မိုးမြေသစ္စာ
ချမ်းမြေ့သရဖီလှိုင်
ချမ်းမြေ့သရဖီလှိုင်
ချမ်းမြေ့သရဖီလှိုင်
ချမ်းမြေ့သရဖီလှိုင်
ချမ်းမြေ့သရဖီလှိုင်
မြေလတ်ပိုင်းဒေသ၏ လွန်စွာ ရှေးကျသော ဘုန်းကြီးကျောင်းကြီး အနီးတွင် ဇရပ်ကြီးတစ် ဆောင်ရှိ၏ ။
ထိုဇရပ်ကြီးကို အင်္ဂလိပ် မြန်မာ ဒုတိယစစ်ပွဲကာလကပင် မြန်မာနန်းတွင် မှ အပျိုတော် ကြီးတစ် ဦး တည်ဆောက်ခဲ့သည်ဟု အဆိုရှိလေ၏ ။ ဇရပ်ကြီးနှင့် ပတ်သက်သော ကမ္ဗည်းကျောက်တိုင်ကြီးမှာ လူဆိုးဓားပြတို့၏ ဖျက်ဆီးမှု ကြောင့် ပျက်စီးယိုယွင်းခဲ့ချေပြီ။
ရှေးကျသော ဘုန်းကြီးကျောင်း၏ ဆရာတော် မှာ သပြေကန်ရွာသားတစ်ဦး ဖြစ်၏ ။
ဆရာတော် သည် ရိုးသားအေးဆေးသူ ဖြစ်သဖြင့် ရှေးဟောင်းပစ္စည်းတို့၏ တန်ဖိုးကို သိနား လည်ခြင်းမရှိချေ။
သို့သော် ဆရာတော် ကြီးအား ရှေးဟောင်းပစ္စည်းများ အလွန်တန်ဖိုးရှိကြောင်း သင်ပြပေးမည့်  လူတစ်ဦးပေါ်ပေါက်ခဲ့လေ၏ ။
ထိုသူမှာ အင်္ဂလိပ်လူမျိုး ရှေးဟောင်းပညာရှင် မစ္စတာ ဇျွန်ဝှိုက် ဖြစ်သည်။
တစ်နေ့သ၌ မစ္စတဂျွန်ဝှိုက်၏ အော့စလီ အမျိုးအစား ကားငယ်လေးသည် အဝေးပြေးလမ်းမ ကြီးအတိုင်း မောင်းနှင်လာရာမှ ကားဘီးပေါက်၍ ဒရိုင်ဘာသည် ကားဘီးကို လဲလှယ်ရန်ကြိုးစးလေ၏ ။
ထိုအခိုက်မှာ ပင် မစ္စတာဂွှန်ဝှိုက်သည် အညောင်းအညာပြေရန် အနီးအနားပတ်ဝန်းကျင်ကို လမ်းလျှောက်ရင်း ဝါးရုံပင်ကြီးများ အုပ်ဆိုင်းနေသော ဘုန်းကြီးကျောင်းကြီးကို မြင်သော အခါ
“အိုးဂေါ့လ်”
ဟု အထိတ်တလန့် ရေရွတ်လိုက်လေ၏ ။
မစ္စတာဂွှန်ဝှိုက်သည် ဘုန်းကြီးကျောင်းကြီးကို သေချာစွာ ကြည့်ရှု၍ ရှေးကျသော ကနုတ်ပန်းများ ၊ ပန်းပုလက်ရာများ ကို မြင်လျှင် မယုံနိုင်အောင် ဖြစ်သွားလေ၏ ။
မစ္စတာဂွှန်ဝှိုက်သည် ရှေးဟောင်းပစ္စည်းများ ကို တန်ဖိုးထားတတ်သော စိတ်ကြောင့် ဘုန်းကြီး ကျောင်းကြီးကို အနီးကပ်မှန်ဘီလူးဖြင့် ကြည့်ရှုလေတော့၏ ။
ထိုအခါ ကပ္ပိယကြီးသည် မှန်ဘီလူးဖြင့် စိတ်ဝင်တစား ကြည့်ရှုနေသော မစ္စတာဂွှန်ဝှိုက်ကို တစ်မျိုးထင်သွားပြီး မျက်နှာဖြူကြီး တစ်ယောက် ကျောင်းကိုဖျက်ဆီးရန် ရောက်နေသည်ဟု ဆရာ တော် ကြီးကို အမောတကော လျှောက်တင်လေ၏ ။
ထိုအါ ဆရာတော် ကြီးသည် ရှေးဟောင်းပစ္စည်းများ ကို မခင်တွယ်သော်လည်း ကျောင်းကို အလွန်ခင်တွယ်သူ ဖြစ်၍ ငှက်ကြီးတောင်ဓားကိုဆွဲကာ မစ္စတာဂွှန်ဝှိုက်ကို ခုန်ပိုင်းရန် ရောက်ရှိလာ၏ ။
မျက်နှာဖြူကြီးလည်း ကျောင်းကို မှန်ဘီလူးဖြင့် ကြည့်ရုံဖြင့် အသက်အန္တရာယ်ကို ရန်ရှာလာ သော ဆရာတော် ကြီးကို နားမလည်နိုင်ဘဲ ကျောင်းကိုပတ်၍ ပြေးလေတော့၏ ။
ထိုအခိုက်မှာ ပင် ကျောင်းမှ စွန့်ကြဲသော စားကြွင်းစားကျန်များ ကို စားသောက်ထားသည့် ဂုတ် ကျား မောင်နက် အစရှိသော ခွေးတို့သည် ဆရာတော် ကြီးကို မျက်နှာလို မျက်နှာရသဘောဖြင့် မျက်နှာဖြူကြီးနောက်သို့ လိုက်လေတော့၏ ။
မျက်နှာဖြူကြီးသည် ဆရာတော် ကြီး၏ ဓားနှင့် ဂုတ်ကျားတို့၏ သွားကို ကြောက်ရွံ့လာရာမှ ကျောင်းဝင်းထဲမှ ဖိနောင့်နှင့် တင်ပါား တစ်သားတည်းကျအောင် ထွက်ပြေးလေတော့၏ ။
ထိုအခါမှပင် မျက်နှာဖြူကြီး၏ ဒရိုင်ဘာသည် အကြောင်းစုံကို သိပြီး ပြဿနာ ဖြစ်ရခြင်းကို သ ဘောပေါက်ကာ ဆရာတော် ကြီးအား မြန်မာဘာသာဖြင့် ရှင်းပြလေ၏ ။
ဆရာတော် ကြီးသည် သူ၏ ကျောင်းကြီးကို အလွန်တန်ဖိုးရှိသည်ဆိုသဖြင့် သဘောကျသွားလေ ၏ ။
ယခင်ကဆိုလျှင် ဆရာတော် ကြီးသည် သူ၏ ဟောင်းနွမ်းဆွေးမြေ့သော ကျောင်းကြီးကိုဖျက်၍ တိုက်ကျောင်းကြီးတစ်ဆောင် ဆောက်လုပ်ရန် ပိုက်ဆံရှိသော ဒါယကာကြီး တစ်ယောက် ကို ပူဆာဖူး ၏ ။
ထိုဒါယကာကြီးသည် တိုက်ကျောင်းကြီးဆောက်ကာနီမှ မိန်းမလည် တစ်ယောက် ကို မယားငယ်ပြုလိုက်သဖြင့် မယားနှစ် ယောက် ကြားတွင် ဗျာများ ကာ ကျောင်းမဆောက်နိုင်တော့ချေ။
မျက်နှာဖြူကြီးက ဆရာတော် ကြီးကို အနောက်တိုင်းနိုင်ငံများ တွင် ရှေးဟောင်းပစ္စည်းများ ကို အလွန်တန်ဖိုးထား၍ ထိန်းသိမ်းစောင့်ရှောက်ကြကြောင်း လျှောက်တင်လေ၏ ။
ဆရာတော် ကြီးသည် ရှေးဟောင်းပစ္စည်းများ တန်ဖိုးရှိကြောင်း ကြားလိုလှသဖြင့် မျက်နှာဖြူ ကြီးကို ကျောင်း၌ တည်းခိုစေပြီး ရှေးဟောင်းပစ္စည်းများ အကြောင်း ပြောပြလေ၏ ။
မျက်နှာဖြူကြီးကလည်း ရှေးဟောင်းပစ္စည်းများ နှင့် ပတ်သက်၍ ပြောရမည် ဆိုလျှင် ညမအိပ်ဘဲ တစ်ထောင့်တစ်ည ပုံပြင်ရှည်ကြီးသဖွယ် ပြောဆိုချင်သူ ဖြစ်၏ ။
ဒရိုင်ဘာလူကြီးကလည်း ၄င်းတတ်မြောက်သော မြန်မာစကားအတိုင်း ဘာသာပြန်ပြောလေ၏ ။
ဆရာတော် ကြီးသည် မျက်နှာဖြူကြီးပြောသော အတ္တလန္တိတ်မြို့တော် ကြီးနှင့် ဂမ္ဘီရပညာများ အကြောင်းကို လွန်စွာ စိတ်ဝင်စားသွားလေ၏ ။
ပျောက်ဆုံးသွားသော အတ္တလန္တိတ် မြို့တော် ကြီးကို ရှာဖွေချင်စိတ်များ ဖြစ်ပေါ်လာ၏ ။
ဆရာတော် ကြီးသည် ရှေးဟောင်းပစ္စည်းများ အကြောင်း အတော် အတန်သိရှိပြီးသော အခါ မျက်နှာဖြူကြီးအား
“ဒါဆိုရင် ကျုပ်တို့ကျောင်းကြီးဟာ အလွန်တန်ဖိုးရှိနေပြီ ဒီတော့ ရှေ့ဆက်ပြီး ဘယ်လိုလုပ် သင့်သလဲ”
ဟု မေးမြန်းလေ၏ ။ မျက်နှာဖြူကြီးက ကျောင်းကြီးကိုသာမက ကျောင်း၏ အနောက်တွင် ရှိသော ဇရပ်ကြီးကို ကြည့်ရှုပြီး ဖြစ်နေသဖြင့်
“ဒီပစ္စည်းတွေ ပျက်စီးယိုယွင်းမှု မရှိအောင် ထိန်းသိမ်းသင့်ပါတယ်၊ ဒီအတွက် ကျွန်ုပ်လည်း လို အပ်တဲ့ အကူအညီပေးပါ့မယ်၊ ကျောင်းကြီးကို မပျက်စီးအောင် အတတ်နိုင်ဆုံး ကြိုးစားပါ၊ ကျောင်း ကို ပြင်ဆင်မယ်ဆိုလဲ ရှေးဟောင်းလက်ရာတွေ မပျောက်ပျက်အောင် အတတ်နိုင်ဆုံး ကြိုးစားသင့်ပါတယ်၊ ဆရာတော် ရဲ့ ကျောင်းကြီးဟာ ဘုန်းကြီးတွေ ရှိတဲ့အတွက် ပျက်စီးမှု မရှိနိုင်ပေ မယ့် ကျောင်းအနောက်မှာ ရှိတဲ့ ဇရပ်ကြီး ကတော့ နေထိုင်တဲ့သူမရှိတဲ့အတွက် ပိုပြီး ပျက်စီးယိုယွင်း နိုင်ပါတယ်။ ဒါကြောင့် ဇရပ်ကြီးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူတစ်ဦးရှိသင့်ပါတယ်”
ဟု အကြံပေးသွားလေ၏ ။ ဆရာတော် ကြီးသည် မျက်နှာဖြူကြီး ပြန်သွားသည့်အချိန်မှစ၍ ရှေး ဟောင်းပစ္စည်းများ ကို တန်ဖိုးထားတတ်သော ဝါသနာကူးစက်သွားလေ၏ ။
ထိုအချိန်မှစ၍ ကျောင်းမှ ပစ္စည်းများ ကို မထိရက် မကိုင်ရက်နှင့် တသသ ကြည့်ရှုနေလေ၏ ။
ဆရာတော် ကြီး၏ ရှေးဟောင်းပစ္စည်းများ ကို အလွန်တန်ဖိုးထားမှု ကြောင့် ကျောင်း၌ သီတင်း သုံးနေသော ဘုန်းကြီးများ သည် စိတ်ညစ်ကြကုန်၏ ။
မနက်အရုဏ်တက်ချိန်၌ အုန်းမောင်းခေါက်သော ပေသီးပင်လျှင် ရှေးကျသော အုန်းမောင်း ကြီးကို ရဲရဲဝံ့ဝံ့ မခေါက်ရဲတော့ချေ။
ဘုရားကျောင်းဆောင်သို့ ဆွမ်းတော် ကပ်သော ဦးပဉ္စင်းများ လည်း ဆွမ်းတော် ပန်းကန်များ ၊ သောက်ရေခွက်များ ကို အသက်အောင့်၍ ကိုင်တွယ်ရလေ၏ ။
ထို့ကြောင့် ပင် ဦးပဉ္စင်းများ နှင့် ကျောင်းသားများ သည် ဆရာတော် ကြီးအား ရှေးဟောင်းပစ္စည်း များ အကြောင်း ပြောပြသွားသော မျက်နှာဖြူကြီးကို မေတ္တာပို့ကြကုန်၏ ။
ဦးပဉ္စင်းကြီးက
“ရှေးကျတဲ့ ယွန်းခွက်တစ်ခွက်က ဘာအသုံးကျမှာ လဲ၊ ငါ့အတွက်တော့ ယွန်းခွက်တစ်ခွက် ထက် ကြွေခွက်တစ်ခွက်က ပိုပြီးတန်ဖိုးရှိတယ်ဟေ့၊ ယွန်းခွက်က အတိတ်ကပုံရိပ်တွေ ကို ပြောပြ တယ်တဲ့၊ အတိတ်ကအကြောင်းတွေ ကို သိရတော့ရော ဘာ ဖြစ်သွားမှာ တုန်း၊ ဘုန်းကြီးဟာ အတိတ်နဲ့ အနာဂတ်ကို စိတ်မဝင်စားသင့်ဘူး၊ ပစ္စုပ္ပန်ကိုပဲ စိတ်ဝင်စားသင့်တယ်”
ဟု မကြားတကြား ပြောဆိုလေ၏ ။ ထိုအခါ ဦးပဉ္စင်းကြီး၏ စကားကို သံယောင်လိုက်၍ အခြားဦးပဉ္စင်းတစ်ပါးက
“ရှေးဟောင်းပစ္စည်းတွေ ကို ခင်တွယ်တယ်ဆိုတာ အဟောင်းအဆွေးတွေ ကို တပ်မက်တဲ့သ ဘောပဲ၊ တကယ်တော့ ဟောင်းနွမ်းဆွေးမြေ့တဲ့ ပစ္စည်းဆိုတာ စွန့်ပစ်သင့်တယ် မခင်တွယ်ရဘူး”
ဟု ပြောလေ၏ ။ ဦးပဉ္စင်းတစ်ပါးကလည်း
“တကယ်တော့ ရှေးဟောင်း ပစ္စည်းပဲ ဖြစ် ဖြစ်၊ ခေတ်သစ်ပစ္စည်းပဲ ဖြစ် ဖြစ်၊ ဘယ်ပစ္စည်းမှ မခင်တွယ်ရဘူး၊ ဒါဟာ တဏှာပဲ၊ ဝိနည်းတော် နဲ့ မညီညွတ်ဘူး အားလုံးကို စွန့်ပစ်ရမယ်”
ဟု တရားသံပါပါဖြင့် ပြောကြကုန်၏ ။
မည် သို့ပင် ဖြစ်စေ မျက်နှာဖြူကြီး၏ ရှေးဟောင်းပစ္စည်းဝါသနာမှာ ဆရာတော် ကြီးထံသို့ ကူး စက်ခဲ့ပြီ ဖြစ်သဖြင့် ကျောင်းအနောက်ရှိ ဇရပ်ကြီးကို စိတ်ချခြင်းမရှိချေ။
ဇရပ်ကြီးတွင် အစောင့်အကြပ်မရှိလျှင် ရှေးဟောင်းပစ္စည်းများ ပျက်စီးယိုယွင်းရလိမ့်မည် ။ ထို့ ကြောင့် ကျောင်းသားများ ကို ဇရပ်ကြီးသို့ သွားရောက်အိပ်စက်စေ၏ ။
သို့သော် ဘုန်းကြီးကျောင်းသားဟူသည် ဟင်းအေးအိုးနှင့် ဝေးကွာသော နေရာ၌ မနေနိုင်သူ ဖြစ်၍ ဇရပ်ကြီး၌ မည် သူမျှ ကြာကြာမနေနိုင်ချေ။
ဆရာတော် ကြီးသည် ဇရပ်ပျက်ကြီး၌ ဘုန်းကြီးကျောင်းသားများ မပျော်ပိုက်ကြောင်း သိရသဖြင့် ဇရပ်ပျက်ကြီး၌ အချိန်ပြည့်နေထိုင်၍ ရှေးဟောင်းပစ္စည်းများ ကို ကာကွယ်စောင့်ရှောက်ရန် သူရဲကောင်းကို ရှာဖွေလေ၏ ။
ထိုအခါ ရွာထဲရှိ ရွာသူရွာသားများ က ဆရာတော် ကြီးကို ကြည်ညိုသော်လည်း ဇရပ်ပျက်ကြီး၌ မနေလိုကြသဖြင့် အကြောင်းအမျိုးမျိုးပြ၍ ရှောင်လိမ်းကြကုန်၏ ။
ဆရာတော် ကြီး၏ ဒါယိကာရင်းများ ပင်လျှင် အိမ်သူသက်ထား ဇနီးမယားကို မခွဲခွာလို၍ ဇရပ် ပျက်ကြီး၌ မနေလိုကြချေ။
ဆရာတော် ကြီးသည် ဇရပ်ပျက်ကြီး၌ စွန့်စွန့်စားစား နေထိုင်မည့် သူကို အလျှော့မပေးဘဲ သဲကြီးမဲကြီး ရှာဖွေလေ၏ ။
ထို့နောက် ဇရပ်ပျက်ကြီး၌ နေထိုင်မည့် သူကို စားဝတ်နေရေး ကိစ္စအတွက် ကျောင်းမှ တာဝန် ယူမည် ဟု ပြောပြလိုက်၏ ။
ဆရာတော် ကြီးသည် ကျောင်းမျ ဆွမ်းကြွင်းဆွမ်းကျန်များ ကျွေးမွေး၍ သူရဲကောင်းရှာဖွေ လိုက်ခြင်း ဖြစ်၏ ။
ဆွမ်းကြွင်းဆွမ်းကျန်များ ကို စားသောက်ရမည် ဟူသော မက်လုံးကြောင့် ရွာထဲရှိ လက်ကြောမ တင်းသော ဘိန်းစားဘိုးစီသည် ဇရပ်ပျက်ကြီး၌ နေထိုင်မည် ဖြစ်ကြောင်း လျှောက်တင်လေ၏ ။
ထို့ကြောင့် သူ၏ ရှေးဟောင်းဇရပ်ကြီးကို ထိန်းသိမ်းရန် ဘိန်းစားဘိုးစီကို တာဝန်လွဲပြောင်း လိုက်လေ၏ ။
သို့သော် ဘိန်းစားဘိုးစီကို တာဝန်လွဲပြောင်းပြီး တစ်ပတ်ခန့်အကြာတွင် ဇရပ်တစ်ဆောင်လုံး အမှိုက်သရိုက်များ ရှုပ်ပွနေပြီး ရှေးဟောင်းဇရပ်ကြီး၌ ဘိန်းစားဘိုးစီ၏ ရေစိုအဝတ်များ ကို မြင်မကောင်းအောင် လှန်းထားသဖြင့် ဆရာတော် ကြီးသည် ဒေါသူပုန်ထကာ ဘိန်းစားဘိုးစီအား ဇရပ်မှ မောင်းထုတ်ခဲ့လေ၏ ။
ဘိန်းစားဘိုးစီ ဇရပ်မှ မောင်နှင်ခံရပြီးနောက် ရှေးဟောင်းဇရပ်ကြီး၌ နေထိုင်မည့်  သူရဲကောင်း တစ်ဦးပေါ်ထွက်လာပြန်၏ ။
ထိုသူမှာ ဖဲသမား သန်းဦး ဖြစ်၏ ။ သန်းဦးသည် ရွာစဉ်လှည့်၍ ဖဲရိုက်ခြင်းဖြင့် အသက်မွေးဝမ်း ကြောင်းပြုသူ ဖြစ်၏ ။
သန်းဦးသည် မိခင်ဝမ်းမှ ကျွတ်ကတည်းက ဖဲထုတ်ကို လက်ဖြင့် ကိုင်၍ မွေးဖွားလာသည်ဟု အဆိုရှိ၏ ။ သန်းဦးသည် လိုအပ်လျှင် မိန်းမကိုပင် အပေါင်ထား၍ ဖဲရိုက်သူ ဖြစ်၏ ။
ဖဲသမားသန်းဦးက ရှေးဟောင်းဇရပ်ကြီး၌ နေထိုင်မည် ဟု အဆိုပြုလာသဖြင့် ဆရာတော် ကြီး က တစ်ခါသေဖူး၍ ပျဉ်ဖိုးနားလည်သူပီပီ
“ဟေ့ကောင် သန်းဦး၊ မင်း ငါ့ဇရပ်မှာ နေရင် စည်းကမ်းရှိရမယ်၊ အမှိုက်သရိုက်တွေ ကို ညစ်ညစ်ပတ်ပတ် မထားရဘူး”
ဟု မှာ ကြားလေရာ ဖဲသမားသန်းဦးက ရဲဝံ့သော အမူအရာဖြင့်
“တင့်ပါဘုရား၊ ဇရပ်တစ်ခုလုံး အမှိုက်သရိုက် မရှိစေရပါဘူး၊ ဇရပ်ပတ်ဝန်းကျင်မှာ လဲ သန့်သန့်ရှင်းရှင်း ဖြစ်စေရမယ်”
ဟု ကတိပေးလေ၏ ။ ဆရာတော် ကြီးသည် ဖဲသမား သန်းဦး၏ အာမခံစကားကြောင့် ရှေးဟောင်းဇရပ်ကြီး၌ နေထိုင်ခွင့်ပေးလိုက်လေ၏ ။
ဆရာတော် ကြီးသည် တစ်ပတ်ခန့်ကြာသော အခါ သူ၏ ဇရပ်ကြီးသို့သွာေးရာက်ကြည့်ရှုပြီး နောက် ဇရပ်တစ်ဆောင်လုံး အမှိုက်သရိုက်မရှိဘဲ ဇရပ်ပတ်ဝန်းကျင်မှာ လည်း သန့်ရှင်းသပ်ရပ်နေသ ဖြင့် ကျေနပ်သွားလေ၏ ။
ထို့ကြောင့် ဖဲသမားသန်းဦးကို ဆွမ်းကျန်ဟင်းကျန်များ ပိုပိုသာသာ ကျွေးမွေးရန် အမိန့်ချ လိုက်လေ၏ ။
သို့သော် ဖဲသမားသန်းဦးနေထိုင်ပြီး တစ်လခန့်အကြာတွင် ဆရာတော် ကြီး ကျိန်းစက်ရာအ ခန်းသို့ ဦးပဉ္စင်းများ အမောတကောရောက်ရှိလာပြီး တစ်စုံတစ်ရာကို တီးတိုးပြောလိုက်လေ၏ ။
ထိုအခါ ဆရာတော် ကြီးသည် မယုံနိုင်ဟန်ဖြင့် မျက်လုံးပြူးသွားပြီး နံရံတွင် ချိတ်ထားသော သုံးပင်လိ ကြိမ်လုံးကြီးကိုဖြုတ်၍ ရှေးဟောင်းဇရပ်ပျက်ကြီးသို့ ပြေးလေတော့၏ ။
ဇရပ်ပျက်ကြီး၏ ပတ်ဝန်းကျင်သည် အမှိုက်သရိုက်များ မရှိဘဲ သန့်ရှင်းသပ်ရပ်နေ၏ ။
သို့သော် သူ၏ ရှေးဟောင်းဇရပ်ပျက်ကြီး၌ လူများ နှင့် လွန်စွာ စည်ကားနေ၏ ။
ရှေးဟောင်းဇရပ်ကြီးပေါ်တွင် လူအင်အား သုံးဆယ်မျှရှိသဖြင့် ဇရပ်ပျက်ကြီးပင် ပြိုကျသွား စေနိုင်လောက်၏ ။
ထိုသူများ သည် ဖဲသမားသန်းဦး၏ ဖိတ်ခေါ်မှု ကြောင့် ဇရပ်ကြီး၌ လာရောက် ဖဲကစားကြသူများ ဖြစ်၏ ။
ဆရာတော် ကြီး၏ ကျောင်းဝင်းအတွင်းသို့ မည် သည့်ပုလိပ်မျှ ဝင်ရောက်မဖမ်းဆီးရဲသဖြင့် ဇရပ်ပျက်ကြီး၌ လောင်းကစားဝိုင်း အကြီးအကျယ်ပြုလုပ်နေသူများ ကို ဒေါသတကြီး ကြိမ်းမောင်း၍ ကြိမ်လုံးဖြင့် တရွှမ်းရွှမ်းရိုက်လေတော့၏ ။
ထိုအခါ လောင်းကစားသမားများ သည် ဇရပ်ပျက်ကြီးပေါ်၌ ပုဆိုးကျွတ်သူကျွတ်၊ တုံးလုံးပက် လက်လဲသူလဲဖြင့် ဝရုန်းသုန်းကာ ပြေးထွက်ကြလေ၏ ။
ထိုအချိန်မှစ၍ ဆရာတော် ကြီးသည် သူ၏ ရှေးဟောင်းဇရပ်ပျက်ကြီးအတွက် ထိန်းသိမ်းစောင့် ရှောက်မည့် သူကို စောင့်မျှော်ရင်း ဇရပ်ကြီးအတွက် စိတ်မချခြင်းကြီးစွာ ဖြစ်ရလေ၏ ။
![]() မြရတနာမိုး | ![]() နေသူရိန် ကျောင်းတော်သား | ![]() ပုလဲပင်လယ်အော် |