အခန်း(၁)
ဆုလေးနွယ်
ကောင်းကင်ပေါ်က အနမ်းလက်ဆောင်
ကျွန်တော် တို့ငါးယောက် က ကျောင်းမှာ ကတည်းက ခင်မင်လက်တွဲ လာတဲ့သူငယ်ချင်း တွေ ပါ။ ယောက်ျားလေးက သုံးယောက် မိန်းကလေးက နှစ် ယောက် ။
အဲဒီ ငါးယောက် မှာ လေးယောက် က ၀ါသနာတူတယ်။ ကျွန်တော် ၊ အဂ္ဂ၊ နန္ဒနဲ့ ရှင်ညိုတို့က တေးဂီတကို ခုံမင်ရူးသွပ်တယ်။ မဂီလို့ ခေါ်တဲ့ သင်္ဂီ ကတော့ သီးချင်နဲ့ပတ်သက်ရင် သိပ်ဝါသနာ မပါလှဘူးဆိုပါတော့။
တကယ်တမ်း ပြောရရင် ညိုညိုရော မဂီရော မိန်းမချောလေးတွေ လို့ ဆိုရမှာ ပါ။
ဒါပေမဲ့ ကျွန်တော့်ဘက်က ရိုးရိုးပဲ…သူတို့အပေါ် ရင်မခုန်မိဘူးဗျ….
တစ်နေ့မှာ မထင်မှတ်ဘဲ…
ကျွန်တော့်လက်ထဲက အသည်းလေးတစ်ခု ဖျတ်ခနဲ ပေါက်ကွဲသွားခဲ့တယ်။
အဲဒါ ….အဲဒီ ကောင်မလေးရဲ့ အနားမှာ ပဲ…..
လက်ငင်း
“Valentineday” လာဖို့ တစ်လတိတိအလိုမှာ ……
ကောင်လေး တစ်ယောက် ကို အဖြေပေးလိုက်တယ်…..
သူငယ်ချင်းတွေ က ရည်းစားကိုယ်စီရှိပြီး….
ကိုယ့်မှာ ချစ်သူမရှိရင် မျက်နှာငယ်မိလို့ ထင်မိတာနဲ့ သူ့ကို သိပ်စဉ်းစားမနေဘဲ လက်ခံ လိုက်တာပါ။
ဒါပေမဲ့….
နောက်တစ်ပါတ်မှာ ပဲ ကျွန်မသိသွားတယ်။
အချစ်ဆိုတာ…
အဖြေပေးတာ၊ မပေးတာနဲ့ မသက်ဆိုင်ဘူး။
ယိုးမယ်ဖွဲ့
လက်ငင်းသည် အိပ်ရာပေါ် ထောင်ထားတဲ့ ဟောလိုဂစ်တာကို လှမ်းဆွဲယူကာ စိတ်ကူး ရလာတဲ့ သံစဉ်လေးတစ်ခုကို ရှာကြည့်မယ်စိတ်ကူးနဲ့ ကြံရွယ်စဉ်မှာ ပဲ စားပွဲပေါ်မှ သူ့ဖုန်းက ရွေ့ လျားတုန်ခါလာသည်။ ပြီးလျှင်… မြူးဇစ်သံလေးပါ ဆက်လက်ထွက်ပေါ်လာသည်။
“ကျွစ်”
စိတ်မရှည်တတ်သော လက်ငင်းဟာ ရွတ်ခနဲ ရေရွတ်၍ ဂီတာကို မွေ့ယာပေါ် ပြန်ချလိုက် မိ၏ ။
သူသီးချင်းရေး တော့မယ်
ဂီတာတီးတော့မယ်ဆိုရင် အဲဒီ ဖုန်းက မည် လာပါပြီ။
ဖုန်းက မမည် ဘူးရင် အိမ်မှာ နေတဲ့ သူ့တူလေးနှစ် ယောက် ဖြစ်တဲ့ ကဲကဲနဲ့ ချမ်းချမ်းက အခန်းထဲ လာရှုပ်ပါပြီ။
သူတစ်ခုခု စိတ်အေးလက်အေး စိတ်ဝင်တစား လုပ်မယ်ကြံတိုင်းမှာ တစ်ခုမဟုတ်တစ်ခုက အနှောင့်အယှက် ပေါ်တက်တာ ထုံးစံလို ဖြစ်နေသည်။
သူ သတိမထားမိတာ နှစ် ခုရှိသည်။
သူဟာ ဘယ်သွားသွား မကြာခဏ မိုးမိတတ်တာနှင့် တစ်ခုခုကြံစည်တိုင်း အနှောင့် အ ယှက် ၀င်တတ်တာပဲ။
အဲဒီ နှစ် ခုဟာ သူ မကြာခဏ ကြုံနေကျကိစ္စပဲ ဖြစ်သည်။
မြိန်မြိန်ယှက်ယှက်နဲ့ သူကြိုက်တဲ့ဟင်းနဲ့ ထမင်းစားဖို့ ထမင်းစားပွဲမှာ ထိုင်တာနှင့် သူငယ်ချင်းက ကားဟွန်းတီးလာခေါ်တာမျိုး။ ဘောလုံးပွဲကြည့်ပြီး အိပ်ရေး ပျက်လို့ ဖုန်းပိတ် တံခါးပိတ် ကျိုးပစ်လိုက်မယ်ဆိုပြီး စောင်ခြုံအိပ်လိုက်တာနှင့် မာမီက တံခါးလာခေါက် နှိုးတတ်တာ မျိုး၊ ကွန်ပျူတာ ဖွင့်ပြီး မြူးဇစ်ရှာနေတုန်း အိမ်ကို သူငယ်ချင်းရောက်လာပြီး သူ့အကြောင်းတွေ တစ်နေကုန် နန်းစတော့ပါ ပြောနေတာမျိုး….။
အင်း…တစ်နေ့တစ်နေ့ သည်းခံစိတ်ရှည်ရတာ တွေ တယ်များ ပါလား…
အခုလည်း ဘယ်သူ့ဖုန်းလဲ…
အဂ္ဂလား…နန္ဒလား….
ဘာကိစ္စပဲရှိရှိ မရှိရှိ သူ့ဆီ ဖုန်းနှစ် ခါလောက် အနည်းဆုံး မဆက်ရရင် မနေတတ်တာက နန္ဒနဲ့ အဂ္ဂပဲလေ။ ဒါမှမဟုတ် ရှင်ညိုလား…မဂီလား…
ညိုညိုနှင့် မဂီလည်း သူ့ကို ဦးနှောက်စားတတ်တာပါပဲ။
စိတ်ထဲက အတွေးနှင့် ဖုန်းစခရင်ကိုကြည့်တော့ သူ မသိတဲ့ နံပါတ်တစ်ခု…
လက်ငင်းက မျက်မှော င်ကုပ်စဉ်းစားရင်း ဖွင့်နားထောင်လိုက်သည်။
“ဟက်လို”
ခပ်သြသြထူးသံကြောင့် ယိုးမယ်ဖွဲ့က မျက်ခုံးလေး အရင်ပင့်မိသည်။
မတတ်နိုင်ပါဘူး။ ၀င်တဲ့ဖုန်းကို ပြောရမာပဲ…
“အခု ပြောနေတာ ဘယ်သူလဲ”
ခပ်တင်းတင်း မေးသံကြောင့် ဖုန်းထူးရတဲ့ လက်ငင်းမှ ပို၍ စိတ်တိုသွားရသည်။
“မင်း…ဘယ်သူလဲ၊ အရင်ပြောရမယ်ဆိုတာ နားမလည်ဘူးလားကွ”
“အောင်မာ…ကြီးကျယ်လိုက်တာ”
တစ်ဖက်က မိန်းကလေးက မခေ။
သူလည်း ဖုန်းဆက်သေး…သူကပဲ လေသံမလျှော့ဘူးဆိုတော့ လက်ငင်းကို ဘာများ မှတ် နေလို့လဲ။
“မင်း …ဘယ်သူလဲ။ ဖုန်းထဲကနေ ဇာတ်လမ်းရှာမယ် အီစီကလီလုပ်မယ်ဆိုရင် လက် လျော့လိုက်ပါ။ ငါ့မှာ အချိန်မရှိဘူး”
“ဟင်… ဘာပြောတယ်။ ရှင် စော်ကားလှချည်းလား။ ကျွန်မကို ဘယ်လိုမိန်းမများ ထင်နေ လို့လဲ”
“ဒါတော့ .. ငါ ..မသိဘူးလေ”
ကြည့်စမ်းပါဦး…တော် တော် အမြင်ကပ်စရာကောင်းတဲ့အသံကြီး …အသံမှာ ကိုက ဘ၀င် မြင့်အောက်ခြေလွတ်နေတဲ့ ပုံစံပေါက်နေတာ။
“ရှင် စကားပြောရင် ယဉ်ယဉ်ကျေးကျေးပြောစမ်းပါ”
“ဆိုစမ်းပါဦး ..မယဉ်ကျေးကရော ဘာပြောချင်တာလဲ”
သူက ပြန်ခနဲ့သည်။
ယိုးမယ်က နှုတ်ခမ်းလေးကို မဲ့ရွဲ့ပြီးမှ..
“ရှင်…မဂီသူငယ်ချင်းလား”
“ဟုတ်တယ်”
“ရှင့်ကိုတော့ သမိဘူး။ ဒီမှာ ဖုန်းနံပါတ်တွေ့ လို့ ဆက်လိုက်တာ”
စောစောကတည်းက ဒီလို မိတ်ဆက်ရင်ပြီးရော…
ဒါဖြင့် မဂီနဲ့ ပတ်သက်တာပေါ့..
“ဆိုပါဦး..”
“အခု ပြောနေတာက မဂီညီမ ထူးထူးရဲ့ သူငယ်ချင်း။ ထူးထူးကို ဒီနေ့ကျူရှင်မရှိဘူးလို့ ဆရာမ က ပြောခိုင်းလို့ပါ။ မဂီတို့ အိမ်ဖုန်းက ဆက်မရဘူး။ Han Phone ကလည်း စက်ပိတ်ထား တယ်။ ဒါကြောင့် ရတဲ့ဖုန်းကို ခေါ်ပြီး ပြောရတာ ။ နားလည်ရဲ့ လား”
“အဲဒါဆိုလည်း မင်းကကောင်းကောင်းမွန်မွန် ပြောပါလား”
“ရှင်ကမှ အေးအေးဆေးဆေး မပြောဘဲ”
“ဘာပဲ ဖြစ် ဖြစ်….မင်းကိစ္စကို ငါက နားထောင်ပေးရတာ ”
“ကျွန်မကိစ္စမဟုတ်ပါဘူး။ ထူးထူး မသိဘဲ ထွက်လာမှာ စိုးလို့ ပြောပေးရတာ ”
“မင်းတောင် ဆက်လို့်ရတာ ။ ငါကရော မဂီကို ဘယ်လို ဆက်သွယ်မလဲ”
“ရှင်တို့က တွေ နေကျဆို….”
“ဟ….တွေ့ နေကျဆိုတာ ညဖက်….”
“နေ့တွေ ညတွေ တော့ ကျွန်မ မသိဘူး။ ဆက်လို့်ရတဲ့ ဖုန်းကို ခေါ်ပြီး ပြောလိုက်ပြီ။ ကျွန်မ တာဝန်ကုန်ပြီ”
“မင်းဟာက သူများ အပေါ် တာဝန်လွှဲချနေတာပဲ။ မင်းကိစ္စ မင်းဘာသာပဲ ရအောင် ပြော ပေးရမှာ ။ ငါနဲ့ ဘာဆိုင်လို့လဲ”
“ရှင်ဘယ်လိုလူလဲ။ မဂီကို ပြောပေးလိုက်ရင် ရပြီပဲဟာ”
“မဂီနဲ့ ငါနဲ့ အခုတွေ့ စရာ မရှိသေးဘူး”
“အိမ်ချင်းနီးတယ်မို့လား သွားပြောပေးလိုက်ပေါ့”
နေရင်းထိုင်ရင်းကု အခမဲ့အကျိုးဆောင် ဖြစ်လာပါပြီ။ အိမ်ကိုပင် သွားပြောပေးရဦးမတဲ့။
“ဘယ်ကလာ အိမ်ချင်းမနီးပါဘူး။ တစ်ခြားစီ”
ကောင်မလေးနှင့် အတော် ငြင်းခုန်နေရသည်။ ဒီနေ့တော့ ပြဿဒါး ဖြစ်နိုင်သည်။ သူတို့ ကျူ ရှင် ရှိ၊ မရှိကိစ္စဟာ ဘယ်လိုက ဘယ်လို သူ့ခေါင်းပေါ် ရောက်လာသလဲ မသိပါ။
“ရှင် မပုပ်နဲ့နော်”
“မင်း လွန်လာပြီကွာ။ မင်းလည်း အကူအညီ တောင်းသေးတယ်”
“ဒါလေးများ ဘာခက်ခဲလို့လဲ။ ရှင်လည်း လှိုင်မြင့်မိုမှာ နေတာပဲ မဟုတ်လား။ ဖုန်းဆက်လို့ မရရင် မဂီတို့အိမ် သွားပြောပေးလိုက်ပေါ့ ကျူရှင်က လေးနာရီမှတက်ရမှာ ။ တော် ကြာ ထူးထူး က ဘတ်စ်ကားနဲ့ မြေနီကုန်ထိလာပြီးမှ ကျူရှင်ဖျက်တယ်မှန်းသိရင် အလာကား သက်သက် ပင် ပန်းဦးမယ်”
“နေစမ်းပါဦး.. ငါက လှိုင်မြင့်မိုရ်မှာ နေတယ်လို့ ဘယ်သူပြောလဲ”
“ဒါဖြင့် ရှင်က ဘယ်မှာ နေလို့လဲ။ သွားမပြောပေးချင်တိုင်း ညာလို့ရမယ် မှတ်နေလား ထူးထူးက ကျွန်မကိုအကုန်ပြောပြီးသား။ မဂီရဲ့ ဘော်ဒါကြီး ကိုနန္ဒဆိုတာ အိမ်နီးချင်းမှန်း သိပြီး သား”
“မင်းမှားနေပြီ ငါက နန္ဒလည်း မဟုတ်ဘူး။ နန္ဒလည်း လှိုင်မှာ မနေတာကြာပြီ။ ဒီကောင် လိပ်စာ ပြောင်းသွား ပြီ”
“ရှင် ကတော့ ကိစ္စပြတ်အောင် ပြောနေပြီ။ ကဲပါလေ မပြောပေးချင်ဘဘူး။ မကူညီချင်ဘူး ဆိုလည်း ရှင်းရှင်းပြောပေါ့။ ယောက်ျား ဖြစ်ပြီး ဟိုဒီကွေ့ရှောင်ပတ်မနေနဲ့။ ကျွန်မဘာသာ သူတို့ ဖုန်းကိုပဲ ရတဲ့အထိ စောင့်ခေါ်မယ်။ တကယ်လို့ မရလည်း မတတ်နိုင်ဘူးပေါ့။ ရှင့်အကြောင်းကို တော့ သဘောပေါက်သွားပြီ။ ဒါပဲ ဦးနန္ဒရေ”
“တောက်”
နန္ဒမဟုတ်ပါဘူးဆိုတာလည်း ငြင်းမရ။ လှိုင်မှာ မနေဘူးဆနုတာလည်း မယုံ၊ တစ်ဖက် သတ် ရန်လိုပုတ်ခတ်သွားတဲ့ကောင်မလေးကို ဒေါသ ဖြစ် ဖြစ်နှင့် အခုန အာရုံကျနေတဲ့ သံစဉ် စာ သားတွေ လည်း ပျောက်ကုန်လျက် လက်ငင်းမျက်နှာ ရှုတင်းတင်းပုတ်သိုးသိုးကြီး ဖြစ်ကျန်ခဲ့လေ သည်။
အခန်း(၂)
အိချိုက အမ်ပီဖိုးပလေယာရဲ့ နားကြပ်တစ်ဖက်ကို သူမနားထဲ လာထည့်၏ ။
“မင်းပါ.. မင်းပါ”
ငါ့ဘ၀အတွက် အရာရာ မင်းလေးပါ…
မင်းလေး မုန်းသွားမှာ စိုး…
မင်း.. မင်းပါ…
အနှိုင်းမရတဲ့ ငါ့အချစ် မင်းအတွက်ပါ…
မင်းနဲ့ ဝေးရရင်တော့ကွာ…
ငါ့အသည်းတွေ ပဲ့ကြွေပြီ…
Blueberry ရဲ့ တေးသီချင်းလေးကို ကြားရသည်။ သို့သော် ယိုးမယ်က စိတ်မရှည်လှဘဲ နားကြပ်ကို ပြန်ဆွဲဖြုတ်လိုက်၏ ။
အိချိုက ရယ်ကျဲကျဲနှင့် သူ့ချစ်သူ မိုးယံ နားရွက်ထဲ နားကြပ် သွားထည့်ပြန်၏ ။
ဘေးနားက စုံတွဲ နှစ် တွဲ လုံးက ပျော်နေသည်။
သူတို့ရဲ့ ရည်းစားသက်တမ်းတွေ ကလည်း ဒီနေ့ တစ်နှစ် ပြည့်ပြီလေ…
အိချို မိုးယံကို အဖြေပေးတာလည်း ဒီနေ့ပဲ… သန္တာက ကျော်လွင်ကို လက်ခံတာလည်း ဒီနေ့ပဲ။ သူတို့နှစ် ယောက် တိုင်ပင်ပြီး ရည်းစားတစ်ပြိုင်နက်ရသွားတာကို ထူးထူးနှင့် ယိုးမယ်မှ စိတ်တွေ ဆိုးလိုက်တာ။
သူတို့နှစ် ကောင်နှင့် ခေါ်ကိုမခေါ်။
အတန်းထဲမှာ လည်း အတူတူ မထိုင်… ။ ကျောင်းဖယ်ရီကားပေါ်မှာ လည်း စကား မပြောဘဲ မျက်နှားထားတည်တည်နှင် နှုတ်ပိတ်လျက်သား..
ကျောင်းမှာ ကင်တင်းထိုင်လည်း ထူးနှင့် ယိုးမယ်ပဲ သပ်သပ်သွားထိုင်တာ။
အဲလိုဒီ ယိုးမယ်တို့နှစ် ယောက် က ဆန္ဒပြ စူပုတ်တင်းမာနေပေမယ့် အိချိုတို့ဟာ ဂရုမစိုက် ဘူး ရေး ချ ဂရုမစိုက်ပါ။ အခုမှ အတွဲ ကိုယ်စီ ချိတ်ထားတော့ မိုးမမြင် လေမမြင် ပျော်ကောင်းနေ ကြတာပေါ့။
မိုးယံရော ကျော်လွင်ရောကလည်း သူစိမ်းမဟုတ်ကြပါ။
အစကတည်းက ဖယ်ရီတစီးတည်း အတူစီးနေကြတဲ့ သူငယ်ချင်းတွေ ပါပဲ။
ဒါပေမဲ့ ယိုးမယ်တို့လေးယောက် မှာ နှစ် ယောက် က လက်တွဲ ဖြုတ်သွားတော့ စိတ်မကောင်း ဘူးပေါ့။
ဒါကိုပဲ နှစ် ယောက် သား ပြောမဆုံး ခံစားမဆုံးနိုင်နှင့် တစ်ပတ်နှစ် ပတ် ကြာသွားတဲ့အခါမှာ တော့ အနည်းငယ် သွေးအေးလာသည်။
အိချိုနှင့် သန္တာကလည်း သူမတို့ကို မရအရ လိုက်ချော့ကြပါသည်။
ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာ မေဂျာတစ်ခုတည်း အတူတက်ကြတဲ့သူတွေ ဆိုတော့ ပရက်တီကယ်လ်လုပ်ရင်လည်း တစ်ဖွဲကတည်းဆိုတော့ ကြာကြာလည်း စိတ်မကောက်နိုင်ကြ။
တစ်ဖြည်းဖြည်းနှင့် စကားတစ်ခွန်းစ နှစ် ခွန်းစ ပြန်ပြောရင်းက ပြေလည်မှန်းမသိ ပြန်ပြီးေ ပြလည်သွားခဲ့ကြသည်။
ပြေလည်သွားတဲ့အခါမှာ ယိုးမယ်တို့လေးယောက် တည်း မဟုတ်တော့ပါ။ မိုးယံနှင့် ကျော် လွင်က တတန်းတန်းပါလာပါတော့သည်။
ချစ်သူတွေ ဖြစ်ကာစဆိုတော့ အင်မတန်လည်း အကဲပိုကြပါသည်။ အတန်းရှေ့မှာ လာ ချောင်းလိုက်၊ ပရက်တီကယ်ခန်းရှေ့မှာ လာစောင့်လိုက်၊ ကင်တင်းထိုင်ဖို့လာခေါ်လိုက်။ တော် ကြာ ရုပ်ရှင်ကြည့်ဖို့ ချိန်းလိုက်၊ တော် ကြာ ကရ၀ိတ်သွားဖို့ ချိန်းလိုက်။ တော် ကြာ စတိတ်ရှိုး ကြည့်ဖို့ ခေါ်လိုက်နှင့် ရှုပ်ယှက်ခတ်ာ မျက်စိနောက်စရာ ကောင်းလှသည်။
“နင်တို့ဟာက လွန်ကို လွန်းတယ်။ ယောက်ျားမြန်မြန်ယူမှ အေးမှာ …”
ဟု ယိုးမယ်တို့မှာ အမြင်တကပ်ကပ်နှင့် မျက်စောင်းတရွယ်ရွယ်နှင့် မကျေမနပ် ဖြစ်ရသည်။
ကိုယ့်ဘာသာလည်း တိတ်တိတ်လေး တော့ အားငယ်ရ၏ ။
ဒါတောင် ထူးထူးတစ်ဆေယာက် အဖော်ရှိနေပေလို့။
စိတ်ချထားလို့မှ မကြာသေး။ ထူးထူးကလည်း ဗွေဖောက်လာပါသည်။ သူ့ကို ဆယ်တန်း လောက်ကတည်းက ကြိုတင်ပရိုပို့စ်လုပ်ထားတဲ့ သင်္ဘောသား ကိုကိုနိုင်ကို အဖြေပေးလိုက်ပြီ တဲ့။
ဟိုက သင်္ဘောကပြန်တက်ရမှာ မို့ သနားလို့ ပြန်ချစ်လိုက်သတဲ့လေ။ ကောင်းရောပေါ့..
သုံးယောက် လုံး နံပါတ်ချိတ်သွားပြီ…
အဲဒီ တစ်နှစ် လုံး ယိုးမယ်နေလို့မကောင်းဘဲ စိတ်ထဲ ကသိကအောက် ဖြစ်နေသည်။
ဘာပဲ ဖြစ် ဖြစ် ကိုယ် တစ်ယောက် တည်း ဘက်ပဲကျန်နေခဲ့တော့ ကိုယ်ပဲ မျက်နှာမပွင့်သလို။ မစွံသလို ဖြစ်နေရသည် မဟုတ်လား။
“နင်တို့ သုံးယောက် နဲ့ အပေါင်းအသင်းကို မလုပ်ချင်တော့ဘူး”
“ဘာရယ်…ယိုး၊ နင် သီလရှင် ၀တ်တယ်။ ဟုတ်လား”
“လာမနောက်နဲ့နော် ငါအရမ်းစိတ်တိုနေတယ်”
တကယ်လည်း ယိုးမယ်ဖွဲ့မှာ အလိုလိုနေရင်းက စိတ်တိုပြီး အလိုမကျ။ စိတ်တိုင်းမကျ တနုံ့နုံ့ ဖြစ်နေရပါသည်။ သူတို့ အဖော်တွေ ကိုယ်စီတွေ့ သွားချိန်မျာ ယိုးမယ်က မတွေ့ သေးဘူးလေ။
ချက်ချင်း ကြီးလည်း ဘယ်လိုရှာဖွေမလဲ။
ပြီးတော့ သူ့ချစ်ကိုယ်ချစ် လိုက်ဖက်ညီညီလေးလည်း တွေ့ ဦးမှ
“ယို… စိတ်မဆိုးနဲ့နော်။ အိချို အကြံတစ်ခုပေးရမလား”
“အကြံဆိုတော့မှ သွားလွှင့်ပစ်လိုက်ပေါ့”
“သန္တာ ..နင်ပြောဦး”
“မရဘူး.. သူ့ကို ထူးထူးပဲ နားချမှရမှာ ”
သူတို့သုံးယောက် ဘယ်လိုကနေ ဘယ်လို စိတ်ကူကိုယ်တူ အဖွဲ့ ဖြစ်သွားပြီး ယိုးမယ်က အဖွဲ့ရဲ့ အပြင်ဘက်ကို ရောက်မှန်းမသိ ရောက်နေပါပြီ။
ဒါကိုပဲ ယိုးမယ်မှာ စိတ်ကောင်း ဖြစ်ရသည်။
သူတို့နဲ့ ကိုယ်နဲ့မှာ အကန့်တစ်ခုသာ သိသိသာသာခြားသွားခဲ့ပြီ။
နောင်ကျောင်းပြီလို့ သူတို့ လက်ထပ်ကြပြီဆိုရင် ဒီဘက်ပိုပြီး ဝေးကွာသွားဦးမှာ ။
အားငယ်စရာ ကောင်းသည်ဟု ထင်လာမိသည်။
ယိုးမယ်သည် နောက်ပိုင်းမှာ သူတို့နှင့် ဟိုဟိုဒီဒီ သိပ်မလိုက်လိုလှပဲ ကိုယ့်ဘာသာ သီးသန့်ချန်နေတတ်ခဲ့သည်။
စကားပြောရတာ တိုင်ပင်ရတာ လည်း အရင်လို မနွေးထွေး မနီးကပ်တော့ဘူးဟု ထင်မိ သည်။
သူမ တစ်ယောက် တည်း အထီးကျန်နေသလို ဖြစ်လာသည်။
ယိုးမယ်ရဲ့ ပုံစံကိုကြည့်ပြီး သူတို့သုံးယောက် ကလည်း မနေသာ..
ထူးထူးက…
“ယိုးမယ် ..နင့်ကိုလိုက်နေတဲ့ နေဘွိုင်းဆိုရင်ရော၊ သူက စတိုင်လ်လည်း မိုက်တယ်။ ပိုက်ဆံလည်း ရှိတယ်နော်”
“ပုံက ဆောင့်ကြွားကြွားနဲ့ မကြိုက်ပါဘူး”
“နင်သာ ချေးထူနေတာ။ နေဘွိုင်းကို ကြွေနေတဲ့သူတွေ မှ အများ ကြီး”
“အဲဒါကြောင့် သူ ဘ၀င်မြင့်နေတာ ဖြစ်မှာ ပေါ့”
အိချိုတို့ ထူထူးတို့က မကြာခဏ တိုက်တွန်းနေပေမယ့် ယိုးမယ်စိတ်ထဲ သူ့ကို ဘယ်လိုမှ မနေ။ တစ်ခါတစ်ခါ သူက ယိုးမယ်ကို လိုက်စ.. ကျူရှင်မှာ အနားကပ်ပြီး လာထိုင်မို့ သူစိတ်ဝင်စား တာကိုတော့ အားလုံးက ရိပ်မိနေကြသည်။
သူတို့က နေဘွိုင်းနဲ့ သဘောလည်း တူကြသည်။
“ဘ၀င်မြင့်တာ မဟုတ်ပါဘူးဟယ်။ သူနေတတ်သလို နေတာပါ”
“အင်းလေ.. နေဘွိုင်းဆိုရင်လည်း မိုးယံတို့နဲ့လည်း ခင်ပြီးသား။ ဘယ်လောက် အဆင် ပြေလဲ”
“သူက ကြည့်ရတာ တကိုယ်ကောင်းဆန်တယ် ယိုးမယ်နဲ့ ဖြစ်မှာ မဟုတ်ဘူး”
“နင်ကလည်း ဗိုလ်ခပ်ကျကျလေး၊ စကားပြောရင်းလည်း အထက်စီးလေးက နေရမှ။. အဲဒါကြောင့် နင်တို့နှစ် ယောက် က တူကြတာပေါ့”
“အေးလေး… အသွင်တူမှ အိမ်သူ ဖြစ်တဲ့…”
“တော် ပြီဟာ.. လာမပြောနဲ့..”
ယိုးမယ်က ကျောပိုးအိတ်ကောက်ယူပြီး သူတို့နားက ထထွက်ခဲ့ပေမယ့် ခေါင်းထဲမှာ တော့ နေဘွိုင်းကို အေးအေးဆေးဆေး စကားပြောကြည့်ဆွေးနွေးကြည့်ရင် ကောင်းမလားဟု စဉ်းစား ကြည့်နေမိသည်။
သူ့ကို လက်တွဲ လိုက်ရင် လိုနေတဲ့ကွက်လပ်တစ်ခု ပြည့်သွားမှာ ပဲ မဟုတ်လား
ဘေးနားမှာ ကြင်နာဖော်လေး တစ်ယောက် ရှိလာတဲ့အခါ ယိုးမယ်ဖွဲ့ဟာလည်း ခုလို တစ် ယောက် တည်း မဟုတ်တော့ဘူး ပေါ့လေ။
အချိုတို့တွေ နဲ့ အတူသွားအတူလာတဲ့အခါ ယိုးမယ်လည်း မျက်နှာ မငယ်ရတောာ့ဘူး ပေါ့။
သူမဟာ ဒီလောက်လေးပဲ အလွယ်စိတ်ကူးကာ တစ်ဘ၀စာလုံးအရေး ကို အရှည်သဖြင့် မမျှော်မြင်။ မတွေးခေါ်တော့ပါ။
ခေါင်းတွေ လည်း ရှုပ်နေတာမို့ ဆုံးဖြတ်ချက်ဟာ မှားသလား။ မှန်သလားမသိ။
အဲဒီ ညမှာ ပဲ နေဘွိုင်းကလည်း သူမထံ ဖုန်းဆက်တာမို့ ခပ်ကြာကြာလေး စကားတွေ ပြော ဖြစ် သွားသည်။
နေဘွိုင်းဆိက ချစ်ခွင့်ပန်တဲ့စကားတစ်ခွန်းဟာလည်း ယိုးမယ်ကို အားရှိစေသည်။
“ကိုယ်. ယိုးမယ်ကို ချစ်တယ်ကွာ။ ယိုးမယ် လက်မခံရင်လည်း အနားမှာ အမြဲတမ်းနေသွား မှာ ပဲ။ တခြားဘယ်သူမှ ရစ်ဝဲမလာနဲ့ ..လုံးဝမရဘူး။ ဒါပဲ…”
သူ့ရဲ့ ဂျစ်ကန်ကန်ပြောပုံဆိုပုံလေးတွေ မှာ ပဲ သာယာမိသလိုလို ယိုးမယ် နှုတ်ခမ်းလေး တွေ က ပြုံးမြနေခဲ့မိသည်။
တနင်္လာနေ့ ကျောင်းဖွင့်တဲ့အခါ မိုးယံတို့က ဘာပြောလိုက်သလဲ မသိ။ နေဘွိုင်းက သူမ တို့အုပ်စုထဲ မကြေညာဘဲ ၀င်ရောက်လာသည်။
ထူးထူး ကျောင်းမတက်တဲ့ရက်မှာ ဟိုနှစ် တွဲ က အသီးသီး လစ်ထွက်သွားတဲ့အခါ နေဘွိုင်း နှင့် ယိုးမယ်သာ ကျန်ခဲ့တာမို့ ဘယ်လိုက ဘယ်လို အဖြေပေးမိသွားသလဲ မသိတော့ပေ။
စိတ်ယိုင်ယိုင်နှင့် မို့ အနားက လူ တစ်ယောက် ကို ငြိတွယ်သံယောဇဉ် ဖြစ်မိတဲ့ သဘောပင်။
နေဘွိုင်းဟာ သူမမျက်နှာလေးကို မလွဲတမ်း စိုက်ကြည့်နေရင်းက လက်ဖျားလေးကို ၀မ်း သာအားရ ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်လိုက်တာမို့ ရင်ထဲမှာ ပူနွေးလှိုက်ဖို သွားခဲ့ရတာ မှတ်မှတ်ရရ ပါပဲ။
သို့သော် သူနှင့် ရည်းစား ဖြစ်ပြီး နောက်တစ်နေ့မှာ ပင် နေဘွိုင်းက သူ့ဦးလေးနှင့် နေပြည် တော် သို့ လိုက်သွားခဲ့ရသည်။
မိသားစုအရေး ကိစ္စတစ်ခုမို့ သူ့ကိုတားဖို့ မ ဖြစ်တော့။
ယိုးမယ် တစ်ယောက် တည်း ခွဲချန်နေခဲ့ရသည်။
ချစ်သူရှိပြီး နောက်တစ်နေ့မှာ ပင် သူမအတွက် စိတ်ကသိကအောက် ဖြစ်စရာက စတင်ခဲ့ တာ။
အခုဆိုရင် သူ လိုက်သွားတာ ခြောက်ရက်ရှိပြီ။
နေဘွိုင်းအနားမှာ မရှိတဲ့အခိုက်မှာ ပဲ အင်မတန်မှပဲ အထိမ်းအမှတ်တွေ ဂရုစိုက်တတ်တဲ့ စုံတွဲ နှစ် တွဲ ဟာ ချစ်သူနှစ် ပတ်လည် မုန့်ကျွေးကြမှာ တဲ့လေ။
ကြည့်မရပါဘူး…
မိုးယံနျင့် အိချိုက နားကြပ် တစ်ယောက် တစ်ဖက်တပ်ပြီး သီချင်းအတူ နားထောင်ရင်း တစ် ယောက် ကို တစ်ယောက် ချိုမြိန်ကြည်နူးစွာ စိုက်ကြည့်နေကြသည်။
သန္တာ ကတော့ ခပ်လှမ်းလှမ်းမှာ စီးကရက် သွားသောက်နေတဲ့ ကျော်လွင်နောက်သို့ လိုက်သွားပြီး ဘာတွေ ကနွဲ့ကလျပဲများ နေသလဲ မသိပါဘူး။
ယိုးမယ်လည်း ဘာကိုမကျေနပ်မှန်းမသိ။ တစ်ယောက် တည်း ခြေဆောင့်ဖိကာ..
“အေး ..နင်တို့ဘာသာ သီချင်းပဲ နားထောင်ကြ သိလား။ ငါ အိမ်ပြန်တော့မယ်”
ထုံးစံအတိုင်း ယိုးမယ်ဖွဲ့ကာ ကျော်ပိုးအိတ်အနက်လေး ကောက်လွယ်ကာ ပြန်ဖို့ ခြေ လှမ်းပြင်သည်။
အိချိုက သူမလက်ကို ကမန်းကတန်း ဖမ်းဆွဲထားရင်း..
“ ဟယ်.. မပြန်နဲ့ဦး နင်ကလည်း ဒီနေ့လိုနေ့မျိုးမှာ စိတ်မကောက်ကြေးဟာ။ ငါတို့နဲ့ လိုက်ခဲ့ရမယ်။ ဒါပဲ…“
“ထူးထူး ပြန်လာတဲ့နေ့မှ ကျွေးကြပါလား”
“ထူးထူးက ငွေဆောင်လိုက်သွားတာ။ လေး၊ ငါးရက်တော့ ကြာမှာ ပေါ့”
“အေးလေး.. အရေး ထဲကမှ အဲဒီ မိန်းမကလည်း ငွေဆောင်အထိတောင် ပါသွားရသေး တယ်”
ယိုးမယ်က ပွစိပွစိလုပ်နေမိသည်။
ထူးထူးကိုလည်း မကျေနပ်ပါဘူး။
သူ့မိသားစုနဲ့ ခရီးသွာတာများ တစ်ခါတစ်လေ ချန်နေခဲ့တော့ ဘာ ဖြစ်မှာ လဲ။
နေဘွိုင်းအနားမှာ မရှိပါဘူးဆိုမှ သူကလည်း တိုက်တိုက်ဆိုင်ဆိုင်နဲ့ လိုက် ဖြစ်အောင် လိုက်သွားရသေးသည်။
“ကဲပါ.. ပြန်ထိုင်စမ်းပါဦး။ ဟဲ.. သန္တာ …လာပါဦး ဒီမိကောက်ကို လာဖြောင့်ပေးကြဦး”
အိချိုက သူမကို လက်မောင်းကနေ အတင်းဆွဲကာ ပြန်ထိုင်ချစေသလို ခပ်လှမ်းလှမ်းက သန္တာကိုပါ အော်ခေါ်လိုက်တာမို့ ယိုးမယ် မျက်နှာရှုံ့မိကာ…
“ဘာမိကောက်လဲ ..အိချိုနော်”
ယိုးမယ်က မျက်စောင်းရွယ်ကာ အိချိုကို ဖတ်ခနဲ ရိုက်တာမို့ ဘေးနားက မိုးယံ ရယ်နေ သည်။
သန္တာပါ အနားရောက်လာသော အခါ သူတို့လေးယောက် လုံးက ဆိုင်တစ်ခုမှာ မုန့်သွားစား ဖို့ ယိုးမယ်ကို ရအောင်ခေါ်ကြလေသည်။
စိတ်မပါလှပေမယ့် သူတို့ အတင်းခေါ်နေကြတာမို့ ငြင်းလို့လည်း မ ဖြစ်ချေ။
ယိုးမယ် မကျေမနပ်နှင် စိတ်ထဲက နေဘွိုင်းကိုလည်း မေတ္တာပို့သည်။
ထူးထူးကိုလည်း မေတ္တာပို့သည်။
အဲဒီ နေ့ဟာ ယိုးမယ်ဖွဲ့ရဲ့ စိတ်တွေ ပူလောင်ရှုပ်ယှက်ခတ်ပြီး ငြိမ်းအေးမှု တွေ ပျောက်နေတဲ့ နေ့တစ်နေ့ဆိုပါတော့လေ။
သူမရဲ့ နှလုံးသည်းပွတ် အတွင်းတစ်နေရာကို နက်နက်ရှိုင်းရှိုင်း ခိုဝင်လာမယ့် လူတစ် ယောက် ပေါ်ပေါက်လာမယ်ဆိုတာလည်း သူမ ဘယ်လိုမှ ကြိုမသိနိုင်ဘူးပေါ့။
ရည်းစားသက်တမ်း တစ်ရက်ကလေးပဲ ချစ်ရသေးတယ်။ ချစ်သူက အဝေးရောက်နေတော့ မျက်နှာမသာမယာနဲ့ သူများ စုံတွဲ တွေ မုန့်ကျွေးရာသို့ အီလေးဆွဲကာ စိတ်မပါဘဲ ရောက်လာရတဲ့ ယိုးမယ်ဖွဲ့ရဲပုံစံဟာ တက်တက်ကြွကြလည်း မရှိလှဘူးပေါ့။
ကိုယ် အဖော်မဲ့နေတဲ့အချိန် ဒီမိန်းမနှစ် ယောက် ကြည်နူး အကဲပိုနေကြတာကိုလည်း တစ် စက်ကလေးမှ ကြည့်မရ။
တက္ကစီတစ်စီးကို ငှားပြီး ဗဟန်းမြို့နယ်ထဲက စနက်ဘားဆိုင် လှလှလေးတစ်ခုကို ရောက် လာတဲ့အထိ ယိုးမယ်ဖွဲ့က ခပ်ငိုင်ငိုင်။
သို့သော် ကားပေါ်က ဆင်းပြီးတာနဲ့ ကုန်းဆင်းချိုင့်ဝှမ်းလေးထဲမှ အမိုးချွန်ချွန်လေး သုံးခု တွဲ နဲ့ ချစ်စရာကောင်းအောင် အလှဆင်မွမ်းမံထားတဲ့ ဆိုင်လေးကို လှမ်းအမြင်မှတော့ ဘာရယ် မဟုတ်ဘဲ စိတ်ဝင်စား သဘောကျသွားမိ၏ ။
ဒါဟာ သာယာလှပတဲ့ နေရာထိုင်ခင်းလေးတစ်ခုရဲ့ ဆွဲဆောင်မှု ၊ ကဗျာဆန်ဆန် ခြယ်သ ဖန်တီးထားတဲ့ အဆောက်အအုံလေးတစ်ခုရဲ့ လွှမ်းမိုးမှု ပဲရယ်လိုပ တွေးလို့ရသလို ကိုယ်နဲ့  နီးစပ် ပတ်သက်ပြီး ကိုယ်သတိပြုရတော့မယ့်နေရာတစ်ခုရဲ့ ဆန်းကြယ်သော အာရုံဖမ်းစားမှု လို့ ဆိုရင် လည်း မှားမည် မထင်ပါ။
လူတွေ မှာ ထူးခြားသော ဆဋ္ဌမအာရုံခံစားမှု ဆိုတာရှိနေတာ အမှန်ပါ။
ထိုချိုင့်ဝှမ်းထဲက စိမ်းစိမ်းပြာပြာညိုညို အအောက်အအုံလေးကို မြင်တာနှင့် ယိုးမယ်ရဲ့ စိတ်မှာ ပြောမပြတတ်သော စိတ်လှုပ်ရှားမှု လေးတစ်ခုက အလိုလို ရိုက်ခတ်လာပါသည်။
ဘာရယ်ကြောင့်ဟု တိတိပပ မပြောနိုင်သော်လည်း ဆန်းကြယ်သော အာရုံတစ်မျိုးက သူမဆီမှာ မသိမသာလေး ဖြစ်ပေါ်လာသည်။
မလိုတမာ ငြူစူမှု တွေ နှင့် မှု န်ကုပ်နတဲ့ ယိုးမယ်ဖွဲ့ရဲ့ မျက်နှာလေးဟာလည်း ပြန်လည် ကြည်လင်လာပါသည်။
ဆိုင်လေးရဲ့ အပြင်အဆငင်ဟာ လှပသော စဥ့်အိုးလေးတွေ ၊ ပန်းချီကားလေးတွေ နှင့် လမ်းတစ်လျှောက် ဂ၀ံကျောက်လေးတွေ ၊ ပန်းပုရုပ်ကလေးတွေ ၊ ပန်းပင်အဆန်းအပြားလေးတွေ အို.. အားလုံးဟာ ကြည့်ချင်စရာ၊ အေးမြလန်းဆန်းလို့ပါပဲ။
ယိုးမယ်ကို ရင်ခုန်သွားအောင် (Romantic) ဖြစ်စေလှသည်။
“ဆိုင်လေးက ချစ်စရာလေးနော်”
သူမနှုတ်ခမ်းပင် ဖွင့်ဟချီးမွမ်းလိုက်မိသည်။
လှေကားထစ်ဝိုင်းဝိုင်းလေးဆီကနေ ဆင်းလာရတာ လည်း တစ်မျိုး ဖီလင်ပါပဲ။
ကြည့်ပါဦး… ဆိုင်အမည် ကို အခုမှပဲ ကြည်မိတယ်။
Romance ရိုမဲန့်စ်တဲ့…
Romance ဆိုတာ စိတ်ကူးယဉ်အချစ်ဇာတ်လမ်းလေးဆိုတဲ့ အဓိပ္ပာယ်ပဲပေါ့။
ဆိုင်ပုံစံနဲ့ အမည် လေးကလည်း လိုက်ဖက်ပါသည်။
ဒါကြောင်လည်း အိချိုတို့က ဒီဆိုင်ကို ရွေးပြီးလာတာပဲ ဖြစ်မှာ ။
“နင်တို့ ဒီလို လာဖူးတယ်ပေါ့ လေ”
“ဟင်း.. ဟင်း..”
အိချိုက တိုးညှင်းစွာ ရယ်သည်။
“ငါ့ကို မိုးယံခေါ်လာတာပါ”
ဖြေရှင်းစကားလေးဆိုသည်။
“သန္တာလည်း အခုမှ ရောက်ဖူးတာပါ”
အိချိုတို့က သူတို့လာဖူးတဲ့ ဆိုင်ကလေးကို ဦးဆောင်ခေါ်လာတာ။
ဆိုင်အတွင်းထဲ လှမ်းဝင်လိုက်သော အခါ ခပ်မှော င်မှော င်လေး ဥရောပဆန်ဆန် ခင်းကျင်း ပြင်ဆင်းထားတာတွေ့ ရသည်။
မြူးဇစ်သံလေးက တိုးဖျော့ဖျော့လေး ထွက်ပေါ်နေသည်။
စိတ်ချမ်းသာစရာမြင်ကွင်းလေး ကတော့ လှပတဲ့သီချင်းဆို စင်မြင့်လေးပါပဲ။
ဗုံအနီရောင် ကလေးတွေ ၊ အရွယ်အစားအမျိုးမျိုးနှင့် အော်ဂင်၊ ဂစ်တာတို့ အသင့်ရှိပေမယ့် နေ့လည်ပိုင်းတော့ သီချင်းဆိုဖို့ အစီအစဉ်မရှိတာ သေချာသည်။
ညဆိုရင်တော့ ဘီယာဆိုင်ကောင်းကောင်းလေး ဖြစ်နိုင်သည်။
Hollow ရှိုးလေးကို တငြိမ့်ငြိမ့်ခံစားရင်း ဘီယာအေးအေးလေးကို တမြုံမြုံ ဇိမ်ဆွဲသောက်ဖို့ ယောက်ျာေးလးအကြိုက်ပေါ့။
မိုးယံတို့က နံရံနားကပ်ရက်က စားပွဲတစ်လုံးမှာ နေရာယူကြ၏ ။
“ငါတို့ မိန်းကလေးသုံးယောက် ဒီဖက်ထိုင်မှာ နော်”
ယိုးမယ်က တောင်းဆိုလိုက်သည်။
သူတို့နှစ် ယောက် က ဟိုဖက်ခြမ်းမျက်နှာဆိုင်မှာ ၀င်ထိုင်ကြသည်။ တစ်ယောက် ကိုတစ် ယောက် စားပွဲပြင် တစ်ခုခြားပြီး ကြည့်ကြပေါ့။
အတူတူ ကပ်ထိုင်လိုက်ပြီဆိုရင် သူတို့က သူတို့ရည်းစားနှင့် ပဲ စကားတတွတ်တွတ် ပြော နေကြမှာ ။ ယိုးမယ်က ကြိုသိ၍ ကြိုစီစဉ်ခြင်း ဖြစ်သည်။
အဖွဲ့နှင့်လာတာ အဖွဲ့ပုံစံပဲ ဖြစ်ရမှာ ပေါ့နော်။
သူတို့နှစ် တွဲ ကို သီးခြား ဖြစ်ခွင့် မပေးနိုင်ပါဘူး။
စိတ်ပုပ်တယ်ပဲပြောပြော၊ အလိုက်မသိဘူးပဲထင်တင် ယိုးမယ်က ဂျစ်တိုက်လိုက်တာ ဖြစ် သည်။
သူတို့ကလည်း ယိုးမယ်ကို အလိုလိုက်ြ့သည်။
ဘာမှမပြော..
“ကဲ.. တစ်ယောက် မျက်နှာ တစ်ယောက် ထိုင်ကြည့်နေမှာ လား။ စားစရာ မှာ မှာ လား”
“ဒီမှာ မီနူးဖတ်တုန်းဟ”
“ပေး.. ငါအရင်တုန်းမှာ မယ်”
ယိုးမယ်က စိတ်ရှည်စွာ (တိုင်ပင်စရာ နေဘွိုင်းလည်း မပါ၍ ) ကောင်းမယ်ထင်တာ မှာ လို်က်ပါသည်။
လောလောဆယ် Espresso ကော်ဖီနဲ့ ပုဇွတ်တန်ပူရာကြော်လေး စားရရင် မဆိုး။
သူတို့က ကြက်သားဆာတေးနှင့် ပြည်ကြီးငါးသုပ်ကို သင်္ဘောသီးထောင်းတို့ ရွေးမှာ နေကြ သည်။
ယိုးမယ်က စားစရာလည်း မလာသေးတော့ ဟိုဟိုဒီဒီကြည့်နေမိသည်။ ထိုအခိုက်မှာ သူမတို့စားပွဲဖက် ကျောပေးကာ ကက်ရှာစားပွဲရဲ့ အနောက်နံရံပေါ်မှာ ပန်းချီကားတစ်ချပ်လို နေ သားတကျ ချိတ်ဆွဲနေတဲ့ လူ တစ်ယောက် ကို စပြီး တွေ့ ဖူးလိုက်တာ ဖြစ်သည်။
သူက တီရှပ်လက်ရှည်အနက်နှင့် ဂျင်းဘောင်းဘီအပြာရောင် ဖျော့ဖျော့ကို ၀တ်ဆင်ထားတဲ့ အရပ်ခပ်မြင့်မြင့်နှင့် လူရွယ် တစ်ယောက် ပါပဲ။
ဒီ စနက်ဘားမှာ သူဟာ ဘာရာထူး ဘာအလုပ်လည်း မသိပေမယ့် သူ့ပုံ ကတော့ နှံ့နှံ့စပ်စပ် နှင် ပိုင်နိုင်သေချာမှု ရှိသည်။
ဆိုင်ရဲ့ ဘာကိစ္စမဆို သူပါတတ်ပုံဖြင့် ကတ်ရှာဝိုင်းလေးရဲ့ အံဆွဲကို ဆွဲဖွင့်ကာ တစ်စုံ တစ်ရာထုတ်ယူလိုက်။ ပန်းချီကားချပ်ကို နေရာနေရွှ့လိုက်။ နောက်ဘက် ချက်ပြတ်စီမံရာ အခန်း ဖက်ကို လျှောက်သွားလိုက်၊ စတိုခန်း ဖြစ်ပုံရတဲ့ အခန်းတစ်ခုကို ၀င်သွားလိုက်နှင့် တစ်ယောက် တည်း အလုပ်ရှုပ်နေပါသည်။
ဆိုင်ထဲ ၀င်လာတဲ့ ကာစတမ်မာကို သူတစ်ချက်လှမ်းကြည့်ရုံကလွဲပြီး ပို၍ စိတ်မ၀င်စား။
ယိုးမယ်ကသာ သူလျှောက်သွားနေရာဆီ ဘာရယ်မဟုတ် လိုက်ကြည့်နေမိသည်။
သူမ အဲလိုငေးနေတုန်းမှာ ပဲ။ ကျော်လွင်က အစွန်မှာ ထိုင်နေတဲ့ သန္တာ့လက်ကလေးကို ဆုပ်ကိုင်ပြီး တစ်စုံတစ်ရာတိုးတိုးငုံ့ပြောနေသည်။
အလယ်မှာ က အိချို.. ယိုးမယ်က ဒီဖက်အစွန်းမှာ ။
သူမရဲ့ အနောက်ဘက်နံရံမှာ နံရံကပ်မီးပုံးလေး ရှိသည်။
ဒါကြောင့် ပင် စားပွဲမှာ လိုက်တင်အပြာလေးတစ်ခု ဖြာကျနေ၏ ။
သူသည် ယိုးမယ်တို့စားပွဲကို တစ်ချက်လှမ်းကြည့်သည်။ အမှန်တော့ လူတွေ ကို ကြည့်တာ မဟုတ်။ နံရံပေါ်က မီးပုံလေးဆီ လှမ်းကြည့်တာ ဖြစ်သည်။
နောက်သုံးပတ်အကာမှာ ရောက်လာတော့မည့် Valentieday အတွက် ဆိုင်မှာ ချစ်စရာ အမှတ်တရပစ္စည်းလေးတွေ ချိတ်ဆွဲနေတာ…
အသည်းပုံပူဖောင်းလေးတွေ ၊ မြှားနတ်မောင် အရုပ်ကလေးတွေ ၊ မွေးပွရုပ်အဆန်းအပြား လေးတွေ စသဖြင့် အချစ်ရဲ့ သင်္ကေတကို ပုံဖော်ဖို့ပါပဲ။
သူတို့ရဲ့ ဆိုင်အမည် ကပင် ငယ်ရွယ်သော ချစ်သူစုံတွဲ လေးများ ကို ပို၍ စိတ်ဝင်တစား ဖြစ်စေ နိုင်သည် မဟုတ်လား။
Valentineday အတွက် တစ်လကြိုကာ ပြင်ဆင်အလှဆင်ဖို့သူက ၀ါသနာပါသည်။
အခုလည်း ဆိုင်က နံရံကပ်မီးပုံးအပြာလေးတွေ နေရာမှာ အသည်းပူဖောင်းပန်းလေးတွေ ချိတ်ဆွဲဖို့ စီစဉ်ထားသည်။
စားပွဲပေါ်မှာ ကြက်သွေးရောင် နှင်းဆီတစ်ပွင့်ဆီ ထိုးစိုက်ထားပြီးသားပါ။
နောက်ထပ် ပလပ်စတစ်တုတ်ထိုး အသည်းပုံ ရုပ်ကလေးတွေ နှင့် ထိုင်ခုံလက်တန်းမှာ ဆင်ယင်ရဦးမည် ။
သူနှင့်အတူ ဆိုင်က ၀ိတ်တာလေးတွေ က ၀ိုင်ကူပေမယ့် ထိုကောင်လေးတွေ က နောက် ဘက်အဆောင်ထဲက ထမင်းသွားစားနေတာကြောင့် သူ တစ်ယောက် တည်း လှုပ်ရှားနေရခြင်းပါ။
သူ့အာရုံနှင့်သူမို့ ဆိုင်မှာ လူရှင်းတုန်းလေး အလုပ်တွေ ပြီးအောင် လုပ်နေမိရာ ထိုကောင် မလေးကို သူသေချာမကြည့်မိ။
တစ်နေ့တစ်နေ့ ဆိုင်ကို လာအားပေးတဲ့ မိန်းကလေးယောက်ျားလေးတွေ လည်း အများ ကြီး မဟုတ်လား။
မကြာခဏလာနေကျမှ မျက်မှန်းတန်းမိနေသူတွေ လောက်သာ သူမှတ်မိသည်။
အခုထိုင်နေတဲ့ ငါးယောက် အဖွဲ့ကို သူ မသိတာမို့ လယ်လိုမှလည်း မနေဘဲ ခါတိုင်း နေရိုး နေစဉ်လိုပဲ ကိုယ်လုပ်စရာရှိတာ ခပ်အေးအေး လုပ်နေတာပါ။
ပြီးတော့ သူ့ရဲ့ အကျင့်က ဆောင်ရွက်စရာကိစ္စတစ်ခုရှိလျှင် အကြွေးမထားတတ်တာ။
အချိန်လေးပင် မဆိုင်းငံ့ဘဲ ချက်ချင်း ထပြီးအကောင်အထည်ဖော်လိုက်ရမှ ကျေနပ်တာ။
အဲဒါဟာ သူရဲ့ ဖခင်ဆီက ရခဲ့တဲ့အလေ့အကျင့်တစ်ခုပဲလို့ မာမီက အမြဲပြောသည်။
သူက ဘာမဆို စိတ်မြန်လက်မြန်သမား။.. စောင့်ဆိုင်းရတာ သူ အမုန်းဆုံးကိစ္စ။
ကောင်လေးတွေ က ဆိုင်ပိတ်သိမ်းချိန်မှ ဒါတွေ ကို အေးအေးလူလူ ချိတ်ဆွဲ အလှဆင် ချင်သည်။
သူက အဲလိုမဟုတ်။
အခု ဖန်တီးပြီး သူ့လက်ရာကို အခုပဲ ကြည့်ချင်သည်။ အဆင်မပြေလည်း နေရာပြန် ရွှေ့ ပေါ့လေ။
ဆိုင်အခင်းအကျင်းနှင့် ပတ်သက်၍ သူက ပုံစံတစ်မျိုးကို ခပ်ကြာကြာ မကြည့်ချင်ဘူး။
သူ.. ပန်းအိုးတွေ ၊ ပန်းချီကားတွေ ကအစ ဒီနားကနေ ဟိုနားရွှေ့၊ ဟိုနားကနေ ဒီနားပြောင်း မျက်စိထဲမှာ အမြဲတစေအမြင်ဆန်းသစ်နေမှ သူ သဘောကျတာ။
အမြင်ရိုးပြီး တစ်နေ့လာလည်း ဒါကြီးပဲ ဖြစ်နေမှာ စိုးသည်။
ငြီးငွေ့စရာ ဖြစ်မှာ စိုး၍ သူ အမြဲဂရုစိုက်သည်။
သက်မဲ့ပစ္စည်းတွေ ကို အလေးထား ပြုပြင်နေတာမို့ သက်ရှိကောင်မလေး တစ်ယောက် သူ့ထံ အကြည်ရောက်နေနတာကိုပင် သတိမထားမခဲ့ပါ။
ဒါဟာ သူ့ရဲ့ ညံ့ဖျင်းမှု တစ်ခုပဲလို့ ဆိုချင်ဆို…
ဟိုဖက်နံရံမှာ မီးပုံးလေးလေးခု။.. ဒီတော့ အသည်းပူဖောင်းလေးခု… တစ်ခုပြီးတစ်ခု လိုက်ချိတ်ဆက်ဖို့သာ သူ ရည်ရွယ်သည်။
ထိုအချိန်မျာ ဆိုင်၌ စားပွဲသုံးဝိုင်းပဲ လူရှိပြီး သူတို့ဟာ သူတို့ စကားပြောဆို စားသောက်နေ ကြသည်။
ယိုးမယ်ဖွဲ့ရဲ့ ရှေ့မှာ လည်း အင်မတန် မွှေးပျံ့ဆွဲဆောင်မှု ရှိတဲ့ Espresso ကော်ဖီခွက်လှလှ လေး ရောက်နေပြီး အငွေ့ထွက်နေဆဲ ကော်ဖီခွက်လေးကို သူမက မထိတို့ရသေး…
မျက်လုံးက မာနကြီးပြီး အေးဆေးတည်ငြိမ်ပုံရတဲ့ ထိုလူကိုသာ ကြည့်နေမိသည်။
ယိုးမယ်ဖွဲ့ရဲ့ အကျင့်က ယောက်ျားလေး တစ်ယောက် ကို မြင်ပြီဆိုတာနှင့် အဲဒီ လူဟာ မိန်းကလေးတို့ကို အငမ်းထူသလား၊ သိပ်မထူချင်ဘူးလား၊ သိချင်တတ်တာပဲ။ ငမ်းနေတဲ့နေရာမှ ရော ဘေးဘီပတ်ဝန်းကျင်ကို သတိမပြုနိုင်လောက်အောင် ပေါ်တင် အငမ်းထူတာလား။ ဒါမှ မဟုတ် အခြေအနေကိုကြည့်ပြီးမှ ခိုးကြောင်ခိုးဝှက်လေး မသိမသာကြည့်တာတာလား။ ဒါကို လည်း သူမက သိချင်သေးသည်။
ဒါကလည်း ကြာကြာ အကဲခတ်ဖို့ မလို။
တစ်ခဏလောက် သတိထားကြည့်လိုကရင် သတိတာပါပဲ။ လှပတဲ့မိန်းကလေးတွေ မျက်စိ ရှေ့မှော က်မှာ ရှိနေတဲံ အချိန်မျိုးဆိုရင် ချက်ချင်း အဖြေသိရသည် မဟုတ်လား။
ခုလောလောဆယ် ဒီဆိုင်မှာ ယိုးမယ်တို့ မိန်းကလေးသုံးယောက် အပါအ၀င် ဟိုဖက်စားပွဲ တွေ မှာ ပါဆိုရင် အားလုံးရှစ်ယောက် ။
ပြီးတော့ အသုံးဆယ်ကျော်ခန့် မမအရွယ်က နှစ် ယောက် ။
မိန်းမသား ဆယ်ယောက် လုံးဟာ ကြည့်ချင်စရာ ရူပကာနှင့် ဟန်ပန်ရှိတာ ချည်းပါ။
ယိုးမယ်တို့ဝိုင်းမှာ က စုံတွဲ နှစ် တွဲ ပါလာမှန်း သိသာစေတယ်ထားပါဦ။ ဟိုဖက်က မိန်းက လေးငါးယောက် ၀ိုင်းဟာ ကြည့်မယ်ဆို ကြည့်ချင်စရာ။
ဒါပေမဲ့ သူ့ဆိုင်လာစားတဲ့ ကာစတမ်မာတွေ မို့ သူမကြည့်ဘူးလို့ ဆုံးဖြတ်ထားတာလည်း ဖြစ်နိုင်သည်။
ယိုးမယ်က တွေးနေရင်းက သူ့ထံကြည့်နေဆဲ သူက အသည်းပုံ ပူဖောင်ပန်းနုရောင် လေး ကိုင်ပြီး ဒီဖက်ကို လျှောက်လာတာမို့ ရင်ထဲ ဖျတ်ခနဲ တစ်ချက်ခုန်သွားရသည်။
သူ့ခြေလှမ်းက ယိုးမယ်တို့ စားပွဲနားမှာ ရပ် သွားပါသည်။
တကယ်တော့ ယိုးမယ်နောက်နားကပ်ရက်က နံရံကပ်မီးပုံလေးကိုပဲ သူကြည့်တာ။
သို့သော် အားလုံးကို တစ်ချက်ခြုံငုံပြုံးပြလိုက်ပါသေးသည်။ သွားစွယ်ရှည်ရှည်လေး တွေ ပေါ်အောင် ပြုံးလိုက်တဲ့ သူ့အပြုံးဟာ ရွှန်သစ်လှပလွန်းတာမို့ ယိုးမယ် ငေးသွားရသည်။
သူက ပူဖောင်းလေးကို ဖွဖွကိုင်ပြီး သူမနောက်ပါးမှာ ချိတ်နေခိုက် ယိုးမယ်ကျောရိုးတစ် လျှောက် စိမ့်ခနဲ နွေးသွားရသည်။
သူ့ဆီက ကိုယ်နံ့ဖျောဖျော့တစ်ခုကလည်း ယိုးမယ်နှင့် နီးစပ်နေသလိုလို။
သူ့အနာသို့ ရောက်လာပုံမှာ လည်း ရင်ထဲ မစိမ်းဘဲ ရင်းနှီးနွေးထွေးနေသလိုလို..
ကိုယ့်ရဲ့ ခံစားချက် ထူးခြားပုံကို ကိုယ့်ဘာသာဆန်းစစ်မိဆဲမှာ …
“ဖောင်း”
“အမေ့”
သူမ နောက်နားလေးဆီကနေ ဖောင်းခနဲ ပူဖောင်းပေါက်သံကြောင့် အလန့်တကြား ယောင်အော်မိ၏ ။
“ဆောရီးဗျာ.. လန့်သွားလား”
သူက အားတုန့်အားနာ တောင်းပန်ပါသည်။
သူ့အသံက သြရှရှလေးနှင့် ချိုသာသည်။ ပြီးတော့ မျက်နှာကလည်း ပြုံးတုံ့တုံ့…
ကောင်မလေး တုန်ခနဲလန့်သွာတော့ လူက အလိုလို ရယ်ချင်သွားမိတာ..
ဒါပေမယ့် မရယ်ပါဘူး.. ကောင်မလေး ရှက်သွားမှာ စိုးလို့….
ဖျတ်ခနဲ မော့ကြည့်လိုက်တဲ့ ရွှန်းနက်နက် မျက်လုံးလေးတွေ က ရင်ဖိုစရာကောင်းအောင် လှလိုက်တာဗျာ…
မျက်တောင်ကော့ကော့လေးတွေ ၀န်းရံထားတဲ့ ပြာလဲ့လဲ့ နက်ရွှန်းတောက်ပနေတဲ့ အကြည့်တစ်ချက်မျာ အသက်ရှူမှားချင်စရာ…
ယိုးမယ်လည်း သူ့ကို အနီးကပ်တွေ့ ရတဲ့အခါ သူ့မျက်နှာရဲ့ ယောက်ျားပီသ ခန့်ညားချော မောမှု ကို သတိလက်လွတ် အံ့သြမှင်သက်စွာ ငေးမောသွားခဲ့မိသည်။
အဝေးက မြင်နေရတုန်းက သူဒီလော် ဆွဲဆောင်မှု ရှိလိမ့်မည် ဟု မထင်ခဲ့။
ဖြောင့်စင်းတဲ့ ဆံပင်ပျော့ပျော့လေးတွေ နဲ့ ပြေပြစ်တဲ့မျက်နှာ. .နားတစ်ဖက်မှာ မဟူရာ ကျောက် အမည်းရောင် ပြားပြားလေးကို တစ်လုံးတည်းနားက်ပအ ဖြစ် ပန်ထားပုံကပင် ကြည့်ရတာ ဆန်းကြယ်နေသည်။
နားကပ်တစ်ဖက် တပ်ထားပေမယ့် ပါးမြိုင်မွေးရေး ရေး လေးကြောင့် ယောက်ျားပီသတဲ့ မျက်နှာက ပို၍ ပင် ထည်ဝါ၀င်ကြွား သွားပါသေးသည်။
သူက အားတုံ့အားနာ ပြုံးတုံ့တုံ့နှင့်…
စိုက်ကြည့်နေတာမို့ ရင်ထဲ ၀ိုင်းဒိုင်းကြဲသွားရသည်။
“အနှောင့်အယှက်ပေးသလို ဖြစ်သွားတယ်ဗျာ”
“ရပါတယ် ..ကိစ္စမရှိပါဘူး”
“အေးအေးဆေးဆေး သုံးဆောင်ပါခင်ဗျာ”
သူလည်း ရုတ်တရက် ထိုကောင်မလေးနားက ပြတ်ထွက်ခွာခဲ့ရမှာ တုန့်စိုင်းနေမိသည်။
သူ့ကို မမြင်ရတဲ့ ကြိုးတစ်ချောင်းက လာရောက်နှောင်ဖွဲ့ချည်နှောင်လိုက်သလိုပင် သူ အငိုက်မိသွားတာ..
လှပသော မျက်ဝန်းကလေးနှင် ခပ်ကြာကြာ ဆုံကြည့်နေချင်သည်။
ပါးပြင်နီနီလေးနှင့် နှုတ်ခမ်းဖူးဖူးလေးက အရုပ်ကလေးအတိုင်းပဲ..
သူမက သူနှင်ဆင်တူ တီရှပ်အနက်ကလေးနှင့် ဂျင်းဘောင်းဘီ အပြာဖျော့လေးကိုပဲ ၀တ် ဆင်ထားပါလား။
တီရှပ်အနက်နှင့် ဖြူဝင်းသော အသားအရေ ၀ါနှစ် နှစ် လေးက ထိတွေ့ လိုက်ချင်စဖွယ် နူးညံ့ စိုပြေလှသည်။
သူတို့ရဲ့ မျက်ဝန်းများ က တဒင်္ဂအချိန်လေးမှာ စူးနစ်စွာ တွယ်ငြိသွားမိတြာ နှစ် ယောက် လုံး မငြင်းနိုင်။
သူမကလေးရဲ့ ရိုးစင်းသော ဆွဲဆောင်ဖမ်းစားနိုင်မှု ဟာ နှလုံးသားကို ပုတ်နိုးကိုင်လှုပ် ပစ်လိုက်သလိုပင် သူ့ရင်တစ်ခုလုံး တုန်ခါ လှိုင်းထသွားရသည်။
ဒီအနားကို လာမိတာဟာ သူ့ကိုတစ်စုံတစ်ရာက အချစ်နဲ့တွေ ဖို့ ပို့ဆောင်တွန်းလွှတ်လိုက် တာပဲလား…
နှစ် လိုခြင်းနှင် သူ့ရင်ထဲမှာ လှုပ်ရှားလာပုံက ဆန်းကြယ်သည်။
နက်ရှိုင်းပြီး သိမ်မွေ့သည်။
ထိုစက္ကန့်ပိုင်းလေးမှာ သူဟာ တစ်ခုခုတော့ ဖြစ်သွားခဲ့သည်။
ကတ်ရှာဝိုက်ဝိုက်လေးဖက် ပြန်လျှောက်လာရသော်လည်း အခုန လုပ်လက်စ အလုပ်တွေ အားလုံးကို သူ မေ့နေမိသည်။
ကုလာထိုင်အမြင့်ပေါ်ထိုင်ပြီး ကောင်မလေးဖက် မသိမသာ လှမ်းကြည့်မိသည်။ သူရင်ခုန် နေမိတုန်းပါပဲ.. ရင်ထဲမှာ မငြိမ်သက်သေးပါ။
အခုက တက်တက်ကြွကြွ စီစဉ်လှုပ်ရှားနေမိသမျှ အကုန်လုံးခေတ္တရပ်တန့်သွားသည်။
အမှန်က အသည်းလေး နောက်တစ်ခု သွားချိတ်ဆွဲရဦးမှာ …
သို့သော် အဲဒီ စားပွဲနား သူ နောက်ထပ် မသွားရဲသလိုဘဲ ဘာမဟုတ်တာလေးအပေါ် သူ့ခံစားချက်က ပြင်းထန်သွားသည်။
အဲဒီ နားသာ မသွားချင်သော်လည်း ကောင်မလေးကိုတော့ မျက်လုံးမလွှဲတမ်း ကြည်နေချင် မိသည်။
လူက ဣနြေ္ဒဆယ်ထားရသဖြင့် ယောင်နနအူကြောင်ကြောင် ဖြစ်ကာ အံဆွဲကိုဖွင့်ပြီး စီ ထပ်ထားပြီးသား ငွေစက္ကူတွေ ကိုပဲ ဟိုရွှေ့ဒီရွေ့ အလုပ်ရှာနေမိသည်။
“ယိုးမယ်”
“ဟင်”
“နင့်ကို သေချာကြည့်သွားတယ်”
“ဟုတ်လို့လား”
အိချိုက ကပ်တိုးလေး ပြောတာမို့ သူမနှုတ်ခမ်းဘေးက စေ့မရအောင် ပြုံးနေမိသည်။
ပျော်လိုက်တာ… လူတစ်ကိုယ်လုံး မြောက်တက်သွားသလို ပျော်မိတာ.. ဒါ ဘယ်လို ခံစား ချက်လဲ…
သူနှင့် ယိုးမယ်မတို့ မျက်လုံးချင်း ဆုံကြည့်မိတာဖြင့် တစ်ခဏလေးကို ကြည်နူးလှိုက်ခုန်မှု ရင်နှင့်မဆံ…
မိုးယံ၊ ကျော်လွင်၊ သန္တာတို့က သူတို့ဟာ သူတို့ စကားကောင်းနေလို့ တော် ပါသေးရဲ့ ..
“မိန်းမ.. သိပ်ပြုံးမနေနဲ့.. ဟွန်း”
“ဘယ်မှာ ပြုံးလို့လဲ”
ကော်ဖီလေးတစ်ငုံကောက်မော့လိုက်ပြန်ချထားလိုက်ဖြင့် ယိုးမယ်စိတ်တွေ က တုန်ရီလှုပ် ရှားနေဆဲပါ။
သူက ခပ်ဝေးဝေးကနေလည်း ဒီဖက်ပဲ မသိမသာပြန်ကြည့်နေတယ် မဟုတ်လား..
“ဘာတွေ သွားပြီး ပြုစားလဲမှ မသိတာ”
“အိချိုနော်”
“နေဘွိုင်းနဲ့ တိုင်ပြောလိုက်မှာ ”
“ပြောပေါ့.. ဘာ ဖြစ်လဲ”
“သူ့အသည်းကလည်း နင့်နားကျမှ လာရှော့ခ် ဖြစ်တယ်”
“အင်းလေ.. ရင်တောင် တုန်တယ်”
ယိုးမယ်နဲ့ အိချိုတို့ နှစ် ယောက် သား ပခုံးချင်းတိုက်ပြီး ကြိတ်ရယ်မိကြသည်။ ကောင်မလေး နှစ် ယောက် သား သူ့ထံ လှမ်းကြည့်ပြီး ကြိတ်ရယ်နေကြသဖြင့် မလုံမလဲ ဖြစ်မိ၏ ။
“ကြည့်လည်းလုပ်နော်။.. မိန်းမရှိသလား မသိ”
“အို.. ဆိုင်ပါဘူးနော် ငါက ဘာလုပ်လို့လဲ”
“ဇာတ်လ်းက စပြီ သိတယ်”
“မဟုတ်ပါဘူးနော်”
“နောက်နေ့ကျ နေဘွိုင်းပါ ခေါ်လာမယ်”
အိချိုက ခြိမ်းခြောက်သည်။
သူမကောတ့ နေဘွိုင်းကို အဖြေပေးပြီးသားဆိုတာတောင် မေ့နေသည်။
လွန်ခဲ့တဲ့ တစ်ပတ်က ဘာကြောင့်များ နေဘွိုင်းကို ခေါင်းညိတ်မိခဲ့ပါလိမ့်ဟု နောင်တ လည်းရမိသည်။
တကယ်တော့ သူ့အကြည့်လေး တစ်ချက်နဲ့တင် ရင်ထဲဗြောင်းဆန်အောင် ရှုပ်ယှက်ခတ် သွားရတာ ။
ဒါဟာ ဘာများ အဓိပ္ပာယ်ရှိသလဲ။
စိတ်ဆိုတာကလည်း ဆန်းကြယ်ပါဘိနော်…
“ချောတာ ကတော့ ချောပါတယ်။ ပုံစံက အသန့်စားပဲ”
“ဟဲ.. နောက်မှ ဝေဖန်။ မိုးယံတို့ ရိပ်မိသွားဦးမယ်”
ယိုးမယ်က ခပ်တိုးတိုး ဟန့်ရသည်။
“အင်းပါ.. သိပါတယ်။ သူတို့က သူတို့လေးနဲ့ သူတို့ပိနေတာ ဘာမှ မပူနဲ့”
ညှို့ရီနွေးထွေးသော ထိုလူရဲ့ အကြည့်ငေးကို ဘေးကနေမြင်လိုက်တဲ့ အိချိုက မနာလို ချင်သလိုပင် ဖြစ်သွားရပါသည်။
မိန်းကလေးလေးယောက် ထဲမှ ပြောရလျှင် ယိုးမယ်ဖွဲ့က အလှမပြင်ဆုံးပါ။
ထူးထူးစံ ကတော့ ဆံပင်က ဘိုကေပုံယောက်ျားဆန်ဆန်လေးနှင့် ၀တ်လိုက်ရင်လည်း ရှပ် အင်္ကျီတွေ ပဲမို့ ထားလိုက်တော့။
အိချိုနဲ့ သန္တာက ဗြူးတီစလွန်းဆို အမြဲသွားနေတာ။ မျက်လုံးကိုလည်း ပုံဖော်ရိပ်သင်ထား သလို မျက်နှာကိုလည်း ကြွေရောင် တောက်နေအောင် ဂရုစိုက်ခြယ်သလေ့ရှိကြသည်။
အ၀တ်အစားဆိုရင်လည်း ခေတ်မီဒီဇိုင်းလေးတွေ မထပ်အေင် ဖက်ရှင်ကျကျ ၀တ်ဆင် ရမှ…
ယိုးမယ် ကတော့ ကြည့်လိုက်ရင် တီရှုပ်တစ်ထည်နှင့် ဂျင်းဘောင်းဘီလေးနှင့် ပေါ့ပေါ့ပါးပါး သာ..
မျက်နှာကိုဆိုရင်လည်း များ သေားအားဖြင့် ခရမ်မ်ပါးပါးလေးလောက်သာ လိမ်းပြီး ဒီတိုင်း ပြောင်လေးထားတတ်တာ။
“ငါတိုထဲမှာ .. ယိုးမယ်က အကုန်အသက်သာဆုံးနဲ့ အအေးဆုံးပဲ”
ဒါကိုပဲ သူတို့ပြောနေကျ…
သွားစရာရှိမှ ကမန်းကတန်းပြင်တာတောင် တူးဝေးကိတ်လေး ဖိုးဖိုးဖတ်ဖတ်ရိုက်။ နှင်းဆီ ရောင် ပါးနီလေး ပါအးပေါ် နည်းနည်း တင်၊ နှုတ်ခမ်းနီ အရည်ဖျော့ဖျော့လေးတစ်ခုကို မြန်မြန် ဆိုး၊ ခေါင်းလေးတစ်ချက်နှစ် ချက် ဖြီး..
ဒါပဲ…ယိုးမယ် အလှပြင်တာက .. ငါးမိနစ်ပင် မကြာ…
သူတို့ဆိုရင် နာရီဝက်နှင့် တောင် မလောက်…
ဒါတောင် ပတ်ဝန်းကျင် ဆန့်ကျင်ဖက်ကောင်လေးတွေ က အလှမပြင်ဘဲ ဘာသိဘာသာ နေတတ်တဲ့ ယိုးမယ်ဖွဲ့ကိုပဲ စုပြုံ စိတ်ဝင်စားတတ်သည်။
များ သော အားဖြင့် တီရှပ်အနက်လေးနှင့် ဂျင်းပန်ကိုသာ ၀တ်ထားတဲ့ ယိုးမယ်ဆီကိုပဲ အကြည့်တွေ ရောက်တတ်ကြတာလေ။
ဒါကို သိနေတဲ့ အိချိုနဲ့သန္တာမှ မခံချိမခံသာ ဖြစ်ရသည်။
ထို့ကြောင့် လည်း ယိုးမယ်ထက်အရင် ရည်းစားထားဖို့ တိုင်ပင်ပြီး ပြိုင်တူ ရွေးချယ်လိုက်ကြ တာ။
တစ်ခါတစ်ရံတော့လည်း ပိုပြီးမျက်နှာပွင့်တဲ့သူက ကျစ်ရစ်ပါစေဦးပေါ့…
သနားစရာကောင်းတာက အဲဒီ ယိုးမယ်ဟာ သူဘယ်လောက်စန်းပွင့်သလဲ သူ မသိတာဘဲ။ သူကမှ ကောင်လေးတွေ ကိုသတိထားပြီး မကြည့်တာ။ အရေး မှ မစိုက်တာ။
ယိုးမယ်က စိတ်ကလေး ဖြူစင်သန့်ရှင်းပြီး ကလေးဆန်သည်။ သူငယ်ချင်းတွေ နှင့်သာ ပျော်ပျော်ပါးပါး သွားလာစားသောက်မည် ။ လည်ပတ်မည် ။
သူက ဒါပဲလေ။
အိချိုတို့သုံးယောက် စလုံး ချစ်သူကိုယ်စီတွေ့ ကြပြီဆိုမှ ပျာပျာသလဲနှင့် သူလည်း အဖော် ရှာဖို့ ခေါင်းထဲ ရောက်တာကိုပဲကြည့်။
အခုနောက်ပိုင်း နေဘွိုင်းကို နည်းနည်း လက်ခံလာတယ်ဆိုတာကလည်း သူတို့က ၀ိုင်း လှော်ဝိုင်းတိုက်တွန်း ပို့ပေးကြပ်ပေးကြလို့သာ…
ယိုးမယ် ဘာသာဆိုရင်တော့ အင်တင်တင်သာ လုပ်နေဦးမှာ ..
အိချိုတို့အနေနှင့်ကလည်း နေဘွိုင်းကိုခင်နေပြီးသားမို့သာ စေတနာနှင့် ပြောဆိုတိုက်တွန်း မိတာ။
စေတနာရှိတှာန်သော်လည်း ကိုယ့်ထက်သာရင်တော့ မနာလို ဖြစ်ချင်ပါသေးသည်။
အခု လူကြီးကိုကြည့်ရတာ ပုံစံက သားနားအဆင့်မြင့်သလို ဤဆိုင်ရဲ့ ပိုင်ရှင်ပဲလား.. မန်နေဂျာပဲလား မဆိုနိုင်။
ဘာပဲ ဖြစ် ဖြစ် သူ့ကြည့်ရတာ အလုပ်အကိုင် အတည်တကျနှင့် ကိုယ့်ကိုယ် ယုံကြည်မှု အပြည့်ရှိတဲ့ပုံ။
သူသာ လူလွတ် ဖြစ်ခဲ့လို့ ယိုးမယ်ကိုသာ ချဉ်းကပ်မယ်ဆိုရင် ဘ၀တစ်ခု ထူထောင်ဖို့အရေး ဟာ ဘာမှ ခဲယဉ်းမှာ မဟုတ်။
အိချိုတို့ကျတော့ ကိုယ်လိုပဲ တတိယနှစ် ကျောင်းသားလေးကိုသာ လက်တွဲ ဖို့ စဉ်းစားတာမို့ နှစ် ယောက် တစ်ဘ၀ ထူထောင်ဖို့ဆိုရင် အများ ကြီးအချိန်ယူပြင်ဆင်ရဦးမှာ လေ။
ဘာဆိုဘာမှ အဆင်သင့်မ ဖြစ်သေး…
ဒီတော့ ဘာမှမ ဖြစ်သေးဘဲ အရင်ဆုံး အားကျမိတာ။
ယိုးမယ်ဖွဲ့ရဲ့ ပင်ကိုယ်ချစ်စရာကောင်းတဲ့ နှစ် လိုဖွယ်ဟန်ပန်နဲ့ သူရဲ့ စန်းဇာတာကို ယှဉ်လို့ မရဘူးဆိုတာ သဘောပေါက်မိသည်။
“ဟဲ.. ဘာတွေ တိုးတိုးနဲ့ ခေါင်းချင်းပူးနေရတာ လဲ”
သန္တာက ဒီဖက်က နှစ် ယောက် ကိုပါ စကားဝိုင်းထဲ ဆွဲသွင်းဖို့ ပြင်သည်။
“ဘာမှ မဟုတ်ပါဘူး”
“အိချိုရေ ..ငါတို့ အမြန်ဗေဒင်သွားမေးရင် မကောင်းဘူးလား”
“ဘယ်မှာ သွားမေးမှာ လဲ”
“မဟာဝိဇယမှာ လေ.. ငါ့အဒေါ်တွေ သွားနေကျ”
“မှန်လို့လား”
ယိုးမယ်သည် သူတို့စကားတွေ ကို သိပ်စိတ်မ၀င်စားနိုင်။
ပုဇွန်တန်ပူရာကြော်လေးကို တူနှင့် ညှ့ပ်ကိုင်ကာ ပါးစပ်ကလေးဟဖို့ အရေး ကိုပင် ရှက်ကိုး ရှက်ကန်း ရင်တွေ ဖိုနေရသည်။
သူက ရှေ့တည့်တည့်ကနေ မသိမသာခိုးကြည်နေတားကိုး…..
သူအမည် က ဘယ်သူလဲ။
သူဟာ ဘယ်လိုလူစားလဲ။
သူ့နောက်ကြောင်းရာဇ၀င်၊ သူ့မိသားစုအကြောင်းယိုးမယ် အကုန်လုံး သိချင်လာသည်။
နေပါဦး .. သိပါပြီတဲ့…ယိုးမယ်က ဘာလုပ်ဖို့လဲ။
ဘာအတွက်လဲ…
သူ့ကို စတင်ဆက်သွယ်စကားပြောကြည့်ဖို့ရော သတ္တရှိလို့လား..
သတ္တိရှိတယ်ပဲထား ..ဆုံးဖြတ်ရဲလို့လား..
အဲလိုဆိုရင် သူ အထင်သေးမလား..
ဟင့်အင်း.. ဘာမှ မဟုတ်ဘူး..
ဒါဟာ တခဏ စိတ်လှုပ်ရှားမှု ပါ။ တော် ကြာ မေ့ပျောက်သွားမှာ .. ဘာမှ ရှေ့ဆက်ပတ် သက်စရာလည်းရှိမှာ မဟုတ်ပါဘူး။ တစ်ခါတစ်ရံ ကြုံကြိုက်တွေ့ ဆုံမိခြင်းဟာ ဒီလောက်ကြီးလည်း အရေး မပါလှပါဘူး။
သူကလည်း သူ့ဆိုင်လာထိုင်တုန်း ကြုံလို့ကြည့်လိုက်တာပေါ့ .. ဒါထက် ဘာပိုမှာ လဲ။
တော် ပြီ… ယိုးမယ်ဖွဲ့ရေ။ နေရာတကာ ယိုးမယ်ဖွဲ့ပြီး စိတ်ကူးယဉ်မနေနဲ့။
မနက်ဖြန် သန်ဘက်ခါဆိုဘဲ ဘဲဘဲကလည်းပြန်လာတော့မှာ ..
တကယ်တော့ ရည်းစားဆိုတဲ့ တံဆိပ်တစ်ခုကို စိတ်လောပြီး… နင့်ဘာသာ တပ်လိုက်တာ။
ဒီတံဆိပ်ကို ဒီလောက် ချက်ချင်း ပြန်ဖျက်ချင်ရအောင် သူကရော နင့်ဘ၀ထဲကို ဒိုင်ဗင်ပစ် ၀င်လာမှာ မို့လို့လား။
စောစောစီးစီး .. စိတ်ကူးရပ်လိုက်…
ယိုးမယ်ဖွဲ့က ပင့်သက်ဖွဖွလေး ရှိုက်ရင်း. သူ့ကိုမကြည့်တော့ပဲ ခေါင်းငုံ့ထားမိသည်။
![]() မိုးထဲမှာအတူတူရှိစဉ် | ![]() ကြည်နူးစေသူ | ![]() ပန်းချီကားထဲက စပျစ်သီးလေး အကြောင်း |