Cover

အခန်း (၁)

သူငယ်ချင်းတွေ က သည်လိုမြင်တယ်

နှင်းမြူလွှမ်း ပါးပြင်ပေါ်

သခင်နှစ် ပါး လနတ်သားတို့ ခစားနေကြချိန်

မရိုးသားသူ တစ်ယောက်

လ,နှစ် ဝန်း တန်ခိုးအပြိုင်၊

မျက်ဝန်းဆိုင်အစုံကိုပိတ်လိုက်ပြီး..။

တိတ်တိတ်ကလေးနမ်းလိုက်တယ်။

နောက်ပြီး ပါးပြင်ပေါ်က

ပုလဲဥတွေ ကို ခိုးသွားတယ်။

ဒါပေမယ့်…ဒီသူခိုးကိုမိလိုက်ပြီ…အခု….

နုသျှင်

* * * * *


မြတ်မျိုးမြင့် မြင်တဲ့ပုံ

ရောင်းရင်းနွယ်ဂျာ…

မင်းကဗျာစု၊ နုနုရွရွ၊ ပြန်ဖတ်ရတော့

ဘဝဟိုတိတ်၊ ဒို့ငယ်ရိပ်က ၊ ချစ်စိတ်ပြင်းထန်၊ ရင်ခုန်သံတွေ

ပြန်ဝင်စားရင်း၊ သက်ပြင်းခဏ ချမိတယ်။ ။

ယဉ်မောင် (ခရမ်း)

၂-ရက် ၊ ၂- လ၊ ၂ဝဝဝပြည့်နှစ်

* * * * *


ညတိုင်း မလွမ်းတတ်တဲ့မင်း၊ ပါးပြင်တိုင်း မနမ်းတတ်တဲ့မင်း၊

ဒါပေမယ့်…လွမ်းမိတဲ့ ညမှာ တော့

နမ်းမိတဲ့ပါးပြင်ကို သတိရတယ်လို့ မင်းကဗျာလေးတွေ က

ပြောနေပါရောလား။

စန်းလွင် (သွေးဆိုး)

* * * * *


Tran: Aung Htape

နုတဲ့၊ ယဉ်တဲ့၊ ဆန်းသစ်တဲ့ - မင်းရဲ့ ကဗျာလေးတွေ ကိုဖတ်ပြီး၊ငါ့အတွေးထဲမှာ မင်းကဗျာလေးတွေ ဝဲပျံနေတယ်။ ကောင်းတယ်လို့တော့ မဆိုချင်ပါဘူး၊ ငါတော့ကြိုက်တယ် သူငယ်ချင်း။

ဇော်ဝင်း

* * * * *


ကောင်မလေး တစ်ယောက် ၊ ပါးကွက်ကြားလေးနဲ့၊ လှောင်ပြုံးပြုံးပြတယ်၊

ကိုယ်မကြည့်ရဲပါဘူး။

ဒါပေမယ့် ခိုးတော့ကြည့်မိတယ်၊ သူ့မျက်နှာက လပြည့်ဝန်းလိုပဲ။

ဘာကြောင့် လဲမသိ ငါ သူ့ကို သိပ်ကြည့်ချင်တာပဲ။

မောင်လင်းအောင်

* * * * *


ကဗျာဆိုတာ နှလုံးသားရဲ့ ခံစားတတ်မှု

ဟောဒီလောကမှာ ကဗျာတွေ အများ ကြီးဘဲ

သည်လောကရဲ့ နှလုံးသားရတနာတွေ ကို

ဆန်းသစ်တီထွင်မှု ဟန်တွေ နဲ့ ကဗျာလေးတွေ အ ဖြစ် အသက်သွင်းနိုင်ပါစေလို့။

မောင်မောင်မြင့်သိန်း

* * * * *


မင်းစာအုပ်အကြောင်းကို အမျိုးမျိုးပြောနေကြလေရဲ့ ။

ကောင်းတာလဲပါတယ်၊ ဝေဖန်တာလဲပါတယ်၊ သူတို့မြင်သလိုပေါ့။

“ဦးချစ်ဆိုင်” ၊ ကော်ရစ်ဒါ၊ လက်ဘက်ရည်ဆိုင်တွေ မှာ

ပြီးတော့ ကဗျာချစ်သူတွေ ရဲ့ ပါးစပ်မှာ …

ဘယ်သူဘာပြောပြောလေ ငါ ကတော့ မင်းကိုကြိုတယ်။ ဒါပါပဲ။

လွမ်းဝေ (ရာမည)

* * * * *


သူငယ်ချင်းရေ…

ပါးကွက်ကြားနဲ့ ကောင်မလေးကိုပြောလိုက်ပါ။

သူပန်ဖို့ ကဗျာပန်းလှလှလေးတွေ ခူးထားတယ်လို့။

ခေတ္တလူ့ပြည်မှ အောင်လင်း

* * * * *


အခန်း (၂)

“သူငယ်ချင်းတို့အတွက်”

အချစ်အတွက်….

ကျလာတဲ့မျက်ရည်စကို…

တာ့ခ်ျမဟာက သုတ်ပေးလိမ့်မယ်..။

မျက်ရည်ကျရလို့

ရှက်တဲ့အရှက်ကို…

နပိုလီယံကဖြေပေးလိမ့်မယ်..။

အသဲငယ်တယ်လို့ ပြောကြလား…

ပြောပါစေ....

ဖြေရှင်းချက်တွေ ကို

ဘောလ်ဇက်၊ သိဝိမင်း

ရှယ်လီ ဒဿဂီရိ

သူတို့ညှိလို့ ပေးလိမ့်မယ်

သူငယ်ချင်းတို့ရေ..

ချစ်တတ်လို့ ငိုတတ်ရင်..

ရှိုက်ငင်လို့သာ ငိုပစ်လိုက်..

စောစောကလူတွေ နဲ့

အားငယ်လို့ နေသေးရင်…

ငါ..ပါ လာခဲ့မယ်….

အဖေါ်တွေ ..အများ ကြီးနဲ့….။

နွယ်ဂျာ

* * * * *


အခန်း (၃)

ကံ့ကော်အိပ်မက်

ကံကော်ပင်အောက်မှာ

ခြေရာလေးတွေ တွေ့ မိတယ်…

ခြေရာလေး..လေးခု…။

ကံ့ကော်ပင်ထက်မှာ

လက်ကလေးတွေ တွေ့ မိတယ်..

လက်ကလေး..လေးခု..။

ကံ့ကော်ပွင့်လေးမှာ

အပြုံးလေးတွေ တွေ့ မိတယ်..

အပြုံးလေးနှစ် ခု..

ပန်ပေးခဲ့တဲ့ လက်ကလေးနဲ့

ပန်နေခဲ့တဲ့ လက်ကလေးရယ်..

ပန်ပေးရင်းက ပြုံးတဲ့အပြုံးနဲ့

ပန်နေရင်းက ပြုံးတဲ့အပြုံးရယ်

ပန်ပေးတုန်းက ခြေရာလေးတွေ နဲ့

ပန်နေတုန်းက ခြေရာလေးတွေ ရယ်..

ဒါဘဲလေ..

သူတော့..မေ့ရင် မေ့နေမယ်..

သူတော့…တွေ့ မှတွေ့ မိမယ်..။

* * * * *


အခန်း (၄)

ကျနော်ချစ်သော လူမိုက်လေးများ

လူကြီးတွေ က

မိုက်လှချည်ရဲ့ ..ပြောကြတယ်…။

ကောင်မလေးတွေ က

အားမကိုးရဲ၊ လူတေ…ဘဲလို့

နဲနဲလေးတောင် မခင်ကြ..။

လဘက်ရည်ခါးခါးလေး..

ဆေးပေါ့လိပ်တတို

စိုပြေတဲ့စကားမုန်တိုင်း

ဝိုင်းဖွဲ့ကျေနပ်နေတာဘဲ…။

စာသင်ရင်းနဲ့

ပြတင်းပေါက်က မြင်သမျှတွေ

အလှသစ္စာ ၊ ဝိုင်းဖွဲ့ရှာလို့

ကာရံကြားမှာ မူးမေ့နေ..။

ပညာအတွက်-

ဓနတွက်လို့ ၊ တစက်ကလေး

ရေး ရေး တွေးလို့ မပူပင်..။

ဘဝရှေ့ရေး ၊ နောင်ရေး ဆိုတာ

ကဗျာထဲမှာ ရှိလိမ့်မယ်..။

အဲသည်လိုဘဲ ယုံကြည်ကြတယ်။

သည်တော့လဲ…

မြင်ကြသူတိုင်းက

လူမိုက်ဘွဲ့ဘဲပေးမှာ ပေါ့ -

ဒါပေမယ့်…

သည်ဘွဲ့ဆိုးကိုဘဲ

အသိတမျိုး၊ အတွေးတမျိုးနဲ့

တန်ဖိုးရှိရှိ၊

အလှကြည့်လို့ နေကြတယ်..

ကျနော် သိပ်ချစ်သွားတာဘဲ..။ ။

* * * * *


အခန်း (၅)

ဒဏ္ဍာရီ

တမာပင်ဟာ

အရင်တုန်းက မခါးပါ။

တမာရိပ်မှာ

သူရောက်လာပြီး၊ ခြေရာများ စွာ

ချသွားကာမှ

တမာချိုလေး ခါးသွားသည်။

သစ်ရွက်တွေ ဟာ

ရှေးရှေးတုန်းက မစိမ်းပါ။

သစ်ရွက်ပေါ်တွင်

သူ့ဝိညာဉ်ဟာ၊ ပျော်ရွှင်နားလျှက်

ပြန်လဲထွက်ရော -

သစ်ရွက်လေးတွေ စိမ်းသွားတယ်။

* * * * *


အခန်း (၆)

သိပ်ချစ်တာဘဲ

သိပ်ချစ်တာဘဲ -

အသဲထဲမှာ ၊ ပန်းဝတ်လွှာလို

သိုကာထားမယ် ပျားလဲမချဉ်း

လေညှင်းမကြူ၊ ကိုယ်ဘဲမြှူမယ်

အူတိုတယ်ဘဲ ပြောချင်ပြော။

သိပ်ချစ်တာဘဲ

အသက်ထဲမှာ ၊ အသာမှေးမှိတ်

အိပ်ပါလားကွယ်၊ တခြားရပ်ဌာန်

ကြားလေခံရင်၊ မြစ်ယံဝေးကွာ

ကိန္နရာလို၊ ရာစုနှစ် ပေါင်း

ထောင်သော င်းထိုထို၊ ရက်ဆက်ငိုမယ်

ပိုလွန်းတယ်ဘဲ မှတ်ချင်မှတ်။

သိပ်ချစ်တာဘဲ-

ရင်ထဲဆွေးတိုင်း၊ တွေးမိတယ်လေ

ပန်းကြွေလေးသာ၊ ကိုယ် ဖြစ်ပါရင်

ခြေရာလေးမှာ ၊ ခိုနားပါမယ်

တစ်ခါရက်စက်၊ လာလမ်းဖျက်လို့

ခွဲထွက်ရှောင်သွား၊ မထားခြေရာ

မုန်းသွားမှာ ဘဲ၊ စိုးရိမ်ဆဲကွယ်

သဲလွန်းတယ်ဘဲဆိုချင်ဆို။

အို --

ငိုရတော့လဲ ကိုယ်ပါဘဲ

သဲကျွမ်းရလဲ၊ ကိုယ်ပါဘဲမို့

ပိုလွန်းသဲလွန်း၊ အူတိုလွန်းမှ

အလွမ်းသက်သာ၊ စိတ်ဖြေသာမယ်

ဘာပဲ ဖြစ် ဖြစ်၊ ရှောင်မပစ်နဲ့

သိပ်ချစ်တာပဲ အချစ်ရယ်။ ။

* * * * *




ဝန်ဇင်းချစ်သူများ နွမ်ဂျာသိုင်း ၏ “ ပါးကွက်ကြားနဲ့ လပြည့်ဝန်း ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


အချစ်ဆုံးလဲ ဖြစ်ခဲ့ဖူးပါတယ်

အားလုံး ပျော်ရွှင်ချမ်းမြေ့ ကြပါစေ

နွေဦးရောက်ပြီသူငယ်ချင်း