Cover




စာရေးသူ၏ အမှာ စာ


'အချစ်နဲ့ သာသက်ဆိုင်သည် ' ဇာတ်လမ်းနှင့် ပတ်သက်၍ စာဖတ်ပရိသတ်များကို ကြိုတင်အဖွင့်အမှာ စကားဖြင့် လေးစားစွာ ပန်ကြားအပ်ပါသည် ။

ဤဇာတ်လမ်းတွင် ပါဝင်သောရွာငယ်နှင့် တောဓလေ့အထာ များ သည် စာရေးသူကိုယ်တိုင် နေထိုင်သိမြင်ခဲ့ရသမျှ သဘာဝအရင်းခံ အတိုင်းဖြစ်၍ ပြင်ဆင်ထည့်သွင်းခြင်း တစ်စုံတစ်ရာမျှ မပါဝင်ခဲ့ပါ၊ ထို့ကြောင့် ..

တစ်ချို့စကားလုံးများ ဖော်ပြချက်များမှာ ယဉ်ကျေးမှုအနည်း ငယ်ပျက်ပြားခြင်း ရိုင်းပြခြင်းများ ပါဝင်ပါက စာဖတ်ပရိသတ်အပေါ် မလေးစားစော်ကားလိုခြင်းစိတ်ထားနှင့် ရေးသားခဲ့ခြင်းမဟုတ်ကြောင်း စာရေးသူမှ အသိပေးတောင်းပန်အပ်ပါသည် ။

နားလည်ခွင့်လွှတ်ကြည်ဖြူနှစ်သက်ခြင်းများ စွာဖြင့် 'အချစ်နဲ့ သာသက်ဆိုင်သည် ' ဇာတ်လမ်းအား ဖတ်ရှူအားပေးနိုင်ကြပါစေဟု ဆုတောင်းမေတ္တာပို့သရင်းဖြင့်..

စာရေးသူ

* * *




အခန်း(၁)


''‘ညအရေးမှာ လကလေးကသာတော့..ဟီ..ဟိ..''

''ဘာလဲ..လကလေးကသာတော့..ဟီ..ဟိ..ဆိုတာ..''

''ဟီး..ဟီး၊ဒီညမယ်ပပတို့ ရဲ့ ဟိုဥစ္စဘာလဲ၊ ဘာဂျာနိုက်ဆို လား ..''

''ဘတ်(ချ်)လာနိုက်ပါဟာ..အဲ့ဒါယောက်ျားလေးက လုပ်ရမှာ မဟုတ်ဘူး လား၊ ငါနဲ့ ဘာဆိုင်လို့ လဲ..''

''အတူတူပါပဲဟာ..ငါတို့ ကိုဘာကွျေးမှာ လဲပြော..''

''ဘာလို့ ကွျေးရမှာ လဲ..''

ရောက်ချလာတာလူတွေကတစ်အုံတစ်မကြီး၊ လှေကား ခြေရင်းကနေမတ်တပ်ရပ်ပြီးတစ်ယောက် နှစ်ယောက်လက်ညှိုးထိုး ရေတွက်လိုက်ပြီး ပပမျက်နှာလေးရှုံ့မဲ့သွားသည် ။

''အမေကကြောင်ဿျှာပွင့်သုတ်လေး လုပ်ပေးထားတာ နည်းနည်းလေးရယ်.. နင်တို့ ကဆယ်ယောက်တောင်မှ ..အဲ့ဒီတော့ ငါ့အိမ်ကကြောင်ဿျှာပွင့်သုတ် စားထိုက်တဲ့ သူ ဘယ်သူဆိုတာ..''

''ပပ..ငါ့အမေကနွားပေါက်လေးတစ်ကောင်တောင်မှ လက်ဖွဲ့ ထားတာနော်..''

''မိပပ..ငါ့မှာ ငါတောင်တစ်ခါမှ မဝတ်ရသေးတဲ့ ယောထမီ လေး လက်ဖွဲ့ထားတာ..''

ထောင်ပေါ့ ..ငါလက်ဖွဲ့ထားတဲ့ ချိတ်က လေးသောင်းကျော်ပေးရတာ သိလားပပ.. မြို့ပေါ်ကဒေစီကျော်လင်းပိုးထည်ဆိုင်ကနော်..''

''ဟား..ဟား..ရယ်ရတယ်၊ သူ့အစ်မဘွဲ့ယူတုန်းက ဝတ်ထား တာပပရေ၊ ဘယ်နှစ်နှစ်ရှိပြီလဲ တွက်ကြည့်ပါဦး.. မမစုတောင်သမီးဦး လေးသုံးနှစ် ပြည့်နေပြီ၊ဟား..ဟား..ဟား..''

''ဟုတ်တယ်.. ဟုတ်တယ်၊ အဲ့လေးသောင်းက ရေလှျော်လို့ မ ရ..နေရာတကာ ဝတ်လို့ မရနဲ့ ၊ ခုဆိုတိုက်ဆွေးကြီး ဖြစ်ချင်ဖြစ်နေမှာ .. ယောက်ျားနဲ့ လက်ချင်းချိတ်ပြီးများ အလှူမင်္ဂလာ ဆောင်ဝတ်မသွား လိုက်နဲ့ နော်..လူတွေကြားထဲများ ဗွမ်းခနဲကွဲထွက်သွားမှ ..ဟီး..ဟီး..''

''မိအေးနော်..ငနာမ..နင်တွေ့မယ်..''

''ဘာလဲ၊ ဟား..ဟား၊ ခိ..ခိ..''

စိမ်းလဲ့အေးနဲ့ မှုန်ရွှေရီတို့ တွေ့လိုက်ပြီဆို လိုက်တမ်းပြေး တမ်းနဲ့ သာ အဆုံးသတ်တတ်ကာ၊ ခုလည်း သူမတို့ နှစ်ယောက်လူ စုလူဝေးထဲ ကနေထွက်သွားကြပြန်ပြီ..၊

''သွားပြီ ၊လျော့သွားပြီနှစ်ယောက်.. ရှစ်ယောက်ပဲကျန်တာဆို ရင်တော့..''

''မရဘူး..ဒီထဲမှာ ငါ့ကိုလုံးဝလက်ဖွဲ့မပေးဘဲ မောင်းတောင် ချိုင့်လေးကိုင် ဟင်းချိုချိုင့်လေးဆွဲနဲ့ လုပ်အားလေးပြပြီး အဝတီး သွားတဲ့ သူတွေပါသေးတယ်..''

''ငါလား..ငါ့ကိုစောင်းမပြောနဲ့ နော်.. အုန်းနို့ခေါက်ဆွဲချက် တဲ့ အုန်းသီးတွေကို ဘယ်သူအလကားပေးတာလဲ..''

''ဒေါ်ယုဆီကဝယ်တယ်လို့ ပြောတာပဲ..''

''အံမာ..ဒေါ်ယုကသူ့အုန်းသီးတွေနုသေးတယ်ဆိုပြီး.. ဆယ်

လုံးဆယ့်နှစ်လုံးပဲပေးတာ ငါ့အုန်းခြံထဲကချည်းပဲ..''

''မသိလိုက်ဘူး..''

ပပက လှေကားခြေရင်းကနေ ပြန်လည်း မတက်၊ ဆင်း လည်း မလာဘဲ လက်ပိုက်နေသည် ..၊ထိုစဉ် အပြင်ကပြန်လာသည့် ဂုဏ် ကလူစုလူဝေးကိုမြင်ကာ.. ၊

''ဘာလုပ်နေကြတာလဲ..''

''ဟာ..ဆရာ လာပြီ..''

''ဆရာမိန်းမလေး..ကျွန်တော်တို့ ကို..''

''ဒေါက်..''

''အောင်မလေးဗျာ..''

တိုင်သည့် သူစကားမဆုံးခင် ခေါင်းကိုအုပ်ပြီးအော်၏။ ခဲလုံး က အောင်မိုးခေါင်းပေါ်ကနေ ဂုဏ်အကင်ျီ္အိတ်ထဲသို့ခုန်ဝင်၏။

ရင်ဘက်ကိုတော့ ပစ်မှန်သွားသေးသဖြင့် ခဲကိုလက်နဲ့ အုပ် ဖမ်းထားလိုက်မိကာ.. ၊

''ပပ ဘာလုပ်တာလဲ..''

ဒီကောင်မလေးနဲ့ ပတ်သက်လာတိုင်းအမြဲတမ်း ပြောရဆူရမ ဖြစ်ဘဲမပြီး..၊

''ကျွန်တော့်ကိုဆရာ..ကျွန်တော့်ကိုပစ်ထည့်လိုက်တာ..''

''ဟုတ်တယ်လေ..''

ပပက လက်ဖဝါးလေးနှစ်ဖက်ပွတ်သပ်ခါ၍ မေးဆတ်လိုက် ရင်း.. ၊

''ဆရာ့မိန်းမလေးလို့ ဘာလို့ ပြောတာလဲ..၊ မိန်းမလေးဆို တော့ မိန်းမကြီးရှိသေးသလိုလို..''

''ပပ..''

ဂုဏ်မျက်နှာပူသွားကာ လှမ်းအော်လိုက်မိလျက်..၊

''ဘာလဲ..မင်းတို့ ခဲဖိုးတောင်းနေကြတာလား၊ ပေးပြီးပြီ

လေ..''

''ခဲဖိုးမဟုတ်ပါဘူး၊ ဒီညဘတ်(ချ်)လာနိုက်မို့လို့ ဝိုင်းဖွဲ့စားကြ မယ်လို့ လာခေါ်တာ..အဲ့ဒါ ဒေါ်လေးကလည်း ဧည့်ခံဖို့ အသုပ် သုတ်ထားပေးသားနဲ့ ..''

''ကျွတ်..''

ဝိုင်းတိုင်လိုက်ကြတာ မွစိမွစာတက်နေတော့သည် ။ နောက် ဆုံးရွာထိပ်နဲ့ ရွာလယ် အဝေးကြီးမှာ နေသည့် ပပရဲ့ အမေကိုယ်တိုင် ရောက် လာပြီး လက်သုပ်ကိုရော ယူလာသမျှ မုန့်ပဲသွားရည်စာတွေကို ပါ တည်ခင်းကွျေးမွေးလေမှ .. ၊

''ဟဲ့ သိလား..နင်တို့ ကိုငါစကားထာဝှက်မယ်၊ ဖော်နိုင်ရင်ငါ ဝှက်ထားတဲ့ ချောကလက်တစ်ချောင်းလုံးကွျေးမယ်..''

စကားဝိုင်းဖွဲ့ပြီဆိုတာနှင့် ပပတို့ နေရာမှ မထတော့ပေ..၊လက သာနေသည် ..၊နွားတင်းကုပ်နှင့် စပါးကျီဘက်မှာ ရော အိမ်နောက် ဖေးမှာ ပါ မီးတွေအမြဲထွန်းထားသဖြင့် လင်းအားကလည်း အမြင့်ဆုံးဖြစ် နေသည် ။

မီးရောင်အောက်မှာ သတို့ သမီးဆိုသည့် မယ်ပပ၏ ပုံစံက ဆံပင်ပခုံးသာသာအဖြောင့်ဒီဇိုင်းလေးနှင့် အဖြူဘက်ပါနေသော မိုးပြာ ရောင်ဖျော့ဖျော့ ညဝတ်ဘောင်းဘီရှည်ပွပွ အကင်ျီ္ပွပွလေးကို ဝတ် ထားသည် ။

ဖွေးနုဝင်းထိန်နေသည့် မျက်နှာလှလှလေးနှင့် စကားအလွန် များ တတ်သည့် နှုတ်ခမ်းနီတြာလေးသည် အားလုံးထဲမှာ ထင်းနေသော အလှတရားတို့ ကိုဖြစ်စေလျက်.. ၊

''သေချာနားထောင်နော်..မန္တလေးကထွက်လာတဲ့ ကားကြီး တစ်စီးကလမ်းမှာ ပျက်တယ်၊ ခရီးသည် တွေလည်း ကားပေါ်ကဆင်းပြီး နားနေကြတုန်း လူနှစ်ယောက်ရန်ဖြစ်ကြတယ်တဲ့ ..အဲ့ဒါနဲ့ ခရီးသည် တစ် ယောက်က အဲ့ဒီနားကတစ်ယောက်ကို သွားမေးတယ်..''

စကားကိုရပ်၍ အားလုံးကိုအကဲခတ်လိုက်သေးသည် ..၊စိတ် ဝင်တစားငြိမ်သက်နားစွင့်နေကြတာ မြင်မှ ဆက်၍ .. ၊

''ရန်ဖြစ်နေတဲ့ နှစ်ယောက်က ဘာတော်ကြတာတုန်းတဲ့ ..အဲ့ဒီ တော့တစ်ယောက်ကပြန်ဖြေတယ်၊ ကျွန်တော့အဖေရဲ့ သားနဲ့ ကျွန်တော့် သားရဲ့ အဖေ..''

''ဟင်..နေဦးလေ၊ ဟဲ့..ငါတို့ စဉ်းစားနေတာကို..''

''အေးလေ၊ နေပါဦးပပရဲ့ ..''

''တော်ပြီ၊ ညောင်းလှပြီ..''

ကွပ်ပျစ်ကျယ်ကြီးပေါ်ကနေ ဆင်းရပ်လိုက်ပြီး ပပကလက် လေးတွေမြှောက်၍ အညောင်းဆန့်သည် ။

''နေဦးပပ..ဒီလိုတော့မလုပ်နဲ့ ..''

''အဲ့ဒါ စဉ်းစားလေ..''

''ဒါလေးများ ..''

''ဘာလဲ..ပြော..''

''သိတယ်၊ ငါနီးနီးလေးသိနေတာ..နေဦး၊ ကျွန်တော့်အဖေရဲ့ သားနဲ့ ကျွန်တော့်သားရဲ့ အဖေ..အဲ..''

''သိရင်လည်း ပြောလေဟာ၊ ဟိုမိန်းမကအထဲဝင်တော့မယ်..''

''ကျွန်တော့်အဖေရဲ့ သားဆိုတော့..အဲ..''

''ကျွန်တော့်သားရဲ့ အဖေဆိုတော့..အင်း..''

''ဟား..ဟား..ဟား''

ဒါမျိုးဆိုပပတို့ ဝါးလုံးကွဲရယ်လေသည် ..၊

ဂုဏ်ကတော့အိမ်ပေါ်မှာ အိပ်ရာထဲသေချာလှဲပြီး မင်္ဂလာ

ဆောင်မှာ ရိုက်ထားတာတွေကို ပြန်ထိုးကြည့်နေမိသည် ။ ဒါတောင် အပြင်ကရယ်သံတွေ အငြင်းပွားသံတွေက အိမ်ပေါ်ထိ အုန်းခနဲ ဝေါခနဲ ဝင်လာနေသေးသည် ။

နာရီမော့ကြည့်လိုုက်တော့ ညဉ့်တစ်နရီခွဲနေပြီ..၊ သူ့သူငယ် ချင်းတွေနဲ့ ဘတ်(ချ်)လာနိုက်ဆိုတာ ဆယ်တစ်နာရီ ကျော်ကတည်း က ပြီးခဲ့ပါပြီ၊ ပပဆိုတဲ့ မိန်းကလေးကအပေါင်းအသင်းလည်း မင် သည် ။

ခုချိန်ထိအဆော့ကလည်း သန်သေးသည် ..၊ အလောင်းအစား အလှျော်အစားကျတော့လည်း မိန်းကလေးမို့ ကစားဝိုင်းဝင်မပါခဲ့တာပဲ ရှိသည် ။ ဘာလေးပဲအငြင်းအခုံဖြစ်ဖြစ် 'လောင်းမလား'ဆိုတာကရှေ့ က.. ၊

ပိုဆိုးတာက သူများ လှိူ့ဝှက်ချက်ဆို သိပ်ဖော်ချင်သည် ။ သူ့ရှေ့မှာ ဖုံးလားဖိလားလုပ််သွားပြီဆို ဒါကိုမရမကလိုက်ဖော်မည်။ တစ်ယောက်တည်းနဲ့ မရရင် အုပ်စုဖွဲ့မည်။

မယ်ပပ ဆိုတဲ့ ကောင်မလေးမှာ ချောတာလှတာလေးမှ လွဲ၍ ..၊

''ဟယ်..ငါ့ ငါ့ဆံထုံး..ဆံထုံးဘယ်ရောက်သွားလဲ..''

''ပပ နေဦး၊ နင့်ဆံထုံးက နောက်မှာ တန်းလန်းကြီး..''

''ဟားဟားဟား..''

''ခစ် ခစ် ခစ်..၊ကောင်းတယ်၊ သူများ အစားအသောက်ကို တိုတိုထွာထွာပြေးလွှားကြည့်ပြီး အကုသိုလ်များ နေတာလေ၊ ဟောဒီမှာ သတို့ သမီး ဆံထုံးအတုကြီးပြုတ်ကျသွားပြီ..လာကြည့်ကြပါဗျို့..''

''သေနာလေး..လာခဲ့..''

''ဟား ဟား ဟား..''

ဆံထုံးမှာ စံပယ်ပန်းလေးခွေလျက် လှတပတလေးပါ၊ ဒါပေ မယ့်ချိတ်ထမီကို လက်နှစ်ဖက်နဲ့ စုံကိုင်'မ'၍ ဖိုးခွေးနောက်ကိုအတင်း လိုက်သည့် ပုံစံက ဆံထုံးကဂုတ်ပေါ်မှာ ခမောက်ကြီးချိတ်ထားသလို..၊

''ဟား ဟား ဟား..''

ဗီဒီယိုကြည့်နေရင်း ဂုဏ်တစ်ယောက်တည်းရယ်နေမိ သည် ။ သူရောသူမရောဒီရွာသားတွေပဲဖြစ်သည် ။ အသက်အရွယ် မတူကြသည့် အလှျောက် ငယ်ငယ်တုန်းက ကစားကြပြီဆိုလည်း .. ၊''အဲ့ဒီကောင်မလေးမပါစေနဲ့ ၊ အငြင်းသန်တယ်..''လို့ ပြောပြီး ဝင်မဆော့ခိုင်းတဲ့ ထဲမှာ သူကထိပ်ဆုံးက.. ၊

''ဂုဏ်ရောင်ထည်ဆိုတဲ့ ကောင်ကြီးကို ငါတအားမုန်းတယ်'' ဆိုတာလည်း ပပပဲပြောရဲတာဖြစ်သည် ။

လူပျိုပေါက်တွေဖြစ်လာတော့လည်း ပပကတော့ကလေးသာ သာ.. ၊

''ဂုဏ်ရောင်ထည်ကြီးကို မကြိုက်နဲ့ မမပိုး၊ အဲ့ဒီလူကြီးမှာ ဝဲတွေရှိတယ်..''

''ဟုတ်လို့ လားဟယ်..ဂုဏ်ကဖြူဖြူခန့်ခန့်ကြီးပါ..''

''ဘယ်ကလာ..ညညဆို ပပတို့ ဖိုးခွေးတို့ ကိုစာလာသင်ပေး တာလေ၊ အမလေး..ခြေထောက်ကိုဟောသလိုဆင်းပြီး တဗျင်းဗျင်း ကုတ်တာသိလား၊ စာတောင်ကောင်းကောင်း မသင်ပေးနိုင်ဘူး၊ ဟီး.. ဟီး..''

ရည်းစားလေးတစ်ယောက်ထားခွင့်ရမလိုရှိခဲ့သည် ။ မယ်မင်း ကြီးမကြောင့် ပျက်ခဲ့ရ၏။ သူကလည်း မညာတတ်တော့ ပိုဆိုးသည် ။

''အံမယ်..ပပ ညာပြောတာမဟုတ်ပါဘူးနော်၊ မေးကြည့်ပါ

လား..၊သူ့ခြေထောက်မှာ ..''

''ဟုတ်လားဂုဏ်..''

လို့ ပိုးလေးကမေးတာနှစ်ခါမမေးရ..၊

''အဟွန်း..နည်းနည်းပါးပါးပါ..''

ဆိုသည့် အဖြေရသွားတာနှင့် ပိုးလေးတို့ လက်ပြသွားလေ သည် ..၊ သူ့ကိုအဲ့လိုလာဘ်ပိတ်အောင် အမျိုးမျိုးကြံဆောင်၍ အမုန်းပွား ခဲ့သည့် မယ်ပပ၊ တကယ်တမ်းက နေပူလွန်းပြီး ရေတွေခမ်းတော့ ကန်သင်းထဲမှာ ရေနည်းနေသဖြင့်အင်းတွေချောင်းတွေကနေ ရေရ အောင်လူကြီးတွေ ကြိုးစားနေတိုင်း သူလည်း ပါဝင်နေရကာ ရေကြောင့် ယားနာတွေ ဖြစ်လာခဲ့တာဖြစ်သည် ။

''မင်းကလည်း မင်းပဲ၊ ပပရှေ့မှာ မှ တဗျင်းဗျင်းကုတ်နေရသ လား..''

''မကုတ်ရပါဘူးကွာ၊ အဲ့ဒီကောင်မလေးအပိုအလိုတွေသိပ် ပြောတာ တစ်ချီချီတော့ လဲနေအောင်ကိုနားရင်းအုပ်ထားဦးမယ်..''

သူချည်းပဲကြိမ်းဝါးသည် ။ ခံလိုက်ရတာလည်း သူချည်းပဲဖြစ် ၏။

''ဟောဒီမှာ ဒေါ်ဒေါ်သဲရေ..ဂုဏ်ရောင်ထည်ကြီးပပကို လုပ်မ လို့ လိုက်လာတယ်၊ ဝါးရင်းတုတ်ကြီးနဲ့ ..''

သူမပဲကိုယ့်အိမ်ရောက်လာသည် ။ ကိုယ်ဘာသာအပြစ် တွေ လုပ်ထားပြီး သူတုတ်ကိုင်ပြီးထွက်လာတာမြင်တာနှင့် ၊ အော်ပြေးတာ လူကြားမကောင်း..၊

တကယ်ကိုငယ်သံပါအောင် အော်တော့တစ်ရွာလုံးအုံးအုံး ကျွတ်ကျွတ်နှင့် ..၊

ရွာမှာ ပပတို့ မိသားစုက မဟာဆန်ဆန်နေထိုင်တတ်ကြ

သည့် ချမ်းသာဆုံးမိသားစုဖြစ်သည် ..၊လူကြီးတွေကရည်မွန်ယဉ်ကျေး ကြသလောက် မောင်နှမနှစ်ယောက်ထဲမှာ သမီးအငယ်ဆုံးလေးပဲ ကျန် ခဲ့တာမို့ အလိုလိုက်ထားခဲ့ကြ၏။ ပျော်သလိုနေ ထင်သလိုဆော့လွတ် လပ်ခွင့်အပြည့်ပေးထားသည် ..၊

သားအကြီးလေးရလာတုန်းက သူတို့ ရဲ့ စည်းမျဉ်းစည်းကမ်း တွေအတိုင်း စိုးရိမ်စိတ်တွေနဲ့ ချုပ်ချယ်တင်းကျပ်ခဲ့ကြသည် ..၊ ထို့ ကြောင့် လူလားမြောက်စအရွယ်မှာ ပဲ လူကြီးတွေမသိအောင် ရထား

လိုက်ခိုးစီးကြရင်း အရှုမလှသေဆုံးသွားခဲ့၏။

ပပလေးကို နောက်လေးငါးနှစ်ကျမှ ထပ်ရခဲ့ကာ သူ့အစ်ကို လိုဖြစ်သွားမည်စိုးသဖြင့် တည့်မတ်ဆုံးမတာလောက်သာ စည်းကမ်း ထားခဲ့သည် ။

ကျန်တာအားလုံးကိုလွတ်လပ်ခွင့်အပြည့်နှင့် သူမရဲ့ ဘေးမှာ အထိန်းတော်လိုမိန်းကလေးတစ်ယောက် ယောက်ျားလေးတစ်ယောက် အမြဲပါနေရကာ..၊

''ဟေး..ရပြီ ရပြီ၊ ပေး..ပေး ဘယ်မှာ လဲ၊ ချောကလက်..''

''မရှိဘူး..''

''ဟာ..မရဘူး၊ မညစ်နဲ့ မညစ်နဲ့ နော်၊ ဖိုးခွေး ဆွဲထား..''

''ခစ် ခစ် ခစ်..''

''ဒုန်း.ဒုန်း.ဂျိမ်း..''

အိမ်ပေါ်တက်ပြေး လာပြီး တံခါးပိတ်လိုက်တာ တစ်အိမ်လုံး သိမ့်သိမ့်တုန်သွား၏။

''အမလေး..မောလိုက်တာ..''

''ဝုန်း..''

''ဟ..''

အသံတွေနဲ့ အတူ လူအနားရောက်လာတာနှင့် ခုတင်ပေါ်ထိုင် ချလိုက်တာ ကျိုးပြီလို့ ထင်မိတဲ့ အထိ..၊

ဂုဏ် လှဲနေရာကနေငေါက်ခနဲ ထထိုင်လိုက်မိလျက်..၊

''ဘယ်လိုဖြစ်လာတာလဲ၊ ညဉ့်နက်သန်းခေါင်ကျမှ ..''

''ငတ်နေကြတာလေ၊မကြားဘူးလား..သူများ စားချင်လို့ သိမ်းထားတဲ့ ချောကလက်ကိုများ ..''

''ညည်းမကျွေးချင် မပြောနဲ့ ပေါ့..''

''ဘယ်တော့မှ မကျွေးတာသိသားနဲ့ သူတို့ ကလည်း ငတ်မှ

ငတ်..''

''ငတ်လို့ တော့ဟုတ်မလား၊ ဒီလိုညမျိုးဆိုတာ ပျော်ချင်ပါး ချင်လို့ လုပ်ကြတာပဲ..''

''အောင်မလေး..စကားများ လိုက်တာ၊ စာသင်ချင်ရင်မနက်မိုး မလင်းခင် ကျောင်းကိုထပြေး၊ ဒီမှာ ..ဒီကဘွဲ့ရပြီးသား..''

ပြောပြောဆိုဆိုနှင့် အိပ်ရာထဲဝင်လှဲပစ်လိုက်သည် ..၊ စောင် ကိုခါးပေါ် ဆွဲတင်ပြီးမှ ပြန်လှည့်ကြည့်ကာ..၊

''ဒီမှာ ပန်ကာကိုအရှိန်လှျော့ပြီး သားမွှေးယပ်လေးနဲ့ ခပ်နေ သလိုပဲထားပေးနော်..လေကြမ်းကြမ်းတိုးနေရင် မအိပ်တတ်ဘူး..''

''မအိပ်နဲ့ လေ၊ မင်းအတွက်လိုတိုးပိုလှျော့လုပ်ပေးနေရအောင် လူကိုညစောင့်ဒလဝမ်မှတ်နေလား..''

''စောင့်ရမှာ ပေါ့..''

ပပကလည်း စောင့်ခနဲထထိုင်လိုက်ကာ၊ ခြုံထားသည့် စောင် ကိုစုလုံးထွေးပြီး ရင်ခွင်ထဲမှာ ပဲပြန်ပိုက်လိုက်၍ ..၊

''သူများ ခိုင်းလို့ ရတဲ့ ဖိုးခွေးတို့ မေကျော်တို့ ကို ရှင်ပဲမလိုပါဘူး မပိုပါဘူးပြောလိုက်တာ၊ ဒီက သူများကိုလက်ညှိုးထိုးခိုင်းနေကျ..''

''အံမာ..''

''အခု ရှင်ကြီးက သူတို့ တာဝန်ကို ကိုယ့်သဘောနဲ့ ကိုယ် လက်လွှဲယူခဲ့တဲ့ အတွက်..''

''အပိုတွေလှျောက်ပြောမနေနဲ့ ၊ နှစ်ဘက်လူကြီးတွေသဘော တူလို့ ပေးစားခဲ့တာ ခင်ဗျားလေးကိုဘယ်သူကလိုချင်လွန်းလို့ လဲ..''

''ရှင်ကြီးပဲ နေမှာ ပေါ့..''

ပပကစကားပြောပြီဆို မျက်စောင်းနဲ့ အရင် အင်ထရိုဝင်သည် ။ မဲ့ပြစ်ပြီးမှ ပြောရတာကိုသဘောကျ၏။

''ဟွန်း..သူများကိုလက်ထပ်ချင်လွန်းလို့ တစ်စွေ့နှစ်စွေ့ ခုန်နေတာမသိတာကျလို့ ..''

''ဟား ဟား ဟား..''

''အဲ့ဒါပဲ လူကြီးရှက်တော့ရယ်..''

ရှက်လို့ ရယ်တာမဟုတ်ပါ၊ မယ်ပပကလေးလို ဆိုးတာလည်း လက်လန်သည် ။ လည်သည့် နေရာမှာ လည်း သူ့အပြင်နှစ်ယောက်မရှိ..၊ တည့်တည့်ကြီး အရှိုက်ထိသွားပေမယ့် ဂုဏ်စိတ်မဆိုးဘဲ ရယ်နေမိ သည် ။

သူကလည်း တကယ်ပါ.. ၊

ဒီကောင်မလေးကိုမှ ဘာဖြစ်လို့ ရင်ခုန်နေမိမှန်းမသိ..၊ ကျောင်းသွားတက်နေတာ ဘွဲ့ရတဲ့ အထိပဲဆိုပေမယ့်၊ ရန်ကုန်မြို့နဲ့ သူ တို့ ရွာက နေ့ချင်းပြန်လို့ တောင်ရသည် မို့ မကြာခဏပြန်လာဖြစ်သည် ။

သူမနဲ့ အမှတ်တမဲ့တော့ တွေ့နေရတာပဲဖြစ်သည် ၊ ဒါပေမယ့် ဘာမှ ထူးခြားတယ်လို့ မဟုတ်ဘဲ ရွာကိုကျောင်းဆရာအဖြစ်ပြန်ရောက် လာကာမှ ဟိုတုန်းကမတည့်တာတွေ သူမကတစ်ကနေ ပြန်စပြီးလူကို မြင်တိုင်း ရန်သူကြီးလို.. ၊

သူ့ဘက်ကတော့ သူမနဲ့ ခြားနားစွာဖြင့်.. ၊

''ဒေါက်..ဒေါက်..''

''လာပြန်ပြီ..နှစ်နာရီထိုးတော့မယ်၊ ဘယ်သူလဲ..''

''ဆရာ ကျွန်တော်တို့ ပါ..''

''ဟင်..''

ဂုဏ်မျက်လုံးပြူးသွားသည် ၊ ကြည့်လိုက်တော့ ပပကစောင် ကိုစုံကိုင်ပြီး ပက်လက်အတိုင်း လှဲချလိုက်တာဒိုင်းခနဲ..၊သူတံခါးထ ဖွင့်လိုက်တော့ စောင်ထုပ်တွေတစ်ထုပ်စီ ပိုက်လျက်ဖိုးခွေးနဲ့ မေကျော် တို့ မောင်နှမ.. ၊

''မင်းတို့ က ဒီအချိန်ထိဘာလို့ ..''

''ပပနဲ့ အိပ်မလို့ ပါ..''

''ဘာ..''

ဖိုးခွေးသည် ပိန်ညှပ်ညှပ်မိန်းမလျာပုံလေးပေါက်နေတဲ့ အ တိုင်း စိတ်ကလည်း ဘာမှ မထူး.. ၊

''ပပပေါ့၊ ကျွန်တော်တို့ ကို ခါတိုင်းလိုပဲလိုက်အိပ်ရမယ်ဆို ပြီး..''

''ဟား..''

''ပပ..ဆရာ..ပပ..''

မေကျော်ကပျာပျာသလဲပြောရင်း အိပ်ရာကထလာသည့် မျက် နှာနှင့် မျက်တောင်တွေကို ဖိခတ်ပွတ်သပ်၍ .. ၊

''ကျွန်မတို့ ကအပြင်မှာ ပဲ အိပ်နေတာပါ၊ အဲ့ဒါ..သူလေ၊ ငါတို့ စကားများ နေသံကြားရင် တက်လာခဲ့တဲ့ ..''

ကြည့်စမ်း.. ၊

''ဆရာက လည်း ပင်းညှစ်နေမှာ စိုးလို့ တဲ့ ..''

''ပပ..''

ဂုဏ်ဒေါသထွက်လာကာ ပပဆီပြန်လှည့်သွားပြီး စောင်ကို ဆွဲခွာပစ်လိုက်လျှင်..၊

''အနိစ္စကြီး..''

တင်ပါးနားကိုကုတ်နေသည့် လက်လေးမြောက်ခနဲဖြစ်သွား ကာ ငုတ်တုတ်ငေါက်ခနဲ.. ၊

''ရှင်ကြီး သူများ စောင်ကိုဘာလို့ လာဆွဲတာလဲ..''

ရယ်ချင်သွားသည့် ဂုဏ်မျက်နှာကြီးက ရယ်ချင်ပက်ကျိဖြစ် သွားတာသိသာနေလျက်.. ၊

''ခင်ဗျားလုပ်ချင်ရာလုပ်နေမယ်မှန်း မသိလို့ ပေါ့၊ ဒီမှာ လူတွေ မိုးတိုးမတ်တပ်ကြီးတွေပဲ ရှိသေးတာ..''

''လူတွေမိုးတိုးမတ်တပ် ရှိနေတာကိုစောင့်ပြီးကုတ်ရအောင်.. ်ယားတာကလူရှင်းအောင်စောင့်ယားတာ မဟုတ်ဘူး ၊ ရှင်ကြီးတောင်မယ်

ပပအတင်းတုတ်လှချေရဲ့ ဆိုပြီး ဒီမိန်းမရှေ့မှာ မှ ခြေနှစ်ခြောင်းဆင်းပြီး တဗျင်းဗျင်းကုတ်ခဲ့ရတာလေ..''

''လှျောက်ပြောမနေနဲ့ ၊ သူများကိုပြောရဖို့ ဆို ဟိုးရှေးရှေးတုန်း ကကိစ္စတွေလည်း မမေ့ဘူး..''

''ဟွန်း..မိန်းကလေးစောင်ခြုံထားတာကို မပြောမဆိုဆွဲခွာပြီး သူများ အလစ်ငိုက်နှိုက်ချွတ်နေတာတွေ အလစ်ငိုက်ကြည့်ချင်လို့ ..''

''မင်း..နော်..''

''အား..လုပ် လုပ်ကြပါဦး..''

''ဟာ ကြည့်စမ်း၊ ဟေ့..ညဉ့်နက်သန်းခေါင်ကြီးကြည့်စမ်း..''

ရှက်ရှက်နှင့် သူမဘေးကို ထိုင်ချလိုက်မိပါသည် ..၊သံဗြဲကြီး

နှင့် ထအော်သဖြင့် ဂုဏ်အလန့်တကြားပါးစပ်ပိတ်ထားရလျှင်.. ၊

''ဖိုးခွေး..လုပ် လုပ်ပါဦး၊ ငါ့ကိုလည်ပင်းညှစ်..ဂစ်..ဂစ်..''

''ဆရာ..ဆရာမလုပ်ပါနဲ့ ..''

ဖိုးခွေးကလည်း ဂုဏ်ကိုယ်လုံးကွယ်နေသဖြင့် တကယ် လည်ပင်းညှစ်နေပြီထင်ကာ ခုတင်ပေါ်အတင်း ခုန်တက်သည် ။

''တကယ်လုပ်နေတာလား..''

မေကျော်မျက်လုံးပြူးသွားကာ ကိုင်ထားသမျှကိုလွှတ်ချပစ်၏။

''ဆရာနော်..အဲ့လိုတော့အနိုင်မကျင့်နဲ့ ၊ ပပကိုလွှတ်လိုက်..''

သူမအော်လိုက်ရင်း ခုတင်ပေါ်ခုန်တက်လိုက်လျှင်.. ၊

''ကျိ..ဂျွတ်..ဝုန်း..''

''အား..သေပါပြီ..''

လူလေးယောက်ခုန်ပေါက်တက်သည့် အားတွေ ကိုမခံ နိုင်ဘဲခုတင်ကျိုးကျကာ၊အိမ်ကြမ်းခင်းကနေ တစ်ထပ်လုံးသိမ့်သိမ့် တုန်သွားလျှင်.. ၊

''ဟဲ့..ဟိုဘက်အိမ်က ဘာသံလဲ..''

''ပပနဲ့ ဆရာတို့ ပဲဖြစ်မယ်၊ သူတို့ ..သူတို့ ..''

''ဂုဏ်တို့ အိမ်ကလား၊ ကိုထွန်းခင်ရေ..သွားကြည့်ပါဦး၊ လင်မယားသတ်ကုန်ပြီလား၊ ဒီကောင်မလေးကကလေးစိတ်ရယ်..''

ပတ်ဝန်းကျင်အိမ်အသီးသီးမှာ မီးတွေလင်းလာခဲ့ကြလျက်.. ၊

''ဟားဟားဟား..ဆရာတို့ လင်မယားခုတင်ကျိုးကြတာ..''

''အောင်မလေးဟဲ့..မယ်ပပတို့ လင်မလိုချင်လို့ ပဲ..''

''ဟား ဟား ဟား..''

ညတွင်းချင် သတင်းကြီးသွားခဲ့လျက်..သန်းခေါင်ကျော်

ရယ်သံများ ဖြင့်.. ၊

* * *




အခန်း(၂)


''ဟာ..ဆရာ့..''

''ဆရာဂုဏ် လာပြီ..''

''ဟဲ..ဟဲ..''

ခါးကနာနေသည် ..၊ 'ဟဲ..ဟဲ'ဆိုသည့် ပြုံးစိစိမျက်နှာတွေသွား တွေအဖြီးသားဖြစ်မလာဖို့ အားတင်းလှျောက်ခဲ့ရင်း ကိုယ့်စားပွဲရောက် တော့ ရုတ်တရက်ထိုင်လို့ တောင်မရ.. ၊

မယ်ပပ ဂြိုလ်ကောင်မလေး.. ၊

''ဆရာ..''

''ဘာလဲ၊ အဲ..ဆောရီး၊ ကျွတ် ဆောရီးဆရာမ..ကျွန်တော်..''

''အဟွန်း..ရပါတယ်၊ ဆရာနေများ မကောင်းလို့ လားဟင်.. မျက်နှာမကောင်းလို့ ..''

''ကောင်းပါတယ်၊ ခါး..အဲ ကြက်ဟင်းခါးသီးဝယ်ဖို့ သတိရ လို့ ..''

''ဆရာကကြက်ဟင်းခါးသီးဝယ်မယ်၊ ဘာလုပ်မလို့ လဲဆရာ ..ဆရာစားချင်လို့ လား..''

''အင်း ဟုတ်တယ်၊ စားချင်လို့ ..ဟိုလေ အခါးလည်း ကြောက်

တော့..''

''ဒါများ ဆရာရယ်၊ စိတ်ချ..မနက်ဖြန်အနီထမင်းချိုင့်ထည့် လာခဲ့မယ်၊ လုံးဝမခါးစေရဘူး..''

''ဟာ..နေပါစေ၊ ဆရာမကဧည့်သည် ပဲ ကျွန်တော်ကတောင် ပြန်ပြီး ဧည့်ခံကျွေးမွေးရမှာ ကို..''

စကားသာပြောနေရပေမယ့် ခါးထဲကသပ်ထိုးထားသလို တောင့်နေတာ ခံရခက်နေလေသည် ..၊ ဆရာမနီနီဦးကလည်း ရင်းနှီးခင် မင်နေကြသဖြင့် မိတ်ဆွေဝတ္တရားကျေဖို့ သာ ကြိုးစားနေသည် ဖြစ်ရာ..၊

''အနီ့ကိုအားမနာပါနဲ့ ဆရာရယ်..ဆရာ့မင်္ဂလာဆောင်မှာ စိတ်ကူးထားသလောက် လက်မဖွဲ့လိုက်နိုင်လို့ အနီကစိတ်မကောင်းဖြစ် နေတာ..''

''မဟုတ်တာဆရာမရယ်..ရပါတယ်၊ ကျွန်တော်..''

လွတ်လွတ်လပ်လပ်သာ နာကျင်ခွင့်ရပါလျှင် 'အ'ဆိုသည့် အ သံထွက်သွားလောက်သည် ..၊ဒါပေမယ့် သူခပ်ဖြည်းဖြည်းထိန်းပြီးထိုင် လိုက်ကာ..၊

''ဆရာ..''

''ဟင်..ဗျာ..''

''ဆရာနေရတာ တစ်ခုခုအဆင်မပြေဖြစ်နေတဲ့ ပုံပဲ..မင်္ဂလာ ဆောင်ပြီးကာစပဲ လေးငါးရက် တစ်ပတ်လောက်တော့ နားလိုက် ပါလား..''

လာပြီ မင်္ဂလာဆောင်ကိစ္စ.. ၊

ဆရာမနီနီဦး ညကကိစ္စကိုကြားထားလို့ များ ဒါကိုစနောက်ဖို့ ဒီထိရောက်အောင်ဆွဲယူ ပြောနေတာလား။ သူမရိုးရိုးပြောနေတာလား၊ ဆန်းဆန်းလားတော့ မသိပေမယ့် နီနီဦးမျက်နှာကို ဂုဏ်သေချာပြန်

ကြည့်မိ၏။

ထိုစဉ် ဆရာမျိုးမင်းနဲ့ ကိုထူးနိုင်တို့ သူ့အတန်းထဲဝင်လိုက်

လာကြကာ..၊

''ကဲ ဆရာမဒေါ်နီနီဦးတောင် အကဲခတ်မိပြီဆိုတော့..မင်းဖုံးဖိ မနေနဲ့ တော့..''

''ဟုတ်တယ် ခါးနာလာသလား၊ ကျောအောင့်လာသလား.. မင်းမျက်နှာကြီးမှာ ပေါ်နေတာ ဝန်ခံလိုက်..''

''ဟာ..ကိုမျိုး..''

ဆရာမကိုအားနာသွားသဖြင့် လှမ်းတားလိုက်မိသည် ။ ထိုအ ခါကျမှ ပိုအဆင်ဆိုးကာ နီနီဦးယောက်ျားလေးချင်း ဘာတွေပြောနေကြ တာလဲဟု တွေးမိသွားပြီး.. ၊

''အနီက ရိုးရိုးမေးတာပါနော်..''

ရှက်ကိုးရှက်ကန်းပြောပြီး တစ်ချိုးတည်းလစ်တော့သည် ။

''မနီ မဟုတ်ဘူး ဗျ၊ ညက ဂုဏ်တို့ လင်မယား..''

''ဟေ့လူ..''

မျိုးမင်းပါးစပ်ကြီးကို အသည်းအသန်ထပိတ်ရရင်း ခါးက လည်း အောင့်နေကာ..၊

''ဘာတွေလျှောက်နောက်နေတာလဲကွာ..''

''ဟ..ငါကမိန်းကလေးတစ်ယောက်ရှေ့ထားပြီး မဟုတ်က ဟုတ်ကတွေပြောစရာလား၊ ဘာလဲ..မင်းကရောညက ခုတင်ကျိုးတယ် ဆိုတာ မင်းတကယ်သောင်းကျန်းမိလို့ လား..''

''ကိုမျိုး..''

''ဒေါသတွေထွက်ပြမနေနဲ့ ..မေးတာကိုပဲဖြေ..''

အနယ်နယ်အရပ်ရပ်က လာရောက်ပြီးတာဝန်ထမ်းဆောင်

နေကြတာပေမယ့် မျိုးမင်းတို့ နဲ့ ဂုဏ်က သူငယ်ချင်းတွေလို ရင်းနှီးနေကြ တာဖြစ်သည် ။

''ပြောစမ်းပါ..ခါးနာနေတယ်မို့လား..''

''ခါးနာတာက ရိုးရိုးနာတာကွ..''

''ဖြစ်ရလေ ကိုယ့်လူရာ..''

သေချာရှင်းပြတော့လည်း စုတ်သတ်ကဲ့ရယ်နေကြလျက်၊ မ ယုံတဲ့ သူကမယုံ၊ ယုံပြန်တော့လည်း ..၊

''မိန်းမရကာမှ ခါးကဘာမှ မဟုတ်ဘဲနာရတယ်လို့ ..''

ကိုထူးနိုင်ကရယ်ကာ.. ၊

''ဒီမှ ဂုဏ်..မင်းဒီကျောင်းကစာသင်ခန်းမှာ ပဲ ဆရာကြီးလိုနေ စမ်းပါကွာ၊ ကိုယ့်မိန်းမကိုတော့ တခမ်းတနားကြီးချစ်မနေနဲ့ ငတ်သွား လိမ့်မယ်..''

''ဟား..''

''အချစ်ငတ်မှာ ကိုပြောတာပါ၊ စာတွေးတွေးစမ်းပါ..ဟဲ ဟဲ..''

ကျောင်းဆရာတွေဆိုပေမယ့် အချင်းချင်းစုမိကြပြီဆို နာမည် တွေပဲခေါ်ကြပြီး ကျောင်းတုန်းကသူငယ်ချင်းတွေလို တရင်းတနှီး.. ၊

''မယ်ပပဆိုတဲ့ ချာတိတ်မလေးက အရမ်းလှလို့ 'မယ်ပပ'လို့ နာ မည်ပေးခဲ့တာတဲ့ ၊ ငါတို့ ကဒီရွာသားမဟုတ်ပေမယ့် သိပါတယ်ကွ..''

''ဟုတ်တယ် ခုလည်း လှတာပဲဟာ၊ မိန်းကလေးတွေရဲ့ အလှ က ရင့်ကျက်မှုရှိ လာလေလှ လာလေပဲ၊ ပင်မှ ည့်သစ်သီးတွေလိုပေါ့ဗျာ..''

''ပြီးတော့ ပုတ်ပြဲပြုတ်ကျကုန်ရော..''

''ပုတ်ပြဲပြုတ်ကျတာက မိန်းမမှ မဟုတ်ပါဘူးကိုယ့်လူရာ.. သတ္တဝါတိုင်းက အနိစ္စလောကထဲမှာ အိုကြနာကြသေကြမှာ ချည်းပဲ..''

''ဟုတ်ပဗျာ..ဟုတ်ပ၊ ဟဲ..ဟဲ ဒါပေမယ့်မိန်းမရခါစလူပျိုကြီး

ကိုတော့ တရားတွေဟောပြီး သံသရာလွတ်လမ်းမပြပါနဲ့ ဦး၊ တော်ကြာ မိန်းမရကာမှ ခါးနာရတာလည်း 'ဒုက္ခ' ဆိုပြီးတောထွက်သွားပါဦး မယ်..''

ဂုဏ်ကရယ်လိုက်ရင်း မျက်နှာလွှဲ၍ .. ၊

''ထွက်စရာလား..''

''ဟေ..''

''ဟုတ်လား..ငါထင်တယ်၊ ရုပ်ကြီးက ဟားဟားဟား..''

''ဒါဆိုလည်း ခြေသွက်လက်သွက်လေးရှိစမ်းပါ၊ မင်္ဂလာဦး ညမှာ ရန်ဖြစ်ပြီးတော့ ခုတင်ကျိုးရတယ်လို့ ..''

''ပြောပါဦးဂုဏ်ရ..မင်းကသူ့ကိုချစ်တယ်မို့လား..''

''မပြောတတ်ဘူး..''

''ပြောတတ်ပါတယ်ကွာ၊ မင်းမျက်နှာကြီးကို နှလုံးပီတိဂွမ်း ဆီနစ်နေတာအသိသာကြီး..''

''ကိုမျိုး..''

ကိုထူးနိုင်က မျိုးမင်းကိုအံ့သြသလိုကြည့်ကာ..၊

''နှလုံးပီတိဂွမ်းဆီထိ မဟုတ်ဘူး လား..''

''ဟုတ်ပေမယ့် သူကထိရုံထိတာလောက်မကဘူး၊ ဒါတောင် ဝန်မခံချင်လို့ ..''

''တော်ပါတော့ကွာ၊ ဟိုမှာ ကျောင်းသားတွေ အတန်းထဲဝင် လာကြတော့မယ်..''

''ကလေးတွေကမင်းတို့ မင်္ဂလာဆောင်ကို စိတ်မဝင်စားပါဘူး သူတို့ ကဆရာစားပွဲကို နားစွံ့နေမှာ လည်း မဟုတ်ဘူး .မေးတာကိုဖြေစမ်း ပါ၊ ဘယ်လိုလဲ..''

''ဘာ.ဘယ်လိုလဲလဲ၊ ချစ်တာမချစ်တာ ကိုယ့်ဟာကိုယ်

တောင်စိတ်မဝင်စားဘူး..''

''လာပြန်ပြီ..''

''အေးလေ၊ ငါတို့ ကယောက်ျားလေးချင်းမို့လို့ ..''

''ငါဆိုမင်းထက် နှစ်နှစ်စောပြီး မိန်းမယူတာနော်၊ အိမ်ထောင် ရေးနဲ့ မိန်းမအကြောင်း မင်းထက်အများကြီးပိုနပ်တယ်၊ အိမ်ထောင်ကျ ပြီဆိုရင် မိန်းမတွေအများကြီးလိုက်ယူဖို့ မလိုဘူး၊ အဲ့ဒီမိန်းမနဲ့ တင် အ

များကြီးအကြောင်းသိလို့ ရတယ်..''

''အင်း..ပြောပါဦး..''

''သိချင်ရင်လည်း သိချင်တယ်ပေါ့ကွာ၊ ပြောပြလို့ သာနား ထောင်ရမှာ လိုလို..''

မျိုးမင်းအသံကြီးကြောင့် ဂုဏ်ကရယ်ကာ.. ၊

''ဘာပဲဖြစ်ဖြစ် မင်းလည်း ပြောချင်တယ်မို့လား..''

''အေးပါ၊ နားရှိတော့လည်း ထောင်ဖို့ တာဝန်လေးယူပေါ့၊ ကျေးဇူးပါပဲ..''

စိတ်ကတိုတော့ ရွဲ့လိုက်မိသေးသည် ..၊ပြီးမှ .. ၊

''မိန်းကလေးတိုင်းက အတူတူပဲကွ..''

''ဟုတ်တယ်၊ မင်းပြောမှ သိတာ..''

''ဟား ဟား ဟား..''

''လာမယ်လေ၊ ပြောဖို့ ပတ်ပျိုးတာ ဘာရယ်တာလဲမင်းက..''

''ဟားဟားဟား..''

ကိုထူးနိုင်ရယ်ပဲရယ်နေကာ.. ၊

''မှတ်ထားနော်ဂုဏ်..မိန်းကလေးတိုင်းအတူတူပဲတဲ့ ..''

''ငါပြောချင်တာက ကြီးကြီးငယ်ငယ် သူတို့ ရဲ့ အတွင်းအ ပြင်..''

''သိတယ်..အတူတူပဲ..''

''ဟား ဟား ဟား ဟား..''

ဒီတစ်ခါ ကိုထူးနိုင်ထရယ်လိုက်တာ အတန်းထဲဝင်ထိုင်သည့် ကျောင်းသားလေးတွေပါ တအံ့တသြလှမ်းကြည့်ကြလေသည် ။

ပြီးတော့ သုံးယောက်စလုံးရယ်နေမိကြကာ.. ၊

''ဟုတ်တယ်၊ ငါကလည်း စကားကို ဒီနေရာမှာ ပဲတစ်တစ်နေ တယ်..''

''အံမယ်..ခုမှ ရုပ်ကြီးက..''

မျိုးမင်းရယ်နေကာ ကိုထူးနိုင်ပခုံးကို လှမ်းထိုးလိုက်ပြီး..၊

''ခွေးကောင်တွေ..ငါပြောတာက ပပကငယ်ပေမယ့်..''

''လာပြန်ပြီ..မင်းစကားကိုကြီးတာငယ်တာတွေထဲက ထွက် လို့ မရဘူးလား..''

''ကောင်မလေးကငယ်နေလို့ ..ဒီကောင်က သူ့ကိုယ်သူငါကြီး တယ်ဆိုပြီး..''

''တော်ပြီ တော်ပြီ..မပြောနဲ့ တော့..''

'' မဟုတ်ဘူး ဂုဏ်..မင်းအကြောင်းငါသိတယ်၊ လင်နဲ့ မယား ဖြစ်နေကာမှ ငါကြီးတယ်ဆိုပြီး သိက္ခာပုဒ်ကြီးတွေနဲ့ ဆက်ဆံနေလို့ မရ ဘူးကွ၊ အထူးသဖြင့် မိန်းကလေးတွေက သူတို့ ကိုငယ်တယ်ပြောရင် မကြိုက်ဘူး..''

''ဟုတ်လားဂုဏ်..မင်းအဲ့လိုသွားပြောမိသလား..''

''မပြောမိဘူးထင်တာပဲ..''

''ကိုထူး..မင်းတို့ ကိုငါအကောင်းပြောနေတာ..ဝါကြီးတဲ့ လူ က ဗဟု သုတဖြန့်ဝေနေရင် သေချာနားထောင်..''

''တောက်..ကွာ..''

ဟင်..၊

သုံးယောက်စလုံးနားရွက်တွေ ထောင်သွားကြသည် ..၊ဘယ်က တက်ခေါက်သံလဲ..၊

ထိုစဉ် သူတို့ ဘေးက ပြတင်းပေါက်မှာ ရွာသားစိန်တုတ်၏ မျက်နှာကြီးပေါ်လာကာ..၊

''ဆရာ ဟား..အတော်ပဲ၊ ဆရာ့မိန်းမကျွန်တော့်ကို လုပ်ချ လိုက်တာဆရာ..''

''ဟင်..''

''ဘာလုပ်ချလိုက်တာလဲကွ..မင်းလိုပြိတ္တာပေါက်ကြီးကို..''

စိန်တုတ်က မျိုးမင်းကိုလှည့်ကြည့်၍ ..၊

''ဟုတ်တယ်၊ ပြိတ္တာပေါက်ဖြစ်ဖြစ် ဂေါ်ဇီ လာလောက်ကြီး ကြီး အဲ့ဒီကောင်မလေးကဘယ်သူမှ ဂရုမစိုက်ဘူး..လူကကြည့်တော့နှံ ပြည်စုတ်လောက်..''

''ဟိတ်ကောင်လေး..ဆရာဂုဏ်ကသူ့ယောက်ျားနော်..''

''မတတ်နိုင်ဘူးဗျာ..ဆရာ့မိန်းမကတော်တော်ကိုစွာတာ..''

''အခုဘာတွေဖြစ်လာလို့ တုန်း..''

''မဏ္ဍပ်ဆောက်ထားတဲ့ လက်ခ ကျွန်တော်သွားတောင်းတာ မပေးနိုင်ဘူးတဲ့ ..''

သူတို့ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်မိကြ၏။

ဂုဏ်က မျက်မှောင်ကုတ်သွားလျက်..၊

''အဲ့ဒါတွေကိုအမေရှင်းပေးပြီးပြီ မဟုတ်ဘူး လား..''

''ဒီမနက်မှ အားလုံးရှင်းပေးနေတာလေဆရာရဲ့ ၊ မဏ္ဍပ်သ မား အားလုံးကိုရှင်းပေးပြီး ကျွန်တော့်အတွက်ကျတော့ မပါဘူး..''

''ဟေ့ကောင်..မင်းကမဏ္ဍပ်အငှားသမားတွေနဲ့ ဘာဆိုင်

လို့ လဲ..''

''အေးလေ..မင်းကလည်း ..''

''ဆရာတို့ ရယ်..ဒီလိုပဲဝိုင်းကူဝိုင်းလုပ်ပေးနေကြတာ..''

''အေး..အဲ့ဒါသူများ တွေတောင်းကြလို့ လား..''

စိန်တုတ် မကြည်မလင်မျက််နှာဖြစ်လာကာ ကြားဝင်ဝင် ပြောနေသည့် မျိုးမင်းကို ဘုကြည့်ကြည့်၏။

''သူများ တွေက ရပ်ကြည့်နှမ်းဖြူးလုုပ်သွားတာကိုး၊ ကျွန် တော်ကခါးတောင် မြှောင်အောင်ကျိုက်ပြီး..''

''ကဲပါ ဟုတ်ပါပြီ..ရော့ ရော့..''

စောစောစီးစီး ကျောင်းဝင်းထဲထိလိုက်ပြီး ကြွေးတောင်းခံ နေရသဖြင့် ဂုဏ့်မျက်နှာကတည်တည်ကြီး ဖြစ်နေခဲ့လျက်.. ၊

''ရပြီလား..အဲ့လောက်..''

ပေးလိုက်သည့် တစ်ထောင်တန်သုံးရွက်ကို မြင်မှ ပွတ်သပ်ပြုံး ကြည်သွားကာ.. ၊

''ဒါလေးပေးလိုက်ရင်ရပြီဟာကို ဆရာ့ပပလေးကဘာပြော လဲသိလား၊ မဏ္ဍပ်ဆောက်ဖို့ အတွက် ပစ္စည်းရောအလုပ်သမားပါ ငှားထားတာထပ်မပေးနိုင်ဘူးတဲ့ ၊ ဖင်ကြားညပ်အောင်ခါးတောင်း ကျိုက်ပြီးပိုက်ဆံတောင်းချင်လို့ လုပ်အားပြနေတာမသိတာ ကျလို့ တဲ့ ..''

စိန်တုတ်က ခပ်ပေါပေါယောင်ချာချာရယ်ပါ.. ၊

ပိုက်ဆံမရခင်ကဒေါသတွေထွက် တက်ခေါက်နေပြီး၊ ရသွား သည့် မျက်နှာမှာ ဒေါသမပါတော့ဘဲ ရှံ့တွတွကြီးဖြစ်နေလျက်.. ၊

''ဖင်ကြီးတပြောင်ပြောင်နဲ့ လိုက်ကုန်းပြီး..''

''ဟေ့ကောင်..''

''ဆရာ့ပပပြောတာ ပြောပြချင်လို့ ပါ၊ ကျွန်တော်ဒီတိုင်းပဲ ခါး

တောင်းကျိုက်တတ်တဲ့ ဟာ ဖင်ပေါ်အောင်တမင်ကျိုက်တာ မုန်းလွန်းလို့ တဲ့ ၊ မြန်မြန်ထွက်မသွားရင် ရိုက်လွှတ်မှာ ဆိုပြီး ပုဆိန်ရိုးကြီးထဆွဲတာ ဗျ..''

''ဟား ဟား ဟား..''

တားနေသည့် ကြားက စိန်တုတ်ကစကားကို ဆုံးအောင်ပြော သွားသေးသည် ။ မျိုးမင်းတို့ ကရယ်နေကာ.. ။

''စိတ်ညစ်သွားတာလားဂုဏ်..''

''ဒါညစ်စရာမဟုတ်ပါဘူး..ချစ်စရာလေးပါ၊ ဟားဟားဟား.. မင်းအပျင်းပြေမှာ တော့ သေချာတယ်ကွ၊ တစ်ခုပဲရှိတယ် ပုဆိန်ရိုးစာမမိ အောင်တော့ရှောင်ပေါ့..''

ရယ်သံတွေကြောင့် ပြုံးနိုင်ဖို့ တော့ကြိုးစားပါသည် ၊ ဒါပေမယ့် စိတ်တိုတာသာကျန်ရစ်ခဲ့လျက်.. ၊

ဒီကောင်မလေးကြောင့် ခက်သည် ။

ပြောတာဆိုတာ နေထိုင်တာတွေကို သူဘယ်လိုပြုပြင်ပေးရမ လဲ.. ၊

သူမကို သူလည်း နိုင်တာမဟုတ်.. ၊

* * *


ဝန်ဇင်းချစ်သူများ ၏ “ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။