ဂါဝရတရား
မျိုးဆက်သစ်ကလေးငယ်များ နာရေး ကူညီမှု အသင်း (ရန်ကုန်) သို့ အင်္ဂလိပ်စာသင်တန်း ကို လာရောက်တက်ရောက်ကြရာတွင် တပျော်တပါး ဝမ်းသာအားရ ကြည်နူးမှု အပြည့်ဖြင့် နံနက် ၇းဝဝ နာရီအချိန်ကတည်းက လာရောက်ကြသည်။ သုခ အာဟာရ စားသောက်ဆိုင်တွင် စားသောက်သူ စားသောက်၊ နာရေး ကူညီမှု အသင်း (ရန်ကုန်) ခြံဝင်းအတွင်းနှင့် ဘဘဦးသုခ ကျောက်ရုပ်ပတ်ပတ်လည်တွင် စိန်ပြေးတန်းကစားသူက ကစား၊ ဘဘဦးသုခ ကျောက်တိုင်ရှိ စာသားတချို့ကို ဖတ်သူက ဖတ်နှင့် ကလေးတို့ ဘာသာဘာဝ ပျော်ပါးလျက်ရှိနေကြသည်။
ထိုအချိန်တွင် ကျွန်တော် က ကလေးငယ်များ အား ခေါ်ယူကာ ဘဘဦးသုခ၏ ဂုဏ်ပုဒ်၊ ဘဘဦးသုခ၏ စွမ်းရည်၊ ဘဘဦးသုခ၏ လူသားချင်းစာနာစိတ်၊ ဘဘဦးသုခ၏ ဘာသာတရား ကို ကိုင်းရှိုင်းမှု ၊ ဘဘဦးသုခ၏ အနုပညာစွမ်းပကားတို့နှင့် ဘဘဦးသုခကြောင့် ယခုလို သားတို့ သမီးတို့ ပညာရေး ၊ အများ ပြည်သူတို့၏ နာရေး (အခမဲ့) ကျန်းမာရေး ကုသပေးမှု များ ကို ပြုလုပ် နိုင်ခဲ့ကြောင်းကို ကလေးငယ်များ အား စိတ်ဝင်စားအောင် ပြောကြားပေးခဲ့သည်။
ထိုနေ့မှစ၍ နောက်တစ်နေ့ မနက်စောစော ၇းဝဝ နာရီခန့်တွင် ကျွန်တော် ရုံးပြင်ပ၌ အဆောက်အအုံ အား မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး နေစဉ် အင်္ဂလိပ်စာသင်တန်းသို့ တက် ရောက်ရန် လာကြသော ကလေးငယ်များ ရောက်ရှိလာသည်။ သူတို့အချင်းချင်း ယမန်နေ့က လာရောက်ခြင်းမရှိသော ကလေးငယ် သူငယ်ချင်းများ အား တီးတိုး ပြောဆို ကြသည်ကို မြင်တွေ့ ခဲ့ရသည်။ ထို့နောက် ယင်းကလေးငယ်တို့သည် ဘဘဦးသုခ၏ ကျောက်တိုင်ရှေ့သို့ သွားရောက်ကြကာ လက်အုပ်ချီမိုး ဂါရဝပြုလျက် စာသင်ခန်းအတွင်းသို့ ဝင်ရောက်သွားကြသည်ကို ကျွန်တော် မှတ်တမ်းဓာတ်ပုံရိုက်ရှိကာ မျက်မြင်ကိုယ်တွေ့  ဖြစ်ခဲ့ ရပါသည်။
ဘဘဦးသုခသည် ကျွန်တော် နှင့် အများ ပြည်သူ၏ ကျေးဇူးရှင်ဆရာတစ်ပါးလည်း ဖြစ်သည်။ ဘဘဦးသုခကြောင့် ကျွန်တော် လူမှု ရေး လုပ်ငန်း၊ ဘာသာရေး လုပ်ငန်းများ ကို နိုင်ငံတော် အတွက် အများ ပြည်သူအတွက် ဖေးမကူညီပံ့ပိုးမှု စိတ်ဓာတ်များ မွေးဖွားလာခဲ့ခြင်း ဖြစ်သည်။ ဘဘဦးသုခ၏ လူသားများ အပေါ် ထားရှိသည့် မေတ္တာ၊ ကရုဏာ၊ ဥပေက္ခာ၊ မုဒိတာ စသော မျိုးစေ့များ အား သေတပန်သက်တဆုံး ထိန်းသိမ်း၊ ကျင့်သုံး၊ ကာကွယ် ပေးဆပ်သွား မည် ဖြစ်သည်။
ကျော်သူ
ကျွန်တော် တို့ ငယ်ငယ်က မြန်မာ စကားပြေ လက်ရွေးစင်မှ သိပ္ပံမောင်ဝ ၏ ''နှိုက်နှိုက်ချွတ်ချွတ်'' ဟူသော ဆောင်းပါးကို သင်ခဲ့ရဖူး၏ ။ မောင် လူအေးတို့ သားအဖ အပြန်အလှန် မေးဖြေနေကြပုံ ဖြစ်၏ ။ သား မောင် လူမွှေး၏ နှိုက်နှိုက်ချွတ်ချွတ် အမေး ကို ဖခင် မောင်လူအေးက ကြံကြံ ဖန်ဖန် ဖြေပြနေပုံ ဖြစ်၏ ။ ဆောင်းပါး၏ ရည်ရွယ်ချက်မှာ ကလေးသူငယ်များ လူ့လောကဝယ် ရောက်လာစ စူးစမ်းလိုစိတ် သိလိုစိတ်လေးများ ရှိနေရကား ဤသည်ကို လူကြီးများ က ''ကလေးနှယ့် လျှာရှည်ရန်ကော''ဟု ဟောက်ငန်းဟန့်တားမှု မပြုဘဲ တတ်နိုင်သလောက် သူတို့ နားလည် အောင် ရှင်းပြရန် ဖြစ်၏ ။ သို့ ရာတွင် ကလေး၏ အမေးများ သည် ရံဖန်ရံခါ ဖြေဆိုရ ခက်သည်များ ရှိတတ်ရာ မောင်လူအေးသည်ပင် ဇနီးသည် ဈေးကပြန်လာမှ စကားလွှဲလိုက်ရ ခြင်းဖြင့် အဆုံးသတ်ထား၏ ။
အောင်ဆန်းမြို့၊ မိုးကုတ်ဝိပဿနာ ရိပ်သာအဖွဲ့ခွဲ (၇၇)၊ ပဓာန,နာယကဆရာတော် အရှင် သဒ္ဓမ္မကိတ္တိသာရမှာ လည်း ပြီးခဲ့သည့် သင်္ကြန်တရားစခန်းရက်က အဆိုပါ သိပ္ပံမောင်ဝ ၏ ဆောင်းပါးမှ ဇာတ်ကောင် မောင်လူမွှေး၊ မလူမွှေးကလေးများ နှင့် တွေ့ ရ၏ ။ ¤င်းတို့မှာ ရုပ်ရှင် သရုပ်ဆောင် ကိုကျော်သူနှင့် ဇနီး မမြင့်မြင့်ခင်ဖေတို့၏ ရင်သွေးများ ဖြစ်ကြသည့် ဒသမတန်း ကျောင်းသား မောင်ပြည်သိမ်းကျော်နှင့် သတ္တမတန်းကျောင်းသူ မမြင့်မိုရ်ဦးတို့ ဖြစ်ကြ၏ ။ သူတို့တွေ တရားစခန်းဝင်ခိုက် သိလိုရာရာလေးများ ကို ဆရာတော် အား မေးမြန်းသဖြင့် ဆရာ တော် ၏ လက်တန်းဖြေဆိုမှု များ ကို စာရေး သူမှ မှတ်တမ်းတင် ဖော်ပြလိုက်ရပါသည်။
မောင်ပြည်သိမ်းကျော် - ဘုရားတစ်ဆူပွင့်ဖို့ နှစ် ပေါင်းဘယ်လောက် စောင့်ရမလဲ ဘုန်းဘုန်း။
ဆရာတော် - သားက နောက်ဘုရားစောင့်ဦးမလို့ထင်တယ်။ မစောင့်ပါနဲ့ကွာ။ ဒီဘုရား အားနာစရာပါ။ ဒါကို သားတို့နားလည်အောင် ပြောရရင် ဒီက္ဘာကြီးရဲ့ သက်တမ်းကို ဥပမာ နှစ် သန်းပေါင်းတစ်ထောင်လို့ ခန့်မှန်းလိုက်ကြစို့။ ဒီက္ဘာမှာ ဘုရား (၅)ဆူ ပွင့်တော် မူမယ်တဲ့။ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ ဂေါတမ ဆိုပြီး (၄)ဆူ ပွင့်တော် မူပြီးပြီ။ ခုန က္ဘာ့သက်တမ်း မှန်းဆချက်နဲ့ သန်းပေါင်းတစ်ထောင်ဆိုရင် ဘုရား (၅)ဆူ ပျမ်းမျှတွက်ဦးတော့ တစ်ဆူနဲ့ တစ်ဆူ နှစ် ပေါင်း သန်းနှစ် ရာ ကွာမှာ ပေါ့။ ခု ဘုရားပွင့်ပြီးလို့ နှစ် ပေါင်း နှစ် ထောင့်ငါးရာကျော် ဆိုတော့ ခုန သန်းနှစ် ရာနဲ့စာရင် ပွင့်ပြီးစ ပူပူနွေးနွေးပဲ ရှိသေးတယ်။ စောင့်ရင်လည်း နောက် သန်းနှစ် ရာနီးနီး စောင့်ရဦးမှာ ပေါ့ကွယ်။ အဲဒီ လိုသာ မှတ်လိုက်ပါ။ စာနဲ့ပေနဲ့ရှင်းရင် သားတို့ နားမလည်ဘဲ မျက်စိလည်သွားမှာ စိုးလို့ ...။
ကျော် - ဘုံ (၂ဝ)ရဲ့ အထက်က ဗြဟ္မာ့ဘုံ၊ ဗြဟ္မာ့ဘုံရဲ့ အထက်က ဘယ်ဘုံပါလဲ။
ဆရာတော် - သားမေးတဲ့ ဘုံ (၂ဝ)ဆိုတာ ဗြဟ္မာ့ဘုံကို ဆိုလိုတာလား။ ဘုံစဉ်တွေ ကို အထက် အောက် ပြောလိုက်ရင် သိရောပေါ့။
အရူပဗြဟ္မာ ၄ ဘုံ
ရူပဗြဟ္မာ ၁၆ ဘုံ (ဗြဟ္မာ့ဘုံ ၂ဝ လို့ခေါ်တယ်။)
ကာမနတ်ပြည် ၆ ဘုံ (ကာမသုဂတိဘုံလို့ခေါ်)
လူ့ပြည် ၁ ဘုံ
ဘုံအပါယ် (၄) ဘုံ (ကာမသ - ဘုံလို့ခေါ်)
မမြင့်မိုရ်ဦး - ဝိပဿနာလိုင်းကရော အကြားအမြင် ရနိုင်ပါသလား။
ဆရာတော် - ဝိပဿနာဟာ သမထ မပါဘဲ လုပ်လို့ရတာ မှ မဟုတ်တာ။ အကြားအမြင်ဆိုတာ သမထ စွမ်းအင်ပဲ။ ဆိုလိုတာက သမထ (သမာဓိ)မှာ ဝိပဿနာ မပါနိုင်သေးပေမယ့် ဝိပဿနာ မှာ တော့ သမထ (သမာဓိ)ဟာ မပါမ ဖြစ်လို့ အဲဒီ သမာဓိအားကောင်းရင် အကြားအမြင် ရနိုင် တာပေါ့။ ရနိုင်တယ်လို့ ပြောတာနော်။ မုချရတယ်လို့ ပြောတာမဟုတ်ဘူး။ ရဟ္တာတွေ တောင် (သုက္ခဝိပဿက)ဆိုတဲ့ ဈာန်အဘိညာဉ်မရတဲ့ ရဟ္တာတွေ ရှိတယ်။ အကြားအမြင်ဆိုတာ ဈာန် အဘိညာဉ်သဘောပါပဲ။ ဒါပေမယ့် ခုခေတ် ဗေဒင်လိုလို ဓာတ်လိုလို အကြားအမြင်ဆိုတာတွေ တော့ သူတို့အဆင့်အတန်း မမှန်းတတ်ဘူးလေ။ ဘုန်းဘုန်းက စာထဲကပြောတာ။
မြင့် - ဝိပဿနာ တစ်သက်လုံးနီးပါးလုပ်ထားပေမယ့် သေခါနီး အချိန်မှာ လောဘ၊ ဒေါသ၊ မောဟ ဝင်လာရင် ဘယ်ဘဝကို ရောက်ပါသလဲ။
ဆရာတော် - လောဘ၊ ဒေါသ၊ မောဟ ကတော့ ဘယ်အချိန်မှာ ဝင်လာလာ သေရင်တော့ ဒုဂ္ဂတိဘုံ သွားမှာ ပဲ။ ဟိုမှာ လင်္ကာလေးမှတ်လေ - လောဘနဲ့သေ၊ ပြိတ္တာပြေ၊ မှတ်လေဧကန်သာ။ ဒေါသနဲ့သေ၊ ငရဲပြေ၊ မှတ်လေဧကန်သာ၊ မောဟနဲ့သေ၊ တိရ္ဆာန်ပြေ၊ မှတ်လေဧကန်သာပေါ့။
ဒါပေမယ့် မစိုးရိမ်ပါနဲ့လေ။ ဝိပဿနာ တစ်သက်လုံးနီးပါး လုပ်ထားမှတော့ ဒီ လောဘ၊ ဒေါသ စတဲ့ ကိလေသာတွေ ကလည်း နည်းပါးနေပြီး သေခါနီး မှ ပေါ်လာစရာ အကြောင်းမရှိ တော့ပါဘူး။ အလေ့အကျက်များ တဲ့အပေါ်မှာ ပဲ အားသာသွားမှာ ပါ။ သမီးတို့ ကျောင်းစာ၊ ဘုရားစာတွေ နဲ့ အမြဲလေ့ကျက်နေရင် အိပ်ရာဝင်မှာ ရုပ်ပြတို့ ကာတွန်းတို့ဆိုတာတွေ ပေါ်လာ ပါဦးမလား။
ကျော် - ဗြဟ္မာတွေ က တရားနာလို့ရပါသလား။ နာလိုက်ရင် ဘယ်ဘဝကို ရောက်ပါသလဲ။
ဆရာတော် - ဒုတိယအဖြေမှာ ပြခဲ့တဲ့ ဗြဟ္မာ ၂ဝ ဘုံမှာ အရူပဗြဟ္မာကြီးတွေ ဆိုတာက ရုပ် မရှိဘဲ စိတ်ချည်းရှိလို့ တရားနာလို့မရဘူး။ နောက် ရူပ ၁၆ ဘုံထဲက အသညသတ်ဗြဟ္မာကြီး ကလည်း စိတ်မရှိဘဲ ရုပ်ချည်းရှိလို့ တရားနာလို့ မရဘူးကွဲ့။ အဲဒါကြောင့် ရပ်ပြစ်ရှစ်ပါးထဲမှာ ထည့်ထားတာ။ ကျန်တဲ့ ရူပဗြဟ္မာ ၁၅ ဘုံက ဗြဟ္မာတွေ ကတော့ တရားနာလို့ရတာ ပေါ့။ သူတို့ မျက်မှော က်ပြုတဲ့ တရားအားလျော်စွာ ဘုံဘဝအသီးသီးမှာ သွားကြတာပဲ။ အဲဒီ ရူပ ၁၅ ဘုံထဲ က သုဒ္ဓါဝါသ ၅ ဘုံက ဗြဟ္မာကြီးတွေ ကတော့ ဘုံစဉ် အဆင့်ဆင့်မြင့်ပြီးမှ ပရိနိဗ္ဗာန် စံကြတာ ချည်းပဲ။
မြင့် - ဗြဟ္မာပြည်ရဲ့ တစ်ရက်ဟာ လူ့ပြည်မှာ ဘယ်နှနှစ် ရှိပါသလဲ။ ငရဲပြည်မှာ ရော တစ်ရက်က လူ့ပြည်မှာ ဘယ်နှစ် ရက်လောက် ရှိပါသလဲ။
ဆရာတော် - အောင်မယ်လေး မြင့်မိုရ်ဦးဆိုတဲ့အတိုင်း မြင့်လိုက်တဲ့ မေးခွန်းတွေ ဗျာ။ ဗြဟ္မာ တွေ ရဲ့ သက်တမ်းဟာ သိပ်ရှည်လွန်းလို့ လူတွေ လို ရက်၊ လ၊ နှစ် တွေ နဲ့ ရေတွက်လို့ မရတော့ ဘူး။ ကပ်၊ က္ဘာတွေ နဲ့ ရေတွက်ရတယ်။ သမီးတို့ နားမလည်နိုင်တဲ့ စကားတွေ ဖြစ်မလားတော့ မသိဘူး။ ဗဟုသုတတော့ ပြောရဦးမှာ ပဲ။
၁။ လူ့သက်တမ်းတစ်ခုဟာ အာယုကပ်တဲ့။
၂။ အဲဒီ လူ့သက်တမ်းအသင်္ချေကနေ (၁ဝ)နှစ် ၊ (၁ဝ)နှစ် မျှ အသင်္ချေတိုင် တက်ကပ်၊
ဆုတ်ကပ်တစ်စုံဟာ အ္တရကပ်တဲ့။
၃။ အဲဒီ အ္တရကပ် (၆၄)ကပ် (သို့ ) ၂ဝ ဟာ အသင်္ချေယျကပ်။
၎။ ၄င်းအသင်္ချေယျ ၄ ကပ်သည် မဟာကပ် ၁ ကပ် (တစ်က္ဘာ)ပါတဲ့ကွယ်။
ဒါက ဘုန်းဘုန်းတို့ စာမှာ လာတဲ့ က္ဘာ့သက်တမ်းတွက်ပုံပေါ့။
အထက်ဆုံးက ရူပဗြဟ္မာကြီးရဲ့ အသက်ဟာ က္ဘာပေါင်း တစ်သော င်းခြောက်ထောင် (၁၆ဝဝဝ) ရှည်သတဲ့။ အထက်ဆုံး အရူပဗြဟ္မာကြီးဆိုရင် က္ဘာပေါင်း ရှစ်သော င်းလေးထောင် (၈၄ဝဝဝ) ရှည်သတဲ့။ ဒီလောက် အသက်ရှည်တာ တစ်က္ဘာ၊ တစ်နှစ် လို့ လူတွေ လို သတ်မှတ် ရေတွက်ရင်တောင် နှစ် ပေါင်း ရှစ်သော င်းလေးထောင် အသက်ရှည်သွားပြီ။ ထားပါ။ အဲဒီ တစ်က္ဘာက တစ်နှစ် ဆိုရင် (၁/၁၂) ဟာ တစ်လ။ အဲဒီ တစ်လရဲ့ (၁/၃ဝ)ဟာ တစ်ရက်ပေါ့ နော်။
''လူ့သက်ထက် နတ်သက်ရှည်၊ နတ်သက်ထက် ဗြဟ္မာသက်ရှည်၊ ဗြဟ္မသက်ထက် ငရဲ သက်ရှည်''သတဲ့။ ဒီလို နတ်ဗြဟ္မာသက်တွေ တောင် က္ဘာချီပြီး ရေတွက်ရတာ ဆိုတော့ ငရဲ သတ္တဝါတွေ ဟာ က္ဘာပျက်တာတောင် ကံမကုန်သေးရင် တခြားမပျက်တဲ့ က္ဘာမှာ ပြောင်းရွှေ့ ခံရတာ ဖြစ်တော့ သူတို့သက်တမ်း ဘယ်လိုရေတွက်တော့မလဲ။
ဒါတွေ က အမေးရှိလို့ ပြောနေရပေမယ့် ဝိပဿနာတရား အားထုတ်မယ့် ပုဂ္ဂိုလ်အတွက် ဘာမှ အသုံးမဝင်လှပါဘူး။ သိအောင် လုပ်စရာတွေ မဟုတ်ပါဘူး။ သိအောင်လုပ်ဖို့က ''သစ္စာ''ပဲ။ သစ္စာသိတာနဲ့ အားလုံး အနှစ် မဲ့ (အသာရကဋ္ဌ)ကို သဘောပေါက်သွားမှာ ပါ။
ကျော် - သူများ မုန့်စားနေတာကို စားချင်တဲ့စိတ် ဖြစ်ရင် (၈)ပါးသီလ ကျိုးသလား။
ဆရာတော် - မကျိုးပါဘူးကွယ်။ သီလစောင့်တယ်ဆိုတာ ကာယကံ၊ ဝစီကံ ယဉ်ကျေးအောင် ဆုံးမစောင့်ထိန်းထားတာပဲဟာ။ စိတ်ထဲက ဖြစ်တာကိုတော့ သားတို့ ဝိပဿနာနဲ့ထိန်းပေါ့။ ဟုတ်ဘူးလား။
ကျော် - လောဘ၊ ဒေါသ၊ မောဟတွေ မရှိရင် နိဗ္ဗာန်ကို ရောက်ပါသလား။
ဆရာတော် - နိဗ္ဗာန်ဆိုတာ ရစရာ အရာဝတ္ထု၊ ရောက်ရမယ့် နေရာဒေသတစ်ခု မဟုတ်ဘူးတဲ့။ လောဘငြိမ်းတော့ လောဘငြိမ်းတဲ့ နိဗ္ဗာန်ပေါ့။ ဒါတွေ က သိပ်မြင့်သွားပြီ။ တရားများများ အားထုတ်၊ သူများ ပြောတာထက် နားလည်သွားလိမ့်မယ်။
ကျော် - (၈)ပါးသီလ တစ်သက်လုံးစောင့်ရင် နိဗ္ဗာန်ရောက်သလား။
ဆရာတော် - သီလစောင့်ထိန်းရုံနဲ့တော့ နိဗ္ဗာန်မရနိုင်ပါဘူး။ နိဗ္ဗာန်ဆိုတာ ဝိပဿနာကင်းပြီး မရနိုင်ဘူး။ ကံ၊ ကိလေသာတွေ ကို ဖျက်ချိုးနိုင်မှ နိဗ္ဗာန်ရတယ်။
''ဝီရိယခြေ၊ သီလမြေထက်၊ သဒ္ဓါလက်ဖြင့် ၊ ကမ္မက္ခယိန်၊ ဥာဏ်ပုဆိန်ကို၊ ချိန်ရွယ် မိုးလျက်၊ ချိုးဖျက်တော် မူခဲ့လေပြီ''ဆိုတဲ့ ဖွင့်ဆိုချက်အရ ကံ ကိလေသာတွေ ကို ဖျက်ဆီးရာမှာ သီလဟာ မြေပြင်နဲ့တူတယ်။ ဝီရိယသည် ခြေ၊ သဒ္ဓါသည် လက်၊ ဥာဏ်သည် ပုဆိန်၊ ပုဆိန်နဲ့ ခုတ်ဖြတ်ရာမှာ ရပ်နေတဲ့မြေကလည်း မာမှ၊ လက်ကလည်း သန်မှ၊ ပုဆိန်ကလည်း အသွား ထက်ပါမှ။ ဒါမှ ကံ၊ ကိလေသာကို အမြစ်ပြတ် ဖြတ်နိုင်မှာ ပေါ့။ အဲဒီ မှာ မြေဟာ ပဓာနအကျ ဆုံးပဲ။ ဒါကြောင့် တရားအားထုတ်ရာမှာ မြေနဲ့တူတဲ့ သီလကို လုံခြုံစင်ကြယ်အောင် လုပ်ခြင်းပဲ ပေါ့။ သီလနဲ့မလုံရင် နိဗ္ဗာန်နဲ့ ဝေးမှဝေး မှတ်လိုက်ပါ။
မြင့် - ယခုခေတ် ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ သေရင် ဘယ်ဘဝကိုရမလဲ။ အကယ်၍ ရုပ်ရှင်မင်းသား၊ မင်းသမီး တစ်ယောက် ယောက် က ရုပ်ရှင်မရိုက်တဲ့ အချိန်တိုင်းမှာ တရား အားထုတ်ခဲ့ရင်ကော ဘယ်ရောက်မလဲ။
ဆရာတော် - သမီးက ရုပ်ရှင်မင်းသား၊ မင်းသမီးတွေ လို့ ခေါင်းတပ်မေးတော့ ပြောရတာ တောင် အားနာစရာ။ စာမှာ ပြောတာ ကတော့ သဘင်သည်တွေ (ဟိုတုန်းက ရုပ်ရှင်မှ မရှိသေး တာ) ဟာ ''ပဟာသငရဲ''ကို ကျတတ်တယ်တဲ့။ ဒါပေမယ့် အားတော့မငယ်ပါနဲ့။ ဒါကြောင့် သာ ငရဲကျစတမ်းဆိုရင် ကြည့်တဲ့သူတွေ လည်း အတူတူပါပဲတဲ့။ မန်လည်ဆရာတော် ဘုရားကြီးက ဘယ်လိုစာချိုးသလဲဆိုတော့ ''ပင့်ထောက်ကူ အမှု တွဲငယ်နှင့် ၊ သဘင်သည် လူယဉ်ရွဲတို့မှာ ၊ အားပေးသူဥပဒေနဲ့ မလွဲတာမို့၊ သည်အကြံ သည်ကံနဲ့ မြဲကြရင်ဖြင့် ၊ ချုပ်စဲကာ ခန္ဓာကြွေတော့၊ အောက်သံမြေဝီစိပုံးမှာ ၊ လအော်အုံး အောင်သဘင်ဟန်သို့ ၊ ချင်း သဏ္ဍာန် ခံရမြဲငယ်ဟု ကျမ်းထဲမှာ ဧကန်ဖော်လို့ မြတ်ရှင်တော် စိ္တေစောငယ်က ဟောမုချ ရွှေခွန်းတင်၊ မွန်းသဘင် သည်များ ''တဲ့။
တကယ်တော့ သဘင်သည်ပဲ ဖြစ် ဖြစ်၊ ကုန်သည်လယ်သမား ဖြစ် ဖြစ်၊ မိမိရဲ့ စီးပွားရေး အတွက် အသက်မွေးမှု အတွက် ကာယဒုစရိုက်၊ ဝစီဒုစရိုက်တွေ ပြုနေရပါတယ်ဆိုရင် ''သမ္မာ အာဇီဝ''မ ဖြစ်ဘူး။ သမ္မာအာဇီဝနဲ့ အသက်မွေးတာမဟုတ်ရင် ဘယ်သူ ဖြစ် ဖြစ် အောက်ကို ဆင်းရမှာ ပါပဲ။ ဒါကြောင့် မန်လည်ဆရာတော် ဘုရားကြီး ဆုံးမတော် မူခဲ့တဲ့ သံချိုက ''အမှား ပြုရင်ဖြင့် လားမှု အပါယ်တူပ၊ ဘယ်ဘယ်လူ မဟူပေဘူး၊ ကမ္မငယ်ဒါယာဒန်မို့ မသွေလှန် အမွေခံ ဧကန် ဖြစ်ပေလိမ့်၊ လမ်းစစ်အမှန်ပင်''တဲ့၊ ကိုယ်ပြုတဲ့ကံက ကိုယ့်ကို အကျိုးပြုမှာ ပါပဲ။
ရုပ်ရှင်မရိုက်တဲ့အချိန်မှာ တရားအားထုတ်ခဲ့ရင်ရောဆိုတော့ ပြောရရင် ''အပါယာဒိ ဝဋဒုက္ခေသု အပတမာနေ ကတွာ ဓာရေတီတိ ဓမ္မော''တဲ့။ တရား (ဓမ္မ)ဆိုတာ ဆင်းရဲတွင်းထဲ မကျရအောင် အောက်တန်းမကျအောင် ဆောင်ထားပေးမှာ ပါပဲ။ တရားစောင့်သူကို တရားက စောင့်မှာ ပါပဲ။
ကျော် - တရားထိုင်ရင် မျက်စိဖွင့်ထိုင်လို့ရလား၊ ဘုန်းဘုန်း။
ဆရာတော် - သားတို့အိမ်မှာ တံခါး (၆)ပေါက်ရှိတယ်ဆိုပါတော့။ တံခါးတွေ ဖွင့်ထားရင် အရပ် လေးမျက်နှာက လေနဲ့အတူ အမှိုက်သရိုက်တွေ ၊ ဖုံတွေ ဝင်လာနိုင်တယ်။ ကျီးငှက် စတာတွေ လည်း ဝင်လာနိုင်ပေါ့။ တံခါးတွေ ပိတ်ထားလိုက်ရင် အဲဒါတွေ ဝင်မလာတော့ဘူး။ အဲသလိုပဲ လူမှာ လည်း မျက်စိ စတဲ့ ဒွါရ (၆)ခုရှိတယ်။ ဒွါရဆိုတာ တံခါးပဲ။ မျက်စိဖွင့်ထားရင် တစ်ခုခုကို မြင်မယ်။ နှစသက် စရာ ဖြစ်ချင် ဖြစ်မယ်။ မုန်းစရာ ဖြစ်ချင် ဖြစ်မယ်။ နှစသက် တယ်။ မုန်းတယ် ဆိုတော့ အကုသိုလ်ဝင်ပြီပေါ့။ ဒီတော့ ဘာလို့ အကုသိုလ် အမှိုက်သရိုက် အဝင်ခံမလဲ။ ပိတ် ထားတော့ မဝင်နိုင်ဘူးပေါ့။ သမာဓိလည်း ပိုတည်တယ်။ သီချင်းနားထောင်ရင်း၊ မုန့်စားရင်း၊ သနပ်ခါးလိမ်းရင်း စတာတွေ လုပ်ပြီး တရားထိုင်ကြည့်ပါလား။ သမာဓိရ မရ ဒွါရ (၆)ပါး (တံခါး ၆ ပေါက်) ကတော့ နှလုံးသွင်းမှားရင် အကုသိုလ်ချည်းဝင်မှာ ပဲ။ ပိတ်ထားတော့ အဝင် သက်သာတာပေါ့။
ဒါပေမယ့် ဘုရား ကတော့ လျောင်းထိုင်ရပ်သွား ဣရိယာပုတ် (၄)ပါးလုံး အမြဲ သတိ ကပ် (သတိပဋ္ဌာန်)နဲ့ နေပါတဲ့။ ကုန်ကုန်ပြောရရင် အပေါ့အလေးသွားတာတောင် ''ဥစ္စာရ ပဿာဝကမ္မေ သမ္ပာဇာနကာရီ ဟောတိ''တဲ့။ ဒါက ကြုံလို့ တစ်ဆက်တည်း ပြောလိုက်တာပါ။ စားသတိ၊ သွားသတိပေါ့နော်။
မြင့် - သိကြားမင်းက ဘယ်လိုကျင့်ကြံခဲ့လို့ သိကြားမင်း ဖြစ်ရတာ လဲ။ သိကြားမင်းစုတေရင် ဘယ်ဘဝကို ရောက်ပါမလဲ။
ဆရာတော် - သိကြားမင်းကို မာဃဆိုတာ သိဖူးကြမှာ ပေါ့။ မာဃ မဟုတ်ပါဘူး။ မဃပါ။ သူ့ရဲ့ လူ့ဘဝအမည် ပေါ့။ သူက မစလရွာက လူငယ် တစ်ယောက် တဲ့။ သူနဲ့အပေါင်းပါ သူငယ်ချင်း (၃၂)ယောက် ၊ အဲ ရဲဘော်သုံးကျိပ် သုံးယောက် ဆိုပါတော့။ သူတို့ဟာ လူ့ပြည်တုန်းက လမ်း တံတားတွေ ဖောက်တယ်။ ကျောင်းဇရပ်တွေ ဆောက်တယ်။ ရေတွင်းရေကန်တွေ တူးတယ်။ ပြုပြင်တယ်။ သီလလည်း စောင့်တယ်။ ဒါနဲ့ သူတို့သေလွန်တော့ နတ်ပြည်ကို ရောက်သွားတာ ပေါ့။ သူတို့ သုံးကျိပ်သုံးယောက် ဖြစ်ရာ နတ်ပြည် ဖြစ်လို့ သူတို့ကို အစွဲပြုပြီး ''တာဝတိံသာ'' လို့ ခေါ်ပါသတဲ့။
အဲဒီ ထဲမှာ မဃလုလင် ကတော့ သူများ ထက်ထူးပြီး တာဝန်ကြီး (၇)ရပ်ကို အထူးစောင့် ထိန်းခဲ့တယ်။ ဒါကြောင့် နတ် ဖြစ်တော့လည်း နတ်တို့သနင်း သိကြားမင်းဆိုတာ ဖြစ်ရတာ ပေါ့။ သိကြားမင်း ဖြစ်ချင်ရင်တော့ သူ့လိုပဲ ဒါတွေ လိုက်နာပေါ့။
၁။ မိဘကို လုပ်ကျွေးပါ။
၂။ ကြီးသူကို ရိုသေပါ။
၃။ အပြောအဆို နူးညံ့သိမ်မွေ့ပါ။
၎။ ဂုံးတိုက်စကား မပြောပါနှင့် (အတင်းအဖျင်း မပြောပါနှင့် )။
၅။ နှမြောတွန့်တိုမှု မရှိ၊ ရက်ရက်ရောရော ပေးလှူပါ။
၆။ မှန်ကန်သော စကားကို ဆိုပါ။
၇။ အမျက်ဒေါသ မထွက်ပါနှင့် (စိတ်ရှည်ရှည်ထားပါ)။
သိကြားမင်းက သော တာပန်သိကြားဆိုတော့ သော တာပန်ဟာ အပါယ်တံခါးပိတ်တယ် မဟုတ်လား။ ဒီတော့ ၃၁ ဘုံထဲက အပါယ် ၄ ဘုံ နှုတ်လိုက်ရင် ကျန် ၂၇ ဘုံ ရောက်နိုင်တာ ပေါ့ကွယ်။
မြင့် - ဒီဘဝမှာ လုပ်တဲ့ ကောင်းမှု ကုသိုလ်နှင့် အကုသိုလ်တို့သည် ဘယ်နှစ် ဘဝ ဆက်ပါ သွားပါ သလဲဘုရား။
ဆရာတော် - ကောင်းမှု ၊ မကောင်းမှု တွေ ကို ကံလို့ခေါ်တယ်။ အဲဒီ ကံတွေ ကို
၁။ ဒိဋ္ဌဓမ္မ ဝေဒနိယကံ
၂။ ဥပပဇ္ဇ ဝေဒနိယကံ
၃။ အပရာပရိယ ဝေဒနိယကံ
၎။ အဟောသိကံ ဆိုပြီး (၄)မျိုးခွဲတယ်။
ဒိဋ္ဌဓမ္မ ဝေဒနိယကံ ဆိုတာ ဘဝမခြားဘဲ လတ်တလော အကျိုးပေးတာ။ အမှတ်(၂) ကံက ဒီဘဝပြီး ဒုတိယဘဝမှာ အကျိုးပေးတာ။ အမှတ် (၃)ကံက တတိယဘဝကနေ နိဗ္ဗာန် မရောက်မချင်း ဘဝတစ်ခုခုမှာ အကျိုးပေးမှာ ။ အမှတ် (၄) ကံ ကတော့ အကျိုးပေးခွင့် မသာ တော့ဘဲ လုံးဝပျောက်ဆုံးသွားတာ။ အဟောသိကံ ဖြစ်သွားတယ်လို့ အရပ်ထဲမှာ ပြောတဲ့ စကား ပေါ့။
မောင်လူမွှေးတို့၏ နှိုက်နှိုက်ချွတ်ချွတ် အမေးကား ဤမျှသာ ဖြစ်ပါ၏ ။ မောင်လူအေး အ ဖြစ် သရုပ်ဆောင်လိုက်ရသော ဆရာတော် မှာ နဖူးမှ ချွေးစကလေးများ ကို လက်ကိုင်ပဝါဖြင့် သုတ်ရင်း ''ခုခေတ်ကလေးတွေ လျှော့တွက်လို့ မရဘူးဗျနော်''ဟူသော မှတ်ချက်ကိုပါ မှတ် တမ်းတင်လိုက်ရပါ၏ ။
ချစ်ဘုန်းလူ
မြန်မာနိုင်ငံ ရိုးရာပန်းပညာရှင်များ အစည်းအရုံး (မြောက်ဥက္ကလာပမြို့နယ်)မှ ပညာ ရေး လှုပ်ရှားမှု အစီအစဉ်တစ်ရပ်အ ဖြစ် ပန်းချီဆရာမောင်မောင် (ခ) ဦးကျော်သူ (နာရေး ကူညီမှု အသင်း - ရန်ကုန်) ဥက္ကဌ အား ဂုဏ်ပြု၍ ပုံတူပန်းချီနှင့် ပန်းပု လက်တွေ့ ရေး ဆွဲထုလုပ် ခြင်း အခမ်းအနားအား ၅.၈.၂ဝ၁၂ ရက်နေ့ န့နက် (၉း၃ဝ) နာရီအချိန်မှ စတင်၍ နာရေး ကူညီမှု အသင်း (ရန်ကုန်)ရှိ တည်ဆောက်ဆဲ ခန်းမဆောင်(အသစ်) တွင် ကျင်းပပြုလုပ်ခဲ့ သည်။
ဦးကျော်သူသည် ပန်းချီပညာရပ်အား ငယ်ရွယ်စဉ် ကျောင်းသားဘဝ ၁၉၇၃ ခုနှစ် မှ ၁၉၇၆ ခုနှစ် အတွင်း နွေရာသီပန်းချီ ရက်တိုသင်တန်းအား ပန်းချီဆရာကြီး ဦးသော င်းဟန် ထံတွင် ပန်းချီပညာကို လေ့လာဆည်းပူးခဲ့သည်။ ၁၉၈ဝ ခုနှစ် တွင် ဒေသကောလိပ် - ၂ (လှိုင်)၊ တက္ကသိုလ်ပန်းချီပြပွဲ၌ ပန်းချီမောင်မောင် အမည် ဖြင့် ပိုစတာကာလာ ပန်းချီကားချပ် (၁ဝ) ချပ်ကို ဝင်ရောက်ပြသခဲ့သည်။ ဒုတိယအကြိမ် ၁၉၈၆ ခုနှစ် တွင် ယုဒဿန်ခန်းမ၌ ကျင်းပပြု လုပ်သည့် ''အဇ္ဈတ္တပန်းချီ'' ပြပွဲ၌ ''နာကြည်းမှု (ဘဝဈေး)'' သရုပ်ဖော်ပန်းချီကားချပ် တစ်ချပ် ပြသခဲ့သည်။ ၂ဝဝ၄ ခုနှစ် တွင် ပန်းချီလောကသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ပန်းချီ ကျော်သူအမည် ဖြင့် ရေး ဆွဲထားသော ''မမြင်ချင်၊ မကြားချင်၊ မပြောချင်'' ပန်းချီကားချပ်အား စိတ်ကျန်းမာရေး အထူးကုဆေးရုံရှိ ပန်းချီပညာရပ်ဖြင့် ကုသနည်းခန်းမအတွက် လှူဒါန်းခဲ့ သလို ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကအား ''ကြာလိုလူ'' အမည် ရှိ သရုပ်ဖော် ပန်းချီကားချပ်တစ်ချပ် လှူဒါန်းပေးအပ်ခဲ့သည်။ ၂ဝဝ၅ ခုနှစ် တွင် လောကနတ် ပန်းချီခန်းမ၌ ''ဆူး'' အမည် ရှိ ပေါက်ကွဲမှု ပန်းချီကားချပ်တစ်ချပ် ပြသခဲ့ပြီး ၂ဝဝ၉ ခုနှစ် တွင် က္ဘာမြေပြင် ကို အလည်ရောက် ဘဝ ... ဘဝတွေ ကို ဖြတ်သန်းလှော်ခတ်ရင်း ငြိမ်းချမ်းမှု သစ္စာတရားကို ရှာဖွေတွေ့ ရှိခဲ့သူ လူသား တစ်ယောက် ၏ ပုံရိပ်မှတ်တိုင်များ (သို့ ) ကျော်သူ၏ Kyaw Thu's Art Zone အမည် ဖြင့် ကိုယ်ပိုင်ပန်းချီပြခန်းအား ဖွင့်လှစ်ကာ တစ်ကိုယ်တော် ပန်းချီပြပွဲအား ကျင်းပနိုင်ခဲ့သည်။ ၂ဝ၁၁ ခုနှစ် တွင် တစ်ကိုယ်တော် ပန်းချီပြပွဲအားKyaw Thu's Art Zone Vol.2 အ ဖြစ် ဒုတိယအကြိမ်မြောက် ပြသနိုင်ခဲ့သည်။ ထို့အပြင် ၂ဝ၁၂ ခုနှစ် ၊ ဇွန်လတွင် လည်း အမေရိကန်နိုင်ငံ၊ နယူး ယောက် မြို့တွင် First Break Out အမည် ဖြင့် ပန်းချီပြပွဲအား ကျင်းပ နိုင်ခဲ့သည်။ ပန်းချီ မောင်မောင် (ခ) ကျော်သူ သည် ယနေ့ချိန်ထိ ပန်းချီ ကားချပ်များ အား ရေး ဆွဲ လျက်ရှိသည်။
ထိုကဲ့သို့ သော ရုပ်ရှင်သရုပ်ဆောင်၊ ဒါရိုက်တာတစ်ဦးလည်း ဖြစ်သူ ပန်းချီဝါသနာရှင်လည်း ဖြစ်သူ လူမှု ရေး လောကတွင် လည်း အများ အတွက် ပေးဆပ်လုပ်ကိုင်နေသူတစ်ဦးအား ဂုဏ်ပြုသော အားဖြင့် ၅.၈.၂ဝ၁၂ ရက်နေ့ နံနက်တွင် ဦးကျော်သူ၏ ရုပ်ပုံလွှာအား ပုံတူ ပန်းချီ၊ ပန်းပု ပညာရှင်များ က အမှတ်တရ ဂုဏ်ပြုရေး ဆွဲပွဲအား ကျင်းပခဲ့သည်။ ယင်းအခမ်းအနားတွင် ပန်းပုပညာရှင် ဆရာကြီးများ ဖြစ်ကြသော ဦးလွင်မောင်၊ ဦးတင်မြ၊ ဦးကြည်စိန်လေး(ထားဝယ်)၊ ဦးမြမောင်၊ ဦးကျော်ညွန့်၊ ဦးဆန်နီညိမ်း၊ စာပေလောကမှ ဦးဝင်းငြိမ်း (ရွှေအမြုတေ၊ အလင်းတန်းဂျာနယ်) ကိုမျိုး-မြန်မာစာ (ပေါ်ပြူလာဂျာနယ်) စာပေပညာရှင်များ နှင့် စိတ်ဝင်စားကြသူများ တက်ရောက် အားပေးခဲ့ကြသည်။ ပန်းချီပညာရှင်ဆရာများ ဖြစ်ကြသော ဦးသက်အောင်၊ ဦးသပြေမြင့်သိန်း၊ ဦးဇော်ဝင်း (ငှက်ပျောသီး)၊ ဦးကြင်၊ ဦးဇော်ဝင်းဖေ၊ ဦးရဲမြင့် (ရှေ့သို့ )၊ ဦးရွှေမြင့် အစရှိသည့် ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ)ဦးခန့်တို့ သည် နံနက် (၉း၃ဝ) နာရီအချိန်ခန့်မှ စတင်ကာ ညနေ (၄းဝဝ) နာရီအချိန်ထိ ရေး ဆွဲခဲ့ကြကာ ပန်းချီဆရာများ ၏ မျိုးဆက်သစ် သမီးငယ်လေးတစ်ဦးမှ လည်း ဦးကျော်သူ၏ ဂျိုးငှက်လွှတ်နေသည့် ရုပ်ပုံအား အမှတ်တရ ရေး ဆွဲခဲ့သည်။ ပန်းပုပညာရှင် ကိုကျော်ကျော်မင်းမှလည်း ဦးကျော်သူ၏ ပုံတူရုပ်တုအား ထုလုပ်ခဲ့သလို ပန်းချီ ကားချပ်များ နှင့် ရုပ်တုအား ဦးကျော်သူအတွက် အမှတ်တရ ဂုဏ်ပြုပေးအပ်ခဲ့ကြသည်။
ကျော်ကျော်မင်း (ပန်းပုပညာရှင်)
ကိုကျော်သူ ကတော့ မူလအစက ပန်းချီဆရာ မောင်မောင် ဖြစ်ပါတယ်။ ကျွန်တော် တို့လို ပန်းချီဆရာတွေ ထဲကနေ အခုလိုမျိုး ပြည်သူတွေ ကို အကျိုးပြုတဲ့လူ တစ်ယောက် ပေါ် ထွန်းလာတဲ့အတွက် ကျွန်တော် က ဂုဏ်ပြုရေး ဆွဲခြင်း ဖြစ်ပါတယ်။
ရွှေမြင့် (ပန်းချီ)
ဦးကျော်သူလုပ်ခဲ့တာက ရုပ်ရှင်ကိစ္စတို့၊ နာရေး ကူညီမှု ကိစ္စတွေ သူကလုပ်ခဲ့တော့ ကျွန်တော် တို့က လေးစားတယ်။ လေးစားတော့ ဂုဏ်ပြုပွဲလေးလုပ်ပြီး သူ့ရဲ့ ပေါ့ထရစ် ရေး ဆွဲ မယ်။ သူ့ရဲ့ ပုံစံ မျက်နှာက အရမ်းရေး ချင်တဲ့ ပုံမျိုး ဖြစ်တယ်။
ဇော်ဝင်း (ငှက်ပျောသီး)
ဦးကျော်သူကို များ သော အးဖြင့် သိကြတာ ကတော့ နာရေး ကူညီမှု အသင်း (ရန်ကုန်)နဲ့ တွဲဖက်ပြီး ဘယ်လိုမှ ခွဲခွာလို့မရပါဘူး။ အဲဒါကြောင့် ဒီနေ့ ကျွန်တော် တို့ ဂုဏ်ပြုရေး ဆွဲခြင်း ဖြစ်ပါတယ်။
ဇော်ဝင်းဖေ (ပန်းချီ)
အရင်က ကျွန်တော် တို့ ရေး နေကြတာက အမျိုးသမီးပုံတွေ ၊ ကိုရင်လေးတွေ ဒါမျိုးလေး တွေ ။ အခုနောက်ပိုင်းမှာ တကယ့် အမှတ်တရ ဖြစ်နိုင်လောက်တဲ့၊ ဖြစ်စေလောက်တဲ့ ပုဂ္ဂိုလ် တွေ ကို ရေး ဆွဲကြတာ တွေ့ ရတယ်။ နာရေး ကူညီမှု အသင်း (ရန်ကုန်)ရဲ့ ဦးကျော်သူဆိုတာ အခု အချိန်မှာ ကိုယ်မလုပ်နိုင်တဲ့ ကိုယ်မဖြည့်နိုင်တဲ့ ပါရမီကို ဖြည့်နေတဲ့ လူ တစ်ယောက် ကို ကျွန်တော် တို့က ရေး ခွင့်ရခဲ့တယ်။
ကြည်စိန်လေး (ထားဝယ်)
ဦးကျော်သူလိုပုဂ္ဂိုလ်မျိုး ယခုမြန်မာနိုင်ငံမှာ ကိုယ်ကျိုးစွန့်ပြီးတော့ အများ အတွက် အထောက်အကူပြုနေတဲ့ လူ တစ်ယောက် ကျွန်တော် တို့ မြန်မာမှာ ရော၊ က္ဘာမှာ ရော ဂုဏ်ယူ စရာ လူ တစ်ယောက် အနေနဲ့ ရုပ်တုတစ်ခုထားသင့်တဲ့ အခြေအနေမှာ လည်း ရှိပါတယ်။ ကျွန်တော် ကိုယ်တိုင် ဦးကျော်သူရုပ်တုကို ကျွန်တော် တို့မြန်မာနိုင်ငံမှာ အကောင်းဆုံး ရုပ်တု တစ်ခုအနေနဲ့ နိုင်ငံခြားမှာ ဒေါက်တာတွေ ကို ထုထားသလို ထုချင်တဲ့ဆန္ဒ ပြင်းပြနေလျက်ရှိပါ တယ်။
ဦးဆန်နီညိမ်း (ပန်းပု)
ပုံတူဆွဲတယ်ဆိုတာ အနုပညာရှင် တစ်ယောက် ကနေပြီးတော့ နောက်ပုဂ္ဂိုလ် တစ်ယောက် ရဲ့ အကြောင်းကို သူကတစ်ဆင့် ဖော်ပြတာပဲ။ ကိုယ်နဲ့နီးစပ်ရာတွေ ဒါမှမဟုတ် ကျော်ကြားတဲ့ သူတွေ ၊ အောင်မြင်တဲ့သူတွေ မှတ်တမ်းတင်ခဲ့ချင်လို့ မှတ်တမ်းတင်သင့်တဲ့သူတွေ ကို ဆွဲတာ ပေါ့။ အခု ကိုကျော်သူကို ပုံတူဆွဲကြတယ်ဆိုတာကလည်း သူ့ဘဝမှာ သူလုပ်ဆောင်ခဲ့တာတွေ ၊ သူသယ်ပိုးခဲ့တာတွေ ကို လေးစားတန်ဖိုးထားပြီးတော့ ပုံဆွဲကြတာပါ။ ဒီကနေ့ပွဲရဲ့ ဖန်တီးမှု က တော့ အားရစရာပါပဲ။
ဦးဝင်းငြိမ်း (အလင်းတန်းဂျာနယ် အယ်ဒီတာချုပ်)
လက်တွေ့ ရေး ဆွဲတယ်။ လက်တွေ့  ဓာတ်ပုံရိုက်တယ်ဆိုတာ များ သော အားဖြင့် မိန်းမ ချောချောလေးတွေ ကို ဆွဲကြတယ်။ ဓာတ်ပုံရိုက်ကြတယ်။ အခုလို ထူးခြားတဲ့ပုံအနေနဲ့ ကိုကျော် သူကို ပန်းချီဆွဲကြတယ်။ ပန်းပုထုကြတယ်။ အင်မတန် ထူးခြားပါတယ်။ အဲဒါကြောင့် ကျွန်တော် ကြွရောက်ချီးမြှင့်ခဲ့တာပါ။ ပန်းချီ ကိုဇော်ဝင်း (ငှက်ပျောသီး)ဆိုလို့ရှိရင် စတိတ်ရှိုး တွေ ဆွဲရင် ပေအတော် မြင့်မြင့် ပုံကြီးတွေ ကို လက်တန်းဆွဲနိုင်တဲ့ ဆရာပါ။ သူဒီမှာ လာပြီးတော့ ရေး ဆွဲနေတယ်ဆိုတာ အတော် ကို အံ့သြစရာပါ။ ကြည်နူးစရာပါ။
ကိုလင်း (သတင်းထောက်)
ဓာတ်ပုံဆရာတွေ စုပြီးတော့ မော်ဒယ်(လ်)တွေ ကို ရိုက်ကြတယ်။ အခုလို ထူးထူးခြားခြား ပန်းချီလည်းပါတယ်။ ပန်းပုလည်းပါတယ်။ စိတ်ဝင်စားစရာကောင်းတာက ဘာလည်းဆိုတော့ ကျော်သူက မော်ဒယ်(လ်)သဘောမျိုး ထိုင်နေတယ်ဆိုပေမယ့် ကျော်သူကို ရေး ဆွဲကြတာ မဟုတ်ဘဲနဲ့ ကျော်သူရဲ့ အတွင်းစိတ်ကို ဖော်ထုတ်ပြီး ရေး ဆွဲကြတာဆိုတော့ ကောင်းပါတယ်။ ပန်းချီဆရာအချင်းချင်းနဲ့လည်း ရင်းနှီးမှု ၊ ချစ်ကြည်မှု ၊ တစ်ယောက် ပညာ တစ်ယောက် ရမယ် ဆိုတော့ အင်မတန်ကောင်းပါတယ်။
ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက် (နာရေး ကူညီမှု အသင်း-ရန်ကုန်) အတွင်းရေး မှူး
ကိုကျော်သူ ကတော့ တစ်ချိန်က အင်မတန်မှ ရုပ်ရည်ချောမောလှပတဲ့ ရုပ်ရှင်သရုပ် ဆောင် တစ်ယောက် ပေါ့။ အဲဒီ ဘဝတုန်းက ဘယ်သူမှ သူ့ကို ပန်းချီဆွဲပေးဖို့၊ ပန်းပုထုပေးဖို့ သူ့အလိုလို စိတ်ဝင်စားတဲ့လူ မရှိခဲ့ဘူး။ အခုချိန်မှာ သူ့အလိုလို စိတ်ဝင်စားပြီးတော့ ရုပ်ရည် အနေနဲ့တော့ မလှတော့ဘူး။ အများ အကျိုးကို ရွက်သယ်ပိုးတဲ့လူ တစ်ယောက် ၊ ဒီလူရဲ့ စိတ်ဓာတ် ကို လေးစားလို့ လာရောက်ပြီး ရေး ဆြွဲ ကတော့။ ကျွန်မ ဘာသွားမြင်လည်းဆိုတော့ စိတ်ဓာတ် ရဲ့ အနှစ် သာရက ရုပ်ရည်ပကာသနထက် ပိုပြီးတော့ အင်အားကြီးတာကိုမြင်တယ်။ ရေး ဆွဲ ကြတဲ့ ပညာရှင်တွေ ကလည်း အကာနဲ့အနှစ် ကို ခွဲတတ်တဲ့သူလို့ ကျွန်မနားလည်တယ်။
ကျော်ကျော်မြင့် (နာရေး ကူညီမှု အသင်း-ရန်ကုန်) အသင်းသား
အရင်ကနဲ့ အခုအချိန်မှာ ကွာခြားမှု ကတော့ အကြီးကြီး ဖြစ်သွားပြီ။ အရင်တုန်း ကတော့ မင်းသား တစ်ယောက် အမြင်နဲ့ သိကြတယ်။ အခုက ပြည်သူတွေ ကို အကျိုးပြုနေတဲ့ ပရဟိတ မင်းသားအ ဖြစ်နဲ့ ပြည်သူတွေ ကို ပေးဆပ်တဲ့ အနေအထားခြင်းလည်း အရမ်းကွာသွားပြီ။ အဲဒီ အတွက်လည်း အရမ်းဝမ်းသာပါတယ်။
ဝင်းလဲ့ဇင် (နာရေး ကူညီမှု အသင်း-ရန်ကုန်) အသင်းသူ
ဒီနေ့မြင်ကွင်းလေးက ကြည်နူးဖို့ အရမ်းကောင်းပါတယ်။ ဘာပဲပြောပြော မင်းသား ဘဝတုန်းက အခုလိုမျိုး မရှိခဲ့ဘူး။ အခုလိုမျိုး လူမှု ရေး လုပ်ငန်းတွေ လုပ်တဲ့အခြါ ကတော့ သူ့ ပုံတူတွေ လည်းဆွဲတယ်။ ပန်းပုထုကြတယ်ဆိုတော့ အရမ်းလည်း ဂုဏ်ယူဖို့ကောင်းပါတယ်။
မည် သို့ ပင် ဖြစ်စေကာမူ ပန်းချီ၊ ပန်းပုပညာရှင် (၄ဝ) ဦးတို့၏ မတူညီသော ရေး ချက် များ ၊ ရေး ပုံရေး နည်း ပညာရပ်များ တို့ကြောင့် ဦးကျော်သူ၏ ပုံရိပ်လွှာများ ၊ ပန်းချီကားများ သည် ဦးကျော်သူကိုယ်ပွား ရုပ်ပုံလွှာ (၄ဝ) ထွက်ရှိလာခဲ့သော်လည်း ဦးကျော်သူ၏ အတွင်းစိတ်သဏ္ဌာန် ခံယူချက်များ သည်ကား ပုံရိပ်လွှာတိုင်းတွင် ထူးခြားစွာ ဖြင့် တစ်ခုတည်းသော စိတ် အစဉ်ကို ဖော်ပြနေခြင်းအား တွေ့  မြင်လိုက်ရတော့သည်။
ဆယ်ကျော်သက်အရွယ်တုန်းက သူက အိပ်မက်ထဲမှာ စိုးမိုးသူ။ နူးညံ့တဲ့ အကြည့်လေး တစ်ချက်၊ နှုတ်ခမ်းလေးရွဲ့ ပြုံးတတ်တဲ့ အပြုံးလေးတစ်ခု၊ တစ်ခါတစ်ခါမပီတဲ့ စကားသံလေး တွေ နဲ့ ဆွဲဆောင်မှု ရှိလှတဲ့ မင်းသားမို့ ကျွန်မတို့ခေတ်မှာ အတော် ရေပန်းစားခဲ့သူ။ အထက် တန်းကျောင်းသူဘဝကတည်းက ကျွန်မသူငယ်ချင်း တော် တော် များများ မှာ သူ့ဓာတ်ပုံရှိကြ သည်။ တချို့က သူ ဓာတ်ပုံရှေ့ချပြီး စာကျက်မှ ခေါင်းထဲရောက်သည်တဲ့။ RIT တုန်းက ကျွန်မ သူငယ်ချင်း ကတော့ သဇင်ဆောင်နား သူရုပ်ရှင်လာရိုက်တာ သွားကြည့်ပြီး ၃ ရက်လောက် စာကျက်မရအောင် ရင်ခုန်နေခဲ့သည်တဲ့။
ကျွန်မ ကတော့ သူ့ရုပ်ရှင် တော် တော် များများ ကို အိမ်မှလစ်၊ ကျောင်းမှလစ်ပြီး မလွတ် တမ်း အားပေးခဲ့သူ။ နာမည် ပျက်ရှိခဲ့ဖူးသော ကောင်မလေးကို ချစ်တာကတစ်ဖက်၊ ပတ်ဝန်း ကျင်ကတစ်ဖက်၊ ဗျာများ ရသော အင်ဂျင်နီယာပေါက်စလေးအ ဖြစ် သရုပ်ဆောင်ခဲ့သော 'အစဉ်သဖြင့် '၊ တစ်အိမ်ထဲနေ ကောင်မလေးနဲ့ တကျက်ကျက်ရန် ဖြစ် ခပ်မြူးမြူး သရုပ်ဆောင် ခဲ့သော 'မုန်းရခက်ကြီး'၊ ပကာသနတွေ ကြားထဲက ချစ်သူကို ဆွဲခေါ်ထုတ်လာခဲ့သော ဂီတပညာရှင်အ ဖြစ် သရုပ်ဆောင်ခဲ့သော 'အရိုင်းစံပယ်'၊ တဖက်သတ်ချစ်သူနဲ့ ကိုယ့်ချစ်သူကြား ဗျာများ ရသော 'ကိုကိုဘာလို့ မုန်းတာလဲ'၊ မမကို အချစ်ကြီးလွန်းတဲ့ ကောင်လေးအ ဖြစ် သရုပ် ဆောင်ခဲ့သော 'ကောင်းချစ်တဲ့မမ'' ... ဒီကားတွေ အားလုံးက ဒီနေ့ထက်ထိ နှလုံးသားမှာ စွဲထင်ဆဲ။ ဘယ်မင်းသားကို အကြိုက်ဆုံးလဲလို့ တစ်စုံ တစ်ယောက် က မေးလာခဲ့ရင် ''ကျော်သူ'' လို့ မဆိုင်းမတွ ပြောတတ်သည်။
ကျရာဇာတ်ရုပ်ကို သဘာဝ ကျကျ ပီပီပြင်ပြင် သရုပ် ဆောင်နိုင်သော သူ့မှာ လူကြီး၊ လူငယ် အရွယ်စုံ ပရိသတ် ရှိသည်။ သံယောဇဉ်ကြီးလှတဲ့ သူငယ်ချင်းနှစ် ယောက် ရဲ့ ရင်နင့်ဖွယ် မူးယစ်ပညာပေးကား 'ဒိုး'ထဲက မျှော်ခဲ့ရတဲ့ အကယ်ဒမီက 'တပြည်သူမရွှေထား' ကျမှ မျှော်ရကျိုးနပ်တော့သည်။ American Idol လိုသာ ပရိသတ် ကိုယ်တိုင်ရွေးချယ်ခွင့် ရသော အကယ်ဒမီဆိုလျှင် သူ့မှာ ထားစရာနေရာပင် မရှိ လောက်အောင် အကယ်ဒမီတွေ တပွေ့တပိုက် ဖြစ်မှာ သေချာသည်။ ဒါရိုက်တာ ဆရာကြီးဦးသုခ ရိုက်ကူး၍ မင်းသားကြီးဇော်လင်း၏ သားနေရာက သရုပ်ဆောင်ခဲ့ သော ရုပ်မြင်သံကြားဇာတ်လမ်းမှာ ကြည့်မိတိုင်း မျက်ရည် လည်အောင် ပီပြင်လွန်းလှသည်။
သူသည် ဆရာကောင်းကို ဆည်းကပ်ခဲ့သည်။ ဆရာ ကောင်း စကားကို မြေဝယ်မကျ နာယူခဲ့သည်။ ဆရာ ကောင်း၏ လမ်းညွှန်မှု အတိုင်း ယုံယုံကြည်ကြည် လျှောက်လှမ်းခဲ့သည်။ ကျွန်မ သံယောဇဉ်ကြီး နှစသက် ခဲ့သော မင်းသား၏ မြင့်မြတ်သော ပေးဆပ်မှု တွေ က အံ့သြစရာကောင်းအောင် ကြီးမြတ်ခဲ့သည်။ သူ့ပရိသတ် တစ်ယောက် အနေနှင့် သူ့အနုပညာသက်သက်သာ ချစ်မြတ်နိုး ခဲ့ပြီး သူ့ဆီက ဘာကိုမှ မမျှော်ကိုးမိခဲ့။ မျက်ဝါးထင်ထင် မြင်တွေ့ ရသော အခါ ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကြည်ညိုလေးစားမိသည်။ မျက်ရည်ရစ်ဝဲရသည်ထိ ကြည်နူးမိသည်။
တော် ရုံလူ မပေးဆပ်ရဲသော ပေးဆပ်မှု တွေ ကျပ်တည်းနေသော ခေတ်ကြီးမှာ အခမဲ့ ဆေးခန်း။ အခမဲ့ဆေးရုံ၊ အခမဲ့ နာရေး ကူညီမှု ၊ သူက ငွေကြေးသန်းပေါင်းများ စွာ မချမ်းသာပါ။ စေတနာ ကတော့ သန်းပေါင်းများ စွာ မက။ သူ အခေါင်းကိုယ်တိုင်ရိုက်၊ နာရေး ကား ကိုယ်တိုင် မောင်းဖို့ အဆင်သင့် ဖြစ်နေသည့် တွဲလက်ညီသော ဇနီးချောရှိသည်။ သူက ဒုက္ခသည်တွေ ဆီ အခက်အခဲများ စွာ ကျော်ဖြတ်သွားရောက် ကူညီချိန်မှာ သူ့ဇနီးကလဲ တစ်ဖဝါးမခွာ။ ပေါ်ပြူလာ ဖြစ်ဖို့သက်သက် အပေါ်လေး နှမ်းဖြူးတတ်သော တချို့ မင်းသား၊ မင်းသမီးတွေ နဲ့တော့ မိုးနဲ့မြေ။
တကယ်တော့ သူက ဘဝအဓိပ္ပာယ်စစ်စစ်ကို ရှာဖွေတွေ့ ရှိသွားသူ။ ရခဲလှတဲ့ လူ့ဘဝကို လေးလေးနက်နက် အသုံးချတတ်သူ။ လှပမြင့်မြတ်တဲ့ သူ့သမိုင်းကို သူကိုယ်တိုင် ရေး ဖွဲ့တတ်သူ။ ယုံကြည်ရာကို ရဲရဲရင့်ရင့် လျှောက်လှမ်းတတ်သူ။ ကျွန်မဆယ်ကျော်သက် အရွယ်ထဲက စွဲလန်း ခဲ့ရတဲ့သူ၊ ခုချိန်မှာ ကျွန်မ လေးစားကြည်ညိုရတဲ့ သူရဲကောင်း တစ်ယောက် သူ့ရဲ့ ကြီးမြတ်တဲ့ မေတ္တာ၊ စေတနာတွေ ကို ဒီစာလေးဖြင့် ဦးညွှတ်ဂုဏ်ပြုလိုက်ပါသည်။
တန်ခူး
''အမေ ... ကျွန်တော် ကျောင်း သွားတော့မယ် ... လွယ်အိတ်ထုံးပေး''
''အေးပါ ... သားရယ်''
''ကျော်သူထုံးနော် ... အမေ''
ကျွန်တော် တို့ ငယ်ငယ်တုန်းက ဖြစ်ပါသည်။ ရုပ်ရှင်ကားထဲတွင် ကိုကျော်သူ လွယ်ထား သော လွယ်အိတ်မှာ အထုံးလေးနှင့် ဖြစ်ပါသည်။ ဒါကိုမြင်ပြီး အားကျ အတုယူကာ ကျောင်း သွားကြလျှင် ကျော်သူ လွယ်အိတ်ထုံး စတိုင်လ်လေးနှင့် သွားကြသည်။ ကျွန်တော် တို့ ငယ်ငယ် က 'ကျော်သူထုံး'ဆိုပြီး တစ်ခေတ် ဖြစ်ခဲ့ဖူးသည်။ နောက်တော့ ခေတ်ရေစီးကြောင်း အပြောင်း အလဲကြားမှာ ကျော်သူ လွယ်အိတ်ထုံးသည်လည်း ကွယ်ခဲ့ရသည်။
အနုပညာရပ်ဝန်းမှာ အမည် ကောင်းတစ်ခုနှင့် ကြာရှည်စွာ ရှင်သန်နေဖို့က မ ဖြစ်နိုင်ပါ။ စန်းထနေတဲ့ အချိန်လေးသာ ဟိုးလေးတကျော်ကျော် ဖြစ်ပြီး စန်းကျသွားပြီဆိုရင်တော့ ပျောက်ကွယ်ရသည်ချည်းပင်။ ထို့ထက် ပိုတွေးကြည့်မိတော့ မိမိတို့ကျင်လည် ရာ လုပ်ငန်းခွင်၊ ပတ်ဝန်းကျင်မှာ ပင် အမည် ကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်ဖို့ မလွယ်ပေ။ ထို့ထက် ပိုတွေးကြည့်ပါက နိုင်ငံတစ်ဝန်းမှာ အမည် ကောင်းတစ်ခု ရဖို့ဆိုတာ ပိုလို့ပင် မလွယ်ကူပေ။ ကုန်ပစ္စည်းတစ်ခုရဲ့ ကွာလတီကိုသာ ထိန်းထားဖို့ လွယ်သည်။ အမြဲဖောက်ပြန် ပြောင်းလဲနေသော လူ တစ်ယောက် ရဲ့ စိတ်ကွာလတီ ကိုတော့ ထိန်းထားဖို့ မလွယ်ကူလှချေ။ မိမိတို့ ပတ်ဝန်းကျင်၊ မိမိတို့ နိုင်ငံ၊ မိမိတို့ က္ဘာမှာ အမည် ဆိုးနှင့် ကျော်ကြားသူတွေ သာ များ သည်။ အမည် ကောင်းဖြင့် ကျော်ကြားသူက အင်မတန် ရှားပါးလှသည်။
ယနေ့အချိန်တွင် ကိုကျော်သူနှင့် ခေတ်ပြိုင်တချို့ နှိုင်းယှဉ်ကြည့် သော အခါ အများ ကြီး ကွာခြားသွားခဲ့လေပြီ။ ဒီလိုပြောခြင်းဟာ တခြားသူတွေ ကို အပြစ်တင်ရှုတ်ချခြင်း မဟုတ်ပါပေ။ ဘာကြောင့် ကိုကျော်သူရဲ့ အမည် နာမဟာ ပိုမိုတောက်ပြောင်လာရသနည်း ဆိုရ ရင် သူ့ရဲ့ ပရဟိတ အများ အကျိုး ရွက်သယ်ပိုးလိုတဲ့ စိတ်ကြောင့် လို့သာ ဆိုရပါမည် ။ တကယ်လို့ ကိုကျော်သူသာ ပရဟိတ လိုင်းဘက် ရောက်မလာခဲ့ဘဲ ရုပ်ရှင်လောကမှာ သာ ရှိနေခဲ့မည် ဆိုပါက ယခုအချိန်သည် အကျဘက်တွင် ရှိနေပါလိမ့်မည် ။ ဒီနေရာမှာ လူတချို့အတွက် ဆင်ခြေတက်စရာ ရှိလာခဲ့သည်။ ဘာလဲဆိုတော့ 'သူက အနုပညာလုပ်ငန်း လုပ်ကိုင်ခွင့် ပိတ်ခံ ထားရတာ ကိုး လုပ်နိုင်မှာ ပေါ့' ဟု ဆိုက ဆိုနိုင်ပါသည်။ လူ တစ်ယောက် ရဲ့ အသက်မွေး ဝမ်းကျောင်း လုပ်ငန်းမှာ နှစ် ရှည်လုပ်ကိုင်လာ ပြီးမှ အလုပ်ပြုတ်သွားသော် ရာထူးမှ ဖယ်ရှား ခံလိုက်ရသော် စိတ်ဓာတ်ကျသွားမည် သာ ဖြစ်ပါသည်။
နိုင်ငံရေး အရှုပ်အထွေးတွေ ကြောင့် သူ အပိတ်ခံလိုက်ရတဲ့အခါ သူလဲ စိတ်ဓာတ်ကျ မည် သာ ဖြစ်ပါသည်။ သို့ သော် သူက ငြိမ်ခံပြီး အကြာကြီးမနေ၊ တွန်းလှန်ပစ်သည်။ နိုးထလာခဲ့ သည်။ သူ့ဘဝကို အလကားလူအ ဖြစ် အရောက်မခံ။ ပေးဆပ်သူစစ်စစ်အ ဖြစ် အသွင် ကူးပြောင်းလိုက်သည်။ ဒါဟာ လွယ်ကူသည့်ကိစ္စတော့မဟုတ် သို့ သော် သူလုပ်ပြနိုင်ခဲ့သည်။ သူနှင့် တစ်ခါတုန်းက ခေတ်ပြိုင် လုပ်ဖော်ကိုင်ဖက်တွေ ဟိုတယ်ကြီးတွေ မှာ ဇိမ်ခံနေတဲ့အချိန်၊ နိုင်ငံတကာမှာ ထွက်ပြီး ရှော့ပင်းထွက်နေတဲ့အချိန်မှာ သူဟာ ဆင်းရဲသား အခြေခံလူတန်းစား တွေ အတွက် ကျန်းမာရေး စောင့်ရှောက်မှု ၊ ပညာရေး ထောက်ပံ့မှု တွေ နှင့် ဆင်းရဲသား အခြေခံလူတန်းစား မိသားစုဝင်တွေ သေဆုံးတဲ့အခါ လူအများ စု မထိချင် မကိုင်ချင်ကြတဲ့အလောင်းကောင် ပုပ်ပွပွတွေ ကို ကားနှင့် တင်ပြီး မီးသင်္ဂြိုဟ်စက်အထိ အခမဲ့ အရောက်ကူညီ ပို့ဆောင်ပေးနေခဲ့သည်။ အခမဲ့ဆိုတာထက် သင်္ဂြိုဟ်စရိတ် မတတ်နိုင်သူတွေ ကို ထောက်ပံ့ ပေးခြင်း၊ ဆင်းရဲနွမ်းပါးပြီး ကျန်းမာရေး ချို့တဲ့သော်လည်း ဆေးခန်းလာပြဖို့ ခရီးစရိတ် မတတ် နိုင်တဲ့သူတွေ ကို ထောက်ပံ့ခြင်း၊ အခြေခံ လူတန်းစားတွေ ရဲ့ ကလေးတွေ ကို အသက်မွေး ဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်း၊ စိတ်ဓာတ်မြှင့်တင်ပေးခြင်း လုပ်ငန်းများ ကို လည်း လုပ်ဆောင်လျက်ရှိသည်။ အလောင်း ကောက်ခြင်း (သို့ ) သယ်ယူပို့ဆောင်ပေးခြင်းဖြင့် သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ပေးသည်။
အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှု များ ပေးခြင်းဖြင့် အခြေခံ ဆင်းရဲသားလူတန်းစား မိသားစုတွေ အတွက် ကျန်းမာပျော်ရွှင်သော မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ရန် တစ်ဖက် တစ်လမ်းမှ ပံ့ပိုးသည်။ အနာဂတ် ကြယ်ပွင့်လေးတွေ အတွက် ပညာရေး ထောက်ပံ့ပေးခြင်းဖြင့် တိုင်းပြည်နှင့် လူမျိုးကို အလှဆင်ပေးသည်။ ဒီတစ်ခါ ကိုကျော်သူထုံးသည်ကား လွယ်အိတ် မဟုတ်တော့ပေ။ သူ့နှလုံးသား၊ သူ့ဘဝကို တိုင်းပြည်နှင့် လူမျိုးအတွက် စွန့်လွှတ်ပေးဆပ်ခြင်း စစ်စစ်ဖြင့် ''ထုံး''ပြနေခြင်းပင် ဖြစ်သည်။ ဒီတစ်ခါရော ကျွန်တော် တို့တစ်တွေ အားကျအတုယူ နိုင်ပါဦးမည် လား ... ။
ကျွန်တော် တို့ တက်ညီလက်ညီ ကြိုးစားကြရပါဦးမည် ။
ဤစာစုလေးဖြင့် ဦးကျော်သူ (နာရေး ကူညီမှု အသင်း) အား ဦးòတ်ပါ၏ နှစ် သစ် အခါ သမယမှသည် အသက်ထက်ဆုံးတိုင် တိုင်းပြည်နှင့် လူမျိုး၏ အကျိုးကို ပိုမိုမြင့်မြတ်စွာ ထမ်း ဆောင်နိုင်ပါစေကြောင်း ဆုခြွေတောင်းပါသည်။
ဇေယျာချော
လူ တစ်ယောက် ဖြစ်လာတဲ့နောက်မှာ ဖြတ်သန်းကျော်လွှားရတဲ့ နယ်ပယ်တွေ က တော် တော် များ ပါတယ်။ နှစ် သစ်တစ်နှစ် ကိုရောက်တိုင်း၊ နှစ် ဟောင်းတွေ ကို ဖြတ်ကျော်ပြီးတိုင်း လူတိုင်းလိုလို ပြောလေ့ရှိတဲ့ စကားလုံးအရ ''နှစ် ဟောင်းက အညစ်အကြေးတွေ ကုန်ဆုံးပြီး နှစ် သစ်မှာ ပျော်ရွှင်နိုင်ပါစေ''လို့ ဆုတောင်းပေးကြလေ့ရှိပေမယ့် တကယ်တော့ နှစ် ဟောင်းက အရာတွေ ဟာ ကုန်ဆုံးတယ်လို့မရှိဘဲ ကိုယ့်နောက်က အရိပ်တစ်ခုလို အမြဲလိုက်ပါနေတာပ။ ကောင်းခြင်းတွေ ကိုပဲ သယ်ဆောင်လို့ မသွားနိုင်သလို ဆိုးခြင်းတွေ ကို ချန်ထားရစ်ခဲ့လို့ မရနိုင် ပါဘူး။ လူ တစ်ယောက် ဟာ နာမည် တစ်ခုနဲ့အတူ ဘဝတစ်ခုမှာ ရှင်သန်နေထိုင်ပေမယ့် တစ်ခါ တစ်ခါမှာ မထင်မှတ်ဘဲ ပြောင်းလဲသွားတဲ့ အပြောင်းအလဲတွေ ရှိတတ်ပါတယ်။ ဒါဟာလည်း မမြင်နိုင်တဲ့ ကံတရားပဲ မဟုတ်ပါလား။
ဒီကံတရားကပဲ အတွေးအခေါ်တွေ ဖြတ်သန်းရတဲ့ လူမှု ပတ်ဝန်းကျင်တွေ ကို အပြောင်း အလဲ ဖြစ်စေပါတယ်။ ဘဝလမ်းခရီးတွေ ရဲ့ အချိုးအကွေ့တွေ က ရည်ရွယ်ရာလမ်းကြောင်းတွေ ကို ပြောင်းလဲသွားစေတယ်။ ဒီလိုပြောင်းလဲမှု တွေ ကို ကြုံဆုံတွေ့ ရတဲ့ လူ တစ်ယောက် ရဲ့ ခရီးလမ်းကြောင်းတစ်ခုကို ဖော်ပြပေးချင် ပါတယ်။ ဒါ ကတော့ တစ်ချိန်က နာမည် ကျော် သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ အကယ်ဒမီကျော်သူ၊ အခုအချိန် မှာ တော့ နာရေး ကူညီမှု အသင်း (ရန်ကုန်)ရဲ့ ခေါင်းဆောင်ကောင်း တစ်ယောက် ဖြစ်တဲ့ ဦးကျော်သူပါပဲ။
ကျွန်မတို့ ကျော်သူလျှောက်သော လမ်းကို ကြည့်ရအောင် ...
အမျိုးသား ရုပ်ရှင်ကုမ္ပဏီရဲ့ သား တစ်ယောက် ဖြစ်တဲ့ မောင်မောင် ဆိုတဲ့ လူငယ် တစ်ယောက် အတွက်တော့ ဒီအနုပညာရပ်ဝန်း ဟာ သူ့အတွက် မစိမ်းတဲ့ နယ်ပယ်တစ်ခုပါ။ ဒီအနုပညာကို ချစ်မြတ်နိုးတယ်။ ဒီအနုပညာ နယ်ပယ်မှာ ပဲ ကြီးပြင်းခဲ့ တယ်။ ဒါပေမယ့် သူဟာ ဒီလမ်းခရီးကို အလွယ်တကူ ဝင်ရောက်ခဲ့တာ မဟုတ်ခဲ့ဘူး။ အချိန်အများ ကြီး ပေးဆပ်ခဲ့ရတယ်။ ကြိုးစားခဲ့ရတယ်။ မိဘရဲ့ နောက်ခံအင်အားတွေ နဲ့ ပံ့ပိုးမှု တွေ ကြောင့် အောင်မြင်လာခဲ့တာ မဟုတ်ပါဘူး။ ကိုယ်တိုင် ကိုယ်ကျ ကြိုးစားခဲ့ရတာ ပါ။ ဒီ ကြိုးစားအားထုတ်မှု တွေ ကပဲ ပထမဆုံးဇာတ်ကားမှာ ပရိသတ် က ကျော်သူဆိုပြီး သရုပ်ဆောင်လောကထဲကို ခြေချခွင့်ပြုခဲ့ပါတယ်။ ဒါရိုက်တာ မျိုးမြင့်အောင် ရိုက်ကူးတဲ့ ''ချစ်ကြိုးလေးနှစ် မျှင်'' ဆိုတဲ့ ဇာတ်ကားပါပဲ။ ဒီဇာတ်ကားနဲ့ ရုပ်ရှင်လောကထဲ ခြေချလာခဲ့တဲ့ မင်းသားကျော်သူဟာ အဲဒီ နောက်ပိုင်းမှာ ဒါရိုက်တာ တော် တော် များများ နဲ့ ရုပ်ရှင်ဇာတ်ကားတွေ ကို ဆက်တိုက် ရိုက်ကူး ဖြစ်လာပါတယ်။ ရိုက်ကူးတဲ့ ဇာတ်ကားတိုင်းက လည်း ပရိသတ်ရင်ထဲကို ရောက်စေတဲ့ ဇာတ်ကားတွေ ပဲ ဖြစ်ခဲ့ပါတယ်။ ဒရာမာကားတွေ မှာ လည်း ကျော်သူရဲ့ သရုပ်ဆောင်မှု တွေ က ရင်ထဲကို ထိရောက်စေခဲ့တယ်။ အက်ရှင်ကားတွေ မှာ လည်း ဟာကွက်မရှိတဲ့ သရုပ်ဆောင်မှု မျိုးကို တွေ့ ရပါတယ်။ အကယ်ဒမီနဲ့ အကြိမ်ကြိမ် လွဲခဲ့ပေ မယ့် နောက်ဆုံးတော့ စစ်မှန်တဲ့ လုံ့လနဲ့ မလျော့သော ဇွဲက ကိုကျော်သူကို ''တပြည်သူ မရွှေထား'' ဆိုတဲ့ ဇာတ်ကားနဲ့ အကယ်ဒမီဆုကို ဆွတ်ခူးရယူစေပါတယ်။
နိုင်ငံတော် ဇာတ်ကားအ ဖြစ် ''လှလေးစိန်'' ဆိုတဲ့ ဇာတ်ကားကို ရိုက်ကူးခဲ့ပါသေး တယ်။ ကလိထိုးရယ်ရတဲ့ ဟာသကားတွေ ကြားထဲမှာ သဘာဝ ကျကျနဲ့ ပျော်စရာ၊ မိသားစု ဇာတ်ကားလေးတစ်ကား ဖြစ်တဲ့ ''အချစ်ဟု အဓိပ္ပာယ်သက်ရောက်ခြင်း မရှိစေရ''ဆိုတဲ့ ဇာတ် ကားကြီး ကတော့ ကျော်သူရဲ့ အနုပညာပြသခွင့်ရတဲ့ နောက်ဆုံးဇာတ်ကား ဖြစ်မယ်လို့ အကယ် ဒမီ ကျော်သူကလည်း တွေး ဖြစ်ခဲ့မယ် မထင်ပါဘူး။ ဒါဟာ အကယ်ဒမီကျော်သူ အနုပညာရှင် တစ်ယောက် ဆိုတဲ့ ဘဝတစ်ခုအ ဖြစ် ကျန်ရစ်ပြီးခဲ့တဲ့ အတိတ်တွေ ပါပဲ။ ဘယ်လိုပဲ မှု န်ဝါးဝါး အတိတ်တွေ ဖြစ်နေစေဦးတော့ အကယ်ဒမီကျော်သူဆိုတာ အနုပညာလောကမှာ ရော၊ လူထု ပရိသတ်တွေ ကြားမှာ ပါ အမြဲရှိနေတဲ့သူ တစ်ယောက် ဖြစ်နေခဲ့တယ်။ ဒီစိတ်ကူးတွေ ပြောင်းလဲ သွားတဲ့ ယုံကြည်မှု တွေ ကို အခုလို မေးခွန်းတွေ ကတစ်ဆင့် သိခဲ့ရပါတယ်။
အခုအချိန်မှာ တော့ ဘဝဆိုတဲ့ စကားလုံးအဓိပ္ပာယ်ကို ဒီလို ဖော်ဆောင်ထားပါတယ်။
''ဘဝဆိုတာ ရခဲတယ်။ လူ့ဘဝကို အောင်မြင်မှု ရှိအောင်လို့ တော့ မတွက်ဘူး။ တန်ဖိုးရှိအောင်နေတယ်။ တန်ဖိုးရှိအောင် နေတယ်ဆိုတဲ့ နေရာမှာ တော့ ကိုယ့်အတွက်လည်း တန်ဖိုးရှိ အောင်၊ အများ ပြည်သူအတွက်လည်း တန်ဖိုးရှိအောင်နေတယ်။ အောင်မြင်မှု ဆိုတာ ကျွန်တော့် ဆီမှာ မရှိဘူး။ တန်ဖိုးရှိဖို့ပဲ အဓိက ထားတယ်။''
အရင်မင်းသားဘဝက ''ဘဝ''ဆိုတဲ့စကားကို အဓိပ္ပာယ်ဖွင့်ပါဆိုရင် ဒီစကားလုံးမျိုး ဖြစ်လိမ့်မယ် မထင်ဘူးနော်၊ အရင်ကရော ဘယ်လိုများ ဖွင့်ဆိုထားပါလဲ။ ဒီလိုပဲ တွေးခဲ့တာတော့ ဟုတ်မယ်မထင်ဘူးနော်။
မတွေးခဲ့ဘူး။ ဒီလိုမျိုး လုံးဝကို မတွေးခဲ့တာပါ။
ဒါဆိုရင် မင်းသားကျော်သူက ဖွင့်ဆိုထားတဲ့ ဘဝအကြောင်းကို ပြောပေး ပါဦး။
အဲဒီ အချိန်တုန်း ကတော့ အောင်မြင်မှု လို့ သတ်မှတ်တယ်။ ရုပ်ရှင်လောကမှာ အောင် မြင်မှု ဆိုတာ လိုချင်တယ်။ နာမည် ကြီးချင်တယ်။ တန်ဖိုးရှိအောင်နေဖို့ဆိုတာ မတွေးမိခဲ့ဘူး။
ဒီလိုအတွေးတွေ ဝင်ရောက်လာစေဖို့ ပံ့ပိုးပေးတဲ့အရာ ဘယ်လိုအရာမျိုး ဖြစ်မလဲ။
လူသားတွေ ပဲပေါ့။ လူသားတွေ ကပဲ ဒီအရာတွေ ကို ပံ့ပိုးပေးတယ်။ အသိဥာဏ်ပေးတယ်။ လူသားတွေ ဆိုတာ အားလုံးပါပဲ။ ဆရာတော် ကြီးတွေ လည်း ပါတာပေါ့။
အခုလို နာရေး ကူညီမှု အသင်း ဖြစ်လောက်အောင် စတင် ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး နည်းနည်း လောက် ပြောပြပါဦး။
၂ဝဝ၁ ခုနှစ် ၊ ဇန်နဝါရီ (၁) ရက်နေ့မှာ စ ဖြစ်တယ်။ အဲဒီ မတိုင်ခင် ဘဘဦးသုခက နာရေး ကူညီမှု အသင်း လုပ်တယ်။ ကျွန်တော့် မိန်းမကလည်း လူမှု ရေး အသင်းအဖွဲ့ တစ်ခုခု လုပ်ချင်နေတယ်။ သူ့အဒေါ်က မန္တလေး ဗြဟ္မစိုရ်အသင်းမှာ နာယကအအနေနဲ့ လုပ်တယ်။ အဲဒီ ကြားကတည်းက သူက အရမ်းလုပ်ချင်နေတာ။ ဘယ်လိုလုပ်ရမှန်းမသိ ဖြစ်နေတာ။ ဘဘ ဦးသုခကလည်း ဒီအသင်းကို စမယ်ဆိုတာနဲ့ ဘဘအိမ်သွားတယ်။ အကြံဥာဏ်ယူတယ်။ အသင်းကို ဖွဲ့စည်းပြီး စလုပ် ဖြစ်တယ်။ ဒီလို အသင်းအဖွဲ့မျိုးတွေ က ဗုဒ္ဓဘာသာလူမျိုးတွေ မှာ မရှိဘူး။ တခြားဘာသာတွေ မှာ က ရှိတယ်လေ။ ဘဘက အဲဒီ အတွေးနဲ့ ရန်ကုန်မှာ စခဲ့တာ။ အဓိက ရန်ကုန်မှာ မရှိဘူး ဖြစ်နေတာ။
ဒီအလုပ်ကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်ချိန်မှာ ဦးကျော်သူအနေနဲ့ တစ်ဦး တစ်ယောက် ကို အားကျစိတ်မျိုး ရှိနေမိလား။
မရှိဘူး။ ဘယ်သူ တစ်ဦး တစ်ယောက် ကိုမှ အားကျစိတ်နဲ့ လိုက်လုပ်တာမျိုး မဟုတ်ပါ ဘူး။ ဒီအလုပ်ကိုလုပ်ရင်းနဲ့ ဘာအဖြေထွက်လာသလဲဆိုတော့ ငါ မင်းသား ဖြစ်တုန်းက အများ ပြည်သူက ပေးတဲ့ပိုက်ဆံနဲ့ ကိုယ့်မိသားစုကို သားတွေ ၊ သမီးတွေ ကို ဆုံးခန်းတိုင်အောင် လုပ် ပေးနိုင်ခဲ့တယ်။ ဒီအချိန်မှာ ဘယ်လိုကျေးဇူးဆပ်မလဲဆိုတော့ ဒီလို ကျေးဇူးဆပ်တာက အကောင်းဆုံး ဖြစ်တယ်လို့ တွေးမိလာတယ်။
အရင်အချိန်က လူသေတွေ အတွက် မြှုပ်နှံသင်္ဂြိုဟ်တဲ့ အလုပ်မျိုးကို လုပ်တဲ့သူ မြန်မာလူမျိုးက မရှိသလောက်နည်းပြီး လုပ်တဲ့သူရှိပြန်ရင်လည်း လူ့ပတ်ဝန်းကျင်မှာ နေရာ မပေးကြဘူးလေ။ ကျွန်မ ကြားဖူး သိဖူးသလောက်ဆိုရင် ၁၉၇ဝ ခုနှစ် ကျော်လောက်က ဒီလိုအလုပ်မျိုးလုပ်တဲ့ မိသားစုမှာ ဆို ငွေကြေးချမ်းသာပါရဲ့ ပတ်ဝန်းကျင်က လက်မခံတဲ့ အတွက် သားသမီးတွေ အိမ်ထောင်ရေး မှာ သတင်းစာမျက်နှာပေါ်က ကြေငြာခေါ်ယူရတဲ့အထိ အခြေအနေမျိုး ရှိခဲ့တာမို့ ဦးကျော်သူအနေနဲ့ ဒိအကြောင်းအရာတွေ ကို နာရေး ကူညီမှု အသင်း မတည်ထောင်မီက စဉ်းစား ဖြစ်ခဲ့သေးလား။
လုံးဝကို မစဉ်းစားဘူး။ စဉ်းစားစရာလည်း မဟုတ်ဘူး။ လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်ကို လုပ်တယ်။ မြတ်စွာ ဘုရား ချမှတ်တဲ့ လမ်းစဉ်အတိုင်း ဗြဟ္မစိုရ်တရားလေးပါးကို လက်ကိုင်ပြုပြီး လုပ်တယ်။ ဒါဟာ လူ ဖြစ်လာရင် လူတွေ လုပ်ရမယ့် အလုပ်၊ ဘယ်ဘာသာ ဘယ်လူမျိုးမှ လုပ်ရမယ်လို့ မပြောဘူး။ လူ ဖြစ်လာရင် လူတွေ လုပ်ရမယ့် အလုပ်ပဲ။
သရုပ်ဆောင်အလုပ်ကို စွန့်လိုက်ချိန်မှာ ခံစားချက် ကတော့ တော် တော် ပြင်းထန်လိမ့်မယ်နော်။
ဒါတွေ ဟာ ပြီး သွားပါပြီ။ အခုအချိန်မှာ ဒီအလုပ်တွေ ကို ထဲထဲဝင်ဝင်လုပ်နိုင်လို့ ကုသိုလ်ရတယ်။ အဲဒီ အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။
နာရေး ကူညီမှု အသင်းပြီးတော့ သုခကုသိုလ် ဖြစ်ဆေးခန်းကို ဖွင့် ဖြစ်ခဲ့တယ်နော်။ ဘယ်အရာမှ အလွယ်တကူ တည်ဆောက် လို့မရတဲ့ အချိန်အခါမျိုး၊ အခြေအနေမျိုးမှာ အသင်းကို ခိုင်မာအောင်၊ ဘေးပယောဂတွေ မဝင်အောင် တော် တော် ကြိုးစားယူခဲ့ ရမှာ ပဲ။ ဘယ်လိုအခက်အခဲမျိုးတွေ ကျော်လွှားခဲ့ရသလဲ။ ကြုံတွေ့ ခဲ့ရသလဲ။
အခက်အခဲ၊ အနှောင့်အယှက်၊ အတားအဆီး ကတော့ အများ ကြီးပါပဲ။ ရည်ရွယ်ချက် မှန်မှန်နဲ့ ကြိုးစားအားထုတ်ရပါတယ်။
အသင်းကို အုပ်ချုပ်တဲ့အခါ ဘယ်လိုပုံစံမျိုးနဲ့ အုပ်ချုပ်လဲ။
အသင်းကိုတော့ ကျွန်တော် ရဲ့ အနုပညာစိတ်နဲ့ပဲ အုပ်ချုပ်ပါတယ်။ ကျွန်တော် တို့ဆီမှာ နိုင်ငံတကာအသင်းတွေ ရဲ့ ဥပဒေသတွေ ဘာမှမရှိပါဘူး။ နားမလည်ဘူး။ သိလည်းမသိဘူး။ သိလည်းမသိချင်ဘူး။ ကိုယ့်ခြေလှမ်းနဲ့ ကိုယ်ပဲလျှောက်တယ်။ ဒီလိုလျှောက်ကြရင်းနဲ့ (၃)နှစ် အတွင်း အခုလို ဖြစ်လာတယ်။ အများ ကို ထိထိရောက်ရောက် ကူညီနိုင်တယ်။
ရှေ့ဆက်လုပ် ဖို့ ရည်ရွယ်ထားတဲ့ ပရဟိတလုပ်ငန်းတွေ ရှိသေးလား။
ဘာတွေ လုပ်ဖို့ ရည်ရွယ်လဲဆိုတော့ ဒီမှာ က အခုအခြေအနေအရ အနာဂတ်ကိုပြောလို့ မရနိုင်သေးပါဘူး။ ဒါကြောင့် ပစ္စုပ္ပန်အလုပ်ကို ကောင်းအောင်လုပ်ဖို့ပဲရှိတယ်။ ပစ္စုပ္ပန်ကောင်း အောင်လုပ်ရင် အနာဂတ်က ပွင့်လင်းလာပါလိမ့်မယ်။
စာကြည့်တိုက်လည်း ဖွင့်လှစ်ထားသေးတယ်နော်။
ဟုတ်ပါတယ် စာကြည့်တိုက်ကို ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ဖေဖော်ဝါရီလ (၁၃)ရက် နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။
ဒီနေ့ လက်ရှိအခြေအနေမှာ စီးပွားရေး အရ တွက်ဆရရင် လူတန်းစားက နှစ် ရပ် ဖြစ်နေ တယ်။ အလယ်လတ်တန်းစား ဆိုတာက ပျောက်နေတယ်။ ဒါဟာ ဘာကြောင့် ဖြစ်မယ်လို့ ထင်မိလဲ။
နိုင်ငံရေး စကားလုံးတွေ နဲ့တော့ ကျွန်တော် သိတာက ဒီမှာ အရမ်းချမ်းသာတဲ့သူတွေ ရှိတယ်။ ဆင်းရဲတဲ့သူတွေ ရှိတယ်။
နိုင်ငံရေး ဆိုတဲ့ စကားလုံးကြားမိလို့ မေးချင်လာတာ တစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ နာရေး ကူညီမှု အသင်းကို လူတွေ အားကိုးလာကြတယ်။ အကူအညီ တောင်းခံလာကြတယ်။ ဒီ့အပြင် အသင်းရဲ့ ကူညီမှု တွေ ကို ခုတုံးလုပ်တဲ့ ကြားပွဲစား တွေ ကို ပပျောက်အောင်လည်း ရှင်းလင်းနိုင်ခဲ့တယ်။ ခေါင်းဆောင် တစ်ယောက် ရဲ့ အရည်အသွေးတွေ ကို တွေ့ ရတဲ့ ဦးကျော်သူအနေနဲ့ ကျင်းပပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ရော၊ အခုပြုလုပ်မယ့် ကြားဖြတ်ရွေးကောက် ပွဲမှာ ရော ဝင်ရောက်ဖို့ စိတ်မဝင်စားခဲ့ဘူးလား။
စိတ်မဝင်စားဘူး။ ဒီအသင်းအဖွဲ့လေးလုပ်တာတောင်မှ လူပေါင်းစုံနဲ့ ဆက်ဆံရတယ်။ လက်တွဲပြီး အလုပ်လုပ်ရတယ်။ ဒီလိုအလုပ်တွေ လုပ်ရာမှာ စည်းကမ်းဖောက်တဲ့သူကလည်း ဖောက်တယ်။ သီလမလုံတဲ့သူတွေ ကလည်း မလုံဘူး။ ဒီတော့ လူပေါင်းများ စွာ နဲ့ အလုပ်လုပ် ရမယ့်၊ အုပ်ချုပ်ရတဲ့အလုပ်ကို စဉ်းကို မစဉ်းစားဘူး။ ကိုယ်နိုင်တဲ့ ဝန်ကိုပဲ ထမ်းတယ်။ အခုက နိုင်တယ်လို့လည်း မဟုတ်ဘူး။ နိုင်အောင် ကြိုးစားနေရတာ လူတွေ ကိုလည်း တော် တော် စိတ်ကုန်တယ်။
လူတွေ ကို တော် တော် စိတ်ကုန်တယ်ဆိုတော့ တစ်ခါတစ်ခါမှာ ဒီအလုပ်ကို လုပ်ချင်စိတ်မရှိတော့ဘူးဆိုတာ ဖြစ်မိလား။
တကယ်လည်း လူတွေ ကို စိတ်ကုန်တယ်။ နေလည်း မနေချင်တော့ဘူး။ အလုပ်တစ်ခု လုပ်တယ်ဆိုတာ အားလုံး စိတ်တူကိုယ်တူနဲ့ လုပ်တာကောင်းတယ်။ တစ်ယောက် တစ်မျိုးနဲ့ ဖြစ်လာရင် ကုသိုလ်လိုချင်လို့လုပ်တာ အကုသိုလ်တွေ ပဲ ပါလာတယ်။ ကျွန်တော် ကတော့ မလုပ် ချင်တော့ဘူး။ မလုပ်ချင်တော့ဘူးဆိုတာ အတိုင်းအတာတော့ ရှိတာပေါ့။ ဒါပေမယ့် အများ အတွက် လုပ်ပေးရမယ့်အပိုင်းတွေ ၊ လုပ်ပေးရမယ့် တာဝန်တွေ ၊ လုပ်ပေးရမယ့် လူ့ကျင့်ဝတ် တွေ ရှိသေးတာပေါ့။ ဒီအလုပ်လုပ်တယ်ဆိုကတည်းက စွန့်လွှတ်ရတာ တွေ က အများ ကြီးပါ။
ဘယ်လိုအရာမျိုးတွေ ကို စွန့်လွှတ်ခဲ့ရလဲ။
ရုပ်ရှင်မင်းသား တစ်ယောက် ဖြစ်ဖို့ ကြိုးစားရတာ ထက် ဒီမှာ ပိုပြီးကြိုးစားရတယ်။ စွန့်လွှတ်ရတယ်။ သားသမီးလည်း စွန့်လွှတ်ရတယ်။ ကိုယ့်စီးပွားရေး တွေ လည်း စွန့်လွှတ်ရ တယ်။ ဝင်ငွေ တစ်ပြားတစ်ချပ်မှ မရတဲ့အလုပ်ကို လုပ်နေရတာ ။ ၂ဝဝ၁ ခုနှစ် ကစပြီး ဒီနေ့ ဒီအချိန်အထိ ကိုယ့်ထမင်း ကိုယ်စား၊ ကိုယ့်ကားနဲ့ ကိုယ်လာပြီး အလုပ်လုပ်နေရတာ ၊ အသင်း သည် ကိုယ့်အတွက် မ ဖြစ်စေရ၊ ကိုယ်သည် အသင်းအတွက်သာ ဖြစ်ရမည် ဆိုတဲ့ ဆောင်ပုဒ် အတိုင်း လုပ်နေတာ။
မင်းသား တစ်ယောက် အ ဖြစ်လည်း အောင်မြင်အောင် ကြိုးစားနိုင်ခဲ့သလို အခု ပရဟိတ လုပ်ငန်းကိုလည်း အောင်မြင်အောင် တည်ထောင်နိုင်ခဲ့တယ်။ အခုလို မတူညီတဲ့ နယ်ပယ် နှစ် ခုလုံးမှာ အောင်မြင်ခဲ့တာ ဘာကြောင့် လဲ။
မင်းသားလုပ်တုန်း ကတော့ ကျွန်တော် တို့ဆီမှာ သင်တန်းတွေ ရှိခဲ့တာ မဟုတ်ပါဘူး။ ဒါရိုက်တာ ဦးမျိုးမြင့်အောင်ကနေ ပထမဆုံး ရိုက်ခဲ့တယ်။ သူလည်း သူတတ်သလောက် သင်ပေးခဲ့ တယ်။ ကျွန်တော် ကလည်း ကြိုးစားတယ်။ ပရိသတ်က အားပေးလာတယ်။ မင်းသား ကျော်သူဆိုပြီး ဖြစ်လာ တယ်။ ထို့နည်းတူစွာ ဆရာတွေ တော့ ရှိတာပေါ့။ ဦးအောင် မြင့်မြတ်ဆိုရင် ဒရာမာပိုင်းကို သင်ပေးတယ်။ အေဝမ်း ဦးလှမျိုးဆိုရင် အက်ရှင်ပိုင်းကို သင်ပေးတယ်။ ကျွန်တော် က သူတို့နဲ့ သင်တန်းတစ်ခုလို သင်ရတာ လည်း မဟုတ်ဘူး။ သူတို့ လုပ်တာကို လေ့လာပြီးတော့ လုပ်ရတာ ။ ကိုယ့်ရဲ့ ဖြစ်ချင်တဲ့ စိတ်ကပဲ အရေး ကြီးတာပါ။
နာရေး ကူညီမှု အသင်းစတော့ လူသေအလောင်းတွေ ကို ကိုယ်တိုင်သယ်ယူ ရတာ နော်။ ဦးကျော်သူ မှတ်မိသလောက်လေး ပြောပါဦး။
ဒီမှာ က လူသေအလောင်းကို ဘယ်လိုပြင်ဆင်မယ်ဆိုတာ သင်တန်းပေးတာမျိုးလည်း မရှိပါဘူး။ တစ်ခါမှ အလောင်းသယ်ဖူးတာလည်း မရှိဘူး။ နိဗ္ဗာန်ယာဉ်ကားလည်း မောင်းဖူးတာ မဟုတ်ဘူး။ ဆွေမျိုးသားချင်းတွေ မှာ တုန်းကလည်း အလောင်းကို ကိုယ်တိုင်လည်း ကိုင်ဖူးတာ မဟုတ်ပါဘူး။ အဘိုးအဘွားတွေ တုန်းကလည်း ကိုယ်တိုင်ကိုင်ရတာ မဟုတ်ဘူး။ ပထမဆုံး ကိုယ်နဲ့ သူစိမ်း တစ်ယောက် ဖြစ်တဲ့ ဦးဟန်တင်ရဲ့ ရုပ်ကလာပ်ကို ကိုယ်တိုင်သယ်ရတယ်။ ကိုယ်တိုင်ကားမောင်း ပို့ပေးရတယ်။ ကိုယ်က ဒီလို ပေးဆပ်မယ်ဆိုတဲ့ စိတ်ဓာတ်ကြောင့် အခုလို လုပ်နိုင်တာ။
ပရဟိတလုပ်ငန်းတွေ မှာ စိတ်ဓာတ်က အဓိကကျတယ်လို့ ပြောရမှာ ပေါ့။
ဒီလိုစိတ်ဓာတ်ကြောင့် ကိုယ့်ရဲ့ ခံယူချက်တွေ မှန်တဲ့အတွက် အများ ပြည်သူကလည်း အားပေးလာတယ်။ နာရေး ကူညီမှု အသင်းကို အားပေးလာတယ်။ အရေး ကြီးတာက စိတ်ဓာတ် ပဲ။
တစ်ခါတလေတော့ ဦးကျော်သူအနေနဲ့ အရင်က သရုပ်ဆောင်ဘဝကို လွမ်းမိသေးလား။
တစ်ခါတလေတော့ ကိုယ်သရုပ်ဆောင်ထားတဲ့ ကားလေးတွေ ကို ပြန်ကြည့် ဖြစ်ပါ တယ်။ သရုပ်ဆောင်ဘဝဆိုတာလည်း မလွမ်းလောက်ပါဘူး။
မလွမ်းလောက်ဘူးဆိုတာက ...
ဒီလိုပါ။ မနေ့က လှိုင် မဟာစည်ဆရာတော် ဘုရားဆီ ရောက်ခဲ့တယ်။ ဆရာတော် ကြီးက အနုပညာသမားတွေ သေရင် ပဟာသငရဲကို ရောက်တယ်ဆိုတာ မြတ်စွာ ဘုရားနဲ့ တပည့် ရဟန်းတစ်ပါး ပြောကြားတဲ့အကြောင်းကို ဟောတာ၊ ရဟန်းတော် တစ်ပါးက မြတ်စွာ ဘုရားကို အနုပညာသမားတွေ သေရင် ပဟာသငရဲကို ရောက်တယ်ဆိုတာ ဟုတ်လားလို့မေးတာ။ အဲဒါနဲ့ ပတ်သက်ပြီး ပြော ဖြစ်ခဲ့တာက ကျွန်တော့် သမီးနဲ့ သားက နွေရာသီကျောင်းပိတ်ရက်မှာ တရားစခန်းဝင်တယ်။ အင်းစိန် အောင်ဆန်းတောရမှာ ။ အဲဒီ တုန်းက သမီးက ရုပ်ရှင် သရုပ် ဆောင်တွေ သေရင် ဘယ်ဘဝကို ရောက်သလဲမေးတော့ ဆရာတော် ကြီးကလည်း အဲဒီ လိုပဲ မိန့်တယ်။ အဲဒီ အကြောင်းကို ဆရာတော် ကြီးကို အခုပြောပြ ဖြစ်ခဲ့တယ်။ ဘာကြောင့် လဲဆိုတော့ အဲဒီ မှာ ကတည်းက တုန်လှုပ်သွားပြီး ဘာသာရေး ဘက်ကို တဖြည်း ဖြည်း လိုက်လာခဲ့တာ။ အနုပညာသမားဆိုတာကလည်း ဘဘဦးသုခတို့လို ကိုယ့်ရဲ့ အနုပညာ ကိုလည်း ဖော်ထုတ်၊ လူတွေ ကို အကျိုးပြုမယ့် ဇာတ်ကား တွေ ရိုက်ဖို့ အရေး ကြီးတယ်။
အသင်းရဲ့ ရန်ပုံငွေကို ဘယ်လိုကောက်ခံပါသလဲ။
အသင်းအတွက် ရန်ပုံငွေကောက်ခံခြင်းတွေ မလုပ် သလိုဘဲ နိုင်ငံတကာ ဘယ်အဖွဲ့ အစည်းကိုမှလည်း အကူအညီ တောင်းခံတာမျိုး မလုပ်ပါဘူး။ အသင်းကို လာရောက် လှူဒါန်းတဲ့ အလှူငွေနဲ့ပဲ လည်ပတ်တယ်။ စာရင်းစစ်တွေ ရှိတယ်။ အသင်းမှာ ငွေစာရင်း အတိ အကျထားတယ်။ အသင်းရဲ့ ငွေစာရင်းတွေ ကို သက်ဆိုင်ရာ တိုင်း၊ မြို့နယ်တွေ ကို လစဉ် အမြဲ ပို့တယ်။
ပေါ်ပေါက်လာတဲ့ လူမှု ရေး အသင်းအဖွဲ့တွေ နဲ့ပတ်သက်ပြီး ဦးကျော်သူအမြင် ပြောပါဦး။
ဒီမှာ လူမှု ရေး အသင်းအဖွဲ့တွေ ပေါ်ပေါက်လာတယ်။ ဖောင်ဒေးရှင်းတွေ ပေါ်လာတာ တွေ က အစိုးရက လုပ်တာပဲလေ။ လုပ်တဲ့ရည်ရွယ်ချက်မှန်ဖို့ အရေး ကြီးတယ်။ နာမည် ကြီး ချင်လို့ လုပ်တာလား။ အများ ပြည်သူအတွက် ကူညီချင်လို့ လုပ်တာလား။ ဒါမှမဟုတ် တခြား အသင်းအဖွဲ့ကို တိုက်ခိုက်ချင်လို့ လုပ်တာလား။ ဒါတွေ ကို ပြန်သုံးသပ်ဖို့လိုတယ်။ တကယ့်စိတ် ရင်းနဲ့ ကိုယ်ကျိုးစွန့်ပြီး လုပ်ကြရင်တော့ အောင်မြင်မယ်လို့ ကျွန်တော် ထင်တယ်။
အခုလို လူမှု ရေး တွေ လုပ်နိုင်တဲ့ ဦးကျော်သူအတွက် အိမ်ရှင်မရဲ့ နားလည်သိတတ်မှု က ဘယ်လောက်အတိုင်းအတာအထိ ပါဝင်လဲ။
သူက အပြည့်အဝပါဝင်တယ်။ မင်းသားလုပ်တုန်း ကတော့ သူက ဒီအလုပ်ကို စိတ်မဝင် စားဘူး။ ဒါပေမယ့် အဲဒီ ကရလာတဲ့ငွေကို စနစ်တကျ သိမ်းဆည်းတယ်။ သုံးစွဲတယ်။ ဒါကြောင့် လည်း အခုအချိန်မှာ ကျော်သူဟာ အလုပ်မရှိဘဲ ထိုင်စားနေနိုင်တာပါ။ အခုလည်း ဒီမှာ လူမှု ရေး အလုပ် လုပ်တယ်ဆိုတာ သူလုပ်ချင်တဲ့ အလုပ်ပဲ။ လူမှု ရေး ဟာ ဘာသာရေး နဲ့လည်း နွယ်တယ်။ ဒီတော့ ဒါဟာ နှစ် ယောက် စလုံးရဲ့ ဆန္ဒပဲ။ ဒါကြောင့် ဒီနေ့အချိန်အထိ လက်တွဲပြီး ရပ်တည်နိုင်တာပါ။
ဒီနေ့ လူငယ်တွေ အတွက်နဲ့ပတ်သက်ပြီး ဦးကျော်သူမှာ ပြောစရာစကားလုံးများ ရှိနေ မလားပဲ။
ဒီနေ့ လူငယ်တွေ ဟာ ကိုယ့်ဝမ်းစာကိုယ်ပဲရှာရှာ၊ ကုမ္ပဏီမှာ ပဲ လုပ်လုပ်၊ ဘယ်လို ပတ်ဝန်းကျင်မှာ ပဲ ဖြစ် ဖြစ်၊ ဘယ်လောကထဲ ရောက်ရောက် ကိုယ့်အလုပ် ကိုယ်လုပ်မယ်။ ကိုယ့်လမ်း ကိုယ် သွားမယ်။ ကိုယ့်သီလ ကိုယ်လုံဖို့ တိုက်တွန်းချင်တယ်။ အဓိ ကတော့ သီလလုံဖို့ပါပဲ။
ဟုတ်ကဲ့ပါ။ အခုလိုဖြေပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျွန်တော် တို့က လူတွေ ပါဗျာ
တိရိစ္ဆာန်တွေ တောင်ကမ္ဘာ့ရန်သူတွေ ဘယ်လောက်ပဲ ဖြစ် ဖြစ်၊
သမိုင်းရဲ့ နာကျည်းမှု တွေ ဘယ်လောက်ပဲကြီးကြီး၊
အာဃာတတွေ ဘယ်လောက်ပဲထားထား၊
အမုန်းတရားတွေ ဘယ်လောက်ပဲရှိရှိ၊
ဗြဟ္မစိုရ်တရားရှိမှ
မြင်တွေ့ ရတဲ့ မြင်ကွင်းလေးတွေ က ငြိမ်းချမ်းမှု ကို ရစေတယ်လေ။
သူတို့က တိရ္ဆာန်တွေ ပါ။ အခု ... ကျွန်တော် တို့က လူတွေ ပါဗျာ။
ဒါကြောင့် ... လူဆိုတာ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားမှ ငြိမ်းချမ်းရေး ကိုရမယ်။
ငြိမ်းချမ်းရေး ကိုရမှ တိုင်းပြည်အေးချမ်းမယ်။
တိုင်းပြည်အေးချမ်းမှ မြို့နယ်အေးချမ်းမယ်။
မြို့နယ်အေးချမ်းမှ ရပ်ကွက်အေးချမ်းမယ်။
ရပ်ကွက်အေးချမ်းမှ မိသားစုအေးချမ်းမယ်။
မိသားစုအေးချမ်းမှ မိမိကိုယ်တိုင်အေးချမ်းမယ်။
ကျွန်တော် တို့က လူတွေ ပါဗျာ ...
ကျော်သူ
ကျွန်တော် က ရန်ကုန်ဇာတိပါ။ ကျွန်တော့် မိဘများ က ဦးစိန်တင်နဲ့ ဒေါ် မြသန်းပါ။ ၁၉၅၉ ခုနှစ် နိုဝင်ဘာ ၂ ရက်နေ့မှာ မွေးပါတယ်။ မောင်နှမ သုံးယောက် ရှိတယ်။ အစ်မက ဒေါက်တာချိုချိုအေး အင်္ဂလန်မှာ ဆရာဝန်လုပ်နေတယ်။ ကျွန်တော် က အလတ်၊ ကျွန်တော့်  ညီက အောင်မင်း၊ အမေရိကား ဟောလိဝုဒ်မွှာမစေ့ငခီနျငါညနမ လုပ်နေတယ်။ ကျွန်တော့် ရဲ့ နာမည် အရင်းက ကျော်ဝင်း၊ အနုပညာအလုပ် စလုပ်မယ်ဆိုမှ ဆရာမင်းသိင်္ခက ကျော်သူဆိုပြီး နာမည် ပေးလိုက် ရာကနေစပြီး ကျော်သူ ဖြစ်လာခဲ့တာပါ။ ကျွန်တော် ငယ်ငယ်တုန်းက ကိုယ်လုပ်ချင်တာကို လုပ်ခဲ့တာ။ ပညာရေး ဆိုလည်း ထိထိရောက်ရောက် မလုပ်ခဲ့ဘူး။ မိဘက ဆူရင်လည်း ခေါင်းထဲမထည့်ဘူး။ ပန်းချီ ဝါသနာပါခဲ့တယ်။ အဲဒီ တော့ ဆရာဦးသော င်းဟန်ဆီမှာ နွေရာသီပန်းချီသင်တန်း တက်ခဲ့တယ်။ ကျွန်တော့် အဖေက နဂိုတုန်းက နိုင်လွန်စက်ရုံ လုပ်ငန်း လုပ်တယ်။ ၁၉၆၂ ခုနှစ် မှာ ပြည်သူပိုင်သိမ်းတော့ အဖေလည်း လုပ်ငန်းပျက်ပြီး ထောင်ကျ သွားခဲ့တယ်။ ထောင်က ထွက်လာပြီးတဲ့အချိန်မှာ အမျိုးသားတိုးတက်ရေး ရုပ်ရှင်လုပ်ငန်းကို လုပ်ခဲ့တယ်။ ပြီးတော့ ကာလ်တန်ရုံမှာ ရှယ်ယာပါတယ်။ အဲဒီ တော့ ကျွန်တော် ငယ်ငယ်လေး ကတည်းကစပြီး ရုပ်ရှင်မှာ ဝါသနာပါခဲ့တာ။ ဝင်ရောက်လုပ်ကိုင်ချင်စိတ်တွေ ပေါ်ပေါက် လာခဲ့တယ်။ ဇာတ်òန်းလေးတွေ ဘာတွေ ရေး ဖြစ်တယ်။ ပန်းချီနဲ့ဆက်စပ်ပြီးတော့ ဒါရိုက်တာပညာကိုပါ လေ့လာ ဖြစ်တယ်။ သင်ဆရာ ဆိုလို့ မရှိဘူး။ မြင်ဆရာနဲ့ပဲ ကြိုးစားလာခဲ့တာ။
ကျောင်းက အ.ထ.က(၁) ဒဂုံမှာ ပညာသင်တယ်။ ဒဂုံ(၁)မှာ ဆယ်တန်းအောင်ပြီး ဒေသ ကောလိပ် Second btech regional မှာ စတက်ခဲ့တယ်။ တက်တော့ လည်း ပညာရေး ကို ပီပီပြင်ပြင် မကြိုးစားဘူး။ စာမေးပွဲ တဘုန်းဘုန်းကျခဲ့တယ်။ နောက် မိန်းမခိုးပြေးပြီး အိမ်ထောင် ကျခဲ့တယ်။ မိန်းမရမှ အလုပ်တစ်ခုခုလုပ်ရင် ကောင်းမယ် ဆိုပြီးတော့ ဒါရိုက်တာ ဦးမျိုးမြင့်အောင်၊ ဒါရိုက်တာ ဦးမင်းနိုင်၊ ဒါရိုက်တာ ဗိုလ်ဗကို၊ ဒါရိုက်တာ မောင်ဝ္ဏတို့ကနေ ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းလာတဲ့ အချိန်ကစပြီး ဒါရိုက်တာ ဦးမျိုးမြင့်အောင်နဲ့ ဇာတ်ကား စရိုက် ဖြစ်ခဲ့တာပေါ့။ နှစ် ကိုယ်ခွဲ ဇာတ်လမ်းလေးတစ်ပုဒ်။ ကျွန်တော် က နဂိုကတည်းက ရုပ်ရှင်ရိုက်ဖို့ရှိတယ်။ အိမ်က ကျောင်းမပြီးသေးတော့ သဘော မတူတဲ့အတွက် လာကမ်းလှမ်းလာတဲ့ ကိစ္စတွေ အမျိုးမျိုးပျက်ကုန်တာ။ ဒါရိုက်တာ ဦးမျိုးမြင့် အောင် ကမ်းလှမ်းလာတဲ့ အချိန်ကျတော့ ကျွန်တော် က အိမ်ထောင်ကျပြီ။ အလုပ်တစ်ခု လုပ်သင့်ပြီဆိုတဲ့အချိန်ကျတော့ အိမ်ကလည်း ခွင့်ပြုလာခဲ့တယ်။ အဲဒီ လိုနဲ့ ရုပ်ရှင်လောကထဲကို စတင်ရောက် ဖြစ်ခဲ့တာပါ။ ပထမဆုံးရိုက်တဲ့ ဇာတ်ကားက ''ချစ်ကြိုးလေးနှစ် မျှင်''၊ တင်နီလာ ဝင်း၊ သီတာဝင်း၊ ကိုသုမောင်၊ အန်တီချိုပြုံးတို့ ပါဝင်တယ်။ ကျွန်တော် က နှစ် ကိုယ်ခွဲအ ဖြစ် သရုပ်ဆောင်ရတာ ပေါ့။ အဲဒီ ဇာတ်ကားကြီးကနေ စတင်အောင်မြင် ခဲ့ပြီး တောက်လျှောက်ရိုက်လာခဲ့တာ။ ''ကောင်းချစ်တဲ့မမ'' ဇာတ်ကားကျတော့ ကျွန်တော် ဒါရိုက်တာအ ဖြစ် စတင် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားပေါ့။
''အတွေ့ ''၊ ''ဒဏ္ဍာရီထဲက သတို့သမီး''၊ ''ဆေးပေါင်းခတဲ့ည''၊"ပုဏ္ဏားဘကွန်း''၊ ''အမေ့ နို့ဖိုး'' ဇာတ်ကားကြီးတွေ က ဒါရိုက်တာအ ဖြစ် ရိုက်ကူးခဲ့တဲ့ ဇာတ်ကားကြီးတွေ ပါ။ သရုပ် ဆောင်လုပ်ရင်းကနေ ''တစ်ပြည်သူ မရွှေထား'' ဇာတ်ကားကြီးမှာ သရုပ် ဆောင်ဆုကို ရရှိခဲ့တယ်။ ရုပ်ရှင်ဗွီဒီယို ဇာတ်ကားပေါင်း ၃ဝဝ နီးပါးလောက် ရိုက်ကူးခဲ့တယ်။ ဗီဒီယိုဇာတ်ကားက တော့ အများ ဆုံးပေါ့။ နောက် ကျွန်တော် ဒါရိုက်တာလုပ်ခဲ့တဲ့ ''အမေ့နို့ဖိုး'' ဇာတ်ကားကြီး မှာ ကျတော့ စုစုပေါင်း အကယ်ဒမီခုနစ်ဆု ရခဲ့ တယ်။ နောက် ၂ဝဝ၇ ခုနှစ် မှာ ကျတော့ သံဃာ့ အရေး အခင်းကြောင့် အနုပညာ အလုပ် အပိတ်ခံရတယ်။ ဘဘ ဦးသုခ က နာရေး ကူညီမှု (ရန်ကုန်)မှာ အသင်း ဖွဲ့တဲ့ အချိန်ကတည်းက စတင် ပါဝင် ခဲ့တာ။ ခုအချိန်ထိပဲပေါ့။
ကျွန်တော် ဖြတ်သန်းခဲ့ရတဲ့ ဘဝ အတွေ့ အကြုံတွေ ကို ပြန်ကြည့်မိတဲ့ အခါမှာ အိမ်ထောင်ကျပြီးတော့ အလုပ်အကိုင် ရှာဖွေရမယ်ဆိုပြီးတော့ အလုပ်ရှာခဲ့ပေမယ့် အလုပ်မရှိဘဲနဲ့ နေနိုင်တဲ့ အတိုင်းအတာရှိခဲ့တယ်။ သို့ သော် လူ ဖြစ်တဲ့အတွက်ကြောင့် မို့ အလုပ်တစ်ခုရှိရမယ်။ ကိုယ့် မိသားစုရပ်တည်ဖို့အတွက် ကိုယ်တိုင်ရှာဖွေမှရမယ်။ မိဘကိုပဲ အားကိုးလို့မရဘူးဆိုတဲ့ အသိ တစ်ခုကြောင့် အလုပ်တစ်ခုလုပ်ခဲ့တယ်။ ကျွန်တော် တို့ အိမ်ထောင်ကျပြီးတဲ့နောက် ရရှိတဲ့ လက်ဖွဲ့ငွေလေးကိုစုပြီး မုန့်ကြွပ်လုပ်ငန်းကို လုပ်မယ်ဆိုပြီးတော့ မန္တလေးကနေ မုန့်ကြွပ်မှာ တယ်။ ရန်ကုန်ကနေတစ်ဆင့် ဧရာဝတီတိုင်းဘက်ကို ဖြန့်ခဲ့တာ။ အဲဒါကလည်း ရှုံးတာပါပဲ။ အခုလို ပါကင်ကောင်းကောင်းမရှိတော့ မုန့်ကြွပ်တွေ က ရန်ကုန်ရောက်ရင် အကုန်ကျိုးပဲ့ကုန် တော့ အဲဒီ လုပ်ငန်းမှာ ရှုံးတော့ မလုပ် ဖြစ်တော့ဘဲနဲ့ ရုပ်ရှင်လိုင်းဘက်ကို ရောက်လာပြီး သရုပ် ဆောင် ဖြစ်ခဲ့တာ။ သားသမီးနှစ် ယောက် ရတယ်။ သား ကတော့ ပြည်သိန်းကျော်နဲ့ သမီး မြင့်မိုရ်ဦး။ ပြည်သိန်းကျော်က အခုဆိုရင် အမေရိကားမှာ အင်ဂျင်နီယာဘွဲ့ရပြီးတော့ လေယာဉ်ကုမ္ပဏီမှာ လုပ်နေတယ်။ သမီး ကတော့ ၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှာ ကျွန်တော့် ကိုဖမ်းဖို့ လုပ်နေတုန်း သမီးနဲ့စေ့စပ်ထားတဲ့ ကောင်လေးနဲ့ သြစတြေးလျကို လွှတ်လိုက်တယ်။
ဆေးကျောင်း ဒုတိယ နှစ် မှာ ကျောင်းပြန်တက်နေပြီ။ နောက်ဆုံးနှစ် ရောက်တော့မယ်။ အခုချိန်မှာ ကျွန်တော် က မြေးနှစ် ယောက် ရနေပြီပေါ့။ ကျွန်တော့် ဇနီး ကတော့ သားသမီးတွေ ကို ထိန်းသိမ်းစောင့်ရှောက် ဖြစ်ခဲ့တယ်။ သူ့ကြောင့် သားသမီးတွေ က ထူးချွန်ထက်မြက်လာခဲ့တယ်။ အားကစား၊ ပညာရေး ကအစပေါ့။ ကျွန်တော် က အနုပညာကနေရတဲ့ ငွေကြေးအားလုံးကို သူ့ဆီအပ်တယ်။ သူက ထိန်းသိမ်းပြီး တိုးပွားအောင်လုပ်ခဲ့တာ။ အခု အလုပ်အကိုင်မရှိပေမယ့်လည်း ထမင်းစားမပြတ် ဘဲနဲ့ လူလိုသူလို နေနေရတာ ပေါ့။ ကျော်သူဆိုပြီး သိလာတာ ကတော့ ရုပ်ရှင်သမား တစ်ယောက် အနေနဲ့ပြောရမယ်ဆိုရင်တော့ ပထမဦးဆုံး ဇာတ်ကားမှာ ကတည်းက ကျော်သူ ဖြစ်လာတယ်။ ဒါပေမဲ့ ကျော်သူရဲ့ တန်ဖိုးကို သိသေးတာမဟုတ်သေးဘူး။ ၂ဝဝ၁ ခုနှစ် မှာ ဘဘဦးသုခတို့နဲ့ အတူ နာရေး ကူညီမှု အသင်းကို တွဲလုပ်ခါစမှ ကျော်သူရဲ့ တန်ဖိုးကို သိလာတယ်။ အနုပညာမှာ အောင်မြင်တဲ့နာမည် ကိုသုံးပြီးတော့ လူမှု ရေး လုပ်ငန်းတွေ မှာ လုပ်တဲ့အခါ ထိရောက်တဲ့ လက်နက်တစ်ခု ဖြစ်လာတဲ့အတွက်ကြောင့် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်လာခဲ့ရ တယ်။ လူမှု ရေး လုပ်တယ်ဆိုတာကလည်း ထိန်းသိမ်းစောင့်ရှောက်ရမယ့် တာဝန်ရှိတယ်။ ကိုယ်ကျိုးစွန့်ပြီး လုပ်ခဲ့ရတဲ့အတွက်ကြောင့် မို့ ဒီလောက်ထိ အောင်မြင်ခဲ့တာပါ။ အနုပညာ သမားတွေ ကို သိမ်းကျုံးပြီး စော်ကားတာမဟုတ်ပါဘူး။ ကျွန်တော် လည်း အနုပညာသမား စစ်စစ် တစ်ယောက် ပါ။ ဒါပေမဲ့ ရုပ်ရှင်မင်းသားဆိုတာက ကိုယ်နာမည် ကြီးဖို့၊ ကိုယ့်ပရိသတ် များ ဖို့၊ ကိုယ်ပိုက်ဆံရဖို့အတွက်ကြောင့် ပဲ လုပ်ကိုင်ကြတာပါ။ ကိုယ့်အတွက်ချည်းပဲ လုပ်ကြ တာပါ။ ဒါကြောင့် ရုပ်ရှင်သည်လည်းပြည်သူ့အတွက်ဆိုပြီး ကြွေးကြော်နေစရာလည်း မလိုပါဘူး။
ပြည်သူ့အတွက်ဆိုပြီးပြည်သူ့အတွက် ဘာတွေ လုပ်လို့လဲ။ပြည်သူတွေ ခံစားနေရတဲ့ အခက်အခဲတွေ ကို တင်ပြပေးနိုင်မှပြည်သူ့အတွက် ဖြစ်တယ်။ တကယ်အကျိုးရှိမယ့် ဇာတ်ကား တွေ ကို ရိုက်နိုင်မှပြည်သူ့အတွက် ဖြစ်မယ်။ ဒါကလည်း ကျွန်တော် ကိုယ်တိုင်လည်း ရိုက်ခဲ့တာ တွေ ပါ။ ခေတ်ရဲ့ အခြေအနေကြောင့် ၊ ဆင်ဆာရဲ့ ပိတ်ဆို့မှု တွေ ကြောင့် ရိုက်ခဲ့ရတာ ချစ်၊ ကြိုက်၊ ညား၊ ကွဲ၊ ဟာသတွေ ကလွဲပြီး ထိုးဖောက်ပြီး ရိုက်လို့မရခဲ့တာတွေ ကို ရုပ်ရှင်သမားတွေ အတွက် ကိုယ်ချင်းစာတယ်။ ဒါပေမဲ့ အခုလို ခေတ်ပြောင်းလာတဲ့အချိန်မှာ ဆင်ဆာက လျှော့ပေါ့လိုက် ပြီ။ အဘက်ဘက်မှ လျှော့ပေါ့လိုက်ပြီဆိုတဲ့အချိန်မှာ ရုပ်ရှင်သမားတွေ က ပြည်သူ့အတွက်ဆိုပြီး လုပ်သင့်ပါပြီ။ အနုပညာသမားတွေ အပြင် ထုတ်လုပ်ရေး ၊ အယ်ဒီတာ၊ စီးပွားရေး သမား၊ မင်းသား၊ မင်းသမီးတွေ ရဲ့ တာဝန်တွေ လည်း ရှိပါတယ်။
အကယ်၍ များ ကျွန်တော် ရုပ်ရှင်ရိုက်ဖို့ အခွင့်အရေး ရခဲ့ရင်လည်း အနှစ် သာရမရှိ၊ အကျိုးမရှိ၊ ဖျော်ဖြေရေး သက်သက်သာ ဖော်ကျူးသည့် အများ ပြည်သူအား လိမ်ညာသော ဇာတ်လမ်းများ ကို ရိုက်မည် မဟုတ်။ သမိုင်းစစ်၊ သမိုင်းမှန်များ ၊ အတ္ထုပ္ပတ္တိများ ၊ ဘာသာရေး ၊ လူမှု ရေး ၊ သမိုင်းမှတ်တိုင် အစစ်အမှန်များ ကိုသာ အများ ပြည်သူအတွက် ပေးအပ်ရိုက်ကူး သွားချင်ပါတယ်။ ကျွန်တော် လုပ်နေတဲ့ လူမှု ရေး အလုပ်ဆိုတာ ဘာမျှော်လင့်ချက်မှမထားဘဲ လုပ်ရတဲ့အလုပ်၊ ဘာ ဖြစ်လာမလဲဆိုတာ မသိဘူး။ ကိုယ့်စားဝတ်နေရေး က လူမှု ရေး အသုံးချပြီး နေလို့မရဘူး။ ၂ဝဝ၁ ခုနှစ် ကနေ ခုအချိန်ထိ ကိုယ့်ထမင်း ကိုယ်ဝယ်စားနေရတယ်။ ကိုယ့် ဓာတ်ဆီ၊ ကိုယ့်ကားနဲ့ လာရတယ်။ အနစ်နာခံရတာ တွေ အများ ကြီးပါပဲ။ ပြည်ပမှာ ခေါ်တဲ့ ပြည်သူ့ဂုဏ်ရည်ဘွဲ့ (NED) ၉ ရက်ဆိုပြီး နှစ် လကြာသွားတယ်။ ကိုယ့်အတွက် ဈေးဝယ်ထွက်ဖို့ မဟုတ်ဘူး။ အများ အတွက်ပဲ ခေါင်းထဲမှာ ထည့်ပြီး ပြည်ပနိုင်ငံနဲ့ ဘယ်လိုအဆက်အသွယ် လုပ်မယ်။ ဘယ်လိုအကူအညီရမလဲ။ သူတို့ဆီမှာ နာရေး ဆိုရင် သင်္ချိုင်းတွေ ကို ဘယ်လိုအသုံးချ လဲ။ လူသင်္ချိုင်း၊ တိရ္ဆာန်သင်္ချိုင်းတွေ အကုန်လုံးကို လေ့လာခဲ့ရတယ်။ နာရေး ကူညီမှု အသင်း မှာ နေတာများ တယ်။ တစ်နှစ် ခွဲ နှစ် နှစ် နီးပါးရှိပါပြီ။ အသင်းမှာ အိပ်ရတာ များ တယ်။ ညဘက် ဆိုရင် ဖုန်းဆက်ပြီး အကူအညီတောင်းတာတွေ ရှိပေမယ့် မလုပ်ပေးနိုင်ခဲ့ဘူး။ မနက်ကျမှ ဖြေရှင်းပေးခဲ့ရတာ တွေ ရှိတယ်။ ကိုယ်ကိုယ်တိုင် အနစ်နာခံပြီးပေးဆပ်မှ လူမှု ရေး လုပ်ငန်းက အောင်မြင်တာပါ။ လူမှု ရေး အသင်းအဖွဲ့တွေ အခုဆိုရင် များ လာတာကို လက်ခံပြီး ကြိုဆိုပါ တယ်။ ပြည်သူ့အတွက် အများ အတွက် ကူညီပေးနိုင်တာ အရမ်းကောင်းပါတယ်။ သို့ သော် လူမှု ရေး လောက,ကလည်း အခုဆိုရင် စိုးရိမ်ရတဲ့ အခြေအနေကို ရောက်နေတယ်။
နိုင်ငံရေး ၊ စီးပွားရေး လောကလို ဖြစ်လာတယ်။ လူမှု ရေး လုပ်တယ်ဆိုရင် ပြည်သူတွေ က ချစ်တယ်။ အားပေးတယ်ဆိုတာကို တော် တော် များများ သိကုန်ကြပြီ။ အဲဒီ တော့ စီးပွားရေး သမားကလည်း လူမှု ရေး ကို ခုတုံးလုပ်ပြီး ငွေကြေးကို အမြတ်ထုတ်ချင်သူတွေ ရှိတယ်။ မသမာ သော နည်းလမ်းတွေ များ လာရင် တိုင်းပြည်အတွက် မကောင်းပါဘူး။ ပြည်သူအတွက် ထိခိုက် တယ်။ ပြီးတော့ ကိုယ့်သမိုင်းလည်း လှမှာ မဟုတ်ပါဘူး။ ကိုယ့်လမ်းကိုယ်သွား၊ ကိုယ့်အလုပ် ကိုယ်လုပ်၊ ကိုယ့်တာဝန်ကိုယ်ကျေ၊ ကိုယ့်သီလကိုယ်လုံ ဆိုပြီး ကျွန်တော် အဲဒီ ဆောင်ပုဒ် ကို လက်ကိုင်ထားပြီး လုပ်ဆောင်နေတာပါပဲ။ ကျော်ဝင်းဘဝနဲ့ ကျော်သူဘဝက အများ ကြီး ကွာခြားနေတယ်။ အခုဆိုရင် ကျွန်တော့် အနုပညာသက်တမ်း ၃၅ နှစ် ရှိခဲ့ပြီ။ ငယ်နာမည် မောင်မောင်ဘဝ၊ အဲဒီ ကနေ ကျောင်းသားဘဝ၊ ကျော်သူဘဝတွေ က ကြားထဲမှာ အလှည့် အပြောင်းတွေ နဲ့ အများ ကြီးကြုံတွေ့ ခဲ့ရပါတယ်။ ကျော်သူဘဝ နှစ် ၂ဝ လောက်အထိက လူရယ် လို့ သတ်မှတ်လို့ မရသေးပါဘူး။ လူမပီသသေးဘူး။ လူမ ဖြစ်သေးဘူးပေါ့။ လူပီသတာ ၂ဝဝ၁ ခုနှစ် နောက်ပိုင်းကျမှပါ။ အထူးသဖြင့် ၂ဝဝ၇ ခုနှစ် ကျမှ ကိုယ့်ကိုယ်ကိုယ် လူပီသတဲ့ လူ တစ်ယောက် လို့ သတ်မှတ်လို့ရတယ်။ အရင်ဘဝတွေ တုန်း ကတော့ ကိုယ့်အတွက်ချည်းပဲလုပ်ခဲ့တာ။ ငယ် ဘဝတွေ တုန်းကဆိုရင်လည်း ကိုယ်ပျော်ဖို့ပဲ၊ ကစားဖို့ပဲ။ သူငယ်ချင်းတွေ နဲ့လည်မယ်၊ ရုပ်ရှင် ကြည့်မယ်၊ ဒါပဲရှိခဲ့တာ။ ကိုယ့်ရဲ့ ပျော်ရွှင်မှု ၊ စိတ်ချမ်းသာမှု တွေ ကိုပဲ ကိုယ့်အတွက် ရှာခဲ့တာ။ တကယ်စိတ်ချမ်းသာမှု အစစ်ဆိုတာက ၂ဝဝ၇ ခုနှစ် နောက်ပိုင်းမှ တွေ့ ခဲ့တာ။ ဆရာတော် ဘုရားကြီးတွေ နဲ့ ထိတွေ့ မှု တွေ ရှိလာခဲ့ပြီး ကိုယ့်ရဲ့ စိတ်ချမ်းသာမှု အစစ်ဆိုတာ သိလာခဲ့တယ်။ အခုဆိုရင် ကျွန်တော့် ကို တချို့ကပြောတယ်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေး၊ ဆံပင်ရှည်နဲ့ ဘာ ဖြစ် တာလဲ။ ဘိုးတော် လုပ်မလို့လား။ တချို့ဆိုရင် မူဆလင်တွေ ကို အားကျလို့လား စသည်ဖြင့် ပုတ်ခတ်တဲ့စကားတွေ နဲ့ တိုက်ခိုက်လာကြတယ်။
ဒါပေမဲ့ လူရဲ့ ပုံပန်းသ္ဌာန်က ဘာကြီးပဲ ဖြစ် ဖြစ် နှလုံးသားလှဖို့က အရေး ကြီးတယ်။ ကျွန်တော့် ခေါင်းထဲမှာ လူတွေ အတွက် ဘယ်လိုအကျိုးပြုရင် ကောင်းမလဲဆိုတာပဲရှိတယ်။ ကျွန်တော် ဂရုမစိုက်ဘူး။ ဒါ ကတော့ အခုလက်ရှိ ကျော်သူ့ဘဝမှာ ခံစားနေရတဲ့ ခံစားချက်တွေ ပေါ့။ အခုလို စကားပြောနေရင်း အရင်တုန်းက ကျော်သူ့ဘဝကို ခဏတဖြုတ် ပြန်လှည့်ကြည့် ချင်ပါတယ်။ အဲဒါကလည်း အဲဒီ လို ဆံပင်ပုံစံထားချင်တဲ့စိတ် ဖြစ်နေတဲ့ အချိန်မို့လို့သာ ထား ဖြစ် ခဲ့တာ။ ပထမဦးဆုံးဇာတ်ကားမှာ ဒါရိုက်တာ ဦးမျိုးမြင့်အောင်က ကျွန်တော့် ကို ဆံပင်ရှည်ထား ပြီး ရိုက်ချင်တယ်။ ကျွန်တော့် ဆံပင်ပုံစံကလည်း ထိပ်တည့်တည့်မှာ ဆံပင်က အလယ်ခွဲပုံစံ ဖြစ်နေတယ်။
အဲဒီ ဆံပင်ပုံစံက ကျွန်တော့် မိန်းမက ညှပ်ပေးလိုက် တဲ့ ဆံပင်ပုံစံ။ အဲဒီ ဆံပင်ပုံစံက ခေတ်တစ်ခေတ် ဖြစ်လာခဲ့ပြီး ခေတ်စားလာခဲ့တယ်။ နာမည် ကြီးလာတော့လည်း နာမည် ကြီး သူရဲ့ နေပုံထိုင်ပုံ၊ သွားလာပုံတွေ က ခေတ်စားလာတာပေါ့။ နောက်ပြီး ကျွန်တော် လွယ်တဲ့ လွယ်အိတ်မှာ လွယ်အိတ်ထုံးပုံစံကလည်း တစ်ခေတ် ဖြစ်လာခဲ့တယ်။ ကျွန်တော့် သူငယ်ချင်း တစ်ယောက် ရဲ့ လွယ်အိတ်ကြိုးထုံးခဲ့တဲ့ ပုံစံကိုကြည့်ပြီး ကျွန်တော့် ဇာတ်ကားတစ်ကားမှာ ကိုယ့်ကာရိုက်တာကို စဉ်းစားရင်းနဲ့ ဒီလို ကာရိုက်တာလေး လုပ်လိုက်မယ်ဆိုပြီး လုပ်လိုက်တာ နာမည် ကြီးသွားခဲ့တာပါပဲ။ ဒီလိုနာမည် ကြီးမှု ကို အသုံးချဖို့လည်း ကိုယ်က လိုအပ်ပါတယ်။ နာမည် ကြီးနေတဲ့ မင်းသား၊ မင်းသမီးတွေ က ကိုယ်နာမည် ကြီးနေတုန်း အများ အကျိုးအတွက် လိပ်ပြာသန့်သန့်လုပ်ပေးဖို့ အရေး ကြီးတယ်။ နာမည် ကြီးပြီး မသာချရင် နာမည် ပိုကြီးမယ်ဆို တာ ဘယ်သူမှ ပြောလို့မရပါဘူး။ ကျော်သူ မသာချပေးလို့ နာမည် ကြီးအောင်လုပ်တယ်လို့ ပြောတဲ့သူတွေ ရှိတယ်။ ဂရုမစိုက်ပါဘူး။ အဲဒါဆိုရင် ခင်ဗျားတို့ နာမည် ကြီးချင်ရင် မသာချကြည့် ပါလားလို့ ပြန်ပြောချင်တယ်။ မသာပဲချချ၊ ကျန်းမာရေး ၊ ပညာရေး ကူညီမှု ပဲလုပ်လုပ် ကိုယ် နာမည် ကြီးဖို့၊ ကိုယ့်အဖွဲ့အစည်း နာမည် ကြီးဖို့၊ အလှူငွေရဖို့ပဲ မလုပ်ကြပါနဲ့လို့ ပြောချင်ပါတယ်။
ကျော်သူ
မိုးတွင်းကာလ မိုးသားတိမ်ရိပ်များ မည် မျှပင် အုံ့မှိုင်းနေစေကာမူ ရန်ကုန်မြို့ရှိ နာရေး ကူညီမှု အဆောက်အအုံထဲတွင် လူသားချင်းစာနာစွာ ဖြင့် လုပ်ကိုင်ဆောင်ရွက်နေသူတို့၏ စေတနာအဟုန်တို့ကြောင့် တောက်ပထည်ဝါစွာ ဖြင့် မရပ်မတန့် လည်ပတ်လျက်ရှိရာ အသင်း ကြီး၏ အဓိကပဲ့ကိုင်ရှင် ဖြစ်သော ဥက္ကဌ ဦးကျော်သူအား ဘဝလည်ပြန်ကဏ္ဍအတွက် တွေ့ ဆုံ ရန် ဂိတ်ဝမှဝင်သွားရာ ဖြတ်သန်းရာ လမ်းတစ်လျှောက်တွင် အပြုံးပန်းတို့ဖြင့် ကြိုဆိုနေကြ သည်ကိုသာ မြင်တွေ့ နေရသည်။
ရုံးခန်းထဲသို့ တံခါးဖွင့်ဝင်လိုက်သော အခါ ထိုင်ခုံပေါ်တွင် တည်ငြိမ်ရင့်ကျက်စွာ ဖြင့် ထိုင်နေသော ဦးကျော်သူကို တွေ့ လိုက်ရသည်။ မုတ်ဆိတ်မွှေး၊ နှုတ်ခမ်းမွှေးနှင့် ဆံပင်ရှည်တို့က သူ၏ တည်ကြည်သည့် ဥပဓိရုပ်ကို တစ်နည်းတစ်ဖုံ ပံ့ပိုးနေသလိုပင်။ ဆယ့်ငါးပေပတ်လည်ခန့် ရှိသော သူလုပ်ဆောင်ဖြတ်သန်းခဲ့သည့် ဓာတ်ပုံမှတ်တမ်းများ ကို အစီအရီ ချိတ်ဆွဲလို့ထား သည်ကို တွေ့ လိုက်ရသည်။ ဦးကျော်သူ ဖြတ်သန်းခဲ့သော ဘဝပုံရိပ်များ ကို မေးမြန်းသော အခါ ...
''မွေးတာ ကတော့ ၁၉၅၉ ခုနှစ် မှာ မွေးတာပါ။ အဖေက ဦးစိန်တင်၊ အမေက ဒေါ် မြသန်းပါ။ ကျွန်တော် က မမွေးခင်အချိန်နဲ့ မွေးပြီးအချိန်အထိ ၁၉၅၉ ခုနှစ် မတိုင်ခင်ကနေ ၁၉၆၂ ခုနှစ် လောက် အထိ အဘွားက ခေတ်အကြိုက်ဆိုတဲ့ နိုင်လွန်စက်တွေ နဲ့ လုပ်ငန်းလုပ် တယ်။ အဖေကလည်း ဘိုးဘွားပိုင် ခေတ်အကြိုက်ဆိုတဲ့ စက်တွေ နဲ့ လုပ်တယ်။ ဒီလိုလုပ်ရင်းနဲ့ ၁၉၆၂ လောက်မှာ ပြည်သူပိုင် အသိမ်းခံရတယ်။ နောက်ပိုင်းမှာ အဖေက အခု စင်ထရယ်ဟိုတယ် ဆောက်ထားတဲ့ ကာလ်တန်ရုပ်ရှင်ရုံ အမျိုးသားတိုးတက်ရေး ကုမ္ပဏီထောင်ပြီး ရုပ်ရှင်တွေ ရိုက်တယ်။ နောက်ပိုင်းမှ ခွဲထွက်ပြီး အမျိုးသားရုပ်ရှင်ကို ထူထောင်ခဲ့ တယ်''
''ဒါဆိုရင် ရုပ်ရှင်လောကထဲကို ရောက်လာတာက မျိုးရိုးကြောင့် လို့ ဆိုရမှာ ပေါ့''
''ငယ်ငယ်လေးကတည်းက အဖေရဲ့ ရုပ်ရှင်စတူဒီယို ထဲကို မကြာခဏဆိုသလို ရောက်တတ်တယ်။ သိတတ်စ အရွယ်မှာ ရုပ်ရှင်နဲ့ပတ်သက်တာတွေ ကို ဝါသနာပါ ခဲ့တယ်။ အထူးသဖြင့် ဓာတ်ပုံရိုက်တာကို ပိုပြီးဝါသနာပါ တယ်။ ဓာတ်ပုံပညာကို ဦးလေး ဖြစ်တဲ့ ဦးစန်းအောင် (ယူအက်စ်အေ)ဆီက သင်ယူခဲ့တယ်။ အပျော်တမ်း ဓာတ်ပုံသမားဘဝနဲ့ ကျောင်းပွဲတွေ ၊ မောင်မယ်သစ်လွင် ကြိုဆိုပွဲတွေ ၊ လှေပြိုင်ပွဲတွေ ၊ မသန်စွမ်း အားကစားပြိုင်ပွဲ တွေ မှာ ဓာတ်ပုံလိုက်ရိုက်တယ်။ ငယ်စဉ်ကတည်းက ပန်းချီပညာကိုလည်း စိတ်ဝင်စားသလို၊ နွေရာသီ ကျောင်း ပိတ်ရက်တွေ မှာ သင်တန်းတွေ တက်ပြီး ပန်းချီဆွဲခဲ့သေး တယ်။ ဆယ်တန်းအောင်ပြီး ဒေသကောလိပ်-၂ ရောက်တဲ့အချိန် လှိုင်တက္ကသိုလ်မှာ ပန်းချီ ပြပွဲလုပ်တော့ ပန်းချီကားတွေ ပြသရောင်းချခွင့်ရခဲ့တယ်။ အဲဒီ လို ဗီဇအကြောင်းတရားတွေ ကြောင့် ရုပ်ရှင်လောကထဲကို ရောက်ခဲ့တာထင်ပါတယ်''
မောင်နှမသုံးယောက် ရှိပြီး အလတ် ဖြစ်တာကြောင့် ဘဝသည် အမြဲတမ်း ကြားညှပ် သလို ခံစားနေရကြောင်းနှင့် နာမည် သုံးမျိုးရှိသည့်အကြောင်းအား နှုတ်ခမ်းမွေးတို့ကို လက်ဖြင့် သပ်ရင်း ခပ်ပြုံးပြုံးဖြင့် ပြောပြပြန်ပါသည်။
''မောင်နှမသုံးယောက် ရှိတယ်။ ကိုယ်က အလတ်ဆိုတော့ ငယ်ငယ်ကတည်းက ဘယ် အရာမဆို ကြားညှပ်သလိုနဲ့ ခံစားခဲ့ရတယ်။ ဟန်ဘာဂါလိုလို၊ ဆန်းဒရစ်လိုလိုကြီးပေါ့ဗျာ။ အဲဒီ တုန်းက မိဘတွေ ကလည်း သိပ်မချစ်ဘူးလို့ ခံစားရတယ်။ နာမည် ကလည်း သုံးမျိုးရှိတယ်။ အိမ်နာမည် က မောင်မောင်၊ ကျောင်းနာမည် က ကျော်ဝင်း၊ နောက်မှ ကျော်သူ ဖြစ်လာတာ။ ပညာရေး ဆိုလည်း သိပ်စိတ်မဝင်စားဘူး။ ဒေသကောလိပ်-၂ ရောက်တော့ သူငယ်ချင်းတွေ နဲ့ သွားမယ်၊ စားမယ်၊ သောက်မယ်နဲ့ ပျော်ပျော်ပါးပါးနေခဲ့တယ်။ အဲဒီ လိုနေရင်းနဲ့ Physics မေဂျာနဲ့ ကျောင်းတက်လို့ ဒုတိယနှစ် ရောက်တဲ့အချိန်မှာ ရည်းစားရပြီး မိန်းမရခဲ့တယ်''
''အိမ်ထောင်ကျပြီးတဲ့နောက်ပိုင်း ဘဝရဲ့ ဖြတ်သန်းမှု ပုံစံ အခြေအနေကရော''
''ဒုတိယနှစ် ရောက်တဲ့အချိန် ရွှေဇီးကွက်နဲ့ ကျောင်းမှာ တွေ့  ပြီး သမီးရည်းစား ဖြစ်တယ်။ အဲဒီ ခေတ်က အခြေအနေအတိုင်း ရွှေဇီးကွက်ကို အလိုမတူဘဲ ကားတင်ပြေးပြီး ခိုးပြေးခဲ့တယ်။
အရင်ကတည်းက ဘယ်အရာမဆို ဇွတ်လုပ်တတ်တဲ့ အကျင့်ရှိတယ်။ လုပ်ပြီဟေ့ဆိုရင်လည်း ဖြစ်ကို ဖြစ်ရမယ်ဆိုတဲ့ ခံယူချက်နဲ့လုပ်တယ်။ ပညာရေး တစ်ပိုင်းတစ်စနဲ့ အိမ်ထောင်ပြုလိုက်ြ ကတော့ နှစ် ဖက်မိဘတွေ က သိပ်သဘောမကျကြဘူး။ အဲဒီ အချိန်မှာ တူနှစ် ကိုယ် တဲအို ပျက်မှာ နေရနေရဆိုတာ လုပ်လို့မရဘူး။ အလုပ်လုပ်ဖို့ စဉ်းစားတယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးနဲ့ ကိုယ်လုပ်နိုင်တဲ့ အလုပ်ကိုလုပ်ဖို့ စဉ်းစားရတယ်။ အသက်က ငယ်တော့ ဒါရိုက်တာလုပ်လို့က လည်း မ ဖြစ်သေးဘူး။ ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ရုပ်ရှင်ရိုက်ဖို့ ကမ်းလှမ်းတာတွေ ခံခဲ့ရ တယ်။ အဲဒီ နောက်ပိုင်းမှာ ရုပ်ရှင်လောကထဲကို ရောက်ခဲ့တာပါ''
''ဘယ်သူတွေ က ကမ်းလှမ်းခဲ့ပြီး ဘယ်သူတွေ နဲ့ စရိုက် ဖြစ်ခဲ့လဲ။ အမှတ်တရလေးတွေ ပြောပြပါဦး''
''ရုပ်ရှင်လောကထဲကိုဝင်ဖို့ စဉ်းစားနေချိန်မှာ ဒါရိုက်တာ ဗိုလ်ဗကိုနဲ့ အခြား ဒါရိုက်တာ တွေ ရဲ့ ကမ်းလှမ်းခြင်းကို ခံခဲ့ရတယ်။ တကယ် ရိုက် ဖြစ်တာက ဒါရိုက်တာ ဦးမျိုးမြင့်အောင်နဲ့မှ ရိုက် ဖြစ်တာ။ ဆရာ ဦးမျိုးမြင့်အောင်က အစ်မ မင်္ဂလာဆောင်ပွဲ တက်လာတဲ့ ကိုယ့်ကို တွေ့ သွား ပြီး မင်းသားတင်ရိုက်ချင်တယ်လို့ အဖေအမေတို့ဆီ ခွင့်တောင်းတယ်။ မိဘတွေ က လုပ်ချင် လုပ်ကြည့်ပေါ့လို့ဆိုတယ်။ အဲဒီ တော့ မိန်းမနဲ့ ကိုယ့်မိသားစုကိုလည်း ခွင့်တောင်းရသေးတယ်။ အရင်ကတည်းက အေးအေးဆေးဆေးနေတတ်လို့ စကားနည်းတာကို သိတဲ့အတွက် သူတို့က သိပ်မထင်ကြဘူး။ လုပ်မယ်လို့ ဆုံးဖြတ်လိုက်တော့ နာမည် ရွေးဖို့ စဉ်းစားပြီး ဗေဒင်ဆရာတွေ ဆီမှာ လိုက်မေးခဲ့တာ။ ဘယ်သူကမှ မင်းသား ဖြစ်မယ်လို့ မပြောကြဘူး။''
ရုပ်ရှင်လောကထဲသို့ စတင်ခြေလှမ်းချတော့မည့် အချိန်တွင် နာမည် ရွေးချယ်ရန်နှင့် ရုပ်ရှင်လောကတွင် အောင်မြင်နိုင်၊ မအောင်မြင်နိုင်ကို နားလည်တတ်ကျွမ်းသူများ အား မေးမြန်းသော အခါ မည် သူကမျှ မ ဖြစ်နိုင်ကြောင်းပြော၍ စိတ်ဓာတ်ပျက်ပြယ်တော့မည့် အချိန် တွင် ဆရာကြီးတစ်ဦးက ကျိန်းသေပေါက် ဖြစ်ရမည် ဆိုပြီး အားပေးဟောပြောခဲ့သော ကြောင့် ကျော်သူဆိုသည့် နာမည် တစ်လုံး ရလာခဲ့သည်ကို ခပ်မဲ့မဲ့ပြုံးရင်း ပြောပြပြန်သည်။
''ကျော်သူဆိုတာ ဖြစ်လာခဲ့ရတာ က ဆရာကြီးမင်းသိင်္ခကြောင့် ဆိုရင်လည်း မမှားဘူး။ ရုပ်ရှင်လောကထဲ စဝင်မယ်လုပ်တော့ နာမည် ကြီးဆရာအချို့ဆီမှာ ဖြစ်နိုင် မ ဖြစ်နိုင် သွားမေး တော့ မ ဖြစ်နိုင်ဘူးလို့ဘဲ ပြောခဲ့ကြတယ်။ အဲဒီ အချိန်မှာ စဉ်းစားကြည့်လေ စိတ်ဓာတ်ကျစရာ ကြီး။ ဒါပေမဲ့ ဆရာမင်းသိင်္ခနဲ့တွေ့ တော့ ဖြစ်ကို ဖြစ်ရမယ်ဆိုပြီး ပြောတယ်။ ကျော်သူဆိုတဲ့ နာမည် ပေးခဲ့တယ်။ ဆရာမင်းသိင်္ခနဲ့သာ မတွေ့ ခဲ့ရင် ကျော်သူဆိုတာ အခုလို ဖြစ်ချင်မှ ဖြစ်လာ မှာ ။ ဆရာမင်းသိင်္ခကိုတော့ ကျေးဇူးတင်မိတယ်။ အဲဒီ နောက်ပိုင်း ရုပ်ရှင်လောကထဲက သင်ဆရာ၊ မြင်ဆရာတွေ ရဲ့ ကျေးဇူးတွေ နဲ့ ကျော်သူဆိုတာ ပိုပြီး လူသိများ လာခဲ့တာပေါ့''
''ရုပ်ရှင်စရိုက်တော့ ကြုံတွေ့ ခဲ့ရတဲ့ အမှတ်တရတွေ က ဘာတွေ ရှိခဲ့လဲ''
''ရုပ်ရှင်စရိုက်တော့ မင်းသမီးတွေ ထဲက ရင်းနှီးတာဆိုလို့ အန်တီချိုပြုံး တစ်ယောက် ပဲ ရှိတယ်။ တင်နီလာဝင်းတို့၊ သီတာဝင်းတို့ဆိုတာက သိပ်မရင်းနှီးသေးဘူး။ အဲဒီ အချိန်မှာ သူစိမ်းမိန်းကလေးနဲ့ တွဲဖက်သရုပ်ဆောင်ရမယ်ဆိုတော့ စိတ်ထဲက ရှက်သလိုလို ကြောက် သလိုလိုတော့ ဖြစ်ခဲ့မိတယ်။ ဘယ်ဘဝရဲ့ ကောင်းမှု ကြောင့် လဲမသိဘူး ဇာတ်ကောင်စရိုက်ကို Mood (စိတ်ခံစားမှု )သွင်းရင် လွယ်တယ်။ အလတ်ဆိုတဲ့ ခံစားချက်ကလည်းရှိတော့ Mood သွင်းရတာ လွယ်တာလို့ ထင်ပါတယ်။ ဆရာ ဦးမျိုးမြင့်အောင်ရဲ့ သင်ကြားမှု နဲ့ မ ဖြစ် ဖြစ်အောင် လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ လေ့လာသင်ယူခဲ့တယ်''
''သရုပ်ဆောင်ပညာကို ဘယ်လိုသင်ယူခဲ့ရတာ လဲ''
''ကျွန်တော် တို့ခေတ်တုန်းက ရုပ်ရှင်သရုပ်ဆောင် တစ်ယောက် ဖြစ်ဖို့ဆိုတာမလွယ်ဘူး။ ကိုယ့်ထက် ဝါရင့်၊ သ္ဘာရင့်တဲ့သူတွေ ကိုဆိုရင် အမြဲရိုသေရ တယ်။ ဦးညွန့်ဝင်းနဲ့တွေ့ ရင်လည်း ကိုယ်က အမြဲတမ်း ရိုရို သေသေ ဆက်ဆံသလို၊ ဦးကျော်ဟိန်းနဲ့တွေ့ ရင်လည်း ရိုရို သေသေ ဆက်ဆံခဲ့တယ်။ သူတို့ဆီမှာ က အများ ကြီး အတုယူ လောက်တဲ့ သရုပ်ဆောင်ပညာတွေ ရှိတာကိုး။ ဒီလိုပါပဲ။ မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာတွေ ဆီက လေ့လာသင်ယူခဲ့ရတယ်။ ဆရာ ဦးမျိုးမြင့်အောင်က ဒရမ်မာအပိုင်းကို အမြဲသင်ပေးတယ်။ ဒါကြောင့် ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း)တို့၊ ဆရာငြိမ်းကျော် တို့ရဲ့ ဇာတ်တွေ နဲ့ နာမည် ရခဲ့တာပါ။ ဆရာဦးမျိုးမြင့်အောင်က ဘယ်လိုသင်သလဲဆိုရင် မင်းသား၊ မင်းသမီးတွေ ကို အရင် ရီဟာဆယ် (အစမ်းလေ့ကျင့်) ခိုင်းတယ်။ တကယ် သရုပ်ဆောင် တဲ့အခါ မှားပြီး ပြောဆိုသရုပ်ဆောင်ရင် ကြိမ်လုံးတစ်လုံးနဲ့ ဝင်ရိုက်တော့တာပဲ။ မီးထိုး၊ မှန်ထိုးကအစ အောက်ခြေသိမ်း အကုန်လုပ်ခဲ့ရတာ ။ လွယ်လွယ်ကလေးနဲ့ ရုပ်ရှင်သရုပ်ဆောင် ဖြစ်ခဲ့တာ မဟုတ်ဘူး။ အဲဒီ လို မလွယ်ကူတဲ့ အခြေအနေတွေ ကို ဖြတ်သန်းကျော်ဖြတ်ခဲ့ရတာ ကို ကျေနပ်နေမိပါတယ်''
''အမျိုးသမီးကရော ပါရမီဖြည့်ဖက်အနေနဲ့ အိမ်ထောင်မှု တာဝန်တွေ ကို ဘယ်လိုထိန်းသိမ်းပေးခဲ့လဲ''
''ရွှေဇီးကွက်က ရုပ်ရှင်အလုပ်ကို သိပ်ဝါသနာမပါဘူး။ အားပေးခြင်းလဲ မရှိသလို၊ ရှုံ့ချ ခြင်းလဲ မရှိဘူး။ မိသားစုဘဝ အေးအေးချမ်းချမ်းနေဖို့ပဲ စိတ်ဝင်စားတာ။ သားသမီးတွေ ကို အနီးကပ် စောင့်ရှောက်ပေးတယ်။ တစ်ခါတစ်ရံ စာကို သူကိုယ်တိုင် သင်ပေးတာတွေ လုပ်ခဲ့တယ်။ ကားရိုက်လို့ မအားတဲ့အခါ သူကိုယ်တိုင် ကားရိုက်ရင်ဝတ်ဖို့ အဝတ်အစားတွေ ဝယ်ပေးတာ မျိုးတွေ လည်း ရှိပါတယ်။ စီးတဲ့ရေ ဆည်တဲ့ကန်သင်း ဆိုသလို ဝင်ငွေထွက်ငွေကို အိမ်ထောင်ရှင်မ ပီသစွာ နဲ့ ထိန်းသိမ်းပေးခဲ့ပါ တယ်။ ရုပ်ရှင်လောကထဲရောက်ပြီး ပထမဆုံး ကိုယ့်ကား ရုံတင် တဲ့နေ့က တိုက်တိုက်ဆိုင်ဆိုင် သားလေးမွေးတဲ့အချိန်နဲ့ တိုက် ဆိုင်တယ်''
''ပထမဆုံး ရုံတင်တဲ့ကားက ချစ်ကြိုးလေးနှစ် မျှင်နော်''
''ဟုတ်ပါတယ်၊ ပထမဆုံး ရုံတင်တဲ့ကားက ချစ်ကြိုးလေး နှစ် မျှင်ဆိုတဲ့ နှစ် ကိုယ်ခွဲ ရုပ်ရှင်ဇာတ်ကားပါ။ အဲဒီ ဇာတ်ကားနဲ့ ကျော်သူဆိုတာ ဖြစ်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီ ကားရုံတင်တဲ့နေ့မှာ သားလေး ပြည်သိမ်းကျော် မွေးတဲ့ အချိန် ဖြစ်နေတယ်။ သားလေးနဲ့ ကျွန်တော့် ရဲ့ ကြားက မမြင်နိုင်တဲ့ ချိတ်ကလေးတွေ ရှိတယ်။ ဒါ့အပြင် သမီးလေး ဖြစ်တဲ့ မြင့်မိုရ်ဦးကြောင့် လည်း အသိတရားတွေ ပြောင်းလဲ လာတာ။ တရားသဘောတွေ ဘက်ကို စိတ်ပါလာတာလို့ ပြောလို့ရတယ်။''
''ဘယ်လိုအကြောင်းကြောင့် လဲ''
''သမီးလေး ငယ်ငယ်က အင်းစိန်ဘက်မှာ တရား စခန်းဝင်တယ်။ အဲဒီ အချိန်တုန်းက အင်းစိန် ဆရာ တော် ကြီးကို သမီးလေးက မေးခွန်းတစ်ခု မေးခဲ့တယ်။ အဲဒီ မေးခွန်းရဲ့ အဖြေက ပရဟိတလုပ်ဖို့ အပြောင်း အလဲ ဖြစ်စေခဲ့တာပဲ။ သမီးလေးမေးတဲ့ မေးခွန်းက အနုပညာသမားတွေ သေဆုံးရင် ဘယ်ဘုံ ဘဝကို အများ ဆုံးရောက်ပါသလဲလို့ မေးတော့ ဆရာတော် ကြီးက မြတ်စွာ ဘုရားရှင် ဟောကြားခဲ့တဲ့ တရား တော် ကို အခြေခံပြီး အနုပညာသမားတွေ သေဆုံး တဲ့အခါ ပဟာသငရဲကို ရောက်တယ်လို့ သိရတယ်။ အရင်တုန်းကဆိုရင်တော့ ဇာတ်ခုံပေါ့လေ။ ဇာတ်ခုံပေါ်မှာ ပရိသတ်ကို ငိုအောင် လုပ်လိုက် ပရိသတ်က လိုက်ငိုလိုက်။ ဒေါသထွက်အောင်လုပ်လိုက်ရင် ပရိသတ်က ဒေါသ ထွက်တယ်။ ဒီလိုပါပဲ။ ရုပ်ရှင်ကလည်း ပိတ်ကားပေါ်ကနေ ပရိသတ်ကို ငိုခိုင်း၊ ရယ်ခိုင်း၊ ဒေါသ ထွက်ခိုင်း၊ ပေါက်ကွဲခိုင်း၊ ကြေကွဲခိုင်းနဲ့ အများ သူငါကို ခံစားစေအောင် လုပ်တဲ့အတွက် ပဟာသ ငရဲကို ကျနိုင်တယ်ဆိုတာ သိခဲ့ရတယ်။ ဒီမေးခွန်းကို သမီးက မမေးခဲ့ဘူးဆိုရင် သတိထားမိ ချင်မှ ထားမိမှာ ၊ နာမည် ကြီးအောင် ဘယ်လိုလုပ်မယ်။ ကိုယ့်အနုပညာကို ဘယ်လိုလုပ်မယ်။ ဒါတွေ ပဲ ခေါင်းထဲမှာ ရှိနေတာ။ ဒီလိုမသိခင်က လူငယ်ဆိုတဲ့ သဘာဝ အတိုင်း ရင်ထဲစိတ်ထဲ ရှိတာတွေ ကို လုပ်တတ်တယ်''
ယခင်က လူငယ်တို့၏ သဘာဝ စိတ်ထဲတွင် ရှိသည့် အတိုင်း လုပ်ကိုင်တတ်ပြီး လုပ်ချင်သည့်အရာများ ရှိလျှင်လည်း ပြင်းထန်စွာ လုပ်ကိုင်တတ်ကြောင်း ပြောပြပြီး ယင်းအတွက်ကြောင့် ချောင်းသာတွင် ဇာတ်ကားသွား ရိုက်သော အခါ အသက်အ္တရာယ် ဆုံးရှုံးခါနီး အချိန်၌ အကယ်ဒမီဒွေး(ကွယ်လွန်)နှင့် အတူ အဖွဲ့သားများ က ကယ်ဆယ်ခဲ့ကြ သဖြင့် အသက်ရှင်ခဲ့ရ၍ ယခုချိန် အထိ ကိုသားကြီးကို ကျေးဇူးတင် သတိရမိကြောင်း ပြောပြရာ ရီဝေသွားသော မျက်လုံးအစုံက ခန်းမတံခါးကို တွေ တွေ ကြီးစိုက်ကြည့်ပြီး ပြောနေပြန်သည်။
''ကိုသားကြီးက ကျွန်တော့် ရဲ့ အသက် သခင် ကျေးဇူးရှင်ပါ။ ကျွန်တော် သတိမေ့နေတဲ့ အချိန် အသက်ကယ်ဆေး ရှာပေးခဲ့တယ်။ အဲဒီ တုန်းက ဖြစ်တာက ချောင်းသာမှာ ပါ။ ဒါရိုက်တာ ကိုအောင်မင်းသိမ်းနဲ့ ဇာတ်ကားရိုက်တော့ တစ်နေကုန် ရေထဲမှာ ဆင်းရိုက်ရတာ ။ ရေတွေ လှိုင်းတွေ ထဲမှာ စည်ပိုင်းတွေ ဆင်းဆယ်ရတာ မျိုးတွေ ရိုက်ရတယ်။ ကားရိုက်ပြီးတော့ ရေမိုး ချိုးပြီး နည်းနည်း ပါးပါးသောက်တယ်။ သောက်ပြီး ချိန်မှာ စက်အဖွဲ့က သော င်ပြင်ပေါ်မှာ ဘောလုံး ကန်မယ်ဆိုတာနဲ့ ဝင်ကန်တယ်။ ပြီးတော့ မောမောပန်းပန်းနဲ့ ပြန်သောက်တယ်။ သောက်ပြီး လုပ်ချင်ရာလျှောက်လုပ်တော့ နှစ် ပင်လိမ်သွားတယ်။ အဲဒီ မှာ ပင်ပန်းပြီး ဖျားချင်နေတဲ့အရှိန်နဲ့ ပေါင်းလိုက်တော့ ရှော့ခ် ဖြစ်သွားတယ်။ ဘာကိုမှ သတိမရတော့ဘူး''
''အဲဒီ တော့ သတိရအောင် ဘယ်လိုလုပ်ကြသလဲ။ ကိုသားကြီးကရော ဘယ်လိုကူညီပေးခဲ့တာလဲ''
''အဲဒီ တုန်းက ချောင်းသာမှာ ကားရိုက်ဖို့ ကိုယ်က အရင်ရောက်ပြီး ရှော့ခ် ဖြစ်နေတာ။ အသက်လည်း မရှူတော့သလို၊ နှလုံးလည်း မခုန်တော့ဘူးလို့ သိရတယ်။ ဝိုင်းဝန်းပြုစုကြတယ်။ ဘယ်လိုမှ လုပ်လို့မရတော့တဲ့အချိန်မှာ သားကြီး(ဒွေး)က သူ့ကားနဲ့ရောက်လာပြီး ချောင်းသာ ဆိုတဲ့ နေရာကျဉ်းကျဉ်းလေးမှာ အသက်ကယ်ဆေး မရမက ရှာပေးတယ်။ သူနာပြုဆရာမ တစ်ယောက် နဲ့ အသက်ကယ်ဆေး ထိုးပေးခဲ့တယ်။ ပြီးတော့ ဆေးရုံတင်ပို့ပေးခဲ့ကြတယ်။ ဆေးရုံတင်ဖို့ သွားတဲ့အချိန် ပုသိမ်ဘက်ရောက်မှ နှလုံးနည်းနည်း ပြန်ခုန်တာလို့ သိရတယ်။ ဘာကိုမှ သတိမရတော့ဘူး။ သတိရတဲ့အချိန်မှာ နှာခေါင်း ပိုက်တွေ ၊ ဆီးပိုက်တွေ တန်းလန်းနဲ့ ဆေးရုံပေါ် ရောက်နေတယ်ဆိုတာ သိလိုက်ရတယ်။ ဒါကြောင့် သားကြီးက ကိုယ့်ရဲ့ အသက် သခင် ကျေးဇူးရှင်လို့ ပြောလို့ရတယ်။ ကိုယ့်အလှည့်က သူ ကယ်ဆယ်ပေးခဲ့ပေမယ့် သူ့အလှည့် ကျတော့ မကယ်လိုက်နိုင်တာ စိတ်မကောင်းပါဘူး''
''ဘာ ဖြစ်လို့ မကယ်လိုက်နိုင်တာလဲ။ ကိုသားကြီးဆုံးတဲ့အချိန် ဘယ်မှာ ရှိနေလို့လဲ''
''ဟုတ်ပါတယ်။ သားကြီးဆုံးတဲ့အချိန်က ဘာသာရေး ကို ဇောက်ချလုပ်နေတဲ့ အချိန် ဆိုတော့ ဘာသာရေး ကိစ္စတွေ နဲ့ ပြည်ကိုသွားတယ်။ ပြည်မှာ သားကြီးလှူဒါန်းထားတဲ့ ဘုန်းကြီး ကျောင်းဇရပ်ကိုတောင် ရောက်ခဲ့သေးတယ်။ သားကြီးကိုးကွယ်တဲ့ ဆရာတော် မရှိတာနဲ့ အဲဒီ ကျောင်းကနေ ရန်ကုန်ပြန်လာတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ ရန်ကုန်ကို ညခုနစ်နာရီလောက် ပြန်ရောက်တဲ့အချိန် သားကြီးဆုံးပြီဆိုပြီး ဖုန်းဝင်လာတယ်။ ချက်ချင်း ပဲ သားကြီးရုပ်ကလာပ် ရှိတဲ့ဆီကို သွားခဲ့ပါတယ်။ အဲဒီ တစ်ခုတော့ စိတ်မကောင်းပါဘူး။ အရင်တုန်းကကျတော့ ကိုယ့်ကို အသက်ကယ်ပေးသလို၊ သူ့အလှည့်မှာ မကယ်လိုက်နိုင်ဘူး''
ယခင်က လူငယ်ပီပီ လုပ်စရာရှိလျှင် ချက်ချင်း တုံ့ပြန်တတ်သော်လည်း သမီးငယ်၏ အနုပညာသမားများ သေလျှင် ပဟာသငရဲရောက်သည်ဆိုသော သတိပေးခေါင်းလောင်းသံ ကြောင့် ဘာသာရေး ဘက်ကို တဖြည်းဖြည်း စိတ်ယိမ်းယိုင်လာပြီး ပရဟိတဘက်ကိုလည်း စိတ်ဝင်စားလာခဲ့ကြောင်း တရားသဘောဖြင့် ပြောပြန်သည်။
''လူငယ်ဘဝတုန်း ကတော့ ခံစားချက်ရှိရင် ထုတ်ပြခဲ့တာပဲ။ ဒီအချိန်မှာ တော့ သမီးလေး ရဲ့ အချက်ပေးခေါင်းလောင်းသံကြောင့် ပရဟိတလုပ်ငန်းတွေ ကို ဇောက်ချလုပ်ကိုင်နေမိပါပြီ။ အရင်ကဆိုရင် အနုပညာကို ဘယ်လိုကောင်းအောင်လုပ်မယ်၊ ဘယ်လိုနာမည် ကြီးအောင် လုပ်မယ်ဆိုတာတွေ ပဲ ရှိခဲ့တယ်''
ယခင် အောင်မြင်ကျော်ကြားနေသော အချိန်က လူငယ်ပီပီ အလုပ်တစ်ခုလုပ်ချင်တာ ရှိလျှင် မ ဖြစ်မနေ လုပ်ဆောင်တတ်ကြောင်းနှင့် လူငယ်များ အကြား ကျော်သူလွယ်အိတ်၊ ကျော်သူပုဆိုး၊ ကျော်သူအလယ်ခွဲ ဆိုသည်များ ကို လူငယ်များ အားကျဝတ်ဆင်သော အခါ ဝမ်းသာမိသည်ဟုပြောပြီး ယခုချိန်တွင် တော့ အတွင်းစိတ်ဖြူစင် လိပ်ပြာသန့်ဖို့သာ အရေး ကြီးကြောင်း အသံခပ်မာမာဖြင့် တည်ငြိမ်စွာ ပြောပြန်သည်။
''အရင်တုန်း ကတော့ လူငယ်တွေ ကိုယ့်ကိုအားကျရင် ဝမ်းသာပါတယ်။ ဒီအချိန်မှာ တော့ ဒါတွေ ဟာ သိပ်အရေး မကြီးတော့ဘူး။ နာရေး ကိစ္စတွေ ကို အဓိက ဇောက်ချလုပ်နေတယ်။ ဘယ်သူမဆို ဘယ်အချိန်သေမယ်ဆိုတာ မသိကြဘူး။ အရေး ကြီးတာက ကိုယ့်ရဲ့ အတွင်းစိတ် ဖြူဖို့၊ ကိုယ့်လိပ်ပြာကိုယ်သန့်ဖို့၊ ကိုယ့်သီလကိုယ်လုံဖို့ ကြိုးစားနေပါတယ်။ လူဆိုတာက ကိုယ့် သမိုင်းကို ရေး ကြရမှာ ပါ။ ရုပ်ပိုင်းဆိုင်ရာထက် စိတ်ပိုင်းဆိုင်ရာက အရေး ကြီးတယ်ထင်လို့ ဆံပင်ဆေးမဆိုးဘူး။ နှုတ်ခမ်းမွေး၊ မုတ်ဆိတ်မွေးထားတယ်။ ဘိုးတော် လုပ်ဖို့တော့ မဟုတ်ဘူး။ ကျွန်တော် ဘာသာရေး လိုင်းအရ နေ့တိုင်းအလုပ်လုပ်ရတယ်။''
''ဘာသာရေး လိုင်းအရ ဘာတွေ လုပ်ရတာ လဲ။ အားတဲ့အချိန်မှာ လုပ်ရတာ လား''
''ဘိုးတော် လုပ်ဖို့ မဟုတ်ဘူး။ နေ့တိုင်း ဘာသာရေး တရား ကျင့်ကြံအားထုတ်ရတယ်။ ဘာကြောင့် လဲဆိုတော့ အရင်ကဆိုရင် ကျွန်တော့် ကိုချစ်တဲ့ ပရိသတ်တွေ ရှိသလို၊ အခုလည်း ကျွန်တော့် နားမှာ ကျွန်တော့် ကို ချစ်ခင်တဲ့ မကျွတ်မလွတ်သူတွေ ရှိနေတယ်။ သူတို့အတွက် နေ့တိုင်း ပုတီးစိပ်ပြီး အမျှဝေပေးရတယ်။ ပင်ပန်းလို့ တစ်ရက်လောက် အိပ်လိုက်ရင် အမျိုးမျိုး သတိပေးကြတယ်။ ခုတင် လာလှုပ်တာတွေ ရှိတယ်။ ဒါကလည်း ကျွန်တော့် ကိုချစ်လို့၊ အားကိုးလို့ လုပ်ကြတာပါ။ ကိုယ့်မှာ က အင်အားဆိုလို့ ဒါပဲရှိတယ်။ တစ်ခုခု ပြဿနာ အကြီးအကျယ် တက်တယ်ဆိုရင် ကျွန်တော် နဲ့ရင်းနှီးတဲ့ လူကြီးအသိုင်းအဝိုင်းလည်း မရှိဘူး။ ဘယ်သူ့ကိုမှလဲ အားကိုးလို့မရဘူး။ ကိုယ့်ရဲ့ သီလကို အားကိုးတယ်။ အမှန်တရားကို သစ္စာဆိုပြီး အရာရာကို ရင်ဆိုင်ခဲ့ရတာ ပါ။ အရင်ကဆို စိတ်ပျက်စရာတွေ လည်း အမျိုးမျိုးကြုံတွေ့ ခဲ့ရတာ ပေါ့''
ပြင်ပ ရုပ်ပိုင်းဆိုင်ရာ ကိစ္စများ ထက် စိတ်ပိုင်းဆိုင်ရာ ဖြူစင်သန့်ရှင်းဖို့ လိုအပ်ကြောင်း ပြောပြီး ယခင်က သူ၏ ဘဝတွင် စိတ်ပျက်ဖွယ်ရာများ ခံစားခဲ့ရကြောင်း ပြောပြီး၊ ရုပ်ရှင်လောက အတွင်း 'ဒိုး' ကားနှင့် ပတ်သက်၍ သူကြုံတွေ့ ခံစားခဲ့ရသည်များ ကို တရစပ်ပြောပြပြန်သည်။
''ဒိုးကားရိုက်မယ်ဆိုပြီး ဦးကြည်စိုးထွန်းကိုပြောတော့ သဘောကျတယ်။ ဒီဇာတ်ကား က မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့ ပညာပေးကားပါ။ ဒိုးဆိုတာက ပစ်မှတ်ကို ထိအောင်ပစ်ရ မယ်။ ကိုယ့်ရဲ့ အောင်မြင်မှု ဆုံးရှုံးမှု က ဒိုးကို အကျိုးရှိရှိ အသုံးချလို့ရတယ်ဆိုတာကို ဖော်òန်း ချင်တာပါ။ ဦးကြည်စိုးထွန်းရဲ့ ကြိုးစားမှု လည်းပါတယ်။ ရဲဘက်စခန်းတွေ သွားတယ်။ မြန်မာ့ ဘောလုံးလက်ရွေးစင်တွေ နဲ့ လက်တွေ့ လုပ်ဖို့ လေ့ကျင့်ရတယ်။ အပတ်တိုင်း မနက်အစောကြီး စလင်းကွင်းမှာ ချိန်းကန်ရတယ်။ ဆေးရုံတွေ သွားပြီး ဆေးဖြတ်လူနာတွေ ကို အင်တာဗျူး ခဲ့ တယ်။ စိုးသူတောင် ဆေးလိပ်မသောက်တတ်သေးလို့ ဆေးလိပ်သောက်တာ သင်ခဲ့ရတယ်။ အောင်ခြေသိမ်းအားလုံး လေ့လာပြီးမှ အားလုံး ကြိုးစားပြီးရိုက်ခဲ့တာ။ ဒါပေမဲ့ 'ဒိုး'နဲ့ပတ်သက် ပြီး ခံစားခဲ့ရတာ တစ်ခုရှိခဲ့တယ်''
အကယ်ဒမီပွဲသို့ တက်ရောက်သော အခါ မီဒီယာများ က ဇာတ်ဆောင်ဆု အကယ်ဒမီ ရနိုင်သည်ဟူသော ထင်ကြေးများ ဖြင့် ရှိနေစဉ် အကယ်ဒမီ ကြေညာချက်အရ လွဲချော်မှု တစ်ခု ဖြစ်ခဲ့ရသည်ဟု သူက စိတ်ပျက်လက်ပျက်လေသံနှင့် ပြောပြပြန်သည်။
''ဒါဆိုရင် တစ်ပြည်သူမရွှေထား အကယ်ဒမီရတဲ့နှစ် မှာ တက် ဖြစ်တာကရော။''
''အဲဒီ တုန်းက သုဝ္ဏကွင်းမှာ အများ ပြည်သူပါ ကြည့်လို့ရတဲ့အခြေအနေ ပတ်ဗလစ်ရှိုး ပုံစံ ဖြစ်လာတယ်။ 'တစ်ပြည်သူမရွှေထား'နဲ့ ကျော်သူရမယ်ဆိုပြီး ပရိသတ်က ထင်ကြေးပေးနေ တယ်။ အဖေက အကယ်ဒမီပွဲကနေ ပြန်လာပြီး ကျွန်တော့် ကိုလည်းခေါ်တယ်။ မလိုက်ဘူးလို့ ပြောလိုက်တယ်''
''ဒီတော့ အကယ်ဒမီက ဘယ်လိုယူ ဖြစ်သွားတာလဲ''
''အဖေပြန်သွားပြီးတော့ အကယ်ဒမီပွဲက လူကြီးတွေ ထပ်လိုက်လာတယ်။ ရုပ်ရှင်လုပ်ငန်းက ကားကြီးနဲ့ရောက် လာပြီး မောင်မောင် လာပါကွာဆိုပြီး အတင်းခေါ်တယ်။ မလိုက်ဘူးလို့ပြောပေမယ့် မရဘူးဆိုပြီး အတင်း တိုက်ပုံ တွေ ဝတ်ခိုင်းပြီး ကားထဲကိုခေါ်တယ်။ ဆင်းကျန်ခဲ့မှာ စိုးလို့ တစ်ဖက်တစ်ချက်ကနေ လူတွေ ညှပ်ထားပြီး အကယ်ဒမီ ပွဲကို ခေါ်သွားတယ်။ အကယ်ဒမီပေးမယ့် သုဝ္ဏကွင်း ရောက်တော့ အကယ်ဒမီ ဘုတ်အဖွဲ့က လူကြီးက ကွန်ကရက်ကျူလေးရှင်း ဆိုပြီး လုပ်တယ်။ ပွဲထဲရောက် သွားတော့ နေရာတောင် မရှိဘူး။ တီးဝိုင်းဘေးနားက ထိုင်ခုံလေးမှာ ထိုင်နေရတယ်။ အဲဒီ နှစ် မှ အကယ်ဒမီရတာ ။ နောက်ပိုင်းမှာ အမေ့နို့ဖိုးနဲ့ ဒါရိုက်တာဆုရတယ်။ မိဘကျေးဇူးဆပ်တဲ့ အနေနဲ့ က္ဘာပေါ်မှာ ရှိတဲ့ အမေတွေ နဲ့ ရင်သွေး တွေ ကို ဂုဏ်ပြုတဲ့ဇာတ်လမ်းပါ။''
''သြော် ... ဒါနဲ့ ဦးမောင်အနေနဲ့ နာရေး ကူညီမှု လုပ်ငန်းတွေ ဘယ်လိုစလုပ် ဖြစ်ခဲ့တဲ့ဆီကို သွားကြရအောင်။''
''နာရေး ကူညီမှု စလုပ် ဖြစ်ခဲ့တာ ကတော့ အများ ပြည်သူရဲ့ ကျေးဇူးကို ဘယ်လိုပြန်ဆပ် ရမလဲဆိုတာ တွေးမိတာလည်းပါတယ်။ ရွှေဇီးကွက်ရဲ့ အဒေါ်က မန္တလေးမှာ ရှိတဲ့ ဗြဟ္မစိုရ်ဆိုတဲ့ လူမှု ကူညီရေး အသင်းမှာ နာယက ဖြစ်နေတယ်။ အဲဒီ လိုပဲ သူကလည်း လူမှု ရေး လုပ်ငန်း လုပ်ချင် တယ်လို့ပြောတယ်။ အဲဒီ အချိန်မှာ ဘဘဦးသုခတို့က နာရေး ကူညီမှု အသင်း(ရန်ကုန်)ကို ထူထောင်မယ်လို့ကြားတယ်။ ဒါကြောင့် အမျိုးသမီးနဲ့တိုင်ပင်ပြီး ဘဘဦးသုခဆီ သွားကြတယ်။ အဲဒီ အချိန် အစည်းအဝေးလုပ်တာနဲ့ တိုက်ဆိုင်ပြီး ငွေငါးသိန်း ထည့်ဝင်လှူဒါန်းခဲ့တယ်။ နှစ် ဘက်မိဘတွေ ကလည်း ငါးသိန်းဆီ ထည့်ဝင်လှူဒါန်းခဲ့တယ်။ အဲဒီ ကနေ လူမှု ရေး အလုပ် တွေ ပိုလုပ် ဖြစ်ခဲ့တာပါ။''
နာရေး ကူညီမှု အသင်းအား ၂ဝဝ၁ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်လုပ်ဆောင်ရန် အစည်းအဝေး ဆုံးဖြတ်ချက်ရခဲ့ပြီး အသင်းတည်နေရာကို ဘုန်းတော် ကြီးကျောင်းတစ်ကျောင်း တွင် စတင်ဖွင့်လှစ် ဖြစ်ခဲ့ပုံနှင့် အသင်းစတင်တည်ထောင်စဉ်က ကြုံတွေ့ ရသော အခြေအနေနှင့် အခက်အခဲများ ကို ပြောပြရာတွင် အခန်းထောင့်ရှိ ဆရာကြီးဦးသုခ၏ ရုပ်တုဆီသို့ မျက်လုံး တစ်ချက် ဝေ့ကြည့်ရင်း ပြောပြပြန် သည်။
''အသင်း စတည်ထောင်မယ် ဆိုတော့ အဓိကအနေနဲ့ နေရာအခက်အခဲကရှိတယ်။ အဲဒီ အချိန် သင်္ဃန်းကျွန်း ၁၆ ရပ်ကွက်မှာ ရှိတဲ့ ဗြဟ္မာ့ဝိဟာရ ပရိယတ္တိစာသင်တိုက်က ဆရာတော် ဦးဥတ္တရက နာရေး ကူညီမှု အသင်းအတွက် နေရာပေးတယ်။ ဆရာတော် ကြီးပေးတဲ့ အဆောက် အအုံက အောက်က အုတ်ခံနဲ့ အပေါ်က သစ်သားကျောင်းဆောင်၊ အဲဒီ မှာ ကလည်း သံဃာ တော် တွေ ရှိတာနဲ့ ကိုယ့်အိမ်ဝင်းထဲက အိမ်တစ်လုံးကို အပျက်အစီးသိပ်မရှိအောင်ဖျက်ပြီး သံဃာတော် တွေ အတွက် ကျောင်းဆောက်ပေးခဲ့တယ်။ ၂ဝဝ၁ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှာ စပြီး အသင်းကို စတင်လည်ပတ်မယ်လို့ အစည်းအဝေး ဆုံးဖြတ်ချက်ချခဲ့တယ်။ အစည်းအဝေး လုပ်တော့ အသင်းရဲ့ ပထမဆုံး နာရေး လမ်းကြောင်းကားကို မောင်းချင်တယ်လို့ တင်ပြခဲ့တာ မောင်းခွင့်ရခဲ့တယ်''
''ဘယ်သူရဲ့ ရုပ်အလောင်းကို ပထမဆုံး မောင်းခွင့်ရခဲ့လဲ''
''အသင်းသားအားလုံးရဲ့ သဘောတူညီချက်နဲ့ အရင်က ဘဘဦးသုခရဲ့ ရုပ်တုကို ထုလုပ် ပေးခဲ့တဲ့ ဘဘရဲ့ သူငယ်ချင်းမိတ်ဆွေ ပန်းပုဆရာကြီး ဦးဟန်တင်ရဲ့ ရုပ်အလောင်းကို သယ်ပိုး ခဲ့ရတယ်။ နောက်ထပ် ဒုတိယ နာရေး လမ်းကြောင်းကို ရွှေဇီးကွက်က မောင်းချင်တယ်ဆိုတာနဲ့ ရွှေဇီးကွက်ကို မောင်းခွင့်ပြုခဲ့တယ်။ အဲဒီ မှာ အခက်အခဲက စတွေ့ တာပဲ''
''ဘယ်လိုအခက်အခဲ ဖြစ်တာလဲ။ ဘယ်လိုဖြေရှင်းခဲ့ကြလဲ။''
''အဲဒီ တုန်းက သုဝ္ဏဘက်ကနေ အိမ်တစ်အိမ်က နာရေး ဖြစ်တယ်ဆိုပြီး ဖုန်းဆက် တာနဲ့ ရွှေဇီးကွက်က သူသွားမယ်ဆိုပြီး သွားခဲ့တယ်။ အချိန်တော် တော် ကြာနေတာကြောင့် ဘာ ဖြစ်တာလဲဆိုပြီး မသင်္ကာတာနဲ့ လိုက်သွားတယ်။ အဲဒီ အချိန်မှာ နာရေး ရှိလို့ဆိုပြီး ဖုန်းဆက် တဲ့အိမ်ရဲ့ မနီးမဝေးမှာ ရွှေဇီးကွက်မောင်းတဲ့ ကားကြီးကို ရပ်ထားတယ်။ အဲဒီ အိမ်ကလည်း နာရေး ဖြစ်နေတဲ့ ပုံစံမရှိတာနဲ့ ကိုယ့်ဟာကိုယ် ဒီအတိုင်းသွားပြီးမေးကြည့်တော့ အဲဒီ အိမ်က လူတွေ အလုပ်သွားတယ်လို့ ပြောတယ်။ အဲဒါနဲ့ နာရေး ကားကြီးကို ပြန်မောင်းသွားရတယ်။ နာရေး ရှိတယ်ဆိုပြီး ဖုန်းဆက်တဲ့အိမ်ကို နောက်မှစုံစမ်းကြည့်တော့ အဲဒီ အိမ်မှာ ရှိတဲ့ လူတစ် ယောက် က စိတ်ပိုင်းဆိုင်ရာ အခြေအနေကြောင့် နာရေး မရှိဘဲ သူ့အဖေဆုံးတယ်ဆိုပြီး ဖုန်း ဆက်တာ။ အဲဒီ လိုအ ဖြစ်မျိုးတွေ က အသင်းအစပျိုးချိန်မှာ အများ ကြီးပဲ။ သူငယ်ချင်းအရင်း တွေ ဆိုရင်လည်း စချင်နောက်ချင်တဲ့သဘောနဲ့ ဘယ်သူတော့ ဆုံးသွားပြီဆိုပြီး ဖုန်းဆက်တယ်။ သွားသယ်တဲ့အခါ အရှင်လတ်လတ်ကြီး တွေ့ ရတယ်။ အဲဒါတွေ ကြောင့် နောက်ပိုင်းမှာ အသင်း က စည်းကမ်းဆုံးဖြတ်ချက်ကို ထပ်ထုတ်ရတယ်။''
နာရေး ကူညီမှု အသင်း စတင်တည်ထောင်ချိန်တွင် နာရေး မရှိဘဲ နာရေး ရှိသည်ဆိုပြီး ဖုန်းဆက်မှု များ ကြောင့် အခက်အခဲ ဖြစ်ခဲ့ရသလို အချို့သော ရောဂါ များ တွင် အယူအဆ အစွဲ အလမ်းကြီးသူ တချို့ကြောင့် အခက်အခဲများ နှင့် ရင်ဆိုင်ခဲ့ရသည်ကို ဖြေရှင်းတိုက်ဖျက်ခဲ့ရ ကြောင်း တည်ကြည်စွာ ဖြင့် ပြောပြန်သည်။
''အသင်းစထောင်တဲ့အချိန်မှာ မသေဆုံးဘဲနဲ့ သေတယ်ဆိုပြီး အသင်းကို ဖုန်းဆက် တာတွေ ရှိတယ်။ ဒါကြောင့် စည်းကမ်းချက်ထုတ်ပြီး လူ တစ်ယောက် သေဆုံးပြီဆိုရင် ဆရာဝန်ရဲ့ ဆေးစာ၊ ရပ်ကွက်ထောက်ခံချက်၊ ဒေသ္တရရဲ့ သင်္ချိုင်းလက်မှတ်ကို ထုတ်ခိုင်းတယ်။ မိတ္တူ သုံးစောင်ကူးခိုင်းပြီး အသင်းက တစ်စောင်ယူတယ်။ ပိုင်ရှင်က တစ်စောင်ယူစေတယ်။ ပြီးရင် မူရင်းကို စည်ပင်ပေးခိုင်းတယ်။ အဲဒီ တော့မှ တကယ်နာရေး ဖြစ်တယ် မ ဖြစ်ဘူးဆိုတာ သိရ တယ်။ နောက်တစ်ခုရှိသေးတာက အချို့ရပ်ကွက်တွေ ထဲကို နာရေး ဝင်ရင် အဆင်မပြေတာမျိုး တွေ ရှိခဲ့တယ်။''
''ဘယ်လိုအဆင်မပြေခဲ့လဲ။ ဘယ်လို ဖြစ်ပျက်မှု တွေ ကြုံတွေ့ ခဲ့ရလဲ။''
''အချို့ရပ်ကွက်တွေ ဆိုရင် နာရေး ကားဝင်မယ်ဆိုရင် အဝင်မခံဘူး။ ပြဿနာရှာတာ မျိုးတွေ ရှိတယ်။ ပွဲပေးပြီးမှ ဝင်ရမယ်။ ဟိုလမ်းက မထွက်ရဘူး။ ဒီလမ်းက မထွက်ရဘူးဆိုတာ မျိုးတွေ ရှိတယ်။ တစ်ခါတစ်ရံမှာ အသင်းသားတွေ အနေနဲ့ ထိုးကြိတ်ခံရတာ မျိုးတွေ တောင် ကြုံခဲ့ရတယ်။ အဲဒီ လို အယူသည်းမှု တွေ ကို တိုက်ဖျက်ဖို့ ဆရာတော် ကြီးတွေ ရဲ့ အကူအညီနဲ့ ကြိုးစားခဲ့ကြရတယ်''
''ဘယ်ဆရာတော် ကြီးတွေ နဲ့အတူ ကြိုးစားဆောင်ရွက်ခဲ့ကြတာလဲ။ ဆရာတော် ကြီးတွေ က ဘယ်လိုအသိတရားတွေ ပေးခဲ့ လဲ။''
''ဗြဟ္မစိုရ်အသင်းက ဆရာတော် ကြီး ဦးတိက္ခနဲ့အတူ လက်တွဲပြီး အယူသီးမှု တွေ ကို တိုက်ဖျက်ခဲ့တယ်။ ဟောပြောပွဲတွေ လုပ်တယ်။ မန္တလေးမှာ အသင်းခွဲတွေ ဖွင့်ပွဲလုပ်တယ်ဆိုရင် သွားရောက်တယ်။ နာရေး လမ်းကြောင်းကြုံတယ်ဆိုရင် ကိုယ်တိုင် အလောင်းထမ်းပြီးတော့ သင်္ဂြိုဟ် တဲ့နေရာကို ပို့ပေးတယ်။ ညအိပ်ရ တဲ့ဒေသမျိုးတွေ ရောက်တယ်ဆိုရင် ဆရာတော် ဦးတိက္ခလည်း ဟော တယ်။ ဦးနေမိန္ဒ ကိုယ်တိုင်လည်း ကြုံရင်ကြုံသလိုပြောပြီး အယူအဆ အစွဲ အလမ်းတွေ ကို တိုက်ဖျက်ရတယ်''
''ဘယ်လိုအကြောင်းတရားတွေ နဲ့ အဓိက ထားပြီး တိုက်ဖျက်လဲ။''
''လူတွေ က သေသွားပြီဆိုရင် လူလူချင်း မကိုင်ချင်၊ မတွယ်ချင်တော့ဘူး။ ရပ်ကွက်ထဲ မှာ ညဆိုရင်လည်း အိမ်ပြင်မှာ သေတဲ့သူကို အထဲမထည့်ချင်ဘူး။ ရပ်ကွက်အပြင်မှာ သေတဲ့သူ ဆိုလည်း ရပ်ကွက်ထဲ မထည့်ကြဘူး။ ဒါတွေ က အယူအဆအလွဲတွေ ၊ တိရ္ဆာန် မသာတွေ ကျ တော့ ခုတ်ထစ်ချက်ပြုတ်ပြီး ပါးစပ်ထဲကိုထည့် မြိန်ရေရှက်ရည် စားနေကြတယ်။ တကယ် တော့ လူတွေ ရဲ့ ပါးစပ်က သင်္ချိုင်းပါပဲ။ ဒါတွေ က ပြန်စဉ်းစားဖို့လိုတယ်။ လူသားချင်းစာနာဖို့ လိုအပ်တယ်။ နိုင်ငံရပ်ခြားမှာ သေတဲ့လူတွေ ရဲ့ အလောင်းကို လေယာဉ်နဲ့ ဖြတ်သန်းသယ်နေ ကြတာ။ ကိုယ့်ခေါင်းပေါ်ကနေ အလောင်းတွေ ဖြတ်နေတာ။ ဒါကိုများ ကိုယ့်အိမ်ရှေ့ နာရေး ကားလာရင် မကြိုက်ကြဘူး။ အဲဒီ အယူအဆတွေ ပျောက်ဖို့လိုတယ်။ သေတဲ့ သူရဲ့ အဝတ်အစား တို့၊ ပုဆိုးတိြု့ ကတော့ ဖြတ်ပြီး ခန်းစီးတွေ ချုပ်တယ်၊ အိပ်ရာခင်း ချုပ်တယ်။ ဘုန်းကြီးကျောင်း လှူတယ်။ နားကပ်တို့ ဆွဲကြိုးတိြု့ ကတော့ ဘုန်းကြီးကျောင်း မလှူတော့ဘူးလား။ အဲဒီ လက်ဝတ်လက်စားတွေ ကျတော့ မခိုက်ဘူးလား။ ပြန်သုံးသပ်ဖို့ လိုတယ်။ နာရေး ကားလာရင် ခိုက်တယ်၊ နိမိတ်မရှိဘူးဆိုတဲ့ အယူအဆတွေ ပျောက်ကွယ်သွားဖို့ လိုအပ်နေတယ်။''
အချို့သော ပြည်သူများ သည် လူသေသည့်ကိစ္စကို အမင်္ဂလာဟု ထင်မြင်နေကြသည်မှာ အယူအဆ မှားယွင်းနေကြောင်း ပြောပြီး တိုင်းပြည်တစ်ပြည် ထူထောင်ရာတွင် လူအများ ၏ စိတ်နေစိတ်ထားက အရေး ကြီးကြောင်း ပြောပြပြန်သည်။
''လူတွေ အနေနဲ့က ဆင်းရဲသူ၊ ချမ်းသာတဲ့သူ၊ ဂုဏ်သိက္ခာရှိတဲ့သူ၊ အောက်ခြေလူတန်း စားရော အထက်တန်းလွှာရော၊ အယူသီးတာ ပပျောက်ဖို့ အရေး ကြီးတယ်။ တိုင်းပြည်တစ်ပြည် ထူထောင်ရာမှာ လူတွေ ရဲ့ စိတ်နေစိတ်ထားက အရေး ကြီးတယ်။ စိတ်နေစိတ်ထား ကောင်းရ မယ်။ အယူသီးတယ်ဆိုတာ ကျွန်တော် က ဒီအလုပ်လုပ်နေလို့ အယူသီးမှု ကို လက်မခံတာ မဟုတ်ဘူး။ ဘယ်အလုပ်ကိုလုပ်လုပ် အယူသီးမှု ရှိတာ မကောင်းဘူး။ လူဆိုတာ ဘယ်သူမဆို မွေးပြီးရင် သေမှာ ပဲ။ ဘာ ဖြစ်လို့ သေတဲ့လူသေကောင်ကို ကြောက်ရွံ့ ရွံရှာနေရတာ လဲ။ ဘာ ဖြစ် လို့ မင်္ဂလာမရှိဘူးလို့ ပြောနေတာလဲ။ ကိုယ်လည်း တစ်ချိန်မှာ သေကြရမှာ ပဲ။ လူသေမှု က မင်္ဂလာမရှိဘူး။ လာဘ်ပိတ်တယ်လို့ ပြောတဲ့သူတွေ ကရော ပြောပြီးရင် မသေတော့ဘူးလား။ အချိန်မရွေး သေသွားနိုင်တယ်''
''အဲဒီ တော့ ဘယ်လိုစိတ်ထားမျိုးတွေ မွေးမြူသင့်လဲ''
''ကိုယ်အသက်ရှင်နေတုန်း ကိုယ်ဘယ်လိုကောင်းအောင်လုပ်မလဲ။ ဒါတွေ က စဉ်းစားဖို့ ကောင်းတယ်။ ကောင်းမှု လေးတွေ အကောင်အထည်ဖော် လုပ်တဲ့နေရာမှာ အဲဒီ လုပ်ငန်းအပေါ် မှာ စိတ်ထားလေးထားတတ်ဖို့ လိုအပ်တယ်''
ပရဟိတလုပ်ငန်းများ ကို လုပ်ကိုင်ရာတွင် ကိုယ်ကျိုးမငဲ့ကွက်ဘဲ အများ အကျိုးအတွက် စွန့်လွှတ်အနစ်နာခံ လုပ်ခဲ့ရကြောင်းကို ယုံကြည်ချက်အပြည့်ဖြင့် ပြောသော အခါ မကြာသေး ခင်ကမှ လက်ဆောင်ရထားသည့် ဆူးလေဘုရားပုံပန်းချီကား အနီရဲရဲကိုကြည့်ပြီး ပြောပြပြန် သည်။
''ပရဟိတဆိုတာ အများ အကျိုးဆောင်တဲ့ကိစ္စဆိုတော့ လုပ်သင့်လုပ်ထိုက်တဲ့ဟာ၊ ဖြစ်သင့် ဖြစ်ထိုက်တဲ့ဟာ ဖြစ်လို့ အများ အတွက် လုပ်ဆောင်ပေးရမှာ ပဲ။ ကိုယ်ကျိုးမပါဘဲ ကိုယ့် ဘက်က စွမ်းစွမ်းတမံ ဆောင်ရွက်ဖို့လိုပါတယ်။ အနစ်နာခံမှု စွန့်လွှတ်မှု တွေ နဲ့ လုပ်မှသာ ပရဟိတလို့ ခေါ်တာပါ။ ကိုယ့်ဘက်က စွန့်လွှတ်မှု နဲ့ ၂ဝဝ၁ ခုနှစ် ကတည်းက အခုအချိန်အထိ ရပ်တည်နေတာ၊ စွန့်လွှတ်စွန့်စားခဲ့ရာတွေ အများ ကြီးပဲ။ ထိုင်ပြောရင် ဆုံးမှာ မဟုတ်ဘူး''
လူသားချင်းစာနာပြီး နာရေး ကူညီမှု လုပ်ငန်းများ ကို လုပ်ကိုင်ခဲ့ရာ နိုင်ငံတကာမှ လာရောက်လေ့လာမှု များ ရှိနေသော ကြောင့် စေတနာဖြူစင်စွာ ဖြင့် လုပ်ကိုင်ပေးသူများ နှင့် အသင်းကြီးအတွက် အဘက်ဘက်မှ ကူညီပေးကြသူများ ကိုယ်စား ဂုဏ်ယူမိကြောင်း ခပ်ဝံ့ဝံ့ အသံဖြင့် ပြောပြပြန်သည်။
''မသာချတဲ့အလုပ်ကို အယူသီးတဲ့သူတွေ နဲ့ မတူညီတဲ့သူတွေ အတွက် ကတော့ တင့် တောင့်တင့်တယ်မရှိတဲ့ အလုပ်လို့ ထင်ကြတယ်။ နိမ့်ကျတယ်လို့ သတ်မှတ်ထားကြတယ်။ အဲဒီ လို အနိမ့်ကျဆုံးအလုပ် လုပ်နေတဲ့သူတွေ ကို နိုင်ငံတကာက ခေါင်းဆောင်ကြီးတွေ ၊ သံအမတ် ကြီးတွေ ၊ ပညာရှင်တွေ က စိတ်ဝင်တစား လာပြီးလေ့လာတော့ အဲဒီ အတွက် အသင်းရဲ့ ကိုယ်စား ဂုဏ်ယူတယ်။ အဲဒီ လို အနိမ့်ကျဆုံးအလုပ် လုပ်တယ်ဆိုပေမယ့် ကျွန်တော် တို့က လူသား အကျိုးပြုလုပ်ငန်း လုပ်ကိုင်ရလို့ ကျေနပ်တယ်။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေ က မှန်ကန်တယ်။ ကျွန်တော် တစ်ယောက် တည်းအတွက် မပြောဘူး။ ဒီအသင်းမှာ လာပြီး စေတနာစိတ်ဓာတ် အပြည့်နဲ့ ဇွဲရှိရှိလုပ်နေတဲ့သူတွေ အတွက်လည်း ပြောတယ်။ ဒီအသင်းကြီးကို ဖေးမကူညီကြတဲ့ ပြည်သူလူထုကြောင့် လည်း အောင်မြင်လာတာလို့ ပြောချင်တယ်''
''ဘယ်လိုအရာတွေ ကို ဘယ်လိုစိတ်ဓာတ်တွေ နဲ့ ဇွဲရှိရှိ လုပ်ကိုင်ခဲ့တယ်ဆိုတာ ပြောပြပါဦးလား''
''ဇွဲရှိရှိနဲ့ လုပ်ကိုင်ခဲ့ရတယ်။ လုပ်ကိုင်လို့ အောင်မြင်နေပြီဆိုပြီး မသာယာဘူး။ သာယာ နေလို့မရဘူး။ ဒီထက်ပိုပြီး ဘာတွေ လုပ်နိုင်မလဲဆိုတာ စဉ်းစားနေရတယ်။ အများ အတွက် ဘာလုပ်ရမလဲဆိုတာ ခေါင်းထဲမှာ နေ့စဉ်ထည့်ပြီး စဉ်းစားနေရတယ်။ အကောင်အထည် ဖော်ပေးနေရတယ်။ ဒီလို ပရဟိတလုပ်ငန်း လုပ်ကိုင်တာမှာ လည်း အတိုက်အခိုက်က ရှိတာပဲ။ အရင်တုန်းကတစ်မျိုး၊ အခုတစ်မျိုး။ အတွင်းရန်၊ အပြင်ရန်တွေ က ပုံသ္ဌာန်အမျိုးမျိုးနဲ့ လာနေကြတယ်။ ကိုယ်က ၂ဝဝ၁ ကတည်းက လုပ်ခဲ့တာ။ အခုလို အောင်မြင်လာတဲ့အချိန် ကျမှ အချို့က ကျော်သူက နာမည် ကြီးချင်လို့ လုပ်တာဆိုတာမျိုးတွေ ရှိလာတယ်''
နာရေး ကူညီမှု လုပ်ငန်းနှင့် ပတ်သက်၍ နာမည် ကြီးချင်၍ လုပ်ကိုင်ခဲ့ခြင်းမဟုတ်ကြောင်း။ ယခင်ကတည်းက ကျော်သူဆိုသည်မှာ နာမည် ရှိပြီးသား ဖြစ်ကြောင်း။ ရှိခဲ့သည့်နာမည် ကို နာရေး ကူညီမှု လုပ်ဖို့သာ မြှုပ်နှံခဲ့ရကြောင်း စကားသံခပ်သြသြဖြင့် ပြောပြပြန်သည်။
''အချို့တွေ က ကျော်သူက နာမည် ကြီးချင်လို့ လုပ်နေတာလို့ ပြောကြတယ်။ အတွေး အခေါ်တွေ က လွဲနေတယ်။ ကျော်သူက နာမည် ကြီးစရာ မလိုပါဘူး။ နာရေး အသုဘပဲချချ၊ ရုပ်ရှင်ပဲရိုက်ရိုက် ကျော်သူက နာမည် ရှိပြီးသား။ ကျော်သူက ကျော်သူပဲ။ နာမည် ကြီးရေး မကြီး ရေး က အဓိကမဟုတ်ဘူး။ လူ့ဘဝကို တန်ဖိုးရှိရှိ ဘယ်လိုဖြတ်သန်းမလဲ။ ကိုယ့်ကိုယ်ကိုယ် ကြည်ညိုအောင် ဘယ်လိုလုပ်ရမလဲ။ ဒါပဲတွေးတယ်။ ကိုယ့်ကိုယ်ကိုယ် မကြည်ညိုရင် အများ အကျိုးလုပ်တာက အလကားပဲ။ အရာရောက်မှာ မဟုတ်ဘူး။ ဘုရားလည်းကြိုက်မှာ မဟုတ်ဘူး။ ဘုရားကြိုက်တဲ့အလုပ်က ကိုယ့်သီလ ကိုယ်လုံရမယ်။ ဒါပေမယ့် အဖွဲ့အစည်းနဲ့လုပ်တဲ့အခါြ ကတော့ လူပေါင်းစုံနဲ့ လုပ်ကိုင်ရတော့ ပါးစပ်ပေါက်အမျိုးမျိုးက ပြောတာကိုတော့ ခံနိုင်ရည် ရှိအောင် စိတ်ဓာတ်မွေးရတယ်''
အများ နှင့် ပတ်သက်၍ လုပ်ကိုင်ရသော လုပ်ငန်း ဖြစ်သော ကြောင့် အကောင်းအဆိုး ဝေဖန်မှု ကို တုန်လှုပ်မှု မရှိဘဲ လုပ်ကိုင်နေရကြောင်း အသံခပ်မာမာဖြင့် လက်ကိုပိုက်ပြီး ပြောပြ ပြန်သည်။
''အလုပ်လုပ်တဲ့နေရာမှာ ဝေဖန်မှု တွေ ၊ တိုက်ခိုက်မှု တွေ ရှိတယ်။ ဘယ်လိုပဲ ဖြစ် ဖြစ် ဘာကိုမှ ဂရုမစိုက်ဘူး။ ကိုယ်လုပ်စရာရှိတာ ကိုယ်လုပ်တယ်။ ကိုယ့်လိပ်ပြာ ကိုယ်သန့်တယ်။ ကိုယ့်ကိုယ်စောင့်နတ်သိတယ်။ လူ တစ်ယောက် ကို ဝေဖန်တော့မယ်ဆိုရင်၊ အပုပ်ချတော့မယ် ဆိုရင်၊ စွပ်စွဲတော့မယ်ဆိုရင် ကိုယ်ကရော ဘယ်လောက်လိပ်ပြာသန့်လဲ။ ငွေရေး ကြေးရေး နဲ့ စွပ်စွဲမလား။ လူမှု ရေး အရှုပ်အထွေးနဲ့ စွပ်စွဲမှာ လား။ အုပ်ချုပ်မှု အပိုင်းကို စွပ်စွဲကြမှာ လား။ အဲဒီ လို စွပ်စွဲမယ်ဆိုရင် ကိုယ်ကရော လွတ်လွတ်ကင်းကင်းရှိရဲ့ လား။ ကိုယ့်ရဲ့ သမိုင်း၊ ကိုယ့်ရဲ့ လမ်းကြောင်း၊ ကိုယ့်ရဲ့ လုပ်ဆောင်မှု တွေ ကို ပြန်ကြည့်ဖို့လိုတယ်။ ငါက ဘာတွေ များ ပေးခဲ့သလဲ။ ငါက ဘယ်လောက်များ အာဏာရှင်ဆန်ခဲ့သလဲ။ ဒါတွေ ကို ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ပြီးမှ ဝေဖန်ကြဖို့လိုတယ်။ လူမှု ရေး လုပ်တဲ့နေရာမှာ လည်း အတိုက်အခိုက်တွေ ကို ပုံစံအမျိုးမျိုးနဲ့ ခံခဲ့ရပါတယ်။ ဒါတွေ ကို ဂရုမစိုက်ဘူး။ အများ အတွက် အကောင်းဆုံးလုပ်ပေးနေတဲ့အတွက် ကိုယ့်လမ်းကို ယုံကြည်ချက်နဲ့ ဆက်လျှောက်မှာ ပေါ့''
''ဦးမောင်အနေနဲ့ စာတွေ ဘာတွေ ပြန်ရေး နေတော့ ဘယ်အချိန်မှာ ဘယ်လိုအကြောင်းအရာတွေ ကို ထပ်ရေး သွားဖို့ ရှိလဲ''
''စာရေး တယ်ဆိုတာ ကတော့ ခံစားချက်ရှိတဲ့အခါ ရေး မယ်။ စာရေး တာ ကတော့ ကိုယ့် ရဲ့ ပင်မအလုပ်မဟုတ်ဘူး။ တစ်ခါတလေ စိတ်ထဲမှာ ရှိတာကို ရေး မယ်''
လူမှု ရေး လုပ်ငန်းများ နှင့် သာ ဘဝကို ကုန်လွန်ဖြတ်သန်းနေရသော ကြောင့် ဝါသနာပါ သည့် ပန်းချီကိုလည်း မဆွဲ ဖြစ်သေးကြောင်း။ ယခုလတ်တလော လက်ဆောင်ရထားသော ပန်းချီကားကို ထပ်မံကြည့်ပြီး အားမလိုအားမရအသံဖြင့် ပြောပြန်သည်။
''အရင်နှစ် တွေ ကဆိုရင် ကျွန်တော့် မွေးနေ့ရောက်တဲ့ နိုဝင်ဘာလမှာ ပန်းချီပြပွဲလုပ် တယ်။ ဒါမှမဟုတ်ရင် ရွှေဇီးကွက်ရဲ့ မွေးနေ့ ဇန်နဝါရီလမှာ လုပ် ဖြစ်တယ်။ ဒီနှစ် ကတော့ ပန်းချီ တစ်ကားမှ မဆွဲ ဖြစ်တော့ဘူး။ နာရေး ကူညီမှု လုပ်ငန်းကို ဇောက်ချပြီးလုပ် ဖြစ်နေတာကြောင့် ပါ။ နောက်ပိုင်းမှာ ပန်းချီနဲ့ စာတွေ ၊ ကဗျာတွေ ကို အချိန်ရရင် ရသလိုတော့ ဆွဲ ဖြစ် ရေး ဖြစ်နေမှာ ပါ။''
''ဦးမောင်အနေနဲ့ ဘာတွေ များ ထပ်ပြောချင်သေးလဲ''
''အခုလတ်တလော အခြေအနေအရ အသင်းမှတ်ပုံတင်ထားတယ်။ မှတ်ပုံတင်ကျရင် တရားဝင်လုပ်ဆောင်ခွင့်ရတော့မယ်။ တကယ့်ကို ဖိဖိစီးစီး ကျစ်ကျစ်လျစ်လျစ်နဲ့ အများ အကျိုး ကို တရားဝင် ထမ်းဆောင်ရတော့မယ်။ အဲဒီ အခါကျရင် ကျွန်တော် တို့အပိုင်းမှာ အားနည်း၊ အားလျော့တာတွေ ၊ စည်းကမ်းပိုင်းတွေ ကို ပိုမိုကောင်းမွန်အောင် လုပ်သွားမယ်။ လူမှု ရေး အရှုပ်အထွေးကင်းဖို့နဲ့ အရက်သေစာ မသောက်စားဖို့အတွက်လည်း ထိထိရောက်ရောက် ဆောင်ရွက်သွားမယ်။ တာဝန်ယူမှု အပိုင်းတွေ ကို တင်းတင်းကျပ်ကျပ် လုပ်သွားမယ်။ တင်းကျပ် တယ်ဆိုတာကလည်း အာဏာရှင်စနစ်ကို သုံးတာမဟုတ်ပါဘူး။ အများ အကျိုးကို ထမ်းဆောင် တဲ့နေရာမှာ တာဝန်ကျေမှု ကို လိုချင်လို့ပါ။ အသင်းကြီးအပေါ် တကယ့်စေတနာနဲ့လုပ်ဆောင်တဲ့ မျိုးဆက်သစ်တွေ ဆက်လက်မွေးထုတ်ပြီး လက်လွှဲလို့ရတဲ့အခါ သင့်တော် တဲ့သူတစ်ဦးဦးကို ပခုံးလွှဲပေးမှာ ပါ။ နာရေး ဥက္ကဌတော့ တစ်သက်လုံး မလုပ်ပါဘူး။ တာဝန်လွှဲပြောင်းပေးပြီးတဲ့ အခါကျရင်တော့ တရားဘာဝနာအားထုတ်ပြီး ဘဝကို ငြိမ်းငြိမ်းချမ်းချမ်း ဖြတ်သန်းသွားဖို့ ဆုံးဖြတ်ထားပါတယ်။''
ဆွေဝင်းနိုင်
ပရဟိတလုပ်ငန်းတွေ စလုပ် ဖြစ်ပုံ၊ စိတ်ကူးလေးနဲ့စပြီး အကောင်အထည်ဖော် ဖြစ်ပုံလေး စပြောပေးပါ။
အရင်တုန်း ကတော့ ကျွန်တော် က ရုပ်ရှင်သရုပ်ဆောင်ပေါ့။ ဒါရိုက်တာလည်းလုပ်ရင်း အနုပညာလောကထဲမှာ ရပ်တည်နေတာ။ ရပ်တည်နေရင်း ပရိသတ်ကချီးမြှင့်တဲ့ ငွေကြေးနဲ့ သားတွေ သမီးတွေ ပညာတတ် ဖြစ်အောင် ကျွန်တော် လုပ်ခဲ့တယ်။ ကျွန်တော် တို့ မိဘမျိုးရိုးက လည်း ပိုက်ဆံရှိတဲ့ အသိုင်းအဝိုင်းပေါ့။ ကျွန်တော် ဝါသနာပါတဲ့အတွက် ကျွန်တော် အိမ်ထောင် ကျပြီး ဒီအနုပညာအလုပ်ကို ကျွန်တော် လုပ်တယ်။ လုပ်ပြီး ကိုယ့်ဘဝကိုယ် ရပ်တည်တာပေါ့။ တစ်ရက်မှာ နာမည် ကြီးနေတဲ့အချိန်ပေါ့။ ကျွန်တော့် သမီးလည်းပါတယ်။ သူတို့ ငယ်ငယ် ကတည်းက ကျွန်တော် က သင်္ကြန်တွေ ဘာတွေ ဆိုရင် တရားစခန်းတွေ ပို့ပို့ပေးတယ်။ သူ့အမေ က ပို့တာပေါ့။ အင်းစိန်ဆရာတော် ရဲ့ ကျောင်းမှာ သွားပို့တော့ အဲဒီ မှာ သမီးကနေပြီးတော့ မေးတဲ့မေးခွန်းကို ဆရာတော် တို့ကျောင်းကထုတ်တဲ့ စာအုပ်ထဲမှာ ပါလာတာကို ကျွန်တော် ဖတ်မိတယ်။ အဲဒီ မှာ နည်းနည်း ကျွန်တော့် ဘဝက ပြောင်းတာ။ သမီးက မေးတယ်။ ရုပ်ရှင် မင်းသား၊ မင်းသမီးတွေ က သေတယ်ဆိုရင် ဘယ်ဘုံရောက်လဲလို့ ဆရာတော် ကြီးကို မေးတယ်။ အဲဒီ မှာ ဆရာတော် က ပြန်ဖြေတယ်။ ငရဲကိုရောက်တယ် ဆိုပြီးတော့။ အဲဒီ မှာ နည်းနည်း လေး တုန်လှုပ်သွားတယ်။ ယောဆရာတော် တို့၊ ဆရာတော် ဦးဇောတိကတို့၊ အရှင် ဆန္ဒာဓိကတို့၊ နောက် မဟာဂန္ဓာရုံဆရာတော် ၊ သူတို့ရဲ့ စာအုပ်တွေ ဖတ်တယ်။
ဖတ်ပြီးတော့ ဒီ ဘာသာရေး နဲ့ နွယ်ပြီးတော့ ပရဟိတကို စိတ်ဝင်စားတယ်။ အဲဒီ လို စိတ်ဝင်စားတဲ့အချိန်မှာ ကျွန်တော့်အဖွား ဆုံးတယ်။ အဖွားဆုံးတော့ အဖွားရဲ့ ဘော်ဒီကို ဆေးရုံကြီးရေခဲတိုက်ကနေပြီးတော့ နိဗ္ဗာန်ယာဉ် ပေါ်ပို့တယ်။ အဲဒီ တုန်းက စည်ပင်သာယာအဖွဲ့ကားကိုခေါ်တယ်။ သင်္ဂြိုဟ်ဖို့၊ သုဿန်သွားဖို့ စိတ်ဝင်စားတဲ့အချိန်မှာ ကျွန်တော့်အဖွား ဆုံးတယ်။ အဖွားဆုံးတော့ အဖွားရဲ့ ဘော်ဒီကို ဆေးရုံကြီးရေခဲတိုက်ကနေပြီးတော့ နိဗ္ဗာန်ယာဉ် ပေါ်ပို့တယ်။ အဲဒီ တုန်းက စည်ပင်သာယာအဖွဲ့ကားကိုခေါ်တယ်။ သင်္ဂြိုဟ်ဖို့၊ သုဿန်သွားဖို့ ကားရောက်လာတယ်။ ကားကလည်း တော် တော် လေး စုတ်စုတ် ပြတ်ပြတ်နဲ့၊ မီးခိုးတထောင်းထောင်းနဲ့၊ အိတ်ဇောငွေ့တွေ နဲ့ ရောက် လာတာပေါ့။ ကားတံခါးဖွင့်တော့ အထဲမှာ ပိုင်ရှင်မဲ့အလောင်းတွေ သုံးလောင်းပါတယ်။ ပါတော့ ဒီလိုမျိုးကြီးတွေ က မ ဖြစ်သင့်ဘူး ဆိုပြီး အဲဒီ မှာ ကျွန်တော် သိတယ်။ သိပြီးနောက် ဘဘဦးသုခက လည်း ဆေးရုံတက်တယ်။ အဲဒီ ဆေးရုံမှာ သူ့ဘေးက လူနာက ဆေးရုံမှာ လာတက်ကုနေတာ။ သူ့မိသားစုတွေ လည်း နေ့တိုင်းလာတာပေါ့။ တစ်ရက်ကျတော့ ဆရာဝန်ကနေပြီးတော့ ခင်ဗျားတို့ အမေကြီးကို အိမ်ပြန်ခေါ်သွားတော့။ ကျွန်တော် တို့ ဆေးလည်း အစွမ်းကုန်ကုပြီးပြီလို့ ပြောလိုက်တယ်။ ပြောလိုက်တဲ့နေ့ကစပြီး သူ့မိသားစုက မလာတော့ဘူး။ မလာဘဲနဲ့ ဒီလိုပဲ ဆေးရုံမှာ ဆုံးသွားတယ်။ ဆုံးသွားတော့ ပိုင်ရှင်မဲ့အလောင်း အနေနဲ့ပဲ ဆေးရုံက သင်္ဂြိဲုဟ်လိုက်တယ်။ အဲဒါကို ဘဘကနေပြီးတော့ ဘာကြောင့် ဆိုတာ စုံစမ်း တော့ ဒီအမေကြီးကို သူတို့မိသားစုက အိမ်ပြန်ခေါ်သွားရင် ကျွေးမွေးရမယ့်စရိတ် မတတ်နိုင် ဘူး။ သေရင်လည်း အသုဘချရမယ့်စရိတ် မတတ်နိုင်ဘူး။ အဲဒါသိတဲ့အတွက် ဘဘကလည်း ဒီနာရေး အသင်း လုပ်မယ်ဆိုပြီး စပြီး စိတ်ကူး ဖြစ်တယ်။ ကျွန်တော့်  အမျိုးသမီး ရွှေဇီးကွက်ရဲ့ အဒေါ်ကလည်း ကျွန်တော် တို့ နာရေး အသင်းထက် နှစ် နှစ် လောက် စောတယ်။ မ္တလေးမြို့က ဗြဟ္မစိုရ် နာရေး အသင်း၊ သူ့အဒေါ် ဒေါ်လှမြတ်က အဲဒီ မှာ နာယက အ ဖြစ်ပါတယ်။ အဲဒီ မှာ သူ သတင်းတွေ ကြားကြားနေတာ။ သူကလည်း လုပ်ချင်တယ်ဆိုပြီးတော့၊ ဘဘကလည်း ဒီအသင်းစဖွဲ့မယ်ဆိုတာ သိတာနဲ့ ကျွန်တော် တို့လင်မယားနှစ် ယောက် သွားပြီးတော့ ငွေသွား လှူတယ်။ လှူပြီးတော့ ကျွန်တော့် ကို အားပေးတယ်ပေါ့လေ။ ဒီအမှု ဆောင်အဖွဲ့မှာ လုပ်မလားတဲ့။ ကျွန်တော် မလုပ်ဘူး၊ အသင်းသားအနေနဲ့ပဲလုပ်မယ်။ ရုပ်ရှင်ကလည်း တစ်ဖက်ဆိုတော့ အဲဒီ မှာ နာရေး အသင်း စလုပ် ဖြစ်တယ်။ လုပ်ရင်းနဲ့ တဖြည်းဖြည်း လူတွေ သေတာများ တယ်။ အခုဆိုရင် တစ်ရက်ကို လေးဆယ့်ငါးနဲ့ ငါးဆယ် ပုံမှန်ပဲ ပျမ်းမျှ သင်္ဂြိုဟ်ပေးရတယ်။ အဲဒီ တော့ လူတွေ ဘာကြောင့် သေတာလဲ။ ဆေးဝါးမကုသနိုင်လို့သေတယ်။ အဲဒီ တော့ ကျန်းမာရေး ကူညီ စောင့်ရှောက်မှု လုပ်မယ်ဆိုပြီးတော့ သုခကုသိုလ် ဖြစ်ဆေးခန်းဖွင့်ပြီး ဆေးကုပေးတယ်။ မျက်စိခွဲခန်းရော၊ ရောဂါ အစုံ ကျွန်တော် လုပ်ပေးတယ်။ လုပ်ပေးတာ လူနာက အခုတစ်ရက်ကို အယောက် နှစ် ရာကျော်တယ်။ အခမဲ့ကုပေးတယ်။ ဘာကြောင့် လူသားတွေ ဒီလို ဖြစ်တာလဲဆို ကျန်းမာရေး ကို ကာကွယ်စောင့်ရှောက်ဖို့ အသိဥာဏ် နည်းပါးလို့။ ဒါကြောင့် ပညာရေး ကို ကျွန်တော် လုပ်တယ်။ လုပ်ပြီးတော့ အခု သဘာဝ ဘေးတို့၊ စစ်ဘေးတို့ ကျွန်တော် တို့ အားလုံးကို တတ်နိုင်သလောက်လုပ်တယ်။
ကျွန်တော် တို့သိထားတာက အတ္တဟိတ ပရဟိတပေါ့။ အတ္တဟိတ ပြည့်စုံမှ ကျွန်တော် တို့ ပရဟိတ လုပ်ရတယ်ပေါ့။ ကိုယ့် အတွက် စားဝတ်နေရေး သော်လည်းကောင်း၊ စီးပွားရေး သော်လည်းကောင်း ပြည့်စုံနေမှ သူတစ်ပါးရဲ့ အကျိုးစီးပွားကို လုပ်ပေးချင် တဲ့ စိတ်က လူမျိုးတိုင်းရဲ့ ရင်ထဲမှာ ရှိတယ်တဲ့။ အတ္တဟိတ ပရဟိတပေါ့နော်။ အဲဒီ တော့ ကိုမောင့်အနေနဲ့ အတ္တဟိတ ပြည့်စုံလို့လား။
မပြည့်စုံသော်လည်းပဲ ပရဟိတအတွက် လုပ်ချင်စိတ်ကဲသွားလို့လား။
အတ္တဟိတပြည့်စုံမှ ပရဟိတလုပ်ရမယ်ဆိုရင် ဦး ... တို့၊ ဦး ... တို့၊ ဦး ... တို့ မပြည့်စုံ သေးဘူးလား။ ဒါပဲမေးရမှာ ပဲ။ အူမတောင့်မှ သီလစောင့်မယ်ဆိုတာ မဟုတ်ဘူး။ သီလစောင့်မှ အူမတောင့်မှာ ။ ကိုယ့်ကိုကိုယ် ပြည့်စုံမယ်ဆိုတာလည်း ဘယ်တော့မှ ဖြစ်မှာ မဟုတ်ဘူး။ မပြည့်စုံတဲ့ကြားထဲကနေ အများ တကာအတွက် ကူညီပံ့ပိုးပေးရတာ ပဲ။ တစ်ခုတော့ရှိတယ်။ ဒီပရဟိတ လုပ်ရင်းလုပ်ရင်းနဲ့ အတ္တဘက် ပြောင်းသွား တာမျိုးတွေ ရှိတယ်။ အဲဒါကို သတိထားရတယ်။ ကိုယ့်ကိုကိုယ် အမြဲတမ်း ဝေဖန်သုံးသပ်နေရတယ်။ အတ္တဘက် ပြောင်းသွား တဲ့ ပုဂ္ဂိုလ်တွေ အများ ကြီးရှိတယ်။ အသင်းအဖွဲ့တွေ ပေါ့လေ။ အဲဒါကိုတော့ တော် တော် သတိထားရတယ်။
ကျွန်တော် တို့ ငယ်ငယ်လေးတုန်းက ကြားဖူးတာလေ အများ အကျိုးဆောင်ရင် ကိုယ့်အကျိုးအောင်တယ်လို့။ အခု ကိုမောင်အနေနဲ့ရော အများ အကျိုးတွေ ဆောင်ခဲ့တဲ့အခါမှာ ကိုယ့်အကျိုးတွေ ရော အောင်ခဲ့လား။ အဲဒါလေး ပြောပြပေးပါဦး။
ကိုယ့်အကျိုးအောင်တာ မအောင်တာ ကျွန်တော် ခေါင်းထဲမထည့်ဘူး။ အများ အတွက် ကို လုပ်ပေးရရင် ပြီးတာပဲ။ နာရေး ဆိုရင် နာရေး ရှင်တွေ ရဲ့ အပူမီးကို ငြိမ်းပေးနိုင်တယ်။ ငြိမ်းပေးလိုက် တယ်။ တချို့ဆိုရင် အရင်တုန်းက ကိုယ်တိုင်ကားမောင်းတယ်။ သူတို့ရဲ့ ဦးလေး တို့ရဲ့ ၊ အဖေတို့ရဲ့ အလောင်း မီးသင်္ဂြိုဟ်စက်ထဲရောက်နေပြီ၊ ထည့်တော့မယ်၊ ကားရပ်ထားပြီးပြီ။ သူတို့အဖေ၊ သူတို့ဦးလေးရဲ့ အလောင်းကို မေ့နေတယ်။ ကျွန်တော့် ဆီကိုလာတယ်။ ဦးကျော်သူ ကျေးဇူးတင်ပါတယ်။ လိမ္မော်သီးစားပါဦး၊ အော်တိုလေးရေး ပေးပါဦး။ တဒင်္ဂ သူတို့ရဲ့ အပူတွေ ငြိမ်းသွားတယ်။ အဲဒီ ပီတိလေးကို ရတယ်ပေါ့။ အဲဒါပဲ။ ဒီ ပရဟိတလုပ်တယ်ဆိုတာ ဘာမျှော် လင့်ချက်မှ မထားရဘူး။ အများ အတွက် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တစ်ခုတည်းကို ဦးတည် ပြီး လုပ်ပေးရတယ်။
ကိုမောင် ပထမဦးဆုံး ပရဟိတလုပ်တုန်းက စိတ်ခံစားမှု နဲ့ ဝမ်းသာပီတိလေးကို မှတ်မိဦးမလား။
ပထမဦးဆုံးအလောင်းက ပန်းပုဆရာကြီး ဦးဟန်တင် ၂ဝဝ၁ ခုနှစ် ၊ ဇန်နဝါရီလ (၁) ရက်နေ့မှာ ကျွန်တော် စပို့တယ်။ အဲဒီ တုန်းက ကျွန်တော် တို့ ဒီနိဗ္ဗာန်ယာဉ်ပေါ်လည်း တက်ဖူးတာ မဟုတ်ဘူး။
ဥပမာ နာရေး တစ်ခုပေါ့။ ကျွန်တော် တို့လို သာမန်လူတွေ ကူညီတာထက်စာရင် ကိုယ်မောင်တို့လို Celebrity တစ်ယောက် က ကူညီပေးတာ သူတို့အတွက် ပိုပြီးတော့ ခွန်အား ဖြစ်တာပေါ့။
အဲဒီ သဘောတွေ ရှိတာပေါ့။ ဒါ နာရေး တင် မဟုတ်ပါဘူး။ ကျန်းမာရေး ဖြစ် ဖြစ်၊ ပညာ ရေး ဖြစ် ဖြစ် ဘယ်ဒုက္ခမျိုးကိုမဆို နာမည် ကြီးပုဂ္ဂိုလ်တွေ ၊ ဒီ အနုပညာသမားတွေ က လာပြီးတော့ ကူညီပေးရင် သူတို့အတွက် ပိုပြီးတော့ ခွန်အား ဖြစ်တာပေါ့။ ဒါ အတွေ့ အကြုံတစ်ခုပြောရရင် ခုနကပြောသလိုပေါ့။ အော်တိုထိုးခိုင်းတာတွေ ၊ နောက် ကျွန်တော် တို့ လူကြမ်းအဖွဲ့တွေ လုပ်အားပေးတစ်ခါလုပ်ဖူးတယ်။ လူကြမ်းအဖွဲ့တွေ လုပ်တဲ့အချိန် လူကြမ်းတွေ အလောင်းသွား သယ်တော့ ဟာ ... လူကြမ်းတွေ လာပြီ၊ လူကြမ်းတွေ လာပြီဆိုပြီး ကလေးတွေ ရော လူကြီးတွေ ရော အကုန်ပြေးတာ။ မဟုတ်ဘူး။ ကျွန်တော် တို့က ဒီမှာ အသုဘချဖို့အတွက် လာပြီးကူညီ ပေးတာဆိုပြီးပြောတော့ ဝမ်းသာပီတိ ဖြစ်ကြတယ်။ အခု နန်းခင်ဇေယျာတို့ လာပြီးလုပ်ပေး တယ်။ သူတို့ မထင်မှတ်ဘူး။ လှယဉ်ကျေးမယ် တစ်ယောက် က အလောင်းကို ကိုယ်တိုင်မပြီး ကိုယ်တိုင်ထမ်းတယ်ဆိုတော့ တော် တော် လေး အံ့အားသင့်ပြီးတော့ သူတို့အတွက် ကတော့ တကယ်ပီတိ ဖြစ်စေတာပေါ့။
ကျွန်တော် ဟိုတလောက ဂျာနယ်ထဲမှာ ဖတ်ရတာ ။ ကိုမောင် ဆိုးခဲ့တယ်တဲ့။ ဆိုးခဲ့တာမှ ကမ်းတောင်ကုန်တယ်ပေါ့နော်။ ဆိုးခဲ့တာတွေ ကို အသက်အရွယ်ရလာတဲ့အခါမှာ အသိတရားရလာပြီးတော့ အများ အတွက် လုပ်ပေးချင်တဲ့စိတ်တွေ ပေါ်လာ တယ်ဆိုပြီး။ ကျွန်တော် တို့တောင် အံ့သြနေတာ။ ကိုမောင် သူဆိုးခဲ့တာကို ဖွင့်ပြောရဲတယ်ပေါ့နော်။ အခုအချိန်မှာ ။ ဆိုလိုတာက အဆိုးလွန်ရင် အကောင်းကို ကျွံတတ်သလားလို့။ အဲ့ဒါလေး သုံးသပ်ပေးပါ။
ဒါ ကတော့ အဆိုးလွန်လို့ အကောင်းကိုကျွံတာတော့ မဟုတ်ဘူး။ ကိုယ်ဆိုးမှန်းသိတယ်။ သိတဲ့အချိန်မှာ ကိုယ်က အကောင်းဘက်ကို ခြေလှမ်းစလှမ်းဖို့ သိတယ်ဆိုကတည်းကိုက ကောင်းတဲ့ဘက်ရောက်ပြီး ကောင်းတဲ့ဘက်ကို ခြေလှမ်းစလှမ်းနိုင်ဖို့ပဲ အရေး ကြီးတယ်။ ကိုယ် ဘယ်လိုတေတယ်၊ မိုက်တယ်ဆိုတာ သိပေမယ့် သိပြီးတော့ ရပ်လိုက်တာထက်စာရင် ကောင်း တဲ့ဘက်ကို ခြေလှမ်းလှမ်းတာက ပိုပြီးအကျိုးရှိတယ်။
ဟိုတစ်ခါ ဂျာနယ်ထဲမှာ ပါတာ။ ကိုမောင် မင်းသားလုပ်တော့ ပြည်သူလူထုက ကျွေးတဲ့ ထမင်းကို စားပြီးတော့ သူတို့ကို ပြန်ပြီးတော့ ဘာလုပ်ပေးနိုင်မလဲလို့ တွေးကြည့်တဲ့အခါမှာ ဒီပရဟိတလုပ်ငန်းလေးကို စိတ်ထဲရောက်သွားပြီး ဆက်လုပ် ဖြစ်တယ်လို့ ဖတ်လိုက်ရပါတယ်။ အဲဒါလေးတစ်ချက် ကျွန်တော် တို့အတွက် ပြန်ပြောပေးပါဦး။
အနုပညာသမားဆိုတာ၊ ကျွန်တော် မြင်တဲ့ အနုပညာသမားပေါ့လေ။ အခုလက်ရှိ အနုပညာသမားတွေ ကတော့ ကြိုက်ချင်မှ ကြိုက်မယ်။ ဒါပေမယ့် ကျွန်တော် ကတော့ ကျွန်တော် မြင်တဲ့အတိုင်း ပြောမယ်။ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက ကိုယ်နာမည် ကြီးဖို့လုပ်တာ။ ကိုယ့်မှာ ပရိသတ်ရှိဖို့လုပ်တာ။ ကိုယ်ပိုက်ဆံရဖို့လုပ်တာပဲ။ အဲဒီ ဟာတွေ နဲ့ မလွတ်ကင်းဘူး။ ဒါတွေ က အတ္တ။ အဲလိုမျိုးတွေ ကျွန်တော် တစ်ချိန်ကလုပ်ခဲ့တယ်။ လုပ်ခဲ့ပေမယ့် အများ ကို ဘာမှ ပေးဆပ်ခွင့်မရှိခဲ့ဘူး။ ဥပမာ ဇာတ်လမ်းအားဖြင့် သော်လည်းကောင်း၊ ဇာတ်လမ်းကလည်း အရင်တုန်းက ဇာတ်လမ်းစိစစ်ရေး ပိတ်ဆို့တားဆီးမှု ကြောင့် ပြည်သူလူထုကို အကျိုးပြုတဲ့ ကားတွေ ရိုက်ရတာ အင်မတန်ကို ရှားပါးတယ်။ နည်းခဲ့တယ်။ မိဘမေတ္တာလောက်ပဲ ကျွန်တော် တို့က ဖော်ကျူးခဲ့ရတယ်။ အဲဒီ အချိန်တုန်းက ကျွန်တော် ရခဲ့တဲ့ ငွေကြေးနဲ့ ကျွန်တော့် သားသမီးတွေ ပညာတတ် ဖြစ်အောင် နိုင်ငံခြားပို့ပေးတယ်။ ပို့ခဲ့နိုင်တဲ့အတွက် သူတို့ကို ဘယ်လိုပြန်ပြီး ကျေးဇူးဆပ်မယ်ဆိုတာ ဆရာတော် အရှင်ဇနကာဘိဝံသ စာအုပ်တွေ ဘာတွေ ဖတ်ပြီးမှ ကျွန်တော် ဒီအတွေးရောက်တယ်။ ဘယ်လို ပြန်ကျေးဇူးဆပ်မလဲဆိုတော့ ဒီ နာရေး ကူညီမှု အသင်း ဘဘဦးသုခကနေပြီးတော့ စပြီး လူတွေ ရဲ့ ဘဝ နောက်ဆုံးခရီးကို လိုက်ပြီးတော့ အဆင်ပြေအောင်လုပ်ပေးတာ အကောင်းဆုံးပဲဆိုပြီးတော့ ဒီလမ်းကို ရွေးလိုက်တာ။
ကျွန်တော် တို့ မြန်မာပြည်မှာ တော့ ကိုမောင် ပထမဦးဆုံး ဖြစ်မယ်နော်။
အနုပညာသမားထဲ ကတော့ မပြောတတ်ဘူး။ ကျွန်တော့် ထက် ရှေ့ရှိရင်လည်း ရှိမှာ ပဲ။ တစ်နိုင်တစ်ပိုင်လုပ်နေတဲ့ လူတွေ လည်း အများ ကြီးပါ။ ကိုယ့်ရပ်ကွက်ထဲမှာ ၊ ကိုယ့်မြို့နယ်ထဲမှာ တစ်ဦးချင်း လုပ်ပေးနေတဲ့ လူတွေ လည်း ရှိမှာ ပါ။
ကျွန်တော် တို့ကမ္ဘာမှာ တော့ အန်ဂျလီနာဂျိုလီတို့၊ နောက်ဆုံးသွားတဲ့ ဒိုင်ယာနာတို့၊ ဒီ Celebrity ဖြစ်တဲ့လူတွေ လို မြန်မာပြည်က ပရဟိတလုပ်တဲ့သူတွေ အဲလို ထွက်မလာသေးဘူးလေ။ အခုဆို မိန်းကလေးပေါ့။
အဲလို က္ဘာနဲ့ယှဉ်ပြောရင်တော့ သူတို့လုပ်တဲ့ လုပ်ဆောင်ချက်နဲ့ ကျွန်တော် တို့ မြန်မာ ပြည်မှာ လုပ်ရတဲ့ လူမှု ရေး သမားတွေ က အများ ကြီးပေးဆပ်ရတယ်။ အနစ်နာခံရတယ်။ တချို့ ဆို ဘဝတောင် အပျက်ခံရတယ်။ ကျွန်တော် တို့ဆို ရိုက်ကွင်းတောင် အပိတ်ခံရတယ်။ မိသားစုနဲ့ တကွဲတပြား၊ ကိုယ့်မိသားစု၊ ကိုယ့်သားသမီးဆီကို သွားခွင့်မရခဲ့ဘူး။ ဒါမျိုးတွေ ကိုယ့်ဘက်က စွန့်လွှတ်ခဲ့ရတာ တွေ အများ ကြီး၊ ဥပမာ ဂျက်ကီချန်းတို့ဆို သူတို့မှာ အနုပညာကြေးငွေတွေ အများ ကြီးရှိတယ်။ အများ ကြီးရလာတဲ့အတွက် ဒီငွေကို ဘာလုပ် မလဲဆိုပြီးတော့ အများ အတွက် သူတို့လုပ်ကြတာ။ လုပ်ကြတဲ့ နေရာကလည်း သူတို့ဖွဲ့စည်းထားတဲ့ ဖောင်ဒေးရှင်းတွေ ၊ အဖွဲ့ အစည်းတွေ က ဘာတွေ ရှိလဲဆိုရင် UN အဖွဲ့အစည်းလိုပဲပေါ့။
တစ်ခါ ကျွန်တော် ဖတ်လိုက်ရတယ်။ ကိုမောင် ဒီလို နာရေး ကူညီမှု အသင်း လုပ်ခါစက ရုပ်ရှင်အသိုင်းအဝိုင်းကတောင် ကိုမောင်ကို ကြဉ်တယ်လို့။ အဲလိုဖတ်လိုက်ရတော့ စိတ်မကောင်း ဖြစ်သွားတယ်။ သူလာရင် လာဘ်တိတ်မယ်တို့၊ အဲဒီ သဘောမျိုးပေါ့။ ကိုမောင်ကို ကားခေါ်မရိုက်ချင်ဘူးတို့၊ ကိုမောင်ရိုက်ပြီးသားကို မထုတ်ချင်ဘူးတို့ ဖြစ်သွားတယ်ဆိုတော့ တော် တော် စိတ်မကောင်း ဘူး။ အမြင်တိမ်တယ်လို့ ကျွန်တော် မြင်တာပေါ့နော်။ သူ ပရဟိတလုပ်တာက သူ့အပိုင်း၊ ဒီဘက် အနုပညာလုပ်တာက သူ့အပိုင်း၊ နှစ် ပိုင်းရှိတယ်လို့ ကျွန်တော် မြင်တယ်။ ကိုမောင် အဲဒီ တုန်းက တော် တော် များများ နစ်နာခဲ့ဖူးတာလား။
နစ်နာတာပေါ့။ နစ်နာတာက ကိုယ့်ကို လာကမ်းလှမ်းတဲ့ကားတွေ တောင် ကိုယ့်ဆီ မရောက်တော့ဘူး။ ဥပမာ အခမ်းအနားပွဲတစ်ပွဲ သွားတယ်ပဲထား။ ဒီရုပ်ရှင်နဲ့ ပတ်သက်တဲ့ အခမ်းအနားပွဲ။ ကျွန်တော် လာတော့ ကျွန်တော့် ကို နှာခေါင်းရှုံ့ ပြီး ကြည့်တဲ့အကြည့်တွေ ။ နိဗ္ဗာန် ယာဉ် ကားမောင်းသွားတယ်။ မောင်းသွားရင် ရှူတင်အဖွဲ့နဲ့ တွေ့ တဲ့အချိန် တချို့ စက်မှု အခြေခံ အလွှာတွေ က ကျွန်တော့် ကို ဝမ်းသာအားရနဲ့ နှုတ်ဆက်တယ်။ တချို့ မင်းသားမင်းသမီးတွေ က မသိချင်ယောင်ဆောင်ပြီး မျက်နှာလွှဲပစ်လိုက်တယ်။ အရင်တုန်းက သင်္ဃန်းကျွန်းမှာ ရုံးရှိတာ ကိုး။ သင်္ဃန်းကျွန်းမှာ ရုပ်ရှင်အိမ်တွေ အများ ကြီးရှိတယ်။ အဲဒီ အိမ်တွေ ရှေ့ကနေ အမြဲလိုလို ဖြတ်နေရတယ်။ ဒါမျိုးတွေ ရှိတာပေါ့။ ရှိပေမယ့်လည်း ဒါတွေ က ဆယ်နှစ် ကျော်လာပါပြီ။ ဆယ်နှစ် အတွင်းမှာ ကျွန်တော် ဒါတွေ ကို တိုက်ဖျက်ခဲ့ပြီးပြီ။ တိုက်ဖျက်နိုင်ခဲ့တဲ့အတွက် အခုဆို အနုပညာသမားမှန်ရင် လူမှု ရေး မလုပ်ရဘူးဆိုရင် ဒါ အနုပညာသမား မပီသဘူးဆိုတဲ့ အနေ အထားမျိုး ဖြစ်လာလို့ အခု အနုပညာသမားတိုင်း လူမှု ရေး လုပ်ကြတဲ့အပိုင်း ဖြစ်လာတယ်။
ကျွန်တော့် အမြင် ကတော့ ကျဉ်းထဲကျပ်ထဲမှာ တောင်မှ ကိုမောင်က လုပ်ခဲ့ပြီးပြီ။ ဒီဘက် ပွင့်လင်းလာတဲ့အချိန် ဝေါခနဲ တံခါးဖွင့်ချလိုက်သလို Celebrity တွေ အကုန်လုံး ဟိုမှာ လည်း ပရိဟတ၊ ဒီမှာ လည်း ပရဟိတနဲ့ ကျွန်တော့် အမြင်ပြောရရင် ယိမ်းကနေသလိုပဲ။ ပေါ်ပြူလာ ယိမ်းကနေသလိုပဲ။ ဒါနဲ့ပတ်သက်ပြီး ကိုမောင် ဆွေးနွေးပေးပါဦး။
အဲဒါတွေ လည်း ပါလာတာပေါ့ဗျာ။ အမှန် ကတော့ ဒါတွေ ကို ပြည်သူလူထုကနေပြီးတော့ အဆုံးအဖြတ်ပေးမှာ ပဲ။ သူ့သမိုင်း သူရေး ကြတဲ့ကိစ္စ။ အနုပညာသမား တစ်ယောက် က နာမည် ကြီးချင်လို့ အနုပညာနဲ့တင် မက တော့ဘူး။ အများ ရဲ့ မေတ္တာကို ခံယူချင်တဲ့အတွက် လုပ်တာတွေ ရှိတယ်။ တချို့အဖွဲ့အစည်း တွေ ဆိုရင် ငွေကြေးကို အလွဲသုံးစားလုပ်ချင်လို့ ဒီ လူမှု ရေး အဖွဲ့ကို ဗန်းပြပြီးတော့ လုပ်တာတွေ ရှိတယ်။ တချို့ကျတော့ ကျော်သူတို့ကို တိုက်မယ်၊ ဖိုက်မယ်၊ ကျော်အောင် လုပ်မယ်ဆိုတဲ့ အကွက်မျိုးတွေ အများ ကြီးရှိတယ်။ အဲဒီ တော့ ကိုယ့်ကိုကိုယ် ကြည်ညိုနိုင်အောင် ကိုယ်လုပ်ရ မယ်။ ကိုယ့်သီလကိုယ်လုံပြီး ကိုယ့်ကိုကိုယ် ကြည်ညိုနိုင်အောင်၊ ကိုယ့်လိပ်ပြာ ကိုယ်သန့် အောင်လုပ်မှ ရေရှည်ခံမယ်။ တစ်ပွဲတိုးလုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူး။ ကိုယ်က ဘယ်လောက် အထိ အနစ်နာခံပြီးတော့ ဘယ်လောက်အထိ ပေးဆပ်နိုင်တယ်ဆိုတာကို အချိန်က အဆုံး အဖြတ်ပေးမှာ ပဲ။ လူမှု ရေး ဆိုတာကြီးက အခု အရမ်းကို ပေါ်ပြူလာ ဖြစ်နေတဲ့ အနေအထား မျိုး ဖြစ်နေတယ်။ လူတကာ လူမှု ရေး လုပ်ချင်တဲ့စိတ်တွေ ဖြစ်လာတယ်။ ဒါဟာ ကောင်းတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ကြည်ညိုနိုင်လား။ ကိုယ့်ကိုကိုယ် သစ္စာဆိုရဲလား။ အဲဒါ အရေး ကြီးတယ်။ သစ္စာဆိုရဲတယ်ဆိုရင် လုပ်ကြ။ အခုက နိုင်ငံရေး သမားတွေ ကလည်း လူမှု ရေး လောကထဲ ဝင်တယ်။ ခရိုနီတွေ ကလည်း လူမှု ရေး လောကထဲဝင်တယ်။ လူမှု ရေး အဖွဲ့အစည်းတွေ လုပ်ကြ တယ်။ ဒါတွေ က အလားအလာမကောင်းဘူး။ လူမှု ရေး ကို အသုံးချပြီးတော့ လှုပ်ရှားချင်တဲ့ အပိုင်းတွေ ဖြစ်လာတယ်။
ဟိုတစ်ခါ ဂျာနယ်ထဲမှာ ကိုမောင် ကျောင်းပြန်တက်မှာ ပါတယ်။ လောကီကို စိတ်ကုန်ပြီးတော့ ဘုန်းကြီးဝတ်တော့မယ် လို့လည်း ပါတယ်။
သင်္ကန်းဝတ်မယ်လို့တော့ မပြောပါဘူး။ မပါ,ပါဘူး။ စိတ်ကုန်တယ်။ ဒီလူမှု ရေး အလုပ် လုပ်ရင်းနဲ့ လူတွေ ရဲ့ ခံစားနေရတဲ့ ဒုက္ခသုက္ခတွေ ၊ ပြီးတော့ မမှန်မကန်လုပ်တဲ့ လူတန်းစားမျိုး တွေ ၊ ဒါတွေ ကို တွေ့ လာတော့ တော် တော် လေး စိတ်ညစ်လာတယ်။ စိတ်ညစ်လာပြီးတော့ နေ့စဉ် နဲ့အမျှ ဒီအပူတွေ ပဲ တွေ့ နေရတော့ ကိုယ့်မှာ လည်း ကိုယ့်ထွက်ပေါက်က တရားဘက်ပဲရှိတော့ ကိုယ့်ဘာသာကိုယ် တစ်နေရာသွားပြီးတော့ တရားအားထုတ်မယ်လို့ စဉ်းစားတယ်။ ဒါပေမယ့် သင်္ကန်းဝတ်မယ်လို့ စဉ်းစားတယ်။ ဒါပေမယ့် သင်္ကန်းဝတ်မယ်ဆိုတာတော့ ကျွန်တော် မပြော ဘူး။ ကိုယ်က အခု မလေးရှားကပြန်လာတော့ မလေးရှားမှာ လည်း လူမှု ရေး အဖွဲ့အစည်းတွေ အများ ကြီးပဲ။ မလေးရှားက လူမှု ရေး အသင်းအဖွဲ့တွေ ဆို ပိုဆိုးတယ်။ ကျွန်တော် တို့ ပြည်တွင်း မှာ လုပ်ရတဲ့ အဖွဲ့အစည်းတွေ ထက် ပိုပြီးဒုက္ခရောက်တယ်။ အခက်အခဲတွေ အများ ကြီးရှိတယ်။ သူတို့ဆီမှာ ဆုံးတယ်ဆိုရင်လည်း ငယ်ငယ်ရွယ်ရွယ်တွေ ပဲ။ အသက်နှစ် ဆယ်ကျော်တွေ ပဲ ဆုံးတာများ တယ်။ ဘာကြောင့် ဆုံးလဲ ဆိုတော့ အလုပ်ကြမ်းလုပ်ရတယ်။ မူးယစ်နဲ့ ဆုံးတယ်။ အရက် သေစာနဲ့ ဆုံးတယ်။ ဆိုင်ကယ်အက်ဆီးဒင့်နဲ့ ဆုံးတယ်။ ရန် ဖြစ်လို့ ဆုံးတယ်။ အသတ်ခံရလို့ ဆုံးတယ်။ ဆုံးပုံဆုံးနည်းတွေ က မကောင်းဘူး။ သက်တမ်းစေ့ပြီး ဆုံးတာမဟုတ်ဘူး။
ဆရာမ သန်းမြင့်အောင်ဆိုရင် စာအုပ်ထွက်တယ်။ ကိုမောင်က ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ စာအုပ်မထုတ်ရင်တောင် Document သို့ မဟုတ် Short Film တစ်ခုခုလောက် မလုပ်ဘူးလား။
ကျွန်တော် တို့အသင်းမှာ တော့ ပေးဆပ်သူများ စာအုပ်ဆိုပြီး စာရေး ဆရာတွေ အားလုံး ကျွန်တော် တို့ အတွေ့ အကြုံလေးတွေ အတိုလေးတွေ ပေါ့၊ အဲ့ဒါလေးတွေ ရေး တာတော့ ရှိတာ ပေါ့။
အစ်မသန်းမြင့်အောင်ရဲ့ ရေဝေး၊ ထိန်ပင်၊ ထားဝယ်ချောင် အရမ်းဖတ်လို့ကောင်းတယ်။ သူကပြောတယ် မောင်လေး အဲဒါ အစစ်တွေ နော်တဲ့။ အစ်မ ညာတာ ဘာမှမပါဘူးတဲ့။ ဝတ္ထုရေး တဲ့ အတတ်ပညာ ဘာမှမပါဘူးတဲ့။ အစစ်အတိုင်းပဲတဲ့။ ဒီ့ထက် ကောင်းတာတွေ ရှိသေးတယ်တဲ့။ အစ်မက ရေး လို့မရလို့တဲ့။ ကိုမောင်ကလည်း ဒါရိုက်တာလုပ်ဖူးတော့ ကျွန်တော် က လုပ်စေချင် တယ်။ ကျွန်တော် တို့ မျှော်လင့်တာပေါ့။ နှိပ်စက်တာ မဟုတ်ပါဘူးနော်။ ကိုမောင်က အနုပညာတီထွင်မှု အားကောင်းတဲ့သူဆိုတော့ ဒီဟာလေးတွေ ကို ရသမြောက်အောင် Short Film ဖြစ်စေ Document ဖြစ်စေ ရိုက်ရိုက်ထားပြီး နောက်ဆုံး စီးပွား ဖြစ်မဟုတ်တောင် ရိုးရိုး အခမဲ့သဘောမျိုးပေါ့။ လှူစေချင်ပါတယ်။
အဲဒါက ဇာတ်ကားအနေနဲ့ ကြည့်တယ်ဆိုရင် ကြည့်တဲ့လူတွေ က ဒါက ဖန်တီးပြီး ရိုက် တယ်ဆိုပြီး ပြောကြမှာ ပဲ။ ကျွန်တော် ကတော့ တကယ့်အ ဖြစ်အပျက်ကိုပဲ ဥပမာ ကလေးအသုဘ တစ်ခု လိုက်ပို့တယ်။ ကလေးအမေက အရမ်းကြေကွဲပြီးတော့ အားကိုးတကြီးနဲ့ ဖြစ်တယ်။ ဒါမျိုး တကယ့်အမှန်ဇာတ်လမ်းတွေ ပဲ ကျွန်တော် တို့က အခွေတွေ ထဲမှာ ထည့်ထားတယ်။ ဒါပေမယ့် အခုတော့ ရွှေစင်စင်္ကြာ မော်တော် ယာဉ်အဖွဲ့ကနေပြီးတော့ ကျွန်တော် တို့အသင်းမှာ ငွေသိန်း တစ်ရာ့ငါးဆယ် လာလှူတယ်။ လှူပြီးတော့ ဒီဟာနဲ့ ဗီဒီယိုရိုက်ပါဆိုပြီး ကျွန်တော့် ကိုပြော တယ်။ အဲဒါကို ကျွန်တော် စဉ်းစားနေတာ။ ကျွန်တော် တို့ နာရေး ကူညီမှု ကိုယ်စား ရိုက်တာထက် မြန်မာတစ်ပြည်လုံးမှာ အခုဆို တော် တော် နှံ့နှံ့ သွားနေရတာ ကိုး။ အခု ချင်းတောင်လည်း သွား ရမယ်။ ဒီပြည်နယ်အလိုက် လူမျိုးတွေ ရဲ့ အယူသီးမှု တွေ ၊ သူတို့ အခက်အခဲတွေ ဒါတွေ ကို သူတို့နယ်တွေ မှာ ရှိတဲ့ လူမှု ရေး အသင်း အဖွဲ့တွေ ရဲ့ ပေးဆပ်မှု ဘယ်လိုလုပ်ရတယ်။ ကူညီမှု တွေ ၊ ဒါတွေ ကို မြန်မာတစ်ပြည်လုံး ကိုယ်စား၊မြန်မာပြည်သူပြည်သားအားလုံးကိုယ်စား၊ မြန်မာပြည်ရဲ့ လူမှု ရေး အသင်းဖွဲ့တွေ ကိုယ်စား ကားကြီးတစ်ကားရိုက်ဖို့ကို စဉ်းစားနေတယ်။ ဒါဆိုရင် ဘာပဲ ဖြစ် ဖြစ် ပြည်ပအနေနဲ့လည်း စိတ်ဝင်စားမယ်။ မြန်မာ့ယဉ်ကျေးမှု တွေ ပါမယ်။ အဲဒီ ဟာ ကိုတော့ ကျွန်တော် အခု စဉ်းစားနေတယ်။ ဖြစ် မ ဖြစ်တော့ မသိသေးဘူး။ ဒါကလည်း ကိုယ် ကိုယ်တိုင်ရိုက်မှပဲ ပိုပြီးပီပြင်မယ်။ ဒါရိုက်တာ တစ်ယောက် ကို ရိုက်ခိုင်းလို့တော့ မ ဖြစ်ဘူး။ ကိုယ်ကိုယ်တိုင် လုပ်ဖူးတဲ့လူမှ သိမှာ လေ။ ဒီအကြောင်းတွေ ကို ကျွန်တော် တို့ Ture Story တွေ စုပြီး Short Story တွေ ပေါင်းပြီးတော့မှ ကားကြီးတစ်ကား ပြန်စည်းမှာ ။ အမေ့နို့ဖိုးဆိုရင် ကျွန်တော် Short Story နှစ် ခု ပေါင်းလိုက်တာ။ ပေါင်းပြီးတော့ ကားကြီးတစ်ကား ပြန်လုပ် ထားတာ။ လူမျိုးအားလုံးရဲ့ အကြောင်းတွေ ပေါ့။ အဲဒါတွေ ကျွန်တော် စဉ်းစားတယ်။
လူမျိုးတစ်မျိုးစီရဲ့ သေဆုံးမှု Culture လေးတွေ ပေါ့။
အရင်တုန်းကဆို အင်းလေးမှာ သင်္ဂြိုဟ်ရင် ကျွန်တော် တို့ ရန်ကုန်မြို့တွေ မှာ သာ နိဗ္ဗာန် ယာဉ်က အရှေ့၊ ပို့တဲ့သူတွေ က အနောက်က၊ ဟိုမှာ က ပို့တဲ့လှေတွေ က အရှေ့က နောက်ဆုံးကျမှ အလောင်းသယ်တဲ့လှေကို ဆွဲလာတယ်။ ဆွဲပြီးတော့ ရေထဲက ကျွန်းမျှောထဲမှာ မြှုပ်တာ။ အဲဒီ က နေပြီးတော့ အခုခေတ်ကျတော့ ကုန်းပေါ်ရောက်လာပြီ။ တိုးတက်မှု လေးတွေ ဒီအယူသီးတာ တွေ မလိုဘူး။ ညောင်ရွှေမှာ ဆိုရင် ညောင်ရွှေအသင်းကဆိုရင် သုဿန်ကိုရှင်းဖို့ ချုံတွေ ချည်းပဲ ပစ်ထားတာ တော် အုပ်ကြီးအတိုင်းပဲ။ အဲဒါကိုရှင်းဖို့လုပ်တာ ဒေသခံက လက်မခံဘူး။ သုဿန် ကိုရှင်းတယ်ဆိုရင် ထပ်ပြီးတော့ သေမယ်ဆိုပြီးတော့။ ဆရာတော် ကြီးတွေ ဆီ ချည်းကပ်တော့ ဆရာတော် ကြီးတွေ က တရားဟော၊ တရားဟောတော့မှ ဒေသခံက ဟုတ်ပြီ၊ ဒါဆိုရင်လည်း ရှင်းပါဆိုပြီးတော့ သုဿန်ကြီးကို ရှင်းလိုက်တယ်။ ရှင်းပြီးတော့ ဂူတွေ ကျတော့ ခြောက်ပေ၊ ခုနှစ် ပေ ဂူကြီးတွေ ဖြစ်နေတယ်။ ဂူကြီးတွေ ဆိုတော့ အရိုးပြာလေးတွေ ပဲထည့်ဖို့ နှစ် ပေပတ်လည် ဂူသေးသေးလေးတွေ လုပ်မယ်ဆိုပြီး လုပ်တော့ ဘယ်သူမှ လက်မခြံ ကတော့ဘူး။ လက်မခံတော့ အဲဒီ အသင်းကို ဦးစီးပြီးလုပ်တဲ့ လူကြီးတွေ က ကောင်းပြီ အဲဒါဆို ဂူတစ်လုံးစလုပ်။ ငါ့နာမည် ရေး လိုက်။ အသက်က ကွင်းစ ကွင်းပိတ်နဲ့ ရေး လိုက်။ သူကိုယ်တိုင် သူ့ကိုယ်သူ လုပ်ပြမှ အနောက်က သုံးလေးဆယ်လောက် ပိုလာတယ်။ အဲလိုလုပ်ရတာ ။ ဒီလို အခက်အခဲလေးတွေ ကို ကျွန်တော် က လုပ်ပြချင်တာ။ မလေးရှားသုဿန်တွေ ဆို ဧကရှစ်ရာ ကိုးရာလောက်ရှိမယ်။ အကျယ်ကြီး တောင်ကုန်းကြီးပေါ်မှာ ။ သန့်ရှင်းပြီးတော့ ကျောက်ဆောင်ကြီးနဲ့ ရေတံခွန်ကြီး လို လုပ်ထားတာ။ အဲဒါ သုဿန်ထဲမှာ ပြခန်းထည့်ထားတာ။ ပြခန်း က ကောင်းတာလုပ်ရင် ကောင်းတဲ့ဘုံရောက်မယ်။ မကောင်းတာ လုပ်ရင် မကောင်းတဲ့ဘုံ၊ အရုပ်ကြီးတွေ နဲ့၊ ဂူကြီးထဲမှာ ။ ဒါမျိုးတွေ ကျွန်တော် က လုပ်ချင်တာ၊ သံဝေဂလည်းရမယ်။ သင်ခန်းစာလည်း ရမယ်။ သုဿန်မှာ ဆို တကယ့်ကို တရားဘာဝနာ ပွားများ လို့ရ မယ်။ တချို့ကလေးတွေ ၊ အဖိုးကြီးအဖွားကြီးတွေ အပန်းဖြေ လမ်းလျှောက်တဲ့နေရာ၊ ဒါမျိုးလေးတွေ ဖြစ်ရမယ်။ အခုတော့ ဒီမှာ လည်း နည်းနည်း တော့ သန့်သန့်ရှင်းရှင်း ရှိလာပါပြီ။
ကိုမောင် ပရဟိတလုပ်တဲ့ လုပ်ငန်းစုလေးတွေ ပြောပြပေးပါဦး။
နာရေး ၊ ကျန်းမာရေး ကျတော့ မျက်စိခွဲခန်း၊ မျက်စိခွဲခန်းကလည်း နှစ် နှစ် လောက် ကျွန်တော် တို့ စောင့်လိုက်ရတယ်။ ခွဲခွင့်ပြုဖို့၊ ပစ္စည်းတွေ က ရောက်နေပြီ။ အခုတော့ စခွဲနေပြီ။ မျက်စိခွဲခန်း၊ အရိုးအဆစ်၊ ကလေးအထူးကု၊ ကိုယ်ဝန်ဆောင်၊ အရေပြား၊ အရိုးအကြော၊ ကင်ဆာ ပြီးတော့ ဆေးသွင်းတာ သွင်းပေးတယ်။ တော် တော် စုံတယ်။ ပညာရေး ကျတော့ ဆယ်တန်းကျောင်းသားတွေ ဘာသာစုံ ညနေပိုင်းမှာ သင်တန်းရှိတယ်။ ဆယ်တန်းပြီးတော့ အ.ထ.က ကျောင်းဆရာ၊ ဆရာမ တွေ ကို ကျွန်တော် လစာပေးတယ်။ ပြီးတော့ TOT သင်တန်းရှိတယ်။ ဆရာစွမ်းရည်မြှင့် သင်တန်း ၊ LCC ကွန်ပျူတာ၊ Basic ကွန်ပျူတာ၊ Graphic Editing၊ Jouralism၊ နွေရာသီ အင်္ဂလိပ်စာ သင်တန်း ၊ ပန်းချီသင်တန်း၊ တော် တော် များများ ပဲ၊ အဲဒါ တွေ ကလည်း ပညာရှင်တွေ ရဲ့ အကူအညီနဲ့ စေတနာ့ ၀န်ထမ်း ဘာသင်ပေးတဲ့ ဆရာ၊ဆရာမ တွေ ရဲ့ ကျေးဇူးကြောင့် ကျွန်တော် လုပ်ပေးနိုင်တာ။
မရွှေဇီးကွက်ရဲ့ ကိုယ်ရေး အကျဉ်းလေးအကြောင်း စပြောပေးပါ။
ကျွန်မမိဘက ဦးဌေးအောင်ဖေနဲ့ ဒေါ်တင်တင်လတ်၊ ညီမ တစ်ယောက် ရှိပါတယ်။ ရွှေပြည်စိုးလို့ ခေါ်ပါတယ်။ ကျွန်မနာမည် က ရွှေဇီးကွက်။ ၁၉၅၉ ဇန်နဝါရီလ ၁ ရက်နေ့မှာ မွေးပါတယ်။ အမေပေးထားတဲ့ နာမည် ပါ။ မြင့်မြင့်ခင်ဖေလို့လဲ ခေါ်ပါတယ်။ သား ပြည်သိမ်းကျော် က ဆီဗ်ယတယ်လ်မြို့ ဘိုးရင်းကုမ္ပဏီမှာ အင်ဂျင်နီယာအလုပ် လုပ်နေပါတယ်။ သမီး မြင့်မိုရ်ဦး က သြစတြေးလျနိုင်ငံ University of New South Wales ဆေးတက္ကသိုလ်မှာ နောက်ဆုံး နှစ် တက်နေပါတယ်။ သမီးမှာ ကလေး ၂ ယောက် ရှိပါတယ်။ ကျွန်မဇာတိက ရန်ကုန်ပါ။ အဖေ က နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ အလုပ်လုပ်တော့ ကျွန်မရဲ့ ကလေးဘဝ (အသက် ၃ နှစ် မှ ၉ နှစ် အထိ)က အနောက်ဂျာမနီနဲ့ ချက်ကိုစလိုဗက်ကီးယားနိုင်ငံမှာ ကြီးခဲ့ပါတယ်။ အသက် ၉ နှစ် မှာ မြန်မာနိုင်ငံကို ပြန်ရောက်ပြီး အ.ထ.က(၂)စမ်းချောင်းကနေ ၁ဝ တန်းအောင်ပါတယ်။ စီးပွားရေး တက္ကသိုလ် တတိယနှစ် အထိ တက်ခဲ့ပါတယ်။ ၁၉၈၁ သြဂုတ်လ ၃၁ ရက်နေ့မှာ ကိုကျော်သူနဲ့ အိမ်ထောင်ကျပါတယ်။ စာပေးစာယူပြောင်းတက်ပြီး ရူပဗေဒ အဓိကနဲ့ ဘွဲ့ရခဲ့ပါ တယ်။
၁၉၈၄ မှာ ကိုကျော်သူ ရုပ်ရှင်စရိုက်ပါတယ်။ ကျွန်မက သားနဲ့ သမီးကို ထိန်းရင်း အိမ်ရှင်မတာဝန်ကို ယူပါတယ်။ ကိုကျော်သူကို ဇာတ်လမ်းတွေ ဖတ်ပေးပါတယ်။ အဝတ်အစားတွေ ရွေးပေးပါတယ်။ ၂ဝဝ၁ မှာ ဘဘဦးသုခ ချမှတ်တဲ့ လမ်းစဉ်အတိုင်း ကိုကျော်သူနဲ့ အတူ နာရေး ကူညီမှု အသင်း (ရန်ကုန်)ကို တည်ထောင်ခဲ့ပါတယ်။ ၂ဝဝ၁ ဇန်နဝါရီလ ၇ ရက်နေ့မှာ မြန်မာပြည်ရဲ့ ပထမဦးဆုံး အမျိုးသမီး နိဗ္ဗာန်ယာဉ်မောင်းအနေနဲ့ နာရေး ယာဉ်ကို မောင်းခဲ့ပါတယ်။ ၂ဝဝ၂ မှာ စာစရေး ပါ တယ်။ နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ ၂ဝဝ၁ မှ ၂ဝဝ၃ အထိ အမှု ဆောင်၊ ၂ဝဝ၃ မှ ၂ဝဝ၆ အထိ တွဲဖက်အတွင်းရေး မှူး၊ ၂ဝဝ၆ မှ ၂ဝ၁၁ အထိ ဘဏ္ဍာရေး မှူး၊ ၂ဝဝ၁ မှ ဒီနေ့ အထိ အတွင်းရေး မှူးတာဝန် ယူခဲ့ပါတယ်။ သားနဲ့သမီးက နိုင်ငံခြားမှာ တက္ကသိုလ်သွားတက် ကြပါတယ်။ ၂ဝဝ၇ ရွှေဝါရောင် တော် လှန်ရေး မှာ အဖမ်းခံရပါတယ်။ ရန်ကုန်မြို့ ဧမာနွေလ နှစ် ခြင်းခရစ်ယာန် ဘုရားရှိခိုးကျောင်းက ၂ဝ၁၁ နိုဝင်ဘာလ ၁၃ ရက်နေ့မှာ ကျွန်မကို Master of Human Social Services (M.H.H.S) ဘွဲ့တံဆိပ် ပေးပါတယ်။
၂ဝဝ၇ စက်တင်ဘာ ရွှေဝါရောင် တော် လှန်ရေး မှာ အဖမ်းခံရတဲ့အကြောင်း ...
၂ဝဝ၇ စက်တင်ဘာလ ရွှေဝါရောင် တော် လှန်ရေး မှာ ကိုဇာဂနာနဲ့အတူ သံဃာတွေ ကို ဆွမ်းကပ်လှူခဲ့တာကြောင့် နဲ့ ကျွန်မတို့ လင်မယားနှစ် ယောက် ကို ဖမ်းမယ်ဆီးမယ်လို့ သတင်း တွေ ဖြစ်ခဲ့ပြီးတဲ့နောက် အောက်တိုဘာလ ၁ဝ ရက်နေ့မှာ ကျွန်မတို့လင်မယားက သွားတွေ့  လိုက်ပါတယ်။ သူတို့ကပြောပါတယ် ဖမ်းတာမဟုတ်ပါဘူး ... မေးရုံပဲမေးတာပါတဲ့။ ကျွန်မတို့ လင်မယားကို တစ်ယောက် ချင်းခွဲပြီး စစ်ချက်ယူသလို ကိုဇာဂနာကိုလည်း စစ်ချက်ယူပါတယ်။ မေးခွန်းတွေ က အားလုံးတူနေပြီး ထွက်ဆိုချက်တွေ အားလုံးတူနေတဲ့အတွက် ကျွန်မတို့ သုံးဦး စလုံးကို တစ်ချိန်တည်းမှာ ပြန်လွှတ်ပေးပါတယ်။ ၇ ရက်ကြာ နေခဲ့ရပါတယ်။
ကိုကျော်သူ ဘယ်အချိန်မှာ ရုပ်ရှင်ရိုက်ခွင့် ပိတ်ခံရခဲ့တာလဲ့ ...
၂ဝဝ၇ အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကျွန်မတို့နှစ် ယောက် ကိုဇာဂနာနှင့် အတူ ပြန်လွတ်လာပြီးကတည်းက ကိုကျော်သူရော ကိုဇာဂနာပါ နှစ် ယောက် စလုံး ရုပ်ရှင်ရိုက်ခွင့် ပိတ်ခံခဲ့ရပါတယ်။
မရွှေဇီးကွက်နဲ့ အိမ်ထောင်ကျပြီးမှ ကိုကျော်သူ ရုပ်ရှင်စရိုက် ဖြစ်တဲ့အကြောင်း ...
ကျွန်မနဲ့ အိမ်ထောင်ကျပြီးမှ ကိုကျော်သူ ရုပ်ရှင်လောက ရောက်လာတာ မှန်ပါတယ်။ ကျွန်မကိုယ်တိုင်ပါ။ ကိုကျော်သူရဲ့ မိဘက ရုပ်ရှင်ကုမ္ပဏီပိုင်ရှင် ဖြစ်ပေမယ့် သားကို ရုပ်ရှင် မင်းသား မ ဖြစ်စေချင်ပါဘူး။ သူတို့ရဲ့ သားသမီးကို နိုင်ငံခြားသွားပြီး ပညာသင်စေချင်ကြ တယ်။ ကိုကျော်သူရဲ့ အမ အင်္ဂလန်မှာ ၊ ညီငယ်က ၁၉၈၂ ကတည်းက အမေရိကန်ကို ရောက်နေ ကြပြီ။ ကိုကျော်သူနဲ့ အိမ်ထောင်ကျပြီး နိုင်ငံခြားမထွက်ချင်တာနဲ့ ကိုကျော်သူ ရုပ်ရှင်မင်းသား လုပ်နေရင် ရုပ်ရှင်ရိုက်နေရင် နိုင်ငံခြားသွားဖို့ မလိုတော့လို့ ရုပ်ရှင် မင်းသားလုပ်ဖို့ တိုက်တွန်း အားပေးခဲ့ပါတယ်။
ကျွန်မဖေဖေဟာ နိုင်ငံခြားမှာ တာဝန်ထမ်းဆောင်နေရတဲ့ အချိန်တွေ မှာ မြန်မာပြည်က စာလာတိုင်း ဖေဖေရော မေမေပါ အမြဲငိုကြပါတယ်။ သူတို့က မြန်မာပြည်ကို အရမ်းချစ်ပြီး အရမ်း လွမ်းကြတဲ့သူတွေ ပါ။ ကျွန်မက ငယ်ငယ်ကတည်းက နိုင်ငံခြားမှာ ကြီးလာခဲ့ရတဲ့သူဆိုတော့ နိုင်ငံခြားမှာ အခြေချရမှာ အင်မတန်မှ ကြောက်ပါတယ်။ ကျွန်မဟာ ကျွန်မရဲ့ မိဘလို မြန်မာပြည်မှာ ပဲ နေချင်ပါတယ်။ ကိုကျော်သူသာ ရုပ်ရှင်မင်းသား မလုပ်ခဲ့ရင် ကျွန်မတို့ နိုင်ငံခြားကို ထွက်ရတော့မယ်။ ဒါကြောင့် ကိုကျော်သူကို မင်းသား ဖြစ်အောင် ကြိုးစား တိုက်တွန်းခဲ့တာပါ။
နိုင်ငံခြားမထွက်ချင်တဲ့ စိတ်တစ်ခုတည်းနဲ့ ကိုကျော်သူ မင်းသားလုပ်ဖို့ အားပေးခဲ့ပေ မယ့် ရုပ်ရှင်မင်းသားဘဝကို လုံးဝမကြိုက်ခဲ့ပါဘူး။ စီးပွားရေး အရ လုပ်ခဲ့တာပါ။ ကိုကျော်သူရဲ့ နာမည် ကျော် ရုပ်ရှင်မင်းသားဘဝအတွက် ဝမ်းသာကြည်နူးတာ၊ ဂုဏ်ယူတာ သိပ်မ ဖြစ်ခဲ့ပေ မယ့် နာရေး ကူညီမှု အသင်း (ရန်ကုန်)ကို စလုပ်တော့မှပဲ ရုပ်ရှင်မင်းသား ဖြစ်ခဲ့တာကို သဘောကျ ကျေနပ်ဂုဏ်ယူနေမိပါတယ်။
ကျွန်မနဲ့ အိမ်ထောင်မကျခင် ကိုကျော်သူသာ မင်းသား ဖြစ်နေခဲ့ရင် ကျွန်မနဲ့ အိမ်ထောင် ကျဖို့ လုံးဝမ ဖြစ်နိုင်ပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်မ ရုပ်ရှင်ကို လုံးဝ ဝါသနာမပါဘူး။
ရုပ်ရှင်မင်းသမီး လုပ်ခဲ့ဖူးသလား ...
ရုပ်ရှင်ကို လုံးဝ စိတ်မဝင်စားဘူး။ ကိုယ်တိုင်လဲ သိပ်မကြည့်သလို သားနဲ့သမီးကိုလဲ အားမပေးဘူး။ ရုပ်ရှင်ကို စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ပဲ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် စီးပွားရေး အရမ်းဆန်တဲ့ ကိစ္စမျိုးကိုလဲ ကျွန်မ မလုပ်ခဲ့ပါဘူး။ နောက်ပိုင်းခေတ်မှာ ရုပ်ရှင်တစ်ကားရိုက်ရင် ရတဲ့ပိုက်ဆံနဲ့ ကြော်ငြာတစ်ခုရိုက်လို့ ရတဲ့ပိုက်ဆံက အတူတူလောက် ဖြစ်နေတော့ ကိုကျော်သူ က ကြော်ငြာတွေ ကိုပဲ ပိုရိုက် ဖြစ်ပါတယ်။ ကြော်ငြာတိုင်းကိုလဲ လက်ခံမရိုက်ခဲ့ပါဘူး။ ဥပမာ အရက်၊ စီးကရက် ကြော်ငြာမျိုးတွေ ဆို ကိုကျော်သူတောင် မသိလိုက်ဘဲ ကျွန်မက ငြင်းလိုက်ပါ တယ်။ ဘာလို့လဲဆိုတော့ အရင်က ကိုကျော်သူက အရက်လဲသောက်တယ်။ ဆေးလိပ်လဲ သောက်တော့ ကျွန်မတို့မိသားစု အရမ်းစိတ်ညစ်ခဲ့ရပါတယ်။ ကိုယ်တိုင်မခံစားနိုင်တဲ့ ဒုက္ခမျိုး ကို သူများ မိသားစုတွေ စိတ်ဒုက္ခရောက် စိတ်ဆင်းရဲပြီးမှရတဲ့ ပိုက်ဆံတော့ ငါမစားဘူးဆိုပြီး ငြင်းခဲ့တယ်။ ဒီလိုစီးပွားရေး မျိုးကို မလုပ်ခဲ့ပါဘူး။ ကျွန်မ အရမ်းချမ်းသာသလားဆိုတော့ မချမ်းသာခဲ့ပါဘူး။ ဒါပေမယ့် ဒီလိုစီးပွားရေး မျိုး မလုပ်ခဲ့တဲ့အတွက် ဒီကနေ့အထိ ကိုယ့်လိပ်ပြာ ကိုယ်လုံပါတယ်။
မရွှေဇီးကွက် သဘောကျတဲ့ အနုပညာရှင် ... ရုပ်ရှင်ဇာတ်ကား ...
မင်းသမီး လှကလေးစိန်ကို ကြိုက်ပါတယ်။ ရုပ်ရှင်မှာ 'အမေ့နို့ဖိုး'၊ 'ကောင်းချစ်တဲ့ မမ' ဇာတ်ကားတွေ ကို ကြိုက်ပါတယ်။ ကိုကျော်သူ ဒါရိုက်တာလုပ်တဲ့ ရုပ်ရှင်ဇာတ်ကားတွေ မှာ (အမေ့နို့ဖိုး၊ပုဏ္ဏားဘကွန်း) အကြံပေးခဲ့ ပါတယ်။
မြန်မာတစ်နိုင်ငံလုံးမှာ ခေတ်စားနေတဲ့ ကိုရီးယားဇာတ်ကားတွေ ကြည့်သလား။ မရွှေဇီးကွက်က လူမှု ရေး အလုပ်ကို ဘယ်လိုစိတ်ဝင်စားခဲ့သလဲ ...
ကျွန်မအဖိုး ဦးဉာဏ်ဖေက နတ်မောက်ဇာတိပါ။ မြစ်သားမှာ အခြေချပြီး မြစ်သားအမတ် ဖြစ်လာပါတယ်။ အဖိုးက ဆေးရုံတစ်ရုံ ဆောက်ပြီးတာနဲ့ အဲဒီ ဆေးရုံမှာ သား ဒါမှမဟုတ် သမီး မင်္ဂလာဆောင်ပွဲ လုပ်လိုက်တယ်။ ပြီးရင် ဆေးရုံကို လှူလိုက်ပါ တယ်။ အဖိုးဟာ တကယ်လိုအပ်တဲ့နေရာကို လှူတတ်တယ်။ စာကြည့်တိုက်ကို လှူလိုက်တယ်။ အဖိုးရဲ့ သွေးက ကျွန်မမှာ ပါတယ်လို့ ဆိုရပါမယ်။ ဒါပေမယ့် ကျွန်မအဖေက ကျွန်မကို နိုင်ငံရေး မလုပ်စေချင်ဘူး။ နိုင်ငံရေး က 'အာဏာ'ပါနေတော့ ရှုပ်ထွေးညစ်ပတ်တာတွေ ပါလို့ လူမှု ရေး သက်သက်ပဲလုပ်ဖို့ အဖေက အားပေးပါတယ်။
မရွှေဇီးကွက် စာပေရေး တာတွေ တွေ့ ရပါတယ်။ အနုပညာမျိုးရိုးရှိသလား ...
ကျွန်မရဲ့ အမေဘက်က ဖွားလေးက ဒဂုန်ခင်ခင်လေး၊ အဒေါ်က ယုဝတီခင်စိန်လှိုင်ပါ။ ကျွန်မ စာတိုပတ်စလေးတွေ ရေး ပါတယ်။ ၂ဝဝ၂ ကစပြီး စာရေး ဖြစ်ပါတယ်။ ဝတ္ထုရေး တာမျိုး မဟုတ်ပါဘူး။ ရွှေဇီးကွက်ကလောင်နာမည် နဲ့ ဘာသာရေး နဲ့ လူမှု ရေး ဆိုင်ရာ ကိုယ့်အတွေ့  အကြုံတွေ ကို ရေး တာပါ။ ၂ဝဝ၅ မှာ ပိုရေး ဖြစ်ပါတယ်။ ဆောင်းပါးပေါင်း ၂ဝ ကျော် ရေး ပြီးပါ ပြီ။ အဖေ့ညီက ဒေါက်တာဦးသိန်းဌေးဖေ (စိတ် ရောဂါ အထူးကု ဆရာဝန်ကြီး)၊ အဖေ့ညီမအဒေါ် ဒေါ်လှမြတ်က မြန်မာစာပါမောက္ခပါ။
မျိုးရိုးဗီဇက အရေး ကြီးသလား ...
ဗီဇက အရေး ကြီးလားဆိုတဲ့နေရာမှာ လူ တစ်ယောက် ရဲ့ ဗီဇက အရေး ကြီးသလို ပတ်ဝန်းကျင်က ပိုပြီးအရေး ကြီးတယ်လို့ ဆိုချင်ပါတယ်။ ကလေး တစ်ယောက် ရဲ့ ဗီဇကောင်းပေ မယ့် ပတ်ဝန်းကျင်မကောင်းတာကြောင့် ဒီကလေးဟာ ပျက်စီးသွားနိုင်ပါတယ်။ ဗီဇဘယ်လောက် ပဲ ဆိုးနေဆိုးနေ ပတ်ဝန်းကျင်ကောင်းကောင်းမှာ ထိန်းကျောင်းပေးနိုင်တယ်ဆိုရင် လူကောင်း ဖြစ်လာဖို့ အခွင့်အလမ်းတွေ ရှိပါတယ်။
လူနဲ့ ပတ်ဝန်းကျင်မှာ ပတ်ဝန်းကျင်ကို ပြောင်းမဲ့သူလား၊ ပတ်ဝန်းကျင်က ပြောင်းတာ ကို ပြောင်းခံမဲ့သူလားဆိုတာ နှစ် မျိုးပဲရှိပါတယ်။ ပတ်ဝန်းကျင်ကို ပြောင်းမဲ့သူဟာ ပရဟိတ သမားတစ်ဦး ဖြစ်လာပါတယ်။ ပတ်ဝန်းကျင်ကို ပြောင်းမဲ့သူမှာ လဲ နှစ် မျိုးရှိပါတယ်။ ဆိုးတဲ့လူနဲ့ ကောင်းတဲ့လူ။ ဆိုးတဲ့သူက သူ့ရဲ့ ပတ်ဝန်းကျင်တစ်ခုလုံးကို ဖျက်စီးပစ်လိုက်နိုင်တယ်။ က္ဘာ စစ်ကြီး ဖြစ်အောင် ဖန်တီးနိုင်တယ်။ ကဒါဖီတို့လို၊ ဟစ်တလာတို့လို လူမျိုးပါ။ အနော်ရထာ တို့လို၊ ဗိုလ်ချုပ်အောင်ဆန်းတို့လို၊ ဒေါ်အောင်ဆန်းစုကြည်တို့လို လူမျိုးကျတော့ ပတ်ဝန်းကျင် ကို ကောင်းအောင် ပြောင်းပစ်လိုက်နိုင်တယ်။ ဒါကြောင့် ပရဟိတသမားတွေ က အရေး ကြီးပါ တယ်။ လူကောင်းတွေ ဦးဆောင်ရင် ပတ်ဝန်းကျင်ကောင်းတွေ ထွက်ပေါ်လာနိုင်တယ်။
ပတ်ဝန်းကျင်မှာ လဲ နှစ် မျိုးရှိပါတယ်။ ဆိုးတဲ့ ပတ်ဝန်းကျင်နဲ့ ကောင်းတဲ့ ပတ်ဝန်းကျင်။ ဆိုးတဲ့ ပတ်ဝန်းကျင်ကလာတဲ့လူက ဆိုးမယ်။ ကောင်းတဲ့ ပတ်ဝန်း ကျင်ကလာတဲ့လူက ကောင်းမယ်။ လူတွေ မှာ ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲတာကို ခံရတဲ့လူတွေ ရြှိ ကတော့ ပတ်ဝန်းကျင်ကောင်းကို ဖန်တီးရမယ်။ ကိုယ်တိုင်လဲ ကောင်းအောင်လုပ်ရမယ်။
နိုင်ငံရေး လုပ်ဖို့ စိတ်ဝင်စားသလား ...
ကျွန်မကို ရွေးကောက်ပွဲဝင်ဖို့ လာပြောကြပါတယ်။ ဒါပေမယ့် ကျွန်မနဲ့ ဖြစ်မှာ မဟုတ်ပါ ဘူး။ ကျွန်မက Straight forward သမားပါ။ လူမှု ရေး လုပ်ငန်း သက်သက်ကိုပဲ ပိုပြီး စိတ်ဝင် စားပါတယ်။
နာရေး ကူညီမှု အသင်းမှာ လုပ်ခဲ့တဲ့ လှုပ်ရှားမှု အချို့ကို ပြောပြပေးပါလား ...
၂ဝဝ၅ မေလ ၇ ရက်နေ့မှာ ရန်ကုန်မြို့ရဲ့ Plaza ၃ ခု တစ်ပြိုင်တည်း ဗုံးပေါက်တုန်းကနဲ့ ၂ဝဝ၈ နာဂစ်မုန်တိုင်း ကျပြီးတဲ့နောက် ကယ်ဆယ်ရေး လုပ်ငန်းတွေ မှာ နာရေး ကူညီမှု အသင်းသူ အသင်းသားတွေ ဦးဆောင်ကူညီခဲ့ပါတယ်။
၂ဝ၁ဝ ဇွန်လ ၈ ရက်နေ့မှာ ပြည်မြို့မှာ သုခကုသိုလ် ဖြစ်ဆေးခန်း အခွဲကို ဖွင့်ခဲ့ပါတယ်။ ၂ဝ၁၁ ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ လက်မှတ်စုဆောင်းဖို့နဲ့ ၂ဝ၁၁ စက်တင်ဘာလ ၂၃ ရက်နေ့မှာ နာရေး ကူညီမှု အသင်း (ရန်ကုန်)မှာ ဧရာဝတီ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုတဲ့ အခမ်းအနားကို လုပ်ခဲ့ပါတယ်။
၂ဝ၁၁ ဒီဇင်ဘာလနဲ့ ၂ဝ၁၂ ဇန်နဝါရီလမှာ ကချင်ပြည်နယ်မှာ စစ်ဘေးဒဏ်ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကချင်တိုင်းရင်းသား ပြည်သူတွေ အတွက် အလှူငွေနဲ့ ပစ္စည်း တွေ ကို ဗန်းမော်နဲ့ မြစ်ကြီးနားမြို့မှာ ကိုကျော်သူနဲ့ အတူသွားပြီး လှူဒါန်းခဲ့ပါတယ်။
နာရေး ကူညီမှု အသင်းရဲ့ ဈာပနပို့ဆောင်ရေး လုပ်ငန်းအပြင် သုခဆေးခန်း၊ သုခအလင်း စာကြည့်တိုက်၊ သုခအလင်းပညာရေး နဲ့ သင်တန်းတွေ တိုးချဲ့ဖွင့်နိုင်ခဲ့ပါတယ်။
နာရေး ကူညီမှု အသင်းရဲ့ လုပ်အားပေးတွေ အတွက် တစ်လကို တစ်ကြိမ် သင်တန်းမျိုးစုံ ဖွင့်ပေးပါတယ်။ ခေါင်းဆောင်မှု သင်တန်း၊ ယဉ်ကျေးမှု သင်တန်း၊ အတတ်ပညာသင်တန်း၊ စာရင်းအင်းပညာသင်တန်း၊ စာပေဟောပြောပွဲ စသဖြင့် ရှိပါတယ်။
အမှတ်တရ အ ဖြစ်အပျက် ...
အမှတ်ရစရာတွေ ကတော့ အများ ကြီးပါ။ တချို့အ ဖြစ်အပျက်က ပျော်ရွှင်ပြီး အမှတ် ရတာ လေးတွေ တချို့ကျတော့ စိတ်နာကြီးပြီးမှ အမှတ်ရတာ လေးတွေ ... အစုံပါပဲ။ အဲဒီ ထဲက နေ တစ်ခုကို ပြောရရင်တော့ ကျွန်မတို့လင်မယားကို ဖမ်းပြီးစစ်ဆေးတော့ စစ်မေးရတဲ့ အမျိုး သမီး၊ အမျိုးသားတွေ အားလုံးက သူတို့ စစ်မေးလို့ပြီးတော့ အလုပ်သဘောအရ မဟုတ်တော့ဘဲစကားလက်စုံ ပြောကြရင်း ''အစ်ကိုတို့ ... အမတို့ ... စိတ်မပူနဲ့နော်၊ ပြန်လွှတ်မှာ ပါ ... မေတ္တာ သုတ်ရလား ... နမောတေဂါထာရလား ... မရရင် ကျွန်တော် /ကျွန်မတို့ ယူလာပေးမယ် ... အဲဒါတွေ များများ ရွတ်ပါ'' တချို့ကျတော့လဲ ''ကျွန်မရဲ့ အမေဆုံးတော့ အစ်ကိုတို့ပဲ စီစဉ်ပေးတာ ... အဲဒီ အတွက် အရမ်းကျေးဇူးတင်ပါတယ် ... စိတ်မပူ ပါနဲ့ ... မကြာခင်လွတ်မှာ ပါ'' စသဖြင့် ကျွန်မတို့ကို ဖမ်းတဲ့လူတွေ ၊ ကိုယ့်ရဲ့ ရန်သူတွေ လို့ ပြောလို့ရတဲ့သူတွေ ဆီကနေ သူတို့ရဲ့ မေတ္တာကို ခံယူခဲ့ရပါတယ်။ ကိုယ်လုပ် ခဲ့တဲ့အလုပ်ဟာ ရန်သူမရွေး၊ မိတ်ဆွေမရွေး လုပ်ခဲ့တာ၊ အားလုံးပေးဆပ်ခဲ့တာကြောင့် ကိုယ့်ရဲ့ မေတ္တာဟာ ရောင် ပြန်လာတတ်ပါတယ်။
နာရေး ကူညီမှု အသင်း (ရန်ကုန်)နဲ့ အမှတ်မိဆုံးက ... တစ်ခါက ကျွန်မ ရုံးရောက်တော့ အဲဒီ နေ့ နိဗ္ဗာန်ယာဉ်မောင်း တာဝန်ကျတဲ့ ဒရိုင်ဘာက နေမကောင်းလို့ မောင်းမယ့်လူမရှိ ဖြစ်နေတော့ ... အမ, ကားမောင်းပေးပါဆိုလို့ တက်မောင်းပေးရတယ်။ တကယ် အသုဘပို့ရ မယ့် အချိန်ထက် နာရီဝက်လောက် နောက်ကျနေပြီ။ ဒီတော့ ကျွန်မ မောင်းသာ မောင်းသွား တယ်၊ စိတ်ညစ်နေတယ်။ ကျွန်မက ရောက်တာနဲ့ တောင်းပန်ပေမယ့် လူတွေ က သိပ်တော့ မကျေနပ်ကြဘူး။ ဒါပေမယ့် ကားမောင်းလာတဲ့သူက အမျိုးသမီးလဲ ဖြစ်၊ ကျွန်မကိုယ်တိုင်လဲ ဖြစ် ... ဆိုတော့ ဘာမှတော့ သိပ်မပြောကြပါဘူး။ အခမ်းအနားပြီးတော့မှ နာရေး ရှင်ရဲ့ သမီးကို သေချာရှင်းပြရတာ ပေါ့ ... ဒီနေ့က ကျွန်မမောင်းရမယ့်အလှည့် မဟုတ်ဘူး ... မောင်းရမယ့်လူ နေမကောင်းလို့ ကျွန်မက ကိုယ်စားဝင်မောင်းပေးရတာ လို့ ရှင်းပြတော့ မိန်းကလေးက ''ဒါဆို ရင် ကျွန်မအဖေ ကံကောင်းတာပေါ့နော်''လို့ ပြောတော့ ကျွန်မမှာ ဘာစကားမှ ပြန်ပြောစရာ မရှိအောင် ဖြစ်သွားရပါတယ်။
နယူးယောက် ပြည်နယ် Albany မြို့မှာ မျက်ရည်ကျခဲ့ရတဲ့ အမှတ်တရအ ဖြစ်ဆုံး အ ဖြစ်အပျက်ကို ပြောပြချင်ပါတယ်။ နယ်စပ်မှာ နေတဲ့ မြန်မာကလေးလေးတွေ က အမေရိကား ရောက်ပြီး အဆင့်မြင့်ပညာကို ပျော်ပျော်ပါးပါး သင်ကြားခွင့်ရနေပြီး ပြည်တွင်းက ကလေးတွေ အတွက် စိတ်မကောင်း ဖြစ်မိပါတယ်။ ဒီ့အတွက် ဝမ်းနည်းလို့ မျက်ရည်ကျခဲ့ရပါတယ်။
မရွှေဇီးကွက်ရဲ့ ပရဟိတလုပ်ငန်း ရှေ့ဆက်အစီအစဉ် ...
ကျွန်မ ငယ်ငယ်က ကျောင်းဆရာမ အရမ်း ဖြစ်ချင်ခဲ့တယ်။ ၁ဝ တန်းအောင်ပြီးတော့ လုပ်အားပေးအနေနဲ့ ဆရာမ လုပ်ခဲ့ဖူးတယ်။ ဒါပေမယ့် မြန်မာပြည်ပညာရေး စနစ်က ကျွန်မနဲ့ သိပ်မလိုက်ဘူး။ ကျွန်မက ကလေးတွေ ကို တွေးစေချင်တယ်။ ဒါပေမယ့် စနစ်က ကလေးတွေ ကို အလွတ်ကျက်မှတ်စေချင်တယ်။ ဘာကြောင့် ဆိုတာကို မစဉ်းစားဘဲ ပုံသေကျက်မှတ်တဲ့ ပညာ ရေး စနစ် ဖြစ်လို့ ကျွန်မ အားမရခဲ့ဘူး။ ခုဆို မြန်မာပြည်ပညာရေး စနစ်က ပိုတောင် ဆိုးနေပါ သေးတယ်။ ဒါကြောင့် ခု နာရေး ကူညီမှု အသင်း (ရန်ကုန်)ရဲ့ သင်တန်းတွေ မှာ ကလေး/လူငယ် တွေ ကို အစိုးရကျောင်းတွေ မှာ သင်လေ့မရှိတဲ့၊ စဉ်းစားစေတဲ့ ပုံစံမျိုးရှိတဲ့ သင်တန်းတွေ ကို လေ့ကျင့်သင်ပေးနေတယ်။ အများ ကောင်းကျိုး ပရဟိတလုပ်ငန်း တွေ ကို ဗုဒ္ဓမြတ်စွာ ဘုရားရဲ့ အဆုံးအမနဲ့အညီ လုပ်ကိုင်နိုင်ဖို့ နာရေး ကူညီမှု အသင်း သင်တန်းတွေ မှာ 'ဗုဒ္ဓဓမ္မနဲ့ ပရဟိတ' ခေါင်းစဉ်နဲ့ သင်တန်းပို့ချပေးနေပါတယ်။
လူ့ဘဝမှာ မရွှေဇီးကွက် လက်ကိုင်ထားတဲ့ ဆောင်ပုဒ်သဘောထား ...
''မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်၊ ဖြူအောင်စိတ်ကိုထား''
အဖိုးက "Do Right and fear for No Man" မှန်တာလုပ်ရင် ဘာမှကြောက်စရာ မရှိဘူးလို့ အဖိုးက အမြဲပြောပါတယ်။ လောကကြီးမှာ ဘာမှမလိုချင်ရင် ဘာမှ ကြောက်စရာ မလိုဘူးလို့ အဖေက အမြဲပြောလေ့ရှိတယ်။ အဖိုးနဲ့ အဖေကြောင့် ကျွန်မ ကြောက်စိတ် နည်းခဲ့တယ်။ ကိုယ့်ကိုကိုယ် အမှန်ဆုံးနဲ့ အလိုနည်းအောင်နေတယ်။ ဒါကြောင့် ကျွန်မ ကြောက် စိတ်နည်းတယ်။ ဘယ်သူနဲ့ပဲတွေ့ တွေ့  ပြောစရာရှိတာကို ပြောရဲတယ်။ မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့ တွေ့ ခဲ့တဲ့အချိန်တုန်းမှာ သူက ရင်းရင်းနှီးနှီးနဲ့ စကားတွေ လာပြောနေတော့ ကျွန်မက မေးစရာရှိလို့ မေးခွင့်ရှိလားဆိုတော့ ... မေးပါ မေးပါ ဆိုလို့ ကျွန်မ အရမ်းသိချင်နေ တာလေးတစ်ခု မေးလိုက်တယ်။ ''ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးသိန်းစိန် တွေ့ တဲ့အချိန်မှာ နံရံမှာ ချိတ်ထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံက ပုံမှန်ချိတ်ထားတာလား ... ခဏချိတ်တာ လား''လို့ မေးလိုက်တယ်။ ဦးအောင်မင်းက အမြဲပုံမှန် ချိတ်ထားတဲ့ပုံပါတဲ့။ ကျွန်မက အဲဒီ လို မေးခဲ့ဖူးပါတယ်။ သမ္မတဦးသိန်းစိန်နဲ့တွေ့ တော့ သူက ကိုကျော်သူအကြောင်း မေးပါတယ်။ ပြောပါတယ်။ ကျွန်မက ကိုကျော်သူ ရုပ်ရှင်ပြန်ရိုက်ခွင့်ရဖို့အကြောင်း မပြောပါဘူး။ ကျွန်မက နာရေး ကူညီမှု အသင်း (ရန်ကုန်) မှတ်ပုံတင်ခွင့်ပြု ပါမစ်မရသေးတဲ့အကြောင်းပဲ ပြော ဖြစ်ပါ တယ်။ ဦးသိန်းစိန်က ဒီကိစ္စ ခုထိမပြီးသေးဘူးလားလို့ ပြောတယ်။ သူ့လူတွေ ကို လုပ်ပေးဖို့ ပြောလိုက်မယ်တဲ့ ... ဒါပေမယ့် ချမပေးပါဘူး။ အမေရိကန်သံအမတ် ဒဲရစ်မစ်ချယ်နဲ့တွေ့ တော့ ... ဘာလုပ်ပေးရမလဲလို့ မေးတယ် ... နာရေး ကူညီမှု အသင်း (ရန်ကုန်) မှတ်ပုံတင်ခွင့်ပြု ပါမစ်ရ အောင် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီကလင်တန်နဲ့တွေ့ တော့ ထပ်ပြောတယ်။ ၉ လ လောက် ကြာတော့မှ ခွင့်ပြုပါမစ်ရပါတယ်။
မရွှေဇီးကွက် အားကျအတုယူ စံပြထားတဲ့သူ ပုဂ္ဂိုလ်ရှိသလား ...
အခုချိန်မှာ 'ဗုဒ္ဓ'ပါ။ ခေတ်မီတဲ့ ဘုန်းတော် ကြီး အရှင်ဇနကာဘိဝံသလဲပါတယ်။
အမေရိကားကို ပြောင်းရွှေ့လာတဲ့ မြန်မာတွေ ကို ဘယ်လိုမြင်သလဲ။
မြန်မာပြည်က မြန်မာတွေ ပဲလို့ပဲ မြင်ပါတယ်။
မရွှေဇီးကွက် ဘာဝါသနာပါသလဲ ...
စာပေဝါသနာ ပါပါတယ်။ ဓာတ်ပုံရိုက်တာကိုလဲ စိတ်ဝင်စားပါတယ်။ ပန်းချီဆရာလဲ ဖြစ်ချင်တယ်။ ဒါပေမယ့် ပန်းချီလဲ မဆွဲတတ်ပါဘူး။ ပန်းချီဆွဲတာကို သင်ဖို့ စိတ်ဝင်စားပါ တယ်။
မရွှေဇီးကွက်ရဲ့ တစ်နေ့တာ ...
မနက် ၈ နာရီဆိုရင် နာရေး ကူညီမှု အသင်း (ရန်ကုန်) ရုံးကို ရောက်ပါပြီ။ ရုံးအလုပ်နဲ့ အသင်းရဲ့ လိုအပ်ချက်တွေ ကို ဖြည့်ပေးရ ပါတယ်။ ထမင်းချက်၊ ကားမောင်းကအစ လိုအပ်သလို ဝင်လုပ်ပါ တယ်။ ညနေ ၆ နာရီမှ အိမ်ပြန်ပါတယ်။ အပန်းဖြေ အင်္ဂလိပ် ဗီဒီယို/တီဗွီ သတင်းတွေ ကို ကြည့်ပါတယ်။ စာလဲဖတ်ပါတယ်။ အင်္ဂလိပ် ဗီဒီယိုတွေ များများ ကြည့်ခဲ့လို့ အင်္ဂလိပ်စာရော စကားပြောပါ ပြောနိုင်ဆိုနိုင် ဆက်သွယ်နိုင်တဲ့အဆင့် ရှိပါတယ်။ တစ်နှစ် မှာ ၃၆၅ ရက်လုံး အလုပ်လုပ်လို့ သင်္ကြန်အတက် နေ့တောင် ည ၁၂ နာရီအထိ အလုပ်လုပ်တဲ့ အတွေ့ အကြုံမျိုးလည်း ရှိပါတယ်။
ဘာအစားအစာကို အကြိုက်ဆုံးလဲ ... ဘာအားကစားကို လုပ်သလဲ ..
ဆာနေချိန်မှာ တော့ အားလုံးကြိုက်ပါတယ်။ မြန်မာပီပီ မုန့်ဟင်းခါးနဲ့ လက်ဖက်သုတ် ကို ကြိုက်ပါတယ်။ ကြက်တောင်၊ ရေကူး၊ ဘားကျွမ်းလုပ်ခဲ့ဖူးပါတယ်။
အင်တာနက် တစ်နေ့ ဘယ်နှစ် နာရီသုံးသလဲ ...
တစ်နေ့ ၃ နာရီလောက် သုံးပါတယ်။
ဘယ်လိုအသုံးအဆောင်မျိုး ကြိုက်သလဲ ..
တစ်မျိုးတည်းအစွဲတော့ မရှိပါဘူး။ အခြေအနေနဲ့ အချိန်အခါကိုလိုက်ပြီးတော့ ကိုယ့် အတွက် အသုံးဝင်တဲ့ပစ္စည်းကို ကြိုက်တာတွေ ပြောင်းလဲပါတယ်။
ဘဘဦးသုခအကြောင်း နည်းနည်း ပြောပြပေးပါ ...
ဘဘက အသက် ၉၅ နှစ် မှာ ဆုံးသွားပေမယ့် သူ့ရဲ့ အသိဥာဏ်နဲ့ မှတ်ဥာဏ်ကို ဇရာက နည်းနည်း လေးမှ တိုက်စားမ သွားပါဘူး။ သေသွားတဲ့အချိန်အထိ လူသား တစ်ယောက် အနေနဲ့ တန်ဖိုးရှိရှိ နေထိုင်သွားနိုင်တဲ့ လူ တစ်ယောက် ပါ။
ရွှေဇီးကွက်ရောက်ခဲ့ဖူးခဲ့တဲ့ နိုင်ငံနဲ့မြို့ ... အမေရိကန် ... ဘယ်မြို့ကို ကြိုက်သလဲ ...
အနောက်ဂျာမနီ၊ ချက်ကိုစလိုဗက်ကီးယား၊ အင်္ဂလန်၊ အမေရိကား၊ ဂျပန်၊ ကနေဒါ၊ စကော့တလန်၊ စင်္ကာပူ၊ အိန္ဒိယ၊ သြစတြေးလျ။
ဆီယေတယ်လ်မြို့ကို ကြိုက်ပါတယ်။ ဒါပေမယ့် ရာသီဥတုကိုတော့ မကြိုက်ဘူး။ လော့စ် အိန်းဂျလိစ်နဲ့ အာရီဇိုးနားလို ပူတဲ့ ရာသီဥတုရှိတဲ့မြို့ကို ကြိုက်ပါတယ်။
ပိုက်ဆံနဲ့ အခြေအနေပေးခဲ့ရင် မရွှေဇီးကွက်က မြန်မာပြည်ကို ဘယ်လို ဖြစ်စေချင်သလဲ ...
စိတ်ကူးထဲမှာ လုပ်ချင်တဲ့ အစီအစဉ် ကတော့ ကလေးတွေ ရဲ့ ပညာရေး ကို ပျိုးထောင် လေ့ကျင့်ပေးတဲ့ စာသင်ကျောင်း ဖွင့်ချင်ပါတယ်။ နောက်တစ်ဆင့်မှာ ခေတ်မီတဲ့ တက္ကသိုလ် တစ်ခု ဖွင့်ချင်ပါတယ်။ သက်ကြီးရွယ်အိုတွေ နေမယ့် ခေတ်မီ လူအိုရုံတွေ ကိုလည်း ဖွင့်ချင်ပါ တယ်။ သားသမီးတွေ ကို အားမကိုးတော့ဘဲ ကျွန်မကိုယ်တိုင်လဲ သွားနေချင်ပါတယ်။ မြန်မာ ပြည်အတွက် အထူးလိုအပ်နေတယ်လို့လည်း ထင်ပါတယ်။
အမေရိကန်တစ်ဝှမ်း မြို့တွေ လှည့်ပြီး ဘာတွေ လုပ်သလဲ ... ဘာတွေ မြင်သလဲ ...
ပြည်သူ့ဂုဏ်ရည်အသင်းက ဖိတ်လို့ အမေရိကားက မြို့ပေါင်း ၁ဝ မြို့ရောက်ပြီး လေ့လာခွင့်ရခဲ့ပါတယ်။ မြန်မာတိုင်းရင်းသားတွေ နဲ့ တွေ့ ပြီး စကားပြောခွင့်ရပါတယ်။ နာရေး ကူညီမှု အသင်း (ရန်ကုန်) အကြောင်း၊ လူမှု ရေး လုပ်ငန်းအကြောင်းတွေ ကို မြန်မာပြည်ဖွား တွေ ကို ရှင်းပြခွင့်ရတဲ့အတွက် အကျိုးရှိတယ်လို့ ထင်ပါတယ်။ ကျွန်မ ပြောတဲ့ စကားတစ်ခွန်းကြောင့် တစ်ယောက် လောက်ပဲ နားလည်သဘောပေါက်ခဲ့ရင်တောင် အပင်ပန်းခံရကျိုးနပ်ပါပြီ။ ပြည်သူ့ဂုဏ်ရည် အသင်းကိုလဲ ကျေးဇူးတင်ပါတယ်။ အလှူငွေ စုစုပေါင်း ဒေါ်လာ တစ်သိန်းရှစ်သော င်းနီးပါးရခဲ့လို့ လှူဒါန်းကြတဲ့ မြန်မာပြည်ဖွားအားလုံးကို ကျေးဇူးတင်ပါတယ်။ နာရေး ကူညီမှု အသင်းအတွက် အားဆေးတစ်ခွက်ပါပဲ။ မြန်မာပြည် ပြန်ရောက်ရင် အတိုးချပြီး အလုပ်လုပ်ပါ့မယ်လို့ ကတိပေးပါတယ်။
iPad လက်ဆောင်ရလို့ ကိုကျော်သူနဲ့တောင် ရယ်စရာပြော ဖြစ်သေးတယ်။ "I" ဆိုတဲ့ အတ္တကိုပယ်ပြီး အများ အတွက် ပရဟိတအလုပ်ကို လုပ်နေတာတောင် ဒီ iPad ဆိုတာကို ရနေလို့ မြန်မာပြည်ပြန်ရောက်ရန် "WePad" ဖြစ်အောင် ကြိုးစားပါ့မယ်လို့၊ သတင်းတွေ ကိုလဲ သိရလို့ မြန်မာတိုင်း ဖတ်သင့်ပါတယ်။ နိုင်ငံခြားကသတင်းတွေ သာမက မြန်မာပြည်က သတင်း တွေ ကို ပိုထည့်နိုင်ရင် ပိုကောင်းပါမယ်လို့ ထင်ပါတယ်။ ပညာပေးကဏ္ဍတွေ လဲ ရှိစေချင်ပါ တယ်။ ဆောင်းပါးတွေ ပိုပါရင် ပိုကောင်းပါလိမ့်မယ်။ ဘာသာရေး မှာ ဗုဒ္ဓဘာသာကဏ္ဍကို လည်း ပါစေချင်ပါတယ်။
ဖြည့်ပြောချင်တဲ့စကား ...
အခုအခါ အနည်းငယ် လွတ်လပ်လာလို့ မြန်မာပြည် ပြန်လာနိုင်တဲ့ ပုံစံနှစ် မျိုးရှိပါ တယ်။ မြန်မာပြည်ကောင်းဖို့၊ လမ်းဖောက်ဖို့နဲ့ ကောင်းတဲ့မြန်မာပြည်မှာ လမ်းလျှောက်ဖို့ဆိုပြီး နှစ် မျိုးရှိပါတယ်။ 'လမ်းဖောက်'ချင်ရင်တော့ ပင်ပန်းမှာ ပဲ၊ အချိန်မရွေး ပြန်လာနိုင်ပါတယ်။ 'လမ်းလျှောက်'ဖို့ လာမယ်ဆိုရင်တော့ စောင့်ရဦးမှာ ပါပဲ။
ဖြေကြားပေးသော မရွှေဇီးကွက်နှင့် အိမ်ရှင် ကိုကျော်ဝ္ဏနှင့် မမိုးချိုသင်းတို့အား အထူးကျေးဇူးတင်ပါသည်။
ပြည်သူ့ဂုဏ်ရည်အသင်း၏ ဖိတ်ကြားမှု ဖြင့် တတိယအကြိမ်မြောက် ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ အခမ်းအနားသို့ တက်ရောက်ရန် အမေရိကား လော့စ်အိန်းဂျလိစ်မြို့သို့ ၂ဝ၁၂ မေလ ၁ ရက်နေ့တွင် အကယ်ဒမီကျော်သူနှင့် ဇနီး မရွှေဇီးကွက်တို့နှင့် ရောက်ရှိလာကြသည်။
၂ဝ၁၂ ဇွန်လ ၂ဝ ရက်နေ့တွင် လော့စ်အိန်းဂျလိစ်မြို့၊ ဘော်ဒွင်ပတ်ခ်စီးတီးရှိ ကိုကျော်ဝ္ဏ+ မမိုးချိုသင်းတို့ နေအိမ်၌ မရွှေဇီးကွက်ကို ရတနာပုံနေပြည်တော် သတင်းစာက 'မိုးသက်ကို'၏ မေးမြန်းခန်းအား ပြန်လည်ဖော်ပြပါသည်။
ငယ်။ သူငယ်ချင်းတို့
မင်းတို့နဲ့ငါ၊ ငယ်ငယ်ကလေးထဲက သူငယ်ချင်းတွေ ပါ။
ကစားဖော်၊ ကစားဖက်
ကျောင်းပြေးဖော်၊ ကျောင်းပြေးဖက်
ဆိုးဖော်၊ ဆိုးဖက်၊ ဆော့ဖော်၊ ဆော့ဖက်
ဘာပဲလုပ်လုပ်၊ တဖက်ဖက်နဲ့
မင်းတို့ထဲမှာ ၊ ငါက စာအညံ့ဆုံး
ဒါပေမဲ့ ငယ်သူငယ်ချင်းတို့ ...
မင်းတို့ ငါ့ကို အချစ်ဆုံး။
စဉ်။ သူငယ်ချင်းတို့။
အစဉ်လိုက်၊ တပူးပူး တတွဲတွဲနဲ့
ကောလိပ်ရောက်တော့လည်း၊
ရှေ့ဆင့်နောက်ဆင့်ပဲ။
မင်းတို့က ရှေ့ကသွား၊ ငါက နောက်ကလိုက်ခဲ့။
ပညာရေး က နိမ့်ပါးတော့
ငယ်ဘဝ မိဘတွေ မရိပ်မိအောင်
တားမရတော့လည်း၊ ချစ်နေကြမြဲ။
မင်းတို့ ကတော့ ပညာတတ်ကြီးတွေ ဖြစ်သွား
ငါ ကတော့ မူးယစ်သံသရာထဲ တဝဲဝဲလည်။
ဒါပေမဲ့ ငယ်စဉ်ကသူငယ်ချင်းတို့ ...
မင်းတို့ ငါ့ကို အချစ်ဆုံးပဲ။
ကြီး။ သူငယ်ချင်းတို့ ...
ဘဝပေးအခြေအနေကြောင့် ၊ ငါက မင်းသား ဖြစ်သွား
မင်းတို့မှာ တော့၊ အင်ဂျင်နီယာကြီးတွေ
ဆရာဝန်ကြီးတွေ ၊ စစ်ဘက်အရာရှိတွေ ၊
သင်္ဘောအရာရှိတွေ နဲ့
ငါနဲ့မင်းတို့ ဘဝတွေ က ကွာခြားသွား။
ငါ့ရဲ့ ဘဝထဲ၊ ကြီးသူငယ်ချင်းတို့နဲ့ ထပ်ဆုံတွေ့ 
ငါ့ရဲ့ လောကထဲမှာ က၊ ပြဿနာပေါင်းစုံ
အရက်၊ မူးယစ်၊ မိန်းမ၊ လောင်းကစား အစုံပဲ။
အဲဒီ အစုံစုံတွေ ကြား နစ်မွန်းခဲ့ရ။
ဒါပေမဲ့ ငယ်...စဉ်...ကြီး... သူငယ်ချင်းတို့...
မင်းတို့ ငါ့ကို အချစ်ဆုံးပဲ။
လိုက်။ သူငယ်ချင်းတို့ ...
ငါ့ဘဝကို၊ ငါရုန်းထွက်
နာရေး ကောင်းမှု ထဲ၊ စုန်းစုန်းဝင်ခဲ့
လူမှု ရေး လမ်းကြောင်းထဲ၊ အဆုံးထိလိုက်ခဲ့
နာရေး လူမှု ရေး တပူးတွဲတွဲ၊ စက်တင်ဘာကိစ္စ စခဲ့ပြီပဲ
အကျဉ်းကျမိသားစုဘဝ၊ ကိုယ်ချင်းစာခဲ့
ငါ့ကိုခေါ်ယူမေးမြန်းခဲ့
ငါလှည့်ကြည့်မိတယ်
ဘယ်သူမှ မရှိတော့ဘူး
ဘယ်သူမှ ပါမလာတော့ဘူး
၂ဝဝ၇ နောက်ပိုင်း
ငါ့ဘဝမှာ ငါ တစ်ယောက် တည်း
မွေးကတည်းက တစ်ယောက် တည်း
ဆုံးတဲ့အခါမှာ လည်း တစ်ယောက် တည်း
ဒီစကားက မှန်နေဆဲပါ သူငယ်ချင်းတို့
အခု ငါကောင်းမှု တွေ လုပ်နေပြီလေကွာ၊
မြတ်စွာ ဘုရား ဆုံးမဟောကြားထားတဲ့အတိုင်း
ဗြဟ္မစိုရ်၊ လူမှု ရေး တွေ လုပ်နေလေပြီကွာ၊
ငါ့နားမှာ ငယ်စဉ်ကသူငယ်ချင်းတွေ
မင်းတို့မရြှိ ကတော့ဘူးလားကွာ
ငါ့ဘေးမှာ ကြီးမှပေါင်းတဲ့ အနုပညာသူငယ်ချင်းတွေ
မင်းတို့ မရြှိ ကတော့ဘူးလားကွာ
ငါတို့ လက်ချင်းမတြွဲ ကတော့ဘူးလားကွာ
ငါဟာ အနက်ရောင် လူသား မဟုတ်ရပါလားကွာ
ငါဟာ အရှင်လတ်လတ် ဥပေက္ခာလူသား ဖြစ်သွားပြီလား။
အခုတော့ ..
ငါ့ဘေးမှာ လူသေတွေ နဲ့၊ လူနာတွေ ချည်းပဲပေါ့
ငါ့ကို မင်းတို့ တွေ့ ရမှာ ဆုံရမှာ
ဘာလို့များ ကြောက်နေရတာ လည်းကွာ
ငါဟာ တ္ဆေ...သရဲ...ပြိတ္တာ...
မကောင်းဆိုးဝါး မဟုတ်ပါဘူးကွာ။
ပြည်သူတွေ ရဲ့ ဒုက္ခအခက်အခဲတွေ ကို
တစ်ပိုင်တစ်နိုင် ဖေးမပေးနေတဲ့ ငါပါကွ
မင်းတို့ငါတို့ အများ ပြည်သူ လူသားအားလုံးဟာ
ခင်ပွန်းကြီးဆယ်ပါးထဲမှာ အကျုံးဝင်တယ်ဆိုတာ မမေ့ကြပါနဲ့ကွာ
လူမှု ရေး ဟာ ပြည်သူ့အရေး
နိုင်ငံ့အရေး ဟာ မင်းတို့ငါတို့ရဲ့ အရေး လေကွာ
မင်းတို့ မရက်စက်ကြပါနဲ့ မင်းတို့ အတ္တမကြီးကြပါနဲ့
မင်းတို့ရဲ့ ပညာရပ်တွေ ကို ဘယ်သူမှ မထိနိုင် မခိုးနိုင်ပါဘူး
မင်းတို့ရဲ့ ပညာတွေ မပွန်းနိုင်ပါဘူး...မပဲ့နိုင်ပါဘူးကွာ
ဓားဆိုတာ သွေးနေမှ ထက်တာတဲ့
မင်းတို့ တတ်မြောက်ထားတဲ့ ပညာရပ်တွေ ကို အသုံးချကြပါတော့ကွ
ဒါမှ မင်းတို့ရဲ့ ပညာတွေ တောက်ပြောင်ထက်မြက်လာမှာ ပါ။
ခုတော့ ...
ငါ့မှာ တော့ တစ်ယောက် တည်း
မင်းတို့ရဲ့ ဥပေက္ခာလုပ်ရပ်က မှားနေပြီလား
မင်းတို့ရဲ့ အယူအစွဲတွေ မှားနေပြီလား
မင်းတို့ရဲ့ ပညာရပ်တွေ ဥစ္စာခြောက်နေကြပြီလား
မိကျောင်းမင်း ရေခင်းပြတာတော့ မဟုတ်ရပါကွာ။
ငယ်စဉ်၊ ကြီးလိုက်၊ သူငယ်ချင်းတို့ရေ ...
ငါတို့၊ ဟိုတုန်းကလို ...
လက်ချင်းဆက်ပြီး စိတ်ချင်းဆက်ကာ
အများ အတွက် တို့တွေ ပေးဆပ်ကြပါစို့လား ...
ဒါပေမဲ့
ငယ်၊ စဉ်၊ ကြီး၊ လိုက် သူငယ်ချင်းတို့
မင်းတို့ကိုတော့ ငါချစ်နေဆဲပဲ။
မောင်မောင် (ခ) ကျော်ဝင်း (ခ) ကျော်သူ
ငယ်စဉ်ကြီးလိုက်
''တက္ကသိုလ်နောက်ခံ ဝတ္ထု၊ ကဗျာတွေ ရေး ဖြစ်သော အကြောင်းရင်း နှစ် ချက်ရှိပါသည်။ ပထမအချက်က ဘွဲ့ရလို့ တက္ကသိုလ်နယ်မြေကို စွန့်ခွာခဲ့ရသော်လည်း တသသ စွဲလမ်းနေဆဲ ဖြစ်၍ အလွမ်းပြေရေး မိခြင်း၊ ဒုတိယအချက် ကတော့ ကိုယ်ကျွမ်းကျင်ပိုင်နိုင်သော နေရာဒေသ ဖြစ်၍ သရုပ်ပေါ်အောင် ရေး သားနိုင်ခြင်းပဲ ဖြစ်ပါသည်။''ဟု စာရေး ဆရာ မင်းလူက ရေး သား ဖွဲ့ဆိုခဲ့ဖူးသည်။
ယခုလည်း မြန်မာ့ရုပ်ရှင်လောကတွင် ထင်ပေါ်ကျော်ကြားသူ ဖြစ်ရုံမက တက္ကသိုလ် နောက်ခံ ရုပ်ရှင်၊ ဗီဒီယိုဇာတ်ကားများ ဖြင့် ထင်ရှားကျော်ကြားခဲ့သော အကယ်ဒမီ ဦးကျော်သူ နှင့် တက္ကသိုလ်နောက်ခံ ဇာတ်ကားရိုက်ကူးခြင်း၊ သရုပ်ဆောင်ခြင်းသည် တခြားဇာတ်လမ်း၊ ဇာတ်ရုပ်များ နှင့် မတူကြောင်း၊ တက္ကသိုလ်၏ အထာ၊ တက္ကသိုလ်ပရဝဏ်နှင့် နီးစပ်ပတ်သက် နေသူများ သာ ပိုပြီး သရုပ်ပီပြင်နိုင်ကြောင်း ထင်မြင်ယူဆချက်များ ကို ပြောကြားခဲ့သည်။
''အနုပညာရှင် တစ်ယောက် အနေနဲ့ အဲဒီ အချိန်က (၁၉၉ဝ နောက်ပိုင်း) ကိုယ်က လည်း တက္ကသိုလ်ကျောင်းသား တစ်ယောက် ဆိုတော့ ကျောင်းသားတွေ ရဲ့ ခံစားမှု နဲ့ မစိမ်းဘူး လေ။ ကိုယ်က အဲဒီ တုန်းက Physics ဘာသာရပ်နဲ့ ကျောင်းတက်နေတာလေ''ဟု ကိုယ်ကိုယ် တိုင် တက္ကသိုလ်ပရဝဏ်နှင့် ဆက်စပ်ပတ်သက်ပုံကို ပြောပြသည်။
ပုံပြင်လို၊ ဒဏ္ဍာရီလို
''တက္ကသိုလ်အကြောင်းကို အခုနေ ပြန်ပြော၊ ပြန်ရိုက်ပြရင် လူငယ်တွေ အများ စုက ပုံပြင်လို၊ ဒဏ္ဍာရီလိုပဲ ထင်နေကြမှာ ။ ဟိုတလောက သတင်းထောက် တစ်ယောက် က ကျွန်တော့်  ကို အင်တာဗျူး ရင်း တက္ကသိုလ်နဲ့ ရုပ်ရှင်အကြောင်း ပြောမိသွားတယ်။ အဲဒီ မှာ ကျွန်တော် က Main (ပင်မတက္ကသိုလ်)ဖွင့်ရင် ကျွန်တော် လည်း ဖိုင်နယ်ပြန်တက်ချင်တယ်လို့ ပြောလိုက် တယ်။ မီဒီယာသမားက Main ဆိုတာ ဘာလဲပြန်မေးတော့ ကျွန်တော် တော် တော် Felling ဖြစ်သွားတယ်။ သြော် ... တချို့လူငယ်တွေ Main ဆိုတာ ဘာလဲတောင် မသိတော့ပါလား လို့လည်း တွေးမိလိုက်တယ်''ဟု ဦးကျော်သူက တက္ကသိုလ်နှင့် ပတ်သက်ပြီး ယနေ့လူငယ်များ ပင်မတက္ကသိုလ်နှင့် အလှမ်းဝေးသွားပုံကို ပြောပြပါသည်။
လျှို့ဝှက်ချက်တွေ ၊ သင်္ကေတတွေ နဲ့
''တက္ကသိုလ်ဆိုသည်မှာ ဆွတ်ပျံ့ဖွယ်ကောင်းသလို ကြည်နူးဖွယ်ကောင်းလှကြောင်း ပြန်ပြောင်းပြောပြသည့်အခါ ကိုယ့်အတိတ်ကို ပြန်အလွမ်းဆင်စေသည့် မြကျွန်းညိုရိပ်မြုံဟု ဆိုရပေမယ်။ တစ်ခါက ဖြတ်သန်းခဲ့ကြသည့် အတိတ်ကာလတစ်ခုက ရန်ကုန်တက္ကသိုလ် ပရဝဏ်ဝယ် သူငယ်ချင်းများ အကြား ဆက်သွယ်ချိတ်ဆက်ပုံလေးများ ကလည်း ပြန်ပြောင်း တွေးကြည့်မိတိုင်း ရင်ခုန်ကြည်နူးမှု ဖြစ်ရသည်ဟု ဦးကျော်သူက ဆိုသေး၏ ။ ထို့အပြင် တက္က သိုလ်နောက်ခံ ရုပ်ရှင်ရိုက်ကူးတင်ဆက်၊ ရေး သားရာမှာ တက္ကသိုလ်တက်ဖူးတဲ့သူဆို ပိုကောင်း ပါတယ်။ ဘာ ဖြစ်လို့လဲဆိုတော့ တက္ကသိုလ်မှာ လျှို့ဝှက်ချက်တွေ အများ ကြီးရှိနေလို့ပါ။ ကျွန်တော် တို့ခေတ်က အခုလို ဆက်သွယ်ရေး နည်းပညာတွေ မထွန်းကားသေးဘူးလေ။ အဲဒီ တော့ တစ်ယောက် နဲ့ တစ်ယောက် ဆက်သွယ်ရာမှာ သင်္ကေတလေးတွေ လုပ်ပြီး အချက်ပြရတာ တွေ ရှိခဲ့တယ်။ ဥပမာ သစ်ပုပ်ပင်က အရွက်လေးတွေ ပေါ်မှာ သင်္ကေတလေးတွေ ရေး ပြီး ကျောက် တုံးလေးနဲ့ဖိထားပြီး နောက်လူကို အသိပေးတာလေးတွေ လုပ်တာ ရှိခဲ့တယ်''ဟု တက္ကသိုလ် ရိပ်မြုံ၏ လျှို့ဝှက်ချက်များ ပြည့်နက်နေပုံနှင့် ကိုယ်တိုင် ကျောင်းသားတစ်ဦးအ ဖြစ် ဖြတ်သန်း ခဲ့ဖူး၍ လူငယ်တို့ လူမှု နယ်ပယ် ချဲ့ထွင်နိုင်ခဲ့ပုံအကြောင်းကို ဦးကျော်သူက ပြောပြခဲ့သည်။
တစ်ခါတုန်းက တက္ကသိုလ်မှာ
အနုပညာသမားတို့သည် မိမိတို့ကျရာ ဇာတ်ရုပ်၊ ဇာတ်ကောင်မှာ ပါဝင်သရုပ်ဆောင် ကြရပြီး ဦးကျော်သူတို့လို အနုပညာရှင်များ အနေဖြင့် တက္ကသိုလ်ဇာတ်ကောင်နေရာတွင် တမင် ရည်ရွယ်ကာ ရွေးချယ်သရုပ်ဆောင်ခဲ့တာလည်း ရှိခဲ့သည်။ ကိုယ်တိုင် ပါဝင်သရုပ်ဆောင်ခဲ့ရ သည့် တက္ကသိုလ်နောက်ခံ ရုပ်ရှင်ဇာတ်ကားနှင့် ပတ်သက်ပြီး မှတ်မှတ်ရရ ဖော်ပြသည့်အခါမှာ နားထောင်ရသူများ က ဓာတ်ပုံ တစ်ပုံပြီးတစ်ပုံ ကြည့်နေရသလို အသက်ဝင်လှပေသည်။
''ကျွန်တော် တို့ခေတ်က တက္ကသိုလ်နောက်ခံ ဝတ္ထုအရေး များ တာ စာရေး ဆရာ ငြိမ်းကျော်၊ နွမ်ဂျာသိုင်း၊ မောင်စိန်ဝင်း(ပုတီးကုန်း) တို့ပါပဲ။ ကျွန်တော် သရုပ်ဆောင်ထားတဲ့ 'တစ်ခါတုန်းက တက္ကသိုလ်မှာ ' ဝတ္ထုကို နွမ်ဂျာသိုင်းရေး ခဲ့တာလေ။ ကျွန်တော် တက္ကသိုလ် နောက်ခံဇာတ်ကားပေါင်း ၁ဝ ကားကျော် ရိုက်ခဲ့တယ်။ အမှတ်မိဆုံးဇာတ်ကား ကတော့ 'တစ်ခါ တုန်းက တက္ကသိုလ်'ဇာတ်ကားရယ်၊ 'ပန်းတွေ နဲ့ဝေ'က ဗီဒီယိုဇာတ်ကားပါ။ ဇာတ်ကားဟောင်း တစ်ခုပါ။ အရင် ကတော့ ဒါရိုက်တာ မောင်ဝ္ဏက မင်းသား ဦးညွန့်ဝင်း၊ မင်းသမီး ဒေါ်ခင်ယုမေနဲ့ ရိုက်တာ။ ကျွန်တော် ကလည်း ဒါရိုက်တာ မောင်ဝ္ဏနဲ့ပဲ ရိုက်ခဲ့တာပါ။ အဲဒီ ဇာတ်ကားထဲက ဇာတ်ဝင်သီချင်းက အကယ်ဒမီ စန္ဒရားဦးလှထွတ်ရေး တဲ့ နာမည် ကျော် 'ပန်းတွေ နဲ့ဝေ'သီချင်း ပါပဲ။ အဲဒီ ကားရိုက်ရင်း မှတ်မှတ်ရရ ကိုမင်းလူရယ်၊ အရိုင်းရယ် ထောင်ထဲကထွက်လာပြီး ကျွန်တော့် ရိုက်ကွင်းဆီ လာခဲ့ကြတယ်။ ကျွန်တော် တက္ကသိုလ်တော် တော် များများ ရိုက်ဖူးပါ တယ်။ ရန်ကုန်တက္ကသိုလ်၊ မ္တလေးတက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ် အစုံပါပဲ။ 'ဖိုင်တွဲလေးများ ' ဇာတ်ကားကို လှိုင်မြို့နယ်မှာ ရှိတဲ့ ဒေသကောလိပ်မှာ ရိုက်ကူးခဲ့တယ်။ မ္တလေးတက္ကသိုလ်မှာ တော့ ၃ ကားလောက် ရိုက်ခဲ့တယ်။ တောင်ကြီးတက္ကသိုလ်မှာ ကတော့ ဒါရိုက်တာ မောင်ဝ္ဏ ရိုက်ကူးတဲ့ 'အချစ်သစ်ပင်' ဇာတ်ကားပါပဲ။ အဲဒီ ကားမှာ အဓိကဇာတ်ကောင်က ဦးကျော်ဟိန်း ပါ။ ကျွန်တော် က အဲဒီ တုန်းက ချာတိတ်ပဲ ရှိပါသေးတယ်။ ကျွန်တော် တို့ အမျိုးသားရုပ်ရှင်က ထုတ်လုပ်လို့သာ ပါဝင် ဖြစ်ခဲ့တာပါ။ ကျွန်တော် တို့ အချိန်တုန်းကလည်း တက္ကသိုလ်မှာ ရုပ်ရှင် ရိုက်ခွင့်သာရတာ ပါ။ တကယ့်တကယ် ထဲထဲဝင်ဝင် ရိုက်ခွင့်မရခဲ့ပါဘူး''ဟု သူတို့ခေတ်က တက္ကသိုလ်နောက်ခံ ရုပ်ရှင်ဇာတ်ကားများ အကြောင်းနှင့် နောက်ခံဝတ္ထုများ အကြောင်းကို ဦးကျော်သူက ရင်နှင့် ခံစား၍ ပြန်ပြောင်းပြောကြားခဲ့ပုံမှာ အလွမ်းများ ရင်ခွင်ကမ်းဆင့်ကာ ဖြစ်တည်စေခဲ့ပေသည်။
ရိုက်ကွင်းဘယ်လိုရွေးချယ်
သူတို့ခေတ်က ရုပ်ရှင်အနုပညာသမားများ ကြုံတွေ့ ခံစားရသည့် အကန့်အသတ်၊ အဟန့်အတားများ စိစစ်ဖြတ်တောက်မှု များ နှင့် ပတ်သက်ပြီးလည်း ကိုယ်တိုင်အတွေ့ အကြုံ ဖြင့် ရှင်းရှင်းလင်းလင်း မြင်သာအောင် ဦးကျော်သူက ပြောပြခဲ့သည်။ မြန်မာ့ရုပ်ရှင်လုပ်ငန်း နိုင်ငံတကာအဆင့်မီဖို့၊ လွတ်လပ်သည့် အခင်းအကျင်းများ ဖန်တီးပေးဖို့လိုကြောင်း တင်းကျပ်သည့် ဆင်ဆာဖြတ်တောက်မှု ရှိဖို့မလိုကြောင်း ဦးကျော်သူက ဆိုသည်။
''၁၉၈၈ နောက်ပိုင်းကျတော့ ဗိုလ်ချုပ်ခင်ညွန့်နဲ့ အနုပညာရှင်တွေ တွေ့  ကြပြီး ရုပ်ရှင် ရိုက်ကူးရေး နဲ့ပတ်သက်လို့ ဆွေးနွေး ဖြစ်ြ ကတော့ သူက လေဆိပ်ထဲမှာ ရိုက်ကူးချင်သလား၊ တက္ကသိုလ်ထဲမှာ ရိုက်ကူးချင်သလား။ နောက်ဆုံး လွှတ်တော် ထဲမှာ တောင် ရိုက်ကူးချင်ရင် ခွင့်ပြုမယ်လို့ ပြောခဲ့ဖူးပါတယ်။ ပြောပြီးနောက်ပိုင်းမှ ခွင့်မပြုတာ။ အခုခေတ် ရုပ်ရှင်တွေ မှာ တက္ကသိုလ်ဆိုရင် တက္ကသိုလ်က စားသောက်ဆိုင်ရယ်၊ အင်းယားကန်ပေါင်ရယ် ဒါတွေ ပဲ ပြသ နေတာ တွေ့ ရတော့တယ်''ဟု ကိုယ်တိုင် တွေ့  ကြုံ ရင်ဆိုင်ခဲ့ရပုံကို ဦးကျော်သူ ပြန်ပြောင်း ပြောပြသည်။
ရုပ်ရှင်ဆိုတာ
ရုပ်ရှင်၊ စာပေနှင့် ပတ်သက်ပြီး ဦးကျော်သူ၏ အမြင်နှင့် ဖွင့်ချက်ကလည်း မှတ်သား ထိုက်သည်။ အနုပညာကို မြတ်နိုးတန်ဖိုးထားသူပီပီ၊ စာပေကို လေးစားမြတ်နိုး တန်ဖိုးထားသူ ပီပီ စာပေ၊ ရုပ်ရှင် အနုပညာအမြင်များ တွင် လည်း စူးရှထက်မြက်သည်ကို တွေ့ ရသည်။
''တက္ကသိုလ်နောက်ခံ ရုပ်ရှင်တွေ လျော့နည်းသွားရတာ အကြောင်းအမျိုးမျိုးရှိပါတယ်။ ရုပ်ရှင်ဆိုတာ စိတ်နဲ့လုပ်ရတာ ၊ ခံစားမှု နဲ့လုပ်ရတာ ၊ ခေါင်းရှင်းရှင်းနဲ့ လုပ်ရတာ လေ။ အခု ဟာက ကန့်သတ်ချုပ်ချယ်မှု တွေ ကလည်း များ တယ်။ ထုတ်လုပ်သူကလည်း အချိန်တိုတို အတွင်းမှာ ပြီးအောင်လုပ်ရတယ်။ မြန်မြန်ထုတ်နိုင်မှ သူ့အတွက် တွက်ခြေကိုက်မှာ လေ။ ပြီးတော့ ရုပ်ရှင်ဆိုတာ ဝတ္ထုကို အခြေခံပြီး ရိုက်ရတာ လေ။ ဒါကြောင့် တက္ကသိုလ်နောက်ခံ ဝတ္ထုကောင်း များများ ပေါ်ထွက်ဖို့လည်း လိုပါတယ်။ စာပေဆိုတာ စာဖတ်ဖို့ စိတ်ဝင်စားသူ၊ စာဖတ်တတ်တဲ့သူပဲ ဖတ်တာပါ။ ရုပ်ရှင်၊ ဗီဒီယို၊ သီချင်းတွေ ရဲ့ အခန်းကဏ္ဍဟာလည်း တက္ကသိုလ်အကြောင်း ဖော်ကျူးတင်ပြရာမှာ အလွန်အရေး ပါတယ်လို့ ထင်မြင်ပါတယ်''ဟု ရုပ်ရှင်အနုပညာရှင် ဦးကျော်သူက ရှင်းလင်းပြောကြားခဲ့ပေသည်။
တက္ကသိုလ်ဆိုတာ မိခင်ပါပဲ
ကျောင်းတုန်းက ဘယ်လောက်ပဲဆိုးဆိုး (စတိတ်တုန်းက ဖြစ် ဖြစ် တက္ကသိုလ်တုန်းက ဖြစ် ဖြစ်) ဆိုးတဲ့ကလေးကို ဆရာ၊ ဆရာမ က ပိုချစ်ကြတယ်။ ပိုပြီး ဂရုစိုက်လုပ်ပေးခဲ့ကြတယ်။
ပြည်ပရောက် ပညာရှင်တွေ နဲ့ ပြည်တွင်းက ပညာရှင်တွေ ပြန်လည်ပူးပေါင်းသင့်ပြီ
အခု ကျွန်တော့် အသင်းမှာ ရှိနေတဲ့ တက္ကသိုလ်ကျောင်းသားတွေ ရှိတယ်။ သူတို့ခမျာ ကျောင်းတက်ရတာ အဝေးကြီးပဲ။ သူတို့နေရာမှာ ကိုယ်သာဆိုရင် တော် တော် မလွယ်မှာ ကိုယ်ချင်းစာမိတယ်။ ကိုယ်တွေ ခေတ်တုန်းက ပျော်စရာအရမ်းကောင်းပြီး စုစုစည်းစည်းရှိခဲ့တဲ့ တက္ကသိုလ်လေ။ မိန်းထဲမှာ လာစုကြတာ ပျော်စရာကြီး။ အခုတော့ တကွဲတပြားနဲ့ အဝေးကြီး တွေ မှာ ။ တက္ကသိုလ်ပြန်ဖွင့်ပါစေလို့ ဆုတောင်းပါတယ်။ အာရှရဲ့ အထင်ကရတက္ကသိုလ်မှာ ဒို့တက္ကသိုလ်ပါတယ်။ ပညာတတ်တွေ အများ ကြီးမွေးထုတ်ပေးခဲ့လို့လေ။ ခုတော့ ပညာရေး မှာ လည်း နိုင်ငံတကာနဲ့ မယှဉ်နိုင်အောင်နိမ့်ကျ။ ကျန်းမာရေး မှာ လည်း နိမ့်ကျနဲ့ ပြန်အဖတ်ဆယ် ကြဖို့ အားလုံးမှာ တာဝန်ရှိတယ်။ နိုင်ငံခြားရောက်နေတဲ့ ဆရာကြီးတွေ ၊ ဆရာမ ကြီးတွေ ၊ ပညာရှင်တွေ ကလည်း ပြည်တွင်းမှာ ပြန်ပြီး ကိုယ့်နိုင်ငံရဲ့ ပညာရေး ၊ ကျန်းမာရေး အတွက် ပြန်ထူထောင်ပေးသင့်တယ်။ လက်ရှိလုပ်ကိုင်နေတဲ့ ပြည်တွင်းက ပညာရှင်တွေ ကလည်း ဒီလူတွေ ကို ပြန်ပြီး လက်ကမ်းကြိုသင့်တယ်။ အခု ဖြစ်နေကြတာက ပညာရေး လောကရော၊ ဆရာဝန်လောကရောပေါ့။ ပြည်ပကလာတဲ့ ပညာရှင်တွေ ကလည်း ဒီမှာ ရှိတဲ့ အရာလေးတွေ နဲ့ သင်ကြားနေရတယ်။ ရှိတဲ့ ဆေးဝါးတွေ ၊ ကိရိယာတွေ နဲ့ ရှိသလို၊ ဖြစ်သလို ကုသနေကြရတယ် ဆိုတာကိုနားလည်ပေးရမယ်။ နှစ် ဦးနှစ် ဖက် နားလည်ပေးမှ ဒီလုပ်ငန်းကြီး ပြန်လည်ထူထောင် လို့ရမှာ ။ မင်းတို့ ဆေးဝါး တွေ ၊ တန်ဆာပလာတွေ က အစုတ်တွေ ၊ ဒိတ်အောက်နေ ပြီ။ ဒါတွေ နဲ့ ငါတို့မကုနိုင်ဘူး၊ မလုပ်နိုင်ဘူးဆိုရင် သွားပြီ လေ၊ မလာနဲ့တော့။
လူမှန်ရင် ခံယူချက်ထားသင့်တယ်
ဦးသန့်အရေး အခင်းတုန်းက ကျွန်တော် ရှစ်တန်းကျောင်းသားပဲရှိသေးတယ်။ ဒါပေမဲ့ အဒေါ်နဲ့ မိန်းထဲလိုက်သွားတော့ ကျောင်းထဲက မြင်ကွင်းတွေ အားလုံးကို တွေ့ ခဲ့ရတယ်။ စင်တွေ ထိုးကြ၊ စင်ပေါ်မှာ တရားတွေ ဟောကြနဲ့ တကယ့်ကို အုတ်အော်သော င်းတင်းပဲ။ ငယ်ငယ်တုန်းက တွေ့ ဖူးခဲ့တယ်။ ရုပ်ရှင်က ၈၄ မှာ စရိုက်ခဲ့တာလေ။ ရုပ်ရှင်ဘက်ကနေပဲ လှုပ်ရှား ဖြစ်ခဲ့တယ်။ ပါခဲ့ကြပါတယ်။ အနုပညာရှင် တော် တော် များများ ၊ ဒါပေမဲ့ ခံယူချက်မရှိကြဘူး။ ကိုယ် ကတော့ ကိုယ့်ခံယူချက်နဲ့ပဲ ကိုယ်နေတယ်။ အခွင့်အရေး ရတဲ့ဘက်ကို ယိုင်သွားတာတို့၊ သာတဲ့ဘက်ကို ကူးသွားတာတို့၊ ဒါတွေ က အဓိပ္ပာယ်မရှိဘူး။ လောကမှာ အဲဒါမျိုးတွေ တော် တော် များ တယ်။ ခံယူချက်မရှိတဲ့ဟာတွေ ။ ဒါကြောင့် လူတွေ နဲ့ကို မတွေ့ ချင်တော့တာ။ အခုနေရတာ အရမ်း စိတ်ချမ်းသာတယ်။ နာရေး ကား မောင်းပေးစရာရှိရင် မောင်းပေးလိုက် တယ်။ ကူညီမှု လိုနေသူ တွေ အတွက် ပညာရေး ၊ ကျန်းမာရေး ၊ သဘာဝ ဘေး၊ စစ်ဘေး ဒုက္ခသည်၊ လူမှု ရေး ဒုက္ခသည် တွေ အတွက်ရော အကုန် အလှူငွေရှိရင် ရှိနေသလောက် လုပ်ပေးမှာ ပဲ။ ဒါပဲကောင်းတယ်။ အပြင်ထွက်ပြီး ဟေးလားဝါးလားတွေ မလုပ်ချင်တော့ဘူး။ အပြင်ထွက်ပြီး လူ တစ်ယောက် နဲ့ တွေ့ လိုက်တာနဲ့ အကုသိုလ်ကဝင်ပြီ။ ကိုယ်နဲ့ ခံယူ ချက်ချင်း မတူတဲ့သူနဲ့ပေါ့။
သစ်ပုတ်သမိုင်း မရိုင်းပါစေနဲ့
မပြုပြင်လို့ ဟောင်းတာပဲ ဖြစ် ဖြစ်၊ ပိတ်ဆို့ထားလို့ ဟောင်းတာပဲ ဖြစ် ဖြစ်၊ ဘာကြောင့် ပဲ ဖြစ် ဖြစ် သူ့မျိုးဆက်တွေ ကတော့ ထွက်လာတာပဲ။ သစ်ပုတ်ပင်ကြီးအောက်မှာ သစ်ပုတ် မျိုးဆက်တွေ အများ ကြီးထွက်လာတာပဲ။ ဒါ သစ်ပုတ်ပင်ကြီးရဲ့ သမိုင်းပဲ။ ဒီလိုပဲ ကျောင်းမှာ ဖွင့်ရင်ပေါ့။ ဆက်တက်ကြမယ့်မျိုးဆက်တွေ ကောင်းဖို့အရေး ကြီးတယ်။ နောက်သစ်ပုတ်ပင် ကြီးက မပြောင်းလဲဘူး။ မယိမ်းယိုင်ဘူး။ သူ့ယုံကြည်ချက် အတိုင်းပဲ သူနေတယ်။ သူ့ပုံသ္ဌာန် က လက်သီးဆုပ်ပြီး ထောင်ထားသလိုပဲ။ မားမားမတ်မတ်ရှိနေတယ်။ တက္ကသိုလ်မြေက နိုင်ငံ ခေါင်းဆောင်တွေ အများ ကြီး မွေးဖွားပေးခဲ့တဲ့ နေရာပါ။ အဲဒီ လိုပဲ သစ်ပုတ်ပင်ကြီးရဲ့ ရပ်တည် ရာ၊ ဆုံးဖြတ်ချက် ရည်ရွယ်ချက်ပုံမျိုးပေါ့။ နိုင်ငံအတွက် အကျိုးရှိမယ်။ အများ အတွက် အကျိုး ရှိမယ့် ကျောင်းသားမျိုးဆက်တွေ ဆက်လက် မွေးထုတ်ပေးနိုင်ပါစေ။ သစ်ပုတ်သမိုင်း မရိုင်းရ အောင် စောင့်ထိန်းပေးကြပါလို့...။
အပိုင်း (၂)
ပုံရိပ်ရှင် ကျော်သူ
နာရေး ကူညီမှု အသင်း (ရန်ကုန်)မှ ''ဆေးဖြင့် ရောဂါ တို့ကို ဆေးကြောအံ့''ဟူသော ဆောင်ပုဒ်ကို လက်ကိုင်ပြု၍ ဝေဒနာရှင် အများ ပြည်သူတို့အား အခမဲ့ ဆေးဝါးကုသပေးနေ သော သုခကုသိုလ် ဖြစ်ဆေးခန်းတွင် မျက်စိ ရောဂါ ဝေဒနာရှင်တို့အား ရေတိမ်စွဲ၍ မျက်စိ အမြင်အာရုံ ချို့ယွင်းနေသော မျက်စိဝေဒနာရှင်တို့အား အမြင်အာရုံ ပြန်လည်ကောင်းမွန် ကြည်လင်မှု ရရှိစေရန် မျက်စိအထူးကု ဆရာဝန်ကြီးများ မှ ခွဲစိတ်ကုသပေးလျက်ရှိရာ ၂ဝဝ၇ ခုနှစ် ၊ မတ်လမှ ၂ဝ၁ဝ ခုနှစ် ဇွန်လကုန်အထိ မျက်စိခွဲစိတ်လူနာပေါင်း ၂၅ဝဝ ကျော် ရှိခဲ့ပါ သည်။ ၂၃.၇.၂ဝ၁ဝ (ကြာသပတေးနေ့) တွင် ခွဲစိတ်ပြီးသော ဝေဒနာရှင် လူနာများ အား စေတနာရှင် မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်မှ ပြန်လည်စစ်ဆေး ကြည့်ရှုခဲ့ပါသည်။ ဝေဒနာရှင် လူနာများ သည် ခွဲစိတ်ကုသပြီးသည့် အချိန်မှစ၍ အလင်းဒဏ်ကို ကာကွယ်ရန် အတွက်လည်းကောင်း၊ ဖုန် အမှိုက်များ မှ ကာကွယ်ရန်အတွက်လည်းကောင်း ဂွမ်းစ၊ မျက်စိ အဖုံးများ ၊ နေကာမျက်မှန် အနက်များ ကို တပ်ဆင်ထားကြရာ မျက်စိဆရာဝန်ကြီးနှင့် ပြသ သည့်အချိန်တွင် မျက်စိဖုံးများ ၊ နေကာမျက်မှန်များ ကို ချွတ်၍ ဆရာဝန်ကြီးမှ ခွဲစိတ်မှု အခြေအနေနှင့် မျက်စိ၏ အမြင်စွမ်းအားတို့အား စစ်ဆေးကြည့်ရှုပါသည်။
ထိုသို့ မျက်စိဆရာဝန်ကြီး ဒေါက်တာ ဦးမိုးလွင်မှ စမ်းသပ်စစ်ဆေးရာတွင် လူနာများ မှ မိမိတို့ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီ ဖြစ်ကြောင်း ဝမ်းသာအားရနှင့် စေတနာရှင် ဆရာဝန်ကြီး၊
ကျွန်တော် ၏ အပြုံးနောက်ကွယ်တွင် စကားလုံးပေါင်း မြောက်မြားစွာ ဦးနှောက်ထဲ တွင် အစီအရီ ပေါ်ပေါက်လာသည်။ ထိုစကားလုံးများ သည် နှုတ်မှ ထွက်ပေါ်လာခြင်းမရှိချေ။ ယင်းစကားလုံးများ သည် ''အမေရေ ... ကျွန်တော့် ကို တီဗီဖန်သားပြင်၊ ရုပ်ရှင်ပိတ်ကားထက် မှာ ဘယ်တော့အခါမှ မြင်တွေ့ ရတော့မှာ မဟုတ်တော့ဘူး အမေ။ နိုင်ငံတော် မှ ကျွန်တော့် ကို အနားပေးလိုက် ပြီ အမေ။ အနုပညာလောကမှ မောင်းထုတ်ခြင်းခံလိုက်ရပြီမှာ (၃)နှစ် ရှိပြီ အမေ။ ရုပ်ရှင် အနုပညာရပ်ဆိုတာ အများ ပြည်သူကို ငိုခြင်း၊ ရယ်ခြင်း၊ ဒေါသထွက်ခြင်း၊ ပေါက်ကွဲစေခြင်း ဆိုတဲ့ အကုသိုလ်အလုပ် မိမိ အတ္တအကျိုးအတွက် လုပ်ဆောင်နေတဲ့ အတ္တ ဟိတအလုပ်၊ ပြည်သူလူထုကို လိမ်ညာနေတဲ့အလုပ်လို့ ကျွန်တော် မြင်ပါတယ်။
ဒါကြောင့် ကျွန်တော့်  ရဲ့ ပရိသတ် အများ ပြည်သူနဲ့ အမေတို့အတွက် အမေပြောလိုက်တဲ့အတိုင်း အရှင်လတ်လတ်ကြီးနဲ့ ပြည်သူတွေ ရဲ့ ကြားမှာ ပြည်သူတွေ ရဲ့ အနား မှာ
ထို့ကြောင့် ... အကယ်၍ များ အပြောင်းအလဲတစ်ခုခုကြောင့် ကျွန်တော့် အား အနုပညာ လုပ်ငန်းများ ပြန်လည်လုပ်ကိုင်ခွင့်များ ရရှိခဲ့သော် ကျွန်တော် သည် အနှစ် သာရမရှိသော ၊ အကျိုးမရှိသော ဖျော်ဖြေရေး သက်သက်သာ ဖော်ကျူးသည့် အများ ပြည်သူအား လိမ်ညာသော ဇာတ်လမ်းများ ကို ရိုက်မည် မဟုတ်။ သမိုင်းစစ် သမိုင်းမှန်များ ၊ အတ္ထုပ္ပတ္တိများ ၊ ဘာသာရေး ၊ လူမှု ရေး သမိုင်းမှတ်တိုင် အစစ်အမှန်များ ကိုသာ အများ ပြည်သူအတွက် ပေးဆပ်ရိုက်ကူးသွားမည် ဖြစ်ပါကြောင်း စိတ်ကူးယဉ်မိပါတော့သည်။
ကျော်သူ
၎.၁.၂ဝ၁၃ လွတ်လပ်ရေး နေ့ နေ့လည် (၂း၃ဝ) နာရီအချိန်၌ ရွှေစင်စင်္ကြာ မော်တော် ယာဉ်အဖွဲ့မှ ပိုင်ရှင် ဦးမိုးနိုင်နှင့် မန်နေဂျာ ကိုကျော်စိုး အပါအဝင် ဝန်ထမ်းများ သည် နာရေး ကူညီမှု အသင်း (ရန်ကုန်)သို့ ရောက်ရှိလာကြပြီး အလှူငွေကျပ်သိန်း (၁၅ဝ)ကျပ်အား ပေးအပ်လှူဒါန်းပွဲတစ်ရပ် ကျင်းပပြုလုပ်ခဲ့သည်။ ရွှေစင်စင်္ကြာအဖွဲ့သည် နာရေး ကူညီမှု အသင်း (ရန်ကုန်)သို့ ငွေရေတွက်စက်၊ မျက်စိခွဲစိတ်ခန်းနှင့် နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ လိုအပ်သည့်နေရာ အသီးသီးတို့အတွက် အလှူရေစက် လက်နှင့် မကွာ လှူဒါန်းပေးနေသည့် မြင့်မြတ် လှသော အလှူရှင်တစ်ဦးလည်း ဖြစ်သည်။ ထို့အပြင် နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ လူမှု ရေး ခရီးစဉ်များ အ ဖြစ် မြန်မာပြည်အနှံ့ လိုက်လံသွားရောက်မှု ခရီးစဉ်များ အတွက် ပို့ဆောင်မှု များ ပြုလုပ်ပေးနေသော အလှူရှင်များ လည်း ဖြစ်သည်။ သို့ ရာတွင် ယခု လာရောက်လှူဒါန်းသော လှူဒါန်းရခြင်းရည်ရွယ်ချက်မှာ ထူးခြားမှု တစ်ခု ဖြစ်သည်။ နာရေး ကူညီမှု အသင်း (ရန်ကုန်) အနေဖြင့် ရုပ်ရှင်၊ ဗီဒီယို၊ ဒီဗီဒီ ဇာတ်ကားရိုက်ကူးပြီး ရရှိလာသော အကျိုးအမြတ်များ အား အများ အကျိုးအတွက် အသုံးပြုရန်အတွက် ဖြစ်သည်။ ထို့ကြောင့် ရွှေစင်စင်္ကြာ မော်တော် ယာဉ် မိသားစု၏ ဆန္ဒအား ဖြည့်ဆည်းပေးရန်အတွက် ဥက္ကဌ ဦးကျော်သူသည် ဆုံးဖြတ်ချက် ချလိုက် တော့သည်။ ရုပ်ရှင်အနုပညာနယ်ပယ်မှ ထွက်ခွာခဲ့သည်မှာ (၅)နှစ် ကျော်ကြာခဲ့ပြီ ဖြစ်သော် လည်း ယခုကဲ့သို့ အများ အကျိုးအတွက် အကျိုးရှိမည့်  အကျိုးပြုဇာတ်လမ်းအား ရိုက်ကူးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်တော့သည်။ ယင်းဇာတ်ကားသည် အတ္တ အနုပညာအတွက်မဟုတ် ပရဟိတ အနုပညာလုပ်ငန်းသက်သက်သာ ဖြစ်စေရမည် ။ ပရဟိတလုပ်ငန်းများ အား ဝါသနာပါသော ၊ စွန့်လွှတ်ပေးဆပ်နိုင်သော အနုပညာရှင်များ ဖြင့် လက်တွဲ၍ ရိုက်ကူးသွားမည် ဟု ဆုံးဖြတ်ထား သည်။ ယင်းအခမ်းအနားမစမီ၌ နာရေး ကူညီမှု အသင်း (ရန်ကုန်)တွင် စဉ်ဆက်မပြတ် လာရောက်ပေးဆပ်နေသော နန်းခင်ဇေယျာအား တယ်လီဖုန်းဖြင့် တီးခေါက်ကြည့်မိသော အခါ အားတက်သရော ပါဝင်သရုပ်ဆောင်ပေးမည် ဟု ပြောကြားခဲ့၍ ဦးကျော်သူသည် ဒါရိုက်တာ အ ဖြစ် ရိုက်ကူးပေးမည် ဟု ဆုံးဖြတ်လိုက်ခြင်းပင် ဖြစ်တော့သည်။ ယင်းဇာတ်ကားအား လူမှု ရေး စိတ်ဓာတ်ပြင်းထန်သော ၊ စွန့်လွှတ်ပေးဆပ်ရဲသော သရုပ်ဆောင်၊ အနုပညာရှင်များ ၊ လူမှု ရေး ဂီတသူရဲကောင်းများ ၏ သီချင်းသံစဉ်များ ၊ ပြည်သူ့အတွက် ရုပ်ရှင်စက်မှု လုပ်သားများ ၊ နာရေး ကူညီမှု အသင်း (ရန်ကုန်)ရှိ လူမှု ရေး သမားများ ဝန်ထမ်းများ အပြင် အနယ်နယ် အရပ် ရပ်ရှိ လူမှု ရေး အသင်းအဖွဲ့ အသင်းသား/သူများ နှင့် တစ်ကြိမ်တစ်ခါမျှ မရိုက်ကူး မတင်ပြဘူး သော လူ့လောကအတွင်းရှိ ဖြစ်ရပ်မှန်များ ကို အများ ပြည်သူတို့အတွက် (၅)နှစ် ကျော် အနုပညာ လောကနှင့် ဝေးကွာခဲ့ရသော ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာဟောင်း ဦးကျော်သူ၏ ပထမဦးဆုံး အနုပညာထွက်ပေါက်အ ဖြစ် ဆန်းသစ်စွာ ရိုက်ကူးတင်ပြ ထုတ်လုပ်သွားမည် ဖြစ်ပါ တော့သည်။
ကျော်သူ
ကျွန်ုပ်၏ ဖြတ်သန်းလာသော ဘဝလမ်းကြောင်းခရီးကို ပြန်လည်သုံးသပ်မိသည်။ ဘဝ ခရီးကို ပထမ၊ ဒုတိယ၊ တတိယဟူ၍ (၃)ပိုင်း ပိုင်းခြားလိုက်ပါမည် ။
ဘဝ၏ ပထမအရွယ်လမ်းကြောင်းကို ပြန်လည်သုံးသပ်သော် .... ငယ်စဉ်ဘဝထဲက ဝါသနာပါသော ပန်းချီပညာရပ်နှင့် ဓာတ်ပုံ (ရုပ်ငြိမ်/ရုပ်သေ) Still cameraman ဘဝပင် ဖြစ်သည်။ ဟုတ်သည် .... ကျွန်ုပ်၏ ဖော်ကျူးထားသော ပန်းချီကားများ သည် ငြိမ်သက်နေ သည့် ပုံရိပ်များ ကို အသက်ဝင်လာအောင် တင်ပြထားမှု များ က များ လှသည်။ ဥပမာအားဖြင့် ''အောင်စည်အောင်မောင်း''၊ ''ဒိုး''၊ ''စစ်နှင့် ငြိမ်းချမ်းရေး ''၊ ''သစ္စာဖောက် (၈၈-၁)'' စသည့် ပန်းချီကားများ ဖြစ်တော့သည်။ ''အောင်စည်အောင်မောင်း''နှင့် ''ဒိုး'' ပန်းချီကားတို့သည် သဘင်သည် အမျိုးသမီးကနေသော ဟန်ပန် (လက်များ ၊ ခါးများ ၊ ခြေများ ) လှုပ်ရှားမှု ဟန်ကို ဖန်တီးထားခြင်း၊ ''စစ်နှင့် ငြိမ်းချမ်းရေး '' ပန်းချီကားတွင် ငြိမ်းချမ်းရေး ငှက်အတွင်းရှိ စစ်သ္ဌာန်များ လှုပ်ရှားမှု ပေါ်လွင်နေခြင်း၊ ငြိမ်းချမ်းရေး (ဂျိုးငှက်)၏ ပျံသန်းမှု ကား သံဆူး ကြိုးမှတစ်ဆင့် ဖြတ်သန်းတော့မည့် အလား ဖြစ်နေခြင်း၊ ''သစ္စာဖောက်'' ပန်းချီကားတွင် ငြိမ်သက်စုဝေးနေသော ငှက်အုပ်စုမှ တစ်ကောင်တည်း ပျံသန်းထွက်ခွာခြင်း စသည့် သ္ဌာန် များ ပင် ဖြစ်တော့သည်။
ရုပ်ငြိမ်ဓာတ်ပုံပညာရပ်တွင် လည်း လှပသော ရှုခင်းတွင် အလင်းရောင် အနေအထား များ မှတစ်ဆင့် ခံစားရသူ ကြည့်ရှုသူတို့၏ စက္ခုအာရုံတွင် လှုပ်ရှားမှု ကို ဖြစ်ပေါ်စေခြင်း၊ သဘာဝ ၏ အလှတရားများ ကို သက်ဝင်မှု ရှိလာအောင် ဖန်တီးပေးထားမှု များ ပင် ဖြစ်သည်။ ဤသည် တို့ကား ပထမအရွယ်၏ ခံစားမှု ၊ ဖန်တီးမှု အတ္တနယ်ပယ်ပင် ဖြစ်တော့သည်။
ဘဝ၏ ဒုတိယအရွယ်တွင် ဖော်ကျူးတင်ပြမှု ကို ပြောပြပါတော့မည် ။ ရုပ်ငြိမ်ပန်းချီ ဝါသနာရှင်ဘဝမှ ဘဝ၏ ကံဇာတာအပြောင်းအလဲကြောင့် ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာ ဘဝသို့ ခြေလှမ်းခဲ့ရပြီ ဖြစ်တော့သည်။
ရုပ်ရှင်သရုပ်ဆောင်/ဒါရိုက်တာတည်းဟူသော အနုပညာသမား တစ်ယောက် ၏ ဖော်ကျူးမှု ပေးဆပ်မှု တို့ကား သေနေသော အရုပ်များ ၊ ရုပ်ပုံလွှာများ ကို ရှင်လာအောင်၊ လှုပ်ရှားလာအောင် ဖော်ပြမှု ပင် ဖြစ်သည်။
ယခု....ဘဝ၏ တတိယအရွယ်သို့ ရောက်ခဲ့ပြီ။ ကံကောင်းကြီးလှစွာ ဖြင့် အနုပညာ လောကထဲမှ နှင်ထုတ်ခံလိုက်ရပြီ ဖြစ်တော့သည်။ အချိန်ကာလ ကန့်သတ်မှု မရှိ။ အနုပညာ လုပ်ငန်းကို လုပ်ကိုင်ခွင့်မပြုတော့ချေ။ ဝမ်းမြောက်စွာ ဖြင့် ကျေးဇူးတင်စွာ ဖြင့် သာဓုခေါ်ဆို လိုက်ပါသည်။ ရုပ်ရှင်သမားဘဝမှ ရုပ်သေလောကထဲသို့ ပြန်လည်၍ ခြေစုံပစ်ဝင်ခဲ့ရပြီ ဖြစ် တော့သည်။ အကြောင်းမှာ သေဆုံးသွားသော လူတို့အား (အခမဲ့) မီးသင်္ဂြိုဟ်ပေးရမှု ပင် ဖြစ်တော့သည်။ ယခုမှ ပရဟိတနယ်ပယ်တွင် ဘဝတစ်ခုလုံး စုန်းစုန်းမြုပ်၍ လုပ်ကိုင်ပေးဆပ်ခွင့် ကို ရရှိတော့သည်။ အမြော်အမြင်ကြီးမားလှသော ဘက်စုံအနုပညာရှင်ကြီး ဘဘဦးသုခ၏ ကျေးဇူးပင် ဖြစ်တော့သည်။ အနုပညာလောက၏ အကုသိုလ်ပွားများ မှု များ ကို ကုသိုလ်တရား ဖြင့် မိမိ၏ အနုပညာသည်ဘဝကို ခုတုံးလုပ်ကာ ပြန်လည်၍ ပေးဆပ်မှု ၊ အကြွေးဆပ်မှု ၊ ကျေးဇူး ဆပ်ခွင့်ပင် ဖြစ်တော့သည်။ (ကျန်ရစ်ခဲ့သော အနုပညာမောင်နှမများ ၊ ထပ်မံမွေးဖွား ပေါ်ပေါက်လာသော အနုပညာ ညီငယ်/ညီမငယ်များ ၏ အတွင်းစိတ်သ္ဌာန်တွင် လည်း ရှိနေမည် ဟု ယူဆပါသည်။ ရှိလည်း ရှိနေစေချင်သည်။ ရှိမှု ကို အကောင်အထည်ဖော်ထုတ်ကြရန် တိုက်တွန်း အားပေးလိုက် ပါသည်။) ဒါမှလည်း အတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ ရောက်ရှိမည် ဖြစ်သည်။
ကျွန်ုပ်ဆိုလိုသည်မှာ ''မင်းတို့လည်း မင်းတို့ရဲ့ အနုပညာလောကကြီးကို စွန့်လွှတ်ပြီး ငါ့လို သုဘရာဇာ ဖြစ်အောင် လုပ်ကြ''ဟူ၍ မဟုတ်။ အတ္တနယ်ပယ်မှ ပရဟိတနယ်ပယ်သို့ ကူးရာတွင် အနုပညာလောကကိုလည်း စွန့်ရန်မလို၊ သုဘရာဇာလည်း လုပ်ရန်မလို။ ကိုယ်ကျင် လည်ရာဘဝ (အနုပညာလောက)မှ အများ အကျိုးပြုမည့်  ပညာရေး ၊ ကျန်းမာရေး ၊ ဘာသာရေး ၊ နိုင်ငံ့အရေး ၊ အမျိုးသားရေး ကိစ္စရပ်များ တွင် စစ်မှန်သော စိတ်ဓာတ်၊ သဒ္ဓါပွားသော လုပ်ရပ်၊ အထူးသဖြင့် သီလလုံစွာ ဗြဟ္မစိုရ်တရား (၄)ပါး လက်ကိုင်ပြု ကျင့်သုံးရန်သာ ဖြစ်တော့သည်။ သင်တို့သည် ကျွန်ုပ်ထက်သာသည်။ ကျွန်ုပ်ထက်စွမ်းသည်။ ကျွန်ုပ်ထက် အခွင့်အရေး များ သည်။ အများ အကျိုးဆောင် ကိုယ့်အကျိုးလည်း အောင်မည် ။ အောင်မြင်မှု ပန်းတိုင်နှစ် ခုကို လက်ကိုင်ပြုထားသူများ ဖြစ်သည်။ ကိုယ်ဝါသနာပါရာ အနုပညာလုပ်ငန်းကို လုပ်ကိုင်ခွင့် ရတုန်းရခိုက် အခွင့်အရေး လေးမှာ အများ အကျိုးအတွက် ပေးဆပ်နိုင်သူများ ဖြစ်တော့သည်။ ကျွန်ုပ်အတွက်သည်ကား တစ်ခုတည်းသော ပေးဆပ်မှု သာ ရှိတော့သည်။
ဤကဲ့သို့ ဘဝ၏ တတိယအရွယ်တွင် သေဆုံးသွားသော ရုပ်အလောင်းများ အား ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခြင်း၊ ကျန်ရစ်သူမိသားစုများ ၏ အပူမီးကို ငြိမ်းအေးပေးခြင်းတို့ကို လုပ်ကိုင်လာခဲ့စဉ် နေ့စဉ် နေ့စဉ်နှင့် အမျှ ရုပ်သေရုပ်ငြိမ် ဖြစ်သွားသူတို့၏ သေဆုံးမှု ခန္ဓာကိုယ် များ ကို ထိတွေ့  မြင်တွေ့ မှု များ ၊ အသုဘကမ္မဋ္ဌာန်း ခံယူခဲ့ရမှု များ ၊ သံဝေဂတရားများ ပေါ်ပေါက်လာမှု တို့သည်ကား ကျွန်ုပ်အတွက် များ စွာ ခံစားလာခဲ့ရတော့သည်။ နေရာလုပွဲကြောင့် တိုက်နေတဲ့စစ်၊ အာဏာကြောင့် တိုက်နေတဲ့စစ်ပွဲ၊ စားဝတ်နေရေး အတွက် တိုက်နေတဲ့စစ်ပွဲ၊ ဘာသာ ရေး ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အိမ်ထောင်ရေး ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ လူမျိုးရေး ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ နိုင်ငံရေး ကြောင့် တိုက်နေတဲ့စစ်ပွဲ၊ အာဃာတကြောင့် တိုက်နေတဲ့စစ်ပွဲ စသည့် စသည့် ဘဝစစ်ပွဲများ ကို တိုက်ရင်းခိုက်ရင်း နောက်ဆုံးတော့လည်း မီးခိုးနဲ့ ပြာဘဝထဲ ရောက်တော့တာပဲဟု မြင်လာမိတော့သည်။ ဒါဟာ ကျွန်ုပ်ရဲ့ သံဝေဂ။
ဒါကြောင့် ...ဘဝ၏ တတိယအရွယ်တွင် ပေါ်ပေါက်လာသော ကျွန်ုပ်ရဲ့ ဆန္ဒ၊ ရုပ်သေသမား ဘဝမှ ရုပ်ရှင်သမားဘဝ၊ ရုပ်ရှင်သမားဘဝမှ ရုပ်သေဘဝသို့ ဘဝ၏ သံသရာလည်ပတ်ခြင်းကို ခံနေရသော ဆန္ဒသည်ကား ဘဝသံသရာမှ လွတ်မြောက်လိုသည့် ဆန္ဒ၊ ရုပ်၊ နာမ် ချုပ်ငြိမ်းရာ ဘဝ၊ ရှင်ခြင်းများ နှင့် သာ ရပ်တည်လိုသည့်ဘဝ၊ ငြိမ်းချမ်းမှု မဂ်ဖိုလ်နိဗ္ဗာန်သို့ အရောက်လှမ်းလိုသည့် ဆန္ဒပင် ဖြစ်တော့သည်။
ထို့ကြောင့် ...ကျွန်ုပ်သည်ကား ''ရုပ်သေ''မှ ''ရုပ်ရှင်''သို့ ...
''သေခြင်း'' မှ ''ရှင်ခြင်း'' မြဲရာအရပ်သို့ ချီတက်အားထုတ် ကြိုးကုတ်ရန်သာ ရှိတော့သည်ဟု...။
(ယုံကြည်မိပါသည်...ဤစာပိုဒ်အား ဖတ်မိသူ စာဖတ်ပရိသတ်၊ အထူးအားဖြင့် ကျွန်ုပ် နှင့် လက်တွဲမဖြုတ် စွန့်လွှတ်စွန့်စား ရုန်းကန်ပေးဆပ်နေကြသော လူမှု ရေး သမားများ ၏ အသံကား...
'ခင်ဗျား၊ မင်း၊ ဦး၊ အစ်ကို၊ ငါ့မောင်လေး ကတော့ ငါတို့နဲ့ လမ်းခွဲချင်လို့လား၊ ငြီးငွေ့လို့ လား၊ စိတ်ဓာတ်ကျလို့လား၊ စိတ်ပျက်လို့လား၊ မပေးဆပ်ချင်တော့ဘူးလား၊ သတ္တိကြောင်တာလား၊ ကိုယ်လွတ်ရုန်းတာလား၊ သစ္စာဖောက်တာလား''
ဟူ၍ ပြောဆိုကြ၊ ကဲ့ရဲ့ ကြ၊ ဝေဖန်ကြ၊ ရှုံ့ချကြမည် ဟု မျှော်လင့်လျက် ...)
၂၅-၂-၂ဝ၁၁ ခုနှစ် နံနက် ၄းဝဝ နာရီတွင် ပေါ်ပေါက်မွေးဖွားလာမှု ။
မြန်မာ့ရုပ်ရှင်သမိုင်းတွင် ဦးနေဝင်းလက်ထက် ၁၉၆၂ ခုနှစ် မှစ၍ ပြည်ပနိုင်ငံများ မှ မြန်မာ ပြည်တွင်းသို့ လာရောက်၍ ရုပ်ရှင်ရိုက်ကူးခြင်းကို ပထမဦးဆုံး လာရောက်ရိုက်ကူးသော အဖွဲ့
သို့ ရာတွင် ဂျပန်လူမျိုးတို့၏ မလျှော့သော ဇွဲလုံ့လတို့ဖြင့် ဒုတိယအကြိမ် တင်ကြွေးဆပ် ရန် မြန်မာနိုင်ငံတွင်းသို့ ၂ဝဝ၃ ခုနှစ် တွင် ပြန်လည်၍ ဝင်ရောက်လာခဲ့သည်။ ဌာနဆိုင်ရာများ နှင့် ညှိနှိုင်းမှု ကို အကြိမ်ကြိမ်ပြုလုပ်ခဲ့ကာ ''သွေး'' ရုပ်ရှင်ဇာတ်ကားကြီးအား အဆုံးသတ်ရိုက်ကူးမှု ကို ပြုလုပ်နိုင်ခဲ့တော့သည်။ ၂ နှစ် တာ ကာလကြာမြင့်သွားမှု ကြောင့် သရုပ်ဆောင်များ ၏ ကိုယ်ခန္ဓာအနေအထား၊ ဆံပင်အနေ အထားများ နှင့် ရိုက်လက်စ ဝတ်စားဆင်ယင်မှု အသုံးအဆောင်ပစ္စည်းများ အား စနစ်တကျ တိကျမှန်ကန်မှု ရှိရန် ဂျပန်ပညာရှင်များ အထောက်အကူဖြင့် အကောင်းဆုံး ဖန်တီးရိုက်ကူးနိုင်ခဲ့သည်။ ထို ''သွေး'' ရုပ်ရှင်ဇာတ်ကားကြီးအား ဂျပန်နိုင်ငံနှင့် နိုင်ငံတကာ ရုပ်ရှင်ပွဲတော် များ တွင် ပြသခဲ့ရာ အထူးအားပေး အောင်မြင်မှု ကို ရရှိခဲ့သည်။
ထို့ကြောင့် ယခု ၂ဝ၁၃ ခုနှစ် တွင် ၁ဝ နှစ် ကျော် နိုင်ငံတကာတွင် အားပေးချီးကျူးခြင်း ခံခဲ့ရသော ''သွေး'' ရုပ်ရှင်ဇာတ်ကားကြီးအား မြန်မာပြည်တွင် ပြသခွင့်ရရှိရန်အတွက် ဒါရိုက် တာ ကိုဂျိချီနိုနှင့် အဖွဲ့သည် ဂျပန်-မြန်မာ ချစ်ကြည်ရေး ဥက္ကဌ ဖြစ်သူ ဦးခင်မောင်စိုး အကူအညီ ဖြင့် အစိုးရရုံးစိုက်ရာ နေပြည်တော် ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်တွင် လွှတ်တော် အမတ်များ နှင့် အစိုးရအဖွဲ့ဝင်များ အား လာရောက်ကာ ၃ဝ.၁.၂ဝ၁၃ ရက်နေ့တွင် ပြသခဲ့သည်။ အစိုးရအဖွဲ့ဝင်များ ၊ လွှတ်တော် အမတ်များ ၏ အားပေးမှု ကို ခံယူခဲ့ရသည်။ အချို့ သော လူကြီးများ ၏ မျက်ရည်စက်များ ကျဆင်းမှု ကို တွေ့ မြင်ခဲ့ရသည်ဟု ပြောကြားသံကို လည်း ကြားသိခဲ့ရသည်။ ကျွန်တော် သည် ၂၉.၁.၂ဝ၁၃ ရက်နေ့၌ မလေးရှားနိုင်ငံတွင် လူမှု ရေး လုပ်ငန်းရပ်များ နှင့် ပတ်သက်၍ သွားရောက်ကာ မြန်မာလူမှု ရေး အဖွဲ့ဝင်များ ၊ မလေးရှားနိုင်ငံ ရောက် မြန်မာလုပ်သားလူငယ်များ ၊ မလေးရှားနိုင်ငံရောက် ရဟန်းသံဃာတော် များ နှင့် ရင်းနှီး နွေးထွေးစွာ တွေ့ ဆုံအားပေးမှု စကားဝိုင်းများ ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့သို့ ပြန်လည်ရောက်ရှိခဲ့ကာ ပင်ပန်းနွမ်းနယ်မှု နှင့် နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ လုပ်ဆောင်ရမည့်  လူမှု ရေး လုပ်ငန်းများ အား ခရီးမှ ပြန်လည်ရောက်ချင်း လုပ်ကိုင်နေ၍ နေပြည်တော် မြို့ ပြည်ထောင်စု လွှတ်တော် သဘင်ခန်းမဆောင်တွင် ပြသခဲ့သော ''သွေး'' ရုပ်ရှင်ဇာတ်ကားအား သွားရောက်၍ ကြည့်ရှုအားပေးခြင်းကို မပြုလုပ်နိုင်ခဲ့ပါ။
''သွေး'' ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် မြန်မာ့ရုပ်ရှင်လောကအတွက် ရိုက်ကူးမှု ၊ စီမံခန့်ခွဲမှု ၊ စက်မှု ပိုင်း၊ မိတ်ကပ်ပညာရပ်ပိုင်း စသည့် လက်တွေ့ လုပ်ဆောင်ရသော က္ဘာ့ အဆင့်မီ ရုပ်ရှင်ပညာရပ်များ အား အသိဥာဏ် ပွင့်လင်းစေခဲ့သည်။ ကျွန်တော် သည် ''သွေး'' ရုပ်ရှင်ရိုက်ကူးမှု မစမီ ကာလများ မှ ရုပ်ရှင်ဒါရိုက်တာအ ဖြစ် မြန်မာ့ရုပ်ရှင်များ အား ရိုက်ကူးခဲ့ ပါသော်ငြားလည်း ဒါရိုက်တာ အကယ်ဒမီဆုကို မရရှိခဲ့ပါ။ ဂျပန်ဒါရိုက်တာ ကိုဂျိချီနို ရိုက်ကူး ခဲ့သော ''သွေး'' ရုပ်ရှင်ဇာတ်ကား၏ အတွေ့ အကြုံ ဗဟုသုတများ အား မှတ်ယူလေ့လာခဲ့ကာ ၂ဝဝ၄ ခုနှစ် ခန့်တွင် ကျွန်တော် ကိုယ်တိုင် ဒါရိုက်တာအ ဖြစ် ရိုက်ကူးခဲ့သော ''အမေ့နို့ဖိုး'' ရုပ်ရှင်ဇာတ်ကားဖြင့် ဒါရိုက်တာအကယ်ဒမီဆုကို ဆွတ်ခူးရယူနိုင်ခဲ့သလို ''အမေ့နို့ဖိုး'' ရုပ်ရှင် ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သော အဓိကအမျိုးသမီးဇာတ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်òန်း၊ ကုမ္ပဏီ၊ ကင်မရာ စသည့် ထူးချွန်ဆုပေါင်း (၇) ဆုအား ဆွတ်ခူးရယူနိုင်ခဲ့သည်။ ထို့ကြောင့် ဂျပန်ဒါရိုက်တာကြီး ကိုဂျိချီနို၏ ကျေးဇူး၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး အတွက် ရိုက်ကူးထားသော ''သွေး'' ရုပ်ရှင်အဖွဲ့၏ ကျေးဇူး၊ ''သွေး'' ရုပ်ရှင်ဇာတ်ကားကြီး၏ ကျေးဇူး တရားများ သည် ကျွန်တော့် အတွက် များ စွာ တန်ဖိုးရှိခဲ့သည်။
ယခုကဲ့သို့ ကျွန်တော် ၏ ကျေးဇူးရှင်တစ်ဦး ဖြစ်သူ ဂျပန်ဒါရိုက်တာကြီး ကိုဂျိချီနိုနှင့် တတိယအကြိမ် တွေ့ ဆုံခွင့်မရရှိခဲ့သည်ကို ကျွန်တော် များ စွာ စိတ်မကောင်း ဖြစ်ခဲ့ရသော်လည်း ၂.၂.၂ဝ၁၃ ရက်နေ့ နံနက် ၉း၃ဝ နာရီတွင် ''သွေး'' ရုပ်ရှင်ဒါရိုက်တာကြီး ကိုဂျိချီနိုနှင့် အဖွဲ့ အား ဦးခင်မောင်စိုး ဦးဆောင်၍ နာရေး ကူညီမှု အသင်း (ရန်ကုန်)ရှိရာ မြောက်ဒဂုံမြို့နယ်သို့ ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်ရှိလာ ခဲ့သည်။ သွေးမှ စကားပြော၍ ကျွန်တော့်  ထံသို့ ရောက်ရှိလာသော ဒါရိုက်တာကြီး ကိုဂျိချီနိုမှ ကျွန်တော့် အား ဝမ်းသာအားရ နှုတ်ခွန်းဆက်ခဲ့ကာ ကျွန်တော် မှလည်း ဖက်လှဲတကင်းဖြင့် ကျွန်တော် တို့၏ လူမှု ရေး လုပ်ဆောင်ချက်များ ၊ သုခ ကုသိုလ် ဖြစ် ဆေးခန်း၏ ဆေးကုသမှု များ အား လိုက်လံ ရှင်းလင်း ပြသခဲ့ပြီး ဧည့်သည်များ နှင့် ဒါရိုက်တာကြီး ကိုဂျိချီနိုအား နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ ပေးဆပ်မှီုဠီ အချပ်၊ ရက်စွဲ မှတ်တမ်းစာအုပ်၊ လက်ကမ်းစာစောင်များ နှင့်ုပတွှေ့က ၂ဝ၁၃ င်္ငမျအ ဘမနေု ဥကအ ဃေူနညိမေ တို့အား အမှတ်တရလက်ဆောင်အ ဖြစ် ပေးအပ်ခဲ့သည်။ ဒါရိုက်တာ ကြီး ကိုဂျိချီနိုမှ ''ကျွန်တော့် အား ယခုကဲ့သို့ လူမှု ရေး လုပ်ငန်းများ လုပ်ဆောင်ပေးမှု များ အား အထူးဝမ်းသာ ဂုဏ်ယူပါကြောင်းနှင့် အပူသော ကများ ၏ ဖိစီးမှု များ အား အနုပညာလုပ်ငန်း လုပ်ခြင်းဖြင့် ပြန်လည်အစားထိုးစေလိုကြောင်း'' ကျွန်တော် မမျှော်လင့်ထားသော စကားအား ပြောကြားခဲ့သည်။ ကျွန်တော် သည် ဒါရိုက်တာကြီး ကိုဂျိချီနို၏ ပုံပန်းရုပ်သ္ဌာန်အား ပြန်လည်၍ သတိပြုမိသော အခါ လွန်ခဲ့သော ၁ဝ နှစ် ကျော်ခန့်က အသက် ၇ဝ အရွယ်တွင် စတင်တွေ့ ရှိခဲ့သော ပုံသ္ဌာန်နှင့် ယခု ပြန်လည်တွေ့ ရှိသော အသက် ၈ဝ ကျော်အရွယ်၏ ပုံသ္ဌာန်သည် ကွာခြားမှု မရှိဘဲ ပိုမို၍ နုပျိုသော သ္ဌာန်ကို တွေ့ မြင်လိုက်ရသည်။ ထို့ကြောင့် ကျွန်တော် ၏ မနောစိတ်ထဲတွင် လွန်ဆွဲမှု တစ်ရပ် တဒင်္ဂလေးအတွင်း ဖြစ်ပေါ်ခဲ့ရသည်။ ယင်းမှာ ''အနုပညာသမားများ သည် အများ သူငါတို့ထက် ပိုမို၍ ရုပ်ဆင်းသ္ဌာန် နုပျိုစေပါသလား'' နှင့် ''အများ ပြည်သူတို့အတွက် အနစ်နာခံ ပေးဆပ်ရင်းဖြင့် မိမိ၏ ရုပ်ဆင်းသ္ဌာန် အိုမင်း စေပါသလား'' ဟူသော လွန်ဆွဲမှု တစ်ရပ်ပင် ဖြစ်တော့သည်။ ဒါရိုက်တာ ကိုဂျိချီနို၏ ကရုဏာ တရားဖြင့် ပြောကြားလိုက်သော စကားအား တဒင်္ဂအတွင်း မိမိ၏ ဝစီနှုတ်မှ ''အများ အတွက် ပေးဆပ်မှု များ ဖြစ်တဲ့ နာရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ သဘာဝ ဘေး၊ စစ်ဘေး စတဲ့ အပူမီး များ ကြောင့် ကျွန်တော် အနိစ္စတရားကို ကောင်းကောင်းကြီး သိသွားပြီ။ ဒါကြောင့် ပြင်ပ ရုပ်သ္ဌာန်ထက် အတွင်းနှလုံးသားလှဖို့ အရေး ကြီးပါတယ်''ဟူ၍ ပြန်လည်၍ မေတ္တာစကား ဆိုခဲ့သည်။
မည် သို့ ပင် ဖြစ်စေကာမူ ဂျပန်-မြန်မာ ချစ်ကြည်ရေး အတွက် အဓိကရိုက်ကူးခဲ့သော ''သွေး''ရုပ်ရှင် ဇာတ်ကားကြီး၏ အဓိပတိ ဖြစ်သူ ဂျပန်ဒါရိုက်တာကြီး ကိုဂျိချီနို၏ ဇွဲလုံ့လ မလျှော့ သော ''သွေး''နှင့် ကျွန်တော် ကျော်သူ၏ ဗြဟ္မစိုရ် ''သွေး''တို့သည် သွေးချင်းနှော၍ ''ချစ်ကြည်ရေး ၊ ငြိမ်းချမ်းရေး ပြယုဂ်သွေး''အ ဖြစ် ရပ်တည်သွားနိုင်မည် ဟု ကျွန်တော် ကျော်သူနှင့် ကိုဂျိချီနိုတို့ နှစ် ဦး အသိဆုံးပင် ဖြစ်တော့သည်။
ကျော်သူ
ဇာတ်ကားရိုက်ကူးခဲ့သည်မှာ ဆယ်စုနှစ် တစ်စုကျော် ကြာခဲ့ပြီး နိုင်ငံတကာတွင် ပြသ ခဲ့သော်လည်း မြန်မာနိုင်ငံတွင် ပြသခွင့် မရရှိသေးသည့် ဂျပန်-မြန်မာ ပူးပေါင်းရိုက်ကူးထားသည့် သွေးရုပ်ရှင်ဇာတ်ကားကို ပြီးခဲ့သည့် ဇန်နဝါရီလ ၃ဝ ရက်နေ့က နေပြည်တော် ပြည်ထောင်စုလွှတ်တော် သဘင်ခန်းမဆောင်၌ လွှတ်တော် အမတ်များ နှင့် အစိုးရအဖွဲ့ဝင်များ ကို ပြသခဲ့သည်။
ယင်းဇာတ်ကားကို ၁၉၉၈ ခုနှစ် ခန့်က ဂျပန်လူမျိုး ရုပ်ရှင်ဒါရိုက်တာကြီး မစ္စတာ ကိုဂျီချီနို (Koji Chino) နှင့် အဖွဲ့က ဂျပန်-မြန်မာ ချစ်ကြည်ရေး အဖွဲ့နှင့် ပူးပေါင်းကာ စာရေး ဆရာမ ကြီး ဂျာနယ်ကျော်မမလေး၏ သွေးဝတ္ထုကို ရိုက်ကူးခဲ့ခြင်း ဖြစ်သည်။ အဆိုပါဇာတ်ကား တွင် ကျော်သူ၊ မင်းမော်ကွန်း၊ အောင်လွင်နှင့် မျိုးသ္တာထွန်းတို့ ပါဝင်သရုပ်ဆောင်ထားပြီး ဂျပန်သရုပ်ဆောင် မိဖုယု အယ်ခိဒ (Mifuyu Ikeda) လည်း ပါဝင်သရုပ်ဆောင်ထားသည်။
ယင်းဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဦးကျော်သူသည် လက်ရှိတွင် သရုပ် ဆောင်အလုပ်ကို မလုပ်တော့ဘဲ နာရေး ကူညီမှု အသင်း အပါအဝင် လူမှု ရေး လုပ်ငန်းများ ကို လုပ်ကိုင်နေရာမှ ပြီးခဲ့သည့်လကစပြီး ဒါရိုက်တာအနေဖြင့် ဇာတ်ကားတစ်ကား စတင်ရိုက်ကူး နေပြီ ဖြစ်သည်။ သွေးဇာတ်ကား ကို မြန်မာနိုင်ငံတွင် ပြသနိုင်ရန် ညှိနှိုင်းမှု များ လည်း ပြုလုပ်နေ သည်ဟု သိရပြီး ယင်းဇာတ်ကားနှင့် ပတ်သက်ပြီး ဦးကျော်သူနှင့် မဇ္ဈိမက မေးမြန်းထားတာတွေ ကို ကောက်နုတ်ဖော်ပြပေးထားပါ သည်။
သွေးဇာတ်ကားရိုက်ကူးတဲ့ ဂျပန်အဖွဲ့ ဦးကျော်သူနဲ့ လာရောက်တွေ့ ဆုံခဲ့တယ်လို့ သိရပါတယ်။
သူတို့ နေပြည်တော် မှာ တစ်ပွဲပြတယ်။ ပြီးတော့ လွှတ်တော် အမတ်တွေ ကို ပြတယ်။ နောက်နှစ် ရက်မှာ ကျွန်တော့် ဆီ ရောက်လာတယ်။ မြန်မာပြည်တွင်းမှာ ရုံတင်ပြသဖို့အတွက် နေပြည်တော် မှာ သွားပြပြီး လွှတ်တော် အမတ်တွေ ကို လာပြပြီးတော့မှ ရုံတင်နိုင်ဖို့အတွက် သူတို့ကြိုးစားနေတယ်။ အဆင်ပြေဖို့ များ တယ်လို့တော့ ပြောတယ်။
သွေးဇာတ်ကား ဘယ်လိုစရိုက် ဖြစ်တယ်ဆိုတာ ရှင်းပြပေးပါ။
၁၉၉၃ ခုနှစ် လောက်မှာ မြန်မာပြည်ထဲကိုလာပြီး ဂျာနယ်ကျော်မမလေးရဲ့ သွေးဝတ္ထု ဂျပန်ခေတ်က တကယ့်အ ဖြစ်အပျက်ကို ရိုက်ဖို့လာကြတယ်။ လိုက်ဖက်မယ့် သရုပ်ဆောင်တွေ လာရွေးကြတယ်။ ကျွန်တော် ပါတယ်၊ မင်းမော်ကွန်းပါတယ်၊ မျိုးသ္တာထွန်းပါတယ်။ ဂျပန် မင်းသမီး တစ်ယောက် နဲ့ ရိုက်ကြတယ်။ ပထမတစ်ကြိမ် မ္တလေးမှာ သွားရိုက်တယှ်ခနညခန (ရိုက်ကူးမည့် နေရာ) လာကြည့်ပြီး အဆင်ပြေတယ်ဆိုပြီး နောက်တစ်ခေါက် လာရိုက်ကြတယ်။ အဲဒီ အချိန်က ပြည်တွင်းမှာ ဒေါ်လာခေတ်စားနေတဲ့အချိန် ဒေါ်လာနဲ့ တောင်းကြတာဆိုတော့ သူတို့လည်း မထင်မှတ်ဘဲ ငွေကုန်သွားတော့ နောက်တစ်ကြိမ် ပြန်ထပ်လာကြတယ်။ ဒုတိယ အကြိမ် ထပ်လာကြတယ်။ ပြန်လာပြီးမှ အဆုံးသတ် ရိုက်ကြတယ်။
သွေးဇာတ်ကားမှာ ဦးကျော်သူအနေနဲ့ ဘယ်လိုအခန်းကနေ ပါဝင်သရုပ်ဆောင်ခဲ့ရလဲ။
ကျောင်းဆရာ၊ တက္ကသိုလ်ဆရာပေါ့။ ငယ်ငယ်လေးကတည်းက ကလေး တစ်ယောက် ကို မွေးစားတယ်။ အဲဒါက မင်းမော်ကွန်း၊ သူ့ကို ဂျပန်လို့ပြောရင် သူက အရမ်းစိတ်ဆိုးတယ်။ သူက ဂျပန်ခေတ်က ဂျပန်စစ်ဗိုလ်နဲ့ မြန်မာအမျိုးသမီး တစ်ယောက် နဲ့ရပြီး မွေးလာတဲ့ကလေး။ ကပြားပေါ့။ သူက ဂျပန်ဆိုတော့ လူတွေ က အရမ်းမုန်းတယ်။ အဲဒီ အချိန် ဂျပန်ပြည်မှာ သူ့ အဖေနဲ့ မိန်းမနဲ့ သမီး တစ်ယောက် ရှိတယ်။ အဖေတူ အမေကွဲပေါ့။ အဲဒီ ဂျပန်အမျိုးသမီးကနေ သူ့မောင်လေးကို အဖေက မသေခင်မှာ ခဲ့တယ်။ မြန်မာပြည်မှာ မင်းရဲ့ မောင် ရှိနေတယ်ဆိုတာနဲ့ သူ့မောင်ကို တွေ့ ချင်လို့ မြန်မာပြည်ကိုလာတယ်။ မောင်ကို ချဉ်းကပ်တာ ချဉ်းကပ်လို့မရတော့ ကျွန်တော် က တစ်ဆင့်ဆက်သွယ်ပြီး ကျွန်တော် မွေးစားထားတဲ့ ညီနဲ့ ထိတွေ့ ဖို့ ကြိုးစားပေးရ တာပေါ့။ ဂျပန်မင်းသမီးနေရာ ကတော့ သူတို့ ဂျပန်ပြည်ကပဲ ဂျပန်မင်းသမီးအသစ် ရွေးလိုက်တယ်။
ဇာတ်ကားရိုက်ကူးခဲ့ချိန်တုန်းက အခက်အခဲ ကြုံတွေ့ ခဲ့ရတာ တွေ ရော ရှိပါသလား။
ကျွန်တော် တို့အတွက် ကတော့ မရှိပါဘူး။ သူတို့အပိုင်း ကတော့ ဒေါ်လာနဲ့ ရှင်းရတဲ့ကိစ္စ မြန်မာ့ရုပ်ရှင်လုပ်ငန်းကနေ လူနှစ် ယောက် ထည့်ပေးတယ်။ အဲဒီ လူနှစ် ယောက် ကို နေ့တိုင်း ဒေါ်လာနဲ့ ရှင်းပေးရတယ်။ ကိုယ့်ဘက်လည်း ထိထိရောက်ရောက် ကူညီပေးနိုင်တာ မျိုး မရှိခဲ့ဘူး။ မြန်မာပြည်က ဒါရိုက်တာတွေ အေဝမ်း မောင်လှမျိုး တို့၊ ဦးတင်ယုတို့၊ ဦးအောင်လွင်တို့နဲ့ ပူးပေါင်းပြီး ဒီကားကို ရိုက်ခဲ့ရတာ ။ သူတို့နဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ခဲ့တယ်။ အဝတ်အစားပိုင်းကော မိတ်ကပ်ဆရာအပိုင်းရော အဆင်သင့် လုပ်ပေးထား တယ်။ ကိုယ်ဘာမှ လုပ်စရာမလိုခဲ့ဘူး။
ပြည်ပကရိုက်ကူးတဲ့ သွေးဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရတဲ့အတွက် အဲဒီ အချိန်တုန်းက ဘယ်လိုခံစားခဲ့မိလဲ။
သွေး ကတော့ ဝတ္ထုဖတ်ကတည်းက ဒီဇာတ်ကောင်ကို အရမ်းနှစသက် တော့ ဒီဇာတ်ကားကို ရိုက်ခွင့်ရတဲ့အခါ ပြီးတော့ ပြည်ပကနေရိုက်တဲ့ ဇာတ်ကားမှာ ပထမဆုံး အရွေးခံရတဲ့ အတွက်လည်း ကျေနပ်တယ်။ အစွမ်းကုန်တော့ သရုပ်ဆောင်ပေးခဲ့တာပဲ။ သူတို့ဆီက အတွေ့  အကြုံ အများ ကြီးရတယ်။ မြန်မာ့ရုပ်ရှင်မှာ ရိုက်ပုံရိုက်နည်းတွေ နည်းစနစ် ကျပုံကျနည်းတွေ က ကိုယ့်အတွက် အကျိုးအများ ကြီး ရှိခဲ့ပါတယ်။
အဲဒီ အချိန်ကတည်းက ပြည်ပက ဒါရိုက်တာနဲ့ ရိုက်ခဲ့တာဆိုတော့ ရိုက်ရတဲ့အတွေ့ အကြုံ ရခဲ့တယ်ဆိုရမှာ ပေါ့။
ပြည်ပက လာရိုက်ရင်တော့ ဒီလိုအတွေ့ အကြုံရှိမယ်။ ပြည်တွင်းကရိုက်ရင်တော့ ဘယ်သူမှလည်း အဲဒီ လို စနစ်ကျကျ မရိုက်ကြဘူး။ ထုတ်လုပ်သူတွေ ကလဲ ငွေကုန်ကြေးကျ မခံနိုင်တော့ အဲဒီ လို မရိုက်နိုင်ဘူး။ အဲလိုရိုက်ခဲ့လို့လဲ ကားက ကောင်းတာပေါ့။ ၁၉၉၈ မှာ စရိုက်တယ်။ အဲဒီ နောက်မှာ ရပ်လိုက်ပြီး နောက်တစ်ကြိမ် ၂ဝဝ၃ မှာ ဒုတိယတစ်ကြိမ် ဆက် ရိုက်ကြတယ်။ နောက် အဲဒီ ကားကို ဂျပန်မှာ တစ်ခါပြတယ်။ အဲဒီ တုန်းက ကျွန်တော် တို့ကို ဖိတ်လို့ သွားခဲ့ရသေးတယ်။
ဦးကျော်သူအနေနဲ့ အခုပြန်ပြီး ရိုက်ကူးမယ့် ဇာတ်ကားများ ရော သူတို့ဆီက ရလိုက်တဲ့ နည်းပညာတွေ ကို အသုံးပြု ဖြစ်မလား။
ကျွန်တော် ''သွေး''ရုပ်ရှင် ရိုက်ကူးမှု မစသေးတဲ့ကာလမှာ ရုပ်ရှင်ဒါရိုက်တာအ ဖြစ် မြန်မာ့ရုပ်ရှင်တွေ ရိုက်ကူးခဲ့ပေမယ့် ဒါရိုက်တာ အကယ်ဒမီဆုကို မရရှိခဲ့ဘူး။ ဂျပန်ဒါရိုက်တာ ချီနို ရိုက်ကူးခဲ့တဲ့ ''သွေး''ကို လေ့လာခဲ့ပြီး ၂ဝဝ၄ ခုနှစ် လောက်က ကျွန်တော် ကိုယ်တိုင် ဒါရိုက် တာအ ဖြစ် ရိုက်ကူးခဲ့တဲ့ ''အမေ့နို့ဖိုး'' ရုပ်ရှင်ကားက ဒါရိုက်တာ အကယ်ဒမီဆုကို ဆွတ်ခူးရယူ နိုင်ခဲ့သလို အမေ့နို့ဖိုး ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အဓိက အမျိုးသမီးဇာတ်ဆောင်၊ ဇာတ်ပို့၊ ဇာတ်ရံ၊ ဇာတ်òန်း၊ ကုမ္ပဏီ၊ ကင်မရာ စတဲ့ ထူးချွန်ဆုပေါင်း ခုနှစ် ဆု ရယူနိုင်ခဲ့ တယ်။ နည်းပညာပိုင်း ကတော့ ရအောင်ယူရမှာ ပဲ စက်မှု ပိုင်းကျတော့ ကျွန်တော် တို့မှာ က အားနည်းတယ် နည်းစနစ်ပဲ အတုယူလို့ရမယ်။
ဒီဇာတ်ကားကို မြန်မာပြည်မှာ ပြသခွင့်ရမယ်ဆိုရင် ဘယ်လိုတုံ့ပြန်မယ် ထင်ပါသလဲ။
ဒီကား ကတော့ ပြည်တွင်းပြမယ်ဆိုရင် အောင်မြင်မယ်လို့ ကျွန်တော် မြင်တယ်။ ဒီလို ကောင်းတဲ့ကားမျိုး အနှစ် သာရရှိတဲ့ ကားမျိုးက မရှိတော့ဘူးလေ။
အရင်က ဦးကျော်သူရဲ့ ဇာတ်ကားတွေ က ပိတ်ပင်တားမြစ်ထားတာမျိုးတွေ ရှိခဲ့တော့ ဒီဇာတ်ကားပြသမယ်ဆိုရင် ခံစားမှု က ဘယ်လိုရှိမလဲ။
ဒီကားပြရရင်တော့ ဒီခေတ်ကလေးတွေ က ကျော်သူဆိုတာ မသိတော့ဘူး။ ဒီကားပြရင် ကျော်သူဆိုတာ ဒီလိုပါလားဆိုပြီး မြင်မှာ ပေါ့။ ကျော်သူဆိုတာ ဘယ်လိုသရုပ်ဆောင်တတ်ပါ တယ်ဆိုတာကို ရှုစားရမှာ ပေါ့။ ဒီလိုပြခွင့်ရတဲ့အတွက်လည်း ကျွန်တော့် ထက် ဒါရိုက်တာကြီး ချီနိုအတွက် ဝမ်းသာပါတယ်။ သူက မြန်မာပြည်ကို အရမ်းချစ်တယ်။ မြန်မာပြည်ကို ချစ်တဲ့ သူက မြန်မာပြည်မှာ ရိုက်တဲ့ကားကို မြန်မာပြည်မှာ ပြခွင့်မရဘူးဆိုတော့ သူ့အတွက်က စိတ်ထိခိုက်ရတယ်။ ပြခွင့်ရသွားပြီဆိုရင်တော့ သူ့အနေနဲ့ တော် တော် လေး ကျေနပ်သွားမှာ ပါ။
ဒီဇာတ်ကားရိုက်ကူးပြီးနောက်ပိုင်း ပြည်ပက လာရောက်ကမ်းလှမ်းတာမျိုး ရှိခဲ့သေးလား။
အရင်တုန်းက လုံးဝမရှိခဲ့ဘူး။ ဒီ ''သွေး''ဇာတ်ကားက ဦးနေဝင်းခေတ် ၁၉၆၂ နောက် ပိုင်း ပထမဆုံး ပြည်ပက လာကမ်းလှမ်းတာ။
ပြည်ပကဇာတ်ကားတွေ လာရောက်ရိုက်ကူးသလို ပြည်တွင်းမှာ ရော ဒီလိုဇာတ်ကားကောင်း ပေါ်ထွက်ဖို့ ဘာတွေ လိုအပ်မယ် ယူဆပါသလဲ။
ဘက်စုံပါပဲ။ ပြည်တွင်းမှာ က စီးပွားရေး တွေ ကျဆင်းတဲ့အတွက် ငွေထုတ်ပြီးရိုက်နိုင်တဲ့ ပရိုဂျူဆာ မရှိတော့ဘူး။ သရုပ်ဆောင်တွေ ပိုင်းကလည်း ဒီလို နည်းပညာတွေ ကို အတွေ့ အကြုံ မရှိတော့ ကားတစ်ကားရိုက်ရင် မြန်မြန်ပြီးရင် မြန်မြန်ပိုက်ဆံရတယ်။ အဲလို အတွေးအခေါ် တွေ ဖြစ်နေတယ် အနုပညာက အများ ပြည်သူအတွက် ဘယ်လောက်ကျန်ခဲ့မယ်ဆိုတာ... ကျပ်တည်းတယ်၊ စီးပွားရေး ကျတယ်၊ ပြီးတော့ ရိုက်ကူးတဲ့နေရာမှာ လည်း တားမြစ်မှု တွေ ရှိတယ်။ တက္ကသိုလ်မှာ ရိုက်ခွင့်မရဘူး။ လေဆိပ်မှာ ရိုက်မယ်ဆို လေဆိပ်ရိုက်ခွင့်မရဘူး။ ဒါမျိုးတွေ ကို အားလုံးက ပြုပြင်မှပဲရမယ်။ ဂျပန်က လာရိုက်တုန်းက သူတို့က စည်းကမ်းလည်း အရမ်းကြီး တယ်။ ပုဂံမှာ ရိုက်တဲ့အခါ ဘုရားဝန်းကျင်မှာ ရိုက်ရင် အဲဒီ အနားက အမှိုက်တွေ ကအစ လိုက်ကောက်တယ်။ ဘယ်နေရာပဲရိုက်ရိုက် သန့်ရှင်းမှု ကို အလေးထားတယ်။ ဖုန်ဆို တစ်စက်မှ မရှိအောင်လုပ်ပြီး ရိုက်တယ်။ ရိုက်ကွင်းတစ်ခုကို ဒီနေ့ရိုက်တယ်။ မွန်းလွဲ ၃ နာရီထိုးသွားလို့ငါ့အငညါ မကောင်းတော့ဘူးဆိုရင် သိမ်းလိုက်ပြီး နောက်တစ်ရက် အဲသည့်အချိန်ကိုပဲ ထပ်စောင့်ပြီး ရိုက်တယ်။ စနစ်ကျတာပေါ့။
ဂျပန်ဒါရိုက်တာကြီး ချီနိုနဲ့ ထပ်မံတွေ့ ဆုံ ဖြစ်တဲ့အခါ ဘာတွေ ပြော ဖြစ်လဲ။
သူက အခု ဗိုလ်ချုပ်ဇာတ်ကားကိုလည်း သူရိုက်ကူးချင်တယ်လို့ ပြောပါတယ်။ ကျွန်တော့် ရိုက်ကွင်းကို သူလေ့လာတယ်။ ဒီဇာတ်ကား အရင်ပြခွင့်ရရင်တော့ အဲဒါတွေ က သူ နာက်ထပ်လုပ်ရင် လုပ်မှာ ပေါ့။ ကိုယ်ရိုက်ထားတဲ့ကားကို ပြခွင့် မရဘူးဆိုတော့
မြန်မာဝတ္ထုတစ်ပုဒ်ကို ပြည်ပက လာရောက်ကမ်းလှမ်းပြီး ရိုက်ကူးနိုင်ရင် ကိုယ့်နိုင်ငံ ကတော့ ဒီလိုမျိုး မလုပ်နိုင်ဘူးလားလို့ ဦးကျော်သူအနေနဲ့ ထင်မြင်ယူဆမိပါသလား။
အမှန်တော့ မြန်မာပြည်ဝတ္ထုကို ပြည်ပက ရိုက်တယ်ဆိုတာ ဂုဏ်ယူစရာကောင်းသလို ပြန်စဉ်းစားရင်တော့ ရှက်စရာကောင်းပါတယ်။ ကိုယ့်မြန်မာဇာတ်ကို မရိုက်နိုင်ဘဲနဲ့ သူများ နိုင်ငံ က လာရိုက်တာက တစ်ဖက်က ဂုဏ်ယူနိုင်သလို တစ်ဖက်ကလည်း ရှက်စရာကောင်းပါတယ် လို့ ယူဆမိပါတယ်။
ပန်းမြတ်ဇော
ကျွန်တော် ကျော်သူသည် ၁၉၈၄ ခုနှစ် တွင် မြန်မာ့ရုပ်ရှင်လုပ်ငန်းတွင် လက်ဦးဆရာ ဒါရိုက်တာ ဦးမျိုးမြင့်အောင် ရိုက်ကူးသော ''ချစ်ကြိုးလေးနှစ် မျှင်'' ရုပ်ရှင်ဇာတ်ကားဖြင့် ရုပ်ရှင်သရုပ်ဆောင်အ ဖြစ် မြန်မာ့ရုပ်ရှင်လောကထဲသို့ ရောက်ရှိခဲ့သူ ဖြစ်သည်။
၁၉၉၄ ခုနှစ် တွင် ဒါရိုက်တာ စင်ရော်မောင်မောင် ရိုက်ကူးသော ''တပြည်သူမရွှေထား'' ရုပ်ရှင်ကားနှင့် အဓိကသရုပ်ဆောင် အကယ်ဒမီထူးချွန်ဆုကို ရရှိခဲ့ပြီးသည့်နောက် ၂ဝဝ၃ ခုနှစ် တွင် ''အမေ့နို့ဖိုး'' ဇာတ်ကားဖြင့် အကောင်းဆုံးဒါရိုက်တာ ထူးချွန်ဆုကို ရရှိခဲ့ကာ ယင်း ဇာတ်ကားနှင့် အကယ်ဒမီပေါင်း (၇)ဆုကိုလည်း ထိုက်ထိုက်တန်တန် ရရှိအောင် ရိုက်ကူး ဖန်တီးခဲ့သော သူ တစ်ယောက် လည်း ဖြစ်သည်။
၂ဝဝ၇ ခုနှစ် စက်တင်ဘာ (ရွှေဝါရောင် တော် လှန်ရေး ) မတိုင်ခင်အထိ နိုင်ငံတော် အကျိုးပြုဇာတ်ကားများ ၊ နေ့ထူးနေ့မြတ် ဂုဏ်ပြုပဒေသာကပွဲများ ၊ ရုပ်မြင်သံကြား ဇာတ်လမ်း များ အပြင် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရန်ပုံငွေရှာဖွေရေး ဘောလုံးပွဲများ ၊ ဗီဒီယိုဇာတ်လမ်း များ ကို ရိုက်ကူးပေးခဲ့သူလည်း ဖြစ်သည်။ ၂ဝဝ၇ ခုနှစ် စက်တင်ဘာ (ရွှေဝါရောင် တော် လှန်ရေး ) မှစ၍ ကျွန်တော့် အား ပြန်ကြားရေး ဝန်ကြီးဌာနမှ အနုပညာလုပ်ခွင့်များ ကို ပိတ်ပင်ထားသည် မှာ ယနေ့တိုင်ပင် ဖြစ်သည်။ သို့ သော် ကျွန်တော် သည် ရုပ်ရှင်လောကနှင့် ဝေးကွာသွားသည် တော့ မဟုတ်။ အနုပညာသမားများ ၏ သတင်းများ ၊ အနုပညာ လောကအတွင်း ဖြစ်ပေါ်နေ သော ပြဿနာများ ကို အတွင်းကျကျ သိရှိနေသူ ဖြစ်သည်။ အနုပညာလောကတွင် ကျင်လည် ခဲ့စဉ်က အနုပညာမောင်နှမများ ၊ ထုတ်လုပ်သူများ ၊ ဒါရိုက်တာများ နှင့် မည် သည့်ပြဿနာ တစ်စုံတစ်ရာမျှ မပေါ်ပေါက်ခဲ့ပါ။ သို့ သော် ၂ဝဝ၁ ခုနှစ် မှစ၍ ရုပ်ရှင်ဖခင်ကြီးတစ်ဦး ဖြစ်သော ဘဘဦးသုခ မျိုးစေ့ချပေးသော နာရေး ကူညီမှု အသင်း(ရန်ကုန်)တွင် တစ်ဖက်တစ်လမ်းမှပါဝင်၍ အများ ပြည်သူတို့အား တတပ်တအား ကူညီဖေးမကာ ကုသိုလ် ဖြစ်ပေးဆပ်ခဲ့သည့် အချိန်မှစ၍ အနုပညာသမားအချို့သည် ကျွန်တော် နှင့် လက်တွဲရိုက်ကူးခြင်းကို မပြုလုပ်ြ ကတော့ပေ။ အဘယ်ကြောင့် ဆိုသော် ကျွန်တော် လုပ်ကိုင်ပေးဆပ်နေသော လုပ်ငန်းသည် လာဘ်ပိတ်ခြင်း၊ နံနှိမ်ခံရခြင်း စသည့် အယူဝါဒ အစွဲများ ကြောင့် ပင် ဖြစ်တော့သည်။ မည် သို့ ဖြစ်စေ ကျွန်တော် သည် ဗုဒ္ဓဘာသာ မြန်မာလူမျိုး တစ်ယောက် အနေဖြင့် ဒိဋ္ဌိအယူဝါဒများ အား တိုက်ဖျက်ကာ မိမိ၏ ခံယူချက်၊ ဘဘဦးသုခ၏ ရည်ရွယ်ချက်များ ကို ကြံ့ကြံ့ခံကာ အများ ပြည်သူတို့အတွက် ပေးဆပ်ခဲ့သည်မှာ ယနေ့တိုင် ဖြစ်တော့သည်။
ဘဘဦးသုခ ကွယ်လွန်သွားသည့်အချိန်မှစ၍ ကျွန်တော် တို့၏ ပေးဆပ်မှု လုပ်ငန်းများ အား နာရေး ကူညီမှု တင်မက၊ ကျန်းမာရေး ၊ ပညာရေး ၊ သဘာဝ ဘေးဒဏ် စသည့် လူသားတို့၏ မ ဖြစ်မနေ ကြုံတွေ့ ရမည့်  အခက်အခဲများ ကို တိုးချဲ့၍ ကူညီဖေးမပေးခဲ့သည်။ ထိုသို့ နာရေး ကိစ္စ အခက်အခဲများ နှင့် ရန်သူမျိုးငါးပါးဒဏ် ခံခဲ့ရသော ပြည်သူလူထုကို ကူညီဖေးမပေးဆပ် ခဲ့သလို ရုပ်ရှင်အနုပညာသည်များ ကိုလည်း များ စွာ ကူညီဖေးမ ပေးဆပ်ခဲ့ရသည်။
၂ဝ၁၂ ခုနှစ် ၊ မတ်လတွင် မြန်မာ့ရုပ်ရှင်လောကသားများ ၏ ဒီမိုကရေစီနိုင်ငံတော် ထူထောင်ရာတွင် အာဏာရှင်စနစ်အား တိုက်ဖျက်လိုခြင်း၊ အနိမ့်ကျဆုံး ဖြစ်နေသော မြန်မာ့ ရုပ်ရှင်အား မြှင့်တင်လိုခြင်း၊ ရုပ်ရှင်လောကသားများ မိသားစုသဖွယ် စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ် ဖြစ်စေလိုခြင်း စသည့် ရည်ရွယ်ချက်များ ဖြင့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအား အသစ်တစ်ဖန် ပြန်လည်ဖွဲ့စည်းတော့မည် ဟု ကျွန်တော် သိရှိခဲ့ရသည်။ ထို့ကြောင့် ကျွန်တော့်  အတွက် ကျေးဇူးမကင်းခဲ့သော မြန်မာ့ရုပ်ရှင်လုပ်ငန်းအား အရှိန်အဟုန်မြင့်မားစွာ ဖြင့် တိုးတက် ပြောင်းလဲမှု ကို အမှန်တကယ် မျက်ဝါးထင်ထင် မြင်တွေ့ လိုချင်စိတ် ဖြစ်ပေါ်ခဲ့သည်။ ထို့ကြောင့် ကျွန်တော် သည် နေ့စဉ်နှင့် အမျှ နာရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ သဘာဝ ဘေး စသည့် လူမှု ရေး လုပ်ငန်းများ ကို လုပ်ကိုင်နေ၍ ကိုယ်တိုင်သွားရောက်၍ လျှောက်လွှာအား မယူ ဖြစ်ခဲ့ပါ။ ယင်းနေ့ နံနက် ၁ဝးဝဝ နာရီခန့်တွင် ကျွန်တော် ၏ မိတ်ဆွေ တည်းဖြတ်ပညာရှင်ထံမှ ကျွန်တော့် ထံသို့ ''ကိုယ်တိုင်လာမယူ၍ မပေးနိုင်ကြောင်း'' ရုပ်ရှင်အစည်းအရုံး ရွေးကောက်ပွဲအဖွဲ့ဝင်များ က ပြောကြားကြောင်း အကြောင်းကြားခဲ့သည်။
ဤတွင် ကျွန်တော် မှ ပြန်လည်၍ မေးခွန်းများ ပြန်လည်မေးမြန်းချင်တော့သည်။
- ကျွန်တော့် ကဲ့သို့ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်၊ အကယ်ဒမီ ဒါရိုက်တာတစ်ဦးအား ကိုယ်တိုင်ကိုယ်ကျလာယူမှ ပေးမည် ဟု ပြောခဲ့သော်လည်း ဇာတ်ပို့/ရံ အလွှာမှ လူရွှင်တော် တစ်ဦးအား တယ်လီဖုန်းဖြင့် လျှောက်လွှာတောင်းခံခြင်းကို အဘယ့်ကြောင့် ပေးခဲ့သနည်း၊
- နိုင်ငံရပ်ခြားတွင် ရောက်ရှိနေသော ဇာတ်òန်းအလွှာမှ ဇာတ်òန်းဆရာတစ်ဦးအားလည်း အဘယ့်ကြောင့် လျှောက်လွှာပေးခဲ့သနည်း၊
ထို့အပြင် ယင်းစစ်မှန်သော ရွေးကောက်ပွဲအား အကောင်အထည်ဖော်မည် ဟု ကြွေးကြော်နေသော အနုပညာသမားများ ထဲတွင် ၂ဝဝ၇ ခုနှစ် စက်တင်ဘာ (ရွှေဝါရောင် တော် လှန်ရေး ) အပြီး ကျွန်တော် အဖမ်းခံရပြီး ပြန်လည်လွတ်မြောက်လာသော အချိန်တွင် အနုပညာရှင်တစ်ဦး ၏ ဈာပနအခမ်းအနား၌ ''မောင်မောင် ... မင်းက အချိန်မတန်သေးဘဲ လုပ်တာကိုး''ဟု ဆရာကြီးပုံစံနဲ့ ပြောဆိုခဲ့သော အခွင့်အရေး သမားတစ်ဦး ပါဝင်နေခြင်းနှင့် ဗိုလ်ချုပ်ခင်ညွန့် အထိန်းသိမ်းခံရာမှ ပြန်လည်လွတ်မြောက်လာစဉ် သွားရောက်တွေ့ ဆုံကြသော အနုပညာသမားများ ထဲမှ ''ကျော်သူက တစ်ချိန်လုံးမူးနေတာ၊ ဂျပန်မှာ တော် တော် ဒုက္ခပေးခဲ့တယ်''ဟု ပြော ကြားခဲ့သော ကိုယ့်ဂုဏ်မြှင့်၍ အခြားသူအား အပုပ်ချခဲ့သော ခွက်ပုံးအနုပညာသမား ပါဝင် နေခြင်းတို့အား ကျွန်တော် များ စွာ တွေးတောစဉ်းစားမိတော့သည်။ ယခု မြန်မာ့ရုပ်ရှင်အစည်း အရုံးအား ပြန်လည်ဖွဲ့စည်းမည် ဖြစ်သော ရုပ်ရှင်အနုပညာသည်များ ပြောကြားကြသော မြန်မာ့ရုပ်ရှင်လောက အနုပညာ မောင်နှမများ အား စည်းလုံးညီညွတ်စွာ ဖြင့် မိသားစုစိတ်ဓာတ် ထားကာ တစ်ဦး၏ အခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးလိုခြင်း၊ ရုပ်ရှင်အနုပညာသမားများ ၏ သာရေး /နာရေး ကိစ္စများ ကို ဝိုင်းဝန်း၍ ကူညီဆောင်ရွက်လိုခြင်း စသည့် စကားများ သည် ကျွန်တော့် အတွက် မ ဖြစ်နိုင်တော့ချေ။ အကြောင်းမှာ ကျွန်တော် မြန်မာ့ရုပ်ရှင်အစည်းအရုံး တွင် တာဝန်ထမ်းဆောင်စဉ်ကာလ၌ နိုင်ငံတော် မှ အရေး ယူပိတ်ပင်ခံထားရသော အနုပညာ သမားများ ၏ အသက်ရှင်သန်မှု ၊ အနုပညာလုပ်ငန်းများ ပြန်လည်လုပ်ကိုင်နိုင်ရေး အတွက် ထိုစဉ်အခါက နိုင်ငံ့ခေါင်းဆောင်များ နှင့် တွေ့ ဆုံတိုင်း ကျွန်တော် မှ စဉ်းစားပေးရန်၊ ဖွင့်လှစ် ပေးရန် တိုက်တွန်းမှု ၊ အကြံပေးမှု ၊ အသနားခံမှု များ ကို စဉ်ဆက်မပြတ် လုပ်ကိုင်ခဲ့ပါ၍ ယင်း ကဲ့သို့ ပိတ်ပင်ခံထားရသော အနုပညာသမားများ ပြန်လည်၍ အနုပညာလောကတွင် သက်ဝင် လှုပ်ရှား ပါဝင်ဆင်နွှဲနိုင်ခဲ့သည်မှာ ငြင်း၍ မရပေ။ သို့ သော် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလမှစ၍ အနုပညာလုပ်ငန်းများ အပိတ်ပင်ခံခဲ့ရသော ကျွန်တော် ၏ ကိစ္စရပ်အား မည် သည့် အနုပညာ သမားများ ။ မည် သည့် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ တာဝန်ရှိပုဂ္ဂိုလ်များ တို့မှ နိုင်ငံတော် အုပ်ချုပ်သူပုဂ္ဂိုလ်များ နှင့် တွေ့ ဆုံခဲ့ကြစဉ် တစ်ခွန်းတစ်ပါဒမှ ပြောပေးခဲ့ခြင်း မရှိချေ။ မြန်မာ့ ရုပ်ရှင်အနုပညာလောကမှ နိုင်ငံတော် မှ အနုပညာလုပ်ခွင့် ပိတ်ပင်ခံရသူ အနုပညာရှင်များ ထဲ တွင် ကျွန်တော် သည် ပိတ်ပင်ခံရမှု သက်တမ်းအရှည်ဆုံး အနုပညာသမား ဖြစ်ပေလိမ့်မည် ။ သို့ ရာတွင် ကျွန်တော် သည် ရုပ်ရှင်လောက ဖခင်ကြီးတစ်ဦး ဖြစ်သော ဘဘဦးသုခ မျိုးစေ့ချခဲ့သော လူမှု ရေး လုပ်ငန်းကြီးအား တိုးတက်မြင့်မားလာအောင် ထမ်းဆောင်ရင်းနှင့် မြန်မာ့ရုပ်ရှင် လောကတွင် ရှိကြသော အဓိကသရုပ်ဆောင်များ ၊ ဒါရိုက်တာများ ၊ ထုတ်လုပ်သူများ ၊ ဇာတ်ပို့ ဇာတ်ရံများ ၊ လူကြမ်း သရုပ်ဆောင်များ မှအစ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ပြန်ကြားရေး ဌာနမှ ဝန်ထမ်းများ (ဥက္ကဌမှအစ သန့်ရှင်းရေး အဆုံး) ကြုံတွေ့ နေရသော နာရေး ၊ ကျန်းမာရေး ကိစ္စရပ်များ အား မနားမနေ ကူညီဖေးမပေးနေသူတစ်ဦး ဖြစ်သည်။ သို့ သော် ကျွန်တော် သည် ကုသိုလ်ရေး လုပ်ငန်း ဖြစ်သော လူမှု ရေး လုပ်ငန်းများ ထမ်းရွက်ပေးနေရသည့်အတွက် ကျွန်တော် ၏ ကျေးဇူးရှင်များ ဖြစ်ကြသော အများ ပြည်သူတို့နှင့် ပြင်ပလောကတွင် အနီးကပ် ထိတွေ့ ပေးဆပ်နေရမှု ကို ကျေနပ်ပီတိ ဖြစ်ခဲ့ပါသည်။
တစ်နေ့ ကျွန်တော့် ၏ မိတ်ဆွေ ဖြစ်သူ တည်းဖြတ်ပညာရှင်အား လမ်းကြုံ၍ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး အဆောက်အအုံသို့ ဝင်ရောက်ပို့ဆောင်ခဲ့ပါသည်။ ရုပ်ရှင်အစည်းအရုံး၏ ဆင်ဝင်အောက်တွင် မော်တော် ယာဉ်အား ခေတ္တရပ်နား၍ ကျွန်တော် ၏ မိတ်ဆွေ ကားပေါ်မှ ဆင်းချိန်တွင် မော်တော် ယာဉ်အနီးတွင် ရှိသော လူကြမ်းသရုပ်ဆောင်တစ်ဦးနှင့် တွေ့ ဆုံ၍ လွန်ခဲ့ သော နှစ် ရက်ခန့်က ယင်းလူကြမ်းသရုပ်ဆောင် အစ်မ ဖြစ်သူ၏ နာရေး ကိစ္စအား အဆင်ပြေ မပြေ မေးမြန်းနေစဉ် ရုပ်ရှင်လောကမှ ဗီဒီယို ဒါရိုက်တာတစ်ဦးရောက်လာကာ ''ဟေ့လူ... ဒီနေရာက ကားရပ်ရတဲ့ နေရာမဟုတ်ဘူး''ဟူ၍ ရင့်သီးစွာ ပြောဆိုခြင်းကို ခံခဲ့ရသည်။ ကျွန်တော် နားလည်သည်မှာ အဆောက်အအုံများ တွင် ရှိသော ဆင်ဝင်အောက်သည် လူအပို့/ကြို ပြုလုပ်ရန် ထားရှိသော မော်တော် ယာဉ် ခေတ္တရပ်နားရန် နေရာပင်မဟုတ်ပါလား။ ကျွန်တော် သည် မော်တော် ယာဉ်အား စက်ရပ်နားခြင်းလည်း မပြုလုပ်။ မိနစ်ဝက်ခန့်သာ စကားလှမ်းပြောခြင်းကိုသာ လုပ်ဆောင်ခဲ့သည်။ ထို့ကြောင့် ကျွန်တော် ၏ အပေါ် ယခင် စစ်အစိုးရလက်ထက်ရှိ ပြန်ကြားရေး ဌာနမှ ပိတ်ပင်ထားခဲ့မှု များ ကို ပြန်လည်ပွင့်လင်းအောင် လုပ်ပေးရမည် ဖြစ်သော မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုကဲ့သို့ ရွေးကောက်ပွဲဝင်ခြင်းကို တားမြစ်ခြင်း၊ ကျွန်တော့် အား ယခုကဲ့သို့ ရွေးကောက်ပွဲကော်မတီတွင် ပါဝင်သော ဗီဒီယိုဒါရိုက်တာမှ ရင့်သီးစွာ ဆက်ဆံ ခြင်းတို့သည် လွတ်လပ်ပွင့်လင်းသော ဒီမိုကရေစီနိုင်ငံတော် ရှိ အနုပညာသမားများ လုပ်ရမည့်  လုပ်ရပ်များ မဟုတ်ပေ။
မည် သို့ ဖြစ်စေကာမူ ကျွန်တော် သည် မည် သည့်အစိုးရတက်တက်၊ မည် ကဲ့သို့ ရုပ်ရှင် အစည်းအရုံး ပေါ်ပေါက်ပေါ်ပေါက် ကျွန်တော့် ၏ တာဝန်မှာ လူမျိုးဘာသာ၊ ဆင်းရဲချမ်းသာ၊ မိတ်ဆွေရန်သူမရွေးတို့၏ နာရေး ၊ ကျန်းမာရေး ၊ ပညာရေး ၊ သဘာဝ ဘေးဒဏ် စသည်တို့ကို သေတပန် သက်တဆုံး လုပ်ကိုင်ပေးဆပ်သွားရမည် ဖြစ်တော့သည်။ အဆုံးသတ်ရသော် မြန်မာ့ရုပ်ရှင်လုပ်ငန်း တိုးတက်မြင့်မားအောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ စည်းလုံး ညီညွတ်အောင်၊ အစိုးရအဖွဲ့အစည်းမပါဝင်သော NGO စစ်စစ် မြန်မာ့ရုပ်ရှင်အစည်းအရုံး ပေါ်ပေါက်လာအောင်၊ မြန်မာ့ရုပ်ရှင်အနုပညာသမားများ ညီရင်းအစ်ကို မောင်နှမသဖွယ် တစ်ဦး၏ ကိစ္စရပ်များ ကို စုပေါင်းဖြေရှင်းပေးနိုင်အောင် စသည့် ရည်ရွယ်ချက်များ ဖြင့် ပြန်လည်၍ ဖွဲ့စည်းမည် ဖြစ်ရာ အနုပညာသမားစစ်စစ်များ အနေဖြင့် အရွေးချယ်ခံမည့်  လူတစ်ဦးချင်း တစ်ဦးချင်းတွင် အဓိကအားဖြင့် ကိုယ်ကျင့်သီလ၊ ခံယူချက်၊ ရည်ရွယ်ချက်နှင့် စိတ်ဓာတ်က အရေး ကြီးပေသည်။ မြန်မာ့ရုပ်ရှင် အနုပညာဖြင့် ဘဝကို ရပ်တည်နေသော သူများ အတွက် ''ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုး''ဟူ၍ မ ဖြစ်အောင် အထူးသတိပြုစေလိုတော့သည်။
မြန်မာ့ရုပ်ရှင်ဆင်ဆာ (သို့ မဟုတ်) (ရုပ်ရှင်၊ ဂီတ၊ စာပေ၊ သဘင်၊ ပန်းချီ၊ ပန်းပု) စိစစ်ရေး အဖွဲ့ဟုဆိုရာ၌ မြန်မာပြည်သူလူထုအတွက် မြန်မာ့ယဉ်ကျေးမှု နှင့် မကိုက်ညီသော လျှပ်ပေါ်လော်လည် ဝတ်စားဆင်ယင်မှု ၊ အမျိုးသားယဉ်ကျေးမှု ကို ထိခိုက်စေမည့်  ဝတ်ဆင်မှု ၊ ရုန့်ရင်းကြမ်းတမ်းသော ပြောဆိုမှု ၊ အမိအဖ/သားသမီး/မိသားစုများ ကြည့်ရှုရန် မသင့် လျော်သော ပြကွက်များ ၊ အမူအရာများ ၊ ကြောက်မက်ဖွယ်ရာ ရက်စက်မှု ပြကွက်များ ၊ ဘာသာ သာသနာကို ထိခိုက်စော်ကားမှု ဖြစ်ပေါ်သော အပြုအမူ၊ အသုံးအနှုန်း၊ အပြောအဆိုများ ၊ အမျိုး သားရေး ကို ထိခိုက်စေမည့်  ပြကွက်၊ ပြောဆိုအမူအရာများ ၊ အမျိုးသားရေး ကို လှုံ့ဆော်/ပုန်ကန်မှု ကို ဖြစ်စေသော ပြကွက်များ ... စသည် စသည်တို့ကို အများ ပြည်သူတို့အား မပြသသင့်၍ ပိတ်ပင်တားဆီး ကန့်သတ်သတိပေးရသော အဖွဲ့အစည်းတစ်ရပ် ဖြစ်ကြောင်းဟု ကျွန်တော် နားလည်မိပါသည်။
ကျွန်တော် တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်)၊ ဘဘဦးသုခ မျိုးစေ့ချပေးခဲ့သော နာရေး ကူညီမှု အသင်း (ရန်ကုန်)၊ အများ ပြည်သူတို့ကို (အခမဲ့) ကူညီဖေးမပေးနေသော နာရေး ကူညီမှု အသင်း (ရန်ကုန်)၊ လူသားချင်း စာနာစိတ်ထား၍ ကူညီပေးဆပ်နေသော နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှု များ ၊ ကူညီဆောင်ရွက်ပေးမှု များ ပါရှိသော ဗီဒီယို DVD အချပ်များ ကို (ကန့်သတ်)ဟု ရေး သားရိုက်နှိပ်ကာ အလှူရှင်များ ၏ လှူဒါန်းမှု အစုစု တို့ကို ကျေးဇူးတင်သည့်အနေဖြင့် လည်းကောင်း၊ မုဒိတာပွားများ နိုင်ရန်လည်းကောင်း၊ မြန်မာ့ ယဉ်ကျေးမှု ဘာသာသာသနာကို ဦးထိပ်ထား၍ လည်းကောင်း၊ လူငယ်များ လူမှု ရေး လုပ်ငန်း များ ၊ လူသားချင်း စာနာစိတ်များ မွေးဖွားပေါ်ပေါက်လာစေရန်လည်းကောင်း ရည်ရွယ်ကာ အလှူရှင်များ အတွက် (အခမဲ့) လှူဒါန်းမှု ကို လုပ်ဆောင်ခဲ့ပါသည်။ ဗီဒီယိုဈေးကွက် အတွင်းသို့ လည်းကောင်း၊ အများ ပြည်သူတို့အားလည်းကောင်း အခကြေးငွေဖြင့် ရောင်းချခြင်း လုံးဝ မပြုခဲ့ချေ။ ဤနည်းဖြင့် လည်း အလှူငွေရှာခဲ့ခြင်းလည်း လုံးဝ (လုံးဝ) မဟုတ်ခဲ့ချေ။ စီးပွားရေး လုပ်ငန်းတစ်ရပ်အနေဖြင့် လည်း ပြုလုပ်ခဲ့ခြင်းမရှိ။ ဂီတပညာရှင်များ ကလည်း မေတ္တာ၊ စေတနာ၊ ကရုဏာ၊ မုဒိတာတို့ဖြင့် လူမှု ရေး လုပ်ငန်း ဖြစ်သော အများ ပြည်သူတို့အား ဖေးမကူညီပေးသော ကျွန်တော် တို့၏ နာရေး ကူညီမှု အသင်း (ရန်ကုန်)အတွက် သီဆိုတီးခတ် ကုသိုလ်ယူ ပေးဆပ်ခဲ့ ခြင်း ဖြစ်သည်။ လူမှု ရေး ဂီတအဆိုတော် များ ၏ သီချင်းသံစဉ်တို့ဖြင့် ကျွန်တော် တို့၏ ပေးဆပ်ခဲ့ သော ၊ လူသားချင်း စာနာစိတ်မွေးသည့် လေးနက်သော လုပ်ရပ်များ ၊ ဗြဟ္မစိုရ်တရား (၄)ပါးကို လက်ကိုင်ပြု၍ ပေးဆပ်မှု မှတ်တမ်းပုံရိပ်များ ဖြင့် ပုံဖော်ပြသပေးခြင်းသာ ဖြစ်သည်။ ကျွန်တော် တို့နည်းတူ (ကန့်သတ်) အ ဖြစ် အများ ပြည်သူတို့လက်ဝယ်သို့ ဝေငှဖြန့်ဖြူး ထုတ်ဝေနေသော UN အဖွဲ့အစည်းများ ၊ ဖောင်ဒေးရှင်းအဖွဲ့များ ၊ NGO အဖွဲ့များ ၊ ဆရာတော် ကြီးများ ၏ (ဓမ္မဒါန) တရားတော် အခွေများ လည်း များ စွာ ရှိခဲ့ပါသည်။
ယခုမူ...ကျွန်တော် တို့ နာရေး ကူညီမှု အသင်း (ရန်ကုန်)၏ လှုပ်ရှားပေးဆပ်မှု များ ၊ ကူညီ ဆောင်ရွက်ပေးဆပ်မှု များ ဖြစ်သည့် ဗီဒီယို (DVD) အချပ်၊ MTV အချပ်တို့အား ဆင်ဆာ တင်ရမည် တဲ့ဗျာ။
နာရေး (သေခြင်းတရား)များ ကို မပြသသင့်၍ လား။
ဒိဋ္ဌိအယူဝါဒများ ကို မဖယ်ရှားချင်၍ လား။
သံဝေဂများ မရစေချင်၍ လား။
လူသားချင်း စာနာစိတ်များ မပေါ်ပေါက်စေချင်၍ လား။
လူမှု ရေး သမားများ မပေါ်ပေါက်စေချင်၍ လား ဟူ၍ တွေးမိတော့သည်။
''မသေရာအမှန် မြတ်နိဗ္ဗာန်''ကို ရောက်နေကြပြီလားဟူ၍ မေးခွန်းထုတ်လိုက်ချင်ပါရဲ့ ။ ဒီလိုဆိုရင်တော့ ကျွန်တော် တို့ မြန်မာ့သူရဲကောင်းကြီးများ ဖြစ်ကြသော အဘမှိုင်း၊ ဆရာစံ၊ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးသန့် စသည့် အာဇာနည်ကြီးများ မသေဆုံးကြသေးပါ၊ ရှင်သန်နေဆဲဟု အားတက်သရော အတွေးစဝင်မိတော့သည်။
ကျွန်တော် တို့သည် ကိုယ့်လမ်း...ကိုယ်သွား
ကိုယ့်အလုပ်...ကိုယ်လုပ်
ကိုယ့်တာဝန်...ကိုယ်ကျေ
ကိုယ့်သီလ...ကိုယ်လုံ
ကိုယ့်သမိုင်း...ကိုယ်ရေး နေကြသည့် လူမှု ရေး သမား (စစ်စစ်)များ သာ ဖြစ်သည်။
ကျွန်တော် တို့သည် ဆင်းရဲသော မိသားစုဝင်များ ၏ နာရေး အတွက်လည်း သင်္ဂြိုဟ်ပေးသည်။
ကျွန်တော် တို့သည် ချမ်းသာသော မိသားစုဝင်များ ၏ နာရေး အတွက်လည်း သင်္ဂြိုဟ် ပေးသည်။
ကျွန်တော် တို့သည် နိုင်ငံရေး မိသားစုဝင်များ ၏ နာရေး အတွက်လည်း သင်္ဂြိုဟ်ပေးသည်။
ကျွန်တော် တို့သည် ဗိုလ်ချုပ်ကြီးများ ၏ မိသားစုဝင်များ ၏ နာရေး အတွက်လည်း သင်္ဂြိုဟ် ပေးသည်။
ကျွန်တော် တို့သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာမရွေးတို့၏ နာရေး ကိစ္စများ ကို ''သေသော သူသည် သုဿန်သို့ သက်သက်သာသာ သွားသင့်သည်'' ဟူသော ဆောင်ပုဒ်အတိုင်း လူသားချင်း စာနာစိတ်ကို လူသားပီသစွာ ပေးဆပ်နေသော အမျိုးကောင်းသား/သမီးများ ဖြစ်သည်။
ကျပ်တည်းမှု ၊ မွန်းကျပ်မှု များ ကို နာကျည်းမှု ၊ ကလဲ့စားချေမှု တို့ဖြင့် ဖြေရှင်းပေးသော အဖွဲ့အစည်းမဟုတ်။ အမိနိုင်ငံတော် ကို ပုန်ကန်ကြမည့် သူများ မဟုတ်။ နိုင်ငံတော် အာဏာကို လုယူကြမည့် သူများ လည်းမဟုတ်။ မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်းဟူသော မြတ်ဗုဒ္ဓ ၏ ဗြဟ္မစိုရ်တရား (၄)ပါးတို့အား လက်ကိုင်ပြုကာ သံသရာထဲ ကျင်လည်ကြကုန်သော လူသားများ အား မိမိတို့ တတ်စွမ်းသရွေ့ နိုင်သလောက် နိုင်ငံတော် အား ပံ့ပိုးဖေးမပေးမှု များ ကိုသာ လုပ်ဆောင်နေခြင်းပင် ဖြစ်သည်။
ကျွန်တော် စဉ်းစားမိပြန်သည်။
''သြော်...ငါ့ဘဝနှယ့်...က္ဘာမြေပြင်ကို ရောက်တုန်းရောက်ခိုက်၊ ဘဝပေးအခြေအနေ ကြောင့် ရုပ်ရှင်သရုပ်ဆောင် အနုပညာနယ်ပယ်ထဲကို ရောက်ခဲ့တယ်။ အဲဒီ မှာ ဆင်ဆာအဖွဲ့ ရဲ့ ဖြတ်တောက်မှု ၊ ပိတ်ပင်မှု ၊ သတိပေးမှု ၊ တားမြစ်မှု တို့ကို ကြုံခဲ့ရတယ်။ ခုလည်း...မြန်မာ့ ရုပ်ရှင်လောက,ကနေပြီး အပြီးပိုင်ထွက်ခွာပြီး လူသားအကျိုးပြုလုပ်ငန်းကို ပေးဆပ်ပြန်တော့ လည်း ဒီဆင်ဆာအဖွဲ့ရဲ့ တားမြစ်မှု ၊ ဖြတ်တောက်မှု တို့ကို ကြုံရပြန်ပါကလား''ဟု။
အတ္တနယ်မှာ လည်း ဖြတ်၊ ပရနယ်ပယ်မှာ လည်း ဖြတ်ခံရတဲ့ ငါ...။
''အေးလေ...အရင့်အရင် ဘဝတွေ တုန်းက ငါက သူတို့ကို ဘာတွေ များ သတိပေး၊ တားမြစ်၊ ဖြတ်တောက်၊ ပိတ်ဆို့မှု ဆိုတာတွေ လုပ်ခဲ့သလဲ''လို့။
''ဝဋ်ဆိုတာ လည်တတ်တယ်''ဟုသာ အရှုံးပေးရတော့မလို။ သို့ သော် ''ကိုယ်ပြုသော ကံ ပဲ့တင်သံ... ကိုယ့်ထံပြန်လည်ဦးမည် '' ဖြစ်တော့သည်။
ကျော်သူ
(မြန်မာ့ရုပ်ရှင်လုပ်ငန်း ဆင်ဆာအဖွဲ့ အစည်းအဝေးမှ ပဲ့တင်သံပြန်ကြားမှု ၊ ၁၄-၅-၂ဝ၁၁ ရက်နေ့တွင် မြို့နယ်အုပ်ချုပ်ရေး မှူးရုံးမှ အုပ်ချုပ်ရေး မှူး၊ ပြန်/ဆက်အရာရှိ၊ ဥပဒေ အရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးတို့မှ ခေါ်ယူသတိပေးမှု တို့ကို ပြန်လည်သုံးသပ်ခြင်းများ နှင့် အတူ ညအချိန်တွင် အိပ်မက်တစ်ခုမက်ခြင်းသာ ဖြစ်တော့သည်။)