ရမ္မက်ကျွန်
စောဦးဟာ သင်္ဃန်းကျွန်းဘူတာမှာ မြို့ပတ်ရထားပေါ်က ဆင်းပြီး လိပ်စာအတိုင်း လိုက်ရှာ တော့ လူပြတ်တဲ့နေရာက ကျွန်းအိမ်မည်းကြီးတစ်လုံးကို တွေ့ ရတယ်။
ကျွန်းအိမ်မည်းကြီးရဲ့ စုတ်ချာတဲ့ ပုံစံကို ကြည့်ပြီး အာမခံကုမ္ပဏီက စာရေး ပီပီ ဒီနေ့တော့ ငါ အာမခံကောင်းရမယ် မထင်လို့ပဲ တွေးလိုက်မိတယ်။
အာမခံကောင်းကောင်းရမှ သူ့အတွက် ဝင်ငွေကောင်းပြီး စားဝတ်နေရေး ချောင်လည်မယ်။ အကြွေးတွေ လည်း ကျေမယ်။
အခုတော့ အာမခံထားမဲ့ အိမ်ကဟောင်းနွမ်းပြီး စုတ်ချာလွန်းနေတော့ အာမခံကောင်းကောင်း မရမှာ တော့ သေချာသွားတယ်။
စိတ်ညစ်ရာပဲ…။
စောဦးဟာ ကျွန်းအိမ်မည်းကြီးရဲ့ ရှေ့မှာ အတန်ကြာအောင်ရပ်ပြီိး အိမ်ထဲက အခြေအနေကို အကဲခတ်တယ်…လူသူအရိပ်အယောင်လဲ တစ်ယောက် မှ မတွေ့ ဘူး။
လှည့်ပြန်ရင်ကောင်းမလား..ဒီနေ့နံနက်အာမခံကုမ္ပဏီကိုရောက်တော့ စောဦးရဲ့ အထက်အရာ ရှိမန်နေဂျာကိုဘထွားက လိပ်စာတစ်ခုပေးပြီး
“ဒီလိပ်စာအတိုင်းသွားပြီး အာမခံမဲ့ လူကိုရှာပါ၊ အာမခံကောင်းကောင်းရအောင် ကြိုးစားဖို့က ကိုယ့်လူ တာဝန်ပဲ”
လို့ဆိုတော့ စောဦးက စိတ်လှုပ်ရှားစွာ နဲ့ လိပ်စာကို ကြည့်ပြီး
“ဘုရားသိကြားမလို့ အာမခံကောင်းကောင်းထားမဲ့လူနဲ့ တွေ့ ပါစေဗျာ”
လို့ ရေရွတ်လိုက်တယ်။
စောဦးဟာ ခြံတံခါးထိပ်မှာ ချိတ်ဆွဲထားတဲ့ ခေါင်းလောင်းအိုလေးကို လှုပ်ခါလိုက်တယ်။ ခေါင်း လောင်းလေးရဲ့ အက်ဆတ်တက်အသံဟာ တိတ်ဆိတ်နေတဲ့ ပတ်ဝန်းကျင်ကို လှုပ်ခါသွားတယ်။
ဒါပေမယ့် လူသူ တစ်ယောက် မှ မထွက်လာဘူး။
စောဦးဟာ အိမ်ရှင်တို့လို့ အသံပြုမယ်ကြံတုန်းမှာ တံခါးဝမှာ မိန်းမ တစ်ယောက် ကို မြင်လိုက်ရ တယ်။ မိန်းမဟာ ဆံပင်တွေ ကို ကျောလည်ကို ဖြန့်ချထားပြီး မျက်လုံးတွေ ကို ဝိုင်းစက် ကြည်လင်နေတယ်။
စောဦးဟာ ဆင်မယဉ်သာဟန်နဲ့ လျှောက်လှမ်းလာတဲ့ မိန်းမကို မျက်တောင်မခက်တန်း စိုက် ကြည့်နေမိတယ်၊ အနီးကိုရောက်လာတော့ စောဦးဟာ အမျိုးသမီးကို နှစ် လိုဖွယ် ပြုံးပြလိုက်ပြီး
“ကျုပ်က ဂျွန်အက်ဆန်းအာမခံ ကော်ပိုရေး ရှင်းက လွှတ်လိုက်တဲ့ ကိုယ်စားလှယ်ပါ၊ ဒီအိမ်က ကော်ပိုရေး ရှင်းကို အာမခံလုပ်ချင်ကြောင်း စာပို့ထားလို့ပါ”
လို့ဆိုလိုက်တော့ အမျိုးသမီးက ညို့ငယ်သော အမူအယာနဲ့
“ဟုတ်ပါတယ်ရှင်…အာမခံလုပ်ဖို့ စာပို့လိုက်တာ ကျွန်မကိုယ်တိုင်ပါပဲ။ အိမ်ထဲကိုကြွပါ”
လို့ ဖိတ်ခေါ်ပြီး အိမ်ထဲကို ခေါ်သွားတယ်။
စောဦးဟာ သူမရဲ့ လှပတဲ့ နောက်ပိုင်းကို ရင်သပ်ရှုမောဖွယ် ကြည့်ပြီး အနောက်က လိုက်သွားတယ်။ အိမ်ထဲကို ရောက်တော့ ဟောင်းနွမ်းနေတဲ့ပရိဘောဂတွေ နဲ့ ဖုံအလိမ့်လိမ့် တက်နေ တဲ့ ပစ္စည်းတွေ ကို မြင်ရတယ်။
အမျိုးသမီးက စောဦး ရှေ့မှာ ဝင်ထိုင်ပြီး
“အာမခံထားချင်တဲ့ ပစ္စည်းတွေ က လက်ဝတ်လက်စားလေးတွေ ပါ၊ ကျွန်မသွားယူလိုက်မယ်၊ ခဏလောက်စောင့်ပါနော်”
လို့ဆိုလိုက်ပြီး ဟောင်းနွမ်းနေတဲ့ ယွန်းသေတ္တာလေးတစ်လုံးကို ယူလာတယ်။ စောဦးဟာ သေတ္တာကို ဖွင့်ကြည့်လိုက်ပြီး ဝါကျင်နေတဲ့ ရွှေခြေကျင်း တစ်စုံကို မြင်ရလို့ အလွန်စိတ်ဓာတ်ကျသွား တယ်။
ဒီခြေကျင်းလေးတစ်စုံကို အာမခံထားလို့ ဘယ်လောက်ရမှာ လဲလို့ စိတ်ပျက်လက်ပျက်တွေး လိုက်တယ်။
အမျိုးသမီးဟာ စောဦးမျက်နှာကို မျှော်လင့်တကြီးကြည့်ပြီး
“ဒီပစ္စည်းတွေ က ရှေးဟောင်းတန်ဘိုး ဘယ်လောက်မှ မရှိဘူးလား”
လို့ မေးလိုက်တယ်။ စောဦးက ခေါင်းခါယမ်းလိုက်ပြီး
“ရှေးဟောင်းဆိုတိုင်းလည်း တန်ဘိုးမရှိဘူးဗျ..ရာဇဝင်သမိုင်းမှတ်တမ်းဝင် ဖြစ်ရဦးမယ်”
လို့ ပြောတယ်။
အမျိုးသမီးက စိတ်ပျက်သွားဟန်နဲ့
“ကျွန်မလဲမသိပါဘူးရှင်…ကျွန်မယောက်ျားကိုဖေခင်က ရှေးဟောင်း ရွှေခြေကျင်းလို့ ဆိုတော့ တန်ဘိုးရှိမယ်ထင်ပြီး အာမခံကုမ္ပဏီကို ဆက်သွယ်လိုက်တာပါ”
လို့ ပြောတယ်။
စောဦးဟာ သူလာရင်း ကိစ္စမအောင်မြင်တော့ဘူးဆိုတာ ရိပ်စားမိသွားလို့ တစ်ချိုးတည်း ပြန်လှည့်သွားရုံပဲ ကျန်တော့တယ်။
ဒါပေမယ့် ဆွဲဆောင်အားကောင်းတဲ့ အမျိုးသမီးအနားက မခွာနိုင်ဘူး ဖြစ်နေတယ်။ အမျိုးသမီး က ရိပ်စားမိဟန်နဲ့
“ရှင့် အချိန်တွေ ကို ဖြုန်းလိုက်သလို ဖြစ်ရင် တောင်းပန်ပါတယ်ရှင်၊ ဒါနဲ့ ရှင့်နာမည် ဘယ်လို ခေါ်သလဲ၊ ကျွန်မနံမည် က ခင်မြရင်လို့ ခေါ်ပါတယ်”
လို့ပြောတယ်။ စောဦးဟာ ခင်မြရင်ဆိုတဲ့ အမျိုးသမီးရဲ့ မျက်နှာကို ကြည့်ပြီး
“ကျုပ်နာမည် စောဦးလို့ ခေါ်ပါတယ် ။ ဂျွန်အင်ဆန်းကုမ္ပဏီက အသက်အာမခံ ကိုယ်စားလှယ် တစ်ယောက် ပါ၊ လက်ဝတ်လက်စားတွေ အာမခံ မထား ဖြစ်ရင်လဲ လက်ရှိနေတဲ့ အိမ်ကို မီးအာမခံ ထားရင်ထားလို့ ဖြစ်ပါတယ်”
လို့ အာမခံ ရလိုရငြားပြောလိုက်တယ်၊ ဒါပေမယ့် ခင်မြင်ရင်က စောဦးရဲ့ မျက်နှာကို အားနာဟန်နဲ့ ကြည့်ပြီး
“ဒါတော့ မ ဖြစ်လို့ သည်းခံပါရှင်၊ ဘာ ဖြစ်လို့လဲ ဆိုတော့ အိမ်က ကျွန်မယောက္ခမ ပိုင်တဲ့အိမ် ဖြစ်နေတယ်။ နောက်ပြီး ဒီအိမ်ကို မီးအာမခံ လုပ်ပြီးသားလဲ ဖြစ်နေတယ်”
လို့ ပြောတယ်။ ခင်မြရင်ရဲ့ စကားကြောင့် စောဦးအတွက် အာမခံရစရာ လမ်းမရှိတော့ဘူး၊ အိမ်က ပြန်ထွက်သွားရုံပဲ ကျန်တော့တယ်။
ဒီနေ့ သူကံမကောင်းဘူးလို့လဲ တွေးလိုက်တယ်။ ခင်မြင်ရင်က စောဦးကို ညှို့ငင်သော အကြည့်နဲ့ ကြည့်လိုက်ပြီး
“ရှင့်ကိုတွေ့ တုန်းက အကူအညီတစ်ခုလဲ တောင်းချင်သေးတယ်”
လို့ ပြောလိုက်တော့ စောဦးက သက်ပြင်းချပြီး
“ဘာများ လဲဗျာ၊ ကျုပ်ကူညီနိုင်ရင် ကူညီပါ့မယ်”
လို့ ပြောလိုက်တယ်။
ခင်မြရင်က စားပွဲပေါ်က စာရွက်တစ်ထပ်ကြီးကို ယူလိုက်ပြီး
“ကျွန်က စာလဲရေး တယ်ရှင်၊ နံမည် ရှိတဲ့အထဲ ကတော့ မဟုတ်ဘူးပေါ့ရှင်၊ ဝါသနာရှင် အဆင့် ပါ”
လို့ ပြောလိုက်တော့ စောဦးက မျက်ခုံးကိုပင့်ပြီး
“သြော်…ခင်ဗျားက စာရေး ဆရာကိုး”
ဟု ရေရွတ်လိုက်တယ်။ ခင်မြင်ရင်က ခေါင်းညိတ်ပြီး
“ဒီတစ်ခါ ကျွန်မရေး တဲ့ဇာတ်လမ်းက အသက်အာမခံနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းရှင့်၊ ကျွန်မ စိုးရိမ်တာက အသက်အာမခံနဲ့ ပတ်သက်လို့ ကျွန်မ ဘာမှ မသိလို့အမှားမှား အယွင်းယွင်း ရေး မိမှာ စိုးတယ်၊ ဒါကြောင့် ကိုစောဦးကို မသိတာလေးတွေ မေးချင်လို့ပါ”
လို့ဆိုလိုက်တော့ စောဦးက သူမအနီးမှာ နေချင်သေးလို့ နာရီကိုငုံ့ကြည့်လိုက်ပြီး
“မေးပါဗျာ..ကျုပ် သိသလောက် ဖြေပေးပါ့မယ်”
လို့ ပြောလိုက်တယ်။ စောဦးရဲ့ အဖြေကြောင့် ခင်မြရင်ရဲ့ မျက်နှာဝင်းပသွားပြီး
“ဝမ်းသာလိုက်တာရှင်..ဒါဆိုရင် ကျွန်မဇာတ်လမ်းပြောပြရမှာ ပေါ့၊ ကျွန်မဇာတ်လမ်းထဲက ဇာတ်ဆောင် မိန်းကလေးက ပိုက်ဆံ သိပ်မက်တယ်။ မိန်းကလေးရဲ့ ချစ်သူ ကတော့ မီးရထားကုမ္ပဏီက အရောင်းဝန်ထမ်း တစ်ယောက် ပေါ့ရှင်၊ တစ်နေ့တော့ သူတို့နှစ် ယောက် ဟာ ဒီလို တစ်သက်လုံး နေသွားရင် ဘယ်တော့မှ မကြီးပွားနိုင်ဘူး။ သူတို့ ဘဝကြီးပွား ချမ်းသာဖို့အတွက် တစ်ခုခုကြံရမယ်ဆိုပြီး မိန်းကလေးနံမည် နဲ့ အသက်အာမခံ ကုမ္ပဏီမှာ ငွေတစ်သိန်း အာမခံထားလိုက်တယ်။ ဒီလို အာမခံထားပြီး အာမခံကြေးတွေ ကို သူတို့နှစ် ယောက် ရဲ့ ဝင်ငွေထဲက ခြစ်ချုပ်ပေးကြတယ်၊ တစ်နေ့တော့ မီးရထားတစ်စီး လမ်းချော်ပြီး တိမ်းမှော က်သွားတယ် ဆိုတဲ့ သတင်းလဲ ကြားရော၊ အရောင်းစာရေး ဟာ မီးရထားပေါ်မှာ လိုက်ပါသွားတဲ့လူစာရင်းမှာ သူ့ချစ်သူ မိန်းကလေးနံမည် ကိုဖြည့်ပြီး သေဆုံးစာရင်းသွင်းလိုက်တယ်။ နောက်တော့ မိန်းကလေးကို တရပ်တ ကြေးကို ရှောင်တိမ်းခိုင်းပြီး အာမခံကုမ္ပဏီက ပေးတဲ့ငွေကို ထုတ်ယူလိုက်တယ်။ ပြီးတော့ သူတို့နှစ် ယောက် ပျော်ပျော်ပါးပါး ပေါင်းသင်းလိုက်ကြတယ်။ ကျွန်မ ဇာတ်လမ်း ကတော့ ဒါပါပဲ။ ကျွန်မ သိ ချင်တာက ဒီလိုနည်းနဲ့ အသက်အာမခံငွေ ထုတ်ရင်ရနိုင်ပါ့မလား ဆိုတာပါပဲ”
လို့ မေးမြန်းလိုက်တယ်။ စောဦးက ခင်မြင်ရင် ဇာတ်လမ်းကို အစအဆုံး နားထောင်ပြီး ခေါင်း ခါယမ်းကာ
“မရနိုင်ဘူးဗျ ခင်ဗျား ဇာတ်လမ်းက စိတ်ကူးယဉ် ဆန်လွန်းတယ်၊ လက်တွေ့ ဘဝမှာ တော့ အသက်အာမခံထုတ်တယ်ဆိုတာ ခင်ဗျားထင်သလောက် မလွယ်ဘူး နံပါတ်တစ် အာမခံ ငွေတစ်သိန်းဆိုတာ သိပ်များ လွန်းနေတယ်၊ အာမခံ ကုမ္ပဏီတွေ ဟာ ငွေတစ်သော င်းထက်ပိုတဲ့ အာမခံကြေးတွေ ကို သေသေချာချာ ဂရုစိုက်ပြီး စိစစ်လေ့ရှိတယ်၊ အာမခံကြေးတောင်းတဲ့ လျှောက် လွှာစစ်ဆေးရေး ဌာနကို ရောက်ရင် အင်မတန်အတွေ့ အကြုံရှိတဲ့ လျှောက်လွှာ စစ်ဆေးရေး အရာရှိနဲ့ တွေ့ ရလိမ့်မယ်။ သူတို့ဟာ အရည်အချင်းနဲ့ ပြည့်စုံပြီး လျှောက်လွှာ တစ်စောင်ကို မြင်တာနဲ့ အမှန် လား အမှားလား ဆိုတာ ခွဲခြားလို့ရတယ်၊ ပထမဆုံး အသက်အာမခံကြေး ဘာလို့ ဒီလောက်များများ ထားသလဲဆိုတာ စုံစမ်းကြလိမ့်မယ် ။ နောက်တော့ အာမခံကြေး ပေးရမယ့်လူဟာ ဘယ်သူလဲ၊ ဆွေ မျိုးသားချင်းထဲကပဲလား၊ မိန်းကလေးရဲ့ ချစ်သူကို ပေးရမှာ လား၊ ဒါဆိုရင် သူ့ချစ်သူက ဘယ်လိုလူ စားမျိုးလဲဆိုတာ စုံစမ်းကြလိမ့်မယ်၊ အသက်အာမခံ ကုမ္ပဏီမှာ အစိုးရစုံထောက်တွေ ထက် အရည် အချင်းရှိတဲ့ စုံစမ်းရေး အရာရှိတွေ ထားတယ်၊ မိန်းကလေးရဲ့ ချစ်သူဟာ မီးရထားကုမ္ပဏီက အရောင်းစာရေး ဆိုရင်တော့ အာမခံထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး အကြီးအကျယ် သင်္ကာမကင်း ဖြစ် မှာ ပဲ။ နောက်တော့ လက်မှတ်ဌာနကို ဆက်စုံစမ်းလိုက်ရင် လိမ်ညာမှု ဟာ ဘူးပေါ်သလို ပေါ်မှာ ပဲ၊ ကျုပ်တို့ဌာနက ကိုဘထွားလို စုံစမ်းရေး အရာရှိနဲ့ တွေ့ ရင်တော့ ပွဲကြီးပွဲကောင်းပဲ”
လို့ဆိုလိုက်တော့ ခင်မြင်ရင်ရဲ့ မျက်နှာကွက်ခနဲ ပျက်သွားပြီး
“အာမခံကုမ္ပဏီက ငွေလိမ်ထုတ်လို့ မရဘူးဆိုတာ ရှင်ပြောမှပဲ သိတော့တယ်။ ကျွန်မရဲ့ ဇာတ် လမ်းက စိတ်ပျက်စရာ ဖြစ်သွားပြီ”
လို့ဆိုလိုက်တော့ စောဦးက ခင်မြရင်ရဲ့ မျက်နှာကို ကြည့်ပြီး
“စိတ်မပျက်ပါနဲ့ ဗျာ၊ တစ်လမ်းတော့ရှိပါသေးတယ်”
လို့ဆိုလိုက်တော့ ခင်မြင်ရင်က စောဦးကို အလောတကြီးကြည့်ပြီး
“ဘယ်လိုလမ်းမျိုးလဲ၊ ပြောပါရှင်”
လို့ မေးမြန်းလိုက်တယ်။ စောဦးက သက်ပြင်းချပြီး
“ခင်ဗျားဇာတ်လမ်းထဲမှာ အာမခံကုမ္ပဏီက ကျွမ်းကျင်တဲ့ လူ တစ်ယောက် ယောက် က အကူအညီပေးရင်တော့ ရနိုင်တယ်”
လို့ ပြောတယ်။ ခင်မြင်ရင်က စောဦးရဲ့ စကားကြောင့် စိတ်လှုပ်ရှားသွားပြီး
“ဟင်…ဒါဆိုရင် ဇာတ်လမ်းကို ဆက်ရေး လို့ ရတာ ပေါ့နော်၊ ကျွန်မက ဇာတ်လမ်းပျက်ပြီဆိုပြီး စိတ်ဓာတ်ကျနေတောရှင်၊ ဘယ်လို ဆက်ရေး ရမလဲဆိုတာ အကြံဉာဏ်ပေးပါဦး”
လို့ ပြောလိုက်တယ်။ စောဦးဟာ ခင်မြရင်နဲ့ နောက်တစ်ကြိမ် တွေ့ ရဖို့ အခွင့်အရေး ရပြီလို့ တွေးမိပြီး
“လေလောဆယ်တော့ ကျုပ်စဉ်းစားလို့ မရသေးဘူး၊ စဉ်းစားလို့ရရင် ခင်ဗျားကို ပြန်ဆက်သွယ်လိုက်မယ်လေ”
လို့ ပြောလိုက်တယ်။ ခင်မြရင်က စောဦးကို အားကိုးဟန်နဲ့ ကြည့်ပြီး
“တကယ်ပြောတာလား၊ ဒါဆိုရင် ရှင် ဆက်သွယ်မဲ့နေ့ကို ကျွန်မ မျှော်နေမယ်နော်”
လို ညုတုတု အမူအရာနဲ့ ပြောလိုက်တယ်။ စောဦးဟာ ခင်မြင်ရင်ယောက်ျားနဲ့ ပတ်သက်ပြီး သွေးတိုးစမ်းချင်တာနဲ့
“ကျုပ်လာခဲ့ပါမယ်။ ဒါပေမယ့် ခင်ဗျားယောက်ျားက ကျုပ်ကို တစ်မျိုးမြင်ရင် ခက်မယ်နော်”
လို့ပြောလိုက်တယ်။ စောဦးရဲ့ စကားကြောင့် ခင်မြင်ရင်က တွေ ဝေသွားပြီး
“ဟုတ်ပါရဲ့ ၊ ကျွန်မယောက်ျားကိုဖေခင်က စိတ်သဘောထားသေသိမ်တာတော့ အမှန်ပဲ။ သြော် ဟုတ်ပြီ…အိမ်ကို သော ကြာနေ့ညနေ လာခဲ့ပါလား၊ သော ကြာနေ့ညနေတိုင်း ကိုဖေခင်က ငမိုး ရိပ်ကမ်းသိမ်ချောင်းဘက်က ဘကြီးဘုန်းကြီးကျောင်းမှာ အိပ်လေ့ရှိတယ်။ ဒီအချိန်ဆို အိမ်မှာ ကျွန်မ တစ်ယောက် တည်းရှိတယ်”
လို့ ပြောတယ်။ စောဦးဟာ ခင်မြရင်ရဲ့ ဖိတ်ခေါ်မှု ကြောင့် ဒီအချိန်ဟာ သူ့အတွက် အပိုင်ပဲလို့ တွေးမိပြီး
“ဒါဆိုရင် သော ကြာနေ့ညနေမှ လာခဲ့တော့မယ်”
လို့ ပြောပြီး ထိုင်ရာက ထရပ်လိုက်တယ်။
ခင်မြရင်ဟာ အိမ်တံခါးဝ အထိ လိုက်ပို့ရင်း
“ကျွန် မျှော်နေမယ်နော်”
လို့ နောက်တစ်ကြိမ် ထပ်ပြောလိုက်တော့ စောဦးက ခေါင်းညိတ်ပြီး
“စိတ်ချ ကျုပ်ဆက်ဆက်လာခဲ့ပါ့မယ်”
လို့ ပြောပြီး အိမ်ထဲကထွက်ခဲ့တယ်။
ခင်မြင်ရင်ဟာ စောဦး အိမ်ထဲကထွက်သွားတာနဲ့ တယ်လီဖုန်းရှိရာကိုသွားပြီး လူ တစ်ယောက် ကို ဖုန်းဆက်လိုက်တယ်။
ခင်မြင်ရင်က ပိုင်နိုင်တဲ့ အမူအယာနဲ့
“ကျွန်မရဲ့ ပိုက်ကွန်ထဲမှာ ငါးကြီး မိသွားပြီ”
လို့ ပြောလိုက်တော့ တစ်ဖက်လူက စိတ်လှုပ်ရှားသွားပြီး
“သေချာရဲ့ လားကွာ”
လို့ မေးလိုက်တယ်။ ခင်မြင်ရင်က တခစ်ခစ် ရယ်မောပြီး
“ခင်မြရင်တဲ့ မပိုင်ရင် ခြင်တောင်မရိုက်ဘူး၊ ရှင့်ရဲ့ ငါးကြီးက ကျွန်မရဲ့ ပိုက်ကွန်မှာ သေသေချာ ချာကြီးကို မိသွားတာပါ”
လို့ ပြောတယ်။
ခင်မြင်ရင် စကားကြောင့် တစ်ဖက်လူက ကျေနပ်သွားဟန်နဲ့
“မင်းတော် တယ်”
လို့ ချီးမွမ်းပြီး တယ်လီဖုန်းကို ချလိုက်တယ်။
********
စောဦးဟာ အပြန်လမ်း တစ်လျှောက်လုံး ခင်မြရင်ရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်ကို မြင်ယောင်နေတယ်။
သူမရဲ့ မျက်ဝန်းနက်နက်တွေ ဟာ ယောက်ျား တစ်ယောက် ရဲ့ အာသဆန္ဒတွေ ကို နှိုးဆွနေသ လိုပဲ..ယောက်ျား တစ်ယောက် အဖို့ သူမဟာ ရုပ်ရည်ရော အမူအယာပါ ညို့ငင်အားကောင်းနေတယ်။
ဘဝမှာ အသက်ရှူမှားလောက်အောင် ဆွဲဆောင်အားကောင်းတဲ့ မိန်းမမျိုးနဲ့ မတွေ့ ရတာ အတော် ကြာပြီ။ သော ကြာနေ့ကြရင်တော့ ပွဲကြီးပွဲကောင်းလို့ တွေးပြီး စိတ်အားတက်ကြွသွားတယ်။
ဒါပေမယ့် လက်ရှိ အခြေအနေကို ပြန်တွေးတော့ စိတ်ဓါတ်ကျသွားပြန်တယ်။ လောလော ဆယ် သူ့မှာ ငွေတော် တော် မျာများ ရဖို့ လိုနေတယ်။ သူ့ရဲ့ လောင်းကစား ဝါသနာပါတဲ့ အကျင့်ကြောင့် အသက်အာမခံကုမ္ပဏီက ငွေတွေ ကို အလွဲသုံးစားလုပ်ထားတာ အတော် ကြာနေပြီ။
ကြာရင် သူ့အလုပ် ပြုတ်ရုံမကဘူး။ အလွဲသုံးစားအမှု နဲ့ ထောင်နန်းတောင်စံရဦးမယ်။
ရက်ပိုင်းလပိုင်းအတွင်း အာမခံကုမ္ပဏီက ငွေတွေ ပြန်ရဖို့ ကော်မရှင် များများ ရဖို့လိုနေတယ်။ ကော်မရှင် အများ ကြီးရအောင် ဘယ်လိုရှာရပါ့မလဲလို့ တွေးပြီး ခေါင်းထဲမှာ ပူထူလာတယ်။
စောဦးဟာ အလုံကမ်းနားဘက် တိုက်ခန်းလေးကို ငှားရမ်းပြီး တစ်ကိုယ်တည်းနေထိုင်တယ်။ တိုက်ခန်းရဲ့ ပိုင်ရှင်ဟာ အလွန်စပ်စုတတ်တဲ့ ကျောင်းဆရာမ အပျိုကြီး တစ်ယောက် ဖြစ်တယ်။
အပျိုကြီးဟာ စောဦး တစ်ယောက် တည်းကိုပဲ အိမ်လခ အဆမတန် လျော့ပြီး ငှားရမ်းတယ်။ ဒီ ပြင် အိမ်ငှားတွေ ဆိုရင် အိမ်လခ ဈေးကြီးကြီးပေးပြီး ငှားရတယ်။
ဒါဟာ ထူးခြားမှု တစ်ခုပဲလို့ အိမ်ပွဲစား မိန်းမကြီးတွေ က ခပ်ငေါ့ငေါ့ဆိုကြတယ်။
ဘာပဲ ဖြစ် ဖြစ် စောဦးဟာ အိမ်လခ ဈေးသက်သာတဲ့အတွက် အပျိုကြီးရဲ့ စပ်စုတဲ့ ဒဏ်တွေ ကို သည်းခံပြီး နေထိုင်တယ်။
စောဦးအိမ်ကိုရောက်ပြီး ခဏအကြာမှာ အခန်းတံခါးခေါက်သံ တဒေါက်ဒေါက်ကြားရတယ်။
စောဦးဟာ တံခါးခေါက်သံကို နားထောင်ပြီး အခန်းရှေ့မှာ ကလျာရောက်နေပြီဆိုတာ ရိပ်စားမိလိုက်တယ်။
ကလျာဟာ ထမင်းဆိုင်ရှင်ရဲ့ သမီး ဖြစ်ပြီး စောဦး ရုံးကပြန်တဲ့ အချိန်တိုင်း ညစာ ထမင်းချိုင့် ပို့ပေးလေ့ရှိတယ်။
ထမင်းချိုင့် ပို့ရင်း သူတို့နှစ် ယောက် ငြိတွယ်ပြီး အချစ်နယ်ကျွံခဲ့ရတယ်။ ခါတိုင်းနေ့တွေ ဆိုရင် စောဦးဟာ ကလျာကို မြင်မြင်ချင်းစိတ်အားတက်ကြွပြီး ချစ်ခန်းဖွင့်မိမှာ အမှန်ပဲ။
ဒါပေမယ့် ဒီနေ့တော့ စောဦး မျက်လုံးထဲမှာ ခင်မြရင်ရဲက ညို့အားကောင်းတဲ့ မျက်နှာကိုပဲ မြင်ယောင်နေတယ်။ ခင်မြင်ရင်ကို မြင်ပြီးမှ ကလျာကို မကြင်ချင်သလို ခံစားရတယ်။
ခင်မြရင်ရဲ့ အလှနဲ့ ယှဉ်ရင် ကလျာဟာ အနောက်မှာ အများ ကြီး ကျန်ခဲ့ပြီ။
တံခါးခေါက်သံ တဖြည်းဖြည်း ကျယ်လောင်လာလို့ စောဦးဟာ မတတ်သာပဲ တံခါးကို ဖွင့်လိုက်ရတယ်။
ကလျာဟာ တံခါးဖွင့်တာနဲ့ နှုတ်ခမ်းစူပြီး
“အစ်ကို ရေချိုးခန်းထဲ ရောက်နေတာလား၊ ကလျာ တံခါးခေါက်တာ ကြာလှပြီ”
လို့ ပြောတယ်။
စောဦးက မကြည်မသာဟန်နဲ့
“ဟုတ်တယ်၊ ကိုယ် ဒီနေ့ ငြီးစီစီကြီး ဖြစ်နေလို့ စောစောပြန်လာတာ”
လို့ ပြောတော့ ကလျာက စောဦးရဲ့ မျက်နှာကို စိုးရိမ်တကြီးကြည့်ပြီး
“အစ်ကို နေမကောင်းလို့လား”
လို့ မေးလိုက်တယ်။
စောဦးက ချော်လဲ ရောထိုင်ပြီး
“ဟုတ်တယ်၊ ခေါင်းနည်းနည်း ကိုက်နေလို့ အိပ်ယာထဲ လှဲနေမလို့”
လို့ ဆိုလိုက်တယ်။ ကလျာက စောဦးရဲ့ နဖူးကို လက်နဲ့ စမ်းပြီး
“ဘယ်နေရာကိုက်တာလဲ၊ ကလျာနှိပ်ပေးမယ်လေ”
လို့ ပြောတယ်။ စောဦးက လက်ကာပြပြီး
“ရတယ် ကလျာ…ကိုယ်အိပ်ယာထဲမှာ တရေး လောက် အိပ်လိုက်ရင် ပျောက်သွားမှာ ပါ၊ ကလျာ ပြန်ရင်ပြန်လိုက်တော့”
လို့ မောင်းထုတ်လိုက်တယ်၊ ကလျာဟာ ဒီနေ့ စောဦးနဲ့ ချစ်ပွဲဝင်မယ်လို့ ရည်မှန်းထားပေ မယ့် စောဦးဟာ နေမကောင်းတော့ ရင်ထဲမှာ လှစ်ဟာပြီး ပြန်ခဲ့ရတယ်။
စောဦးဟာ ကလျာပြန်သွားတော့ ခင်မြရင်ရဲ့ စွဲမက်စရာကိုယ်ဟန်ကို မြင်ယောင်ပြီး သက်ပြင်း ရှည်ကြီးကို ချလိုက်တယ်။
ခင်မြင်ရင်ဟာ ဘာလို့ဒီလောက်တောင် အရူးအမူး ညှို့ငင်နိုင်စွမ်းရှိရတာ လဲ…ငါ့ရင်တွေ မှာ ပူလောင်ပြီး ဘာကြောင့် ရမ္မက်သွေးတွေ ပွက်ပွက်ဆူစေတာလဲ..သော ကြာနေ့ကို အမြန်ဆုံး ရောက်ပါစေတော့လို့ ဆုတောင်းလိုက်တယ်။
စောဦးဟာ နောက်တစ်နေ့နံနက် ဂျွန်အင်ဆန်း အာမခံကုမ္ပဏီကို သူ့ရဲ့ ဂျစ်ကားစုတ်လေးနဲ့ ရောက်လာခဲ့တယ်။
ကုမ္ပဏီကိုရောက်တဲ့အခါ အထက်အရာရှိကိုဘထွားက အသက်အာမခံ ကိုယ်စားလှယ်တွေ ကို ခေါ်ပြီး
“နောက်လဆိုရင် ငါတို့ကုမ္ပဏီက ငွေစာရင်းတွေ ကို စာရင်းစစ်ဝင်တော့မယ်။ ခင်ဗျားတို့ စာရင်းတွေ ကို အသင့်ပြင်ထားပေတော့”
လို့ ပြောတယ်။ စောဦးဟာ ကိုဘထွားရဲ့ စကားကြောင့် မျက်နှာကွက်ခနဲ ပျက်သွားပြီး ရင်ထဲမှာ ထိတ်ခနဲ ဖြစ်သွားတယ်။
စာရင်းစစ်ဝင်ရင်တော့ ကုမ္ပဏီက ငွေတွေ သုံးထားတာပေါ်ပြီး အလုပ်ပြုတ်ရုံမကဘူး၊ ထောင် နန်းစံရတော့မယ်လို့ တွေးလိုက်မိတယ်။
ကိုဘထွားက စောဦးရဲ့ မျက်နှာကိုကြည့်ပြီး
“ပဲခူးက စာရင်းရှင်းတမ်းတွေ ကျုပ်မရသေးဘူးနော်”
လို့ ဆိုလိုက်တော့ စောဦးက အထစ်ထစ်အငေါ့ငေါ့နဲ့
“ကျုပ် လုပ်ပေးပါ့မယ်”
လို့ ပြောလိုက်တယ်။
စောဦးဟာ ပဲခူးက မီးလောင်တဲ့ဆန်စက်ကို အာမခံငွေ တစ်ဝက်သာ လျော်ပေးပြီး ကျန်တစ်ဝက်ကို ကုမ္ပဏီက သုံးလပြည့်မှ ပေးလျော်မယ်လို လိမ်ညာပြောဆိုခဲ့တယ်။
တကယ်တော့ ကျန်ငွေတစ်ဝက်ကို လောင်းကစားဝိုင်းမှာ စောဦး ရှုံးပစ်ခဲ့တာ ဖြစ်တယ်။ ကုမ္ပဏီရဲ့ အာမခံလျော်ကြေးတွေ အချိန်မီ မပေးဆပ်နိုင်ရင် မီးလောင်တဲ့ဆန်စက်ပိုင်ရှင်က ကုမ္ပဏီကို ကိုယ်တိုင်လိုက်လာပြီး တောင်းဆိုလိမ့်မယ်။
ဒါဆိုရင်တော့ သူ့ဘဝ အဆုံးသတ်သွားပြီပေါ့…စောဦးဟာ တွေးရင်း ဇောချွေးတွေ ပြန်လာပြီး တုန်လှုပ်ချောက်ချားနေမိတယ်။
မိမိကိုယ်မိမိ လက်ထိတ်နဲ့ ပုလိပ်ကားပေါ်တတ်သွားတာ မြင်ယောင်နေမိတယ်။
စောဦးဟာ အိမ်ကိုပြန်ရောက်တော့ စိတ်ဆင်းရဲလွန်းလို့ တစ်ညလုံးအိပ်မပျော်ဘဲ ဟိုဒီလူးလွန့် နေမိတယ်။
အာမခံကုမ္ပဏီကို စာရင်းစစ် ဝင်တော့မယ်ဆိုတော့ ကုမ္ပဏီက ငွေတွေ လောင်းကစားဝိုင်းမှာ ရှုံးပစ်မိတာ နောင်တရလိုက်မိတယ်။
စာရင်းစစ် မဝင်မီ ကုမ္ပဏီက ငွေတွေ သူအချိန်မီ ပြန်ဆပ်နိုင်မှ ဖြစ်မယ်။ ဒီလောက် အချိန်တို လေး အတွင်းမှာ ငါးထောင်မျှသော အသပြာကို ရဖို့အတွက်ဆိုရင် ဥပဒေကို ချိုးဖောက်မှ ဖြစ်တော့ မယ်။
ဥပဒေချိုးဖောက်တဲ့အလုပ်ကိုလည်း တစ်သက်လုံး တစ်ကြိမ်တစ်ခါမျှ မလုပ်ရဲဖူးဘူး။
စောဦးဟာ စိတ်ဆင်းရဲလွန်းလို့ သူ့အခက်အခဲတွေ ကို မတွေးတော့ဘဲ ခင်မြရင်ရဲ့ စွဲမက်စရာ ကောင်းတဲ့ အကြောင်းတွေ ကို တွေးတောနေမိတယ်။
သော ကြာနေ့ရောက်ရင် သူမနဲ့ တွေ့ ရတော့မယ်။ ခင်မြရင်က သော ကြာနေ့မှာ သူ့ယောက်ျားမရှိဘူးလို့ ပြောခဲ့တာဟာ ဖိတ်ခေါ်မှု တစ်ခုလေလား..။
စောဦးဟာ တွေးရင်း ရင်တွေ တလှိုက်လှိုက် ဖိုလာတယ်။ သူ့မျက်လုံးထဲမှာ ခင်မြင်ရင်ရဲ့ ရင်ဖို စရာ ကိုယ်ခန္ဓာကိုပဲ မြင်ယောင်နေမိတယ်။
စောဦးဟာ သော ကြာနေ့ရောက်တော့ ဂျစ်ကားစုတ်ကလေးကို ကိုယ်တိုင်မောင်းပြီး သင်္ဃန်းကျွန်းဘက်ကို ရောက်ခဲ့တယ်။
သင်္ဃန်းကျွန်းကိုရောက်တော့ ခင်မြင်ရင်နဲ့ အမြန်ဆုံးတွေ့ ချင်ပေမယ့် စိတ်ကိုထိန်းပြီး သေချာ အောင် ခင်မြရင် ယောက်ျားကိုဖေခင်ရဲ့ ကုန်စုံဆိုင်ကို သွားကြည့်တယ်။
ကုန်စုံဆိုင်ရှေ့ရောက်တော့ ခင်မြရင် ယောက်ျား ဆိုင်သိမ်းနေတာ မြင်ရလိုက သူ့စိတ်ကူးမှန်ကန်သွားတယ်။
ခင်မြရင် အိမ်ကို စောပြီး ဝင်သွားရင် သူ့ယောက်ျားနဲ့ တန်းပြီးတွေ့ မှာ သေချာတယ်။ စောဦး ဟာ ခဏကြာအောင် အချိန်ဖြုန်းပြီးတော့မှ ခင်မြရင်ရဲ့ အိမ်တံခါးကို သွားခေါက်တယ်။
ခင်မြရင်ဟာ ဇာအင်္ကျီနဲ့ ဇင်းမယ်ထဘီကို အလှဆုံးဝတ်ဆင်ပြီး အိမ်တံခါးကို လာဖွင့်တယ်။
သူမရဲ့ ရှည်လျားတဲ့ ဆံပင်တွေ ဟာ စွင့်ကားတဲ့ တင်ပေါ်မှာ ဝဲကျနေတယ်။
ခင်မြရင်က စောဦးကို ညှို့ငင်အားကောင်းတဲ့ အကြည့်နဲ့ ကြည့်လိုက်ပြီး
“ကျွန်မယောက်ျား သိမ်ချောင်းက ဘကြီးဘုန်းကြီးကျောင်းကို သွားပြီ”
လို့ ပြောတယ်။
တံခါးဖွင့်တဲ့ အချိန်မှာ နှစ် ကိုယ်နီးသွားလို့ ကိုယ်သင်းနံ့သင်းသင်းကို ရလိုက်ပြီး စောဦးရင်ထဲ မှာ လှိုက်ဖိုသွားတယ်။
သူတို့နှစ် ယောက် ဧည့်ခန်းထဲက ထိုင်ခုံမှာ ထိုင်လိုက်ြ ကတော့ ခင်မြရင်က
“ညစာကို ကျွန်မအိမ်မှာ ပဲစားနော်၊ ကျွန်မ ကြက်သား ကာလသားချက်ချက်ထားတယ်၊ ကျွန်မ စာအုပ်အတွက် ရှင့်မှာ အကြံဉာဏ်ရပြီလား၊ ရှင့်ဆီက အကြံရမှ ကျွန်မစာအုပ်ကိုဆက်ရေး လို့ရမှာ ရှင့်”
လို့ ပြောလိုက်တယ်။
စောဦး ကတော့ ခင်မြရင်ရဲ့ စကားကို စိတ်မဝင်စားဘဲ သူမရဲ့ တက်မက်ဖွယ် ခန္ဓာကိုယ်ကိုပဲ အကြည့်ရောက်နေမိတယ်။ စောဦးက သူမမျက်နှာကို ကြည့်ပြီး
“ညနေက ခင်ဗျားယောက်ျားရဲ့ ကုန်စုံဆိုင်ရှေ့ကိုတောင် ရောက်ခဲ့သေးတယ်”
လို့ ပြောလိုက်တော့ ခင်မြရင်က အံ့သြဟန်နဲ့
“သြော်..ရှင်က ကျွန်မယောက်ျားကို မြင်ပြီးပြီပေါ့၊ ဘယ်လိုနေလဲ”
လို့ မေးတယ်။
စောဦးက သူမအမေးကို မဖြေသေးဘဲ
“ခင်ဗျားတို့ အိမ်ထောင်ကျတာ ဘယ်လောက်ကြာပြီလဲ”
လို့ မေးမြန်းလိုက်တယ်။
ခင်မြရင်က သက်ပြင်းချပြီး
“ကျွန်မတို့ အိမ်ထောင်ကျတာ တစ်နှစ် ကျော်လောက်ပဲ ရှိသေးတယ်”
လို့ပြောတယ်။
စောဦးဟာ ခင်မြရင်ရဲ့ တစ်ရစ်တဲ့ ကိုယ်ဟန်ကိုအကြည့်ရောက်ပြီး နှမြောတသဟန်နဲ့
“သြော်…တစ်နှစ် လောက်ပဲရှိသေးတာကိုး”
လို့ ရေရွတ်လိုက်ပြီး
“ကျုပ်က အာမခံကုမ္ပဏီမှာ အလုပ်လုပ်တယ်ဆိုတော့ လူတွေ ရဲ့ ဘဝနောက်ကြောင်းတွေ ကို စိတ်ဝင်စားတယ်”
စောဦးက ခင်မြရင်ရဲ့ မျက်နှာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး
“ခင်ဗျားက သိပ်ပြီးဆွဲဆောင်အားကောင်းတဲ့ မိန်းမ တစ်ယောက် ..မျက်ဝန်းတစ်ချက်ဝေ့ကြည့် လိုက်ရင် ယောက်ျားတစ်ဒါဇင်လောက် ပစ်ကျသွားနိုင်တဲ့ ရုပ်မျိုး၊ ခင်ဗျားယောက်ျားက ခပ်တုံးတုံး အညာသား တစ်ယောက် ပုံစံမျိုး…ဒီလို လူနှစ် ယောက် က အသွင်မတူဘဲ ဘာကြောင့် အိမ်သူ ဖြစ်နေရ တာလဲ”
လို့ ဆိုလိုက်တော့ ခင်မြရင်က စောဦးရဲ့ စကားကို သဘောကျဟန်နဲ့ တီးတိုးရယ်မောလိုက်ပြီး
“ရှင်မြှော က်ပင့်ပြောမှ ကျွန်မကိုယ်ကျွန်မ ဘဝမြင့်ရမလို ဖြစ်နေပြီ”
လို့ပြောတယ်။
စောဦးက သူမရဲ့ ဝိုင်းစက်တဲ့ မျက်ဝန်းတွေ ကို ကြည့်ပြီး
“ကျုပ်မြှော က်ပင့်ပြောတာ မဟုတ်ဘူး၊ ကျုပ်စကားက လိုတောင်လိုနေသေးတယ်”
လို့ပြောတော့ ခင်မြင်ရင်က စောဦးရဲ့ မျက်နှာကို ပြီတီတီကြည့်ပြီး
“ရှင်တကယ်ပဲ ယူဆလို့လား”
လို့ တီးတိုးမေးမြန်းလိုက်တယ်။
စောဦးက ခင်မြရင်ကို မျက်တောင်မခက်တမ်း ကြည့်ပြီး
“အခုတလော ကျုပ်မြင်ဖူးသမျှ မိန်းမတွေ ထဲမှာ ခင်ဗျားက ကျုပ်ကို အဆွဲဆောင်နိုင်ဆုံးပဲဗျာ”
လို့ ပြောလိုက်တယ်။
ခင်မြရင်က စောဦးရဲ့ စကားကို သဘောကျဟန်နဲ့ ရယ်မောလိုက်ပြီးတော့
“ဖူးစာရေး နတ်က မျက်စိလည်လမ်းမှား သွားတာနဲ့ တူပါတယ်ရှင် ၊အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည် စုတ်ထိုး နောင်ပြင်ရန်ခက်သည့်အမျိုးဆိုတဲ့ စကားကို ကျွန်မမေ့သွားတယ်။ သူ့ကို ယူပြီးမှ ကျွန်မနောင်တရလို့မဆုံးဘူး”
လို့ပြောတယ်။
စောဦးဟာ ခင်မြရင် သူ့ယောက်ျားကို စိတ်ကုန်နေတာ သူ့အတွက် အမြတ်ပဲလို့ တွေးလိုက် တယ်။
ပွဲလန့်တုန်း ဖျာခင်းလိုက်ရင် သူ့အတွက် အခွင့်အရေး ရမယ်လို့ ယူဆပြီး စိတ်အားတက်ကြွ သွားတယ်။
ဒါကြောင့် ခင်မြရင်မျက်နှာကို ဝင့်ဝင့်စားစား ကြည့်ပြီး
“ခင်ဗျားယောက်ျားကို မချစ်ဘဲယူခဲ့တာလား”
လို့ မေးလိုက်တယ်၊ ခင်မြရင်က အံကိုကြိတ်ပြီး
“သူ့မှာ အချစ်ရှိတယ်လို့ ရှင်ထင်လို့လား။ သူ့မှာ နှလုံးသားမရှိဘူး။ ကျွန်မ ငွေရေး ကြေးရေး အခက်အခဲ ဖြစ်နေချိန်မှာ စက်ရုပ်တစ်ရုပ်လို သဘောထားပြီး ဝယ်တာခံလိုက်ရတယ်။ သူဟာ တစ် ကိုယ်ကောင်း သိပ်ဆန်ပြီး ကျွန်မ ခံစားမှု ကို ဘယ်တော့မှ အသိအမှတ်မပြုဘူး။ ကျွန်မဟာ သူ့အတွက် အဖြည့်ခံ တစ်ယောက် ပဲ၊ အိမ်ထောင်သက် တစ်နှစ် အတွင်းမှာ အိမ်ထောင်သာယာမှု ဆို တာ တစ်ကြိမ်တစ်ခါမှ ကျွန်မ မခံစားရဘူး”
လို့ပြောတော့ စောဦးဟာ အခွင့်အရေး ရဖို့ သေချာသွားပြီဆိုပြီး ရင်ထဲမှာ ကြိတ်ဝမ်းသာသွား တယ်။
ခင်မြရင်က ကိုဖေခင် မကောင်းကြောင်းတွေ ကို မြိန်ရည်ရှက်ရည် ဆက်ပြောနေတယ်။
“တကယ်တော့ သူဟာ လူတုံးလူအရှင့်၊ ငွေရှာနိုင်တဲ့ အစွမ်းလဲမရှိဘူး၊ ကုန်စုံဆိုင်က ဝင်ငွေ တစ်ပဲခြောက်ပြားနဲ့ ကျွန်မဘဝကို ဘယ်လို တင့်တောင်းတင့်တယ်ထားနိုင်မှာ လဲ၊ ဒါကြောင့် လဲ တစ်ဖက်တစ်လမ်းက ဝင်ငွေရအောင် ကျွန်မကြိုးစားပြီး စာလေးဘာလေး ရေး တာပေါ့၊ ဒါပေမယ့် စာ ရေး တယ်ဆိုတာလဲ မလွယ်ပါဘူးရှင်၊ အမှားမှား အယွင်းယွင်းတွေ အများ ကြီး ဖြစ်နိုင်တယ်၊ ဒါနဲ့ ရှင် ဘာလို့ ကျွန်မအကြောင်းကို စိတ်ဝင်စားရတာ လဲ”
လို့ မေးမြန်းလိုက်တယ်။
စောဦးက ခင်မြရင်ရဲ့ ညှို့အားကောင်းတဲ့ မျက်လုံးတွေ ကိုကြည့်ရင်း အရဲစွန့်ပြီး သူ့ခံစားချက် တွေ ကို ဖွင့်ချလိုက်တယ်။
“မရှက်တန်းပြောရရင် ခင်ဗျားနဲ့ တွေ့ တဲ့ အချိန်ကစပြီး တစ်ချိန်လုံး ခင်ဗျားအကြောင်းတွေ ပဲ တွေးနေမိတယ်။ မျက်လုံးထဲမှာ လဲ ခင်ဗျား မျက်နှာပဲ မြင်နေမိတယ်”
လို့ ပွင့်ပွင့်လင်းလင်း ဆိုလိုက်တော့ ခင်မြရင်ဟာ စောဦးရဲ့ ဆိုလိုရင်းကို သဘောပေါက်သွား ပြီး
“ကျွန်မမှာ ကာမပိုင်ရှိနေတာ ရှင်မေ့နေသလား”
လို့ ဆိုလိုက်တော့ စောဦးက ခင်မြရင်ရဲ့ မျက်နှာကို ကြည့်ပြီး
“ခင်ဗျားကိုယ်တိုင်လဲ အိမ်ထောင်ရေး အဆင်မပြေလို့ စိတ်ဆင်းရဲနေတယ် မဟုတ်လား၊ ကျုပ်က ခင်ဗျားရဲ့ ကွက်လပ်ကိုဖြည့်ပေးဖို့ လိုအပ်နေတယ်လေ”
လို့ ဆိုလိုက်တယ်။ စောဦးရဲ့ စကားကြောင့် ခင်မြရင်က မျက်လုံးချင်း ဆုံအောင်ကြည့်ပြီး
“ရှင်က ကျွန်မကို စိတ်ချမ်းသာအောင် လုပ်ပေးနိုင်တယ်ဆိုတာ သေချာလို့လား”
လို့ မေးလိုက်တယ်။
စောဦးက သက်ပြင်းချပြီး
“သိပ်သေချာတာပေါ့၊ ခင်ဗျားကို လက်တွေ့ သက်သေပြရမလား”
လို့ ဆိုလိုက်တော့ ခင်မြရင်က လက်ကာပြပြီး
“တော် ပါရှင်..ကျွန်မတို့ တစ်ယောက် အကြောင်း တစ်ယောက် ဘာမှ မသိရသေးဘူး။ ကဲ..ကျွန်မ ညစာအတွက် ပြင်လိုက်ဦးမယ်”
လို့ ဆိုပြီး အိမ်နောက်ဖေးကို ထွက်သွားတယ်။
စောဦး ကတော့ ဒီနေ့ညဟာ သူ့ညပဲလို့ ယူဆထားတယ်။
ညစာ ပြင်ဆင်ပြီးတော့ ခင်မြရင်ဟာ ဘရမ်ဒီပုလင်းပြားလေးကို ထုတ်ယူလာပြီး
“ကျွန်မယောက်ျား တစ်ခါတစ်လေ သောက်လေ့ရှိတယ်၊ ရှင်လဲသောက်တတ်ရင် သောက်လို့ရ တယ်”
ဆိုတော့ စောဦးဟာ အရင်တုန်းက သောက်လေ့မရှိပေမယ့် ဒီနေ့ည ရဲဆေးတင်တဲ့ အနေနဲ့ ဖန်ခွက်ထဲကို ဘရမ်ဒီနည်းနည်း ငှဲ့ထည့်လိုက်တယ်။
စောဦးဟာ စိတ်လှုပ်ရှားနေလို့ ညစာကို ခပ်မြန်မြန်စားနေမိတယ်၊ ခင်မြရင်က စောဦးစား သောက်နေပုံကို ကြည့်ပြီး
“ရှင် စားလို့မှကောင်းရဲ့ လား”
လို့မေးလိုက်တယ်။ စောဦးက ခေါင်းညိတ်ပြီး
“ကျုပ်က ဆိုင်ထမင်းဆိုင်ဟင်း စားနေကျဆိုတော့ ကောင်းတာ မကောင်းတာ အရေး မကြီးပါ ဘူး၊ ဗိုက်ပြည့်ရင်ပြီးတာပါပဲ”
လို့ ပြောလိုက်တော့ ခင်မြင်ရင်က စောဦးကို ကရုဏာသက်ဟန်နဲ့ ကြည့်ပြီး
“ရှင်ဘာလို့ တစ်ကိုယ်တည်းနေတာလဲ”
လို့မေးလိုက်တော့ သူ့ကိုယ်သူ လူပျိုကြီးယောင်ယောင်ဖမ်းနေတဲ့ စောဦးဟာ အဖြေရခက် သွားတယ်။
တကယ်တော့ ဆန်ကုန်သည် ဘဝနဲ့ မြစ်ဝကျွန်းပေါ်ဘက်ကိုသွားရင်း အိမ်ထောင်တစ်ခါကျ ဖူးတဲ့ တစ်ခုလပ် တစ်ယောက် ဆိုတာ ရင်းနှီးတဲ့အသိုင်းအဝန်းကတောင် မသိကြဘူး။
စောဦးက ညစာစားတာကို လက်စသပ်လိုက်ပြီး
“ချစ်ရမဲ့သူ မတွေ့ သေးလို့နဲ့ တူပါတယ်ဗျာ”
လို့ ကိုယ့်ကိုယ်ကိုယ် အမှတ်ယူပြီး ပြောလိုက်တယ်။
ခင်မြရင်ကလည်း ညစာစားတာကို ရပ်ပြီး မီးဖိုချောင်ထဲမှာ ပန်းကန်တွေ သွားဆေးနေတယ်။
စောဦးက မီးဖိုချောင်ထဲကို လှမ်းကြည့်လိုက်တော့ မီးမှိန်မှိန်လေးပဲ လင်းနေပေမယ့် ခင်မြရင်ရဲ့ အချိုးအစားကျတဲ့ ခန္ဓာကိုယ်ကိုမြင်နေရတယ်။
သူမရဲ့ ရှည်လျားတဲ့ ဆံပင်တွေ ဟာ မို့မောက်တဲ့ တင်ကို ဖုံးလွှမ်းနေတယ်။
စောဦးဟာ ခင်မြရင်ရဲ့ အလှကို ရှုစားပြီး ဘရမ်ဒီ အရှိန်နဲ့ ရမ္မသွေးတွေ ဆူပွက်လာတယ်။
ဒါကြောင့် အိမ်နောက်ဖေးကိုဝင်သွားပြီး သူမကို ပွေ့ဖက်လိုက်တယ်။
ခင်မြရင်က အသာအယာ ရုန်းကန်ပြီး
“ရှင်..ဘယ်လို ဖြစ်နေတာလဲ၊ ပန်းကန်တွေ ကွဲတော့မယ်၊ လွှတ်ပါ”
လို့ ပြောတယ်။
စောဦးက သူမစကားကို နားမထောင်ဘဲ မီးဖိုချောင်ထဲက စားပွဲပေါ်ကို သူမကို ပွေ့တင်ပြီး ဖက်ရမ်းနမ်းရှုံ့လိုက်တယ်။
ခဏကြာတော့ ခင်မြရင်ဟာ မရုန်းကန်နိုင်တော့ဘဲ
“အိပ်ခန်းထဲကို သွားမယ်”
လို့ မောလျသံနဲ့ တီးတိုးပြောလိုက်တယ်။
သူတို့နှစ် ယောက် ဟာ ညဥ့်နက်တဲ့အထိ အချစ်နလန်ထပြီး နံနက် အရုဏ်တက်အချိန်လောက်မှ အိပ်ယာကနိုးတယ်။
ခင်မြရင်ဟာ အိပ်ယာနိုးနိုးချင်း မီးဖိုထဲသွားပြီး ပေါ်မုန့်ထောပတ်သုတ်နဲ့ နို့ကြက်ဥကိုလုပ် တယ်၊ ပြီးတော့ စောဦးရှိတဲ့ အခန်းထဲကို လင်ဗန်းလေးနဲ့ ယူလာပြီး သူတို့နှစ် ယောက် အတူတူစား ကြတယ်။
ပြီးတော့ ရေချိုးခန်းထဲဝင်ပြီး ရေချိုးတယ်၊ စောဦးဟာ ခင်မြရင် ပြင်ဆင်ပေးတဲ့ အစားအသောက်တွေ ကို စားပြီး အားအင်တွေ ပြည့်ဝလာတယ်။ ဒါကြောင့် ခင်မြရင် ရေချိုးခန်းက ထွက်လာချိန်မှာ သူ့အနားကို ဆွဲပွေ့ပြီး ချစ်တုံတင်ပြန်တယ်။
ခဏကြာတော့ ခင်မြရင်က စောဦးရဲ့ ရင်ခွင်ထဲမှာ တိုးဝင်ပြီး
“အချစ်ပဲ အမြဲကြမ်းမနေနဲ့ ဦး၊ ကျွန်မကို ရှင်အကြံပြောပါဦး”
လို့ မေးမြန်းလိုက်တော့ စောဦးက
“ကျုပ်ပြောမယ်၊ သေချာနားထောင်၊ ကျုပ်ဇာတ်လမ်းထဲမှာ ဇာတ်လိုက်ဟာ အာမခံကိုယ်စား လှယ် ဖြစ်နေတယ်။ တစ်နေ့တော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ မိန်းမ တစ်ယောက် ဟာ သူ့အိမ် က ကျောက်မျက်ရတနာကို အာမခံထားဖို့အာမခံကိုယ်စားလှယ် တစ်ယောက် ကို ဖိတ်ခေါ်ရင်း သူတို့နှစ် ယောက် ဟာ ကြောင်ခံတွင်းပျက်နဲ့ ဇရက်တောင်ပံကျိုးတွေ့ ဆုံပြီး ချစ်ကျွမ်းဝင်ခဲ့ကြတယ်။ နောက် တော့ ပိုက်ဆံလိုနေတဲ့ ချစ်သူနှစ် ယောက် ဟာ ယောက်ျား ဖြစ်သူကို အသက်အာမခံထားခိုင်းပြီး ရှင်းပစ်လိုက်တယ်။ပြီးတော့ အာမခံငွေတွေ ကို ထုတ်ပြီး ချစ်သူနှစ် ယောက် ပျော်ပျော်ကြီး ပေါင်းဖက် လိုက်ကြတယ်။ ကဲ..ကျုပ် ဇာတ်လမ်းက ဒီမှာ တင်ဆုံးပြီ”
လို့ ပြောလိုက်တဲ့အခါ ခင်မြရင်က စောဦးရဲ့ မျက်နှာကို အံ့သြဟန်နဲ့ ကြည့်ပြီး
“ဟင်..ရှင်ပြောတဲ့ ဇာတ်လမ်းက ကျွန်မတို့ရဲ့ လက်ရှိဇာတ်လမ်းနဲ့ တစ်ပုံစံတည်းပါလား”
လို့ အံ့သြဟန်နဲ့ ရေရွတ်လိုက်တယ်။
ခင်မြရင်က ဆက်ပြီး
“ရှင်နဲ့ စတွေ့ တုန်းက အသက်အာမခံထားပြီး လူ တစ်ယောက် ကို လုပ်ကြံမယ်ဆိုရင် မလွယ်ဘူး၊ အန္တရာယ်ရှိတယ်လို့ ပြောဖူးတယ်နော်”
လို့ ပြောတော့ စောဦးက ခေါင်းညိတ်ပြီး
“ဟုတ်တယ်၊ ဒါပေမယ့် ကျုပ်လို ကျွမ်းကျင်တဲ့အာမခံကိုယ်စားလှယ် တစ်ယောက် က ကူညီ မယ်ဆိုရင်တော့ အောင်မြင်နိုင်လိမ့်မယ်”
လို့ ပြောလိုက်တယ်၊ ခင်မြရင်က မျက်မှော င်ကြုတ်ပြီး
“ရှင့်ဇာတ်လမ်းထဲမှာ တော့ ဖြစ်ရင် ဖြစ်နိုင်တာပေါ့၊ ဒါပေမယ့် ကျွန်မယောက်ျားလိုလူမျိုး ကတော့ အသက်အာမခံထားဖို့ လုံးဝစဉ်းစားမှာ မဟုတ်ဘူး”
လို့ ပြောလိုက်တယ်။ ဒီအခါမှာ စောဦးက သက်ပြင်းချပြီး
“ဒါပေမယ့် ကျုပ်လို ကျွမ်းကျင်တဲ့ အာမခံကိုယ်စားလှယ် တစ်ယောက် ကတော့ ခင်ဗျားယောက်ျားလို လူမျိုးကိုအာမခံထားဖို့ ဆွဲဆောင်နိုင်ပါတယ်”
လို့ ပြောလိုက်တယ်။ သူတို့နှစ် ယောက် ဟာ တစ်ယောက် နဲ့ တစ်ယောက် မှုခင်း ကြီးတစ်ခုလုပ် ဖို့ သွေးတိုးစမ်းကြတယ်။
ခင်မြရင်က စိတ်လှုပ်ရှားဟန်နဲ့
“ဘယ်လိုဆွဲဆောင်မှာ လဲ”
လို့ မေးမြန်းလိုက်တယ်။ စောဦးက သက်ပြင်းချပြီး
“ခင်ဗျားယောက်ျားရဲ့ ကုန်စုံဆိုင်ကလေးကို ချဲ့ဖို့အတွက် ငွေလိုတယ်ဆိုရင် အသက်အာမခံ ထားပြီး ပေါ်လစီစာရွက်ကို ဘဏ်မှာ အပေါင်ထားပြီး ငွေချေးလို့ရတဲ့အကြောင်း သိရင် ခင်ဗျားယော က်ျား အသက်အာမခံထားချင်စိတ်ရှိလာမှာ ပါ”
လို့ ပြောလိုက်တော့ ခင်မြရင်ရဲ့ မျက်နှာဝင်းပသွားပြီး
“ဟုတ်ပါရဲ့ ….ရှင့်အကြံကောင်းတယ် ရှင်ပြောသလို ဆိုရင် ကျွန်မယောက်ျား အာမခံထားဖို့ လက်ခံမှာ သေချာတယ်”
လို့ အားပါးတရပြောလိုက်တယ်။ စောဦးက သက်ပြင်းချပြီး
“ဒါပေမယ့် ခင်ဗျားယောက်ျားလို လူမျိုးက အာမခံငွေ တစ်သော င်းလောက်ပဲ အများ ဆုံး လက်ခံမယ်ထင်တယ်၊ တစ်သော င်းလောက်ဆိုရင် အာမခံပေါ်လစီကို တင်ပြပြီး ဘဏ်မှာ ငွေငါး ထောင်လောက် ချေးလို့ရပြီလေ”
လို့ ပြောလိုက်တော့ ခင်မြရင်က မျက်နှာရှုံ့ပြီး
“ငွေတစ်သော င်းလောက်နဲ့ တော့ အသက်ကိုရင်းပြီး လုပ်ရမှာ မတန်ပါဘူးရှင်၊ မတော် လို့ ခြေလှမ်းမှားသွားရင် ကျွန်မတို့ ထောင်နန်းစံသွားရနိုင်တယ်”
လို့ ပြောလိုက်တယ်။ စောဦးက
“ဒါက အရေး မကြီးပါဘူး။ ကုမ္ပဏီမှာ ငွေတစ်သိန်း အာမခံထားပြီး ငွေတစ်သော င်းအာမခံ ထားတယ်ဆိုပြီး ခင်ဗျားယောက်ျားကို ကျုပ်လှည့်စားလို့ရတယ်။ ကံကောင်းလို့ ခင်ဗျား ယောက်ျားသေသွားရင်တော့ ခင်ဗျားသူဌေး ဖြစ်ပြီပေါ့”
လို့ ဆိုလိုက်တော့ ခင်မြရင်ရဲ့ မျက်နှာဝင်းပသွားပြီး
“ဟင်..ဒါဆိုရင် ရှင့်အကြံအစည်ကို ကျွန်မသိပ်စိတ်ဝင်စားသွားပြီ”
လို့ ပြောလိုက်တယ်။ စောဦဟာ ခင်မြရင်ရဲ့ ရည်ရွယ်ချက်ကို တဖြည်းဖြည်းရိပ်စားမိသွားတယ်။
ခင်မြရင်ဟာ အင်မတန်ကြောက်စရာကောင်းတဲ့ မိန်းမ တစ်ယောက် ပါလား..စောဦးက ခင်မြရင်ရဲ့ မျက်နှာကို ကြည့်ပြီး
“ကျုပ်ပြောတဲ့စကားက ခင်ဗျားရဲ့ ဇာတ်လမ်းအတွက် ပြောတာနော်၊ အပြင်မှာ တကယ်လုပ်လို့ သိပ်မလွယ်ဘူး၊ ဘာကြောင့် လဲဆိုတော့ အသက်အာမခံထားတယ်ဆိုရင် အာမခံကု မ္ပဏီက ကျန်းမာရေး ဆေးစစ်ခံပြီးမှ လက်ခံတယ်၊ ကျန်းမာတဲ့လူ တစ်ယောက် ရုတ်တရက် သေဆုံးသွားရင် ကုမ္ပဏီက သံသယဝင်မှာ ပဲ၊ ဒါဆိုရင်တော့ ခင်ဗျားရဲ့ အကြံအစည် အောင်မြင်မှာ မဟုတ်ဘူး”
လို့ ဆိုလိုက်တော့ ခင်မြရင်က စိတ်ပျက်ဟန်နဲ့
“ဟုတ်ပါရဲ့ …ဒါဆိုရင် ရှေ့ဆက်ပြီး ကျွန်မစာအုပ်ကို ဘယ်လိုဆက်ရေး ရမှန်းတောင် မသိတော့ပါဘူး”
လို့ ပြောလိုက်တယ်။
စောဦးက
“တစ်နည်းတော့ရှိပါတယ်။ အာမခံကိုယ်စားလှယ်နဲ့ ပေါင်းပြီးကြံရင်တော့ ရနိုင်တယ် ။ ကုမ္ပဏီက ကိုယ်စားလှယ်က ကူညီပြီး ယောက်ျားကိုရှင်းပစ်လိုက်ရင်တော့ ပိပိရိရိနဲ့ အောင်မြင်တဲ့ ဇာတ်လမ်းတစ်ပုဒ် ဖြစ်မှာ ပဲ”
လို့ ပြောလိုက်တယ်။
“ရှင် တစ်ခါတုန်းက ပြောဖူးသလို စုံစမ်းရေး အရာရှိကိုဘထွားလို အင်မတန်ထူးချွန်တဲ့ လူမျိုးနဲ့ တွေ့ ရင် လွယ်ပါ့မလား”
လို့ မေးမြန်းလိုက်တယ်။
သူမရဲ့ လေသံက ယောက်ျားကို အမှန်တကယ်လုပ်ကြံခဲ့သူ တစ်ယောက် လို ဖြစ်နေပြီ။ စောဦးက သူမမျက်နှာကို မကြည့်ဘဲ ခေါင်းငုံ့ထားပြီး
“ဟုတ်တယ်၊ ကိုဘထွားနဲ့ တွေ့ ရင်တော့ မလွယ်ဘူး၊ ဒီလိုအမှု မျိုးကို ရေကုန်ရေခန်းလိုက်မှာ ပဲ၊ သူအဓိကလိုက်မှာ က ခင်ဗျားနဲ့ ကျုပ်ရဲ့ ဆက်နွယ်မှု ကို မရရအောင် လိုက်လိမ့်မယ်။ ဒါပေမယ့် ပူစရာမလိုပါဘူး။ သူကြေနပ်အောင် အလီဘိုင် ကောင်းကောင်းပြမယ်ဆိုရင် လွတ်နိုင်ပါတယ်”
လို့ ပြောတယ်။
ဒီအခါမှာ ခင်မြရင်ဟာ စောဦးရဲ့ မျက်နှာကို လေးလေးနက်နက်ကြည့်ပြီး
“ရှင့်ကို ကျွန်မ တစ်ခုမေးမယ်၊ ရှင်မှန်မှန်ဖြေနော်၊ ရှင် ကျွန်မကို တကယ်ချစ်တာလား၊ အပျော်ကြံတာလား”
လို့ မေးမြန်းလိုက်တော့ စောဦးဟာ ခင်မြရင်ရဲ့ ဆိုလိုရင်းကို သဘောပေါက်သွားပြီး ရုတ်တရက် အဖြေရခက်သွားတယ်။
ပြီးတော့မှ သက်ပြင်းချပြီး
“မင်းကို မြင်မြင်ချင်း မနေနိုင်လောက်အောင် စွဲလမ်းခဲ့တယ်၊ အတူတူနေချင်စိတ်တွေ ထိန်းမရ အောင် ဖြစ်ပေါ်ခဲ့တယ်။ဒါကို အချစ်လို့ ခေါ်မယ်ဆိုရင် မင်းကို ကျုပ်အမှန်တကယ်ချစ်နေတာပါလို့ ဖြေရမှာ ပဲ”
လို့ဆိုလိုက်တော့ ခင်မြရင်က ခေါင်းညိတ်ပြီး
“ဒီလို ပွင့်ပွင့်လင်းလင်း ပြောတာ ကျွန်မ ကြိုက်တယ်။ ကျွန်မလဲ ရှင့်ကို မြင်မြင်ချင်း နှစ်သက် မိ တယ်။ ဒါကြောင့် ကျွန်မတို့ နှစ် ကိုယ်တူနီးဖို့ အရေး ကို ရှင်ကြိုးစားဖို့ မသင့်ဘူးလား”
လို့ ဆိုလိုက်တော့ ခင်မြရင်က သူ့ယောက်ျားကို သတ်ဖို့ တရားဝင်တောင်းဆိုနေပြီဆိုတာ ရိပ်စားမိလိုက်တယ်။
စောဦးက သက်ပြင်းချပြီး
“ကိုယ်ကြိုးစားသင့်တာပေါ့၊ ဘာကြောင့် လဲဆိုတော့ ဒီအချိန်မှာ မင်းဘဝတိုးတက်ဖို့ လိုနေသလို ကျုပ်လည်း ပိုက်ဆံတော် တော် လိုနေတယ်”
လို့ ပြောလိုက်တော့ ခင်မြရင်ရဲ့ မျက်နှာ ဝင်းပကြည်လင်သွားပြီး
“ဝမ်းသာလိုက်တာရှင်..ဒါဆိုရင် ကျွန်မတို့ နီးစပ်ဖို့ ရှင်တကယ်ကြိုးစားမှာ ပေါ့နော်..ကျွန်မ ဘဝ အိပ်မက်ဆိုးကြီးက လွတ်မြောက်တော့မှာ ပေါ့နော်”
လို့ဆိုတော့ စောဦးက သူမကို ပွေ့ဖက်နမ်းရှုံ့လိုက်ပြီး
“ကိုယ်တို့နှစ် ယောက် တစ်သက်လုံး အတူတူနေရမယ်ဆိုတာာလဲ ထည့်ပြောဦးလေ”
လို့ ဆိုလိုက်တော့ ခင်မြရင်က စောဦးရင်ခွင်ထဲကို တိုးဝှေ့ဝင်လိုက်ပြီး
“ရှင့်ကို သိပ်ချစ်သွားပြီ”
လို့ တီးတိုးပြောလိုက်တယ်။
ဂျမဒါမင်းထင်နှင့်ငွေသောင်ယံ | ဆားပုလင်းမင်းအောင်နှင့် နေမင်းစေတမန် | ဂမ္ဘီရမျက်လုံးပိုင်ရှင် |