွက်ကျလာတော့၏ ။
သူသည် ခုနက ခွန်းချို လှမ်းခေါ်လိုက်သော အသံကြောင့် လား၊ ဒါမှမဟုတ် လောလောလတ်လတ် မြည် တွန်တောက်တီး နေမိသော အသံများ ကြောင့် လားတော့ မသိ၊ သူမကို လှည့်ကြည့်ဖော်ရလေသည်။
နောက်တော့ ခပ်ဖြည်းဖြည်းချင်းပင် သူမနားသို့ ပြန်လျှောက် လာ၏ ။
''ဘာလုပ်ပေးရမလဲ''
အသံက ခပ်ပြတ်ပြတ်သာ၊
''ဒီမှာ ခြေထောက်တွေ အားလုံး ညစ်ပတ်ကုန်တာ မမြင်ဘူး လား၊ ရေဆေးနိုင်မယ့်နေရာ ဘယ်မှာ ရှိလဲ''
သူ ကျွတ်ခနဲ စုတ်သပ်လိုက်သည်။ နောက်တော့ ကျွန်မကို ခါးထောက်လျက် ကိုယ်ကို ခပ်လျှောလျှော ရပ်ကာ ကြည့်၏ ။
''မင်းက ဘယ်လိုမိန်းမလဲကွ၊ ကူညီဖို့ လာတဲ့လူကို ဒီလိုပဲ လေသံမာမာနဲ့ ပြောရသလား၊ ဒီတစ်ခါနဲ့ပါဆို မင်းနဲ့တွေ့ တဲ့ မိနစ်သေး သေးလေး အတွင်းမှာ ကိုပဲ ငါ့ကို စော်ကားနေတာ နှစ် ခါရှိပြီ''
တကယ်တော့ အဲဒီ လေသံဟာ ခွန်းချိုက သူ့ကို တမင် သက်သက် လုပ်ပြောနေသော လေသံမဟုတ်ပါဘဲ သူမရဲ့ တကယ့်အသံ အစစ်အမှန်သာ ဖြစ်သည်။ ဒါကိုတော့ ရှင်းပြဖို့အတွက် မတတ်နိုင်ပါ။
''နင် ကူညီမှာ လား၊ မကူညီဘူးလား''
''တောက် မင်းကွာ၊ ရုပ်လေးနဲ့မှမလိုက် တော် တော် လေးကို ယဉ်ကျေးမှု ခေါင်းပါးပါလား''
သူ ချက်ချင်း ပင် လှည့်ထွက်ရန် ပြင်လိုက်၏ ။ ဒီတစ်ခါတော့ ခွန်းချိုကလည်း ခပ်သွက်သွက်လေးပင် တားမြစ်လိုက်ပါသည်။
''နေပါဦး၊ တစ်ခုလောက် မေးချင်လို့''
ခွန်းချိုက လက်ထဲမှ လိပ်စာရေး ထားသော စာရွက်ပိုင်းလေးကို သူ့ထံကမ်းပေးလိုက် ၏ ။ လှမ်းယူဖတ်ကြည့်ပြီး သူ့မျက်လုံးများ က စူးစမ်း လိုမှု များ ဖြင့် လင်းလက်သွား၏ ။ လက်ထဲမှ လိပ်စာကိုတစ်လှည့် သူမ ကိုတစ်လှည့် နားမလည်နိုင်သော အကြည့်များ ဖြင့် အပြန်ပြန် အလှန်လှန် ကြည့်လိုက်ပြီး
''ဒီအိမ်ကို မင်းက ဘာလို့လိုက်ရှာနေတာလဲ''
''ဒီပစ္စည်းတွေ သွားပေးဖို့ပါ''
သူမ ကိုင်လာသော လက်ထဲမှ အထုပ်ကို မြှောက်ပြလိုက်၏ ။ သူ့ပုံစံက သူမအပေါ်မှာ တော် တော် လေးကို စိတ်ဝင်တစား ရှိလာပုံရ သည်။
''ငါ့နောက်က လိုက်ခဲ့''
''ဒီခြေထောက်ကရော''
''အဲဒီ ရောက်မှ ဆေးလိုက်ပေါ့''
မတတ်နိုင်၊ သူ့နောက်မှ လိုက်သွားရုံကလွဲ၍ သူမ ဘာမှ မတတ်နိုင်တော့ပါ။ လမ်းကြိုလမ်းကြားများ ကို စိတ်ညစ်ညူးလောက် အောင် ထပ်တစ်ဖန် ကျော်ဖြတ်ပြီးသွားချိန်မှာ တော့ သူမ စိတ်မရှည်ချင် ဖြစ်လာ၏ ။
ဒီလူ ငါ့ကို တမင်နှောင့်ယှက်နေတာလားဟုပင် အတွေးဝင်လာ မိသည်။ လမ်းတွေ က စုတ်ပြတ်သပ်ရသည့်အထဲ အဲဒီ ကျဉ်းမြောင်း မြောင်း လမ်းတွေ ပေါ်မှာ ညစ်ပတ်နေသော အဝတ်အစားများ ဖြင့် ဗွက် လူးတော့မတတ် ဆော့ကစားနေကြသော ကလေးများ ကလည်း ရှိသေး သည်။ အိမ်ပေါက်ဝတွေ မှာ ထိုင်နေကြသော မိန်းမတချို့ကလည်း သူမ တို့နှစ် ယောက် ကို ကွက်ကြည့် ကွက်ကြည့်။
''ဒီမှာ နင် ငါ့ကို နောက်နေတာတော့ မဟုတ်ပါဘူးနော်''
''မလိုက်ချင် နေခဲ့လို့ ရတယ်''
အဲဒီ လိုတော့လည်း သူမမှာ အသံတိတ်လျက် သူ့နောက်က ဆက်လိုက်လာရပြန်သည်။ နောက်ဆုံးတွင် တော့ သွပ်မိုးပျဉ်ထောင်အိမ် ခပ်ကျဉ်းကျဉ်းလေး တစ်ခုထဲသို့ သူက တည့်တည့်မတ်မတ် ဝင်ချသွား ၏ ။ အဲဒါ ဘာလုပ်တာလဲ၊ ဒီအိမ်ဆိုရင်လည်း ဒီအိမ်ဆိုတာကို ပြပြီးလျှင် သူ့တာဝန်ကျေပြီလေ၊ ဘာကိစ္စ သူက ရှေ့မှဝင်သွားရတာ လဲ။
''နင် ပြန်လို့ရပြီလေ၊ ငါ သွားချင်တာ ဒီအိမ် မဟုတ်လား''
ခွန်းချိုအသံကို သူက မကြားချင်ယောင်ဆောင်လျက် အိမ် အတွင်းထဲထိ ဝင်သွား၏ ။ မဟုတ်မှလွဲရော ဒီအိမ်က လူတွေ နှင့် ဒီလူက ခင်မင်ရင်းနှီးနေတာလား။
''ထိုင်လေ ဘာရပ်လုပ်နေတာလဲ၊ မင်းခြေထောက် ရေဆေး ချင်ရင်တော့ ဟိုးခြံဝိုင်းထောင့်မှာ ရေစည်ရှိတယ်၊ သွားဆေးလိုက်''
သူက အိမ်ရှင် တစ်ယောက် လိုပင် အမိန့်ပေးလိုက် သေး၏ ။ ဒါပေမဲ့ သူမ မထိုင်ပါ။ ခြေထောက်ကိုတော့ သူ ပြသည့်နေရာတွင် သွားဆေးလိုက်သည်။ နောက်တော့ ပြန်လာပြီး အိမ်ရှေ့နားမှာ ပဲ ရပ်မြဲ ရပ်နေလိုက်၏ ။
''မထိုင်ဘူးဆိုရင်လည်း လာရင်းကိစ္စကို ဆောင်ရွက်ပြီး ပြန် ပေတော့၊ အူကြောင်ကြောင်နဲ့ ဘာမှန်းကို မသိဘူး''
''အောင်မာ နင် ငါ့ကို ဘာပြောတာလဲ''
''အေးလေ မှန်တာ ပြောတော့ နာတာပေါ့''
''နင်နော် တော် တော် တရားလွန်နေပြီ၊ နင့်ကို အိမ်လိုက်ပြ ပေးတဲ့အတွက် ဘယ်လောက်ပေးရမှာ လဲ၊ ပြီးရင် နင်ပြန်တော့''
သူ့မျက်နှာသည် ကြောက်မတ်ဖွယ်ရာ ကောင်းလောက်အောင် ပင် ခက်ထန်မာကျောသွား၏ ။ သူမ ကျောထဲကပင် စိမ့်သွားမိပါသည်။ ဒီလူနဲ့ လိုက်လာမိတာ အလွန်ကို မှားယွင်းသည်ဟုလည်း ကိုယ့်ဘာသာ အပြစ်တင်နေမိ၏ ။
ပြီးတော့ ဖေဖေ့ ဒရိုင်ဘာ ဦးလေးကြီးရဲ့ အိမ်ဆိုတာကရော ဒါသေချာရဲ့ လား။ သူ လိမ်လည်ခေါ်လာခဲ့တာလား၊ ဒီအိမ်ရှေ့ရောက် ပြီးတည်းက သူမတို့မှလွဲ၍ လူရိပ်လူယောင်မျှပင် မတွေ့ ရသေးပါ။
''မင်းပုံစံကြည့်ရတာ တော် တော် လေးတော့ ငွေဂုဏ်မောက် နေပုံပဲ၊ ဒါနဲ့ နေပါဦး၊ မင်းက ဖေဖေ့ကို ဘာကြောင့် တွေ့ ချင်ရတာ လဲ''
''ဖေဖေ''
သူမ နှုတ်ကနေ၍ သူ့စကားကို သံယောင်လိုက်လိုက်မိခြင်း ဖြစ်သည်။
''ဟုတ်တယ် မင်းရှာနေတဲ့ လိပ်စာက ငါ့အိမ်လိပ်စာ၊ လိပ်စာ ထိပ်မှာ တပ်ထားတဲ့နာမည် က ငါ့ဖေဖေ နာမည် ''
ဘာမှပြန်မပြောနိုင်တော့လောက်အောင် သူမ ကြောင်ငေးနေမိ ၏ ။ နောက်တော့မှ ကိုယ့်ကိုယ်ကို ဣနြေ္ဒပြန်ဆည်လိုက်ရင်း
''ဒါဆို နင့်အဖေရော၊ ငါ သူ့ကို ဒါတွေ လာပေးတာ''
လက်ထဲမှ အထုပ်ကို မြှောက်ပြလိုက်ရပြန်သည်။
''ဖေဖေက အဲဒါတွေ စားနိုင်လောက်အောင် မကျန်းမာဘူး၊ ဒါနဲ့ နေပါဦး၊ မင်းက ဖေဖေနဲ့ ဘယ်လိုသိတာလဲ''
''ငါ့ကို ကားတိုက်ခါနီး မှာ နင့်အဖေ ဝင်ကယ်ခဲ့တာလေ''
''ဘာ''
အတော် လေး ကျယ်လောင် စူးရှသော အံ့သြတကြီးနှင့် ဒေါသ သံလည်း စွက်နေသည့် အသံမျိုးဖြင့် သူ အော်လိုက်ခြင်း ဖြစ်သည်။ သူမ လန့်ဖျပ်သွားပြန်သည်။
''ဘယ်လို ဖြစ်တာလဲ၊ ဖြည်းဖြည်းသာသာ ပြောပါ၊ ဒါတွေ က နင်သိပြီးသားတွေ ပဲ မဟုတ်လား''
''အေး သိတယ်၊ သိလို့လည်း အဲဒီ သူဌေးသမီးကို ငါက နုတ်နုတ်စင်းပစ်ချင်နေတာ၊ ခုတော့ ငါ လိုက်ရှာစရာ မလိုဘဲ မင်းက ငါ့ရှေ့တည့်တည့် ရောက်နေပြီလေ''
သူက ခွန်းချိုနားသို့ တစ်လှမ်းတိုးကပ်လာသော ကြောင့် သူမ မှာ ထိတ်လန့်စွာ ပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်မိ၏ ။ သူမရဲ့ ကျောပြင်နှင့် နံရံမှာ တစ်သားတည်းကျသွားသည်။
သူ ခွန်းချိုကို ဘာလုပ်မှာ ပါလိမ့်၊ ဟင့်အင်း ခွန်းချိုတော့ ဒုက္ခတွေ့ တော့မှာ ပဲ၊ သူမ ကြောက်လန့်တကြားနှင့် ခေါင်းကို အဆက် မပြတ် ခါရမ်းနေမိသည်။ ပါးစပ်ကလည်း သူမကို ဘာမှမလုပ်ရန် တားမြစ်နေမိ၏ ။ ဒါပေမဲ့ သူ မကြားလောက်ပါ။
ခွန်းချို အသံများ သည် ကြောက်စိတ်ဖြင့် လည်ချောင်းထဲမှာ ပင် နစ်ဝင်ပျောက်ကွယ်နေပါပြီ။
ထိုအချိန်မှာ ပင် သူမ ပခုံးထက်ရှိ ဘေးတစ်စောင်းလွယ်ထား သော ဂျင်းအိတ်သေးသေးလေးထဲမှ ဖုန်းသံလေးက ကျယ်လောင်စွာ မြည် လာ၏ ။ ခပ်မြန်မြန်လေးပင် ထုတ်ကိုင်လိုက်သည်။
''ဟယ် ဟယ်လို''
ခွန်းချို လည်ချောင်းများ အက်ကွဲလျက် အသံများ ပင် တုန် ယင်နေပါသည်။ သို့ သော် ကံကောင်းထောက်မစွာ ပင် မြည် လာသော ဖုန်းသည် ဒယ်ဒီ့ထံမှ ဖြစ်နေ၏ ။
''သမီး သမီးအသံတွေ က ဘာ ဖြစ်နေတာလဲ''
''ဒယ်ဒီ သ သမီး ဘာ ဘာမှမ ဖြစ်ပါဘူး''
ခွန်းချိုက ခက်ထန်မာကြောစွာ စိုက်ကြည့်နေသော သူ့မျက်နှာ ကို မရဲတရဲကြည့်လျက် အထစ်ထစ်အငေါ့ငေါ့နှင့် ပြန်ဖြေလိုက်ပါသည်။
''သမီး အိမ်ရှာလို့ တွေ့ ရဲ့ လား''
''ဟုတ် တွေ့ ပါတယ် ဒယ်ဒီ''
''ဒါဆို အဆင်ပြေရဲ့ လား သမီး''
ခွန်းချို မည် သို့ ပြန်ဖြေရမည် မသိစွာ နှင့်ပင် သူ့ကိုပဲ ကြောင် ငေးကြည့်နေမိ၏ ။ သူ ကတော့ စိတ်ပျက်လက်ပျက် ဖြစ်သွားသော အမူ အရာနှင့် မျက်နှာကို တစ်ဖက်သို့ လှည့်ကာ ကျွတ်ခနဲ စုတ်သပ်လိုက် သေးသည်။
''သမီးလေး ဒယ်ဒီ မေးနေတာကို ကြားရဲ့ လား''
''ကြားပါတယ် ဒယ်ဒီ၊ အဆင်လည်း ပြေပါတယ်''
''အေး အေး ဒယ်ဒီက သမီး အိမ်ရှာမတွေ့ မှာ စိုးလို့ လှမ်းဆက် လိုက်တာပါ၊ အဆင်ပြေတယ်ဆို ပြီးတာပါပဲ''
ဒယ်ဒီ့ထံမှ ဖုန်းချသွားပြီးနောက် သူမက သူ့ကို တည့်တည့် စိုက်ကြည့်လျက် ခပ်တိုးတိုး ခေါ်လိုက်သည်။ ဒါပေမဲ့ လေသံ ကတော့ ထုံးစံအတိုင်း ခပ်မာမာပင် ဖြစ်၏ ။
''ဒီမှာ ''
''မင်းအသံကိုတောင် ငါ မကြားချင်ဘူး သိလား၊ ခု ချက်ချင်း ငါ့အိမ်ပေါ်က ဆင်း သွားပါ''
ခွန်းချိုရဲ့ ဘဝတစ်သက်တာမှာ အဲဒီ လို စကားလုံးမျိုးတွေ ကို ရုပ်ရှင်ဇာတ်လမ်းတွေ ထဲမှာ သာ ကြားဖူးခဲ့ခြင်း ဖြစ်၏ ။ ခုလိုမျိုး ပြင်ပ လောကမှာ တစ်ခါမှ မကြားဖူးခဲ့ပါ။ ပြီးတော့ အပြောခံရသူကလည်း သူမ ကိုယ်တိုင် ဖြစ်နေသေးသည်။
''နင် တော် တော် မိုက်ရိုင်းပါလား၊ ငါက ကိုယ့်ကျေးဇူးရှင်ဆို ပြီး စေတနာနဲ့ နင့်အဖေကို လာကြည့်တာ၊ နင့်လိုမျိုး အရိုင်းအစိုင်း ကောင်တစ်ကောင်သာ ဒီအိမ်မှာ ရှိနေမှန်းသိရင် အစတည်းက ဒုက္ခ ခံလာမကြည့်ဘူး သိလား''
''မင်းစကားကို ဆင်ခြင်ပြီးပြောပါ၊ တကယ်တမ်း ငါ့အဖေက မင်းကို သူ့ဘဝနဲ့ရင်းပြီး ကယ်တင်ခဲ့တာပါ၊ နည်းနည်း ပါးပါး သိတတ် ရင်တောင် ဆေးရုံတင်ထားတဲ့အချိန်လေးမှာ သေချာ ဂရုတစိုက်နဲ့ လာ ကြည့်ပေးသင့်တယ် မဟုတ်လား''
ဒယ်ဒီ အလုပ်ကိစ္စတစ်ခုနှင့် နိုင်ငံရပ်ခြားသို့ သွားနေခိုက် ဒီ ဖြစ်ရပ် ဖြစ်ပွားခဲ့ခြင်း ဖြစ်၏ ။ လမ်းဖြတ်ကူးနေသော သူမထံသို့ တည့်တည့်ဝင်လာသည့် ကားတစ်စီးကို ဦးမြတ်မောင်က သူမအစား ဝင်ခံပေးလိုက် ခြင်း ဖြစ်သည်။
သူမကိုယ်တိုင်လည်း မျက်စိရှေ့တွင် ဖြစ်ပွားသွားသည့် အ ဖြစ် အပျက်မို့ ကြောင်တောင်တောင်နှင့် ငေးကြည့်နေမိကာ တစ်ပတ်လောက် သွေးပျက်ချောက်ချားနေမိ၏ ။ ဦးမြတ်မောင်ကို သူမ စိတ်ထဲတွင် သေဆုံး သွားခဲ့ပြီဟုသာ ထင်နေမိခဲ့သည်။ ခုတော့ ထိုအ ဖြစ်အပျက်တွေ ဖြစ်ပျက် သွားခဲ့ပြီးတာ နှစ် ပတ်မျှ ရှိပြီ။ စိတ်လည်း အနည်းငယ် တည်ငြိမ်သွား ပြီမို့ ဒယ်ဒီ့ထံ ဖုန်းဆက်အကြောင်းကြားကာ ဒယ်ဒီ့စေခိုင်းချက်အရ ကုမ္ပဏီဖိုင်ထဲမှ လိပ်စာကို ကူးယူပြီး သူမ တစ်ယောက် တည်း ထွက်လာ ခဲ့ခြင်း ဖြစ်၏ ။
ခုတော့ သူမ ထင်မှတ်ထားသည်ထက် ပိုလို့တောင် ဆိုးရွား သော အခြေအနေနှင့် ရင်ဆိုင်တိုးနေရသည်။ အခန့်မသင့်ပါက ဒီလူ့ လက်ထဲတွင် သူမ ကိုယ်တိုင်ပင် တစ်ခုခု ဖြစ်သွားနိုင်ပါသည်။
''ငါ ငါ မသိလိုက်ဘူး၊ ငါကိုယ်တိုင်လည်း ဒီကိစ္စနဲ့ ပတ်သက် ပြီး တော် တော် လေးကို သွေးပျက်ခဲ့ရတာ ပါ၊ ခုမှ နင့်အဖေကို လာကြည့် နိုင်လောက်တဲ့ထိ ငါ့စိတ်တွေ တည်ငြိမ်လာခဲ့တာ''
ခွန်းချို စကားကို နားထောင်ပြီး သူက နှုတ်ခမ်းတစ်ချက် တွန့်လျက် မထိတထိ ပြုံးပါသည်။ ထိုအမူအရာက သူမ စကားတွေ ကို သူ လုံးဝ မယုံကြည်ပါဘူးဆိုတာ ပြသနေခြင်းပဲ ဖြစ်၏ ။
''မင်းတို့လို လူတွေ က ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတာမျိုးတွေ ပဲ၊ ငါကလည်း မင်းတို့လို လူတွေ နဲ့ အဖတ်လုပ်ပြီး စကား မပြောချင်ဘူး၊ အေး ငါ့အဖေကိစ္စကိုလည်း ငါ နည်းနည်း မှ ခွင့်မလွှတ် ဘူးနော်''
''နင် သိထားဖို့က နင့်အဖေကို ငါက ငါ့ကို ကယ်ပါ၊ ငါ့နေရာမှာ ဝင်ခံလိုက်ပါလို့ တောင်းဆိုခဲ့တာ မဟုတ်ဘူး၊ သူ့စိတ်သူ့သဘောနဲ့ သူ့ဘာသာ ဆုံးဖြတ်ပြီး လုပ်သွားတာ၊ အဲဒီ အတွက် ငါကလည်း ငါ့မှာ တာဝန်ရှိတယ်ထင်လို့ ခုလိုမျိုး လာကြည့်တာ''
''မင်းမှာ တာဝန်ရှိတယ် ထင်လို့ ဟုတ်လား''
သူမ ခပ်တည်တည်ပင် ပြန်ကြည့်နေမိသည်။ သူက ခွန်းချို မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးလျက် ဒေါသစကားများ ကို ရှေ့ဆက် ပြန်သည်။
''မင်းက ခုချိန်ကျမှ တာဝန်ရှိတယ်လို့ ထင်ကောင်းနေတယ်၊ ငါ့အဖေ ကတော့ အောက်ပိုင်းသေသွားရပြီလေ၊ ခုချိန်မှ မင်းက မုန့်လေး ဘန်းပြပြီး တာဝန်ရှိတယ် ထင်လို့ ရောက်လာတာမျိုးကို ငါ ဘယ်လို လက်ခံပေးရမလဲ''
''အောက်ပိုင်းသေသွားတယ် ဟုတ်လား''
တကယ်တော့ ကုမ္ပဏီ ဝန်ထမ်းတချို့စီက ထိုသတင်းကို ကြား ထားပြီး ဖြစ်သော်လည်း သူမ မယုံကြည်နိုင်ခဲ့ပါ။ အဲဒီ လောက်ထိ ကြီး ကြီးမားမား မ ဖြစ်နိုင်လောက်ပါဘူးလို့သာ တွေးထင်ထားခဲ့သည်။
ခုတော့ သူမ ကြားခဲ့သော သတင်းတွေ က တကယ်မှန်ကန်နေ ပြီပေါ့။
''မင်း မသိသေးရင် ထပ်မှတ်သွားဦး၊ လောလောဆယ်မှာ ငါ့အဖေက လုံးဝကို သတိမရှိတဲ့ လူလိုပဲ အိပ်ရာထဲမှာ ပက်လက် လဲ နေတာ၊ ဆေးရုံမှာ တစ်ပတ်ကျော်ကျော် နေလာခဲ့ရတာ တောင် မင်းတို့ မိသားစုဘက်က တစ်ယောက် မှ ရောက်မလာခဲ့ဘူး''
''ငါ့အဖေက အလုပ်ကိစ္စနဲ့ ခရီးထွက်နေတာ တစ်လကျော်ပြီ၊ အရင် ကတော့ ဒီလိုကိစ္စတွေ ကို အတွင်းရေး မှူးက လုပ်ပေးနေကျပဲ၊ ဒါပေမဲ့ သူကလည်း ခု ဖေဖေနဲ့တူတူ ပါသွားတယ်၊ ငါကိုယ်တိုင်ကလည်း အဲဒီ အ ဖြစ်ကြောင့် သွေးပျက်ပြီး အိမ်ထဲက အိမ်ပြင်တောင် မထွက်နိုင် ခဲ့ဘူး''
''မင်း ဒီစကားတွေ ကို ပြောနေတာ ငါ ယုံမယ် ထင်လို့လား''
''နင့်ဟာနင် ယုံချင်ယုံ၊ မယုံချင်နေ ငါက အ ဖြစ်မှန်ကို ပြော ပြတာ၊ ငါ့ဘက်က အဲဒီ လောက် ပြောပြတာတောင် နင် တော် တော် ကျေးဇူးတင်သင့်တယ်''
''ဘာ မင်း မင်းကွာ သွား ငါ့အိမ်ထဲက ခု ချက်ချင်း ထွက်သွား စမ်း''
ဒါဟာ ခွန်းချို ဘဝမှာ ပထမဆုံးသော ရင့်ရင့်သီးသီး ပြောခံ နေရခြင်းမျိုး ဖြစ်၏ ။ အဆိုးဆုံး ကတော့ ဘာမှမဟုတ်သည့် ခွန်းချိုထက် အဆင့်အတန်း နိမ့်ကျသည့် ယောက်ျား တစ်ယောက် က ခွန်းချိုကို သူ့ အိမ်ထဲကနေ အတင်းအဓမ္မ မောင်းထုတ်နေခြင်းပင် ဖြစ်သည်။
''နင်တို့လို အဆင့်အတန်းမရှိတဲ့ လူတွေ နဲ့လည်း ငါက ကြာ ကြာ စကားမပြောချင်ပါဘူး၊ နင်တို့ဆီက အောက်တန်းကျတဲ့ စရိုက်တွေ ငါ့ဆီပါ ကူးလာမှာ စိုးလို့''
''အေး တကယ်တမ်း အောက်တန်းကျတာက တာဝန်ယူသင့် တဲ့ အချိန်မှာ တာဝန်မဲ့တတ်ကြတဲ့ လူတွေ ပဲကွ၊ အဲဒါ မင်း မှတ်ထား လိုက်''
သူတို့ရဲ့ ပျဉ်ထောင်အိမ်လေးပေါ်ကနေ ခွန်းချို ပြေးဆင်းလာ ခိုက် နောက်ကနေ လွင့်ပျံလာသော မနှစ် မြို့ဖွယ်ရာ သူ့အသံများ ဖြစ်၏ ။ စိတ်တိုတိုနှင့် တက်တစ်ချက် ခေါက်လိုက်မိသည်။ သူ့ထံမှလည်း တောက်ခေါက်သံ ထွက်ပေါ်လာသည်။
သေချာတာ ကတော့ သူမတို့နှစ် ယောက် လုံးရဲ့ ရင်ထဲမှာ တစ် ယောက် အပေါ် တစ်ယောက် မကျေနပ်ခြင်းတွေ နဲ့ ပြည့်နှက်သွားပြီဆိုတာ ပါပဲ။
ခွန်းချိုရဲ့ ဘဝတစ်သက်တာမှာ လိုချင်တာမှန်သမျှကို အမြဲ တမ်း ရနိုင်ခဲ့သူ ဖြစ်၏ ။ မရဘူးဆိုတာ မရှိရလေအောင်လည်း ဒယ်ဒီက အလိုလိုက်ခဲ့သည်။
ထို့ကြောင့် ခွန်းချိုသည် လောကကြီးအကြောင်းကို သိပ် နားမလည်သော ကောင်မလေး တစ်ယောက် ဖြစ်လာခဲ့၏ ။
တန်ဖိုးကြီး အသုံးအဆောင်တွေ အဝတ်အစားတွေ နဲ့ ဇိမ်ခံ ကားတွေ ကို ထည်လဲစီးကာ ဘဝကို ပျော်ပျော်လေး ဖြတ်သန်းနေသူ ဖြစ်သည်။ သူ့ဘဝမှာ ဘာအပူအပင်မှ မရှိ။ ဒယ်ဒီရှိရင် ငွေရှိတယ်ဆို သော ဘဝမျိုး ဖြစ်သည်။
အဲဒီ လို ရွှေဘုံပေါ်မှာ သော ကတွေ တစ်ခုမှ မကြုံတွေ့ ဖူးပါဘဲ နေထိုင်လာခဲ့သော မိန်းကလေး တစ်ယောက် မို့ လိုချင်သည့်သူများ က လည်း ဝိုင်းဝိုင်းကို လည်နေခဲ့ကြသည်။ ဒါပေမဲ့ ခွန်းချို ကိုယ်တိုင်က ဘယ်ယောက်ျားကိုမှ စိတ်မဝင်စားပါဘဲ သီးသန့်နေလာခဲ့သူ ဖြစ်၏ ။
ခွန်းချိုရဲ့ ဘဝမှာ ဒယ်ဒီကလွဲ၍ ယောက်ျား တစ်ယောက် ကို ဘာအတွက်ကြောင့် မှ မလိုအပ်ခဲ့ပါ။ သူမရဲ့ ပျော်ရွှင်ငြိမ်းချမ်းလွန်းပြီး လိုတရနေသော ဘဝလေးထဲတွင် ဘယ်ယောက်ျားကိုမှ အချိန်တွေ ဖဲ့ မပေးနိုင်လောက်အောင် ဖြစ်ခဲ့ရသည်။
ဒါပေမဲ့ ခုတော့ သူမ စိတ်ထဲမှ ယောက်ျား တစ်ယောက် ကို ဘယ်လိုနည်းနဲ့မှ မကျေနပ်နိုင်ပါဘဲ အမြဲလိုလို စိတ်တိုနေမိသည်။ တစ်လ မျှ ကြာမြင့်သွားခဲ့သော်လည်း ထိုယောက်ျားရဲ့ အပြုအမူတွေ အပြော အဆိုတွေ အားလုံးကို သူမ ကွက်ကွက်ကွင်းကွင်း မှတ်မိနေသေးသည်။
အဲဒီ လို မှတ်မိနေလို့လည်း သူမသည် ကိုယ့်ကိုယ်ကိုယ် ဒေါသ ထွက်မိသည်။ ဘာမဟုတ်တဲ့ ယောက်ျား တစ်ယောက် ၊ ပိုဆိုးတာက အဆင့် အတန်း နိမ့်ပါးလွန်းလှသော ယောက်ျား တစ်ယောက် ၊ အဲဒီ လို ယောက်ျား မျိုးရဲ့ သူမကို စော်ကားလိုက်ခြင်းသည် ဘယ်လိုမှ ကျေနပ်လက်ခံနိုင် ဖွယ် မရှိသော အခြေအနေတစ်ရပ်သာ ဖြစ်သည်။
''မမလေး ဘာအလိုရှိပါသလဲရှင်''
ကောင်မလေး တစ်ယောက် သူမနောက်နားတွင် ရိုကျိုးစွာ လာ ရပ်ရင်း ခေါင်းငုံ့လျက် စကားဆို၏ ။ သူမ လှည့်မကြည့်ပါ။
''ဒီနေ့ ပုစွန်တန်ပူရာ လုပ်ထားတာ ဘယ်သူလဲ၊ ညည်းလား မိနန္ဒာလား''
''ကျွန်မပါ မမလေး''
သူမ ဆတ်ခနဲ လှည့်လိုက်သည်။
''နင်တို့ကို တစ်ခါ ပြောထားရင် မမှတ်မိကြဘူးနဲ့ တူတယ်၊ ငါ့ကို ပုစွန်တန်ပူရာ ကြော်ပေးရင် အပေါ်တစ်ထပ်ကို ကျွတ်နေအောင် လုပ်မှ ကြိုက်တယ်ဆိုတာ မသိကြဘူးလား၊ သွား နင့်ဟာတွေ ခွေးကျွေး ရင်ကျွေး မကျွေးရင်လည်း နင်ပဲ စားလိုက်တော့''
ကောင်မလေး မျက်လုံးများ တွင် ကြောက်ရွံ့တုန်လှုပ်နေခြင်း ကို အတိုင်းသား မြင်နေရ၏ ။ နောက်တော့ စားပွဲပေါ်ရှိ ဘဲဥပုံ ပန်းကန် ပြားကြီးကို ပြန်လည် မယူသွားသည်။
လက်ထဲတွင် ကိုင်ထားသော ဟန်းဖုန်းလေးကို မွေ့ရာဆီ ပစ်တင်လျက် စိတ်ပျက်လက်ပျက် လှဲချလိုက်မိသည်။
ခုနက ကောင်မလေးရဲ့ ကြောက်လန့်နေသော မနှစ် မြို့ဖွယ် မျက်ဝန်းမျိုးတွေ ကို သူမရော ပိုင်ဆိုင်ခဲ့ရဖူးလား။ ဟိုယောက်ျားကြောင့် ထိုမျက်ဝန်းမျိုးတွေ ကို သူမ ပိုင်ဆိုင်ခဲ့ရဖူးသည်။ ခွန်းချိုကို သူ ပြောချင် တိုင်း ပြောဆိုခဲ့သည်။
အဲဒါဟာ ခွန်းချိုအတွက်တော့ တနုံ့နုံ့နှင့် ပြန်တွေးတိုင်း အခဲ မကြေနိုင်ဖွယ်ရာပင်။ အဲဒီ ယောက်ျားကို ဘယ်တော့မှ ပြန်မတွေ့ ချင် လောက်အောင် သူမ စိတ်တို့ နာကျင်ခဲ့ရသည်။ ဟင့်အင်း မဟုတ်သေးပါဘူး၊ အဲဒီ ယောက်ျားကိုလည်း သူမ ခံစားခဲ့ရသလိုပဲ ပြန်လည် ခံစား စေချင်မိသည်။
ခွန်းချို တစ်ခုခုတော့ လုပ်ရပါမည် ။
ဒီနေ့အတွက်တော့ ခွန်းချို ရင်ထဲမှာ ကျေနပ်သလိုလို ပျော်ရွှင် သလိုလိုနှင့် ဒါပေမဲ့ တကယ်တမ်းတော့ သူမ ကိစ္စတစ်ခုကို စောင့်စား နေခဲ့ခြင်းသာ ဖြစ်သည်။
နည်းနည်း တော့လည်း ထူးဆန်း၏ ။ သူ ဘယ်လိုမှ လက်မခံ နိုင်ပါဘူးလို့ ထင်မှတ်ထားသော အရာတစ်ခု၊ ထိုအရာကို လက်ခံလာ အောင် သူမဘက်က တော် တော် လေး ပြောယူရမည် ဟု ထင်ထားခဲ့သော် လည်း တကယ်တမ်းကျတော့ လွယ်လွင့်တကူပင် သူ လက်ခံခဲ့သည်။
အဲဒီ လို လက်ခံလာခြင်းဟာ ဘာကြောင့် ရယ်လို့ သူမ အတိ အကျ မသိပေမယ့် သူမရဲ့ မက်လောက်စရာ စည်းရုံးနိုင်မှု တွေ ကြောင့် ပဲ ဖြစ်ရမည် ။ သေချာပါတယ် အိပ်ရာထဲမှာ လုံးဝ သတိမရှိပါဘဲ လဲ နေသော ဖခင်ကြီးကို ဆေးရုံမှာ အေးအေးလူလူ တက်ရောက်နေခွင့်တွေ ရယ်၊ ပြီးတော့ နေစရိတ် စားစရိတ်အငြိမ်း လခ တစ်သိန်းရယ်ဆိုတာ ဒရိုင်ဘာ တစ်ယောက် အတွက်တော့ တော် တော် လေးကို တာသွားသော ဆွဲဆောင်မှု ပင် ဖြစ်လိမ့်မည် ။
ဦးမြတ်မောင် ဒီလို ဖြစ်ပြီးတည်းက သူမလည်း အိမ်ထဲက အိမ်ပြင် မထွက် ဖြစ်တော့ဘဲ ကားကိုလည်း မသုံးစွဲခဲ့။ ဦးမြတ်မောင် အိမ်ကို သွားသည့်နေ့ကမှ သူမ ကိုယ်တိုင် ကားကို ပြန်မောင်းခဲ့သည်။ ဒါပေမဲ့ သူမ ကားမမောင်းချင်တော့ပါ။ ကားမောင်းရမှာ ကို ထိတ်လန့် နေမိသည်။
ကားမောင်းမယ် ကြံလိုက်တိုင်း လက်ဖျားတွေ တုန်လာတတ် သည်။ အိမ်ထဲက အိမ်ပြင်မထွက်ရဘဲ ဆရာဝန်နှင့် ကုသနေခဲ့ရသော ရက်များ အတွင်းကနေ ခုချိန်ထိ သူမ သောက်နေရဆဲ ဖြစ်သော စိတ်ငြိမ် ဆေးများ သောက်ပြီး သူတို့ရပ်ကွက်ဆီသို့ မောင်းခဲ့ရခြင်း ဖြစ်သည်။
ခုတော့ သူမရဲ့ မက်လုံးတွေ နှင့် ဒရိုင်ဘာအသစ် တစ်ယောက် ရတော့မည် ။ ထိုဒရိုင်ဘာကလည်း တခြားလူမဟုတ်ပါဘဲ ခွန်းချို သိပ် မုန်းသော သူ ဖြစ်သည်။
သြော် သူ့နာမည် က ကေသရာ တဲ့၊ အလွန်ပြောင်မြောက် ခန့်ညားသော နာမည် မျိုးပါပဲ။ ဒါပေမဲ့ အဲဒီ လူဟာ ချစ်ခွန်းချိုရဲ့ ဒရိုင်ဘာ တစ်ယောက် ဖြစ်သည်။
''မမလေး ဒရိုင်ဘာအသစ် ရောက်နေပါပြီ''
''အေး စာကြည့်ခန်းထဲ လွှတ်လိုက်''
သူမရဲ့ အတွေးများ တစ်ဝက်တစ်ပျက် ဖြစ်သွား၏ ။ သို့ သော် မျက်နှာပေါ်က ခပ်ထေ့ထေ့ အပြုံး ကတော့ ပျောက်ကွယ်မ သွားပါ။
သူမ ရှိနေသော အခန်းထဲသို့ သူ ဝင်လာပြီမှန်း နောက်ကျော ပေးထားသော်လည်း ခြေသံအရ သိလိုက်သည်။ တိုးဖွသော်လည်း ဖိနင်း ၍ လျှောက်တတ်သော ခြေသံမျိုး ဖြစ်၏ ။
သူမ လှည့်မကြည့်သော ကြောင့် သူက ချောင်းတစ်ချက် ဟန့် လိုက်သေး၏ ။ အဟွန်း သိပ်ကို လူကြီးလူကောင်း လာဆန်ပြနေသေး သည်။ သူ့ဘက်သို့ မလှည့်ခင်မှာ နှုတ်ခမ်းကို တစ်ချက်တွန့်လျက် ပြုံး ဖြစ်သေး၏ ။
''ရောက်လာပြီလား''
မျက်နှာချင်းဆိုင်လိုက်ရသော သူ့မျက်နှာသည် ပကတိ တည် ငြိမ်နေသော မျက်နှာမျိုး ဖြစ်၏ ။ ခွန်းချိုနဲ့သူနဲ့ ဘယ်တုန်းကမှ မမြင်ဘူး အတွေ့ ဘူး မကျေမနပ်မ ဖြစ်ခဲ့ဘူးသော တည်ကြည်သည့် အမူအရာမျိုး ဖြစ်သည်။ တော် တော် လည်း ဟန်ဆောင်ကောင်းပါပေသည်။
''ကျွန်တော် ဘယ်နေ့ အလုပ်စဆင်းရမလဲ မသိဘူး''
''နင့်ကို အလုပ်စဝင်တဲ့ နေ့တည်းက ငါ့ခြံထဲက ဂိုဒေါင်အပေါ် ထပ်မှာ လာနေရမယ်လို့ ပြောထားတယ်နော်၊ အေးလေ ဂိုဒေါင်ဆို ပေမယ့် နင်တို့အိမ်ထက်တော့ အများ ကြီး သားနားပါတယ်''
သူ့မျက်နှာကို မသိမသာနှင့် ဂရုတစိုက်ကြည့်နေမိသည်မို့ သူ့ မေးကြောများ တင်းခနဲ ဖြစ်သွားတာကို သတိထားလိုက်မိသည်။ သူမ စိတ်ထဲ ကတော့ လှောင်ပြုံးပြုံးနေမိ၏ ။
''ကျွန်တော် သိပါတယ်၊ ကျွန်တော့် ပစ္စည်းတွေ လည်း တစ်ပါ တည်း ယူလာခဲ့ပြီးသားပါ''
''သြော် မင်းက ငါ့စကားကို သေချာသဘောပေါက်သားပဲ၊ ငါ ပြောတာတွေ ကို လက်ခံလို့လည်း ငါ့လက်အောက်မှာ အလုပ်ဝင်တာ မဟုတ်လား''
တကယ်တော့ ပြန်ပြောစရာ မလိုသော ကိစ္စများ ဖြစ်၏ ။ သူမ က တမင်သက်သက် နှိပ်ကွပ်ချင်သော ကြောင့် ငါ့လက်အောက်မှာ ဟူ သော အသုံးအနှုန်းမျိုးကို သုံးပြလိုက်ခြင်း ဖြစ်သည်။ သို့သော် သူ့ မျက်နှာ ကတော့ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမျိုး မရှိခဲ့ပါ။ ငြိမ်သက် တိတ်ဆိတ်စွာ ပင် မလှုပ်မယှက် ရပ်နေ၏ ။
''ကဲ ဒီလိုဆိုရင် ခု ချက်ချင်း ပဲ အလုပ်ဝင်လိုက်တော့ပေါ့၊ ကား သွားထုတ်ထားလိုက်၊ ငါ ရှော့ပင် သွားမလို့''
ခွန်းချိုက ပြောဆိုပြီးသည်နှင့် အခန်းထဲမှ ထွက်ခဲ့လိုက်သည်။
ကိုယ့်အခန်းထဲကိုယ် ပြန်ဝင်ပြီး ရေကို စိမ်ပြေနပြေချိုးလျက် မျက်နှာကိုလည်း အစိတ်အပိုင်း တစ်ခုချင်းစီ အသေးစိတ် ခြယ်သလိုက် ၏ ။ မျက်နှာပြင်ကို နို့ရည်နှင့် ဖောင်ဒေးရှင်း လိမ်းသည်၊ ပါးမို့မို့ကို ကြေးနီရောင် ခြယ်သလျက် နှုတ်ခမ်းကို ရွှေအိုရောင် ရင့်ရင့်လေး ဆိုးလိုက် သည်။ မျက်လုံး ကတော့ သူမ မျက်နှာတစ်ခုလုံးမှာ အနှစ်သက် ဆုံးအပိုင်း မို့ ခြယ်သရာတွင် လည်း လက်ဝင်လှသည်။ ရွှေရောင် တောက်တောက်ကို ခပ်ထူထူ ခြယ်သလျက် အနက်ရောင် လိုင်နာဖြင့် မျက်လုံးကို ဘောင် ခတ်လိုက်၏ ။
ထိုအခါ ရွှန်းလက်တောက်ပေနေသော မျက်နှာနုနုလေးက ရင့်ကျက်တည်ငြိမ်နေသော အသွင်မျိုး ဖြစ်သွား၏ ။ ဒါပေမဲ့ လူငယ် သဏ္ဌာန်လေး ပျောက်မသွားစေရန် အဝတ်အစားကို လူငယ်ဆန်ဆန် ရွေးချယ်လိုက်၏ ။
ငါးအကြေးခွံလို အဖတ်လေးများ ပါသည့် ရွှေရောင် အင်္ကျီ ခါးရှည်ကိုယ်ကျပ် လက်ပြတ်လေးနှင့် အောက်က အသားကပ်ရွှေရောင် လည်သာ ဘောင်းဘီရှည်ကို ဝတ်ဆင်လိုက်သည်။ ပြောင်းဖူးမွှေးရောင် ဆံပင်ရှည်ဖြောင့်ဖြောင့်များ ကိုတော့ နောက်ကျောတွင် ဒီတိုင်းပဲ ဖြန့်ချ ထားလိုက်၏ ။ အနက်ရောင် နားကပ်ပြား အကြီးကြီးကို တပ်ဆင်ပြီး အဝါရောင် ရှော့ပင်အိတ် အကြီးကြီးကို လွယ်ပြီးချိန်မှာ တော့ သူမရဲ့ ဈေးဝယ်ထွက်ရန် ပြင်ဆင်ခြင်းအမှု ပြီးစီးသွားပြီ ဖြစ်သည်။
လည်ရှည်ဖိနပ် သားရေအနက်ရောင် ဒေါက်မြင့်က ဒူးခေါင်း နားထိ ရှည်လျားသည်မို့ သူမကိုယ်တိုင် စီး၍ အဆင်မပြေပါ။ သူမက အပေါက်ဝနားမှ ခုံပေါ်တွင် ထိုင်ချလျက် မိနန္ဒာက စီးပေးရသည်။ ခြေသလုံးတောက်လျှောက် ဇစ်ကို ဆွဲတင်ပြီးသော အချိန်မှာ သူမက ခပ်မတ်မတ်လေး ထရပ်လိုက်၏ ။ လက်ထဲမှ နေကာမျက်မှန် ဇီးရောင် အဝိုင်းကြီးကို တပ်ဆင်လိုက်သည်။
သူမ မျက်လုံးများ ကို ဝေ့ဝဲရှာကြည့်လိုက်သော်လည်း သူ့အရိပ် အယောင်မျှပင် မမြင်မတွေ့ ရပါ။ စိတ်တိုစွာ ပင် ဟစ်အော်လိုက်မိ၏ ။
''ဒရိုင်ဘာ ဒရိုင်ဘာ ဘယ်ရောက်နေလဲ၊ ဟဲ့ ငါခေါ်နေတာ မကြားကြဘူးလား''
သူမရဲ့ အသံကျယ်ကျယ်ကြောင့် မာလီလုပ်သူ ဦးလှမြင့် အပြေး ရောက်လာသည်။
''ဘာ ဖြစ်လို့လဲ မမလေး၊ ကျွန်တော် ဘာလုပ်ပေးရမလဲ''
''နင် ဘာမှလုပ်ပေးလို့ မရဘူး၊ ငါ့ ဒရိုင်ဘာ ဘယ်ရောက် သွားလဲ''
''ဟို အသစ်ကောင်လေးကို ပြောတာလား''
''အေး ဟုတ်တယ်''
''သူ့ပစ္စည်းတွေ ကို ဂိုဒေါင်အပေါ်မှာ သွားထားနေပါတယ်''
''ဘာ''
ခွန်းချို စိတ်ထဲတွင် တင်းခနဲ ဖြစ်လျက် ခြေလှမ်းများ ကလည်း ကားဂိုဒေါင်အပေါ်ထပ်သို့ တည့်တည့်မတ်မတ် လှမ်းမိသွားသည်။
စိတ်တိုစရာကောင်းလောက်အောင်ပင် သူ့အဝတ်များ ကို ဖိုင် ဘာပုံးအကြီးကြီးထဲသို့ အေးအေးဆေးဆေး ထည့်နေသော သူ့အား တွေ့ လိုက်ရသည်။
''နင်အခု ဘာလုပ်နေတာလဲ''
သူမအသံကြောင့် သူ ဆတ်ခနဲ လှည့်ကြည့်သည်။ မျက်နှာက တော့ ခက်ထန်မာကျောလျက် ရှိ၏ ။
''ပစ္စည်းတွေ သိမ်းနေတာလေ၊ လမ်းပေါ်မှာ ဒီတိုင်း ထားခဲ့ရ မှာ လား''
''အေး ထားခဲ့သင့်ရင် ထားခဲ့ရမှာ ပဲ၊ နင့်ပစ္စည်းတွေ ငါ့ခြံထဲမှာ ရှိနေရင် ပျောက်စရာ အကြောင်းမရှိဘူး၊ အေး ပျောက်သွားခဲ့ရင်လည်း ငါက ဆယ်ဆပြန်လျော်ပေးနိုင်တယ်၊ ပြီးတော့ အရေး ကြီးဆုံး တစ်ချက် က နင်ဟာ ငါ့အလုပ်သမား ဖြစ်တဲ့အတွက် ငါခိုင်းတာကို ငါ ခိုင်းတဲ့ အချိန်မှာ လုပ်ကိုလုပ်ရမယ်၊ အဲဒီ အတွက် ဘယ်လိုဖြေရှင်းချက်မျိုးကိုမှ ငါ မလိုချင်ဘူး''
ခွန်းချို စကားဆုံးသည်နှင့် သူ ဝုန်းခနဲ မတ်တပ်ထရပ်လိုက် သည်။ သူမ နည်းနည်း တော့ လန့်သွားမိ၏ ။ ဒါပေမဲ့ မျက်နှာကိုတော့ ပိုလို့ ပင့်ချီလိုက်မိသည်။ သူ့ကို လန့်ဖျပ်သွားကြောင်း သူ မသိစေရပါ။
ဒါပေမဲ့ ခွန်းချို ထင်သလိုမျိုး တစ်ခုခု ဆိုးဆိုးရွားရွား ဖြစ်မလာ ဘဲ သူမနားမှ ဖြတ်ကျော်ကာ အပြင်ဘက်ဆီသို့ ခြေလှမ်းကျဲကြီးများ ဖြင့် ထွက်ခွာသွားခြင်း ဖြစ်၏ ။
သူ ထွက်ခွာသွားမှ သူ့အတွက် နေရာပေးထားသော ဂိုဒေါင် အပေါ်ထပ် အခန်းလေးကို မျက်လုံးဝေ့ဝဲကြည့်လိုက်မိသည်။ မိစောကို လွှတ်ပြီး တစ်ရက်ကြိုကာ ရှင်းလင်းခိုင်းထားသော ကြောင့် အခန်းလေး ကတော့ သန့်ရှင်းသပ်ရပ်လျက် ရှိသည်။
ဟိုးအရင်က မိစောနှင့် မိနန္ဒာ နေလာခဲ့သော အခန်း ဖြစ်၏ ။ အိမ်အလုပ်များ လုပ်ရသော အခါ နီးနီးနားနား ဖြစ်စေရန် အိမ်မကြီး၏ မီးဖိုခန်းနားသို့ ပြောင်းရွှေ့ပေးခဲ့သည်။ ထို့ကြောင့် အခန်းလေးထဲတွင် သင်ဖြူးဖျာတစ်ချပ် ခေါင်းအုံးတစ်လုံး စောင်တစ်ထည်နှင့် သစ်သား စားပွဲခုံလေးတစ်လုံး အဆင်သင့် ရှိနေသည်။
ခုတော့ သူ ယူလာခဲ့သော ဖိုင်ဘာပုံးနှစ် ပုံးနှင့် ကျောပိုးအိတ် တစ်လုံးသာ ရှိသည်။ သူ ဖွင့်လက်စ ပုံးထဲမှာ တော့ အဝတ်အစားများ ဖြစ်ပြီး ကျန်တစ်ပုံးထဲမှာ တော့ စာအုပ်များ ဖြစ်နေ၏ ။ သူမ နည်းနည်း တော့ အံ့အားသင့်သွားမိသည်။
ဘာစာအုပ်တွေ ပါလိမ့်၊ ဒီလူက စာဖတ်ဝါသနာပါသည့် လူမျိုး လား။ ပုံးက ခပ်ကြည်ကြည်လေးမို့သာ စာအုပ်သဏ္ဌာန်များ ကို ခန့်မှန်း ၍ ရသော်လည်း ဘာစာအုပ်များ ဆိုတာကိုတော့ သူမ မမြင်ရပါ။ ဘယ်လို ပဲ ဖြစ် ဖြစ် ဒီလူ ကတော့ ခပ်နိမ့်နိမ့် ရပ်ကွက်ထဲကလာပြီး လုပ်ပုံကိုင်ပုံ တွေ က မတန်မရာတွေ ဖြစ်လွန်းနေသည်။
ခွန်းချို နှုတ်ခမ်းတစ်ချက် တွန့်ကာ မဲ့လိုက်မိသည်။
အိမ်ရှေ့ဆင်ဝင်အောက်သို့ ရောက်ချိန်မှာ တော့ ပရာဒိုကားလေး က အဆင်သင့် ရပ်ထားတာ တွေ့ လိုက်ရ၏ ။ သူမ ပြုံးလိုက်သည်။ မာလီ ဦးလှမြင့်က သူမ ရှော့ပင်ထွက်လျှင် ပရာဒိုမီးခိုးရောင် ကားလေး ကိုသာ စီးတတ်မှန်း သူ့ကို ပြောလိုက်ပုံရပါသည်။
ဟွန်း သူမ အပြစ်ရှာစရာ တစ်ခု လျော့သွားတာပေါ့။ သူမ ကားပေါ်ရောက်သည်နှင့် ကားလေးက ညင်သာစွာ မောင်းထွက်သွား သည်။ ရှော့ပင်းမောလ်တစ်ခုရှေ့တွင် ကားကို ကျင်လည်စွာ ပါကင်ထိုး လိုက်ပြီးနောက် ခွန်းချိုကို ကားတံခါး ဆင်းဖွင့်ပေး၏ ။
ဒီအထိတော့ ပုံမှန်ပင် ဖြစ်၏ ။ ကားနားမှ သူမ ထွက်ခွာလာ တော့ သူက ကားပေါ်သို့ ပြန်တက်ရန် ပြင်၏ ။
''အဲဒါ ဘာလုပ်တာလဲ''
''ကျွန်တော် ကားပေါ်ကနေ စောင့်နေမလို့ပါ''
''နင် ဒီမှာ ကျန်ခဲ့တော့ ငါ့ကို ဘယ်သူက အထုပ်တွေ ဝိုင်း သယ်ပေးမှာ လဲ၊ လာ လိုက်ခဲ့''
သူ ခဏတော့ ငြိမ်သက်သွားသည်။
''ကျွန်တော့် တာဝန်က ကားမောင်းပေးဖို့ပဲလို့ ကျွန်တော် ထင် တယ်''
''အဲဒါဆို ငါက အထုပ်တွေ ကို ငါ့ဘာသာငါ သယ်လာရမှာ လား''
''ကျွန်တော့် ကို တောင်းဆိုခဲ့တုန်းက အထုပ်သယ်ပေးဖို့ မပါဘူး လို့ ကျွန်တော် ထင်ပါတယ်''
''နင်က အခု ငါ့ကို စောဒက တက်နေတာလား၊ နင့်မှာ အဲဒီ အခွင့်အရေး မရှိဘူးလို့ ပြောပြီးသားနော်''
သူ ရပ်မြဲတိုင်း ရပ်နေ၏ ။
''နင်က ငါ့ကို လူကြားထဲမှာ ဒရိုင်ဘာ တစ်ယောက် နဲ့ စကား အချေအတင်ပြောပြီး အရှက်ကွဲစေချင်နေတာလား၊ ခု ချက်ချင်း ငါ့နောက် က လိုက်ခဲ့''
ခွန်းချို ပြောပြီး ချာခနဲ လှည့်ထွက်လာခဲ့သည်။ သူ နောက်မှ ပါလာမှန်း သူမ သိလိုက်၏ ။ သူမ နည်းနည်း စိတ်သက်သာရာ ရသွား သည်။ ဘာ ဖြစ်လို့လဲဆိုတော့ သူသာ ဆက်အတိုက်အခံ လုပ်နေပါက ခွန်းချိုသာ အမှန်တကယ် အရှက်ကွဲရတော့မည် ။
ဘာကြောင့် မှန်းတော့ မသိ၊ ခွန်းချို စိတ်ထဲမှာ သူ့ကို လန့်သည့် စိတ်လေးက မသိမသာ ကိန်းအောင်းနေတာတော့ အမှန်ပင် ဖြစ်သည်။ ဘယ်လူ တစ်ယောက် ရဲ့ အပြောအဆို အအော်အငေါက်ကိုမှ မခံခဲ့ရဘူး သော ခွန်းချိုသည် ပထမဆုံးအနေနှင့် သူ့ဆီမှ စော်ကားမှု တွေ ကို ခံယူခဲ့ရသည်။
ထို့ကြောင့် လည်း သူ့ကို ခွန်းချို ထိတ်လန့်နေမိပါလိမ့်မည် ။ သူသည် ခွန်းချို မထင်မှတ်ထားသော အရာရာကို လုပ်ကိုင်နိုင်စွမ်းသော သူ ဖြစ်၏ ။
သူ့လက်ထဲမှာ စက္ကူအိတ်ပေါင်း ဆယ်အိတ်ထက်မနည်း ကိုင် မိချိန်မှာ သူမ ဈေးဝယ်ခြင်းကို ရပ်တန့်လိုက်၏ ။
''နင်က အဲဒီ အထုပ်တွေ ကားထဲမှာ သွားထားရင်းနဲ့ ငါ့ကို စောင့်နေ''
သူ့မျက်နှာမှာ ဇဝေဇဝါ ဖြစ်သွားမှု ကို အထင်းသား မြင်တွေ့  ရသည်။
''ငါ ရုပ်ရှင်ဝင်ကြည့်လိုက်ဦးမယ်''
''အခုလား''
''အေးလေ နင် အဲဒါ ကားထဲကနေပဲ ငါ့ကိုစောင့်နေပါ''
သူ ခေါင်းညိတ်ပြသည်။ သူမ ချာခနဲ လှည့်ထွက်ခဲ့လိုက်၏ ။ ကောင်းတယ် စောင့် စောင့်၊ အဲဒါ နင့်ကို တမင်သက်သက် ညှင်းဆဲ ချင်လို့လေ။
ရုပ်ရှင်မပြီးခင်မှာ ဘဲ ခွန်းချိုက အိမ်က ကားရပ်ထားသည့် နေရာကို ကွေ့ရှောင်ကာ တက္ကစီငှားပြီး အိမ်ပြန်ရောက်နေခဲ့ပြီ ဖြစ် သည်။ ဟို တစ်ယောက် တော့ ဘယ်အချိန်ထိ ဆက်စောင့်နေမလဲ မပြော နိုင်ပါ။
အိမ်က လူတွေ ကလည်း တက္ကစီနှင့် ပြန်ရောက်လာသော သူမကို တအံ့တသြနှင့် ဝိုင်းကြည့်နေကြသည်။ ကိစ္စမရှိ၊ သူမရဲ့ အဓိက ရည်ရွယ်ချက်က သူ့ကို ရန်စဖို့သာ ဖြစ်သည်။
အိမ်ပြန်ရောက်လို့ စားသောက်ပြီးစီးသည်နှင့် သူမ တစ်ရေး တစ်မော အိပ်ပျော်သွားခဲ့သည်။ ပြန်နိုးထလာချိန်မှာ တော့ ညနေငါးနာရီ ကျော်နေခဲ့ပြီ ဖြစ်၏ ။ စိတ်ပြေလက်ပျောက် ဖြစ်စေရန် ခြံထဲဆင်းခဲ့လိုက် သည်။
ခြံထဲမှာ က သူမအကြိုက် စိုက်ပျိုးပေးထားသော နှင်းဆီပန်း ရောင် စုံတွေ ရှိ၏ ။ နောက်တော့ ခြံထောင့်မှာ အုပ်ဆိုင်းနေသည့် စိန် ပန်းပင်ကြီး နှစ် ပင်လည်း ယှက်လျက်ရှိသည်။ အဲဒီ အပင်ကြီးများ အောက်မှာ မှ သစ်လုံးများ ဖြင့် ဆောက်ထားသော နှစ် ယောက် ထိုင် ခုံ တန်းလေး၊ ကျောမှီတစ်ခုထဲကို ဗဟိုပြုလျက် ဟိုဘက်ဒီဘက် ထိုင်လို့ရ အောင် ဆောက်ထားခြင်း ဖြစ်သည်။ ထိုခုံလေးကို သူမ ငယ်စဉ်တည်းက ဒယ်ဒီက ပြုလုပ်ပေးခဲ့ခြင်း ဖြစ်၏ ။
အဲဒီ ခုံတန်းလေးပေါ်မှာ သူမ ထိုင်လိုက်သည်။ အနားမှာ တော့ ဦးလှမြင့်က ပန်းပင်များ ရေလောင်းနေ၏ ။
''မနက်က အိမ်ကကား ဘယ်အချိန် ပြန်ရောက်လဲ''
''နေ့လယ် သုံးနာရီလောက်မှာ ပါ မမလေး''
သူမ စိတ်ထဲက သူ့ကို လှောင်ပြောင်လိုက်မိသည်။
''ငါ့ပစ္စည်းတွေ ရော သူ အိမ်ထဲ ပို့ပေးထားလား''
''သူ့မျက်နှာက ဒေါသထွက်နေသလိုပဲ မမလေး၊ ဘာပစ္စည်းမှ လည်း ကိုင်ပြီး ဆင်းလာတာ မတွေ့ မိပါဘူး''
''ဟင် အဲဒါ တကယ်ပဲလား''
''သွားခေါ် ခု ချက်ချင်း အဲဒီ ကောင်ကို သွားခေါ်ခဲ့''
''သူ သူ မရှိဘူး မမလေး''
''ဘာ''
သူမ မျက်နှာဖြူဖြူမှာ ဒေါသကြောင့် နီရဲနေပြီ ဖြစ်သည်။
''ဟုတ်ပါတယ် မမလေး၊ မမလေး မေးရင် ပြောလိုက်ပါဆိုပြီး ကျွန်တော့် ကို ပြောသွားတာပါ၊ ဆေးရုံမှာ သူ့အဖေကို သွားကြည့်ပါတယ်''
''တောက်''
ကဲ သူမ ဘာပြောရတော့မလဲ၊ ဒီအိမ်က အလုပ်သမားတွေ အားလုံး တစ်နေရာရာသို့ သွားချင်လျှင် ဒယ်ဒီ့ထံမှ ဖြစ်စေ၊ ခွန်းချိုထံမှ ဖြစ်စေ ခွင့်တောင်းပြီးမှ သွားရခြင်း ဖြစ်၏ ။ ခုတော့ သူက ခွန်းချိုကို ဘာမှမပြောပါဘဲ ခွန်းချို မေးလျှင် ပြောလိုက်ပါဆိုပြီးတော့တောင် အမှာ ပါးသွားသေးသည်။
ဘယ်လောက်များ ခံပြင်းစရာ ကောင်းလိုက်ပါသလဲ။
''သူ ပြန်လာရင် ဘယ်အချိန် ဖြစ် ဖြစ် အကြောင်းကြားခိုင်း လိုက်ပါ''
''ဟုတ်ကဲ့ပါ မမလေး''
ခြံထဲမှာ စိတ်ပြေလက်ပျောက် ဆင်းထိုင်မိကာမှ တကယ့်ကို စိတ်ရှုပ်စရာနှင့် လာတိုးနေသည်။ ကိုယ့်အခန်းထဲ ကိုယ်ပြန်ဝင်နေ လိုက်၏ ။
တွေ့ လား အဲဒီ လူက သူမ ထင်ထားသည့်အတိုင်းပဲ ဘယ်တော့ မဆို ခွန်းချိုကို စိတ်တိုပြီး မကျေမနပ် ဖြစ်အောင် လာလာဆွ ပေးနေ သည်။ ခွန်းချိုက တစ်ခုခု လုပ်လိုက်ရင် သူကလည်း ပြန်ပြီး ကလဲ့စား ချေပစ်မယ်လို့များ ဆုံးဖြတ်ချက် ချထားလေသလား မသိပါ။
ဒါပေမဲ့ သူ့ကိုတော့ ထပ်ပြီး သတိပေးရပါဦးမည် ။ ကေသရာ ဆိုတာ ချစ်ခွန်းချိုရဲ့ ဒရိုင်ဘာ တစ်ယောက် ဆိုတာကိုပေါ့။
ငြိမ်သက်စွာ ထိုင်ပြီး အိုင်ပေါ့လေးနှင့် သီချင်းနားထောင်နေ သော သူမရဲ့ နားထဲသို့ တံခါးခေါက်သံ တိုးတိုးက ဝင်လာသည်။ အစ တည်းကလည်း သူမရဲ့ အာရုံများ အားလုံးသည် နားထောင်နေသော သီချင်းထဲမှာ မရှိဘဲ ထိုတံခါးခေါက်သံကိုသာ မျှော်လင့်နေသည်။
''ဝင်ခဲ့''
ခွန်းချို ရှေ့တည့်တည့်သို့ သူ ရောက်လာသည်။ မျက်နှာက တော့ အပြစ်လုပ်ထားသော လူ တစ်ယောက် ၏ ပုံစံမျိုး လုံးဝ မဟုတ်ပါ။ အဲဒါကိုပဲ ခွန်းချိုက ဒေါသထွက်ရသည်။
''နင် အပြင်သွားမယ်ဆိုရင် ငါ့ကိုပြောပြီးမှ သွားရမယ်ဆိုတာ မသိဘူးလား''
''အိပ်နေတယ်ဆိုလို့ပါ''
''အိပ်နေရင် ငါ နိုးလာတဲ့ထိ စောင့်ရင်စောင့်၊ မစောင့်ရင်လည်း ဟိုးအစတည်းက ဒီလိုသွားမယ်ဆိုတာကို ကြိုပြီး ခွင့်တောင်းထားသင့် တယ် မဟုတ်ဘူးလား''
''တကယ်တော့ ကျွန်တော့် အဖေကို ဆေးရုံမှာ တစ်ရက်တစ်ခါ သွားကြည့်ခွင့်က တောင်းနေစရာတောင် မလိုဘူးနဲ့ တူပါတယ်၊ ဘာ ဖြစ် လို့လဲဆိုတော့ ဒီကိစ္စ ဖြစ်လာအောင် ဖန်တီးထားတဲ့သူက မချစ်ခွန်းချို ကိုယ်တိုင်ပဲလေ''
''ဘာ အခု နင် ငါ့နာမည် ကို ခေါ်လိုက်တာလား၊ ဒီအိမ်မှာ ငါ့ကို နာမည် တပ်ပြီး ဘယ်အလုပ်သမားမှ မခေါ်ရဘူး၊ မပြောရဘူး အဲဒီ စည်းကမ်းကို နင် မသိဘူးလား''
''ကျွန်တော့် ကို ပြောပြထားတဲ့ စည်းကမ်းချက်တွေ ထဲမှာ အဲဒီ အချက် မပါပါဘူး''
''အေး နင် မသိခဲ့ဘူးဆိုရင်လည်း အခု မှတ်ထားလိုက်''
သူ့မေးကြောများ တင်းနေတာကို ခွန်းချို လျစ်လျူရှုထား လိုက်သည်။
''ကျွန်တော့် အဖေကို ညနေတိုင်း ဆေးရုံမှာ သွားကြည့်ချင် တယ်၊ အဲဒီ ကိစ္စကိုပဲ အဓိကအနေနဲ့ ကျွန်တော် လာပြောတာပါ''
''အေး ငါ စဉ်းစားလိုက်ဦးမယ်''
ခွန်းချိုက ခပ်လျှမ်းလျှမ်း ပြောကာ ထိုင်နေရာမှ ထထွက်ရန် ပြင်လိုက်သည်။ သူ့နားမှအဖြတ် လက်ကို ဖျတ်ခနဲ ဆောင့်ဆွဲခြင်း ခံ လိုက်ရသော ကြောင့် ရုတ်တရက်မို့ ကိုယ့်ကိုယ်ကို မသိလိုက်ခင်မှာ ပင် ခွန်းချိုရဲ့ ကျန်လက်တစ်ဖက်က သူ့ပခုံးစွန်းကို ဆောင့်တွန်းမိသည်။
''နင် နင် ဘာလုပ်တာလဲ''
''ကျွန်တော် ကောင်းကောင်းမွန်မွန် ပြောနေတာပါ၊ ကျွန်တော့်  အဖေကို ဆေးရုံရောက်အောင် လုပ်ခဲ့တဲ့ လူ တစ်ယောက် ဆီက ဒီလိုမျိုး ခွင့်တောင်းနေရတာ ကိုက ပုံမှန်မဟုတ်ဘူးလေ''
''အဲဒီ အတွက်လည်း နင်တို့ကို ထိုက်တန်တဲ့ လျော်ကြေးပေး ထားတယ် မဟုတ်လား၊ ငါ လုပ်ပေးထားလို့သာ နင့်အဖေ ဒီလိုမျိုး အဆင်ပြေပြေနဲ့ နေနိုင်လာတာ၊ နင့်အိမ်အစုတ်လေးထဲမှာ သာ ဆက်ထား နေရင် ဘယ်အချိန် အသက်ပျောက်လို့ ပျောက်သွားမှန်းတောင် သိမှာ မဟုတ်ဘူး''
''လူ့ခန္ဓာကိုယ်တစ်ခုနဲ့ ရင်းပြီးပေးလိုက် ရတဲ့ ခံစားမှု တစ်ခု အတွက် ပြန်ပေးတဲ့ လျော်ကြေးတစ်ခုကို ထိုက်တန်တယ် မတန်ဘူး ပြောလို့ရလား''
''အေး ငါက နင်တို့လို လူတန်းစားတွေ ရဲ့ ခံယူချက်တွေ ကို နားထောင်ဖို့ မွေးဖွားလာတာ မဟုတ်ဘူး''
''တောက်''
သူ့ တောက်ခေါက်သံထဲတွင် မကျေနပ်သံတွေ တော် တော် လေး ကို ပျော်ဝင်နေမှန်း သိသာပါသည်။
''နင်က ငါ့ကို မကျေမနပ် ဖြစ်နေတာလား''
သူ ဘာမှပြန်မဖြေ၊ ခွန်းချို မျက်နှာကိုသာ စူးစိုက်ကြည့်နေ သည်။ တခြားသူတွေ သာဆိုရင် ဒီလိုမျိုး ပုံစံနှင့် ခွန်းချိုကို ဆက်ဆံဖို့ မပြောနှင့်၊ နည်းနည်း လေး မျက်နှာမော်ကြည့်မိတာနဲ့ တစ်ခါတည်း အလုပ်တန်းဖြုတ်ပစ်လိုက်မိသည်သာ ဖြစ်သည်။
ဒါပေမဲ့ ခွန်းချိုမှာ ကလည်း ကိုယ့်အကြံနှင့်ကိုယ် သူ့ကို သူမ လက်အောက်မှာ ထားကာ နှိပ်ကွပ်ချင်သည့် စိတ်လေးက ခံနေသေးသည်။
ထို့ကြောင့် ပင် အားလုံးကို လျစ်လျူရှုလျက် အခန်းထဲမှ ထွက် ခဲ့လိုက်၏ ။ ဘယ်လိုပဲ ဖြစ် ဖြစ် ခွန်းချိုကို သူ ဒေါသ ဖြစ်လေလေ ခွန်းချို ဘက်က နိုင်လေပင် မဟုတ်လား။ အဲဒါကြောင့် လည်း သူမ စိတ်ထဲမှာ ကြိတ်ဝမ်းသာနေမိသေးသည်။
''သမီး ဘာတွေ လုပ်နေတာလဲ''
''ဘာကိုပြောတာလဲ ဒယ်ဒီ''
ခွန်းချိုက မသိချင်ယောင်ဆောင်ကာ ပြန်မေးလိုက်သည်။
''ဘာကိုပြောတယ်ဆိုတာ သမီး သိပါတယ်လေ၊ ဦးမြတ်မောင် ရဲ့ သားကို အိမ်မှာ ဒရိုင်ဘာခန့်ထားတယ်ဆို''
''သြော် ဒီကိစ္စလား၊ ဟုတ်တယ် ဒယ်ဒီရဲ့ ၊ သမီးရဲ့ အသက်ကို ကယ်ထားတဲ့သူဆိုတော့ သမီးကလည်း ပြန်ပြီး ကျေးဇူးဆပ်တဲ့ သဘော ပါ''
''ဦးမြတ်မောင်ကို လုပ်ပေးထားတဲ့ ကိစ္စတွေ ကို ဒယ်ဒီလည်း ကျေနပ်ပါတယ်၊ ဒါပေမဲ့ ဒယ်ဒီ ကြားထားတဲ့ သတင်းတွေ အရ ဦးမြတ် မောင်ရဲ့ သားက သူ့အဖေ ဒီလို ဖြစ်ရတာ သမီးကြောင့် ပါဆိုပြီး သမီး လေးကို မကြည်မလင် ဖြစ်နေတယ်ဆိုပဲ''
ခွန်းချို မသိမသာ တစ်ချက်ရယ်မောလိုက်မိသည်။ ဒယ်ဒီ မသိအောင် သူမ ဘာမှလုပ်လို့ မရတော့ဘူးလား။
''ဟုတ်တယ် ဒယ်ဒီရဲ့ ၊ ဒါပေမဲ့ သမီးကလည်း သူ့ကို မကျေနပ် ပါဘူးလေ၊ သိပ်ကို ဘဝင်မြင့်နေတဲ့လူ၊ ဒါကြောင့် တမင်သက်သက် သမီးလက်အောက်မှာ ခေါ်ထားလိုက်တာ''
''သမီးလေးရယ် ဒယ်ဒီ အလိုလိုက်ထားလို့ သမီးလေးက လုပ်ချင်တာတွေ လုပ်နေတယ်ပေါ့လေ''
''ဒယ်ဒီက သမီးကို အပြစ်တင်နေတာလား''
''သမီးလေး တစ်ခုခု ဖြစ်မှာ ကို ဒယ်ဒီက စိုးရိမ်တာပါ၊ မြွေပွေး ခါးပိုက်ပိုက်သလို ဖြစ်မှာ စိတ်ပူတယ်လေ''
''အဲဒီ လို မ ဖြစ်စေရပါဘူး ဒယ်ဒီ၊ သမီးကို စိတ်ချပါ''
နောက်ဆုံးတော့လည်း ဒယ်ဒီပဲ အလျှော့မပေးချင် ပေးချင်နှင့် လိုက်လျောလိုက်ရသည်။ အဲဒါပဲလေ၊ ခွန်းချို ဖြစ်ချင်တာဆိုရင် ဘယ် တော့မဆို ဖြစ်ကို ဖြစ်ရမယ်၊ မ ဖြစ်လာဘူးဆိုရင်တော့...။
''ဒီနေ့ ညနေလေးနာရီလောက် ငါ သွားစရာ ရှိတယ်၊ အဲဒါ ကားအဆင်သင့် လုပ်ထားပါ၊ ပရာဒို မဟုတ်ဘူးနော်၊ ကယ်လ်ဒီးလက် ထုတ်ထားလိုက်''
သူမ ထမင်းစားနေရင်းနှင့် ကေသရာကို လှမ်းခေါ်ကာ ပြော လိုက်ခြင်း ဖြစ်သည်။ သူ တစ်ခုခု ပြန်ပြောရန် ပြင်၏ ။ သို့ သော် ဘာမှဆက်မပြောပါ။
''နင် သွားစရာရှိရင် အခု သွားပါ၊ ဒါပေမဲ့ ငါ ပြောထားတဲ့ အချိန်အတိအကျတော့ ပြန်ရောက်ရမယ်၊ ပြောတာ ရှင်းလား''
သူ့မျက်နှာကို ခွန်းချို မကြည့်ပါ။ သူမနားကနေ ထွက်ခွာ သွားသော သွက်လက်သော ခြေလှမ်းများ ရဲ့ အသံကိုတော့ သေချာ ကြားလိုက်ရသည်။
ညနေကျရင် ဒယ်ဒီ့ကိုယ်စား ညစာစားပွဲတစ်ခုကို တက် ရောက်ပေးရမည် ။ ဒယ်ဒီနှင့်လုပ်ဖော်ကိုင်ဖက် ဇနီးမောင်နှံရဲ့ နှစ် ဆယ့် ငါးနှစ်မြောက် မင်္ဂလာနှစ် ပတ်လည်နေ့ အထိမ်းအမှတ်အ ဖြစ် သူတို့ မိသားစုပိုင် ဟိုတယ်တစ်ခုတွင် အခမ်းအနား ပြုလုပ်ခြင်း ဖြစ်၏ ။
ဒယ်ဒီက နိုင်ငံရပ်ခြားသို့ ရောက်နေသည်မို့ ဒယ်ဒီ့ကိုယ်စား ခွန်းချိုကသာ တက်ရောက်ပေးရမည် ဖြစ်၏ ။
သိပ်တော့ ကိစ္စမရှိပါ။ ဒယ်ဒီ့မိတ်ဆွေ အန်ကယ် ဦးသော်တာက ခွန်းချိုတို့အိမ်တွင် အလုပ်ကိစ္စတစ်ခု ဒယ်ဒီနှင့် လာရောက်ဆွေးနွေး စဉ်တုန်းက သူမနှင့် တွေ့ မြင် မိတ်ဆက်ပေးထားဖူးသည်။
ဘာပဲ ဖြစ် ဖြစ် ဒယ်ဒီ့ကိစ္စဟာ သူမနှင့်လည်း သက်ဆိုင်သည်မို့ လုပ်ပေးနိုင်တာရှိလျှင်တော့ ဝင်ရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
ညနေငါးနာရီအတိတွင် သူမ အားလုံး ပြင်ဆင်ပြီးသွားပြီ။ ပန်းဆီရောင် ဂါဝန်တိုတိုလွင့်လွင့်လေးက ရင်ပြတ်ပုံစံလေးမို့ ကိုယ်ခန္ဓာ အလှကို အတော် လေး ဖော်ပြထားသလို ဖြစ်နေသည်။ ဝါဝင်းသော အသားအရေလေးကလည်း ရွှေရောင် ဖိတ်ဖိတ်တောက်သလို ရွှန်းစိုဝင်း လက်နေ၏ ။ အောက်က လေးလက်မဒေါက် ခဲရောင် လေးကို စီးလိုက် တော့ နဂိုက ရှည်သွယ်သော အရပ်နှင့် အလွန်ပင် ကြည့်ကောင်းသွား သည်။
အိမ်ရှေ့ဆင်ဝင်အောက်တွင် အနက်ရောင် ကယ်လ်ဒီးလက် ကားလေးနှင့် အဆင်သင့် တွေ့ လိုက်ရသည်။ သူက ကားဘေးမှာ မတ် တပ်ရပ်လျက် ထုံးစံအတိုင်း လည်ကတုံးအင်္ကျီနှင့် ပုဆိုးအကွက်စိပ်စိပ် လေးကို ဝတ်ဆင်ထားသည်။
သူ ဆင်ယင်ထားသမျှသည် တန်ဖိုးမကြီးသည့် အပေါစားမှန်း ခွန်းချို ခန့်မှန်းလို့ ရနေပေမယ့် သူ ဝတ်ဆင်ထားစဉ်မှာ တော့ အတော် လေးကို ကြည့်ကောင်းတာ အမှန်ပင် ဖြစ်၏ ။
ကားတံခါးကို သူက အရန်သင့် ဖွင့်ပေးသည်။ ခွန်းချိုကို လုံးဝ မကြည့်ပါ။ မျက်လုံးများ ကို ကြမ်းပြင်တွင် သာ စိုက်ချထား၏ ။ ဒီလိုကျတော့လည်း အရမ်းကို အပိုးကျိုးနေသော အလုပ်သမားတစ် ယောက် ၏ ဟန်ပန်မျိုးနှင့် ဖြစ်သည်။
ခမ်းနားကြီးကျယ်လှသော ဟိုတယ်ကြီးတစ်ခု၏ ရှေ့တွင် ကား ထိုးရပ်လိုက်ပြီးသည်နှင့် သူက ကားတံခါးကို ဆင်းဖွင့်ပေးပြန်သည်။ တော် တော် လေးကို အပိုးကျိုးလာသည့် ပုံပါပဲ။ ဟိုတယ်ထဲဝင်ရန် ခြေလှမ်း ပြင်ပြီးမှ သူ့ဘက်သို့ ပြန်လှည့်လိုက်ကာ
''ဘယ်မှထွက်မသွားနဲ့ဦး၊ ငါ ပြန်ထွက်လာတဲ့ထိ ဒီနားမှာ ပဲ ရှိနေပါစေ''
''ဟုတ်ကဲ့''
သူ့ရဲ့ ရိုကျိုးလာမှု အတွက် ခွန်းချိုက တစ်ချက်ကြိတ်ပြုံးလိုက် ရင်း ဟိုတယ်ထဲသို့ ကြွကြွရွရွလေး လှမ်းဝင်ခဲ့လိုက်သည်။
ခွန်းချို ဝင်လာတာကို မြင်သည်နှင့် ဧည့်ပရိသတ်အားလုံးရဲ့ မျက်လုံးတွေ ခွန်းချိုထံမှာ သာ စုပြုံကျကုန်၏ ။ ချစ်ခွန်းချိုဆိုတာ ဒီမှာ ရှိရှိသမျှသော လူတွေ ရဲ့ အာရုံကို ဖမ်းစားနိုင်လောက်သည်ထိ လှပကာ နာမည် ကြီးသော သူ တစ်ယောက် ဖြစ်သည်။
အန်ကယ် ဦးသော်တာက သူမကို မြင်သည်နှင့် ပျာပျာသလဲ လာနှုတ်ဆက်သည်။
''သမီး ရောက်လာပြီလား၊ သမီးရဲ့ ဒယ်ဒီက ဖုန်းလှမ်းဆက် ထားလို့ သမီးလေးပဲ လာနိုင်မယ်ဆိုတာ သိပြီးပါပြီ၊ အဲဒါကြောင့် စောင့် နေတာလေ၊ သမီးက လူငယ်ဆိုတော့ အန်ကယ့်သားနဲ့ ဝိုင်းလိုက်လေ၊ သားသူငယ်ချင်းတွေ ချည်းပါပဲ''
အန်ကယ် ဦးသော်တာက သူ့သားဆိုသူကို လက်ညှိုးညွှန်ပြ သည်။ အရပ်သိပ်မမြင့်ပေမယ့် စတိုင်ခပ်မိုက်မိုက်ကြောင့် ပေါ်လွင်နေ သော အသားဖြူဖြူနှင့် ခွန်းချိုတို့အရွယ် ကောင်လေး တစ်ယောက် ဖြစ် သည်။
သူတို့ဝိုင်းထဲမှာ မိန်းကလေးတချို့လည်း ရှိနေသည်မို့ သူမ လည်း အီလည်လည်နှင့်ပင် လျှောက်သွားလိုက်ရသည်။ ဦးသော်တာ သား ဖြစ်သူက ခွန်းချိုပင် သူတို့ဝိုင်းနားသို့ မရောက်ခင်မှာ ဘဲ အနားသို့ လျှောက်လာကာ လက်တစ်ဖက်ကို ရှေ့သို့ ဆန့်တန်းလျက်
''ဟိုင်း ငါ့နာမည် ဆန်းသစ်စ ပါ၊ မင်းက အန်ကယ်ချစ်နိုင်ရဲ့ တစ်ဦးတည်းသော သမီး ချစ်ခွန်းချို မဟုတ်လား''
''နင်က ငါ့ကို ဘယ်လိုသိနေတာလဲ''
''နင်က ငါတို့ အသိုင်းအဝိုင်းထဲမှာ နာမည် ကြီးပဲဟာ၊ မသိတဲ့ သူ တစ်ယောက် မှ မရှိဘူး၊ ဖေဖေက ငါ့ကို ဒီပွဲကို နင် လာမယ်ဆိုတာ ပြောထားပြီးသား''
''ဘာ ဖြစ်လို့ ပြောထားရတာ လဲ''
''နင်နဲ့ငါ့ကို ရင်းနှီးစေချင်လို့ပေါ့''
''မလိုပါဘူးလေ''
သူမရဲ့ လေသံသည် အနည်းငယ်မျှပင် လိုက်လျောရင်းနှီးမှု မရှိသည့် လေသံမျိုးသာ ဖြစ်၏ ။ ဒါပေမဲ့ ဆန်းသစ်စရဲ့ အမူအရာတွေ ကတော့ သူမနှင့် သိပ်ကို ရင်းနှီးပတ်သက်ချင်နေမှန်း သိသာပါသည်။
အဲဒီ လို ယောက်ျားမျိုးကို သူမ နည်းနည်း မှ စိတ်ဝင်စားပေးလို့ မရတာ လည်း အမှန်ပင် ဖြစ်၏ ။ မိန်းမ တစ်ယောက် ကို မြင်မြင်ချင်းမှာ ပင် သိပ်ကို အကျွမ်းတဝင် ဆက်ဆံတတ်သည့် ခပ်ပေါပေါ ယောက်ျားမျိုး တွေ ကို သူမ မနှစ်သက် ပါ။
''နင် ဘာသောက်မလဲ၊ ဝိုင်ပဲလား''
''ဝိုင်အနီပဲ ပေးပါ''
ဆန်းသစ်စက ဝိတ်တာ တစ်ယောက် ၏ ဗန်းထဲမှ ဝိုင်အနီ တစ်ခွက်ကို ယူလျက် သူမထံ ကမ်းပေးသည်။ ညစာစားပွဲကို ဘူဖေး ပုံစံ ခင်းကျင်းထားခြင်းမို့ ကိုယ်နှစ်သက် ရာကို အသင့်ထည့်စားရုံသာ ဖြစ်၏ ။ သူမ ကတော့ ဘာမှမယ်မယ်ရရ မစား ဖြစ်ပါဘဲ ဝိုင်တွေ သာ လှိမ့်သောက်နေမိသည်။
ဝိုင်လေးခွက်လောက် သောက်အပြီးမှာ သူမ ခေါင်းထဲမှာ ရီဝေဝေ ဖြစ်လာသော ကြောင့် ပြန်ရန် နှုတ်ဆက်လိုက်၏ ။
''နင် အဆင်ပြေရဲ့ လား၊ ကားမမောင်းနိုင်ရင် ငါ လိုက်မောင်း ပေးမယ်လေ''
သူမ လက်တစ်ဖက်ကို လာတွဲ လျက် ပြောလိုက်သော ဆန်းသစ် စကို တစ်ချက် ဘုကြည့်ကြည့်ပစ်လိုက်ပြီး လက်ကိုလည်း ဆောင့်ရုန်း လိုက်၏ ။
''မလိုဘူး၊ ငါ့မှာ ဒရိုင်ဘာ ပါတယ်''
''နင်တို့ ဒရိုင်ဘာ ဟိုတလောက ကားတိုက်မှု ဖြစ်တယ်ဆို''
အဲဒီ သတင်းထိ လိုက်သိနေသော လူတွေ ကို သူမ နည်းနည်း အံ့သြသွားမိ၏ ။
''ဒရိုင်ဘာ တစ်ယောက် ကားတိုက်တာနဲ့ပဲ ငါတို့က ဒရိုင်ဘာ အသစ် မငှားနိုင်တော့ဘူးလား၊ စကားကို ကြည့်ပြောပါ ဆန်းသစ်စ''
''ဆောရီးပါဟာ၊ ငါက အဲဒီ သဘောနဲ့ ပြောတာ မဟုတ်ပါဘူး''
ဆန်းသစ်စက ပျာပျာသလဲ တောင်းပန်ပါသည်။ ဒါပေမဲ့ အဲဒီ လိုမျိုး သူစိမ်း တစ်ယောက် ရဲ့ ကိစ္စတွေ ကို စပ်စပ်စုစု လိုက်မေးသော အမူအကျင့်မျိုးကိုလည်း သူမ မနှစ် မြို့ပါ။
''နင့်ကို ဟိုတယ်ရှေ့ထိတော့ လိုက်ပို့မယ်နော်''
သူမ ဘာမှခွန်းတုံ့ပြန် ပြောချင်စိတ် မရှိတော့၍ ကိုယ့်ခြေလှမ်း ကိုသာ သတိထားလှမ်းနေလိုက်သည်။ ခြေလှမ်းများ က သတိထားမလှမ်း လျှင် အနည်းငယ် ယိုင်ချင်ချင် ဖြစ်နေသော ကြောင့် ဖြည်းဖြည်းမှန်မှန် သာ ဣနြေ္ဒလေးနှင့် လျှောက်နေရ၏ ။
ဆန်းသစ်စ ကတော့ ဘေးနားကနေ ကပ်လျက် ပါလာပါသည်။ ဟိုတယ်ပြင်သို့ ရောက်သည်နှင့် ကားရပ်ခဲ့သည့် နေရာကို မျက်လုံး ဝေ့ဝဲ ကြည့်လိုက်မိသည်။ ကားထဲမှာ ထိုင်ကာ ဂျာနယ်ဖတ်နေသော သူ့ပုံရိပ်ကို မသဲမကွဲ လှမ်းမြင်ရ၏ ။
''ဘယ်ကားလဲ ချို''
''နင် ငါ့ကို ဘယ်လိုခေါ်လိုက်တာလဲ''
သူမကို ချိုဟု တစ်လုံးတည်း မည် သူမျှ မခေါ်ခဲ့ဘူးပါ။ မည် သူ့ ကိုမှလည်း ခေါ်ခွင့်မပေးနိုင်ပါ။ ဒီလူက နည်းနည်း တော့ များ လာပါပြီ။
စိတ်တိုတိုနှင့်ပင် ဆန်းသစ်စကို မျက်နှာချင်းဆိုင်ပစ်လိုက်၏ ။
''နင်နဲ့ငါနဲ့ သိပ်ရင်းနှီးနေတယ်လို့များ နင့်စိတ်ထဲမှာ တွေး နေလား ဆန်းသစ်စ၊ အဲဒါဆိုလည်း အဲဒီ အတွေးကို နေရာမှာ တင် ရပ်တန်းက ရပ်လိုက်ပါ၊ အထူးသဖြင့် ငါနဲ့ ရင်းနှီးတဲ့ ပုံစံ ဖမ်းတတ်တဲ့ ယောက်ျားမျိုးကို ငါ ရွံတယ်''
သူ့ကို ပြောပြီး နေရာကနေ လှည့်ထွက်လိုက်သော ခွန်းချိုမှာ ခြေလှမ်းတစ်ချက် ယိုင်နဲ့သွား၏ ။ အဲဒါကို ဆန်းသစ်စက ပခုံးအား အသာအယာ လှမ်းပွေ့ဖက်ကာ ထိန်းပေးလိုက် သော ကြောင့် အောက်ထိ ပြိုလဲကျမသွားခြင်း ဖြစ်သည်။
ဒါပေမဲ့ မတတ်နိုင်ပါ။ သူမရဲ့ လက်များ က ဆန်းသစ်စရဲ့ ပါးပြင်ထက်သို့ ရောက်သွားခဲ့ပြီး ဖြစ်သည်။
''ဟာ မင်း မင်း အဲဒါ ဘယ်လိုလုပ်လိုက်တာလဲ၊ ရိုင်းလှချည် လား''
''ဟုတ်တယ် ချစ်ခွန်းချိုအကြောင်းတွေ ကို မသိသေးရင် နင် စုံစမ်းထားလိုက်ဦး''
''တော် တော် မိုက်ရိုင်းတဲ့ မိန်းမကွာ''
''အေး ငါ ရိုင်းတယ်ဆိုတာလည်း နင့်အပြုအမူတွေ ကြောင့် ရိုင်းရတာ ဟဲ့''
''အဲဒါကြောင့် လည်း ချစ်ခွန်းချိုဆိုတာ ရုပ်လေးချောသ လောက် အပြောအဆို သိပ်ရိုင်းတယ်လို့ လူတွေ က ပြောကြတာကိုး''
''ဘာ''
သူမ လက်တစ်ဖက်က မြောက်တက်သွား၏ ။ သို့ သော် ဆန်း သစ်စက ထိုလက်ကို လေထဲမှာ သာ ရပ်တန့်သွားအောင် ဖမ်းဆုပ်ကိုင် လိုက်သော ကြောင့် သူမ ရည်ရွယ်ချက်တို့ မအောင်မြင်နိုင်ဘဲ ဖြစ်သွား သည်။ ဆန်းသစ်စ လက်ထဲတွင် နာကျင်လာသော သူမ၏ လက်လေးကို ရုန်းကြည့်ပါသော်လည်း ဘယ်လိုမှ ရုန်းမထွက်နိုင်ဘဲ ဖြစ်နေသည်။
တင်းကျပ်နေအောင် ဖိကိုင်ထားသော လက်ချောင်းများ အတွင်းမှာ ခွန်းချိုရဲ့ လက်လေးတောင် ကြေမွသွားတော့မလား ထင်လာ မိ၏ ။
''အဲဒီ လက်ကို လွှတ်ပေးလိုက် ပါ''
အနားတွင် ကပ်ကာ ထွက်လာသော ကြည်လင်ပြတ်သားသည့် အသံကြောင့် သူမရော ဆန်းသစ်စပါ ပြိုင်တူ လှည့်ကြည့်လိုက်မိ၏ ။ ခွန်းချို ဘယ်လိုမှ မထင်မှတ်ထားပါသော သူ ဖြစ်နေသည်။
''မင်းက ဘယ်သူလဲ''
''ငါ ဘယ်သူလဲဆိုတာထက် အဲဒီ လက်ကို အရင်လွှတ်လိုက် ပါ''
''မလွှတ်နိုင်ဘူးကွာ၊ ဘာလဲ မင်းက အချစ်ရုပ်ရှင်တွေ ထဲကလို ဟီးရိုးဝင်လုပ်ချင်တာလား''
ကေသရာ့လက်တစ်ဖက်က ခွန်းချို လက်ကို ဆုပ်ကိုင်ထား သော ဆန်းသစ်စ၏ လက်များ ပေါ်သို့ အုပ်ကိုင်ကာ ဆွဲခွာပစ်လိုက်၏ ။ တစ်ချက်ပဲ ဆွဲခွာပစ်လိုက်ရုံနှင့် သူမရဲ့ လက်လေးလည်း လွတ်မြောက် သွားကာ ဆန်းသစ်စရဲ့ လက်လည်း အတော် လေး နာကျင်သွားပုံ ရပါသည်။
သူမ လွတ်မြောက်သွားသည်နှင့် ထိုနေရာမှ အမြန်ဆုံး ထွက် ခွာလာခဲ့သည်။ ကေသရာကလည်း သူမနားမှ ထပ်ချပ်မကွာ လိုက်ပါလာ သည်။
ထိုမြင်ကွင်းကို အစအဆုံး ကြည့်နေသော ဆန်းသစ်စ ကတော့ တောက်တစ်ချက် ကျယ်လောင်စွာ ခေါက်ပစ်လိုက်၏ ။
တစ်လမ်းလုံး သူ့မျက်နှာကိုတောင် မကြည့်ဘဲ ခွန်းချို တစ် ယောက် တည်း ငြိမ်သက်နေမိသည်။ သူ ကတော့ ဘာကိုမှ ရင်မဆိုင်လာ ခဲ့ရသလိုပါပဲ၊ ကားကို ပုံမှန်အတိုင်း ဖြည်းဖြည်းမှန်မှန်သာ မောင်းနှင် နေ၏ ။
ခြံဝင်းထဲသို့ ပြန်ရောက်သည်ထိ သူ့ကို နည်းနည်း မှ လှည့် မကြည့်ခဲ့မိပါ။ သူမရဲ့ စိတ်တွေ တကယ်ကိုပဲ နောက်ကျိရှုပ်ထွေးနေ၏ ။ သူ့ရှေ့မှာ မှ ပြီးတော့ သူ ဝင်ဖြေရှင်းပေးလိုက် တော့မှ ပြေလည်သွားသော ထိုပြဿနာကို သူမ မလိုချင်ပါ။
ဆန်းသစ်စဆိုသော ယောက်ျားကိုလည်း တော် တော် လေးကို ချဉ်သွားမိ၏ ။ ယောက်ျား တစ်ယောက် ဖြစ်ပြီး ဘာအငြိုးအတေးမှ မရှိပါ ဘဲ မိန်းမ တစ်ယောက် နှင့် ဖက်ပြိုင်ကာ စကားနိုင်လုရဲသော ထိုလူကို စိတ်ထဲမှာ အားရပါးရ လှောင်ရယ်ပစ်လိုက်သည်။
ဒါပေမဲ့ ကံဆိုးစွာ ပင် နောက်တစ်နေ့ မနက်စောစော သူမ ဘရိတ်ဖတ် စားနေတုန်းမှာ ပဲ ဒယ်ဒီ့ထံမှ ဖုန်းဝင်လာခဲ့၏ ။
''ဒယ်ဒီ ကတော့ သမီးကို မျက်လုံးနှစ် လုံးပွင့်တာနဲ့ တန်းပြီး သတိရနေပြီနဲ့ တူတယ်''
သူမက ခပ်နောက်နောက်လေး ပြောလိုက်သည်။ သို့ သော် ဒယ်ဒီ့ထံမှ အရင်လို ရွှင်မြူးသော တုံ့ပြန်သံမျိုးကို သူမ ပြန်မကြားရပါ။
''ခွန်းချို မနေ့က ဒင်နာကို သမီး သွားခဲ့တယ်နော်''
''သွားခဲ့တယ်လေ ဒယ်ဒီ''
အဲဒီ ထိလည်း ပြဿနာကို သူမ မရိပ်စားမိသေးပါ။ ဒယ်ဒီ့ထံမှ သက်ပြင်းချသံသဲ့သဲ့ ကြားရသည်။
''မနက်က ဒယ်ဒီ့ဆီကို ကိုသော်တာ ဖုန်းဆက်တယ်''
''ဟုတ်လား ဘာ ဖြစ်လို့လဲ ဒယ်ဒီ''
''မနေ့ညက သူ့သား ဆန်းသစ်စနဲ့ သမီးရဲ့ ဒရိုင်ဘာနဲ့ ပြဿနာ တက်ကြသေးတယ်ဆို''
''ရှင်''
တကယ့်ကို အံ့သြသွားမိခြင်း ဖြစ်၏ ။ ဆန်းသစ်စကို ဒီလောက် ကလေးဆန်ဆန် လုပ်လိုက်လိမ့်မည် လို့ သူမ မထင်မှတ်ထားပါ။ အဲဒါဟာ ဘယ်လောက်များ ကလေးဆန်လိုက်သည့် လုပ်ရပ်လဲဆိုတာ ဆန်းသစ်စ ကိုယ်တိုင်တောင် အတွေးမပေါက်ခဲ့ဘူးနှင့် တူပါသည်။
''အဲဒါ တကယ်ပဲလား သမီး''
သူမ မည် သို့ ဖြေရှင်းရပါ့မလဲ။ ကေသရာနဲ့ ဆန်းသစ်စ ပြဿနာ ဖြစ်ခဲ့တယ်ဆိုတာလည်း သူမကြောင့် ပဲလေ။ အဲဒါကို ဒယ်ဒီ သိလျှင် သေချာပေါက် သူမ အနည်းအများ တော့ အဆူခံရတော့မည် ဖြစ်၏ ။
''အဲဒါ တကယ် ဖြစ်ခဲ့တာလားလို့ ဒယ်ဒီ မေးနေတယ်လေ သမီးလေး''
''အဲဒီ အ ဖြစ်မျိုး တကယ် ဖြစ်ခဲ့ပါတယ် ဒယ်ဒီ၊ ဒါပေမဲ့''
သူမသည် ကေသရာ့ဘက်က တစ်ခုခု ရှေ့နေလိုက်ပေးမိမလို ဖြစ်သွားသော ကိုယ့်စိတ်အား လျင်မြန်စွာ ပင် ချုပ်ထိန်းလိုက်မိပြန်၏ ။ ဟင့်အင်း သူမ ကေသရာ့ဘက်ကနေ ဘာကိုမှ ခုခံကာကွယ် ပြောမပေး နိုင်ပါ။
''အင်း ဆက်ပြောလေ သမီး၊ ဒယ်ဒီ နားထောင်နေပါတယ်''
''ဘာမှမဟုတ်တော့ပါဘူး ဒယ်ဒီ၊ ကေသရာနဲ့ ဆန်းသစ်စတို့ တကယ်ပဲ ပြဿနာ တက်ခဲ့ကြပါတယ်''
ဆန်းသစ်စ ကိုယ်တိုင်ကလည်း ကေသရာနဲ့ သူတို့ ပြဿနာ တက်ကြသည်ဟုသာ ဦးသော်တာကို ပြောပြခဲ့ပုံရ၏ ။ သူမ နာမည် ကိုတော့ ထည့်ပြောခဲ့သည့်ပုံ မပေါ်ပါ။ အဲဒါကပဲ တစ်မျိုးကောင်းနေသေးတော့ သည်။
''အဲဒီ ကိစ္စကို သမီးဘက်က တစ်ခုခုလုပ်ပေးမှ သူတို့ ကျေနပ် ကြလိမ့်မယ်ကွဲ့''
''သမီးက ဘာလုပ်ပေးရမှာ လဲ ဒယ်ဒီ၊ သမီးနဲ့မှ ဘာမှမဆိုင် တာကြီးကို''
''သမီးရဲ့ ဒရိုင်ဘာနဲ့ ဖြစ်ခဲ့တာလေ၊ သမီးနဲ့မဆိုင်လို့ ဘယ်သူ နဲ့ဆိုင်ရမှာ တုန်းကွဲ့''
''ဒါဆို သမီးက ဘာလုပ်ပေးရမှာ လဲ ဒယ်ဒီ''
''သမီးဘက်က ဒရိုင်ဘာကို တစ်ခုခု အရေး ယူရမှာ ပေါ့''
''သမီး သူ့ကို အလုပ်တော့ ဖြုတ်မပစ်နိုင်ဘူးနော် ဒယ်ဒီ''
''သမီး သဘောပါ၊ ဒါပေမဲ့ ကိုသော်တာတို့ဘက်က ကျေနပ် သွားအောင်တော့ ဒယ်ဒီတို့က တစ်ခုခု လုပ်ပေးရလိမ့်မယ်''
တကယ့်ကို မကျေနပ်ဖွယ်ရာ အနေအထားပင် ဖြစ်သည်။ ဆန်းသစ်စကလည်း မှားသေးသည်။ သူမတို့ကပဲ တစ်ဖန်ပြန်ပြီး သူတို့ ကျေနပ်အောင် လုပ်ပေးရမည် ဆိုတော့ တစ်ဆိတ် လွန်လွန်း၏ ။
သို့ သော် မတတ်နိုင်တော့ပါ။ တကယ်တမ်း ပြန်စဉ်းစားကြည့် လျှင် ကေသရာကလည်း ဝင်မပါသင့်တာကို ပါခဲ့လို့ ခုလို မ ဖြစ်သင့်တာ တွေ ဆက် ဖြစ်ကုန်ခြင်း ဖြစ်သည်။ တကယ်တော့ သူမ တစ်ယောက် တည်းတွင် တာဝန်ရှိခြင်း မဟုတ်ဘဲ ကေသရာ့တွင် လည်း တာဝန်ရှိပါ သည်။
နောက်ဆို သူမကိစ္စတွေ မှာ ဝင်မပါဖို့ မှာ ထားရဦးမည် ။
သူမ ပထမဆုံးလုပ်သော အလုပ်သည် မိနန္ဒာကို ကေသရာ့ထံ အခေါ်လွှတ်လိုက်ခြင်း ဖြစ်၏ ။ ခွန်းချိုရှေ့သို့ သူရောက်လာချိန်တွင် ခွန်းချို စိတ်ထဲမှာ သူ့ကိုပြောရန် စကားလုံးများ စီစဉ်ခဲ့ပြီးပြီ ဖြစ်သည်။
''ကျွန်တော့် ကို ခေါ်တယ်ဆိုလို့ပါ''
''အေး ဟုတ်တယ် ညက ကိစ္စကို နင်နဲ့ပြောချင်လို့ ငါ ခေါ် ခိုင်းလိုက်တာ''
''ဟုတ်ကဲ့ ပြောပါ''
''နောက်ဆို ငါ့ကိစ္စတွေ မှာ ဝင်မပါပါနဲ့၊ နင်နဲ့မဆိုင်ရင် မဆိုင် သလို နေပါ၊ နင် ဝင်ရှုပ်လိုက်တော့ ငါ ပိုပြီး အာရုံနောက်ရတယ်''
သူ့မျက်နှာကို တည့်တည့်စိုက်ကြည့်ပြီး ပြောနေခြင်း ဖြစ်သော ကြောင့် သူ့မျက်နှာပေါ်က အံ့သြခြင်းအရိပ်အငွေ့လေး ဖြတ်သန်းသွား တာကိုလည်း သူမ သေချာမြင်လိုက်ပါသည်။
''အဲဒီ တော့ ညက နင်လုပ်ခဲ့တဲ့ အပြစ်အတွက် လစာရဲ့ တစ်ဝက်တိတိ ဒီလဖြတ်မယ်၊ ကျေနပ်လား''
သူ ဘာမှပြန်မဖြေပါ။ ခွန်းချို မျက်နှာကိုသာ မမှိတ်မသုန် စိုက်ကြည့်နေခဲ့သည်။
''ဟဲ့ ငါ ပြောနေတာကို ကြားရဲ့ လား၊ တကယ့်ကို အူကြောင် ကြောင် မျက်နှာနဲ့ လာကြည့်နေတယ်''
''ကျွန်တော် က မကျေနပ်စရာ မရှိပါဘူး၊ ကျွန်တော့် အတွက် အဲဒီ လစာဆိုတာက အသားတင်ရနေတာပဲလေ၊ စားစရိတ် နေစရိတ်တွေ အတွက်က ပူပန်စရာမှ မလိုတာ၊ ဖေဖေ့ဆေးဖိုးကအစ ဒီကပဲ တာဝန် ယူထားတာ မဟုတ်လား''
သူ ပြောတာလည်း ဟုတ်နေသည်။ သူမဘက်က အပြစ်ပေး သည့်အနေနှင့် လစာတစ်ဝက်ဖြတ်သော်လည်း သူ့အတွက် ကတော့ ဘာမှ ထူးခြားသွားမှာ မဟုတ်။ သူ့ကုန်ကျစရိတ်အားလုံးကို ခွန်းချိုကပဲ တာဝန် ယူပေးထားတာလေ။
''နင် သွားလို့ရပြီ၊ နောက်ဆို ငါ ပြောတာကို သေချာမှတ်ထား ပါ၊ ငါ့ကိစ္စတွေ မှန်သမျှကို နင်နဲ့ဘာမှမဆိုင်တဲ့အတွက် မဆိုင်သလိုဘဲ နေပါ''
''ဟုတ်ကဲ့''
သူ ခွန်းချိုနားမှ ပြန်ထွက်ခွာသွားသည်။ ခွန်းချို စိတ်ထဲမှာ သူနဲ့ပတ်သက်ပြီးတော့ မတင်မကျလေး ဖြစ်ကျန်ခဲ့၏ ။
သူဟာ ဘယ်လိုလူစားလဲ။ သူမဆီကို ချဉ်းကပ်လာခြင်းဟာ များ ပြားလှစွာ သော အခွင့်အရေး တွေ ကြောင့် လား။ သူတို့လို လူတန်းစား တွေ က ပိုက်ဆံရမယ်ဆို ဘာမဆိုလုပ်ဖို့ ဝန်လေးတတ်ကြသူများ မဟုတ်။ ခွန်းချို ရင်ထဲတွင် သူနှင့်ပတ်သက်ပြီးတော့ မေးခွန်းပေါင်းများ စွာ ရှိနေ သည်။
သူ့ကို သူမနားမှာ ခေါ်ထားရသော်လည်း တကယ်တမ်းမှာ ရာနှုန်းပြည့် စိတ်ချမှု မျိုးနှင့်တော့ မဟုတ်ခဲ့။ ခွန်းချိုဘက်က သူ့ကို မကျေနပ်သလို သူကလည်း ခွန်းချိုကို အနီးကပ် ရန်လုပ်ချင်လို့ အလုပ် ဝင်လာခဲ့တာလို့ပဲ မြင်နေခဲ့သည်။
ဒါပေမဲ့ ခုချိန်ထိတော့ သူ့ဘက်က ခွန်းချိုကို ထိခိုက်နစ်နာစေ မည့် ကိစ္စမျိုးတွေ ဘာမှမလုပ်ခဲ့သေးပါ။ သူမကသာ သူ စိတ်မတိုတိုအောင် ရန်သွားသွား စမိနေခြင်း ဖြစ်သည်။
ဟူး သူ့စိတ်ကို နားလည်ရန်မှာ တော် တော် လေး ခက်ခဲမည့်  ပုံပါပဲ။
ခွန်းချို အိပ်မပျော်သေး၍ ခြံထဲဆင်းကာ လမ်းလျှောက်နေမိ သည်။ ဒယ်ဒီကလည်း စင်ကာပူမှာ ရုံးခွဲတစ်ခု စတင်ဖွင့်ဖွင့်ချင်းမို့ နေသားတကျ ဖြစ်စေရန် ဟိုမှာ တော် တော် ကြာကြာလေး ရုံးသွားထိုင် ပေးနေရသည်။
အရင်ကလည်း ဒီလိုပဲ တစ်နေရာမဟုတ် တစ်နေရာသို့ ဒယ်ဒီ့ အလုပ်ကိစ္စတွေ နှင့် ရက်ရှည်ခရီးတွေ သွားတတ်မြဲ ဖြစ်သည်။ ဒါပေမဲ့ တစ်ခါမှတော့ ဒီလိုမျိုး မကြာခဲ့ဘူးပါ။
ဘာပဲ ဖြစ် ဖြစ် ဒယ်ဒီက အလုပ်ရှုပ်သူဆိုပေမယ့် ထမင်းဝိုင်းတို့ မနက်စာ ကော်ဖီဝိုင်းတို့မှာ ဆုံလျှင်တော့ သူမနှင့်စကားစမြည် ပြော ဖြစ် သည်။ သူမ လိုချင်တာရှိလျှင် ဒယ်ဒီ့ ဗိုက်ပူပူကြီးကို နောက်က သိုင်းဖက် ပြီး ခပ်ချွဲချွဲလေးလုပ်လျက် ပူဆာပစ်လိုက်မည် ။
ခုတော့ ဒယ်ဒီကလည်း ပြန်မလာသေးပါ။ ခွန်းချိုနားမှာ မည် သူမှလည်း မရှိပါ။ သူမ မြင်နေရသမျှသည် သူမကို ကြောက်ရွံ့စွာ နှင့် မျက်လွှာချကာ စကားတိုးတိုးပဲ ပြောခွင့်ရှိသော အိမ်ရှိအလုပ်သမား များ သာ ဖြစ်၏ ။
ကြာတော့လည်း သူမ ပျင်းရိငြီးငွေ့လာခဲ့သည်။ အဲဒီ လို ပျင်းရိ ငြီးငွေ့လာလျှင် သူမ ဈေးဝယ်ထွက်မည် ။ ဒယ်ဒီ ရှိနေရင်တော့ နိုင်ငံ ရပ်ခြားထိ သားအဖနှစ် ယောက် ရှော့ပင်ထွက်ကြမြဲ ဖြစ်၏ ။ ခုတော့ သူမမှာ ဈေးဝယ်စရာ ရှော့ပင်းမောလ်လည်း ကုန်သလောက် ရှိနေပြီ။
ဘာအဝတ်အထည် အသုံးအဆောင်ကိုမှလည်း အထူး မလို အပ်တော့ပါ။ အားလုံးက အရန်သင့် ပြီးပြည့်စုံနေခဲ့ပြီး ဖြစ်သည်။
သူမ ကျောင်းနေစဉ်အရွယ်တည်းက ရွယ်တူ ကျောင်းသား ကျောင်းသူများ ကို အဖတ်မတန်သလို ဆက်ဆံခဲ့ခြင်းကြောင့် ခုချိန်ထိ လည်း သူမမှာ သူငယ်ချင်းဟူ၍ တစ်ယောက် မှ မရှိ။ ကျောင်းပြီးသွား လို့ သူများ တွေ အုပ်စုဖွဲ့ကာ သင်တန်းတွေ တက် ပျော်ရွှင်စွာ သွားလာ လှုပ်ရှားနေကြချိန်တွင် လည်း ခွန်းချို ကတော့ သင်ကြားချင်သည့် ဘာသာ ရပ်ကို အိမ်မှာ ဆရာခေါ်ကာ တစ်ယောက် တည်း သီးသန့် သင်ကြားခဲ့ ရသည်။
တကယ်တော့ သူမရဲ့ ဘဝသည် လွန်စွာ မှ ပျင်းရိငြီးငွေ့ စိတ် ညစ်ညူးဖွယ်ကောင်းလောက်အောင်ပင် အထီးကျန်ဆန်လှပါသည်။ ခြံထဲမှ စိန်ပန်းပင်ကြီးအောက်ရှိ ထိုင်ခုံလေးတွင် ထိုင်ပြီး တစ်ယောက် တည်း ငြိမ်သက်စွာ ထိုင်လျက်တိတ်ဆိတ်နေမိသော သူမ နားထဲသို့ သံစဉ်သဲ့သဲ့လေးတစ်ခု တိုးဝင်လာသည်။
ဂစ်တာသံ သဲ့သဲ့လေးပဲ။ ဒါ ဘယ်က ပေါ်လာသည့် ဂစ်တာသံ ပါလိမ့်၊ တခြားခြံတွေ ကလို့ ပြောရအောင်ကလည်း ခွန်းချိုတို့ခြံက အတော် လေး ကျယ်ဝန်းပြီး ဘေးပတ်ဝန်းကျင် ခြံများ နှင့် အနည်းငယ် အလှမ်း ဝေးသည်။ ထို့ကြောင့် ဘေးခြံများ က ထွက်ပေါ်လာသော အသံဆိုတာ လည်း ဘယ်လိုမှ မ ဖြစ်နိုင်ပါ။
နောက်တစ်ခုက ရုပ်ရှင်တွေ ထဲကလိုလည်း သူမရဲ့ အိမ်ရှေ့မှာ ဂစ်တာလာတီးမည့်  ကောင်လေးများ မရှိ။ တစ်ခါက ကောင်လေးတစ် အုပ်စု သူမတို့ ခြံရှေ့မှာ အဖွဲ့လိုက်ကြီး ဂစ်တာတီးကြသော ကြောင့် သက်ဆိုင်ရာခေါ်ပြီး တစ်ညလောက် အချုပ်ထဲမှာ အိပ်နေခိုင်းခဲ့ဖူးသည်။ အဲဒီ သတင်းက သူတို့အချင်းချင်းကြားမှာ ပျံ့နှံ့သွားပြီး နောက် ဘယ်တော့မှ သူမတို့ အိမ်ရှေ့တွင် လာရောက် ဂစ်တာမတီးရြဲ ကတော့ ပါ။
ခုတော့ ဒီဂစ်တာသံက အတော် လေး အံ့သြစရာ ကောင်း လောက်အောင်ပင် ဘယ်ကနေ ထွက်ပေါ်လာနေမှန်း မသိ၊ ခြံထဲတွင် ဂစ်တာတီးနေသည်ဟု ပြောရအောင်ကလည်း ဒီခြံထဲမှာ မိန်းကလေး အလုပ်သမားတွေ ပဲ များ သည်။ ယောက်ျားလေးဆိုလို့ မာလီကြီး ဦးလှမြင့် တစ်ဦးသာ ရှိသည်။
အဲ မဟုတ်သေးပါဘူး၊ သူမ ဘာ ဖြစ်လို့ ကေသရာ့ကို မေ့နေ ခဲ့တာလဲ။ ဟုတ်တာပေါ့ ဒီဂစ်တာသံကို ဖန်တီးနေသူသည် ကေသရာ သိပ် ဖြစ်နိုင်တာပေါ့။
သူမရဲ့ မျက်လုံးများ ကို ကားဂိုဒေါင်ရှိရာဘက်ဆီ လှမ်းကြည့် လိုက်မိ၏ ။ တစ်ခြံလုံးတွင် မီးများ ထိန်နေအောင် ထွန်းထားသော်လည်း ဂိုဒေါင်နားတွင် တော့ မှော င်ရိပ်ကျလျက် ရှိ၏ ။
သေချာ နားစိုက်ထောင်ကြည့်တော့မှ ဂစ်တာသံသည် ထိုနေရာ မှ လာသည်ဆိုတာ သိပ်ကို သေချာသွားတော့၏ ။ သူမ ဘာလုပ်ရမလဲ။ မဟုတ်သေးပါဘူးလေ။ သူ့ဘာသာ ဂစ်တာတီးနေတာကို သူမက ဘာလုပ် ချင်ရမှာ လဲ။ ဒါပေမဲ့ သူမ တစ်ခုခု လုပ်ချင်နေသည်။
အတွေးမဆုံးသေးခင်မှာ ပင် သူမရဲ့ ခြေလှမ်းများ က ဂိုဒေါင် ရှိရာဘက်သို့ လှမ်းသွားမိပြီး ဖြစ်၏ ။ တဖြည်းဖြည်း နီးကပ်လာသည်နှင့် အမျှ ဂစ်တာသံက ပိုလို့တောင် ကြည်လင်ပြတ်သားလာ၏ ။
အဆိုတော် R ဇာနည်၏ 'သနပ်ခါးချစ်သူ' သီချင်းကို တီးခတ် နေခြင်း ဖြစ်သည်။ သီချင်းသံတိုးတိုးလေးကိုလည်း ပီပြင်စွာ ကြားလာ ရ၏ ။
''အမြဲလိုပင် ထ ထ သနပ်ခါးလေး ပါးပါးညီညီ လိမ်းကျံကာ ထ ထ အကူအညီ မပါပေမယ့်လည်း ထ ထ နဂိုနီတဲ့ နှုတ်ခမ်းလေး လှသွေးကြွယ် ထ ထ ဒေါသမာန လေးတွေ မရှိတဲ့ သူ့သဘောထားကို ကိုယ်စာဖွဲ့မယ် ထ ထ တွေ့ ချင်တယ် တစိမ့်စိမ့်နဲ့ ကြည့်လို့ တကယ်ကို မဝနိုင်တယ်''
''ဟဲ့ နင် ဘာလုပ်နေတာလဲ''
ဂစ်တာသံ တစ်ဝက်တစ်ပျက်နှင့် သူ ခွန်းချိုကို မော့ကြည့် သည်။ သူ့မျက်လုံးများ ထဲမှာ ထူးဆန်းအံ့သြခြင်း အရိပ်အယောင်တွေ ကို ခပ်ရေး ရေး လေး မြင်နေရသည်။ သေသေချာချာ ကြည့်လို့လည်း မရပါ။ အနည်းငယ် မှော င်ရိပ်ကျနေသော နေရာမို့ တစ်ယောက် ကို တစ်ယောက် ဝေဝါးဝါးသာ မြင်ရသည်။
''ဂစ်တာတီးနေတာလေ''
သူ့အဖြေက အလွန် ရိုးရှင်းပါသည်။ သူမ ခေါင်းထဲမှာ သူ့ကို ဘယ်လိုနည်းနဲ့ ပြဿနာရှာရမလဲလို့လည်း တွေးနေမိ၏ ။
''နင့်ကို ဘယ်သူက ငါ့ခြံထဲမှာ ဂစ်တာတီးခွင့် ပေးထားလို့ လဲ''
''ဗျာ''
သူ တကယ့်ကို အံ့သြသွားပုံ ရပါသည်။ ခွန်းချိုကို ငေးကြည့် နေ၏ ။ သူမ ကတော့ မျက်နှာလေးကို ပင့်လျက် စကားကို ဆက်လိုက် သည်။
''ငါ အဲဒီ လို ဂစ်တာသံတွေ ကို နားမခံနိုင်ဘူး၊ အဲဒါ နင် မသိသေးဘူးနဲ့ တူတယ်''
''ကျွန်တော် ညတိုင်း ဂစ်တာတီးနေကျပါ''
သူမ နည်းနည်း တော့ အိုးတိုးအမ်းတမ်း ဖြစ်သွားရ၏ ။ အရင် ညတွေ က သူမ ခြံထဲသို့ ဆင်းထိုင် ဖြစ်ခြင်း မရှိခဲ့။ အခန်းထဲမှာ ပဲ ရုပ်ရှင်ဇာတ်လမ်းတွေ ထိုင်ကြည့် ဖြစ်နေခဲ့တာက များ သည်။
ဒီညမှာ ခြံထဲဆင်းထိုင် ဖြစ်ပြီး သူ့ဂစ်တာသံကို ကြားခဲ့ရခြင်း ဖြစ်၏ ။ ဒါကြောင့် လည်း ဒီညမှ ထူးထူးဆန်းဆန်း လာပြောနေသော သူမကို သူ အံ့သြနေခြင်း ဖြစ်ပါလိမ့်မည် ။
''ဘယ်လိုပဲ ဖြစ် ဖြစ် အဲဒီ ဂစ်တာကို ငါ ကြားရတဲ့ နေရာမျိုး မှာ မတီးနဲ့၊ ငါ မကြိုက်ဘူး''
တကယ်တော့ ခွန်းချိုသည် ဂစ်တာသံများ ကို အလွန်နှစ်သက် ခဲ့ဖူး၏ ။ သို့ သော် သူမကိုယ်တိုင် တီးခတ်ချင်သော ဆန္ဒကို ဒယ်ဒီ မလိုက်လျောခဲ့ဘဲ မိန်းကလေးပီပီ စန္ဒရားတီးသင်ခြင်းကိုသာ အားပေး ခဲ့သည်။ ထို့ကြောင့် လည်း သူမသည် ဂစ်တာတီးတတ်သူများ ကို မြင်လျှင် အလွန်အားကျတတ်မြဲ ဖြစ်၏ ။
''အဲဒါဆိုရင် ကျွန်တော့် အခန်းထဲမှာ တီးမယ်ဆိုရင်တော့ အဆင်ပြေမယ်နဲ့ တူတယ်နော်''
သူသည် ခွန်းချိုအား နည်းနည်း မှ အလျှော့မပေးခဲ့ပါ။ ဒယ်ဒီ နှင့် နေ့လယ်က ဖုန်းပြော ဖြစ်တုန်းကလည်း သူ့ကို လစာတစ်ဝက် ဖြတ်ပစ်လောက်ရုံ အပြစ်ပေးခဲ့ခြင်းအား ဦးသော်တာတို့ဘက်က သိပ် မကျေနပ်ကြဘူးဟု ပြောပြနေသေးသည်။
''ကျွန်တော် ပြောတာကို ကြားရဲ့ လား မသိဘူး''
သတိလက်လွတ်သလို ဖြစ်နေမိသော သူမ မျက်နှာအား သူ့ ခေါင်းကို အနည်းငယ် ငုံ့ကိုင်းကာ သူမ မျက်လုံးများ အား စေ့စေ့ စိုက်ကြည့်လျက် မေးလိုက်ခြင်း ဖြစ်သည်။
''ငါ မကြားရင် ပြီးတာပဲ''
သူမ ရုတ်ခနဲ လှည့်ထွက်ရန် ပြင်လိုက်၏ ။ သို့ သော် သူက သူမ လက်မောင်းသားလေး တစ်ဖက်အား ဖမ်းဆွဲထားလိုက်သည်။ ရုတ်တရက်မို့ လန့်လည်းလန့်သွားမိကာ ဒေါသလည်း ထွက်သွားရ၏ ။
''နင် နင် အဲဒါ ဘာလုပ်တာလဲ''
သူက ဒေါသတွေ နှင့် နီရဲတွတ်နေမည် ဖြစ်သော ခွန်းချို မျက်နှာ လေးကို မကြည့်ပါဘဲ ခွန်းချိုရှေ့ ကြမ်းပြင်ဆီသို့ သာ မျက်စပစ်ပြလိုက် ၏ ။ မှော င်နေသော ကြောင့် လန့်လည်း လန့်သွားမိကာ ဒေါသလည်း ထွက်သွားရ၏ ။
''ခလုတ်တိုက်မှာ စိုးလို့''
သူ့အသံတွင် လှောင်ပြောင်လိုက်သံ မပါ။ စနောက်လိုက်သည့် အနေအထားမျိုးလည်း မဟုတ်။ ပကတိ တည်ငြိမ်သော အသံ ဖြစ်၏ ။ သူမပင် ဘာပြန်ပြောလို့ ပြောရမှန်း မသိနိုင် ဖြစ်သွားရသည်။
သူ့လက်ထဲတွင် ရောက်နေသော သူမ လက်မောင်းလေးကို လည်း မရုန်းထွက်မိဘဲ ရှိသည်။ ဘာရယ်မဟုတ်ပါဘဲ အတန်ကြာသည် ထိ သူ့မျက်နှာကိုလည်း ငေးစိုက်ကြည့်နေမိ၏ ။ အမှော င်ထဲမှာ ပင် အရောင် တွေ တောက်ပကာ တည်ငြိမ်သော မျက်ဝန်းများ သည် သူမ စိတ်တို့အား ယောက် ယက်ခတ်နေခြင်းမှ ကာကွယ်ပေးနိုင်တာ ကတော့ အမှန်ပင် ဖြစ်၏ ။
သူ့ထံမှ တည်ကြည်လေးနက်သော မျက်ဝန်းများ သည် သူမ ခန္ဓာကိုယ်ကို ဖောက်ထွင်းလျက် ကူးစက်လာသည်ဟုပင် ထင်လိုက်မိ သည်။
ခွန်းချို မရုန်းထွက်မိသော လက်များ ကို သူကပင် ညင်သာစွာ ဖြေလျော့လွှတ်ပေးလိုက် ၏ ။ အဲဒီ အချိန်ကျမှ သူ့ရှေ့တွင် ငြိမ်သက်နေခဲ့ မိသော ကိုယ့်အ ဖြစ်ကိုယ် အရှက်သည်းကာ ပြေးထွက်ခဲ့မိသည်။
သူ ခွန်းချိုကို ရပ်ကြည့်နေမည် လား မသိပါ။
ထိုညတစ်ညလုံး အိပ်ပျော်ရန် မနည်းကြိုးစားခဲ့ရသော ခွန်းချို သည် မနက်အိပ်ရာထ နောက်ကျခဲ့သော ကြောင့် မနက်တိုင်း လုပ်နေကျ ဖြစ်သည့် လမ်းလျှောက်ထွက်ခြင်း အမှု ကိုပင် မပြုနိုင်ခဲ့ပါ။ သူမ နိုးထ လာတော့ ကိုးနာရီပင် ထိုးတော့မည် ။
ထို့ကြောင့် ပင် အိမ်ထဲမှာ ပဲ အပြေးစက်နှင့် လေ့ကျင့်ခန်းလုပ် ဖြစ်ပြီး မနက်စာကိုလည်း နောက်ကျစွာ စား ဖြစ်လေသည်။ ဒီနေ့တော့ ဘယ်မှ သွားစရာလည်း မရှိ၍ တော် သေးသည်။ သူမ အခန်းဝရန်တာ မှ ထွက်ကြည့်လျှင် ခြံအရှေ့ဘက် မျက်နှာစာနှင့် ဘေးဘက်ခြမ်းကို ကောင်းစွာ မြင်ရသည်။
ခုလည်း ခြံထဲတွင် ပန်းပင်တွေ ပေါင်းသင်နေသည့် ဦးလှမြင့် နှင့် ဝိုင်းကူလုပ်ပေးနေသော ကေသရာ့ကို လှမ်းတွေ့ နေရသည်။ စွပ်ကျယ် အနက်ရောင် နှင့် ကချင်ပုဆိုးနွမ်းနွမ်းကို ခပ်တိုတိုဝတ်ထားသော သူ့ပုံစံ သည် ဘယ်လိုမှကို ဟိတ်ကြီးဟန်ကြီး မနိုင်လှပေမယ့် မှေးမှိန်ကာ ပျောက်ကွယ်နေခြင်းလည်း မရှိပါ။
စွပ်ကျယ်ချိုင်းပြတ်အောက်မှ သန်မာသော လက်မောင်းကြွက် သားများ သည် ယောက်ျားပီသသော ခန္ဓာကိုယ် တည်ဆောက်ပုံကို ဖွင့်ဟ ပြလျက် ရှိ၏ ။ ဆံပင်များ က ခပ်တိုတိုမို့ မျက်နှာတစ်ခုလုံးကိုလည်း ရှင်းလင်းစွာ မြင်နေရသည်။
ဖြောင့်စင်းနေသော နှာတံနှင့် စူးရှသော မျက်လုံးများ ကတော့ သူ့မျက်နှာတွင် အထင်ရှားဆုံး ဖြစ်၏ ။ အပြစ်ပြောစရာဆိုလို့ ယောက်ျား တန်မဲ့ အနည်းငယ် ပါးလျားနေသော နှုတ်ခမ်းများ သာ ရှိသည်။
ထိုစဉ်မှာ ပဲ သူမ မျက်လုံးများ က ခြံပြင်သို့ အမှတ်တမဲ့ဆိုသလို လှမ်းကြည့်လိုက်မိခြင်း ဖြစ်သည်။ အနက်ရောင် မာစီဒီးကားတစ်စီး။ ကားမောင်းသူ နေရာမှ တံခါးကိုဖွင့်လျက် အပြင်သို့ ခြေတစ်ဖက်ချ ထိုင်ပြီး သူမရှိရာဆီ လှမ်းမျှော်ငေးနေသော လူ တစ်ယောက် ။
သေချာစွာ ပြောရလျှင် သူမ ဘယ်လိုမှ မနှစ်သက် နိုင်သော ပြီတီတီ အပြုံးမျိုးနှင့် ဆန်းသစ်စ။ အဲဒီ လူက သူမတို့ ခြံရှေ့မှာ ဘာလာ လုပ်တာလဲ။
အောင်မာ အရှက်မရှိစွာ ပင် သူမကို လက်လှမ်းပြနေသေး၏ ။ ထောင်းခနဲ ထွက်သွားသော ဒေါသနှင့်အတူ ခွန်းချိုက ဝရန်တာမှ ပြန်ဝင်ခဲ့ပြီး အောက်ထပ်သို့ အပြေးဆင်းခဲ့မိသည်။
ဆောင့်ကြီးအောင့်ကြီးနှင့် သူတို့နားသို့ ရောက်လာသော ခွန်း ချိုအား ကေသရာရော ဦးလှမြင့်ကပါ တအံ့တသြနှင့် မော့ကြည့်လိုက် ကြ၏ ။ သူတို့ကို ဘာမှမပြောရသေးခင်မှာ ဘဲ သူမ ဘောင်းဘီအိတ်ထဲမှ ဖုန်းလေးက တုန်ခါလာလေသည်။
ကျစ်ခနဲ စုတ်သပ်လျက် ဖုန်းလေးကို ထုတ်ကြည့်လိုက်တော့ သူမ တစ်ခါမှ မမြင်ဘူးသည့် ဟန်းဖုန်းနံပါတ်တစ်ခု။ စိတ်မရှည်စွာ နှင့် ပင် ကောက်ကိုင်လိုက်ရသည်။
''ဟဲလို ဘယ်သူလဲ''
''ကိုယ်ပါ''
''ဘယ်သူလဲလို့ မေးနေတယ်၊ ငါ့ကို လာနောက်မနေနဲ့၊ အချိန် တွေ သိပ်ပိုနေရင် အိပ်နေလိုက်၊ အဲဒါ လောကကြီးအတွက် အေးချမ်း တယ်''
အဲဒီ လိုပဲ ဘယ်ကမှန်းမသိသည့် ဖုန်းသရဲတွေ ဆက်တတ်သည် မို့ သူမက နှုတ်သီးကောင်းလျှာပါး ရန်တွေ့ လိုက်ခြင်း ဖြစ်သည်။ ဖုန်းကို ပြန်ချရန် ပြင်လိုက်စဉ်မှာ ပင်
''ကိုယ် ဆန်းသစ်စ ပါ''
''ဟင် နင်''
''ဟုတ်တယ် ချို၊ ကိုယ် မင်းအိမ်ရှေ့ကို ရောက်နေတာ နာရီ ဝက်လောက် ရှိပြီ''
''ဘာကိစ္စလဲ''
''မင်းကို သတိရလို့ပေါ့''
''ဘာ''
''တကယ်ပြောတာပါ ချိုရယ်''
''အေး ကောင်းပြီ၊ သတိရတယ်ဆို တွေ့ ချင်နေမှာ ပေါ့၊ တွေ့  ရမယ် မပူနဲ့၊ ခုကို ထွက်လာခဲ့မယ်''
ဖုန်းကို ပိတ်ပစ်လိုက်ပြီး သူမ ခြေလှမ်းများ ကို ဆောင့်ကြီး အောင့်ကြီးနှင့် ခပ်သွက်သွက် လှမ်းကာ ခြံပြင် ထွက်ခဲ့လိုက်သည်။ ခုနက မြင်ခဲ့ရသည့်အတိုင်း ခြေတစ်ချောင်းကို မြေကြီးပေါ် ထောက် လျက် ကားထဲတွင် ကိုယ်တစ်ပိုင်း ထိုင်နေသော ဆန်းသစ်စကို တွေ့  လိုက်ရသည်။
ဆန်းသစ်စရဲ့ နှုတ်ခမ်းများ ထက်မှ လှောင်ပြောင်သရော်ရိပ် စွန်းထင်းနေသော အပြုံးတွေ ကို သူမ လုံးဝ မကြိုက်ပါ။
''နင် ဘာလာလုပ်တာလဲ''
''ဟာ ခုနကလည်း ဖြေပြီးပြီလေ၊ ချို့ကို သတိရလို့ပါလို့''
''နင့်အိုင်ကျူက တော် တော် လေး အဆင့်နိမ့်ပုံ ရတယ်နော်၊ ခက်တာက ငါကလည်း တစ်ခါ ပြောပြီးသားကိစ္စကို ဒီလူကိုပဲ နောက် တစ်ခါ ထပ်ပြောရတာ လောက် စိတ်မရှည်တာ မရှိဘူး''
''ချို ဘာကို ဆိုလိုတာလဲ''
''ကျွတ် နင်က ပြောလေ ဆိုးလေပါလား၊ ငါ့ကို ချိုလို့ ခေါ်တာ ငါ မကြိုက်ဘူးလို့ ပြောခဲ့ဖူးတယ်နော်၊ မမှတ်မိတော့ဘူးလား''
''ကိုယ် ကတော့ မင်းဘယ်လိုပဲပြောပြော ကိုယ် မင်းကို ချို ဆိုတဲ့ နာမည် လေး ခေါ်ချင်တယ်၊ ဒါကြောင့် ခေါ်မှာ ပဲ''
''နင် တော် တော် လူပါးဝတာပဲ''
''ဟိတ် မင်း အသုံးအနှုန်းတွေ မှားနေပြီ၊ အဲဒါကို လူပါးဝ တယ်လို့ ပြောရင် မင်း သိပ်ရိုင်းသလို ဖြစ်သွားမှာ ပေါ့''
ခွန်းချိုက နှုတ်ခမ်းတစ်ချက် တွန့်လျက် ဟွန့်ခနဲ ရယ်လိုက် သည်။
''နင်ကိုယ်တိုင်လည်း ငါ သိပ်ရိုင်းတယ်ဆိုတာ သိပြီးသား မဟုတ်လား၊ အဲဒါကို ခုမှလာပြီး စကားနာထိုးမနေစမ်းပါနဲ့''
''ပြင်ချင်ရင် အချိန်မီပါသေးတယ်ကွ''
''နိုး ငါက ဘယ်တော့မှ ငါ့အကျင့်စရိုက်တွေ ကို ပြင်မှာ မဟုတ် ဘူး၊ ငါ့မူနဲ့ငါပဲ နေတတ်တယ်''
''တစ်နေ့ကျရင် အဲဒီ မင်းရဲ့ မူဆိုတာတွေ ကို ပြုပြင်ပြောင်းလဲ ရလိမ့်မယ်ကွ''
''နေစမ်းပါဦး မရှင်းလို့ မေးပါရစေ၊ နင်က ငါ့ခြံရှေ့လာပြီး ငါ့ကို တရားလာဟောနေတာလား၊ သိပ်ပြီး တရားဟောချင်နေရင် ငါ့ဆီ မလာနဲ့၊ သာသနာ့ဘောင်ထဲ ဝင်လိုက်၊ ရှင်းတယ်နော်''
သူမ ဆန်းသစ်စကို ကျောပေးလိုက် သည်။ ခြံရှေ့တွင် ရပ်ကာ သူမတို့ထံ လှမ်းကြည့်နေသော ဦးလှမြင့်နှင့် ကေသရာ့ကို တွေ့ လိုက်ရ၏ ။ သူမ တွေ့ လိုက်သလိုပါပဲ ဆန်းသစ်စသည်လည်း ကေသရာ့ကို တွေ့ သွား ပုံရ၏ ။
ခွန်းချိုကို ကျော်ကာ ကေသရာ့ထံ လျှောက်သွားသော ခြေလှမ်း များ က လျင်မြန်လွန်းလှသည်။ နောက်တော့ သူမတို့အားလုံး ဘယ်လိုမှ မထင်မှတ်ထားချိန်မှာ ပင် ကေသရာ့မျက်နှာတည့်တည့်ကို ဆန်းသစ်စ က လက်သီးဖြင့် ထိုးချလိုက်သည်။
ခုခံကာကွယ်လိုက်ချိန် မရသော ကြောင့် ကေသရာ့ ခြေလှမ်း များ က နောက်ဘက်သို့ သုံးလှမ်းခန့် ကျွံသွားကာ ခြံတံတိုင်းတွင် ကျော အပ်ပြီးသား ဖြစ်သွား၏ ။ အဲဒါတောင် ဆန်းသစ်စက ခြေလှမ်းတွေ ကို ကေသရာ့နားသို့ ထပ်တိုးကပ်လိုက်သေးသည်။
ကေသရာ့ ရှေ့ကနေ ဦးလှမြင့်က ဝင်ရပ်ပစ်လိုက်လို့သာ တော် တော့သည်။ ခွန်းချိုလည်း သူတို့ ဖြစ်နေသည်ကို ကြောင်ငေးကြည့်နေမိ ပြီးမှ အနားသို့ အပြေးသွားလိုက်မိ၏ ။
''နင် ဘယ်လိုလုပ်လိုက်တာလဲ ဆန်းသစ်စ''
''အဲဒီ ကောင်ကို မကျေနပ်လို့လေ''
''နင်တို့ဘက်က တောင်းဆိုလို့ ငါ သူ့ကို အပြစ်ပေးပြီးသွား ပြီပဲ''
''ဘယ်လိုအပြစ်ပေးတာလဲ၊ တစ်လစာ ပိုက်ဆံကို တစ်ဝက်ပဲ ပေးမယ်ဆိုတာမျိုးလား''
''အေး ဘာ ဖြစ်လဲ အဲဒီ လို အပြစ်ပေးရတာ တောင် လွန်လှပြီ၊ တကယ်တမ်း အဲဒီ တုန်းက ဖြစ်ခဲ့တာတွေ အားလုံးဟာ နင့်ကြောင့် ချည်းပဲ''
ဆန်းသစ်စ မျက်နှာပေါ်က အပြုံးက ကြောက်မက်ဖွယ်ရာ ကောင်းလှ၏ ။ ကေသရာ ကတော့ ဘာကိုမှ ဝင်မပြောဘဲ အနားတွင် ရပ်လျက်ရှိသည်။ သူ့နှုတ်ခမ်းထောင့်စွန်းမှ သွေးတချို့ စီးကျနေတာ တွေ့ ရသည်။
''မင်းကိုယ်မင်းရော ပြန်မေးကြည့်ပြီးပြီလား၊ အဲဒီ မင်းရဲ့ ဒရိုင်ဘာကို မင်းထားနေတဲ့ စိတ်က ဒရိုင်ဘာ တစ်ယောက် ကို ထားသင့် တဲ့စိတ်ထက် ပိုနေပြီလားဆိုတာကိုလေ''
''ဘာ''
ဒီစကား ကတော့ ခွန်းချိုအတွက် တကယ့်ကို အထိနာစေသော ထိုးနှက်ချက် ဖြစ်သွား၏ ။ ပြီးတော့ သူမရင်ထဲက အငြိုးအတေးတွေ နှင့် ပြည့်နှက်နေခဲ့သော ကေသရာ့ ရှေ့တည့်တည့်မှာ မှ...။
''နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ ဆန်းသစ်စ၊ ငါ့ကို နင် ဘယ်လိုစကားမျိုး ပြောလိုက်တာလဲ''
''ငါ ထင်တာတွေ က မှန်တတ်တယ်ကွ''
ဆန်းသစ်စ၏ အသံသည် လှောင်ပြောင်သရော်လိုသော အသံ စစ်စစ် ဖြစ်သည်။
''ကြည့်ပါလား မင်းရဲ့ ဒရိုင်ဘာလို မနေဘဲနဲ့ နေရာတကာ ဝင်ပါနေတာလေ၊ ခုလည်း ကိုယ်ထိုးလိုက်တာကို ဘာမှပြန်မလုပ်ဘဲ ငြိမ်ခံနေလိုက်တာက မင်းဆီက သနားလာတာကို လိုချင်လို့ မဟုတ်ဘူး လား''
ကေသရာ့ရှေ့မှာ အဲဒီ လို အပြောခံနေရခြင်းသည် တကယ့်ကို မခံချင်စရာ ကောင်းလွန်းလှ၏ ။ ပြီးတော့ ဘေးကလူတွေ က အဲဒီ လို တွေးယူကြည့်ရလောက်အောင် သူ့အမူအရာတွေ က အဲဒီ လို ဖြစ်နေခဲ့ သည်လား။
ထိုသို့ တွေးမိသော အခါ ညက ကိစ္စကိုလည်း သူမ စိတ်ထဲ သံသယ ဝင်လာတော့၏ ။ သူဟာ တမင်သက်သက် သူမကို ရင်းနှီးအောင် လုပ်နေခြင်းပဲ ဖြစ်ရမည် ။
ဟုတ်တယ် ဒါက သိပ်ကို ဖြစ်နိုင်ချေရှိတာပေါ့။
''တောက်''
သူမ ခြေလှမ်းများ က ချက်ချင်း လိုလိုပင် ကေသရာ့ရှေ့သို့ ရောက်သွားကာ ကေသရာ့ ဘယ်ဘက်ပါးတစ်ဖက်ကို အားရပါးရ လွှဲ ရိုက်ချပစ်လိုက်မိ၏ ။
''ဟင်''
အားလုံး၏ ထင်မှတ်မထားပါသော အာမေဍိတ်သံများ က ကျယ် လောင်စွာ ထွက်လာ၏ ။ အထူးသဖြင့်တော့ ကာယကံရှင်အ ဖြစ် ခံလိုက် ရသော ကေသရာ့ မျက်ဝန်းများ တွင် မယုံကြည်နိုင်ခြင်းတို့ဖြင့် ပြည့် နှက်နေခဲ့၏ ။
''တွေ့ လား နင့်ကြောင့် ငါ ဘယ်လို အပြောခံလိုက်ရတယ် ဆိုတာကို''
စိတ်တိုတိုနှင့် ကေသရာ့ကို အံကြိတ်ပြောလိုက်ပြီး ခြံထဲသို့ ပြန်ဝင်ခဲ့မိသည်။ ဘယ်သူ့မျက်နှာကိုမှလည်း ပြန်မကြည့်မိတော့ပါ။
အခန်းထဲရောက်သည်နှင့် တုန်ယင်နေသော ရင်ဘတ်အစုံကို ငြိမ်သက်သွားစေရန် လက်နှစ် ဖက်နှင့် မရမက ဖိထားလိုက်မိပြီး မွေ့ရာ ထက် လှဲချပစ်လိုက်မိသည်။ မျက်လုံးများ ကို စုံမှိတ်ထားလိုက်မိ၏ ။ မျက်လုံးများ ထဲတွင် ဘယ်လိုမှကို မယုံကြည်နိုင်သော အကြည့်များ ဖြင့် ခွန်းချိုကို ငေးကြည့်နေသော စူးရှသည့် မျက်ဝန်းတစ်စုံအား မြင်ယောင် နေမိ၏ ။
သူမ မှားသွားပြီလား၊ ဟင့်အင်း ဘာလို့ မှားရမှာ လဲ။ သူ့ ကြောင့် ခွန်းချိုကို ဆန်းသစ်စက ထိုသို့ ပြောရဲခဲ့ခြင်း မဟုတ်လား။
အဲဒီ ညက ဟိုတယ်ရှေ့မှာ သူသာ ဝင်မပါခဲ့ရင် ဒီနေ့လို အခြေ အနေမျိုးတွေ ဖြစ်လာစရာ အကြောင်းမှ မရှိဘဲ၊ ဒါပေမဲ့လည်း ထိုညက ကေသရာသာ ဝင်မပါခဲ့ရင် ခွန်းချိုသည် ဆန်းသစ်စ လက်ထဲကနေ ရုန်းထွက်မရပါဘဲ ပိုလို့တောင် အရှက်ကွဲရဦးမည် ဖြစ်၏ ။
အို သူမ ဘာလို့ အမှန်လို့ ယူဆရမှာ လဲ။ ဒါပေမဲ့ ဘယ် ဖြစ်ရပ် ကပဲ မှန်သည် ဖြစ်စေ မှားသည် ဖြစ်စေ ဖြစ်ပျက်တာတွေ ကတော့ ဖြစ်ပျက် ပြီးသွားခဲ့ပြီ။ ပြန်ပြင်လို့လည်း မရတော့ပါ။ လောလောလတ်လတ် ဖြစ် ခဲ့တာတွေ ကိုပင် မှန်သလား၊ မှားသလားလို့ ဆုံးဖြတ်နိုင်သည့် အင်အား သူမမှာ မရှိပါ။
မှားနေတယ်ဆိုရင်လည်း သူမ ကတော့ ဂရုစိုက်နေမှာ မဟုတ်။ အရာအားလုံးသည် မှားမှားမှန်မှန် သူမ သဘောအတိုင်းသာ ဖြစ်ရမည် ဖြစ်သည်။ ဒါဟာ သူမ ငယ်ငယ်တည်းက ကျင့်သုံးလာခဲ့သည့် ခံယူချက် စစ်စစ်။
ထိုနေ့တစ်နေ့လုံး ဘယ်မှမသွား ဖြစ်သော ကြောင့် ကေသရာ့ ကိုလည်း ထပ်မတွေ့ ရတော့ပါ။ ညဘက်တွင် အိပ်မပျော်၍ ခြံထဲဆင်း ထိုင်မိတော့လည်း ကေသရာ့ ဂစ်တာသံကို မကြားရတော့ပါ။
သူ့ဒဏ်ရာက နာကျင်နေ၍ များ လား၊ မ ဖြစ်နိုင်ပါဘူးလေ၊ သူ့ အခန်းလေးထဲမှာ ပဲ ခွန်းချို မကြားအောင် တီးချင်တီးနေနိုင်သည်။ ဟိုတစ်ညက သူ့ဂစ်တာသံကို ပြန်ကြားယောင်မိသည်။ အပျော်တမ်း အဆင့်ထက်တော့ လက်ရည်သာတာ ခန့်မှန်းလို့ ရ၏ ။
ဒါပေမဲ့ သူ တီးခတ်သီဆိုနေခဲ့သည့် သီချင်းကိုတော့ ခွန်းချို မကြိုက်ပါ။ 'သနပ်ခါးချစ်သူ'ဆိုတဲ့ သီချင်းလေ၊ အဲဒီ သီချင်းက သနပ်ခါး အမြဲလိမ်းကာ နက်မှော င်သော ဆံပင်များ နှင့် ဒေါသမရှိ သိမ်မွေ့သော မိန်းကလေး တစ်ယောက် အကြောင်းကို ရေး ဖွဲ့ထားတာ မဟုတ်လား။
သူ ကတော့ ထိုသီချင်းကို မြတ်မြတ်နိုးနိုးနှင့် တကယ့်ကို မုဒ် အပြည့် သီဆိုနေသော အသံမျိုး ဖြစ်၏ ။ သူတို့ပတ်ဝန်းကျင်မှာ တော့ အဲဒီ လို မိန်းကလေးမျိုးတွေ ကို တွေ့ နိုင်သားပဲလေ။ သူ့မှာ လည်း အဲဒီ လို မိန်းကလေး တစ်ယောက် ကို ပိုင်ဆိုင်ထားခြင်းမျိုးပင် ဖြစ်ကောင်း ဖြစ်နေ နိုင်ပါသည်။
ပိုင်ဆိုင်ထားတော့ရော ဘာ ဖြစ်လဲ၊ အဲဒါဟာ ခွန်းချိုနဲ့ ဘာဆိုင် သလဲ၊ ခွန်းချို ဖြစ်ချင်တာက လောကမှာ ဘယ်သူမှ ခွန်းတုံ့ပြန်ပြီး အော်ကြီးဟစ်ကျယ် လုပ်ခြင်း မခံခဲ့ရဘူးသော ခွန်းချိုကို စော်ကားခဲ့သူ သည် ကေသရာဆိုသည့်သူက ပထမဆုံး ဖြစ်၏ ။
ထို့ကြောင့် အဲဒီ လူကို ကလဲ့စားချေသည့်အနေနှင့် သူမ လက် အောက်မှာ အလုပ်ဝင်စေခဲ့၏ ။ သူမကို ပြန်မအော်ဟစ်ရဲဘဲ အပိုးကျိုး နေစေချင်ခဲ့၏ ။ ခုရော သူမ ဖြစ်ချင်တာတွေ ဖြစ်နေရဲ့ လား၊ သူဟာ သူမ လက်အောက်မှာ ရိုကျိုးစွာ နေနေရဲ့ လား။
ခုချိန်ထိတော့ သူမ ဖြစ်ချင်သည့်အတိုင်း တသဝေမတိမ်း ဖြစ်မလာသေးပါ။ အလွဲလွဲအချော်ချော်နှင့်ပင် သူမ တစ်သက်တာမှာ ကိုယ့်ကိုယ်ကို မှားသွားလားဟု ဘယ်တုန်းကမှ ပြန်မတွေးခဲ့ဖူးပေမယ့် ခုတော့ သူ့ကြောင့် ထိုသို့ တွေးမိနေရပြီ။
နောက်တစ်နေ့ မနက်စောစော ခွန်းချို လမ်းလျှောက်ထွက်ပြီး ပြန်လာတော့ ထုံးစံအတိုင်း ခြံထဲမှာ မြက်ရိတ်နေသည့် ဦးလှမြင့်ကို တွေ့ လိုက်ရသည်။
ထို့ကြောင့် အနားကပ်သွားလျက် မျက်နှာကို ခပ်တည်တည် ဖြစ်အောင် အစွမ်းကုန် တင်းမာထားလိုက်ရင်း
''ကေသရာရော ဦးလှမြင့်''
''မမလေး သွားစရာ ရှိလို့လား''
သူမ ဘာပြန်ဖြေရမှန်း မသိ ဖြစ်နေသေးသည်။ နောက်မှ ခေါင်း ကို ခပ်သွက်သွက် ညိတ်လိုက်ပြီး
''ဟုတ်တယ် ခဏနေရင် ဗြူးတီးစပါး သွားမလို့၊ သူ့ကို ကားအဆင်သင့် လုပ်ခိုင်းထားပေးပါ''
''အဲဒါက''
ဦးလှမြင့် ပုံစံက တစ်ခုခုကို ပြောဖို့အတွက် တွန့်ဆုတ်နေ ပုံရ၏ ။
''ဘာပြောစရာ ရှိသေးလို့လဲ''
''ဟိုလေ ညက ကေသရာ ပြန်မလာဘူး မမလေး''
''ဘာ ဘယ်လို''
''ဟုတ်ပါတယ် မမလေး၊ မနက်တည်းက မမလေးကို ပြောပြ မလို့ပါပဲ''
''သူ ဘယ်အချိန်က ထွက်သွားတာလဲ''
''မနေ့ညနေက သူ့အဖေကို ဆေးရုံမှာ သွားကြည့်နေကျအချိန် ထွက်သွားပြီးတော့ ပြန်ရောက်မလာတာပါ''
''အရင်က သူ သွားရင် ဘယ်နှနာရီလောက် ကြာလဲ''
''နှစ် နာရီလောက်တော့ ကြာပါတယ် မမလေး''
''အေး ဒါဆိုလည်း ကားဂိုဒေါင်တံခါး ဖွင့်ထား၊ ငါကိုယ်တိုင် မောင်းမယ်''
''မမလေး ဖြစ်ရဲ့ လား''
''ငါက ဘာလို့မ ဖြစ်ရမှာ လဲ''
''မမလေး ကားမောင်းရင်းနဲ့ စိတ်တွေ ပြန်ပြီး ကယောက် ကယက် ဖြစ်နေမှာ စိုးလို့ပါ''
''ရတယ် ဂိုဒေါင်တံခါးသာ ဖွင့်ထားလိုက်''
အခန်းထဲ ပြန်ဝင်ပြီး ရေမိုးချိုး အဝတ်အစားလဲခြင်းကို ခပ် မြန်မြန်လေး လုပ်လိုက်သည်။ ဒယ်ဒီ ကုမ္ပဏီသွားရင် စီးသော မတ်ခ်တူး အလုံးလေးကို ထုတ်စီးလိုက်၏ ။ ထိုကားလေးကို သူမ ကားမောင်းတတ် စဉ်က အရင်ဆုံး မောင်းခဲ့ရခြင်းမို့ တော် တော် လေးလည်း အကျွမ်းတဝင် ရှိလှသည်။
ဆေးရုံရှေ့တွင် ကားကို ထိုးရပ်ပြီးသည်နှင့် မျက်မှန်လေးကို ထုတ်တပ်လိုက်သည်။ ဂျင်းပင်ရှည် ပြာလွင်လွင်လေးနှင့် တီရှပ်အဖြူ ရောင် ကို အောက်လေဒီရှူး အပါးလေးနှင့် ရိုးရှင်းစွာ ပင် တွဲ ဖက်ဝတ်ဆင် ခဲ့သော်လည်း လူတွေ ကတော့ သူမကို သမင်လည်ပြန် ငေးကြည့်နေကြ သည်။
သူမကလည်း ခပ်တည်တည်ပင် ဆေးရုံပထမထပ်သို့ ဗွီအိုင်ပီ ဓာတ်လှေကားမှတစ်ဆင့် တက်လာခဲ့သည်။ ဒီဆေးရုံတွင် လည်း ဒယ်ဒီ့ ရှယ်ယာများ ပါဝင်ထားသည်မို့ သူမကို ဆေးရုံဝန်ထမ်းများ ကတော့ မျက်မှန်းတန်းမိနေကြပါသည်။
လူနာခန်းထဲ ဝင်လိုက်သည်နှင့် ခုတင်ပေါ်တွင် ပက်လက်လှဲ ကာ အောက်ဆီဂျင်မျက်နှာဖုံးစွပ်ထားရသော ဦးမြတ်မောင်ကို မြင်လိုက် ရသည်။ အနားမှာ တော့ ခွန်းချိုတို့ထက်တောင် ငယ်ဦးမည့်  စပယ်ရှယ် နာ့စ် ကောင်မလေး တစ်ယောက် ၊ ကေသရာ့ကိုတော့ အရိပ်အယောင် မျှပင် မမြင်ရပါ။
''လူနာရဲ့ သား မနေ့ညနေက လာသေးလား''
''လာပါတယ်''
''ဘယ်အချိန်က ပြန်သွားတာလဲ''
''ဟင့်အင်း သူ မပြန်သေးပါဘူး''
''မင်း ဘာကို ဆိုလိုတာလဲ၊ ကေသရာက ခုချိန်ထိ ဒီဆေးရုံ မှာ ပဲ ရှိနေသေးတယ်ပေါ့''
ထိုအချိန်မှာ ပင် လူနာခန်းထဲသို့ သူ ပြန်ဝင်လာခဲ့ခြင်း ဖြစ်၏ ။ သူ့နှုတ်ခမ်းစွန်းတွင် ပလာစတာ သေးသေးလေး တစ်ခုကို မြင်ရသည်။ခွန်းချိုကို မြင်တော့ သူ အံ့သြသည့်ပုံ မပြပါ။
''အစ်ကို အနာက သက်သာရဲ့ လား၊ ပြီးရင်တော့ ဆေးနည်း နည်း ထပ်ထည့်လိုက်ဦးပေါ့''
''ရတယ် ညီမ၊ လောလောဆယ် ဘာမှမ ဖြစ်တော့ပါဘူး''
နာ့စ်လေးက သူ့ကို ပြောလိုက်ခြင်း ဖြစ်၏ ။ အလွန်ကို ချိုမြိန် နေသော အသံနှင့် လိုက်လျောမှု တွေ နှင့်ပြည့်နှက်နေသော ထိုကောင် မလေးရဲ့ မျက်နှာကို ချက်ချင်း ပင် ခွန်းချို အလိုမကျနိုင် ဖြစ်သွားရသည်။ ခေါ်ပုံကိုက အစ်ကို တဲ့။ ဟို တစ်ယောက် ကရော ဘာထူးလို့လဲ ညီမ ဆိုပဲ။
တော် တော် လေးကို အမြင်ကပ်စရာ ကောင်းလွန်းလှပါသည်။
''ဒီမှာ မင်း အပြင်ကို ခဏလောက် ထွက်နေပေးနိုင်မလား''
''ရှင်''
နာ့စ်လေးက ပထမတော့ ကြောင်တောင်တောင် ဖြစ်သွားပုံ နှင့် ခွန်းချိုကိုတစ်လှည့် သူ့ကိုတစ်လှည့် ကြည့်နေ၏ ။
''ညီမ ခဏလောက် အပြင်ထွက်ပေးလိုက်ပါ''
''သြော် ဟုတ်ကဲ့''
နာ့စ်လေး အပြင်ရောက်သွားသည်ထိ သူမ မျက်စိတဆုံး လိုက်ကြည့်နေမိသည်။ ဘယ်လိုလဲ ဒါက သူမထက်စာရင် ကေသရာ့ စကားကို ပိုပြီး အလေးအနက်ထားတယ်လို့ ပြလိုက်တာလား။ ဒီလိုမျိုး ဆေးရုံမှာ အပူအပင်မရှိ နေနိုင်တာဟာ သူမကြောင့် ဆိုတာကိုရော အဲဒီ နာ့စ်တွေ က သိမှသိရဲ့ လား။
''ပြောစရာ ရှိလို့နဲ့ တူတယ်''
သူက စကားစလာတော့မှ ခွန်းချိုမှာ ပြောရန်စကားကို သတိရ တော့သည်။
''ဘာလို့ ညက ပြန်မလာတာလဲ''
''ကျွန်တော် ဖုန်းဆက်ဦးမလို့ပါပဲ၊ ဒါပေမဲ့ အနာက သိပ်ကိုက် နေလို့ ကျွန်တော် လည်း လှဲနေရင်းနဲ့ မှေးခနဲ အိပ်ပျော်သွားတယ်၊ ခုပဲ ပြန်လာတော့မလို့ပါ''
''နင်က ဒီနာ့စ်နဲ့အတူ တစ်ညလုံးတူတူ ရှိနေကြတာပေါ့ ဟုတ် လား''
''ဟာ ဘယ်လိုအဓိပ္ပာယ်နဲ့ မေးလိုက်တာလဲ မသိဘူးနော်''
သူ့မျက်နှာက အံ့သြတကြီး ခွန်းချို ကတော့ နှုတ်ခမ်းကို တစ် ချက်တွန့်လိုက်ပြီး
''ဒီလို မိန်းကလေးတွေ ကတော့ ဒီလိုတွေ ထဲကပါပဲ၊ နင်တို့လို လူတန်းစားတွေ ကလည်း ဒါမျိုးတွေ မြင်ရင် မနေနိုင်ကြဘူးနဲ့ တူတယ်''
''နေပါဦး အခု ဘာတွေ ပြောနေတာလဲ၊ ကျွန်တော် ပြန်မလာ ဖြစ်တဲ့ အကြောင်းကို ပြောပြပြီးသွားပြီ၊ ကျန်တာတွေ က ကျွန်တော့်  ကိုယ်ရေး ကိုယ်တာလို့ ထင်ပါတယ်၊ အဲဒီ ထိ လိုက်ပြီး စွက်ဖက်နေတာ ကတော့ တဆိတ် လွန်လွန်းနေပြီ''
''နင် အခု ငါ့ကို ပြန်ပြောနေတာလား''
''ကျွန်တော် က အကျိုးသင့် အကြောင်းသင့် ရှင်းပြပြီးသွားပြီ လေ''
ခွန်းချို ဘာမှထပ်မပြောတော့ပါ။ ပြန်စဉ်းစားကြည့်ရင် ကိုယ့် ဘက်က စကားနည်းနည်း လွန်သွားမှန်း သိသာနေသော ကြောင့် ပင် ဖြစ်သည်။ သူ ပြောတာ မှန်၏ ။ အလုပ်သမားနှင့်အလုပ်ရှင်ဆိုတာထက် ခွန်းချိုရဲ့ စကားတွေ က ကျွံသွားခဲ့သည်။
''ခု နင်ပြန်ဖို့ လုပ်နေတာ မဟုတ်လား''
သူ ခေါင်းညိတ်ပြသည်။
''အဲဒါဆို ကောင်းတယ်၊ ပြီးရင် ငါ့ကို အောက်မှာ စောင့်နေပါ''
လူနာခန်းထဲမှ ပြန်ထွက်လာတော့ နာ့စ်လေးက သူမကို မျက်လုံးတစ်ချက် လှန်ကြည့်သေး၏ ။ ထိုမိန်းကလေးကိုတော့ သူမ ဘယ် လိုမှ မကျေနပ်နိုင်ပါ။ ထို့ကြောင့် ပင် ထိုနာ့စ်ထံသို့ တည့်တည့်မတ်မတ် လျှောက်သွားလိုက်ပြီး
''ဒီမှာ မိန်းကလေး မကြာခင်မှာ ပဲ မင်းငါ့ကို အဲဒီ လို ကြည့် မိတဲ့အတွက် နောင်တအကြီးကြီး ရတော့မယ်''
''ရှင် ဘာကိုဆိုလိုတာလဲ''
''မကြာခင်မှာ သိရမှာ ပါ''
မျက်နှာကို အချိုဆုံးထားပြီး နာ့စ်ရှေ့ကနေ ခွန်းချို ထွက်လာ ခဲ့သည်။ သူမရဲ့ ဦးတည်ရာက ဆေးရုံအုပ်ရုံးခန်း ရှိရာဆီ။
ထိုနေ့က Spa မှာ တစ်ကိုယ်လုံး ပေါင်းတင်ပြီး ဆံပင်ကောက် ဖြစ်သည်။ ဆိုင်ထဲမှ သူမ ပြန်ထွက်လာတော့ ကားပေါ်တွင် အိပ်ပျော် နေသော သူ့ကို တွေ့ လိုက်ရ၏ ။ သူက ခုမှ လာအိပ်နေရအောင် တစ်ည လုံး မအိပ်ဘဲ ဘာတွေ လုပ်နေခဲ့ပါလိမ့်။
ဟိုမိန်းမနဲ့ တစ်ညလုံး စကားတွေ ဖောင်ဖွဲ့နေကြမှာ ပေါ့။ ကိုယ့် အတွေးနှင့်ကိုယ် စိတ်တိုစွာ ပင် ကားမှန်ကို ခပ်ပြင်းပြင်းလေး ခေါက်ပစ် လိုက်သည်။ သူ လန့်သွားပုံရကာ ကမူးရှူးထိုးနှင့် ငေါက်ခနဲ ထထိုင် လိုက်သည်။ အိပ်ချင်မူးတူး မျက်လုံးများ ကို ပွတ်သပ်နေသေး၏ ။
နောက်တော့မှ ဒေါသထွက်နေသော သူမကို မြင်သွားပြီး ကား ပေါ်မှ ကပျာကယာ ဆင်းလာကာ ကားတံခါး ဖွင့်ပေးသည်။
''ဘာ ဖြစ်လို့ အိပ်နေတာလဲ၊ မတော် တဆ ကိုယ့်ကားကို တစ်ခု ခု လာလုပ်သွားရင်တောင် သိလိုက်မှာ မဟုတ်ဘူး''
''ကျွန်တော် ညက သိပ်အိပ်မပျော်လို့ ပြီးတော့ အချိန်ကလည်း တော် တော် ကြာတာနဲ့ မှေးခနဲ အိပ်ပျော်သွားတာပါ''
''ညက အိပ်မပျော်လောက်ဘူးလို့တော့ တွေးမိပါတယ်''
ခွန်းချိုက ကိုယ့်ဘာသာ ပြောသလိုလိုနှင့် ခပ်တိုးတိုး ရေရွတ် လျက် ကားထဲ ဝင်ထိုင်ပြီး တံခါးကို ဆောင့်ပိတ်ပစ်လိုက်သည်။
အိမ်ပြန်ရောက်တော့ ညနေစောင်းလုလု ဖြစ်နေပြီ။ အိမ်ထဲသို့ ဝင်ခါနီး မှာ သူ့ကို တစ်ချက် မသိမသာ ခိုးကြည့်မိသေးသည်။ သူ ကတော့ ခွန်းချိုကို လုံးဝမှပင် လှည့်မကြည့်ပါ။ အဲဒါကိုလည်း သူမ တင်းတာပါပဲ။ ဘာ ဖြစ်လို့များ သူ လုပ်သမျှ အပြုအမူအားလုံးကို သူမ ကြည့်မရ ဖြစ် နေမှန်း မသိ။
ပြီးတော့ မနေ့က သူ့ကို ပါးရိုက်ပစ်ခဲ့သော ခွန်းချိုအား တစ်ခွန်းမှလည်း ပြန်မပြောခဲ့ပါ။ ထိုကိစ္စကြီးမ ဖြစ်ခဲ့ဘူးသည့် အတိုင်းပါပဲ။ သူ့လောက် ဒေါသတကြီး အော်ငေါက်တတ်သည့်သူက ခုလိုမျိုး ငြိမ်သက် နေခြင်းသည် နိမိတ်ကောင်းတော့ မ ဖြစ်နိုင်။
စိတ်ပျက်ပျက်နှင့် လေပူတစ်ချက် မှု တ်ထုတ်ပစ်လိုက်ပြီး သူ့ကို ဦးနှောက်ထဲမှ မောင်းထုတ်ပစ်လိုက်သည်။
![]() တိမ်နံ့တသင်းသင်းကို တစ်ပွင့်စီပန် | ![]() အခါတစ်ပါး၌ | ![]() ရင်ခွင်အလှရှာပုံတော် |