မွေးသည်မိခင် မွေးသည်ဖခင် ကျေးဇူးရှင်နှစ် ပါးအဦးထား၍ သင်ဆရာ၊မြင်ဆရာ၊ကြားဆရာ ဆရာသခင်ကျေးဇူးရှင်အပေါင်းတို့အားလည်းကောင်း အထူးသဖြင့်မိမိအား ပိဋကတ်တတ်မြောက် အောင်သင်ပေးရုံသာမက ''မင်းစာရေး စမ်းပါ၊ မင်းအရေး အသားဟာ အလားအလာရှိပါတယ်။ စာရေး ရင်အောင်မြင်နိုင်ပါတယ်၊ များများ ရေး ဖြစ်အောင်ရေး စမ်းပါ'' ဟုစာရေး ရန်မကြာခဏ တိုက်တွန်းလေ့ရှိသော ပခုက္ကူမြို့ မဟာဝိသုတာရာမကျောင်းကြီး၏ ပဓာနနာယက အဘိဓဇ မဟာရဋ္ဌဂုရု ကျေးဇူးရှင်ဘဒ္ဒန္တပဏ္ဍိတာ ဘိဝံသမထေရ်မြတ်ကြီး (ပျံလွန်)အားလည်းကောင်း ဤကျမ်းငယ်ဖြင့် ကျေးဇူးဆပ်ကာ ဦးညွတ်ရိုကျိုးရှိခိုးကန်တော့လိုက်ပါသည်။
ကျွန်တော် ကမြန်မာသင်ပုန်းကြီးဖြင့် ပညာသင်ကြားကြီးပြင်းခဲ့ရသူ ဖြစ်ပါသည်။ ကျွန်တော် ဘယ်အရွယ်တွင် စာစသင်ခဲ့ရသည်ကို မမှတ်မိပါ။ သို့ သော်သစ်သားသင်ပုန်းကြီးဖြင့် မြန်မာသင်ပုန်းကြီး စာအုပ်ပါးပါးလေးထဲက စာတွေ စသင်ခဲ့ရပုံကို ရေး ရေး အမှတ်ရပါသည်။ ကန့်ကူလက်လှည့်ဆရာမ ည် သူ ဖြစ်သည်ကိုလည်း မမှတ်မိတော့ပါ။ ကျွန်တော့် ကိုဦးဇင်းငယ်များ ၊ ကိုရင်ကြီးများ ကကြုံသလို သင်ပေးသွားခဲ့ကြသည်ဟု ထင်ပါသည်။ အိမ်တွင် လည်းအမေက သင်ပေးပါသေးသည်။ ကျွန်တော့် အကိုကြီး တစ်ယောက် ကလည်း တစ်ခါတစ်ရံသင်ပေးပါသည်။ သင်ပုန်းကြီးသင်ရသော အခါ အက္ခရာအတွဲ တွေ အော်ဆိုနေရသည်ကို မှတ်မိနေသည်။
သင်ကြားပုံမှာ ပထမဗျည်း ၃၃ လုံးနဲ့ သရ ၁၂ လုံးတို့ကို ကျက်မှတ်ရသည်။ စာလုံးတွေ အားလုံးကိုမှတ်မိသော အခါ ဗျည်းတရတွဲ ပုံများ ကို ဆက်သင်ရသည်။ အထူးသဖြင့် ယပင့်၊ ရရစ်တွဲ ပုံများ ၊ ၀-ဆွဲတွဲ ပုံများ ၊ ဟထိုးတွဲ ပုံများ ထို ၂ မျိုး ၃ မျိုး တွဲ ပုံများ ရေး ကျက်ရသည်များ ကိုမူ ယနေ့တိုင်မြင်ယောင်သည်။ ထို့နောက်အသတ်နှင့် တွဲ ပုံများ ကိုသင် ရသည်။စာလုံးတွဲ ရသဖြင့် အသံ ပြောင်းသွား ပုံများ ကို သိရသော အခါသင်ကြီး သင်ရသည်ကို ပျော်လာခဲ့သည်။ တစ်ဆင့်တက်ကာ ဆယ်စောင်တွဲ မှ မင်္ဂလသုတ်စတင်သင်ကြားရသည်။ သင်ကြားပုံမှာ ဆရာတော် လေးကတစ်ပါဒချင်း ချပေးသည်ကို လိုက်ဆိုရသည်။နောက် ကိုယ်ဖာသာကိုယ်ဆိုရသည်။ ဆိုပုံမှန်သွားသော အခါ မိမိစာကျက်ရမည့် နေ့ရာသို့ ပြန်သွားပြီး ထိုချ ထားပေးသော စာကို ကျက်ရသည်။ နေ့လည်တစ်ကြိမ်၊ ညနေတစ်ကြိမ်ဆရာတော် ရှေ့ သွားရောက်ဆောင့်ကြောင့် လက်အုပ်ချီလျှက် စာပြန်ရသည်။ မင်္ဂလသုတ်ပင်ကုန်သေးအံ့မထင်၊ ခေတ်ပျက်ကာ နိုင်ငံဆူပူမှု များ ဖြစ်ပွားလာခဲ့သဖြင့် မိဘများ နှင့် အတူ ရွာမှထွက်ပြေးခဲ့ရသည်။ ပညာသင်ရေး များ နောက်ကျသွားခဲ့ရသည်။ နောက်အနည်းနယ်ငြိမ်းချမ်းသွားသော အခါ ရွာကို ပြန်လာပြီး ကျောင်းဆက်နေရသည်။ ဆယ်စောင်တွဲ နှင့် သဂြိုဟ်ကိုးပိုင်းကုန်အောင် သင်နိုင်ခဲ့သည်။ သဒ္ဒါတက်နေစဉ် မူလတန်းကျောင်းဖွင့်လာသဖြင့် လူကျောင်းပြောင်းရွေ့ပညာ သင်ခြင်းဖြင့် ဘုန်းတော် ကြီးကျောင်းပညာရေး မျက်ချေပြတ်သွားခဲ့ရသည်။
ဦးညွန့်မောင် (မောင်မောင်ညွန့်၊မန်းတက္ကသိုလ်)က မြန်မာသင်ပုန်းကြီးအကြောင်း ရေး သားပြုစုနေကြောင်းနှင့် ထိုကျမ်းငယ်အတွက် အမှာ စာရေး သားပေးပါရန် စာမူနှင့် တကွ ပေးအပ်ထားခဲ့သည်။ သင်ပုန်းကြီးဆိုသည်မှာ ဗျည်း ၃၃ လုံးနှင့် သရ ၁၂ လုံးတွဲ ပုံ လောက်သာ ဖြစ်၍ ကိုယ်တိုင်လည်းဘုန်းတော် ကြီးကျောင်းသားဘ၀ကသင်ခဲ့ရဖူးသည်မို့ ပင်ပန်းမည် မထင်သော ကြောင့် ရေး ပေးပါမည် ဟု အာမဘန္တေခံလိုက်မိသည်။ အိမ်ရောက်ပြီး သူ့စာမူကိုလေ့လာလိုက်သော အခါ သူကစာသင်စကလေးများ အတွက် ပညာရပ်ဆိုင်ရာကို ရေး သားထားခြင်းနက်ရှိုင်း ကျယ်ဝန်းသည်။ ငယ်စဉ်က သင်ပုန်းကြီးစသင်မည် ရှိသော အခါ ဘုန်းတော် ကြီးက ချပေးသဖြင့် လိုက်ဆိုခဲ့ရသော ''နမောဗုဒ္ဓါယ သိဒ္ဓံ'' ကိုပြန်လည်အမှတ်ရမိသည် ကြီးလာသော အခါမှ အဓိပ္ပါယ်ကို နားလည်သည်။ ဦးညွန့်မောင်ကလည်း ထိုအကြောင်းကို ကောင်းစွာ ရှင်းပြပေးထားသဖြင့် ကျေးဇူးတင်မိရသည်။
ထိုအကြောင်းနှင့်ဆက်စပလျှက် သမိုင်းအ ဖြစ်အပျက်တစ်ခုကို သတိရမိသည်။ အခြား မဟုတ်ပါ။ မင်းဆွေနှင့် ရှင်သိဒ္ဓတ်မင်းသားညီနောင်နှစ် ပါးတို့ ငယ်စဉ်ကအကြောင်း ဖြစ်ပါသည်။ သူတို့ငယ်စဉ်က ပင်လယ်ကျေးဘုန်းတော် ကြီးကျောင်းမှာ သိမ်သိမ်ငယ်ငယ် ချို့ချို့တဲ့တဲ့နှင့် မိဖမဲ့ သားများ လိုကျောင်းအိပ်ကျောင်းစား နေခဲ့ကြရသည်။ တစ်နေ့မင်းဆွေအိပ်မက်မက်သည်။ သူ့ဗိုက်ထဲကအူတွေ ထွက်ကျလာခဲ့ပြီး အ၀ (အင်းဝ)မြို့ကြီးကို ရစ်ပတ်နေကြောင်းဆိုသည်။ ငယ်ရွယ်သူမို့ ကြောက်စိတ်ဝင်နေသော ကြောင့် ဆရာတော် ကို လျှောက်ထားသော အခါ ဆရာတော် ကဘာမပြော ညာမပြောနှင့် မင်းဆွေကိုဖနောင့်နှင့် ကန်ကြောက်လေတော့သည်။ နောက်မှ ''နင်အ၀မှာ မင်း ဖြစ်မည် ။ မင်း ဖြစ်သော အခါ ငါ့ကိုမမေ့အောင်ငါခြေနှင့် ကြောက်ဘိသည်'' ဟုမိန့်တော် မူသည်။ ထိုမှစာသင်သော အခါ သူ့ကို အမြန် မင်း ဖြစ်စေလိုသော ကြောင့် ''နမောဗုဒ္ဓါယသိဒ္ဓံ''ကို ''သိဒ္ဓံ'' က စတင်သင်ကြားပေးခဲ့သည်။ မြန်မာဗုဒ္ဓဘာသာတို့ထုံးစံအရ ပညာသင်သော အခါ ဘုရားရှင်ကိုရှိခိုးပူဇော်ပြီးမှ သင်ကြမြဲ ဖြစ်သည်။ သင်ကြားမှု ပြီးမြောက်အောင်မြင်စေကြောင်းအတွက် ထို ''နမော ဗုဒ္ဓါယ''ဖြင့် သင်ကြားမှု ကိုစမြဲ ဖြစ်သည်။
စင်စစ်သင်ပုန်းကြီးဟူသည် ဗျည်းနှင့် သရတွဲ လျှင် မည် သို့ အသံထွက်သည်ကိုသာ သင်ကြားလေ့ကျင့်ပေးခြင်း ဖြစ်သည်။ ဝေါဟာရစကားလုံးများ ၊ ၀ါကျတည်ဆောက်ပုံများ ကို သင်ကြားပေးသော အဆင့်မဟုတ်ပေ။ ဖတ်စာဟူသည်လည်း ရှေးကမသိချေ။ ဘုန်းတော် ကြီး ကျောင်းပညာရေး စနစ်အရ သင်ပုန်းကြီးကုန်သော အခါ မင်္ဂလသုတ်ကို စတင်သင်ကြားကြရသည်။ ဤတွင် သင်ကြားရေး သည် ခုန်ပျံကျော်လွှားတက် သွားတော့သည်။ အကြောင်းမှာ မင်္ဂလသုတ်သည် မြန်မာဘာသာမဟုတ်ချေ။ ပါဠိဘာသာစာပေ ဖြစ်သည်။ ဘုရားဟောတရားတော် ဖြစ်သည်။ လူလောကယဉ်ကျေးမှု ဖွယ်ရာနှင့် ဆက်ဆံရေး ပညာရပ်မျိုးလည်း ဖြစ်သည် လောကငြိမ်းချမ်းရေး ကို ပေးစွမ်းနိုင်သော ပညာရပ် ဖြစ်သည်။ ထိုမျှလေးနက်သော မင်္ဂလာတရား တော် ကိုသင်ပုန်းကြီး ဖြစ်သည်နှင့် သင်ကြားပေးသည်မှာ အခြေခံကောင်းကို တည်ဆောက်ခြင်း ဖြစ်ဟန်ရှိသည်။ ထိုတွင် လုံးဆင့်များ ၀ါ ပါဠ်ဆင့်များ ပါလာသည်။ ယခုကျမ်းပြုဆရာက ပါဠ်အဆင့်များ ကို မည် သည့်ဥပဒေများ နှင့် ပါဠ်ဆင့်ရပုံအက္ခရာ ထပ်ရပုံများ ကို တင်ပြသည်မှာ အလွန်တန်ဖိုရှိလှသည်။ ထိုအနေအထားကို ဆရာတော် ကလည်း သင်ကြားမပေးခဲ့ကြသလို စာရေး နောကသူကလည်း မသိကြချေ။ ထို့ပြင်အက္ခရာများ သံတိုမှသံရှည်ပြုလုပ်သော အခါ၊ အသံပြတ်မှ ကျသံပြုလုပ်သော အခါ အာသရနှင့် နောက်မှ ၀စ္စပေါက် (း)ထည့်သော အခါ ရေး ချမှာ မောက်ချနှင့် ၀ိုက်ချတို့ထည့်ရသည့်အခါ စည်းမျဉ်းများ ကို ဖော်ပြသည်မှာ လည်း အလွန်ကျေးဇူးတင်ထိုက်လှပါသည်။
စာပေသင်ကြားခြင်းသည် အရာရာ၌ စည်းကမ်းစနစ်ရှိရသည်ကို ကျမ်းပြုဆရာကဖော်ပြ သည်။ လေ့လာသူများ သင်ကြားပေးသူဆရာများ အမှု မဲ့အမှတ်မဲ့ဖြစတတ်ကြသည်များ ကို ထောက်ပြပေးထားသည်။ ထို့ကြောင့် ကျမ်းပြုဆရာ၏ ပညာကိုလည်းကောင်း၊ စေတနာကိုလည်း ကောင်းသေသပ်ပြည့်စုံသော တင်ပြမှု ကိုလည်းကောင်းသိရသဖြင့် လေးစားရသည်။ မုံရွေး ဆရာတော် က ပညာရှင်သုံးဦးကိုခွဲခြားပြခဲ့ဖူးသည်။ အချို့ပညာတတ်သည် မတင်ပြမရေး သား တတ်၊ အချို့တင်ပြရေး သားတတ်သည်။ ပြည့်စုံကုန်လုံအောင်မတတ် အချို့တတ်လည်းတတ် သည်၊ တင်လည်းတင်ပြတတ်သည်။ ဤသည်ကိုကျမ်းပြုဆရာ၏ အရည်အချင်းပြည့်စုံသည်ဟု ခေါ်သည်ဟုဆိုပေသည်။ ရှေးဟောင်းစာပေလေ့လာသူများ သည် ပါဠိနှင့် ပိဋကတ် သင်္ချာ မသိ/ မတတ်သဖြင့် မကြာခဏကြုံတွေ့ ရသော ပြဿနာမှာ သက္ကရာဇ်ရက်စွဲများ ကို ပိဋကတ်သင်္ချာဖြင့် (သို့ မဟုတ်) ပါဠိဝေါဟာရဖြင့် ဖော်ပြလျှင်မသိရှိကြခြင်းပင် ဖြစ်သည်။ ထိုပြဿနာအတွက် ကျမ်းပြုဆရာက မေတ္တာရှေ့ထားဖြေရှင်းပေးသွားခဲ့သည်။
အချုပ်အားဖြင့် ဆိုရလျှင် မြန်မာသင်ပုန်ကြီးအခြေပြသည် သာမန်မလောက်လေး မလောက်စား စာအုပ်လေးဟုမထင်မှတ်စေလိုပါ။ အက္ခရာသမိုင်းကို လည်းကောင်း၊ပိဋကတ် သင်္ချာကိုလည်းကောင်း ကျယ်ပြန့်စွာ သိစေနိုင်သော လက်စွဲကျမ်းငယ် ဖြစ်သည်။ စာပေရတနာတိုက်ကိုဖွင့်ပေးနိုင်သော သော့ တစ်ချောင်းကို အပ်နှင်းပေးလိုက်ခြင်းဟုပင်ဆိုနိုင်သည်။ ကျောင်းနေစကလေးသူငယ်များ ကို စာစသင်ပေးသော ဆရာ ဆရာမ များ ၊ မြန်မာစာပေကို သင်ကြားပေးနေကြသော ဆရာများ ၊ တက္ကသိုလ်တွင် မြန်မာစာပေအထူးပြုသင်ကြားနေသူများ ၊ စာပေကိုလေ့လာနေကြသူများ အတွက် အမှန်တကယ်အကျိုးပြုသော လက်စွဲထားသင့်သော ကျမ်းငယ်တစ်စောင် ဖြစ်ပါသည်။
တိုးလှ
မြန်မာသမိုင်းအဖွဲ့ဝင်
မြန်မာသင်ပုန်းကြီးဟူသည် မြန်မာဘာသာ၏ မူလအခြေခံ ဖြစ်သော အက္ခရာသဏ္ဏတို့ကိုပြသော ကျမ်း ဖြစ်သည်။ မြန်မာဘာသာအက္ခရာ သမိုင်းကြောင်းကို လေ့လာလျှင် သက္ကတဘာသာကို အမွန်အစပထမပြု၍ ယင်းနောက်မှ ပါဠိဘာသာ၊ မွန်ဘာသာကို မြန်မာဘာသာသို့ အဆင့်ဆင့်ပြောင်းလဲ ဖြစ်ထွန်းလာသည်ကို တွေ့ ရပေမည် ။ ထို့ကြောင့် ယင်းဘာသာလေးမျိုးတို့၏ အက္ခရာဝဏ္ဏတို့အကြောင်းကို ရှေးဦးစွာ ပြဆိုပါမည် ။
ယင်းသို့ ပြရာ၌ လည်း သင်္ချာကိုပြခြင်းနှင့် သရုပ်ကိုပြခြင်းဟု နှစ် မျိုးရှိရာတွင် စာသင်သားတို့အနေဖြင့် ယင်းသင်္ချာနှင့် သရုပ်တို့၏ အဓိပ္ပါယ်ကိုကွဲပြားစွာ သိနိုင်စေရန် ဥပမာထုတ်၍ ပြပါမည် ။ ဥပမာအားဖြင့် ''အပါယ်လေးပါ'' ဟူရာ၌ 'လေး' ကိုသင်္ချာခေါ်ပါသည်။ ယင်း 'လေးပါး' ဟူသော သင်္ချာ၏ သရုပ်မှာ ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသုရကာယ်တို့ ဖြစ်ကြသည်။ ဤသို့ လျှင်သင်္ချာနှင့် သရုပ်အဓိပ္ပာယ်ကို ခွဲခြားမှတ်သားရပါမည် ။
အထက်ပါဘာသာလေးမျိုးတို့၏ အက္ခရာဝဏ္ဏတို့ကိုပြရာတွင် ရှေးဦးစွာ သင်္ချာမျှကိုသာ ပြဆိုပါမည် ။ ယင်းသို့ သင်္ချာကိုပြရာ၌ လည်း ရှေ့နောက် ဖြစ်စဉ်အတိုင်း သက္ကတဘာသာမှစ၍ အစဉ် အတိုင်းပြပါမည် ။
သက္ကတဘာသာ၌ သရ (၁၄) လုံး၊ ဗျည်း (၃၇) လုံးအားဖြင့် အက္ခရာဝဏ္ဏ (၅၁)လုံးရှိသည်။
ပါဠိဘာသာ၌ သရ ရှစ်လုံး၊ ဗျည်း (၃၃)လုံးအားဖြင့် အက္ခရာဝဏ္ဏ (၄၁)လုံးရှိသည်။
မွန်ဘာသာ၌ သရ (၁၂)လုံး၊ ဗျည်း (၃၅)လုံးအားဖြင့် အက္ခရာဝဏ္ဏ (၄၇)လုံးရှိသည်။
မြန်မာဘာသာ အက္ခရာရေတွက်ရာ၌ ပထမနည်း (ရှေးနည်း) နှင့် ဒုတိယနည်း (နောက်နည်း)ဟူ၍ နှစ် မျိုးရှိရာတွင်
ပထမနည်း၌ သရ (၁၂)လုံး၊ ဗျည်း (၃၃)လုံးအားဖြင့် အက္ခရာဝဏ္ဏ (၄၅)လုံးရှိသည်။
ဒုတိယနည်း၌ သရ (၁၁)လုံး၊ ဗျည်း (၃၅)လုံးအားဖြင့် အက္ခရာဝဏ္ဏ (၄၆)လုံးရှိသည်။
ဤကားလေးဘာသာ အက္ခရာဝဏ္ဏတို့၏ သင်္ချာမျှကိုသာပြခြင်း ဖြစ်သည်။ လေးဘာသာ အက္ခရာဝဏ္ဏတို့၏ သရုပ်ကိုမူကား စာသင်သားတို့နားရှုပ်သွားမည် စိုးသော ကြောင့် လည်းကောင်း၊ မွန်ဘာသာ၊ သက္ကတဘာသာစာလုံးများ ကို ပုံနှိပ်ရာ၌ စာလုံးအမှန်ရရန် အခက်အခဲရှိသော ကြောင့် လည်းကောင်းအက္ခရာသရုပ်ကို လေးဘာသာလုံးမပြတော့ဘဲ မြန်မာဘာသာအက္ခရာဝဏ္ဏ သရုပ်ကိုသာ ပထမနည်း (ရှေးနည်း) နှင့် ဒုတိယ (နောက်နည်း) နှစ် မျိုးဖြင့် ထုတ်ပြ သွားပါမည် ။
မြန်မာဘာသာ အက္ခရာရေတွက်နည်းနှစ် မျိုးတွင် ပထမနည်း (ရှေးနည်း)မှာ မြန်မာဘာသာ သင်ပုန်းကြီးစာအုပ်များ ၌ တွေ့ ရသော နည်း ဖြစ်သည်။ ဤနည်း၌ သရ (၁၂) လုံး ဆိုသည်မှာ မြန်မာသင်ပုန်းကြီး စာအုပ်အစ၌ တွေ့ ရသော သင်ရိုးအရသံစဉ် (၁၂)ပါးကို ခေါ်ဆိုခြင်း ဖြစ်သည်။ သင်ရိုးသရသံစဉ် (၁၂)ပါဟူသည် မြန်မာသင်ပုန်းကြီးစာအုပ်၌ ပထမဆုံးတွေ့ ရသော ''နမောဗုဒ္ဓါယသိဒ္ဓံ'' အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အား'' ဤသရ (၁၂) လုံးကိုခေါ်ဆိုခြင်း ဖြစ်သည်။ ဤ၌ ''နမောဗုဒ္ဓါယသိဒ္ဓံ'' သည်သင်ရိုးသရထဲမပါဝင်ပေ။ သင်ပုန်းကြီးကိုမသင်ယူမီ ရှေးဦးစွာ ဘုရားကို ရှိခိုးလိုက်သော ဗုဒ္ဓပဏာမ ဖြစ်သည်။ မြန်မာဘာသာ ဗျည်း (၃၃) လုံးဆိုသည်မှာ က-အစ၊ အ-အဆုံး အက္ခရာ (၃၃)လုံးပင် ဖြစ်သည်။
မြန်မာဘာသာ အက္ခရာရေတွက်ပုံဒုတိယနည်း (နောက်နည်း)၌ သရ-၁၁လုံးဟူသည် ''အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အို'' တို့ ဖြစ်သည်။ ၎င်းတို့ကို ''အ၊အာ၊အိ၊အီ၊အု၊အူ၊အေ၊အဲ၊အော၊အော်၊အို'' ဟူ၍ လည်းအသံထွက်ရန် ရေး ကြသည်။ ယင်းသရ (၁၁) လုံး၏ ဗျည်းနှင့် ယှဉ်တွဲ သော အခါ သင်္ကေတမှာ -အသရ၌ သင်္ကေတမရှိသဖြင့် 'အာ' မှစ၍ ''-ာ၊ -ိ၊ -ီ၊ -ု၊ -ူ၊ ေ-၊ -ဲ၊ ေ-ာ၊ ေ-ာ်၊ -ို'' တို့ ဖြစ်ကြသည်။ အ-သည်ဗျည်းနှင့် တွဲ လျှင်အသရ ပျောက်သွားမြဲ ဖြစ်သည်။
မြန်မာဘာသာ အက္ခရာရေတွက်ပုံ ဒုတိယနည်း (နောက်နည်း)၌ ဗျည်း(၃၅)လုံး ဟူသည်ပထမနည်း (ရှေးနည်း)၌ ပြခဲ့သော ဗျည်း (၃၃)လုံးတွင် အဆုံး ဖြစ်သော 'အ' ဗျည်းကိုပယ်၍ -ံ၊ -့၊ -း ဤဗျည်းသုံးလုံးကို ထည့်လိုက်လျှင်မြန်မာဘာသာ ဗျည်း (၃၅)လုံရသတည်း။
ဤအသစ်ထည့်လိုက်သော ဗျည်းသုံးလုံးတွင် -ံ ဗျည်းကိုမြန်မာလို 'သေးသေးတင်' ဟုခေါ်သည်။ ပါဠိလိုဗိန္ဒုဟူ၍ လည်းကောင်း၊ နိဂ္ဂဟိတ်ဟူ၍ လည်းကောင်းခေါ်သည်။ သက္ကတဘာသာအားဖြင့် 'အနူသွာရ' ခေါ်သည်။ ယင်း -ံ ဗိန္ဒုသည်မသတ်အစားသုံး၍ ရသော လက္ခဏာ ဖြစ်သည်။ အသံထွက်လျှင်နှာသံထွက်ရသည်။ ယင်း -ံ (အံဗျည်း)ကို အ၊ ဣ၊ ဥ ဟူသော ရဿ သရသုံးလုံးနှင့် သာတွဲ ရသည်။
ဥပမာ - အံ၊ ဣံ၊ ဥုံ
ကံ၊ ကိ၊ ကုံ စသည် ဖြစ်၏ ။
-့ ဗျည်းကိုမြန်မာလို အ-မြစ် ဟူ၍ လည်းကောင်း အောက်မြစ်ဟူ၍ လည်းကောင်း ခေါ်သည်။ ပါဠိလိုမဋိသေဓနိယဟုခေါ်သည်။ ယင်း -့ ဗျည်းကိုအမြစ်ဟုခေါ်ခြင်းမှာ ရှေးကကျောက်စာများ ရေး ရာ၌ မူလအသံရှည်ကို တိုသွားအောင် တားမြစ်လိုလျှင် မြစ်လိုသော စာလုံးအောက်က 'အ' ကိုရေး ထည့်၍ မြစ်သော ကြောင့် အ-မြစ်ဟုခေါ်ခြင်း ဖြစ်သည်။ အောက်မြစ်ဟုခေါ်ခြင်းမှာ လည်း ရှေးကကျောက်စာ၊ မန်ကျည်းစေ့ ကမ္မ၀ါစာများ ရေး ရာ၌ အသံရှည်ကိုမြစ်လိုလျှင် မြစ်လိုသော စာလုံး၏ အောက်မှာ အ-အက္ခရာထည့်၍ မြစ်သော ကြောင့် အောက်-မြစ်ဟုခေါ်ခြင်း ဖြစ်သည်။ ယင်း -့ (အ-မြစ်၊ အောက် - မြစ်) ပါလျှင်သံတို၊ သံပြတ်ထွက် ရသည်။ ''အာ၊ ဤ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အို'' ဟူသော ဒီဃသရ ရှစ်လုံးနှင့် သာတွဲ ရသည်။
ဥပမာ - ငါ့ညီ၊ ထိုပြီးတစ်ဖန်၊ သူ့စာအုပ်၊ အမေ့သား၊ တကဲ့လူ၊ ကျွန်တော့် အိမ်၊ တို့တိုင်းပြည် စသသည်တို့ ဖြစ်၏ ။
အထူးမှတ်ရန်မှာ ဤအောက်မြစ်ဗျည်းသည် မိမိနှင့် တွဲ သော နာမ်ပုဒ်၏ ပိုင်ဆိုင်မှု (သာမိ)အနက်ကို ထွန်းပြသည်။
ဥပမာ - ငါ့သား = ငါ၏ သား
ငါ့တိုင်းပြည် = ငါ၏ တိုင်းပြည်
သူ့စကား = သူ၏ စကားစသည်။
-း ဤဗျည်းကိုရှေ့ကပေါက်၊ ရှေ့ကနှစ် လုံးပေါက်၊ ၀စ္စပေါက်၊ ၀စ္စနှစ် လုံးပေါက်ဟူ၍ အမျိုးမျိုးခေါ်ကြသည်။ ရှေ့ဆီးဟူ၍ လည်း လည်းပညာရှင်တို့ကခေါ်ကြသည်။ ပါဠိလို '၀ိသဇ္ဇနီ' ဟုခေါ်သည်။ ယင်းဝိသဇ္ဇနီပါလျှင်သက်သံ၊ သံရှည်ထွက်ရသည်။
ယင်းမြန်မာဘာသာ ဗျည်း (၃၅)လုံးနှင့် တကွ ဗျည်းဟူသမျှသည် သူ့ချည်းသက်သက်အသံထွက်၍ မရ။ သရနှင့် တွဲ မှသာ အသံထွက်နိုင်သည်။ သူ့ချည်းသက်သက် အသံထွက်လျှင် အသံပီပီသသ မထွက်နိုင်။ မြွေပါရှူသံမျှ အသံနူံ့ကလေးသာထွက်နိုင်သည်။
အထက်ပါ မြန်မာသင်ပုန်းကြီးအက္ခရာ ရေတွက်နည်းနှစ် မျိုးတွင် သရ (၁၂)လုံး၊ ဗျည်း (၃၃)လုံးဟူသော ပထမနည်း (ရှေးနည်း)သည် ပုဂံခေတ်ဒိသာပါမောက္ခဘွဲ့ခံဆရာတော် ဦးကျည်ပွေ့ရေး သည်ဟုအဆိုရှိသော ပုဗ္ဗဂန္ထဋီကာ ခေါ်သင်ပုန်းကြီးဋီကာကျမ်း၊ ရခိုင်ရှင်သီလ၀ံသ ရေး သော က၀ိကဏ္ဍပါသကျမ်း၊ ပထမကျော်အောင်စံထား ဆရာတော် တို့စီရင်သော ''ကျောင်းသားလူငယ်များ အခြေခံသင်ရိုးကျမ်း'' ခေါ်မြန်မာသင်ပုန်းကြီး ကျမ်းနှင့် ကိုလိုနီခေတ်က စ၍ စာသင်ကျောင်းများ ၌ သုံးစွဲခဲ့သော ပုံနှိပ်မူ မြန်မာသင်ပုန်းကြီးများ ၌ လာသော နည်း ဖြစ်သည်။
သရ (၁၁) လုံး၊ ဗျည်း (၃၅) လုံးဟူသော ဒုတိယနည်း (နောက်နည်း) သည်ကား တောင်တွင်းဆရာတော် ခင်ကြီးဖျော်စီရင်သော သဒ္ဒဗျူဟာကျမ်း၊ ရွှေပြည်ဝန်ကြီး ခေါ် ယောမင်းကြီး ဦးဖိုးလှိုင်စီရင်သော လိပိဒီပိကာကျမ်း၊ ပုဂံဝန်ထောက်မင်းဦးတင်၊ ၀ဇီရဗုဒ္ဓိဦးဖိုးစိန်နှင့် ဟံသာဝတီဦးဘရင်စသော နှောင်းခေတ်ပညာရှင်တို့၏ အဆိုကအခြေခံသော နည်း ဖြစ်သည်။
ယင်းသို့ မြန်မာဘာသာ အက္ခရာဝဏ္ဏနှင့် ပတ်သက၍ အယူအဆနှစ် မျိုး ကွဲပြားနေရာတွင် မြန်မာဘာသာ သရ (၁၁) လုံး၊ ဗျည်း (၃၅) လုံးဟူသော ဒုတိယနည်း (နောက်နည်း) သည် သဒ္ဒါကျမ်တို့၏ ဘိုးအေဟုဆိုထိုက်သော သက္ကတဘာသာပါဏိနီကျမ်း၊ သရသွတိဗျာကရုဏ်းကျမ်းတို့၏ ပြဆိုချက်တို့နှင့် နီးစပ်မှု ရှိသဖြင့် ယင်းဒုတိယနည်း (နောက်နည်း) ကိုသာမူမှန်းထား၍ မြန်မာသင်ပုန်းကြီးကို ဖွင့်ပြ သွားပါမည် ။
အထက်ပါမြန်မာသင်ပုန်းကြီး အက္ခရာဝဏ္ဏများ ကို ပြဆိုရာတွင် ယင်းတို့နှင့် ပတ်သက်သော အမျိုးအမည် ၊ အခေါ်အဝေါ်၊ အသုံးအနှုန်း သရုပ်သင်္ချာစသည်များ ကို ရှေးဦးစွာ သိထားမှသာလျှင် မြန်မာသင်ပုန်းကြီးကိုရှင်းလင်းစွာ နားလည်နိုင်ပါလိမ့်မည် ။ ထို့ကြောင့် ယင်းမြန်မာသင်ပုန်းကြီးဆိုင်ရာ သိစရာအချက်အလက်များ ကို ရှေးဦးစွာ တင်ပြလိုပါသည်။
မည် သည့်ဘာသာ၌ ဖြစ်စေသရဟူသည် အခြားပစ္စည်းအကူအညီမပါဘဲ သူ့ချည်း သက်သက် အသံထွက်၍ ရသော အက္ခရာဝဏ္ဏတို့ကိုခေါ်သည်။
ဗျည်းဟူသည် သူ့ချည်းသက်သက် အသံထွက်၍ မရ၊ သရနှင့် တွဲ မှသာ အသံပီပီသသ ထွက်နိုင်သော အက္ခရာမျိုး ဖြစ်သည်။
သရသည်လည်း ရဿသရ၊ ဒီဃသရဟုနှစ် မျိုးရှိသည်။ ထိုနှစ် မျိုးတွင် အသံတိုသော သရကို ရဿသရဟုခေါ်သည်။ အသံရှည်သော သရကိုဒီဃသရဟုခေါ်သည်။ သဿသရသည် ရွတ်ဆိုသော အခါ တစ်မတြာကြာသည်။ တစ်မတြဟူသည်မျက်စိတစ်မှတ် လျှက်တစ်ပြတ်မျှသာ ကြာသော အချိန်ကာလ ဖြစ်သည်။ ဒီဃသရဟူသည် ရွတ်ဆိုသော အခါ နှစ် မတြကြာသည်။ နှစ် မတြဟူသည့်မျက်စိနှစ် မှိတ် လျှပ်နှစ် ပြတ်မျှကြာသော အချိန်ကာလ ဖြစ်သည်။
ဗျည်းဟူသည်ရွတ်ဆိုသော အခါ မတြ၀က်မျှသာ ကြာသည်။ မတြာဝက်ဟူသည် ရွတ်ဆိုချိန် အလွန်တိုသော ကြောင့် ဗျည်းကိုသူ့ချည်းသက်သက် အသံပီပီသသအထွက်နိုင်၊ သရနှင့် တွဲ မှသာ အသံပီပီသသထွက်နိုင်သည်။ ထို့ကြောင့် ဿရရသနှင့် တွဲ လျှင် တစ်မတြခွဲ၊ ဒီဃသရနှင့် တွဲ လျှင် နှစ် မတြာခွဲကြာသည်။ သီချင်းသံကဲ့သို့ ဆွဲဆွဲငင်ငင် ဆီဆိုရသော 'ပလုတ' သံကားသုံးမတြာကြာသည်ဟု သွရသတိစသော ဗျာကရုဏ်းကျမ်းများ ကဆိုသည်။
မြန်မာသင်ပုန်းကြီးလာသရ (၁၁) လုံးတွင် ရဿ (သံတို) သရ သုံးလုံးရှိသည်။ ၎င်းတို့မှာ 'အ၊ဣ၊ဥ' တို့ ဖြစ်သည်။ ဒီဃ (သံရှည်) သရရှစ်လုံးရှိသည်။ ၎င်းတို့မှာ 'အာ၊ ဤ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အို' တို့ ဖြစ်ကြသည်။ ယင်းရဿနှင့် ဒီဃ သရနှစ် မျိုးကိုပေါင်း၍ ဇယားဖြင့် ပြပါမည် ။
အသံထွက်ဗျည်းတွဲ သင်္ကေတ
မြန်မာသင်ပုန်းကြီးဗျည်း (၃၅) လုံးရှိရာတွင် ၀ဂ်ဗျည်း (၂၅)လုံးနှင့် အ၀ဂ်ဗျည်း (၁၀) လုံးဟုနှစ် မျိုးခွဲခြားနိုင်သည်။ ထိုမှဝဂ်ဗျည်း (၂၅)လုံးကိုဇယားဖြင့် ပြပါမည် ။
(မှတ်ချက်) ဤ၀ဂ်အက္ခရာ (၂၅)လုံးတွင် " က၊ ခ၊ ဂ၊ ဃ၊ င " ငါးလုံးကို က-၀ဂ်ဟု ခေါ်ခြင်းမှာ "က"သည် အဦးအစ ဖြစ်ခြင်းကြောင့် အဦးအစ အက္ခရာအမည် ဖြင့် က၀ဂ်ဟု ခေါ်ခြင်း ဖြစ်သည်။ ကျန်သော စ-၀ဂ်အစရှိသည်တို့၌ လည်း အလားတူမှတ်လေ။ ယင်းသို့ အက္ခရာငါးလုံးစီကို စု၍ "၀ဂ်"ဟု ခေါ်ခြင်းမှာ ယင်းငါးလုံးစီတို့သည် အက္ခရာ ဖြစ်ရာ "ဌာန်"တူသော ကြောင့် ငါးလုံးစီကိုစု၍ "၀ဂ်"ဟု ခေါ်ခြင်း ဖြစ်၏ ။
အထက်ပါဇယား၌ င၊ ည၊ ဏ၊ န၊ မ ဟူသော ပဉ္စမက္ခရာ ငါးလုံးတို့သည် ၀ဂ်၏ အဆုံး ဖြစ်၍ "၀ဂ္ဂ န္တ" အက္ခရာမည် ကုန်၏ ။
အ၀ဂ်ဗျည်း (၁၀)လုံးဇယားပုံ
ယင်းအ၀ဂ်ဗျည်း (၁၀) လုံး၌ ပါသော -ံ (အံဗျည်း) -့ (အောက်မြစ်ဗျည်း) နှင့် -း (၀ိသဇ္ဇနီဗျည်း)တို့အကြောင်းကို ရှေးအခန်းခေါင်းစဉ် ၁၊ စာမျက်နှာ-၄ ၌ ရှင်းပြခဲ့ပြီးပြစ်သည်။ မမှတ်မိလျှင်ပြန်ကြည်ပါ။
ဤ (၁၀) လုံးတို့ကို အ၀ဂ်ဗျည်းဟု ခေါ်ခြင်းမှာ ၎င်းတို့သည် အထက်ဝဂ်ဗျည်းများ ကဲ့သို့ အက္ခရာ ဖြစ်ရာဌာန်တူမဟုတ်ဘဲ ဌာန်ကွဲနေသော ကြောင့် ၀ဂ်အစုဖွဲ့၍ မရသဖြင့် 'အ၀ဂ်' ဟုခေါ်ခြင်း ဖြစ်၏ ။
ကျန်သော မွန်ဘာသာ၊ ပါဠိဘာသာ၊ သက္ကတဘာသာတို့၏ အက္ခရာဝဏ္ဏသရုပ်နှင့် သဒ္ဒါအသုံးအနှုန်းတို့ကိုမူကား စာသင်သားများ နားရှုပ်ကုန်မည် စိုးသဖြင့် အသေးစိတ် သရုပ်ထုတ်၍ မပြလိုက်တော့ပြီ။ သိရှိလိုပါမူ တောင်တွင်းဆရာတော် ခင်ကြီးဖျော်စီရင်သော သဒ္ဒဗျူဟာကျမ်းကို ကြည့်ရှုကြရန်တိုက်တွန်းပါသည်။
မြန်မာသင်ပုန်းကြီးတွင် အခြားဗျည်းများ နှင့် ယှဉ်ကပ်သုံးစွဲနိုင်သော သံယုတ်ဗျည်း လေးမျိုးရှိသည်။ ၎င်းတို့မှာ 'ယ၊ ရ၊ ၀၊ ဟ’ တို့ ဖြစ်ကြသည်။
ထိုသံယုတ်ဗျည်းလေးမျိုးတွင် ယ-ကို၊ ရ-နှင့် ကွဲပြားစေခြင်းငှာ 'ယပက်လက်'ဟုခေါ်သည်။ ယင်းကိုသံယုတ်ဗျည်းပြုသော အခါ 'ယပင်' ဟုခေါ်သည်။ 'ယပင့်' ဟုခေါ်ရခြင်းမှာ ကျောက်စာ မင်စာနှင့် မန်ကျည်းစေ့ ကမ္မ၀ါစာများ ရေး ရာ၌ ယ-သည် မိမိယှဉ်ကပ်သော ဗျည်းကိုအောက်မှ ပင်တင်ထားသကဲ့သို့ ဖြစ်စေသော ကြောင့် 'ယပင့်' ဟု အနွတ္ထသညာဖြင့် ခေါ်ခြင်း ဖြစ်သည်။
'ရ' မှာ ပုံသဏ္ဍန်အရ ခပ်ကောက်ကောက်နေသော ကြောင့် 'ရ-ကောက်' ဟုခေါ်သည်။ ယင်းကိုသံယုတ်ဗျည်းပြုသော အခါ မိမိယှဉ်ကပ်သော စာလုံးကိုရစ်ပတ်ထားသကဲ့သို့ ဖြစ်သော ကြောင့် ရ-ရစ်ဟု၁ အနွတ္ထသညာဖြင့် ခေါ်ခြင်း ဖြစ်သည်။
'၀' သည် ပုံသဏ္ဍန်အရလုံးဝိုင်းသော သဘောရှိသော ကြောင့် ၀လုံးဟု ခေါ်သည်။ ယင်းကို သံယုတ်ဗျည်းပြုသော အခါ မိမိယှဉ်ကပ်သော ဗျည်း၏ အောက်မှတွဲ ရရွဲဆွဲထားသကဲ့သို့ ဖြစ်သော ကြောင့် ၁ အနွတ္ထသညာအားဖြင့် '၀-ဆွဲ' ဟုခေါ်ခြင်း ဖြစ်သည်။
'ဟ' ကိုသံယုတ်ဗျည်းပြုသော အခါ 'ဟ-ထိုး' ဟုခေါ်သည်။ 'ဟ-ထိုး' ဟုခေါ်ခြင်းမှာ ကျောက်စာနှင့် မန်ကျည်းစေ့ ကမ္မ၀ါစာများ ရေး ရာ၌ မိမိယှဉ်ကပ်သော ဗျည်း၏ ရှေ့သို့ထိုးထွက် နေအောင်ရေး ရသော ကြောင့် ၁ အနွတ္ထအညာအားဖြင့် 'ဟထိုး' ဟုခေါ်ခြင်း ဖြစ်သည်။ မန်ကျည်းစေ့ ကမ္မ၀ါစာလုံးများ ကို ကြည့်လျှင်သိသာထင်ရှားပါသည်။
ထိုသံယုတ်ဗျည်းလေးမျိုးတို့တွင် 'ယပင့်' ခေါ်ယပက်လက်ဗျည်းနှင့် ယှဉ်ကပ်နိုင်သော ဗျည်းတို့မှာ က-၀ဂ် ငါးလုံး၊ ပ-၀ဂ်ဗျည်းငါးလုံးအားဖြင့် (၁၀)လုံးရှိသည်။
၎င်းတို့မှာ - က၊ ခ၊ ဂ၊ ဃ၊ င (က၀ဂ်ငါးလုံး)
ပ၊ ဖ၊ ဗ၊ ဘ၊ မ၊ (ပ-၀ဂ်ငါးလုံး) တို့ ဖြစ်ကြသည်။
တွဲ ပုံမှာ - က + ယ = ကျ
- င + ယ = င်
- ပ + ယ = ပ်
- မ + ယ = မ် စသည်ဖြင့် တွဲ ရသည်။
'ရရစ်' ခေါ် ရကောက်နှင့် ယှဉ်ကပ်နိုင်သော ဗျည်းမှာ လည်း အထက်ပါ (၁၀) လုံးပင် ဖြစ်သည်။
တွဲ ပုံမှာ - က + ရ = ကြ
- င + ရ = ငြ
- ပ + ရ = ပြ
- မ + ရ = မြ စသည်ဖြင့် တွဲ ရသည်။
`၀-ဆွဲ´ ခေါ် ၀-သံယုတ်နှင့် ယှဉ်ကပ်နိုင်သော ဗျည်းတို့မှာ မြန်မာဘာသာ ဗျည်း (၃၅) လုံးတို့တွင် ၀ နှင့် အဆုံးအက္ခရာ -ံ၊ -့၊ -း ဗျည်းသုံးလုံးပေါင်းလေးလုံးကို ပယ်၍ ကျန်သော ဗျည်း (၃၁) လုံးနှင့် တွဲ နိုင်သည်။
တွဲ ပုံမှာ - က + ၀ = ကွ
- မ + ၀ = မွ
- လ + ၀ = လွ
- သ + ၀ = သွ စသည်ဖြင့် တွဲ ရသည်။
`ဟ-ထိုး´ ခေါ် ဟသံယုတ်နှင့် ယှဉ်ကပ်နိုင်သော ဗျည်းတို့မှာ ကိုးလုံးရှိသည်။ ၎င်းတို့မှာ -င၊ ည၊ ဏ၊ န၊ မ ဟူသော ၀ဂ္ဂန္တငါးလုံးနှင့် ယ၊ ရ၊ လ၊ ၀ လေးလုံးပေါင်းကိုးလုံး ဖြစ်၏ ။
တွဲ ပုံမှာ - င + ဟ = ငှ
- မ + ဟ = မှ
- ယ + ၀ = ယှ
- ၀ + ဟ = ၀ှ စသည်ဖြင့် တွဲ ရသည်။
ဤယခုပြခဲ့သော သံယုတ်တွဲ နည်းသည် ကျီးသဲဆရာတော် ၏ နည်း ဖြစ်သည်။ ဤအရာ၌ ရှေးဆရာတို့အယူအဆ ကွဲပြားမှု များ ရှိသည်။ သံယုတ်ဗျည်းနှင့် ပတ်သက်၍ ဆရာတို့အယူအဆ ကွဲပြားမှု များ ကို သိရှိနိုင်ရန် အောက်၌ ဇယားဖြင့် တင်ပြလိုက်ပါသည်။
အထက်ပါသံယုတ်မှု ကွဲများများ ၌ သင်ပုန်းကြီးဋီကာ၊ ကျော်အောင်စံထားနှင့် ကျီးသဲ ဆရာတော် တို့က ဠကြီးကိုချန်လှပ်၍ ဟသံယုတ်နှင့် ယှဉ်ကပ်နိုင်သော ဗျည်းကိုးလုံးသာဆိုသည်။ ဤသို့ ဟသံယုတ်နှင့် ယှဉ်ကပ်နိုင်သော ဗျည်းများ တွင် ဠ-ကြီးကိုမထည့်ဘဲ ချန်ထားခဲ့ခြင်းမှာ ဠကြီးဟထိုး (ဠ) သည်ပါဠိဘာသာ၌ သာရှိ၍ မြန်မာဘာသာ၌ အသုံးမရှိသော ကြောင့် ဖြစ်ပုံရပါသည်။
၎င်းပြင်ကျော်အောင်စံထားဆရာတော် က ၀ နှင့် ယှဉ်ကပ်သော ဗျည်း (၃၂) လုံးယူသည်မှာ '၀' ကိုထား၍ အဆုံးဗျည်း `အ´အထိ ကျန်သော အက္ခရာအားလုံးကို ယူသဖြင့် (၃၂) လုံးရခြင်း ဖြစ်သည်။
ကျီးသဲဆရာတော် က `၀´ နှင့် ယှဉ်ကပ်သော ဗျည်း (၃၁)လုံးယူခြင်းမှာ ''ထိုကာရန် ကြိယာတို့နှင့် ယှဉ်၍ ချရာသော ဗျည်းကား `အ´ အက္ခရာကို ချန်လှပ်၍ (၃၂) လုံးတည်း'' ဟူသော စကားအရ ယင်း (၃၂) လုံးမှ ၀နှင့် ၀ချင်းယှဉ်ကပ်ရိုးမရှိသဖြင့် `၀´ အက္ခရာကို ချန်ခဲ့လျှင်ကျန် (၃၁) လုံးရသော ကြောင့် ဆိုပုံရပါသည်။
တစ်ဖန်ကျီးသဲဆရာတော် က ယနှင့် ယှဉ်ကပ်သင့်သော ဗျည်း ၁၀ လုံးကိုသာ ယူခြင်းမှာ `ကျ၊ ပျ´ စသည်ကဲ့သို့ အသံ တစ်သံတည်းသာထွက်သော ဗျည်းကိုသာ ယူလိုပုံရပါသည်။ က်၊ င်၊ ပ်၊ မ် စေသာ (၁၀)လုံးတို့သည် ယ နှင့် ယှဉ်ကပ်သော်လည်း အသံတစ်သံတည်းသာ ထွက်ပါသည်။ ကျန်သော စ်၊ တ်၊ လ် စသည်တို့သည် စယ၊ တယ၊ လယ စသည်ဖြင့် အသံနှစ် သံထွက်နေသဖြင့် အတွဲ သင့်ဟု ယူဆပုံရပါသည်။
ရှေးမြန်မာသင်ပုန်းကြီးများ ၌ ဗျည်း (၃၃) လုံးရေတွက်ရာတွင် ဋ္ဌ-ကြီးနောင် အ-ဟု ရှိသည်မှာ မသင့်ဟုဝဇီရဗုဒ္ဓိဦးဖိုးစိန်က သင်ပုန်းကြီးဋီကာကို ကိုးကား၍ ဆို၏ ။
ကကာဒိအာဒိဝုတ္တံ၊ တတ္တကာဒိနိဂ္ဂဟိတတန္တန္တိဒဋ္ဌဗ္ဗံ။ အ-ဗျည်းမရှိဟုမှတ်။
တစ်ပါးသော မြန်မာသင်ပုန်းကြီးများ ၌ ''အ၊ အာ ဣ၊ ဤ၊ ဥ၊ ဦ၊ အဲ၊ သြ၊ သြော်၊ အံ၊ အား'' ဟူသော (၁၂)လုံးကိုသရဟုဆို၏ ။ အထက်ပါစကား၌ တစ်ပါးသော မြန်မာသင်ပုန်းကြီးဟူသည် ကျော်အောင်စံထားမူ မြန်မာသင်ပုန်းကြီးကို ရည်ရွယ်ဟန်ရှိပါသည်။
ဝေါဟာရရတ္တပကာသနီကျမ်း၌ ကား ''က၊ ကာ၊ ဣ၊ ကျု တ္တေဗျဉ္ဇနာ ပုဗ္ဗကာ၊ သရာပရာ။ -ကိ၊ ကီဣတျုတ္တေဥဒ္ဓံသရာ၊ ကုကူတျုတ္တေအဓောသရာ-ကေ၊ ကဲဣတျုတ္တေပုဗ္ဗကာသရာ၊ ကောကော် ဣတျုတ္တေ ဥဘယာသရာ၊ ကံ၊ ကားဣတျုတ္တေဗျဉ္ဇနာပရာ'' ဟုရှေးဆရာတို့ဆိုသော ပါဌ်ကိုပြသည်။
ဤပါဠိ၏ အဓိပ္ပါယ်မှာ က၊ ကာဟုဆိုလျှင်ဗျည်းကရှေ့၊ သရကနောက်နေသည်။
ကိ၊ ကီ ဟုဆိုလျှင် သရက အထက်နေသည်။
ကု၊ ကူ ဟုဆိုလျှင် သရက အောက်နေသည်။
ကေ၊ ကဲ ဟုဆိုလျှင် သရက ရှေ့နေသည်။
ကော၊ ကော် ဟုဆိုလျှင် သရက ရှေ့ရောနောက်ပါနေသည်။
''ဤရှေးကျသော စကားကို ထောက်၍ သင်ပုန်းကြီးဆရာသည် အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊ ဧ၊ အဲ၊ သြ၊ သြော်၊ အံ၊ အားကိုအသတ်တံခွန်မဲ့ကာရန် (၁၂)အမှတ်ဖြင့် စီစဉ်ကြောင်းထင်ရှား၏ ။ ထို့ကြောင့် သေးသေးတင်နှင့် ၀စ္စပေါက်တို့သည် ဗျည်း ဖြစ်သော ကြောင့် သရထဲတွင် သွင်းသည်ကား မှား၏ '' ဟုဝဇီရဗုဒ္ဓိဦးဖိုးစိန်က သင်ရိုးသရသံစဉ် (၁၂)ပါးကို ဝေဖန်သွား၏ ။
ရှေးဆရာတို့က သင်ရိုးသရသံစဉ် (၁၂)ပါးကို သရဟုယူဆခဲ့ကြသော်လည်း ယင်းသရ သံစဉ် (၁၂)ပါးမှ အဆုံး ဖြစ်သော ''အံ၊ အား'' တို့သည်သရမဟုတ် ဗျည်းများ ဖြစ်သည်ဟုဆိုလို၏ ။ ဤအဆိုသည် ကျွန်ုပ်တို့ပြခဲ့သော မြန်မာသင်ပုန်းကြီးရေတွက်ပုံ ဒုတိယနည်းနှင့်တစ်ထပ်တည်း ကျကာသဘောတူညီညွတ်လေသည်။