ပန်းငါးပွင့်ရဲ့ ရွှေဂဟေ
မေမေသဇင်
အချိန်တွေ တော် တော် ကြာအောင် စာအုပ်တွေ လှန်လှောကြည့်ရှုရွေးချယ်နေမိပြီးမှ သတိရ ကာနာရီလေးကိုငုံ့ကြည့်သည်။
ပန်းဆီရောင် ကြိုးကလေးနှင့် ဒိုင်ခွက်ရှည်မျောမျောနာရီလေးက “တိုးယုယလတ်” ကိုမျက်လုံး လေးဝိုင်းသွားစေပါသည်။
ဟောတော့ ဟိုကောင်လေးတွေ စောင့်နြေ ကတော့မှာ ပဲ အချိန်နက နာရီဝက်လွန်နေပါ ရောလား။
တိုးယု အားနာပြုံးကလေးကို တစ်ယောက် တည်းပြုံးကာ ကောက်ယူကြည့်လက်စ စာအုပ် ကို သူ့နေရာသူ ပြန်ထားပြီး တတ်ထာသော မျက်မှန်လေးကို ဖြုတ်ကာ ဗူးကလေးထဲ ဖွင့်ထည့်သည်။ နောက်ဆုံးဝယ်ထားခဲ့သော အသစ်စက်စက် မျက်မှန်ကလေးကို သိပ်ကြိုက်သည်။ မျက်မှန်ကိုင်းကလေးကလည်းပေါ့ပါးပြီး မျက်နှာနှင့် လိုက်ဖက်လှသလို ပါဝါဒီဂရီကလည်း အနေ တော် ပါပဲ။
မျက်မှန်အိတ်ကလေးကို လက်ထဲကိုင်ပြီး ယူထားသော စာအုပ်တွေ ပိုက်ဆံရှင်းဖို့ ခြေလှမ်း သွက်သွက်နှင့် စာအုပ်ဆိုင်ကလေး၏ ငွေရှင်းစားပွဲဆီ ခြေလှမ်း၏ ။
“ဒီစာအုပ်တွေ ရှင်းမယ်နော်”
ကြားဖြတ်တာမဟုတ်ပေမယ့် ကြားဖြတ်တာပါပဲ။ ကိုယ်က ကျော်ပြီး အော်ပြောလိုက်တာ။
ကိုယ့်ရှေ့မှာ ပိုက်ဆံရှင်းဖို့စောင့်နေတာ နှစ် ယောက် သုံးယောက် ။
ထိုအချိန်မှာ ပဲ ပိုက်ဆံအိတ် ထည့်ထားသော ဖုန်းလေးက ညင်သာစွာ မြည် လာ၏ ။
ဟင်.. အိမ်က ဖုန်းခေါ်ပြီ။
တိုးယုက ဖုန်းကို ပိုက်ဆံအိတ်ထဲက ထုတ်ယူဖို့ လက်ထဲကိုင်ထားသော မျက်မှန်အိတ်ကို စားပွဲပေါ်အသာချလိုက်၏ ။
“ဟဲလို မေမေလား”
ထင်ခဲ့သလို အိမ်ကဆက်တာပါပဲ။
“ဟုတ်ကဲ့ အခုပဲပြန်လာပါပြီ မေမေ အင်း ဟုတ်ကဲ့ မကြာပါဘူး။ သူတို့ကို ခဏစောင့်ခိုင်း ထားနော်၊ ဟုတ်ကဲ့ မ သွားပါဘူး စာအုပ်ဆိုင်မှာ ကြာနေလို့ပါ။ လာပါပြီ မေမေရယ်”
တိုးယုက ရှင်းပြပြီး ဖုန်းကို ပိုက်ဆံအိတ်ကလေးထဲ ပြန်ထည့်သည်။
လွယ်ထားသော ပိုက်ဆံအိတ်ထဲက ပိုက်ဆံအိတ်သေးသေးလေးကို ထုတ်ယူကာ.. ပိုက်ရှင်းသည်။
Baby Bag (အိတ်ပေါက်စနလေး) က ပိုက်ဆံတွေ ပဲ သပ်သပ်ထည့်ထားတာပါ။
ဆိုင်ရှင်ကလေးကလည်း သဘောကောင်းတာလား၊ ရှေ့ကစောင့်နေသော လူနှစ် ဦးကပဲ သဘောထားပြည့်တာလား မသိ။
တိုးယုကို အရင်ဦးဆုံး ရှင်းပေးပါသည်။
တိုးယုက စအုပ်ကို အကောက်ယူပြီးမှ ချထားသော မျက်မှန်ဗူးကလေးကို ယူဖို့သတိရ၏ ။
မျက်မှန်ဗူးကလေးကို ကောက်ယူပြီး ချွန်မြသော ဒေါက်မြင့်ဖိနပ်ကလေးနှင့် ခြေလှမ်းစ၏ ။ ဆိုင်ထဲသို့ တစ်ချက်မှ လှည့်မကြည့်တော့ပါ။
ဘုန်းလက်အောက်က ရှေ့မျကျော်ပြီး ပိုက်ဆံရှင်းသွားကို ဘာမှစောဒကတက်မနေတော့ ပါ။ ရှိပါစေတော့။
ကောင်မလေးပုံစံက အလောတကြီးအလျင်စလို ကိုယ်က ငါးမိနစ်ဆယ်မိနစ် ထပ် စောင့်ရလည်းပြဿနာမရှိ။
“ခင်ဗျား ဘာလို့ ရှေ့ကျော်ရတာ လဲ” ဟု မေးရမှာ ၀န်လေးသည်။ ကိုယ်က ဘယ်တော့ မဆို အဆင့်အတန်းရှိရှိ ပညာတတ်ပီသစွာ နေထိုင်ခဲ့သူပါ။ စည်းကမ်းရှိအောင်လည်း မေမေက သင်ပေးခဲ့ပါသည်။
ပြီးတော့ သည်ဆိုင်လေးထဲမှာ သူပိုပြီး မပြောချင်။ သည်ဆိုင်ဆိုတာက ဆရာဝန်တွေ ၊ ဆေးကျောင်းသားတွေ အများ ဆုံးလာသော စာအုပ်ဆိုင်၊ ဆိုင်ကလေးက ကျယ်ဝန်းတိတ်ဆိတ်ပြီး စာအုပ်လည်းစုံသည်။
ဆေးပညာပေးစာအုပ်တွေ ဆေးကျောင်းနှင့်ဆိုင်သော စာအုပ်တွေ ၊ ကျန်းမာရေး နှင့် ဆိုင် သော စာအုပ်တွေ ချည်း ရောင်းသော ဆိုင်ပါ။
ဘုန်းလက်ကို ပိုက်ဆံရှင်းပေးသော ကောင်လေးက ဖော်ရွှေတောင်းပန်သော အပြုံးနှင့် ..
“ဟိုအစ်မကို အရင်ရှင်းပေးလိုက်လို့ စိတ်မရှိပါနဲ့ဗျာ၊ သူ့ပုံစံက အရေး ကြီးနေလို့ပါ” ဟု ဆိုလာ၏
“ရပါတယ်ကွာ”
ဘုန်းလက်က ခေါင်းညိတ်၏ ။
ကောင်လေး၏ တောင်းပန်စကားကို သူလက်ခံပါသည်။ သည်ဆိုင်ဖွင့်ထားသော ကောင် လေးသည်လည်း ငွေးရှင်းစားပွဲမှာ ခဏထိုင်ရတာ ပဲ ဖြစ် ဖြစ်၊ သူ့မှာ ယဉ်ကျေးပျူငှာသော သဘော တရားနှင့် လူမှု ရေး ကို ညက်ညောစွာေ ပြာဆိုဆက်ဆံတတ်ကျင့်ရလာမှာ ပါ။
စကားကို အေးဆေးသိမ်မွေ့စွာ ပြောတတ်သူတွေ ၊ စိတ်ကို ရှည်ရှည်ထားတတ်သူတွေ သဘောထားပြည့်ဝသူတွေ နှင့် အများ ဆုံး ထိတွေ့ ဆက်ဆံနေရတာ မဟုတ်လား။
“ရပြီအစ်ကို”
“အေး အေး”
ဘုန်းလက်က ပိုက်ဆံရှင်းပြီးသော အခါ စားပွဲပေါ်ချထားသော မျက်မှန်ဗူးကို ကောက်ယူ လိုက်ပြီး စာအုပ်အိတ်ထဲကို ဆွဲကာ ကားဆီခြေလှမ်းစ၏ ။
သည်စာအုပ်ဆိုင်ကလေးကို သူ မကြာခဏဆိုသလို ရောက် ဖြစ်၏ ။
ဆရာဝန်ပေါက်စ သူ့အတွက် စာအုပ်တွေ က ဖတ်မကုန်။ မှတ်မကုန် လေ့လာစရာတွေ ချည်းပါပဲ။
သူက ထူးချွန်သော ဆရာဝန်ကြီး တစ်ယောက် ဖြစ်သည်။ ကြင်နာတတ်သော သမားတော် ကြီး တစ်ယောက် ဖြစ်ချင်သည်။
လူ့အသက်ပေါင်းများ စွာ ကို ရသလောက်ကယ်တင်ချင်သည်။ ဘုရားက ကိုယ့်ကို ဆရာဝန် တစ်ယောက် ဘ၀ ပေးသနားခဲ့တာ လူတွေ ကို တတ်စွမ်းသလောက် ကယ်တင်ကုသဖို့ပါပဲ။ သူက အဲဒီ လို ခံယူထာသည်။
သူ့စိတ်ကို အမြဲတမ်း ရှည်အောင် ဆွဲဆန့်ထား၏ ။ သူက စိတ်နည်းနည်း တိုတတ်ပါသည်။
မဟုတ်မခံစိတ်လည်း ရှိနေသည်။
စောစောတုန်းကလိုကိစ္စမျိုးကို သူသိပ်ပြီး သည်းမခံချင်ပါ။ မကောင်းတတ်လို့သာ။
လူတိုင်းမှာ ကိုယ့်ကိစ္စနှင့် ကိုယ်ပါ။
အတ္တကြီးစွာ ကြားဖြတ်တာမျိုးကို သူမုန်းသည်။ အရေး ကြီးလျှင် ကိုယ့်ဟာကိုယ် အချိန် ကို ချိန်ဆထားသင့်သည်။ ကိုယ်အရေး ကြီးတိုင်း သူများ ကြားဖြတ်စရာလား။ တော် တော် နားမလည် တာပါလား။ ဘယ်လိုကောင်မလေးမှန်း မသိ။
ကိုယ်က သည်းခံလိုက်လို့သာ ပက်ခနဲ ပြန်ပြောတတ်သာသူဆို အရှက်ကွဲပြီ။
ဘုန်းလက်က ဘာမှမပြောတော့ ဘုန်းလက်နောက်က ကောင်လေးနှစ် ယောက် လည်း ပါး စပ်ပိတ်နေကြ၏ ။ ကားမောင်းလာရင်း သူဆုံးဖြတ်မိသည်။ နောက်တစ်ခါဆို ဒါမျိုးသည်းမခံ။ ချက်ချင်း ရှင်းတာကောင်းသည်။ အောင့်သက်သက်နှင့် တအုံ့နွေးနွေး မ ဖြစ်တော့ပါ။ ကိုယ့်ဘက် က မိန်းကလေးပါလားဆိုပြီး ညှာလိုက်တာကို နောက်က ချာတိတ်နှစ် ယောက် က တစ်မျိုးထင်ချင် ထင်မှာ ။
ကိုယ်က မိန်းကလေးမို့ နှာဗူးကျပြီး ကြားဖြတ်ခံတယ်ဟု မြင်ချင်မြင်မှာ ။
ကိုယ့်ဘက်က နှမချင်းစာနာစိတ်ကို နားလည်ခံမှာ မဟုတ်။
ယောက်ျားလေးချင်းဆို ကိစ္စမရှိ။
မိန်းကလေးဆိုတော့ ရန်မ ဖြစ်ချင်၊ စကားမများ ချင်၊ အခြေအတင် ဖက် ဖြစ်မှာ ၀န်လေး သည်။ ရှက်သည်။ ကိုယ်က မိန်းမလို မိန်းမရ စိတ်ဓာတ်မရှိ။ တည်တည်တင်းတင်း ပြတ်ပြတ်သား သား နေလာခဲ့သူ တစ်ယောက် ပါ။
အိမ်ရောက်ချိန်အထိ သူ သည်ကိစ္စကို အစာမကြေချင် မနည်းကြီး အာရုံထဲက ထုတ်ပစ် ရသည်။
ဒေါသာပွနေမိတာပါ။
သူ့ရှေ့က ကျော်ဖြတ်ပြီး ကြားဖြတ်ကာ ပိုက်ဆံရှင်းသွားသော ကောင်မလေးကို သူ မှတ်ပင် မမှတ်မိပါ။ ဘယ်လိုပုံစံကလေးမှန်းပင် မကြည့်မိပါ။
“ဟာ.. သွားပြီ”
တအုံနွေးနွေးကိစ္စက သူ့ဆီထပ်တကျော့ပြန်ဝင်လာမှန်း သူမသိသေးပါ။
စာဖတ်ဖို့ မျက်မှန်ကို ဗူးထဲက ထုတ်လိုက်မှ အံ့အားသင့်ကာ ဘာလုပ်ရမှန်းမသိ ဖြစ်သွားတာပါ။
မျက်မှန်က သူ့မျက်မှန်မဟုတ်ပါ။
မိန်းမတပ် ကိုင်းလှလှလေးတစ်လက် ဖြစ်နေ၏ ။မျက်မှန်ဗူး ကတော့ သူ့ဗူးပါပဲ။
ဘုန်းလက် သေချာပြန်ကြည့်သည်။
ဗူးကလည်း သူ့ဗူးဟုတ်ပုံမရ။
ဆင်တူ ဖြစ်နေတာပါ။
ဗူးချင်ဆင်လို့လည်း မှားသွားတာ။
ဘယ်မှာ မှား သွားပါလိမ့်။
သြော်.. စာအုပ်ဆိုင်။
“Z” ဇက် စာအုပ်ဆိုင်ကလေးမှာ မှားတာ ဖြစ်လိမ့်မည် ။ အဲဒီ မှာ သူ့မျက်ဗူးကို ချထားမိပါ သည်။
သေချာသည်။ စာအုပ်ဆိုင်မှာ ပဲ မှားသွားတာ။ သူ ချက်ချင်း ပဲ ဇက်” စာအုပ်ဆိုင်ကလေးကို ဖုန်းလှမ်းဆက်၏ ။ အချိန်ဆွဲလို့မရ။
တစ်ခုတည်းသော ကွန်တက်အဆက်အသွယ်က သည်စာအုပ်ဆိုင်ပါ။
မျက်မှန်ချင်း မှားမှန်းသိလျှင် ထိုကောင်မလေးလည်း စာအုပ်ဆိုင်ကို ပြန်ဆက်သွယ်မှာ ပါ။
စာအုပ်ကိုင်ကု ပြန်ဆက်သွယ်ကြည့်လို့မှ အခြေအနေ မထူးလျှင်တော့ ဆုံးပါပြီ။
ပြန်ရဖို့နည်းလမ်းမရှိ။
“သြော် ဟုတ်ကဲ့အစ်ကို အစ်မ တစ်ယောက် ဖုန်းဆက်ပြီး ဖုန်းနံပါတ်ပေးထားပါတယ်ခင် ဗျာ။ အဲဒီ ဖုန်းနံပါတ်ကို ဆက်ပြီး မျက်မှန်ချင်း ပြန်လဲလို့ရနိုင်ပါတယ်။ အခု ကျွန်တော် ဖုန်းဆက် ပေးပါ့မယ်”
စာအုပ်ဆိုင်က ကောင်လေးက ဖုန်းနံပါတ်တစ်ခုပေးလာတော့ သူ ၀မ်းသာသွားမိသည်။
သူ့မျက်မှန်ပြန်ရနိုင်သေးသည်။
အဲဒီ မျက်မှန်ကိုင်းကလေးက ပေါ့ပါးပြီး မျက်နှာပေါ်မှာ အရမ်းနေသားကျ အဆင်ပြေလှ၏ ။
သူငယ်ချင်း တစ်ယောက် က နိုင်ငံခြားကလေ ပို့ပေးတာပါ။ သူ အရမ်းကြိုက်သည်။ ပျောက် သွားမှာ နှမြောမိ၏ ။ စာအုပ်ဆိုင်က ကောင်းလေးကို ဖုန်းနံပါတ်မှတ်ရင်း ကျေးဇူးပဲဟု ပြောမိ၏ ။
ဖုန်းခေါ်ပြီးမှ ဘုန်းလက် ဘယ်ကစမေးရမှန်းမသိပါ။ စာအုပ်ဆိုင်က ဖုန်းနံပါတ်ပဲ ပေးတာ ပါ။ ဘယ်သူဘယ်ဝါ ဘာဘာညာညာ ပြောခဲ့တာမဟုတ်။
“ဟဲလို”
တစ်ဖက်က ဖုန်းထူးသံက စူးခနဲ နားထဲဝင်၏ ။
“ဟဲလို ဘယ်သူလဲ”
မြန်မြန်ဆန်ဆန်မေးသံမှာ အသက်ရှူသံပြင်းပြင်းနှင့် မောဟိုက်နေသံပါ၏ ။
“ဘယ်သူလဲ မြန်မြန်ပြော ဒီမှာ အေးရိုးဗစ်ကနေတာ၊ သဲသဲလာ မေညိုလား”
တစ်ဖက်က သူထင်တာ တရစပ်ပြောနေ၏ ။ ဘုန်းလက်က တွေ ဝေစွာ နှင့် ..
“ ဟို မျက်မှန်” ဟု စကားစမိ၏
“ဘာမျက်မှန်လဲ မု အစ်မမှာ နာမည် ရှိတယ်။ မမယု တိုးယုယလတ်တဲ့ မျက်မှန်လို့ မခေါ်ပါနဲ့ မကြိုက်ပါဘူး နာမည် ခေါ်ပါ”
အရေး ထဲ ကောင်မလေးက ရမ်းသန်းပြောဆိုနေ၏ ။
“အခုပြောတာဘယ်သူလဲ”
“ဘုန်းလက်ပါ”
‘အခုပြောတာ ဘယ်ကဘုန်းလက်ထဲ မကြားဖူးဘူး”
“အဲဒီ မျက်မှန်နဲ့ ခဏပြောမလို့”
“လာပြန်ပြီ မျက်မှန်၊ တိုးယုယလတ်ပါဆိုနေမှ မျက်မှန်လို့ခေါ်တာလောက် မုန်းတာမရှိ ဘူး”
ကောင်မလေးက စိတ်ဆိုးမာန်ဆိုးပြောလာ၏
“မင်းတို့အိမ်မှာ အဲဒီ မျက်မှန် တစ်ယောက် ပဲရှိတာမဟုတ်လား မျက်မှန်လို့ မေးလိုက်တော့ ရှင်းသွားတာပေါ့”
ဘုန်းလက်က ကောင်မလေးစကားကို ကြည့်ပြီးအပိုင်ယူဆလိုက်၏ ။ မျက်မှန်တပ်သူ နှစ် ယောက် ဖြစ်နေလျှင် တိုးယုယလတ်ဟု တထစ်ချပြောမှာ မဟုတ်ပါ။
“မျက်မှန်တစ်လက် ဘယ်ကမလဲ ဖေဖေလည်း မျက်မှန်၊ မေမေလည်း မျက်မှန်၊ ကြီးကြီး လည်း မျက်မှန်၊ မျက်မှန်တွေ ရှိသေးတယ်ရှင့်”
ချာတိတ်မလေးက ခင်ဖို့ကောင်းလှသည်။
သွက်လက်ချက်ချာပြီး ဖြူစင်မည့် ပုံကလေး။
“အင်း မင်းအစ်မကို ခေါ်ပေးပါကွာ”
ဘုန်းလက်စကားကြောင့် ကောင်မလေးက “ဟုတ်ကဲ့” ဆိုပြီး သွားခေါ်ပေး၏ ။
ထိုအချိန်အထိ မျက်မှန်ချင်း မှားသွားခဲ့တာ စာအုပ်ဖိုးကြားဖြတ်ကျော်ရှင်းသွားသော ကောင်မလေးမှန်း သူမဆက်စပ်မိသေးပါ။ မတွေးမိတာပါ။
ထိုအချိန်က အဲဒီ ကောင်မလေးပဲ သူ့ဘေးရောက်လာခဲ့တာ မဟုတ်လား။ တခြား မိန်းက လေးမှ စာအုပ်ဆိုင်ထဲ ရှိမနေခဲ့ပါ။
သူ့မျက်မှန်ဗူးကို လောလောနှင့် မှားကောက်သွားတာလည်း အဲဒီ ကောင်မလေးပါပဲ။
“ဟဲလို”
တစ်ဖက်က ထူးသံကြောင့် ဘုန်းလက်က..
“ကျွန်တော် မျက်မှန် ပြန်လိုချင်လို့ပါ” ဟုဆိုမိ၏ ။ ရှည်ရှည်ဝေးဝေး မပြောချင်။
“အင်း အိမ်မှာ ပဲ လာယူမလား။ ကျွန်မ မျက်မှန်ယူခဲ့ဦးနော်။ အဲဒီ နေ့က အလောတကြီးနဲ့ ပိုက်ဆံရှင်းပြီး ကိုယ့်မျက်မှန်ပဲ ထင်ပြီး ကောက်ယူခဲ့တာ”
တစ်ဖက်က စကားကြောင့် ဘုန်းလက် ဆတ်ခနဲ ဖြစ်သွားသည်။ ရုတ်တရက် သူသိလိုက်သည်။
ကြားဖြတ်သွားသော ကောင်မလေး။
ကိုယ့်အလှည့်ရောက်တာ မစောင့်ဘဲ ကျော်ကာ ပိုက်ဆံရှင်းသွားခဲ့သူ။
ဘုန်းလက် နည်းနည်း တင်းသွား၏ ။
“စာအုပ်ဆိုင်မှာ ပြန်ထားပေးလိုက်ပါ”
ထပ်တစ်ကြိမ်တွေ့ ကြဖို့ ရှောင်လိုက်၏ ။
ထိုကောင်မလေး၏ စိတ်ဓာတ်ကို သူမကြိုက်။
သည်နေရာမှာ တခြားကောင်မလေးဆို အိမ်အထိ သွားယူမိမှာ ပါ။
သူ့စကားကြောင့် တစ်ဖက်က အသံတိတ်သွား၏ ။ ပြီးမှ ကောင်းပါပြီ ဟုဆို၏ ။
သူက ဖုန်းချလိုက်ပါသည်။
ဘာမှထပ်ပြီး မပြောချင်ပါ။
မျက်မှန်ချင်း မှားသွားပေမယ့် မိတ်ဆွေ ဖြစ်စရာမလို။ တွေ့ စကတည်းက သူ့အပေါ် အနိုင် ပိုင်းသွားခဲ့တာ။
“ကျွန်မ အရင်ရှင်းပါရစေနော်” ဟု တစ်ခွန်းခွင့်တောင်းခဲ့လျှင် သူအထင်ကြီးမိဦးမှာ ပါ။
ဖုန်းချပြီး ဆိုဖာမှာ ပြန်ထိုင်ကာ လက်ထဲက ဖုန်းနံပါတ်ရေး ထားသော စာရွက်လေးကို လုံး ချေပစ်လိုက်၏ ။
မတော် တဆ ဆုံတွေ့ မှု လေးကို အမှတ်တရ အထင်ကရမ ဖြစ်စေချင်ပါ။
စာအုပ်ဆိုင်မှာ မျက်မှန်သွားယူပြီးလျှင် အားလုံးပြီးပြီ။ သူမမျက်မှန်ကိုလည်း စာအုပ်ဆိုင်မှာ ပေးထားခဲ့ရုံပါ။
ကိုယ်ရောက်သွားချိန်နှင့် သူမရောက်လာချိန်လည်း တိုက်ဆိုင်မှာ မဟုတ်ပါ။ ထပ်တွေ့  စရာ မလို။
ဘုန်းလက်က မကြိုက်ရှင်းရှင်း။ ကြိုက်ရှင်းရှင်းပါ။
သည်ကောင်မလေးကို သူမကြိုက်။
အဲဒီ လိုအကျင့်ကလေး ရှိနေတာကို သူသဘောမကျတာပါ။ စည်းကမ်းမရှိတာပဲဟု သူက ယူဆသည်။
တိုးယုယက ဖုန်းကလေး အသာချပြီး နားမလည်နိုင်အောင် ဖြစ်ရပါသည်။
ဆက်ဆံရေး က ကြဲလှပါလား။
တစ်ခါမှ ဒါမျိုးမကြုံဖူးခဲ့ပါ။
ဘယ်သူကရော သူ့အိမ်ခေါ်ပြီး ကော်ဖီတိုက်မှာ မို့လို့လဲ။ ယောက်ျား တစ်ယောက် ဖြစ်ပြီး ကြီးကျယ်လွန်းလှသည်။ သူ့မျက်မှန်က ဗူးချင်းဆင်နေလို့ ကောက်ယူမိတာပဲ မဟာအပြစ်ကြီး လား။
တမင်မှားတာမှ မဟုတ်ဘဲ။
မတော် တဆ ဆိုတာရှိသည်။ မမှားသော ရှေ့နေ၊ မသေသော ဆေးသမားဆိုတာ ရှိလို့လား။
အဟင်း.. စကားပုံနှင့် လည်း ဘာမှမဆိုင်။
စကားပုံပြောင်းဦးမှ ကောက်ညှင်းက မစေးဘဲ ဆန်ကြမ်းက စေးနေလိုက်တာ။
မိန်းကလေးက မသည်းရဘဲ သူက သည်းနေလိုက်တာ စာအုပ်ဆိုင်မှာ ပဲ ပေးထားတဲ့။
တစ်စက်ကလေးမှ အားမနာတတ်သူ။
တိုးယုကလည်း အကြောင်းမသိလို့သာ။
“အိမ်မှာ လာယူပါလား” ဟု မဆင်မခြင်ဖိတ်ခေါ်မိတာပါ။ အရမ်းမှားသွားသည်။
နောက်ဆို ပွင့်ပွင့်လင်းလင်း ပောတတ်တာကို လျှော့မှ။ သူစိမ်းဆိုတာ ကိုယ့်အကြောင်း သိတာ မဟုတ်။ အထင်သေးနိုင်သည်။ အထင်လွဲနိုင်သည်။
ဆီဆိုင်ရှေ့ရောက်တော့ တန်းစီနေသော ကားက လေးငါးဆယ်စီးရှိနေသည်။
“မယု”
“ဟင်”
ညီမလေး “သမုဒယ” လှည့်ကြည့်ပြီး ခေါ်၏ ။
“ဘယ်သွားမလို့လဲ နောက်ကစီးလေ”
“ခဏနေစမ်းပါ မစောင့်ချင်ဘူး။ ရှေ့မောင်းကြည့်မယ်၊ ၀င်လို့ရတော့လည်း ၀င်တာပေါ့”
“ဟာ သူများ ပြောရင် ရှက်စရာကြီး”
“ဘာလို့ရှက်ရမှာ လဲ”
“ရှက်စရာပေါ့ ကြားဖြတ်တာမရလို့ နောက်ဆုံးမှာ ပြန်သွားစီရမှာ ”
“ရမှာ ပါ မရတော့လည်း အရင်းပဲ”
တိုးယုယ ဇွတ်ပြောလိုက်၏ ။
ဘယ်နေရာသွားသွား တန်းစီစောင့်ဆိုင်းရမှာ ကို အငြီးငွေ့ဆုံးပါ။ လုံးဝမစောင့်ချင်။
တိုးယု၏ အားနည်းချက်ပဲလားမသိ။
“ထင်တယ် ထင်တယ်”
ညီမလေးမုက တဖွဖွရေရွတ်နေ၏ ။
“ဘာထင်တာလဲ”
“အရှက်ကွဲတော့မယ်”
“ရပါတယ် ငါ ဒီလိုပဲ ကပ်ဝင်နေကျပါ”
“နောက်မှာ စီထားတဲ့ သူတွေ အားနာစရာ”
“မနာနိုင်ပါဘူး”
“မမယုကလည်း ဆရာဝန် ဖြစ်ပြီး”
“ဘာဆိုင်လို့လဲ”
သမုဒယက နှာခေါင်းလေးရှုံ့ကာ ဝေဖန်၏ ။
“အင်း .. ပြောရမယ်ဆိုရင် ဆေးကျောင်းဝင်ချိန်ကတည်းက စတာပဲ။ မြန်မြန်သွား၊ မြန်မြန် စား၊ မြန်မြန်လုပ်နဲ့ အချိန်ကို မလောက်တာ”
အဲဒါတော့ ဟုတ်သည်။
ညီအစ်မငါးယောက် စလုံး ကျောင်းသွားရမှာ ချင်း အတူတူ ထမင်းချိုင့်ကို မယုအတွက် အရင် ဦးဆုံး ထည့်ပေးရသည်။
ဘာလေးပဲ ဖြစ် ဖြစ် မမယုက ပထမဦးဆုံး၊ ဆေးကျောင်းသူဆိုောတ့ အိမ်မှာ ညီမလေးတွေ ထဲမှာ သူက ဗွီအိုင်ပီ။
တစ်ခါတစ်လေဆို မုကလေးက သိပ်မကျေနပ်ချင်ပါ။ ကိုယ်က အငယ်ဆုံး ဖြစ်ပြီး နေရာမရ။
ဆေးကျောင်းသူကြီး မယုကိုသာ အမြဲဦးစားပေးရသည်။
စာမေးပွဲနီးလို့ စာကျက်ပြီဆိုလည်း မယုဆိုတာနှင့် ဘေးဖယ်၊ ဝေးဝေးသာ သွားကျက်။
တခြားညီအစ်မတစ်တွေ က ဆေးကျောင်းမျာ မဟုတ်တာ။ တကယ်လည်း မမယုက အရမ်း ပင်ပန်းသည်။ မုကလေး သနားမိသည်။ စာအုပ်တွေ နှင့် တစ်ချိန်လုံး ခေါင်းမဖော်နိုင်။
ကျက်၍ မကုန်။ ဖတ်၍ မကုန်၊ မှတ်၍ မကုန် မေမေကဆို မယုကို သနားပိုကာ ဂရုစိုက်သည်။
“ယုအနားမှာ သွားမရှုပ်နဲ့”
“ယုစာဖတ်နေတယ် တီဗွီမဖွင့်နဲ့လေ”
“ယု အိပ်နေတယ် သီချင်းသံလျှော့”
အဲဒါတွေ အမြဲကြားနေရသည်။
ညီအစ်မငါးယောက် စလုံး ချစ်ပေမယ့် မယုကို နည်းနည်း မကပိုတာ ကျန်လေးယောက် စလုံး သိပါသည်။ အိမ်မှာ ဆိုလည်း မယုက ဘယ်တော့မှ နောက်မရောက်။
ကျောင်းမှာ လည်း စာကတော် ပြန်တော့ဦးစားပေးခံရပြန်သည်။
“မယု ဒါကျောင်းမဟုတ်ဘူး။ အိမ်လည်း မဟုတ်ဘူး” ဟု သတိပေးမိ၏ ။
ဘယ်သူက မယုကို ဦးစားပေးမှာ တဲ့လဲ၊ အားလုံး တန်းစီစောင့်ဆိုင်းနေကြတာ။
မယုက စူပါဆလွန်း အနီရဲကလေးဘေးနားမှာ မသိမသာ သွားကပ်၏ ။
အိမ်မှာ ဆိုလျှင်တော့ မယု ရေချိုးမယ်ဆို ရေချိုးခန်း ချက်ချင်း ဖယ်ပေးရပါသည်။ သို့ ပေမယ့် အခုဟာက အိမ်က ရေချိုးခန်းမဟုတ်။ ဘယ်သူက ဒါမျိုးလက်ခံမှာ တဲ့လဲ။
အိမ်မှာ ဆို ဆေးကျောင်းသူ မယုကို ဦးစားပေးရတာ တွေ များ လွန်းလို့ “မု” ကြည့်လို့မရ။ ဆရာ ၀န် ဖြစ်လာတော့လည်း ဦးစားပေးရတာ ပါပဲ။ ပိုတောင်ဆိုးသေး၊ ဆေးရုံကတစ်မျိုး၊ ဆေးခန်းက တစ်မျိုး သင်တန်းကတစ်မျိုး အမျိုးမျိုး။
မု သေချာသိလိုက်ပါပြီ။
မယုရှေ့ကို ကျန်ညီအစ်မလေးယောက် ရောက်ဖို့မလွယ်။မယုက ဆရာဝန်မကိုး။
မုတို့နောက်က ကားသည် မိုးပြာရောင် ပရီစီကလေး ဖြစ်ပါသည်။
မိုးပြာရောင် ပရီစီနှင့် စူပါဆလွန်းကြားကို မယုက ၀င်လိုက်တာပါ။
မိုးပြာရောင် ပရီစိက လက်မခံ။ ဇွတ်အတင်း စူပါဆလွန်းအနီရဲကလေးကို အသေကပ် ထားသည်။ ကြားမဖြတ်ပါနှင့် ကျော်မ၀င်ပါနှင့် ဆိုသော သဘောမျိုးပါ။ မယုကားက လုံးလုံးအပြင်ထွက်နေတာ။
“မယု ရှက်စရာကြီး ပေးမ၀င်ဘူး”
“ရပါတယ်”
မယုက ဇွတ် ပြောရခက်သည်။
ပရီစီမိုးပြာရောင် ကလေးက တံခါးဖွင့်ပြီး လူ တစ်ယောက် ဆင်းလာ၏ ။
မုတို့၏ ပါဘလေကာ (PUBLICA) အဖြူလေးဘေးမှာ လာရပ်ပြီး..
“ခင်ဗျားတို့ နောက်ကတန်းစီပါ ကြာမဖြတ်ပါနဲ့ အကုန်လုံးတန်းစီထားတာ”
သြဇာပါသော အသံညက်ညက်က မချိုဘဲ မာနေ၏ ။ ယုက ခေါင်းထုတ်ပြီး တစ်ချက်ကြည့် သည်။
သည်လူကို တွေ့ ဖူးသလိုလို သို့သော် မမှတ်မိပါ။ ဘယ်မှာ များ တွေ့ ဖူးသလဲ။
“သြော် ခင်ဗျားပဲကို”
တစ်ဖက်လူက ပိုပြီး အသံမာသွား၏ ။
“ခင်ဗျား မကျော်နဲ့ နောက်ကတန်းစီ”
တိုးယုက သူ့ကို မကျေမနပ်ကြည့်ကာ..
“တစ်စီးတည်းပဲ အရေး ကြီးလို့ ပေးဝင်လိုက်ပါ” ဟု ဆိုမိ၏ ။
ကိုယ်က ကြားဖြတ်ဝင်ပြီးမှတော့ နောက်မှ သွားပြန်တန်းမစီချင်ပါ။ ညီမလေး ဖြိုးမုပြော သလို ရှက်စရာကြီး။ သည်လူကလည်း ယောက်ျား ဖြစ်ပြီး နည်းနည်း ကလေးမှ သည်းခံစိတ်က မရှိပါလား။
“တစ်စီးလည်းမရဘူး။ ကျွန်တော့်ရှေ့က လာမကျော်နဲ့ လုံးဝမပေးမ၀င်ဘူး”
တိုးယုယလတ်က ပင့်သက်ရှိုက်သည်။
ကွယ်..ခက်လိုက်တာ။
ဂွတီးဂွကျလူနဲ့မှ လာတွေ့ နေရတာ ပါ။
မရဘူးဆို မရဘူးပဲ ပြောနေပါလား။
ယု ဘာဆက်လုပ် ရမလဲ။
“စာအုပ်ဆိုင်မှာ လည်း ခင်ဗျား ရှေ့က ကျော်ရှင်းပြီး ပြီ အဓိပ္ပာယ်မရှိတာဗျာ”
ယုက နှုတ်ခမ်းလေးပွင့်ဟကာ အံ့သြသွား၏ ။
သြော် သူကိုး..
မျက်မှန်ချင်း မှားသွားတာ။
သူက ယုကို မကျေမနပ် ဖြစ်နေတာကိုး။
“ကောင်းပြီလေ ရှင်သွား၊ ရှင့်နောက်က ၀င်ပါမယ်၊ နောက်ကကား ဘာမှမပြောရင် ပြီးတာပဲ လေ”
သူက ချာခနဲလှည့်ကာ ကားဆီပြန်လျှောက်သွားပြီး ၀ုန်းခနဲ ၀င်ထိုင်တံခါးပိတ်၏ ။
တိုးယုယမျက်နှာကလေး ပျက်နေသည်။ ပရီစိနောက်က ကားကို တစ်စီးလောက်ဟု မျက်နှာငယ်နှင့် တောင်းရတော့မည် ။
“မရပါဘူးလို့ မုပြောသားပဲ”
“ဖြိုးမုရယ် တိတ်တိတ်နေပါ”
တိုးယုက ကားတန်းရွေ့တော့ ပရီစိရှေက မ၀င်ဘဲ နောက်က တောင်းအေ့စ် ကားကို လက်ပြပြီး တောင်းလိုက်၏ ။
တောင်းအေ့စ်က (Town Ace) ပေးဝင်ပါသည်။ မယုက မိန်းမလေးကို အားနာကာ သိပ်မပြောတာ ဖြစ်လိမ့်မည် ။
ဖြိုးမုက ပင့်သက်ရှိုက်၏ ။ တော် ပါသေးရဲ့ ။
ဘုန်းလက်က နောက်ကြည့်မှန်ထဲကနေ တစ်ချက်ကြည့်လိုက်၏ ။ သူ ဒေါသမပြေချင်သေး ပါ။ သည်ကောင်မလေးကို မမှတ်မိဘူးဟုထင်ထားခဲ့တာ။ တကယ်တမ်း ပြန်တွေ့ တော့ မှတ်မိ နေသည်။
တိုက်တိုက်ဆိုင်ဆိုင် ထိုနေ့က အင်္ကျီအစိမ်းရောင် ကလေးကိုပဲ ပြန်ဝတ်ထားလို့များ လား။ အစိမ်းနှင့် အနက်တီရှက်ကလေးက ဆန်းပြီး မှတ်မိလွယ်သည်။
သူ့နောက်က တောင်းအေ့စ်က ထိုကောင်မလေးကို ပေးဝင်ပါသည်။ သူအောင့်သက်သက် နှင့် ငြိမ်နေလိုက်ရ၏ ။ နောက်ကက ကားက ပေးဝင်မှတော့ သူဘာမှ ပြောစရာမရှိ။ သူအနေသာကြီးပါ။
သည်ကောင်မလေး၏ ကြားဖြတ်ကျော်ဝင်တတ်သော အကျင့်က တော် တော် စိတ်ပျက်ဖို့ ကောင်းသည်။
ဘာလို့များ အားနာသိတတ်မှု ကလေး မရှိရတာ လဲ။ ကိုယ်ချင်းစာတရား နည်း နည်း ရှိဖို့ ကောင်းသည်။
ဘာကြီးမှန်းမသိဘူး
ဘုန်းလက်က သူ့ဒေါသကို လျှော့ချရသည်။
သည်ကောင်မလေးနှင် ပတ်သက်လာတိုင်း သူစိတ်ဆိုးရသည်။ ဒေါသ ဖြစ်ရသည်။ မကျေ မနပ် ဖြစ်ရသည်။
ဓာတ်ဆီစာအုပ် စလစ်သွားဖြတ်တော့ ကားမောင်းသော တိုးယုယလတ်က မဆင်းဘဲ သူ့ညီမလေးက ဆင်းလာ၏ ။
ကလေးမလေးက သွက်သွက်လက်လက် ရွှင်ရွှင်လန်းလန်းကလေး လုံးဝ ဖြူစင်အပြစ် ကင်းသည်။
သူ့ဘေးနားရောက်လာပြီး စာအုပ်ထပ်သည်။ သူ့ကို နူးညံ့သော အပြုံးကလေးနှင့်နှုတ် ဆက်၏ ။ သူလည်း ပြန်ပြုံးပြမိပါသည်။
ဖုန်းထဲမှာ စကားဆိုဖူးသော ချာတိတ်မလေး ဖြစ်လိမ့်မည် ထင်။
သူလည်း ဆီထုတ်ရန် စလစ်ကို ပေးပြီး ကားထဲသွားပြန်ထိုင်၏ ။ တိုးယုယလတ်က ကားထဲ က ဆင်းပြီး လက်ပိုက်ရပ်နေ၏ ။
“ဒီမှာ .. ကျွန်တော့်ကားအရင်”
ဆီပိုက်ကိုင်ပီး ပါဘလေကာဘက်သွားတော့ သူသည် မခံချင်ဘဲ ပြောလိုက်၏ ။
တစ်စီးတစ်လေလည်း မစောင့်နိုင်။
ကားတန်းလေးက ဆီဆိုင်အပြင်မှာ သာ တစ်စီးစီး တန်းစီးရတာ ။ အထဲဝင်လာ တော့ နှစ် တန်းစီးရလို့ရသည်။
ဆီပိုက်နှင့် ပိုနီးနေတာက ပါဘလေကာ။
“ဟုတ်ကဲ့အစ်ကို”
ဆီပိုက်ကိုင်ထားသော ချာတိတ်က သူ့စကားကို ခေါင်းညိတ်ပြီး သူ့ကားဘက် ဆက်လျှောက်ဖို့ပြင်ပါသော်လည်း ကားထဲက ဆင်းပြီး ရပ်နေသော တိုးယုယလတ်က “ပိုက်က ဒီဖက်နီးနေတာပဲ အရင်ထည့်လည်းရသားပဲ” ဟုဆို၏ ။
“မရဘူး ခင်ဗျား ကြားဖြတ်ဝင်လာပြီးတော့”
ဘုန်းလတ်က ကားထဲက ဆင်းပြီး ခပ်မာမာ ဟန့်တားသည်။ သည်ကောင်မလေးကို အလျှော့မပေးနိုင်။
“စိတ်လျှော့ပါဗျာ ဒီကားပြီး ဟိုကားထည့်ပါ့မယ် အစ်မ ခဏလေး”
တိုးယုယလတ်က စကားမပြောချင်တောသလို ကားထဲ ပြန်သွားထိုင်သည်။
“မမတိုးယု”
“ဟင်”
“ပရီစီကားထဲက လူကြီးချောတယ်”
“လုံးဝမချောဘူး”
“မမယုလိုပဲ မျက်မှန်နဲ့”
“ဘာမှမဆိုင်ဘူး”
“ကားထဲကိုကြည့် ဒက်ရှ်ဘုတ်က မီးရောင် အပြာလေး အရမ်းလှတာပဲ”
“သွားစမ်းပါ ကြည့်မနေနဲ့ ဘ၀င်လေဟပ်သွားဦးမယ် အလကားလူကြီး ကပ်သီး ကပ်သပ်နဲ့”
“မယုက မှားတာပါ”
“မု နင် ဆရာမ လုပ်နဲ့”
“အဟင်း”
ဖြိုးသမုဒယလေးက လက်ကလေးကိုက်ပြီး ရယ်သည်။
ပရီစီမိုးပြာရောင် ကားကလေး ထွက်သွားတော့ သမုဒယက လက်ကလေးပြပြီး နှုတ် ဆက်၏ ။
“ဟဲ့.. သွားမပြနဲ့ အရောမ၀င်နဲ့”
“သဘောကောင်းမယ့် ပုံပဲ မယုရဲ့ ”
“အားကြီးကြီး သဘောကောင်းရင် ဒီလိုနေမလား”
“မယုက ကြားဖြတ်ကျော်ဝင်တာကိုး”
“ယောက်ျား တစ်ယောက် ဖြစ်ပြီး နည်းနည်း လေးတောင် သဘောထားမကြီးဘူး”
သမုဒယ ကတော့ မမယုကို ထပ်မဝေဖန်ရဲဘဲ ငြိမ်နေလိုက်၏ ။
သည်လူနဲ့မှ နှစ် ခါတိတိ လာတို်က်ဆိုင်ရတယ်လို့။ ကိုအ ဖြစ်သည်းကြီး
သည်တစ်ခါတော့ တိုးယုယလတ်၏ အပြစ်လုံးဝမပါပါ။ အ ဖြစ်က သည်လို။
ဘုန်းလက်က လိုအပ်တာလေးတွေ ၀ယ်ပြီး ငွေရှင်းဖို့ ငွေရှင်းကောင်တာတွေ ဆီ လှမ်းကြည့် တော့ ကောင်တာတိုင်းမှာ နှစ် ဦးစ သုံးဦးစ ရှိနေတာမို့ နီးစပ်ရာကောင်တာနံပါတ်လေးမှာ ပဲ စောင့် နေလိုက်၏ ။
ဘုန်းလက်ရှေ့မှာ အမျိုးသမီးနှစ် ဦးရှိနေပါသည်။ တစ်ဦးက ၀ယ်ထားသော ပစ္စည်းသိပ်မ များ ။ နောက်တစ်ဦး ကတော့ လက်တွန်းလှည်းကလေးနှင့် အပြည့်ပါပဲ။
တစ်ရှူးဗူးလည်းပါသည်။ ဒူးရင်းသီးလည်းပါသည်။ ခေါက်ဆွဲခြောက်ထုပ်တွေ လည်း ပါသည်။ အလှပြင် ပစ္စည်းတွေ လည်း ပါသည်။ ခေါင်းလျှော်ရည်၊ သွားတိုက်ဆေး၊ အအေးဗူးတွေ စုံလွန်းလှ၏ ။
ဟူး တော် တော် ကြာနေမလား။
ဘုန်းလက်က ၀ယ်းထားတာက နှစ် ခုတည်းပါ။ ဆံပင်လိမ်းဂျဲလ်ရယ်။ မုတ်ဆိတ် ရိပ်ဓားရယ်၊ ပြီးတော့ ဂျာနယ်နှစ် စောင်။ သုံးခု သုံးမျိုး လေးခု အဲဒါလေးရှင်းဖို့ အရေး အကြာ ကြီးစောင့်ရမှာ လား။ ကွန်ပျူတာနှင့် တွက်တာမို့ မြန်တော့မြန်သည်။
ထိုအခိုက်အတန့်ကလေးမှာ ပဲ တိုးယုယလတ်က မျက်စိရှေ့ကိုရောက်လာတာပါ။
လက်ထဲမှာ မျက်နှာသုတ်ပ၀ါတစ်ထည်နှင့် ချောကလက်တစ်ခုနှင့် ..
“စောစောက ကျန်သွားလို့”
လုပ်ပြန်ပြီ။ တစ်ခါလာလည်း ဒါမျိုးစတိုင်လ်။
“ခဏနော်။
ငွေရှင်းကောင်တာက ကောင်မလေးက တရားမျှတသည် ကျော်ဖြတ်ပြီး မရှင်းပေးပါ။
ဘုန်းလတ်က တိုးယုယလတ်ကို မမှိန်မသုန်ကြည့်၏ ။ သူ့ကိုမြင်တော့ တိုးယုယလတ်က ကိုယ်ရှိန်သတ်ကာ လက်လျှော့လိုက်ပြိး အေးအေးဆေးဆေး စောင့်နေဖို့ တွေးလိုက်ပုံပင်။
ဘုန်းလက်၏ မျက်လုံးများ က စူးရှလွန်းသည်။ ကျစ်ဆံမြီးကလေးနှစ် ဖက်ကျစ်ကာ ကိုရီး ယား ဂါဝန်အပြာဖျော့ကလေးနှင့် ငယ်ရွယ်ချစ်စရာကောင်းသော်လည်း ဘုန်းလက်ကြည့်မရ။
“ရပါတယ် ညီမလေးကို အရင်ရှင်းပေးလိုက်ပါ၊ သူက နှစ် ခုတည်း ဒါတွေ အားလုံး စောင့် နေရမယ်”
ကဲ.. မင်းဘာတတ်နိုင်သေးလဲ ဘုန်းလက်။
သေစမ်း သေစမ်း အသက်အရှည်ကြီးနေပြီးရင်သေ။
အင်မတန် သဘောကောင်းသော သူ့ရှေ့မှ မရွှေချော၊ တိုးယုယလတ်၏ ချိုသော အပြုံး ကလေးကို ပစ်ကျသွးလိုက်တာ ဂျွန်းပြန်။
သူများ ပြောနိုင်မှာ လဲ။
သူတစ်ခုခု ၀င်ပြော၍ လည်းမသင့်။
သူ့ရှေ့က လူ ကြည်ဖြူလို့ပေးမှတော့ သူ ငုတ်တုတ်မေ့ရုံသာရှိတော့သည်။
မင်းမှာ ဘယ်လိုအစွမ်းရှိလို့ အထူးအခွင့်အရေး မျိုး ရနေတာလဲ။
ပြုံးကြည်ချိုမြသော အပြုံးလက်လက်ကလေးက အခုလို ကျော်ဖြတ်ရှင်းခွင့်ရသည့် သေးမွှားမွှား အခွင့်အရေး လေးကို ကျေနပ်သွားပုံ။
“ကျေးဇူးပဲနော်”
အသံလေးက လွင်လို့ ချိုလို့။
တိုးယုယလတ်က သူ့ကို မျက်စောင်းရွယ်သည်။ သူက မသိမသာ အကြည့်လွှဲ၏ ။
ဘုန်းလက်က ဖွင့်ပေးသော ခြံဝင်းတံခါးကနေ ကားကို ခြံထဲမောင်းလာခဲ့၏
အလုပ်ကိစ္စတစ်ခုနှင့် ဖေဖေက လွှတ်လို့ သူလာရတာ ပါ။ သည်အိမ်က အန်ကယ်လည်း ဖေဖေ့မိတ်ဆွေ။ ဘုန်းလက်ကားပေါ်က ဆင်းပြီး တိုက်ကြီးရှိရာ သွက်သွက်လျှောက်လာ၏ ။
သူက ဘယ်ကိုမှ သိပ်မကြည့်တတ်ဘဲ ကတိုက်ကရိုက် သွားတတ်သူပါ။
မှန်တံခါးတွန်းဖွင့်ပြီး ဧည့်ခန်းထဲကို ရောက်တော့ ကွန်ပျူတာစားပွဲမှာ ထိုင်နေတာ ကောင်မလေးက ဆတ်ခနဲလှမ်းကြည့်ပြီး..
“ဟင်” ဟု တအံ့တသြလေး ရေရွတ်ကာ မတ်တတ်ရပ်ပြီးလျှောက်လာ၏ ။
“လာပါ ထိုင်ပါ မယုဆီလာတာလား” ဟု မဆင်မခြင် မေး၏ ။ ဘုန်းလက် မျက်နှာပျက် သွာ၏ ။
ဖေဖေ့မိတ်ဆွေဆိုတာ ကြားဖြတ်တတ်သော ကောင်မလေး၏ အဖေ ဖြစ်နေသည်လေ။
“ထိုင်ပါဦး မယုကိုခေါ်ပေးမယ်နော်”
သည်ချာတိတ်မလေးက စကားသွက်ပြီး ဖော်ရွှေသည်။
“ဦးခန့်ဆီ လာတာပါ ဦးခန့်မော် ရှိလား”
“ဟင် ဖေဖေ့ဆီလာတယ်လား”
ဘုန်းလက်က ဆိုဆာမှာ ၀င်ထိုင်ပြီး “အင်း” ဟု ခေါင်းညိတ်၏ ။
“မမယုနဲ့ ဦးနဲ့ မတည့်ဘူးလေ။ ငြိမ်းချမ်းရေး ရသွားတာ မြန်သားပဲလို့ တွေးနေတာပါ”
စိတ်ထဲရှိရာ မခြွင်းမချန်ပြောတတ်တာလည်း ကလေးဆန်ပြီး ငယ်ရွယ်သေးတာ ပေါ်လွင် သည်။
“ခဏနော် ဖေဖေမရှိဘူး မေမေတော့ရှိတယ်”
ဘုန်းလက်က စိတ်ရှည်လက်ရှည် စောင့်နေလိုက်၏ ။ အင်္ဂလိပ်သီချင်းကလေး တိုးတိုး ညည်းကာ လှေကားမှ ဆင်းလာသော တိုးယုယလတ်က ဧည့်သည်ရှိနေတာကြောင့် အဆိုရပ်သွား ၏ ။
ဆတ်ခနဲ လှည့်ကြည့်လာသော သူနှင့် မျက်လုံးချင်းဆုံမိသည်။
ဟင်…
နှုတ်ခမ်းလေးဖွင့်ဟ မျက်လုံးလေး အ၀ိုင်းသားနှင့် ချက်ချင်း ပဲ သူ့ရှေ့ရောက်သွားကာ..
“ကြားဖြတ်တာ မကျေနပ်လို့ အိမ်လာတိုင်တာလား”
ဟု မေးမိ၏ ။ ဘုန်းလက်က ပြန်မဖြေဘဲ ရှုတည်တည်ကြည့်သည်။ သူ့စိတ်ထဲမှာ ဒီမိန်းက လေးကို ထူးကဲစွာ သတိပြုမိခဲ့ပြီ။
မျက်မှန်ကလေးကို လက်နှင့် ပင့်တင်ရင်း..
“မသိပါဘူး ရှင်က ကပ်သီးကပ်သပ်ဆိုတော့ အိမ်လာတိုင်ပြီမှတ်တာ” ဟု ရိ၏ ။
“ဘယ်မှာ လဲဧည့်သည် သြော် တကယ်ပဲကိုး မုကလေးက စ တတ်လို့ မယုံဘူး ဖြစ်နေတာ။ သားက ကိစ္စရှိလို့လား မင်းအန်ကယ် ဒီနေ့ မိုးချုပ်မယ် အန်တီဘာများ ပြောပေးရ မလဲ တိုးယု ကော်ဖီယူခဲ့ပါကွယ်”
“ဟုတ်”
ဖေဖေ မေမေတို့ ဧည့်သည်ဆိုတော့ တိုးယုယလတ်က ဇက်ကလေးပုကာ လျှာလေး တစ်လစ်နှင် ကိုယ်ရှိန်သတ်၏ ။
ဟွန်း လူကြိးလူကောင်းစတိုင်လ်နဲ့
အလကားပါနော်။
အထင်မကြီးပေါင်။
သူ့အတွက် ကော်ဖီခါးခါးကြီး ဖျော်လာခဲ့ဖို့ တွေးမိ၏ ။ ရေနွေးပန်းကန်ထဲ ကော်ဖီမစ်ကို နှစ် ထုပ်ထည့်ပစ်မည် ။
သည်တစ်ခါတော့ တိုးယုအလှည့်ပဲ မဟုတ်လား။
တိုးယုယလတ် ဧည့်ခန်းမှာ ထိုင်ပြီး စာအုပ်ဖတ်နေတုန်း ဘုန်းလက် ရောက်လာသည်။
ခါတိုင်းဆို ဖေဖေ့ဆီသူလာလျှင် တိုးယုယမရှိတာများ သည်။ ရှိနေလည်း အပေါ်ထပ် တက်သွားလိုက်တာပါပဲ။ သည်နေ့က တက်သွားလို့မရ။
ဆေးကျောင်းသားလေးတွေ ကို စာသင်ပေးဖို့ စာပြပေးဖို့ ချိန်းထားသည်။ ဖုန်းဆက်ပြီး သေချာ ချိန်းထားတာပါ။
သူရောက်လာပေမယ့် တစ်ခွန်းမှ မနှုတ်ဆက်ဘဲ စာဆက်ဖတ်နေလိုက်၏ ။
ချာတိတ်လေးတွေ ကလည်း မလာသေးပါ။ သူတို့က တိုးယုရှင်းပြတာ သိပ်အဆင်ပြေသည် တဲ့။ ရှင်းပြလိုက်ရုံနှင့် ခေါင်းထဲရောက်သတဲ့။
ဟုတ်၊ မဟုတ်တော့ မသိပါ။
ဖေဖေနှင့် မေမေ ကတော့ ဆေးကျောင်းမှာ ပဲ ဆရာမ လုပ်ပြန်ဝင်လုပ်ဖို့ တိုက်တွန်း၏ ။ တိုးယုကို စာလာမေးကြတာ မြန်နေရသည်လေ။ တိုးယုက စာသင်ရတာ ၀ါသနာမပါ။ ဆေးပဲ ကုပေးချင်တာ ဘာလို့များ ကိုယ်ရှင်းပြတာ သူတို့သဘောပေါက်လွယ်သလဲ မသိ။
“တိုးယု လိုက်မလား”
“ဘယ်လဲ”
မမမိုးသူက မေးတာကို မဖြေဘဲ ပြန်မေးမိ၏ ။
တကယ်ဆို လုံးဝမလိုက်နိုင်တာပါ။ ဘယ်သွားမလဲ သိချင်နေမိတာ တစ်ခုတည်း။
“ဒဂုံစင်တာ”
“မုန့်ဝယ်ခဲ့နော်”
မိုးသုတကို မု့န်မှာ မိ၏ ။
ဘုန်းလက်က တိုးယုယလတ်ကို ကြည့်ကာ အံ့အားသင့်နေမိ၏ ။ သူရောက်နေတာ ကို ရှောင်ထွက်မသွား။ ခါတိုင်းနှင့် မတူဘဲ သူ့ရှေ့မှာ ဆက်ထိုင်နေသည်။
အဆန်းပါလား။
ပြုံးချင်စိတ်ကိုထိန်းထားရင်း သူ့ဘက်က တစ်ခုခု စကားဆိုဖို့ တွေးရသည်။
အန်ကယ်ခန့်၏ သမီး တိုးယုယလတ်ကို ဆရာဝန်မလေးဟု သိလိုက်ရကတည်းက သူ ၀မ်းသာသွားမိတာ။ သူနှင့် ဘ၀တူပညာတူ။ ဘွဲ့တူ။
တိုးယုကိုကြည့်ရတာ ထက်မြက်ပုံရသည်။ ဉာဏ်ပြေးပုံရသည်။ ကြာဖြတ်တတ်တာလေး တစ်ခုပဲ ဆိုးတာ။ အဲဒါ တစ်ခုပဲ သူဘ၀င်မကျ။
“အန်ကယ်ခန့်ရှိလား”
“ရှိတယ်”
သူ့မေးခွန်းဆုံးတာနှင့် တန်းခနဲ ဖြစ်ပါသည်။
“ဆင်းလာလိမ့်မယ်” ဟုနောက်ဆက်တွဲ အပြတ်ပြော၏ ။ ထပ်မေးစရာမလိုအောင်ပါ။
သို့ပေမယ့် သူက ပြောကိုပြောဖို့ ရည်ရွယ်တာပါ။
“ထမင်းစားပြီးပြီလား”
“မစားရသေးဘူး”
တိုးယုဆီက အခြေ ချက်ချင်း ထွက်သည်။ အချိန်မဆိုင်ဘဲ သူဘာမေးခွန်းတွေ မေးနိုင်မလဲ ဆိုတာ ကြိုသိထားနှင့် ပုံ။
တစ်ခွန်းမေး တစ်ခွန်းဖြေ တုံးတိတိ။
သူနှင့် စကားလက်ဆုံမကျချင်ဟန်။
ဘုန်းလက်က ငြိမ်သက်စဉ်းစားသည်။ ဘာထပ်မေးရမလဲ ဆိုတာ။
ထိုအချိန်မှာ ပဲ တိုးယုဆီစာလာမေးသော ကောင်လေးသုံးယောက် ဧည့်ခန်းထဲ ၀င်လာ၏
“မယု ဆောရီး ကျွန်တော် တို့ကို စောင့်နေတာလား” ဟု ပထမဦးဆုံး အားနာစကားဆို သည်။
ကောင်လေးတွေ က သွက်သွက်ရဲရဲ။ ချောချောသန့်သန့် ကလေးတွေ တိုးယုအပေါ် ရင်းရင်း နှီးနှီးလည်းရှိသည်။
တိုးယုအပေါ် အထင်သေးတာမျိုး၊ မယုံကြည်တာမျိုး မဟုတ်ပါဘဲ သူ့ရင်ထဲမှာ ခိုးလိုး ခုလု နှင့် အူတိုမိ၏ ။ ခေါင်းထဲမှာ တွေးတောဆင်ခြင်နိုင်စွမ်းမရှိ။ သွေးမအေးနိုင်ပါ။ တိုးယုကို သ၀န်တို သည်။
ကောင်လေးငယ်ငယ်ချောချောကလေးတွေ နှင့် စကားဆိုရင်းနှီးနေတာကို လုံးဝခွင့်မပြုချင်။ စာသင်တာပဲ ဖြစ် ဖြစ်၊ စာပြတာပဲ ဖြစ် ဖြစ်။
“ဒီမှာ ”
တိုးယုက သူ့ကိုခေါ်၏ ။
ခေါ်ပုံကိုသာ ခပ်စိမ်းစိမ်း။
စောစောကလို မျက်နှာထားမဟုတ်။
“ကျွန်တော် ခင်ဗျားနဲ့ စကားပြောချင်တယ်”
“ဟင်”
သူက ပွင့်လင်းစွာ ခွင့်တောင်းတော့ တိုးယုတွေ ဝေသွား၏ ။ ချက်ချင်း မဆုံးဖြတ်နိုင်၊ ငြင်းရ ခက်သည်။
ဘုန်းလက်က တိုးယုလက်ကောင်ကို ဖမ်းဆုပ်ပြီးခေါ်လာ၏ ။
ကောင်လေးတွေ က အကဲခတ်သလို ကြည့်နေ၏ ။ ၀င်မပါ။ ၀င်မပြော။
အမှန်တော့ သူစိတ်တွေ မထိန်းနိုင်ဘဲ ပေါက်ကွဲပွင့်ထွက်လာတာပါ။
“ဘာ ဖြစ်တာလဲ ဒါဘာလုပ်တာလဲ လွှတ်စမ်းပါ”
တိုးယု သည်းမခံနိုင်ဘဲ အော်မိ၏ ။
“ရှင် သိပ်ရိုင်းပါလား။ လူကို ဘယ်လိုထင်နေတာလဲ ဟင် ရှင့်လုပ်ရပ်က အရမ်းရုပ်ဆိုး တယ် သိရဲ့ လား”
“သိပါတယ်”
“ရှင့်ကို လုံးဝမကျေနပ်ဘူး”
နှုတ်ခမ်းလေးကိုကိုက်ကာ မျက်ရည်ရစ်ဝဲရင်း ဆိုမိသည်။
“ကျွန်တော် မှားသွားတယ် ဆောရီး”
“ဆောရီးဆိုတာနဲ့ ပြီးရောလား”
မခံချင်စိတ်နှင့် မေးမိ၏ ။
“ကျွန်တော် သည်းမခံနိုင်လို့ပါ။ ကျွန်တော် မနာလို ဖြစ်ပြီး သေတော့မယ်”
“ဘာတွေ ပြောနေတာလဲ”
“ဘာလို့ဒီချာတိတ်တွေ စာသင်ဖို့ လက်ခံထားရတာ လဲ တိုးယုက ဆရာမ လား”
တိုးယုယလတ်က ဘုန်းလက်ကို စူးစိုက်ကြည့်၏ ပြီးမှ တစ်ခွန်းချင်း မေး သည်။
“ရှင် စွက်ဖက်လှချည်းလား ဘာတွေ လာပြောနေတာလဲ ရှင်နဲ့ ဘာဆိုင်လို့လဲ”
“ကျွန်တော် ခင်ဗျားကို ချစ်နေပြီ”
သူက ဘွင်းဘွင်းရှင်းရှင်းကြီး ၀န်ခံလိုက်သော အခါ တိုးယု မျက်နှာလေး နီမြန်း သွား၏ ။
“ခင်ဗျား စာသင်ပေးနေတာ ရိုးရိုးသားသားမှန်းလည်း သိတယ်။ ကျွန်တော် လည်း ဆေး ကျောင်းသား ဖြစ်ခဲ့ဖူးပါတယ်။ ဆရာဝန် တစ်ယောက် ပါ အချင်းချင်းမိန်းကလေး ယောက်ျားလေး မရွှေး ရိုင်းပင်းကူညီပြီး တရင်းတနှီး ရှိတာကို နားလည်ပါတယ်”
တိုးယုယလတ်က မျက်လွှာချလိုက်၏ ။
သူ ဘယ်လိုလူကြီးလဲ။
မြန်ဆန်လှချည်းလား။ တိုးယုကိုချစ်တာ မမြန်ဘူးလား သူ့ကိုယ်သူ သေချာရဲ့ လား။
တိုးယုတ်ထင်တာက သူ တိုးယုကို ကြည့်မရဘူးဆိုတာ အခုတလော အလာစိပ်လွန်း ပေမယ့် ကိစ္စရှိနေသည်ပဲ ထင်ထားခဲ့တာပါ။
လုံးဝထင်မထားတာမို့ အံ့အားသင့်နေမိတာပါ။
“ကျွန်တော် အရမ်းအူတိုသွားမိတယ်။ တိုးယု နားလည်ပေးပါ”
တိုးယု ပခုံးလေးနှစ် ဖက်ကို ဖမ်းဆုပ်ကာ ပြောလာ၏ ။
“ဟင် ရှင်လွန်လာပြီနော် လက်ဖယ်”
မြနန်မြန်ဆန်ဆန် သူ့လက်တွေ ကို ဖယ်ချမိသည်။
“ရှင် ကျွန်မကို အရမ်းလျှော့တွက်လွန်းတယ်”
“လုံးဝမဟုတ်ပါဘူး”
ဘုန်းလက်က လက်ကာပြပြီး ငြင်း၏ ။
“အန်ကယ်ဆီမှာ လာတောင်းရမ်းယူပါ့မယ်”
တိုးယုက မျက်စောင်းရွယ်မိသည်။
“ဒါပဲမဟုတ်လား”
“ခဏနေပါဦး”
“စာသင်ရဦးမယ်လေ”
“အိုကေ အိုကေ ကျွန်တော် လာတောင်းမယ်နော်”
“မိဘတွေ လက်ခံရင် ရှင်ကံကောင်းတာပေါ့”
“တိုးယု မငြင်းရဘူး”
“တစ်နှစ် စောင့်”
“ဟာ တစ်နှစ် ဟုတ်လား”
“အင်း လူကြီးတွေ သဘောတူရင်ပေါ့”
တိုးယုက သူ့ကို မကျေနပ်စွာ တမင်ညှင်းတာပါ။
တကယ်တော့ မရှက်စတမ်း မညာစတမ်း ၀န်ခံရရင် သူ့မျက်လုံးတွေ ၏ အကြည့် စေးစေး များ ကို ရင်ခုန်ခဲ့တာ အမှန်ပါ။ သူ့ကို တိုးယု သဘောကျမိသည်။
သို့ပေမယ့် သူက တိုးယုအပေါ် အမြင်စောင်းနေသည်။ အဲဒီ အတွက် စိတ်မကောင်း ဖြစ် ခဲ့ဖူး သည်။
ဘာကိုမှ မစောင့်ချင်တတ်တာ စိတ်မရှည်တတ်တာ တိုးယုအကျင့်ပါ။ ဒါကို သူမှ မသိဘဲ။
“အဖြေပေးလိုက်ပြီလား မယု”
“ခင်ကဗျာ” က သိချင်စွာ မေး၏ ။
“ဟင် ဘာကိုလဲ”
အခန်းထဲဝင်လာပြီး စကားဝါရောင် ဂါဝန်ကလေးနှင့် မှန်ရှေ့ဆံပင်ဖြီးနေသော တိုးယုကို ခင်ကဗျာက မေးလိုက်တာပါ။ တိုးယုက ဟန်ဆောင်ထားပြီး ပြန်မေးသည်။
“မယုရယ် ကဗျာမြင်သားပဲ”
“ဟယ် တကယ်လား ဘာမြင်တာလဲ”
ခင်ကဗျာက ရုတ်တရက်လန့်သွားသော တိုးယုပုံစံလေးကို ရော ဟန်ဆယ်လိုက်တာကို ရော ရယ်ချင်သည်။
“မယုရယ် မြင်ပါတယ်ဆို”
“ဘာလဲ”
တိုးယုယလတ်က မျက်မှန်ကလေး ကောက်တပ်ပြီး ဘာမှမ ဖြစ်သလို မေး၏ ။
“မြန်မြန်ဝန်ခံနော်၊ အားလုံးသိအောင် ကြေညာပစ်လိုက်မှာ သိလား”
ကဗျာက ခြိမ်းခြောက်၏ ။
“ဘာမြင်လဲ ပြော”
“ပြောမယ်နော်”
ခင်ကဗျာ မျက်နှာကလေးက ပြုံးစိစိ။
“ ပြောဆို”
“မယု ရှက်သွားမှာ စိုးလို့”
ခင်ကဗျာက တိုးယုကို စသည်။
မမမိုးသုတနှင့် ညီမလေး ဖြိုးသမုဒယက အခန်းထဲဝင်လာတော့ ခင်ကဗျာက ဆက်မစ တော့ဘဲ ခုတင်စွန်းမှာ သွားထိုင်၏ ။ “ယဉ်ကညာ”က အိမ်မှာ မရှိ။ မေမေနှင့် အပြင်သွားနေပါသည်။ ယဉ်ကညာမရှိပေမယ့် ကျန်လေးယောက် စလုံး ရှိနေ၏ ။ မမမိုးသုတက တိုးယုကိုကြည့်ကာ..
“ကွန်ဂရက်ကျူလေးရှင်း တိုးယု၊ အားလုံးထဲမှာ တိုးယုအရင်ဦးဆုံး မင်္ဂလာဆောင်ရ တော့မယ်” ဟု ဂုဏ်ပြုစကားဆို၏ ။
တိုးယုက မျက်နှာလေးထူပူပြီး..
“မဟုတ်သေးပါဘူး မေမေတို့ ဘာမှမပြောဘူး”
ဟု ရှက်ရှက်နှင့် ငြင်း၏ ။ ဘုန်းလက်က လာတောင်းမယ်ဟု ပြောထားခဲ့ပေမယ့် ခု ချက်ချင်း ကြီး မဟုတ်လောက်သေးပါ။ မမမိုးသုတ သိတာ မမြန်လွန်းဘူးလား။
“အံမယ်လေနော် မမယုက သူအရင်ဆုံး မဟုတ်ရင် ကြားဖြတ်မှာ ပဲ စောင့်မှာ မဟုတ်ဘူး။ ထမင်းချိုင့်တောင် အရင်ဦးဆုံး ထည့်ပေးရတာ ”
ဖြိုးသမုဒယလေး၏ စကားကြောင့် ခင်ကဗျာက ရယ်ပါသည်။ တိုးယုက မုကို မကျေမနပ် ကြည့်ကာ..
“ဒီကိစ္စ ကြားဖြတ်စရာလား” ဟု ဆိုမိ၏ ။
“မသိဘူးလေ”
မမမိုးသုတက ဂုဏ်ယူပါတယ်။ တန်းတူရည်တူ မိဘ သဘောတူသူနဲ့ ဖူးစာဆုံတာ။
“ကြာဦးမှာ ပါ”
ခုထက်ထိ တိုးယုက ငြင်းနေမိတုန်းပါ။ တိုးယုမှ တကယ်မသိသေးတာ။
“မေမေတို့ လက်ခံလိုက်ပြီ”
“ဟင်”
မသုစကားကြောင့် တိုးယု ပါးစပ်ကလး ပိတ်သွား၏ ။ သူတကယ်ပဲ စိတ်မြန်လက်မြန် ရှိလှ ပါလား။
တိုးယုက ထွက်ပြေးမှာ ကျနေတာပဲ။
![]() အချစ်ပွင့်လေးများ နောက်တစ်ပွင့် | ![]() အချစ်ဘုံမှာခိုက်ခိုက်တုန် | ![]() နီးကပ်သောရင်ခွင် |