Cover

အခန်း (၁)

ညီသစ်ဆင်း

စာဆိုဇော်ဂျီ၏ `ညီသစ်ဆင်း´ ကဗျာစုကို ဖတ်ရှုရသော အခါ `ပိတောက်ရွှေဝါ´ ကဗျာစု၊ `ဗေဒါလမ်း´ ကဗျာစုတို့ကို ဖတ်ရသကဲ့သို့သော ကဗျာအရသမျိုးကို မခံစားရချေ။ `ပိတောက်ရွှေဝါ´ကဗျာစုမှ နှစ်သက် ရာကဗျာတစ်ပုဒ်ပုဒ်၊ `ဗေဒါလမ်း´ကဗျာစုမှ နှစ်သက် ရာကဗျာတစ်ပုဒ်ပုဒ်ကို ဖတ်ရှုရသော အခါ ရှေးဦးစွာ ရသနှစ်သက် ခြင်း ဖြစ်သည်ကို သိရသည်။ နှစ်သက် ခြင်းနှင့်အတူ အသိတစ်ခုခု၊ အသိတရားတစ်ခုခုကိုလည်း ထိုသို့သော ရသအတွေ့ အကြုံကို မှီ၍ အလိုအလျောက် ရရှိလာတတ်သည်ကိုလည်း သတိထားမိသည်။ ထိုအချက်ကို `ပိတောက်ပန်း´ကဗျာလာ ပထမအချိုးဖြင့် ဥဒါဟရုဏ်ဆောင်လိုပါသည်။

``မခူးချင်စမ်းပါနှင့်

နှစ် ဆန်း ခါတော် မီမို့

ဇမ္ဗော်ရည်ပြေပြေလိမ်းကာပါ့

ခပ်သိမ်း နယ်စုံစုံသို့

ပွင့်ငုံကို လင့်ကုန်ြ ကတော့လို့

ခေါင်းကြွကာ ဆာဝေေ၀နဲ့

သူလည်းလေ လောကီသားလိုပါ့

ကြွားချင်လှ ပေလိမ့်မယ်´´

``ပိတောက်ပန်း´´သံချိုတွင် ဤပထမအချိုးသည် ကဗျာတစ်ပုဒ်လုံး၏ အခရာ ဖြစ်သည်။ အခြားအချိုးသုံးခုမှာ ပထမအချိုးနှင့် ဆီလျော်ပါ၏ ။ သို့ရာတွင် ကျွန်တော့် အဖို့မှာ မူ ကဗျာတစ်ခုလုံး၏ ထိချက်သည် ဤပထမအချိုးပင် ဖြစ်သည်။ ပထမအချိုးတွင် မှ `သူလည်းလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မည် ´ဟူသော ကဗျာစာသားသည်သာ တကယ့်ထိချက် ဖြစ်သည်။ ပိတော် ပန်း သံချိုလ အချိုးလေးခုကို ခေါင်ကချုပ်ထားသည်မှာ ဤစကားပင် ဖြစ်သည်။ `ပိတောက်ပန်း´ကဗျာကို ပြန်၍ စဉ်းစားလိုက်တိုင်း `သူလည်းလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မယ်´ ဆိုသော စကားကိုသာ အလျင်ဆုံး သတိရသည်။ ကျန်တာတွေ ကိုမူ အကုန်မရပါ။ စာအုပ်ကိုလှန်မှ မခြွင်းမချန် သိရပါသည်။

အထက်ကပြခဲ့သော `ပိတောက်ပန်း´ ကဗျာအစပိုဒ်ကို ဖတ်ရှုရသော အခါ တစ်ခါတစ်ခါ ဆိုကြည့်သော အခါ အလွန်နှစ်သက် ပါသည်။ ဖတ်ရင်း ဆိုရင် နှစ် သစ်အမီ ဖူးပွင့်လာသော ပိတောက်ပန်းများ ကို မြင်ယောင်လာသည်။ ရွှေဝါရောင် အဆင်အသွေးနှင့် အလွန်ချစ်ဖွယ်ကောင်းသည်ကိုလည်း သတိရလာသည်။ `အို အရပ်မျက်နှာ ခပ်သိမ်းရှိ လူအပေါင်းတို့၊ သင်တို့သည် ငါ၏ ပွင့်ငုံကို လင့်ကြပါရော့၊ စောင့်ကြပါရော့´ ဟူ၍ ခေါင်းကလေးကြွကာ ဝေေ၀ဆာဆာ ဖူးပွင့်လာသော ပိတောက်မယ်၏ ကြုံးဝါးသံ၊ ဖိတ်ခေါ်သံကိုလည်း ကြားယောင်လာသည်။ `သူလည်းလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မယ်´ ဆိုသော စာဆို၏ ကရုဏာအသံ၊ စာနာသံကိုလည်း ကြားယောင်လာရင်း ပိတောက်ပန်းကလေးကို ကရုဏာ ဖြစ်နေမိသည်။ ပိတောက်ပွင့်ပြီဆိုလျှင် စာနာစိတ်၊ ညှာတာစိတ်မရှိဘဲ လောဘဇောတိုက်၍ ပိတောက်ကို အလုအယက် ခူးကြ၊ ချိုးကြ၊ ပန်ကြ၊ သယ်ကြ၊ ရောင်းစားကြသော လူတွေ ကိုလည်း မြင်ယောင်လာသည်။ ထိုအခါ ပိတောက်ချိုးကြသော ထိုထိုမိန်းမ၊ ယောက်ျားများ ကို မနှစ်သက် သလိုလို ပိတောက်ပန်းကလေးကိုသာ အသနားပိုပြီး၊ စိတ်မကောင်း ဖြစ်နေမိပါသည်။ ထိုအခါမှစ၍ တစ်နှစ် တစ်ခါ ပိတောက်ပွင့်သည်ကို မြင်ရသော အခါတိုင်း `သူလည်းလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မည် ´ ဟူသော စာနာသံသည် ကျွန်တော့် နားသို့ ၀င်ရောက်လာရာ ပိတောက်ပွင့်လျှင် သူ့ကို မချိုးရက်တော့ပါ။ ပိတောက်၏ အလှကို သည်အတိုင်းကြည့်၍ ကြည်နူးနေမိသည်။ ပိတောက်ကိုသာမက ကိုယ့်ပတ်ဝန်းကျင်က ရှိတာထုတ်ပြ ကြွားချင်ကြသော ကြွားတတ်ကြသော သူသူငါငါတို့ကို မြင်ရသော အခါ အရင်ကလို နှာခေါင်းမရှုံ့တော့ဘဲ `သူလည်းလေ လောကီသားလိုပါ့၊ ကြွားချင်လှပေလိမ့်မယ်´ ဆိုသော ခွင့်လွှတ်သံ၊ စာနာသံအတိုင်း ကိုယ်တိုင်လည်း ခွင့်လွှတ်လာတတ်သည်။ အတန်းကလေး အမ်အေ၊ ပီအိပ်ခ်ျဒီ ကြီးလာ၍ ၊ ရာထူးကလေးမြင့်လာ၍ ကိုယ့်ဆရာနှင့်ခြေရာတိုင်းချင်ကျသော တက္ကသိုလ်ဆရာ၊ ဆရာမ လေးတွေ ကို မျက်နှာချီကာ မြင်ရသော အခါ အရင်ကလို အတွင်းကြိတ် စိတ်မဆိုးတော့ပါ။ ၀မ်းတွင်းကြိတ်၍ ပြုံးနေလိုက်ပါသည်။ စာကောင်းပေကောင်းကို ဖတ်ရလျှင် ဖတ်သူ၌ နှစ်သက် ခြင်း ဖြစ်၍ ဘ၀အသိ၊ ပတ်ဝန်းကျင်သတိ ရှိလာတတ်သည်ဟု ဆရာတို့ ဆိုခဲ့သည်မှာ မှန်လေစွဟု ၀မ်းမြောက်မိပါသည်။

သို့ရာတါင် `ညီသစ်ဆင်း´ ကဗျာကို ဖတ်ရသော အခါ ပိတောက်ရွှေဝါ ကဗျာစုမှ နှစ်သက် ရာကဗျာတစ်ပုဒ်ပုဒ်ကို ဖတ်ရသကဲ့သို့ ဗေဒါလမ်းကဗျာစုမှ နှစ်သက် ရာတစ်ပုဒ်ပုဒ်ကို ဖတ်ရသကဲ့သို့ ရသအတွေ့ အကြုံကို မှီပြီးမှ ဘ၀အသိတစ်ခုခု၊ ပတ်ဝန်းကျင်သတိတစ်ခုကို အလိုအလျော် ရလာခြင်းမျိုး မရှိပါ။ `ညီသစ်ဆင်း´ ကဗျာစုမှ အထူးသဖြင့် `အလှဆိုင်ရာ´ ကဗျာတို့ကို ဖတ်ရသော အခါ သိစရာတို့ကို တိုက်ရိုက်ပင် သိလိုက်ရသည်။ ကိုယ်အရင်က သိထားသော အသိသည် မပြည့်စုံသေးပါကလားဟု `ညီသစ်ဆင်း´ကိုဖတ်မှ အသိစုံကာ ကျေနပ်ရသည့်အခါမျိုးလည်း ရှိပါသည်။ သို့ ဖြစ်၍ `ညီသစ်ဆင်း´ကဗျာအချို့ကို ဖတ်ရသည်မှာ နီတိဆန်ပါကလားဟု ရုတ်တရက် အတွေးဝင်လာသည်။ အဘယ့်ကြောင့် ဆိုသော် နီတိဟူသည် လောကသဘော၊ လူ့သဘောတို့ကို တိုက်ရိုက်အသိပေးတတ်သော ကြောင့် ပင် ဖြစ်သည်။

ထပ်၍ စဉ်းစားပြန်သော အခါ နီတိကျမ်း၊ နီတိကဗျာ၊ ဆုံးမစာ၊ လင်္ကာများ ကို ဖတ်ရသကဲ့သို့ ´ညီသစ်ဆင်း´ကဗျာအချို့မှာ သိစရာတို့ကို တိုက်ရိုက်ပင် သိရသည်မှန်သော်လည်း အကြောင်းအရာနှင့် ရည်ရွယ်ချက်တွင် မူ `ညီသစ်ဆင်း´ နှင့် နီတိ၊ ဆုံးမစာတို့က မတူသည်ကို တွေ့ ရပြန်သည်။ ယေဘုယျအားဖြင့် နီတိနှင့် ဆုံးမစာတို့က အကြောင်းအရာ ကျယ်ပြန့်သည်။ ရည်ရွယ်ချက်အားဖြင့် အမျိုးလေးပါးတို့အတွက် ရေး သည်က များ သည်။ `ညီသစ်ဆင်း´ ကမူ အကြောင်းအရာ ကျဉ်းသည်။ ရည်ရွယ်ချက်အားဖြင့် မျိုးဆက်သစ် ဖြစ်သော လူငယ်တို့အတွက် ဖြစ်သည်။ `ညီသစ်ဆင်း´ သည် လူငယ်တို့အတွက် ဖြစ်သင့် ဖြစ်ထိုက်သော ခံယူချက်ကို ပေးသည်။ စင်စစ် သိစရာတို့နှင့် ခံယူချက်သည် မတူပါ။ သိစရာတို့သည် အများ အပြားပင် ဖြစ်သည်။ သိစရာတို့ကို အများ အပြား သိခြင်းသည် အကြားအမြင်များ သော သဘောမျှသာ ဖြစ်သည်။ မသုံးတတ်လျှင် ဗဟုသုတများ ရုံကလွဲ၍ အကျိုးမများ ချေ။ ခံယူချက်ဟူသည် အကြားအမြင် ဗဟုသုတနှင့် မတူချေ။ အရေအတွက်လည်း မများ လှ။ အနည်းသာ ဖြစ်သည်။ ခံယူချက်သည် ပညာလည်းပါသည်။ သုတများ သူပင် ဖြစ်သော်လည်း ခံယူလျက်ကောင်းရှိချင်မှ ရှိမည် ။ ခံယူချက်ကောင်းသည် လူ တစ်ယောက် ချင်းအတွက်သော်လည်းကောင်း၊ နိုင်ငံတစ်ခုအတွက်သော်လည်းကောင်း အထိန်းအမ ဖြစ်သည်။ သို့ ဖြစ်၍ လူတိုင်း လူတိုင်း၌ ရှိသင့်ရှိထိုက်သော ခံယူချက်ရှိဖို့ လိုသည်။ သို့မှာ သာ အထိန်းအကွပ်ရှိသော လူ ဖြစ်၍ နိုင်ငံအတွက် အဖိုးတန်သည်။ ထိုအချက်ကို `ညီသစ်ဆင်း´ကဗျာက ဖြည့်ပေးပါ။

``စကားအလှ´´

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ သက်နှစ် ဆယ်သည်

ဘယ်စကားကို ကြိုက်သနည်း။

အယဉ်တစ်ကန့်၊ နုတစ်ကန့်တည့်

အခန့်တစ်ထပ်၊ သန့်တစ်ထပ်တည့်

သမာသ်ပုဒ်သစ်၊ သိပ်သည်းကျစ်၏

မာန်ယစ်ကြွားဝါ၊ အတ္တပါမ

တမာလိုခါး၊ ထိုစကား။

အဆန်းမဖက်၊ ရိုးသကင်သက်တည့်

အခက်မပါ၊ အလွယ်သာတည့်

ရပ်ရွာလူမျိုး၊ ပြောဆိုရိုးတည့်

အကျိုးရှိရာ၊ အမှန်ပါမူ

သကာချိုပျား၊ ထိုစကား။

ဤကဗျာတွင် စကားပြောခြင်း၏ ခံယူချက်ကို ဖော်ပြထားသည်။ စကားဆိုသည်မှာ အားတိုင်းပြောရသော အရာမဟုတ်ချေ။ စကားကို ယဉ်အောင်၊ နုအောင်၊ ခန့်အောင်၊ သန့်အောင်ပြောကြသည်မှာ အရိုးခံသက်သက် မဟုတ်ချေ။ လုပ်ပြောတစ်မျိုး ဖြစ်သည်။ အချိန်အခါ၊ နေရာဒေသ၊ ပရိသတ်ကို အကြောင်းပြု၍ လူတို့ဓမ္မတာ ထိုသို့ပင် ပြောတတ်ကြသည်လည်း ရှိသည်။ သို့ရာတွင် စကား၏ ဂုဏ် (၀ါ) စကား၏ အလှဆိုသည်မှာ (၁) မှန်ရမည် ။ (၂) အကျိုးရှိရမည် ဟူသော အချက်နှစ် ချက်ပါရမည် ။ မှန်လည်း မှန်၍ အကျိုးလည်းရှိအောင် လွယ်လွယ်ရိုးရိုး ပြောဆိုအပ်သည်။ သို့မှာ သာ စကား၏ ဂုဏ်ပေါ်၍ စကားအလှ ဖြစ်သည်။ ထို့ကြောင့် .....

အခက်မပါ၊ အလွယ်သာတည့်

ရပ်ရွာလူမျိုး၊ ပြောဆိုရိုးတည့်

အကျိုးရှိရာ၊ အမှန်ပါမူ

သကာချိုပျား၊ ထိုစကား...... ဟု ဖွဲ့လေသည်။

စာဆိုသည် စကားအလှကို သူ့သဘောနှင့်သူ ရေး သည်မဟုတ်ပါ။ ဗုဒ္ဓစကားကို တိုက်ရိုက်ပင် ယူ၍ ဖွဲ့သည်။ မဇ္ဈိမပဏ္ဏာသပါဠိတော် ၊ မြန်မာပြည် `အဘယရာဇ ကုမာရသုတ်´တွင် အဘယမင်းသားကို နာဋ၏ သား နိဂဏ္ဌက သူသင်ပေးသည့်အတိုင်း ဂေါတမဘုရားအား အောက်ပါစကားဖြင့် အပြစ်တင်ခိုင်းသည်။

``မင်းသား၊ မြတ်စွာ ဘုရားသည် သူတစ်ပါး မနှစ်သက် ဖွယ်၊ မနှစ် ခြိုက်ဖွယ် ဖြစ်သော စကားမျိုးကို ပြောပါသလားဟုမေးသော် အကယ်၍ မြတ်စွာ ဘုရားက ထိုစကားမျိုးကို ငါပြော၏ ဟု ဆိုအံ့၊ ဤသို့ဆိုလျှင် မြတ်စွာ ဘုရားသည် ပုထုဇဉ်တို့နှင့် မခြားပါလားဟု အပြစ်တင်နိုင်သည်။ အကယ်၍ မြန်စွာ ဘုရားက ထိုစကားမျိုးကို ငါမပြောဟုဆိုပါက အရှင်ဘုရားသည် ဒေ၀ဒတ်ကို အဘယ်ကြောင့် အပါလ်လားမည့် သူ၊ ငရဲကျမည့် သူ၊ ငရဲ၌ တစ်ကမ္ဘာလုံးတည်မည့် သူ၊ ကုစား၍ မရနိုင်သူဟု ပြောသနည်းဟု အပြစ်တင်နိုင်သည်။ ထိုအခါ မြတ်စွာ ဘုရားသည် အစွန်းနှစ် ဖက်လွတ်အောင် မဖြေနိုင်ဘဲ၊ လည်မျို၌ သံဆူးခွကပ်ငြိသော ယောက်ျားကဲ့သို့ မမျိုနိုင်၊ မထွေးနိုင် ရှိချိမ့်မည် ဟု နိဂဏ္ဌသည် အဘယမင်းသားအား သင်ပေးသည်။

အဘယမင်းသားလည်း မြတ်စွာ ဘုရားထံချဉ်း၍ `အရှင်ဘုရား၊ မြတ်စွာ ဘုရားသည် သူတစ်ပါးမနှစ်သက် ဖွယ်၊ မနှစ် ခြိုက်ဖွယ် ဖြစ်သော စကားမျိုးကို ပြောဆိုရာပါသလေ´´ဟု လျှောက်ထားရာ၊ ``မင်းသား၊ ဤစကားမျိုးကို တစ်ထစ်ချအားဖြင့် မဖြေကြားနိုင်´ ဟု မြတ်စွာ ဘုရားက စကားခြောက်ခွန်း ဖြေကြားတော် မူသည်။

``မင်းသား......

(၁) မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် လည်း မစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက် ၊ မနှစ် ခြိုက်၊ ထိုစကားမျိုးကို မြတ်စွာ ဘုရား မပြောမဆို။

(၂) ဟုတ်မှန်၏ ။ အကျိုးစီးပွားနှင့်ကား မစပ်၊ သူတစ်ပါးတို့လည်း မနှစ်သက် ၊ မနှစ် ခြိုက်၊ ထိုစကားမျိုးကိုလည်း မြတ်စွာ ဘုရား မပြောမဆို။

(၃) ဟုတ်မှန်၏ ။ အကျိုးစီးပွားနှင့် လည်း စပ်၏ ။ သူတစ်ပါးတို့ကား မနှစ်သက် ၊ မနှစ် ခြိုက်၊ ထိုစကားမျိုး၌ မြတ်စွာ ဘုရားသည် အခါအားလျော်စွာ ပြောဆို၏ ။

(၄) မဟုတ်မမှန်၊ အကျိုးစီးပွားနှင့် လည်း မစပ်၊ သူတစ်ပါးတို့ကား နှစ်သက် ၏ ၊ နှစ် ခြိုက်၏ ။ ထိုစကားမျိုးကိုလည်း မြတ်စွာ ဘုရားသည် မပြောမဆို။

(၅) ဟုတ်မှန်၏ ။ အကျိုးစီးပွားနှင့် မစပ်၊ သူတစ်ပါးတို့ကား နှစ်သက် ၏ ၊ နှစ် ခြိုက်၏ ။ ထိုစကားမျိုးကိုလည်း မြတ်စွာ ဘုရားသည် မပြောမဆို၊

(၆) ဟုတ်မှန်၏ ။ အကျိုးစီးပွားနှင့်လည်းစပ်၏ ။ သူတို့ပါးတို့လည်း နှစ်သက် ၏ ။ နှစ် ခြိုက်၏ ။ ထိုစကားမျိုး၌ မြတ်စွာ ဘုရားသည် အခါအားလျော်စွာ ပြောဆို၏ ။

ဤသို့ဖြင့် မြတ်စွာ ဘုရားသည် သတ္တ၀ါတို့အား အစဉ်သနားတော် မူသော ကြောင့် ဟုတ်မှန်၍ အကျိုးရှိသော စကားကိုသာလျှင် သူကြိုက်သည် ဖြစ်စေ၊ မကြိုက်သည် ဖြစ်စေ၊ ပြောဆိုခဲ့လေသည်။ စကား၏ ဂုဏ်(၀ါ) စကား၏ အလှဆိုသည်မှ အဆိုပါ စကားနှစ် ခွန်းသာ ဖြစ်သည်။ သို့ ဖြစ်၍ စကားခြောက်ခွန်း၊ လူ၌ ထွန်း၊ လေးခွန်းကိုပယ်၊ နှစ် ခွန်းတယ်(တည်)ဟု ဆိုကြရလေသည်။ ဤသို့ဖြင့် စာဆိုသည် လူငယ်တို့အား စကားနှင့်ပတ်သက်၍ ခံယူအပ်သော အချက်ကို ဗုဒ္ဓစကားဖြင့် အမွေပေးခဲ့လေသည်။

``စကားအလှ´´

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ သက်နှစ် ဆယ်သည်

ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။

ရွှေဂုဏ် ငွေဂုဏ်၊ ရာထူးဂုဏ်သည

လူ့ဘုံလောက၊ အကာမျှတည့်

သူကငြူစူ၊ မကြည်ဖြူ၍

ခွာယူလိုက၊ ခွာ၍ ရ။

ရိုးဂုဏ် ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

လူ့ဘုံလောက၊ နှစ် သာရတည့်

သူက ငြူစူ၊ မကြည်ဖြူလည်း

ခွာယူမရ၊ ကွာမကျ။

ကြီးကြီးငယ်ငယ်၊ ရွယ်ရွယ်လတ်လတ် ဂုဏ်ကို မကြိုက်သူ အလွန်နည်းပါးသည်။ ဓနဂုဏ်နှင့် ရာထူးဂုဏ်တို့သည် လူကို အလွန်ဆွဲဆောင်သည်။ ဓနဂုဏ်နှင့်ရာထူးဂုဏ်အနက် တစ်ခုခုပြည့်စုံပြီဆိုလျှင် လူ့စိတ်သည်လည်း အတော် ပြောင်းလဲသွားသည်။ ထိုဂုဏ်နှစ် ခုစလုံးကို ရပါမူ အဘယ်ဆိုဖွယ်ရာ ရှိအံ့နည်း။ ၀ိဒေဟရာဇ်ပုတ်သင်ညိုသည် ငွေသားတစ်ပဲကို လည်မှာ ဆွဲရသည့်နေမှစ၍ မာန်ဝင်သွားသည်။ ၀ိဒေသရာဇ်မင်းကြီး ဥယျာဉ်ထြွ်လျှင် ခါတိုင်းကြိုဆိုနေကျ ဖြစ်သော်လည်း ငွေဂုဏ်မောက်မာ၍ ငါလည်း ဥစ္စာရှင်ပါတကားဟု မာန်တက်သေးသည်။ သို့ရာတွင် အဆိုပါ ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်တို့သည် မမြဲချေ။ သူက ငြူစူ၊ မကြည်ဖြူ၍ ခွာချလိုက်လျှင် ယနေ့အရှိ။ နက်ဖြန်မရှိ၊ အားလုံးကွာကျ၊ သုံးရမတော့ချေ။ ဂုဏ်တကာ့ဂုဏ်အနက် ရိုးဂုဏ်သည်သာ အသာဆုံး ဖြစ်၍ သူတစ်ပါး ခွာချခြင်းမပြုနိုင်။ ကိုယ်ပိုင်ဂုဏ်၊ တကယ့်ဂုဏ် ဖြစ်လေသည်။ သို့ ဖြစ်၍ ဓနဂုဏ်၊ ရာထူးဂုဏ်ထက် ရိုးဂုဏ် (၀ါ) စာရိတ္တဂုဏ်ကို တန်ဖိုးထားအပ်သည်။

ဓနဂုဏ်၊ ရာထူးဂုဏ်ပင်ရှိသော်လည်း ကိုယ်ကိုနှိမ့်ချ၍ ရိုးဂုဏ်၊ ဖြောင့်ဂုဏ်ကို ထာဝရရှင်သန်အောင် အမွှမ်းတင်ထားသင့်သည်။ ဓနဂုဏ်၊ ရာထူးဂုဏ် မရှိသော်လည်း ရိုးဂုဏ်ကိုမက်၍ တစ်သက်လုံး ဖက်တွယ်ထားရမည် ။ အထက်တန်းကျသည်ဆိုခြင်းမှာ ရွှေဂုဏ်၊ ငွေဂုဏ်၊ ရာထူးဂုဏ်ကိုမဆို၊ ရိုးဂုဏ်၊ ဖြောင့်ဂုဏ်ကြောင့် အထက်တန်းကျရခြင်း ဖြစ်သည်။ မဟတ္တမဂန္ဒီကြီး ကမ္ဘာကျော်သည်မှာ ရိုးဂုဏ်ကြောင့် သာ ဖြစ်သည်။ စာဆိုသည် ဂုဏ်နှင့်ပတ်သက်သော ခံယူချက်အမှန်ကို လူငယ်တို့အား အမွေပေးရန် ဤကဗျာကို ရေး ခဲ့ခြင်း ဖြစ်လေသည်။ သို့ ဖြစ်၍ `ညီသစ်ဆင်း´ကဗျာသည် နီတိမဟုတ်ချေ။ မှန်သော အမြင်၊ လူ့လမ်းစဉ်ကို ညွှန်ပြသော ကဗျာ ဖြစ်သည်။ ဘယ်အခါမှ မရိုးနိုင်သော နိုင်ငံသားကောင်း လမ်းစဉ် ဖြစ်လေသည်။

``စွမ်းရည်အလှ´´

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ သက်နှစ် ဆယ်သည်

ဘယ်ပညာမှာ ၊ စွမ်းသနည်း။

စွမ်းသည်ခြင်းရာ၊ ဆိုသည်မှာ ကား

စာတွေ့ သက်သက်၊ စာမာန်တက်၍

စာထွက်များ လျား၊ စကားတွတ်တွတ်

ရွတ်တတ်အံဘနန်း၊ သည်အစွမ်းသည်

စွမ်းရည်မရိုး၊ သူ့ကိုယ်ကျိုး။

စာတွေ့ အသိ၊ ကိုယ်တွေ့ ညှိ၍

မှန်၏ ကောင်း၏ ၊ ဉာဏ်ဖြင့် သိ၍

သတိထိန်းချုပ်၊ စိတ်ကောင်းအုပ်၍

အလုပ်ချစ်ခင်၊ ဂုဏ်ဟုမြင်၍

လိုချင်ကြိုးပမ်း၊ သည်အစွမ်းသည်

စွမ်းရည်မိုးထိုး၊ အများ ကျိုး။

အစကမူ စာသင်သား တစ်ယောက် ယောက် စာတော် လျှင်၊ စာတွေ အများ ကြီး ဆိုပြနိုင်လျှင် စာမေးပွဲကို ဂုဏ်ထူးတွေ အများ ကြီးနှင့်အောင်လျှင်၊ ဘာသာစုံဂုဏ်ထူးရလျှင် တော် လိုက်လေဟု ချီးကျူးခံရသည်မှာ စာရေး သူတို့လည်း ပါသည်။ ရှေးရှေးတုန်းက လောကီ၊ လောကုတ္တရာတို့ကို နှုတ်တတ်အာဂုံဆောင်ကြလေသည်။ အချို့ ကိုးခန်းပျို့ စောင်လုံးရသည်။ ပါရမီခန်းပျို့ စောင်လုံးရသည်။ ပလိပ်စာ ဧချင်းစောင်လုံးရသည်။ ဘာဓမ္မသတ်၊ ပညာဓမ္မသတ် စောင်လုံးရသည်။ ချီးကျူးစရာမက ကိုယ်နှင့်နှိုင်းလျှင် အံ့သြစရာကြီး ဖြစ်နေသည်။ ကြားရသူ ငေးမောလောက်အောင် ရွတ်ပြနိုင်စွမ်းရှိသည်။ ပညာတော် မှု ၏ အဆုံးသည် ထိုသို့ပင် စာများများ ရခြင်းဟု အ၀ါးမ၀ခင်က ထင်ခဲ့သည်။ ယခုအခါတွင် မူ ပညာဆိုသည်မှာ အကျိုးရှိရာ လက်တွေ့ အသုံးချနိုင်မှသာ ဖြစ်သည်ဟု ပညာ၏ လမ်းဆုံးကို သတိထားမိသည်။

ရှေးရှေးက စာဆိုကြီးတို့သည် စာလည်းတတ်ကြသည်။ တတ်သည်နှင့်အမျှ စာပေ၊ ကဗျာ၊ ကျမ်းဂန်များ ကို ပြုစု၍ နိုင်ငံအကျိုး၊ စာပေအကျိုးကို ဆောင်ခဲ့ကြလေသည်။ ဥပမာ - ရှင်မဟာရဋ္ဌသာရဘုန်းတော် ကြီးသည် ဘူရိဒတ်လင်္ကာကြီး၊ ဘူရိဒတ်ဇာတ်ပေါင်းပျို့၊ ကိုးခန်းပျို့၊ သံဝရပျို့ စသည်တို့ကို ရေး ၍ ပျို့ကဗျာခေတ်ကို ထူထောင်ပြီး အများ အကျိုးကို သည်ပိုးခဲ့လေသည်။ ထိုအတူ ရှင်မဟာသီလ၀ံသဘုန်းတော် ကြီးသည်လည်း ပါရမီတော် ခန်း၊ ဆုတောင်းခန်းပျို့၊ ပါရယန၀တ္ထု စသည်တို့ကို ရေး ၍ အများ အကျိုးကို ဆောင်ခဲ့လေသည်။ ယနေ့ခေတ်တွင် မင်းကွန်ဆရာတော် ကြီးသည် ပိဋကတ်သုံးပုံကို နှုတ်ငုံလည်း ဆောင်နိုင်ခဲ့သည်။ သဘောရေး ဖြေကိုလည်း အောင်မြင်ခဲ့သည်။ စာတွေ အများ ကြီးတတ်သည်။ တတ်သည်နှင့်အမျှ အများ အကျိုးငှာ မဟာဗုဒ္ဓ၀င်ကြီးကို ဦးစီးရေး သားပြုစုခဲ့သည်။ မဟာဗုဒ္ဓ၀င်ကြီး၏ ပမာဏကား ဗုဒ္ဓ၀င်တကာတွင် အရှည်လျားဆုံး ဖြစ်သည်။ ခြောက်တွဲ စာရှစ်အုပ် စာမျက်နှာ ငါးထောင်ကျော် ရှိသည်။

ပညာတော် သည်ဆိုခြင်းသည်ကား ဒါမျိုးကိုမှ ခေါ်သည်။ အများ အကျိုးကို ဆောင်နိုင်မှသာ ပညာတော် သည် မည် သည်။ ထိုအချက်ကို စာဆိုဇော်ဂျီက `စွမ်းရည်အလှ´ ဟု ကဗျာဖွဲ့သည်။ သို့ ဖြစ်၍ အသုံးချပညာ တကယ့်ပညာ ဖြစ်နိုင်ဖို့ (၁) စာတွေ့ အသိကို ကိုယ်တွေ့ နှင့် ညှိနှိုင်းရမည် ။ (၂) မှန်၏ ။ ကောင်း၏ ဟု ဉာဏ်ဖြင့် သိရမည် ။ (၃) သတိထိန်းချုပ် စိတ်ကောင်းလည်း အုပ်နိုင်ရမည် ။ (၄) အလုပ်ကို ဂုဏ်ဟု ချစ်ရဦးမည် ။ (၅) လိုချင်ကြိုးပမ်းခြင်းလည်း ရှိရမည် ။ (၆) အများ အကျိုးကို ဆောင်ရဦးမည် ဟု ပညာနှင့် ပတ်သက်သော ခံယူချက်ကို

စာတွေ့ အသိ၊ ကိုယ်တွေ့ ညှိ၍

မှန်၏ ကောင်း၏ ၊ ဉာဏ်ဖြင့် သိ၍

သတိထိန်းချုပ်၊ စိတ်ကောင်းအုပ်၍

အလုပ်ချစ်ခင်၊ ဂုဏ်ဟုမြင်၍

လိုချင်ကြိုးပမ်း၊ သည်အစွမ်းသည်

စွမ်းရည်မိုးထိုး၊ အများ ကျိုး.... ဟု ဖွဲ့သည်။

နိုင်ငံနှင့် လူမျိုး၏ ကောင်းမှု ၊ ဆိုးမှု ၊ တိုးတက်မှု ၊ ဆုတ်ယုတ်မှု (၀ါ) နိုင်ငံနှင့် လူမျိုး၏ ကြမ္မာသည် မျိုးဆက်သစ်လူငယ်တို့၏ လက်ဝယ်တွင် တည်သည်။ မျိုးဆက်သစ်လူငယ်တို့သည် မည် မျှပင် ပညာတော် ကြသည်ဆိုစေကာမူ ခံယူချက်မမှန်ပါက အချည်းအနှီးသာ ဖြစ်သည်။ နိုင်ငံ၏ အနာဂတ်အတွက် မျိုးဆက်သစ်လူငယ်တို့၏ ခံယူချက်မှန်ကန်ရေး ကို စာဆိုဇော်ဂျီက `ညီသစ်ဆင်း´ ကဗျာစုနှင့် ချမှတ်ပေးရာ ညီသစ်ဆင်းသည် နီတိမမည် ၊ နိုင်ငံသားကောင်း လမ်းစဉ်မည် ပေသည်။

မောင်ဟုန်ဝမ်

* * * * *


အခန်း (၂)

ပြောလိုက်ပါဘိ ဟောပါဘိ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သက်လှယ်၊ မင့်သားငယ်သည်

သက် နှစ် ဆယ်ပင် ပြည့်ခဲ့ပြီ။

သူ သုံးနှစ် သား၊ ဖော်ချင်းများနှင့်

အူယား ဖားယား

ကစားရာမှ၊ နွားရုပ်ချ၍

နတ်ကျသည့်သွင်၊ မင့်ရင်ခွင်သို့

ပြေးဝင်ပုန်းလာ၊ သူ့မူရာကို

ငါမြင်ခဲ့၏ မှတ်မိ၏ ။

မိုးကစိုစို၊ ကျီးအုပ်ပြို၍

ထိုမှ ဤမှ၊ တို့လမ်းမတွင်

ပျံကြ ၀ဲကြ၊ ငရဲထသို့

အုံကြွမည် အာ၊ မသာယာကို

ငါကြားခဲ့၏ မှတ်မိ၏ ။

ထိုနေ့၌ ပင်၊ ထိုချိန်ထင်၏

သခင်အောင်ဆန်း၊ ပြည်သူ့ပန်းသည်

ပွင့်လန်းခါစ၊ ကြွေလိုက်ရ၏

မြေခ သတင်း၊ မိုးကြိုးခွင်းသို့

အိမ်တွင်း အိမ်ပြင်၊ တို့လမ်းခွင်၌

မချင့်မရဲ၊ ၀မ်းနည်းခံခက်

မျက်စိ မျက်နှာ၊ ညှိုးကျရှာသည်

ရွာဦးပိုင်းမှ သင်္ချိုင်းထိ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ နှစ် ဆယ်သက်စစ်

သူတို့ခေတ်၌

တိုင်းချစ် ပြည်ခင်၊ မြတ်စေချင်၏

မင်းမြင် ငါကြား၊ စကားဥဒါန်း

ဆန်း၏ သတ္တိ၊ ဆန်း၏ သမာဓိ

ဆန်း၏ ပညာ၊ ဆန်းမှာ ဆုံပေါင်း

ယောက်ျားကောင်းတို့၊ ခေါင်းဆောင်သဘော

မင့်သားချောကို

ပြောလိုက်ပါဘိ ဟောပါဘိ....။

* * * * *


အခန်း (၃)

မအိုပွဲ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းနှင့် ငါနှင့်၊ စိတ်ချင်းသင့်၍

အခွင့်သာခိုက်၊ မန်းတစ်ဝိုက်တွင်

မဟိုက် မပန်း၊ တို့ရွှင်လန်းခဲ့

လမ်းမကိုခွာ၊ လမ်းမြွှာကိုရွေး

လမ်းသေးသေးက

ရှေးဟောင်းကျောင်းကန်၊ တံတိုင်းရံတည့်

စစ်ဒဏ် မီးဒဏ်၊ ကာလဒဏ်မှ

ခံနိုင်သရွေ့၊ ကျန်သရွေ့ကို

တစ်နေ့ကလည်း ရောက်ခဲ့၏ ။

တောင်သမန်ကွင်း၊ တို့အဆင်းတွင်

အင်းမြေမှာ တွား၊ ကင်းခြေများ ကို

တံတားသာဟန်၊ ရှေးလက်ကျန်တည့်

မိုးဒဏ် လေဒဏ်၊ ဖ၀ါးဒဏ်မှ

ခံနိုင်သရွေ့၊ ကျန်သရွေ့ကို

မနေ့ကလည်း ရောက်ခဲ့၏ ။

မြစ်ငယ်ဘက်မှ၊ မြို့အင်းဝတွင်

ရှေးက နန်းတော် ၊ ခုသော ယာတော

ကျုံးကော ကျုံးပတ်၊ မြို့ရိုးအက်တည့်

ပရွက် ခြဒဏ်၊ ညောင်မြစ်ဒဏ်မှ

ခံနိုင်သရွေ့၊ ကျန်သရွေ့ကို

ယနေ့တွင် လည်း ရောက်ခဲ့၏ ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းနှင့် ငါနှင့်၊ စိတ်ချင်းသင့်၍

လွှင့်ခဲ့ပျော်မွေ့၊ ထိုသုံးနေ့တွင်

တစ်နေ့တစ်မျိုး၊ ပုံသုံးမျိုးသည်

အကျိုးအပဲ့၊ အရွဲ့အစောင်း

အဟောင်းအမြင်း၊ အိုမင်းလျှောကျ

ပျက်ဟန်ပြ၏ ။

ပြောကြ ဟောကြ၊ တိုက်ကြ ခိုက်ကြ

ပြုကြ ပြင်ကြ၊ နိုင်ကြ ရှုံးကြ

ခင်းခဲ့ကြသည့်၊ ရှေ့ကဇာတ်လုပ်

ရှေးရုပ်အစုံ၊ မှိုင်းမှု န်မှု န်ကား

ကြိုက်ကြုံခဏ၊ ပြည်ဖုံးမ၍

ကမြဲ ဆိုမြဲ မအိုပွဲ။ ။

ငွေတာရီ အမှတ် ၄၉၊ ဇူလိုင် ၁၉၆၄

* * * * *


အခန်း (၄)

စွမ်းရည်အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ သက်နှစ် ဆယ်သည်

ဘယ်ပညာမှာ ၊ စွမ်းသနည်း။

စွမ်းသည်ခြင်းရာ၊ ဆိုသည်မှာ ကား

စာတွေ့ သက်သက်၊ စာမာန်တက်၍

စာထွက်များ လျား၊ စကားတွတ်တွတ်

ရွတ်တတ်အံဘနန်း၊ သည်အစွမ်းသည်

စွမ်းရည်မရိုး၊ သူ့ကိုယ်ကျိုး။

စာတွေ့ အသိ၊ ကိုယ်တွေ့ ညှိ၍

မှန်၏ ကောင်း၏ ၊ ဉာဏ်ဖြင့် သိ၍

သတိထိန်းချုပ်၊ စိတ်ကောင်းအုပ်၍

အလုပ်ချစ်ခင်၊ ဂုဏ်ဟုမြင်၍

လိုချင်ကြိုးပမ်း၊ သည်အစွမ်းသည်

စွမ်းရည်မိုးထိုး၊ အများ ကျိုး။

ရှေ့ဆောင်လူငယ် အတွဲ -၁၊ အမှတ်-၁

သြဂုတ် ၁၉၆၄

* * * * *


အခန်း (၅)

စွယ်စုံ အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ သက်နှစ် ဆယ်သည်

ဘယ်ပညာမှာ တော် သနည်း

တော် သည်ခြင်းရာ၊ ဆိုသည်မှာ ကား

လက်ရာဆန်းသစ်၊ ခေတ်မီဆန်းပြား

တိုင်းခြားနည်းစုံ၊ အဖုံဖုံကို

တတ်ရုံမျှဖြင့် မပြီးသေး။

တို့မြေ တို့ရေ၊ တို့ အခြေနှင့်

တို့ငွေ တို့အား၊ တို့ စိတ်ထားနှင့်

စည်းဝါးကိုက်ညီ၊ ညှိကြံစည်မှ

တော် သည် ယူဆ စွယ်စုံလှ။ ။

ရှေ့ဆောင်လူငယ် အတွဲ -၁၊ အမှတ်-၃

အောက်တိုဘာ ၁၉၆၄

* * * * *


အခန်း (၆)

လုပ်အား အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ် သက်နှစ် ဆယ်သည်

ဘယ်အလုပ်ကို လုပ်မည် နည်း။

အလုပ်ခြင်းရာ၊ ဆိုသည်မှာ ကား

ကာယ ဉာဏ၊ စွမ်းပြ အင်အား

တစ်ပါးပါးဖြင့်

မနားမသုန်၊ ဖိန့်ဖိန့်တုန်အောင်

လုပ်ရုံမျှဖြင့် မပြီးသေး။

စားဝတ်နေမှု ၊ ဤသုံးခုကို

လူ့ဓမ္မတာ၊ ဆည်းပူးရာဝယ်

ပြည်ရွာအကျိုး၊ အများ ကျိုးလည်း

သယ်ပိုးပါမှ လုပ်အားလှ။ ။

ရှေ့ဆောင်လူငယ် အတွက်-၁၊ အမှတ်-၎

နိုဝင်ဘာ ၁၉၆၄

* * * * *


အခန်း (၇)

ဂုဏ် အလှ

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်း၏ သားငယ်၊ သက်နှစ် ဆယ်သည်

ဘယ်ဂုဏ်မျိုးကို ကြိုက်သနည်း။

ရွှေဂုဏ် ငွေဂုဏ်၊ ရာထူးဂုဏ်သည်

လူ့ဘုံလောက၊ အကာမျှတည့်

သူကငြူစူ၊ မကြည်ဖြူ၍

ခွာယူလိုက၊ ခွာ၍ ရ။

ရိုးဂုဏ် ဖြောင့်ဂုဏ်၊ ယဉ်ကျေးဂုဏ်သည်

လူ့ဘုံလောက၊ နှစ် သာရတည့်

သူက ငြူစူ၊ မကြည်ဖြူလည်း

ခွာယူမရ၊ ကွာမကျ။

ရှေ့ဆောင်လူငယ် အတွက်-၁၊ အမှတ်-၅

ဒီဇင်ဘာ ၁၉၆၄

* * * * *


အခန်း (၈)

ဝိဓူရ ဒုက္ခ

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းလည်း အသိ၊ ငါလည်းသိပြီ

ဝိဓူရမတ်၊ တရားတတ်၏

သည်းပွတ်ဆိုလား၊ နှလုံးသားကား

တရားသိမြင်၊ ပညာပင်ဟု

ဇာတ်တွင် ထင်လင်း၊ ဆိုလိုရင်း ကို

မင်းလည်းအသိ၊ ငါလည်းသိသည်

နေသိ လသိ အားလုံးသိ။

အန်ရွဲလက်လှ၊ ကောရဗျတွင်

ဝိဓူရမတ်၊ ရှိသတတ်

ထိုမတ် မင်းခ၊ ၀ိဓူရသည်

ဘောဂ၀တီ၊ နဂါးပြည်သို့

ကြွချီရောက်လာ၊ သော အခါဝယ်

နံ့သာလိမ်းကျံ၊ ပန်းမန်ဆင်မြန်း

ခမ်းနားတင့်တယ်၊ ထက်ဝယ်ဖွဲ့ခွေ

နေတော် မူ၍

သိမ်မွေ့ညံ့နု၊ သူ့ပညာကို

သံချိုအေးမြ၊ ဟောဖော်ပြသော်

နာဂ မဟေသီ၊ နာဂီမဖုန်း

တစ်နန်းလုံးပင်၊ ပြုံးကြ ရွှင်ကြ

ဝိဓူရသည်

နာဂပြည်လှ ရောက်ခါမှ။

နဂါးပြည်ရောက်၊ လူပါမောက်သည်

လျောက်ပတ်တင့်တယ်၊ ထက်ဝယ်ဖွဲ့ခွေ

မနေရခင်၊ ယခင်ခါက

နာဂ မဟေသီ၊ ရွှင်ကြည်မဆုံး

မပြုံးရခင်၊ ယခင်ခါက

ဖြစ်ကြသည်မှာ ၊ ပြည်ဘောဂါဝယ်

ဝိမလာမ၊ ၀ိဓူရကို

လောကလူတွင် ၊ မတ်ဉာဏ်ရှင်ဟု

ကြားလျှင် ကြားချင်း၊ ထိုသတင်းကြောင့်

မတ်မင်းပညာ၊ နာချင်ရှာ၏

နာချင်အာသာ၊ နာချင်ပါလည်း

နာလိုလှကြောင်း၊ သူ မတောင်းခဲ့

လဲလျောင်းဆောင်ဗွေ၊ တခွေခွေသည်

ရေစာမယူ မူခဲ့၏ ။

ထိုရောအခါ၊ မယ့် ရောဂါ ကို

ရာဇာ နာဂ၊ မေးကာလ၀ယ်

မမ မဟေသီ၊ မယ်နာဂီသည်

မပီကလာ၊ ပီကလာနှင့်

မယ့်မှာ မချိ၊ ဒုက္ခဖိပြီ

ဝိဓူရမတ်၊ နှလုံးမြတ်ကို

တပ်ခဲ့ချင်ခြင်း၊ မယ့်ရင်တွင်းဟု

မင်းကြီးကိုဆွ၊ ငိုချင်းချသည်

နာဂ မျက်ရည် ရွှဲခဲ့၏ ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းလည်းအသိ၊ ငါလည်းသိ၏

နန်းကြီးရွှေကြာ၊ ၀ိမလာသည်

စိတ်မှာ မြင်ကွင်း၊ အမတ်မင်းကို

ခံတွင်းနှုတ်ဖျား၊ နှလုံးသားဟု

နဂါးငိုယို၊ ၀ိုးဝါးဆို၏

ဆိုလိုချင်ရင်း၊ ဆိုမရှင်းကို

မင်းသိ ငါသိ အားလုံးသိ။

နန်းကြီးရွှေကြာ၊ ၀ိမလာသည်

ခန္ဓာကြွေမျှ၊ ငိုချင်းချသော်

နာဂစောထီး၊ နဂါးကြီးသည်

ပူမီးဗျာပွား၊ မိဖုရား

မစားရေစာ၊ မနေပါနှင့်

ရွှေကြာလိုဘ၊ ရွှေကြာရစိမ့်

ယုယပိုက်ဖြား၊ မှာ စကားနှင့်

စဉ်းစားခန်းဝင်၊ ရွှေနန်းရှင်သည်

မရႊင္မပ်၊ လက္မႈ ိင္ခ်။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းလည်းအသိ၊ ငါလည်း သိ၏

ဝိမလာမ၊ စကားလှတွင်

နာဂ ရာဇာ၊ ဉာဏ်အရာကို

မပါကိုယ်ရေး ၊ ခေါင်းအေးအေးနှင့်

မတွေးမတော၊ မစစ်ကြောခဲ့

သူပြောစကား၊ နှလုံးသားဟု

မယားကိုကြည့်၊ ၀ိုးဝါးသိ၏

သိပြီး ချက်ချင်း ၊ သိမရှင်းကို

မင်းသိ ငါသိ အားလုံးသိ။

ဣရန္ဓတီ၊ နာဂီနုထွား

နဂါးမင်းကြီး၊ ချစ်သမီးတည့်

ခမည်း ဗျာများ ၊ ဖ စကားကို

ကြားသော် ခဏ၊ ဆောင်သို့ကြွ၍

မမ မယ်မယ်၊ ဘယ့်နှယ်ဘုရား

မယ်ဘွားတပ်ငြိ၊ သမီးဖြည့်အံ့

မယ်ဣ သစ်လွင်၊ ပန်းဝတ်ဆင်၍

ရေယဉ်ကို ခွဲ၊ ရေထဲကထွက်

တောင်ပေါ်တက်သည်

ကြင်ဘက်မျှော်တ ဇာနေယျ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းလည်းအသိ၊ ငါလည်း သိ၏

ဣရန္ဓတီ၊ မယ်နာဂီလည်း

မကြည်မသာ၊ ဉာဏ်အရာကို

မပါကိုယ်ရေး ၊ ခေါင်းအေးအေးနှင့်

မတွေးမတော၊ မစစ်ကြောခဲ့

သူပြောစကား၊ နှလုံးသားဟု

မယ့်ဘွားကို ကြည့်၊ ၀ိုးဝါးသိ၏

သိပြီး ချက်ချင်း ၊ သိ မရှင်းကို

မင်းသိ ငါသိ အားလုံးသိ။

ဣရန်နဂါး၊ ပျိုနုထွားက

ဇာဘွားနည်းဘွား၊ မင်းယောက်ျားကို

လင်သားပြုလို၊ တေးဖွဲ့ဆိုသော်

ဖိုသည်းလှိုက်မျှ၊ ပုဏ္ဏကတည့်

အာဂ ဘီလူး၊ အချစ်ဦးကြောင့်

မူးတူးမင်တင်၊ အချစ်ခွင်သို့

ပစ်ဝင် ခြေစုံ၊ သက်လုံးပုံ၍

ဝသုန်ဤမြေ၊ ကုန်စေပျက်ပြုန်း

ငါ့ဘုန်း ငါ့အား၊ နှလုံးသားကို

ရည်းစားလက်ဆောင်၊ ချစ်လက်ဆောင်ဟု

မင့်မောင် ပုဏ္ဏက၊ ယူလာပြမည်

ချစ်ခ ကြိုက်ကြေး ကတိပေး။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းလည်းအသိ၊ ငါလည်းသိ၏

မယ်ဣချစ်ဦး၊ ထိုဘီလူးလည်း

ချစ်ရူး ပူဆာ၊ ဉာဏ်အရာကို

မပါကိုယ်ရေး ၊ ခေါင်းအေးအေးနှင့်

မတွေးမတော၊ မစစ်ကြောခဲ့

သူပြောစကား၊ နှလုံးသားဟု

ရည်းစားကိုကြည့်၊ ၀ိုးဝါးသိ၏

သိပြီး ချက်ချင်း ၊ သိ မရှင်းကို

မင်းသိ ငါသိ အားလုံးသိ။

ဘီလူးလုလင်၊ ဣ သခင်သည်

နှင်ခဲ့ အပြင်း၊ သိန္ဓောမြင်းနှင့်

မြို့တွင်းရွှေနန်း၊ အန် ရွဲခန်းတွင်

လောင်းတမ်းကိုပြော၊ မြင်းသိန္ဓောတည့်

မနောမယ၊ အနဂ္ဃတည့်

ကောရဗျမူ

သူနှင့် မိဖုရား၊ နန်းကိုထား၍

တစ်ပါးဥစ္စာ၊ လိုရာရာတည့်

မကြား ချက်ချင်း ၊ အန်ပွဲကျင်းသော်

လူမင်း အန်ရှုံး၊ ဘီလူးပြုံး၍

ဝုန်းခနဲထ၊ ၀ိဓူရကို

သူကရွေး၍ ယူလိုက်၏ ။

ဝိဓူရမတ်၊ နှလုံးမြတ်ကို

ဆတ်ဆတ် ဧကန်၊ ဆွတ်မည် ကြံ၍

မာန် တကြွကြွ၊ ပုဏ္ဏကသည်

ထလော့ မတ်ကြီး၊ ငါ့မြင်းမြီးဝယ်

သန်သီး နားဆွဲ၊ လက်တွယ်မြဲဟု

သရဲသဘက်၊ သံအက်အက်နှင့်

အထက်ကောင်းကင်၊ မြင်းကိုနှင်၏

သင်တုန်းမုန်တိုင်း၊ မြင်းဒုန်းစိုင်း၏

ဆင်ရိုင်း မုန်ထ၊ ခြောက်၍ ပြ၏

မိုးဝ ကောင်းကင်၊ ပစ်၍ တင်၏

ခြင်္သေ့ဂူအောင်း၊ အုပ်မည် ချောင်း၏

ဦးခေါင်းတွဲ လဲ၊ ငိုက်စိုက်ဆွဲ၏

ဆင်းရဲစုံစွ၊ မတ်မင်းလှမှာ

ခံရပလေ၊ ဖွတ်ဖွတ်ကြေသည်

မသေတစ်မည် ကျန်တော့၏ ။

ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း

မင်းလည်း ၀မ်းပါး၊ ငါလည်း ပါး၏

နဂါး မိဖုရား၊ ဆို ၀ိုးဝါးကြောင့် ....

နဂါး မင်းအို၊ မယားငိုလျှင်

လိုလိုက်ချင်အား၊ သိ ၀ိုးဝါးကြောင့် ......

နဂါး မင်းသမီး၊ မွေးမေညည်းသော်

ရင်တီးဗျာများ ၊ သိ ၀ိုးဝါးကြောင့် ....

ချစ်ကြွားကြွကြွ၊ ပုဏ္ဏကသည်

ပြလို ပြစား၊ သိ ၀ိုးဝါးကြောင့် .....

ဘုရား ဘုရား

ဘုရား တမိ၊ တို့ မချိခဲ့

သိပြီ စင်စစ်၊ ဖြစ်ရလေခြင်း

မတ်မင်းဒုက္ခ၊ ကြီးလိုက်ရသည်

နာဂပြည်သို့ မရောက်ခင်တည်း။ ။

ငွေတာရီ အမှတ် ၅၄-၊ ဒီဇင်ဘာ ၁၉၆၄

* * * * *




ဝန်ဇင်းချစ်သူများ ဇော်ဂျီ ၏ “ ညီသစ်ဆင်း ကဗျာစု ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


လူလေးတို့ရဲ့ ဇော်ဂျီ

နင်လားဟဲ့ ချစ်ဒုက္ခနှင့် အခြားဝတ္ထုတိုများ

ပြည်ကြီးဘာယာနှင့်ပင်ကိုရေးဝတ္ထုတိုများ