လိုတရကံကြီးရှင်
တစ်နေ့သ၌ စည်ကားသော ရွာကြီးတစ်ရွာ၏ အစွန်အဖျားတွင် ရှိသော ဘုန်းကြီးကျောင်း အတွင်းသို့ အသက်(၅၀)၀န်းကျင် လူကြီးတစ်ဦးသည် ကလေးငယ်တစ်ဦးကို လက်ဆွဲကာ ၀င်ရောက်လာလေ၏ ။
လူကြီးသည် ကျောင်းပေါ်သို့ ရောက်သော အခါ ကိုရင်လေးတစ်ဦးကိုမေး၍ ဆရာတော် ကြီး ကျိန်းစက်ရာအခန်းသို့ တန်းဝင်သွားလေ၏ ။ ဆရာတော် ကြီးသည် ဆေးကျမ်းတစ်စောင်ကို ရေး သားနေရာမှ ခေါင်းမော့ကြည့်ပြီးလျှင် . . .
“ဟင် . . . မင်း . . . ကြီးမောင် မဟုတ်လား”
ဟု လူကြီးကိုမေးမြန်းလေရာ လူကြီးက ရိုသေစွာ လက်အုပ်ချီ၍ . . .
“ဟုတ်ပါတယ် ဆရာတော် ဘုရား၊ တပည့်တော် ကြီးမောင်ပါ၊ ဆရာတော် နဲ့မတွေ့ ရတာ ၁၀-နှစ် ကျော်ပြီထင်ပါတယ်ဘုရား၊ တပည့်တော် လည်း သမုဒ္ဒရာဝမ်းတစ်ထွာ ဆိုတဲ့စကားရှိတဲ့ အတိုင်း စားရေး သောက်ရေး အတွက် ရုန်းကန်နေရလို့ မအားလပ်နိုင်ဘဲရှိပါတယ်”
ဟု လျှောက်တင်လိုက်လေ၏ ။ ဆရာတော် က ကလောင်တံကိုချ၍ . . .
“သံသရာထဲက မလွတ်မြောက်နိုင်သေးသရွေ့တော့ ဒီလိုပဲကြီးမောင်၊ ဒါထက် ဒီကလေးက ဘယ်သူတုံး၊ မင်းရဲ့ သားလား”
ဟု လူကြီးနှင့် အတူပါလာသော ကလေးငယ်ကို ကြည့်၍ မေးမြန်းလေရာ လူကြီးက . . .
“တပည့်တော် မှာ သားသမီးမထွန်းကားပါဘူး၊ ဒီကလေးရဲ့ မိဘနှစ် ပါးက ပုလိပ် ရောဂါ နဲ့ဆုံးပါးသွားလို့ တပည့်တော် က မွေးစားထားတာပါ၊ အခု ဆရာတော် ကျောင်းကိုလာတာလည်း ဒီကလေး ကိစ္စပါပဲ”
ဟု လျှောက်တင်လေ၏ ။ ဆရာတော် က အသက် ဆယ့်သုံးနှစ် အရွယ် ကလေးငယ်၏ ရုပ်လက္ခဏာကိုကြည့်၍ . . .
“ဥပဓိရုပ် ကတော့ ကောင်းတယ်ဟေ့၊ ပြောပါဦး”
ဟု မေးမြန်းလေရာ လူကြီးက . . .
“တပည့်တော် ရဲ့ အိမ်သူဇနီး ဆုံးသွားပြီးတဲ့နောက်မှာ စီးပွားရေး အတော် ကျပ်တည်းပါတယ် ဘုရား၊ ရှိတဲ့ အိမ်ကလေးကိုလည်း ဆွေမျိုးတွေ ၀ိုင်းပြီး အမွေခွဲတာနဲ့ ရောင်းလိုက်ရပါတယ်၊ ဒါကြောင့် နေစရာအိမ်တောင်မရှိပါဘူး၊ အခု အောက်ပြည်အောက်ရွာကိုဆင်းပြီး အလုပ်လုပ်ဖို့ ကြံတဲ့အခါ ဒီကလေးက ကိုးလိုးကန့်လန့် ဖြစ်နေပါတယ်၊ ဒါကြောင့် ဆရာတော် ကို လျှောက်ထား ပြီး ကျောင်းမှာ အပ်ထားချင်လို့ပါ”
ဟု လျှောက်တင်လေ၏ ။ ဆရာတော် က ခေါင်းညိတ်၍ . . .
“အေး . . . မင်း ဒီလိုပြောတော့မယ်လို့ ငါ ထင်တော့ထင်သားပဲ၊ ကျောင်းမှာ လည်း ကျောင်းသားတွေ ရှိသားပဲကွ၊ ဒါကြောင့် ကလေးကို ထားချင်ရင် ကျောင်းသားအနေနဲ့ထားပေါ့ ကွာ”
ဟု မိန့်ကြားလေရာ လူကြီးက လက်အုပ်ချီ၍ . . .
“ဆရာတော် သဘောအတိုင်းပါ”
ဟု လျှောက်တင်လေ၏ ။ ဆရာတော် က . . .
“ကလေးနာမည် ဘယ်လိုခေါ်သလဲ”
ဟု မေးမြန်းလေရာ ကလေးက လက်အုပ်ချီ၍ . . .
“မောင်သူရပါဘုရား”
ဟု လျှောက်တင်လေ၏ ။ ဆရာတော် က ခေါင်းညိတ်၍ . . .
“အိမ်း . . . သူရဆိုတော့ ရဲစွမ်းသတ္တိရှိတယ်ဆိုတဲ့ အဓိပ္ပာယ်ပေါ့၊ ငါ့ကျောင်း ကတော့ ပကာသနကျောင်းမဟုတ်ဘူး၊ ငါကိုယ်တိုင် ခေါင်းအုံးတစ်လုံး ဖျာတစ်ချပ်နဲ့ပဲ ကိစ္စပြီးတယ်”
ဟု မိန့်လေ၏ ။ ထိုညက ဦးကြီးမောင်နှင့် မောင်သူရသည် ဆရာတော် ၏ ကျောင်းမှာ ပင် အိပ်စက်ကြလေ၏ ။
၎င်းတို့သည် နောက်တစ်နေ့နံနက် အရုဏ်မတက်မီ တုံးမောင်းခေါက်သံကြောင့် အိပ်ရာမှ နိုးလေ၏ ။ ကျောင်းသားများ လည်း အိပ်ရာမှထ၍ ယာဂုကျိုခြင်း၊ ရေနွေးကျိုခြင်း၊ အရုဏ်ဆွမ်းချက် ခြင်း၊ တံမြက်လှည်းခြင်း စသော အမှု များ ကို ပြုကြကုန်၏ ။ ဦးကြီးမောင်နှင့် မောင်သူရသည် ကျောင်းအနောက်ဘက်သို့ သွားကာ မျက်နှာသစ်၍ ကိုယ်လက်သုတ်သင်လေ၏ ။
ခဏကြာလျှင် သံဃာတော် များ ယာဂုဘုဉ်းပေးပြီးနောက် မောင်သူရတို့ ယာဂု သောက်ခွင့် ရလေ၏ ။
ထို့နောက် နေ့ကျောင်းသားများ ရောက်လာသော အခါ ဘုရားရှိခိုးကြလေ၏ ။ မောင်သူရ လေးသည် ကျယ်လောင်စွာ အော်ဟစ်၍ ဘုရားရှိခိုးနေသော သူနှင့် ရွယ်တူ ဘုန်းကြီးကျောင်းသား လေးများ ကိုကြည့်၍ ကျောင်းသား ဖြစ်ချင်နေမိ၏ ။
ဘုန်းကြီးကျောင်းသားဘ၀သည် ပျော်စရာ အလွန်ကောင်းသည်ဟု ထင်မိ၏ ။
ညနေစောင်းသော အခါ မောင်သူရ၏ မွေးစားဖခင် ဦးကြီးမောင်က . . .
“မောင်သူရ ဒီကျောင်းမှာ နေရစ်တော့၊ ဦးလေး အခုပဲ ကားကြုံနဲ့ အောက်ပြည်အောက်ရွာ ကို သွားတော့မယ်”
ဟု နှုတ်ဆက်လိုက်လေရာ မောင်သူရသည် ကလေးငယ်မျှသာ ဖြစ်ပြီး မရင်းနှီးမကျွမ်းဝင် သော ဒေသတွင် တစ်ကိုယ်တည်းနေရတော့မည် ဆိုသဖြင့် လွန်စွာ စိတ်အားငယ်သွားလေ၏ ။ ထို့ကြောင့် မျက်လုံးအစုံမှ မျက်ရည်များ စီးကျလာလေ၏ ။ ဦးကြီးမောင်က သက်ပြင်းချ၍ . . .
“မငိုရဘူးလေ၊ ဆရာတော် က ဦးလေးရဲ့ သူငယ်ချင်းပါ၊ မောင်သူရကို စောင့်ရှောက်မှာ ပါ၊ ဆရာတော် ကျောင်းမှာ စာကိုကြိုးစားပြီးသင်နော်”
ဟု ချော့မော့ပြောဆိုလေ၏ ။ မောင်သူရက မျက်ရည်များ ကို လက်ခုံဖြင့် သုတ်၍ . . .
“ဦးလေး ကျုပ်ဆီကို ဘယ်တော့ပြန်လာမှာ လဲ”
ဟု မေးမြန်းလေ၏ ။ ဦးကြီးမောင်က လက်ကာပြလျက် . . .
“ဦးလေး ပြန်လာမှာ ပါ၊ ပိုက်ဆံတွေ အများ ကြီးရအောင် ရှာပြီး ပြန်လာခဲ့မယ်၊ အဲဒီ အချိန်ကျ ရင် မောင်သူရကို အများ ကြီး ပေးရမယ်”
ဟု ပြောလေ၏ ။ မောင်သူရက
“ကျုပ်ဘာကိုမှ မလိုချင်ပါဘူး၊ ဦးလေးဘာသာ ပြည့်စုံအောင် ကြိုးစားပါ”
ဟု ပြောလိုက်လေတော့၏ ။
ထို့နောက်တွင် မူ မွေးစားဖခင်ကြီး ဦးကြီးမောင်သည် မောင်သူရကို ကျေနပ်လောက်အောင် ချော့မော့ပြီး ကျောင်းကြီးထဲမှ ထွက်ခွာသွားရာ ဝေး၍ ဝေး၍ သွားသော ဦးကြီးမောင်၏ နောက်ကျောကို ရီဝေသော မျက်လုံးများ နှင့် ကြည့်လျက် မောင်သူရခမျာ အားငယ်ခြင်းပြင်းစွာ ဖြင့် ကျန်ရစ်ခဲ့ရှာ၏ ။
ဤကား အသက်တစ်ဆယ့်သုံးနှစ် အရွယ် ကလေးငယ်တစ်ဦး၏ မရည်ရွယ်ပါဘဲလျက် သန့်စင်အေးမြသော ဗုဒ္ဓ၏ ထီးရိပ်အောက်တွင် ခိုနားခွင့်ရသော အကြောင်းတည်း။
မောင်သူရသည် နောက်တစ်နေ့မှစ၍ ဦးပဉ္စင်းကြီး သုက္ကထံတွင် စတင်ပညာသင် ကြားရလေ၏ ။ သူသည် စာပေမသင်ကြားဘူးသဖြင့် သင်ပုန်းကြီးကို စတင်သင်ကြားရလေ၏ ။ ဦးပဉ္စင်းကြီးသုက္ကက ဗျည်း ၃၃လုံးကို အစအဆုံး၊ မသင်ပေးဘဲ က မှ င အထိ အက္ခရာငါးလုံး ကိုသာ စတင်သင်ကြားပေးလေ၏ ။ မောင်သူရသည် “ကကြီး၊ ခခွေး၊ ဂငယ်၊ ဂကြီး၊ င”ဟူ၍ အသံထွက်ပြီး ကျက်မှတ်ရလေ၏ ။ ယင်းကို ဘုန်းကြီးကျောင်း အခေါ်အရ စာသံသည်ဟုခေါ်၏ ။
မောင်သူရ စာအံနေရာသို့ သူနှင့် ရွယ်တူကိုရင်များ ရောက်လာပြီး လှောင်ပြောင်သရော်ကြ လေ၏ ။ ကျောင်းသားအချို့က . . .
“ဟား ဟား ဟား . . . ခွေးကြီးမှ လက်ပေးသင်တယ်ဟေ့၊ ကျည်ပွေ့အတက်ပေါက်မှ ကိုရင်စာတတ်မယ်”
ဟု နောက်ပြောင်လေ၏ ။ ၎င်းတို့သည် မင်္ဂလသုတ်သာမက အတွင်းအောင်ခြင်း၊ အပြင် အောင်ခြင်း ကျွတ်ပြီးသူများ ဖြစ်၍ မောင်သူရအား လှောင်ပြောင်နိုင်ခြင်း ဖြစ်သည်။ မောင်သူရသည် သူ့အား လှောင်ပြောင်နေသူများ ကို စကားမတုံ့ပြန်တော့ဘဲ မကြာမီ ၎င်းတို့ထက် တော် အောင်ကြိုး စားမည် ဟု ဆုံးဖြတ်လိုက်လေ၏ ။
နောက်တစ်နေ့နံနက် စာပြန်သော အခါ ဥာဏ်ကောင်းသော မောင်သူရက ကောင်းစွာ ဖြေဆိုနိုင်သဖြင့် ဦးပဉ္စင်းကြီး သုက္ကက . . .
“မောင်သူရ မဆိုးဘူး၊ တော် တယ်”
ဟု ချီးမွမ်းကာ စ မှ ညအထိ တက်ပေးပြန်၏ ။
မောင်သူရသည် ဦးပဉ္စင်းကြီးက ချီးမွမ်းသဖြင့် စိတ်အားတက်ကြွသွားပြီး ကောင်းစွာ ကျက်မှတ်လေတော့၏ ။
၁၀ ရက်ကြာသော အခါ မောင်သူရသည် ဗျည်း ၃၃ လုံးကို ကောင်းစွာ ကျေညက်သွားလေ တော့၏ ။ ထိုအခါ ဦးပဉ္စင်းကြီးက သရတွဲ များ ကို သင်ကြားပေးပြန်၏ ။ မောင်သူရသည် သရတွဲ များ ကျေညက်သွားသော အခါ သင်ပုန်းကြီးကုန်သွားလေ၏ ။
ဦးပဉ္စင်းကြီးက သူ့အား သင်ပုန်းကြီးကုန်သော်လည်း အခြားစာများ ကို တက်မပေးသေးဘဲ သင်ပုန်းကြီးကိုသာ ကျေညက်အောင် သင်ပြပေးလေ၏ ။
မောင်သူရသည် သင်ပုန်းကြီးကို သုံးခေါက်ပြန်ပြီး သော အခါ ကျောက်သင်ပုန်းပေါ်တွင် ကံ့ကူဆံဖြင့် ၀လုံးအရေး ကျင့်ရလေ၏ ။
ဝလုံးများ ၀ိုင်းစက်အောင် ရေး နိုင်ပြီဆိုသော အခါ ဦးပဉ္စင်းကြီးက သူ၏ လက်ဖြင့် ဆုပ်ကိုင်၍ မောင်သူရ၏ လက်အနေအထား မှန်ကန်စေရန် လေ့ကျင့်ပေး၏ ။ မောင်သူရသည် ကြာသော အခါ ဦးပဉ္စင်း၏ အကူမပါဘဲ စာလုံးများ ကို သေသပ်ကျနစွာ ရေး သားနိုင်၏ ။
လက်ထပ်သင်သည်ဆိုသော မြန်မာစကားမှာ ဤသည်ကို ဆိုလိုခြင်း ဖြစ်၏ ။ ကံကူလက် လှည့်ဆရာ ဆိုသည်မှာ လည်း ဤသဘောပင် ဖြစ်လေ၏ ။ ဦးပဉ္စင်းကြီးက သင်ပုန်းကြီး ကျေညက် ပြီဟု ယူဆသော အခါ . . .
“မင်းကို မနက်ဖြန် မင်္ဂလသုတ် တက်ပေးမယ်”
ဟု ပြောလေ၏ ။ မင်္ဂလသုတ်သည် ဗုဒ္ဓဟောကြားခဲ့သော တရားတော် များ ဖြစ်၏ ။ သင်ပုန်းကြီးတွင် မပါခဲ့သော ပါဋ္ဌိဆင့်၊ ပါဋ္ဌိသားများ ပါဝင်လာပေပြီ။
နောက်တစ်နေ့နံနက်တွင် မောင်သူရ မင်္ဂလသုတ်စသင်တော့မည် ဟူသော သတင်းရသဖြင့် ကိုရင်များ နှင့် ကျောင်းသားများ ရောက်လာပြီး မကြားတကြားဖြင့် . . .
“အမွဲတကာထွတ်ခေါင်၊ ဖွတ်မင်းနောင်ပါလားကွ”
ဟု လှောင်ပြောင်လေ၏ ။ ကျောင်းသား တစ်ယောက် ကလည်း . . .
“ဘကြိုင်လို့ နာမည် ပြောင်းရင် ကောင်းမယ်”
ဟု ပြောလေ၏ ။
မောင်သူရသည် သူ့အား နောက်ပြောင်ခံရခြင်းအကြောင်းကို မသိရှာပေ။ ကပ္ပိယကြီးအား မေးမြန်းကြည့်သော အခါမှပင် မင်္ဂလသုတ်ဆွမ်းတစ်အုပ်ဟူသော စကားကို သိရလေ၏ ။
သင်ပုန်းကြီး ကျေညက်ပြီး မင်္ဂလသုတ်တက်သော ကျောင်းသားသည် ကျောင်းသို့ ဆွမ်းတစ်အုပ်ပို့ရသော ထုံးစံရှိ၏ ။ သို့ သော် မိဘမတတ်နိုင်၍ မပို့သော်လည်း အပြစ်မ ဖြစ်ပါချေ။
မောင်သူရသည် မင်္ဂလသုတ် ဆွမ်းတစ်အုပ်ဟူသော စကား၏ အဓိပ္ပာယ်ကို သိရပြီးနောက် ပိုင်းတွင် မိမိကိုယ်မိမိ လွန်စွာ စိတ်အားငယ်သွားလေ၏ ။ သူ့ဘ၀သည် ဘ၀တူ ကျောင်းသားများ လှောင်ပြောင်ရလောက်အောင် ဆင်းရဲနွမ်းပါးလှ၏ ။
သူပိုင်ဆိုင်သမျှ စစ်စစ်ပေါက်ပေါက် ရေတွက်ကြည့်လျှင် ပုဆိုးတစ်ထည်နှင့် အင်္ကျီတစ် ထည်သာရှိ၏ ။
အခြားသော ကျောင်းသားများ နှင့် ကိုရင်များ ၌ သားရေသေတ္တာ၊ ကော်ဇော၊ စောင်၊ လက်နှိပ်ဓါတ်မီး၊ နာရီ စသည် အသုံးအဆောင်များ စုံလင်အောင် ရှိ၏ ။
ကျောင်းထိုင်ဆရာတော် ကြီးမှာ လည်း ၀ိနည်းတော် ကို အလွန်တိကျစွာ လိုက်နာတတ်ပြီး ဂုဏ်ပကာသနနှင့် လောကီကိစ္စများ ကို စိတ်မ၀င်စားသူ ဖြစ်သဖြင့် မောင်သူရအား မည် သည့် ပစ္စည်းကိုမျှ မစွန့်ကြဲနိုင်ပေ။
တစ်ခါက ပြည်မြို့တွင် နေထိုင်သော ဆေးလိပ်ခုံပိုင်ရှင် လင်မယားက ဟောင်းနွမ်းဆွေး မြည့် နေပြီ ဖြစ်သော ဆရာတော် ၏ သစ်သားကျောင်းကြီးကိုဖျက်၍ တိုက်ကျောင်းလှူဒါန်းရန် လျှောက်ထားသော အခါ ဆရာတော် ကြီးက . . .
“ဘာလုပ်ဖို့လဲ ဒကာရဲ့ ၊ ငါ့ကျောင်းက မပြိုသေးပါဘူး၊ နေလို့ရပါသေးတယ်၊ အပိုတွေ မလုပ်ကြပါနဲ့”
ဟု ငြင်းဆန်လေ၏ ။ အလှူရှင် လင်မယားကလည်း . . .
“တပည့်တော် တို့က ဆရာတော် ကို သဒ္ဓါကြည်ညိုလွန်းလို့ လှူဒါန်းချင်လို့ပါ”
ဟု တောင်းပန်လေရာ ဆရာတော် က လက်ကာပြ၍ . . .
“လှူချင်ရင် တခြားချောင်းသွားလှူ၊ ငါ့ကျောင်းမှာ တော့ ပကာသနတွေ လက်မခံဘူး”
ဟု တားဆီးလေ၏ ။
အရေး ပိုင်ကြီးတစ်ဦးကလည်း မျက်နှာကြက်တွင် တပ်ဆင်ရန် ပန်ကာများ လှူဒါန်းချင်သည် ဆိုသော အခါ ဆရာတော် ကြေီးက . . .
“၀ိနည်းတော် နဲ့ မညီလို့ လက်မခံနိုင်ဘူး”
ဟု ငြင်းဆန်တော် မူ၏ ။
မည် သို့ ပင် ဖြစ်စေ ကျောင်းတွင် သီတင်းသုံးနေသော ဦးပဉ္စင်းများ နှင့် ကိုရင်အများ စုမှာ ပိုးသင်္ကန်းတရွှမ်းရွှမ်း၊ ရွှေမျက်မှန်တ၀င်းဝင်းနှင့် နေထိုင်ကြ၏ ။ ၀ိနည်းတော် နှင့် အညီ ခြိုးခြံစွာ နေထိုင်သော ရဟန်းတော် များ မှာ အနည်းစုပင် ဖြစ်၏ ။
လောကီကိစ္စများ ကို စိတ်မ၀င်စားသော ဆရာတော် ကြီးသည် ထိုကိစ္စများ ကို တားမြစ် ခြင်းမရှိပေ။
တစ်ခါက ဆရာတော် ကြီးနှင့် ပတ်သက်၍ ရယ်ရွှင်ဖွယ်ကိစ္စတစ်ရပ် ဖြစ်ပေါ်ခဲ့၏ ။
ဆရာတော် ကြီးသည် ချိုးရေသုံးသပ်ရန်အတွက် ကျောင်းအရှေ့အုတ်ကန်ဘက်သို့ ထွက်ခဲ့၏ ။ အုတ်ကန်သို့ ရောက်သော အခါ ဒံခွက်အသစ်ကြီးတစ်လုံးဖြင့် တဗွမ်းဗွမ်း ခပ်၍ ချိုးလေ၏ ။
ထို့နေသည် ဥပုသ်နေ့ ဖြစ်သဖြင့် ကျောင်း၌ ဒကာ၊ ဒကာမများ နှင့် စည်ကားနေလေ၏ ။ ထိုသူများ သည် ဆရာတော် ကြီး ရေချိုးနေပုံကိုကြည့်၍ မျက်လုံးပြူးသွားလေ၏ ။ အဘယ်ကြောင့် ဆိုသော် ဆရာတော် ကြီး ရေချိုးခပ်သော ခွက်မှာ ဆီးအိုးကြီး ဖြစ်နေသော ကြောင့် ပင် ဖြစ်၏ ။
ထိုဆီးအိုးကြီးမှာ ၀န်ထောက်တစ်ဦးက ဆရာတော် ညရေး ညတာ အသုံးပြုရန် လာရောက် လှူဒါန်းသွားခြင်း ဖြစ်၏ ။
ဆရာတော် ၏ အပြုအမူကို အမြင်မတော် သော ဒကာ တစ်ယောက် က အနားသို့ သွား၍ . .
“ဆရာတော် ဘုရား ရပ်ပါဦး ဘုရား၊ ဆရာတော် ရဲ့ ခွက်က ရေခွက်မဟုတ်ပါဘူး၊ ဆီးအိုးကြီးပါ”
ဟု လျှောက်ထားသော အခါ ဆရာတော် က . . .
“ဟေ . . . ဟုတ်လားကွ၊ သိပါဘူးကွာ၊ ငါက ရေခွက်ထင်လို့၊ ဒါပေမယ့် ကိစ္စမရှိပါဘူးကွာ၊ ရေခပ်လို့ရရင် ရေခွက်ပေါ့၊ ဒီခွက်က လက်ကိုင်ပါလို့ ခပ်လို့တောင်ကောင်းတယ်ကွ၊ ဒီခွက်နဲ့ပဲ ဆက်ချိုးမယ်”
ဟု ပြောလေ၏ ။
ဤမျှရိုးသားသော ဆရာတော် ကြီး ဖြစ်၏ ။ မောင်သူရကျောင်းရောက်ပြီး တစ်ပတ်ခန့်အကြာ တွင် ဆရာတော် ကြီးနှင့် ဆုံတွေ့ သော အခါ . . .
“မောင်သူရ စာကြိုးစားသင်၊ စည်းကမ်းတွေ ကို မဖောက်ဖျက်မိစေနဲ့၊ တတ်နိုင်သမျှ ခြိုးခြံ ချွေတာတဲ့ အကျင့်ကိုကျင့်”
ဟု မိန့်တော် မူရုံကလွဲ၍ နောက်ပိုင်းတွင် မည် သည့်စကားကိုမျှ မဆိုခဲ့ချေ။
မောင်သူရသည် ကျောင်းတွင် နေထိုင်စဉ် အပျော်ဆုံးအချိန်မှာ ဆွမ်းခံထွက်ချိန်ပင် ဖြစ်၏ ။
ကိုရင်များ နှင့် ကျောင်းသားများ သည် မနက်ပိုင်း ဘုရားရှိခိုးပြီးနောက် စာကျက်စာအံကြ၏ ။ ပြီးနောက် ဆွမ်းခံထွက်ကြ၏ ။ ဆွမ်းခံထွက်ချိန်တွင် ၀ါအကြီးဆုံးရဟန်းက ရှေ့ဆုံးမှ ကြွရပြီး နောက် ၀ါစဉ်ကြီးငယ်အလိုက် လိုက်ပါကြ၏ ။
ရဟန်းများ ၏ နောက်တွင် ကျောင်းသားများ က ဆွမ်းဟင်းခံယူရန် ဆိုင်းထမ်းဖြင့် လိုက်ကြ၏ ။ အသံကျယ်သော ကျောင်းသား တစ်ယောက် က . . .
“ဆွမ်းတော် ဗျို့”
ဟု ကျယ်လောင်စွာ အော်ဟစ်လေ၏ ။ ထိုအခါ ရွာသူရွာသားများ က ဆွမ်းဟင်းများ လောင်းလှူကြ၏ ။
ရွာထဲတွင် လှည့်လည်ခွင့်ရ၍ ကိုရင်နှင့် ကျောင်းသားအများ စုက ပျော်ရွှင်ကြလေ၏ ။ ကျောင်းသို့ ရောက်၍ ဆွမ်းစားပြီးသော အခါ ကျောင်းသားများ သည် ကျောင်းအနောက်ဘက်သို့ ကူး၍ ပျော်ရွှင်စွာ ကစားကြကုန်၏ ။ ကိုရင်များ လည်း ဆရာတော် ကြီးအလစ်တွင် ၀င်ရောက်ဆော့ ကစားလေ၏ ။
မောင်သူရသည် ဆော့ကစားခြင်းမရှိဘဲ မျက်လုံးမှိတ်၍ စာများ ကို ကျက်မှတ်၏ ။ သို့ သော် ခေါင်းထဲသို့ စာများ ၀င်ရောက်မလာဘဲ ကျောင်းသားများ ၏ ဆော့ကစားသံများ ကိုသာ ကြားယောင် နေမိ၏ ။ သူသည် စာကျက်လိုက်၊ ဆော့ကစားနေသူများ ကို မျက်လုံးဖွင့်ကြည့်လိုက်နှင့် အတန်ကြာ သည်အထိ မည် သည့်စာကိုမျှ ကျက်မရဘဲ ရှိနေလေ၏ ။ ကျောင်းသားများ သည် အားရအောင် ဆော့ကစားပြီး ကျောင်းပေါ်သို့ ပြန်တက်လာကာ . . .
“ကျည်ပွေ့အတက်ပေါက်မယ့် မောင်သူရ ဘာစာတွေ ကျက်နေတာလဲ”
ဟု နောက်ပြောင်သွားလေ၏ ။ ကျောင်းသားများ သည် သူ့မျက်နှာကို မြင်သည်နှင့် တစ်နည်းနည်း ဖြင့် လှောင်ပြောင်သွားလေ့ရှိ၏ ။ သူ့အား လှောင်ပြောင်သူများ တွင် လယ်ပိုင်ရှင် တစ်ဦး၏ သား ဖြစ်သူ ဥာဏ်ဝင်းမှာ အဆိုးဆုံး ဖြစ်၏ ။
ဥာဏ်ဝင်းသည် ကျောင်းသားများ ၏ ခေါင်းဆောင် ဖြစ်ပြီး အလွန်ဆိုးသွမ်းသူ ဖြစ်၏ ။ သူသည် ငယ်ရွယ်သော ကိုရင်နှင့် ကျောင်းသားများ ကို နိုင်ထက်စီးနင်း ပြုကျင့်၏ ။ ကျောင်းဝင်း အတွင်းရှိ သစ်ပင်များ ပေါ်သို့ တက်၍ အသီးများ ကို ခူးဆွတ်၏ ။
ဖွက်၍ ဆောင်ထားသော လေးခွတစ်လက်ဖြင့် သတ္တ၀ါငယ်လေးများ ကို ပစ်ခတ်၏ ။ ကျောင်းနှင့် မနီးမဝေးတွင် ရှိသော ရေကန်ကြီးအတွင်းသို့ ရေဆင်းကူး၏ ။
ဥာဏ်ဝင်းသည် မိဘကချမ်းသာသဖြင့် ဂုဏ်မောက်နေသူ ဖြစ်၏ ။ သူသည် မောင်သူရအား လွန်စွာ မျက်မုန်းကျိုး၏ ။ ထို့ကြောင့် ပင် တွေ့ သည့်နေရာတွင် နိုင်ထက်စီးနင်းပြုကျင့်လေရှိ၏ ။
အခြားသော ကိုရင်နှင့် ကျောင်းသားများ မှာ ဥာဏ်ဝင်း၏ နောက်လိုက်များ ဖြစ်သဖြင့် စိတ်အားထက်သန်ခြင်းမရှိသော်လည်း ၎င်းနည်းတူ နောက်ပြောင်လေ့ရှိ၏ ။
မောင်သူရသည် ဆွမ်းစားချိန်၌ ဥာဏ်ဝင်းတို့အုပ်စု၏ နိုင်ထက်စီးနင်း ပြုကျင့်မှု ကို နေ့စဉ်ခံရရှာ၏ ။ ကျောင်းတွင် ကျောင်းသားငါးဦးရှိသဖြင့် စားပွဲဝိုင်းကြီးတွင် အတူတကွထိုင်၍ စားရ၏ ။
ထမင်းဝိုင်းတွင် ကြက်သား၊ ၀က်သားစသော ဆီပြန်ဟင်းများ နှင့် ဇွန်းတစ်ချောင်းတည်း သာရှိ၏ ။ ထိုအခါ ဥာဏ်ဝင်းက ဇွန်းကို ဦးစွာ ယူ၍ အကြီးဆုံးအတုံးများ ကို သူ့ပန်းကန်ထဲသို့ ခပ်ထည့်၏ ။ ပြီးနောက် သူ၏ နောက်လိုက် နောက်ပါကျောင်းသားများ သို့ ခွဲဝေပေး၏ ။
ဆီပြန်ဟင်းများ ကုန်သော အခါမှ ဇွန်းကို ပန်းကန်ထဲသို့ ပြန်ထည့်၏ ။ မောင်သူရ၏ အလှည့်တွင် အရိုးအရင်းမျှပင် ကိုက်ရန်မကျန်တော့ပေ။
ထို့ကြောင့် မောင်သူရသည် နေ့စဉ် အချဉ်သုတ်၊ ငရုတ်သီးထောင်းလောက်နှင့် သာ ကိစ္စပြီး လေ၏ ။
မောင်သူရသည် ဆွမ်းကိစ္စနှင့် ပတ်သက်၍ ဦးပဉ္စင်းများ ကို တိုင်ကြားရန် အကြိမ်ကြိမ် ကြံရွယ်သော်လည်း ရှက်ရွံ့သည်နှင့် ကြိတ်မှိတ်၍ ခံရရှာ၏ ။ သူ့အား မခြိုးခြံနိုင်သူဟု ဦးပဉ္စင်းများ အထင်ရောက်မှာ စိုးရွံ့လှ၏ ။
မကြာမီ ရွာဘုရားကြီး စတင်ပေတော့မည် ။ ရွာဘုရားပွဲသို့ အနီးအနားရွာများ မှ လှည်းတန်း ကြီးများ နှင့် လာရောက်လေ့ရှိ၏ ။ ကြည့်စရာ ရှုစရာ ပွဲလမ်းတွေ က စုံသလို စားစရာ သောက်စရာ ဆိုင်တွေ ကလည်း ပေါများ လှ၏ ။
ဘုရားပွဲစသော နေ့တွင် ဆိုင်းသံ၊ ဗုံသံ၊ တီးသံ၊ မှု တ်သံတို့က လေသင့်တိုင်း ကျောင်းမှပင် ကြားရလောက်၏ ။ ကျောင်းပရ၀ုဏ်ထဲမှ ကိုရင်များ ၊ ကျောင်းသားများ နှင့် ဦးပဉ္စင်းများ ပါမကျန် လှုပ်လှုပ်ရွရွ ဖြစ်နေကြ၏ ။
ငယ်ရွယ်သူပီပီ ပွဲလမ်းသဘင် ၀ါသနာထုံသော မောင်သူရမှာ ဘုရားပွဲသို့ သွားရောက်လို လှ၏ ။ ဇာတ်ရုံများ သို့ ၀င်ရောက်ချင်လှ၏ ။ သို့ သော် ပွဲကြည့်ဖို့ မုန့်စားဖို့ သူ့မှာ ငွေတစ်ပြားတစ်ချပ် မျှမရှိ။
စိတ်အားငယ်လိုက်သည်မှာ ပြောဖွယ်ရာမရှိတော့။
ထိုစဉ် ဥာဏ်ဝင်တို့လူစုမှာ ပုဆိုး၊ ထီး၊ ဖိနပ်စုံစုံလင်လင်ဖြင့် ငွေများ ကို ကိုင်တွယ်၍ ပွဲသွားရန် တမော့မော့ ဖြစ်နေကြ၏ ။ ဘုန်ကြီးကျောင်းသားများ မှာ လည်း ယောင်ပေစူးကို အုန်းဆီ လိမ်းခြင်း၊ ချည်လုံချည်တစ်ပတ်နွမ်းဝတ်ခြင်း၊ ပိုးပ၀ါပေါင်းခြင်း စသည့်ပြင်ဆင်မှု များ ကို ပြုလုပ်ကြ ကုန်၏ ။ ပွဲပြချိန်နီးသော အခါ အုပ်စုဖွဲ့၍ ပွဲကြည့်ရန်သွားကြလေ၏ ။
မောင်သူရသည် သူ့အား အဖော်ခေါ်နိုးနိုးနှင့် ကြည့်နေရှာ၏ ။ သို့ သော် သူ့အား မည် သူမျှ ပွဲကြည့်ရန်မခေါ်ကြ။
ဆိုင်းသံဗုံသံများ က လေအလွင့်မှာ ကျောင်းဘက်သို့ လွင့်ပျံလာ၏ ။ မောင်သူရသည် နေမထိထိုင်မသာ ဖြစ်နေရှာ၏ ။ ဆိုးဝါးလှသည့် ဘ၀ပါကလား၊ ပွဲကြည့်ရန် အသပြာငွေလေးတစ် ပြားတစ်ချပ်မျှ ပင်မရှိ။
သူသည် တွေးတောရင်း တစ်ကိုယ်တည်း မျက်ရည်ဝဲနေမိ၏ ။ ထိုစဉ် သူ၏ အနားသို့ စာပေ သင်ကြားပေးသော ဦးပဉ္စင်းကြီးသုက္က ရောက်လာပြီးလျှင် . . .
“ဘာလို့ငိုနေတာလဲ”
ဟု မေးမြန်းလေ၏ ။ မောင်သူရက ခေါင်းမော့ကြည့်၍ . . .
“တပည့်တော် ကို ပွဲလိုက်ဖို့ ဘယ်သူမှမခေါ်ကြဘူးဘုရား”
ဟု ၀မ်းနည်းစွာ ပြောလိုက်လေရာ ဦးပဉ္စင်းကြီးက . . .
“ကဲ . . . ဒါဆို ငိုမနေနဲ့တော့၊ ဒကာကြီးတွေ နဲ့ လိုက်သွားပေါ့၊ မင်းသုံးဖို့ ငွေတစ်ကျပ် ပေးလိုက် မယ်”
ဟု ဆိုကာ ဆာပါခြုံခေါ် ငွေဒင်္ဂါးတစ်ချပ်ကို ထုတ်ပေးလေရာ မောင်သူရသည် လွန်စွာ ပျော်ရွှင်သွားပြီး ဟေးခနဲ ထမအော်မိစေရန် အတော် ပင် စိတ်ထိန်းလိုက်ရရှာ၏ ။
ထိုညက ဒကာကြီးများ နှင့် လိုက်၍ ဇာတ်ရုံများ တစ်ရုံနှင့် တစ်ရုံ ကူးချည်သန်းချည် လုပ်ရခြင်းကို ပျော်ရွှင်နေမိ၏ ။
လွန်စွာ ထူးဆန်းသော မျက်လှည့်ပွဲကိုလည်း ၀င်ရောက်ကြည့်ရှု၏ ။
မောင်သူရသည် တစ်သက်တာတွင် အပျော်ဆုံးညဟူ၍ ပင် ထင်မြင်နေမိတော့သည်။
မောင်သူရသည် ရတနာသုတ်ပြီးလျှင် အတွင်းအောင်ခြင်း၊ အပြင်အောင်ခြင်း၊ ရတနာချိုင့်၊ နမက္ကာရ စသည်ဖြင့် အစဉ်လိုက် သင်ကြားရလေ၏ ။ နမက္ကာရ အောင်ပြီးသူ တစ်ယောက် သည် ဗုဒ္ဓ၏ လက္ခဏာတော် များ ၊ ဘုန်းတော် ၊ ဂုဏ်တော် များ ကို ပွဲသဘင်များ ၌ တင့်တင့်တယ်တယ် ဟောကြားနိုင်ပေပြီ။
မောင်သူရသည် ဥာဏ်ရည်ဥာဏ်သွေး ကောင်းမွန်သူ ဖြစ်သဖြင့် သင်ကြားပေးသော စာများ ကို ကောင်းစွာ လိုက်နိုင်၏ ။ ထို့ကြောင့် ပင် ဆရာတော် ကြီးနှင့် ဦးပဉ္စင်းများ ၏ ချီမွမ်းခြင်း ခံရ၏ ။
မည် သို့ ပင် ဖြစ်စေ ဆွေမရှိ မျိုးမရှိ မောင်သူရသည် ကျောင်းတွင် အဆင်းရဲဆုံး ဖြစ်နေရှာ၏ ။ သူသည် ငယ်ရွယ်သူ ဖြစ်သဖြင့် နာရီ၊ ဖောင်တိန်စသော အသုံးအဆောင်များ ကို မက်မောလှ၏ ။ အခြားသော စာလိုက်ဖက်များ တွင် နာရီကိုယ်စီရှိကြ၏ ။ ဥာဏ်ဝင်းထံတွင် ရွှေရောင် ဖောင်တိန် တစ်ချောင်းရှိ၏ ။ ဥာဏ်ဝင်းသည် ဖောင်တိန်တန်ခိုးဖြင့် မျက်နှာပွင့်လိုက်သည်မှာ ပြောဖွယ်ရာမရှိ။
တရားစာအုပ် အဖုံးတွင် ဘွဲ့အမည် ရေး ထိုးကာနီးတွင် တစ်ကျောင်းလုံးက ဥာဏ်ဝင်း၏ ဖောင်တိန်ကို ငှားရမ်းကြ၏ ။
မောင်သူရ၏ ဘ၀မှာ မူ ဆင်းရဲနုံချလှ၏ ။ နှစ် နှစ် ရှိခဲ့ပြီ ဖြစ်သော်လည်း သူ၏ ဖခင် ဦးကြီးမောင်မှာ အောက်ပြည်အောက်ရွာမှ ရောက်မလာသေး။
မောင်သူရကို သတိမှ ရပါလေစ။
သူ ပိုင်ဆိုင်သမျှ ပစ္စည်းများ မှာ ဖျာတစ်ချပ်နှင့် ခေါင်းအုံးတစ်အုံးသာရှိ၏ ။
ကျောင်းပေါ်ရှိ ဖိတ်ဖိတ်တောက် ကော်ဇောကြီးများ ပေါ်တွင် ကတ္တီပါမှီအုံးကြီးများ ဖြင့် သီတင်းသုံးနေသော ဆရာတော် ကြီးများ ကို မြင်တွေ့ ဖူး၏ ။ ဦးပဉ္စင်းများ မှာ လည်း ခုတင်၊ မွေ့ရာ၊ ခြင်ထောင်နှင့် အကျအန အိပ်စက်ကြ၏ ။
အနက်ရောင် သားရေဖုံးထားသော ကျမ်းစာအုပ်ကြီးများ စွာ ကို ပိုင်ဆိုင်ကြ၏ ။
ထိုမြင်ကွင်းများ ကိုကြည့်၍ . . .
“ရှေးဘ၀က ကံနည်းခဲ့လို့နဲ့တူတယ်၊ ငါ့မှာ တော့ အ၀တ်အဟောင်းတွေ ထပ်ပြီး အိပ်ရာခင်းရ စောင်အ ဖြစ်ခြုံရနဲ့ ဆင်းရဲလိုက်တာ”
ဟု တွေးတောမိလေ၏ ။ သူ၏ ဆရာတော် ကြီးကိုယ်တိုင် ခေါင်းအုံးတစ်လုံး၊ ဖျာတစ်ချပ်ဖြင့် ခြိုးခြံတော် မူခြင်းကို ငယ်ရွယ်သူပီပီ မစဉ်းစားမိရှာပေ။ သူ့အား မောင်ဥာဏ်ဝင်းတို့က . . .
“အမွဲတကာထွတ်ခေါင်၊ ဖွတ်မင်းနောင်၊ ရေသည်ယောက်ျားနဲ့ ညီအစ်ကိုတော် တယ် ထင်တယ်”
ဟု နောက်ပြောင်ခြင်းကိုသာ ရှက်ရွံ့နေမိ၏ ။
တစ်ညသ၌ မောင်သူရသည် ထူးဆန်းသော ပလွေသံကြောင့် အိပ်ရာမှ လန့်နိုးလေ၏ ။ သူသည် အသံလာရာကို နားစွင့်ကြည့်သော အခါ ပလွေသံသည် ကျောင်းဝင်းထဲမှ လာသဖြင့် အိပ်ရာမှထပြီး ပလွေသံရှိရာသို့ လျှောက်ခဲ့၏ ။ လပြည့်ည ဖြစ်သဖြင့် ကျောင်းတစ်ခုလုံး ထိန်ထိန်လင်းနေ၏ ။
တစ်နေရာသို့ ရောက်သော အခါ ကျောပေး၍ ပလွေမှု တ်နေသော လူ တစ်ယောက် ကို မြင်ရ၏ ။
သူသည် အနီးသို့ တိုးကပ်သွားသော အခါ ကျောင်း၌ တည်းခိုနေသော တရုတ်အဘိုးအို ဖြစ်ကြောင်း တွေ့ ရ၏ ။ အဘိုးကြီးက မောင်သူရကို မြင်သည်နှင့် ပလွေမှု တ်ခြင်းကို ရပ်တန့်လိုက် ပြီး . . .
“မောင်သူရ ပလွေသံကြောင့် အိပ်ရာနိုးသွားတယ်ထင်တယ်”
ဟု နှုတ်ဆက်လိုက်လေရာ မောင်သူရက . . .
“ဟုတ်တယ်၊ အဘိုးရဲ့ ပလွေသံဟာ ကျုပ်တို့ကြားဖူးတဲ့ ပလွေသံနဲ့ မတူဘူး၊ သိပ်ထူးဆန်း တာပဲ”
ဟု ပြောလေ၏ ။
တရုတ်အဘိုးကြီးက . . .
“ဆန်းဆို ဒီပလွေက မြန်မာပလွေမှ မဟုတ်တာ၊ တရုတ်တွေ မှု တ်လေ့ရှိတဲ့ ကြေးပလွေပဲ၊ ဒီည ကျုပ်ပလွေမှု တ်တဲ့ အကြောင်းက မောင်သူရနဲ့ တွေ့ ချင်လို့ပဲ”
ဟု ပြောလေရာ မောင်သူရသည် လွန်စွာ အံ့သြသွားပြီး . . .
“ဗျာ . . . အဘိုးက ကျုပ်နဲ့ တွေ့ ချင်လို့ ဟုတ်လား၊ ဘာလုပ်ဖို့လဲ”
ဟု မေးမြန်းလေ၏ ။ တရုတ်အဘိုးကြီးက ရယ်မော၍ . . .
“မောင်သူရကို ကြည့်ရတာ ဒီကျောင်းမှာ အနေအထိုင် သိပ်ဆင်းရဲတယ်၊ ဒါကြောင့် ရှေ့ဆက်ပြီး ပြည့်ပြည့်စုံစုံနေရအောင် ကျုပ်က ကူညီချင်လို့ပါ”
ဟု ပြောဆိုလေရာ မောင်သူရသည် လွန်စွာ ၀မ်းသာသွားပြီး . . .
“ဘယ်လိုကူညီမှာ လဲ”
ဟု မေးမြန်းလေ၏ ။ တရုတ်အဘိုးကြီးက . . .
“ဟူရားမဟာဘုတ်ဗေဒင်နည်းလေးတစ်ခု သင်ပေးသွားမှာ ပါ”
ဟုဆိုလိုက်ရာ မောင်သူရက မျက်နှာရှုံ့မဲ့သွားပြီး . . .
“ဗေဒင်သင်ပေးမယ် ဟုတ်စ၊ ကျုပ်က စာတွေ ဒီလောက်လိုက်နေတာ ဗေဒင်သင်ဖို့ ဘယ်အချိန်ရှိမှာ လဲ။ နောက်ပြီး ကျုပ်တို့ကျောင်းမှာ ဗေဒင်တတ်တဲ့ ဦးပဉ္စင်းတွေ အများ ကြီး ရှိတယ်”
ဟု ပြောလေ၏ ။ တရုတ်အဘိုးကြီးက . . .
“သူတို့တတ်တဲ့ဗေဒင်နဲ့ ကျုပ်ဗေဒင် မတူပါဘူး၊ ဗေဒင် တတ်ပြီးရင် ပြည့်ပြည့်စုံစုံ နေနိုင်ဖို့ ကျုပ် တာဝန်ယူတယ်”
ဟု ပြောပြန်၏ ။ မောင်သူရက . . .
“ဘာပဲ ဖြစ် ဖြစ် ကျုပ်မှာ ဗေဒင်သင်ဖို့ အချိန်မရှိဘူး”
ဟု ငြင်းဆန်လေ၏ ။ တရုတ်အဘိုးကြီးက . . .
“ကျုပ်လည်း မောင်သူရကို ဒီတစ်ညတည်း သင်ဖို့ အချိန်ရှိတယ်၊ မနက်ဖြန် ဒီကျောင်းမှာ ကျုပ်မရှိတော့ဘူး၊ မောင်သူရက ဥာဏ်အလွန်ကောင်းတယ်လို့ ကြားတယ်၊ ကျုပ်သင်သမျှ ဒီတစ်ညတည်းနဲ့ အလွတ်ကျက်ရမယ်၊ ဟောကွက်ကလွဲရင် တွက်နည်းတွေ ကို ဘာစာရွက် စာတမ်းနဲ့မှ မှတ်ခွင့်မပေးနိုင်ဘူး၊ ဘယ်လိုလဲ ကိုရင်”
ဟု မေးမြန်းလေရာ မောင်သူရက . . .
“ဒီတစ်ညတည်း သင်မယ်ဆိုရင်တော့ သင်မယ်ဗျာ၊ သင်ပေးသမျှ ကျုပ်ဥာဏ်ရှိသလောက် အလွတ်ကျက်မယ်”
ဟု လက်ခံလိုက်၏ ။ တရုတ်အဘိုးကြီးက တဟားဟား ရယ်မောပြီး အိတ်ထဲမှ ဖယောင်း တိုင်နှင့် မီးခြစ်ကိုထုတ်၍ မီးထွန်းကာ . . .
“မောင်သူရ မှတ်ထားပေတော့၊ ကျုပ် သင်မယ့် ဗေဒင်က ဟူရားမဟာဘုတ်ဗေဒင်လို့ ခေါ်တယ်၊ ဒီနည်းဟာ အံ့သြလောက်အောင် မှန်ကန်တယ်၊ သူ့ကို အသုံးပြုပြီးတော့ အလွန်နာမည် ကြီးနေတဲ့ နိုင်ငံကျော် ဗေဒင်ဆရာကြီးတောင်ရှိတယ်၊ ဟူရားမဟာဘုတ်နည်းဆိုတာ သဘာဝ လောကကြီးရဲ့ နေထွက်နေ၀င် (၁၂)နာရီကို ငါးပိုင်းပိုင်းပြီး ဟောပြောတဲ့နည်းပဲ၊ နေထွက်နေ၀င် ကာလ (၁၂)နာရီကို ၅နဲ့ စားကြည့်ရင် (၂)နာရီနဲ့ (၂၄)မိနစ်ရတာ တွေ့ ရမယ်၊ ဒါကြောင့် တစ်နေ့ တာကာလမှာ လူတစ်ဦး တစ်ယောက် ရဲ့ ကံကြမ္မာကို (၂)နာရီနဲ့ (၂၄)မိနစ်စီ ပိုင်းခြားရတယ်”
မောင်သူရသည် တရုတ်အဘိုးကြီး၏ စကားများ ကို အလွတ်ကျက်မှတ်ရလေ၏ ။
တရုတ်အဘိုးကြီးက ဆက်လက်၍ . . .
“တစ်နေ့မှာ အခါငါးပိုင်းပုံကို မြေပေါ်မှာ ဇယားနဲ့ရေး ပြမယ် သေသေချာချာ မှတ်ထား ပေတော့”
ဟု ဆိုကာ မြေကြီးပေါ်တွင် အောက်ပါဇယားကို ဆွဲပြလေ၏ ။
ဇယား(၁)အခါငါးပိုင်း ပိုင်းပုံ
ဇယားကို ကျက်ပြီးသော အခါ တရုတ်အဘိုးကြီးက ဖျက်ပစ်လိုက်ပြီး မြေကြီးပေါ်တွင် ဇယားတစ်ခုကို ဆွဲပြန်၏ ။ မောင်သူရကလည်း အရကျက်ရပြန်၏ ။
မောင်သူရသည် ဥာဏ်ကောင်းသူပီပီ ဇယား(၂)ကို အရကျက်ပြီးသော အခါ တရုတ်အဘိုး ကြီးက . . .
“မောင်သူရ ကျက်ဖို့ ဇယား(၅)ခု ထပ်ရေး ပြမယ်၊ ဟူရားမဟာဘုတ်နည်းမှာ ဇယား(၇)ခုရှိ တယ်၊ မောင်သူရ မှတ်မိလွယ်အောင် အလွယ်ဆုံးနည်းတွေ ရေး ပြနေတာ”
ဟု ပြောလေတော့သည်။
မောင်သူရလည်း ဇယား(၅)ခုကို ကြိုးစားပမ်းစား ကျက်မှတ်ရပြန်၏ ။ ဇယားများ သည် ကျက်မှတ်ရခက်မည် ထင်သော်လည်း ဇယားတစ်ခုကျက်ပြီးနောက် ကျန်ဇယားများ ကို ကျက်မှတ် ရန် လွယ်ကူလွားကြောင်းတွေ့ ရလေ၏ ။
တစ်နာရီခန့် ကြာသော အခါ မောင်သူရသည် ဇယားအားလုံးကို ကောင်းစွာ ကျေညက်သွား လေ၏ ။ တရုတ်အဘိုးကြီးက ခေါင်းတဆတ်ဆတ်ညိတ်၍ . . .
“မောင်သူရ ဥာဏ်အလွန်ကောင်းတယ်၊ ဇယားတွေ အလွတ်ရပြီဆိုရင်တော့ ဟူရားမဟာ ဘုတ်နည်းကို ဟောလို့ရပြီပေါ့။ ရော့ . . . ဒါ မောင်သူရအတွက် ကျုပ်ပေးတဲ့ ဟောနည်းစာအုပ်”
ဟုဆိုကာ လက်တစ်ဝါးခန့်ရှိသော စာအုပ်ကလေးတစ်အုပ်ကို ကမ်းပေးလေ၏ ။ စာအုပ် အဖုံးကို သားရေဖုံးနှင့် ဖုံးအုပ်ထား၏ ။
စာရွက်အသားများ မှာ ဆီစိမ်စက္ကူ ဖြစ်ပြီးလွန်စွာ နက်မှော င်သော မင်နက်ဖြင့် ရေး သားထား ၏ ။ တရုတ်အဘိုးကြီး က . . .
“ဒီဗေဒင်နည်းဟာ အံ့သြလောက်အောင် မှန်ကန်တယ်၊ တွက်ရလည်း အလွန်လွယ်တယ်၊ ဇယား(၇)ခုကို ကျက်မှတ်ပြီးတာနဲ့ ဆရာတစ်ဆူလုပ်မယ်ဆို လုပ်လို့ရတယ်၊ ဒါပေမယ့် မောင်သူရ ကျုပ်ကို ကတိတစ်ခုတော့ ပေးရမယ်၊ အဲဒါ ကတော့ ဗေဒင်တွက်ပြီး ဥာဏ်ပူဇော်ခ မယူရဘူးဆိုတဲ့ ကတိပဲ၊ ဗေဒင်မေးသူက သဒ္ဓါပေါက်လို့ လှူဒါန်းရင် လက်ခံနိုင်တယ်၊ ဥာဏ်ပူဇော်ခကို ဘယ်ရွေ့ ဘယ်မျှလို့ တောင်းခွင့်မရှိဘူး”
ဟု ပြောဆိုလေရာ မောင်သူရက ခေါင်းညိတ်၍ . . .
“ကျုပ်ကတိပေးပါတယ်ဗျာ၊ ဥာဏ်ပူဇော်ခယူလို့လည်း မသင့်တော် ပါဘူး”
“မကြာမီ အရုဏ်တက်တော့မယ် မောင်သူရ၊ ကျုပ်ခရီးဆက်တော့မယ်၊ ဆရာတော် ကြီးကို တော့ ကျုပ်ညကတည်းက လျှောက်ပြီးပြီ၊ ဗေဒင်ပညာနဲ့ ဆင်းရဲဒုက္ခရောက်နေသူတွေ ကို ကူညီပါ”
ဟု ဆိုလေ၏ ။
မောင်သူရက . . .
“စိတ်ချပါ၊ ကျုပ်အတတ်နိုင်ဆုံး ကူညီပါ့မယ်၊ ဒါနဲ့ နာမည် ပြော သွားပါဦး၊ ကျုပ်ရဲ့ ကျေးဇူးရှင် နာမည် ကို သိချင်လို့ပါ။ နေရပ်လိပ်စာကိုလည်း ပြောပါဦး”
ဟု မေးမြန်းလေ၏ ။ ထိုအခါ တရုတ်အဘိုးကြီးက တဟားဟား ရယ်မော၍ . . .
“ကျုပ်နာမည် ဦးချိန်တီလို့ခေါ်တယ်၊ ကျုပ်မှာ နေရပ်လိပ်စာမရှိဘူး၊ ခြေသလုံးအိမ်တိုင် သွားလာနေတဲ့သူပဲ၊ ကျုပ်ဟာ တိမ်လိုလွင့်တယ်၊ လေနဲ့အတူသွားပြီး လေနဲ့အတူလာတယ်၊ ကျုပ် ဟာ အတိတ်နဲ့ အနာဂတ်ကို မယုံဘူး၊ ပစ္စုပ္ပန်ထဲမှာ ပဲ နေတယ်၊ ဒါကြောင့် ကျုပ်ကိုကျေးဇူးတင်ဖို့ မကြိုးစားပါနဲ့၊ အတိတ်နဲ့ အနာဂတ်မရှိတဲ့သူဟာ ကျေးဇူးတင်ခံရခြင်းဆိုတာလည်း မရှိနိုင်ဘူး”
ဟု ပြောဆိုကာ ဘုန်ကြီးကျောင်းဝင်းအတွင်းမှ ထွက်ခွာသွားလေ၏ ။ မောင်သူရသည် ပဟေဠိဆန်သော အဘိုးကြီးကို မျက်စိတဆုံးကြည့်၍ ကျန်ခဲ့လေ၏ ။
သူသည် ကျောင်းထဲသို့ ပြန်ရောက်သော အခါ ဆီမီးခွက်ကလေးကို ထွန်းညှိဤ သူ့အား တရုတ်ကြီးဦးချိန်တီပေးခဲ့သော စာအုပ်လေးကို လှန်လှောကြည့်လေ၏ ။ စာအုပ်ထဲတွင် ဟူးရား မဟာဘုတ်ဗေဒင်ဟောကွက်များ ကို အောက်ပါအတိုင်း တွေ့ ရလေ၏ ။
အလုပ်အကိုင် - အလုပ်အကိုင် အဆင်ပြေမည် ။ အစိုးရ၀န်ထမ်း ဖြစ်ကရာထူးတက်မည် ။ တစ်လအတွင်း အမိန့်စာထွက်မည် ။ ရာထူးကျနေသူ ဖြစ်က မူလရာထူးကို မကြာမီ ပြန်ရတော့မည် ။
စီးပွားရေး - ငွေဝင်လမ်းရှိသည်။ စီးပွားရေး တိုက်တက်မည် ။ ငွေကြေးချောင်ချောင် လည်လည် သုံးစွဲရမည် ။ အကြွေးပြန်ရမည် ။
ကျန်းမာရေး - ကျန်းမာရေး ကောင်းသည်။ စိုးရိမ်စရာမရှိ။ အနာ ရောဂါ ရှိလျှင် မကြာမီ သက်သာပျောက်ကင်းတော့မည် ။ နာဖျားသူ ဖြစ်က ဆရာကောင်းသမား ကောင်းနှင့် တွေ့ မည် ။
အချစ်ရေး - အချစ်ရေး ကောင်းသည်။ ရည်ရွယ်ထားသူနှင့် မကြာမီ အဆင်ပြေတော့မည် ။ လက်ထပ်ရန်ရည်ရွယ်ထားသူရှိက လက်ထပ်ရန် အလွန်ကောင်းသည်။ အပျိုကြီး လူပျိုကြီးများ မကြာမီ အိမ်ထောင်ကျတော့မည် ။ အိမ်ထောင်ရေး အဆင်မပြေသူ ဖြစ်က အချစ်ဟောင်းနှင့် ပြန်ပေါင်းရမည် ။ အပျိုကြီး လူပျိုကြီး များ အစိုးရ၀န်ထမ်းနှင့် အိမ်ထောင်ကျမည် ။ ဗေဒင်မေးသူက ကုန်သည်ဆို လျှင် အစိုးရအရာရှိသားသမီးများ နှင့် အိမ်ထောင်ကျတတ်သည်။
နိုင်ငံခြားခရီး - နိုင်ငံခြားခရီး အဆင်ပြေမည် ။ သွားဖို့ပြင်ဆင်ထားလျှင် လပိုင်းအတွင်း သွားရ တော့မည် ။
အကြံအစည် - အကြံအစည် အောင်မြင်နိုင်မည် ။
အမှု အခင်း - အမှု အခင်းရှိလျှင် အမှု နိုင်မည် ။
ဥစ္စာပျောက် - ဥစ္စာပျောက်နေလျှင် ပြန်ရလိမ့်မည် ။ တစ်လအတွင်း ပြန်ရမည် ။
တွေ့ လိုသူ
အိမ်တွင် ရှိမရှိ - တွေ့ နိုင်သည်။ အိမ်တွင် အသင့်ရှိသည်။
အလုပ်အကိုင် - အလုပ်ထဲတွင် အဆင်ပြေမည် ။ ရာထူးတက်ကိန်းရှိသည်။ အလုပ်တွင် အပြိုင်အဆိုင်ရှိက အနိုင်ရမည် ။
စီးပွားရေး - ငွေရေး ကြေးရေး မခက်ခဲသော ကာလ ဖြစ်မည် ။ လက်ငင်းငွေမရှိလျှင် မကြာမီ ငွေရလိမ့်မည် ။ တစ်နည်းနည်း ဖြင့် ငွေရေး ကြေးရေး အဆင်ပြေသွားလိမ့်မည် ။ စိတ်ပူစရာမရှိသော ကာလ ဖြစ်သည်။
ကျန်းမာရေး - အိမ်မှာ လူမမာရှိလျှင် ရောဂါ သက်သာပျောက်ကင်းတော့မည် ။ ဆေးရုံ တက်နေလျှင် မကြာမီဆင်းရတော့မည် ။ ဝေဒနာ သက်သာလာမည် ။ အနာနှင့် ဆေး တည့်သွားလိမ့်မည် ။
အချစ်ရေး - အချစ်ရေး အဆင်ပြေလိမ့်မည် ။ ကမ်းလှမ်းသော ကိစ္စအဆင်ပြေမည် ။ အိမ် ထောင်ရေး သာယာမည် ။ စိတ်ချမ်းသာရသော ကာလ ဖြစ်သည်။
နိုင်ငံခြား - နိုင်ငံခြားသွားဖို့ ရည်ရွယ်ထားလျှင် အဆင်ပြေမည် ။ အခက်အခဲရှိလျှင် မကြာမီပြေလည်သွားလိမ့်မည် ။
အကြံအစည် - ရည်ရွယ်ထားသော ကိစ္စ အဆင်ပြေမည် ။ အကူအညီပေးမည့် သူ ပေါ်လာ မည် ။
အမှု အခင်း - စိတ်ပူစရာမရှိ၊ အမှု နိုင်မည် ။
ဥစ္စာပျောက် - ပြန်ရမည် ၊ ဆုံးရှုံးမှု မရှိ။
တွေ လိုသူ
အိမ်တွင် ရှိ/မရှိ - တွေ့ နိုင်သည်။ အိမ်တွင် အသင့်ရှိသည်။
အလုပ်အကိုင် - အဆင်ပြေတစ်ရက်၊ မပြေတစ်ရက် ဖြစ်နေမည် ။ ငွေရေး ကြေးရေး ကိစ္စ ရည်မှန်းထားသလောက် ဖြစ်မလာသေး။ သို့ သော် စိတ်ပူစရာမရှိ၊ အခက် အခဲရှိသော်လည်း ပြေလည်သွားလိမ့်မည် ။
စီးပွားရေး - ရစရာရှိသော ငွေများ ၊ တစ်ဝက်သာရလိမ့်မည် ။ ငွေဝင်လမ်းရှိသော်လည်း အပြည့်အ၀မရနိုင်သေး။
ကျန်းမာရေး - ဆေးရုံတင်ထားသူရှိက ပထမဆရာနှင့် မပျောက် မကျန်းမာသော ရောဂါ ရှိလျှင် မကြာမီ ပျောက်ကင်း သွားပါလိမ့်မည် ။
အချစ်ရေး - စိတ်တိုင်းကျအောင် အဆင်မပြေနိုင်သေး၊ လင်မယားများ တစ်ယောက် နှင့် တစ်ယောက် နားလည်မှု လွဲမှားနေဦးမည် ။ သို့ သော် မကြာမီအဆင်ပြေလိမ့် မည် ။
နိုင်ငံခြား - နိုင်ငံခြားခရီးအတွက် အခက်အခဲရှိသော်လည်း မကြာမီ အောင်မြင်လိမ့် မည် ။
မကြံအစည် - ရည်မှန်းချက်များ တစ်ဝက်တစ်ပျက်သာ အောင်မြင်မည် ။ ရည်မှန်းထား သလောက် ဖြစ်မလာ။
အမှု အခင်း - အမှု ဆိုင်နေရလျှင် ရှုံးမလို ဖြစ်နေပြီး အဆုံးရောက်မှ အောင်မြင်လိမ့်မည် ။
ဥစ္စာပျောက် - တစ်ဝက်သာ ပြန်ရလိမ့်မည် ။
တွေ့ လိုသူ
အိမ်တွင် ရှိ/မရှိ - ပထမအကြိမ်သွားက မရှိ၊ ဒုတိယ အကြိမ်သွားမှ တွေ့ မည် ။
အလုပ်အကိုင် - အဆင်မပြေနိုင်သေး၊ အခက်အခဲ တွေ့ နေလိမ့်မည် ။ ရာထူးတက်ရန် မရှိ။
စီးပွားရေး - အခက်အခဲရှိသည်။ ငွေကြေးဆုံးရှုံးမှု ရှိသည်။ အကြွေးတင်နိုင်သည်။
ကျန်းမာရေး - ကျန်းမာရေး မကောင်း၊ မနာမကျန်း ဖြစ်လျှင် ရက်အတော် ကြာမှ ပျောက်မည် ။ ငွေကုန်ကြေးကျများ မည် ။
အချစ်ရေး - အချစ်ရေး မကောင်း၊ စိတ်ဆင်းရဲရမည် ။ ရတာ မလို လိုတာမရ ဖြစ်နေလိမ့် မည် ။ အိမ်ထောင်ရေး အခက်အခဲရှိမည် ။ လူပျိုကြီး အပျိုကြီးများ အိမ်ထောင် ပြုလျှင် အခက်အခဲတွေ့ ရလိမ့်မည် ။ ချစ်သူနှင့် သဘောထား ကွဲလွဲမည် ။
နိုင်ငံခြား - နိုင်ငံခြားခရီး အဆင်မပြေနိုင်သေး။ လူလိမ်ခံရတတ်သည်။ အခက်အခဲတွေ့  လိမ့်မည် ။
အကြံအစည် - အကြံအစည် မအောင်မြင်နိုင်ပါ။ အခက်အခဲ တွေ့ လိမ့်မည် ။
အမှု အခင်း - အမှု ရင်ဆိုင်ရာတွင် ရှုံးဖို့ရှိသည်။
ဥစ္စာပျောက် - ပျောက်ဆုံးသွားသော ပစ္စည်းပြန်မရပါ။ ဆုံးရှုံးလိမ့်မည် ။
တွေ့ လိုသူ
အိမ်တွင် ရှိ/မရှိ - အိမ်တွင် မရှိပါ။
အလုပ်အကိုင် - အလုပ်အကိုင်မကောင်း၊ ဘာလုပ်လုပ် အဆင်မပြေသော ကာလ ဖြစ်သည်။ ရာထူးကျသော သူများ မူလရာထူး ပြန်မရနိုင်သေး။ အခက်အခဲတွေ့ နေသော ကာလ ဖြစ်သည်။
စီးပွားရေး - အဆင်မပြေပါ။ ငွေများ ဆုံးရှုံးနေမည် ။ ၀င်ငွေထွက်ငွေ များ နေပြီး ရှာ မလောက် ဖြစ်လို့ စိတ်ညစ်နေမည် ။ ကြွေးတင်နိုင်သည်။ ကြွေးဆပ်ဖို့ အခက် အခဲရှိသည်။
ကျန်းမာရေး - ညံ့သည်။ အသည်းအသန်လူနာဆိုရင် အသက်ဘေး စိုးရိမ်ရမည် ။ ရောဂါ ရှိလျှင် အမြန်ဆုံးကုသရမည် ။
အချစ်ရေး - အချစ်ရေး လုံးဝမကောင်း။ အိမ်ထောင်ရေး တွင် အခက်အခဲရှိမည် ။ ချစ်သူနှင့် သဘောထားကွဲလွဲတတ်သည်။
နိုင်ငံခြား - နိုင်ငံခြားခရီး လုံးဝမသွားသင့်သော အချိန် ဖြစ်သည်။
အကြံအစည် - အကြံအစည် မအောင်မြင်နိုင်ပါ။ အခက်အခဲ တွေ့ လိမ့်မည် ။
အမှု အခင်း - အမှု အခင်းအ ဖြစ်များ မည့် ကာလ ဖြစ်သည်။
ဥစ္စာပျောက် - ပျောက်ဆုံးသွားသော ပစ္စည်းပြန်မရပါ။ ဆုံးရှုံးလိမ့်မည် ။
တွေ့ လိုသူ
အိမ်တွင် ရှိ/မရှိ - အိမ်တွင် မရှိပါ။
သေမင်းဖြူ | ပုလဲနက်သိုက် | ရေပြာအိုင်နှင့် နတ်ဆေးဂမုန်း |