ကဆုန်ဖြိုးတို့က အတင့်ရဲပြီ ခြံထဲခုန်ကျော်ဝင်ဖို့ တကဲကဲ ဖြစ်နေပါသည်။
ဇာပြတင်းတံခါးမှ ချစ်သူ့ အရိပ်ကလေးကြောင့် လည်းသူပိုတက်ကြွသွားတာ။
ချိန်းစရာရှားလို့ ညသန်ခေါင်ချိန်းသည်။
ဒိုးမာန်ကို ခေါ်တုန်း ကတော့ ဝတ်မှု န်တို့ခြံရှေ့ မှာ ဂစ်တာ သွားတီးရအောင်ဆိုပြီး ခေါ်လာတာ။
မာန်ကဂစ်တာတီးကောင်ုးသူမို့ ငြင်းစရာမရှိ။
ဂစ်တာ နှစ် လက်တင် သူတို့ရဲ့ ဟွန်ဒါမော်ဒယ်မြင့်နက်ပြာရောင် ကားလေးနှင့် ထွက်လာ ကြတာ။
ဒီရောက်တော့….ဂစ်တာကို ဖြစ် ဖြစ်မြောက်မြောက်တီးရတာ မဟုတ်ဘဲ တိုက်ခံနှစ် ထပ် တိုက်အိမ်ရဲ့ အပေါ်ထပ်ညာစွန် ပြတင်းပေါက် ကို လည်ပင်းညောင်းမတတ် မျှော်ကြည့်ရတာ ။
“မင်းကွာ… မနက်ပိုင်းချိန်းတော့ ဘာ ဖြစ်မှာ လဲ”
“မရဘူးကွ…. သူ့ဖားသားကြီးနဲ့ သူ့အစ်မနဲ့ တစ်ယောက် ယောက် တော့ ဘော်ဒီဂတ်ပါတာ ချည်းပဲ”
ဒိုမာန်က မျက်နှာမဲ့ပြီး ခေါင်းတဆတ်ဆတ် ညိတ်၏ ။
ဒီလောက် စောင့် ကြပ်ကြည့်ရှုထားလိုပေပဲ။
ဝတ်မှု န်မှာ ရည်းစားတွေ က တန်းစီနေသည်။ ထိုတန်းစီသူတွေ ထဲ ဘာစိတ်ကူးပေါက်သလဲ မသိရတဲ့ဖြိုးလည်းအပါအဝင်။
ဒိုမာန် စိတ်ပျက်လက်ပျက် သက်ပြင်းရှိုက်၏
“ဒါဆိုလည်း သူထွက်လာတာ မင်းဘာသာ စောင့်ကွာ၊ ငါကားထဲ သွာထိုင်နေမယ်”
“ဟာ….အဲလိုတော့ မလုပ်နဲ့လေ”
ဖြိုးက သူလက်မောင်းကိုမြန်မြန် ဖမ်းဆွဲထား၏ ။
“မတ်တပ်မတ်တပ်နဲ့ ခြင်းတအား ကိုက်တယ်ကွ”
“ငြိမ်မနေနဲ့လေ…ခြေထောက်ကို နည်းနည်း လှုပ်ရှားပေး”
မာန် ခုန်ဆွခုန်ဆွလုပ်တော့….
“ဟာ…အဲလောက် ခြေသံ မပြင်းနဲ့ လေ၊ မတော် တဆ အဘိုကြီး နိုးသွားရင် ပြသနာပဲ”
“မင်းဝတ်မှု န်က လာဦးမှာ လား”
“လာမှာ ပါ… လူမလစ်သေးလို့ ဖြစ်မှာ ပေါ့ ၊ သူတို့အိမ်မှာ က ခွေကြည့်ဘာကြည့်နဲ့ အိပ်ရာဝင် နောက်ကျ တတ်တယ်လို့ ပြောတာပဲ”
“မသိဘူးကွာ..ကြာတယ်”
“ခဏလေးပါကွာ… စိတ်ရှည်သည်းခံပေးပါ”
“မင်းဖန်းကိစ္စက အကြောင်းမဟုတ်ဘူး၊ ဒီမှာ ငါ့ကို ခြင်ချီသွားတော့မယ်”
“ချီနိုင်ပါဘူး… မင်းကိုယ်ကြီး မနိုင်ပါဘူး၊ ဒါတော့ စိတ်ချ …ဟားဟား”
“တောက်…..မင်းကျတော့ အသံပြဲနဲ့ ရယ်တယ်”
“ခပ်အုပ်အုပ် ရယ်တာပါကွာ”
ဖြိုးက အသံကို တမင်တကာ နှိမ့် မျက်နှာပြောင်ပြသည်။ ဒီကောင် အကြောက်အလန့်ကို မရှိတာ။ ပေါပါးရွှင်မြူးနေတာ။
ဒိုးမာန်မှာ သူ့ကိုယ်စားရင်လေးနေရသည်။
မတော် တဆ သူခိုး အထင်ခံရရင်တော ဒုက္ခ။
ညကြီးအချိန်မတော် သူများ ခြံနား ရစ်သီရစ်သီ စောင့်ကြည့်နေတာ။ လှည့်ကင်းနှင့် တိုးလည်း မလွယ်။
“အေး…ရယ်နေ…ဖြိုး…ဖြိုး….တစ်ခုခု ဖြစ်လို ကတော့ မင်းကိုထားပြီးငါ ကားမောင်းပြေးပြီ သာမှတ်”
“သူငယ်ချင်းအဲလို မလုပ်တတ်တာ ကိုယ်သိပါတယ် ကိုယ့်သူငယ်ချင်း နေဒိုးမာန် သူရဲကောင်းစိတ်ဓာတ် အပြည့်ရှိပါတယ်၊ စွန့်လွတ်စွန်စားရဲပါတယ်နော်…ဟဲ…ဟဲ…ဟဲ”
“တော် ပြီ…ငှဲ…ငှဲ….ငှဲ…ငှဲ…မလုပ်နဲတော့… ကားထဲသွားထိုင်နေတာ ဣနြေ္ဒရပါတယိကွာ.. မင်းကလဲ”
“သူက ခြံပြင်ထွက်မှာ မဟုတ်ဘူး”
“ဘာ…ဒါဆို မင်းက သူများ ခြံဝင်းထဲ ကျူးကျော်ဝင်ရမယ့် သဘောလား”
“စည်းရိုးက နိမ့်နိမ့်လေးပါ”
သံဇကာကွက်နှင့် ပုဏ္ဏာရိပ်ပင်တို့က ခြံတံတိုင်း ဖြစ်ရုံသာ ကာရံထားတာတော့ အမှန်ပါ။ ခုန်ကျော်ဝင်ဖို့အလွယ်လေး။
ခြံရဲ့ သံပန်းတခါးက သော့ ခတ်ထားသည်။
ဝတ်မှု န်တိုရဲ့ ခြံရှေ့တစ်ဝိုက်က ဘုန်းကြီးကျောင်းဝင်းရဲ့ အုတ်တံတိုင်းကြီးသာ ရှိတာမို့လူလြေတိတ် မျက်ချည်ပြတ်တာတော့ အမှန်ပါ။
“မင်းဝင်ရဲရင်တော့ ဝင်ပေါ့”
“ဘာမဝင်ရဲစရာရှိလဲ”
“ကိုယ့်ဂုဏ်နဲ့ မှမလိုက်၊ ဘယ်က ကောင်မလေးတွေ ရှာကြိုက်မှန်းမသိဘူး”
“ဝတ်မှု န်က အမိုက်စားလေးကွ”
“မင်းအမိုက်စားတွေ များ နေပြီ”
“စကား မများ စမ်းပါနဲ့၊ ဟော… မာန်ရေ ကြည့်စမ်း၊ဝတ်မှု န်အခန်းက မီးပိတ်သွားပြီကွ”
“သူဘာသာ အိပ် တော့ မှာ မို့ လို့ မီးပိတ်တာပေါ့”
“ငါ့ကို ကြိုဆိုမလို့ပါ”
“ဆင်းရော ဆင်းလာမှာ မို့လို့လား”
“ဟော… ဘေးလှေကားက နေဆင်တာ ဖြစ်မယ်”
နိုက်ထဒရက်စ် အနက်ရောင် နှင့် လည်မှာ ပုဝါဖြူလေးစည်းထားသော မိန်းကလေးတစ် ယောက် က မှော င်မည်းတိတ်ဆိတ်နေပြီး ဖြစ်သော အိမ်ကြီးရဲ့ လှေကားမှ အသံမမြည် အောင်တစ် လှမ်းချင်း ဆင်းလာပါသည်။
ကဆုန်ဖြိုး လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်
“ငါဝင် သွားလိုက်မယ်၊ တစ်ခုခုဆို မင်းအချက်ပေးနော်၊လက်ဖျောက်တီးလိုက်”
“အေးပါ”ဒိုမာန်မှာ သူ့ကိုယ်စား ဘုရာတရင်း ရင်ခုန်မြန်နေရ၏
ကလေးဘဝတုန်းကလို သူများ ခြံတံခါး ဘဲလ် တွေ ခိုးနှပ်ပြီးခြေကုန်သုတ် ပြေးကြသလိုမျိုး သည်းထိတ်ရင်ဖိုကြီးခံစားရသည်။
ဆုန်ဖြိုး ကတော့ ကြောက်ဟန်မပေါ်။
ဇောကပ်ကာ မွှန်ထူနေပြီ ဖြစ်သဖြင့် ခြံစည်းရိုးကိုဖျပ်ခနဲ ခုန်ကျော်ဝင် သွားပါသည်။
မာန်က လိုက်ကြည့်နေသည်။
ဖြိုးရဲ့ လှုပ်ရှားဟန်က စုံထောက်ကားထဲကလို အင်မတန် သေသပ် ဖျတ်လတ်နေပါသည်။
ကောင်းမလေးက ဆင်းလာပြီ ဖြိုးနှင့် ဆုံသွားသည်။
ထို့နောက် နှစ်ယောက် သား လက်ချင်းချိတ်ကားအိမ်နှင့် တွဲ လျက် က ဂိုဒေါင်နောက်ဖက်နား ဝင်ရောက် ပျောက်ကွယ်သွားသည်။
“အမယ်လေး….ရင်တုန်လိုက်တာ မောင်ရယ်”
ဝတ်မှု န်က ရင်ဘက်လေး ဖိလျက် မျက်လုံးပြူးပြ၏
“စမ်းကြည့်မယ်… ဘယ်လောက်ခုန်သလဲလို့”
“သွား”
“အားလုံး အိပ်နေကြပြီလား”
“အင်း”
“ဒါဆို…အိုကေ”
“ဘာအိုကေတာလဲ…မောင်နော်”
လေသံတိုးနှင့် ဆိုရင်း ကဆုန်ဖြိုးက ဝတ်မှု န်ကိုယ်လေးကိုအားပါတရ ရင်ခွင်ထဲ ဆွဲသွင်းလိုက် သည်။
ချိုမြိန်သော အထိအတွေ့ မှာ နှစ် ဦးသား ရင်ခုန်သာယာစွာ မျောပါသွားသည်။
အတွေ့ ထူးမှာ မိန်းမူးသွားကြသည်။
ရင်ခုန်သံတို့ က ပိုပြီးမြန်ဆန်ကြမ်းလာသည်။
ပတ်ဝန်ကျင်ကို တခဏ တော့ မေ့မေ့လျော့လျော့ ဖြစ်သွားကြသည်။
ညသည် မှော င်မိုက်တိတ်ဆိတ် ငြိမ်ချက်သားကောင်းနေသည်။ သူတို့နှစ် ဦး၏ အသက်ရှူ သံ ခပ်ပြင်းပြင်းလေးတွေ မှ လွဲလျှင် အရာရာက ငြိမ်သက်လျက်ရှိသည်။
ဖြိုးသည် အချစ်မှာ ပျော်ဝင်နစ်မြုပ်နေသဖြင့် အချိန်ကုန်လို့ ကုန်မှန်း မသိချေ။ ထိုအချိန်မှာ ပင်ပြသနာက စ၏ ။
“ဟာ”
ဧည့်ခန်းမီးက လင်းသွားသည်။ အိမ်ရှေ့ မျက်နှာစာကမီးချေင်းလည်း ဗြုန်းခနဲ လင်းလာ၏ ။
“ဟယ်တော့ …ဖေဖေ..မေမေ..ဘယ်လိုလုပ်မလဲမောင်၊ အိမ်က နိုးကုန်ပြီ”
ဝတ်မှု န်က သူ့ရင်ခွင်မှ အလန်းတဖျပ် ရုန်းထွက်ကာ တုန်တုန်လှုပ်လှုပ် အသံနှင့် ဗျာများ သွားပါသည်။
အိမ်နောက်ဘက်ပဲ ပတ်ပြေရမလို… ဟန်မပျက်ဘဲအတွေ့ ခံလိုက်ရမလိုလို။
“မောင်..အမြန်သွားလေ”
သူ့ကျောကို တွန်းလွှတ်မှပြေးဖို့ သတိဝင်သည်။
ဟိုကောင်မာန်လည်း ကြိုပြီး အရိပ်ပြပါ။ လက်ဖျောက်တီးပါဆိုတာ ဘာလုပ်နေသလဲမသိ။
အရေအကြောင်းပေါ်တော့ ဆုန်ဖြိုးက မာန့်ကို အရင်ဆုံး သတိရသည်။
ဝတ်မှု န်က သူ့ဟာသူ လွတ်ရာလွတ်ကြောင်း ခြံနောက်ဖက် ဝင်ပြေးကာ လှစ်ခနဲပျောက်၏
ဝတ်မှု န်အဖေက မသင်္ကာသဖြင့် ဓာတ်မီးပါဆွဲကာခြံထဲ ဆင်ရှာသည်။ အဲဒါမှ ပြသနာပဲ။
မှော င်ရိပ်ကို ပုန်းကွယ်ရင်းဖြိုး လန့်လာမိ၏ ။
တွေ့ သွားရင်တော့ မလွယ်။ အသက်ရှူ အောင့်ထားမိ၏ ။
“ငါဒီနားမှာ လူရိပ်တွေ့ လိုက်တယ်ကွ၊ ဘယ်ရောက်သွားတ်ာလဲ…ဟေ့ကောင်…ရှာ…ရှာ”
အဘိုးကြီးနှင့် လူရွယ် တစ်ယောက် က ပတ်ရှာလိုက်လက်နှိပ်ဓာတ်မီး ထိုးလိုက် မို့ ဖြိုး ရင်တွေ တဒိန်ဒိန်းနှင့် ဗရမ်းဗတာ တုန်ခါလာဘာသည်။
“ဟေ့ကောင်…မြန်မြန်လာ”
သူလန်အော်မိတော့မလို့
ဟိုကောင်….ဒိုမာန်..လက်ကို အတင်းဆွဲပြီးပြေးစေသည်။
ပြီးတော့ ခွေးတိုးပေါက်လို အပေါက်ငယ်ကနေ သူကိုအရင် အတင်းတိုးထွက်စေ၏ ။
ဖြိုး ဘာဘာညာညာ မစဉ်စားအား ချုံပုတ်တွေ ကြားထကြ အပေါက်ကနေ ကုန်းကုန်းကွကွ အမြန်တိုးထွက်လာသည်။
နောက်ကနေ သူ့ကို ဇွတ်တွန်းရင်း ပါလာသူကမာန်။
“ဟိုမှာ …ဟိုမှာ ၊ ပြေပြီး ထင်တယ် …ပြေးပြီကွ”
“သူခိုး…သူခိုး….”
နောက်ကနေ အော်ဟစ်သံတွေ ကြားတော့ သူတို့နှစ် ယောက် သား အူယားဖားယားနှင့် ကားပေါ်ဝရုန်းသုန်းကားပြေးတက်ကာ စက်နှိုးမောင်းထွက်ခဲ့သည်။
“ဟော…ပြေးပြီး၊ ကားနဲ့လာတာ အဖေရ၊ သူခိုးတော့မ ဖြစ်နိုင်ဘူး၊ အဖေ့သမီး ရည်းစားနဲ့ ချန်တွေ့  တာပဲ ဖြစ်မယ်”
“ဘယ်မလဲ မိဝတ်မှု န်”
မောင် ဖြစ်သူရဲ့ အပြောကြောင့် အဘိုးကြီး ဒေါသ ဖြစ်စွာ နှင့် နောက်ကြောင်းလှည့်ကာ သမီး ဖြစ်သူကို ရှာဖွေပါတော့သည်။
လွတ်လွတ်ကျွတ်ကျွတ် ကားအမြန်မောင်းပြီး ထွက်ပြေးလာနိုင်သော ဖြိုးနှင့် မာန်တို့မှာ အတော် အတန် ခပ်ဝေးဝေးရောက်မှ မအောင့်နိုင်ဘဲ သူတိုအ ဖြစ်ကို သူတို့ပြန်ပြောကာခွက်ထိုး ခွက်လန် ရယ်မိကြသည်။
“ဟား…ဟား၊ ခွေးတိုးပေါက်ကနေ ထွက်လာရတယ်၊ မင်းတော့ရှာတယ်”
“အောင်မာ…ငါ အချိန်မီကယ်လို့၊ နို့မို့ဆိုရင် မင်းအဘိုးကြီးတုတ်စာ မိပြီ”
“အေးပါကွာ…ဟုတ်ပါတယ်၊ ပြေးပေါက်ရှာတဲံနေရာမှာ တော့ မင်း အရမ်းတော် ပါတယ်၊ ငါချီးမွမ်းပါတယ် ဒိုးရာ၊ ဟား….ဟာ”
“ခွေကောင်….အခုမှရယ်နေ၊ ငါ့မှာ တော့ ညကြီးမိုးချုပ် ချွေးတွေ တောင်ပြန်တယ်”
“ငါလည်း ကြောက်တာပဲကွ”
“နောက်များ တော့ အဲလို မချိန်းကြပါနဲ့ကွာ၊ တောင်ပန်ပါတယ်”
“မင်းကလဲ…ဘာမှမ ဖြစ်ပါဘူး”
ဖြိုးက သူ့ကို ပြန်နှိစ်သိမ့်ပေးနေ၏
တကယ် တရားကျဖို့ကောင်းတဲ့ကောင်ပါပဲ။
ဖြိုးကြောင့် ဒီလိုပြေးပေါက်မှာ ရတာ လည်း အကြိမ်ကြိမ်ပါပဲ။
ဒိုမာန် တစ်ယောက် သား ဒီလို ဖြိုးရဲ အနွံအတာခံနိုင်တာ
“နင် မှန်မှန်ပြောစမ်း…အဲဒါ ဘယ်ကကောင်လဲ”
ဝတ်မှု န်က ပေတေပြီး ခေါင်းငုံ့ထားရာ အဖေက အတင်းမော့စေသည်။
“ဒီလောက် တင်းတင်းကျပ်ကျပ် ထိန်းနေတဲ့ကြားက နင် ခြံထဲတောင် ခေါ်ချိန်ဝံ့တယ်ဆို တော့ ဒီကောင်က ဘာကောင်လဲ…မိကောင်းဖခင်သားသမီးတော့ ဘယ်နည်းနဲ့မှမ ဖြစ်နိုင်ဘူး”
“အို…အဲလိုတော့ မပြောပါနဲ့”
“ဒါဆို…ဘယ်လိုများ သတ်မှတ်ရမှာ လဲ…နင်ပဲဖြေလေ၊ ညကြီးသန်ကောင်သူများ သမီးပျိုကို လာဖြားယောင်းတဲ့ကောင်ကိုများ ”
“သူက အပြင်က မဟုတ်ပါဘူး”
ဝိုင်းမေးမြန်းနေသဖြင့် အမှန်အတိုင်း ဖြေရန် ဝတ်မှု န်ဆုံးဖြတ်လိုက်သည်။
“အပြင်က မဟုတ်ရင် အတွင်းကပေါ့ ဟုတ်လား”
ဝတ်မှု န်က မဝံ့မရဲနဲ့ ပါးလေးကိုပွတါရင်း ဖေဖေရဲ့ ဒေါသ မျက်ဝန်းတွေ ကိုမရဲတရဲ မျက်လွှာလှန်းကြည့်ရင်း…..
“ဟို…ဟို…ဖေဖေ့ဘော့စ်…”
“ဘာ”
“ဦးရဲသီဟရဲ့ သားပါ”
“ဘယ်လို…ပြန်ပြောစမ်း၊ ဦးရဲသီဟသား ဟုတ်လား၊ ဒီကောင်က သူဌေးသားလူရှုပ်လူပွေ. …သူ့အဖေတောင် ထိန်းမရတဲ့ကောင်”
ဝတ်မှု န်က ခေါင်မညိတ်။ ဒီကောင်မလေး ငယ်ကတည်းက ခေါင်းမာပြီးတဇွတ်ထိုးဆန် သည်။
ဆယ်တန်းကတည်းက ရုပ်ချောတဲ့ သမီး ဖြစ်သူနောက် ကောင်ကလေးတွေ တတန်းတန်း ပါတတ်သဖြင့် မောင်လေး ဖြစ်စေ နေစဉ် ကျောင်းကြိုပို့၊ ကျူရှင်ကြိုပို့ လုပ်ပြီး တင်ကျပ်ထားရတာ ။
ဝတ်မှု န်ကို အိမ်မှာ ဖုန်းပြောခွင့်လည်းမပေး။
အပြင်ထွက်ရင်လည်း တစ်ယောက် ထဲ ပေးမလွှတ်။
ဒီလို စည်းကမ်း ဘောင်တွေ ထဲကပင် ခဲရခဲဆစ်ရည်းစားသနာကိစ္စက ရှုပ်ထွေးလာသေး သည်။ ဦးသိန်းမင်းဟန်က သမီး ဖြစ်သူကို စိတ်ပျက်လက်ပျက် တောက်ခတ်မိသည်။
“တောက်”
ဟိုကောင် ငဖြိုးကိုလည်း ဒေါသ ဖြစ်သည်။
တစ်နိုင်ငံလုံးက မိန်းမလေးတွေ နှင့် ရှုပ်ရုံနှင့် အားမရဘဲ သူ့သမီးဘက်ပါ လှည့်လာသေး သည်။
ဒင်းဟာ ကောင်းတဲ့ကောင်မဟုတ်။ ဝတ်မှု န်ကို အပျော်ကြံလို့ ကတော့မရ။
ဒင်းအဖေနှင့် တိုင်ရမည် ။
မိန်းကလေးတွေ ကို တန်ဖိုးမထားသော ဦးရဲသီဟ သားကို ဦးသန်းမင်းဟန် ကြည့်မရခဲ့ တာလည်း ကြာပြီ။
“နင် မဖြတ်ရင်တော့ ငါ့အကြောင်း သီသွားမယ်နော် ဝတ်မှု န်၊ ဒီကောင့်ကို ချိန်းတွေ့ တာ ဒါ နောက်ဆုံး ဖြစ်ပစေ၊ နောက်ထပ် ဘာသံမှ မကြားချင်ဘူး၊ အကောင်းဆုံး ကတော့ အဲဒီ မိသားစုနဲ့ သွားမပတ်သက်ဖို့ဘဲ၊ အမေကြီးနော် မင်းသမီးကို ကြည့်ပြောထား၊ နောက်မှ ငါ့အဆိုးမဆိုနဲ့ ဒါပဲ”
ဝတ်မှု န်အမေက ဝတ်မှု န်အဖေကြီးကို ဒေါသလျှော့ရန် ချော့မော့ ဖျောင်းဖျနားချနေ၏ ။
ဝတ်မှု န် ကတော့ ခုထိ ရင်တုန် မပြယ်သေးပါ။
သူတို့ကား ရပ်လိုက်တာနှင့် ဒယ်ဒီကြီးခြံထဲမှာ လမ်းလျှောက်နေချိန်နှင့် တည့်တည့် တိုးပါသည်။
ကားပေါ်က ဆင်းပြီး အလျှိုလျှိုလစ်ဖို့ ကြံနေဆဲမှာ …
“ဟေ့ကောင်တွေ … ဒါ ဘယ်ကပြန်လာတာလဲ”
ဦးရဲသီဟက လှမ်းမေးလိုက်သဖြင့် နှစ် ဦးသား မျက်နှာပိုး သေသေနှင့် …
“ကျွန်တော် တို့ အပြေးလေ့ကျင့်ပြီး ပြန်လာတာပါ”
“ဒီလိုပုံစံတွေ နဲ့ အပြေးလေ့ကျင့်တယ်”
ဂျင်းဘောင်းဘီနှင့် ကမ်းထရီး ရှပ်တွေ နှင့် အဝတ်အစားတွေ ကလည်း တွန့်တွန့်ကြေကြေ။
ချုံပုတ်ထဲက ဖြတ်တိုးလာသဖြင့် အင်္ကျီမှာ မြက်ခြောက်ပင် တွေ တောင် ကပ်ငြိနေ သေးသည်။
“ဟုတ်ကဲ့”
“ငါ့ကို ညာဖို့ မစဉ်းစားနဲ့၊ ညက မင်းတို့ အိမ်မပြန်ဘူးမို့လား”
“အဲဒါက နိုက်ကလပ်”
ဒိုးမာန်က တတောင်နှင့် တစ်ချက်တွတ်သဖြင့် ဖြိုး၏ ပြောလက်စစကား ချက်ချင်း ရပ်တန့်သွားသည်။
“မဟုတ်ပါဘူး ဒက်ဒီ၊ ညက သန်းထိုက်တို့အိမ်မှာ ဂစ်တာတီးရင်း ညဥ့်နက်သွားလို့ အဲဒီ မှာ ပဲ အိပ်လိုက်တာပါ မနက်ရောက်မှ အားကစား နည်းနည်း လုပ် ပြန်လာတာ၊ ဒက်ဒီ မယုံရင် ကားထဲမှာ ဂစ်တာပါတယ်၊ ကြည့်လိုက်ပါ”
“တော် စမ်းပါကွာ၊ တစ်ယောက် တစ်မျိုး အဖြီးအဖြန်းတွေ နဲ့၊ ငါ့ကို ဘာထင်နေကြလဲ”
“ဒက်ဒီကို ဘာမှ မထင်ပါဘူး”
“နေပုံထိုင်ပုံက ပေါ့ပျက်ပျက်နဲ့၊ အခုထိ ဘာအလုပ်မှ မလုပ်ဘူး”
မွေးစားသားက နည်းနည်း တော် ပါသေးသည်။
သားအရင်း ကဆုန်ဖြိုးက ပြန်မပြော နားမထောင်နှင့် ထင်ရာစိုင်းတတ်တာ။
အပျော်အပါးလည်း အင်မတန် ခုံမင်သည်။ ပိုက်ဆံလည်း ဖြုန်းအားကောင်းသည်။
တစ်ဦးတည်းသော သားမို့ ဒီကောင် မိဘရှာထားတဲ့ စည်းစိမ်ပုံပေါ်မျာ မီးကုန်ယမ်းကုန် သော င်းကျန်းနေတာ။
“အလုပ်လုပ်စေချင်ရင် ကျွန်တော် ကို ကုမ္ပဏီခွဲတစ်ခု သပ်သပ်ထူထောင်ပေး”
“ပြောလိုက်ရင် ဒါပဲ… မင်းမှာ ဘာအရည်အချင်းရှိလို့ကုမ္ပဏီပိုင်ရှင် လုပ်ချင်တာလဲ”
“ဒက်ဒီ”
“မင်းတို့ကို ပြောရရင် လေကုန်တာပဲ ရှိတယ်”
“ဒါဆို ကျွန်တော် တို့ အိမ်ထဲ ဝင်တော့မယ်”
“နေဦး”
“ဗျာ”
“မနက်အစောကြီး ငါ့ဆီ ဘယ်သူဖုန်းဆက်လဲသိလား ဖြိုး”
“ကျွန်တော် ဘယ်လိုသိမှာ လဲ”
“မင်းအကြောင်း၊ သတင်းကောင်းတွေ ကြားရတာ လေ၊ မင်း ညက ဦးသိန်းမင်းဟန် သမီးနဲ့ သွားချိန်းတွေ့ တယ်ဆို”
“ဗျာ”
“မဟုတ်ပါဘူး ဒက်ဒီ”
“ဘာမဟုတ်တာလဲကွ… ငါ ဖြိုးကို ဆုံးမရင် မင်းက ရှေ့က ဝင်ဝင်မဖာထေးနဲ့၊ ဒီကောင် တရားလွန်နေပြီ၊ မိန်းကလေး ကိစ္စနဲ့ နာမည် ပျက်လွန်းတယ်”
ဒက်ဒီ မန်နေဂျာက သတင်းပို့ မြန်လှချည်လား၊ ဝတ်မှု န်က သူ့ကို ဖော်ကောင်လုပ်လိုက် တာလား။ ဒီကိစ္စ နှစ် ဦး သဘောတူ ချိန်းတာပဲ။ သူ့ကို လက်ခံလို့သာ သူ သွားတွေ့ တာပါ။
ကဆုန်ဖြိုး မျက်နှာက မှု န်တည်သွားသည်။
“ငါ့ကို မျက်နှာပျက်အောင် မလုပ်စမ်းနဲ့ ဖြိုးကြီး၊ မင်း အပြင်မှာ ရှုပ်တာ လွန်ပြီ၊ အခု အိမ်ထိ ပြဿနာတွေ သယ်ကပ် လာပြန်ပြီ”
“ဒယ်ဒီ အထင်မှားနေပြီ၊ အဲဒီ ဦးသိန်းမင်း သမီးကလည်း ရည်းစားတွေ ပွနေတာပါဗျာ၊ သက်သက်မယ့် ဖြိုးကို ခေါင်းစဉ်လာတပ်တာ၊ ဒါ မရိုးသားတဲ့အကြံပါ ဒက်ဒီရာ၊ စွပ်မယုံပါနဲ့”
“ဒါဆို… မင်းတို့ မျက်နှာချင်းဆိုင် ရှင်းမလား၊ မင်းတို့ ဘက်က ကင်းရှင်းရင် ရင်ဆိုင်ရဲ ရမှာ ပေါ့”
“အဲဒီ လူကြီးက ဖြိုးကို ဒက်ဒီသားမှန်းသိလို့ အလကားနေ သားမက်ဖမ်းချင်နေတာဗျ၊ ဒက်ဒီနော် လူတွေ ကို လျှော့ မတွက်နဲ့”
“အောင်မာ… ဒိုးမာန် မင်းကများ မိကျောင်းမင်း ရေခင်းပြဦးမယ်”
“ဟို… အဲလို မဟုတ်ပါဘူး၊ ကျွန်တော် က ဖြိုးကို ထောင်ချောက်ဆင်မှာ စိုးလို့ပါ”
“မင်းက ထိန်းပေးရမှာ ကွ၊ ဒီကောင့်ကို မမြှောက်ပေးနဲ့”
“ဟုတ်ကဲ့… စိတ်ချပါ ဒက်ဒီ”
“ပြောလိုက်ရင်တော့ စိတ်ချပါဒက်ဒီပဲ၊ ပြီးမှ ထင်ရာလုပ်ကြတာ၊ နောက်တစ်ခါ ဦးသန်းမင်း ဖုန်းဆက်တိုင်ရင်တော့ မင်းတို့ ကိစ္စ မင်းတို့ ရှင်းရမယ် ကြားလား… ဒါပဲ… ငါ့ မျက်စိရှေ့က သွားကြ စမ်းကွာ”
ဦးရဲသီဟသည် နာမည် ကျော် စီးပွားရေး လုပ်ငန်းရှင် တစ်ယောက် ဖြစ်တာကြောင့် မိသားစု အရေး တွေ ၊ အိမ်တွင်းရေး တွေ သိပ် အချိန်မပေးနိုင်ပါ။
ပြောရမည် ဆိုလျှင် ဇနီး ဖြစ်သူအတွက်ပင် အချိန်များ များ မပေးနိုင်။
ထို့ကြောင့် မို့လည်း လူမှု ရေး ကိစ္စ သေးသေးဖွဲဖွဲ ပြဿနာများ ကို ဖြေရှင်းပေးဖို့ သူ စိတ်မရှည်။
စိတ်လည်း မဝင်စား။ သူ့ခေါင်းထဲမှာ အချိန်ပြည့် စိုးမိုးထားတာ စီးပွားရေး ကိစ္စရပ်များ ပဲ ဖြစ်သည်။
သူ့မှာ မိသားစုအပေါ် လစ်ဟင်းမှု တွေ ၊ လိုအပ်မှု တွေ အစဉ်အမြဲရှိသည်။
သူသည် အချိန်နှင့် အမျှ ငွေကြေးနောက်ကို လိုက်နေရသူ ဖြစ်တာကြောင့် ဇနီးနှင့် သားဘက်ကို ပြန်လှည့်မကြည့်အား။
အမေလုပ်သူကလည်း သူ့နည်းတူပါပဲ။
ဒေါ်ပန်းခက်ခက် ကလည်း စိန်ရွှေရတနာဆိုင်များ နှင့် မို့ သူ့ကိစ္စတွေ နှင့် သူ အမြဲ ရှုပ်ထွေးပြီး အားလပ်ချိန် မရှိရှာ။
အထီကျန်သော သူတို့ရဲ့ သား ကဆုန်ဖြိုးဟာ ငယ်စဉ်ကပင် နေဒိုးမာန်ကိုသာ ပေါင်းသင်း ခင်မင်ခဲ့သည်။
ဆုန်ဖြိုးကြောင့် ပဲ ဒိုးမာန်ကို မရည်ရွယ်ဘဲ မွေးစား ဖြစ်တာပါ။
မိုးလင်းတာနှင့် သူ့ဒက်ဒီနှင့် မာမီက အသီးသီး ပြင်ဆင် လှုပ်ရှားကာ အပြင် ထွက်ကြဖို့ အသင့်ပြင်သည်။
ကလေး ဖြစ်သူ ဖြိုးရဲ့ အမြင်မှာ ဒီမြင်ကွင်းက ရိုးနေပြီ ဖြစ်ပေမယ့် ဒါကို သူ မကျေနပ်။
ထို့ကြောင့် ဂျစ်ကန်ကန် မျက်နှာပေးလေးဖြင့် ….
“ဒက်ဒီ… သားလည်းလိုက်မယ်၊ သားကိုခေါ်ပါ”
“ဟာ… ရုံးသွားမှာ မင်းလိုက်လို့ ဘယ် ဖြစ်မလဲ”
“ဒါဆို မာမီနဲ့ လိုက်မှာ ပဲ”
ဒက်ဒီ ငေါက်လိုက်သဖြင့် မာမီဘက်လှည့်ကာ အပူကပ် လိုက်သည်။
မာမီ့ ရင်ခွင်ထဲ တိုးဝင်ဖို့ ပြင်သည်။
“ဟဲ့… ဟဲ့… မာမီ့ရင်ထိုး ပြုတ်ကုန်မယ်”
စိန်ရင်ထိုး၊ ပတ္တမြားရင်ထိုးတွေ လိုက်ဖက်အောင် ဆင်ယင်တတ်သော မာမီက သူ့ကို အကပ်မခံဘဲ နောက်ဆုတ်သည်။
မျက်နှာထား တင်းတင်းဖြင့် တားမြစ်သည်။
“ဖြိုး… သားကြီး၊ ကောင်းကောင်းနေစမ်း၊ လူကြီးတွေ ကို မရှုပ်ရဘူး၊ မပူဆာရဘူးလို့ မင်းကို ပြောထားတယ် မဟုတ်လား”
မာမီ့ အမူအယာက သူ့အပေါ် ဘယ်တော့မှ စိတ်မရှည်။ အလုပ်များ တာကြောင့် ကိုယ်မွေး ထားသော ကလေး တစ်ယောက် အပေါ် ဘဝနှင့် ရင်းပြီး မြှုပ်နှံအချိန်မပေးနိုင်။
ငွေကြေးပြည့်စုံဖို့ပဲ အဓိကထားသည်။
သူ့မှာ ကစားစရာ အရုပ်တွေ အခန်းနှင့် အပြည့်ရှိသည်။
ကလေးစီးဆိုက်ကယ်။ မော်တော် ကား။ စက်ဘီး ဘာမှ မလို။
ခြံထဲမှာ ဒန်းတွေ ၊ စီးဆောတွေ လည်း လုပ်ပေးထားသည်။
အဝတ်အစားတွေ ဆိုရင်လည်း ဘီရိုအမြင့်ကြီးနှင့် နှစ် လုံးတောင် ရှိသည်။
ဖိနပ်စင်မှာ ဖိန်ပတွေ က အရံပေါင်းများ စါာ။
သူ့ကို ထိန်းတဲ့ နာနီ ဒေါ်အဲလစ်ရှိသည်။
သူစားချင်တာ ချက်ကျွေးမည့်  ထမင်းချက်ကြီး ဒေါ်အုန်းစိန်လည်း ရှိသည်။
ဒါပေမယ့် သူ့မှာ ကလေးအဖော်မရှိ။
မေတ္တာဖြင့် နွေးနွေးထွေးထွေး ပိုက်ထွေးယုယမည့်  သူမရှိခဲ့။
ငယ်ငယ်ကတည်းက ဗိုက်ဆာရင် နို့ဘူးသောက်၊ ကလေးအဟာရစား၊ ဒါနှင့် ပဲ တစ်စ တစ်စ ကြီးပြင်းလာရတာ ဖြစ်သည်။
သူ့စိတ်မှာ အရာရာ မကျေနပ်။
တံခါးပိတ်ရင် ဒုံးခနဲ၊ ဒိုင်းခနဲ စောင့်ပိတ်သလို လမ်းလျှောက်ရင်လည်း ကြမ်းပြင်ကို ဖနောင့်နှင့် ပေါက်ပြီး ခပ်ကြမ်းကြမ်း လျှောက်၏
ငိုစရာတွေ့ လျှင် အာပြဲနှင့် အာခေါင်ခြစ်ညပီး အော်တတ်သည်။ မာမီနှင့် ဒက်ဒီ အပြင်ထွက်သွားပြီဆိုလျှင် သူ့ကို အိမ်မှာ ဘယ်သူမှ မနိုင်တော့ပါ။
သူဟာ ကလေးဆိုးဟု သတ်မှတ်ခံရသည်။
ဒီနေ့လည်း ဖေဖေက ခြံထဲ သွားဆော့ပါဟု ဆိုသည်။
“သား ဘယ်သူနဲ့ ဆော့ရမှာ လဲ”
“ဘောလုံးပစ်ချင်ရင် အဲလက်စ်ကို ခေါ်လေ”
“ဒေါ်အဲလက်စ် က သား သူငယ်ချင်းမှ မဟုတ်တာ”
“သြော်… ငါ့နှယ် အပြင်သွားခါနီး ရင် ဒီကောင်လေး ရစ်နေတာက တစ်မျိုး”
မာမီက သူ့ပုခုံးကို တွန်းလွှတ်ရင်း …..
“စကား မများ စမ်းနဲ့သားရယ်၊ ဟိုဘက်ခြံက ကလေးတွေ နဲ့ဆိုလည်း မင်းက မကစားချင်ဘူး”
“သူတို့ အမွှာညီအစ်ကိုက သားကို အနိုင်ကျင့်တယ်”
“အမျိုးမျိုးပါလား ဖြိုးရယ်၊ ဒီအရွယ်လေးနဲ့တောင် အပေါင်းအသင်းကိစ္စ အဆင်မပြေရင် ကြီးလာတော့ မင်း ဘယ်လိုလုပ်မလဲ၊ သူများ ချည်း အားကိုးရင် ပျော့ညံ့တတ်တယ် နော် ဖြိုး၊ အခုကတည်းက ကိုယ့်အားကိုယ်ကိုးစမ်း၊ မင်းဘာသာ နေတတ်အောင်နေစမ်း၊ သိပ် ဂဂျီဂဂျောင် ကျရင် မာမီ ရိုက်မှာ နော်… ဖယ်… ကားနားမျာ မနေနဲ့”
ဒက်ဒီနဲ့ မာမီက ကားတစ်စီးစီနှင့် အသီးသီးထွက်ခွာ သွားကြပါသည်။
ဖြိုးက လက်လည်းမပြ၊ နှုတ်လည်းမဆက်တော့၊ တာ့တာလည်း မပြော။ ဒီအတိုင်း ပေကပ် ကပ်ကြီး နောက်ဆုတ်ကာ မျက်နှာပျက် မှု န်ကုပ်နေ၏ ။
ဒါပေမယ့် သူ့ဟာသူ မှု န်ကုပ်ရုံမကလို့ အော်ပဲငိုငို၊ မာမီတို့က သွားစရာ ရှိတာ သွားကြမှာ ပင်။
အရင်က ငိုယိုခုန်ပေါက်ခဲ့ဖူးပြီ။
နာနီ ဒေါ်အဲလက်စ်က လာဖမ်းချုပ် ချီပိုးချော့မော့တာပဲ ရှိမည် ။ သူ့ဆန္ဒ ကတော့ မပြည့်ပါ။ မာမီက သူ့ဆိုက်ကို ဘယ်တော့မှ ကလေးတန်းလန်းတန်းလန်း ခေါ်မည့် သူ မဟုတ်ပါ။
အိမ်မှာ ပင် ဦးနှောက်စားခံသူမှ မဟုတ်တာ။
ဖြိုးသည် လက်လျှော့ကာ လက်ပိုက်ကျန်ရစ်သော လည်း မျက်မှော င်တွန့်က တော် တော် နှင့် မပြေနိုင်။
ကျောင်းပိတ်ရက်ဆို အိမ်မှာ သူ အရမ်းပျင်းမိ၏ ။
ဟိုဘက်ခြံက အမြွှာညီအစ်ကိုနှင့် လည်း သူမခေါ်။
အောက်ကျခံပြီး အတူတူ သွားဆော့ဖို့လည်း စိတ်မကူး။
သူတို့က လူလည်ကျပြီး ဖြိုးကို စက်ဘီးတွန်းခိုင်းမည် လေ။ ဖြိုးက ဒါမျိုးမရ။ မာကြောကြော ဂျွတ်ဆတ်ဆတ်နှင့် ပြောရဆိုရခက်သော ၊ နားဝင်မလွယ်သော ဂျစ်ကန်ကန် ကလေးမို့ တော် ရုံလူနှင့် အဆင်မပြေတတ်ပါ။
ဒက်ဒီနှင့် မာမီက သူဘာတွေ ခံစားနေရသလဲ၊ ဘာတွေ ဖြစ်နေသလို၊ စိတ်ပိုင်းဆိုင်ရာအတွက် မေတ္တာ ဓာတ်လိုနေသလား၊ ဘာဘာညာညာ သူ့ဘက် ပြန်မကြည့်ခဲ့။
ဘော်လုံးကို အိမ်ရှေ့တံခါးမှန်ကွဲမတတ်သူ တဒိုင်းဒိုင်း အားနှင့် ပိတ်ကန်လျှင်…
“ဟဲ့… ဟဲ့… မှန်ကွဲမယ်လေ”
ဟု အလန့်တကြားအော်ရင်း အိမ်ထဲကနေ ဒေါ်အုန်းစိန် အူယားဖားယား ပြေးထွက်လာသဖြင့် သူ သဘောတကျနှင့် မျက်နှာမော့ပြီး အော်ရယ်ပစ်လိုက်သည်။
“အဟစ်… ဟစ်… ဟစ်… ဟစ်”
ပါးဖောင်းဖောင်းနှင့် ရယ်လိုက်သော ကလေးဖြိုးမှာ တကယ်တော့ ချစ်စဖွယ် အရွယ်လေးပါ။
တစ်နေ့မှာ ဒက်ဒီကားပေါ် ကြိုတင် တက်ထိုင်နှင့် ကာ ဘယ်လိုမှ ပြောမရတဲ့အဆုံး ဒက်ဒီက သူ့ကို စက်မှု ဇုံရှိရာ ခေါ်ဆောင်လာပါသည်။
ဒယ်ဒီပိုင်သော စက်ရုံနှင့် ဂိုဒေါင်ကျယ်ကြီးများ က တစ်မျှော်တစ်ခေါ်။
“ဟေး…”
သူ ဟေးခနဲ အော်ဟစ်ကာ ပြေးလွှားဆော့ကစားဖို့ ရည်ရွယ်သည်။
“သား.. ဒီမှာ အန္တရယ်များ တယ်။ သိပ်မဆော့နဲ့ ငြိမ်ငြိမ်နေ… ကြားလား”
ဒက်ဒီက ဒါပဲမှာ ပြီး လုပ်ငန်းခွင်ထဲက ရုံးခန်းဆီ ထွက်သွား၏ ။
ကဆုန်ဖြိုးက စက်ရုံထဲမှာ လှည့်ပတ်ကြည့်ရှုသည်။
စက်ရုံမှူးအိမ်က ကစားစရာတွေ ယူဆော့သည်။
လူကြီးစီ စက်ဘီးအဟောင်းတစ်စီးတွေ့ သဖြင့် သော့ လည်း မခတ်ထားသော သူယူပြီး ခြေတစ်ဖက်နှင့် တော့ကာ တော့ကာ နင်းကြည့်သည်။
စက်ဘီးကြီးက သူနှင့် အဆမတန်ကြီးနေပေမယ့် ဒါမျိုးမစီးဘူးတော့ သူပျော်သည်။
စက်ရုံဝင်းထဲ လှည့်ပတ်စီးနေရင်း သူ့ကို တစ်ယောက် မဟုတ်တစ်ယေက်က မြင်ညပီး အော်ဟစ် ဟန့်တားလိမ့်မည် ။
“ဟေ့ကောင်လေး… လိမ့်ကျမယ်။ စက်ဘီးသါားထား”
ဆိုရင် သေပြီးပဲ… စီးရတော့် မှာ မဟုတ်။
ဒီလိုနှင့် ကဆုန်ဖြိုးသည် စက်ဘီးကြီးကို ခြေတစ်ဘက်တော့ကာ တော့ကာ နင်းကြည့်ရင်း ဝင်းတံခါး အပြင်ဘက်က လမ်းမပေါ်အထိ အတင့်ရဲပြီး ထွက်လာပါတော့သည်။၏
လူနှင် စက်ဘီးနှင်က မလိုက်။
လူက စပို့ရှပ်အနီရဲရဲ၊ ဘောင်းဘီတို အဖြူလေးနှင့် ကွင်းထိုးဖိနပ်အနက်လေးစီးကာ အသားဖြူဆွတ်ဆွတ်ချောချော ကစ်ကစ် ကောင်ကလေး။
စက်ဘီးက ခပ်စုတ်စုတ် ချေးတွေ တလိမ်းလိမ်းနှင့် ဟောင်းနွမ်းနေသည်။
သို့ သော် ဖြိုးက ထိုစက်ဘီးပေါ် တက်မရပေမယ့် ခြေတစ်ဘက်ထိုးပြီး စောင်းကာ စောင်းကာ နင်းရတာ ပျော်မဆုံးပေ။
မနိုင်မနင်းနှင့် ပင် သဘောတကျ ရအောင်စီးလာခဲ့သည်။
“ဟေ့ကောင်… ဟိုမှာ ကား… ကား”
လမ်းချိုးထဲက အရှိန်နှင့် ပန်းထွက်လာတဲ့ကားကို သူမမြင်။ တစ်စုံ တစ်ယောက် က အော်ဟစ်ကာ အားနှင့် တွန်းဖယ်လိုက်သဖြင့် စက်ဘီးရော၊ လူရော ပစ်လဲကျသွားသည်။
“အား”
ဖြိုးလန့်သွားသည်။ လက်ရော၊ ခြေထောက်ရော နာကျင်သွားသည်။ ဟိုကားနှင့် သာ တိုက်မိလို့က တွေးရဲစရာမရှိ။ သူ မျက်လုံးပြူး ဝိုင်းလျက် ကြောက်လန့်ကာ အသံပင် မထါက်။
“ကျွတ်… သေတော့မှာ ပဲ၊ မစီးတတ်ဘဲနဲ့ လမ်းပေါ် တက်စီးရလားကွာ”
သူနှင့် ရွယ်တူခန့်ရှိမည့်  ချာတိတ်လေး တစ်ယောက် က သူ့ကို လာဆွဲထူသည်။
“မင်း… ထ ရပ်နိုင် ရဲ့ လား”
“အင်း”
“မင်း စက်ဘီးလည်း စပုတ်တိုင် ကျိုးသွားပြီ”
“ဟုတ်လား”
“ဒါပေမယ့် လူကို ကားမတိုက်မိတာဘဲ တော် လှပြီ”
“မင်း ကယ်လိုက်တာပါ၊ ကျေးဇူးပဲ”
“မင်းက ဒီက မဟုတ်ဘူးထင်တယ်”
“ငါ့ဒက်ဒီက ဟောဟိုက စက်ရုံပိုင်ရှင်ပဲကွ… ငါ့ ဒက်ဒီနဲ့လိုက်လာတာ”
“ငါ့ဦးလေးက အဲဒီ မှာ စက်ရုံမှူးကွ၊ ညစောင့် အိပ်ပေးရတာ ”
“ဟုတ်လား”
ထိုကောင်လေးက စက်ဘီးကိုတွန်းရင်း သူ့ကို ပြန်လိုက်ပို့သည်။
ဖြိုးက ထော့နှင်းထော့နင်း လျှောက်သည်။
“ဟာ… မင်း ဒူးခေါင်းမှာ သွေးတွေ နဲ့”
“လက်လည်း နာတာပဲ”
“ယောက်ျားပဲကွာ၊ တောင့်ခံပေါ့”
“မင်းနာမည် ဘယ်လိုခေါ်လဲ”
“ဒိုးမာန်”
“နေဒိုးမာန်တဲ့… မင်းကရော”
“ငါက ကဆုန်ဖြိုး”
“ကဆုန်လမှာ မွေးတာပေါ့”
“အေး… ဟုတ်တယ်”
“မင်းက သူဌေးသားပေါ့”
“အေး… ဟုတ်တယ်”
“သူဌေးသားဆိုရင် ခင်ဖို့မကောင်းဘူး၊ သူဌေးသားတွေ က သောက်ကြီးကျယ် တတ်တယ်ကွ”
“ဟာ… အဲလို မဟုတ်ပါဘူး”
ဖြိုးက အထင်မှားမှာ စိုးရိမ်သည်။
အသားညိုညိုနှင့် နွမ်းပါးပုံရသော်လည်း ရုပ်ချောပြီး ရိုးသားဖြူစင်တာလည်း အမှန်။
“မင်း ကူညီလို့ ငါကားအောက်ရောက်မသါားတာပါ၊ မင်းကို ကျေးဇူးတင်ပါတယ်ကွာ”
“ကျေးဇူးတွေ ထားလိုက်စမ်းပါ၊ ကဲ… မင်းလျှောက်ရော လျှောက်နိုင်ရဲ့ လား၊ အရမ်းနာနေလား”
“နာတော့ နာတာပေါ့ကွာ”
“မင်းက တအားဆော့တာကို”
“ဟား… ဟား… စက်ဘီးတွေ့ လို့ ခိုးပြီးစီးကြည့်တာပါ။ စီးလို့ အရမ်းကောင်းတယ်ကွ”
“တော် ပါတော့ ဖြိုးရာ”
နှစ် ယေက်သား စိတ်လက်ပေါ့ပါးစွာ ရယ်မိာကသည်။
ဖြိုးက သူငယ်ချင်း အသစ်ရတာ ကို ပို၍ ပျော်ပါသည်။ ကိုယ့်ရဲ့ ဒဏ်ရာတွေ ကိုတောင် မေ့ပြီး အားတက်ရွှင်လန်းမိသည်။
“မင်း ဘယ်မှာ နေတာလဲ”
“ရွာထဲမှာ …..”
“မင်းနဲ့ အဖေနဲ့ အမေကရော…”
“မရှိတော့ဘူး”
“ဒါဆို မင်းက ဘယ်သူနဲ့ နေတာလဲ”
“ငါ့ဦးလေးနဲ့ အဒေါ်နဲ့ အခုတလော အဒေါ်က နှင်ချထားလို့ ငါဒီမှာ ဦးလေးနဲ့ လာအိပ်တာ၊ နံနက်ပိုင်းဆို စံပယ်ပန်းတွေ ဖောက်သည် သွားပေးရတယ်။ အလုပ် မလုပ်ရင် ထမင်းစားဖို့ ခက်တယ်ကွ၊ ဒါတွေ မင်းလို သူဌေးသားက ဘာမှ သိမှာ မဟုတ်ပါဘူး။ ငါကလည်း လျှာရှည်ပြီး လျှောက်ပြောနေတာ”
“ငါ့ကို သူဌေးသားလို့ မရိစမ်းပါနဲ့၊ အခု မင်းနဲ့ငါ့နဲ့ သူငယ်ချင်း ဖြစ်သွားပြီပဲ”
“မင်း ငါ့ကို တကယ်ပေါင်းမှာ လား ဖြိုး”
“တကယ်ပေါ့ကွာ… အား….”
“မင်း ဒဏ်ရာနာနေပြီလား၊ မြန်မြန်ဆေးသွားထည့်မှ ရမယ်”
“မင်းမှာ ဆေးရှိလား”
“ဦးလေး အိမ်မှာ ရှိတယ်”
ဒီလိုနဲ့ ဒက်ဒီမသိအောင် ဒိုးမာန်တို့ ဦးလေးရဲ့ သစ်သားအိမ်လေးပေါ်မှာ နှစ် ယေက်သား ထိုင်မိကြသည်။
ဒိုးမာန်က ဖြိုးခြေထောက်နှင့် တံတောင်ဆစ်က ပွန်းပဲ့ ဒဏ်ရာတွေ ကို သေချာ ဆေးကြောပြီး ဆေးထည့်ပေးသည်။
အသက်ချင်း မကွာပေမယ့် ဒိုးမန်အမူအယာက လူကြီးလေးကဲ့သို့ ရှိသ်။
သူ့ထက် အများ ကြီး လိမ္မာရေး ခြားရှိပြီး ရင့်ကျက်နေတာ သတိထားမိသည်။ ဒဏ်ရာကို ဂွမ်းနှင့် ဖိကပ်ထားပြီး ပလာစတာ ကပ်ပုံမှာ ပညာသားပါ၏ ။
“ငါ ကတော့ နည်းနည်း ပါးပါး ထိမိခိုက်မိရင် အိမ်မှာ ပဲ ဆေးလိမ်းပြီး ပတ်တီးစီးလိုက်တာပဲ”
“ဒါတွေ ဒက်ဒီမြင်သွားရင် ငါ့ကို ဆူမျာ ဒိုးရ”
ဖြိုးက တရင်းတနှီးနှင့် ဒိုးမာန်ပခုံးကို လက်သီးဖွဖွ တစ်ချက်ထိုးလိုက်သည်။
“ညနေရောက်ရင် မင်းန်ြမှာ ပေါ့နော် ဖြိုး”
“ငါတို့အိမ် လာလည်ပေါ့ကွာ၊ ရတာ ပဲ ၊ ငါ့အိမ်မှာ စစ်တုရင် ခုံလည်းရှိတယ်၊ မင်းကစား တတ်လား”
“ရပါတယ်”
“ဒါဆို မင်းနဲ့ ငါနဲ့ စစ်တုရင် ထိုးရောအင် လာခဲ့ကွာ…”
ဒိုးမာန်က သူမေးစေ့သူပွတ်ရင်း လိုက်းကားအမှတ်ဘယ်လောက်ကို စီးသွားရင် ဖြိုးပြောတဲ့ ကမာရွတ်သံလွင်လမ်းကို ရောက်နိုင်မလဲ စဉ်းစားကြည့်နေမိသည်။ လှည်းတန်းအထိ ကတော့ ဒိုးမာန် ကောင်းကောင်းသွားတတ်သည်။
သူ စံပယ်ပန်းပို့ရုင်း ဟိုမှဒီ ဘတ်စ်ကားစီးနေကြမို့ ကျွမ်းကျင်ပြီးသားပါ။
ဖြိုါ်ကို တွေ့ တွေ့ ချင်း သူအတော် ကြီး ခင်မင်သဘောကျမိသည်။ ဖြိုးကလည်း ထိုနည်းတူစွာ ပင်။
ကျောင်းပိတ်ရက်မို့ အိမ်မှာ နေ့လည်နေ့ခင်း တီဗီဂိမ်းထိုင်ဆော့နေတုန်းမှာ ပဲ ခြံဝက တခါးဘဲလ်သံကြားသည်။
သို့ သော် ဖြိုးက မလှုပ်ပါ။
အိမ်က မဘဲဥက ထွက်ကြည့်သည်။
“အမယ်လေးတော် ၊ ဘယ်သူများ လည်း မှတ်တယ်၊ စံပယ်ပန်းရောင်းတဲ့ ကောင်လေးက လွန်လှချည်လား၊ လူကိုအလကားနေရင်း တံခါးဖွင့်ခိုင်းပြီးတော့တောင် ပန်းအတင်းရောင်းရတယ် လို့ပဲ၊တွေ့ မယ်…ဒီပန်းသည်တော့….”
ကျန်းမာရေး ဖိနပ်ကြမ်းကြီးကောက်စီးကာ ဗျစ်တောက်ဗျစ်တောက်ရေရွတ်ရင်း မဘဲဥက တံခါးဝသို့ သွားသည်။
“ပန်းသည်…နင်ဘာလို့ တံခါးဘဲလ်လာဆော့နေတာလဲ၊ ဒီမှာ အလုပ်မအားဘူး၊ ပန်းလည်း မဝယ်နိုင်ဘူး၊သွား သွား”
ပန်းတစ်အုံတစ်ထွေကြီး ကိုင်ထားသော ဒိုးမာန်မှာ မျက်နှာငယ်သွားရင်း…
“မဟုတ်ပါဘူး အန်တီ၊ ကျွန်တော် ဒီအိမ်က ဖြိုးရဲ့ သူငယ်ချင်းပါ၊ ဖြိုးရှိသလား မသိဘူး၊ ဒိုးမာန်လို့ ပြောရင် သူသိပါတယ်”
“ဘယ်လို မင်းကဖြိုးသူငယ်ချင်းက ဟုတ်မှဟုတ်ရဲ့ လား ဟယ်”
မဘဲဥက ကောင်လေးပုံစံ ခပ်နွမ်းနွမ်းကို ကြည့်ပြီးအံ့သြသွားရသည်။
ခြံတံခါးကို မဖွင့်ပေးသေးဘဲ နောက်ဘက်ပြန်လှည့်ကြည့်တော့ ဖြိုးက လူကြီးစတိုင်လ်နှင့် လျှောက်လာသည်။
“အန်တီ ဘဲဥ အပြင်မှာ ဘယ်သူလဲ”
“မင်းသူငယ်ချင်းတဲ့ ပြောတာပဲ”
“ဖြိုး..ငါပါကွ”
“ဒိုးလား..လာ..လာ…မင်းကို သတိရနေတာကွ”
ဖြိုးက ခြံတံခါးကို မြန်မြန်ဖွင့်ရင်း ထိုကောင်လေးကို ဖခုံးဖက်ကာ တိုက်အိမ်ကြီးဆီခေါ်သွား သဖြင့် မဘဲဥမှာ အငေးသားနှင့် ဘာမှမပြောနိုင်တော့။
“မင်း ရောက်လာတာ ဝမ်းသာတယ်ကွာ၊ ငါ့အခန်းထဲလိုက်ခဲ့”
ကျွန်းလှေကား ဝေ့ဝေ့ဝိုက်ဝိုက် ပြောင်လက်လက်လေးပေါ်မှ တက်ရသည်။ စတီးတန်း အလုံးခပ်ကြီးကြီးကို လက်ဝါးနှင့် ပွတ်ဆွဲရင်း ဒိုးမာန် မယုံချင်။
သူသိတဲ့ ဖြိုးက ဒီမျှ ခမ်းနားကြီးကျယ်သော နန်းတော် ပမာ အိမ်ကြီးမှာ နေထိုင်သတဲ့။
ပုံပြင်တွေ ထဲက ရွှေမင်းသားလေးအတိုင်းပါပဲ။
သူ့တစ်သက်မှာ လည်း ဒီလောက်လှပကျယ်ဝန်းတဲ့ အိမ်ကြီးကို မရောက်ဘူးပါ။
မြင်ကိုမမြင်ဘူးတာ။
ဧည့်ခန်းက ထိုင်ခုံကြီးတွေ ၊ပန်းချီကားတွေ ပန်းအိုးတွေ ကအစ ရုပ်ရှင်ထဲမှာ ကြည့်နေရတဲ့ အတိုင်း သားနားလှပလွန်းသည်။ ဒိုးသည် လှေကားတက်ရင်း ပြန်ငုံ့ကြည့်မိသည်။
ဖြိုးက ကျွန်းတံခါးရွက်ကို တွန်းဖွင့်ပြီးသူ့ကို အခန်းကျယ်တစ်ခုတွင်းသို့ ခေါ်ဆောင်လာသည်။
“ဒါ မင်းအခန်းလား ဖြိုး”
“ဟုတ်တယ်လေ”
“ဟာ…မိုက်တယ်ကွာ၊ ဒီမွေ့ယာကြီးပေါ် ငါထိုင်ကြည့်လို့ရမလား”
“ရတာ ပေါ့”
စပရိန်မွေ့ယာပေါ် ဇိမ်ကျကျ ထိုင်ကြည့်မိသည်။
“အိပ်ယာကြီးက နူးညံ့လိုက်တာကွာ၊ အိနေတာပဲ၊ မင်းဒီမှာ အိပ်တာလား”
ဒိုးမာန်မှာ သဘောကျမဆုံးပါ။
သူ့ပန်းတွေ ကိုလည်း အခန်းထဲက တန်းကလေးမှာ ချိတ်ထားလိုက်တာမို့ စံပယ်ပန်းရနံ့က တစ်ခန်းလုံး ပျံပျံသင်းအောင် မွှေးကြိုင်နေသည်။
ဒိုးက ဖြိုး၏ ပြည့်စုံသားနားမှု ကို ကြည့်ကာ ပျှော်ရွှင်စိတ်ချမ်းသာလှသည်။
လေယာဉ်ပျံအရုပ်တွေ ၊ တင့်ကားအရုပ်တွေ ၊ တစ်ခြားမွေးပွအရုပ်တွေ ကြည့်ရှုဆော့ကစား ပျော်မကုန်နိုင်။
ကလေးပီပီ နှစ် ယောက် သားအခန်းထဲမှာ ဂျွမ်းပြန်အောင် ဆော့ကစားခုန်ပေါက်ကြ၏ ။
အဲဒီ နောက်တော့ အိမ်မှာ ဖြိုးပျောက်နေပြီလားဆိုရင် စက်မှု ဇုံက ဒိုးမာန်ထံ ရောက်သွား တာချည်းပါပဲ။
ဒိုးရဲ့ ရွာထဲ တဲအိမ်လေးကို လိုက်သွားကြည့်တဲ့အခါ ဖြိုးက သူ့ကို ပိုသနားသွားမိပါသည်။
အဒေါ် ဖြစ်သူရဲ့ အရိုက်အဆဲလည်း ခံရသေးတာ။
ထို့နောက် ဖြိုးရဲ့ ဒိုးက တကယ့်ညီနောင်အစ်ကိုရင်းပမာ မခွဲမခွာနိုင်လောက်အောင် ချစ်ခင် ကျွမ်းဝင်မိကြသည်။ နှစ် ယောက် သား စက်မှု ဇုန်ဂိုဒေါင်က မပြန်ဘဲ အဲဒီ မှာ ပင် အိပ်ကြတာကြောင့် ဒက်ဒီရော မာမီပါ စိတ်ပူပြီး လိုက်လာကြသည်။
“သား အိမ်မှာ ပျင်းတယ်၊ မလိုက်ဘူး”
“ဟဲ့ ..ဒါက ဘယ်လိုပြောတာလဲ”
“ဒိုးမာန် မပါဘဲ သားပြန်ကို မပြန်ဘူး ဒါပဲ”
မိဘတွေ ကို အကြီးအကျယ် ဂျီကျပူဆာပါတော့၏ ။
“အဓိပ္ပာယ်မရှိတာ၊ မင်းက သူ့ကို ဘယ်လိုအိမ်ခေါ်လို့ရမှာ လဲ”
“မသိဘူး…သား…ဒိုးနဲ့ပဲ နေမယ်”
ကလေးငယ်၏ စွဲမိစွဲရာ သံယောဇဉ်မှာ ကြောက်မခန်းလိလိ ပြင်းထန်နေပါသည်။ ဘယ်လို မှ ဖျောင်းဖျနားချလို့မရ။
နောက်ဆုံးတော့ ဒိုးမာန်ရဲ့ ဦးလေးဆီကနေ ဒိုးမာန်ကို မွေးစားပြီး ခေါ်ယူလိုက်ဖို့အထိ ဖြိုးမိဘတွေ က စဉ်းစားဆုံးဖြတ်ရပါတော့သည်။
![]() လျှို့ဝှက်သော အချစ်ရောင် | ![]() မိုးသည်းညကာရန် | ![]() မိုးပြာရောင် အရုဏ်ဦး |