ဖက်ဆွတ်မိုးနဲ့ နှင်းရည်စို
မနေ့က မိုးမိသွားသဖြင့် ဖက်ဆွတ်ဒီနေ့ အိပ်ရာထဲကပင် မထချင်။ မေမေလာနှိုးလို့သာ ဘရိတ်ဖတ်စ်ထစားရပေမယ့် ကော်ဖီတစ်ခွက်ပင် ကုန်အောင်မသောက်နိုင်ပေ။
အေးစိမ့်နေသော ဧည့်ခန်းသို့ ထွက်လာရတာ လည်း ခါတိုင်းလိုမဟုတ်ဘဲ ချမ်းတုန်နေမိ သည်။ အရင်နေ့တွေ ကဆို ဒီအဲကွန်းအအေးဒဏ်လောက်ကို ဘယ်လိုမှ မနေတဲ့ ဖက်ဆွတ်မိုးက ဒီနေ့တော့ အဲကွန်းကို အရင်ဆုံး အအေးလျှော့ချရ၏ ။
ပြီးလျှင် ဧည့်ခန်းဆိုဖာဆက်တီတွေ ရဲ့ ဟိုဘက်ခြမ်းက လွတ်နေတဲ့ ပါကေးခင်းပေါ် ဒရင်း ဘ်ခ်အနီရောင် ကို ဖြန့်ခင်းကာခပ်မြန်မြန် လှဲချလိုက်သည်။
“ငြိမ်းငြိမ်းရေ ငါ့အခန်းထဲက စောင်တစ်ထည် ယူလာပေး”
ကောင်မလေးကိုအော်ခေါ်ပြီး စောင်ယူခိုင်းရတဲ့အထိ ချမ်းတုန်ပြီး အဖျားတက်ချင်လာ သည်။
“ဟက်ချိုး… ဟက်ချိုး”
“ဟောတော့ ဖက်ဆွတ်လေး ဘယ်လို ဖြစ်လဲ၊ ဖျားပြီးလားသမီး”
“ဟုတ်တယ် မာမီ၊ သမီး အရမ်းချမ်းနေတယ်”
“ဒါဖြင့် ဆေးသောက်မှ ဖြစ်မှာ ပေါ့၊ ငြိမ်းငြိမ်း နင့်အစ်မဖို့ ရေနွေးပူပူသွားယူလာခဲ့။ အကြမ်းခြောက်ကို ပါတယ်ဆိုရုံလေးခတ်နော် ကြားလား”
မာမီ ဆေးလာတိုက်တော့ ဖက်ဆွတ်မျက်လုံးတောင် မဖွင့်ချင်တော့ပါ။ လူတစ်ကိုယ်ုလံး ဖိန်းဖိန်းရှိန်းရှိန်းကြီးနှင့် ကိုက်ခဲနာကျင်လာသည်။ ခေါင်းတွေ လည်း အုံပြီး နှာခဏခဏချေသည်။
“ဖက်ဆွတ်မိုးတော့ တုပ်ကွေးမိပြီ”
ဖက်ဆွတ်က ခေါင်းစွပ်အနွေးအင်္ကျီ ခဲရောင် အထူကြီးကို ၀တ်ကာ ဂွမ်းစောင်ခြုံပြီး ကွေးနေ ပါသည်။ ဒက်ဒီ ကတော့ ဒီအချိန်ဆို ကုမ္ပဏီရုံးကို ရောက်နေလောက်ပြီ။
မမနှင်းရည်လည်း သူ့သင်တန်းကို ထွက်သွားရောပေါ့
အိမ်မှာ မာမီနှင့် ဖက်ဆွတ်ပဲ ကျန်တာ။
မနေ့က မိုးရိပ်ညကို အတင်းပူဆာပြီး ကားထဲက ဆင်းလျှောက် မိုးရေစိုခံခဲ့တာ ပြန်တွေးမိ တော့ ဖက်ဆွတ်က နှုတ်ခမ်းလေးက ပြုံးယောင်သန်းလာရပါသည်။
မိုးအုံ့နေတာသိပေမယ့် ဖက်ဆွတ်က အင်းလျားမှာ သူ့ကို ကားရပ်ခိုင်းလိုက်တာလေ။
“မိုးည အင်းလျားကန်ဘောင်ပေါ် လမ်းလျှောက်မယ်၊ ဟိုထိပ်ကျရင် ကားခဏရပ်..”
“ဟာ မိုးရွာတော့မှာ ”
“ဘာ ဖြစ်လဲ ”
သူက ကားထဲ ထီးပါသလား လှည့်ရှာရင်း..
“ထီးမပါဘူးဟ”
“မပါလည်းရပါတယ်
“စိတ်ကူးမယဉ်စမ်ပါနဲ့ဟာ မိုးမိရင် ဖျားမှာ ဟ၊ ခုတလော တုပ်ကွေးတွေ အရမ်းဖျားနေ ကြတာ။ ငါ့ဘော်ဒါထဲမှာ သုံးယောက် ဖျားနေတယ်”
“ဖျားဖျား ဟာ ငါလျှောက်ချင်တယ်”
‘ပြဿနာပဲ”
မိုးရိပ်ညက နှုတ်က ဘယ်လိုပဲ ဆန့်ကျင်ကွက်စကားဆိုဆို ကားကိုတော့ ကန်ဘောင်ပေါ် ဘက် ချိုးကွေ့လို့ရအောင် ဒီဘက်လမ်းကြော ယူထားပါပြီ။
ဆက်ဆွတ်မိုး ဟန်ပန်လေးက ပေါ့ပါးလန်းဆန်းနေသည်။
ရှုံ့ကြိုးလေးတွေ အိတ်ကပ်လေးတွေ ပါတဲ့ သရီးကွာတားဘောင်းဘီအဖြူရောင် နှင့် အင်္ကျီ ပန်းရောင် အသားပျော့ပျော့ ပုံဆန်းဆန်းလေးကို ၀တ်ဆင်ထားသဖြင့် ကလေးတ တစ်ယောက် လို နု နယ်ချစ်စရာကောင်းနေပါသည်။
သူ ဖက်ဆွတ်မိုးကိုသဘောကျတာလည်း ဒါကြောင့် ပါပဲ။ သူမရဲ့ ပြောဆိုလုပ်ကိုင်ပုံ၊ ၀တ်စား ဆင်ယင်ပုံလေးတွေ က အမြဲတမ်း ဖြူစင်ကလေးဆန်နေသည်။
အစ်မ ဖြစ်တဲ့ နှင်းရည်စုစိုလို အိက်တင်မများ ၊ ပဲမများ တတ်ပေ။
စကားပြောရင်လည်း စိတ်ထဲရှိသလို ပွင့်ပွင့်လင်းလင်း ပြောတတ်သည်။
မိုးရိပ်ညတို့ကားရပ် သော့ ချနေတုန်းမှာ မိုးက ခပ်ဖွဲဖွဲလေး စရွာလာ၏
“ဟော မိုးရွာပြီ”
ဖက်ဆွတ်မိုးက နာမည် နှင့် လိုက်အောင် မိုးကိုချစ်သည်။ မိုးရွာထဲ အဆောင်းအကာမပါဘဲ လမ်းလျှောက်ရတာ ကို နှစ်ခြိုက်သည်။
သူမကို မွေးလာကတည်းက ဒီလိုဇွတ်ကုန်ပိုင်းမှာ ပါပဲ။ ဒါကြောင့် မာမီက ဖက်ဆွတ်မိုးလို့ အမည် ပေးခဲ့တာ။
မမနှင်းကိုကျတော့ နှင်းတွေ တအားကျနေတဲ့ ဒီဇင်ဘာလမှာ မွေးခဲ့တာ။
“ဒါ ပျော်စရာလား”
“ပျော်စရာပေါ့ ဘယ်လောက်သာယာလိုက်သလဲ”
“စိုးလမ်းစိုပြည်ထဲမျာ သွားထိုင်မလား”
“မ သွားပါဘူး ကန်ပေါင်မှာ လမ်းလျှောက်ပါမယ်ဆိုမှ”
ပြောမရသော ကောင်မလေးကို မိုးရိပ်ညက ချစ်စနိုးနှင့် သာ နှုတ်ခမ်းကိုကြည့်မိပါသည်။
“လာလေ အတူတူလျှောက်မယ်”
“ငါ ကားထဲမှာ ထိုင်စောင့်မယ်လေ”
“အံမယ် မရပါဘူး လာလာ ”
ဖက်ဆွတ်မိုးက သူ့လက်မောင်းကို အတင်းဆွဲခေါ်သည်။
“ဟ ငါပါမိုးရွာထဲ လမ်းလျှောက်ရမယ် ကျွတ်”
ထီးမပါတဲ့လူတွေ ရုတ်ရုတ်သည်းသည်း ဟိုဒီပြေးလွှား အမိုးအောက်ဝင် မိုးခိုတဲ့အချိန်မှာ ဖက်ဆွတ် ကတော့ မျက်နှာလေးမော့ကာ မိုးစက်မိုးပေါက်ကလေးတွေ ကို ထိတွေ့ စေတယ်။
ဘယ်လောက်များ အေးမြတဲ့မိုးစက်ကလေးတွေ လည်း နော်။
“မိုးည.. ငယ်ငယ်တုန်းက မိုးရွာထဲ ဘောလုံးကန်တာ မှတ်မိလား”
“အဲဒါ ငယ်ငယ်တုန်းကပဲ မသိနားမလည်သေးတဲ့ အရွယ်လေးဟာ”
“ငါတို့ မိန်းကလေးအသင်းနဲ့ နင်တို့ယောက်ျားအသင်း အကြိတ်အနယ်ကန်ကြတာ၊ နင်တို့ ရှုံးတယ်နော်။ ဟား ဟား ဟား”
“အဲဒါ ငါတို့ တမင်အလျှော့ပေးတဲ့သဘောပါ။ နိုင်တဲ့သူက ကျောပိုးစီးကြေးဆိုတော့ ဘာပဲ ဖြစ် ဖြစ် ငါက နင့်ကိုကျောပိုးရတာ ပေါ့ ကျန်တဲ့ကောင်တွေ လည်း ဒီလိုပဲ ကိုယ့်အကြံနဲ့ကိုယ် နှစ် ဂိုးလောက် အသွင်းခံလိုက်တာပါ။ အဟုတ်ကြီး မမှတ်စမ်းပါနဲ့”
သူ့စကားကြောင့် ဖက်ဆွတ်မျက်နှာလေးက ရှက်သွေးနွေး နီမြန်းသွားရသည်။
အဲဒီ တုန်းက သူက တစ်ဖက်အသင်းရဲ့ ခေါင်းဆောင်မို့ ဒီဘက်က မိန်းကလေးအသင်း ခေါင်းဆောင် ဖြစ်တဲ့ ဖက်ဆွတ်မိုးကို ဟိုဘက်ထိပ် ဒီဘက်ထိပ် ကျောကိုးပေးခဲ့ရတာ မှန်ပါ။
ကလေးဆိုတော့ မသိပါဘူး။ ကျောပိုးစီးခွင့်ရတာ ကိုပဲ ပျော်နေခဲ့တာ။
ဟွန်း သင်းတို့ ကတော့ ငယ်ငယ်ကတည်းက အကြံအဖန်တွေ နဲ့ပါလား.
“ဟား ဟား အဲဒီ တုန်းက မိုက်တယ်”
“ကလေးဘ၀ကို ပြန်ရောက်ချင်တယ်မို့လား”
“မရောက်ချင်ပါဘူး အခုလည်း နင်က ငါ့ရည်းစားပဲ”
“အံမယ် ဘယ်သူပြောလဲ”
“ဟိုညက ဖုန်းထဲမှာ အင်းလို့အဖြေပေးတယ်လေ”
“အဲဒါ အိပ်ချင်းမူးတူးနဲ့ ဖုန်းချတော့မလားဆိုတော့ အင်းလို့ ပြောတာ သူ့ကို ဘယ်သူမှလည်း အဖြေမပေးသေးဘဲနဲ့ ကောင်လေး တစ်ယောက် ရှက်ပါတယ်။ ရည်းစားလိုချင်လို့ ပျာယာခတ်နေတာပဲ”
“ဟား… ကြည့်စမ်း”
ဖက်ဆွတ် ကတော့ နှာလေးရှုံ့ကာ ပြောင်ပြရင်း လက်ညှိုးကလေး ကွေးချည်ဆန့်ချည်နဲ့ ကရော်ကရော်လည်း လုပ်ပြပါသေး၏
မိုးရိပ်ညက ရှက်ကိုးရှက်ကန်းနှင့် သူမလက်ကလေးကို ဆောင့်ဆွဲချလိုက်၏ ။
ဖက်ဆွတ်မိုးကိုယ်လေးက အမှတ်တမဲ့ သူ့ဘက်ပြိုယိုင်ကျလာတာမို့ ကမန်းကတန်း ပြန်မတ်ပေးရင်း…
“အို နင်နော် သူများ တွေ ကြည့်နေတယ်။ ဘယ်လို ဖြစ်နေတာလဲ ဖက်ဆွတ် ဖိနပ်တောင် နဲ့သွားထင်တယ်”
“နင်ဘာလို့ ငါစိတ်ဆိုးအောင်ပြောလဲ”
“ဘာပြောလို့လဲ
“မချစ်ဘူးလို့ ငြင်းတယ်လေကွာ”
“ဟင်း ဟင်း ဟင်း ဟင်း”
ဖက်ဆွတ်မိုးက သူ့ကို ကျီစယ်သလို ရယ်မောကာ ရှေ့မှလျှောက်သွားသဖြင့် မိုးရိပ်ညလည်း မိုးဖွဲကျနေတာ ဂရုမစိုက်နိုင်တော့ဘဲ ချစ်သူလေးနောက်က အပြေးအလွှားခြေလှမ်း ကျဲနှင့် ပါလာရပါသည်။
ပြီးလျှင် ပိုင်စိုးပိုင်နင်းဆန်ဆန် သူမရဲ့ လက်ဖျားလေးကို ဆုပ်တွဲ လိုက်သည်။ ဖက်ဆွတ်က မရုန်းပါ။ မျက်နှာလေးမော့ကာ ရယ်နေသည်။
မိုးရိပ်ညတစ်သက်မှာ အရင်းနှီးဆုံး မိန်းကလေးက ဖက်ဆွတ်မိုးပဲ ဖြစ်သည်။ သူတို့နှစ် ယောက် က ငယ်ငယ်ကတည်းက အတူဆော့ကစားလာတဲ့ သူငယ်ချင်းတွေ ။
ပြီးတော့ ခြံချင်းကပ်ရက် တစ်လမ်းထဲ အတူတူနေတလာကြတဲ့သူတွေ ။
ဖက်ဆွတ်မိုးတို့က ညီအစ်မနှစ် ယောက် ။ သူတို့က ညီအစ်ကိုနှစ် ယောက် ။ ဒါပေမဲ့ သူ့အစ် ကို အေးရိပ်ညနဲ့ ဖက်ဆွတ်အစ်မ နှင်းရည်စိုစိုတို့နှစ် ယောက် ကတော့ သူတို့လို တရင်းတနှီးလုံး ထွေးမနေကြ။
သူတို့ဟာသူတို့ ကိုယ့်အထာလေးတွေ နှင့် ခပ်တင်းတင်းနေကြတာ။ ဒါပေမဲ့ သူတို့ချင်း မှာ လည်း သံယောဇဉ်တစ်မျိုးတော့ရှိနေကြတာ မိုးရိပ်ညက ရိပ်မိပါသည်။
“ဖက်ဆွတ် အဝေးကြီးမလျှောက်နဲ့တော့ မိုးပိုသည်းလာလိမ့်မယ်ကွ”
“ဟင့်အင်း… လျှောက်မှာ ပဲ”
ဖက်ဆွတ်မိုးက ပြောမရ၊ အခုကိုပဲ မိုပေါက်က ပိုကြီးလာပြီ။ ခပ်စိပ်စိပ်ရွာသွန်းလာပြီး အင်္ကျီတွေ လည်း မိုးစိုနေပြီ။
သို့သော် ချစ်သူလေးက စိတ်လှုပ်ရှားပျော်ရွှင်နေတော့ မိုးရိပ်ညလည်း မတားတော့ပါ။ စိုချင်လည်း စိုပါစေတော့။
ထီးအမိုးအောက်က ခုံတန်းတွေ တိုင်းလိုလိုမှာ ချစ်သူစုံတွဲ တို့ရှိနေသည်။
ကန်ပေါင်အလယ်နားက စုံတွဲ တစ်တွဲ ဟာ သူတို့ခပ်လှမ်းလှမ်းမှာ ရှိနေတုန်း ထပြန်ဟန်ပြင် ၏ ။
“ဟေး ခုံတန်းရပြီ”
ဖက်ဆွတ်မိုးက သူ့လက်ကို ရုတ်တရက်ဖြေလွှတ်ကာ ခုံတန်းပေါ် နေရာသွားဦးထိုင်ချ လိုက်၏ ။
“ဟ… ဘယ်သူဦးမှာ မို့လို့လဲ”
“ပြောနိုင်မလား ဟိုကောင်လေးတွေ ဒီဘက်လှမ်းကြည့်နေတာ မတွေ့ ဘူးလား”
“အေးပါကွာ ဟား ဟား နင်က ကလေးကျနေတာပဲ၊ ကြမ်းစမ်း ဆံပင်တွေ လည်း စိုရွှဲနေပြီ”
မိုးရိပ်ညက သူမရဲ့ ဆံနွယ်လေးတွေ ကို တယုတယအသာအယာ ထိုးဖွကိုင်တွယ်လိုက်မိ သည်။ ဆံယဉ်နုနုလေးတွေ က ရေစိုစိုမှာ ပျော့ပျောင်းနူးညံ့နေ၏ ။
သူများ တွေ လိုပဲ ထီးတစ်ချောင်းကွယ်ကာ ခိုးနမ်းပစ်လိုက်ချင်သည်။
“ဟင် ဘာလို့ကပ်လာတာလဲ”
သူမက နှုတ်ခမ်းဖူးဖူးလေးကို စူ၍ ခပ်တိုးတိုးလေးသည်။ မိုးရိပ်ညက သူမအသားနှင့် ထိအောင် တိုးကပ်လိုက်တာကိုး။
“ဖက်ဆွတ်ချမ်းနေမှားစိုးလို့”
“မချမ်းပါဘူးနော်”
ဖက်ဆွတ်မိုးက ပခုံးလေးကျုံ့ကာ ရှက်စနိုး ဟိုဘက်တိုးသည်။ သူငယ်ချင်းကနေ ဘာလိုလို ဖြစ်လာပေမယ့် သူအဲလိုအနီးကပ်စိုက်ကြည့်ရင် ရှက်တာပဲ။ ရယ်လည်း ရယ်ချင်မိသည်။
“မချမ်းလည်းနွေးသွားရအောင်ပေါ့”
“ဘာမှန်းလည်း မသိသူးကွာ”
“ငါတို့လည်းအတွဲ ပဲလေ”
မိုးရိပ်ညက သူမပခုံးလေးကို အသာအယာဖက်လိုက်၏ ။
“ကောင်းကောင်းနေလေကွာ”
“ဖက်ထားတာပဲ ဘာ ဖြစ်လဲ”
ဖက်ဆွတ် မနေတတ်ပါဘူး။ သူ့ရဲ့ ကိုယ်ငွေ့ကြောင့် ရင်ထုမှာ ၀ုန်းဒိုင်းကြဲအောင် ခုန်ပေါက် လှုပ်ရှားလာရလို့ ပိုပြီးမနေတတ်တာ။
“နင်နောက်ကျရင် ငါ့ကိုနမ်းပါ၊ ငါနောက်ကျရင် နင့်ကိုနမ်မယ်”
သူက စိုင်းစိုင်းပါတဲ့ ရင်ခုန်နှင်းဆီရုပ်ရှင်ဇာတ်ကားထဲက ဇာတ်ဝင်သီချင်း တစ်ပိုင်းတစ်စ လေးကို စိတ်လှုပ်ရှားသလို ဆိုညည်းလိုက်သည်။
ဖက်ဆွတ်က မျက်စောင်းလေးလှည့်ရွယ်လျှင်
“ငါတို့က အတူတူလာတာဆိုတော့ ဘယ်သူမှ နောက်မကျဘူး။ သရေပဲ အဲဒီ တော့ အတူတူတစ်ပြိုင်တည်းနမ်းတယ်လေ ဘယ်လိုလဲ”
“သွား အပိုတွေ လျှောက်မပြောနဲ့”
“မဟုတ်ဘူးလေကွာ စိုင်းစိုင်းနဲ့ သက်မွန်မြင့်လိုပေါ့ ငါက စိုင်းစိုင်းလုပ်မယ်၊ နင်က သက်မွန်မြင့်ပေါ့”
သူပြောပုံကြောင့် ဖက်ဆွတ်မိုး မျက်နှာလေးကပြုံးလာရသည်။ အဲဒါ ငယ်ငယ်တုန်းက ရုပ် ရှင်မင်းသား မင်းသမီးလုပ်တမ်းကစားတာလေ
ကလေးဘ၀တုန်းက ကစားနည်းတစ်ခုပဲဟာ
“ဘာဆိုင်လဲ လူလည်မကျနဲ့”
“Love seen လေးတစ်ကဒ်လောက် စမ်းကြည့်ရအောင်”
“ဟင့်အင်း”
ငြင်းပေမယ့် သူမရင်ခုန်နေတယ်ဆိုတာ မိုးရိပ်ည အတတ်သိသည်။ ဒါကြောင့် ရေစိုနေတဲ့ ပါးပြင်နုနုလေးကို ရွှတ်ခနဲ မွှေးပစ်လိုက်သည်။
“ဟင် ကြည့်စမ်း”
ဖက်ဆွတ်မိုးက ရှက်ရှက်နှင့် မိုးရိပ်ညပခုံးကို ဖွဖွထုလိုက်၏ ။ မိုးညရဲ့ တဟားဟား ရယ်သံက မိုးရွာနေသံကိုပင် ဖောက်ထွင်းသွားသလို ထင်ရသည်။
မျက်လုံးလေးတွေ တင်းတင်မှိတ်ကာ မနေ့ကအကြောင်းတွေ စဉ်းစာရင်း ဖက်ဆွတ်မိုး မှေးခနဲ အိပ်ပျော်သွားခဲ့သည်။
အတန်ကြာအောင်အိပ်ပြီး သူမနိုးလာသော အခါမှာ သူမအနီး၌ မိုးရိပ်ည ဆွတ်နေကျ (Polo Blue) ရေမွှေးနံ့လေး သင်းပျံ့ပျံ့နေလေသလို ထင်မိသည်။
သူမ အသာအယာ မျက်လုံးဖွင့်ကြည့်လိုက်တော့..
“ဟိတ် ဖျားနေပြီမို့လား”
ဒရင်းဘတ်ခ်ဘေးမှာ ဆိုဖာခုံပုလေးချကာ ထိုင်လိုက်သော မိုးရိပ်ညကိုတွေ့ ရ၏ ။
သူမနှလုံးသားမှာ လှိုက်ခနဲ ခုန်လှုပ်သွားမိသည်
“အင်း”
“ကောင်းတယ် မိုးရေချိုးချင်ဦးလေ”
“ရှူးတိုးတိုး မာမီကြားသွားမယ်”
“မကြားရင်လည်း ငါကတိုင်ပြောမှာ ”
“မိုးညနော်”
သူက လှဲလျောင်းနေသော သူမရဲ့ ကပိုကရိုဟန်ပန်လေးကို ရွှန်းရွှန်းစားစား စိုက်ကြည့်နေ သဖြင့် ဖက်ဆွတ်မနေတတ်သလို မျက်နှာလေးနွေးလာသည်။
“ဆေးသောက်ပြီးပြီလား ဘာစားထားလဲ”
“မာမီတိုက်တယ်”
“ငါ့ကိုတွေ့ တော့ နင်နေကောင်းသွား မယ်ဟုတ်လား”
ဖက်ဆွတ်က မျက်စောင်းလေးသာရွယ်၏ ။ ချစ်စရာအရမ်းကောင်းတဲ့ မျက်စောင်းလေး ပါ။
မိုးရိပ်ညက သူမနဖူးပြင်လေးကို ခပ်ဖွဖွစမ်းကြည့်လိုက်သည်။
“ကိုယ်အရမ်းမပူပါဘူးကွာ”
သူက နဖူးကိုစမ်းပြီးတဲ့အခါ ဖက်ဆွတ်လက်ဖ၀ါးလေးကို ဆုပ်ကိုင်ကြည့်သေး။ ဖက်ဆွတ် က မာမီများ တွေ့ သွားမလား အတွင်းဘက်လှမ်းကြည့်၏ ။
တကယ်တော့ သူတိုပနှစ် ယောက် ရဲ့ သံယောဇဉ်ကို နှစ် ဘက်မိသားစုတွေ အားလုံး သိပြီး သားပါ။ တစ်ဘ၀စာ လက်တွဲ သွားမယ်ဆိုရင်လည်း နှစ် ဖက်မိဘတွေ က သဘောတူကြည်ဖြူပြီး သားပါ။
“လွှတ်လေ”
“မိချွဲလေ မဖျားဘဲနဲ့ ချွဲနေတာ”
“မာမိထွက်လာလိမ့်မယ်”
“လာပစေ ငါမကြောက်ပါဘူး”
“ဖက်ဆွတ်မိုးကို ဆူမှာ ပေါ့”
သူမ မျက်ခုံးလေးရှုံ့ကာ တားမြစ်ခဲပေမယ့် မိုးရိပ်ညက သူမလက်ကလေးကို တယုတယ ဆုပ်ကိုင်ထားဆဲပါ။ လက်ဖမိုးလေးကို ဆွဲယူပြီး သူ့နှုတ်ခမ်းခပ်နွေးနွေးနှင့် ဖျက်ခနဲ ထိကပ်နမ်း လိုက်သေးသည်။
“အို”
ဖက်ဆွတ် မျက်လုံးလေးပြူးသွားမိ၏ အခုတလောမိုးညက သိပ်အတင့်ရဲနေပါလား။
“ထမလား ငါထူပေးရမလား”
“ဟင့်အင်း”
ဖက်ဆွတ်မိုးက သူမဘာသာလက်ကလေးထောက်ပြီ ဒရင်းဘတ်ခ်ပေါ် ခပ်လျော့လျော့ ထထိုင်လိုက်၏ ။
“ဆက်ဆွတ်အိပ်နေတုန်း မိုးည ဘယ်လိုရောက်လာတာလဲ”
“ဖုန်းအရင်ဆက်တာ အန်တိက နင်ဖျားနေတယ်ပြောလို့”
“သတင်းမေးလာတာဆိုပါတော့လေ။ ဘာမုန့်မှ ၀ယ်မလာဘူး”
ဖက်ဆွတ်က သူ့ကိုလာတွေ့ တိုင်း မုန့်တစ်ခုခုပါ ၀ယ်လာမှ သဘောကျတတ်သည်။
“ပါပါတယ်ဟ ဂျယ်လီပူတင်းဝယ်လာတယ်”
တကယ်တော့ ဖက်ဆွတ်ရင်ပြည့်နေကာ ဘာမှမစားချင်ပါ။ ရှက်နေလို့ မာမီထွက်လာ မှာ လည်း စိတ်ပူလို့ တမင်စကားလမ်းကြောင်း ပြောင်းတာပါ။
“ပန်းကန်ပြာထဲ သွားထည့်လိုက်မယ်နော်”
“ငြိမ်းငြိမ်းကို ထည့်ခိုင်းလိုက်လေ”
သူက စားပွဲပေါ်ချထားသော ပူတင်းဖော့ဘူးကို ထမင်းစားခန်းဘက် သွားပေး၏ ။
သူထသွားတုန်း ဖက်ဆွတ်မိုးက ဆံပင်လေးသပ်တင်၊ အင်္ကျီလေးဆွဲချနှင့် ကိုယ့်ကိုယ် ကကိုယ် သပ်ရပ်အောင်ပြုပြင်လိုက်သည်။
တစ်ခဏအကြားမှာ မိုးညက ဂျယ်ယလီပူတင်းပန်းကန်နှင့် ပြန်ထွက်လာပါသည်။
သူဟာ တကယ်အကြောက်အလန့်မရှိ ဖက်ဆွတ်နားတိုးကပ်ထိုင်သည်။ ပြီးလျှင် ပန်းကန် ကိုင်ကာ မုန့်ကို ကိုယ်တိုင်ခွံ့ကျွေးပါသည်။
“စားလေ ဘာ ဖြစ်လို့လဲ”
“ငါ့ဘာသာ စားမယ်”
ဖက်ဆွတ်က သူခွံ့ကျွေးတာကို ခပ်ချွဲချွဲနှုတ်ခမ်းဟသည်။
ဒီလိုလုပ်လို့ မ ဖြစ်သေးဘူးလေ။ မာမီမတွေ့ ရင်တောင် တမင်းစားပွဲနားရှိနေတဲ့ ငြိမ်းငြိမ်း လှမ်းတွေ့ နိုင်သည်။
“နေမကောင်းလို့ ပြုစု့းတာပဲဟာ ဘာမှရှက်မနေပါနဲ့ က ဟစမ်းပါ”
သူက ပူတင်းတစ်ဇွန်းကို မရမက ခွံ့ကျွေးလေသည်။
တယုတယ သူ့အမူအရာကြောင့် ဖက်ဆွတ်ရင်မှာ ကြည်နူးခြင်းနှင့် လှိုက်ခနဲဖိုနွေး သွားရ ၏ ။
မျက်လုံးချင်းဆုံမကြည့်ဘဲ မျက်လွှာလေးချကာ သူခွံ့ကျွေးတဲ့မုန့်ကို စားရတဲ့ ပီတိက အင်မတန် ချိုမြိန်နေသည်။
ဒီလိုဆိုတော့လည်း ဖျားရတာ နေမကောင်း ဖြစ်ရတာ တန်သွားသလိုရှိသည်။
“နေကောင်းရင် မိုးရေထဲ လမ်းလျှောက်ဖို့ မပူဆာနဲ့တော့အရိုက်ခံရမယ်”
“စိတ်ကူးပေါက်ရင်တော့ လျှောက်ချင်လျှောက်ဦးမှာ ပေါ့”
ဇွတ်တရွတ် ခေါင်းမာသူလေးရဲ့ အလျှော့မပေးပြန်ပြောပုံကို မိုးရိပ်ညက အံ့ကြိတ်ပြကာ ဦးခေါင်းလေးကို လက်ဖ၀ါးနှင့် မချင့်မရဲ အုပ်ကိုင်ဖိချမိ၏ ။
ဇက်ကလေးပုံလိုက်တဲ့ သူမဟန်ပန်လေးကို ကြည့်ကာ စိတ်မဆိုးဘဲ ပြုံးနေမိသည်။
ဖက်ဆွတ်မိုးလေး ဘယ်လိုနေနေ ဘာပဲပြောပြော ဘာပဲလုပ်လုပ် အကုန်လုံးက သူ့ အတွက် ချစ်စရာကောင်းနေတာချည်းပါပဲ။ သူမအနားကနေ ဘယ်မှမသွားချင်တော့ပါ။
ချစ်တယ် ဖက်ဆွတ်မိုးရယ်။
နီးနီးကပ်ကပ်အနေအထားဖြင့် တစ်ဦးနှင့် တစ်ဦး ကျီစယ်တွတ်ထိုးနေသော နှစ် ယောက် ကို လှမ်းကြည့်ပြီး နှင်းရည်စိုစိုမျက်နှာလေးက တည်တင်းသွားရသည်။
ဒီကောင်မလေး ဖက်ဆွတ် တစ်ယောက် အနေအထိုင်မတတ်ပါလား။ သူစိမ်းယောက်ျား တစ်ယောက် နဲ့ ဒီလောက် တရင်းတနှီးရှိသင့်လို့လား။
ငယ်သူငယ်ချင်းဆိုပေမယ့် အရွယ်ရောက်နေကြပြီလေ။
ချစ်သူတွေ များ ဖြစ်နေလို့လား။
မျက်မှော င်လေးကုပ်လျက် လှမ်းကြည့်နေမိ၏ ။
မိုးရိပ်ညနှင့် ဖက်ဆွတ်မိုးတို့ ကတော့ နှင်းရည်စို အိမ်တံခါးဝမှာ ရပ်နေတာ မတွေ့ ကြသေး ပါ။
သူမ ဘီလ်တီးလိုက်မှ နှစ် ယောက် သား ဆတ်ခနဲ ဖြစ်သွားပြီ လှည့်ကြည့်သည်။
ကျွန်းတံခါးရဲ့ နံဘေးမှာ သံပန်းတပ်ဆင်ထားတဲ့ မှန်ချပ်မျာမှတစ်ဆင့် အပြင်က ပြနလာသူ သူကို မြင်တွေ့ ရပါသည်။
“ဟယ် မမနှင်းတောင်ပြန်လာပြီ”
နှင်းရည်စိုစိုက သင်တန်းသွားရင် ကိုင်တတ်တဲ့ ဖိုင်အစိမ်းလေးကိုပိုက်ပြီး ရပ်နေသည်။
မိုးရိပ်ညက ငြိမ်းငြိမ်းတံခါးလာမဖွင့်ခင် သူပဲ ကမန်းကတန်း သွားဖွင့်ပေးလိုက်ပါသည်။
“မမနှင်းပြန်လာပြီလား”
“အင်း..”
နှင်းရည်စိုစိုက မပွင့်တပွင့်ဖြေရင်း ခေါင်းညိတ်သည်။ မမနှင်းက ဘာပဲ ဖြစ် ဖြစ် မိုးရိပ်ညက တော့ မမနှင်းကို မျက်နှာလေးလုပ် ဖားထားရတာ ပါပဲ။
ချစ်သူလေးရဲ့ တစ်ဦးတည်းသော အစ်မ မဟုတ်လား။ ပြီတော့ ကံကောင်းရင် သူ့မရီး လည်း ဖြစ်နိုင်သေးသည်။၏
“ဖက်ဆွတ်က ဘာ ဖြစ်တာလဲ အနွေးထည်နဲ့ ဘာနဲ့”
မမနှင်း မေးပုံကလည်း ခပ်တင်းတင်း။
“သူဖျားနေလို့ မမနှင်း”
မိုးရိပ်ညက ၀င်ပြေ၏ ။ နှင်းရည်စိုးက ဖက်ဆွတ်ကို သာကြည့်လျက်.
“နေမကောင်းရင် အခန်းထဲ သွားအိပ်ပါလား ဧည့်ခန်းမှာ ဘာလုပ်နေတာလဲ”
“မိုးညက သတင်းလာမေးတယ်လေ။ ပူတင်းတွေ လည်း ၀ယ်ကျွေးတယ်။”
အမှန်တော့ မိုးရိပ်ည ရောက်မလာခင်ကပင် သူမ ဧည့်ခန်းမှာ ဒရင်းဘတ်ခ်ချပြီး လှဲလျောင်း နေခဲ့တာပါ။
နှင်းရည်စိုက ဘာမှထပ်မပြောတော့ဘဲ အ၀တ်အစားလဲဖို့ သူ့အခန်းဘက်လျှောက်သွား သည်။ ၀တ်ထားတာက စပို့ရှပ်မရမ်းနုလေးနှင့် အဆင့်သုံးဆင့်ဖြတ်ဆက်ချုပ်လုပ်ထားတဲ့ ပုလဲ သီး လေးတွေ တွဲ လောင်းချထားတဲ့ စကဒ်အနက်ရောင် ပုံဆန်းလေး ဖြစ်သည်။
ချွတ်လိုက်တဲ့ ကြိုးသိုင်းခွာချွန်ဖိနပ်လေးကလည်း လယ်သာမရမ်းနုရောင်းမို့ သိပ်လည်း မပြင်ဆင်ထားပါပဲ ရှင်းလင်းစွာ အချိုးကျလှပနေသည်။
အထူးသဖြင့် မမနှင်းက ကိုယ်လုံးလှပြီး အချိုးအဆက်ကျနသည်။ ဖြူနုသွယ်စင်းသော ကိုယ်နေဟန်ထားလေးနှင့် ဘယ်အချိန်ပဲကြည့်ကြည့် ကျော့ရှင်းလှပသေသပ်နေတတ်သည်။
သူက အသားလေးကလည်း ဖြူဝင်းတာမို့ ဘာပဲဝတ်ဝတ် ထင်းခနဲလင်းခနဲ တောက်ပနေ တော့တာပင်။ အရပ်ကလည်း ငါးပေခြောက်လက်မရှိသည်။ အနေတော် ကြည့်ကောင်းတဲ့ မော်ဒယ် လ်အရပ်မျိုးပါ။
ဆံပင်ကိုလည်း ခေတ်မီပုံစံထားသည်။ သူများ တွေ အဖြောင့်အစင်းကို သူလည်းအဖြောင့်။ သူများ တွေ အကောက်ဖက်ရှင်ဆိုလည်း သူလည်းအကောက်။ သူများ တွေ အီမိုဆို သူလည်း ဂျပန် စတိုင် အီမိုဆံပင်ပုံစံ ပြောင်းသွား တာပင်။
အ၀တ်အစားဝတ်တော့လည်း ဖက်ရှင်ခပ်ကျကျမို့ ညီအစ်မနှစ် ယောက် ထဲမှာ မမနှင်းကပို၍ စန်းပွင့်သည်။
နှင်းရည်စို ပိုချောတယ်ဆိုတာလည်း အားလုံရဲ့ တူညီသော မှတ်ချက်ပါ။ ပြီးတော့ ကောင် ကလေးတော် တော် များများ မမနှင်းကို သဘောကျသည်။
အိမ်ကိုလာတဲ့ ဖုန်းတွေ မှာ မမနှင်းက အမျာဆုံး၊
ဖက်ဆွတ်မိုးက ချစ်စရွယ်ကောင်းတာ မှန်သော်လည်း မမနှင်းလိုတော့ လူကြိုက် မများ ပါ။
အခုလည်း လှည့်ဝင်လျှောက်သွားတဲ့ပုံစံလေးက ကျောပေါ် တူးစတက်ဆံပင်အကောက် လေး ၀ဲဖြာကျနေပြီး ကြည့်ရတာ ကနွဲကလျလေးနှင့် တမျိုးလေး ဆွဲဆောင်မှု ရှိသည်။
မိုးရိပ်ည မျက်လုံးတွေ ပင် အမှတ်တမဲ့ လိုက်ကြည့်စီးမျောပါသွားတာကြည့်။
အများ ကြားမှ မမနှင်းလမ်းလျှောက်ပုံက တစ်မျိုးတစ်ဖုံ စတိုင်လ်ကျသည်။
သူငယ်ချင်းလေး ငါးယောက် နှင့် ရင်ဘောင်တန်းလျှောက်လာတဲ့အခါဆိုရင်လည်း သူ့ဏ္ဌာန်က အဝေးကနေ ထူးခြားထင်းရှင်းနေတတ်သည်။
မမနှင်းက ကျောင်းမှာ လည်း နာမည် ကြီးပါ။ ယောက်ျားလေးအများ စုတို့ရဲ့ စိတ်ဝင်စားခြင်း ကို ခံရသူမဟုတ်လား။
ဖက်ဆွတ်မှာ ငယ်ကတည်းက အစ်မလုပ်သူကို အထင်ကြီးအားကျရသည်
ဖက်ဆွတ်က ဘယ်ဘက်မှာ မှ သူ့ကို မမီဘူးလေ။
အရပ်လည်း သူ့လိုမမြင့်။ အသားလည်း သူ့လောက်မဖြူ၊ ကိုယ်လုံးကိုယ်ပေါက်ကျတော့ လည်း သူ့လို အရမ်းအချိုးအဆက် ကျတာမဟုတ်။ ကိုယ့်ဟာကိုယ်တော့ မပိန်မ၀။
အရပ်မနိမ့်မမြင့်နှင့် အသားက အဖြူကြီးမဟုတ်သော်လည်း ၀င်းဝါစိုပြည်ပြိး ကြည့်ကောင်း တယ်လို့ ထင်မိတာပါပဲ။ သူနှင့်ယှဉ်ရင်သာ အားငယ်ရမလို ဖြစ်နေတာမျိုးပါ။ ရုပ်ရည်ပါရမီမှာ မမနှင်း သာတယ်ဆိုတာ ဘယ်သူမှ ငြင်းမရတာ ပါ။
ပြီးတော့ မမနှင်းမျက်နှာလေးမှာ ညှို့ဓာတ်လေးတစ်မျိုးရှိနေသည်။ ညှိုမျက်လုံးနှင့် မှော် နှုတ်ခမ်းလို့ပင် တင်စားကြသေးတာ။
တကယ်လည်း အကြည့်ကလေးတစ်ချက် ဝေ့လိုက်ရင် အညှို့ခံရသလို တမေ့တမော ငေးသွားတတ်တာ။
ဖက်ဆွတ်က မမနှင်း လှမ်းဝင်သွားတာကို လိုက်ကြည့်နေမိရင်းက..
“မိုးည ငါ့မမက လှတယ်နော်”
“အင်း မဆိုးပါဘူး”
“အံမယ်.. ဘာမဆိုးပါဘူးလဲ၊ ရင်သပ်ရှုပ်မောငေးရလောက်အောင်ကို လှချက်ထူးတာပါ နော်”
ဖက်ဆွတ်က သူ့အစ်မကို မဟာချီးမွန်းခန်းဖွင့်ဖို့ နှုတ်မနှေး။
“ဒါပေမဲ့ သူလှပုံက ပူလောင်ပြင်းရှတယ်။ တအားကြီးစူးရှနေတယ်။ နင့်မျက်နှာကို ကြည့်ရ တာ ပိုအေးချမ်းတယ် ဖက်ဆွတ်ရဲ့ ”
“အောင်မယ်.. လာမြှောက်နေတယ်၊ အဖြေများ ပေးမလားလို့ပေါ့လေ ဟား ဟား”
ပြန်နောက်ပြောင်လိုက်ပေမယ့် ဖက်ဆွတ်ရင်ထဲမှာ တောင် ကြည်နှုးလှုပ်ခတ်သွားရသည်။ မိုးရိပ်ည စိတ်ထဲမှာ တကယ်ပဲ ဒီလိုတွေးသလား။ ဖက်ဆွတ်မျက်နှာလေးကိုကြည့်ရတာ သူ့ရင်ထဲ တကယ်ပဲ ငြိမ်းအေးမှု ရသလို ပေးနိုင်သလား။
“သိပ်မရယ်နဲ့လေကွာ၊ မမနှင်းကြားသွားရင် ဆူနေဦးမယ်။ သူက ငါတို့နှစ်ယောက် ကို ကြည့်မရ ဖြစ်နေပုံပဲ။ ဧကန္တကိုကြီးနဲ့ အဆင်မပြေဘူးထင်တယ်”
“အို ဘာဆိုင်လို့လဲ”
“မသိဘူးကွ၊ ခပ်တည်တည်ကြီးနဲ့”
“မမနှင်းပုံစံက နဂိုကတည်းက ဒီလိုပုံပဲ”
“ပြန်တော့မယ်”
“ဟင်.. ချက်ချင်း ကြီးပဲ”
“ငါလာတာကြာပြီပဲ၊ တစ်နာရီလောက်ရှိဟ ဖက်ဆွတ်၊ မတည့်တာတွေ လျှောက်မစားနဲ့ နော် အိပ်ချင်သေးရင်လည်း အခန်းထဲသွားအိပ်လိုက်”
“အိပ်ပါဘူး”
“နင့်ပုံစံက အိပ်ရေး မ၀သလိုပဲ မျက်နှာလေးချောင်နေတယ်။ မနေ့ညက မိုးရိပ်ညအ ကြောင်းတွေ ပဲ တွေးနေထင်တယ် ဟုတ်လား”
“မတွေးပါဘူး သူ့အကြောင်းများ ”
“သတိရနေတယ်မို့လား”
“အိမ်နီးချင်းတွေ ပဲ သတိရစရာလား တွေ့ ချင်ရင် လာခဲ့လိုက်မှာ ပေါ့”
“ငါပြောတာ ညကြီးမင်းကြီးတို့ တရေး နိုးတို့ သတိရတာ ကိုပြောတာ”
“မရပါဘူး”
“ညဘက် ဖုန်းဆက်လိုက်မယ်”
“ဒါဆို ပြန်ပြီ၊ တာ့တာ”
သူက ဖက်ဆွတ်လုပ်တဲ့ အမူအရာအတိုင်း နောက်တစ်လှမ်းဆုတ်ပြီး တာ့တာဟုလုပ်၏ ။ လက်ချောင်းကလေးတွေ လှုပ်ပြပြီး နှုတ်ဆက်တာ ဆက်ဆွတ်ရဲ့ အကျင့်လေ။
“အိုအေက တာ့တာ”
ပြန်နှုတ်ဆက်ရင်း ဖက်ဆွတ်မျက်နှာလေးက ပြုံးမြနေသည်။
မိုးရိပ်ညပြန်သွားပြီး သူမက အခန်းရှိရာ လျှောက်လာတော့မှ မမနှင်းက..
“နေစမ်းပါဦး နင်တို့က ပူးပူးကပ်ကပ်နဲ့ ဘယ်လို ဖြစ်တာလဲ ရည်းစား ဖြစ်နေပြီလား”
“ဟင် မဟုတ်ပါဘူး”
နှင်းရည်စိုရဲ့ မေးခွန်းကြောင့် ဖက်ဆွတ်နည်းနည်း လန့်ဖျန့်သွားမိတယ်။
“မဟုတ်ဘဲနဲ့ နင်တို့ပုံစံက ရင်းနှီးလွန်းနေတယ်။ မိန်းကလေးဆိုတာ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးရှိအောင် နေမှဟဲ့။ သိရဲ့ လား”
“အင်းပါ ဖက်ဆွတ်သိပါတယ်”
“နင့်ကို မိုးညက ပရိုပို့စ်လုပ်ထားပြီလား”
ဖက်ဆွတ် ဖြေရခက်သွားသည်။ အမှန်အတိုင်း ပြောရမလား၊ ညာပဲညာရမလား ရုတ်တ ရက် မဆုံးဖြတ်တတ်။
“မမကလည်း”
သူမ မပွင့်တပွင့်လေး ညည်းညူမိ၏
“ငါသိထားချင်တယ် အမှန်အတိုင်းပြော”
“သူ ကတော့ အဲလိုသဘောပေါ့”
“နင့်ကိုကြိုက်တယ်ပေါ့”
“အင်း”
“မာမီတို့သိလား၊ မာမီနဲ့ တိုင်ပင်ဦးနောက် ဖက်ဆွတ်၊ နင့်သဘောနဲ့ နင် အဖြေမပေး လိုက်ဦး ကြားလား”
ဖက်ဆွတ်က ခေါင်းညိတ်သည်။ ဒါပေမဲ့ စိတ်ထဲမှာ တော့ အင်တင်တင် သူ့ရည်းစားတွေ တစ်ယောက် ပြီး တစ်ယောက် ထားတာကျတော့ မာမီနှင့် တစ်ခါမှ မတိုင်ပင်ပါလား။
သူ့ကိစ္စကျလျှင် တိတ်တိတ်လေးခိုးလုပ်ပြီး ဖက်ဆွတ်ကိုယ်ရေး ကိုယ်တာကျတော့ အတင်း အကျပ်ကြေညာခိုင်းနေသည်။
ဒါဟာ ဖက်ဆွတ်အပေါ် စေတနာသက်သက်ပဲလား
“နင်က ဖြူဖြူစင်စင် အတီးအတလေးမို့ ငါပြောနေတာ၊ ယောက်ျားဆိုတာမျိုးက ယုံရတာ မဟုတ်ဘူး။ သူတို့ညီအစ်ကိုတွေ လည်း လျှော့တွက်လို့ရတာ မဟုတ်ဘူးဟဲ့သိလား”
“မိုးညက ရိုးသားပါတယ်”
“အံမယ် ခုကတည်းက ကာကွယ်နေတယ်။ သူ့အမေအကြောင်းလည်းနင်သိတာပဲ။ သူ့သားတွေ ကိုဆို အကဲခတ်ပါပါရယ် အလကားနေ သားဂုဏ်မောက်နေတာ”
“အန်တီစိုးက သဘောကောင်းပါတယ်။ အိမ်မှာ တော့ စည်းကမ်းကြီးတာပေါ့”
“ငါတော့ သိပ်သဘောမကျဘူး”
မမနှင်းသည် ဟိုဘက်က အန်တီးစိုကို သိပ်မခင်မင်။ သူတို့ကြားမှာ အဖုအထစ်တစ် ခုခု ရှိနေသလိုပါ
“မမနှင်းကိုရော ကိုအေးရိပ်က မကြိုက်ဘူးလား”
“မကြိုက်ဘဲနေမလား သူ့ဘက် ကတော့ တစ်ပိုင်းသေနေတာပဲ”
“ဒါဆို မမကရော”
“ငါက လွယ်လွယ်နဲ့ မယုံတတ်ဘူး”
“ကိုကြီးအေးရိပ်က မမကို တကယ်ချစ်တဲ့ပုံပါ”
“နင်သဘောတူလား”
“တူတာပေါ့ အရမ်းတူတာ
မမနှင်းက ပခုံးကလေးလှုပ်ကာ ရယ်မောလိုက်ပါသည်။
“ကိုကြီးကို လက်ခံလိုက်ပါလား”
“အံမယ် လက်မခံနိုင်သေးဘူး သင်းသဘောထားကို တီးခေါက်ရဦးမယ်။ သင်းက အမေ ဘက်ခပ်ပါပါရယ်”
“အမေကို ချစ်တတ်တဲ့သားကမှ မိန်းမကိုလည်း ချစ်တတ်မှာ ပေါ့၊ ဘုန်းဘုန်း ဟော ထားတယ်လေ မွေးထားတဲ့အမေကိုမှ မချစ်တတ်၊ မသိတတ်ဘူးဆိုရင် အဲဒီ လူက အလကားပဲတဲ့။ ဘယ်သူ့ကိုမှလည်း ချစ်တတ်မှာ မဟုတ်တော့ဘူးတဲ့”
“ကြည့်စမ်း ကောင်မလေး ငါ့ကို ဆရာလာလုပ်နေတယ်။ ငါက နင့်ထက်အကြီးပါနော်။ အရာအားလုံးကို နင့်ထက်ပိုနားလည်တယ်ဆိုတာ သဘောပေါက်”
နှင်းရည်စိုစိုက သူ့ကိုယ်သူ ယုံကြည်မှု ရှိသလို လေလုံးကလည်း ခပ်ထွားထွားလေး ဖြစ်၏ ။
အရာရာကိုသူသိသူတတ်၊ သူများ တွေ က သူ့လောက် မတော် ဆိုသော ပုံစံမျိုးလေး ဖြစ် သည်။
ဖက်ဆွတ် ကတော့ သူဘယ်လိုပဲပြောပြော ကိုယ့်အစ်မမို့ အပြစ်မတင်ပါ။ မမနှင်းက စကား ပြောအနည်းငယ် မာကြောသည်။
“နင်လည်း မိုးရိပ်ညကို သိပ်အရောမ၀င်နဲ့ ခပ်တည်တည်နေ သိပ်ရောရင် သူတို့က အထင်သေးမယ်။ အခွင့်အရေး ပေးရင် ကမ်းတက်လာမယ်၊ နားလည်လား”
စိတ်ထဲ ကတော့ မိုးညက ဒီလိုလူစားမဟုတ်ပါဘူးဟု ဖက်ဆွတ်ဖြေရှင်းချင်သည်။ နှုတ်က တော့ ဘာမှခွန်းမတုံ့ ဖြစ်ပါ၏ ။
မမနှင်း အယူအဆတွေ စိတ်သဘောထားတွေ က တစ်ခါတစ်ခါ နားလည်ရခက်သည်။
“ဟိုဘက်အိမ်လည်း အလကားနေ သွားသွားမနေနဲ့”
ဖက်ဆွတ်က ငယ်ငယ်ပင် ဟိုဘက်အိမ်မှာ သွားဆော့ကစားမည် ။ အန်တီစိုးလက်ရာ စား စရာတွေ ကို အားပေးမည် ။ အပြင်သွားရင်လည်း လိုက်မယ်လိုက်မယ် ပူဆာသည်။ ဟိုဘက်အိမ် ဟာဖက်ဆွတ်အတွက် သူစိမ်းအိမ်မဟုတ်ပါ။
“ငါ့လိုပဲနေလေ။ ငါ ကတော့ ကိစ္စမရှိရင် သွားကိုမသွားဘူး အောက်တယ်”
“ခင်တာ၊ မခင်တာမဆိုင်ဘူး လူဆိုတာ ကိုယ့်ရိုးလ်လေးနဲ့ ကိုယ်နေရတယ်”
“မမက မာနကြီးတယ်”
“အေးရိပ်ကလည်း ဒီလိုပဲပြောတယ်။ ဘာ ဖြစ်လဲ လူဆိုတာ ကိုယ့်မာနနဲ့ကိုယ်တော့ ရှိမှာ ပဲ”
ဖက်ဆွတ် ကတော့ ကိုယ့်အစ်ကို လူရိုးလူအေး ကိုကြီးအေးရိပ်ညနှင့် သာ ဆုံစည်းစေချင်ပါ သည်။ မမနှင်းအပေါ် ကိုကြီးလောက်ကောင်းမည့် သူ မရှိဟုလည်း ယုံကြည်သည်။
“မမ မာနကြီးတာပဲ သူသိတာမို့လား ရည်းစားများ တာ မသိသေးလို့”
“သိလည်း ဂရုမစိုက်ပါဘူး။ ငါ ရည်းစားထားတယ်ဆိုတာ ငါ့အတွက် ငါ အကောင်းဆုံးကို ခေါင်းခေါက်ရွေးနေတာ။ ရည်းစားတစ်ထောင် လင်ကောင် တစ်ယောက် တဲ့ ဘာ ဖြစ်လဲ”
“ကိုကြီးတော့ သနားပါတယ်။ မမက သူ့ကိုအမြဲနိုင်မှာ ”
သူမ အနိုင်ရမှာ ကြိုသိထားတဲ့ နှင်းရည်စိုမျက်နှာလေးက ကျေနပ်ဟန်အပြည့်နှင့် ပါ။
အေးရိပ်ညအပေါ် သူမစိတ်တိုင်းကျ အနိုင်ယူသွားလို့ ရနိုင်တယ်ဆိုတာ သေချာပြီး သားပါ။
“နင်လည်း ငါ့လို ကြိုးကိုင်တတ်အောင် သင်ထားပေါ့”
“တော် ပါပြီ မမနှင်းလက်ချာတွေ ကြောက်တယ်၊ ဖက်ဆွတ် ပြန်ဖျားချင်လာပြီ။ သွား အိပ် တော့မယ်”
“ဆေး အချိန်မှန်သောက်ဦးနော် နင် သိပ်ပေါ့တာပဲ”
“အင်းပါ အချိန်တန်ရင် မာမီဆေးလာတိုက်မှာ ပါ ဘာပူစရာရှိလို့လဲ”
ဖက်ဆွတ်က ပြောပြောဆိုဆို အခန်းထဲဝင်သွားပြီး မွေ့ရာပေါ် လှဲချလိုက်ပါသည်။ တစ် ကိုယ်လုံး ညောင်းညာတောင့်တင်းပြီး ခေါင်းတွေ အုံနေ၏ ။
အခုတုန်းက မိုးရိပ်ည အနားမှာ တယုတယနှင့် ရှိနေတုန်း ကတော့ ဖက်ဆွတ်က ဝေဒနာ တွေ ကို မေ့နေမိသည်။
သူပြန်သွားမှပဲ ချမ်းသလိုလို အဖျားတက်ချင်သလိုလို ပြန် ဖြစ်လာတာကြည့်ဦး။
“မိုးညက.. မမက ငါ့ကို အဖြေမပေးနဲ့ဦး စောသေးတယ်။လို့ထင်တယ်။ ငါ့ရင်ထဲမှာ က ဟိုး ခပ်ငယ်ငယ်လေးကတည်းက ချစ်ခဲ့ပြီးသားပါ။”
မိုးညက သိသိမသိသိ ဆက်ဆွတ်လေးနှလုံးသားထဲက ချစ်ခြင်းက ဘယ်တော့မှ ပြောင်းလဲ မှာ မဟုတ်ပါဘူး။
ဖက်ဆွတ် မိုးညကိုချစ်တယ် သိလား။
“အန်တီစိုးရေ”
“ဝေး …ဒီမှာ သမီးရေ မီးဖိုချောင်မှာ ဟေ့”
ဖက်ဆွတ်မိုးက အိမ်မှာ မမနှင်းမရှိတုန်း ဒီဘက်ခြံသို့ အသာကလေး ကူးလာတာ ဖြစ်သည်။
နေမကောင်းတဲ့ သုံးရက်လောက်မှာ မလာ ဖြစ်တာနှင့်ပဲ ဒီအိမ်ကို လွမ်းနေသလိုလိုပင် ဖြစ် မိသည်။
“အန်တီစိုးက ဈေးကတောင်ပြန်ရောက်ပြီး မိုးည ခုထိ အိပ်ရာမထသေးဘူးလားဟင်”
“သားလေးနိုးပါပြီ သမီးရဲ့ ၊ အခုနတောင် အပေါ်ထပ်မှာ ၀ိတ်မလေ့ကျင့်ခန်း လုပ်နေသေး တယ်”
ဖက်ဆွတ်က တိတ်ဆိတ်နေသော အိမ်ကလေးထဲ မနေတတ်။ ဒီဘက်ရောက်ရင် သူမကို မိုးညဆီးကြိုမှ လေ။
“ဒါနဲ့ ဖက်ဆွတ် နေကောင်းသွားပြီလား ဖျားနေလို့ဆို၊ မိုးလေးက သမီးဖို့ ပူတင်းဖုတ်ခိုင်း နေတာ”
“ကောင်းနေပါပြီ အန်တီစိုးရဲ့ သူ သက်သက်လူကြီးအလုပ်ရှုပ်အောင် လုပ်နေတာ”
“ငါ့သားမိုးကလေး ကတော့ သမီးအတွက်ဆို စေတနာရှိမှ ရှိဟေ့”
အန်တီစိုးက ရိပ်မိနေသလို ပြုံးတုံ့တုံ့ဆိုပါသည်။
ဖက်ဆွတ်နှင့် ပတ်သက်လျှင် မိုးည တစ်ယောက် အလွန်အမင်း ပျာယာခတ်တတ်တာ မိခင်မို့ ကောင်းကောင်းကြီး ရိပ်စားမိပါသည်။
ဒီကောင်ကလေး ဖက်ဆွတ်ကို သဘောကျနှစ်သက် နေပြီ။
ဖက်ဆွတ်သည် အန်တီစိုးရဲ့ အပြောကြောင့် ရင်ထဲနွေးကာ ရှက်စိတ်ပိုမိသည်။ ထို့ကြောင့် အန်တီစိုးဝယ်လာတဲ့ ကင်ပွန်းရွက်နုနုလေးတွေ ကို ကောက်ကိုင်ပြီး အရွက်သင်နေလိုက်မိ၏ ။
အင်း..သူကလေးလည်း မရိုးတော့ဘူး။
ဖက်ဆွတ်ရဲ့ မျက်နှာနီနီလေးကိုကြည့်ရင်း ဒေါ်စိုးစိုးမြတ်မှတ်ချက်ချမိ၏ ။
သားလေးနှင့် က ငယ်သူငယ်ချင်း။ အခု အရွယ်ရောက်တော့ တစ်မျိုးတိုးပြီး သံယောဇဉ် နှောင်ဖွဲ့မိကြပြီ ထင်ပါရဲ့ ။
“မေမေ”
နှုတ်ကအော်ရင်း လှေကားတဒုန်းဒုန်းမြည် အောင် ပြေးဆင်းလာသည့် မိုးရိပ်ညက မီဖိုခန်း မှာ မေမေနှင့် အတူရှိနေတဲ့ ဖက်ဆွတ်ကို မြင်လိုက်တာမို့ ခြေလှမ်းများ တုန့်ခနဲ ဖြစ်သွားရသည်။
ဖက်ဆွတ်ဝတ်ထားသော ငှက်ပျောညွှန့်ရောင် မီးပုံးပျံဒီဇိုင်း ခါးရည်တင်ပါဖုံး အင်္ကျီ လုံး လုံးလေးနှင့် အသားကပ်ဘောင်းဘီအနက်လေး ဖြစ်သည်။
ဆံပင်တွေ ကို နှစ် ဖက်ခွဲပြီး ကျစ်ဆံမြီးလည်းကျစ်ထားသေး၏ ။
ရုပ်ကလေးက ဘာမှန်းမသိ။ သူ့ဘက်ကို အသာကလေးခိုးကြည့်လိုက်တဲ့ မျက်နှာလေးမှာ ပြုံးစိစိနှင့် မချိုမချဉ်။
“မေမေတို့ ကတော့ ဒီနေ့ ဟင်းလာကူချက်မယ့်သူ ရနေပြီပေါ့”
“အိပ်ပုတ်နော်”
ဖက်ဆွတ်က မျက်စောင်းလေး ၀င့်ခနဲ လှမ်းရွယ်လိုက်၏ ။ သူက ဖက်ဆွတ်ကိုများ ဟင်းမ ချက်တတ်ဘူးထင်နေသလား။
“သမီးလက်ရာကို တောင်းဆိုနေပြီဟေ့”
“မလုပ်ပါနဲ့ မေမေရာ၊ ဟိုတစ်ခါလို ရှောက်သီးသုပ်နဲ့ ချဉ်ရည်ဟင်လေး အစပ်မိမိ တွဲ ချက်နေဦးမယ် ဟား ဟား”
အဲဒီ တုန်းက အန်တီစိုး ချဉ်ရည်ဟင်းချက်ထားတာကို မေ့ပြီး ဖက်ဆွတ်က ရှောက်သီးထပ် သုပ်မိတာမို့ မိုးညတို့ ညီအစ်ကိုက ဟားလို့မဆုံး။
အခုလည်း ဒါကိုပြန်ထည့်ပြောပြန်ပြီ။
“ဘာ ဖြစ်လဲ သွားကျိန်းအောင်ကိုလုပ်မှာ ဒီတစ်ခါ မရမ်းသီးထောင်းနဲ့ သရက်သီးသနပ်ပါ ထပ်ဖြည့်မယ်”
“လက်စွမ်းပြတော့မယ်ဆိုပါတော့။ စောစောစီးစီး သိရတော့ ထမင်းဆိုင်ပြေးလို့ အချိန်မီ နိုင်တာပေါ့”
“အန်တီစိုး ကြားလား သမီးကိုဆို နှိပ်ဖို့ပဲ”
“အေးလေ ဟုတ်ပါရဲ့ ညီအစ်ကိုနှစ် ယောက် လုံးက ဟင်းကြေးများ တွေ လေ”
မေမေက ဖက်ဆွတ်ဘက် ခပ်ပါပါလုပ်နေသည်။
တကယ်သာ ချွေးမ ဖြစ်လာရင် ဒီလိုပဲ ချွေးမဘက်က ဘက်လိုက်ပြောပေးမှာ ပဲလား
မိုးရိပ်ည ရင်ခုန်သလိုလို တွေးမိသည်။
ဖက်ဆွတ်မိုးကို သူ ကတော့ ရည်ရွယ်ထားပြီး။
အလုပ်အကိုင် အတည်တကျ ဖြစ်တာနှင့် မိန်းမတောင်းခိုင်းဖို့ စဉ်းစားထားပြီးသားပါ။
ဖက်ဆွတ်ကိုတော့ မေမေက ချစ်လည်းချစ်သည်။ အကြောတင်းတင်း၊ မျက်နှာထား ပုပ် ပုပ်၊ စကားသံမာမာကြီးနှင့် မမနှင့်းကိုသာချွေးမတော် ဖို့ စဉ်းစားခက်ချင်ခက်မှာ ဖက်ဆွတ်ကိုတော့ ခက်မည် မထင်။
မိုးရိပ်ညက သူ့စိတ်ကူးနှင့် သူ သေချာနေပါသည်။
“ညောင် .. ညောင်”
“ဟောနင့်ကြောင် မီးဖိုချောင်ထိ လိုက်လာပြီ”
မိုးရိပ်ည မွေးထားတဲ့ ကြောင်ကြီးက လှေကားမှ ဆင်းလာကာ သူ့သခင်နား တညောင် ညောင်လာအော်ပါသည်။
ဖက်ဆွတ်က ကြောင်ဆို နည်းနည်း ကြောက်သဖြင့် ပခုံးတွန့်မိသည်။ ပြီးတော့ သူ့ကြောင် ကြီးက တစ်ကိုယ်လုံးအဖြူတစ်စက်မပါဘဲ မည်းပြောင်နေတာ။ ခွေးအသေးစားအရွယ်လောက်ရှိ မည် ။
ဝတုတ်ပြီး အမြီးတိုတို၊ အသံက ကျယ်ကျယ်ကြီး ဖြစ်၏ ။ မျက်လုံးလေးတွေ က စိမ်းနေပြီ။ ကြည့်နေရင်းကိုပဲ အသည်းယားစရာ။ အင်မတန် အကိုက်သန်ပြီး ဒီနားတစ်ဝိုက်က ရှိရှိသမျှ ကြောင် အားလုံကို ဗိုလ်ကျအနိုင်ပိုင်းထားနိုင်သည့် ကြောင်ထီးကြီးမို့ မိုးည ကတော့ အရမ်းချစ် သည်။
“ဖိုက်တာကြီး လာလာ”
ကြောင်က သူ့ကိုယ်ပေါ် အသာကလေး ခုန်တက် သွားပါ၏ ။
“သားရဲ့ ဘလက်ကီက အစာတောင်းနေတာ”
“ဟုတ်တယ် မေမေ ဒီကောင် ဗိုက်ဆာနေပြီ”
“ဟိုမှာ ငါးသလောက်ဗူး ဖွင့်ထားပြီးသား”
မိုးညက မိုးညတာနှင့် သူ့ကြောင်ကြီးကို ကိုယ်တိုင်အစာကျွေးတတ်၏ ။ သူက တိရစ္ဆာန်ချစ် တတ်သော ယောက်ျား တစ်ယောက် ဖြစ်သည်။
သူ့နှလုံးသားက နူးညံ့ပျော့ပျောင်းပြီး အကြင်နာတရားကြီးမားသူ ဖြစ်သည်ဟု ဖက်ဆွတ်က မှတ်ချက်ပေးထားသည်။
သူ့လိုပဲ ဖက်ဆွတ်လည်း တိရစ္ဆာန်ချစ်တတ်ဖို့ ကြိုးစားရပါဦးမည် ။ အိမ်မှာ တော့ မမနှင်းက အကောင်ဗလောင် မချစ်တတ်၍ ဘာကောင်မှ မွေးမထား။
မိုးရိပ်ညကတို့ဘက်မှာ တော့ ကြောင်လည်းရှိသည်။ ဒိုဘာမင်ခွေးကြီးနှစ် ကောင်လည်းရှိ သည်။ အလှမွေး အငါးကလေးတွေ လည်း မျိုးစုံရှိသည်။ မိုးညအတွက်က ဟန်ကိုကျလို့ပါပဲ။
အားလျှင် ခြံထဲမှာ ခွေးနှင့် ဆော့မည် ။ အခန်ထဲမှာ ကြောင်နှင့် ပတ်ပြေးနေမည် ။ ညနေဆို ငါးကန်နား အစာသွားကျွေးမည် ။ သူ့အလုပ်တွေ က ရှုပ်မှရှုပ်ပါ။
မိုးညက သူ့ကြောင်ကို ငါးသလောက် ငါးသေတ္တာဗူးထဲက ငါးဖတ်တွေ ထုတ်ကာ ထမင်းနှင် နယ်ကျွေးသည်။
အန်တီစိုးက သားလုပ်သူကို ချစ်စနိုးငဲ့ကြည့်ရင်း..
“ကဲ..ကိုယ့်ဗိုက်လည်း ကိုယ်ဖြည့်ဦး မိုးလေးရေ၊ ခုထိ ဘရိတ်ဖတ်စ်မစားသေးဘူးမို့လား၊ စားပွဲပေါ်မှာ နန်းကြီးသုပ်ရှိတယ်။ ကော်ဖီလည်းဖျော်ပြီးသား။ ဓာတ်ဘူးထဲက ထည့်သောက်ချေ၊ သမီးဖက်ဆွတ်လည်း သွားစားလေ။”
“ဟင့်အင်း ဖက်ဆွတ်မုန့်စားပြီးသား”
“လာစမ်းပါ အန်တီစိုးရှေ့မှာ ပင် သူမလက်ကောက်ဝတ်ကို ဖျတ်ခနဲ ဆွဲခေါ်၏ ။”
ဖက်ဆွတ်က လက်ထဲက ကင်ပွန်းရွက်သင်လက်စကို လွှတ်ချခဲ့ကာ သူဆွဲရာနောက် ပါသွားသည်။
“လွှတ်လေ.. ဘာလို့အတင်းဆွဲတာ”
“နင်က ပဲများ နေတာကိုး”
“အန်တီစိုး တစ်မျိုးထင် သွားပါဦးမယ် မိုးရိပ်ရမယ် နင်က ဣနြေ္ဒကို မရဘူး”
“ငါကြိုက်နေတာ မေမေရိပ်မိပါတယ်ဟာ”
“သွားလျှောက်မပြောနဲ့”
ဖက်ဆွတ်က သူ့ပခုံးကို တစ်ချက်ထုပစ်လိုက်၏ ။
ဒီကအဖြေပင် သေချာမပေးပါဘဲ သူက ကြော်ငြာမောင်းခတ်ချင်နေပြီလေ။ အမြင်ကပ်စ ရာ ကောင်းပါဘိ။
ထမင်းစားပွဲမှာ အတူတူထိုင်တော့ သူက ဖက်ဆွတ်အတွက် ကော်ဖီငှဲ့ထည့်ပေးသည်။
“သောက် ..သောက် နောင်လည်း ငါပဲ ဒီလိုလုပ်ပေးရမယ်ထင်တယ်”
“ဘာပြောတယ်”
ဖက်ဆွတ်က တီးတိုးပြန်မေးလိုက်၏ ။
“လက်ထပ်ပြီး အတူတူနေကြရင်း”
“အံမယ်”
“နင်က ငါ့ကိုပြုစုမှာ လား ငါပဲ နင့်ကို ဂရုစိုက်ရမှာ ထင်တယ်နော် ဟုတ်တယ်မို့လား”
“အပိုတွေ ဟန်ဆောင်မနေနဲ့ တကယ် ဂရုစိုက်နိုင်မှ ပြော”
“စောင့်ကြည့်လိုက်လေ”
ဖက်ဆွတ်က မေးစေ့လေးပင်မော့ကာ ပြုံးတုံ့တုံ့မော့ကြည့်ပါသည်။ သူ့စကားလေးကို ကြည်နူးဘ၀င်ခိုက်မိတာလည်း အမှန်ပါ။
သူက ဖက်ဆွတ်အတွက် ခင်ပွန်းကောင်းတစ်ဦး ဖြစ်လာနိုင်သည်။
“ငါ့ကို ယုံတယ်မဟုတ်လား”
“ယုံပါဘူး”
“မညစ်နဲ့ဟာ ချစ်တယ်ပြော”
“မချစ်ပါဘူး”
“မချစ်ရင် ငါ့အဆိုးမဆိုနဲ့”
“ဟင် ဘာလုပ်မလို့လဲ”
“ဒီလိုမျိုး”
သက ဖက်ဆွတ်ပခုံးလေးကို လက်တစ်ဖက်နှင့် ပဲ သူ့ဘက်ဆွဲယူကာပါးပြင်ကို လှစ်ခနဲမွှေး လိုက်၏ ။
“ဟင်”
လျှင်မြန်သော အပြုအမူကြောင့် ဖက်ဆွတ် မျက်လုံးပြူးရ၏ ။ ရဲတင်းလွန်းပါလား။
“ကော်ဖီတွေ ဖိတ်ကုန်တော့မှာ ပဲ”
ရှက်ရှက်နှင့် သူ့ကို မျက်စောင်းလေးကုပ်၍ ကြိတ်မာန်မဲသည်။
မီးဖိုခန်းမှာ လည်း အန်တီစိုးက ရှိနေတဲ့ဥစ္စာ။
“ဖက်ဆွတ်ကမှ ချစ်တယ်လို့ မပြောတာ”
“တော် ပြီ ငါပြန်တော့မယ်”
“ဟာ နေပါဦး”
ဖက်ဆွတ်က ခုံကို နောက်ဆုတ်၍ ထရပ်လိုက်တာကြောင့် စိတ်ဆိုးပြီထင်ပြီး မိုးညလည်း ကမန်းကတန်း မတ်တပ်ရပ်လိုက်၏ ။
ဖက်ဆွတ် လက်ကလေးကိုလည်း အလန့်တကြားလှမ်းဆွဲထားမိ၏ ။
“လွှတ်”
ဖက်ဆွတ်က လှစ်ခနဲပြေးထွက်သွားသဖြင့် မိုးည ပျာယိပျာယာနှင့် နောက်ကလိုက်ခဲ့သည်။
“ဖက်ဆွတ် ခဏနေပါဦး”
ဧည့်ခန်းသို့ တစ်ဆင့်ချိုးထွက်ရသည့် နံရံကွယ်လေးမှာ သူမကို အတင်းအကြပ် ဖမ်းဆွဲ ထားရ၏ ။
“ဘယ်လို ဖြစ်နေတာလဲ အန်တီစိုး ထွက်လာဦးမယ်”
“မေမေ ဟင်းချက်နေရင် လက်မလည်ပါဘူး။ စိတ်မပူနဲ့ ထွက်မလာပါဘူး”
“ဖယ်ကွာ နင်က နင့်အိမ်လာလို့ အထင်သေးတာလား”
“မဟုတ်ဘူး ဖက်ဆွတ်ကိုချစ်လို့”
သူက ဖက်ဆွတ်ကို နံရံထောင့်မှာ ကပ်နေစေလျက် ပခုံးနှစ် ဖက်ကို ဖိထားသဖြင့် သူနှင့် မျက်လုံးချင်း ပြိုင်ကြည့်နေမိသည်။
ရီရီဝေေ၀နှင့် နူးညံ့ရွှန်းရီနေသော သူ့အကြည့်မှာ ဖက်ဆွတ်စိတ်ကောက်ချင်တာတွေ မေ့သွားရသည်။
အကြည့်တစ်ချက်မှာ ရင်ခွင်တစ်ခွင်လုံး ဗြောင်းဆန်အောင် ဆူညံလှိုက်ဖိုသွားရတာ ဘာကြောင့်များ လဲ။
“အချိန်ထပ်မဆွဲပါနဲ့ဟာ ငါအရမ်းချစ်တာသိရဲ့ သားနဲ့”
အိမ်မှာ မေမေကလွဲ၍ တခြားဘယ်သူမှလည်း မရှိသဖြင့် မိုးရိပ်ညက သူ့အရှိန်သူ မထိန်း နိုင်တော့ပေ။
သူမဆံနွယ်လေးတွေ ထိုးဖွသပ်တင်ပေးရင်း နှုတ်ခမ်းဖူးဖူးကလေးကို အသာအယာ ထိ ကပ်နမ်းရှိုက်မိသည်။
ဖက်ဆွတ်ကလည်း သူဒီလောက် အတင့်ရဲမည် မထင်သဖြင့် အငိုက်မိသွားသည်။
အလန့်လန့် အဖျပ်ဖျပ်နှင့်ပဲ သူ့အနမ်းမှာ သတိလက်လွတ်မိန်းမူးသွားရသည်။
“ဟင့်အင်း မိုးည”
“ချစ်တယ်ကွာ ဖက်ဆွတ်ကို မောင်အရမ်းချစ်တယ်”
ပထမဆုံးအနမ်းလေးမှာ ထိတ်လန့်ကြောက်ရွံ့ခြင်းနှင့် အတူပဲ ရင်ထဲ ငြိမ့်ခနဲ ဖိုနွေးလှိုက် တုန်သွားရသည်။
သူ့အထိအတွေ့ မှာ ယစ်မူးသွားခဲ့ရကာ တွန်းဖယ်နေသည့် ဖက်ဆွတ်လက်ကလေးတွေ က အလိုလို အားပျော့သွားရကာ သူ့အင်္ကျီရင်ဘတ်ကိုသာ စိုးထိတ်စွာ ဆုပ်ကိုင်ထားမိသည်။
ဖက်ဆွတ်က မှန်တင်ခုံမှာ အကျအနထိုင်ကာ သူမရဲ့ မျက်လုံးစကို ပန့်ခ်ဆန်ဆန် စိုနက် နက်ကလေး လိုင်နာခြယ်နေ၏ ။
နဂိုကပင် တောက်ပရွှန်းကာ မျက်တောင်ကော့ကော့ စိပ်စိပ်လေးတွေ ၀န်းရံထားတဲ့ မျက် ၀န်းတောက်တောက်ကလေးက ရင်ဖိုစွဲမက်လောက်စရာကောင်းအောင် နူးညံ့ရွှန်းရီလာပါသည်။
ဖက်ဆွတ်ရဲ့ အလှပြင်နည်းက မိတ်ကပ်သိပ်မပါ။ အောက်ခံလိုးရှင်းလေးနှင့် မျက်လုံးတစ် ၀ိုက်ကို ဦးစားပေးပြီးခြယ်ကာ နှုတ်ခမ်းကိုတော့ မရမ်းဖျော့လေးပဲဆိုးသည်။
ဝတ်တာကလည်း တီရှပ်အနက်လေးနှင့် ဘလူးဘယ်ရီရောင် ကွာတားပင်န်အကျပ်ကလေး ဖြစ်ရာ သူမပုံစံလေးက ခေတ်စတိုင်လ်နှင့် နုပျိုသွက်လက် ဆန်းသစ်နေသည်။
ဆံပင်အစင်း ဖျော့ဖျော့လေးကို ဒီအတိုင်းပဲ ချထားလိုက်၏
“ဖက်ဆွတ်ရေ ဒေါက် ဒေါက်”
တံခါးခေါက်သံနှင့် အတူ နှင်းရည်စိုရဲ့ ခေါ်သံကိုပါ ကြားရသည်။
“ဖွင့်ထားမယ် မမ”
နှင်းရည်စိုက တံခါးလက်ကိုင်ဘုဘေးကို လှည့်ဖွင့်ကာ အခန်းတွင်းသို့ ၀င်လာ၏ ။
ညနေစောစောပိုင်းမှာ အလှတွေ ပြင်နေသည့် ညီမ ဖြစ်သူကို မျက်ခုံးပင့်ကာကြည့်ရင်း..
“ဒါက ဘယ်သွားမလို့လဲ ဧည့်ခန်းမှာ လည်း မိုးညက ရောက်နေပြီ”
“ဖက်ဆွတ်တို့ ရှိုးပွဲသွားမလို့”
“ဘယ်မှာ လဲ ”
“မျှော်စင်ကျွန်း”
“ဘယ်သူတွေ လဲ”
“ကျားပေါက်တို့ရဲ့ Big Bag လေ”
“ဟယ် ဟန်ထူးလွင်ဆိုတာ ငါလည်းကြိုက်တယ်”
မမနှင်းစကားကြောင့် ဖက်ဆွတ်အနည်းငယ် စိတ်ညစ်သွားရ၏ ။ ချစ်သူ ဖြစ်ပြီးနောက် နှစ် ယောက် သား ပထမဆုံးလက်ချင်းချိတ်ကာ လျှောက်လည်ကြဖို့ စီစဉ်ထားတာမဟုတ်လား။
အခု မမနှင်းကြီးက အတူလိုက်ချင်တဲ့ပုံ၊ ထူးထူးဆန်းဆန်း စကားခေါ်လာသဖြင့် မျက်မှော င် လေး မသိမသာကုပ်သွားရသည်။
“ငါလိုက်မယ် ဖက်ဆွတ်၊ ငါ့ကို ခဏစောင့်ပေးနော်၊ ရေက ချိုးပြီးသားပါ၊ ခပ်မြန်မြန်လေး အ၀တ်အစားလဲရုံပဲ”
“အင်း ဒါပေမဲ့ ကိုကြီးလည်း ပါမလားမသိဘူးနော်”
အေးရိပ်ညက လိုက်ဖို့အစီအစဉ်မရှိပါ။ ဖက်ဆွတ်က တမင်ခြိမ်းခြောက်ကြည့်တာ။
“သူပါလည်း ဘာ ဖြစ်လဲ”
“မသိဘူးလေ။ မမနှင်းနဲ့ ကိုကြီးနဲ့က မကြည့်တကြည်ဆိုတော့”
“မကြည့်တကြည်မဟုတ်ပါဘူး ငါတို့က ရိုးရိုးပဲ”
ဖက်ဆွတ်တို့ကောတ့ မရိုးတော့ဘူးဆိုတဲ့ သဘော။ အနှောင့်မလွတ်၊ အသွားမလွတ် လေး ခလုတ်တိုက်၏ ။
“ပျင်းလို့လိုက်မှာ နော် နင်တို့ကို နှောင့်ယှက်မှာ မဟုတ်ဘူးနော်”
“အို.. မမနှင်းကလည်း”
ဖက်ဆွတ် မလုံမလေး ရှက်သွားမိ၏ ။ မမနှင်း ရိပ်မိနေပြီလား။ ဖက်ဆွတ် အဖြေပေးလိုက် ပြီဆိုတာတော့ မသိနိုင်လောက်ဘူးထင်ပါသည်။
“ကဲ ငါသွားပြင်ဆင်လိုက်ဦးမယ်”
မမနှင်းက အ၀တ်အစားလဲဖို့ သူ့အခန်းဆီ ပြန်ဝင်သွားသည်။
ဖက်ဆွတ်တို့က အဆင်သင့် ဖြစ်နေပြီ။ ရေမွှေးလေးဆွတ်၊ ဆံပင်ကို စပရေဖျန်း။
ပြီးလျှင် ဘွတ်ရူးလေးသားစီးလိုက်ရင် ထွက်လို့ရပြီ။
ဖက်ဆွတ်က ဖန်စီအိတ်အသည်းပုံလေးကို စလွယ်သိုင်းလွယ်ထားသည်။
ဖက်ဆွတ်သည် မိုးရိပ်ညရှိရာသို့ ဧည့်ခန်းသို့ ထွက်လာရင်း မျက်နှာလေး ရှုံ့ပြလိုက်၏ ။
မိုးရိပ်ညကလည်း ရှိုးတွေ နှင့် ပါ။
ဆံပင်က ပန့်ခ်အထောင်ဆံပင်။
တီရှပ်ပေါ်က လယ်သာဂျာကင် အနက်ရောင် စိုလက်လက်မှာ ပန့်ခ်အသီးတွေ ရိုက်နှိပ် တပ်ဆင်ထားတဲ့ ဒီဇိုင်း။
ဘောင်းဘီရှည်မှာ လည်း ချိန်းကြိုးတွေ ဘာတွေ နှင့် ကမ်းထရီးဘွတ်ကြီးကို ချွတ်ထားပြီး ဧည့်ခန်းဆိုဖာဆက်တီမှာ ထိုင်နေရာက ဖက်ဆွတ်ကိုမြင်တော့ ထရပ်မလိုဟန်ပြင်သည်။
“ရယ်ဒီပဲမဟုတ်လား”
“ထိုင်စောင့်ဦး”
“ဘာလို့လဲ”
“မမနှင်း လိုက်မယ်တဲ့”
“သြော် ဒီလိုလား”
ဒါကြောင့် မျက်နှာလေးက ခပ်စူးစူးနှင့် ရှုံ့မဲ့နေတာလား။ မိုးညက မမနှင်းထွက်မလာခင် သူမပါးမို့မို့ကို ချစ်စနိုးဆွဲလိမ်မိကာ
“လိုက်ချင်လည်း လိုက်ပါစေကွာ ဒီအပျိုကြီး မောင်တို့တစ်နေရာရာမှာ အလစ်ချန်ထားခဲ့မှာ ပေါ့ ဟား ဟား”
“ရှူး မမကြားသွားဦးမယ်”
“ဒါမှမဟုတ်လည်း ကိုကြီးကို ဖုန်းဆက်ခေါ်လိုက်မယ် မကောင်းဘူးလား”
“ဟင် .. အဲဒါ သိပ်ကောင်းတယ်”
မိုးရိပ်ညက သူ့အစ်ကိုဆီ ဖုန်းချိတ်လိုက်သည်။ ကရ၀ိတ်ရှိုးပွဲကို လာဖို့ခေါ်သည်။
မမနှင်း လိုက်တယ်ဆိုသဖြင့် ကိုကြီး အေးရိပ်က တအံ့တသြ သူလာခဲ့မယ်ဆို၏ ။
ဒါဆိုရင်တော့ ဟန်ကျပါပြီ။ သူတို့တစ်တွဲ ၊ ကိုယ်တို့တစ်တွဲ ပေါ့။ ပြဿနာမရှိ။
မိုးရိပ်ည မျက်နှာလေးက မျက်နှာပိုးမသေလှဘဲ ပြုံးစိစိ ဖြစ်နေသည်။
မိုးရိပ်ညနှင့် ဖက်ဆွတို့နှစ် ယောက် သား စကားတွတ်ထိုးနေဆဲမှာ ပဲ မမနှင်းက အလှပြင်ပြီး ထွက်လာပါသည်။
မင်းဂွတ်ရောင် လိုလို ရှားစေးဖျော့ဖျော့ရောင် လိုလို အခေါ်ရခက်ခက် မော်ဒယ်ဂါဝန်အကျပ် လေးနှင့် ခွာချွန်ဖိနပ်အမြင့်လေးနှင့် အင်မတန် ကျော့ရှင်းသပ်ရပ်လှပနေသည်။
ဆံပင်တွေ က ဆံထိုးတစ်ဝကနှင့် ကြည့်ရတာ ကပိုကရိုလေးနှင့် မခို့တရို့ဆန်နေသည်။
အချိန်လေးတစ်ခဏနှင့် ဖက်ရှင်ကျအောင် ဆင်ယင်တတ်တာကိုတော့ ချီးမွန်းရမှာ ပင်။
ဘယ်လိုပဲကြည့်ကြည့် ၀င်းနှစ် သော ပခုံးလေး ရင်ညွှန့်လေး၊ လည်တိုင်လေး၊ ကျောပြင် လေး၊ အားလုံးဟာ အကြည့်မလွဲနိုင်အောင် ဆွဲဆောင်မှု ရှိသည်။ လည်တိုင်မှာ ဖန်စီလည်ဆွဲ အကပ်ကလေးတစ်ကုံးကလည်း တဖျပ်ဖျပ် အရောင် လဲ့နေသည်။
“ဟိတ် မိုးည မမနှင်းလှရဲ့ လား”
မိုးရိပ်ညက အရှက်ပြေတစ်ချက်ရယ်ရင်း..
“ဟဲ ဟဲ နတ်သမီးလေး လူ့ပြည်ဆင်းလာတဲ့အတိုင်းပဲ ကိုကြီးမြင်ရင် ကြွေပြီပဲ”
“ဟွန်း ရှင့်အစ်ကိုများ ရင်မခုန်ပေါင်”
ပြောပြောဆိုဆို မမနှင်းက ရပ်ထားတဲ့ စူပါဆလွန်းအဖြူလေးဆီ လျှောက်သွားသည်။ ဟန်ပန်ကိုက သူများ နှင့်မတူအောင် အဆင့်မြင့်နေတာ အမှန်ပါ။
တကယ်ပဲ မမနှင်းက နတ်သမီးလေးတစ်ပါးလို ကျော့ကျော့မော့မော့ ကြွကြွရွရွကလေး ဖြစ် သည်။
ယုယကြင်နာချင်စရာ လေဒီကလေးအသွင်မျိုး ဖြစ်နေတာ။ ဖက်ဆွတ်ကျတော့ ကလေးလို လို၊ ဘာလိုလိုလေးမို့ မမနှင်းကို စွဲဆောင်စရာကောင်းမှာ မဟုတ်ပါ။
မမနှင်း ပါလာသဖြင့် ဖက်ဆွတ်က အသံတိတ်ကာ အလိုလို ငုံ့လျှိုးသွားရပါသည်။
မိုးရိပ်ညက ကားသော့ ကိုင်ကာ မောင်းသူနေရာ ဖွင့်ဝင်ထိုင်လိုက်ရင်း ချစ်သူလေးဆီလည်း မျက်နှာငယ်ငယ်နှင့် အကဲခတ်ရပါသေးသည်။
ဖက်ဆွတ်မျက်နှာလေးမှာ အပြုံးအရယ်မရှိပါ။
မိုးရိပ်ညက မောင်းပြီး နှင်းရည်စိုနှင့် ဖက်ဆွတ်မိုးတို့က နောက်ခန်းမှာ ။
ဒါပေမဲ့ ကရ၀ိတ်ဝင်ပေါက်ဖက် အရောက်မှာ တော့ အင်္ကျီလက်ရှည်ဖြူ၊ စတိုင်လ်ပင်မီးခိုး ရောင် ကို သပ်သပ် ရပ်ရပ် ၀တ်ဆင်ထားသည့် အေးရိပ်ညက အသင့်စောင့်ကြိုနေပါ၏ ။
ကရ၀ိတ်ထဲ ကားအ၀င်မှာ သုံးယောက် မဟုတ်ဘဲ လေးယောက် ဖြစ်သွားသည်။ ကား မောင်းနေတဲ့ မိုးရိပ်ညက နောက်ကြည့်မှန်ထဲမှတစ်ဆင့် ဖက်ဆွတ်ကို မချိုမချဉ်လေး နှုတ်ဆက်ခမ်း စေ့ ပြုံးပြလိုက်သည်။
ဖက်ဆွတ်ကလည်း ဘေးကမမနှင်း မမြင်ရအောင် လက်မလေး ကော့ထောင်ပြလိုက်၏ ။
သူတို့နှစ် ယောက် က ချစ်သူ ဖြစ်သွားပြီမို့ မမနှင်းနဲ့ ကိုကြီးကိုလည်းပဲ ချစ်ခင်အဆင် ပြေ သင့်မြတ်စေချင်မိသည်။
သို့သော် မမနှင်းက အရင်လိုပဲ ကိုကြီးအပေါ် ပေါ့ပေါ့ဆဆပဲ သဘောထားနေဦးမှာ လားမ သိပါ။
သူ့စိတ်ထဲမှာ ဘယ်လိုရှိသလဲ ဖက်ဆွတ် မခန့်မှန်းတတ်။
အခုလည်း ဘေးဘီက မြင်ကွင်းကိုပဲ ကားပြတင်းမှ တစ်ဆင့် ငေးမောကြည့်နေသည်။ ကိုအေးရိပ်ည သူ့မရှေ့က ကူရှင်မှာ ရှိနေတယ်ဆိုတာ သတိမှပြုမိရဲ့ လားမသိပါ။
အသည်းယားစရာ ကောင်းလောက်အောင်ပင် နှင်းရည်စိုစိုက ဘာသိဘာသာ မတုန်မလှုပ် မထုံတက်တေးနိုင်လှ၏ ။
သို့သော် ဘယ်လိုပဲ ဖြစ် ဖြစ် အခုလို လေးယောက် သား ပျော်ပျော်ရွှင်ရွှင်နှင့် ပွဲလမ်းတစ်ခုသို့ အတူလာခွင့်ရတာ သည်ပင် အခြေအနေကောင်းလှပြီဟု မှတ်ယူမိသည်။
ရှေ့ဆက်တက်တာ မတက်တာတော့ သူတို့ရဲ့ ဆန္ဒပဲလေ။
ကားစတန်းမှာ ကားရပ်သည်ဆိုလျှင် မထင်မှတ်သော ပြဿနာတစ်ရပ်က သိမ်မွေ့စွာ ပေါ် ပေါက်လာသည်။
“ဟေး နှင်းရည်”
“သြော်”
ခေတ်ရှေ့ပြေး စတိုင်လ်နှင့် လူရွယ်ခပ်ချောချော တစ်ယောက် က ကားနားသို့ ကပ်လာရင်း မမနှင်းကို နှုတ်ဆက်၏ ။
သူနှုတ်ဆက်ပုံက တရင်းတနှီး။
မမနှင်းဘက်က ကားတံခါးကို ပိုင်စိုးပိုင်နိုင်း ဖွင့်ပေးပုံကသူ့ရည်းစား တစ်ယောက် အတိုင်း ပင်။
မမနှင်းက အနည်းငယ် မျက်နှာပျက်သွားသည်။
“ဘာကြည့်နေတာလဲ ကျွန်တော့်ကိုတွေ့ လို့ အံ့သြနေတယ်မို့လား”
“ဘယ်တုန်းက ပြန်ရောက်နေတာလဲ ဇော်မင်း”
“အေးဆေး ပြောမယ်”
“နှင်းက အခုရှိုးပွဲကြည့်မလု့။ ညီမလေးလည်းပါတယ်”
“ဟာကွာ ရှိုးပွဲတွေ ဘာတွေ နောက်မှကြည့်စမ်းပါ အခု ကျွန်တော် နဲ့ တွေ့ နေပြီပဲလေ”
“နှင်းတို့ နောက်မှပဲတွေ့ ရအောင်”
“မရဘူး မရဘူး နှင်းရည် ကျွန်တော့်ကို မလှိမ့်တစ်ပတ် လုပ်ဖို့ မကြိုးစားနဲ့”
မိုးညတို့ညီအစ်ကိုမှာ ၀င်ပါရအခက်၊ ကြည့်နေရအခက် ဖြစ်လာပါသည်။ အခြေအနေက သိပ်မဟန်တာ ရိပ်မိနေသော ဖက်ဆွတ်ကလည်း မမနှင်းနားကပ်၍ လက်တစ်ဖက်ကို အသာဆွဲ ထားမိသည်။
“နှင်း အချိန်သိပ်မရဘူး ဇော်မင်းရဲ့ ”
“ခဏလေးပါ ဒီလောက်တော့ အချိန်ပေးရမှာ ပေါ့”
“ဇော်မင်း ဘာပြောစရာရှိလို့လဲ”
“သူများ ရှေ့မှာ ကျွန်တော် ပြောရမှာ လား”
“ဖက်ဆွတ် မမခဏစကားသွားပြောမယ် ဖက်ဆွတ်တို့ သွားနှင့် ”
“ရတယ် မမ ဒီကပဲ စောင့်မယ်”
“သွားနှင့် လိုက်ပါ”
“စောင့်ပါမယ်ဆို”
“မမနှင်း အေးအေးဆေးဆေးသွးပြောပါ ရှိုးပွဲက မစသေးပါဘူး။ တော် ကြာ လူကွဲပြီး ပြန်ရှာရခက်မှာ စိုးလို့ ကျွန်တော် တို့ ဒီကားနားကပဲ စောင့်နေလိုက်မယ်”
“အိုကေ ဒါဆိုလည်း သင့်ခ်ယူပဲ မောင်လေး”
အေးရိပ်ည ကတော့ မျက်နှာကြီးတင်းကာ နှုတ်ဆိတ်နေသည်။ သူတို့ကားနားမှာ ရပ်ကျန် နေခဲ့ပြီ။ မမနှင်းနှင့် ဇော်မင်းဆိုတဲ့လူက ဟိုဖက်နား ခပ်လှမ်းလှမ်းသို့လျှောက်သွားကြ၏ ။
ဖက်ဆွတ်မှာ ရင်မအေးနိုင်စွာ ပင့်သက်ကလေးရှိုက်မိသည်။
မမနှင်းရဲ့ ဇာတ်လမ်းတွေ က နေရာတကာ အချိန်မရွေးလာလာငြိနေပါလား။
စိတ်ပျက်စရာကောင်းလွန်းသည်။
“ကဲ . .ပြောစရာရှိတာ မြန်မြန်ပြော ဇောမင်း၊ ငါ့အိမ်က လူတွေ ပါလာတာ နင်တွေ့ တဲ့ အတိုင်းပဲ”
“ဟိုနှစ် ကောင်က နင်နဲ့ဘာလဲ”
“ဘာမှ မဟုတ်ဘူး”
“ဇော်မင်းက ပြောတိုင်း ယုံတတ်တာ မဟုတ်ဘူးနော်”
“မယုံလည်း မတတ်နိုင်ဘူး”
တစ်ကောင်က နှင်းညီမရဲ့ လူ နောက်တစ်ကောင်က နှင်းလူမဟုတ်လား“
“အပိုတွေ လာမေးမနေနဲ့”
“နှင်းက ကျွန်တော့်ကို ဖြတ်ခဲ့တဲ့သဘောလား”
“အစကတည်းက နှင်းဘက်က လက်ခံခဲ့တာမှ မဟုတ်ဘူး”
“ဇော်မင်းရဲ့ အချစ်တွေ ကို ခံစားလို့ရပါတယ်။ အသိအမှတ်ပြုပါတယ်ဆို”
“အဲဒါ ရှင့်ကို နားလည်ပေးတာပဲ လက်ခံတာမဟုတ်ဘူးလေ”
“စကားတတ်တိုင်း မလှည့်စားနဲ့ကွာ”
“အို နှင်း ဘယ်သူ့ကိုမှ မလှည့်စာပါဘူး။ ရှင် သိပ်မှားနေပြီ ဇော်မင်း၊ နှင်းကမှ ပြန်ချစ် တယ်လို့ မပြောတာ”
“ကျွန်တော့် ကို မျှော်လင့်ချက်တွေ ဘာလို့ပေးတာလဲ”
သူက စိတ်မရှည်သလို နှင်းရည်စို ပခုံးနှစ် ဖက်ကို ဖျတ်ခနဲ ဆုပ်ကိုင်လိုက်၏ ။
နှင်းကိုယ်လေးက သူနှင့် နီးကပ်သွားသည်။
ခပ်လှမ်းလှမ်း လူရှင်းရာနေရာဆိုပေမယ့် သူတို့ဂရုတစ်စိုက်ကြည့်နေမယ်ဆိုရင် မြင်သာ လောက်တယ်လေ
“’ဒါမျိုးမလုပ်နဲ့”
နှင်းရည်စိုက သူ့လက်တွင်းမှ ရုန်းဖယ်လိုက်၏ ။
“ကျွန်တော့်စိတ်ထဲမှာ နှင်းက ကျွန်တော့်ချစ်သူပဲ။ ကိုယ့်ချစ်သူကို ထိတွေ့ တာ အခွင့် အရေး ယူတာမဟုတ်ဘူး”
“နှင်း မုန်းအောင်လုပ်နေတာလား။ နှင်းကို အရှက်ခဲနေတာလားဟင် ရှင်ပြန်တော့ ဇော်မင်း”
“ဟာ ဒီလိုဘယ်ရမလဲ”
“နှင်းနဲ့ ရှင်နဲ့ ဘာမှမဆိုင်တော့ဘူး”
“လမ်းခွဲတော့မယ်ဆိုပါတော့”
“ဟုတ်တယ်”
“နောက်ထပ် ဆွဲစရာရှိနေပြီပေါ့ ဟုတ်လား”
“ဒါက ငါ့ကိစ္စပါ”
“ကျွန်တော့်ကို လာပတ်သက်တာ အရူးလုပ်ရုံသက်သက်ပေါ့ ဟုတ်လာ”
“နင် ထင်ချင်သလို ထင်လိုက်၊ ငါ့ကို ဆက်မနှောင့်ယှက်နဲ့ ဒါပဲ”
ခပ်ဆတ်ဆတ်လေး ကြိတ်မျက်စောင်းရွယ်ကာ နှင်းရည်စို ဆတ်ခနဲ လှည့်ထွက်လာခဲ့ သည်။
ယောက်ျားလေးတွေ ဟာ မလွယ်ပါဘူး။ နည်းနည်း ပါးပါးအားနာပြီး ပြန်ရောမိရင် သူတို့က အဆင့်ကျော်တက်ချင်လာသည်။ ဒီကောင် ဇော်မင်းဟာ နည်းနည်း ရိုင်းစိုင်းလို့ နှင်းဘက်က ဖုန်း လက်ခံစကားမပြောဘဲ ရပ်တန့်ကရပ်ခဲ့တာတောင် ကြာပါပြီ။
ယခုမှ တစ်ရေး နိုးပြီး ပြဿနာလာရှာနေတာ။
“နှင်းရည်.. ဒီကိစ္စမပြီးသေးဘူး ငါ့တို့ စာရင်းရှင်းရဦးမယ် ကြားလား”
သူထပ်အော်ပြောပေမယ့် နှင်းရည်စို မကြားယောင်ဆောင်ပြီး ဆက်လျှောက်ခဲ့သည်။
သူမခြေလှမ်းလေးတွေ က ပမာမခန့်ဟန်နှင့် ခပ်အေးအေးပါပဲ။ လှမ်းမျှော်ကြည့်နေမိတဲ့ အေးရိပ်ညမှာ တော့ စိတ်ပျက်လက်ပျက်ကြီး မွန်းကြပ်လာသည်။
သူမအကြောင်းကို သိထားသည်။
သူမရှုပ်တာတွေ လည်း မျက်မြင်ကိုယ်တွေ့ ပါ။
ဒါပေမယ့်လည်း အေးရိပ်ည နှလုံးသားဟာ စိတ်ပျက်ပျက်နှင့် ပဲ မပြတ်မသား ဆက်ချစ်နေ မိသည်။
တွေ ဝေလွန်းတဲ့ အေးရိပ်ညက ကိုယ့်ကိုယ်ကိုယ် ပဲ မုန်းမိလေသည်။
“မနေ့က မမလုပ်ပုံ မရမ်းရုပ်ပျက်တာပဲ သိလား”
“ဘာလို့လဲ”
“ကိုအေးရိပ်ညကြီး မျက်စိမျပ်နှာပျက်နေတာ မတွေ့ ဘူးလား”
“အေးဟာ အဲဒီ ဇော်မင်းက သက်သက်လာရစ်နေတာ”
“ရစ်တဲ့သူတွေ ကို မမက သွားပတ်သက်ပြီး မျှော်လင့်ချင် ပေးတာကိုး”
“င့ါကို မဝေဖန်နဲ့ ဖက်ဆွတ်၊ ငါ့ကိစ္စ ငါရှင်းတတ်တယ် သိပ်ဆရာမ လုပ်နဲ့”
“ဖက်ဆွတ်က မမစိညစ်မှာ စိုးလို့ ပြောတာပါ။ ဆရာလုပ်တာ မဟုတ်ဘူး”
ဖက်ဆွတ်မိုးရဲ့ လေသံလေးက ဖျော့သွားရသည်။
တကယ်တော့ သူမက နှင်းရည်စိုစိုကို အတွန့်တက်ဝေဖန် ကန့်ကွက်ရဲသူမဟုတ် ပါ။
အော်စရာ၊ ဆူငေါက်စရာရှိရင် မမနှင်းကပဲ ဆူတာ။
ဖက်ဆွတ်မိုးက ကလေးဆန်ဆန် ခပ်အေးအေးကလေးနေတတ်သူ၊ စိတ်သဘောထား နူးညံ့ပျော့ပျောင်းပြီး ရိုးစင်းသူလေးသာ ဖြစ်သည်။
“ဘာမှ စိတ်ညစ်စရာမရှိဘူး။ အဲဒီ ဇာတ်လမ်းက ပြီးသွားပြီ နားအေးသွားပြီ”
“ကိုကြီး အေးရိပ်ည အထင်လွဲနေလားမသိဘူး”
“လွဲလည်း ဂရုမစိုက်ဘူး ဒီလောက်လေးမှ ခွင့်မလွှတ်တတ်ရင် နေပစေပေါ့”
“ကိုကြီးက မမကို ချစ်ပါတယ်”
“သူချစ်တာများ သိသားပဲ”
“မမပြန်မချစ်ဘူးလား”
“သိပါဘူးဟယ် အချစ်ဆိုတာ ဘာမှန်းကို နားမလည်တာ”
“ဟင် .. မမကလည်း”
“သြော် ..နားမလည်လို့သာ ရည်းစားမရှိတာပေါ့”
“မမဆီမှာ လား ရည်းစားမရှိတာ။ တစ်ပုံကြီးပဲ ဖက်ဆွတ်တောင် နာမည် တွေ မမှတ်မိတော့ ဘူး”
“အဲဒါ ရည်းစားမဟုတ်ဘူး ဒီအတိုင်း လေ့လာကြည့်နေတာ”
မမနှင်း သဘောထားများ ကို သူမနားမလည်ပါ။ မမနှင်းမှာ သူမထက် အတွေ့ အကြုံများ စွာ ရှိနေတာ ကတော့ အမှန်ပါ။
မနေ့ညက ကိစ္စမှာ လည်း ဖက်ဆွတ်ကသာ ဘေးကနေ အားနာမျက်နှာပူနေတာ မမနှင်းက ဘာမှ ဖြစ်ပုံမရပါ။ ကိုကြီးအေးရိပ်ညမှာ ဟက်ဟက်ပက်ပက် စကားမပြောနိုင်။ အပြန်မှာ အသား ကင်ဆိုင် ၀င်ြ ကတော့လည်း ဟုတ်တိပတ်တိမစားနိုင်ရှာ။
မမနှင်းရဲ့ နှိပ်စက်မှု တွေ နှင့် အလူးအလဲပါပဲ။
ဖက်ဆွတ်မိုးတို့စုံတွဲ မှာ သူတို့မျက်နှာကြည့်ကာ ကောင်းကောင်းမပျော်နိုင်ခဲ့ကြပေ။
နောက်တစ်နေ့ညက လသာသည်။
ဝရန်တာမှာ လက်ဖက်တစ်ပန်းကန်နှင့် ထွက်ထိုင် ဖြစ်တော့ ဖက်ဆွတ်က စကားပြန် စတာ ဖြစ်သည်။ မမနှင်းကို အေးအေးဆေးဆေး ဆင်ဆင်ခြင်ခင်လေး နေစေချင်မိသည်။
ကိုအေးရိပ်ည တစ်ယောက် တည်းကိုပဲ သတ်သတ်မှတ်မှတ် တွဲ စေချင်သည်။
မမနှင်းကြောင့် ဖက်ဆွတ်တို့နှစ် ယောက် ရှေ့ရေး မှာ လည်း ပြောပြ၊ ထောက်ပြစရာ အဖု အထစ်ပြဿနာတွေ မ ဖြစ်စေချင်ပါ။
ဖက်ဆွတ်အစ်မက လွန်တယ်ဗျာ။ ကိုကြီးအပေါ် ပစ်စလက်ခတ် သဘောထားလွန်းတယ်။ ဘာညာနှင့် မိုးရိပ်ညကပြောလာမှာ ဖက်ဆွတ်ကြောက်သည်။
အခုတော့ ဘာမှမပြောသေးပေမယ့် မိုးညကလည်း သူ့ကိုအစ်ကို ဘက်မှာ သူခံပြင်းမှာ ပေါ့။
မမနှင်းသည် သူ့ဝါသနာ သူ့အကျင့်အတိုင်း အေးရိပ်ညကိုလည်း ဟိုလိုလို ဒီလိုလိုနှင့် အချိန် ဆွဲထားတာ သူမအသိပါ။ မချစ်ဘူးလည်း မဟုတ်။ ချစ်တယ်လည်း မဟုတ်။ လက်ခံတာ လည်း မဟုတ်။ ငြင်းပယ်တာလည်း မဟုတ်။
မရေရာမသေချာမှု တွေ နှင့် သာ ကြိုးရှည်ရှည်နှင့် လှန်ထားတဲ့သဘောမျိုး ဖြစ်နေသည်။ မမနှင်း အပြုအမူတွေ ကို ဖက်ဆွတ်သဘောမတွေ့ နိုင်တာအမှန်။
အကျိုးအကြောင်းပြောလျှင်လည်း မမက မကြိုက်။
သူ့ကို ဆရာလုပ်တယ်ဟုသာ ထင်တတ်သည်။
ဖက်ဆွတ်မိုးက ပင့်သက်ငွေ့ငွေ့ကလေးရှိုက်ရင်း လက်ဖက်ပန်းကန်လေးကိုသာ ဇွန်းနှင့် မွှေးနေမိသည်။
ဒီဘက်အိမ်မှာ တော့ မိုးရိပ်ညက ကွန်ပျူတာကိုပိတ်ပြီး အညောင်းတစ်ချက် ဆန့်လိုက် သည်။
ညဘက်ဆို သူက ဘော်ဒါတွေ နှင့် မော်ဒန်လက်ဖက်ရည်ဆိုင် သွားထိုင်တတ်သည်မဟုတ် လား။
ဘီယာဆိုင် ကတော့ သိပ်မသွား ဖြစ်ပါ။
သူကိုယ်တိုင်လည်း ဘီယာကိုမကြိုက်၊ စွဲစွဲလမ်းလမ်းလည်း မသောက် ဖြစ်။
ပြီးတော့ ဖက်ဆွတ်ကလည်း သူဘီဘယာဆိုင်သွားလျှင် စိတ်ကောက်တတ်တသည်။ ဘီ ယာဆိုင်မှာ သီချင်းဆိုတဲ့ကောင်မလေးတွေ အကြောင်းများ မတော် တဆပြန်ပြောမိရင် မျက်နှာလေး စူပုတ်ပြီး သူ့ကိုအကြာကြီး စကားမပြောဘဲ ကောက်သွားတတ်၏ ။
သူတို့နှစ် ဦးကလည်း တစ်ယောက် မကြိုက်တာ တစ်ယောက် မလုပ်မိကြဖို့ ဆင်ခြင်သတိ ထားဖို့ တိုင်ပင်ကတိပြုထားကြသည်မဟုတ်လား။
မိုးရိပ်ညက ဧည့်ခန်းဖက်ထွက်လာသည်။
ကိုကြီးက ဗီစီဒီဖွင့်ကြည့်နေ၏ ။ ရဲလေးသီချင်း၊ ရေဗက္ကာဝင်းနဲ့ တွဲ ကတာလေးက မိုက် သည်။
ကိုကြီးခုနကတည်းက ထိုဗီစီဒီကို အကျယ်ကြီးဖွင့်ထားတာ သူသတိထားမိသည်။
အေးရိပ်ညက တစ်ခုခုကို စိတ်အနှောင့်အယှက် ဖြစ်နေပြီဆိုရင် သီချင်းနားထောင်တတ် သည်။ အခွေတွေ တစ်ခွေပြီးတစ်ခွေ ကြည့်နေတတ်သည်။
အဲဒါက သူ့ရဲ့ စိတ်ကလည်း ဖြေနည်းတစ်ခုပါပ။
အခုလည်း တီဗီဖန်သားပြင်ကို စူးစိုက်ကြည့်ပြီး ဘာတွေ တွေးနေသလဲ မသိပေ။
ဒီအချိန် အနားနားလိုနေတာ မင်းပါ…××××
တကယ်အရမ်းပဲ စွဲလမ်းခဲ×××
ကိုယ်တော့ပြန်လှည့်မရတော့ဘူးကွယ်×××× ကစားတော့×××
အနိုင်ယူပါကွယ်+++ My Love Make You
My baby oh… oh.. မသိနိုင်
Make you my baby…
သေချာပြီလား××× ငါ့ကို မင်းကလိုအပ်နေတာ××× ငါမင်းကို ပြောတဲ့စကားတွေ က အမှန်××× အချိုသတ်နေတာမဟုတ်ဘူး ××× သူများ လို စကားတွေ လည်း ×××မကြွယ် တတ်ဘူး××× အပိုဓာတ်တွေ ပါ××× အချိန်ရှိတိုင်းပဲ ရူးသွပ်နေတာ အဆိုဘက်တွေ မှာ ခိုကပ်မ နေပါ××× အလိုလိုက်လွန်းလို့××× သံယောဇဉ်က ယိုထွက်နေတာ××× ဒါနဲ့များ ဘာလိုသေးလဲ××× ငါ့အချစ်က မလုံလောက်ဘူးလား××× ကျန်တာတွေ မေ့ထားပြီးတော့ အိမ် ထဲမှာ ပဲ အေးဆေးနေပါ××× ပြင်ပက လေထုညစ်ညမ်းမှု လည်း မရှိဘူး××× နွေးထွေးစေတာ×× ××
ရဲလေးနှင့် ရေဗက္ကာတို့ လက်ကလေးချိတ်ပြီး ဆတ်ခနဲ ကိုယ်ကို ခါယမ်းကနေပုံကို မိုးရိပ် ည ရပ်ကြည့်နေမိသည်။ ဧည့်ခန်းမှာ အေးရိပ်ည တစ်ယောက် ပဲရှိသည်။ ဖေဖေနှင့် မေမေတို့က ထမင်းစားပွဲမှာ ညစာစာပြီး စကားလက်ဆုံကျနေတုန်းပါ။
မိုးရိပ်ညကတံခါးဖွင့်ပြီး အပြင်ဘက်ထွက်ရပ်လိုက်၏ ။
ဝရန်တာ မိန်းကလေးနှစ် ယောက် သည် ပေါ်တီကို မီးရောင် မှာ ထွက်ရပ်လိုက်တဲ့ မိုးရိပ်ည ကို ပြိုင်တူလို လှမ်းမြင်ကြသည်။
တံခါးမကြီးကို ပြန်မပိတ်သေးသဖြင့် ပျံ့လွင့်လာသော သံချင်းသံကိုလည်း ဒီဖက်ကနေ ကြားနေရပါသည်။
အချိန်ရှိတိုင်းပဲ လွမ်းတယ်ဆိုတဲ့ စကားကို ပါးစပအ်က ပြော××××
သူ့နောက်ကြောင်း အေးပါစေလို့ ဆုတောင်းရတာ ထပ်ကာ မော×××
Baby ငါ့အသည်းကို နေရာဝင်ယူနေပြီ××× လက်ကျန်သံယောဇဉ်မှန်သမျှ မင်းက ခူးဆွတ် ချေရီ××× ရပ်ပါတော့ ××× ဇာတ်လမ်းတွေ ပေးခဲ့ဖူးတဲ့ ယောက်ျားတွေ ကို ဖြတ်မှပေါ့××× ကိုယ့်ဘာသာ ငြိမ်ငြိမ်နေ အေးအေး××× မိန်းကလေး××
ဖက်ဆွတ် ကတော့ ရဲလေးသီချင်းကြိုက်သဖြင့် နှုတ်ကခပ်တိုးတိုး လိုက်ဆိုနေမိသည်။
မိုးညက ၀ရန်တာသို့ လှမ်းမော့ကြည့်လိုက်သဖြင့် ဖက်ဆွတ်တို့ကို မြင် သွားပါသည်။
လရောင် မှာ ဆံပင်ကောက်ဖွာဖွာလေးလွင့်ကာ မမနှင်းမျက်နှာ ၀င်းဝင်းပပ ပိုမိုထင်ရှားနေ ပါသည်။
လည်ကုပ်သိုင်းကြိုးလေးသာ ပါသော ပိုးသားဂါဝန်ဖြူလွှလွှနှင့် ပုံပြင်ထဲက နတ်သမီးလေး လို။
ကိုယ့်ရဲ့ ဖက်ဆွတ်လေး ကတော့ ထုံးစံအတိုင်း တီရှပ်ကလေးနှင့်သာ။ ဒါပေမယ့်လည်း ဖက်ဆွတ်မျက်နှာလေးကိုသာ ပို၍ ရင်ခုန်စွဲမက်မိသည်။
ရိုးသားအပြင်ကင်းသော ချစ်သူလေး။
မမနှင်လို မယာများ တဲ့ မိန်းကလေးမျိုး မဟုတ်တာ သူကံကောင်းလှသည်။
မိုးညက လက်ဝှေ့ယမ်းပြသဖြင့် ဖက်ဆွတ်ကလည်းအပြန်အလှန် လက်ပြသည်။
နှင်းရည်စိုက အ ဖြစ်သည်းလှသော ထိုနှစ် ယောက် ကို ပြုံးကြည့်နေမိသည်။
“နင့်ကို လှမ်းခေါ်နေတာ ဖက်ဆွတ်”
“မဟုတ်ပါဘူး”
“ညကြီးမင်းကြီးဆင်းမတွေ့ နဲ့နော်”
“အင်းပါ”
“နင်တို့ကိစ္စ လူကြီးတွေ မသိသေးဘူးမို့လား”
ဖက်ဆွတ်က ပြန်မဖြေ။ လူကြီးတွေ လည်း မသိစေချင်သေးပါဘူး။ ခုမှ ချစ်သူ တကယ် ဖြစ် တာ နှစ် ရက်နဲ့ တစ်ပိုင်းလောက်ရှိသေးတဲ့ဥစ္စာကို။
“ငါ မာမိကို ပြောပေးရမလား”
“အို မပြောပါနဲ့ဦး”
“ဒါဆို နင် ဟိုဘက်အိမ် သိပ်မသွားနဲ့နော်။ ငါ မျက်စိနောက်အောင်တော့ မလုပ်နဲ့”
“မလုပ်ပါဘူး မမနှင်းရယ်”
“မိုးညက ဆိုးတော့ မဆိုးပါဘူး။ ဒါပေမဲ့ သူ့အမေ အန်တီစိုးက ကြီးကျယ်တယ်ဟ”
“မမနှင်းထင်လို့ပါ”
“အံမယ် ထင်တာ မဟုတ်ဘူး။ ငါ ဟိုတစ်ရက်က ဖုန်းဆက်တော့ ငါ့အသံကို မမှတ်မိ ဘဲ ဘယ်သူလဲ ဘယ်ကလဲနဲ့ စစ်မေးနေတာ အေးရိပ်ညကကိုလည်း ခေါ်မပေးဘူး”
“ဟင် ဟုတ်လား”
ထိုအ ဖြစ်အပျက်ကို ဖက်ဆွတ် မသိသေးပါ။
“ငါကလည်း တခြားမိန်းကလေး ဆက်သလိုလိုပုံဖမ်း ပစ်လိုက်တာပေါ့ တမင်အကြောင်းသိ ချင်လို့ပါ။ နင့်အန်တီစိုးက ဘာပြောတယ်မှတ်လဲ။ သားကြီးမအားဘူးတဲ့ သူ့သားကဖြင့် ခြံထဲက ဒန်းပေါ်ထိုင်နေတာ ငါက မြင်နေရတယ်။ ဟား ဟာ ခေါ်ပေးလို့မရဘူးတဲ့။ သားကြီးက မိန်းက လေးတွေ နဲ့ အရည်မရ အဖတ်မရ စကားတွေ လျှောက်မပြောတတ်ဘူးတဲ့ နောက်တစ်ခါ မိတ် မဆက်နဲ့တော့တဲ့ သိလား”
ဖက်ဆွတ်က မမနှင်းစကားကို မျက်လုံးအ၀ိုင်းသားလေး နားထောင်နေမိ၏ ။
“ပြီးတော့ ဖုန်းကို ခွပ်ခနဲ ချပစ်လိုက်တယ်။ တကယ်ကြမ်းတဲ့ပုံကြီးဟဲ့။ သူ့သားတွေ က ရွှေ ထွက်နေတဲ့ ရွှေကိုယ်တော် တွေ ကျနေတာပဲ။ သားဂုဏ်က မောက်နေလိုက်တာ။ တစ်ဘက်သား မိန်းကလေးကို နှိမ်ချစော်ကားတာများ လူမထင်တဲ့အတိုင်းပဲ”
“အဲဒါ မမမှန်း မသိလို့ ဖြစ်မှာ ပါ”
“အေးလေ မသိရော သူဒီလိုလိုက်တိုနေစရာလား။ အချိန်တန်ရင် သူ့သားက မိန်းမယူမှာ ပဲ ဟာ။ တစ်သက်လုံး လူပျိုကြီးလုပ်ပြီး သူ့အနားမှာ နေမှာ မို့လို့လား။ ဖုန်းတောင် ခေါ်မပေးတာက တော့ နည်းနည်း အကဲပါ အ ဖြစ်သည်းတာပါ။ အဲဒါနဲ့ ငါလည်း အပြင်ကပ်ကပ်နဲ့ အဲဒီ ညက တစ်လုံး ဆက်ခေါ်ပြီး နှောင့်ယှက်ပေးလိုက် သူတို့အိမ်ဖုန်းက ပေဂျာမပါဘူးလေ ငါခေါ်နေမှန်းလည်း မသိရ ဘူးပေါ့။
နောက်နေ့မနက် အေးရိပ်ညကို ဖုန်းပေဂျာတပ်ဖို စီစဉ်ခိုင်းနေတာ ငါကြားတော့ ရယ်ချင် လိုက်တာဟာ မနည်း အောင့်ထားရတယ်။ သူ့သားကို မိန်းကလေးတွေ နှောင့်ယှက်လို့တဲ့။ တွေ့  တဲ့လူတွေ လိုက်ကြွားနေသေးတယ်။ တစ်ဖက်ကလည်း သူက ဂုဏ်ယူသေးတာ။ သူ့သားက ပျို တိုင်းကြိုက်တဲ့ နှင်းဆီခိုင်ကြီးပေါ့လေ ဟား ဟား”
မမနှင်းနဲ့ အန်တီစိုးတို့ ထိပ်တိုက်တွေ့ ဆုံခဲ့ကြပုံကို မမနှင်းက ရယ်ပွဲဖွဲ့နေ၏ ။
ဖက်ဆွတ်က ဘယ်လိုကာကွယ်ဖာထေး နှစ် သိမ့်ပေးရမလဲ စဉ်းစားကာ
“အဲဒိတော့လည်း ပိုကောင်းတာပေါ့ မမရယ်။ကိုကြီးကို တခြားမိန်းကလေးတွေ ချဉ်း ကပ်ဖို့ မလွယ်ဘူးပေါ့။ အန်တီစိုးက မမဘက်က ကာဘာလုပ်ထားပြီးသား ဖြစ်တာပေါ့”
“အောင်မာကြံဖန် အကောင်းမြင်သေးတယ်။ အဲဒီ အန်တီစိုးကြီးက ချွေးမတွေ ကို တင်းစီး မှာ ဟဲ့ သူနဲ့ တည့်အောင်ပေါင်းဖို့က လွယ်မှာ မဟုတ်ဘူး။ မိုးရိပ်ညကို စဉ်းစားရင် နင်လည်း အဲဒီ အချက်ကို သေချာထည့်တွက်ထားဦး”
“ဖက်ဆွတ်နဲ့က ပြေလည်ပါတယ်”
“နင်က အတီးအတနဲ့ သူချယ်လှယ်တာ ခံရင်တော့ ပြေလည်မှာ ပေါ့ ငါ ကတော့ ဒါမျိုးမရ ဘူး”
မမနှင်းဟာ တကယ်လည်း ကြက်ခေါင်းဆိတ်မခံ။ သူ မှန်မှန်မှားမှား သူ့ဘက်က အလျှော့ ပေးလိုက်လျောတာမျိုး ထုံးစံမရှိပေ။
“တစ်တစ်လေ လည်း အေးရိပ်ကြီးကို ငါလက်ခံပစ်လိုက်ချင်တယ်။ သူ့အမေကို နည်းနည်း ပါးပါး ပညာပေးချင်လို့”
မမနှင်းကလည်းနော် လူကြီးကို ပညာပေးရမယ်လိုပဲ၊ ငရဲတွေ ဘာတွေ ကြီးနေပါ ဦး မယ်“
“သူကမှ လူကြီးနေရာ အေးအေးမနေဘဲ ငါ့ကို စိန်ခေါ် နေတာလေ”
“မဟုတ်ပါဘူး။ မမနှင်း အထင်လွဲနေတာ”
“မလွဲပါဘူး။ နင်ကလည်း ငါ့ထက်ပိုသိဦးမလား”
ဖက်ဆွတ် ပါးစပ်ကလေး ပိတ်သွားရသည်။
တကယ်လည်း အရာရာမှာ မမနှင်းထက် သူမ ဘာမှ ပိုသိတာမဟုတ်ပါ။ ဤစကားက မှန်သင့်သလောက်လည်း မှန်နေသည်။
သူက ဘယ်ကိစ္စမှာ မဆို ဖက်ဆွတ်ထက် အကြားအမြင်ဗဟုသုတများ သည်။ အတွေ့  အကြုံ စုံလင်သည်။
ဒက်ဒီ့ကုမ္ပဏီကိစ္စဆိုလည်း သူပါလိုက်တာပဲ။ သူသိလိုက်တာပဲ။ မာမီ့ရဲ့ ပြင်ဦးလွင်က မက်မန်းခြံကိစ္စဆိုလည်း သူလိုက်ပါ၍ စီမံခန့်ခွဲကြီးကြပ်ပေးနိုင်သည်။
မာမီ ပြင်ဦးလွင်သွားတိုင်းလည်း သူပဲလိုက်ပါသွားတတ်တာ။ ဖက်ဆွတ်က အငယ်ပီပီ အိမ်ရဲ့ စီးပွားရေး မှာ ခုထိ ပါဝင်နိုင်ခြင်းမရှိသေးပေ။
“ငါနဲ့ ကြိုက်ပြီးလို့ ကတော့ အမေဘက်ပါရင် တွေ့ မယ်”
မမနှင်း က ကြိုတင်ကြိမ်းဝါးထားလေသည်။ ကိုယ်ကြီး ကတော့ မျက်ခုံးလှုပ်နေလောက်ပြီ။ အမေဘက်ပါရမလား။ ချစ်သူဘက်ပါရမလား။ သေချာပေါက် လွန်ဆွဲခံရတော့မည် ။
ဖက်ဆွတ်ဖြင့် ဒါတွေ မစဉ်းစားကြည့်ဖူးပါ။ အန်တီစိုးကလည်း ဖက်ဆွတ်ကိုချစ်ခင်နေတော့ ဘာမှ စိတ်ပူဖို့လည်း မလို။
မမနှင်းနဲ့ အန်တီစိုး ကတော့ အစကတည်းက အစေးသိပ်မကပ်။ ငယ်ငယ်ကတည်းက သူ့သား အေးရိပ်ညကို နင်းရည်စိုက နိုင်စားသည်ဟု သူထင်သည်။ ခိုင်းစရာရှိမှ ခေါ်တတ်တာတဲ့။
မမနှင်းက လူ တစ်ယောက် ကို လိုအပ်မှ သုံးစွဲပြီး မလိုအပ်ရင် ချေုာင်းထိုးချင်တဲ့သူ။ ကိုယ့် အစ်မမို့သာ သူ့ဘက်ကပါရပေမဲ့ အကြောင်းကိစ္စတိုင်းမှာ မမနှင်းက အထက်စီးနင်းဆန်တာတော့ လည်း အမှန်ပါ။သူအသာစီးရဖို့ပဲ အမြဲတွေးတတ်တာ။
ယောက်ျားလေး တစ်ယောက် ကို မှီခိုစားဖို့လည်း မလိုဘူးဟု ထင်နေတတ်သည်။
ပါရမီဖြည့်ဖက်အ ဖြစ် အနစ်နာခံ စွန့်လွှတ်ဖို့ထက် ခြေရာချင်းယှဉ် ၊ မာနချင်းပြိုင်ဖို့သာ တွေးတတ်နေတာ ဖက်ဆွတ်သိ၏ ။
ဒါကြောင့်လည်း မမနှင်း အိမ်ထောင်ဖက်အရွေးမှားမှာ သူမက စိတ်ပူသည်။
ဒါကိုထောက်ပြရင်လည်း ဆရာလုပ်တယ်ပဲ အပြစ်တင်ခံရဦးမှာ မို့ ဖက်ဆွတ်က မပြောတော့ပါ။
သို့ သော် ဖက်ဆွတ်သိတာ ကတော့ မမနှင်းနဲ့ ကီးကိုက်အဆင်ပြေမယ့်လူက ကိုကြီးအေး ရိပ်ည တစ်ယောက် သာ ရှိတယ်ဆိုတာပဲ။
ကိုကြီးအေးရိပ်ညက စိတ်သဘောထားကြီးမြတ်ပြီး မမနှင်းဘာပဲလုပ်လုပ် အပြစ်မမြင်ဘဲ ခွင့်လွှတ်နေတာ မဟုတ်လား။
မမနှင်းစိတ်တွေ ပြောင်းလဲနူးညံ့လာပါစေဟုသာ ဖက်ဆွတ် ဆုတောင်းရသည်။
အနီးအနားက မေတ္တာရှင် ကိုကြီးရဲ့ အချစ်တွေ ကို စာနာနားလည်သဘောပေါက်လာမည့် တစ်နေ့ကိုပဲ ဖက်ဆွတ် မျှော်လင့်သည်။
တစ်နေ့မှာ တော့ ဖက်ဆွတ်ရဲ့ ခဲအိုဟာ အေးရိပ်ညပဲ ဖြစ်ကို ဖြစ်လာမှာ ပါ။
ဒါဟာ မိုးရိပ်နှင့် ဖက်ဆွတ်တို့ရဲ့ မျှော်လင့်ချက်တစ်ခုလည်း ဖြစ်သည်။
ခုထက်ထိတော့ မမနှင်းက ကိုကြီးအေးရိပ်ရဲ့ အချစ်ကို အလေးအနက်ထား တည့်တွေးပုံမပေါ်သေးပါ။
ဖက်ဆွတ်က မမနှင်းမျက်နှာလေးကို ငေးကာ ပင့်သက်ငွေ့ငွေ့သာ ရှိုက်မိလေသည်။
*****
အန်တီစိုးတို့အိမ်မှာ အပေါ်ထပ်က အခန်းတွေ ကိုပြင်ကြ၊ အိမ်ကို ရှင်းလင်းပြင်ဆင်ကြ၊ ဈေးသွားပြီး အန်တီစိုးကိုယ်တိုင် ဟင်းအမယ်စုံအောင် ချက်ပြုတ်ကြနှင့် အားလုံး ရှုပ်ယှက်ခတ်နေ ကြသည်။
ဖက်ဆွတ်က သိချင်သဖြင့် မိုးညနား ကပ်မေးလိုက်သည်။
“မန္တလေးက ဧည့်သည်တွေ လာမှာ ဆို၊ ဟုတ်လား”
“အင်း”
“မိုးညတို့ ဆွေမျိုးတွေ လား”
“မေမေ့သူငယ်ချင်း အန်တီဝေတို့ သားအမိလာမှာ ”
“သားအမိဆိုတော့ သားနဲ့အမေပေါ့”
“မဟုတ်ဘူး၊ သမီးနဲ့ အမေ”
“ဘာရယ်…သမ်ီးပါမယ်၊ ဘယ်အရွယ်လဲ”
“ဆယ်တန်းအောင်ထားတယ်တဲ့”
“သူတို့က ဒီမှာ နေမှာ လား”
“ခဏတော့နေမှာ ပေါ့၊ ကျောင်းဖွင့်ရင် တက္ကသိုလ်တက်ဖို့ မေမေတို့ စီစဉ်ပေးလိမ့်မယ်”
ဖက်ဆွတ်က မိုးညစကားကို မျက်မှော င်ကုတ်လေးနှင့် နားထောင်နေမိသည်။ စိတ်ထဲမှာ လည်း သိပ်မရှင်း။ သားလူပျို နှစ် ယောက် ရှိတဲ့ အိမ်မှာ ဘယ်ကသမီးပျို ဧည့်သည်က ရောက်လာမှာ လဲ။
သဘောရိုးရိုးရော ဖြစ်နိုင်ပါ့မလား။
သူမရင်ထဲ ပူပန်စပြုလာသည်။ မိုးရိပ်ညပုံစံကလေး ကတော့ ခပ်တည်တည်လေးသာ။ သာမန်ကာလျှံကာလေးပဲ ဖြေနေတာလေ။
ဒီကိစ္စမှာ အခုထက် ပိုမိုနက်ရှိုင်းတဲ့ အဓိပ္ပာယ်တွေ များ ရှိနေမလားဟု ဖက်ဆွတ် ထင်မိသည်။
“အန်တီစိုးက အဲဒီ သူငယ်ချင်းကို အရမ်းခင်တယ်ထင်တယ်နော်”
“အရင်က အတူတူနေလာတဲ့သူတွေ ပဲ၊ ခင်မှာ ပေါ့၊ အဲဒါ ဘာ ဖြစ်လို့လဲ”
ဖက်ဆွတ်က နှုတ်ခမ်းလေးစူမိသည်။
ဒီထက်ပိုမေးဖို့ရာလည်း နှုတ်မရဲပါ။ ဒါပေမဲ့ ဘာရည်ရွယ်ချက်လဲဆိုတာလည်း ဖက်ဆွတ် သိချင်နေပြီ။ အကြောင်းမဲ့တော့ မိန်းမငယ်လေး တစ်ယောက် ကို အိမ်မှာ ခေါ်ထားပါ့မလား။
ဖက်ဆွတ် စိတ်အနှောင့်အယှက် ဖြစ်နေသည်။
ခါတိုင်းလိုလည်း ချက်ရေး ပြုတ်ရေး တွေ မှာ အန်တီစိုးကို သွားမကူမိပေ။
အန်တီစိုးက ငါးသလောက်ပေါင်းဖို့ ပြင်ဆင်နေ၏ ။ အန်တီစိုး။ အန်တီစိုးလက်ရာ ငါးသ လောက်ပေါင်း ဟင်းလျားက ဒီအိမ်မှာ နာမည် ကြီးပါ။ အိမ်ထဲဝင်လာတာနှင့် ငါးပေါင်းအနံ့လေးက သင်းပျံ့နေပြီး အလိုလို ဆာလောင်နေစေနိုင်သည်။
ဖက်ဆွတ်ရင်ထဲမှာ ဘာကိုမှန်းမသိ မနာလို ဖြစ်လာမိ၏
“မိုးည”
“ဟင်”
“သူတို့က အကြာကြီး နေမှာ လားဟင်”
“ငါလည်း မပြောတတ်ဘူး”
“အဲဒီ ကောင်မလေးက ချောလား”
“မသိဘူးလေ ငယ်ငယ်ကပဲ မြင်ဖူးတာ။ ငါမြင်တုန်းက ဇွန်ပန်းရုံက ကလေးပဲရှိသေးတာ ကွ”
“နာမည် က ဇွန်ပန်းရုံလား”
“အေးလေ ဘာ ဖြစ်လို့လဲ”
“ဘာမှမ ဖြစ်ပါဘူး”
![]() မင်းအကြည့်တစ်ချက်နဲ့  ပြီးပြည့်စုံ | ![]() ပကတိတောအုပ် | ![]() မိုးသည်းညကာရန် |