Cover

အခန်း(၁)

အမည် မဖော်လိုသူ ကိုစိုးမြင့်နှင့် ၇ ရက်သားသမီးများ သို့

အခုတလော လပွတ္တာမြို့သား ကျွန်တော့် မိတ်ဆွေကြီး တစ်ယောက် ကို မကြာခဏဆိုသလို ကျွန်တော် သတိရလျက်ရှိပါသည်။ ဆိုကြပါစို့၊ သူ့နာမည် ကိုစိုးမြင့်ဟု။

ကိုစိုးမြင့်က သမားရိုးကျ လူ့အဖွဲ့အစည်းနှင့် မကြာခဏဆိုသလို ထိပ်တိုက်တွေ့ လေ့ရှိသော လူ့ခွစာ တစ်ယောက် လည်း ဖြစ်ပါသည်။ သည်နေရာ၌ သူခွကျပုံ တစ်ကွက်ကို ကျွန်တော် က တစ်ဆင့်ဖောက်သည်ချလိုပါသည်။ ကျွန်တော် တို့နိုင်ငံ၌ အလှူခံမဏ္ဍပ်လေးတွေ ဟိုနားတစ်ခု၊ ဒီနားတစ်ခုနှင့် ရှောင်လို့မလွတ်အောင် ပေါများ လှသည်ကို အများ အသိပင် ဖြစ်ပါသည်။ လမ်းပြင်ဖို့၊ ကျောင်းပြင်ဖို့၊ ကထိန်ခင်းဖို့၊ အသံမစဲ ပဌာန်းရွတ်ဖို့၊ သက်ကြီးပူဇော်ပွဲ ကျင်းပဖို့၊ ဓမ္မာရုံဆောက်ဖို့ စသည် စသည်ဖြင့် အကြောင်းအရာ အမျိုးမျိုး၊ ခေါင်းစင်အသီးသီးအောက်ကနေ အသံချဲ့စက်လေး တညံညံနှင့် အလှူခံနေသံများ ကိုလည်း ကျွန်တော် တို့အကြားပင် ဖြစ်ပါ၏ ။

သို့ ဖြစ်၍ လပွတ္တာဆိုသည်ကလည်း မြန်မာနိုင်ငံထဲက မြန်မာဆန်သော မြို့ကလေးတစ်မြို့ပဲ ဖြစ်ရာ သည်လိုအလှူခံတွေ နှင့် မကင်းပါ။ ကိုစိုးမြင့်က ပေးကမ်းလှူဒါန်းသည့် ဓလေ့ကို မမုန်းပါ။ အလှူခံပုဂ္ဂိုလ်တို့ကိုလည်း မဆန့်ကျင်ပါ။ သို့ သော် ပေးလှူကြသူအချို့က ကိုယ်ရည်သွေးနေကြပုံ တွေ ကိုကား မြင်ပြင်းကပ်ဟန် တူပါသည်။ အထူးသဖြင့် သူ့ရပ်ကွက်ထိပ် အလှူခံမဏ္ဍပ်တွင် ဝင်ဝင်လှူသွားကြသည့် အလှူရှင်များ ။

“ဟုတ်ကဲ့ခင်ဗျာ၊ ဆားဖိုသူကြီးကတော် ဒေါ်လေးမြကလည်း အလှူတော် ငွေ တစ်ရာကျပ်တိတိပါ ခင်ဗျ၊ ဟုတ်ကဲ့... စင်္ကာပူရောက် သားကြီးရဲ့ ၂၁ နှစ် မြောက်မွေးနေ့ကို ရည်မှန်းကာ ကိုမြင့်ဇော်တို့ ဇနီးမောင်နှံက ငါးရာကျပ်ပါ ခင်ဗျ၊ ခြောက်ဘာသာဂုဏ်ထူးရှင် သမီးလေးအိကလည်း အလှူငွေနှစ် ရာကျပ် ထည့်လာပါသဗျ”

ဒါတွေ က အသံအချို့ကို ကျွန်တော် ချရေး ပြသလိုက်ခြင်း ဖြစ်ပါသည်။ သည်လိုအသံတွေ ကို ကျွန်တော့် မိတ်ဆွေ ကိုစိုးမြင့်က မကြိုက်ခြင်း ဖြစ်ပါသည်။ လှူတာက နည်းနည်း ကြွားတာက များများ လို့များ သူခံစားနေရလေသရော့လား မသိ။ ဒါကြောင့် သူက လောကကို အရွဲ့တိုက်ကာ အလှူခံမဏ္ဍပ်ကို ရောက် သွားပါသည်။ သူ့ကိုယ်သူ မထင်ပေါ်လိုသူ လူ တစ်ယောက် ဟု အများ က သိရှိသွားစေရန် အလို့ငှာ စိတ်ကြိုက်ကြေငြာခိုင်းရာ အလှူခံအကျိုးဆောင်တို့ကလည်း ကြေငြာပေးရှာပါသည်။

“သာဓုပါခင်ဗျာ... အမည် မဖော်လိုသူ ကိုစိုးမြင့်ကလည်း အလှူတော် ငွေ တစ်ထောင်ကျပ်တဲ့ဗျ”

ကိုစိုးမြင့်ကား သူ့ကိုယ်သူ အမည် မဖော်လိုသူအ ဖြစ် လက်ခမောင်းခတ်ကာ ပီတိများ ဖိတ်လျှံ၍ ။ ကြားရသူအပေါင်းကလည်း ပြုံးစိစိ။ သြော်... အမည် မဖော်လိုသူ ကိုစိုးမြင့်တဲ့လေလား။

* * * * *


ဆဲဗင်းဒေးသတင်းဂျာနယ်၌ ကျွန်တော် စာရေး ဖြစ်ခဲ့သည်မှာ အပုဒ်ရေ တော် တော် ကလေး များ လာခဲ့ပါပြီ။ သည်အထဲမှာ ပရဟိတလုပ်ငန်းလေးတွေ အကြောင်းကိုလည်း ကျွန်တော် ထည့်သွင်းရေး သားခဲ့ပါသည်။ သည်မှာ ကျွန်တော် ကြည်နူးမိတာက ကျွန်တော့် စာများ ၏ နောက်က ဂယက်ကလေးများ ပင် ဖြစ်ပါသည်။

ဆိုကြပါစို့၊ တွံတေးမြို့က ဓမ္မာလင်္ကာရ ဘုန်းတော် ကြီးကျောင်းသို့ ကျွန်တော် ရောက်သွားပြီးနောက် မိဘမဲ့ကလေး နှစ် ရာကျော် သုံးရာကို ပညာလည်းသင်ပေး၊ စားဝတ်နေရေး လည်း တာဝန်ယူနေရသည့် ဗုဒ္ဓဘာသာ ရဟန်းတော် များ နှင့် တကွ ပရဟိတလူငယ်များ အကြောင်းကို ရေး ဖြစ်ခဲ့ရာ ထိုဆဲဗင်းဒေးဂျာနယ်ကို ဖတ်မိသူ အလှူရှင်တွေ ထို ဓမ္မာလင်္ကာရကျောင်းသို့ ရောက်လာကြလေသတဲ့။

“ဒကာကြီးတစ်ဦးက ငါးသိန်း၊ နောက် တစ်သိန်း နှစ် ယောက် ၊ ငါးသော င်း တစ်ယောက် ၊ သာဓုခေါ်ပါ... ဒကာကြီး”

ဆရာတော် ဘုရားက ကျွန်တော့် ထံ ဤသို့ ဖုန်းဆက်ပါသည်။ အလှူရှင်တွေ အားလုံး ရန်ကုန်ကတဲ့။ ဘယ်သူတွေ မှန်းလည်း မသိ။

နောက်တစ်ခါ ကလေး ၄၅၀ ကျော်ကို ပညာသင်ပေးနေသည့် ရွှေပြည်သာက မြိုင်သီလရှင် စာသင်တိုက်က အပြန် ဆဲဗင်းဒေးမှာ ပင် စာရေး ဖြစ်ပါသည်။ ဤတွင် အမျိုးသမီး တစ်ယောက် က ဖုန်းဆက်လာပြန်ပါ၏ ။ သီလရှင်တိုက်၏ လိပ်စာ၊ ဖုန်းနံပါတ် ကျွန်တော် က ပေးပါရန်။

သို့ ဖြင့် သုံးလေးရက်အစွန်းမှာ ပင် သီလရှင်စာသင်တိုက် ဆရာလေးထံမှ ဖုန်းဝင်လာပြန်သည်။

ကျွန်တော် အံ့သြရသော သတင်း။

“ငွေဆယ်သိန်း လာလှူသွားတယ် ဒကာကြီး... ဆဲဗင်းဒေးက ဒကာကြီးဆောင်းပါး ဖတ်ရလို့တဲ့”

ကျွန်တော် က ကျွန်တော့် ဆီကနေ သီလရှင်တိုက်လိပ်စာ လှမ်းတောင်းသည့် အမျိုးသမီး၏ ဖုန်းနံပါတ် ရှိနေသေးသော ကြောင့် လှမ်းဆက်ကာ အလှူရှင်အမည် ကို မေးမိပါသည်။ သူက မပြောပါ။ မသိချင်ပါနှင့် ... တဲ့။ ထို့အပြင် အခြား ပရဟိတဂေဟာကလေးတို့၏ လိပ်စာကိုပင် တောင်းနေ၍ ကျွန်တော် က ပေးလိုက် ရပြန်ပါသည်။

နောက်ထပ်ရောက်လာပြန်သည်က အင်န်ဂျီအို ပရဟိတလူငယ်တစ်စု။ ကျွန်တော့် ဆီက လိပ်စာလာတောင်းခြင်း။ ဒါကလည်း ဆဲဗင်းဒေးက ဆောင်းပါးကြောင့် တဲ့။ ကျွန်တော် ကြည်နူးရပါသည်။

* * * * *


၇ ရက်သားသမီး စာဖတ်သူများ အား ကျွန်တော် တစ်ခုပြောလိုပါသည်။

ကျွန်တော် က ကျွန်တော် လက်လှမ်းမီရာ၊ ကျွန်တော့် အသိုင်းအဝိုင်းနှင့် နီးစပ်ရာ ပရဟိတ ဂေဟာကလေးများ သို့ ရောက်ကာ ထိုတွေ့ ထိရာရာကလေးတို့ကိုသာ ရေး ပြနေခဲ့ရခြင်း ဖြစ်ပါသည်။

တကယ့်တကယ် မေတ္တာနှင့် ကရုဏာကို ပေးပါဟု လက်ဖြန့်တောင်းဆိုနေသူတို့က နေရာအနှံ့အပြားမှာ ရှိပါသည်။ သည်နေရာလေးတွေ မှာ ကိုယ့်နည်းကိုယ့်ဟန်နှင့် ပါဝင် ပတ်သက်ဆောင်ရွက်၊ ပါဝင်ဖြည့်ဆည်းလှူဒါန်းနေသူတို့ အမြောက်အများ ရှိပါသည်။

ကျွန်တော့် မိတ်ဆွေကြီး အမည် မဖော်လိုသူ ကိုစိုးမြင့်လို မဟုတ်ဘဲ တကယ့်ကို မိမိအမည် ကို ပဓာနမထား မှု န်ဝါးဝါးထားကာ ကောင်းမှု ပြုနေသူ ၇ ရက်သားသမီးတို့ အများ အပြား ရှိနေကြပါသည်။ သည်လို စိတ်နေမြတ်သူများ ကို ဦးညွတ်လျက် ရှိပါကြောင်းလည်း ကျွန်တော် ဖော်ပြလိုပါသည်။

ကမ္ဘာကျော် ရုပ်ရှင်မင်းသား ကွန်ဖူးစတား ဂျက်လီ၏ စကားတစ်ခွန်းကိုပဲ ထပ်မံကိုးကားပါရစေ။ If everyone give one yuan every month, It will add up to b illions တဲ့။ တစ်လကို တစ်ယွမ်ပဲ လူ တစ်ယောက် ဆီကပဲထည့်၊ သန်းထောင်ပေါင်းများ စွာ ဖြစ်သွားမှာ တဲ့။ ကျွန်တော် တို့ကရော။

တစ်လ ငွေတစ်ထောင် သိပ်မခက်သူတွေ တော် တော် များများ ရှိပါသည်။ မေတ္တာချင်းဆက်ပြီး ဝန်းရံလိုက်လျှင် လူတော် တော် များများ ကို ပညာသင်ပေးနိုင်၊ လူတော် တော် များများ ကို စားဝတ်နေရေး ဖြေရှင်းပေးနိုင်၊ လူတော် တော် များများ ကို မျက်ရည်သုတ်ပေးနိုင်မည် ဆိုတာက ဧကန်မုချ ဖြစ်ပါသည်။ ကျွန်တော် တို့တစ်တွေ ဘာကြောင့် မဆက်စပ်မိကြသေးတာတဲ့လဲ။

ငွေတစ်ထောင်က မခက်၊ ဆက်စပ်မိဖို့က ခက်နေကြပုံ ရပါသည်။ ဘာပဲ ဖြစ် ဖြစ် အခုလောလောဆယ်မှာ တော့ အမည် မဖော်လိုသော ဒါနရှင်တို့ကို ပရဟိတ စခန်းကလေးများ ကိုယ်စား ကျွန်တော် က ကျေးဇူးတင်နေမိပါသည်။ လှပသော လိပ်ပြာပိုင်ရှင်များ ကို မကြာခဏ သတိရနေမိပါကြောင်း ဆဲဗင်းဒေးစာမျက်နှာများ မှတစ်ဆင့် နှုတ်ခွန်းဆက်ပါရစေလား။

7 DAY NEWS JOURNAL

Vol.9, No.28

SEPT EMBER 30, 2010

* * * * *


အခန်း(၂)

လမ်းတွေ ပေါ်မှာ လူကို ထည့်သွင်းစဉ်းစားပါ

လူကို ဘယ်တုန်းကမှ ထည့်သွင်းမစင်းစားသော သို့ မဟုတ် နောက်ဆုံးထားပြီးမှ စဉ်းစားပုံရသော လုပ်ငန်းကိုင်ငန်းတွေ ထဲမှာ မော်တော် ကားလုပ်ငန်းက ထိပ်ဆုံးနေရာက ပါနေလေရော့သလား ကျွန်တော် မပြောတတ်ပါ။ ကားသမား တစ်ယောက် စ နှစ် ယောက် စကို သူတို့ခရီးသည်၊ သူတို့စားသုံးသူအပေါ် လေးစားစွာ ဆက်ဆံတာမျိုး တစ်ကြိမ်စ နှစ် ကြိမ်စဆိုသလို တွေ့ ကြုံခဲ့ဖူးသည်မှာ မှန်သော်လည်း ကျွန်တော် နှင့် ထိတွေ့ ဆက်စပ်မိသမျှ အများ စု ကတော့ စိတ်ပျက်စရာတွေ ချည်းသာ ဖြစ်ပါသည်။

ခရီးသည်များများ ရလိုမှု ကြောင့် ခရီးသည် တော် တော် များများ တက်လာလေ့ရှိသော မှတ်တိုင်များ ၌ တမေ့တမော ကျောက်ချရပ်နားထားသည့် ဘတ်စ်ကားများ ကို လူတိုင်း ကြုံဖူးကြမြဲ ဖြစ်ပါသည်။ ကားပေါ်က ခရီးသည်တွေ သက်တောင့်သက်သာ ရှိ၏ ၊ မရှိ၏ သူတို့ မစဉ်းစား။ သွားလိုရာခရီးသို့ အချိန်မီ ရောက်နိုင်၏ ၊ မရောက်နိုင်၏ သူတို့ မတွေးတော။ သူတို့ ခေါင်းထဲမှာ လူမရှိ။ ငွေ သို့ မဟုတ် ပိုက်ဆံသာ။ ထိုအရာအတွက် ကားကို သူတို့ ကျောက်ချရပ်နားထားခြင်း ဖြစ်ပါသည်။ သို့ သော် နောက်က ကားတစ်စီးစီး လိုက်ပါလာပြီ ဖြစ်သဖြင့် လွတ်အောင်မောင်းပြေးဖို့ ကြုံကြိုက်လာတာမျိုး သို့ မဟုတ် ရှေ့ကကားကို ကျော်တက်ရန် စိတ်ကူးပေါ်လာသော အခါမျိုးတွင် ကား တရကြမ်း သူတို့မောင်းကြပါပြီ။ မှတ်တိုင်ပါ၍ ဆင်းမည့် သူများ ကိုပင် စိတ်မရှည်နိုင်ြ ကတော့။

သက်ကြီးရွယ်အိုများ ကိုလည်း မစာနာ၊ သားသည်အမေကိုလည်း အမှု မထား။ နှေးကွေးရန်ကောဟု အပြစ်တင်သည်သာမက ရိုင်းစိုင်းကြမ်းတမ်းသော စကားဖြင့် တွန်းထိုးချတာမျိုးတွေ ကားလမ်းပေါ်မှာ ဘာမှမဆန်းတော့ပါ။

တစ်ခါက ထိုကဲ့သို့ ကားချင်းအလုအယက် မောင်းနှင်ကျော်တက်ကြစဉ် နောက်ကားက ကျော်တက်မည် ကိုစိုး၍ ကားကို မှတ်တိုင်တွင် သေသေချာချာမရပ်ဘဲ ပလက်ဖောင်းနှင့် အဝေးကြီး ခွာရပ်ထားခဲ့ရာ ကားပေါ်ကဆင်းလာသော လူငယ် တစ်ယောက် ကို နောက်ကားက ဖြတ်တိုက်သဖြင့် အသက်ဆုံးခဲ့ရဖူးပါပြီ။ ဒါဘာကြောင့် လဲဆိုတော့ ငွေတစ်ခုတည်းကို ဦးစားပေးစဉ်းစားနေသော ကြောင့် ပင်။ ပလက်ဖောင်းနှင့် အဝေးကြီး ခွာရပ်ထားလိုက်လို့ ကားပေါ်ကဆင်းမယ့် ခရီးသည် အန္တရာယ်တိုးသွားလေမလား ဆိုတာမျိုး ဘယ်တော့မှ မစင်းစား။

တချို့ခရီးသည်တွေ က မြို့ကြီးသားပီသစွာ ဖြင့် ရှေ့မှတ်တိုင် ဆင်းတော့မှာ မို့ ကြိုတင်ပြီး အပေါက်ဝကို ထွက်လာတတ်ပါသည်။ ဒါကို ကားသမားက မကြိုက်။ မှတ်တိုင်မဟုတ်ဘဲ လမ်းကတားတားစီးသမျှ ခရီးသည်ကိုတင်ဖို့ အနှောင့်အယှက် ဖြစ်နေခဲ့သည် မဟုတ်လား။ သည်တော့ ကြိုထွက်လာသူ ခရီးသည်ကို ငြူစူချင်သည်။

တစ်ခါက အဝေးပြေးကားဂိတ်တစ်ခု ရှိရာသို့ ကျွန်တော် ကားစီးသွားခဲ့ရာ ဂိတ်ဆုံးမရောက်မီ လေးငါးမှတ်တိုင် အလို၌ ခရီးသည်တွေ စုပြုံနေတာကို ကားဒရိုင်ဘာနှင့် လက်မှတ်ရောင်းက မြင် သွားပါသည်။ သည်ခရီးသည်တွေ က မြို့ထဲဘက်ကို သွားမည့် သူများ ဖြစ်ရာ သည်လူတွေ ဆီက ပိုက်ဆံကို သူတို့လိုချင်သည်။ သည်တော့ ကားကို မူလလမ်းကြောင်းအတိုင်း ဂိတ်ဆုံးအထိ သွားမနေတော့ဘဲ နောက်ကြောင်းပြန်ကွေ့လိုက်သည်။ ကားပေါ်က ခရးသည်တွေ သွားလိုရာကို မရောက်ဘဲ ဆင်းကြပေတော့။ ကားလက်မှတ်ရောင်းက သူ့အင်္ကျီပေါ်က နာမည် ကို လက်ညှိုးဖြင့် ထိုးပြကာ ဆင်းသွားရှာသည့် ခရီးသည်တွေ ကိုပင် စိန်ခေါ်နေလိုက်ပါသေးသည်။ မကျေနပ်လျှင် နာမည် မှတ်သွား၊ ကြိုက်ရာသွားပြော ဆိုသည့်သဘော။

တစ်ခါကများ ဆိုလျှင် အဝေးပြေးခရီးစင်တစ်ခု၌ ကျေးတောသူ ခရီးသည် လေးငါးယောက် က သူတို့ဆင်းမည့် နေရာကို ရောက်ပါပြီဟု အကြိမ်ကြိမ် အော်ပြောနေပါလျက် နောက်ကပါလာသော ကားကို လွတ်အောင် ဇွတ်မောင်းသွားခဲ့ကာ နာရီဝက်သာသာခရီးကို မောင်းသွားခဲ့ပြီးမှ ကျော်လွန်၍ ပါလာသော ခရီးသည်များ ကို ငွေစကြေးစအချို့ ပြန်ပေးကာ သင့်လျော်ရာကားဖြင့် နောက်ကြောင်းပြန်စီးသွားဖို့ စီစင်ပေးနေတာကို အံ့သြစရာ ကျွန်တော် မြင်ခဲ့ဖူးပါသည်။

ကုန်တင်ကား မဟုတ်ပါဘဲနှင့် ဆန်အိတ်တွေ ၊ ပဲအိတ်တွေ ၊ ကွမ်းခြင်းတွေ ၊ ပန်းခြင်းတွေ ၊ စက္ကူပုံးတွေ ထပ်ကာဆင့်ကာ တင်ထားသဖြင့် ခြေထောက်လည်း ချမရ၊ ဒူးလည်း ကွေးမရ၊ အဆင်းခက် အတက်ခက် လိုက်ပါရသော ခရီးစဉ်တွေ ကိုလည်း အများ စု ကြုံဖူးကြပြီးပင် ဖြစ်ပါလိမ့်မည် ။ အချို့ကားတွေ က ခရီးသည်ပိုဆန့်အောင် ထိုင်ခုံတန်းတွေ ကို ရှေ့နောက် စိပ်ပစ်လိုက်သည်။ ရှေ့ခုံ၏ နောက်မှီနှင့် နောက်က ခရီးသည်၏ ဒူး မလွတ်တော့။

အချို့ကားတွေ က နှစ် ယောက် သာသာ ထိုင်ခုံကို သုံးယောက် ခုံ အတင်းလုပ်ပစ်လိုက်သည်။ အစွန်ဆုံးလူက ထိုင်မရတော့။ မတ်တပ်ခရီးသည် မတင်ရဟူသော ကားကလည်း လောဘဖြင့် တင်ပါ၏ ။ အလျင်လိုသော ခရီးသည်ကလည်း စီးပါ၏ ။ စစ်ဆေးရေး နှင့် တွေ့ သော အခါ လက်မှတ်ရောင်းက ထိုင်နေပါ၊ ထိုင်နေပါဟု ဆိုသဖြင့် လေထဲမှာ ထိုင်ချင်ယောင်ဆောင်နေရသော ခရီးသည်တွေ ကလည်း တစ်ဒုက္ခ။

* * * * *


ဒါတွေ အားလုံး ဘာကြောင့် ဖြစ်နေရသလဲ ဟူသော မေးခွန်းအတွက် အဖြေက ငွေ သို့ မဟုတ် ပိုက်ဆံပဲ ဖြစ်ပါသည်။ မှန်ပါသည်။ ငွေရဖို့၊ ပိုက်ဆံရဖို့မှတစ်ပါး လူ သို့ မဟုတ် ခရီးသည်ဘက်ကို လုံးဝထည့်သွင်းစဉ်းစားမှု မရှိသဖြင့် သည်လို ဖြစ်နေရခြင်း ဖြစ်ပါသည်။

အချို့ ကားသမားတွေ ကဆိုလျှင် “ကိုယ်ပိုင်ကား ဝယ်စီးပါလား” ဟုပင် မိမိ၏ ခရီးသည်ကို ထေ့ငေါ့လိုက်ပါသေးသည်။ ဒါက မိမိ၏ စားသုံးသူ (Consumer) ကို နှိမ့်ချစော်ကားလိုက်ခြင်းပင် ဖြစ်ပါသည်။ တကယ်တော့ စားသုံးသူသည် မိမိ၏ ကျေးဇူးရှင်၊ ထိုသူတို့ စိတ်ကျေနပ်မှု ရရှိစေရန် မိမိတို့က ဝန်ဆောင်မှု (Service) ပေးရမှာ ပါလားဟူသော စိတ် မထားတတ်၊ မထားနိုင်ခြင်းပင် ဖြစ်ပါသည်။ “ဈေးကွက် ဈေးကွက်” နှင့် အသံဗလံတွေ ညံနေသော ကာလ၌ စားသုံးသူ (Consumer) ကို စိတ်ကျေနပ်ဖွယ်ရာ ဝန်ဆောင်မှု (Service) မပေးသော လုပ်ငန်းတို့သည် အခိုက်အတန့်တစ်ခုတွင် သာ ရပ်တည်နိုင်လေ့ရှိပြီး ရေရှည်၌ လက်လွတ်ခြေလွတ် ပြုတ်ထွက်သွားတတ်ကြသည်ကို သတိပြုသင့်ပေသည်။

7 DAY NEWS JOURNAL

Vol.9, No.30

OCTOBER 14, 2010

* * * * *


အခန်း(၃)

လန်ဒန်မြို့က ရုပ်တုများ နှင့် ဓားတစ်လက် မြင်းတစ်စီး

တစ်ခါက ဆရာမောင်စူးစမ်း၏ ဆောင်းပါးတစ်ပုဒ်ထဲမှာ ဟီးရိုး (Hero) နှင့် ပတ်သက်ရာရာ အတွေးအခေါ် အယူအဆတို့ကို တော် တော် ကလေး စုံစုံစေ့စေ့ ဆွေးနွေးရေး သားထားတာ ကျွန်တော် ဖတ်ခဲ့ဖူးပါသည်။ ဆရာက ဟီးရိုးဆိုတာ မယင်ကျေးသေးတဲ့ လူ့အဖွဲ့အစည်းနဲ့ ခေတ်မမီသေးတဲ့ မြို့ပြနိုင်ငံတွေ မှာ ပေါ်ထွန်းတတ်တာဟု ဆိုပါသည်။ Unciv ilized s ituat ion and absence of modern state ဟု ဖော်ပြထားပါသည်။

သည်အဆိုက ရောမကို အာခံခဲ့သော စပါတာကပ် (Spartacus) နှင့် တော့ ကွက်တိပဲ ဖြစ်ပါသည်။ BC 73 ဝန်းကျင် ကျွန်စနစ်ထွန်းကားသော ရောမ၌ လူလူချင်းသတ်ပုတ်ခိုင်းကာ အပျင်းပြေထိုင်ကြည့်သော လောက၊ လူနှင့် တိရစ္ဆာန်ရိုင်းများ သတ်ပုတ်ခိုင်းကာ အနိုင်၊ အရှုံး လောင်းကြေးထပ်ကြသော လောကကို မခံနိုင်သူ စပါတာကပ် (Spartacus) က ထကြွပုန်ကန်လေသော အခါ ထို အညတရ ကျွန် တစ်ယောက် က ဟီးရိုး ဖြစ်သွားခဲ့ပါလေသည်။ ဒါကိုရည်ရွယ်ကာ မယင်ကျေးသေးတဲ့ လူ့အ ဖွဲ့အစည်းနဲ့ ခေတ်သစ်ကမ္ဘာကို မရောက်သေးတဲ့ မြို့ပြနိုင်ငံတွေ မှာ ဟီးရိုးတွေ ပေါ်ထွန်းတတ်တာပါဟု ဆိုလိုခြင်း ဖြစ်ပါလိမ့်မည် ။

အခုက ခေတ်သစ်ကမ္ဘာ၊ ယင်ကျေးသော ကမ္ဘာ။ ဒါ့ကြောင့် သူရဲကောင်းမလိုတော့ဟု ယူဆပုံရပါသည်။ T o Banish Heroies from Human Life တဲ့။ လူသားရဲ့ ဘဝထဲက သူရဲကောင်းတွေ ကို နှင်ထုတ်ပါလေတဲ့။ ဆရာက ဒီစာသားကို ကိုးကားဖော်ပြထားပါသည်။ အ မှန်တကယ်ကိုပဲ ကမ္ဘာလောကမှာ သူရဲကောင်းတွေ မလိုအပ်တော့ဘူးတဲ့လား။ စင်းစားစရာ ဖြစ်ပါသည်။

ကျွန်တော် တို့က သူရဲကောင်းဟု ဆိုလိုက်သည်နှင့် ဓားတစ်လက် မြင်းတစ်စီး သို့ မဟုတ် သေနတ်တစ်လက် မော်တော် ဆိုင်ကယ်တစ်စီးဖြင့် မကောင်းသူပယ်၊ ကောင်းသူကယ်သော ပုံရိပ်ကို ပြေးမြင်ကြစမြဲ ဖြစ်ပါသည်။ သူရဲကောင်းတို့၊ Hero တို့ စသော စကားလုံး၏ ပုံရိပ်က သည်ပုံရိပ်အတိုင်းပဲ မဟုတ်လား။

* * * * *


ခုတော့ Hero နှင့် အပြိုင် စကားလုံးတွေ က အများ အပြားပဲ ဖြစ်ပါသည်။ Ideal Character တဲ့။ Role model တဲ့။ Ego ideal တဲ့။ Self image တဲ့။ သည်စကားလုံးအားလုံးအတွက် ခြုံငုံအဓိပ္ပာယ်က စံပြဇာတ်ရုပ်၊ စံပြလူသားပဲ ဖြစ်ပါသည်။ ဓားတစ်လက်၊ မြင်းတစ်စီး၊ သေနတ်တစ်လက်၊ မော်တော် ဆိုင်ကယ်တစ်စီး ပုံရိပ်ကိုဘေးဖယ်ပြီး စင်းစားလိုက်လျှင် သည် စံပြဇာတ်ရုပ်၊ စံပြလူသား ဆိုသည်ကဖြင့် လိုအပ်နေမြဲ၊ အထူးသဖြင့် လူငယ်လူရွယ်တို့အတွက် ပိုမို၍ လိုအပ်နေမြဲဟု ကျွန်တော် ထင်မိပါသည်။

လူငယ်လူရွယ်တွေ ဟာ ဘယ်သူ့ကိုမှ အားကျစရာ မလိုဘူးလား။ ဘယ်သူ့ကိုမှ စံပြုစရာ မလိုဘူးလား။ ဘယ်သူ့ကိုမှ နမူနာယူစရာ မလိုဘူးလား။ အတွေးပွားချင်စရာပင် ဖြစ်ပါသည်။

* * * * *


နည်းပညာနှင့် ပရဟိတလုပ်ငန်းများ အတွက် အားကျစရာ ပုဂ္ဂိုလ် တစ်ယောက် ကို ရည်ညွှန်းပါဟုဆိုလျှင် ကျွန်တော် ကတော့ ဘီလ်ဂိတ်ကို ဖော်ပြလိုပါသည်။ Bill Gates။ Microsoft ကွန်ပျူတာသူဌေးကြီး ဘီလ်ဂိတ်။ ဒုတိယနှစ် တက္ကသိုလ်ကျောင်းသားဘဝကို ခေတ္တစွန့်ခွာခဲ့ကာ မိုက်ကရိုဆော့ဖ် ကွန်ပျူတာဖြင့် ကမ္ဘာ့နံပါတ်တစ်သူဌေးဘဝ ရောက်အောင် လုပ်ဆောင်ခဲ့သည်သာမက ချမ်းသာသမျှ ဓနဥစ္စာတို့ကို ပရဟိတလုပ်ငန်းတွေ ထဲ ထည့်ဝင်ဖို့ ဆုံးဖြတ် ကြေငြာထားခဲ့သည့် သည်လိုလူ တစ်ယောက် ကို လူငယ်တွေ အားကျမိတာ မကောင်းဘူးလား။

၂၀ ရာစု၏ Man of the Century ဟု အသတ်မှတ်ခံခဲ့ရသော ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရှင် အဲလဘတ်အိုင်းစတိုင်း (albert Einstein) ၏ ဉာဏ်ပညာကြီးမားပုံ၊ အ နေရိုး၊ အစားရိုး၊ မာန်မာန မရှိ၊ ပကတိ ဖြူစင်ပုံကြီးကို ကြည့်ကာ သည်လူ အိုင်းစတိုင်းကို လူငယ်တွေ အားကျနေမိရင်ရော မကောင်းဘူးလား။ ၂၀၀၂ ခုနှစ် တွင် အိန္ဒိယနိုင်ငံ၏ ၁၁ ဆက်မြောက် သမ္မတအ ဖြစ် အ ရွေးချယ်ခံရကာ ၂၀၀၇ ခုနှစ် ၊ ဇူလိုင် ၂၄ ရက်တွင် သမ္မတတာဝန်ဝတ္တရားများ သက်တမ်းကုန်သဖြင့် နောက်တစ်နေ့ ၂၅ ရက်မှာ ပင် သူ သမ္မတအိမ်တော် ပေါ်သို့ တက်စဉ်က ပါလာသည့် သေတ္တာကလေးနှစ် လုံး ဆွဲကိုင်ကာ ပြန်ဆင်းသွားသူ၊ ဘာလက်ဆောင်ကိုမှ လက်မခံခဲ့ပါဟု ဆိုလေသူ၊ အိန္ဒိယသမ္မတကြီး အဗ္ဗဒူကလာမ် (abdul Kalam) ကို လူငယ်တွေ အားကျနေတာရော မကောင်းဘူးလား။

ထို့အ တူ စပရင်းဖီးလ်မြို့က “ငါ့ရှေ့နေဆိုင်းဘုတ်လေးကို မဖြုတ်နဲ့၊ အဲသည် ရှေ့နေအလုပ်က မြဲတယ်၊ အ ခု သမ္မတအလုပ်က မြဲတာမဟုတ်ဘူး” ဟု ဆိုလေသူ အ မေရိကန်သမ္မတကြီး အေ ဗရာဟင်လင်ကွန်း (abaraham Lincoln)၊ ကမ္ဘာပေါ်မှာ ဘုမသိဘမသိ မျက်ရည်ကျနေသူတွေ အ များ ကြီးရှိတယ်ဟု ဆိုကာ ပရဟိတအ လုပ်များ ထဲမှာ နောက်ဆုံးထွက်သက်ကို ရှူထုတ်သွားသူ ကရုဏာရှင်မကြီး မာသာထရီဆာ၊ လူ တစ်ယောက် တစ်လ တစ်ယွမ် ထည့်ရုံနဲ့ ကမ္ဘာကို ကယ်လို့ရပါတယ်ဟု ဆိုကာ The one foundation ထောင်လေသူ ကမ္ဘာကျော်ကွန်ဖူးစတား ဂျက်လီ (Jet Li) စသည် စသည်ဖြင့် လူငယ်တို့ အားကျစရာ ပုဂ္ဂိုလ်တွေ နယ်ပယ်အ သီးသီးမှာ ရှိပါသည်။ ဘောလုံးသမားတွေ ၊ တေးဂီတပညာရှင်တွေ ၊ စာရေး ဆရာတွေ ၊ ပန်းချီဆရာတွေ ၊ စာနယ်ဇင်းသမားတွေ ၊ ပညာရှင်တွေ ဘယ်သူဘယ်ဝါ ဘယ်နယ်ပယ်ကမှရယ်လို့ မဟုတ်။ တစ်ဦးဦးကို အားကျတာ၊ ကိုယ့်လမ်းကို ကိုယ်ရှာ ဖြစ်နေတာက အဓိပ္ပာယ်ကလေးများ ရှိလေမလားဟု ကျွန်တော် စဉ်းစားမိပါသည်။

ကိုယ်အားကျမိသူသည် ဓားတစ်လက်၊ မြင်းတစ်စီးနှင့် တော့လည်း ဟုတ်ချင်မှ ဟုတ်ပေမပေါ့-လေး-

“ခရီးသည်” စာအုပ်ထဲမှာ ဆရာဇော်ဂျီက သူ့လန်ဒန်အတွေ့ အကြုံများ ကို တော် တော် များများ ထည့်ရေး ထားခဲ့ရာ “လန်ဒန်မြို့က ရုပ်တုများ ” ဆိုသည့် စာတစ်ပုဒ်လည်း ပါဝင်ပါသည်။ ဆရာက လန်ဒန်မြို့တွင် ကြေးသွန်းရုပ်၊ ကြေးတမော့ရုပ်များ ကို မျက်စိနှင့် မလွတ်အောင် မြင်နေရကြောင်း ဖော်ပြပါသည်။ ဥပမာ... ရှိတ်စပီးယား အရုပ်တဲ့။ သမ္မတလင်ကွန်း အရုပ်တဲ့။ ဗိုလ်ချုပ်ကြီး အော်လီဗာကရွန်ဝဲ အရုပ်တဲ့။

ဆရာဇော်ဂျီက ထိုအရုပ်များ ကိုကြည့်ကာ ရှုမြင်သူတို့ စိတ်ဓာတ်တွေ အပြောင်းအလဲ ဖြစ်နိုင်ကြောင်း၊ အထူးသဖြင့် လူငယ်တွေ အားကျအတုယူကာ စိတ်နေသဘာဝ တို့ မြင့်မားလာနိုင်ကြောင်း ကောက်ချက်ချထားခဲ့ပါသည်။ ဘယ်သူ့ကိုမှလည်း အားမကျ၊ ဘယ်သူ့လိုမှလည်း မ ဖြစ်ချင်ဘူး ဆိုတာတော့ သိပ်မကောင်းလှဟု ထင်ပါသည်။

Hero ပဲခေါ်ခေါ်၊ Ideal Character ပဲခေါ်ခေါ်၊ Role Model ပဲခေါ်ခေါ်၊ Ego Ideal, Self Image ကြိုက်ရာခေါ်၊ အိုင်းစတိုင်းကို Great personality ဟု ခေါ်သလို ခေါ်ချင်လည်းခေါ်၊ လူကောင်းသူကောင်း တစ်ယောက် ယောက် ကို အားကျမိတာ ကတော့ ကောင်းသော စိတ်အခြေအနေဟု ယူဆပါသည်။

ကဲ... ဘယ်သူ့ကိုများ အားကျနေမိကြပါလိမ့်။

7 DAY NEWS JOURNAL

Vol.9, No.34

NOVEMBER 11, 2010

* * * * *




ဝန်ဇင်းချစ်သူများ မောင်သာချို ၏ “ ပေကညစ်များဆီမှ လှေကားထစ်များဆီသို့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


စိမ်းလန်းသောမိသားစုများ

လူကြီးလူကောင်းတွေ မှောင်ရိပ်ခိုကြတုန်းက

သမီးဖတ်ဖို့ နှင်းပွင့်တိုင်းပြည်၌ ခွေးကျောင်းထွက်ခြင်း