Cover

အခန်း (၁)

နှစ် ခန်းတွဲ လေးထပ်တိုက်တစ်ခု၏ အပေါ်ဆုံး ညာဘက်အစွန်း တိုက်ခန်း ဘာဂျာတံခါး၏ ညာဘက် နံဘေးတွင် ``ကြွေရှင်းသန့်- အမှတ် ၁၆´´ဆိုသော စာလုံးနက်တွေ ပါရှိသည့် လေးထောင့်ပတ်လည် ကြေးပြားကလေးကို နံရံတွင် မြှုပ်နှံထား၏ ။

တံခါး၏ ညာဘက်တွင် သံဆန်ခါကွက် ကာရံထားသော ပြတင်းပေါက်သည် ပါးလွှာသော အစိမ်းနုရောင် ဇာခန်းဆီးကို ထွင်းဖောက်ပြီး အိမ်ထဲသို့ လှမ်းမြင်တွေ့ ရှိနေနိုင်သည်။

တီရှပ်အနက်လက်တိုတို အမျိုးသားတစ်ဦးသည် ရေဘင်နေကာမျက်မှန်တပ်ထားသော အမျိုးသားတစ်ဦးသည် ပြတင်းပေါက်နံဘေးတွင် ရပ်ကာ ဧည့်ခန်းထဲသို့ လှမ်းကြည့်နေသည်။ ဧည့်ခန်းကုလားထိုင်ခုံမှာ လုံးဝမပြည့်စုံတော့ဘဲ စားပွဲအပြင် နှစ် ယောက် ထိုင်ခုံတစ်ခုသာ ရှိနေ တော့သည် ဆေးသားလွင့်ပြယ်နေပြီးသော သစ်သားခေါက်ကုလားထိုင်နှစ် လုံးသည် ဧည့်ခန်း အလယ်တွင် ဟိုတစ်လုံး သည်တစ်လုံး ဖြစ်နေပြီး အစိမ်းရောင် ပလပ်စတစ် ခွေးခြေမြင့် နှစ် လုံး ကတော့ ဧည့်ခန်းစားပွဲနံဘေးမှာ ကပ်လျက်တည်ရှိနေလေသည်။ စားပွဲပေါ်မှ စိမ်းဖန့်ဖန့် အရောင် ပျက်ပြယ်နေသော တယ်လီဖုန်းကလေးသည်ပင်လျှင် စားပွဲကို ခန့်ညားအောင် ပံ့ပို့မပေး ချင်တော့ သလိုနှင့်။

အနှီ နှစ် ယောက် ထိုင်ကုလားထိုင်တွင် မိန်းမရွယ်တစ်ဦးသည် ဘယ်ခြေကို ဒူးကွေးလျက် တင်ထားပြီးညာခြေကိုမူ ကြမ်းခင်းပေါ်သို့ ခြေဖျားမထိတထိ ဆန့်တန်းချထားသည်။ ရှပ်အင်္ကျီ၏ ကွက်စိတ် ဖားဖားလျားလျားကြီးကို မာစရိုက်ထမီကွက်တုံး စိပ်စိပ်ထဲတွင3် ခါးကြားညှပ်ထည့်ပြီး ၀တ်ဆင်ထားသည်မှာ အမှတ်မဲ့ ကြည်လျှင် ယောက်ျားတစ်ဦးအလား ထင်မှတ်မှား နိုင်သည်။

သူမသည် ဆံပင်တစ်ထွာမျှကို နောက်ပြန်သိမ်းကာ နောက်စေ့တွင် စုစည်းပြီး အမည်း ရောင် ကော်ကလစ်နှင့် ထိန်းညှပ်ထားလေရာ သူမ၏ ၀င်းဖန့်သော နဖူးပြင်သည် အရှိထက်ပိုပြီး ကျယ်ပြန့်သလိုရှိလျက် ထူထဲနက်မှော င်သော မျက်ခုံးများ က စင်းစင်းထင်းထင်း ဖြစ်နေ၏ ။ အရောင် အဆင်း မှေးမှိန်နေသော မျက်လုံးတွေ သည် စားပွဲပေါ်မှ ပြန့်ကျဲနေသော စာအုပ်များ ဆီသို့ စိုက်ကြည့်ငေးမောလျက်ရှိ၏ ။ ပြတင်းမှ စောင့်ကြည့်နေသူမှာ တော် တော် နှင့် လှုပ်ရှားပြောင်း လဲလာ မည့် ဟန်မရှိသော ဧည့်ခန်းထဲမှ မိန်းကလေး၏ အသိအမှတ်ပြုမှု ရရှိလာ သည်အထိ ဆက်လက်စောင့်ဆိုင်းနေဖို့ လက်လျှော့လိုက်လေဟန်-

``ဟေ့း့  ကြွေရုပ်´´

အိမ်ရှေ့ပြတင်းသံဇကာကွက်ကြားမှ တိုးဝင်လာသော ကျယ်လောင် ပြတ်သားလှသည့် ခေါ်သံကြောင့် သူမက အလန့်လန့်တဖျပ်ဖျပ် မော့ကြည့်လိုက်သည်။

ကြွေရုပ်ဆိုသူကို ရင်းနှီးနှစ် လိုသော အပြုံးနှင့် ကြည့်နေသူ၏ မျက်နှာသည် နေလောင်ထား ဟန် ဖြူညစ်ညစ် ဖြစ်နေသည်။ နေကာမျက်မှန်ကို ချွတ်လိုက်တော့မှ သူ့နဂိုစိုပြေလတ်ဆတ်သော အသားရောင် ကို နှာရောင် တစ်ဝိုက်မှာ မြင်တွေ့ ရတော့သည်။ ကြွေရုပ်သည် သည်တော့မှပင် ခေါ် နေသူကို သေသေချာချာမှတ်မိသွားတော့သည်။

``ဟယ် ပလုံ၊ ဘယ်ကဘယ်လို စိတ်ကူးပေါက်ပြီး ရောက်လာတာလဲဟင်´´

မေးရင်း သူမသည် ထိုင်ခုံမှ ကပျာကသီ ထလိုက်ကာခါမှ လျော့တိလျော့ရဲ ထဘီကို ခပ်တင်းတင်းဆွဲပြီး ခါးကြားညှပ်ရင်း ပြတင်းနားလျှောက်သွားသည်။

``အဲဒီ လို ဝေးလံသီိခေါင်တဲ့နေရာကို ရောက်လာဖို့ဆိုတာ နင့်ဆီတမင်တကာ လာတဲ့သူ မှပဲ ရောက်တော့မပေါ့ဟ။ ကဲ့  ငါ့ကို တံခါးဖွင့်ပေးဦး´´

အဲ့  ဟုတ်ပါရဲ့ ၊ နင့်ကို မမျှော်လင့်ဘဲ တွေ့ လိုက်ရတော့အံ့သြနေမိလို့ပါဟယ်´´

ကြွေရုပ်က ပိတ်ထားသော သစ်သားတံခါးဘက် လျှောက်သွားပြီး ၊ ကန့်လန့်ပိတ်ထား သော သော့ ချက်ကို ဖွင့်ပေးသည်။ အရံအတားအ ဖြစ် တွဲလွဲချိတ်နေသော သံကြိုးကလေးကိုလည်း တစ်လက်စတည်း ဖြုတ်ပေး၏ ။

``နင် သင်္ဘောနားပြန်ရောက်လာတာလား´´

``အေး´´

``ဘယ်တုံးကပြန်ရောက်တာလဲ´´

``အရင် တနင်္လာနေ့တုံးက။ တစ်ပတ်ရှိပြီပေါ့´´

ပြာဖျော့ဖျော့ ဂျင်းဘောင်းဘီ ကျပ်ကျပ်နွမ်းနွမ်းကို ၀တ်ဆင်သော အဖြူတွင် နက်ပြာစင်း သော လမ်းလျှောက်ဖိနပ်ကိုရှိုးကျကျစီးထားသည့် ပလုံဟု ကြွေရုပ်ကခေါ်ဆိုသူသည် ကြွေရုပ်၏ ဧည့်ခန်းထဲသို့ ပိုင်ပိုင်နိုင်နိုင် သက်တောင့်သက်သာ ၀င်ရောက်လာခဲ့သည်။

``နင့်ကို ပြတင်းပေါက်ကနေ ငါရပ်ကြည့်နေတာ ဆယ်မိနစ်လောက်ရှိပြီး ကြွေရုပ်။ နင်ဘာ တွေ စဉ်းစားနေတာလဲ´´

`` ဟုတ်လား၊ ငါစဉ်းစားနေလို့လား၊ ငေးမိငေးရာ ဖြစ်မှာ ပါဟာ´´

``အိမ်မှာ နင် တစ်ယောက် တည်းလား´´

``အေး အမေဆုံးသွားပြီဆိုတာ နင်မေ့သွားပြီလား။ သုံးနှစ် တောင်ပြည့်တော့မယ်၊ အဲဒီ က တည်းက ငါ တစ်ယောက် တည်း ကျန်ရစ်တော့ ခုထိလည်း အဲဒီ အတိုင်းပဲပေါ့။

``သင်္ဘောပေါ်မှာ တုန်းက ကြားပါတယ်။ ပြန်ရောက်ရောက်ချင်း အေးရီမဆီ အရင်သွားပြီး သတင်းအတည်ပြုဖို့ ဆုံးဖြတ်ခဲ့တာ။ ဒါပေမယ့် ရောက်ရောက်ချင်းချင်း ဆိုသလို ပြန်ထွက်ခဲ့ရ တယ်လို့ ငါပြောသားပဲ။ ခုတစ်ခေါက်တောင် ရောက်ရောက်ချင်းနေရေး စားရေး စီစဉ်ရ၊ သွားရေး ၊ လာရေး အတွက် လပေးနဲ့ကားတစ်စီးငှားရ၊ အချိန်အတော် လေသွားတယ်။ ခုမှ နင့်ဆီလာရတော့ တယ်လေ´´

``အေးရီမဆီ ရောက်ခဲ့ပြီလား´´

``အေး သွားနှုတ်ဆက်တာပေါ့ဟ´´

``ဘာကို သွားအတည်ပြုတာလဲ´´

``နင် တစ်ယောက် ထဲကိုဆိုတာကိုလေ´´

``နင်ဟာလေ အရင်လိုပဲ ရှင်းနေတာကို ရှုပ်စေတဲ့ ပုဂ္ဂိုလ်ပါပဲလား´´

``နှစ် နှစ် ဆိုတဲ့ အချိန်အတွင်းမှာ နင်ဟာအဖော် တစ်ယောက် ယောက် ရှိမလာဘူးလို့ ဘယ်ပြောနိုင်မှာ လဲဟ´´

`သြော် ငါမစွံသေးဘူးဆိုတဲ့ သတင်းကို သွားအတည်ပြုတယ်ဆိုပါတော့´´

ပလုံဟု ကြွေရုပ်က ခေါ်နေသူသည် ထိုင်ခုံကို ၀င်မထိုင်သေးပဲ မတ်တပ်ရပ်လျက်သား ကြွေရုပ်၏ အိမ်ခန်းကို ဝေး၀ဲကြည့်ရှုနေသည်။ ကြွေရုပ်ကလည်း သူ့အရိပ်အကဲကို ကြည့်ရင်း ဆက်လက်ထွက်ပေါ်လာဦးမည့်  အလားအလာရှိသော သူမေးခွန်းတွေ ကို ဖြေဆိုရန် စောင့်ဆိုင်းနေ သည် သူနာမည် အမှန်က ပြည်သက်လုံပါ။ ငယ်ငယ်တုန်းက ကြွေရုပ်တို့ အေးရီမတို့ သူငယ်ချင်း တွေ က သူ၏ လှပခန့်ညားသော အမည် ကို ဖျက်လိုဖျက်ဆီး ပလုံဟု ဖျက်ခေါ်ကြသည်။ ခင်အေးရီ ဆိုသည့် အမည် ကို ငယ်နာမည် အေးရီမအတိုင်း တစ်ကျောင်းလုံးက မြိန်မြိန်ရှက်ရှက် ခေါ်ဝေါ်ကြ သည်ကို အေးရီမအတွက် ကန့်ကွက်စရာ မရှိခဲ့စေကာမူ ပလုံသည်ကား ငယ်ငယ်တုန်း ကတော့ သူ့နာမည် ပြောင်ကို မနှစ် မြို့ခဲ့ပါ။ သို့ သော်လည်း အားလုံးက တညီတညွတ်တည်း ခေါ်ဝေါ်လာကြ ရင်း အချိန်ကြာမြင့်ခဲ့သော ဤအမည် သည် ခုတော့ဖြင့် ချစ်စရာကောင်းသော အမှတ်သညာ တစ်ခုအ ဖြစ် သူလက်ခံနှစ် လိုလျက် ရှိနေတော့သည်။

တံခါးနံဘေး ဘိလပ်မြေကွာကျနေသော အိမ်နံရံတွင် နက်ပြာရောင် အောက်ခံထားသော အင်းလေးလွယ်အိတ်တစ်လုံး ချိတ်ဆွဲထားသည်ကို သူက မျက်မှော က်ကြုတ်ပြီး ကြည့်လိုက်သည်။

``ဒါ ဘယ်သူ့လွယ်အိတ်လဲ ကြွေရုပ်´´

``ငါ့လွယ်အိတ်ပေါ့၊ ငါပြင်သစ်စာသင်သွားရင် လွယ်တဲ့အိတ်ပါ''

''နင်က ပြင်သစ်စာ သင်တယ်လား''

'' ငါ အလုပ်ထွက်လိုက်ပြီးတော့ နောက်ထပ် အလုပ်တစ်ခု မရခင်စပ်ကြား စိတ်ကူးတည့် ရာပေါ့ဟာ၊ သုံးနှစ် ပြီးသွားပြီဟ။ နောက်တစ်နှစ် ဆို ငါဒစ်ပလုံး ရပြီပေါ့။ ဒစ်ပလုံးဆိုတာ သိလား။ ဒစ်ပလိုမာကို ပြင်သစ်လိုခေါ်တာ''

''ပလုံက ကြွေရုပ်၏ ကျောင်းလွယ်အိတ်ကို မျက်မှော က်ကြုတ် ကြည့်ရှုနေသည်။ ဘာတွေ မေးခွန်းထုတ်ဦးမှာ ပါလိမ့်ဟု ကြွေရုပ် စောင့်ဆိုင်းနေရသည်။

''မတွေ့ ကြတဲ့ အချိန်တွေ က ကြာလွန်းလို့ ပြောစရာတွေ အများ ကြီးပဲ"

``ကော်ဖီသောက်မလားဟင်။ ငါရေနွေးတည်လိုက်ရင် တအောင့်ပဲ။ အအေးတော့မရှိဘူး၊ ရေခဲသေတ္တာမရှိတော့တာ အမေဆုံးပြီးကတည်းကပဲ´´

``မသောက်တော့ပါဘူးဟာ။ စကားပြောကြရတာ က ပိုကောင်းပါတယ်။ ငါတို့ဝေးနေတာ ကြာတော့ စိမ်းသလို ဖြစ်နေကြတယ်မဟုတ်လား။ စကားများများ ပြောပြီး ငြင်းခုံမှ အရင်လို ပြန်ရင်း နှီးလာကြမှာ ´´

``ငါဖြင့် တို့တွေ အရင်အတိုင်း ရင်းနှီးတယ် ထင်တာပါပဲ ပလုံရယ်´´

``မဟုတ်ဘူး၊ ငါတို့ တစိမ်းဆန်နေကြတယ်၊ လူကြီး ဖြစ်နေကြပြီဆိုပြီး အိုက်တင်ခံကြရ တာလေ´´

ပလုံသည် ကြွေရုပ်ထိုင်ရင်းစွဲ နှစ် ယောက် ထိုင်ခုံနှင့် မျက်နှာချင်းဆိုင်နေရာသို့ ခေါက်ထိုင်ခုံ ကိုဆွဲပြီး ကျကျနန၀င်ထိုင်သည်။

``ဒါဆိုလည်း အိုက်တင်သံပတ် လျှော့ကြရမှာ ပေါ့´´

ပလုံ့အပြောကို ပြုံးရယ်မိပြန်ရင်း ကြွေရုပ်လည်း စိတ်လက်ပေါ့ပါးလွတ်လပ်လာပြီး မူလ ထိုင်လက်စနေရာတွင် ခပ်သွက်သွက်ကလေး ပြန်ဝင်ထိုင်လိုက်လေ၏ ။

``နင်က အေးရီမနဲ့ ဒီနေ့ပဲ တွေ့ ခဲ့တာလား ပလုံ´´

``ဟုတ်ပ၊ လွန်ခဲ့တဲ့ တစ်နာရီလောက်တုန်းက တွေ့ လာလေ။ အေးရီမရဲ့ ကလေးတွေ ကလည်း သုံးနှစ် ၊ တစ်နှစ် နဲ့ တစ်ဗိုက်တဲ့ဟာ။ ပူလိုက်တဲ့ဗိုက်ကြီးနှယ်´´

``ပူမှာ ပေါ့ဟဲ့။ လစေ့နေပြီ။ ဘယ်မှာ တွေ့ ကြတာလဲဟင်။

အင်းစိန်ဈေးမှာ လား။ ငါတောင်သူနဲ့ မတွေ့ တာကြာပြီ။ ဆယ်ရက်နှစ် ပတ်ရှိပြီဟ´´

``သူ့ယောက်ျား ကတော့ အညာကို ကားမောင်းလိုက်သွားတယ်တဲ့။ အမြဲခန့်လည်းမဟုတ် ဘူး။ အချိန်ပိုင်းပဲတဲ့။ ခေါ်တဲ့ နောက်လိုက်ရတာ ပဲတဲ့ဟ´´

``ထွန်း တစ်ယောက် ခမျာလည်း ကားမောင်းတတ်နေလို့တာ တော် တော့တာပဲ။ ဘွဲ့ရပြီး လည်းအလုပ်ကမရ´´

ကြွေရုပ်၏ စိတ်တွေ သည် အတိတ်ဆီသို့ ရုတ်ကနဲပြေးလွှား သွားလေသည်။

အရင်ဆယ်စုကျော်တုန်းက ပလုံက ဘိုခြံမှာ နေသည်။ အေးရီမက တစ်ဂိတ်မှာ ။ ကြွေရုပ်တို့ အိမ်က အထက်တန်းကျောင်းနှင့်အနီးဆုံး။ နေအိမ်ချင်း ဘတ်စ်ကားတစ်မှတ်တိုင်စီင်္မျှ ခြားသည် ကိုပင် ဥဒဟို လမ်းလျှောက်ကြမှာ ကို ၀န်မလေးကြဘဲ နေ့စဉ်လိုလို အပြန်အလှန် အိမ်ကူးသန်းနိုင် ခဲ့ကြသည်အထိ ။ အမေတို့က တစ်ခုခု အ၀ယ်ခိုင်းလျှင် ကြွေရုပ်သည် အောင်ဆန်းဈေးမှာ မ၀ယ် ဘဲ ဆက်လျှောက်သွားပြီး အေးရီမတို့၏ အိမ်ဆိုင်တွင် သာ ၀ယ်ယူသည်။ ပလုံကလည်း အောင် ဆန်းဈေးတွင် ခရီးမဆုံဘဲ တစ်ဂိတ်အထိ ဘတ်စ်ကားစီးသွားပြီး အေးရီမတို့ဆိုင်မှာ တွေ့ သည့် ပစ္စည်းကိုသာ ၀ယ်သည်။ အိမ်ဆိုင်မို့ ဈေးပိုကြီးသည်ဟု လူကြီးမိဘတွေ က ငြူစူချင်လည်း အေးရီမတို့ရတာ မို့ ကြွေရုပ်တို့ ၊ ပလုံတို့ ကတော့ သဒ္ဓါကြည်ဖြူသည် ။ အဲဒါ အလှူတစ်မျိုးပေါ့ဟု စာဖတ်တိုင်းစကားကြွယ်သော ကြွေရုပ်က အမေ့ကို ဆင်ခြေလဲ တတ်လေသည်။ ကြွေရုပ်ထက်ပင် ပိုပြီး ပြည့်ပြည့်စုံစုံရှိသော ပလုံကလည်း အေးရီမတို့၏ အိမ်ဆိုင် ကလေးကို အားပေးရမည် ဟု သိနားလည်နိုင်ခဲ့လေသည်။

ဆယ်တန်းအောင်စာရင်းထွက်ချိန်မှစပြီး သုံးယောက် သား ဘ၀လမ်းခွဲမှ တစ်စစခွဲထုတ် ဝေးကွာခဲ့ကြရလေသည်။ အေးရီမက ကျကျန်ရစ်သည်။ ပလုံက စက်မှု လက်မှု သိပ္ပံသို့ ရောက် သည်။ ကြွေရုပ်က စီးပွားရေး တက္ကသိုလ်။ အပေါင်းအသင်း အသစ်တွေ ကြားမှာ ကျင်လည်ကျက် စားရင်း အရွယ်ပြောင်း၊ အတွေ့ အမြင်တွေ လည်း ပြောင်းလဲခြဲ့ ကတော့သည်။ ပလုံ့ဖခင် အငြိမ်းစား ယူပြီးနောက် များ မကြာမီ ပလုံ၏ မိဘများ က ရန်ကုန်မြို့လယ် စမ်းချောင်းဘက်သို့ ပြောင်းရွှေ့ သွားခဲ့ကြပြန်လေသည်။ ပလုံနှင့် ပို၍ သာ အနေလှမ်းသွာြး ကတော့လျက် ကျောင်းသံယောဇဉ်နှင့် ပတ်သက်သော သာရေး နာရေး အကြောင်းရှိမှသာ ပြန်ဆုံ ဖြစ်ခြဲ့ ကတော့သည်။ ထူးခြားသော အပြောင်းအလဲတစ်ခု ဖြစ်ခဲ့ပြန်သည်မှာ အေးရီမသည် ဆယ်တန်းအပြင် ဖြေလာသည်မှာ သုံကြိမ် မြောက်ကျရှုံးပြီးသည့်နောက် လက်မြောက် အရှုံးပေးလိုက်လေသလားမသိ။ များ မကြာမီမှာ ပဲ ထွန်းပနောက်လိုက်ပြေးသွားတော့သည်။ စာသင်ခြင်းကို လုံးဝရပ်ဆိုင်းသော အေးရီမက သားဆက် မပိုင်းခြားလောက်အောင် တရစပ် ကလေး တစ်ယောက် ပြီး တစ်ယောက် မွေးဖွားရင်း အင်းစိန်ရှိ ယောက္ခမနေအိမ်သို့ ပြောင်းရွှေ့သွားတော့သည်။

မှတ်မှတ်ရရ ကြွေရုပ်ဘွဲ့ရခါနီး လပိုင်းအလိုမှာ ကျောင်းသားဟောင်းတွေ သိုက်သိုက်ဝန်း ၀န်း ပြန်လည်ဆုံတွေ့ ခဲ့ကြသည်။ ကြွေရုပ်ချစ်ခင်ကြသော ကျောင်းအုပ်ဆရာမ ကြီး၏ အလှူတွင် အစအဆုံးတာဝန်ယူကြကာ ဖိဖိစီးစီးဆောင်ရွက်လုပ်ကိုင်ပေးကြရင်း ပျော်လည်းပျော်ကြသည်။ သူတို့သည် ရင့်ကျက်သလို ရှိလာကြလေပြီဟုလည်း ခံစားနားလည်လာကြသည်။ ငယ်သူငယ်ချင်း တွေ ကို လေးလေးနက်နက် တန်ဖိုးထား ခက်မင်ရကောင်းမှန်းလည်း သိတတ်လာ၏ ။ ပြည်သက်လုံ သည် ထိုအခါကျမှပင် ကြွေရုပ်ကို မိန်းကလေး တစ်ယောက် လို မြင်တတ်လာသည့် တောနှယ်`` ကြွေရုပ်က အပျိုကြီး ဖြစ်လာတော့မှ လှလာတယ်ဟ´´ ဟု အသံကျယ်ကြီးနှင့် မှတ်ချက်ချသည်။ နောက်ဆုံးတွေ့ ကြသည်မှာ ကြွေရုပ်၏ ဖခင် ကွယ်လွန်စဉ်က ဖြစ်သည်။

အဖေ အဆုတ်ကင်ဆာ ဖြစ်ပြီး မမာကျန်းစဉ်နှင့် နောက်ဆုံး ဆုံးပါးသွားခဲ့စဉ်က အေးရီမတို့ မောင်နှံနှင့် ပြည်သက်လုံ တို့တတွေ သည် ကြွေရုပ်တို့သားအမိအား ညဉ့်အိပ်ညဉ့်နေလာရောက် အားပေးကူညီခဲ့ကြပေသည်။ သည်နောက်ပိုင်းတွေ မှာ ပလုံနှင့် ထပ်မဆုံ ဖြစ်ြ ကတော့ပြန်ဘဲ တစ် ယောက် သတင်း တစ်ယောက် သဲ့သဲ့မျှသာကြား ဖြစ်ကြသော ကိုယ့်ဘ၀မှာ ကိုယ်ရုန်းကန်လှုပ် ရှားနေခဲ့ကြသည်။ ဘယ်လောက်ကြာသွားပြီလဲ။ သုံးနှစ် တော့ဖြင့် အသာလေးပေါ့။ အေးရီမကသာ တစ်ခါတစ်ရံ ပလုံနှင့် ဆုံတွေ့  ဖြစ်လေသည်။ ပလုံ့မိခင်က အေးရီမတို့ရပ်ကွက်ထဲသို့ ရော၊ ထွန်းပ တို့ရပ်ကွက် အင်းစိန်ဘက်သို့ ပါ စိန်ပွဲစား၊ ကျောက်ပွဲစားလုပ်ရင်း အပေါင်လည်းခံကာ အေးရီမက လူယုံအ ဖြစ် ငွေပေးသိမ်း လုပ်ပေး၊ တစ်လတစ်ခေါက်ဆိုသလို လာရောက်လေ့ရှိလေသည်။ ယာဉ် မောင်းသူ အဆင်မသင့်သည့် အခါမျိုးတွင် ပလုံက သူ့မိခင်ကို ကားမောင်းပို့ပေးရင်း အေးရီမဆိုင် တွင် ၀င်ထိုင် ဖြစ်သည်။ တစ်ကြိမ်တွင် အေးရီမက ကြွေရုပ်ကို စကားဆန်းတစ်ခုပြောသည်။

``နင့်ကို ပလုံက ကြိုက်နေတာသိလား ကြွေရုပ်။ နင်ဟာ ရုပ်ရည်ချောမောလှပသလို မိန်းမ ကော ဖြစ်လာပလားတဲ့။ ဟိ´´

``ကောင်စုတ်၊ အဲဒါ ငါ့ကို ယောက်ျားလျာလို့ နောက်နေတာပါ။ ဘယ်ကလာ ငါ့ကို ကြိုက် နေရမှာ လဲ´´

``ဟုတ်တယ်ဆိုနေ၊ သူသင်္ဘောလိုက်တော့မယ်တဲ့၊ ပြန်လာရင် နင့်ကို အဒေါ့်ဆီမှာ လာတောင်းမယ်တဲ့´´

``ငါ့တော့ သူဘာမှ မပြောပါဘူး´´

``အဲဒီ စကားမျိုးဟာ သူငယ်ချင်းတည့်တည့် ပြောရတာ အတော် ကြောင့် မဲ့ အလုပ်ဟ၊ နင့် ကို ကြောက်တာလဲပါမှာ ပေါ့ဟာ။ သူအလုပ်အကိုင် အခြေကျတဲ့ တစ်နေ့တော့ လာပြောလိမ့်မှာ ပေါ့´´

``အဲဒီ အခါကျ ငါရည်းစားရရုံမကဘူး၊ အိမ်ထောင်ကျလို့ ကလေးတွေ တောင် မွေးနေ လောက်ပြီ´´

ဟု ကြွေရုပ်က စကားပေါ့ ပြောသည်။

``ကြွေရုပ်´´

``ဟင်´´

အတွေးလွန်နေသော ကြွေရုပ်သတိဝင်လာသည်။

``ငါနဲ့ အေးရီမ တွေ့ တုန်းက နင့်အကြောင်း ဘာတွေ ပြောမလဲ စဉ်းစားကြည့်စမ်း´´

စောစောက အတွေးတွေ က ကြွေရုပ်ကို မလုံမလဲ ဖြစ်သွားစေသည်။

``ကြံကြံဖန်ဖန်၊ ငါကဘယ်လိုလုပ်သိနိုင်ပါ့မလဲဟဲ´´ဟု ပြောမိပြောရာ ပြောချင်လိုက် သည်။

တစ်လက်စတည်း အာရုံပြောင်းပစ်ဖို့ ကြိုးစားလျက်-

``မှတ်မိသေးလား ပလုံ၊ ငါတို့ ငါးတန်းတုန်းက ရန် ဖြစ်ကြတာလေ´´

``ဘာ ငါးတန်း ဟုတ်လား၊ မှတ်မိပေါင်ဟာ ကြာပဲကြာမှ´´

``အေးရီမရဲ့ ထိုင်ခုံမှာ နင်ပီကေသွားကပ်တာလေ၊ အေးရီက ငိုကြီးချက်မနဲ့ ဆရာမ ကို သွားတိုင်တယ်လေ´´

ပလုံ အသံထွက်ပြီး ရယ်တော့သည်။

ဪ နင်က စိတ်တွေ ဆိုးပြီး ငါ့ကိုကျောင်းရှေ့က သရက်ပင်အောက်မှာ ချိန်းတာမဟုတ် လား။ လက်ချည်းကြိုက်သလား၊ နံချပ်ကူရွေးမလားဆိုပဲ။ နင်အတော် ရုပ်ပြောင်တာပဲ´´

``အံမယ် အဲဒီ တုန်းက နင်မလာပါဘူး´´

``ဘယ်လာရဲမှာ လဲဟ။ နင်တို့က အတန်းပိုင်ဆရာကို တိုင်ထားကြသေးတယ်ဆိုတာ ငါက သတင်းရထားပြီးသား။ နင်နဲ့အတူ အေးရီမက ကြောက်ဆုတ်ဆုတ်နဲ့ အဖော်ပါလာသေး တယ်။ တစ်တန်းလုံးကလည်း စိတ်ဝင်တစား လာအားပေးဝိုင်းအုံနေကြသေးရဲ့ ။ ငါ့မှာ ရှုံးလည်း အခက်၊ နိုင်လည်းအခက်၊ တတ်နိုင်ဘူးလေဟာ ဖျားဟန်ဆောင်ပြီး ခွင့်သုံးရက်ယူပစ် လိုက်တာ ပေါ့။ မှတ်ကရော´´

``အဲဒီ တုန်းက ငါက ကရာတေးသင်တန်း တက်ပြီးစ ခါးပါတ်နက် ပူပူနွေးနွေးပီပီ သိပ် လက်စွမ်းပြချင်နေတာ´´

နှစ် ယောက် သား တသော သော ရယ်မောရင်း ပျော်စရာအချိန်ကလေးကို ဖြတ်သန်းခံစား ဖြစ်ကြသည်။

``ငါတို့မတွေ့ ကြတာ သုံးနှစ် ကျော်ပြီ´´

``ဟုတ်လား´´

``နင့်အဖေဆုံးတုန်းက ငါ့တို့ နောက်ဆုံးရောက်ခဲ့ကြတာလေဟာ´´

``အေ့း့  ဟုတ်ပါရဲ့ ၊ အဲဒီ လောက်တောင် ကြာပြီပါလား´´

``အချိန်ဟာ ကုန်လွယ်တယ်ကြွေရုပ်´´

``ဟုတ်တယ်နော်၊ ခုတော့လည်း လူကြီးတွေ ဖြစ်ကြရပြီနော်´´

``ငါ သင်္ဘောလိုက်တာ နှစ် ခေါက်ရှိပြီ။ ထိုင်ဝမ်သင်္ဘောနဲ့ဟ။ ကုန်တင်သင်္ဘောပဲ၊ အခု သုံးလနားရတယ်´´

``ဘယ်တွေ ရောက်ခဲ့လဲဟင်´´

``သင်္ဘောက ဥရောပ၊ အာဖရိကကို ကွေ့ပတ်သွားလာတာပေါ့ဟာ။ အီတလီတို့ ဒါဘန်တို့၊ အာရှနိုင်ငံတွေ လည်း ရောက်တယ်´´

``နင်တို့ အိမ်ကို နင့်အမေဆုံးတုန်းက နောက်ဆုံးရောက်ခဲ့တာ၊ အရင်တိုက်ပုကလေးကို ပြောတာ´´

``ဟောဒီ တိုက်ခန်းတွေ ပြင်ဆောက်ပြီးတော့မှ နင်မရောက်ဘူးနော်´´

``ငါ အရင်တစ်ခေါက် သင်္ဘောကပြန်လာတော့ နင့်ဆီလာမလားလို့ကြံထားတာ၊ တစ်လ တောင် မနားလိုက်ရတာ ဘဲနဲ့ သင်္ဘောပြန်တက်လိုက်ရတော့ အေးရီမနဲ့တောင် မတွေ့ လိုက်ရ ဘူး ´´

အေးရီမနှင့်မတွေ့ လိုက်ရဘူးဆိုသည့် စကား၏ နောက်ဆက်တွဲအ ဖြစ် ဘာတွေ ပါလာနိုင် သလဲဆိုတာ ခုတော့ ကြွေရုပ်တွေးမိတော့မလို ဖြစ်နေပါပြီ။ ဖမ်းဆီးချုပ်နှောင်ရ ခက်ခဲမြဲစိတ်တွေ သည် ဖျက်ခနဲ လှစ်ခနဲ အတိတ်မှ အခြားတစ်ကဏ္ဍဆီသို့ ကူးသန်းပြေးလွှား သွားပြန်လေသည်။

အဖေ ကင်ဆာ ဖြစ်တုန်းက

ကုမရနိုင်ဘူးဟု ရပ်ကွက်က နှစ် လရှည်ကြာ အားထားလာကြသော ကမ္ဗောဇဆေးကုခန်း ဆရာဝန်ကြီးက အသိပေးပြောကြားပြီးသားမို့ သိရှိနားလည်ခဲ့ကြပါရဲ့၊ သို့စေကာမူ သူခံစားရသော နာကျင်မှု ဝေဒနာသည် သက်သာရာ သက်သာကြောင်းဖြင့် သူရှာဖွေခဲ့သော ပစ္စည်းတွေ နှင့် သား အမိနှစ် ယောက် သဘောတူညီစွာ အကုန်ခံကုသပေးခဲ့ကြသည်။ စုဆောင်းထားသော ငွေသား ကုန်လျှင် အတွင်းပစ္စည်းတွေ ကို ဆက်လက်ထုခွဲရင်း အတော် ကုန်ခမ်းသွားခဲ့သည်။

အဖေဆုံးသွားပြီးနောက်။

ကြွေရုပ်တို့သားအမိတွင် ပိုင်ဆိုင်ခွင့်အနေနှင့် အကောင်အထည်ကြီးကြီးမားမား ပြစရာအ ဖြစ် မိဘဘိုးဘွား အမွေအနှစ် တိုက်ပုကလေးတစ်လုံးကျန်သေးသည်။ အဖေ့ကို ပြုစုကုသရန် ငွေ ကြေးစရိတ်အတွက် ခြံကျယ်ကြီးကို ပိုင်းဖြတ်ခွဲစိတ်ကာ အလီလီရောင်းချရန် မြေအကျယ်အ၀န်း ကတော့ တိုက်နေရာ ကလေးသာကွက်ကွက်ကလေး ကျန်ရစ်တော့သည်။ အမေ ထင်မှတ်ထား သလို ကုန်ကျစရိတ်တွေ က နောက်ထပ် စိုက်ထည့်ရုံနှင့် မပြီးပြတ်သော အခါ အမေ့နားမှ စိန်နား ကပ်သည်လည်း ဥဿဖယား အ ဖြစ် ပြောင်းလဲသွားခဲ့ရတော့သည်။ အိမ်ရှင်မ အမေသည် မှီခို ဘ၀မှာ ပင် လုံခြုံတင်းတိမ်ခဲ့သူပီပီ လုံးလုံလျားလျား စီးပွားမရှာတတ် ခဲ့ရှာပါ။ ကြွေရုပ်ကလည်း လူ့လောကထဲသို့ ခြေလှမ်းစ စမ်းတ၀ါးဝါးနှင့် ၊ ရထားပြီးစ စီးပွားရေး ဘွဲ့လက် မှတ်ကလေး တကိုင် ကိုင်နှင့် အလုပ်ရှာဖွေသည်။ သတင်းစာထဲတွင် ပါသော အလုပ်ခေါ်စာ တွေ နောက်သို့ တကောက် ကောက်လိုက်လံ လျှောက်လွှာတင်သည်။ ပယ်ချ၊ ပယ်ချ၊ အကြိမ်အခါ ပေါင်းများ စွာ မရေမတွက် နိုင်ပါပဲ ။

ကြွေရုပ်က လမ်းပေါ်မှာ ယောင်လည်လည် အလုပ်ရှာဖွေဆဲတွင် အိမ်မှာ ကျန်ရစ်သော အမေသည် တယ်လီဖုန်းတစ်လုံးရှိထားသည်ကို အပြည့်အ၀ အသုံးချသည်။ အပျင်းလည်းပြေ၊ အကြံဥာဏ်တွေ လည်းပေးသဖြင့် ကန်ထရိုက်တစ်ဦးနှင့် အသိကျွမ်း ဖြစ်ကာ လုပ်ငန်းတစ်ခု လုပ် ကိုင်ဖို့ စိတ်ကူးတိုင်ပင် ဖြစ်လေသည်။ ကန်ထရိုက်၏ တိုက်တွန်းချက်အရ ထိုစဉ်က ခေတ်စားနေ သည့် ဖြတ်လမ်းကို စိတ်ယိုင်ကာ အိုမင်းနေပြီ ဖြစ်သာ တိုက်အိမ်ကို ဖျက်ချပြီး ကန်ထရိုက်တစ် ၀က် ပိုင်ရှင်တစ်ဝက် နှစ် ခန်းတွဲ လေးထပ်တိုက် ဆောင်မည် ဟု အမေက ကြွေရုပ်အား တိုင်ပင် ခဲ့သည်။ တိုက်ခန်းလည်းပြီး ၊ အမေလည်းဆုံး။

အမေရရှိသော ခွဲတမ်းမှ တိုက်ခန်းသုံးခုကို ရောင်းချပြီး အကြွေးလည်း ဆပ်ရင်း ၊ ငွေတိုးလည်းချရင်း၊ ရွှေတုမိ၊ စိန်တုမိနှင့် ဆုံးရှုံးရင်း၊ နောက်ဆုံးတော့ အကြွေး၊ နေလက်စအခန်းနှင့် တယ်လီဖုန်းတို့်သာ ကျန်ရစ်တော့သည် ။ ပိန်ပါးကျန်းမာသော အမေသည် သွေးတိုးနှလုံး ရောဂါ ဝေ ဒနာ ထင်ထင်ရှားရှား မပြခဲ့ဖူးပါ။ သည်တော့လည်း ကျန်းမာရေး စစ်ဆေးမှု ကို ထိထိမိမိ သေသေ ချာချာ မစမ်းသပ်ခဲ့ဖူးခဲ့။ အမေ့တွင် အုံ့ပုန်းအရှိန်အဟုန် ကြီးမြင့်သော သွေးတိုး ရောဂါ ရှိနေ ကြောင်း အမေကိုယ်တိုင် မသိရှာခဲ့။

အဲသည်နေ့က ကြွေရုပ်သည်လျှောက်ထားသည့် ၀န်ထမ်းအလုပ်တစ်ခု အင်တာဗျူး ခေါ် သည်ကို သွားဖြေဖို့ အိမ်မှ ထွက်မည့် ဆဲဆဲ။ အမေခေါက်ကနဲလဲကျသော သွေးတွေ အန်ပြီး အမေ့ ကိုပွေ့ထူရင်း သွေးအလူးလူးနှင့် ခြေမကိုင်မိ၊ လက်မကိုင်မိဗျာဆိုက်ခဲ့ရသည်။ အမေ့ကို ခေါ်မရ တော့သည့်အခါတွင် ကြမ်းပေါ်ချထားပြီး တဖက်ခန်းကို ပြေးခေါ်ရ၊ အမေ့သူငယ်ချင်းထံ ဖုန်းဆက် ရနှင့် ။ ကြွေရုပ် တစ်ယောက် တည်း အော်ဟစ်ပြေးလွှာနေသည့် မိနစ်ပိုင်းအတွင်းမှာ ပင် အမေ အသက်ပျောက်သွားခဲ့ရှာသည်။ ဆရာဝန် ရောက်လာသော အခါမှ အမေအသက်မရှိတော့ကြောင်း ဖြင့် အေးဆေးဖျောင်းဖျ ပြောပြသည်ကို နားမလည်သလို၊ နားလည်သလိုနှင့် ကြွေရုပ်သိရှိ လိုက် လက်ခံလိုက်ရတော့သည်။

သွေးတိုးသည့် အရှိန်အ၀ါကြောင့် နံရံဖောင်းကား ပါးလွှာနေပြီ ဖြစ်သော နှလုံးသွေးကြော မကြီး ပေါက်ကွဲသွားခြင်း ဖြစ်သည်ဟု ဆရာဝန်က ရှင်းပြခဲ့သည်။ အဖေ့လို ကာလတာရှည် ခံစား မနေရတာ ကြောင့် အမေကံကောင်းသေးသည်ဟု ကြွေရုပ်စိတ်ဖြေသိမ့်ခဲ့ရလေသည်။ အမေခေါက် ကနဲ မျက်နှာလွှဲသွားချိန်တွင် အနီးအနားမှာ ပလုံရှိမနေဘဲ ပင်လယ်ပြင်ထဲ ရောက်နေတာ ကြောင့် ကြွေရုပ်နှင့် အေးရီမ လစ်ဟာအားလျော့ခဲ့ကြရပါ၏ ။ အမေတစ်ခု သမီးတစ်ခု ကျန်ရစ် ခဲ့ကြရာမှ အဖေ ကွယ်လွန်ပြီး တစ်နှစ် မှ မကျော်စွန်းခင် အမေက ရုတ်တရက်ကြီး ခွဲခွာသွားသော အခါ ကြွေရုပ်မှ အခြေအနေအမှန်ကို လက်မခံနိုင်ဘဲ အတန်ကြာ ကြောင်တက်တက် ယောင်ချာ ချာ ဖြစ်နေသေးသည်။ ကြွေရုပ် ငေးငိုင်သွားသည်ကို ပလုံသတိ ပြုမိသည်။

``ဟဲ့ ကြွေရုပ်။ ငါ ရှိနေတာ သတိရရဲ့ လား´´

ကြွေရုပ် ပြုံးရယ်သည်။

``မေ့စရာလား၊ နင့်လိုလူကို´´

``မမေ့မှ ဖြစ်မယ်၊ နင့်ကိုပြောစရာရှိတယ်ဆိုနေတာ´´

``ပြောလေ။ နင့်မှာ ဟန်ပြင်နေတာနဲ့ပဲ´´

``ပြောမယ်၊ အခုပြောမယ်၊ ဒီတစ်ခေါက်တော့ ငါ့အစီအစဉ်ကို အကောင်အထည်ဖော် ဖြစ် အောင် ဖော်မယ်လို့ ပိုင်းဖြတ်ထားတယ်´´

ကြွေရုပ်သည် ပြည်သက်လုံက ခြေဟန်လက်ဟန် အကျအနနှင့် ပြောဆိုနေသည်ကိုပဲ ရယ်စရာတစ်ခုခု ကြားရတော့မလို ပြုံးစစ ငံ့လင့်ကာနေသည်။

``ဒီိနေ့ အေးရီမကို ငါ အင်းစိန်ဈေးမှာ သွားရှာတော့ သူက သား တစ်ယောက် ထိန်းရင်း ဈေးရောင်းနေတာ။ နို့စို့ကလေးက အိမ်မှာ ထွန်းပအမေနဲ့ထားခဲ့ရတယ်တဲ့။

``အေးရီမက ယောက္ခမအထည်ဆိုင်ကို ကူရောင်းရတာ သူတို့လင်မယားလည်း အတော် ပင်ပန်းတာပဲနော်။ နင်က သူတို့ကို အမြဲကူညီတတ်လို့ အေးရီမက ပြောပြတယ်´´

``ဒီလိုပါပဲ၊ ငွေလိုလိုက် ချေးထားလိုက်၊ ငွေပေါ်လိုက် ပြန်လာပေးလိုက် ´´

``နင် ၀ိုင်းကြည့်နိုင်လို့ တော်သေးတာပေါ့´´

``ငါလည်း ခပ်မွဲမွဲပါ။ ထိထိမိမိ မကူညီနိုင်ပါဘူးဟာ၊ ဘွဲ့ရပြီးကတည်းက ဟိုအလုပ်ဒီအ လုပ်လျှောက်ရင်း အဆင်မချောနေတာအကြာကြီး။ နောက်တော့ ဘီစကွတ်ကုမ္ပဏီ တစ်ခုမှာ စာရင်းကိုင်တစ်နှစ် ၀င်လုပ်၊ စာချုပ်စေ့တော့ နားလိုက်တယ်၊ လခနဲ့ သွားလာစားသောက်စရိတ် မကာမိပါဘူး။ အသိပညာလည်း မတိုးတက်ဘူးလေ။ လောလောဆယ် ရွှေပြည်သာ မိဘမဲ့ကလေး ကျောင်းမှာ တစ်ပတ်သုံးကြိမ် စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာ သင်ပေးနေတယ်။ အခုပြင်သစ်စာ သင်ရင်း အလုပ်ရှာနေတာလည်း ခုထိတော့ အဆင်မပြေဘူး´´

``ဘယ်လိုစိတ်ကူးနဲ့ ပြင်သစ်စာသွားသင်တာလဲ´´

``သွားရေး လာရေး လွယ်ကူတာလည်း ပါတယ်လေ၊ မနက်ခြောက်နာရီခွဲအိမ်ကထွက်ပြီး ကားထွက်ပြီး ကားဂိတ်ကနေ ရှစ်ကားစီး ၊ မဟာမြိုင်မှတ်တိုင်ဆင်း၊ ပြင်သစ်ယဉ်ကျေးဌာနကို တန်းရောက်တာပဲ။ အပြန်ကျတော့ ရုံးတက်ချိန်နဲ့ ပြောင်းပြန် ဘတ်စ်ကားစီးတာဆိုတော့ အရမ်းကို ချောင်တယ်´´

``နင့်ရည်ရွယ်ချက် ငါ့ထက်ပိုဦးမှာ ပေါ့´´

``အလုပ်မရှိတော့ အိမ်မှာ ပဲနေနေရတာ လေ၊ အချိန်ပိုနေတာ နှမျောစရာကြီးမို့ စာပိုဖတ် နိုင်အောင် ပြင်သစ်စာသင်တယ် ပြောရမှာ ပေါ့။ တယ်လီဖုန်းကို ငှားထားရကောင်းမလားစိတ်ကူး သေးတယ်။ ဒါပေမဲ့ တယ်လီဖုန်းမရှိရင် ငါနဲ့အပြင်လောကကြီးပိုပြီး အဆက်အသွယ် ပြတ်သွားလိမ့် မယ်´´

အလုပ်သိပ်လိုနေလား´´

အေး ငါ့မှာ ကြွေးတွေ ရှိတယ်၊ ကြွေးအေးဖို့သာ မိဘတွေ ကျန်ခဲ့တဲ့ အမွေအနှစ် နဲ့ အမိုး အကာအောက်မှာ ဟန်မပျက်နေနိုင်တာ၊ နောက်ခြောက်လအတွင်းမှာ မှ ၀င်ငွေမရှိသေးရင်တော့ ငါ့တယ်လီဖုန်းအရင်ကြွသွားလိမ့်မယ်။ ပြီးရင် တိုက်ခန်းပေါ့။

ပြည်သက်လုံသည် ငါးပေလောက်သာကွာဝေးသော စားပွဲပေါ်တွင် တင်ထားသော အဖုံး ပိတ်လျက်သား စာအုပ်များ ကို စိုက်ကြည့်သည်။ ရှေ့တည့်တည့်မှ ပြင်သစ်-အင်္ဂလိပ် အဘိဓာန် စာအုပ်၊ ဒေါက်တာခင်လေးမြင့် မြန်မာပြန်ထားသော မင်းသားလေး (Antoine de Saint- Exupe’y ၏ Le petit prince) စာအုပ်ကလေး။

``ပြောစမ်းပါ ကြွေရုပ်ရဲ့ ၊ နင်ပြင်သစ်စာ သင်ပြီး ဘာလုပ်မလဲ´´

ပလုံက မျက်နှာတည်တည်တံ့တံ့ထားပြီး ထပ်မံကာ လေးလေးနက်နက် မေးသည်။

``ရှေ့နှစ် ခါဆို ငါဒစ်ပလုံးရမယ်။ ဒစ်ပလုံးဆိုတာ ဒီပလိုမာပေါ့။ အဲဒီ မတိုင်ခင် အလုပ်တစ် ခုခု ရသွားရင်တော့ ငါကျောင်းထွက်မှာ ပေါ့။ မဟုတ်ရင်တော့ ဒစ်ပလုံးယူပြီးရင် ပြင်သစ်တိုးရစ် ဂိုက်အပြင် တခြား အလုပ်ရနိုင်ခြေ မရှိဘူးလား´´

``အင်း မဒမ်မီရှဲလ်ဆိုတာနဲ့ ငါအလုပ်တစ်ခု ညှိနှိုင်းနေတယ်´´

``ဘယ်မှာ လုပ်ရမှာ လဲ၊ ဘာရာထူးလဲ၊ ဘယ်လောက်ပေးမလဲ´´

ကြွေရုပ်သည် ရလုရဆဲ အလုပ်အကိုင်နှင့် ပတ်သက်ပြီး ပလုံ့ကိုပြချင်နေသည်။ တစ်ဖက် ကလည်း မီးရှဲလ်နှင်နက်ဖြန်တွေ့ ဆုံပြီးမှသာ အလုပ်ရမရသေချာမှာ မို့ ဆိုင်းငံ့ထားချင်သေးသည်။

``နင်ဖုန်းနံပါတ်ပေးခဲ့တာ၊ ငါသေချာသွားရင် ပြောပြမယ်။နင်က နိုင်ငံခြားသွားလာနေကျ ဆိုတော့ အတွေ့ အကြုံလုပ်ထုံးလုပ်နည်းတွေ လည်း မေးရဦးမှာ ပါ´´

``ငါဖုန်းမရှိဘူး။ အခုတည်းခိုခန်းမှာ နေတယ်လေ။ သင်္ဘောမတက်သေးသရွေ့ အဲဒါင့ါ အိမ်ပေါ့။ နင့်ဖုန်းနံပါတ်ကအရင် ဟာပဲ မဟုတ်လား´´

``အေးဟုတ်တယ်၊ မနက်ဖြန်ည ဆက်ပါလား၊ ကိုးနာရီလောက်မှဆက်၊ ငါကအမေရိကန် စင်တာနဲ့ ဗြိတစ်ရှ်ကောင်စယ်ကိုလည်း ဆက်သွားရင်သွားမှာ ၊ စကော်လာခေါ်ရင် ပုံစံဖြည့်ပြီး လျှောက်လွှာတင်ခဲ့မလို့ အင်တာဗျူး တွေ ခေါ်လည်း ၀င်ပစ်တာပဲ။ တစ်ခါမှလည်း အရွေးမခံရပါဘူး။ အတွေ့ အကြုံလိုချင်လို့ပါလို့ ခပ်တည်တည်ဖိန့်တာ အကြိမ်ပေါင်းကိုမနည်းဘူး။ အမှန်တော့ အလုပ် လုပ်ချင်လို့ပေါ့ဟာ။ ရှင်းနေတာပဲ။ အဲ မိဘမဲ့ကလေးကျောင်းသွားပြီး အင်္ဂလိပ် စာသင်ပေးရ၊ ကွန်ပျူတာ မွမ်းမံသင်တန်းတွေ လည်း အပြေးအလွှားတက်ရေသေး။ သင်ဖူးတာလေး မေ့မှာ စိုးလို့´´

``အဲဒီ တော့´´

``အဲဒီ တော့လား။ အိမ်မှာ ငါမရှိတုန်းက နင်ဖုန်းဆက်ရင် ဖုန်းကိုင်မဲ့သူမရှိဘူးပေါ့ဟ´´

``နားလည်ပါပြီဟာ၊ မနက်ဖြန်ကျရင် ညကိုးနာရီခွဲမှပဲ ငါဖုန်းဆက်ပါတော့မယ်´´

နောက်ထပ်ဆယ်ငါးမိနစ်လောက် စကားတွေ ကိုထိုင်ပြောကြသေးသည်။ များ သော အားဖြင့် တော့ ငယ်တုန်းကအကြောင်းတွေ ချည်းပါပဲ။ ကြွေရုပ်၏ တိုက်ခန်းမှ ထွက်ခဲ့သော အခါတွင် ပြည်သက်လုံအား ကြွေရုပ်က တံခါးဝထိ လိုက်ပို့သည်။

ကြွေရုပ်ဆိုသော ငယ်သူချင်းကို သူရင်ထဲမှာ အကြိမ်ကြိမ်ခေါ်ဆို တမ်းတခဲ့သလို မျက်နှာ ချင်းဆိုင် မျက်လုံးချင်းဆုံကြည့်ကာ``ကြွေ´´ဟု ပြည်သက်လုံက အသံထွက်ပြီး ခေါ်စမ်းကြည့်၏ လိုက်နိုင်ပါပြီ။

``ငါ သွားတော့မယ်ကြွေ´´

ကြွေ သတိထားမိကြောင်း သူသိသည်။ ကြွေ့မျက်လုံးကလေးများ သည် အတန်ငယ်စူးခနဲ သူ့မျက်လုံးတွေ ကိုရင်ဆိုင်လိုက်သည်။ အစွာ မလေးကြွေပါ။ စိတ်ဆိုးလို့ ကတော့လား။ပြည်သက်လုံ တို့လှေကားထစ်တွေ ကနေ ခေါင်းနှင့် ဆင်းသွားရမှာ အသေအချာ။

သို့တစေမသိလိုက်ဘာသာနေထိုင်လိုက်တော့မည် ။ ပိုင်းဖြတ် ``ဟန်နှင့် သူမကခေါင်း က လေးတစ်ချက်ဆတ်ပြီး ကျန်နေရစ်ခဲ့လေသည်။ ပြည်သက်လုံသည် စိတ်သက်သာ ပေါ့ပါးသွား ကာ ကျိတ်ပြီး ပြုံးမိလေသည်။

ပြည်သက်လုံသည် နှစ် လွှာတိုက်ခန်းလှေကားမှဆင်းလာပြီး မြေညီတွင် ရပ်ထားသော နံ ပါတ်နှင့် ဆန်နီဆလွန်းအဖြူကလေးဆီသို့ လျှောက်သွားသည်။

သူသည် ကားနံဘေးတွင် ရပ်ကာ ဂျင်းဘောင်းဘီထဲမှ ကားသော့ ထုတ်ယူရင်း မော်ကြည့် လိုက်သည်။

မတွေ့ ရတာ သုံးနှစ် ကြာခဲ့ပြီးသော်လည်း ယခုတစ်ဖန်ပြန်လည်တွေ့ ဆုံချိန်တွင် ကြွေရုပ် သိပ်ပြောင်းလဲသွားပုံမရပါ။ အရင်လို ရိုးရိုးစင်းစင်း၊ ရှင်းရှင်းသန့်သန့် ဪ-ကြွေရှင်းသန့်ရယ်။

ပြည်သက်လုံသည် သက်ပြင်းချမိသည်။ သူရည်ရွယ်ထားသော စကားကြီးသုံးခွန်းကို ဘာ ကြောင့် မပြော ဖြစ်ခဲ့ရတာ လဲ။

တကယ်တော့ ပြည်သက်လုံသည် ကြွေရုပ်သည် အခန်းတံခါးကိုသော့ ပိတ်ခဲ့ပြီး နံရံဘေးမှ ကပ်လျှောက်သွားကာ ၀ရန်တာဆစ်ချိုးဘက်သို့ ရောက်ရှိသွားသည်။ ထိုတစ်ဆစ်ချိုးဝရန်တာ သည် မှော င်ရိပ်လည်းကွယ်သည်။ အဝေးဆီသို့ သာမက တိုက်အောက်ခြေဆီသို့ လည်း သဲသဲကွဲကွဲ မြင်ရသည်။

ပြည်သက်လုံသည် ကားတံခါးသော့ ဖွင့်ရင်း ကြွေရုပ်၏ တိုက်ခန်းဆီသို့ ပြန်လည်မော် ကြည့်သည်။

ကြွေရုပ်သည် သူမကို ပြည်သက်လုံမတွေ့ နိုင်မှန်းသိပါလျှက် ကိုယ်ကိုအသာတိမ်းညွတ် ပုန်းကွယ်နေမိလေသည်။

နောက်မိနစ်ပိုင်းအတွင်းမှာ ပင် သူ၏ ဆန်နီဆလွန်းကလေးသည် ကြွေရုပ်တို့လေးလွှာ တိုက်အိမ်ရိပ်မှာ လှိမ့်ထွက်သွားတော့သည်။

ကြွေရုပ်က ၀ရန်တာမှခွာကာ တိုက်ခန်းထဲပြန်ဝင်လာပြီး တံခါးချက်ချလိုက်သည်။

ပလုံပြန်သွားသည်နှင့် ကြွေရုပ်တိုက်ခန်းသည်လည်းရယ်မောသံ၊ စကားပြောသံတွေ ဆိတ် သုဉ်းသွားတော့လျှက် ပြ ကတော့ တိတ်ဆိတ်နေတော့သည်။

အဲသည် တိတ်ဆိတ်ခြင်းကို နေသားကျနေပြီထင်နေပြီးကာမှ ယခုအခါအသစ်အဆန်းသ ဖွယ် သည်းမခံနိုင်အောင် ဖြစ်လာသည် အဖော်ခုံမင်သော လူ့သဘာဝပေပဲထင်ပါရဲ့ လေ။



အခန်း (၂)

ဆိုက်ရောက်လာသော သံတမန်ကားပေါ်မှ မီရှဲလ်ဆင်းလာလေသည်။ သူမသည် ကာကီ ရောင် ဘာလန်နိုမီးလျှံကျောပိုးအိတ်ကလေးကို သိုင်းလွယ်ထား၏ ။

မီရှဲလ်မှာ အသက်သုံးဆယ်ကျော် သုံးဆယ်လေးငါးနှစ် သာရှိသေးပြီး အသက်ထက်စာလျှင် ရုပ်ရည်ရင့်ရော်လေ့ရှိသော သူမတို့အနောက်တိုင်းသားတွေ နှင့် ကွာခြားစွာ အသားအရေနူးညံ့နုပျို သည်။ မြန်မာ့အမြင်အရဆိုလျှင် သူမ၏ အသားအရေက ဖြူဆွတ်လွန်းပြီး ငါးပေရှစ်လက်မဆို သော အရပ်အမောင်းကြီးက ကလန့်ကလားနိုင်သည်။ အနောက်တိုင်းသူတို့၏ တံဆိပ်အတိုင်း နှာတံက ရှည်လျားချွန်မြနေစေကာမူ ဖြောင့်ဖြောင့်စင်းစင်းရှိနေသည့်အတွက် အကြည့်ရအဆင်ပြေ လေသည်။

မီရှဲလ်၏ ရွှန်းလဲ့သော မျက်လုံးပြာနှင့် လန်းဆန်းချိုသာမျက်နှာထားသည်ကား သူမ၏ အဆင်းလက္ခဏာကို ရွှန်းမြမြအလှဆင်ပေးထားလေသည်။

``ဘွန်းဂျူး မီရှဲလ´´ ကောင်းသော နေ့ပါ မီရှဲလ်။

ကြွေသည် ကားတံခါးနံဘေးတွင် ရပ်တန့်စောင့်ဆိုင်းနေရာမှ ခါးကလေးအသာညွတ်ကာ လက်ကမ်းပေးရင်း နှုတ်ဆက်လိုက်လေသည်။ မီရှဲလ် ကတော့သူတို့ပြင်သစ်တွေ ၏ ရင်းနှီးဖော်ရွေမှု ထုံးစံအတိုင်း လက်နှစ် ဖက်ဆန့်ရင်ဖွင့်ကာ ကြွေရုပ်ကိုပွေ့ဖက်လျှက် ပါးနှစ် ဖက်ကို ဘယ်ပြန်ညာ ပြန် နမ်းလေ၏ ။

``ဘွန်းဂျူးကြွေ ကွန်မွန်ဆားဗား´´

ကောင်းသော နေ့ပါကြွေ နေထိုင်ကောင်းပါရဲ့ လား။

သည်တော့မှပင် သူတို့၏ စာပေ၊ ဘာသာစကားကို သင်ကြားရယူနေရုံမက အလုပ်တစ်ခုကို သူထံမှ မျှော်လင့်နေမိချိန်မှာ သူတို့၏ ထုံးထမ်းဓလေ့ကို ကြွေရုပ်က မမေ့မလျော့မပေါ့ဆလိုက် သင့်ဘူးဟု အတွေးပေါက်မိရင်း သည်တစ်ခေါက်တော့ဖြင့် နေလိုက်ဦးတော့ဟု မချင့်မရဲ စိတ် လျှောလိုက်ရတော့သည်။

``ဆားဗား ဗျန်း မက်ဆီ အေ၀ူ´´

ကောင်းပါတယ်၊ ကျေးဇူးပါပဲ၊ ဒါနဲ့ မီရှဲလ်ကော။

``ဆားဗားမက်ဆီ´´ ကောင်းပါရဲ့ ရှင်။

ကြွေရုပ်နှင့် မီရှဲလ်တို့က ဇီတာကဖေးတွင် သက်တောင့်သက်သာထိုင်ကြသည်။ မီရှဲလ် သည် သူမ၏ ကျောပိုးအိတ်ကိုနံဘေး ထိုင်ခုံလွတ်တွင် တင်ထားလိုက်လေသည်။

မီရှဲလ်သည်ပြင်သစ်သူ ဖြစ်လင့်ကစား ပြင်သစ်နိုင်ငံမှာ နေနိုင်တာကနည်းပြီး ကမ္ဘာအနှံအ ပြား အထူးသဖြင့် တို့လူဖြူတွေ ၏ ဖိနှိပ်အုပ်ချုပ်ကုတ်သွေးစုပ်ခံရသူ လူမည်းတွေ အတွက် ရင်ထု မနာ၊ ကြေကွဲမဆုံးနိုင်နေရင်း အာဖရိကတိုင်းပြည်တွေ မှာ လှည့်လှည်သွားနေလေ့ရှိသည့် ကောင့်တက်စ်မြို့စားကတော် တစ်ဦး ဖြစ်သ ည်ဆိုတာလောက်သာ ကြွေရုပ်သိထားပေသည်။ မမ်မီ ရှဲလ်ဟု ခေါ်ဝေါ်ပြောဆိုတာတွေ ကို မီရှဲလ်က သူမနည်းနည်း မှ မနှစ်သက် ကြောင်းဖြင့် အကြောင်း သင့်တိုင်း ဖော်ထုတ်လေ့ရှိသည်။

``ကျွန်မကို မီရှဲလ်ဟုခေါ်ရင်လုံလောက်ပါပြီ။ ဒါအရမ်းအဆင်ပြေနေပါပြီ။

ဆိုသည်က မီရှဲလ်မှာ မြန်မာပြည်သို့ အလည်ရောက်ရောက်လာသည်မှာ သည်တစ်ကြိမ် ပါဆို လေးကြိမ်ရှိနေပါပြီ။ နောင်နှစ် ခါမီရှဲလ်ရောက်လာလျှင် ကြွေရုပ်မြန်မာပြည်မှာ ရှိချင်မှရှိမည် ဆိုတာကိုတော့ ယနေ့ဆွေးနွေးအတည်ပြုနိုင်မည့်  ရလဒ်အပေါ်မှာ မူတည်နေပါလိမ့်မည် ။

``ဂျက်လက်ဂ် ဖြစ်နေမှာ ပေါ့နော်´´

လေယာဉ်စီးလာသော ဒဏ်ကို ခံစားနေရလေသလား´´့  ကရုဏာစကားဆိုမိသည်။

``နည်းနည်း ပါးပါးပဲ ကြွေ´´

သူမ၏ ရွှေဝါရောင် ဆံနွယ်ရှည်တွေ ကို နောက်ကျောမှ စုသိမ်းထားသည်မှာ မိန်းမဆန်သည် ဟု ယူဆနိုင်စရာ အကြောင်းရှိသည်။ လည်ပင်းဟိုက်ပိတ်ဖြူ ဘလောက်စ်ကို အတွင်းခံအင်္ကျီမပါ ဘဲ ကပိုကရိုဝတ်ဆင်ထားသည့်တိုင် အတည်သားက ထူထဲတာမို့ အတွင် ပစ္စည်းများ ကို ရိုတိုး ရိုးတိတ် ခန့်မှန်းနိုင်ရုံမျှသာ မြင်သာပါသည်။ ခြေသလုံးတစ်ဝက်ခန့်ရှည်လျားသော အနက်ခံ အစိမ်းရောင် အကွက်စိပ်စိပ်ဖောက်ထားသော စကပ်ရှည် ၀တ်ဆင်ထားပြီး ခါးတွင် ခါးပတ် ပိုက်ဆံ အိတ်ပတ်ထားသည်။ နတ်သမီးပုံပြင်တွေ ထဲက စုန်းကကြီးတွေ စီးထားတတ်သော ဖိနပ်နှင့် တူ သော ကြိုးသိုင်းဒေါက်မြင့် ဖိနပ်ကြီးကို စီးထားသည့်တိုင် ကြွေရုပ်၏ အမြင်အတွေ့ မှာ မီရှဲလ် သည် ရုပ်ဆိုးမသွားသေးပါ။

``ပါရီကနေ ဘဲလ်ဂျီယမ်ရောက်၊ ဇိုင်ယာမှာ သုံးရက်ကြာခဲ့သေးတယ်၊ အဲဒီ ကမှ တောင် အာဖရိကဘက်လှည့်ပြီး ထိုင်းကိုရောက်ခဲ့တာ။ ဘန်ကောက်က မိဘမဲ့ဂေဟာကိုဝင်၊ ပြီးတော့ ချင်း မိုင်သွားပြီး အိပ်ခ်ျအိုင်ဗွီ ဝေဒနာရှင်ကလေးသူငယ် ကြည့်ရှုစောင့်ရှောက်ရေး ဂေဟာကို ဖွင့်လှစ် ပေးခဲ့တယ်´´

``မီရှဲလ်ရဲ့ ခရီးစဉ်တွေ က အရမ်းကို စိတ်လှုပ်ရှားစရာပဲနော်´´

``အား ဟုတ်ပါရဲ့ ၊ ကြွေ့အတွက်´´

ပြောရင်း မီရှဲလ်က သူမ၏ ဘာလန်နိုဆိုသည့် မီးလျှံကျောပိုးအိတ်ကလေးကို ဇစ်ဖွင့်ပြီး အထဲကို လက်နှိုက်ရှာဖွေသည်။ သူမ၏ လက်ကောက်ဝတ်တွင် စွပ်ထားသော ရွှေရောင် ကြိုးနှင့် ဆစ်ထားသော ဘဲဥပုံသဏ္ဍာန် ကျောက်စိမ်းပကာသား လက်ကောက်သုံးကွင်းသည် သူမ၏ နားရွက်ဖျားများ မှာ ထန်းလန်းဆွဲထားသော ကျောက်စိမ်းပြားတွေ နှင့် တစ်ဆင့်တစ်သွေးတည်း ဖြစ် ၏ ။ ထိုအလှဆင် လက်ဝတ်လက်စားတွေ သည် မြန်မာပြည်သို့ အရင်တစ်ခေါက် မီရှဲလ် ရောက်လာ ပြီး ပြန်အထွက်တွင် လေယာဉ်ကွင်းသို့ လိုက်လံပို့ဆောင်ရင်း နှုတ်ဆက်လက် ဆောင်ပေးခဲ့သော အရာတွေ ဖြစ်သည်။ မီရှဲလ်နှစ်သက် ၀တ်ဆင်ထားသည့်အတွက် ကြွေရုပ်ဝမ်းမြောက် ကြည်းနူးနေ မိသည်။

``ကြွေ ၀မ်းသာမဲ့ လက်ဆောင်ကောင်းတစ်ခု ပေးရဦးမယ်´´

ကြွေရုပ် ထိတ်ကနဲ တုန်လှိုက်ခုန်သည်။

``ကြွေ့အတွက် အလုပ်ခန့်စာ ပါလာတယ်´´

အလုပ်ခန့်စာ။ ယင်းမှာ ကြွေရုပ်အတောင့်တဆုံး စကားပင် ဖြစ်သည်။ မြန်မာပီသစွာ ရှက် ကြောက်အားနာခြင်းနှင့် မာနတို့ရောယှက်ကာ ဖွင့်မပေးဘဲ မျိုသိပ်ထားရလေသော ကြားချင်လှ သည့် သတင်းစကားရယ်ပါ။

``ကြွေမှာ ထားတဲ့အတိုင်း အရံတစ်ခုကို ဇိုင်ယာစာတိုက်ကနေ သေချာပို့စ် လုပ်ခိုင်းခဲ့တာ စာတိုက်ခရီးသုံးပတ်ထား၊ ရှေ့လလယ်လောက်ရောက်လာမှာ ပေါ့´´

ကြွေရုပ်သည် ရင်တထိတ်ထိတ်နှင့် မီရှဲလ်လက်ထဲပါ လာမည့်  အလုပ်ခန့်စာကို အသက် အောင့်ပြီး စောင့်ကြည့်နေသည်။ မီရှဲလ်က ကျောပိုးအိတ်ကို ဇစ်ဖွင့်ပြီး အထဲမှ စာအိတ်ရှည် တစ် စောင်နှိုက်ယူပြီး ကြွေရုပ်ထံ လှမ်းပေးသည်။

``ဒီ အလုပ်ခန့်စာလည်း အော်ရီဂျယ်နယ်ပဲ။ စာတိုက်က ရောက်မလာရင် အသုံးပြုနိုင် အောင်လို့ပါ´´

``မစ်စီ ဘိုကု မီရှဲလ်´´ ကျေးဇူးတင်လိုက်တာ မီရှဲလ်ရယ်။

``မိဘမဲ့ကလေးတွေ ကို ကြွေက စေတနာ့ဝန်ထမ်း အင်္ဂလိပ်စာ သင်ပေးနေတာဟာ Le crystal blance Ophanage အဖြူရောင် ကျောက်သလင်းမိဘမဲ့ဂေဟာ လူမှု ၀န်ထမ်းအဖွဲ့ အစည်းမှာ အလုပ်ရဖို့ အထောက်အကူကောင်း ဖြစ်သွားတယ်´´

ဗဟိုအလုပ်အမှု ဆောင် တစ်ဦး ဖြစ်သော ၊ အစုရှယ်ယာလည်း အများ ဆုံးပါဝင်ထားသော မီရှဲလ်၏ ထောက်ခံချက်သည် အဓိက ဖြစ်ကြောင်း ကတော့ ပြောနေဖို့ မလိုသော အချက်သည် အဓိက ဖြစ်ကြောင်း ကတော့ ပြောနေဖို့မလိုသော အချက်ပါပဲ။

ကြွေရုပ်၏ မဝေးကွာတော့ပြီ ဖြစ်သော အနာဂတ်ခရီးမှာ ရုတ်ချည်းဆိုသလိုပင် ရည်မှန်းချက် တွေ ပြည့်စုံဖို့ ရှစ်ဆယ်ရာနှုန်းသေချာသွားတော့သည်။ စာအိတ်ပေါ်မှာ ဇိုင်ယာတံဆိပ်ပါမှ ဇိုင်ယာမှ ရောက်ရှိလာသော အလုပ်ခန့်စာအစစ် ဖြစ်ကြောင်း အသိအမှတ်ပြုနိုင်စရာရှိသည်ကိုတော့ မီရှဲလ် အား မပြောချင်သေးပါ။ သူမ မောဟိုက်မသွားစေချင်ပါ။

ဆယ့်ငါးရာခိုင်နှုန်းက နိုင်ငံကူးလက်မှတ်ရပြီးမှ သေချာနိုင်မည် ။ နောက်ဆုံး ငါးရာခိုင်နှုန်း ကိုတော့ ကြွေရုပ်က ကံကြမ္မာအပေါ်မှာ ပုံချိထားဦးမှ သင့်တော် ပေလိမ့်မည် ။

``ခြောက်လအချိန်ပေးထားတယ်၊ တကယ်လို့သာသုံးလအတွင်း မထွက်နိုင်ရင် အချိန် ထပ်တောင်းမနေရဘူးပေါ့´´

နိုင်ငံကူးလက်မှတ်(ပတ်စ်ပို့တ်) ရဖို့ခက်ခဲသည်ဟု ပြောကြသည်။ အမျိုးသမီးတွေ အတွက် ပိုတောင်ခက်ခဲသေးသည်ဟု ဆိုကြသည်။ ကြွေရုပ်သည် ချက်ချင်း ပင် ပလုံကို အပြေးအလွှား သတိရလိုက်မိသည်။ ပလုံ့ကို ဆရာတင်မှ ဖြစ်မှာ ပါ။ မြန်မာပြည်သို့ ညကျလျှင်ပလုံ ဖုန်းဆက်မည် ပြောသည်။ မမေ့မလျော့ ဆက်ပါစေ။ ဖုန်းလိုင်းသည်လည်းမပျက်ပါစေနဲ့။

``ကြွေ့ကို လခတစ်လငါးရာနဲ့ သုံးလအစမ်းခန့်မယ်၊ လမ်းစရိတ် နေထိုင်စရိတ်ရမယ်´´

``အဲဒါ ဘာလဲမီရှဲလ်´´

``တာဝန်အရ ကြွေခရီးသွားလာချိန်မှာ ရရှိမဲ့စားသောက်စရိတ်ပါကြွေ၊ အလုပ်ခန့်ပြီဆိုတာ နဲ့ ခံစားခွင့်အားလုံး ကြွေရရှိပြီပေါ့´´

``၀ီဝီ´´ဟုတ်ကဲ့ ဟုတ်ကဲ့။

မိဘမဲ့ကလေးဂေဟာ လူမှု ရေး အဖွဲ့အစည်းတွင် လက်ထောက်အုပ်ချုပ်ရေး မှူးအ ဖြစ် ကြွေ သွားရောက် တာဝန်ထမ်းရွက်လုပ်ကိုင်ရတော့မယ်။ ဘွဲ့ရအ ဖြစ် ငါးနှစ် ၊ အလုပ်လက်မဲ့အ ဖြစ် လေးနှစ် ကြာမြင့်ခဲ့ပြီးနောက် နှစ် ဆယ့်ရှစ်နှစ် ဆိုသော အသက်အရွယ်ရှိပြီ ဖြစ်သော ကြွေရှင်းသန့် သည် ယခုအခါ ဤဘ၀တစ်ဆစ်ချိုးသို့ အသည်းတအေးအေး ရောက်ရှိလာခဲ့ပါပေါ့လား။

မီရှဲလ်က ကမ္ဘာတစ်ဝှမ်း သူမနောက်ထပ် တိုးချဲ့ဖွင့်လှစ်သော လုပ်ငန်းစဉ်တွေ အကြောင်း မရပ်မနား ဆက်တိုက်ပြောပြနေသည်။ ကြွေရုပ်သည် မီရှဲလ်၏ လုပ်ငန်းစဉ်တွေ ကို ငေးမောနား ထောင်မိသည်။ အရင်လည်း စိတ်ဝင်တစားရှိခဲ့ပါသော်လည်း ယခုဆို သူမနှင့် လည်း တစ်နည်း တစ်ဖုံ ပတ်သက်ဆက်နွယ်လာပြီ ဖြစ်လေသည်။ အထက်လူကြီးမီရှဲလ်၏ အလုပ်တွေ ကို လက် ထောက်ကြီးကြပ်ရေး မှူးကလေး ကြွေရုပ်က သိရှိနေသင့်လှပါ၏ ။

အထက်လူကြီးတွေ ရောက်လာလျှင် အဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးဖို့ရန် သူတို့အဖွဲ့အစည်းမှ ခန့်အပ်ထားသော ဆက်သွယ်ရေး ၀န်ထမ်းတွေ ရှိလင့်ကစား မီရှဲလ်က ကြွေရုပ်ကို ခင်တွယ်နေသည်။ ဘ၀ ဘ၀ တွေ တုန်းက ရေစက်ရှိလို့ ဖြစ်မှာ ပါပဲထင်ပါရဲ့ ဟု ကြွေရုပ် အံ့သြကြည်နူး မိလေသည်။

``ကျွန်မ မန္တလေး၊ ဟဲဟိုးတက်ဖို့ လေယာဉ်လက်မှတ် ရမယ်တဲ့ကြွေ၊ ကြွေလိုက်ဦးမှာ ပါ နော်´´

``လိုက်မှာ ပေါ့ မီရှဲလ်ရဲ့ ´´

``ကျွန်မတို့တနင်္လာနေ့သွားကြမယ်´´ဟု မီရှဲလ်က ခရီးစဉ်ကိုကို ပြောပြနေသည့်အတွက် ကြွေက အသေအချာမှတ်သားနေရသည်။ ပြည်သက်နှင့်အတူ ပတ်စ်ပို့လုပ်နိုင်မည့်  ရက်တွေ အချိန်တွေ ကို တွက်ရရွေးရပေဦးမည် ။ အိုလေ သူက ဆယ်ရက်ပဲကြာမှာ ပဲ ဥစ္စာ။ အရင်တစ်ခေါက် တွေ တုန်းက မီးရှဲလ်နှင့် အတူ ပုဂံ၊ မန္တလေး၊ တောင်ကြီး၊ အင်းလေးဘက်သို့ တကောက်ကောက် အဖော်လုပ်လိုက်ပါပေးရင်း ဧည့်လမ်းညွှန်အ ဖြစ် လိုက်ပါသွားကာ သူမ၏ လေ့လာရေး ခရီးစဉ်တွင် ပြင်သစ်လို ဘာသာပြန်ပေး၊ တစ်ခါတစ်ရံလည်း အင်္ဂလိပ်လိုညှပ်ပြောနှင့် မီရှဲလ်က အင်္ဂလိပ်လည်း နားလည်သော ကြောင့် နှစ် ယောက် သား အဆင်ချောကြပေသည်။ ကြွေရုပ်အနေနှင့် မီရှဲလ် အပျင်းလည်းပြေ၊ ပညာဗဟုတုတလည်း ဝေမျှရရုံမက ထိုက်သင့်သော လုပ်အားခငွေကြေးတွေ လည်းရရှိသည်။

``ခုလို လူမှု ၀န်ထမ်းလုပ်ငန်းတွေ စလုပ် ဖြစ်လာတဲ့အချိန်က စပြီးတော့မှပဲ ကိုယ်ဘ၀ဟာ အဓိပ္ပါယ်ရှိလာတော့တယ်လို့ မင်းကို ကိုယ်ပြောဖူးတယ်မဟုတ်လားကြွေ၊ အခု ကိုယ်သိပ်ပျော် နေတယ်´´

``ဟုတ်ကဲ့မီရှဲလ်၊ မီရှဲလ်ဆိုလိုတာ ကျွန်မနားလည်ပါတယ်´´

ကြွေရုပ်က သူမအပေါ် ရိုးသားသည်ဟု မီရှဲလ်ပြောဖူးလေသည်။ ကျွန်မလည်း မီရှဲလ်ဆီက အလုပ်တော့လိုချင်တာပါပဲဟု မလုံမလဲပြောမိသော အခါ မီရှဲလ်က ``မင်းက ရိုးရိုးသားသားမျှော် လင့်တာပါ။ မင်းပေးနိုင်မယ့်လုပ်အားနဲ့ ငါလိုအပ်မယ့် အရာလဲလှယ်ချင်တာပါ။ ငါ့အပေါ် အမြတ် ထုတ်ချင်တာမှ မဟုတ်ဘဲ´´နားလည်ခွင့်လွှတ်နေခဲ့သည်။

သည်တစ်ခေါက်ထူးခြားနေသည်က သည်အလုပ်တွေ ဟာအရင်လို စိမ်းမနေတော့ဘဲ ယနေ့မှစပြီး ကြွေရုပ်နှင့် ပတ်သက်လာနေပါပြီ။ ကြွေရုပ်သည် မီရှဲလ်ဗဟိုအမှု ဆောင် တစ်ဦးအ ဖြစ် ပါဝင်သည်ဆိုသော Lecrystal blance အဖြူရောင် ကျောက်သလင်း လူမှု ၀န်ထမ်း အဖွဲ့အစည်း တွင် အမှု ထမ်း တစ်ယောက် ဖြစ်တော့မည် မဟုတ်လား။

ကြွေရုပ် အတွေးနှင့် ပီတိ ဖြစ်ကာ ကြက်သီးမွေးညင်းဖြန်းကနဲ ထလေသည်။

``နက်ဖြန်မနက် ရွှေပြည်သာမိဘမဲ့ဂေဟာ အရင်သွားမယ်။ ပြီးမှဝါကျွတ်တုံးက တိုးချဲ့ လိုက်တဲ့ နေ့ကလေးထိန်းကျောင်းကို သွားကြည့်မယ်။ ကြွေလိုက်ပေးနိုင်မလား။ မနေ့ညကဖုန်းနဲ့ ကြိုတင်ပြီး အစီအစဉ်မပြော ဖြစ်လိုက်တာ၊ စိတ်မရှိနဲ့နော်၊ ကိုယ်အစောကြီး အိပ်ပျော်သွားတယ်´´

``လိုက်နိုင်ပါတယ်မီရှဲလ်။ မနက်ဖြန် ပြင်သစ်အတန်းမရှိဘူး။ ရှိလည်းရပါတယ်။ မီရှဲလ်နဲ့ စကားပြောနေသော ပြင်သစ်စကားပြော အလေ့အကျင့်လုပ်နေတာပဲမဟုတ်လား။

မြန်မာပြည်ရောက်လာတိုင်းပင် မီရှဲလ်က ကြွေရုပ်နှင့် ပင် အတူခရီးသွားလိုပေသည်။

တကယ်တော့ မီရှဲလ်ခမျာ ယုံကြည်လောက်သော အဖော်ကောင်း တစ်ယောက် ငတ်မွတ် နေရှာတာပါ။

မီရှဲလ် သွားရေး လာရေး အတွက် နံပါတ်မည်း လင့်ခရူဇာတစ်စီးကို ကြိုတင်ငှားရမ်းထား ပေးပြီဟု မီရှဲလ်ကပြောပြသည်။ အဲသလိုအထက်လူကြီးအတွက် ဧည့်သည်တော် အတွက် အသွား အပြန်လက်မှတ် နေရေး ထိုင်ရေး စားသောက်ရေး ဒါတွေ ကို အနာဂါတ်မှာ ကြွေရုပ် လုပ်ကိုင်ရလိမ့် မည် ။ မြန်မာပြည်မှာ မဟုတ်စေကာမူ ကြွေရုပ် သွားရတော့မည့်  ဇိုင်ယာမှာ မလွဲမသွေဟု လုပ်ကိုင် ဆောင်ရွက်ရမှာ သေချာပါသည်။

အတွေးကလေးသည် ကြွေရုပ်အား စိမ့်ကနဲ အေးသွားစေပြန်တော့သည်။

``မနက်ဖြန်ကိုးနာရီ မင်းအိမ်ကို လာခဲ့မယ် နာရီဝက်လောက်ကြိုပြီး ဖုန်းဆက်မယ်´´

``ဟုတ်ကဲ့ မီရှဲလ်၊ ကျွန်မ အောက်ထပ်ဆင်းပြီး စောင့်နေမှာ ပေါ့``

မီရှဲလ်နှင့် လမ်းခွဲပြီး ပြန်လာသော အခါ ကြွေရုပ်သည် လစ်ဟာနေသော အစိတ်အပိုင်းတစ် ခု ပြည့်စုံနှိုးကြားလာသလို တက်ကြွရှင်သန်လျှက်ရှိလေသည်။

ရှစ်နံပါတ်ကားကို မတ်တတ်စီးပြီးပြန်လာရင် ပလုံအမှန်အကန် ဖုန်းဆက်ပါစေဟု မျက်လုံး ကလေးမှိတ်ကာ ဆုတောင်းရသေးသည်။

အိမ်ပြန်ရောက်တော့ ကြွေရုပ်မှာ အလုပ်ခန့်စာ ကလေးကိုဖြန့်ဖတ်လိုက်၊ ပြန်ခေါက်ကာ စာအိတ်ထဲထည့်သိမ်းလိုက်၊ ပြန်ထုတ်ကြည့်လိုက်၊ တကယ့်ကို မျောက်အုန်းသီးရသည်ဆိုသလို ဖြစ်နေတော့သည်။

တိုင်ကပ်နာရီကိုလည်း တော် နေမော့ကြည့်၊ တော် နေမော့ကြည့်။

မနက်ကတည်းက တစ်ဘူးခွဲချက်ထားသော ထမင်းသည်မနက်စာနှင့် ညလည်စာ တပေါင်း တည်း တ၀စားပြီးတာတောင် တစ်ဝက်မရှိတရှိ ကျန်ရှိနေသေးသည်။ ကြွေရုပ်သည် ပန်းကန်ဆေး ရသက်သာအောင် ညစာကို ထမင်းပေါင်းအိုးထဲမှာ ပဲ စားမည် စိတ်ကူးသည်။

ကြက်အူချောင်းတွေ ကို ပါးပါးလှီးပြီး ကြော်ထည့်ထားသော ပုလင်းအား ကြောင်အိမ်ပေါ်မှ လှမ်းယူသည်။ အဖုံးဖွင့်ထားကာ ထမင်းပေါင်းအိုးထဲသို့ စောင့်ငဲ့လောင်းချသည်။ အမေသာရှိလျှင် အဲသလိုစနစ်မရှိ၊ စည်းမရှိနှင့်မိန်းမ မပီသရကောင်းလား ဆူပူဦးမှာ ပဲဟု တွေးပြီးပြုံးမိသေးသည်။

ကြောင်အိမ်ထဲမှာ သားရေကွင်းနှင့် စည်းနှောင်ထားသော ဘာလချောင်ကြော်ထည့်ထား သည်။ ပလပ်စတစ် တစ်ထုပ်ကလေးကို ဆွဲထုတ်ယူကာစားပွဲတင်လိုက်၏ ။ ပြီးမှအကျထိုင်ကာ အထုပ်ဖြည်သည်။ ထမင်းပေါ်သို့ ဘာလချောင်တွေ ဖြူးချသည်။ ဗိုက်ပြည့်ပြီးရော ပလုပ်ပလောင်း စားပစ်လိုက်သည်။ စားမြိန်တာလည်း သေချာပါသည်။ ကြွေရုပ်က အစားအသောက် ချေးများ သည်မှ မရှိဘဲ။

စားပြီးတော့ ထမင်းပေါင်းအိုးကို ဆေး၊ လက်ဆေး၊ ရေတစ်ခွက်ခပ်သောက်။

တယ်လီဖုန်းနှင့် အနီးဆုံးနေရာတွင် ထိုင်ခုံရွှေ့ကာထိုင်ပြီး အလုပ်ခန့်စာကို တစိမ့်စိမ့်ကြည့် ပြန်သည်။ ပြင်သစ်စာကို သင်ထားမိကာ ခုလို အလုပ်ရဖို့၊ ဖတ်ရှုတတ်ဖို့တွေ ဖြစ်လာတာပါပဲဟု တအားတက်ကာနေသည်။

သန်ဘက်ခါကျမှ အင်းစိန်ပြေးပြီး အေးရီမကို သတင်းပေးရဦးမယ်။ မိုင်ပေါင်းထောင်ချီကွား ဝေးသည့် သူစိမ်းတွေ ကြားသို့ သွားတော့မည့်  ကြွေရုပ်အတွက် အေးရီ ကတော့ ပူပန်သော ကတွေ ဖိစီးရှာဦတော့မှာ ပါလား။ အလကား အေးရီက ပူစရာလားကွာ။

ကိုးနာရီခွဲတိတိတွင် တယ်လီဖုန်းသံမြည် လာသည်။

တော် လိုက်တဲ့ပလုံ။ ပေးထားတဲ့ကတိအတိုင်း အချိန်အတိအကျ မလွဲမသွေ ဖုန်းဆက်ရှာ သားပဲ။

ကြွေရုပ်သည် တယ်လီဖုန်းအနီးသို့ အပြေးရောက်ရှိသွားသည်။ ဖုန်းသံနှစ် ကြိမ်မြောက်တွင် ကြွေရုပ် ဖုန်းကောက်ကိုင်လေ၏ ။

``ပလုံလာဟင်´´

``အေး´´

``ပလုံရေ ငါအလုပ်ရသွားပြီး သိလား၊ ငါ ပတ်စ်ပို့တ်လျှောက်ဖို့ သင်တန်းပေးပေးတာ´´

ပလုံထံမှ စကားပြန်မရ။

``ကြားလားပလုံ၊ ဟလို ဟလို´´

``အေး ကြားတယ်၊ ဘယ်မှာ ရမှာ လဲ´´

``ဇိုင်ယာမှာ ၊ အာဖရိကတိုက်ရဲ့ ဗိုက်နားမှာ လေ၊ နောက်မှ နင့်ကို ကမ္ဘာ့မြေပုံထဲမှာ ပြ မယ်´´

``ငါသိပါတယ်ဟာ´´

``အဲ ဟုတ်သားပဲ၊ သဘောင်္သားကို ဆရာလုပ်မိနေပြန်ပြီ ဆောရီး´´

အလုပ်ရပြီပြောတာကို ပလုံ ဟက်ဟက်ပက်ပက် တက်တက်ကြွကြွ မရှိသည့် အကြောင်း သတိမပြုမိသေးဘဲ ပတ်စ်ပို့ ဘယ်လောက်လျှောက်ရမည် ဆိုတာကိုသာ အသက်မရှုနိုင်ဘဲ ကြွေရုပ် က တတွတ်တွတ် မေးမြန်းနေခဲ့သည်။

``လျှောက်လွှာတင်ရင် လိုအပ်မဲ့ အထောက်အထားတွေ ကို ပန်းဆိုးတန်းရုံရှေ့အောက် ထပ်က ကျောက်သင်းပုန်းမည်းကြီး ပေါ်မှာ ရေး ထားတယ်၊ ရှိုးဂျော့ပ်နဲ့ထွက်ရင် အလုပ်ခန့်စာလို တယ်။ အလုပ်ခန့်စာ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ ပညာရေး ကင်းရှင်းလင်းချက်ဟု သူက တောက်လျှောက်ရွတ်ဆိုသည်။

``ပညာရေး ကင်းရှင်းချက်ဆိုတာဘာလဲ´´

``ပညာသင်စရိတ် လျော်ရမှာ ပေါ့´´

``ဘယ်လိုလျော်ရမလဲ´´

``နင့်ဘွဲ့လက်မှတ်တွေ ၊ အထောက်အထားတွေ ယူသွား၊ စိုက်ပျိုးရေး မှတ်တိုင်မှာ ဆင်း၊ အဆင့်မြင့် ပညာဦးစီးဌာနကိုသွား ပညာရေး ကင်းရှင်းချက် လျှောက်ထားချင်လို့ပါဆိုရင် ပုံစံတွေ ၀ယ်ရတယ်။ လျော်လိုက်တော့ ရှင်းတာပေါ့။ နင့်ဘွဲ့ဆို သော င်းဂဏန်းမကျပါဘူးဟာ´´

``မီရှဲလ်က လာပြန်ခေါ်မယ်ဆိုတယ် စိတ်ကူးယဉ်အိပ်မက်လို ဖြစ်နေတာ။ သူတကယ်လာ ခေါ်လိမ့်မယ်မှန်း ငါဘယ်သေချာပါ့မလဲ။ မဟုတ်ရင် စောစောကတည်းက တစ်နည်းနည်းနဲ့ လျော် စရာရှိလျော်ထားမှာ သိလား´´

ပလုံ၏ သက်ပြင်ရိုက်သံသဲ့သဲ့ကြားရသည်။

``အဝေးကြီးသွားပြီးအလုပ်လုပ်ဖို့ နင့်ကိုငါ အားမပေးဘူးကြွေရုပ်´´

ကြွေရုပ်၏ စကားတွေ ရပ်တန့်သွားသည်။

``ငါ့မှာ နင့်ကိုမပြောရသေးတဲ့ ကြွေးတွေ ရှိသေးတယ်။ ကြွေးရှင်ကသိမ်းရင် ဟောဒီတိုက် ခန်းသော့ အပ်ပြီး ခေါင်းနဲ့ဆင်းရမှာ ။ ငါအလုပ် အသေအလဲလိုနေတယ် ပလုံရဲ့ ´´

``မနေ့ကငါလာတာ နင့်ပြဿနာတွေ ကို ၀ိုင်းပြီး ဖြေရှင်းပေးခွင့်တောင်းမလို့ဘဲ´´

``ပြဿနာပိုင်းရှင်းမှာ ကဖြင့် လည်း ပန်းဆိုးတန်းရုံးကို ငါဘယ်လိုသွားရမယ်ဆိုတာ အရင် ပြော၊ ငါကူးရေး ဖို့ စာရွက်နဲ့ဘောလ်ပင် အသင့်ကိုင်ထားတယ်´´

ပလုံထံမှ မချင့်မရဲ ညဉ်းတွားသံလိုလို။

``နင် ရှစ်ကားစီးသွား၊ ပန်းဆိုးတန်းမှတ်တိုင်ကျရင် ဆင်း ပန်းဆိုးတန်းလမ်းညာဘက်ချိုး၊ အလယ်ဘလောက်လမ်းဘယ်ဖက်က မနက ရုံးမှာ လူတွေ ကြိတ်ကြိတ်တိုးနေတာ တွေ့ ရမယ်´´

``ပုံစံတောင်းဝယ်ရင် အလွယ်ရလား´´

``ငါတို့လျှောက်တုန်း ကတော့ရတယ်။ ပါတ်စ်ပို့တ် ဓါတ်ပုံတောင် အပြင်မှာ ပဲရိုက်လာတာ ပဲ ခုနောက်ပိုင်းမှသာ မနလ ရုံးမှာ ရိုက်ရတာ ´´

``ငါ့မှာ အပြင်ထွက်တဲ့ အသိ တစ်ယောက် မှ ရှိတာမဟုတ်ဘူး၊ ခုမှသာ နင်ရောက်လာလို့ မေးရမြန်းရနဲ့ တော် သေးရဲ့ ´´

``ငါ သွားတုန်း ကတော့ သူငယ်ချင်းတွေ တိုင်ပင်စုံစမ်းရေကြောင်းကျူရှင်တွေ တက်ကြနဲ့၊ ပညာသင်စရိတ်လျော်ပြီးမှ အလုပ်ခန့်စာရတယ်၊ အဲဒီ တော့မှ ပတ်စ်ပို့တ်လျှောက်တာ။ ငါ့မှာ ပြစ်မှု မှတ်တမ်းမရှိဘူး။ ငါ့သူငယ်ချင်းရဲ့ အစ်ကိုကလည်း အဲဒီ ရုံးမှာ အရာရှိဆိုတော့ အဆင်ချောတယ်၊ အေးအေးဆေးဆေးဆိုတော့ အမြန်ကြေး အပိုမကုန်ဘူး´´

``ငါ့ကိုလည်း နင့်သူငယ်ချင်းအစ်ကိုနဲ့ အပ်ထားပေးစမ်းပါဦးဟာ၊ တစ်သက်ကျေးဇူးမမေ့ ပါဘူး´´

``သူမရှိတော့ဘူးဟ၊ အလုပ် ပြောင်းသွား ပြီ´´

``အဲဒါဆိုလည်း တခြား တစ်ယောက် ပေါ့ဟယ်´´

`` ငါတော့ အဲဒီ အလုပ်ကို နင်ငြင်းလိုက်စေချင်တယ်ကြွေရုပ်´´

ပလုံသည် ကြွေရုပ်နိုင်ငံခြားသို့ ထွက်ခွာသွားပြီး အလုပ်လုပ်မှာ ကို ခါးခါးသီးသီး မကြည် သာ၊ မလိုလားနေကြောင်း ကြွေရုပ်ရိပ်မိလာပါပြီ။

``ငါ အလုပ်လုပ်ရမယ် ပလုံ၊ တားမနေစမ်းပါနဲ့ဟာ´´

``ငါကလည်း နင့်ကိုငယ်ကြောက် ဖြစ်နေတယ်၊ ဒါပေမယ့်မတတ်နိုင်ဘူး၊ ဇွတ်ပြောရတော့ မယ်´´

ကြွေရုပ်သည် ပလုံ မပြော ဖြစ်အောင် ဘယ်လိုရှောင်ရှားရပါ့မလဲ စဉ်းစားနေမိသည်။

``ငါမနေ့က နင့်ဆီလာတာ နင့်ကိုလက်ထပ်ခွင့် လာတောင်းတာကြွေရုပ်နဲ့၊ ပြန်တွေ့  တွေ့ ချင်းဆောက်နဲ့ တွင်းသလို ဖြစ်နေမှာ စိုးလို့ မပြော ဖြစ်ခဲ့ဘူး´´

ကြွေရုပ်မှာ တယ်လီဖုန်းကို ယောင်မှားပြီး ချလိုက်မိတော့မလို ဖြစ်သွားသည်။ အို-ပလုံဟာ မမှု လောက်သော ငယ်သူငယ်ချင်း တစ်ယောက် မျှသာပါဟု ကြွေရုပ်က ကိုယ့်ကိုယ်ကိုအမြန်အား ပေးလိုက်ရလေသည်။ ``ပလုံနင်ဘာတွေ လျှောက်ပြောနေတာလဲ``ဟု ခပ်ဆတ်ဆတ် ခပ်စပ်စပ် လေး မေးလိုက်မိမည် ။

ပြည်သက်လုံက စိတ်ရှည်လေးနက်သော အသံနှင့် တည်ငြိမ်အေးဆေးစွာ ပြောနေ၏ ။

``ငါ လက်ထပ်ခွင့် တောင်းတာပါ။ ခုမှမပြောရင် နင့်နဲ့လွဲသွားတော့မယ်၊ နင့်ကို ရေခြားမြေ ခြား လုံးဝအလုပ်သွားမလုပ်စေချင်ဘူး၊ ငါစိတ်မချနိုင်ဘူး´´

ကြွေရုပ်က ခေတ္တငြိမ်သက်သွားသည်။ အချိန်ခိုးယူစဉ်းစားပြီးသည့်နောက်-

``နင်က မိန်းမတွေ ရေခြေရပ်ခြား အလုပ်သွားလုပ်မှာ မလိုလားဘူးဆိုပါတော့´´

``မိန်းမတွေ လို့ ငါပြောလို့လား၊ နင်မှနင်ပါဘဲ၊ နင်ရေခြားမြေခြား အလုပ်သွားလုပ်ရမှာ ကို ငါကမလိုလားတာပါ။ ငါစိတ်မချဘူး၊ ငါစုဆောင်းထားသမျှဟာ နင့်အကြွေးတွေ ကျေလောက်ပါ တယ်´´

``ဒါပေမဲ့ နင့်ကို လက်ထက်မယ်လို့ ငါမှမပြောတာ´´

ပလုံ ခေတ္တ နှုတ်ဆွံ့သွားလေသည်။ သို့ သော်လည်း သည်အထိ စကားပေါက်ရောက်ခဲ့ပြီးမှ တော့ သူနေက်မဆုတ်နိုင်တော့ပါ ဘွားခတ်မရသည့် စကားတွေ ပြောခဲ့တာပဲလေ။

``နင်နဲ့တွေ့ ရင် မျက်နှာပူရမယ့်အတူတူ ခုပဲ ပြောစရာရှိသမျှ အကုန်ပြောတယ်၊ ငါတို့ လက်ထပ်ကြရအောင် ကြွေရုပ်။ နင်မြန်မာပြည်က ထွက်မသွားခင် ငါအခုလို အချိန်မှီ ပြန်ရောက် လာတာ ငါတို့ဖူးစာမင်ရည်မကျဲလို့ဘဲ ဖြစ်မှာ ပါဟာ၊ နင်သာထွက်သွားနှင့်လိုက်ရင် ငါ့မှာ အခက်ပဲ´´

``ဘာ အခက်ပဲလ´´

``ငါအသည်းကွဲသွားမှာ ပေါ့ဟာ´´

အယ့့်  သူက ငါ့ကိုချစ်စကား ပြောနေတာပါလား၊ လက်ထပ်ချင်သည်ဆိုသော စကား ဟာ ချစ်စကားပြောနည်း တစ်ခု ဖြစ်နေလေရော့သလား၊ ကြွေရုပ်လှပ်ခနဲ ရင်ခုန်သည်။ ငါကအချစ် ဆို သော အရာအတွက် ရင်ခုန်တတ်လေသလား။

သို့ တစေ သိပ်ကြာကြာ ရင်မခုန်ုတော့ဘဲ ပုံမှန်အတိုင်း ကြွပ်ဆပ်ဆပ်ပြန် ဖြစ်လာသည်။

``ငါ့ နားမလည်လို့ မေးမယ်နော်ပလုံ။ နင့်နဲပါ တစ်သက်လုံး တစ်ဘ၀ စီးနေလာကြတာပဲ ဥစ္စာ၊ ခုကျကာမှ ငါနဲ့နင် ဘယ်လိုပတ်သက်လာမှာ မို့လို့လဲ´´

``ငါတို့ ပတ်သက်ခဲ့ပါတယ်၊ တစ်နေ့ကျရင် ခုလို အရင်းနှီးဆုံးပတ်သက်လာမယ်ဆိုတာ ငါသိခဲ့တယ်၊ နင့်ကို ငါချစ်နေတာ ကြာပြီကြွေရဲ့ ။ နင့်ကို ငါချစ်တဲ့အကြောင်း ဖွင့်ပြောပြီး လက်ထပ် ခွင့်တောင်းမယ်လို့ ရည်ရွယ်လာတာ လေးနှစ် ရှိပြီ´´

အဲဒီ အခါကျ ငါလည်း အိမ်ထောင်ရက်သားကျလို့ ကလေးမွေးနေလောက်ပြီဟု ရယ်စရာ လုပ်ပြီး အေးရီမအား ပြောဖူးသည်ကို ကြွေရုပ်သတိရမိလျက် ဪ့  အဲဒီ တုန်းက ပလုံ တစ်ကယ်ပြောခဲ့တာပဲကိုးဟု ခုခါကျမှု ကြွေရုပ်က အံ့အားသင့်နေမိတော့သည်။

ပလုံက သူမအား ချစ်စကားပြောတာ၊ လက်ထပ်ခွင့်တောင်းတာတွေ ဟာ စိတ်ဆိုးစရာ မဟုတ်သလို ပြက်ရယ်ပြုစရာလည်း မပြုသင့်ကြောင်း ကြွေရုပ်နားလည်ပါသည်။ ပြီးတော့လည်း ပလုံလို သူငယ်ချင်းကောင်း တစ်ယောက် က ကြွေရုပ်အပေါ်နှစ် ရှည်လများ ရည်ရွယ်လာတာဟာ လည်း ကြွေရုပ် ဂုဏ်ယူစရာပါပဲ၊ အေးရီမကလည်း ဘယ်လောက်များ ကျေနပ်လိုက်လေမလဲ။ သို့ တစေ ဒါတွေ က ကြွေရုပ်အလုပ်တစ်ခု လိုချက်နေတာလောက်တော့ ဘယ်လိုမှ အရေး မကြီး နိုင်ပါ။

``ပလုံ နင်ငါ့ကို စိတ်မဆိုးနဲ့နော်။ ငါကလေ အမျှော်လင့်ကြီး မျှော်လင့်ခံရတဲ့ အလုပ်ကို ဗြုန်းစားကြီးရလိုက်တော့ အရမ်းကို စိတ်လှုပ်ရှားနေမိတာ။ တခြားဘာတစ်ခုမှ ငါ့နားထဲ မတိုး တော့ဘူး။ ငါတောင်းပန်ပါတယ်ဟာ´´

ပြော ဖြစ်လိုက်သော စကားတွေ အတွက် ကြွေရုပ်က အားရကျေနပ်မိသွားသည်။ အလုပ် ခွင်ဝင်တော့မည့် သူ တစ်ယောက် သည် အစစအရာရာကို ခုလိုသွေးအေးစွာ ရင်ဆိုင်ဖြေရှင်းနိုင် ရမည် ဟုလည်း သူမကိုယ်သူမ ထောက်ခံ နေမိသည်။

``နင်ပြန်စဉ်းစားဦး ကြွေရုပ်´´

``ဟင့်အင်း ငါဆုံးဖြတ်ပြီးသားပါ´´

ပလုံ၏ ဟက်ကနဲရယ်သံသည် အတန်ငယ် အားလျော့တိုးတိတ်သည်။ သူသည် ကြွေရုပ် ကို သည့်ထက်များ စွာ ပိုပြီး လျော့တွက်ထားခဲ့ပုံရသည်ဟု ကြွေရုပ် တွေးထင်နေမိသည်။

``ငါ့ကို ပို့မယ်ပို့ ပတ်စ်ပို့ရအောင်သာ အကျိုးဆောင်လိုက်ပါတော့ ပလုံရယ်´´

ဂလောက်ကနဲ ဖုန်းချလိုက်သံ၊ သို့ မဟုတ် ဖုန်းလွတ်ချသွားသံ ။ ကြွေရုပ်က ဖုန်းခွက်ကို ပြန်လှည့်မိသေးသည်။ ဂဏန်းသုံးလေးခု လှည့်အပြီးမှာ တော့ ကြွေရုပ်ဖုန်းချလိုက်တော့သည်။ ရှိပါစေဦးလေ။ မနက်ဖြန်ကျရင်တော့ သူမလာဘဲနေမှာ မဟုတ်ပါဘူး၊ ကြွေရုပ်ကို တားဆီးမရနိုင်မှန်း သိလာပြီးသည်၏ ။ အဆုံးသတ်မှာ တော့လည်း ပလုံသည် ကြွေရုပ်လိုအပ်နေသော ပတ်စ်ပို့ လျှောက်ထားရေး အတွက် တတ်အားသရွေ့ အကျိုးဆောင်ပေးမှာ ပါပဲဟုသာ ကြွေရုပ်က စိတ်ချ လက်ချ ဆက်လက်ယုံကြည်ထားလိုက်တော့သည်။

တစ်နေ့တာ မီရှဲလ်နောက်သို့ တကောက်ကောက်လိုက်ပါဖို့ ကြွေသည် ပခုံးသိုင်းအိတ်ထဲ သို့ ဘောလ်ပင်၊ မှတ်စုစာအုပ်၊ တစ်ရှုး၊ ခေါက်ထီး၊ ဘီး၊ နေကာမျက်မှန်စသည်ဖြင့်လိုအပ်မည် ထင်သမျှကောင်ထည့်သည်။ မီးပူထိုးဖို့ မလိုအပ်ဘဲ ပင်ကိုယ်ပြန့်ပြန့်ဖြူးဖြူးရှိသော ဘလောက်စ် နှင့် ထဘီတစ်ထည်စီတို့ကို မနက်ကျလျှင် ၀တ်ဆင်သွားဖို့ ခုတင်ခြေရင်းတွင် ဖြန့်လွှားထား လိုက်သည်။ ဇိုင်ယာသွားဖို့ ပစ္စည်းသိမ်းလျှင် သည်ဝတ်စုံကို လျှော်ဖွပ်ပြီးထည့်သွားရမည် ဟု စိတ်ကူးကာနေသည်။ ဟိုရောက်လျှင် မီးပူတိုက်ဖို့ အဆင်ပြေချင်မှ ပြေမှာ မဟုတ်လား။ ကြွေရုပ် သွားရောက်ရမည် ဆိုသော နေရာ၏ ဖွံ့ဖြိုးတိုးတက်မှု ကို ကြွေရုပ်သေချာ မသိရသေး။

မနက်ဖြန် ဖြစ်စေ၊ ဒါမှမဟုတ်၊ မီရှဲလ်နှင့် ခရီးသွားရင်း တစ်ချိန်ချိန် စကားစပ်မိမှပဲ ကြွေရုပ် တာဝန် ထမ်းရွက်ရမည့် နေရာ တွင် ရေး မီး ပြည့်ပြည့်စုံစုံ ရှိလေ၏ ။ မရှိလေ၏ မေးကြည့်ရမှာ ပါ။ ခုနေ သိပ်အမေးအမြန်း ထူလွန်းလျှင် ကြွေရုပ်ကို အခွင့်အရေး မျှော်ကိုးလွန်းသူ တစ်ယောက် အ ဖြစ် ထင်မှတ်သွားမှာ စိုးရိပ်နေတာကြောင့်ပဲ ဖြစ်သည်။ မိုးလင်းလျှင် မီရှဲလ်လာခေါ်မှာ မို့ ကြွေရုပ်သည် ဆယ်နာရီထိုးပြီး မကြာလှမီ အိပ်ရာထဲသို့ ရောက်သွားတော့ သည်။ မှေးခနဲ အိပ်ပျော်သွားသော အ ခါတွင် `` ဘုရားသခင်သည် ရှုးနှမ်းသည်´´ ဆိုသော အာဖရိက ဗီဒီယို ဟာသဇာတ်လမ်းကို ကယောက် ကယက် အိပ်မက်တွေ မက်လိုက်၊ နိုးလာလိုက်နှင့် မိုးလင်းခဲ့လေတော့၏ ။

မီရှဲလ် ဗဲလ်ပြန်သွားပြီးမှပင် ကြွေရုပ်မှာ နိုင်ငံကူးလက်မှတ်လျှောက်ထားရေး ကိစ္စကို နေ့မအားညမအား ဆိုရမလောက်အားသွန်ခွန်စိုက် ဆောင်ရွက်နိုင်တော့သည်။ ပလုံသည် ပန်းဆိုး တန်းသို့ အရင်ရောက်အောင်သွားပြီး ကြွေရုပ်ကို စောင့်ဆိုင်းပေးသည်။ လျှောက်လွှာပုံစံတွေ ကို ရရှိသော အခါ ကြွေရုပ်၏ နေအိမ်သို့ သူ့ကားနှင့် ပြန်ပို့ပေးသည်။ ၀ယ်လာသော စားစရာတွေ ကို အတူစားကြရင်း ပုံစံတွေ ကို ကြွေရုပ်ထိုင်ဖြည့်စဉ် သူက နံဘေးမှာ အကြံပေးကူညီသည်။

အမည် ကြွေရှင်းသန့်

အသက်

မွေးသက္ကရာဇ်

နိုင်ငံသားမှတ်ပုံတင်နံပါတ်

အမျိုးသားမှတ်ပုံတင်နံပါတ်

ထင်ရှားသော အမှတ်အသား

ပညာအရည်အချင်း

အိမ်ထောင်ရေး အခြေအနေ

ကြွေရုပ်၏ မောင်နှမ

ဖခင်၏ မောင်နှမ

မိခင်၏ မောင်နှမ စသည်ဖြင့်။

ဆွေမျိုးအရင်းအချာနည်းပါးခြင်းဖြင့် တစ်ခုအကျိုးရှိတာ ကတော့ လက်ညောင်းသက်သက် ခြင်း ဖြစ်သည်။

``အပျိုကြီးဆိုတော့ ခင်ပွန်းရဲ့ မိဘမောင်နှမစာရင်းတို့မဖြည့်ရတာ ဟန်ကျတာပဲဟု ကြွေ ရုပ်က မစဉ်းမစား ပြောထွက်မိသွားတော့ ပလုံ သဲ့သဲ့ပြုံးသည်။

``ငါ့မှာ မောင်နှမနည်းပါတယ်´´

``ဘာပြောတယ်´´

``နင် သားသမီိးစာရင်းဖြည့်ရ သက်သာတာပေါ့ဟာ´´

ပလုံ၏ ကျီစယ်သော အပြုံးသည် ကြွေရုပ်အား စပ်ဖျဉ်းဖျဉ်း စိတ်တိုတောင်းတိုစေသည်။ ရှေ့ဆင့်နောက်ဆင့် ဆုံပါးသွားကြသော မိဘနှစ်ပါးအမည် ကို ပုံစုံတွင် ရေး ဖြည့်ရစဉ် ရှေးဟောင်း နှောင်း ဖြစ်ကို သတိရကာရင်မှာ စူးအောင့်ကြေကွဲပြန်တော့နံဘေးမှာ ပလုံ ရှိနေသည့်အတွက် အားရှိမိချင်ပြန်လေသည်။

``ဖြည့်ရတာ အသားကုန်ပဲ ပလုံရာ´´

``ပင်ပန်းလား´´

``အေး ´´

``နင့် အာဖရိကကို စိတ်မကုန်ဘူးလား´´

``ဘယ်လို ဖြစ်နေတာလဲ၊ ငါကဆုံးဖြတ်ပြီးပြီဆိုနောက်ကြောင်း ပြန်မလှည့်တတ်ပါဘူးဆို နေတာ၊ ဘာလဲ၊ ငါ့ကို နွားလို့လှောင်ဦးမယ့်ပေါ့လေ´´

``မလှောင်ပါဘူးဟာ´´

ကြွေးအကုန်ဆပ်နိုင်မှ ငါပြန်လာမှာ ၊ ဒီတိုက်ခန်းကို အိမ်ငှားတင်ခဲ့မယ်လေ။ တယ်လီဖုန်းနဲ့ ဆိုရင် အိမ်ငှားခပိုရတယ်၊ ငါပြန်လာတဲ့အခါကျရင်လည်း နေစရာ ဒီအိမ်ကလေး ရှိနေဦးမှာ ပေါ့´´

``နင့်မှာ ခုလောက် သံယောဇဉ်ကလေးတော့ ရှိတတ်သေးသားပဲ၊ တော် သေးတာပေါ့´´

ပြည်သက်လုံ၏ စကားတွေ သည် ကြွေရုပ်အပေါ်ချည်းစူးခါးသက်နေကြောင်း ကြွေရုပ် သိသည်။ ကိစ္စမရှိပါဘူးလေ၊ သူငယ်ချင်းတွေ ပဲ ၊ ခုလောက်တော့လည်း စိတ်ပူဝေဖန်ပေမှာ ပေါ့။

ပြောပါစေ။

``ငါ့ဖာသာ ယောက်ျားမိန်းမ ဟုတ်ဟုတ်မဟုတ်ဟုတ် အမေနဲ့အတူနေခဲ့ရတဲ့ အိမ်ကလေး ရဲ့ အရိပ်အငွေ့ကိုတော့ လွမ်းမိပါတယ်၊´´ ဟုကြွေရုပ်ကတိုးတိုးဆို သော အခါမှာ တော့  ပလုံသည် ခါတိုင်းလို သာသာထိုးထိုး ထပ် ဆင့် မနောက်ပြောင်တော့ပါ။ ပြည်သက်လုံသည် ပုံစံများ တွင် ကြွေရုပ်ဖြည့်စွက်နေသည်ကို ငေး စိုက်ကြည့်နေသည်။ ကြွေရုပ်မှာ မူ သူ့အကြည့် သူ့အတွေးကို သတိမပြုနိုင်အားဘဲ သူမ၏ စာရွက် တွေ ထဲမှာ တော့ အာရုံရောက်နေလေ၏ ။

``ငါ့မှာ အိမ်မရှိဘူးလို့ပြောတာ မှတ်မိသေးလားကြွေရုပ်၊ နင့်အိမ်ကို ငါငှားထားမယ်´´

``နင့်မိဘအိမ်ရှိသားနဲ့´´

``အစ်မ မိသားစုနဲ့ အတော် ကျပ်ယပ်နေပါပြီဟာ၊ အမေက စိန်ပွဲစားလုပ်တော့ ဧည့်သည် တွေ ကတဲဖွဲဖွဲ၊ အိမ်မှာ နေရတဲ့အခါ ငါအေးဆေးနေချင်တယ်´´

``ဒါပေမယ့် နင်က ရန်ကုန်မှာ သိပ်နေရတာ မှ မဟုတ်ဘဲနဲ့ ၊ ငါ့အတွက် အကုန်မခံပါနဲ့ ဟာ၊ ငါ့အိမ်ကို တစ်ယောက် ယောက် တော့ ငှားမှာ ပါပဲ´´

``အေးရီမတို့ကို ငါအိမ်စောင့်ထားခဲ့မယ်လေ၊ သူတို့လည်း နေရေး ထိုင်ရေး အဆင်ပြေ၊ ငါ ပြန်လာတဲ့အခါလည်း နေစရာတစ်ခန်းရမှာ ပေါ့။ နင်ပြန်လာရကာနီးမှ အေးရီမတို့ အိမ်တစ်လုံး ထပ်ရှာပစေ၊ အဲဒီ အချိန်ကျရင် သူတို့လည်း အလုပ်ရပြီး အဆင်ပြေနေလောက်ပါပြီ၊ အေးရီမနဲ့ တိုင်ပင်ကြည့်လေ´´

``တိုင်ပင်ဖို့မလိုဘူး၊ သူက အခုလားလို့ပဲ မေးရင်ကံကောင်းသူပေါ့။ ရော့ ကလေးချီထား၊ ငါပစ္စည်းသိမ်းမယ်ပြောမှာ ၊ နင်သဘော တူရမှာ ကတော့ ငါ့ကို အိမ်လခမပေးခဲ့ဖို့ပဲ´´

နင့် အကြွေးတွေ ကို ခွဲဆပ်နှင့်တာ မကောင်းဘူးလား၊ တော် ကြာ မပြောကောင်းမဆို ကောင်း နင့်အကြွေးမကျေခင် သေသွားရင် နင့်ကြွေးရှင်ဆီမှာ နင်တကယ်နွား ဖြစ်မှာ ´´

``ရပါတယ်၊ ဖြစ်ပလေ့စေ´´

``နင့်အိမ်ကို ငှားမယ်ဆိုတဲ့ ငါ့စကားကို ပြန်ရုပ်သိမ်းတယ်၊တခြားအိမ်ငှားပဲရှာတော့´´

နှစ် ယောက် သား တစ်ယောက် ကိုတစ်ယောက် အားပြိုင်စူးစိုက်ကြည့်မိသည်။ ကြွေရုပ်ကပဲ ရှားရှားပါးပါး အလျှော့ပေးလိုက် တော့သည်။ စူးရှပြင်းထန်သော သူ့မျက်လုံးအကြည့်ဒဏ်ကို ကြွေရုပ် တာရှည်မခံစားနိုင်ပါ။ ပလုံက စေတနာနှင့် ပြောဆိုစီစဉ်တာမို့သည် ကြွေရုပ် တုပြိုင် မနေချင်တာလည်းပါသည်။ ပြီးတော့လည်း နိုင်ငံကူးလက်မှတ်ရရှိရေး အတွက်ပလုံ့အကူအညီ လိုအပ်နေတာ ဆိုတော့ ပလုံငြိုငြင်စိတ်ကွက်သွားအောင် လုပ်မနေချင်တော့ပါ။

သူအလေးအနက် လက်ထပ်ခွင့်တောင်းတာကို လွယ်လင့်တကူပယ်ချခဲ့တာကိုက ကြွေရုပ် ဘက်က အားနာသင့်လှနြေ့ပီလေ။

``အေးပါဟာ၊ နင့်အစီအစဉ်ဟာ ငါတို့သူငယ်ချင်းသုံးယောက် စလုံး အဆင်ပြေဖို့ပါပဲ၊ နင် ပြောတဲ့အစီအစဉ်ကို ငါသဘောကျပါတယ်၊ ဆက်လုပ် ´´

ပြည်သက်လုံသည် စိတ်မခိုင်ပြန်ဘဲ ``နင်မသွား ဖြစ်ရင် နင်တော့ဝမ်းနည်းမှာ ပဲ၊ငါ ကတော့ နင်ဝါသနာပါတဲ့ ကွန်ပျူတာ အလုပ်ကို ထူထောင်လိမ့်မယ်လို့ ခဏခဏ အိမ်မက် မက်နေတယ်´´ ဟု ပြန်ခါနီး မှာ ဆွယ်တရားထပ်သော ပြန်လေသည်။

`` ငါဆုံးဖြတ်ပြီးသားကို မပြင်ခိုင်းပါနဲ့ ပလုံရယ်၊ ငါ့တောင်းပန်ပါတယ်၊´´

ကြွေရုပ်က သူ့ကို လှေကားထိပ်နားအထိလိုက်ပို့သည်။ စိတ်ထဲကပါသည် မပါသည် မသိ သော်လည်း တိုးတိုးရေရွတ်သွားသည်။

``ငါ သင်္ဘောပြန်မတက်ရခင် နင်အဆင်ပြေစေချင်ပါတယ်ဟာ´´



အခန်း (၃)

မနလအရာရှိက ``မင်းဘာကြောင့် နိုင်ငံခြားမှာ အလုပ်သွားလုပ်ချင်တာလဲ´´ ဟု စုံစမ်း မေးမြန်းစဉ်က သူမငယ်စဉ်ကတည်းက ၀ါသနာကြီးစွာ စေတနာ့ဝန်ထမ်း ပါဝင်ခဲ့သည့် အားလျော် စွာ ရရှိထားသော လူမှု ရေး လုပ်ငန်း ထောက်ခံစာတစ်ထမ်းတစ်ပိုးကို ကြွေရုပ်က ထုတ်ပြနိုင်ခဲ့ သည်။ သည်စာရွက်တွေ ၊ လက်မှတ်တွေ သည် ကြွေရုပ်အပေါ် အထိုက်အလျောက်တော့ အထင် အမြင်ပြောင်းလဲ လေးစားစေခဲ့ပုံပါပဲ။

``မင်း ကိုယ်တိုင်းပြည်မှာ လည်း လူမှု ရေး လုပ်နိုင်တာပဲ´´ ဟု တော့ နည်းနည်း ရစ်နေသေး သည်။

``ဟိုမှာ လူမှု ရေး သွားလုပ်ရင် လခများများ ရမှာ မို့ပါ´´

``ဘယ်လောက်များများ ရမှာ မို့တုန်းဗျာ´´

``အဲ ဒီစာရွက်မှာ ရေး ထားတယ်လေ၊ တစ်လကို အမေရိကန်ဒေါ်လာငါးရာ သွားလာနေ ထိုင်စရိတ်ငြိမ်း၊ အဲဒီ ထဲက ကျွန်မက နိုင်ငံတော် ကို တစ်လငါးဆယ်အခွန်ထမ်းနိုင်မယ်၊ တိုင်းပြည် ထဲက တစ်ယောက် ယောက် ကများ မိဘမဲ့ကလေး နှစ်ယောက် သုံးယောက် ကို ကျွန်မကိုယ်စား ကြည့်ပေး ကျောင်းထားပေးမယ်ဆိုရင် ကျွန်မကစရိတ်ပို့ပေးနိုင်ဦးမှာ ´´

အရာရှိ ပြုံးသည်။

``စေတနာကြားရတာ နဲ့ကို သာဓုနှစ် ကြိမ်ခေါ်ထားပါပြီဗျာ၊ တတိယအကြိမ်ကိုတော့ မင်း နောင်တစ်ကြိမ်လာပြီး သက်တမ်းတိုးတော့မှ ခေါ်ဖို့ချန်ထားမယ်နော်´´

ငွေသွင်ြး့ပီးနောက် မကြာမတင်မှာ ပဲ ပညာရေး ကင်းရှင်းချက်လည်း ရရှိလာသည်။ အဆင် ပြေချင်တော့ ကြွေရုပ် ပတ်စ်ပို့ကျပြီးမှသာ ပလုံသင်္ဘောပြန်ထွက်ရသည်။

ပုံစံ ၁၇ က နင်တို့မြို့နယ်၊ အမြတ်ခွန်ရုံးသွားပြီး အမြတ်ခွန်ကင်းရှင်းကြောင်း အစစ်ဆေး ခံစာရွက် ယူရမယ်၊ နင်တို့အိမ်ကို တိုက်ခန်းတွေ ဖွဲ့တာ၊ ကန်ထရိုက်နဲ့ သုံးခန်းစီယူတာ နင့်မှာ စာ ရွက်စာတမ်းအထောက်အထားတွေ ရှိတယ်မဟုတ်လား၊ အမြတ်ခွန်ကောဆောင်ထားရဲ့ လား´´

``အမေရှိတုန်း ကတော့ လုပ်တာပဲ´´

ပုံစံ ၁၇ ပြီးသွားပုံ ၁၉ ၀င်ရမှာ ၊ နင်ပုံစံယူပြီး အခွန်မှူးနဲ့ တွေ့ ရမယ်၊ နင်သွားမယ့် နေရာ အပေါ် မူတည်ပြ်ီး သူတို့က အာမခံကြေးကောက်ရင်း နင်က ဘဏ်မှာ ငွေသွားသွင်းရလိမ့်မယ်၊´´

ကြွေရုပ်က ပလုံ၏ ပို့ချချက်တွေ ကို လက်ဝါးလောက်မှတ်စု စာအုပ်ထဲမှာ လက်ရေး မျှင်မျှင် ကလေးတွေ နှင့် ရေး မှတ်ရင်း သူနှင့်ရက်ပိုင်းအတွင်း ခွဲခွာရတော့မည် ကို စိတ်မကောင်းသလိုရှိ သည်။ ဟောသည် သုံးလေးသအတွင်းမှာ ပဲ သိသိသာသာ ကျွမ်းဝင်ရင်းနှီးလာသော်လည်းး သူ့ အပေါ် ဘယ်အထိတွယ်တာနိုင်မလဲဆိုတာကိုတော့ ကြွေရုပ်ကို ကြွေရုပ် မခန့်မှန်းတတ်နိုင်ပါ။

ကြွေရုပ်၏ အာရုံမှာ အာဖရိကခရီးစဉ်သည်သာ ဇောကပ်နေခဲ့တော့သည်။ ပြင်သစ်စာအုပ် အတူ သင်ကြားရင်း သိကျွမ်းခဲ့သော ဒေါက်တာတင်မီဆိုသည့်ဆရာဝန်တစ်ဦး၏ အကူ အညီနှင့် ကြွေရုပ် သည် ၀မ်း ရောဂါ ၊ အသည်းရောင် အသားဝါ ရောဂါ နှင့် yellow Fever ကာ ကွယ်ဆေး တွေ ထိုးနှံ ပြီးကြောင်း မှတ်တမ်းစာအုပ်ကလေးကိုပင် ပိုင်ဆိုင်ထားနိုင်ပါပြီ။

ကြွေရုပ်လည်း အာဖရိကသွားဖို့ အဆင်သင့် ဖြစ်ရာသုံးလကြာ နှောင့်နှေးဆိုင်းငံ့စရာ အကြောင်းရပ်တစ်ခုက မမျှော်လင့်ဘဲ ဖြစ်ပေါ်လာခဲ့ပါရော။

အီဘိုလာဗိုင်းရပ် ရောဂါ ပိုးသည် အာဖရိကတိုက် ဇိုင်ယာနိုင်ငံ ကီကွစ်တစ်ဝိုက်ဒေသခံလူ ထုကို အတုံးအရုံး သေကြေ ပျက်စီးစေခြင်းကြောင့် ပါပဲ၊ ဒစ်ပလုံးခေါ် ဒီပလိုမာမရမှာ ကို အတန် အသင့် နှမြောမိစေကာမူ ၊ ခုနေခါတော့ အာဖရိကသွားဖို့သာ ဇောကပ်နေလျက် ဟိုရောက်လျှင် စကားပြောဆို ဆက်ဆံရေး ချောမွေ့ဖို့သာ ကြွေရုပ်အတွက် အရေး ကြီးနေတော့သည်။ ရသမျှ အချိန်တွင် ကြွေရုပ်က ပြင်သစ်စာကို မပျက်မကွက် ဆက်လက်သင်ယူနေခဲ့သည်။

ထို့ကြောင့် လည်း အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်ကာကွယ်ရေး နှင့် ထိန်းသိမ်းကုသရေး သင်တန်းကို ပြင်သစ်နိုင်ငံသို့ မကြာခင်သွားရောက်လေ့လာရမည့် အားလျော်စွာ ပြင်သစ်စာနှင့် စကားကို လာရောက်သင်ကြားနေသော ဒေါက်တာတင်မီနှင့် စာသင်ခန်းတွင် မိတ်ဆွေ ဖြစ်ခွင့် ရခဲ့သည်။ ထိုမျှမက ဇီတာကဖေးတွင် ထိုင်ပြီး ကော်ဖီသောက်ကြဖို့ အချိန်ရသော နေ့များ တွင် မြန်မာပြည်အတွင်းသို့ ၁၉၈၈ ခုနှစ် မှ စတင်ကာ ရောက်ရှိနေပြီဟု တရားဝင်သိမှတ်ခဲ့ရသည့် နောက်ပိုင်း၁၉၉၀ ပြည့်နှစ် ကျော်လွန်လာလေ အသိများ ခေတ်စား လာလေ ဖြစ်သော အိပ်ခ်ျအိုင်ဗွီ အေအိုင်ဒီအက်စ်အကြောင်းကို ကြွေရုပ်အား ဒေါက်တာတင်မီက ရှင်းလင်းပြောပြတတ်လေသည်။ အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူသည် ယေဘုယျအားဖြင့် လေးငါးခြောက်နှစ် ကြာ မြင့်လာ ပြီး အချိန်ကျမှသာ ခုခံအား ကျဆင်းလာတော့မှ အေအိုင်ဒီအက်စ်ဝေဒနာပေါ်လာတတ် သည်ဟု ဒေါက်တာတင်မီက ဆိုသည်။

`` ရောဂါ ပိုးရှိသူနှင့် ကွန်းဒုံးမသုံးဘဲ အကာအကွယ်မဲ့ လိင်ဆက်ဆံလို့ ကူးစက်တာက ကူးစက်မှု အများ ဆုံးလမ်းကြောင်းပဲ။ လိင်ဆက်ဆံခြင်းဆိုတာ အရွယ်ရောက်သူတိုင်းလိုလို အနှေးနဲ့ အမြန် မကင်းနိုင်ဘူးမဟုတ်လား။

မူးယစ်ဆေးကို သွေးကြောထဲထိုးကြတဲ့အခါ ခိုးကြောင်ခိုးဝှက်လုပ်တာမို့ ဆေးထိုးအပ်တွေ ၊ ဆေးထိုးပိုက်တွေ သေချမပြုတ်ဘဲ တစ်လှည့်စီထိုးကြရင်း ကူးစက်ကြတယ်၊ ဒါက ဒုတိယအများ ဆုံးကူးစက်နည်း။

အိပ်ခ်ျအိုင်ဗွီဗိုင်းပိုးရှိတဲ့ သွေးကို အသွင်းခံရတာ က တတိယကူးစက်နည်း။

အိပ်ခ်ျအိုင်ဗွီဗိုင်းရပ်စ်ပိုးရှိတဲ့ မိခင်ဆီကနေ သန္ဓေသားကို အချင်းမှ တစ်ဆင့် ကူးစက်တာ က စတုတ္ထနည်း။

အဲဒီ လေးခုဟာ အိပ်ခ်ျအိုင်ဗွီ အကူးစက်စေဆုံး နည်းလမ်းတွေ ပဲကြွေ။ သင်တုန်းဓား ၊ သွား တိုက်သံတွေ က တစ်ဆင့်ကူးစက်တာက နည်းပါးပါတယ်၊ တစ်ထောင်မှာ တစ်ယောက် ၊ တစ် သော င်းမှာ တစ်ယောက် ပါ အီဘိုလာပိုးပေါ်လာသော အခါတွင် ဒေါက်တာတင်မီက အိပ်ခ်ျအိုင်ဗွီ ပိုးနှင့် နှိုင်းယှဉ် ပြသည်။

``အီဘိုလာဟာလည်း ဗိုင်းရပ်စ်ပိုးပဲကြွေရဲ့ ၊ သူက အသက်ရှုလမ်းကြောင်းက တိုက်ရိုက် ၀င်လာနိုင်တော့ ကူးစက်လွယ်တယ်၊ ပိုးကူးစက်တာနဲ့ ရောဂါ ဖြစ်တာ ရက်ပိုင်းအတွင်း လက်ငင်းပဲ၊ ခု ဖြစ် ခုသေ၊ တကယ့်ကို ကြောက်စရာကြီးပဲ။ ကြွေမသွားရသေးတာ ကံကောင်းသွားတယ်´´ဟု ဒေါက်တာတင်မီက အရိုးခံနှင့် ပြောသော အခါ သွားဖို့ဟန် တပြပြရှိနေသူ ကြွေရုပ်မှာ ဖြင့်မချက်မရဲ။

ကြွေရှင်းသန့် မလာနှင့် ဦးဟု ဇိုင်ယာရှိ Le Crystal Blanc အဖွဲ့အစည်း ဥက္ကဌက ဖက်စ် ရိုက်ပြီးထားမြစ်ထားသော ကြောင့် မသွားရသေးသော ကြွေရုပ်မှာ ခေါင်းအုံအောက်မှ နိုင်ငံကူး လက်မှတ်ကလေးကို တစ်ရေး နို်းထစမ်းရ၊လေယာဉ်ကွင်းသို့ အချိန်မီမရောက်သော ကြောင့် နောက်ကျကျန်ရစ်သည်ဟု အချိန်မီမရောက်သော ကြောင့် နောက်ကျကျန်ရစ်သည်ဟု အိပ်မက် ထဲမှာ ထိတ်ထိတ်ပျာပျာ ဖြစ်ရနှင့် ကြွေအတော် ကယက်ရိုက်ရသေးသည်။ ဇိုင်ယာနိုင်ငံမှာ အီဘို လာ ရောဂါ အကြီးအကျယ် ကူးစက်ဆိုးရွားနေသည့် သတင်းတွေ သည် သတင်းစာတွေ ၊ တယ်လီဗေးရှင်းတွေ ထဲမှာ သွေးသံရဲရဲ ရက်ဆက်ပါလာခဲ့သည်။ WHO ကမ္ဘာကျန်းမာရေး အဖွဲ့ အစည်းတို့ World Red Cross ကမ္ဘာကြက်ခြေနီအသင်းတို့၊ Medicine Du Monde တို့၊ MSF နယ်စည်းမခြား ဆရာဝန် များ အဖွဲ့အစည်းတို့ Zavier Francois ဇာဗွီးယေး ဖရန်ဆွာတို့ ဆိုတာ တွေ သည် ရောဂါ ကူးစက်ပျံ့ပွားမှာ ကြောင့်ကြ တားမြစ် နေသည့်ကြားက ပျားပန်းခတ် ခြေချင်း လိမ်နေခဲ့သည်။ ကြွေရုပ်သည် လစာကောင်းသော လူမှု ၀န်ထမ်းအလုပ်တစ်ခုကို သဲသဲမဲမဲ ရှာဖွေ နေစဉ်က မြန်မာနိုင်ငံသို့ အဲသည်လို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတွေ မရောက်ပေါက်ဘဲ အလှမ်းဝေကွာနေခဲ့သည်။ အဲသည်အဖွဲ့အစည်းတွေ က ယခုလို အီဘိုလာအနီး ပျားပန်း ခတ်နေ ကြသည်ကို ကြွေရုပ်စိတ်ဝင်တစား ဖတ်ရှုလေ့လာရ၊ အေးရီမကို ပြောပြရနှင့် ။

``အီဘိုလာကလည်းနော်၊တခြားတိုက်တွေ မှာ သွား ဖြစ်ပါတော့လား။ ငါသွားမယ့် အာဖရိ ကကိုမှ နှိမ်စက်ရတယ်လို့´´

``အာဖရိကကို နင်မသွားရတော့ ငါတို့နဲ့ မခွဲရတော့ဘူးပေါ့ ကြွေရုပ်ရဲ့ ´´

`` ဟိုမှာ ပိုက်ဆံသွားရှာတာများ ၊ နင်တို့နဲ့ တစ်သက်လုံးခွဲသွားမှာ မို့လို့လား၊ ငါသွား သေမှာ ကျနေတာပဲ´´ဟု ကြွေက စိတ်တိုတောင်းလိုက်သေးသည်။

မီဒီယာတွေ လုပ်စားကြသည်မှာ တဆိတ်လွန်သည်ဟု ကမ္ဘာ့ဆေးပညာရှင်တွေ က ကန့် ကွက် ဝေဖန်ကြရလောက်အောင်ပင်၊ သွေးသံရဲရဲသတင်းတွေ ကို ထပ်ကာတလဲလဲ ပြန်လည် ပြသဖော်ပြနေသည်ကို ကြွေရုပ်က အတော် မျက်စိနောက်မိသည်။ ကံအားလျော်စွာ အီဘိုလာ ဆိုး သွမ်းရက်က ကာလမရှည်ကြာလှပါ။ သုံလပင် မကြာမြင့်လိုက်ရဘဲ ပိုင်ပိုင်နို်င်နိုင် ထိန်းချုပ်နိုင် သွားတော့သည်။

`` ဖြစ်စတုန်းက သူ့ ရောဂါ ကူးစက်ပုံနည်းလမ်းတွေ ကို မသိသေးတော့ အရမ်းလန့်ဖျပ်ကုန် ကြရတာ ပေါ့။ ခုတော့လေ့လာ သိရှိလောကြပြီမို့ ကာကွယ်တတ်လာကြ၊ ထိန်းချုပ်နိုင်လာကြပါပြီ။ မကြာခင် ကြွေသွားရတော့မှာ ပါ´´ဟု ဒေါက်တာတင်မီက နှစ် သိမ့်အားပေးလေသည်။

``အီဘိုလာက ရောဂါ ရပြီဆိုတာနဲ့ ချက်ချင်း လိုလိုသိတယ်။

ခုသေခမြှုပ်၊ပိုးသတ်ဆေးတွေ ဖျန်း၊ အိပ်ခ်ျအိုင်ဗွီလို စိမ်ပြေနပြေ ကူးစက်နေခွင့် မရှိဘူး။ သူက ရိုးသားတယ်ကြွေရဲ့ ၊ ဆူဆူညံညံ ၀ုန်းဒိုင်းကြဲပေါ်လာပြီး ဘာမှမကြာလိုက်ခင် လုံးဝပြီး ပျောက်သွားပြီလေ။ မေ့လောက်မှ ဘာမှမကြာလိုက်ခင် လုံးဝပြီးပျောက်သွားပြီလေ။ မေ့လောက်မှ ၀ုန်းခနဲ့ ထပ်ပေါ်လာနိုင်တယ်ဆိုတာပဲ။

အိပ်ခ်ျအိုင်ဗွီ ကတော့ ပိုးကူးစက်ခံထားမှန်း မသိလိုက်ဘဲနဲ့ သူ့ဆီက လူအများ ကြီးထပ်ဆင့် ကူးစက်ပြန့်ပွားသွားအောင် အချိန်လေးငါးဆယ်နှစ် ရနိုင်တယ်´´ ဒေါက်တာတင်မီပြောပြတာရော၊ သတင်းစာထဲပါ စောင့်ကြည့်လေ့လာရင်း တစ်စစနှင့် အီဘိုလာကို ကြွေရုပ်မကြောက်လန့်တော့ပါ။

ကင်ရှားဆားမြို့တော် ၊ ဇိုင်ယာနိုင်ငံရှိ Le Crystal Blane ရုံးချုပ်မှ ကြွေရှင်းသန့် လာနိုင် ပါပြီဆိုသော စာရောက်လာသော နေ့သည် ကြွေ ပြန်လည် လှုပ်ရှားရှင်သန်နိုင်သော နေ့သာပါပဲ။

အချိန်သည် လျင်မြန်စွာ တိုက်စားသွားလျက် ခြောက်လဆိုသော ကာလသည် ဖြုတ်ခနဲဆို ကုန်ဆုံးသွားခဲ့လေသည်။

မှန်ပါသည်။ ယနေ့တော့ဖြင့် ကြွေရုပ် မျှော်မှန်စိတ်စောခဲ့ရသလို အာဖရိကခရီး စတင် တော့မှာ ဖြစ်ပြီ လေယာဉ်ကွင်းဆင်းဖို့ အသင့် ဖြစ်နေပါပကော။

ငါ့ဆံပင်က တစ်ပတ်ကို ငါးမီလီမီတာ ပြန်ထွက်တာနင်သိသားနဲ့ဟု အေးရီမ၏ ထောက်ခံ ချက်ကို တစ်ဖက်သတ် ရယူကာ ကြွေရုပ်သည် ထူထဲလှသော သူမ၏ ဆံပင်ကို အနှမြောမရှိတမ်း မနေ့ကပင် ကုတ်ဝဲဖြတ်တောက်ပစ်လိုက်သည်။ သူမ၏ အနက်ရောင် ဂျင်းဘောင်ဘီရှည်နှင့် အပြာ ရောင် တီရှပ် ၀တ်ဆင်ထားလေသည်။

ကြွေရုပ်သည် သူမ၏ တိုက်ခန်းဧည့်ဆောင်တွင် ပလပ်စတစ်ထိုင်ခုံပေါ်ထိုင်ကာ ပါးပါးလျား လျား ကိုယ်လုံးကလေးနှင့် အသက်နှစ် နှစ် အရွယ် ဘာဘီကလေးကို ပေါင်ပေါ် တင်ထား၏ ။

အေးရီမသည် နံဘေးမှ နှစ် ယောက် ထိုင် ကုလားထိုင်တွင် တင်ပျဉ်ခွေထိုင်လျက် နို့စို့က လေး ဘဲဥကို ရင်ခွင်ထဲမှာ သိပ်ထားရင်း တဟင့်ဟင့် ရှိုက်ငိုနေသည်။ အမည် နှင့်လိုက်အောင် လုံးကစ်နေသော ဘဲဥက နို့ဆွဲလှန်းလှသဖြင့် ပင်ကို သေးကွေးသည့် အေးရီမခမြာ ပိန်ကပ်ပါးလျက် အရိုးပေါ် အရေတင် ဖြစ်နေရှာ၏ ။

ကြွေရုပ်၏ နံဘေးမှ ပုပုလုံးလုံး ၀ကစ်ကစ်ရှိလှသော လေးနှစ် သားအရွယ်တွတ်ပီသည် ကြွေရုပ်ဝယ်ပေးထားသော တီရှပ်အပြာနုနှင့် ဘောင်းဘီတိုနက်ပြာကလေး ၀တ်ဆင်သွားသည်။

ခါတိုင်းနှင့်မတူ တမူထူးခြားစွာ သော ကြွေရုပ်၏ ဆင်ယင်ထုံးဖွဲ့ ပုံပန်းသဏ္ဍာန်ကို မြင်နေ မကျသော တွတ်ပီက တစိမ့်စိမ့်ကြည့်ကာ အထူးအဆန်း ဖြစ်ပြီး သဘောကျနေသည်။

တွတ်ပီမှာ ထွန်းပနှင့် အတူ ကြွေရုပ်အား လေယာဉ်ကွင်းလိုက်ပို့ဖို့ အသင့် ဖြစ်နေ လေ သည်။

``တွတ်ပီရော့ ဦးထုပ်ဆောင်ထား´´ဟု ဘာဘီက အစ်ကို ဖြစ်သူကို မျက်နှာလုပ်ကာ တွတ်ပီ၏ ပြားချပ်ချပ်ဘယ်ရီ ကက်ဦးထုတ်ကလေးကို လှမ်းပေးနေသည်။

``ငါ့ဦးထုပ်ကို မကိုင်နဲ့ ဘာဘီ၊ ကြွေရုပ်ရဲ့ ဦးထုပ်နားမှာ တူတူထားတာ၊ မေ့ကျန်မှာ စိုး လို့´´ပ တွက်ပီက သူ့ညီမကို ငေါက်နေ၏ ။

တကယ်တော့ တွတ်ပီက ကြွေရုပ်၏ ပေါင်ပေါ်တင်ထားသော သူ့ဘယ်ရီကက် ဦးထုတ်နံ ဘေးမှ ကြွေရုပ်၏ ``အဒီဒါ´´ ဂျော်ကီဦးထုပ်အနက်ကလေးကို နှစ်ခြိုက်နေခြင်း ဖြစ်သည်။

သူက ယင်းဦးထုပ်ကို ကိုင်ကြည့်လိုက် ဆောင်းကြည့် လိုက်ချထားလိုက် လုပ်နေသည် အတွက် အေးရီမက ``သား နော် ကြွေရုပ် ကျန်ခဲ့ဦးမယ်´´ဟု ဟန့်တားရ၏ ။

သည်တော့တစ်ဖန် တွတ်ပီသည် အိမ်ရှေ့တံခါးအနီး တွင် ချွတ်ထားသော ကြွေရုပ်၏ ကြိုးသိုင်းကုလားဖိနပ် အသစ်ကျပ်ချွတ်ကို နှစ် ခြိုက်စွာ စွပ်ကြည့်နေပြန်သည်။

``တားဆေးမှန်မှန်ထိုးနော် အေးရီ၊ မပေါ့နဲ့ ´´

``စိတ်ချပါ ကြွေရုပ်ရယ်´´

``ဘာ စိတ်ချပါလဲ၊ စိတ်ချရင်းနဲ့ ဘဲဥထွက်လာတယ် မဟုတ်လား၊ ငါပြန်လာရင် ကြက်ဥ ထပ်ထွက်မနေစေနဲ့´´

အေးရီက ရှိုက်ငိုနေရာမှ ပြုံးစစ ဖြစ်သွားသော ကြွေရုပ်၏ လက်မောင်းကို ရှက်စနိုးထုသည်။

``အပျိုကလေးတန်မဲ့ ဘာတွေ လျှောက်ပြောနေတာလဲ´´

``ဟဲ့ နင်ယောက်ျားရကတည်းက ငါ့မှာ အပျိုကလေးတို့ မသိထိုက်တာ ဘာများ ကျန် တော့လို့လဲ´´

ဒါလည်း ဟုတ်ပြန်ရော၊ ငါလည်း တွတ်ပီနဲ့ ဘာဘီတုန်း ကတော့ ဟုတ်မလိုနဲ့ ဘဲဥကျတော့ ဗိုက်ရှိလာတာ မသိလိုက်ဘဲ နို့ဆက်တိုက်နေမိတယ်၊ ငါတို့ နားလည်တာက မအေနို့တိုက် ရင်ဗိုက်မရှိဘူးဆိုတာကိုးဟဲ့´´

``ရှိတယ်ဟဲ့ ရှိတယ်၊ ထွန်းပရှိနေရင် ဗိုက်ရှိနေမှာ ပဲ´´

အေးရီက ရှက်ရှက်နှင့် ကြွေရုပ်ကိုထုသည်။ တွတ်ပီက ကြွေရုပ်နာကျင်မှာ စိုးရိပ်ကာအေးရီ လက်ကို တွန်းဖယ်၏ ။

``အေးပါဟယ်၊ ငါလည်းလေ ဘာဘီ့ကို သနားပြီး နို့ဆက်တိုက်နေလိုက်တာ၊ ကျန်းမာရေး ဆရာမ က ဆူဆဲပြီး နို့ဖြတ်ခိုင်းတော့မှပဲ ဘာဘီနို့ပြတ်တော့တယ်´´

ပြောရင်း အေးရီမမျက်ရည်တွေ စီးကျလာပြန်သည်။ ``နင်ကငါ့ကို အစစ စိုးရိမ်စောင့် ရှောက်တယ်။ ခုလည်း ငါတို့မိသားစုအတွက် အမိုးနဲ့အကာ ထားခဲ့ပေးတယ၊်´´ ``ထွန်းပ အလုပ်ရပြီပဲဟယ် အဆင်ပြေလာမှာ ပါ မငိုနဲ့ တိတ်တိတ်´´ဟု ကြွေရုပ်က အေးရီမ၏ ပခုံးကို အသာပုတ်ပြီး ချော့မော့နှစ် သိမ့်သည်။

ထွန်းပသည် လောလောလတ်လတ် ပြင်ပဆက်သွယ်ရေး လုပ်ငန်းဌာနတစ်ခုတွင် အရာရှိ ငယ် အလုပ်ဝင်ရတော့မှမို့ အေးရီမတို့ သားအမိ တစ်တွေ ကိုထားခဲ့သည်မှာ တော် ပေသေးသည်။

ကြွေရုပ်တွင် ဘာမှ နောက်တွန့်စရာ မကျန်ရစ်ဘူးဆိုသော်လည်း ဟောသည် အချစ်ဆုံး သူငယ်ချင်းမအတွက်တော့ ကြွေရုပ် အတော် တစ်ရေး မှော င့်မိသည်။

ဝေးလံသီခေါင်လှသော ကမ္ဘာသစ်ဘက်ခြမ်းဆီသိုပ ကြွေရုပ် တစ်ယောက် တည်း စွန့်စွန့် စားစားထွက်ခွာသွားတော့မည် ဆိုတာကို မနေ့ကအထိ အေးရီမ မယုံကြည်ချင်သေးဘဲ ကြွေရုပ် သွားချင်လှသည့် ခရီးကို မတားဆီးနိုင်သော်လည်း တခြားတနည်းနည်း များ အစီအစဉ် ပျက်ပြယ် သွားနိုင်ဦးမလားဟု တစ်ကိုယ်ကောင်းဆန်စွာ မျှော်လင့်နေခဲ့သေးသည်။ ခုတော့လည်း ကြွေရုပ် ၏ လမ်းကြောင်းနှင့် မျှော်မှန်းချက်တွေ ဖြောင့်ဖြူးအောင်မြင်ပါစေဟုသော အေးရီမ ဆုတောင်းပေး နေပါတော့မည် ။

တွတ်ပီသန္ဓေသားဘ၀တည်းက မိခင်နှင့် ကလေးစောင့်ရှောက်ရေး ဌာနသို့ အေးရီမ သွားတိုင်းလိုလို ကြွေရုပ်ကနံဘေးမှ လိုက်ပါသည်။ တွတ်ပီအတွက် နို့ဘူး၊ ကလေး ဦးထုပ် ကလေးက အစ အုပ်စောင်း၊ ခြင်ထောင်၊ ကလေးစောင်၊ ကြုံသလိုတွေ့ သလို ကြွေရုပ်ဝယ် ခြမ်းလာသည်။ အဲသည်ကတည်းက ကြွေရုပ်၏ အရိပ်အငွေ့ကို ၀မ်းထဲမှ တွတ်ပီ ကျွမ်းဝင် နေပေမည် ။

တစ်ဖန် အေးရီမ၏ ၀မ်းမှကျွတ်ပြီး နာရီပိုင်းကတည်းက မြင်တွေ့ ယဉ်ပါး နေခဲ့တာမို့ တွတ်ပီ မှာ သူ့ကို နေ့စဉ် နို့ချိုတိုက်ကျွေးစော့င်ရှောက်နေသော မိခင်အေးရီမနီးပါး ကြွေရုပ်အပေါ် ရင်းနှီးသံယောဇဉ်တွယ်နေတော့၏ ။ တွတ်ပီ ကျောပူဝမ်းပူဆိုလည်း လမ်းထိပ်ဆေးခန်းသို့ ကြွေရုပ် ပါသွားရသည်။ ဆေးခွက်မှန်မှန် တိုက် ဖြစ်အောင်လည်း ကြွေရုပ်က မခွဲမခြား တစ်ပြေးညီ ဂရုစိုက် ရှောက်ခဲ့သည်သာ။

ဘာဘီ့အလှည့်ကျတော့လည်း ကြွေရုပ်တာဝန်မလစ်ဟင်းစေရ။ ဘဲဥအပေါ်တွင် လည်း ကြွေရုပ်က မခွဲမခြား တစ်ပြေးညီ ဂရုစိုက်စောင့်ရှောက်ခဲ့သည်သာ။

မနေ့မနက်ကပင်လျှင် ခရီးသွားခါနီး သိမ်းရဆည်းရ မအားလပ်သည့်ကြားက ဘဲဥဆေး ထိုးရန် မိခင်နှင့် ကလေးစောင့်ရှောက်ရေး သို့ အေးရီမနှင့် ဘဲဥတို့သားအမိကို ကြွေရုပ်က အငှား ကားနှင့် ခေါ်သွားလိုက်သေးသည်။ ဆုံဆို့ကြက်ညှာမေးခိုင်ကာကွယ်ဆေးကို တတိယအကြိမ် ဆေးထိုး ဖြစ်စေရုံမက ၀ယ်ယူလာသော တစ်လသုံးဆေးထိုးအပ်နှင့် ပိုက်ကို အသုံးပြု ဖြစ်ကြောင်း သေချာအောင်လည်း ကြွေရုပ်က သူမနှင့် ခင်မင်သော သူနာပြုဆရာမ ၏ လက်ဝယ် လိုက်လံအပ်နှံ ပေးခဲ့လေသည်။

နေ့ခင်းပိုင်းကျပြန်တော့ အေးရီမတို့ ပြောင်းရွေ့လာကြသော ကြောင့် အိမ်ထောင်ပစ္စည်း တွေ မှာ စောစောကတည်းကလည်း တစစကဲ့ယူ သဲ့ယူထားသည်နှင့် အညီ မများ ပြားလှသည့်တိုင် နေရာချထားသည်မှာ အတော် ကလေး အချိန်ယူပြန်လေသည်။

ကြွေရုပ်သည် အေးရီမ၏ ရင်ခွင်ထဲမှ ဘဲဥ၏ နဖူးပြင်ကို လက်ခုံဖြင့် အသာထိကပ်စမ်းသပ် သည်။ ထိုးဆေးအရှိန်ကြောင့် ကိုယ်ငွေ့နွေးနွေး ရှိစေကာမူ အရင်အခေါက်လောက်တော့ ပြင်းပြင်း ပြပြ မပူရှိန်းတော့။ ၀င်ရောက်ထိပါးလာမည့်  ရောဂါ ပိုးဒဏ်မှ ကာကွယ်ရန် ဘဲဥ၏ ခန္ဓာကိုယ် ထဲတွင် တုံ့ပြန်ခုခံအားတွေ ရှိနေလေပြီ။

``ရှေ့လ ၀က်သက်ကာကွယ်ဆေး သွားထိုးပေးဖို့ မေ့မနေနဲ့ ဦးနော်´´

အေးရီမက ငိုမဲ့မဲ့ ခေါင်းညိတ်သည်။

ကြွေရုပ်သည်သူမ၏ ခုတင်နှင့် အ၀တ်ဗီဒိုထားရှိသော အိပ်ခန်းကို သော့ ပိတ်ခဲ့ပြီး ကျန် တိုက်ခန်းတစ်ခုလုံးကို အေးရီမတို့ထံ အပ်နှံထားပြီလေပြီ။ ပြည်သက်လုံ ရန်ကုန်ပြန်လာသော အခါ တွေ မှာ အေးရီမတို့နှင့် အတူ နေထိုင်မှုာမို့ သူမ၏ နေအိမ်သည်သူငယ်ချင်းများ ၏ ကွန်းခိုရိပ် ကလေးလည်း ဖြစ်နေရစ်ခဲ့မှာ ပါ။

အေးရီမ၏ ခင်ပွန်း ဖြစ်သူ ထွန်းပသည် ကြွေရုပ်ကို လေယာဉ်ကွင်းလိုက်ပို့ပေးဖို့ အ၀တ် အစား လဲလှယ်ပြီး သူတို့၏ အိပ်ခန်းတွင်းမှ ထွက်လာသည်။ သူဝတ်ဆင်ထားသော ဂျင်းဂျာကင် နှင့် ဂျင်းဘောင်းဘီတို့မှာ ဘယ်လောက်ပဲ ဟောင်းဟောင်း အဟောင်းမှန်းအသစ်မှန်း ခွဲခြားမသိ နိုင်လေသော အသုံးအဆောင်တစ်ခု ဖြစ်သည်။ အရပ်မြင့်မားပြီး ပိန်ပါးသော ထွန်းပသည် အတန် ငယ် ကလန်ကလားနိုင်သလိုရှိသော် ခုလို သပ်သပ်ရပ်ရပ် ၀တ်စားထားတော့လည်း ဥပဓိရုပ်ရည် သန့်ပြန့်သူပါ။

``သွားစို့ ကြွေရုပ်၊ သားရေ လာဟေ့ ´´ ဟု ထွန်းပက ခေါ်သည်။

တွတ်ပီသည် ကြွေရုပ်၏ လက်ကိုသာ ဇွတ်ကိုင်ဆုပ်ထားသည်။

``ကြွေရုပ်နဲ့သွားမယ်၊ ကြွေရုပ်နဲ့´´

``ကားပေါ်ကျတော့ ကြွေရုပ်နဲ့ထိုင်မယ်လေကွာ၊ လာလာ ဆင်းနှင့် ရအောင်´´

``ဟင့်အင်း ကြွေရုပ်နဲ့လိုက်မယ်၊ ကြွေရုပ်နဲ့´´

``ရော့ ထွန်းပ ငါ့ကျောပိုးအိတ်သယ်သွားနှင့်၊ ငါနဲ့ တွတ်ပီ အတူဆင်းလာခဲ့ မယ်´´

ထွန်းပက အိမ်ရှေ့တံခါးကို တွန်းဖွင့်ကာ လှေကားထစ်များ မှ တစ်ဆင့် ခပ်သွက်သွက် ဆင်းသွားနှင့်သည်။

ကြွေရုပ်သည် စက္ကန့်ပိုင်းတော့ သံယောဇဉ်နောက်ပြန်ဆွဲကာ တုံ့ဆိုင်းနေသေးသည်။

အို-ရှေ့မှာ စွန့်စားရမည့်  ခရီးစိမ်းက စိန်ခေါ်နေပါပြီ။ စိတ်ဖြတ်လိုက်တော့။ စိတ်ဖြတ်ပါ တော့။

အေးရီမက မျက်ရည်ပြည့်ဝန်းသော မျက်လုံးကြီးတွေ ကလပ်ကလယ်နှင့် မော်ကြည့်နေ ဆဲမှာ ပင် ကြွေရုပ်က တွတ်ပီကို လက်ဆွဲကာ အိမ်ရှေ့တံခါးမှ ထွက်ပြီး အသာလက် ပြန်တွန်းပိတ် ထားခဲ့သည်။

ထွန်းပသည် ကက အနီရောင် ကလေးနံဘေးမှရပ်ပြီး ကြွေရုပ်တက်ရန် နောက်ခန်းတံခါးဖွင့် ထားပေးသည်။ ကြွေရုပ်က တွတ်ပီကို ကားပေါ်အရင် ပွေ့တင်သည်။ ကြွေရုပ် ကားပေါ်ရောက်ပြီး သော အခါ ထွန်းပက တံခါးပိတ်ပေး၏ ။

ထွန်းပသည်ကားရှေ့ခန်းသို့ စွေ့ခနဲ ခုန်တက်ကာ တံခါးလည်း ပိတ်။ ကားလည်း ဘီးစ လိမ့်လေတော့သည်။

ကြွေရုပ်သည် Le Cryatall Blanc မှ ပေးပို့ထားသော ဒေါ်လာတစ်ထောင်နှင့် ရန်ကုန်- စင်္ကာပူလေယာဉ်လက်မှတ်ပါမပါ။ ခါးမှ အိတ်ကလေးထဲတွင် ဇစ်ဖွင့်ပြီး နောက်ဆုံးအကြိမ်အ ဖြစ် စစ်ဆေးလိုက်ရပြန်သေးသည်။ လေယာဉ်လက်မှတ်နှင့် ဗီဇာပြပြီး နိုင်ငံခြားကုန်သွယ်မှု ဘဏ်မှ ခြောက်ဆယ့်ခြောက် ဒေါ်လာထုတ်ထားတာလည်း အိတ်ထဲမှာ မပွန်းမပဲ့ ရှိနေ၏ ။

လေယာဉ်ကွင်းရောက်သည်နှင့် ကြွေရုပ်မှာ လေယာဉ်လက်မှတ်ပြ လေယာဉ်ကွင်းစရိတ် ဆောင်နှင့် အလုပ်ရှုပ်ကာ တွတ်ပီကို သူ့အဖေနှင့် သာ ထားခဲ့ရတော့သည်။

အကောက်ခွန်စစ်ဆေးတာတွေ ကို ဖွင့်ပြရသည်။ အေးရီမသေချာအခြောက်ခံပြီး ပလပ်စ တစ်အိတ်နှင့် ထုပ်ပိုးကာ ပလတ်စတစ်ဘူးထဲ ထည့်ပေးလိုက်သော စိမ်းစားငါးပိ တွေ သည် ဣနြေ္ဒ ရရပင် လွတ်မြောက်သွားခဲ့သည်။ ပုစွန်ခြောက် တွေ လည်းအနံ့လုံခြုံစွာ ကျော်လွှားဖြတ် သန်းနိုင် ခဲ့၏ ။

``ရွှေကြိုး၊ လက်စွပ်နဲ့ လက်ကောက် ဘယ်နှစ် ကျပ်သားလဲ´´

``တစ်ကျပ်သား´´

ပလုံသင်ထားခဲ့သည့်အတိုင်း ဖြေသည်။

ကြွေရုပ်မှာ ဘယ်တုံးကမှ ရွှေတွေ စိန်တွေ ၀တ်ဆင်ဖူးခဲ့တာမဟုတ်၊ အရေး ပေါ်ငွေလိုရင် ရွှေဟာငွေပဲ ကြွေရုပ်၊ ယူ သွားပါဟု နိုင်ငံခြားအတွေ့ အကြုံကြွယ်ဝသော ပလုံက အထပ်ထပ်မှာ ကြားခဲ့သော စကားကို နာယူပြီး ကြွေရုပ်၏ ကိုယ်ပေါ်မှာ ရွှေတွဲလဲ ငွေတွဲလဲ ဖြစ်နေရတာ မို့ မနေ တတ် မထိုင်တတ် ဖြစ်နေသည်။

လေယာဉ်စထွက်သည်နှင့် ဒါတွေ အားလုံး ချွတ်ပစ်မည် ဟုတွေးရင်း စိတ်အိုက်နေ၏ ။

အပိုင်းအခြား ဆီးတားထားသော ဟိုမှာ ဘက်မှ ၀ါးခနဲအော်သံကြောင့် ကြေ္ဂွရုပ်တစ် ယောက် လေယာဉ်ပျံကြီး နှင့် အဝေးသို့ လိုက်ပါသွားလိမ့်မည် ဟု အထပ်ထပ်ကြား သိနေခဲ့ပါလျက် အဓိပ္ပာယ်မပေါက်ခဲ့ဘဲ ခုမှခံစားနားလည်သွားရှာတာပါ။

``အစ်မ ပြန်မထွက်ရတော့ဘူးလေ´´

ဪ ဟုတ်ကဲ့´´

တွတ်ပီမှာ ထွန်းပက လက်ဆွဲဖမ်းချုပ်ထားရုံနှင့် မလုံလောက်တော့ဘဲ အကြောက်အလှန့် ရုန်းကန်နေတော့သဖြင့်လေယာဉ်ဝန်ထမ်းတွေ ကပင် အားဖြည့်ချုပ်ထိန်းနေတော့သဖြင့် လေယာဉ် ၀န်ထမ်းတွေ ကပင် အားဖြည့်ချုပ်ထိန်းနေရလေသည်။

``ကြွေရုပ် တားတားလည်း လိုက်မယ် ကြွေရုပ် တားတားကို ခေါ်ပါဦး´´

ကြွေရုပ် ၀မ်းနည်းသွားသည်။ သံယောဇဉ်ဆိုတာ အတော် ကို ဆိုးဆိုးရွားရွား အနှောင့်အ ယှက်ပေးတတ်တာပဲ ဟု ရင်ထဲမှ ညဉ်းညူငြင်းဆန်မိ၏ ။

``ထွန်းပရေ အားလုံးကိုအိုကေနေပါပြီ။ ပြန်လို ကတော့ သူသိပ်သော င်းကျန်းနေပြီ။

ကြွေရုပ်သည် နောက်တစ်ခန်းသို့ ၀င်သွားရန် ရွေ့လျားစပြုသည်။ ငိုသံပိုပြီး ကျယ်လောင် လာသော တွတ်ပီကို ပွေ့ချီထိန်းချုပ်ရင်း ထွန်းပလည်း နောက်ဆုတ်ထွက်ခွာရတော့ပြီ။

``ကလေးသနားစရာကွယ်၊ ခေတ်ကြီးကလည်း လင်ပစ်သားပစ် စီးပွားရှာထွက်ကြတာ ပေကိုး ကျွတ် ကျွတ်´´

ကြွေရုပ်ရှေ့မှ အဒေါ်ကြီး၏ အသံက အတော် စူးတာမို့  ကြွေရုပ် သဲသဲကွဲကွဲ ကြားသည်။

ကြွေရုပ်ငိုချင်စိတ်ပျောက်ကာ ပြုံးစစ ဖြစ်သွားရတော့သည်။

လေယာဉ်လက်မှတ်အ၀ယ်ထွက်လိုက်ရသည်မှာ ၊ ယခု ပြန်ရောက်တော့ နေ့ခင်းတစ်နာရီ ထိုးလေပြီ။

ဟိုတယ်သို့ ပြန်လည်ရောက်ရှိလာသော ကြွေရှင်းသန့်သည်သူမ၏ အခန်းသော့ ကို ဧည့်ခံစားပွဲရှည်ရှိ ၀န်ထမ်းထံမှ တောင်းယူသည်။ အခန်းအမှတ် တူးအိုတူး။

သူမက ဓါတ်လှေကားစီးမနေတော့ဘဲ ဒုတိယထပ်သို့ လှေကားမှာ ပင် ကျောပိုးအိတ် ကလေးကို ထိုင်ခုံပေါ်သို့ ဘုတ်ခနဲပစ်တင်လိုက်၏ ။

ခုမှပင် လူပင်ပန်းမောဟိုက်ဖို့ သတိရအားတော့သည်။

အ၀တ်မလဲလှယ်နိုင်ဘဲ အိပ်ရာဖုံးပေါ်သို့ ခြေပစ်လက်ပစ် လှဲချလိုက်တော့၏ ။

ပလုံကို သတိတရ ကျေးဇူးတင်နေမိသည်။

ကြွေရုပ်တည်းခိုရန် ဟိုတယ်လိပ်စာကိုလည်း ပလုံကပင် စင်္ကာပူမြေပုံမှာ ရှာဖွေပေးသွားခဲ့ သည်။

ကြိုတင်ဘွတ်ကင်လုပ်ထား၊ အခန်းယူထားနိုင်တာလည်း ပလုံ့အစီအစဉ်တွေ ပါပဲ။

စင်္ကာပူတွင် ယခုကြွေရုပ်တည်းခိုနေသော ကြယ်သုံးပွင့်ဟိုတယ်သည် လေကြောင်းခရီး၊ အေဂျင်စီများ နှင့် အလှမ်းမဝေးတာမို့ ကြွေရုပ်သွားရမည့်  ဇိုင်ယာခရီးစဉ်အတွက် လေယာဉ်လက် မှတ် စုံစမ်းဝယ်ယူရန် အဆင်ပြေလိမ့်မည် ဆိုသော အကြံဥာဏ်ကိုလည်း ပြည်သက်လုံကပဲ ညွှန် ကြားပေး အပ်ခဲ့တာပါ။

``ဟောဒီ မြန်မာတောသူမအတွက် ငါစိတ်လေးတယ်ဟာ´´ဟု သူမြည် တမ်းခြင်းသည် နှိမ်တာမဟုတ်ဘဲ တကယ်ပူပန်ကြောင့်ကြ မှန်း ကြွေနားလည်ပါသည်။ ပိုက်ဆံမရှိ၊ လေယာဉ် လက်မှတ် မရှိပါဘဲလျက် ကမ္ဘာတစ်ဝက်အရောက်သွားဖို့ ဆင်ကန်းတောတိုး ကြွေရုပ်မို့ ကြံစည်ဝံ့ ပေတာပါပဲလားဟု အေးရီမကဖြင့် သြချမကုန်ခဲ့လေပါ။

တကယ့်တော့ ကြွေ ကတော့ မပူပန်မကြောင့်ကြဘဲ ရှိနိုင်ပါမတဲ့လား။

အရင်ငါးရက်တုန်းက ကြွေ့မှာ မြန်မာပြည်မှ စင်္ကာပူသို့ တယ်လီဖုန်းဖြင့် တစ်ဖန်ထပ်မြံပီး အတည်ပြုခဲ့ရသေးသည်။

ဟိုတယ်ရောက်ပြီး ဧည့်ကြိုကောင်တာမှ သူမ၏ နာမည် ကို ရှာတွေ့ ပြီဆိုမှပင် စိတ်ဒုံးဒုံးချ နိုင်ခဲ့တော့၏ ။

စင်္ကာပူမှာ အသိအကျွမ်း လုံးဝမရှိပါဘဲ ခရီးတစ်ထောက်ရပ်နား တည်းခိုပြီး ဇိုင်ယာသွားဖို့ လေယာဉ်လက်မှတ်ဝယ်ဦးမည့်  ကြွေရုပ်အတွက် ပလုံက တက်အားသရွေ့ လမ်းကြောင်းစဉ်းစား ရေး မှတ် ရွေးချယ်ပေးထားခဲ့သည်။ ဟိုတယ်မှ လမ်းလျှောက်သွားပြီး ရောက်နိုင်လောက်သော မြေပုံတွေ ကို သူရေး ဆွဲပေးထားခဲ့သော ကြောင့် သာ ကြွေရုပ်ခုလို လမ်းလျှောက်သွားပြီး လက်မှတ် ၀ယ်ယူနိုင်ခဲ့သည်။

စင်္ကာပူလေဆိပ်သို့ ရောက်ပြီး လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် တန်းစီနေရစဉ်တုန်းက ဆိုလျှင် ကြွေ့မှာ အလုပ်ခန့်စာ အစစ်အမှန် ကိုင်ထားပါလျက် ရှိုးမန်းနီးတတွေ ဘာတွေ စစ်ဆေး နေဦးမှာ လား ကြားဖူးနားဝနှင့် စိတ်ပူနေခဲ့မိသေးသည်။ အင်္ဂလိပ်စကားပြော မသွက်လက်လှစေ ကာမူ ပီပီသသပြော တတ်တာမို့ အဆင်ပြေမှာ ပါဟု ပလုံက အားပေးထားသည်။

တကယ်တမ်း တေ့တေ့ဆိုင်ဆိုင်မှာ ကြွေရုပ်၏ နိုင်ငံကူးလက်မှတ်ကို သေချာစစ်ဆေးပြီး သည်နှင့် ဒုန်းဆိုတစ်လနေခွင့် တံဆိပ်တုံးထုပေးလိုက်တော့သည်။ ကြွေရှင်းသန့်၏ ရှင်းသန့်သော အသွင်အပြင်ကို သူတို့ယုံကြည် စိတ်ချသွားဟန်တူရဲ့ ။

စိတ်အေးလက်အေး ဖြစ်သွားပြီးနောက် ကြွေသည် အခမဲ့ အသုံးပြုနိုင်သော တွန်းလှည်း တစ်ခုကို ဆွဲယူပြီး ဘက်ဂေဂ်ျလုပ်ထားသော သေတ္တာကို ရွေးယူရန် သူတို့ လေယာဉ်မှ ပစ္စည်း တွေ ကို သယ်ပို့ပေးနေသည့်စတက်ကြိုး ပတ်လည်ဘဲ့လ်ထ်အနီးသို့ လျှောက်လာခဲ့သည်။

မလှမ်းမကမ်းမှာ တွန်းလှည်းတွန်းပြီး လျှောက်လာနေသော ဂျင်းဘောင်းဘီရှည်နှင့် အာရှ တစ်ဦးကို မြင်တွေ့ လိုက်ရသော အခါ အဲသည်တရုတ်လိုလို ဖိလစ်ပိုင်သူလိုလို အမျိုးသမီးဟာ ဘယ်နိုင်ငံသားပါလိမ့်။ သူမနှင့် ကြွေက တွေးနေမိသေးသည်။ နောက်တော့မှ မှန်ချပ်ကြီးတွေ ထဲမှာ သူ၏ ပုံရိပ်ပေါ်နေခြင်း ဖြစ်ကြောင်း ရိပ်မိတော့လျက် တစ်ကိုယ်တည်း ရှက်ပြုံးပြုံးမိသေး တော့၏ ။ ပလုံတို့ အေးရီမတို့ သိများ သိလျှင် ရယ်မောလှောင်ပြောင်မဆုံး ဖြစ်ကြမှာ ပင်။

ကြွေသည် ကုတင်ပေါ်အမောဖြေ လဲလျောင်းရင်းက ထိုအ ဖြစ်ကို ပြန်ပြောင်းသတိရပြီး ပြုံး မိရပြန်၏ ။

လေယာဉ်ကွင်းမှ ဟိုတယ်သို့ တက္ကဆီက ဆိုက်ဆိုက်မြိုက်မြိုက် ပို့ပေးခဲ့ပြီးသော အခါမှ သာ ကြွေက စိတ်အေးသွားနိုင်ခဲ့ရတာ ပါ။

ဟိုတယ်မှာ ကြွေရုပ် တစ်ယောက် ခန်းရသည်။ တယ်လီဗေးရှင်းရှိသည်။ ရေချိုးခန်း အိမ်သာ တွဲလျက်ပါဝင်သည်။ မနက်ခင်းစာရသည်။ ရေသန့်နှစ် ဘူးပေးသည်။ ရေခဲ သေတ္တာထဲမှ အအေးတွေ ကိုတော့ ယူမသောက်လေနှင့် ၊ ဟိုတယ်မှ အထွက်တွင် ငွေရှင်းရလိမ့်မည် ဟု ပလုံက သတိပေး ထားလေသည်။

ညခုနှစ် နာရီကျော်မှ ရောက်လာရတာ မို့ အပြင်သို့ လမ်းသလားစပ်စုဖို့တော့ အချိန်မရလိုက် ပါ။ ဟိုတယ်စာကို ခေါက်ဆွဲကြော်တစ်ပွဲနှင့် ရေတစ်ခွက်အကျဉ်ရုံး စားသောက်တာတောင် ဒေါ်လာသုံးဆယ်ခုန်ပေါက်ထွက်ခွာသွားခဲ့သည်။

တကယ်တော့ မီရှဲလ်သည် ကြွေရုပ် ဘယ်လိုသွားရမည် ၊ ဘယ်မှာ လက်မှတ်ဝယ်ရမည် စသည်တို့ကို အသေးစိတ် မညွှန်ပြတတ်ပါ။ မီရှဲလ်အတွက် လေယာဉ် လက်မှတ်တွေ ၊ ခရီးသွား လာတည်းခိုရန် အစီအစဉ်တွေ သည် သူမ၏ လက်အောက်ဝန်ထမ်းများ က အဆင်သင့် ပြင်ဆင် သတ်မှတ်ပေးလိုက်ပြီးသား ဖြစ်နေပေတာကိုး။

မီရှဲလ်က ကြွေ့အား အေးဆေး သက်သာထုတ်ပေးခဲ့တာက Le Cryatal Blanc I’orginaition du Ziare ရုံးချုပ်ကတ်ပြားတစ်ခုသာပါ။ အဲဒါတွေ က ထုတ်ပြလိုက်ပါ။ ဘယ်အေးဂျင့် ဖြစ် ဖြစ် ဘယ်လေကြောင်း ခရီးအတွက်မဆို မင်းကို ဂရုတစိုက် ဖြည့်ဆည်းပေးကြပါလိမ့်မယ်ဟု မီိရှဲလ်က ဆိုခဲ့သည်။

ခရီးသွားအေးဂျင်စီသို့ ကြွေ ဆိုက်ဆို်က်မြိုက်မြိုက် ရောက်ရှိခဲ့ပြီးနောက် Le Crystal Blanc Foundation ရုံးချုပ်နှင့် ဇိုင်ယာနိုင်ငံခွဲကတ်ပြားကို ထုတ်ပေးလိုက်ပါတယ်။ တစ်ပြိုင်နက်မှာ ပင် အာဖရိကလေကြောင်း အေဂျင်စီမှ အေးဂျင့်တရုတ်မ ကလေးသည် ကြွေ့အပေါ်စကားပြောဆို ဆက်ဆံပုံတွေ ပြောင်းလဲသွားတော့လျက် အထင်တကြီး တလေးတစား ဖြစ်သွားခဲ့ပါတော့သည်။

``အဲဒီ မိဘမဲ့ ကလေးဂေဟာတွေ ကို အာဖရိကနိုင်ငံ အတော် များများ မှာ ဖွင့်ထားတယ် နော်´´

စင်္ကာပူမှာ ကင်ရှားဆားမြို့တော် သို့ အရောက်ချိတ်ဆက်လေယာဉ် လက်မှတ်တွေ လိုချင် သည့်အကြောင်းပြောပြလိုက်ပြီးသည့်အခါတွင် တော့ သူမ၏ အေးဂျင့်လုပ်ငန်းကို ပီပြင်အောင်စ တော့သည်။

နားရွက်တစ်ဖက်က နားထောင်ခွက်ကလေးနှင့် ကပ်ထားပြီး နှုတ်ခမ်းမှာ တော့ စကားပြော ခွက်ကလေး ကပ်ထားလျက် ပြင်သစ်နိုင်ငံ ပါရီမြို့တော် ရှိ လေခရစ်စတဲလ်ဘလော့ (အဖြူရောင် ကျောက်သလင်း) ရုံးချုပ်နှင့်ရော ဇိုင်ယာနိုင်ငံ ကင်ရှားဆားမြို့တော် ရှိ ရုံးသာမက ကြွေခရီးသွား မည့်  လေကြောင်းလိုင်းများ နှင့် အခြားအေဂျင်စီများ ကိုပါ မရပ်မနား အဆက်အသွယ်ပြုလျက် စကားပြောနေ စုံစမ်းနေသည်ကို ကြွေရုပ်ကထိုင်ကြည့် ငေးမောနေခဲ့မိသည်။

သည်လို ဆက်သွယ်မှု မျိုးတွေ ကို သည့်အရင်က ကြွေဖြင့် မမြင်တွေ့ ခဲ့ဖူးပါ။ ဖြူသွယ်လှပ သော လက်ချောင်းကလေးတွေ က ကွန်ပျူတာခလုပ်များ ကို တချောက်ချောက်နှိပ်ပြီး ကြွေ့ အတွက် အဆင်အပြေနိုင်ဆုံး၊ အမြန်ဆုံးနှင့် အကုန်အကျ အသက်သာနိုင်ဆုံး လေယာဉ်လမ်း ကြောင်း ရှာဖွေနေသည်ကို ကြွေရုပ်စောင့်ဆိုင်းနေခဲ့၏ ။

လိပ်စာကတ်ပြားကလေး တစ်ခုပင် ဖြစ်လင့်ကစား တန်ခိုးအစွမ်းထက်လှပါကလား။

သူမ အလုပ်ဝင်ထမ်းဆောင်နေပြီဆိုသော အဖြူရောင် ကျောက်သလင်း၏ စွမ်းပကားကို ကြွေရုပ်ရိပ်စားသဘောပေါက်စပြုလာလေပြီ။ သည်ကမ္ဘာတစ်ဝှမ်းရှိ ဘယ်နှစ် နိုင်ငံလောက်မှာ များ အဖြူရောင် ကျောက်သလင်းရုံးခွဲတွေ ရှိနေပါလိမ့်ဟု ခုမှကြွေစဉ်းစားမိလာသည်။ မီရှဲလ်နှင့် တွေ့  ဆုံစကားပြောနေစဉ် အချိန်တွေ များ စွာ ရှိခဲ့ပါလျက် ကြွေ့ပြင်သစ်စကား အပြောအဆို အမှား အယွင်းနည်းဖို့ ဂရုစိုက်နေတာက ပိုများ နေခဲ့သည်။ တကယ်ဆို မှားယွင်းသွားလည်း မီရှဲလ်က အရေး ကြီးသည်ထင်မှတ်မှာ မဟုတ်မှန်း သိလည်းသိခဲ့လျက်နှင့် ကိုယ်အလုပ်သွားလုပ်မည့်  ရုံး တစ်ခုနှင့် ပတ်သက်ပြီး ကြွေက သည်ထက်ပိုပြီး စိတ်ဝင်စားရမည် ဟု သူမကိုယ်သူမ သတိပေး ဆုံးမသြ၀ါဒ ပေးခဲ့မိတော့သည်။

အလုပ်လက်မဲ့စဉ်တုန်းက ပိုနေသော အချိန်တွေ အတွင်းတစ်ခုမဟုတ် တစ်ခုအတွက် လိုအပ်လာလျှင် အသုံးချရလေအောင် ရည်ရွယ်လျက် ကြွေရုပ်က အချိန်ပေးကာ လေ့လာသင် ကြား ဖြစ်ခဲ့သော ကွန်ပျူတာပညာသည် မိဘမဲ့ကလေးများ ကို သင်ကြားပေးနိုင်ရုံမက အဖြူရောင် ကျောက်လင်းတွင် အလုပ်ရရှိအောင်လည်း အထောက်အကူပြုခဲ့ပေသည်။ ကြွေရုပ်ပြင်သစ်စာ သင်ယူခြင်းသည်လည်း ကြောင်းကျိုးကွင်းဆက်တစ်ခု ဖြစ်နေသေးသည်။

သို့စေကာမူလည်း မီရှဲလ်က ကြွေရုပ်အပေါ် မေတ္တာသက်ဝင်သည်က အဓိက ဖြစ်နေသည် မှာ ကား ငြင်းပယ်မရစေကောင်းသော ရှေးရေစက်သာ ဖြစ်တော့မည် ပင်။

အီးမေးလ်ဟု အေးဂျင့်ကလေးတွေ ပြောကာဆိုနေသော အရာကိုတော့ ကြွေရုပ် လုံးဝ အတွေ့ အကြုံမရှိ။ စာအုပ်ထဲမှာ ဖတ်ဖူးပြီး နိုင်ငံခြားရုပ်ရှင်တွေ ၊ ဗီဒီယိုတွေ ထဲမှာ သာ တွေ့ မြင် ရဖူးသည်။ အီးဆိုသော Electrinic ၏ အတိုကောက်၊ မေးလ် ဆိုတာက Mail စာရေး ဆက်သွယ် သည့် အီလက်ထရောနစ်အားဖြင့် ဆက်သွယ်သော အမြန်စာ။

``မစ်စ်ကြွေက စင်္ကာပူကနေ မော်ရစ်ရှပ်စ်အဲလို်င်းနဲ့လိုက်သွားရင် ထရန်စစ်ဆယ်နာရီကြာ မယ်။ အဲဒီ အချိန်အတွင်း ကမ်းခြေဟိုတယ်မှာ နားနေနိုင်အောင် အဲလိုင်းက မစ်စ်ကြွေကို လေ ယာဉ်ကွင်း အသွားအပြန် ကြိုပို့ပေးပါလိမ့်မယ်၊ ကမ်းခြေသွားပြီး အပန်းဖြေနိုင်မှာ ကတော့ တကယ့် အထူးအခွင့်အရေး ပဲ လုံးဝ လက်မလွတ်သင့်ဘူး´´

ကြွေရုပ်လည်း စိတ်ဝင်စားမိပါသည်။ ကမ်းခြေအပန်းဖြေခြင်းဆိုသည်မှာ ကြွေရုပ်လို သာမန်အလုပ်ငယ်ကလေးတစ်ခု ရခါစ ရက်ပိုင်းမျှရှိသေးသူအဖို့ ဧရာမအခွင့်အရေး ကြီးပေပဲ။

``အဲဒါက ပထမထရန်စစ်ပါ မစ်စ်ကြွေ´´

အေးဂျင့်ကလေးက သူမ၏ ကွန်ပျူတာကို တချောက်ချောက် နှိပ်နေပြန်သည်။ `` နောက် နေ့မနက် ရှစ်နာရီမှာ မော်ရစ်ရှပ်စ်ကနေ ကင်ညာကို ထွက်ရမယ်၊ ကင်ညာမှာ ထရန်စစ် နှစ်ရက် ယူရင်ယူ မဟုတ်ရင် ငါးရက်ယူရလိမ့်မယ်။ ဒုတိယ ထရန်စစ်ပေါ့´´

ကြွေရုပ် ငါးရက် နေရမှာ ပါ။ ဒါမှ ဒိုင်ယာ ဗီဇာ ၀င်ဖို့ အချိန်ရမှာ ။ ဗုဒ္ဓဟူးနေ့ကလည်း ဇိုင်ယာရုံးပိတ်ရက်နဲ့ တိုက်နေသေးတယ်၊ ကျွန်မတော့ တနင်္ဂနွေနေ့ အခေါက်နဲ့မှပဲ ကင်ညာကခွာ ရတော့မှာ ပါပဲ။ ကျွန်မ ကင်ညာမှာ တည်းခိုဖို့ ဟိုတယ် ဖြစ် ဖြစ် မိုတယ် ဖြစ် ဖြစ် လှမ်းချိတ်ပေးနိုင်မ လားဟင်´´

``အဲဒါတော့ မောရစ်ရှပ်စ်ရောက်မှ လှမ်းပြီး စုံစမ်းကြည့်ပါမစ်စ်၊ ကျွန်မတို့က မောရှစ်ရှပ်စ် လေယာဉ်ကွင်းအထိပဲ ချိတ်နိုင်လို့ပါ´´ ဟု အဖြူမလေးက ဆိုသည်။

``ကျွန်မ မောရစ်ရှပ်စ်ရောက်ရင် ညအချိန် ဖြစ်ပြီး နောက်နေ့ နေခင်းဆို ကင်ညာ ရောက် သွားတော့မယ်။ ကျွန်မ အတွက် အခန်းရအောင် ကျေးဇူးပြုပြီး ကြိုးစားကြည့်ပေးပါလား´´

``နေရာကသိပ်ဝေးတယ်၊ ကျွန်မတို့ ဆက်သွယ်နိုင်တာက လေယာဉ်ကွင်းနဲ့ပါ။ မစ်စ်ကြွေ အတွက် အဆင်ပြေမှာ ကတော့ မောရစ်ရှပ်စ်ဟိုတယ်ရောက်မှပဲ ကင်ညာ ဟိုတယ်နဲ့ ခရီးသွားကို ဆက်သွယ်စေချင်ခဲ့တယ်။

ကြွေရုပ် ဆက်မတောင်းဆို ဖြစ်တော့။

နာရီဝက်လောက်ထိုင်ပြီးသကာလ အေးဂျင့်ကလေးက ကြွေရုပ်အတွက် လေယာဉ်လက် မှတ် ချိတ်ပေးပြီးလေပြီ၊ ခရီးစဉ် itinerary ကိုစာတစ်ရွက် ပုံနှိပ်ထုတ်ယူပေးပြီး လေယာဉ်လက် မှတ်များ ကို နက်ဖြန်ယူလာရန်လည်း ဘောက်ချာဖြတ်ပိုင်းပေးလိုက် သည်။

ကျသင့်ငွေကို Le Crystal Balanc ရုံးချုပ်မှ ပေးချေပေလိမ့်မည် ။

ကြွေရုပ်သည် ပုံဆံတစ်ပြားတစ်ချပ်မျှ ထုပ်ပေးစရာမလိုဘဲ အဖြူရောင် ကျောက်သလင်း ဆိုသော ကတ်ပြားကို ထုတ်ပေးရုံမျှနှင့် ချိတ်ဆက်စုံစမ်းသော အားလုံး အတည်ပြုလိုက်စေနိုင် သည့် နည်းပညာအပြင် သူမအလုပ်လုပ်ရမည့်  ``အဖြူရောင် ကျောက်သလင်း´´၏ ခိုင်မာမှု ကို ပို ပြီးနားလည် ဂုဏ်ယူမိတော့သည်။ အပြန်လမ်းမှာ ပလုံသင်ထားသလို ဟိုတယ်နှင့် တစ်မိုင် လောက်ဝေးသော ဈေးတန်းမှ နံနက်စောနှင့် ညစာတပေါင်းတည်းစင်္ကာပူဒေါ်လာငါးကျပ်ဖိုးဝယ် ပြန်လာသည်။ အအေးနှစ် ဗူးပင် ပါလာလိုက်သေး၏ ။ ဟိုတယ်မှ နေ့စဉ်ပေးသော ရေသန့်နှင့် မလုံ လောက်လျှင် အအေးဘူးဖောက်ပြီး သောက်နိုင်သေးသည်လေ။

ကြွေသည် ဟိုတယ်အခန်းအတွင်း ခုတင်ပေါ်တွင် စန့်စန့်ကြီးလဲပြိုနေရင်းမှ စောစောက ရောက်ရှိခဲ့သော ခရီးသွားအေဂျင်စီမှ ၀ိုင်းဝန်းတွက်ချက်ပေးသော ခရီးစဉ်ကို စိတ်နှင့် တွက်ချက် ကြည့်နေသည်။

သန်ဘက်ခါ ညနေကျမှ လေယာဉ်ကွင်းဆင်းရမှာ မို့ မနက်ဖြန်ဘယ်လို အချိန်ဖြုန်းမလဲ စဉ်းစားမိပြန်သည်။ မနေ့ညတုန်းကရယ်၊ သည်ညရယ်၊ နက်ဖြန်ရယ်၊ ဟိုတယ်တည်းခိုခ သုံးညစာ ရှင်းရဦးမှာ သည်ထက် ဈေးသက်သာသော တည်းခိုခန်းတွေ ရှိသော်လည်း ပြည်သက်လုံက စိတ်မချသလို ကြွေကလည်း ကြောက်လန့်သည်။ စိတ်ချရသော နေရာမှတည်းခိုရတာ မို့ အမေရိ ကန်ဒေါ်လာ တစ်ရာ့သုံးဆယ်ကျော် ကျသင့်လိမ့်မည် ။ တည်းခိုစရိတ်ဆိုတော့ ကင်းရှားဆားရုံး ရောက်ရှိမှသာ ဘောက်ချာနှင့် ပူးတွဲ ပြီး ပြန်လည်တောင်းခံရပေလိမ့်မည် ။ ဟိုတယ်ဧည့်ကြို ကောင် တာက အကြံပြုသလို စင်တိုဆာ အပန်းဖြေစခန်းသို့ သွားလည်လိုက်လျှင် တစ်နေ့တာ ကုန်သွား မည် ဖြစ်စေကာမူ စင်္ကာပူဒေါ်လာ နှစ် ရာလောက်တော့ ကုန်ကျသွားမည် ။ အမေရိကန်ဒေါ်လာ နှစ် ရာလောက်တော့ ကုန်ကျသွားမည် ။ အမေရိကန်ဒေါ်လာ တစ်ရာ့ငါးဆယ် ပျော့ပျော့ လောက်ရှိ နေတာ။ မ ဖြစ်ဘူး၊ မ ဖြစ်ဘူး၊ လက်ကျန်ရှိသမျှ မထိတို့လျှင် ကောင်းလိမ့်မည် ။ အိမ်နီးချင်း စင်္ကာပူ သို့ နောက်နောင်ရောက်ပေါက်နိုင်သော အလားအလာရှိသားပဲမို့ သည်တစ်ခါတော့ စင်တိုဆာသို့ စိတ်ဖြတ်လိုက်လေသည်။

ကြွေရုပ်သည် ခုတင်နံဘေးရှိ စားပွဲပေါ်မှ ရီမုတ်အလိုအလျှောက် ထိန်းသိမ်းစက်ကို လှမ်းယူကာ ပါဝါခလုတ်နီကို ဖွင့်လိုက်သည်။ တရုတ်ကား၊ နောက်ခလုတ် စီအင်အင်၊ နောက်ခ လုတ်၊ ကုလားဇာတ်ကား၊ အလှမိုဒယ်ရှိုး။

ညနေစောင်း အညောင်းအညာပြေ လမ်းလျှောက်ထွက်ချင်ထွက်မည် ။ မထွက် ဖြစ်တော့ လည်း ကိစ္စမရှိပါ။

တစ်နေ့လုံး အခန်းအောင်းပြီး တယ်လီဗစ်ရှင်းကြည့်မည် ။ ကြွေရုပ်မှာ ဂြိုလ်တုဆယ့်ရှစ်လုံး လိုင်းပေါင်းသုံးရာကျော် ရှိသော တီဗီကို ရီမုတ်ထိန်းသိမ်းစက်နှင့် ဟိုရွေ့သည်ပြောင်း လုပ်နေ သည်။

အရင်တုန်းက ကြွေရုပ်တို့အိမ်မှာ နှစ် ဆယ့်တစ်လက်မ တိုရှီဘာတယ်လီဗေရှင်း ရှိခဲ့ဖူး သော်လည်း အတွင်းပစ္စည်းတွေ ကုန်ပြီးနောက် ရောင်းချပစ်ရသော ဇိမ်ခံပစ္စည်းများ အနက် အဲ သည်တီဗွီက ပထမဆုံး ပါသွားလေသည်။ တီဗွီနောက်သို့ ရေခဲသေတ္တာ၊ ဆက်တီစုံ၊ မတ်တပ် ပန်ကာ စသည်ဖြင့် တစ်ခုပြီး တစ်ခုရောင်းချပစ်ခဲ့ရသည်။ လိုင်းတယ်လီဖုန်း ၀ယ်ယူစုဆောင်းထား သော စာအုပ်ဟောင်းတွေ နှင့် ဒိတ်အောက်နေသည်။ ကွန်ပျူတာတစ်လုံး ကျန်ရစ်အောင် ကြွေရုပ် မနည်းချွေတာစိစစ်ခဲ့ရတာ ပါ။

တီဗွီတစ်လုံးနှင့် ကြွေရုပ် အလုပ်ရှုပ်နေတော့ကာ ဂြိုလ်တုမသုံးဖူးတိုင်း စိတ်ရှိလက်ရှိ ခလုပ်တစ်ခုပြီးတစ်ခု နှိပ်နေတော့သည်။

ဒီရုပ်ရှင်တွေ က တစ်ခါကြည့် ဆယ်ဒေါ်လာတဲ့၊ ဖွင့်ကြည့်ရင် ဆယ်မိနစ်ရှိတာနဲ့ စာရင်း မှတ်လိုက်မယ်ဆိုပါလား။ အပြာကား တွေ ဖြစ်မှာ ပေါ့၊ ဖွင့်ပြီး နာမည် လေးဖတ်ပြီးတာနဲ့ ပြန်ပိတ် လိုက်မှာ ပေါ့။

အတွေးနှင့် တစ်ဆက်တည်း လက်ကဖက်ခနဲ့ ကို ခလုတ်ကိုနှိပ်ကြည့်လိုက်သည်။ အလို လေ့း့  တကယ့်ကို ဘုရားစူး လွန်ရောကျွံရောရှိမှ စက္ကန့်တစ်ရာပါ၊ သို့ တစေ ပြန်ပိတ်၍ မရတော့။ လိုင်းပြောင်းလည်းမရ။ သူ့ရုပ်ရှင်ကို စာတန်းဆက်ထိုးလျှက်သာ ရှိနေတော့သည်။ ငါးမိနစ်လောက်တော့ ကြာသွားလေမလားမသိ၊ သူ့ဇာတ်ကားကို စပ်စုဖွင့်ကြည့်မိရုံနှင့် ဆယ် ဒေါ်လာရှင်းရတော့မယ်ထင်ပါရဲ့ ဟု ကြွေရုပ် စုတ်တသပ်သပ် နှမြောနေမိတော့သည်။ (တကယ် ပင် ဆယ်ဒေါ်ကြီးများ တောင် ရှင်းလိုက်ရပါရောလားနော်)

ကြွေရုပ်သည်လူးလဲထကာ မနေ့ညတုန်းက ၀တ်ပြီးသား တီရှပ်အပြာလက်စကနှင့် စက ဘောင်းဘီတိုကို ပြန်လည်ဝတ်ဆင်သည်။ ချွတ်ချလိုက်သော အ၀တ်အစားတွေ ကိုတော့ တစ် ယောက် ထိုင်ဆိုဖာပေါ်သို့ ခြေနှင့် ခတ်ပြီး တင်ထားလိုက်သည်။ အ၀တ်ချိတ်တန်းတွေ ချိတ်တွေ ဘရှိလင့်ကစား ထသွားရမှာ အလှမ်းဝေးသည်ဟု အချိန်ရွေ့ဆိုင်းထားကာ ကုတင်ပေါ် ဗိုင်းကနဲ့ ပစ်လှဲ လိုက်ပြန်တော့သည်။

စင်္ကာပူ၏ ရာသီဥတုက အပြင်တွင် အတန်ငယ် အိုက်စပ်စပ်နိုင်သော်လည်း ဟိုတယ်ခန်း အတွင်းတွင် မူ လေအေးစက်က အေးမြနေစေသည်။

သည်အချိန်ဆို အေးရီမနှင့် ရတနာများ လည်း တရေး တမော နှပ်နေကြပြီထင်သည်။ ထွန်း ပ ကတော့ အလုပ်စဆင်းပြီမို့ စိတ်လှုပ်ရှားကာ အလုပ်တွေ လေ့လာရင်း နိုးနိုးကြားကြားရှိနေမှာ ပါ။

မနေ့ကအထိ ကြွေရုပ်၏ လက်ထဲမှာ စင်္ကပူအထိပဲလက်မှတ်ရှိနေခဲ့သည်။

ယနေ့မူ ကြွေရုပ်ကိုဇိုင်ယာအထိ သယ်ယူသွားပေးမည့်  လေယာဉ်လက်မှတ်တွေ ထုတ်ယူ ရန် ဘောက်ချာက ကြွေရုပ်၏ ခါးအိတ်ထဲမှာ ရှိနေပါပြီ။ ခေါင်းအုံးနံဘေးမှာ ခါးချည်အိတ် ကလေး ရှိမှ ရှိနေရဲ့ လားနှင့် ကြွေရုပ်မှာ လက်နှင့် မှန်းဆစမ်းသပ်ရင်း မျက်လုံးတွေ ကဖြင့် မှေးမှိတ်နေပြီ။

ကြွေရုပ် အိပ်မောကျသွားလေပြီ။

မောရိရှပ်စ်လေယာဉ်ကွင်းမှ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းသို့ သွားရောက်ကြရသော မီနီဘတ်စ်ကလေးပေါ်တွင် ``မွန်းဆီယာယန်းပေါလ်စေဂျေး´´နှင့် ကြွေရုပ်သန့်တို့ ပထမအကြိမ် ဆုံတွေ့ ခဲ့ကြရပါသည်။

လေကြောင်းခရီးသွားဟန်လွှဲတွေ့ ဆုံကြရတာ တွေ ဟာ မဆန်းကြယ်သော ဖြစ်ရပ်တွေ ပါ။

ထိုသူများ ၏ နောက်တစ်ကြိမ်ပြန်တွေ့ ဆုံဖို့ ခဲယဉ်းသည်ဟု ကြွေရုပ်အတွက် ထူးခြားလှ သည်ဆိုရတော့သည်။

တတိယအကြိမ် ပြန်ဆုံတွေ့ နိုင်သေးသည်ဟု ခွဲခြားခါနီး မှာ သူက ကျီစယ်သလို ပြောသွား တာကိုပင် မယုံချင်သလို ယုံချင်သလို ခံစား ဖြစ်ခဲ့မိသည်အထိ။

တကယ်ဆို ကြွေရုပ်တို့ လေယာဉ်က စင်္ကာပူစံတော် ချိန်အရ နေခင်းနှစ် နာရီကတည်းက ထွက်ခွာလာခဲ့တာပါ။ ကွာလာလမ်ပူတွင် လေယာဉ်ခေတ္တရပ်နားပြီးနောက် အနောက်ဘက်သို့ နေမင်းကြီးနှင့် အပြိုင်လိုက်ပါလာကြရလေတော့ တကယ်တမ်း ရှစ်နာရီပျံသန်းပြီးချိန်တွင် မောရစ် ရှပ်စ်စံတော် ချိန်က ညဆယ်နာရီလောက်သာ ရှိပါသေး၏ ။

ညဆယ်နာရီခွဲမျှသာ ရှိသေးစေကာမူ လေဆိပ်သာမက မြို့ကလေးပင် လူသွားလူလာပြတ် လတ် တိတ်ဆိတ်နေလေပြီ။ ကျွန်းပတ်လည်ရိုက်ခတ်နေသော လှိုင်းသံတွေ ကတော့ နေရာမလတ် တ၀ုန်းဝုန်းဆူညံနေ၏ ။

ကြွေတို့ ခရီးသည်စုစုပေါင်း ဆယ်ယောက် တို့ကို မီနီဘတ်စ်ကလေးက လေယာဉ်ကွင်းသို့ လာရောက်ကြိုဆိုပြီး ကမ်းခြေအပန်းဖြေစခန်းသို့ ပို့ဆောင်ပေးသည်။

ထရန်စစ်လေယာဉ် အကူးအပြောင်းအတွက် မောရစ်ရှပ်စ် ကျွန်းသာယာတွင် ဆယ်နာရီ ကြာမြင့်အောင် ကြွေရုပ်တို့တတွေ စောင့်ဆိုင်းခဲ့ရပြန်တော့သည်။

``ကျေးဇူးပြုပြီးတော့ ခင်ဗျာ၊ ကျွန်တော့်  ဘယ်ဘက်က ခြေထောက်ကမသန်လို့ တဆိတ် ကလေး ဟောဒီတံခါးကို အားပြုပြီး ကားပေါ်တက်ရပါစေလား´´

ကြွေရုပ် လှည့်ကြည့်လိုက်သော အခါ ဆံပင်တွေ ငွေရောင် ဆွတ်ဆွတ်ဖြူနေသော လူဖြူ တစ်ဦးကို မြင်တွေ့ လိုက်ရသည်။

ကြွေရုပ်တို့စီးလာသော လေယာဉ်ပေါ်မှာ တုန်းက အနှီးလူဖြူကို အမှတ်မထားမိလိုက်ပါဘူး ဟု ကြွေရုပ်တွေးလိုက်ရသည်။ ထူးခြားတာက ကြွေရုပ်တို့ စီးသွားရမည့်  မီနီဘတ်စ်တွင် လိုက်ပါ မည့်  လူဖြူဆို၍ သူတစ်ဦးသာရှိနေပြန်လေသည်။ ဘယ်ကနေ ရောက်လာတာပါလိမ့်မလဲ ဟု ကြွေရုပ် တွေးမိလေ၏ ။

ရှေ့ခုံတွေ မှာ ခရီးသည်တွေ ပြည့်နေပြီမို့ သူက နောက်ခုံတန်းသို့ ၀င်ထိုင်ရပေလိမ့်မည် ။ ထိုသို့ တိုးဝင်သွားနိုင်ရန်မှာ ကြွေရုပ်ထိုင်နေသော နေရာနံဘေးမှ ကားတံခါးလက်ကိုင်ကို ဆွဲ တက်လျှင် သူ့လက်မောင်းက ကြွေရုပ်၏ ရင်ညွှန့်တ၀ိုက် လှုပ်ရှားရမှာ မို့ သူက ယဉ်ကျေးစွာ ခွင့် တောင်းနေခြင်း ဖြစ်ကြောင်း ကြွေက သဘောပေါက်သွားလေသည်။

``အိုး - တက်ပါရှင့်၊ တက်ပါ၊ အဆင်ပြေပါရဲ့ လား´´

``ရပါပြီခင်ဗျာ၊ ကျေးဇူးတင်ပါတယ်´´

ကြွေရုပ်က သူ့တုတ်ကောက်ကို လှမ်းယူပြီးနောက် ခုံသို့ပို့ပေးသည်။ နောက်ထပ် ကျေးဇူး တစ်ခွန်း၊ သူအတန်ငယ် ယိမ်းယိုင်သွားသေးသဖြင့် ကြွေရုပ်က သူ့လက်မောင်းကို ဖမ်းကိုင် ထိန်းသိမ်းပေးလိုက် ရသေးသည်။ ကျေးဇူးထပ်ရရှိပြန်သည်။ သူတို့အနောက်တိုင်းသားတွေ ကျေးဇူးရေလဲသုံးကြသည်မှာ ကောင်းသော အစဉ်အလာ တစ်ခုပါပဲလားဟု ကြွေရုပ်သတိထား အားကျလိုက်မိလေ၏ ။

ကားပေါ်တွင် အတူထိုင်ရတော့မှပင် သူက ဘယ်လ်ဂျီယမ်မှလာသော လေယာဉ်နှင့် ပါလာ ကြောင်း အကြမ်းဖျင်းသိခွင့်ရလိုက်လေသည်။ သူက ကြွေရုပ်တို့ လေယာဉ်မှာ ပါလာသူတစ် ယောက် မဟုတ်သော ကြောင့် ကြွေရုပ် သတိမပြုမိပေတာပဲ။ ကြွေရုပ်တို့ နည်းတူ အခြားလေယာဉ် တစ်ခုသို့ ပြောင်းစီးခရီးဆက်နိုင်ဖို့ ထရန်စစ်ကာလအတွင်း စောင့်ဆိုင်းနေသူ ဖြစ်ကြောင်း ကား အတူစီသွားရင်း နောက်မှပဲသိရတာ ပါ။ ကြွေရုပ်တို့နှင့် အတူ အပန်းဖြေစခန်းမှာ သူလည်း အနား ယူရဦးတော့မှာ ကိုး။

နာရီဝက်လောက် ကားစီးလိုက်ကြရပြီးနောက် အပန်းဖြေစခန်းသို့ ဆိုက်ရောက်လာကြ သည်။

လူဖြူ၏ ခြေတစ်ဖက်မသန်စွမ်းမှု ကို သတိထားမိပြီးသော ကြွေရုပ်က သူကားပေါ်မှ အဆင်းတွင် အဆင်ပြေ ချောမွတ်အောင်ဖေးမ ကူညီပေးရသည်။ နောက်ထပ် ကျေးဇူးတစ်ခွန်း ရရှိပြန်သည်။ အင်္ဂလိပ်စာသင်ယူဖူးသော်လည်း အင်္ဂလိပ်စကားပြောဖို့ အခွင့်အရေး မရခဲ့သော ပြောဖို့လည်း နှုတ်ဆွံ့ခဲ့သော ကြွေရုပ်မှာ လေးကြိမ်မြောက် ကျေးဇူးအတင်ခံရပြီးတော့မှပင် တုံ့ပြန်ပြောသော သူတို့ဓလေ့ကို အသုံးပြုဖို့ သတိရ ဖြစ်တော့သည်။ နေဦး၊ နောက်တစ်ခါကျရင် တော့ ။

သူကလိပ်စာကတ်ပြားကလေး ထုတ်ပေးလေသည်။ သူ့အမည် ``ယန်းပေါလ်စေဂျေး ´´ ဖြစ်လေ၏ ။ ယန်းဆိုတာ ပြင်သစ်အသံထွက်ပြီး ပြင်သစ်စာမသင်ဖူးခင်ကဆိုလျှင် ကြွေရုပ်က ဂျွန်ဟုသော အသံထွက်မိမှာ ပါ။ သူဟာ ပြင်သစ်လူမျိုး ဖြစ်မှာ ပဲဟု တွေးမိလေသည်။ မွန်ဆီယာစေ ဂျေးပေါ့။

မြေညီထပ်မှာ မွန်ဆီယာစေဂျေး အိပ်ခန်းရအောင် ကြွေရုပ်က ဧည့်ကြိုဝန်ထမ်းကို ပြောပေးသည်။

``ကျေးဇူးအများ ကြီး တင်ပါတယ်ဗျာ´´ဟု မွန်ဆီယာစေဂျေးပြောသည်နှင့် တစ်ပြိုင်နက် ကတည်း-

``ယူ အာဝဲကမ်း ရပါတယ်ရှင်´´ဟု လိုအပ်တာထက် ပိုပြီးသွက်လက်စွာ တုံ့ပြန်ဖြေ ဆို ဖြစ်သွားသည်။

အလဲ့။ ကိုယ့်ကိုယ်ကိုယ်အတော် ကျေနပ်သွားလေသည်။ ငါးပိသံပဲပေါက်နေနေ လူဖြူနား လည်ဖို့သာ လိုရင်း ပဲလေ။

ညဉ့်နက်နေပြီမို့ ၀န်ထမ်းတွေ မှာ သိပ်ပြီးဖျက်ဖျက်လတ်လတ် မရြှိ ကတော့ဘဲ အိပ်ချင်မူး တူးနှင့် လေးလံထိုင်းမှိုင်းနေကြသည်။ သည်အချိန်ဆိုလျှင် နံနက် သုံးလေးနာရီ လင်းအားကြီး ဖြစ်နေမည့်  မြန်မာပြည်မှ ထွက်ခွာလာမည့်  ကြွေရုပ်လည်း အလွန် အမင်းအိပ်ချင်နေခဲ့ပါသည်။

အပေါ်ထပ်တွင် အခန်းရသော ကြွေရှင်းသန့်မှာ တုံးခနဲအိပ်မောကျသွားတော့လျက် နံနက် ခုနှစ်နာရီ ထိုးတော့မှာ သာ တစ်ရေး နိုးတော့သည်။

သူမက၀ရန်တာထွက်ကာ လေကောင်းလေသန့်ရှုရိုက်ရင်း ပင်လယ်ကမ်းခြေနှင့် သဘာဝ အလှတွေ ကို ခံစားကြည်နှုးနေမိသည်။ ပြည်ပခရီးစတင်ပြီး ရက်သတ္တပတ်မကျော်လွန် သေးမီမှာ ပင် ကြွေတော့ဖြင့် ပင်လယ်ကမ်းခြေရောက်ရှိခွင့်ရလေပေါ့ဟု ရင်ထဲမှ ကြွေးကြော်ကြုံး ၀ါးမိရပြန် တော့သည်။ ကြွေ့တစ်သက်တာမှာ တစ်ခါတုန်းကမှ မတွေးထင်ခဲ့သည့် ဖြစ်ရပါကလား။

``နံနက်ရှစ်နာရီခွဲမှာ လေယာဉ်ကွင်းပြန်ဆင်းကြရပါမယ်၊ နံနက် ဆယ်နာရီမှာ လေယာဉ် ထွက်ပါမယ်´´

ဝန်ထမ်းကလေးက လာရောက်အကြောင်းကြားသည်။ ကြွေရုပ်မှာ ဆယ်မိနစ်အတွင်း အပြီးအစီး ပျာယိပျာယာ မျက်နှာသစ်ကိုယ်လက်သန့်စင်ကာ၊ ခရီးဆက်ဖို့ အ၀တ်အစားလဲလှယ်တဲ့ ကာနှင့် နံနက်ခင်းစာစားဖို့ အပြေးသွားရတော့သည်။

စားသောက်ခန်းသည် ပင်လယ်ကို မျက်နှာပြုကာ စားပွဲ၊ ကုလားထိုင်တွေ ခင်းကျင်းထား လေသည်။ ဘူးဖေးဟုခေါ်သော ကိုယ်တိုင် ရွေးချယ်ယူငင်စားသောက်သည့် စနစ်နှင့် တ၀ကြီး ကျွေးမွေးဧည့်ခံထားပေ၏ ။

ကြွေရုပ်မှာ စိတ်အေးလက်အေး မစားသောက်နိုင်၊ ကင်ညာရောက်လျှင် မည် သည့် တည်းခိုခန်းတွေ ကို လှမ်းပြီးဘွတ်ကင်လုပ်နိုင်မလဲဆိုတာကို ၀န်ထမ်းများ ထံစုံ စမ်းရသည်။ တယ်လီဖုန်းလိုင်းတွေ မကောင်းပါဟု အဖြေရလေသည်။ ဈေးအမျိုးမျိုးနှင့် တည်းခို ခန်းတွေ အများ ကြီးရှိသည်ဆိုတာပဲ ကြွေ သတင်းရနိုင်လေ၏ ။

ခရီးရှည်ထွက်ခဲ့ရာမှာ သည်တစ်ကြိမ်တွင် တော့ ပထမဆုံးအကြိမ် စိုးရွံ့အားငယ်သလိုလို ခံစားလိုက်ရလေသည်။ လက်ထဲရှိသည့် ပိုက်ဆံနှင့် ၊ ဇိုင်ယာပြည်ဝင်ခွင့် ဗီဇာလျှောက်ရမှာ နှင့် ။ ကြွေ့မှာ တည်းခိုခန်းစရိတ် ကျန်မှကျန်ပါ့မလား။

စားသောက်ပြီးတော့ ပင်လယ်ကမ်းခြေတစ်လျှောက် စိမ်ပြေနပြေလမ်းလျှောက်ဖို့ နာရီဝက် တော့ ပစ်စလက်ခတ်အချိန်ကျန်သေးသည်။ ဤမျှလှပသော ရှုခင်းတွေ ကို ကြွေရုပ် ဦးနှောက်ထဲ မှာ သာ သိမ်းဆည်းထားရမှာ ပါ။ ယုံကြည်နိုင်စရာ မရှိပါကလား။

အတော် ကြီး ဝေးဝေးသို့ တစ်မျှော်တစ်ခေါ်လျှောက်လာမိစဉ် ထော့နင်းထော့နင်း ချိုင်း ထောက်နှင့် နောက်ကြောင်းပြန်လှည့်လာနေသူကို လှမ်းတွေ့ ရသည်။

မွန်ဆီယာစေဂျေးပါကလား။ အတော် စောစောစီးစီး လမ်းထလျှောက်သော ကြောင့် သာ သည်နေရာကို နောက်ကြောင်းပြန်လှည့်လာသည်အထိ သူခရီးပေါက်ခဲ့တာ ဖြစ်မှာ ။ ဪ- အကျိုး ဆော့ အကန်းမော့ဆိုတောမျိုး -အဲဘွာတေး ဘွာတေး၊ ငါဟာအတော် စိတ်ကူး ကလေးကလား နိုင်ပါလားနော်။ အားနာစရာ။

ညကအိပ်ပျော်ပါရဲ့ လား။ သာယာလှပတဲ့နံနက်ခင်းပါပဲနော် ။ ပဋိသန္ဓာရစကား အနည်း ငယ်ပြော။

သို့တစေ ကြွေရုပ်ပြန်လှည့်လာပြီး သူ့ကို မီလာသည့်အထိ လူဖြူခမျာ သူ၏ လမ်းလျှောက် နှုန်းအရ တုံနှေးတုံ့နှေး။ ကားထွက်ရန် မိနစ်နှစ်ဆယ်သာလိုတော့ပါကလား။သူ့ကို ကြွေရုပ် ဆွဲခေါ်ရတော့၏ ။

သူတို့၏ မီနီဘတ်စ်ကလေးသည် လေယာဉ်ကွင်းသို့ ဆယ်မိနစ်နောက်ကျပြီး ထွက်လာခဲ့ရ လေသည်။ မွန်ဆီယာစေးဂျေးနှင့် ကြွေတို့မှာ လည်း အခြားခရီးသည်များ ငြူစူသည်ကို မသိဟန် ပြုနေကြရလေ၏ ။

သွားမည့် ခရီးစဉ် ကွာခြားသည်နှင့်အမျှ စီးနင်းလိုက်ပါမည့်  လေယာဉ်ချင်းကလည်း တခြား စီပေမို့ မွန်ဆီယာစေးဂျေး ဘယ်သွားမည် ကို မေးမနေနိုင်တော့ဘဲ လေယာဉ်ကွင်းရောက် သည်နှင့် ရောက်သည်နှင့် ကြွေ့မှာ ကိုယ့်လေယာဉ်ကောင်တာသို့ သာ ဒုန်းစိုင်းခဲ့ရလေတော့၏ ။



အပိုင်း (၄)

နိုင်ရိုဘီမြို့တော် ၊ ကင်ညာနိုင်ငံလေဆိပ်။

ကင်ညာလူဝင်မှု ကြီးကြပ်ရေး မှ ရှောရှောရှုရှုပင် ကြွေရုပ်ကို တစ်ပတ်နေခွင့် ဗီဇာထုတ်ပေး လိုက်သည်။ လေဆိပ်မှ မထွက်ခင်တတည်းက အထွက်နားတွင် ပြူတစ်တစ်လုပ်နေကြပြီး လက် ဟန်ခြေဟန်ပြနေကြသော အငှားယာဉ်မောင်းသမားများ ထံတွင် တည်းခိုးခန်းမေးမြန်းစုံစမ်း လျှင် စိတ်ချရပါ့မလား စိတ်ပူကြောင့်ကြ သည်။ သေတ္တာရွေးပြီး လေဆိပ်အဆောက်အအုံမှ ခြေလှမ်း ထွက်လိုက်သည်နှင့် တစ်ပြိုင်နက် လေယာဉ်ကွင်း ရှေ့မျက်နှာစာတွင် နှစ် အတော် များများ ခေတ် နောက်ပြန်ကျန်ရစ်ပြီး ဟောင်းအိုနေသော မောရစ်မိုင်နာလို၊ ဗောက်စ်ဝက်ဂွန်လိပ်ခုံးလို၊ ဆလွန်း ကားတွေ ဒေါ့ဂျစ်တွေ ကို လှမ်းမြင်ရတော့သည်။ ယာဉ်မောင်းတွေ က ကြွေရုပ်ကို မြင်သည်နှင့် အမဲဖမ်းတော့မလို ကားစက်နှိုးကာ စပယ်ယာတွေ ကလည်း သေတ္တာလိုက်ပြီးလုယူ ကိုင်ဆောင် ပေးဖို့ ကြိုးစားကာနှင့် အငမ်းမရ ဖြစ်နြေ ကတော့သည်။

ကျပ်သည်မဟူ၊ ပွယောင်းသည်မရွေ၊ လတ်ချင်လတ်၊ နွမ်းချင်နွမ်း၊ ကုတ်အင်္ကျီနှင့် သက္က လတ်ဘောင်းဘီရှည်ကို ၀တ်ဆင်ကာ တင်ပါးကောက်ချိတ်ချိတ်ကလေးတွေ နောက်ပစ် လျက် သွားလာလှုပ်ရှားလမ်းသလားနေ၊ ဥဒဟိုလျှောက်နေကြသော ဆံပင်ခွေလိပ်လိပ်၊ နှာခေါင်းပိပိ၊ နှုတ်ခမ်းထော်ထော်နှင့် အာဖရိကသားများ ကို ကင်ညာရောက်မှပင် ကြွေရုပ်က ပိုမိုပြီး များများ စားစားကြီး မြင်တွေ့ ရဖူးတော့သည်။

``ကားငှားမလား´´

``ဘယ်ပို့ပေးရမလဲ´´

``ဟိုတယ်သွားမလား´´

``တည်းခိုခန်း သွားမလား´´

သူတို့ကမေး ကြွေရုပ်ကခေါင်းခါရင်း နောက်ဆုတ်နှင့် ၊ နောက်ဆုံးတော့ လူဝင်မှု ကြီးကြပ် ရေး အရာရှိ ကြီးကြီးမားမားတွေ ထံ အကူအညီတောင်းတာကသာ စိတ်အချရဆုံး ဖြစ်မည် ထင်တွေး လျက် လေယာဉ်ရုံးဘက်သို့ နောက်ကြောင်း ပြန်လှည့်မိတော့သည်။

``ဘာ အခက်အခဲရှိပါသလဲ မစ်စ်ကြွေ၊ ကျွန်တော် ကူညီနိုင်တာများ ရှိရင်´´

ကြားဖူးသော အသံ၊ ငွေရောင် ဖွေးလှုပ်သော ဆံပင်များ ။

``အို- မွန်ဆီယာစေဂျေး´´

ကယ်တင်ရှင်တွေ့ ရသလို ကြွေ့မှာ ဖြင့် ဘယ်လိုစိတ်အေး ၀မ်းသာသွားမှန်းကို မသိတော့ ပါ။

မွန်ဆီယာစေဂျေးသည် သူတည်းခိုမည့်  သင့်တင့်သပ်ရပ်သော ဟိုတယ်တစ်ခုသို့ ကြွေ့ကို တစ်ပါတည်း ခေါ်ဆောင်သွားခဲ့သည်။ တက္ကစီကိုတစ်ဝက်စီပေးချေခွင့်ပြုဖို့ တောင်းဆိုသော ကြွေရုပ်၏ ဆန္ဒကိုလည်း နားလည်သော အပြုံးဖြင့် လက်ခံသည်။

နှစ် ယောက် အတူ ရောက်ရှိလာပါလျက် နှစ် ယောက် ခန်းမငှားဘဲ သီးသန့် တစ်ယောက် ခန်း တွေ ငှားကြသည်ကို ဟိုတယ်ဝန်ထမ်းတွေ က အံသြဟန်ရှိသော်လည်း မွန်ဆီယစေဂျေး ကတော့ အမှတ်မထားမိလိုက်လေဟန်နှင့် ။ ကြွေ့မှာ လည်း အာရှလူငယ်ယောက် ၏ ဂုဏ်သိက္ခာကို ပြသ လိုက်သည်ဟု ၀မ်းမြောက်မိသလိုပင်။

ဟိုတယ်ဝန်ထမ်းများ ထံမှ ဇိုင်ယာသံရုံးလိပ်စာရရှိလိုက်တာမို့ ကင်ညာတွင် ဇိုင်ယာဝင်ခွင့်ဗီ ဇာ လျှောက်ရဦးမည့်  ကြွေရုပ်၏ ပြဿနာမှာ အတော် ကလေးအဆင်ပြေသွားသည်။

ထိုည အစားအသောက်ကိုတော့ ကြွေရုပ်လေယာဉ်ပေါ်မှ ထုတ်ပိုးယူလာသော ပေါင်မုန့် ထောပတ်သုတ် အထုပ်ကလေးနှင့် အအေးဘူးဖြင့် ဖြေရှင်းလိုက်နိုင်သည်။ ဒါလည်း ပြည်သက်လုံ သွန်သင်သွားခဲ့သော ချွေတာရေး နည်းလမ်းတစ်ခုပင်။

ကြွေရုပ်က လေယာဉ်ပေါ်မှ ဇွန်းတစ်ချောင်းနှင့် ဓားတစ်လက်ပင် အပိုဆောင်းယူဆောင် လာခဲ့သေးရဲ့ ။

ခိုးလာသလိုများ ဖြစ်သွားသလားတော့ မဆိုနိုင်။

အခန်းခက တစ်ညကို ဆယ်ဒေါ်လာနှုန်းနှင့် ငါးညနေရမှာ ဆိုတော့ ဒေါ်လာငါးဆယ်ထား၊ စားသောက်ခတွေ က တစ်နပ်ကို တစ်ဒေါ်လာနှုန်းပဲ ထားပါဦးတော့၊ တရက်သုံးနပ်ဆို သုံးဒေါ်လာ၊ ငါးရက်ဆို ဆယ့်ငါးဒေါ်လာ ၊ ကြွေရုပ်က မှတ်စုစာအုပ်ကလေးဖွင့်သည်။

1 US Dollar= 53.80000K enyan Shilling

ခဲတံနှင့် စာရွက်လွတ်ကလေး တစ်ပိုင်းထုတ်ပြီး အကြမ်းဖျင်းတွက်ချက်ကြည့်သည်။

ကားခ အပါအ၀င် အလွန်အကျွံ ကုန်ကျလွန်းပါးမှ ဒေါ်လာ အစိတ်ပေါ့။ ဗီဇာအကြေးက ဒေါ်လာငါးဆယ်ထားပါဦး။ သွားလာစရိတ်တွေ ပေါင်းလျှင် ဒေါ်လာတစ်ရာလောက်ပဲ ကုန်ကျမှာ ပါ။

ဇိုင်ယာရောက်လျှင် လက်ထဲမှာ ဒေါ်လာ တစ်ရာ့ငါးဆယ်လောက် ကျန်နေဦးမည်။ အစီအစဉ်အရ လေယာဉ်ကွင်းတွင် Le Crystal blanc မှ လာကြိုမှာ ပါ။ မတော် တဆ ကြိုဆိုသူနှင့် လွဲချော်သွားလျှင်တောင်မှ ကားငှားစီးစရာ ပိုက်ဆံကြွင်းကျန်နေဦးမှာ ပါပဲ။

အဲ- ဖြစ်နိုင်ချေကို ကြိုတင်တွက်ချက်ထားမိသော ကြောင့် သာ တော် တော့သည်။

တနင်္ဂနွေနေ့ညရောက်ပြီး တနင်္လာနေ့မနက်တွင် သံရုံးသို့ အရောက်သွားနိုင်သည့်တိုင် ဇိုင်ယာနိုင်ငံတော် သမ္မတကြီးမိုတဘူတူ၏ မိခင်မွေးနေ့ကို အများ ပြည်သူအားလပ်ရက်အ ဖြစ် သတ်မှတ်ထားလေရကား။ ကြွေရုပ်၏ ပတ်စ်ပို့ကို ကြာသပတေးနေ့ နေခင်းနစ်နာရီမှာ မှ ပြန်လည် ရရှိပေမည် ။

သူတို့က ပတ်စ်ပို့ယူထားကြောင်း ဖြတ်ပိုင်းပေးထားပြီး ကင်ညာဝင်ခွင့်အပါအ၀င် ပတ်စ်ပို့ မိတ္တူမှာ လည်း တံဆိပ်တုံးထု ပေးလိုက်သော ကြောင့် သာ တော် ပေတော့သည်။

ထိုနေ့ညနေတွင် ဟိုတယ်မှ ထွက်လာသော လမ်းလျှောက်သွားရင်း၊ ဟိုသည်ကြည့်လေ့ လာရသည်။ ဈေးသက်သာမည့်  လမ်းဘေးဆိုင်တစ်ခုခုတွင် ညနေစာစားသောက်မည် ဟု ကြွေရုပ် ကြံရွယ်လေသည်။

ဟော- စတိုးဆိုင်ကလေးတစ်ခုမှ မယ်လမိန်းသောက်ရေခွက်ကလေးတစ်ခုဝယ်ယူပြီး ထွက်ခွာလာသော မွန်ဆီယာစေဂျေးနှင့်ဆုံတွေ့ ရပြန်ပါသည်။

သူက အီသီယိုးပီးယား စားသောက်ဆိုင်မှာ သွားရောက်စားသောက်ဖို့ ကြွေရုပ်အား ဖိတ်ခေါ်သည်။

ကြွေရုပ် ရိုး အပါသည်။ သို့သော် ဆန့်ကျင်ဘက်လိပ်တစ်ဦးသည် သူမအပေါ်ရိုးသားတည် ကြည်ပါရဲ့ လား။ မြှူဆွယ်ဖြားယောင်းနေသလားဆိုတာတွေ ကိုတော့ သတိပြုအကင်းပါးလေ့ရှိပါရဲ့ ။

``အီသီယိုးပီးယားဆိုင်ဟာ လမ်းဖြည်းဖြည်းချင်လျှောက်သွားရင် မိနစ်နှစ် ဆယ်လောက်ပဲ ကြမှာ ပါလို့ ဟိုတယ်အလုပ် သမားကလေးက ပြောပါတယ်´´

မွန်ဆီယာစေဂျေးဘက်မှလည်း ကြွေရုပ်၏ သင်္ကမကင်းသတိထားတုံ့ဆိုင်းသော အမူအ ရာကို နားလည်ပေးဟန်ရှိလေ၏ ။

``ကျွန်တော် က ဝေးဝေးလည်း မလျှောက်ချင်ဘူးလေ၊ ခြေထောက်ကို အနားပေးဖို့လို တယ်မဟုတ်လား´´

သူ့ခြေထောက်ကို မသိမသာ လက်ညှိုးညွှန်ပြီး ပြောဟန်ကြောင့် ကြွေရုပ် အားနာသွားသည်။

``ဗိုလန်တီယေး၊ အဲ ကျေးဇူးတင်ပါတယ် မွန်ဆီယာ၊ ကောင်းတဲ့ အစီအစဉ်ပါပဲ´´

အီသီယိုးပီးယားစားသောက်ဆိုင်တွင် စားပွဲဝိုင်းကြီး မှာ မျက်နှာချင်းဆိုင်ထိုင်ကြသည်။ ဆန်ကာချပ်လို သံပန်းကန်ဝိုင်းကြီးထဲမှာ တိုရှည်လိုဆန်မုန့် သုံးလေးချပ်ကတစ်ပုံ၊ မဆလာမွှေးမွှေး ၊ ငရုပ်သီးရဲရဲ ဆီရွှဲရွှဲချက်ထားသော ကြက်သားဟင်းကတစ်ပုံ၊ ဆိတ်သားကပတ်ကတစ်ပုံ၊ သရက်သီးသနပ်ပါသေး။ အသီးအရွက်တွေ ၊ ပါပရာကြော်တွေ ၊ ပဲဟင်းချိုလည်း သံပန်းကန်ကိုယ်စီ ကိုယ်င သောက်ကြရရဲ့ ။

``ကျွန်မတို့ လက်အရင် ဆေးကြရမယ် မွန်ဆီယာ။ တစ်လှည့်စီရေလောင်းပေးရမယ်၊ ဆပ်ပြာလည်း ပေးထားတယ်တွေ့ လား။ အာဖရိကတွေ က သန့်ရှင်းသားပဲနော်။။

ကြွေရုပ်တို့ မြန်မာပြည်မှာ လည်း ရှေးတုန်းကဆိုလျှင် လက်ရေတစ်ပြင်တည်း ဆန်ကော ၀ိုင်းကြီးထဲတွင် စုဝေးစားသောက်တတ်ကြောင်းဖြင့် ရှင်းပြ ပြောဆိုမိသေးသည်။

မွန်ဆီယာစေဂျေး ရှုးရှုးရှဲရှဲ ပူစပ်နေတာကို မရယ်မိအောင် သတိထားသည့်ကြားမှ သူ့မုတ်ဆိတ်ဖားဖားလျားလျား တွင် ပဲဟင်းတွေ ကြက်သားဟင်းအနှစ် တွေ ပေရေနေတာကို သတိပေးရသော အခါမှာ တော့ ကြွေရုပ်မှာ ပြုံးစေ့စေ့။

ဟိုတယ်သို့ အပြန်လမ်းတွင် မွန်ဆီယာစေဂျေးက ကြွေရုပ်မျှော်လင့်မထားသော စကားကို ဆိုလာ၏ ။

``ကျွန်တော် နက်ဖြန် ဆာဖာရီ သွားမယ်ကြွေ၊ ခင်ဗျား လိုက်နိုင်မယ်ဆိုရင် ဖိတ်ခေါ် ပါရစေ´´

``ဟာ မာဆိုင်းမာရာ ဆာဖာရီးလား။ အထူးအခွင့်အရေး ကြီးပါပဲ´´

မာဆိုင်းမာရာ ကြော်ငြာတွေ ရဲ့ ဖိတ်ခေါ်ဆွဲဆောင်ချက်တွေ ကို နေရာအနှံ့မှာ တွေ့ နေတာပါ။ ကြွေရုပ်လည်း သွားချင်လှပေါ့။ သို့တစေ- ``ဒါပေမဲ့ ကျွန်မတို့ ခရီးစဉ်မှာ အဲဒီ ခရီးအတွက် စရိတ်မပါဘူးရှင့်၊ ကျွန်မ မလိုက်နိုင်တာ တောင်းပန်ပါတယ်´´

``ကျွန်တော့် ကို ယုံကြည်မယ်ဆိုရင် အဖော်ပြုပေစေချင်ပါတယ်။ ကျွန်တော် စရိတ် ခံပါ့မယ်။ လက်မှတ်ကို ဟိုတယ်က ၀ယ်ပေးမှာ ပါ။ ကျွန်တော် တို့ မနက်ဖြန် မနက်ခုနှစ်နာရီ ကားနဲ့ လိုက်ကြမယ်။ တခြားခရီးသည် လေးယောက် ပါလိမ့်မယ်။ တိုးရစ်ကနှစ် ယောက် ၊ ကျန်တဲ့ အမည်းနှစ် ယောက် ကတော့ ဒေးစကားတက္ကသိုလ်က ဆရာနဲ့ဆရာမ တဲ့။ ကြွေ့အတွက် အဖော် ကောင်းတွေ ဖြစ်ပါလိမ့်မယ်၊ နေ့ခင်းဆယ့်နှစ် နာရီ ရောက်သွားမယ်၊ ခဏအနားယူ ကြပြီးရင် ဆာဖာရီင်္လှည့်ရလိမ့်မယ်။ ဆင်အုပ်တွေ ကြံ့တွေ ၊ ရေမြင်းတွေ ၊ ဟိုင်ယားနားတွေ ၊ ခြင်္သေ့တွေ ၊ ခင် ဗျားပျော်မှာ ပေါ့´´

ကြွေရုပ် ခဏတဖြုတ်တော့ တွေ ဝေနေမိသေးသည်။ သည်အဖြူသည် ခြေထောက် မသန်စွမ်းဟန်ပြုနေတာ မဟုတ်ဘဲ တကယ့်ကို မသန်စွမ်းတာမို့ အဖော်ပြုပေးပါ အကူအညီ တောင်းတာကိုလည်း ယုံကြည်လောက်သည်။ သူနှင့်နှစ် ယောက် တည်း သွားရမှာ မဟုတ်ဘဲ၊ အမျိုးသမီးအဖော်အ ဖြစ် တက္ကသိုလ်ဆရာမ တစ်ယောက် ပါလာမည် ဆိုတာကိုလည်း မြန်မာပီပီ သဘောကျမိသည်။

ဟိုတယ်မှာ နေရစ်ခဲ့လည်းသိပ်တော့ပိုထူးပြီ လုံခြုံနေမည် မဟုတ်ဘူးထင်သည်။ မွန်ဆီယာ ဂျေးကမှ ပိုပြီးသိကျွမ်းသေးတာမို့ တစ်ဆိတ်အားကိုးလောက်သေးသည်ဟု ကြွေရုပ်ဆုံးဖြတ်ချက် ချလိုက်ပေတော့၏ ။

ဆာဖာရီ နှစ် ညအိပ်ခရီးကို သူစိမ်းယောက်ျား တစ်ယောက် နှင့် မဆင်မခြင် လိုက်သွား ရေကောင်း လားဟူ၍ အေးရီမတို့ ပလုံတို့သာသိလျှင် အပြစ်တင်ကြမှာ ပဲဟု ကြွေရုပ် မတွေးမိဘဲ တော့မနေပါ။ မွန်ဆီယာစေဂျေးက ကြွေရုပ်အတွက် ရွက်ဖျင်တဲတစ်တဲ သတ်သတ်ငှားပေး ကြောင်း ဖြေရှင်းပြလျှင်တောင် မျက်စောင်းလောက်တော့ ထိုးကြဦးမှာ သေချာသည်။ ငါကြိုတင် တောင်းဆိုခဲ့ပါတယ်ဟဲ့ဟု သူတို့ကို အာပေါက်အောင် ရှင်းပြရမှာ ပါပဲ။

ခြောက်လလောက်အကြာမှာ မီရှဲလ်နှင့် ပြန်တွေ့ သော အခါတွင် အဲသည်အကြောင်းကို ကြွေရုပ်က တကယ့်စွန့်စားခန်းကြီးသဖွယ် ပြန်ပြော ဖြစ်သည်။ မီရှဲလ်က အားပါးတရ ရယ်မောပစ်လေသည်။

``ကြွေတို့ မြန်မာမတွေ ဟာ တကယ်ထူးဆန်းတာပဲနော်´´

မွန်ဆီယာစေဂျေးက ကြွေရုပ်ထက် ခြောက်နာရီစောပြီး ကင်ညာမှ ထွက်ခွာသွားသည်။

သူ့ကို ညဆယ်နာရီလောက်မှာ ကြွေရုပ်က နောက်ဆုံးတွေ့ လိုက်ရတာ ပါ။ သူကနောက်နေ့ မနက် လေးနာရီကတည်းက လေယာဉ်ကွင်းသို့ ဆင်းသွားရတာ မို့ အအိပ်မက်သော ကြွေရုပ်က တတန်တ ကတော့ အိပ်ရာထပြီး နှုတ်မဆက် ဖြစ်တော့ပါ။

``ကျွန်တော် က တောင်အာဖရိက နိုင်ငံကို ခရီးဆက်မှာ ပါကြွေ၊ ကြွေ့လို မိတ်တွေ ကောင်း တစ်ယောက် နဲ့ တစ်ချိန်ချိန်မှာ ပြန်ဆုံချင်ပါသေးတယ်၊ တွေ့ ကြလိမ့်ဦးမယ်လို့လည်း မျှော်လင့်ပါတယ်´´ဟု သူကပြောခဲ့လေသည်။

တောင်အာဖရိကသို့ သူဘယ်အတွက်သွားမှာ လဲ၊ ဘယ်လောက်ကြာမှာ လဲ၊ စသည့်မေးခွန်း တွေ ကို ကြွေက မမေးမြန်း ဖြစ်ခဲ့ပါ။ မသိချင်သော ကြောင့် မဟုတ်မူ၍ သူတို့ အနောက်တိုင်းသား တွေ ကို ကြွေရုပ်တို့ အရှေ့တိုင်းသားတွေ အား အလိုက်ကန်းဆိုးမသိ စပ်စုသည်ဟု အထင်သေးတတ် ကြောင်း ကြားဖူးနားစ ရှိထားသော ကြောင့် မမေးမြန်း ဖြစ်တာပါ။ အထူးအထွေ သိချင်လွန်းနေခြင်းတော့လည်း မရှိဘူးပေါ့လေ။

ကြွေရုပ်အဖို့ ဇိုင်ယာဝင်ခွင့် သုံးလဗီဇာရလာသော ကြောင့် စိတ်တွေ တစ်ဝက်မက အေးဆေး သွားရသည်။ ကင်ညာမှ ဇိုင်ယာသို့ ကင်ညာလေကြောင်းဖြင့် တဖြောင့်တတန်းတည်း ပျံသန်းသွားရတော့မည် ကိုလည်း ၀မ်းသာမဆုံး ဖြစ်ရတော့သည်။

သံယောဇဉ်နှောင်ဖွဲ့ရသူတွေ ထံ ကြွေ သတိတရ တမ်းတမြည် ကြွေးမိပါသည်။

အေးရီမရေ၊ ပလုံရေ- နင်တို့ရဲ့ သူငယ်ချင်း ကြွေရှင်းသန့်ုတို့များ (မြန်မာနိုင်ငံ) ရန်ကုန်ဧရိယာ( ပြင်ပဆိုလို့ သတင်းစာထဲ စာအုပ်ရုပ်ရှင်တွေ ဗီဒီယိုတွေ ထဲမှာ သာ မြင်တွေ ဖူး)

သန်လျင်တို့ ပဲခူးတို့တောင် ခြေမချဖူးခဲ့ပေတဲ့၊ ခုတော့ ကမ္ဘာ့တစ်ခြမ်း ခါးစောင်းတင် နေပေါ့။

အချိန်ဇယားအရဆိုလျှင် ဇိုင်ယာသို့ ညနေသုံးနာရီတွင် လေယာဉ်ဆိုက်ရောက်ရမည် ဖြစ် သည်။

ကြွေရုပ်နံဘေးတွင် အတူထိုင်လာသော လူမည်းအမျိုးသမီးမှာ လေယာဉ်မယ်တွေ နှင့် ဆက်သွယ်မေးမြန်းနေသည်ကို ကြည်ရုံနှင့် အတော် နားလေးကြောင်း သိသာသည်။ ထို့ကြောင့် လည်း ကြွေသည်သူမနှင့် မိတ်ဆွေဖွဲ့ဖို့ မကြိုးစားတော့ဘဲ သတင်းစာကိုသာတွင် တွင် ငုံ့ဖတ် လာခဲ့လေတော့သည်။

လမ်းခရီးတွင် အနှီးအမျိုးသမီးကြီးသည် နောက်ခုံမှသူမ၏ အသိများ နှင့် အောင်ကျယ်အော် ကျယ်ဆွေးနွေးလိုက်၊ လေယာဉ်မယ်ကို ခေါ်မေးလိုက်နှင့် ဂနာမငြိမ် ဖြစ်နေသည်ကို ကြွေရုပ် သတိပြုမိပြန်သည်။ သို့ နှင့် ပင် နံဘေးနံဘီသို့ လှည့်ကြည့်လေ့လာ ဖြစ်ရတော့သည်။

လေယာဉ်မှူးက ဇိုင်ယာသို့ လေယာဉ်ဆင်းခွင့်မရသော ကြောင့် ဝေ့၀ဲပျံသန်းနေခြင်း ဖြစ် ကြောင်း စိတ်မပူကြရန်၊ အင်္ဂလိပ်လိုရော၊ အာဖရိကန်ဘာသာစကားနှင့်ပါ အသံလွှင့်ကြေညာ ပေး သည်။ သို့ တစေ တစ်နာရီခန့်ကြာမြင့်တော့သည့် အရိပ်လက္ခဏာပြလာပြီဟု အရေး ပေါ် ဆင်းသက်ခွင့်တောင်းတော့သည်။ နောက်ဆုံးတော့ကာကြွေတို့စီးနင်းလိုက်ပါလာသော လေယာဉ် သည် ဘူရွန်းဒီနိုင်ငံလေယာဉ်ကွင်းသို့ ဆင်းရလောတော့သည်။

ကြွေရုပ်လည်း ကြောက်သလိုရှိလာကာ ဘုရားစာရွတ်ဖတ်ရင်း နားစွင့်နေရသည်။ ဘူးရွန်း ဒီတွင် ညအိပ် ကြရမည် ဟု ခရီးသည် တစ်ယောက် က ပြောနေသည်။ သည်အခါမှာ လည်း ပလုံကိုပဲ သတိရကျေးဇူးတင်ရပြန်သည်။ သူအကြံပြုသော ကြောင့်သာ ကြွေရုပ်ပ နောက်ကျောပိုးအိတ် ကလေးထဲတွင် အ၀တ်ပို ပေါ့ပေါ့ပါးပါးတစ်စုံ သယ်ဆောင်လာခဲ့တာကလား။

လေယာဉ်စက်သတ်သည့်နှင့် ခရီးသည်တွေ လည်း လက်ပံပင်ဆက်ရက်ကျသလို ကျွတ်ကျွတ်ညံညည်းတွားကြရင်း ပစ္စည်းတွေ ကို အပေါ်အံဖွင့်ပြီး ထုတ်ယူဖို့ ပြင်ဆင်ကြ တော့သည်။

ဟော၊ လေယာဉ်မှူးက ကြေညာနေပြန်ပါပြီ။

ဘာတဲ့။ ဩော်- ခရီးသည်များ ကိုယ့်နေရာကိုယ်ထိုင်ပြီး ခါးပတ်ပတ်ထားကြပါ။ လေယာဉ်ကို ဆီဖြည့်ပြီးသည်နှင့် ဇိုင်ယာတို့ပြန်လည်ထွက်ခွာပျံသန်းပါမည် တဲ့။ မနောက်နဲ့ကွာဟု ကြွေရုပ် ညည်းတွားမိတော့၏ ။

နောက်ဆုံးတော့လည်း မှော င်ရီစပျိုးသော ညခြောက်နာရီအချိန်တွင် ကြွေသည် လေယာဉ် ပေါ်မှ ဆင်းသက်နိုင်ခဲ့ပါပြီ။

ကင်ရှားဆားမြို့တော် လေဆိပ်။ အင်ဂျီးလီလေဆိပ်ဟု အမည် တွင် လေသည်။ လေယာဉ် တွေ အတော် များ သား။ လေဆိပ်ဟုလည်း အကြီးသားပါပဲ၊ လေဆိပ်အဆောက်အအုံသို့ လမ်း လျှောက်လာရင်း ကြွေရုပ်သည် ပန်းတိုင်ရောက်ဖို့ လက်တစ်ကမ်းသာလိုတော့သည့် သူမ၏ နိုင်ငံခြား စွန့်စွန့်စားစားခရီးအတွက် ကျေနပ်နှစ် သိမ့်နေမိလေရာမှ၊ လေယာဉ်သည်လောက်တောင် နောက်ကျနေမှတော့ လာကြိုသူနှင့် လွဲချော်ပြီးလား စိုးရိမ်မိသွားလိုက်မိရပြန်တော့သည်။

လူဝင်မှု ကြီးကြပ်ရေး ကောင်တာတွင် တန်းစီစောင့်ဆိုင်းနေစဉ် အလှမ်းတော် တော် ဝေးဝေး နေရာတွင် လာရောက်ကြိုဆိုသူတွေ ကို လှုပ်လှုပ်ရှားရှား ဆူဆူညံညံ မြင်တွေ့ နေရသည်။ ကြိုဆို သူလေးငါးယောက် ခန့်က ဆိုင်းဘုတ်အသီးသီး ထောင်ထားပါသော်လည်း အတော် ဝေးလံသေး သဖြင့် မဖတ်နိုင်ဘဲရှိနေ၏ ။ သူတို့ ဘယ်သူ ဘယ်ကဆိုတာလား၊ သူတို့က လာရောက်ကြိုဆိုသူ၏ အမည် လား။

ကြွေရုပ် ရှေ့ တစ်ယောက် ကျော်မှ လူမည်းတစ်ဦးကို လူဝင်မှု ကြီးကြပ်ရေး အရာရှိက နိုင်ငံကူးလက်မှတ်ကို စစ်ဆေးရာတွင် ကျေနပ်မှု မရဘဲ အခြားကောင်တာမှ အရာရှိနှင့် တိုင်ပင် လိုက် မေးမြန်းစစ်ဆေးလိုက် လုပ်နေသည်။ ကြွေတို့မှာ ဖြင့် ရင်တထိတ်ထိတ်။

"ကျွန်တော် မပုတိုပါခင်ဗျာ။ ဇိုင်ယာဆိုင်ရာ အဖြူရောင် ကျောက်လင်း အဖွဲ့အစည်းရုံးချုပ် ရဲ့ လက်ထောက်အုပ်ချုပ်ရေး မှူးပါ"

''ရှင့်ကို တွေ့ ရတာ ကျွန်မသိပ်ဝမ်းသာတာပဲရှင်''

''လေဇာရီကိုပဲ" (ပဲစိမ်းတောင့်) မြို့နယ်ရုံးခွဲ၊ အဖြူရောင် အဖွဲ့အစည်း (ဇိုင်ယာ) တွင် စီမံခန့်ခွဲလက်ထောက်အ ဖြစ် ခန့်အပ်ထားခြင်းခံရသော မာမွိုင်ဇယ်လ်ကြွေရှင်းသန့်ကို လာရောက် ကြိုဆိုနေသော မပုတို၏ ဆံပင်ခွေလိပ်လိပ်ကလေးများ သည် ဦးခေါင်းတွင် ပြားကပ်နေသလို သူ့ပါးမြိုင်း၊ သူ့မေးစေ့တို့တွင် လည်း အမွှေးအမြင်များ က ချပ်ချုပ်ရပ်ရပ် ပြားကပ်ခွေ လိပ်နေသည်။

မပုတို၏ အသားအရေသည် အထက်အညာမှ မြန်မာလယ်သမားကြီးတွေ သာသမျှ ညိုမောင်းပြီးနက်မှော င်ခြောက်သွေ့နေခြင်း လုံးဝမရှိဘဲ စိုပြေသည်။

အထူးခြားဆုံး ကတော့ ဖြူဖွေးညီညာသော သွားတွေ အားလုံးပေါ်လွင်အောင် ရင်းရင်းနှီးနှီး ကြီးပြုံးပြနေသော သူ့အပြုံးဘဲ ဖြစ်လေသည်။

သူ့အပြုံး၏ နှစ် သိမ့်မှု တွေ ကြောင့် အကယ်၍ ကြွေ့မှာ များ အားငယ်စိတ်တွေ ရှိခဲ့ပါလျှင် လည်း အလျဉ်းပျောက်ကွယ်သွားလိမ့်မည် ဟု ထင်မှတ်မိတော့သည်။

တာဝန်ကျေသူများ က ကြွေရုပ်၏ သေတ္တာကလေးကို ဖွင့်ပြီးစစ်ဆေး ကြည့်ရှုသော အခါ လက်ဆောင်ပေးဖို့ ယူလာသော လွယ်အိတ်ငါးလုံးနှင့်စားပွဲတင် ဇီးကွက်ရုပ်သုံးစုံကို တောင်းဆို နေသည်။ တစ်ခုစီပေးလိုက်မည် အပြု မပိုတိုက သူတို့၏ လက်ဂါလာဘာသာစကား ဖြစ် ဟန်တူ သော စကားများ နှင့် လှမ်းပြီး ပြင်းပြင်းထန်ထန်ပြောဆိုကန့်ကွက်တော့မှ သေတ္တာထဲပြန် ထည့်ပေး တော့သည်။

အကောက်ခွန်ကို ကျော်ဖြတ်ပြီးသည်နှင့် မပုတိုက ကြွေရှင်းသန့်၏ သေတ္တာကိုဆွဲယူပြီး "မြန်မြန်သွားကြစို့" ဟု ခေါ်ကာရှေ့မှ ခြေကုန်သုတ်တော့သည်။ ကြွေသည်လည်း မြန်မာအဓိပ္ပါယ် နှင့် လုံးဝဆန့်ကျင်လှစွာ မြင့်မားထောင်မောင်းသော အမျိုးသားကြီး မပုတိုနောက်မှ တပ်ကြပ်မကွာ အပြေးလေးလိုက်ရလေသည်။ လေယာဉ်ရုံးအဆောက်အအုံ၏ အပြင်ရောက်သည်နှင့် ယူနီဖောင်း စိမ်းဝတ်ထားသော လက်နက်ကိုင်အစောင့်များ ကို မြင်တွေ့ လိုက်ရေတော့သည်။ မကြောက်နဲ့။ သူတို့လာမှ မလုပ်နိုင်ဘူးဟု မပုတိုကလေသံနှင့် ပြောသည်။

အစောင့်များ က"လာဂျော့န်" ဟုလက်ဖြန့် တောင်းခံသည်။ လာဂျော့န်ဆိုတာပိုက်ဆံ ဖြစ် ကြောင်း ကြွေရုပ်နားလည်သည်။ မပုတိုက ခေါင်းခါခါ လည်ခါခါငြင်းဆန်ကာ ကားတွေ ရပ်သော နေ ရာသိုအရောက်သွားသည်။

Le Cryastal Blanc ဟုရေး ထားသော ဘောက်စ်ဝင်ဂင် ဗင်ကားအစိမ်းကလေးကိုမြင်လျှင် ကြွေ့မှာ အတော် အားတက်သွားမိလေသည်။

လက်နက်ကိုင် တစ်ယောက် က ကားနားအထိ ပိုက်ဆံလိုက်တောင်းနေသည်။ ပိန်ညှောင် ညှောင် ညှင်းသိုးသိုး ဖြစ်နေသော သူ့ကိုကြည့်ပြီး ကြွေရုပ်စိတ်မကောင်း ဖြစ်နေမိသည်။ မပုတိုကား ပေါ်တင်ပြီးနောက် ကြွေကို ကားနောက်ခန်းတွင် ၀င်ထိုင်စေပြီး ကားတံခါးပိတ်လိုက်သည်။ ပြီးတော့မှ ရှေ့ခန်းတွင် ၀င်ထိုင်ကာ ယာဉ်မောင်းကို မောင်းတော့ အမိန့်ပေးသည်။

ကားဝူးကနဲ မောင်းထွက်လာသော အခါ လက်နက်ကိုင် တစ်ယောက် ၏ ဆဲရေး တိုင်းထွာသံ တွေ သဲ့သဲ့လိုက်ပါလာသည်။

မပုတိုသည် ကြွေရုပ်ကို အပြုံးမပျက် လှည့်ကြည့်သည်။

"ကျွန်တော် တို့ဆီက လက်နက်ကိုင်တွေ ဟာ လခမရတာ တစ်နှစ် ကျော်သွားပြီ၊ ငတ်မွတ် ဆင်းရဲလာတော့လည်း သိက္ခာမငဲ့ မရှက်မကြောက်လိုက်တောင်းတော့တာပဲ။ မွန်ဒဲလေးတွေ ဆီက ပိုကောင်းတယ်။

"မွန်ဒဲလေးဆိုတာ"

"ကွမ်းဗူ" "ခင်ဗျားလိုလေ"

ဪ-လူမျိုးခြားကိုပြောတာ၊ ကြွေရုပ်တို့လို လူမျိုးခြားတွေ ကို ပြောတာကိုး။

"လူဖြူတွေ ကိုတော့ အဟန့်ကောင်းတော့လန့်ကြတယ်"

အဖြူကို လန့်သည်ဆိုသဖြင့် ကြွေတို့လို အာရှတိုက်သား တွေ ကိုတော့ အနိုင်ကျင့်ရဲသည် ဆိုလိုတာ ဖြစ်ပါလိမ့်မည် ။

"သူတို့က ဘာ ဖြစ်လို့လခမရကြတာလဲ"

''မူဘိုတိုလက်ထက်မှာ တစ်စတစ်စနဲ့ယိုယွင်းလာပြီး သူကလွဲရင် တစ်နိုင်ငံလုံး မွဲပြာ ကျနေပြီး ငွေကြေးဖောင်းပွတာကလည်းကမ်းကုန်ရော။ ကျွန်တော် တို့ဟာ အမေရိကန်တစ်ဒေါ်လာ ရှိရင် မီလျံနာ ဖြစ်နေတယ်။ ဇိုင်ယာငွေ တစ်မီလီယံဟာ တစ်ဒေါ်လာနဲ့ ညီမျှတယ်။ အဲဒါတောင် ငွေစက္ကူသိပ်ဟောင်းရင်လဲလို့မရဘူး"

ကြွေသည် အမေတို့ ပြောဖူးသော ဂျပန်ခေတ်တုန်းက "ထောင်မလဲသဲကော်" ဆိုတာကို ချက်ချင်း အမှတ်ရလိုက်မိလိုက်သည်။

ကင်ရှာဆားမြို့တော် ကြီး၏ လမ်းမကြီးသည် ချိုင့်ခွက်ခလုပ်ကန်သင်းတွေ များ ပြားလှသော ကြောင့် ရှောင်တိမ်းမောင်းနှင် နေသည့်ကြားမှာ ပင် တစ်ချီတစ်ချီချိုင့်ထဲကျပြီး ပြန်အတက် ကား ခေါင်မိုးနှင့် ဦးခေါင်းဆောင့်လုဆောင့်ခင် ဖြစ်သွားသည်။ မပုတိုက ယာဉ်မောင်းကို လောန့်တ်မာ ဖြည်းဖြည်း ဖြည်းဖြည်းနှင့် သတိပေးနေသည်။

လမ်းသွယ် နှစ် ကြိမ်သုံးကြိမ် ချိုးကွေ့လာပြီးသော အခါတွင် တော့ ကျယ်ဝန်းသော ခြံကြီး တစ်ခု၏ ပိတ်ထားသော သံတံခါးဂိတ်ဝသို့ ရောက်ရှိလာကြသည်။ သံတံတားတွင် ကပ်ထားသော ဆိုင်းဘုတ်တွင် Le Fondation de le Crystal Balance du Zaire ဆိုသော စာလုံးတွေ သည် မီးစုန်းရောင် ဖြင့် စိမ်းလန်းတောက်ပလျှက် ရှိလေသည်။ ဪ- ဇိုင်ယာနိုင်ငံ ကင်ရှားဆားရှိ အဖြူရောင် ကျောက်သလင်းရုံးချုပ်သို့ ကြွေ ရောက်ရှိပါပကော။

ကြွေ့အတွက် တည်းခိုခန်းမှာ အလျားရှည်သော တစ်ထပ်အဆောက်အအုံ ဖြစ်ပြီး အုတ်ဖြင့် အခိုင်အခန့််ဆောက်လုပ်ထားသည်။ ခြင်ဆန်ကာတပ်ဆင်ထားသည်။ တစ်ယောက် အိပ် ကုတင်ပေါ်ရှိ ထူထဲသော အုန်းဆံမွေ့ရာပေါ်တွင် သန့်ပြန့်စွာ လျှော်ဖွပ်ထားသော အိပ်ရာခင်း၊ ခေါင်းအုံးစွပ်များ ဖြင့် ခမ်းကျင်းပြင်ဆင်ထားပေသည်။ စောင့်ခပ်ထူထူတစ်ထည်လည်းပေးတတ်၏ ။ ခုတင်နံဘေးတွင် စာကြည့်စားပွဲတစ်လုံး၊ ထိုင်ခုံတစ်ခုရှိပြီး ထိုင်ခုံနောက်မှီတွင် အသစ်စက်စက် မျက်နှာသုတ်ပ၀ါတစ်ခု ဖြန့်လွှားထားသည်။

မပုတိုက ကြွေ၏ သေတ္တာကို အခန်းထဲ သယ်လာပေးသည်။

"ဟောဒီမွေ့ရာတွေ ဟာ ကျောက်သလင်းဖြူရဲ့ လက်ရာတွေ ပါ မာမာကြွေ" ဟုသူက ဂုဏ်ယူဝင့်ကြွားသည်။

"ကလေးတွေ ဟာ အုန်းဆံတွေ ကို မွှပြီး အဆာသွတ်ကြတယ်၊ ဂေဟာအတွက် ၀င်ငွေရှာ တာပေါ့"

''ညာဘက်တည့်တည့်လျှောက်သွားပြီး ဘယ်ချိုးလိုက်ရင် တွေ့ မယ့်စုပေါင်းသန့်စင်ခန်းမှာ ရေချိုးခန်းတွေ အိမ်သာတွေ ရှိပါတယ်။ မာမွိုင်ဇယ်ကြွေ အနားယူရေချိုးပါ။ ညရှစ်နာရီကျရင် အထွေထွေအုပ်ချုပ်ရေး မှူး မာတီရှဲအိမ်ကိုသွားဖို့ ကျွန်တော် လာခေါ်မယ်။ သူက မာမာကြွေကို သူ့မိသားစုနဲ့အတူ ညနေစာစားဖို့ ဖိတ်ခေါ်ထားပါသည်။ သူ့နဲ့မိတ်ဆက်ပေးပြီးထားခဲ့မယ်၊ ညကိုး နာရီကျရင် လာပြန်ခေါ်ပြီး ဒီအခန်းကိုပြန်ပို့ပေးပါမယ်"

''မပုတိုရဲ့ အိမ်ကကောဒီဝင်းထဲမှာ ပဲလား"

သူက ပြုံးမြဲပြုံးလျှက် ခေါင်းညိတ်သည်။

"မီရှဲလ်လာရင်ရော ဒီမှာ ပဲတည်းလား"

''မီရှဲလ်။ အိုး- မဒမ်မီရှဲလ်ဒီဗဲလ်၊ အယ်အေဘဲလ်ဂျစ်"

သူဟာ ဘယ်ဂျီယမ်သူဘဲဟု မပုတိုက မရင်းနှီးသယောင် ရေရွတ်သည် တကယ်တော့ သူတို့အဖွဲ့အစည်း မ တည်ရာတွင် လေးဆယ့်ကိုးရာနှုန်း ရင်းနှီးမြှုပ်နှံပေးသော မီရှဲလ်ကို သူက ဘာကြောင့်ကြားနေမကျမ ဖြစ်ရမှာ လဲ။ "မီရှဲလ်က ပြင်သစ်သူပါ" ဟု ကျွန်မက ကန့်ကွက်မိ၏ ။

မပုတိုက လက်ကို ထက်ဝက် ချိုးချပြသည်။

"ဪ သူကဘယ်လ်ဂျီယမ်တစ်ဝက် ပြင်သစ်တစ်ဝက်လား"

မပုတိုက ပြုံးမဲ့မဲ့နှင့် ပခုံးတွန့်သည်။

"အယ်လေဘော့စ်အေထရဲရီးရှေး" ဟုလက်မ ထောင်ပြသည်။ သူကဘော့စ်ပါ။ အရမ်း လည်းချမ်းသာသတဲ့။ ဒါဟာ သတင်းပို့လာလား။ သရော်သလား မပုတို၏ မူပိုင်ပုံစံနှင့်တော့ တစ်ဆိတ်ကလေးကွာဟ နေသည်ဟု ကြွေရုပ်ခံစားလိုက်မိ၏ ။။ သေချာတာ ကတော့ ဘယ်လ်ဂျီ ယမ်ကို မပုတိုမနှစ်သက် တာပါပဲ။ ခိုးခန်းတွင် ဧည့်သည်တွေ ရှိဟန် အိပ်ခန်းတံခါးတွေ သော့ ပိတ် ထားကြသည်။

ရေး ချိုးအ၀တ်အစား လဲလှယ်ပြီးနောက် စာကြည့်စားပွဲမှာ ထိုင်ကာပြတင်းခန်းဆီးကို အသာ လှပ်ပြီး အခန်းပြင်သို့ လေ့လာကြည်ရှုသည်။ မှော င်နှင့်မည်းမည်း ဇိုင်ယာစကားပြောဆိုရင်း ဖြတ်သန်းသွားသော လူရိပ်များ ကိုတွေ့ မြင်ပြီး ခြေသံများ ကိုကြားရသော်လည်း ဘာမှသဲသဲကွဲကွဲမ မြင်ရ။

တအောင့်ကြာသော် မပုတိုလာခေါ်သဖြင့် လိုက်ပါသွားရပြီးသူက လက်နှိပ်ဓါတ်မီးနှင့် လမ်းပြပေးသွားသည်။ တစ်နေ့တာ လှုပ်ရှားခဲ့လေသမျှ ပန်းလျစပြုလာမို့တစ်ကြောင်း၊ တိတ်ဆိတ် ငြိမ်သက်သော ပတ်ဝန်းကျင်ကို အနှောင့်အယှက်မပြုလိုသည်က တစ်ကြောင်း ကြွေသည်စကား သိပ်မပြော ဖြစ်တော့ဘဲ မမြင်သာမသဲကွဲပါဘဲလျက် ဟိုသည်ဝဲလာ စောင်းငဲ့ကြည်ရှုသွားလေ သည်။

မာတီတို့အိမ်သို့ရောက်လျှင် မပုတိုကအသံပြုသည်။

လူဖြူအဖိုးအိုတစ်ဦးထွက်လာပြီး ကြွေ့ကို နှုတ်ခွန်းဆက်ကြိုဆိုလေသည်။ အထွေထွေအုပ် ချုပ်ရေး မှူးမာတီ။

မပုတိုနှင့် မာတီသည် အာဖရိကန်ဘာသာစကားနှင့် တစ်ခွန်းနှစ် ခွန်းပြောကြပြီးနောက် မပုတိုက အိမ်ထဲမ၀င်တော့ဘဲ တစ်ခါးဝမှလည့်ပြန်ထွက်သွားသည်။ "အပြန်ကျရင် သူတို့လိုက်ပို့ မယ်ပြောတယ်၊ မာဒီမွိုက်ဇဲလ်။ ဘွန်းနူးရီ" ကောင်းသော ညပါဟု နှုတ်ဆက်သွားလေ၏ ။

မာတီတို့နေအိမ်မှာ တစ်ထပ်အိမ်ကလေး ဖြစ်ပြီး ခြံကျယ်ဝင်းကျယ် ဖြစ်သည်။ အဖြူရောင် ကျောက်သလင်းခြံမြေအတွင်းတွင် အဲသလို ခြံမြေတိုက်တာအများ အပြား တွေ့ မြင်ရပေသည်။

အထွေထွေအုပ်ချုပ်ရေး မှူးမာတီမှာ လူဖြူအဖိုးအိုတစ်ဦး ဖြစ်ပြီး သူ့ဇနီးအစ်ဇဘဲလ် ကတော့ အမည်းနှင့်အဖြူကပြား ဖြစ်သည်။ သူ့ထက်လည်းများ စွာ ငယ်ရွယ်လျှက် ကြွေရုပ်နှင့် မှမတိမ်း မယိမ်း လောက်ရှိသည်။ ဆယ်နှစ် ၀န်းကျင်သား တစ်ယောက် ၊ သမီးရှိကြသည်။။ အစ်ဇဘဲလ်မှာ စကား နည်းဟန်ရှိလျက် စကားကို အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသော ကြွေ့အတွက် အဆင်ပြေအောင် သူက အင်္ဂလိပ်စကားများများ ညှပ်ပြောပေးလေ၏ ။

မာတီပြောပြချက်အရဆိုလျှင် မနက်ဖြန်မနက်ကိုးနာရီမှာ သူနှင့် ကြွေသည်လူဝင်လူထွက် ကြီးကြပ်ရေး ဌာနသို့ သွားရောက်ကာ နှစ် နှစ် နေထိုင်ခွင့် လျှောက်ထားပြီးနောက် နိုင်ငံကူးလက်မှတ် တွင် ဗီဇာထုရလိမ့်မည် ။ စာရွက်စာတမ်းတွေ ဖြည့်စွက်လက်မှတ်ထိုးခဲ့ပြီး အားလုံးပြီးဆုံးသော အခါ မာတီက လေဇာရီကိုသို့ စိတ်ချရသော လူကြုံနှင့် ထည့်ပေးသည်။

"လေဇာရီကို လေခရစ်စဘဲကလော့က စက်ဇိုလွန်းဘိုက အနည်းဆုံး တစ်လတစ်ခါလာ ပါတယ်။ သူနဲ့ထည့်ပေးလိုက်ရင် စိတ်အချရဆုံးပဲ"

"ကျွန်မစောင့်ယူရင်ကော"

"ကြာတတ်တယ်၊ မစ်ကြွေအလုပ်ဝင်သတင်းပို့နောက်ကျနေမယ်"

''ကျွန်မလက်ထဲမှာ ပတ်စ်ပို့မရှိရင် စိတ်ချရပါ့မလား မာတီ"

''ပတ်စ်ပို့မိတ္တူနဲ့ ရဲစခန်းထောက်ခံစာ လုပ်ပေးလိုက်မှာ ပါ"

သန်ဘက်ခါမနက် ခုနှစ် နာရီတွင် လေယာဉ်ကွင်းဆင်းရမည် ဖြစ်ပြီး စီးနင်းလိုက်ပါသွားမည့်  စက်စနာလေယာဉ်က နံနက်ကိုးနာရီထွက်ခွာမည် ။

"စက်စနာဆိုတာ ဘာလဲမာတီ"

'' လေယာဉ်ငယ်လေးပါ sessna လို့စာလုံးပေါင်းတယ်၊ လေယာဉ်မှူးရယ်၊ သူ့အကူအညီ လက်ထောက်ရယ်၊ ခရီးသည်နှစ် ယောက် ရယ် စီးကြပါတယ်၊ ကျွန်တော် တို့မှာ ကယ်ရဗင် Caravan လည်းရှိပါတယ်။ ခရီးသည်များ ရင် ကုန်ပစ္စည်းလည်းများ ရင် ကယ်ရဗင်ကိုသုံးတယ်"

''ပဲစိမ်းတောင့်မြို့နဲ့ ကင်ရှားဆား ဘယ်လောက်ဝေးပါသလဲ မာတီ"

''ကီလိုသုံးရာ လောက်ပါပဲ၊ တစ်နာရီခွဲလောက် သွားရင် ရောက် သွားပါလိမ့်မယ်။

''ကားနဲ့သွားရင် ဘယ်လောက်ကြာမလဲ။ လေးငါးနာရီပေါ့နော်"

"မနက်စောစောထွက်သွားရင်

"လေယာဉ်ငယ်လေးပါ Sessna လို့စာလုံးပေါင်းတယ်၊ လေယာဉ်မှူးရယ် သူ့အကူအညီ လက်ထောက်ရယ်၊ ခရီးသည်နှစ် ယောက် ရယ် စီးကြပါတယ်၊ ကျွန်တော် တို့မှာ ကယ်ရဗင် Caravan လည်းရှိပါတယ်"

"ပဲစိမ်းတောင့်မြို့နဲ့ ကင်ရှားဆား ဘယ်လောက်ဝေးပါသလဲ မာတီ"

"ကီလိုသုံးရာလောက်ပါပဲ၊ တစ်နာရီခွဲလောက် သွားရင်ရောက် သွားပါလိမ့်မယ်"

"ကားနဲ့သွားရင် ဘယ်လောက်ကြာမလဲ။ လေးငါးနာရီပေါ့နော်"

"မနက်စောစောထွက်သွားရင်ကံကောင်းရင် ဆယ့်ငါးနာရီလောက်ကြာပြီး ညရောက်နိုင်ပါ တယ်။ များ သော အားဖြင့် လမ်းမှာ ညအိပ်ရပြီး နောက်တစ်နေ့ နေ့ခင်းလောက်မှရောက်တာပါပဲ။ မိုး တွင်းဆိုရင် လမ်းမှာ ရေလျှံတာနဲ့ မြေပြိုပြီးကားဆက်မသွားနိုင်တာနဲ့ ဒါမှမဟုတ်ကားပျက်နေတာနဲ့ နှစ် ရက်သုံးရက်ကြာသွားနိုင်ပါတယ်။

"ဇိုင်ယာလမ်းတွေ သိပ်ဆိုးသလား"

"လမ်းရှိရင်ပဲ မနည်းလှဘူး လမ်းမပေါက်ဘဲ ခြေလျှင်လျှောက်ရတဲ့နေရာတွေ အများ ကြီးပဲ။ အရင်လမ်းရှိဖူးတဲ့နေရာတွင် လည်း မပြုပြင်တာကြာတော့ ပျက်စီးကုန်တာပေါ့"

"ဒီလောက်ကြီးတဲ့ တိုင်းပြည်ကြီးဟာ သိပ်ဆင်းရဲနေတာ စိတ်မကောင်းစရာပဲနော်"

"စိန်၊ ကြေးနီ၊ ရေနံ တကယ်ပေါကြွယ်ဝခဲ့တာပါ။ ခင်ဗျားနေကြည့်ရင်း သိလာလိမ့်မယ်"

"အဖြူရောင် ကျောက်သလင်းအဖွဲ့ခွဲ ဘယ်လောက်ရှိပါသလဲ"

"တောင်အမေရိကနဲ့ ဥရောပဆယ်နိုင်ငံမှာ ရှိတယ်။ အာဖရိကရှစ်နိုင်ငံမှာ လည်း ရှိပါတယ်။ ဇိုင်ယာမှာ တော့ မြို့နယ်ခွဲသုံးခုရှိတယ်။ အာရှသုံးလေးနိုင်ငံမှာ စတင်တည်ထောင်ဖို့ ပြင်ဆင်နေပါ ပြီ။ စင်္ကာပူမှာ စ ဖြစ်ဖို့များ တယ်။

"အဖြူရောက်ကျောက်သလင်း" သည် ကြွေရုပ်ထင်ခဲ့သလို ဇိုင်ယာတစ်နိုင်ငံလုံးမှာ ပဲရှိတာ မဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှာ အနှံ့အပြားရှိနေကြောင်းကို ခုမှသိရှိလာရလေသည်။

တကယ်တော့ကြွေရုပ်သည် ဇိုင်ယာသို့အလုပ်ရလိုဇောနှင့် သာ အပြေးရောက်လာခဲ့တာ ဖြစ် ပြီး ဇိုင်ယာ၏ အကြောင်း ဘာမဆိုဘာမှ မသိပါကလည်းဟု ရှက်သယောင်ရှိမိတော့သည်။

"မာဒီမွိုက်ဇဲလ်ကြွေဟာ ခရစ်ယာန်မဟုတ်ဘူးနော်"

အစ်ဇဘဲလ်သည် ပန်းသီးကိုက်ရင်း ရုတ်တရက်မေးခွန်းထုတ်လေသည်။

"မဟုတ်ပါဘူး။ ကျွန်မ ဗုဒ္ဓဘာသာဝင်ပါ"

"ဗုဒ္ဓဘာသာမှာ ထာဝရဘုရားမရှိဘူးလို့ ပြောကြတယ်။ ပါဂန်နစ်ဇင်လား"

ကြွေရုပ်အံ့အားသင့်နေသည်။ ဘာသာတရား မရှိဘူးလား။ တိတ္ထိလား ကြွေရုပ်သာဆိုလျှင် အခြားသူ တစ်ယောက် ကို အဲ့ဒီလို တုံးတိမေးခွန်းထုတ်လိုမည် မဟုတ်။ အစ်ဇဘဲလ်သည် ရိုင်းပျသူ တစ်ယောက် လိုပါပဲလားဟု ကြွေရုပ် ခံစားလိုက်ရလေသည်။

"အဲသလိုမဟုတ်ပါဘူး။ မစ်စင်မာတီ၊ ကျွန်မတို့ရဲ့ ဗုဒ္ဓမြတ်စွာ ဘုရားဟာ တစ်ကမ္ဘာပြီးတစ် ကမ္ဘာပေါင်းတစ်သိန်းသန်းများ စွာ ပါရမီဖြည့်ဆီးဆောက်တည်ခဲ့ပြီးတဲ့နောက် အတုမရှိ အလုံးစုံ သော တရားတော် တွေ ကို ထွင်းဖောက်သိမြင်လာတာ ဖြစ်ပါတယ်။ မစ်စစ်မာတီတို့ရဲ့ ခရစ်ယာန် တရား၊ မွတ်ဆလင်ဘာသာတရားတို့လို ထာဝရမတည်တံ့တဲ့အနိစ္စ ဒုက္ခ အနန္တ သင်္ခါရ တရားတော် တွေ နဲ့အညီ ရုပ်ခန္ဓာကိုစွန့်ခွာပြီး ပရိနိဗ္ဗာန်ပြုတော် မူပါတယ်။ လောကီဘုံသားတွေ ကို သစ္စာတရား လေးပါး ဟောကြားပြီး ဒုက္ခဆင်းရဲကနေ လွတ်နိုင်သူလွတ်ကင်း၊ မလွတ်နိုင်သေးသူတွေ လည်း သက်သာရာရအောင် လမ်းပြ ကယ်တင်ခဲ့ပါတယ်"

ကြွေ၏ ခပ်ညံ့ညံ့အင်္ဂလိပ်စကားကို အဓိပ္ပါယ်မပေါက်တာရော နဂိုမူလကပင် လက်မခံတာ ရောမို့ မစ်စစ်မာတီကား ခေါင်းကိုသာ တွင် တွင် ခါယမ်း ငြင်းဆန်နေသည်။

"ကျွန်မတို့ဟာ ဒီဘ၀ကုန်ဆုံးချိန်မှာ ထာဝရဘုရားထံပြန်လည်ရောက်ရှိရပြီး အဲဒီ နေရာကို ကောင်းကင်ဘုံလို့ ခေါ်ပါတယ်။ မဂ်ကြွေတို့ရဲ့ နိဗ္ဗာန်မှာ တော့ ဘာမှမရှိဘူးဆို။ သုညပေါ့။ အဲသလို လား"

"ဘာမှမရှိဘူးလို့ မဆိုလိုပါဘူး မစ်ဇစ်မာတီ။ မွေးဖွားခြင်း၊ စိတ်ပင်ပန်းဆင်းရဲခြင်း၊ အိုမင်း ခြင်း၊ နာမကျန်းခြင်း၊ သေဆုံးခြင်းတို့မှ ကင်းဝေးတဲ့ဘုံကို ဆိုလိုတာပါ။

"ကျွန်မတို့ မိုးကောင်းကင်မှာ ထာဝရဘုရားသခင်ရှိတယ်။ ထာဝရဘုရားသခင်ရဲ့ ဗိမာန် တော် တည်ရှိတယ် ဆိုတဲ့ အထိမ်းအမှတ်နဲ့ ဘုရားရှိခိုးကျောင်းတွေ ကို ကောင်းကင်ဆီမျှော်မှန်းပြီး မြင့်မြင့်မားမား တည်ဆောက်ကြတယ်။ မာဒီမွိုက်ဇဲလ်ကြွေတို့ရဲ့ ဘုရားက မရှိတော့ဘူးဆို။ ဘာလို့ စေတီတော် တွေ ကို မြင့်မားအောင် တည်ဆောက်ထားကြသလဲ"

ဗုဒ္ဓဘုရားရှင် မရှိတော့ပေမဲ့ ဘုရားရှင်ရဲ့ ဆံတော် တွေ သွားတော် တွေ အရိုးတွေ ကို စေတီတော် မှာ ဌာပနာထားပြီး ကိုးကွယ်ထားကြပါတယ်။ လူသားတွေ အတွက် ဟောကြားခဲ့တဲ့ တရား တော် တွေ ဟာ ဦးထိပ်မှာ ပန်ဆင်ကိုးကွယ်သင့်တာမို့ ကျွန်မတို့က စေတီတော် တွေ ကို မြင့်မြင့်မား မား တည်ဆောက်ကြပါတယ်"

ကြွေရုပ်မှာ ကော်ဖီခါးခါးတစ်ခွက်သောက်ကာ ပန်းသီးတစ်စိတ်ကိုက်ရင်း မကျွမ်းကျင်သော ဘာသာတရားအကြောင်းကို အင်္ဂလိပ်လိုစဉ်းစားပြောရသည်မှာ ဇောချွေးများ ပင်ပြန်လာရသည်။ တစ်သက်မှာ ပထမအကြိမ်အ ဖြစ် ကိုယ့်ဘာသာတရားကို မလေ့လာ မလိုက်စားမိလေခြင်းဟု နောင်တတွေ ရချင်နေသည်။

"မာဒီမွိုက်ဇဲလ်ကြွေတို့ရဲ့ နိဗ္ဗာန်ကို ကျွန်မနားလည်သလောက် မှတ်ချက်ပေးရရင်တော့ ဘာမှမရှိတဲ့နေရာပဲ။ အဲသလို ဘာမှမရှိတဲ့တစ်နေရာကို ကျွန်မသွားနေပါဆိုရင် လုံးဝမ ဖြစ်နိုင်ဘူး လို့ ငြင်းရလိမ့်မယ်။ မာဒီမွိုက်ဇဲလ်ကြွေ ဖတ်ကြည့်ဖို့ စာအုပ်တစ်အုပ်ကို ကျွန်မလက်ဆောင်ပေး လိုက်ချင်တယ်။ ဒီစာအုပ်ကိုဖတ်ပြီးရင် ဘာသာတရားအပေါ် ထားရှိတဲ့အမြင်တွေ ပြောင်းလဲသွား ပါစေလို့ ကျွန်မဆုတောင်းပါတယ်"

မာတီ ကတော့သူ့ဇနီး အပြောအဆို၊ အတွေးအမြင်ကို နှစ် လိုပုံမရဘဲ အနေခက်နေသည်။ သူတို့လူမျိုးမှာ အားနာခြင်းဆိုသော စကားလုံးမရှိဘူးဆိုသည်မှာ မဟုတ်ကြောင်း ကြွေရုပ်နား လည်ပါတယ်။ ကတ်သပ်ပြောရလျှင် သူ့လူမျိုးသူ့ဘာသာ စကားမှမဟုတ်လေတော့ အားနာခြင်း ဟူ၍ သီးသန့်ကြီးတော့ဘယ်ရှိပါ့မလဲ။ Uncomfortable မသက်မသာအနေရခက်ခြင်း Reluctant ၀န်လေးတွန့်ဆုတ်ခြင်း၊ Uneasy မလွယ်ကူခြင်း၊ Embarased by feeling of respect အနက်အဓိ ပ္ပါယ်ကောက်ယူနိုင်တာတွေ အများ ကြီး ရှိတာပါဘဲ။

"ဟန်နီရယ်၊ မာ့ဒီမွိုက်ဇဲလ်ကြွေ ဆိုလိုတာကို ယူနားမရှင်းတာ ဖြစ်ပါလိမ့်မယ်။ အာရှတိုက် သားတွေ ဟာ ယဉ်ကျေးသိမ်မွေ့နက်နဲတဲ့ သွန်သင်မှု တွေ အများ ကြီးရထားသူတွေ ဖြစ်ကြောင်း သမိုင်းစာအုပ်တွေ က ချီးမွမ်းထားကြပါတယ်"

"ဒါပေမဲ့ သူတို့ကိုးကွယ်တဲ့ဘာသာတရားဟာ စိတ်ဓာတ်ကျတဲ့လေသံတွေ စိတ်ပျက်အား ငယ်စရာများ လွန်းတဲ့ မကောင်းမြင် အယူအဆတွေ လွှမ်းမိုးမနေဘူးလား"

ထိုညကမစ်စစ်မာတီသည် ကြွေရုပ်ကို I don't promise yougarden Roses "မင်းအ တွက် နှင်းဆီပန်းဥယျာဉ်တစ်ခုပေးမယ်လို့ ကတိမပေးဘူးနော်" ဆိုသော စာအုပ်တစ်အုပ်ကို လက် ဆောင်ပေးလေသည်။ စာအုပ်ယူရင်း ကျေးဇူးအများ ကြီးတင်ပါတယ်ရှင်၊ မစ်စစ်မာတီဟာ အင်မတန်ကြင်နာတတ်သူပါပဲ စသည်ဖြင့် သူတို့ဘာသာစကားသုံးပြီး ယဉ်ကျေးစွာ ရွတ်ဆိုလိုက်ရ သည်။ စိတ်ထဲမှာ တော့ အောင့်သက်သက်ပင်။ သူတို့မောင်နှံက ကြွေရုပ်ကို တည်းခိုခန်းသို့ ပြန်ပို့ ပေးကြသည်။

"မနက်ဖြန်လည်း ညနေစာလာစားဖို့ ဖိတ်ခေါ်ပါတယ်" ဟု မာတီကပြောသည်။

"ကျေးဇူးတင်ပါတယ်မာတီ၊ ဒါပေမဲ့ကင်ရှားဆားရောက်တုန်း ကျွန်မလှည့်ပတ်လျှောက် ကြည့်ချင်သေးတယ်။ ကင်ဆာရှားဆား အစားအစာတွေ လည်း ၀ယ်စားကြည့်ချင်သေးလို့ပါ"

သူ့ဇနီး၏ ဆက်ဆံရေး အလှမ်းကျဲသည်ကို ကြွေမခံစားနိုင်ကြောင်း သူရိပ်မိချင်လည်း ရိပ်မိပါစေတော့။

အိပ်ခန်းထဲရောက်သည်နှင့် ကြွေရုပ်က စာအုပ်ကိုစားပွဲပေါ်သို့ ပစ်တင်ကာ ပစ္စည်းသိမ်း တော့မှသာ ခရီးဆောင်သေတ္တာထဲသို့ ကောက်ထည့်သွား ဖြစ်တော့သည်။ ယင်းစာအုပ်နှင့် ဆက် နွယ်ပြီး ကြွေ၏ ယုံကြည်မှု အပေါ်တစ်နည်းတစ်ဖုံ ပတ်သက်တိုက်ခိုက်လိုက်နိုင်ကြောင်း ကြိုတင် မှန်းဆနေမိလေတော့ ဖတ်ကြည့်ဖို့ စိတ်မပါသည်မှာ ကြွေ၏ အလွန်တော့ မ ဖြစ်နိုင်ပါ။ ဘာသာ စကား မကျွမ်းကျင်သော ကြောင့် ထိုးနှက်ခြင်းကို ခံလိုက်ရလေသည်ဟု မကျေမချမ်း ဖြစ်နေမိ လေသည်။

ကြွေသည် ပါလာသော တရုတ်ပြည်တွင်း ဖြစ် စားပွဲတင်နာရီကလေးကို နံနက်ခြောက်နာရီ နှိုးစက်ပေးပြီး ကမူးရှူးထိုးအိပ်ရာဝင်တော့သည်။ ဘုရားရှိခိုးပင် မဆုံးတတ်ဆုံးတတ် အဆုံးသတ်ရ ကာ ခေါင်းချလိုက်သည်နှင့် ချက်ချင်း ပင် ကမူးရှူးရှူး အိပ်မောကျသွားလေတော့၏ ။



အခန်း (၅)

စက်စနာလေယာဉ်ကလေးပေါ်တွင် ခရီးသည်ဆို၍ အားလုံးစုစုပေါင်း သုံးဦးသာပါသည်။ ကြွေ၊ ပဲစိမ်းတောင့်မြို့ကလေးရှိ သာသနာပြုဆေးရုံမှ ဆရာဝန်မကြီးတစ်ဦးနှင့် ဘုဒုဒူဆိုသော ပန်း ခြံဟု အဓိပ္ပါယ်ရသော မြို့သို့ ဆက်လက်ပျံသန်းပို့ပေးမည့်  ကုန်သည်ဟု ယူဆရသော အမျိုးသား တစ်ဦး။

ကြွေက ရှေ့ခန်းတွင် လေယာဉ်မှူး၏ နံဘေးမှာ ထိုင်ရသည်။ လေယာဉ်မှူးအားပြင်သစ်လို့ ပီလော့ဟု ခေါ်ကြလေသည်။ အင်္ဂလိပ်စာလုံးပေါင်းအတိုင်း pilot ပါပဲ။

သူကမျက်စိအထူးကုဆရာဝန်မကြီး ဒေါက်တာဆွေမာတဲ့၊ သူ ကတော့ မွန်ဆီယာတန်းဘို၊ ဒါ ကတော့ လေခရစ်တဲလ်ဘလောန့်ကိုရောက်ရှိလာတဲ့ လက်ထောက်အုပ်ချုပ်ရေး မှူး မာ့ဒ်မွိုက်ဇဲလ်ရှင်တန့်’’

အခြားခရီးသည်များ နှင့် ကြွေ့ကိုမိတ်ဆက်ပေးနေသော ပီလော့ပေတိ၏ အသံထွက် ကြောင့် ကြွေရုပ်မှာ ရှင်မလိုတန့်မလို ပြောင်ချော်ချော်လုပ်ချင်စိတ်ကို မျိုသိပ်ပြီး ကာယိနြေ္ဒရရ ကလေးပြုံးနေရလေ၏ ။ ဆရာဝန်ကြီးဆွာမာက အပြာရောင် အနောက်တိုင်းဝတ်စုံ ဖြစ်သော အပေါ် ကုတ်အင်္ကျီစကတ်ကို ၀တ်ဆင်ထားသည်။ သူမသည် နိုင်လွန်ခြေစွပ်ရှည် အသားရောင် နှင့် ရှေ့ထိုးလေဒီရှုးအနက်ကလေးကို စီးထားခဲ့ရာမှ လေယာဉ်ခရီးစကတည်းက ဖိနပ်ချွတ်ထားခဲ့ သည်။ သူမ၏ စကတ်အောက်နားမှ ပေါ်နေသော ခြေသလုံးကြီးတွေ မှာ ကြွေရုပ်၏ ပေါင်လောက် ရှိသည်ဟု ရယ်ချင်ချင်သတိထားမိ၏ ။

လူမည်းနှစ် ဦးက တစ်လမ်းလုံး စကားလက်ဆုံ ကျလာကြလေသည်။ သူတို့၏ ကီတူဘာစ ကားနှင့် ပြောဆိုနေကြသည်မှာ မြေပြင်ပတ်ဝန်းကျင် ရှုခင်းတွေ ကိုပင် စိတ်ဝင်စားဟန်မပြ ဖြစ်ကြ။ ပီလော့နှင့် လည်း တရင်းတနှီးရှိကြသည်။ သူတို့သည် ခရီးအကြိမ်ကြိမ်သွားလာနေကျ ဖြစ်ဟန် တူသည်ဟု တွေးဆမိသည်။

ကင်းရှားဆားမှ ထွက်ခွာလာစတုန်းက စက်စနာလေယာဉ်ကလေး ကျော်လွားပျံသန်းလာ ရသော ခြောက်သွေ့သည်တောင်ကုန်ကြီးတွေ ကိုကြည့်ပြီး ဇိုင်ယာ၏ ဆင်းရဲနွမ်းပါးမှု ကို ရောင် ပြန် ဟပ်နေသည်ဟု ကြွေရုပ်တွေးထင်မိသည်။ တစ်နာရီလောက်ပျံသန်းလာပြီးသည့်အခါကျတော့ စိမ်းစိုသော သစ်တောအုပ်ကြီးများ ၊ တောင်ကုန်းများ ကို မြင်တွေ့ လာရပြန်သည်။ ဇိုင်ယာသည် မြန်မာပြည်ထက် ငါးဆလောက်ကြီးမာသော နိုင်ငံကြီး ဖြစ်စေကာမူ လူဦးရေ သန်းငါးဆယ်ဝန်းကျင် သာရှိလေသည်။ သဲကန္ကရလည်းမရှိ၊ မြစ်တွေ ချောင်တွေ လည်းရှိတာမို့ သဘာဝ သယံဇာတတွေ သိပ်တော့လည်း နွမ်းပါးဟန်မတူပါဘူးဟု တွေးမိ၏ ။

Les haricots verts ပဲစိမ်းတောင့်ဆိုသော အမည် နှင့် အတော် ကြီးကို လိုက်ဖက်သော မြို့နယ်ပါပဲဟု ကြွေက စက်စနာလေယာဉ်ကလေးပေါ်မှ ငုံ့ကြည့်မြင်တွေ့ ရသော တောမြို့ ကလေးအပေါ် ကောက်ချက်ချမိသည်။

``မြစ်ကိုတွေ့ လား၊ ငါယေငါယေ လို့ခေါ်တယ်၊ ပဲစိမ်းတောင့်သားတွေ ဟာ အဲဒီ မြစ်ကို စုန်ဆန်ပြီး ကကွစ်မြို့နဲ့ ရောင်းဝယ်ဖောက်ကားကြတယ်´´

ငါယေငါယေမြစ်ငယ်သည် သေးသေးရှည်ရှည် ပဲစိမ်းတောင့်မြိုနယ်၏ နာနမိတ်ကို နံဘေးမှ သတ်မှတ်ပေးသလို ကွေ့ဝိုက်ပြီးကွီလူမြစ်ထဲသို့ စီးဆင်းသည်။ ကွီလူမြစ်သည် ကွန်ဂိုမြစ်မကြီးနှင့် ပေါင်းဆုံပြီးမှ ပင်လယ်ထဲစီးဝင်သွားသည်ဟု ပီလော့ပေတိက ပြောပြသည်။ ပေတိ petit ဆိုသော အမည် သည် ပြင်သစ်လိုသေးငယ်သည်ဟု အဓိပ္ပာယ်ပေါက်အောင်လည်း လေယာဉ်မှူး ကတော့ လေးလုံးခြောက်ဖက် အတော် လူကောင် ကြီးမားထွားကျိုင်းလှသည်။ သူဆံပင်တွေ ၊ မုတ်ဆိတ်ပါး မြိုင်မွေးတွေ က ဇရာကိုဖော်ညွန်းကာ ဖြူတချို့၊ ၀ါညိုတချို့နှင့်။သူသည် ဘယ်လ်ဂျစ်ခေါ် ဘယ်လ ဂျီယံလူမျိုး ဖြစ်သည်။ သူတို့၏ ဘာသာစကားသည်လည်း ပြင်သစ်စကားနှင့် လုံးဝနီးပါ တူညီသည့် အတွက် ကြွေရုပ်စကားပြောဆို ဆက်သွယ်နို်င်သည်။

မပီမသထစ်ငေါ့သော ကြွေရုပ်၏ အားထုတ်မှု ကို သူက စိတ်ရှည်လက်ရှည်နားထောင်ရှင်း ပြပေးသည်။ အင်္ဂလိပ်စကားကို ကြားခံအသုံးပြုပြောဆိုရာတွင် အတော့် ကို အားစိုက်ရသည်။ ဇိုင်ယာတွင် အင်္ဂလိပ်စကား။ စာပေတို့ကို အသုံးပြုခြင်းနည်းပါးပြီး ပြင်သစ်စာသည် ရုံးသုံးဘာသာ စကား ဖြစ်လေသည်။

``ရောက်တော့မယ်´´ ဟုပီလော့ကပြောပြသည်။

စက်စနာဆင်းရန် မြေညီလမ်းကလေးကို မြင်တွေ့ ရသည်။ လေယာဉ်နိမ့်လာလေ လာ ရောက် စောင့်ကြိုနေသူတွေ အပါအ၀င် လူစုလူဝေးကို သဲသဲကွဲကွဲ လှမ်းမြင်ရလေပင်။ အဲသည် လူတွေ အနက် ပဲစိမ်းတောင့်ရှိ အဖြူရောင် ကျောက်သလင်းမှ ၀န်ထမ်းတစ်ဦးစနှစ် ဦးစတော့ လာကြိုနေမှာ ပဲဟု ကြွေရုပ် မျှော်လင့်ရင်း စိတ်လှုပ်ရှားနေလေသည်။ မြေညီလမ်းကလေး နှစ် သွယ်ဟု ထင်နေသော်လည်း နီးလာတော့မှ ကွန်ကရိလောင်းထားကြောင်း တွေ့ မြင်ရသည်။ ပီလော့၏ ကျွမ်းကျင်မှု ကြောင့် ပင် လေယာဉ်နှင်းလမ်း ထိတွေ့ မှု သည် ညင်သာလှ၏ ။

``ကဲ နာဘော့တေ၊ မာမာကြွေ ကဲနာဘော့တေ´´

``မာဒီမွိုက်ဇဲလ်ကြွေကို လာပြီးကြိုဆိုနေကြတာ။ ပန်းစည်းတွေ လည်းပါတယ်တွေ့ လား။ ကျောက်သလင်းဖြူမိဘမဲ့ကလေးတွေ လာကြိုနေကြတာ´´

ဆရာဝန်မကြီးဆွာမာက ၀မ်းသာအားရ ပြောပြသည်။

``မာမာကြွေရဲ့ ကောင်းသော လာခြင်းကို ကြိုဆိုနေကြပါတယ်တဲ့´´

ဟုတ်ပါရဲ့ ၊ ကြွေရုပ်တို့၏ အဖြူရောင် ကျောက်သလင်းမှ မိဘမဲ့ကလေးအယောက် နှစ် ဆယ် လောက် သီချင်းသံပြိုင်ဟစ်ကြွေး သီိဆိုယိမ်းထိုးနေကြသည်။

``ကဲ နာဘော့တော၊ မာမာကြွေ ကဲနာဘော့တေ´´

ကြွေရုပ် ရင်မှာ တဒိန်းဒိန်း အခုန်မြန်ကာ ကြည်နှုးဝမ်းသာမိသည်။

ကလေးတွေ မှာ အသက်ငါးနှစ် မှ ဆယ့်လေးငါးနှစ် အရွယ်အထိ ကွာဟကြသည်။ သူတို့ ၀တ်ဆင်ထားသော ဂါဝန်တွေ ၊ ရှပ်အင်္ကျီဘောင်းဘီတွေ မှာ လည်း စိမ်းဖန့်ဖန့် အရောင် အောက်ခံ တွင် တကယ့်ကို ပဲစိမ်းတောင့်ကလေးတွေ ကျဲပြန့်နေသော ဒီဇိုင်းနှင့် မျက်စိပသာဒ ဖြစ်လှသည်။ ၀၀ကစ်ကစ် တစ်ယောက် နှစ်ယောက် သာပါပြီး ကလေးအများ စုမှာ ပိန်ပိန်ပါးပါးကလေးတွေ ဖြစ်ကြသည်။

``ကလေးတွေ နဲ့အတူ လာကြိုနေတာာက အဖြူရောင် ကျောက်သလင်းရဲ့ အုပ်ချုပ်ရေး မှူး မွန်ဆီယာကာမိုတိုနဲ့ သူ့ဇနီးကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေကျောင်းအုပ် မာမာကမာတို တဲ့၊ ဟို ပိန်ပိန်ကလေး ကတော့ ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်ရေး ၀န်ထမ်း အင်နီတာ´´

သူတို့နှစ် ယောက် သည်လည်း ကလေးများ နှင့် ကိုယ်ကိုယိမ်းနွဲ့ လှုပ်ရှားရင်း ကြိုဆိုသော သီးချင်းကို သံပြိုင်ဟစ်ကြွေးနေကြသည်။ လေယာဉ်ပေါ်မှ ဆင်းလာသော ဘဲလ်ဂျစ်လေယာဉ်မှူး ဆရာဝန်မကြီးနှင့် ကုန်သည်အမျိုးသားတို့ပါ မေးကလေးတွေ စောင်းကာငဲ့ကာ။ ကိုယ်လုံးတွေ ယိမ်းနွဲ့လှုပ်ရှားကာ၊ လက်တွေ ဘယ်ညာပြောင်းလှည့်ချိုးကကာနှင့် မို့ ကြွေရုပ် တစ်ယောက် သာ ပန်းစည်းကိုင်လျက် ကြောင်တက်တက်ပြုံးနေရသည်။

ကလေးတွေ က မွန်ဆီယာကာမိုတိုအား ပါပါကာမိုတိုဟု ခေါ်ကြ၏ ။သူသည် လူလတ် ပိုင်း အရွယ် ဖြစ်ပြီး ဆံပင်မည်းမည်း ကွေးကောက်ကောက်တွေ က ခေါင်းတွင် ဖောင်းပွလွှမ်းခြုံ လျက်ရှိပြီး အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် လည်စည်းအစိမ်းစင်းကိုစည်း ကာ ရှူးဖိနပ် အနက်ကို ပြောင်လက်အောင် တိုက်ချွတ်စီးနင်းထားသည်။ သူ၏ မျက်လုံးတွေ သည် ချိုင့်ခွက် သော မျက်ရိုးကြားရှိ မျက်လုံးအိမ်များ အတွင်း၌ တည်ရှိပြီး အရောင် လင်းလက်စူးရှသည်။ မပိန်မ၀ ကိုယ်လုံးနှင့် မနိမ်မမြင့် အရပ်အမောင်းရှိသော်လည်း သူ၏ တင်ပါးသည် နောက်ဘက်သို့ ကောင် ချိတ်ချိတ်ကလေး ဖြစ်နေလေသည်။

မာမာကာမိုတို ကတော့ အတော့်ကို မတရားကြီးမားဝဖိုင့်သည်။ သူမက လူရိုင်းမျက်နှာ ဖုံးစွပ်များ ၊ သစ်ကုလားအုပ်များ ပါသော အာဖရိက အဆင်အသွေး ပါတိတ်ထဘီကို သိုင်းပတ် ထားကာ ခါးတွင် အထပ်ကလေးတွေ ဖော်ပြီး ချိတ်ညှပ်ဝတ်ဆင်ထား၏ တစ်ဆင် တစ်သွေး တည်းအစကို လည်ပင်းတွင် အတွန့်အတက် အမျုားအပြား ချုပ်လုပ်ထားသည်။ အင်္ကျီလက်မှာ ပုခုံးဖောင်းထားလျက် လက်မောင်းအထိ ဖားရားကျ လျက်ရှိသည်။

ကြွေရုပ်သည် အခမ်းအနားတွင် ၀တ်ဆင်ပြသမည် ဟူသော ရည်ရွယ်ချက်နှင့် သူမတည့်ယူ လာခဲ့သော မြန်မာ့ရိုးရာ ၀တ်စုံကလေးတွေ မှာ အဆင်အသွေးကွာဟပြီး ချုပ်လုပ်ထားသော ပုံစံ မတူညီသည့်မှအပ အာဖရိကသူတွေ ၏ ၀တ်စားဆင်ယင်မှု တွေ နှင့် မကွာခြားလှပါကလားဟု တအံ့ တသြ မှတ်ချက်ချမိနေလေ၏ ။

သူတို့ မောင်နှံက ပြင်သစ်လိုလား ဘယ်လ်ဂျစ်လိုလား။နှစ် ခုစလုံး၏ ယဉ်ကျေးမှု လားတော့ မသိဘဲ ကြွေရုပ်မှာ အလိုက်အထိုက်ပြုံးနေရင်း ခပ်တောင့်တောင့် ခပ်ကြောင်ကြောင်ကလေးတော့ ဖြစ်နေခဲ့ရ၏ ။ အို- သည်လိုနှင့် အသားကျသွားမှာ ပါလေ။

``မာ့ဒီမွိုင်ဇဲလ်ရဲ့ ပစ္စည်း ဒါအကုန်ပဲလား´´ ဟုမေးရင်း ပါပါကာမာတိုက အံသြနေသည်။ သူမေးလည်း မေးစရာပင်။ ကြွေရုပ်ပါသမျှပစ္စည်းမှာ သေတ္တာတစ်လုံးတည်း ဖြစ်လေ၏ ။

``ခါတိုင်း အဖြူရောင် ကျောက်သလင်း လူကြီးတွေ ၊ ဟိုဘက်နှစ် ခြမ်းသာသနာက မစ်စီယော်နဲတွေ ရောက်လာရင် သေတ္တသယ်ဖို့ လူဆယ်ယောက် လောက်စောင့်နေရတယ်။ အခုမာ မာကြွေအတွက် လူသုံးယောက် တည်းပါလာတာ လုံလောက်ပါ့မလားလို့ စိတ်ပူနေကြတာ´´ဟု ပါပါကာမိုတိုက ပြောနေသည်။ မာမာကာမိုတို ကတော့ ဆရာဝန်ကြီးနှင့် နှုတ်ခွန်းဆက်စကား လက်ဆုံကျနေသည်။ ကြွေ၏ ၀င်းမွတ်နုညက်သော အသားအရေနှင့် ဖြောင့်စင်းနက်မှော င်သော ဆံပင်တွေ ကို အမျိုးသမီးကြီး နှစ် ယောက် မှာ သဘောကျမဆုံးအောင် ရှိနေကြသည်။

``ဘာခေါင်းလျှော်ရည်သုံးသလဲဟင်၊ ဆံပင်တွေ ဖြောင့်အောင်တော့ ဘာဆေးသုံးသလဲ´´

``မွေးကတည်းက ဆံပင်က အနက်ရောင် ပါပဲ မာမာ။ မြန်မာအားလုံးရဲ့ ဆံပင်ဟာ ဖြောင့်ပြီး နက်တယ်။ ဆံပင်ကို ဆေးသုံးပြီး တမင်တကာကောက်ရကွေးရတာ ၊ အနီရောင် ၊ အ၀ါ ရောင် ၊ အညိုရောင် တွေ လည်း ဆေးဆိုးတဲ့သူ မရှိသလောက်ပါဘဲ´´

ကလေးတွေ က လမ်းလျှောက်ပြန်နှင့် ကြသည်။

ကြွေ့အား လင့်ခရုဇာ နှစ် ခန်းတွဲ ဒဘယ်ကပ်ဘ် အဖြူကလေးဖြင့်လာကြိုသည်။ ရှေ့ခန်း တွင် မာမာကာမိုတိုနှင့် ကြွေတို့ အတူထိုင်ကြပြီး ပါဝါကာမိုတိုက ကားမောင်းသည်။ ဆရာဝန် မကြီးဆွာမကိုလည်း နောက်ခန်းတွင် ကားကြုံတင်လာခဲ့လေသည်။

``လေဇာရီကိုမှာ မစ်စိယော်နဲ့နဲ့ လေခရစ်တဲလ်ဘလော့မှာ ပဲ ကားတစ်စင်းစီ ရှိကြတယ်၊ လိုအပ်သလို တစ်ဦးကိုတစ်ဦး ကူညီညှိနှိုင်းပြီး သုံးကြရတာ ပဲ´´ ဟုပါပါကာမိုတိုက ရှင်းပြသည် ။

သူတို့စီးလာသော ကား ကျော်ဖြတ်ခဲ့စဉ် ကလေးတွေ နှင့် အင်နီတာတို့က ရပ်တန့်လက်ပြ ရင်း ``ဘော့တေမင်္ဂလာပါ´´ကြွေးကြော်ကြသည်။ ကြွေမှာ သူမက ကားအခန့်သားစီးလာချိန်မှာ သူမကို လာရောက်ကြိုဆိုကြသော ကလေးတွေ က နေပူကျဲအောက်မှာ ထီးမပါ ဦးထုပ်မပါ လျှောက်ပြန်နေသော ကြောင့် အားနာလှသည်။

``ကျွန်မလည်း လမ်းဆင်းလျှောက်ရင်ကောင်းမယ်ထင်တယ် မာမာကာမိုတိ´´

ကြွေရုပ်၏ စကားကြောင့် လင်မယားနှစ် ယောက် ရယ်မောကြသည်။

``သူတို့ဒီလိုပဲ လျှောက်နေကျပါမာမာကြွေ´´

``ရှင်´´

``လေခရစ်တဲလ်ဘလော့ကို ရောက်လာလို့သာ သူတို့ခုလောက် ကောင်းကောင်းနေရ၊ ၀တ်ရ၊ စားရတာ မာမာကြွေရဲ့ ၊ မဟုတ်ရင် ငတ်သေတာကြာပေါ့´´

``အို´´

``ပါပါနှင့် မာမာကာမိုတို့ နှစ် ယောက် သား တဟဲဟဲ ရယ်မောနေကြပြန်သည်။

ကားလမ်းက ကြမ်းတမ်းသည်။ ခြောက်ဘီးက တိုးဝှေ့နင်းချေကျော်တက်သွားနေခိုက် မြေနီဖုန်ုမှု န့်လုံးတွေ ထောင်းထောင်းထလျက် ကျန်ရစ်၏

လမ်းဘေးတစ်ဖက်တစ်ချက်တွင် လည်း သစ်ပင်သစ်ကောင်း ကြီးကြီးမားမားမရှိဘဲ ဆူးပင် ဆူးခက်နှင့် သစ်ကိုင်းခြောက် ထိုးထိုးထောင်ထောင်တွေ သာ တွေ့ မြင်ရ၏ ။

``စနေနေ့တွေ မှာ တော့ ဒီနေရာမှာ ဈေးရှိတယ်မာမာကြွေရဲ့ ၊ အနီးအနားရွာတွေ ကပါ ဈေး လာရောင်းကြတယ်။ အသားငါး၊ အထည်အလိပ်၊ အစုံအစုံ´´ မာမာကာမိုတိုက ရှင်းပြပြောပြနေ သည်။``အသား၊ ငါးရှားတယ်။ အဲဒီ ရက်မှ ၀က်သား၊ ကြက်အရှင်၊ အမဲသားအစုံဝယ်လို့ရတယ်။ ငါးကျပ်တိုက်တွေ လည်း ရတယ် မာမာကြွေရဲ့ ။

ကလေးတွေ ကတော့``ဘော့တေမာမာကြွေ၊ ကဲနာဘော့တောမာမာကြွေ´´နှင့် အော်ဟစ် သီဆိုရင်း နေပူရှိန်ကို အန်တုလျက် လွင်တီးခေါင်မှာ ချီတက်ဆဲ။ ကြွေသည် ကားပေါ်တွင် မအီ မလည် ခံစားလိုက်ပါလာရသည်။

ဆယ်မိနစ်လောက်နေမှာ တော့မှ လမ်းဘေးချုံနွယ်များ နောက်တွင် တဲအိမ်တွေ တစ်လုံး စနှစ် စတွေ့ လာရသည်။ ကားသံကြားလျှင် ကလေးတွေ ၊ လူကြီးတွေ ထွက်လာကြလျက် လက်ပြ နှုတ်ဆက်ကြပြန်သည်။

တစ်စစနှင့် အိုဟောင်းနေသော ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ခုကို လှမ်းမြင်လာရ သည်။ ထို့နောက် အုတ်နီခဲရောင် တစ်ထပ်တိုက်ကလေးများ ။

``နှစ် ခြင်းခရစ်ယာန် သာသနာဝင်းလေ၊ ဟိုရှေ့ဘက်က မြင်ရတာ က ကျွန်မတို့ရဲ့ လေ ခရစ်တဲလ်ဘလော့ပေါ့။ သာသနာအဖွဲ့အစည်းက အခြေချထားတာ နှစ် ပေါင်းငါးဆယ်ကျော်ပြီ ဆို တော့ သူတို့ကိုမိတ်ဖွဲ့ပြီး ကျွန်မတို့ရဲ့ အဖွဲ့အစည်းကို ဒီနေရာမှာ လာတည်ဆောက်ကြတာ။ ဆေး ရုံက ဟိုရှေ့နားမှာ နှစ် ထပ်တိုက်ကြီးတွေ့ လား၊ ကဲ- ရှေ့မှာ ဒေါက်တာဆွာမာရဲ့ အိမ်ရောက်ပြီ´´

တိုက်ဖြူ ပုကလေးရှေ့တွင် ကားရပ်ပေးလိုက်ပြီး ဆရာဝန်မကြီး ဆင်းနေရစ်သည်။

အဖြူရောင် ကျောက်သလင်း ဆိုင်းဘုတ်ကြီးကိုအဝေးမှာ လှမ်းမြင်လိုက်သည်နှင့် ကြွေသည် မျှော်လင့်ခြင်းများ စွာ ဖြင့် လည်ဆန့်ကြည်ရှုမိတော့သည်။

ကျောက်တိုင်တွေ စိုက်ကာ သံဆန်ခါကျဲ ကာရံထားသော ၀င်းထဲတွင် ပန်းရောင် စုံ ဝေေ၀ ဆာဆာပွင့်လန်းနေကြသည်။ ပုဏ္ဍာရိတ်တွေ သာမက တရုတ်ရိတ်တွေ သာမက တရုတ်စကားတွေ လည်းတွေ့ ရသည်။ သရက်ပင်တွေ ကလည်း ကိုင်းတွေ မှာ အသီးစိမ်းစိမ်းတွေ ပြည့်ညွတ်နေ သည်။ သရက်သီင်္းတွေ သည် ဇိုင်ယာမှာ ဖောခြင်းသော ခြင်း သီးပွင့်ပါကလား၊ ကြွေရုပ်တို့ တိုင်း ပြည်နဲ့မကွာခြားလှပါဘူးဟု ကြွေက လွမ်းစိတ်ဖြေသိမ့်မိသည်။ တကယ့်တော့လည်း ကြွေရုပ်သည် ကိုယ့်ဇာတိနေရပ်ဌာနီတိုင်းမြန်ပြည်မှာ လွမ်းဆွတ်စရာတွေ အထွေအထူးတော့လည်း ကျန်ရစ်ခဲ့ ဟန်မပါဘူးထင်ပါရဲ့ ။

``ဟယ်- စက္ကူပန်းတွေ ကလည်း ရောင် စုံပါပဲလား၊ ခေါင်ရမ်းတွေ လည်း ပုံစံအမျိုးမျိုး၊ အရောင် အမျိုးမျိုး´´

အဖြူရောင် ကျောက်သလင်းဝန်ထမ်းများ သည် တန်းစီရပ်ကာ ကြွေ့ကို ကြိုဆိုနေကြသည်။ ကလေးသူငယ် စောက့်ရှောက်ရေး နှင့် ပညာရေး ၊ လူ့စွမ်းအင်အရင်းအမြစ်၊ အ၀ယ်တော် ၊ ဆက် သွယ်ရေး ၊ ဌာနစုံပါပဲ။

``သူက ရုံးအတူ offce Assistance စေဇိုလက်ဒီလွန်းဘို မာမာကြွေနဲ့ အလုပ်တွဲလုပ်ရ မယ့်ပါပဲ´´

စေဇိုမှာ မျက်နှာချိုချို၊ အရပ်မနိမ့်မမြင့် အသားမမည်းလှဘဲ ဆံပင်သာမမြင်ရလျှင် မြန်မာ နိုင်ငံအနောက်မြောက်ပိုင်းဒေသမှ ချင်းလူမျိုးတစ်ဦးနှင့် ဆင်တူနေသည်။

``ကလေးတွေ နေတဲ့ ဂေဟာက ဟိုဘက်က တိုက်တန်းလျားရှည်ကြီးပေါ့´´

ဆက်သွယ်ရေး က ပက်ထရိစ်ကို မတွေ့ ပါလား´´ဟု ပါပါကာမိုတိုက မေးသည်။

``အီးမေးလ်တွေ ၀င်နေလို့ လက်ခံပေးပါတယ်၊ လာပါလိမ့်မယ်´´

ကြွေရုပ်လည်း ပြည်သက်လုံထံ အီးမေးလ်ပို့ရမည် ဟု စိတ်ကူးရင်း လာနေပြီဆိုသော ပတ်ထရိစ်ဆိုသူကို ကြွေရုပ်လည်ဆန့်လှမ်းကြည့်သည်။ ပြည်သက်လုံ၏ အီးမေးလ်လိပ်စာကို ဘယ်မှာ မှတ်ထားမိမှန်းမသိ၊ ပါမှပါလာလေရဲ့ လားလည်း မသေချာချင်ပေ။ ကြွေရုပ်က ကွန်ပျူတာ တတ်သော်လည်း အီးမေးလ်ဆက်သွယ်မှု မပြုလုပ်ခဲ့ဖူးတာမို့ ကမ္ဘာရွာမှာ အီးမေးလ်တွေ ၊ အင်တာ နက်တွေ သိပ်ခေတ်စားနေစေကာမူ မတတ်ကျွမ်းခဲ့ပါ။

``ပက်ထရိစ်က တော် တယ်၊ မွန်ဒဲလေးတွေ ကလည်း သူ့ကိုသဘောကျတယ်´´ဟု ပါပါ ကာမိုတိုက ပြောပြနေသည်။

မွန်ဒဲလေးဆိုတာ ဘယ်သူတွေ ပါလိမ့်ဟု အပြေးအလွှား စဉ်းစားလိုက်ရသည်။ ဪ- နိုင်ငံခြားသားတွေ ကို ပြောနေတာလေ။ ကြွေက သည်စကားလုံးကို အကျွမ်းတ၀င် ဖြစ်သင့်နေပြီ မဟုတ်လား။ အင်း-လူမည်းတို့ဌာနေမှာ တော့ ကြွေလည်း နိုင်ငံခြားသားပဲလေ။

``ဟော- ပြောရင်းဆိုရင်း မင်းသား လာပါပြီ´´

ရောက်လာမည့်  ပက်ထရိတ်စ်သည်လည်း နောက်ထပ်လူမည်းတစ်ဦးသာ ဖြစ်လိမ့်မည် ဟု ကြွေရုပ်ဘက်မှ လုံးဝသေချာနေခဲ့တာပါ။ ကျောက်သလင်းဖြူတွင် လူဖြူ တစ်ယောက် ရှိနေလိမ့် မည် ဟု ကြွေရုပ်ကြိုတင်ထင်ခြင်းမရှိလေခဲ့။

ဪ- မင်းသားတဲ့လား။

တံခါးမှ ပေါ်ထွက်လာသော လူရွယ်အား ကြွေရုပ်သည် ကြက်သေသေပြီး ငေးမောစိုက် ကြည့်နေမိသည်။ ထိုသူကားမျှော်လင့်မထားပါပဲလျက် လူဖြူတစ်ဦး ဖြစ်နေခဲ့လေသည်။ ပြီးတော့ တစ်ဖန် အဲသည်မျှတွင် မကဘဲ အတော် ကို ရုပ်ရည်ရူပကာရ ဖြောင့်ဖြူးသားနားလွန်းသူတစ်ဥင်္ီး ဖြစ်နေပြန်သေးတော့၏ ။

လူဖြူ တစ်ယောက် ရှိသည်ဟု မီရှဲလ်ကလည်း လုံးဝမမှာ လိုက်ပါကလားဟု ကြွေ စဉ်းစား လိုက်မိသည်။ ဪ- ရံဖန်ရံခါ အတိုင်ပင်ခံတွေ ရောက်ရောက်လာပြီး တစ်ပတ်တန်သည် တစ်လတန်သည် လည်ပတ်ရင်း လိုအပ်သလို ဆွေနွေးသင်ကြားသွားပေးလေ့ရှိသည်ဟု ပြောဖူး တာမို့သည် လူဖြူဟာလည်း အချိန်ပိုင်းလာရောက်ပြီး သင်တန်းပို့ချပေးနေသော အီလက်ထရော နစ်ဆိုင်ရာ အတိုင်ပင်ခံ ဖြစ်မည် ထင်ရဲ့ ။

``အီင်္းမေးလ်နဲ့ အင်တာနက်တာဝန်ခံ ပက်ထရိစ်မွန်နေးရီပါ မာမာကြွေ´´ဟု ပါပါကာမိုတို က မိတ်ဆက်ပေးသည်။

နိုင်ငံတစ်ခု၏ တောနှင့် တောင်စွယ် ဤမျှ ဆိတ်ကွယ်သေးမွှားသော မြို့ငယ်ကလေးမှာ လည်း အီးမေးလ်တွေ အင်တာနက်တွေ ရှိနေပါကလား၊ အဲသလို ဆက်သွယ်ရေး ပစ္စည်းတွေ အကြောင်းကို ကြွေတော့ဖြင့် မြန်မာပြည်တုန်းက ပုံမှန်စာသင်ဝင်ထွက်ခဲ့ဖူးသော အောလီယွန့် ဖရွဲဆေး ပြင်သစ်ယဉ်ကျေးမှု ဌာန မှာ သာ ကြာဖူးခဲ့တာပါ။

``ကြိုဆိုပါတယ် ခင်ဗျား၊ ခုလိုဆုံတွေ့ ရတာ ၀မ်းသာလှပါတယ်´´

မင်းသား၏ ပီသရည်မွန်သော ပြင်သစ်စကားကြောင့် ကြွေရုပ် အတန်ငယ်တွန့်ဆုတ် နှုတ် လေးသွားသည်။ ဒါတော့ သူတို့ ဘာသာစကားကို ငါတို့မြန်မာစကားကို သူတို့ ပြောမယ်ဆိုလည်း ခွေးအကြီး လှည်းနင်းသလိုရှိမှာ ပါပဲဟု ကပျာကသီ သူများ ကိုနှိမ်၊ ကိုယ်ကိုယ်ကိုယ်အားပေးရင်း တုံ့ပြန်နှုတ်ခွန်းဆက်လိုက်ရလေတော့သည်။

``မက်ဆီု မွန်ဆီယာ။ ကွံမွန်း ၀ူဇာလေး´´ ကျေးဇူးတင်ပါတယ် လူကြီးမင်းရှင့်၊ လူကြီးမင်း ကော ကျန်းခံ့သာလို့ မာပါရဲ့ လား။

ပတ်ထရိစ်က လွန်စွာ နှစ်သက် သွားလေဟန် အားရပါက ပြုံးရယ်လိုက်သည်တွင် ဖြူဖွေး ညီညာသော သွားတွေ လက်ခနဲ ပေါ်လာသည်မှာ ပြောင်စင်အောင် ရိတ်သိမ်းထားသော မေးစေ့ ပါးစောင်တွေ ၏ စိမ်းဖန့်ဖန့်အရောင် အသွေးနှင့် လိုက်ဖက်လှသည်။ ဆံပင်မထားဘဲ ဦးပြည်းစိမ်း နှင့် စတိုင်လ် ထွက်ထားကလည်းသူ၏ အနေအထားကျနသော ဦးခေါင်းနှင့် အဆင်ပြေနေသလို သူ၏ ငါပေးဆယ်လက်မထက် မနိမ့်သော အရပ်အမောင်း၊ သူဝတ်ဆင်ထားသော တီရှပ် အဖြူ ဂျင်းဘောင်းဘီတို့နှင့် ပနံရလှပေ၏ ။

အမေ စုဆောင်းထားသော ရုပ်ရှင်စာအုပ်ဟောင်းတွေ ထဲမှာ အမေတို့ခေတ်တုန်းက ခေတ် စားခဲ့သော ယူလ်ဘရိုင်းနားဆိုသည့် ခေါင်းတုံးမင်းသားကို ကြွေရုပ်တွေ့ ဖူးသည်။ သည်လူက အဲသည်မင်းသားထက်ပင် နုပျိုလန်းဆန်း ကြည့်ကောင်းသည်ဟု ကြွေရုပ်တွေးမိ၏ ။ ကြွေရုပ် တစ် ယောက် တည်းကသာ သူ့အပေါ် ကြည့်ကောင်းနေတာတော့ ဟုတ်မည် မထင်ပါ။

သည်လူတွေ ကတော့ ယူလ်ဘရိုင်းနားဆိုသူကို ကြားဖူးမြင်ဖူးမည် မထင်ပါ၊ အဲသည်အချက် ကြောင့် လည်း ပက်ထရိစ်မွန်နေးရီကို မင်းသားဟု ခေါ်ဝေး သမုတ်နေကြဟန်မရှိ။ သူတို့အမြင်မှာ လည်း ကြိုက်နှစ်သက် ဖွယ် ရုပ်ဆင်းအင်္ဂါနှင့် ကိုက်ညီဟန်ရှိရဲ့ ။ တကယ်တော့ သူဟာ အဖြူရောင် ကျောက်သလင်းများ ရဲ့ ခေတ်သစ်ယူလ်ဘရိုင်းနားပါလား။

သူမ၏ အတွေးတွေ က ပတ်ထရီစ်အပေါ်မှာ မရိုးုဖြောင့်လှပလိုပါပဲလားဟု ကြွေရုပ်သည် မလုံမလဲ ရှက်နို်းသွားမိလေ၏ ။

``သူဟာ တစ်ဘက်တစ်လမ်းက ကျွန်တော် တို့ကို အင်္ဂလိပ်၊ ဘာသာရပ်ရာ ပြင်သစ် ဘာသာရပ်ပါ သင်ကြားပေးပါတယ်။ ရောက်လာတဲ့ စွန်းဒဲလေးတွေ ကိုလည်း သူက ကီတူဘာ၊ အင်္ဂလိပ်၊ ပြင်သစ်၊ လိုအပ်သလို သင်ကြားပေးတယ်လေ။ မာမာကြွေ ကတော့ မြန်မာပြည်ကနေ ပြင်သစ်စာသင်ပြီးသွားဆိုတော့ ပတ်ထရိတ်နဲ့ ဆက်လက်နက်သင်ကြားဖို့ လိုပါသေးသလား´´

ပါပါကာမိုတို့ကကြွေ့ကို မေးမြန်းစဉ် ပက်ထရိစ်က စူးစမ်းသလို မျက်လွှာပင့်ပြီး ကြည့်လေ သည်။

``လိုမှာ ပါ ပါပါကာမိုတို၊ ကျွန်မပြောချင်တာကို ပြောလို့ ရပေမယ့် ကျွန်မတို့ဆိုရင်သူများ တွေ က နားမလည်ကြဘူး။ ကျွန်မကလည်း သူများ ပြောတာ နားမလည်ဘူးရှင့်။ သဒ္ဒါတွေ ကလည်း အတော့် ညံ့သေးတယ်´´

``ဒါတွေ အားလုံးအဆင်ပြေသွားစေရပါမယ် မာမာကြွေ´´ ဟု ပတ်ထရိစ်ကဆိုသဖြင့် ကြွေရုပ်က မက်ဆီဟု ကျေးဇူးတင်လိုက်လေသည်။

``မာမာကြွေ၊ သေတ္တာကို အိမ်ပို့ထားပါပြီး၊ အိမ်က ရုံးကို ဘက်ဘေးမှာ နှစ် အိမ်ပဲခြားပါ တယ်၊ လျှောက်သွားလိုက်ကြမလား´´ ဟု ပါပါကာမိုတိုက မေးသည်။

``၀ီ၊ ၀ီ၊ ဟုတ်ကဲ့ပါရှင်၊ ကျွန်မရဲ့ အိမ်ကို ကြည့်ချင်ပါတယ်´´

``ခဏနားပြီးမှ ကျွန်တော့် အိမ်မှာ မနက်စာစားကြပါမယ်၊

ရွာသူကြီး ပါပါမိုဇမ်းဘီတို့မောင်နှံကိုလည်း ဖိတ်ကြားထားပါတယ်´´

ကြွေရုပ် `အာ ဗျန်းတိုး´´ နောက်တော့တွေ့ မယ်နော်´´

ဟု အား လုံးကို အရှေ့တိုင်းပုံစံအတိုင်း ဦးညွတ်နှုတ်ဆက်ခဲ့သည်။

ထို့နောက် ပါပါကာမိုတိုတို့နှင့်အတူ ရုံးရှေ့မြေနီလမ်းကလေးအတိုင်း ညာဘက်ချိုးပြီး လျှောက်လာခဲ့သည်။

တစ်ထပ်တိုက် ဆင်တူကလေးတွေ ကို ဖြတ်သန်းခဲ့ပြီး တတိယတိုက်ဖြူကလေးသို့ ရောက် ရှိလာခဲ့သည်။

မြေနေရာပေါကြွယ်ဝလေတော့ ဧက၀က်လောက် ခြံကျယ်ဝင်းကျယ်ကြီးတွေ ဖြစ်ကာ လျှောက်လာရတာ အတော် မောဟိုက်ပေသား။ တိုက်ခန်းချင်းနံရံတစ်ချပ်ခြား နေထိုင်လာခဲ့သည့် ကြွေရုပ်အဖို့ရာမှာ တစ်အိမ်နှင့် တစ်အိမ် အလှမ်းဝေးကွာလွန်းလှသည်ဟု ခံစားနေရလေသည်။

``အဖြူရောင် ကျောက်သလင်းဝင်းရဲ့ အနောက်ဘက်မှာ ကွီလူမြစ်ရှိတယ် မာမာကြွေ၊ ညနေတိုင်ကျရင် နေ၀င်ချိန်ဟာ သိပ်လှပါတယ်။ ခုံတန်းကလေးတွေ ရှိတယ်၊ အေးအေးဆေးဆေး ထိုင်နိုင်တယ်။ လမ်းလည်းလျှောက်နိုင်တယ်၊ ရေလည်းကူးနိုင်လှေလည်းစီးနိုင်ပါတယ်´´

ကြွေရုပ်က ပြင်သစ်စကားပြော မကျွမ်းကျင်သော်လည်း ပါပါကာမိုတိုကသူ၏ ခြေထော့ ကျိုးသော အင်္ဂလိပ်စကားတွေ နှင့် ကြိုးစားပမ်းစားညှပ်ပြောနေတာမို့ နှစ် ယောက် သား နားလည်မှု အဆက်အသွယ် ရရှိနေကြသည်။

``မာမာကြွေ ပြင်သစ်စကားဆက်သင်ရင်တော့ ကွန်မြူနကာစီယွန် ပိုပြီး ကောင်းလာပါ လိမ့်မယ်´´ ဆက်သွယ်နားလည်ဖို့ ပိုပြီးကောင်းမွန်မည် ဟု သူက အားပေးတာပါ။

``ဟုတ်ကဲရှင့်၊ ကျွန်မ ကီတူဘာလည်း သင်ချင်ပါတယ်´

``စိတ်ချ၊ ကျွန်တော် ပက်ထရိစ်ကို မှာ ထားပြီးသားပါ´´

ပြင်သစ်စာ မလိုအပ်ရင်တောင်မှ ကီတူဘာတော့ သင်ချင်မှာ ပဲလို့ တွက်ထားပြီးသား၊ ပက် ထရီစ်က မာမာကြွေအတွက် စာသင်ချိန်နဲ့ အလုပ်ချိန်အဆင်ပြေအောင် စီစဉ်ပေးပါလိမ့်မယ်။

ပက်ထရစ်ဆိုသော သူသည် ၀န်ထမ်း တစ်ယောက် ဖြစ်ပါလျက် ပြင်သစ်စာတို့ ကီတူဘာစာ တို့ သင်ကြားပေးဖို့ တာဝန်လည်ယူရသေးသလား။ သို့ တည်းမဟုတ် စေတနာ့ဝန်ထမ်း သင်ကြား ပေးရတာ လား၊ သူကိုယ်တိုင်ကမှ ကီတူဘာတစ်ယောက် မဟုတ်ပါဘဲလျက် အဲသည်ဘာသာ စကားကို ပီပီသသ ရေး တတ်ပြောတတ်မတဲ့လား။

သူ ကတော့ ဘာလူမျိုးလဲ။ ပြင်သစ်လား၊ ဘဲလဂျစ်လား၊ ဒပ်ချပ်လား၊ ဂျာမန်လား၊ ကြွေမခွဲ ခြားတတ်သေးပါ။ သူ၏ အကြောင်းတွေ ကို ကြွေက ပိုပြီးသိချင်နေသေးသည်။ သို့ သော်လည်း စောင့်ထိန်းတတ်သော မြန်မာ တစ်ယောက် ပီသစွာ မေးခွန်းမထုတ်တော့ပါ။ ခုမှရောက်သေးတာ မေးစရာအချိန်တွေ အများ ကြီးရှိပါ့။

အိမ်ရှေ့တွင် အမည်းမလေး တစ်ယောက် စောင့်ကြိုနေသည်။ သူမ၏ ဆံပင်တွေ ကို ကျစ်ဆံ မြီးသေးသေးကလေးတွေ ကျစ်ပြီး ချိုစောင်းတစ်ဖက်တစ်ချက် ခွေဝိုက်ထုံးဖွဲ့ထားသည်။

အမေတို့ပြောပြတတ်သော ကလီယိုပက်ထရာရုပ်ရှင်ဇာတ်ကားသည် အလွန်နာမည် ကြီးခဲ့ လျက်၊ ဂျူးလီယက်ဆီဇာနှင့် မတ်အန်တိုနီတို့ထက် ကလီယိုပက်ထရာအား ပိုပြီးလူသိများ သွားစေ လောက်အောက် ရုပ်ရှင်မင်းသမီးချော အလစ်ဇဘက်တေလာက ပီပီပြင်ပြင် သရုပ်ဆောင်ခဲ့သည်။ ထိုဇာတ်ကားကို ကြွေရုပ်မမီလိုက်သော်လည်း ရုပ်ရှင်ဝါသနာအိုး တစ်ယောက် ဖြစ်သော အမေသိမ်း ထားသော ဇာတ်ဝင်သတင်းဓာတ်ပုံဟောင်းတွေ ထဲမှ အလစ်ဇဘက်တေလာ၏ ဆံပင်ထုံးဖွဲ့ပုံတွေ သည် ဆန်းပြားလှပါပေသည်ဟု အံ့ချီးမကုန် ဖြစ်ခဲ့ရသည်။

ယခုလို အာဖရိကတိုက်သို့ ရောက်ရှိလာပြီး ကင်ညာတို့၊ ဇိုင်ယာတို့သို့ ခြေချမိလာတော့မှ သာ သည်ဆံပင်ဆင်ယင်ထုံးဖွဲ့မှု တွေ ဟာ အာဖရိကတိုက်သူတို့၏ ရိုးရာ ဆင်ယင်ထုံးဖွဲ့မှု ပါက လားဟု ကြွေရုပ် သိမှတ်ရလေတော့သည်။

စာအုပ်တွေ ထဲမှာ အသားပေးဖော်ပြကြသည့် ရုပ်လွှာတွေ လို နှာခေါင်းပိပိ နှုတ်ခမ်းထူထူ လန်လန်ကြီး မဟုတ်ဘဲ မိန်းကလေးသည် မျက်လုံးကြည်ကြည်၊ မျက်နှာလုံးလုံး၊ အရပ်မြင့်မြင့်၊ ကိုယ်လုံးကိုယ်ထည်ပြည့်ပြည့်တင်းတင်း အချိုးကျသူကလေး ဖြစ်ပေသည်။ ခင်မင်ဖွယ်ကောင်း သော အမူအရာလည်းရှိလေ၏ ။

သူမ၀တ်ဆင်ထားသော အပြာနုရောင် သင်းတိုင်းအင်္ကျီ တစ်ပတ်နွမ်းမှာ လက်မောင်းထက် ၀က်ခန့် ရှည်ကာ ခြေထောက်ကို ခြေသလုံးတစ်ဝက်ခန့် အုပ်ဆိုင်းနေသည်။

“သူ့နာမည် က မွေယူးမားတဲ့။ မာမာကြွေအတွက် အိမ်ဖော်ပါ၊ သူက ပြစ်သစ်စကား ကျွမ်း ကျင်ကျင်တတ်ပါတယ်။ လိုအပ်သလိုခိုင်းပါ” ဟု ပါပါကာမိုတိုက ပြောစဉ် မွေယူးမားက ရိုကျိုးစွာ ခေါင်းကလေးငုံ့ကိုင်းလိုက်လေ၏ ။

မွေယူးမား၏ နူးညံ့ရိုကျိုးသော အသွင်အပြင်သည် ကြွေ့အား ကြွေသွားစေနိုင်စွမ်းပါပေ၏ ။

“ကီတူဘာလည်း တတ်တာပေါ့နော်”

“သူ့ဘာသာစကားပဲ မာမာကြွေရဲ့ ”

“ကောင်းတယ် ကောင်းတယ်၊ ဒါမှ ကျွန်မလည်း ဌာနေစကားနားလည်မှာ ”

“ကျွန်တော် တို့လူတွေ ကလည်း သူတို့စကားကိုပြောရင် သိပ်ဝမ်းသာတယ် မာမာကြွေရဲ့ ”

“ကျွန်မက သူ့ကို အခကြေးငွေ ဘယ်လောက်ပေးရမလဲ ပြောပါဦး ပါပါကာမိုတို”

“အဖြူတွေ ရဲ့ အိမ်တွေ မှာ တော့ တစ်နေ့ကို လေးဖရော့နှုန်းနဲ့ ရှင်းကြပါတယ်။ သုညဒဿမ ရှစ်ဒေါ်လာလောက်ရှိမှာ ပေါ့။ ဇိုင်ယာငွေရှစ်သော င်းပေါ့။ မာမာကြွေရဲ့ ကိုယ်ပိုင်အသုံးစရိတ်ထဲက ပေးရလိမ့်မယ်။ မာမာကြွေအနေနဲ့ သူ့ကို နေ့စဉ်မခေါ်ဘဲ တစ်ပါတ်ငါးကြိမ် ခေါ်မလား၊ စနေ တနင်္ဂနွေတော့ ၀န်ထမ်းတိုင်း နားရက်ရပါတယ်။ ဒီတော့ သူ့ကိုလည်း အနားပေးလိုက်ကြမလား”

ကြွေသည် ပိုက်ဆံငွေကြေးကို ပြင်သစ်ဖရော့၊ အမေရိကန်ဒေါ်လာ၊ ဇိုင်ယာငွေတို့နှင့် ကျွမ်း ၀င်ရင်းနှီးရန် ကိုယ့်ကိုယ်ကိုယ် တင်းကျပ်စွာ သတိပေးလိုက်ရသည်။

“၀ီ၊ ကောင်းပါတယ်၊ ဘွန်း”

“သူ့အိမ်မှာ ပြန်စားမလား၊ မာမာကြွေဆီမှာ ပဲ အိပ်စားနေထိုင်ခိုင်းမလား”

“သူနဲ့ညှိနှိုင်းကြည့်ပေးပါလား ပါပါကာမိုတို၊ ပါပါကာမိုတို ရှိနေတုန်း တစ်လက်စတည်းပဲ ညှိလိုက်ချင်ပါတယ်။ သူကျေနပ်ပြီးလက်ခံရင် ပါပါကာမိုတိုလည်း သိထားရင် ပိုကောင်းတာပေါ့”

“ဘွန်းနီဒေး” ကောင်းတဲ့စိတ်ကူးပါပဲ။

ပါပါကာမိုတိုက မွေးယူးမားအား ကီတူဘာစကားနှင့် ပြောဆိုဆွေးနွေးသည်။

မွေယူးမားသည် ကြွေရုပ်နှင့် အတူ လုံခြုံကောင်းမွန်သော တိုက်အိမ်ကလေးမှာ နေထိုင်ချင် ပါသော်လည်း မကျန်းမာစော မိခင်အိုကြီးရှိနေသော ကြောင့် ပစ်ထား၍ မ ဖြစ်ကြောင်းကို တောင်း တောင်း ပန်ပန် ရှင်းပြသည်။

“ ၀ိညာဉ်တွေ နာနာဘ၀တွေ ကြောက်တတ်သလား မာမာကြွေ” ဟု ပါပါကာမိုတိုက မေး သည်။

“ဟင့်အင်း၊ ကျွန်မက မြန်မာပြည်တုန်းကလည်း တစ်ယောက် တည်းနေတာပါ၊ မကြောက် တတ်ပါဘူး”

ပါပါကာမိုတိုကော ကြောက်တတ်သလားမေးမိမလို ဖြစ်သွားပြီးမှ ကြွေရုပ်ဆင်ခြင် နှုတ် ဆိတ်နေလိုက်သည်။ သူစိမ်းသူရံဆံကြားမှ အလုပ်ခွင်သစ်တွင် စကားလုံးတွေ မေးခွန်းတွေ ကို ကြွေရုပ်ဆင်ခြင်ရမည် ဟု ကိုယ့်ဘာသာသတိပေးရလေ၏ ။

ဆိုးတဲ့လူတွေ ကိုပဲ ကြောက်တာပါဟုတော့ စိတ်ထဲမှာ အသံမထွက်ဘဲ ပြောမိသည်။ ဘာ ကြောင့် ရယ်မသိ။ ကြွေရုပ်စိတ်မှာ ပါပါကာမိုတို မောင်နှံကို ကြောက်သလိုရှိနေမိကာ အပြစ်ရှိသလို လည်း ခံစားရလေသည်။

မွေယူးမား အတူလာမနေချင်သည်ကို ကြွေရုပ်သဘောကျပါသည်။ တစ်ယောက် တည်း နေထိုင်ရသည်ကို ကြွေရုပ်အသားကျနေပြီးသားပါ။ ပြီးတော့လည်း ခုလို အသိုက်အမြုံတစ်ခုထဲမှာ ပါဝင်နေသော တိုက်အိမ်တစ်ခုတွင် နေထိုင်ရတာ မို့ မလုံခြုံစရာ ဘာများ ရှိလိမ့်မှာ လဲ။ ထိုနေ့မနက် စာကို ပါပါကာမိုတိုတို့အိမ်မှာ လုကူနှင့် ကြက်သားဟင်း တည်ခင်းကျွေးမွေးသည်။ ပီလောင်ပီနံကို အမှု န့်ထောင်းပြီး ကျိုချက်သော လုကူသည် တစ်ရွာလုံး မနက် ည စားသောက်သော အစာ ဖြစ် သည်။ ကြေရုပ်တို့ ဆန်ကို ထမင်းချက်စားကြသလို၊ အနောက်တိုင်းသားတွေ ပေါင်မုန့်စားကြသလို ပါပဲ။ ပီလောပီနံတောက်တတ်သည်ဟု သူတို့ သိမထားကြပါ။ သည်လောက်ပုံမှန် စားမှတော့ ပီလောပီနံတွင် ပါသော စိုက်ယာနိုက်စိန်ဓာတ်ကို သူ့တို့ဖယ်ရှားတတ်ပြီးသား ဖြစ်မှာ ပါပဲဟု ကြွေရုပ် စိတ်ချလက်ချရှိခဲ့ပါသည်။

ထိုနေ့အဖို့ ဗိုက်ကလည်းဆာဆာနှင့် ၊ အစားအသောက် အသစ်အဆန်းလည်း ဖြစ်သည်နှင့် ၊ ကြွေရုပ် အတော် စားဝင်သည်။ လေဇာရီကိုမှ လုကူသည် ကင်ရှားဆားမှ ဖူဖူလိုပါပဲ။ အခေါ်အဝေါ် သာကွာဟပြီး ပလောပီနံမှု န့်မှ လုပ်ကြတာချည်းသာပါပဲ။

ပါပါကာမိုတိုက ကြွေ့ညနေစာအတွက် လုကူချက်ပို့ဦးမည် ပြောသေးသည်။ စားလေ့စား ထမရှိသေးသော ကြောင့် ပြည့်တင်းသလိုရှိနေရာ နောက်နေ့များ မှ စားပါရစေ ငြင်းဆန်ရလေ၏ ။

“နောက်နောင်တော့ မာမာကြွေနေ့တိုင်း စားချင်မှာ မို့ကိုယ်တိုင် အချက်သင်ရမှာ ၊ ချက်တာ လွယ်ပါတယ်”

အိမ်ပြန်ရောက်လာပြီးမှသာမအီမလည်ပြည့်ကယ်ကယ်ကြီး ဖြစ်ကာပါလာသော လျက်ဆား ကလေးထုတ်ပြီး လျက်ရလေ၏ ။

ကြွေရုပ် လျက်ဆားလျက်တာကို မွေယူးမားက အထူးအဆန်း ဖြစ်နေကာ မြည်းကြည့်မ လားဟုမေးတော့ ခေါင်းခါရမ်း နောက်ဆုတ်သွား၏ ။

“ပေါင်မုန့်ဝယ်ရမလားဟင် မွေယူးမား”

“မနက်ဈေးမှာ တော့ ရောင်းပါတယ် မာမာကြွေ၊ ဘာ ဖြစ်လို့လဲ”

“တို့က လုကူစားနေမကျတော့ အစာမကြေလို့ပါ၊ မနက်ကျရင် ပေါင်မုန့်ဝယ်လာပေးစမ်း ပါကွယ်၊ ပါပါကာမိုတိုတို့ကိုလည်း သွားမပြောနဲ့ဦးနော်၊ စိတ်မကောင်း ဖြစ်နေဦးမယ်”

ကြွေရုပ်ပါလာသော အ၀တ်ညစ်တွေ ကို မွေယူးမားက လျှော်ဖွပ်ပေး၊ နေလှန်းပေးသည်။

“မက်စီမွေယူးမား၊ မင်းအရမ်းကြင်နာတတ်တာပဲကွယ်”

ညနေစောင်းတွင် ရေမိုးချိုးပြီးနောက် အတန်ငယ် လန်းဆန်းလာသည်နှင့် မွေယူးမားနှင့် အတူ ကွီလူမြစ်ကမ်းတစ်လျှောက် လှည့်လည်ကြည့်ရှု ဖြစ်သည်။ ကီတူဘာကလေးတွေ က ကြွေရုပ် တို့နောက် တကောက်ကောက်လိုက်နေကြသည်။ သူတို့ သိချင်သည်ကို မွေယူးမားအား တတွတ် တွတ်တွယ်မေးကြသည်။ မွေယူးမားက အော်ငေါက်မောင်းထုတ်ပစ်နေရလေသည်။

“သူတို့က မာမာကြွေ ဘာတွေ လိမ်းလို့ ဒီလိုအသားလှနေသလဲဆိုတာ သိချင်ကြတယ်၊ ပြီး တော့”

“ပြီးတော့ကော”

“ဆံပင်တွေ ဖြောင့်စင်းနေအောင် ဘာဆေးလိမ်းသလဲတဲ့”

“မာမာကာမိုတိုတို့ကလည်း အဲ့သလိုမေးတယ်၊ ကလေးတွေ ကလည်း သိချင်ကြသလား”

သိချင်သူက မွေယူးမားကိုယ်တိုင် ဖြစ်ကြောင်း ကြွေရုပ်က ရိပ်မိပြီး ပြုံးစစလုပ်နေတာမို့ မွေယူးမားလည်း မလုံမလဲပြုံးစစ ဖြစ်နေတော့သည်။

မွေယူးမားသည် တစ်ခါတစ်ရံ လိမ်လည်ချင်ပြီး လိမ်လည်မှု ကို မလုံမခြုံဖုံးဖိထားတတ်ဟန် ရှိသော်လည်း ခြုံငုံလိုက်လျှင် ရိုးသာမည် ဟု ကြွေယူဆလေသည်။ သည်ထက်ကောင်းသော သူ အဖော်ရဖို့ မလွယ်ကူတာမို့ သည်လောက်ကောင်းတာပဲတော် လှပြီလေ။

“ညကျရင် ကွီလူမြစ်ထဲက ဟစ်ပိုပေါ်တမ်တွေ အော်တတ်တယ်။ မာမာကြွေ မကြောက်နဲ့ နော်”

“ရေမြင်းကို ပြောတာလား”

“ဟုတ်ကဲ့”

“မြင်ဖူးလား”

“ဟုတ်ကဲ့၊ အဝေးကြီးက လှမ်းမြင်တာပါ။ သူတို့က အနားမလာပါဘူး၊ ရေထဲမှာ တစ်ခါတစ် ခါ ကူးသွားတာတွေ့ တာ”

“အကြီးကြီးပဲလား၊ တို့က စာအုပ်ထဲမှာ ဖတ်ဖူးတယ်၊ တီဗွီထဲမှာ မြင်ဖူးတယ်”

“ဟုတ်ကဲ့၊ အကြီးကြီးပေါ့၊ သူတို့မှာ ကလေးရှိရင် စိတ်ပူပြီး ရန်လိုတတ်တယ်၊ ဟိုတစ်ခါ မက်စီယော်နဲကလေးဆိုရင်” ပြောနေရင်း မွေယူးမားက သူ့ပါးစပ်ကလေးကို လက်ဖ၀ါးနှင့် အုပ်ပြီး ပိတ်ထားလိုက်သည်။

“အို-ကျွန်မမေ့သွားတယ်”

မွေယူးမားပြောသော မစ်စီယော်နဲဆိုသည်မှာ ပြင်သစ်လို သာသနာပြု ဖြစ်လေသည်။

“မာမာကြွေ ကြောက်သွားမယ်မပြောနဲ့လို့ မာမာကာမိုတိုက ကျွန်မကို မှာ ထားတယ်”

“ရပါတယ်၊ သူ့ကိုပြန်မပြောပါဘူး။ စိတ်ချပါ၊ မွေယူးမားပြောပြမှ ကျွန်မသိထားနိုင်မှာ ပေါ့”

“အဲဒီ မစ်စီယော်နဲကလေးဟာ သိပ်လှတာပဲ။ သူတို့က ဘာတိုနဲ့ ရေနက်တဲ့ဘက်ကို သွားကြတယ်”

“ဘာနဲ့”

“ဘာတို”

“သြော် - ဟုတ်သားပဲ။ ဘာတိုဆိုတာ လှေ၊ ဟုတ်ပြီ၊ ဟုတ်ပြီ”

“သူကလေ၊ ရေကူးဝတ်စုံအနီကလေးနဲ့ ရေကူးတယ်။ အဲဒီ တုန်းက ရေမြင်းမကြီး ဘွားခနဲ ပေါ်လာပြီး သူ့ကို ကိုက်ပါလေရော၊ ရင်ဘတ်မှာ ကိုက်လိုက်တာ၊ ပြီးတော့ ဟိုးကျွန်းစုဘက်ကို ကူး သွားပြီး ပျောက်သွားတယ်”

“အဲဒီ မစ်စီယော်နဲကလေးကော”

မွေယူးမားအဖြေမပေးဘဲ ဆိုင်းငံ့တွန့်ဆုတ်နေသည်။

“ပြောလက်စနဲ့ ဆက်ပြောလေ မွေယူးမားရဲ့ ၊ ကျွန်မမှာ ဖတ်တငံ့ငံ့ ဖြစ်နေပြီ”

“ကျွန်မ ဆက်မပြောလို့မရဘူးလား မာမာကြွေရယ်”

“ဘာ ဖြစ်လို့လဲ၊ မာမာကာမိုတိုကို ပြန်မပြောပါဘူးလို့ ကျွန်မပြောသားနဲ့ ”

“တကယ်နော် မာမာကြွေ”

ကြွေစိတ်မရှည်ချင်တော့။

“အေးပါဆိုမှ၊ သူဘာ ဖြစ်သွားလဲပြော” ဟု ကြွေက ပြန်တောက်တောက်မေးသည်။

“သေသွားတယ်”ဟု မွေယူးမားက တိုတောင်းသော အဖြေကိုပေးသည်။

“ဟင်”

ကြွေ စိတ်မကောင်း ဖြစ်သွားရတော့သည်။

မွေယူးမား ပို၍ ပင် စိုးရိမ်ပူပန်သွားရဟန်တူလေသည်။ သူမ၏ ကြွေ့အား ထပ်မံတောင်း ပန်မှာ ကြားနေပြန်တော့သည်။

“ကျွန်မပြောတယ်လို့ ပြန်မပြောနဲ့နော်၊ မာမာကြွေ ကြောက်သွားမယ် မပြောနဲ့လို့ ပါပါကာမို တိုကလည်း မှာ ထားလျက်နဲ့ ကျွန်မမေ့ပြီး ပြောမိတယ်၊ ကျွန်မကို ဆူတော့မှာ ပဲ”

“တို့ပြန်မပြောပါဘူး မွေယူးမားရယ်၊ တို့နှုတ်လုံမှာ ပေါ့”

မွေယူးမားသည် ညနေခြောက်နာရီခွဲကျမှပင် ကြွေ့အိမ်မှ ပြန်သွားလေသည်။

“ညကျရင် ကိုးနာရီမီးမှိတ်မှာ နော် မာမာကြွေ” ဟု မပြန်ခင် မွေယူးမားက သတိပေးသွား သေးသည်။

လေဇာရီကိုတွင် နေထိုင်ရမည့်  ကြွေ့အချိန်အများ စုတွင် သည် အမည်းကလေးကို အဖော် ပြုမှာ ပါကလားဟု အိမ်တံခါးပိတ်ရင် ကြွေကတွေးနေမိတော့သည်။

ထိုညက အေးရီမထံသို့ စာတစ်ပိုင်းတစ်စရေုး ဖြစ်သည်။

ငါလေ အသားမည်းတွေ ကြားမှနေရပေမယ့် ငါဟာသူတို့ထဲက တစ်ယောက် လို့သာ ခံစာ့း တယ်သိလား။ ပိုပိုသာသာကလေးရရှိလာတဲ့ ငါ့ဝင်ငွေထဲက ငါ့အကြွေးတွေ ဆပ်သလို ငါ့တိုင်းပြည် ကမိဘမဲ့ကလေးတွေ ဆီ အလှူဒါနပြန်ပို့နိုင်ပြီး တစ်ဖက်တစ်လမ်းကလည်း ငါ့ကို လခပေးထားတဲ့ သူတွေ ရဲ့ ရည်ရွယ်ချက်နဲ့ ကိုက်ညီအောင် လူမည်းမိဘမဲ့ကလေးတွေ ကို စွမ်းစွမ်းတမံ အလုပ် အကျွေးပြုရမယ်။

ငါ့အတွက် အိမ်ဖော်အ ဖြစ် မွေယူးမားဆိုတဲ့ တိုင်းရင်သူကလေး တစ်ယောက် ရထားတယ်။ သူ့ကို ငါက တစ်ခ ဖရော့ ကိုးဆယ်(ဆယ့်ရှစ်ဒေါ်လာလောက်) ပေးရမယ်။ ငါ့လခရဲ့ နှစ် ဆယ့် ခုနှစ် ပုံတစ်ပုံလောက်ပေါ့။ သူ့ကို တစ်ပတ်မှနှစ် ခါလောက်ပဲခေါ်ခိုင်းပြီး အဲဒီ အလုပ်ကိုပဲ တစ်ဆယ် ဒေါ်လာလောက်ပဲ ပေးလည်း ဖြစ်ပါတယ်။

အလုပ်ရှင် ရှားပါးတော့ ငါ့ပေးသလောက်နဲ့ပဲ သူလုပ်ရမှာ သိလား။

ဒါပေမဲ့ ငါအားနာနေတယ်။ သူ့တိုင်းပြည်မှာ လာအလုပ်လုပ်ရချိန်မှာ သူ့လူမျိုးက ကိုယ့် အိမ်ဖော် ဖြစ်နေရတာ ကို ငါ့မှာ အရမ်းစိတ်စနောင့်စနင်း မသက်မသာ ဖြစ်နေရတယ် အေးရီမရဲ့ ။ တကယ်တော့ သူဟာ ငါ့အတွက် အိမ်အလုပ်တွင် မက စကားပြောဖော် မေးမြန်းဖော်လည်း ဖြစ်မှာ ပါတယ်။

ခေတ်သစ်ယူလ်ဘရိုင်းနားနဲ့ တွေ့ တဲ့အကြောင်းလည်း နင့်ကိုငါပြောရဦးမယ်။

ကြွေရုပ်သည် ရေး ပြီးခါမှ လက်တန့်တွေ ဝေသွားသည်။ တွေ့ ရုံကလေးနှင့် ဘာများ ထူး ထူးထွေထွေ ရေး စရာရှိဦးမှာ မို့လဲဟု ကိုယ့်ဘာသာကန့်ကွက် ဖြစ်နေသည်။

စင်္ကာပူတုန်းကသာ နင့်တို့ဆီကို တယ်လီဖုန်းတစ်ခါဆက် ဖြစ်တာ။ အဲဒီ နောက်တော့ ထပ် မဆက် ဖြစ်ဘူး။ တယ်လီဖုန်းဖိုး ချွေတာရတာ လေ။ ကင်ရှားဆားမှာ တုန်းက တယ်လီဖုန်းရှိပေမယ့် ချွေတာရေး ကြောင့် ဖုန်းမဆက်နိုင်ခဲ့သလို ပဲစိမ်းတောင့်မှာ တော တယ်လီဂရပ်ဖစ်ကြေးနန်းပို့စက်ပဲ ရှိတယ်။ ငါကပြောလိုက်၊ နားထောင်လိုက်၊ နင်ကပြောလိုက် နားထောင်လိုက်နဲ့ စကားပြောကြရ မှာ ၊ သုံးမိနစ်ကို ငါးဒေါ်လာကျမယ်တဲ့။ ကိုယ်ရေး ကိုယ်တာအတွက်ဆိုရင် အင်မတန် လိုအပ်မှ အသုံးပြုကြသတဲ့။

တစ်ပတ်တစ်ကြိမ် ပါရမီရုံးချုပ်ကို ဒီအိပ်ခ်ျအယ်လ်အိတ်သွားတိုင် ၀န်ထမ်းတွေ က အခမဲ့ စာထည့်လိုက်နိုင်တယ်။ ပါရီကနေ စာအိတ်ကို တံဆိပ်ခေါင်းကပ်ပြီး စာတိုက်ကနေပို့ချင်တဲ့ တိုင်း ပြည်ပို့ပေးတာတဲ့။ တစ်စောင်ကို ငါးဖရော့နှုန်း (တစ်ဒေါ်လာနှုန်း)ကျမှာ ဆိုတော့ စာရွက်ပါးပါးနဲ့ လက်ရေး သေးသေးစိပ်စိပ်ရေး ရမှာ ။ တစ်လတစ်စောင်တော့ ရေး မှာ ပေါ့။ ငါ့ခရီးရှည်ကြီးရဲ့ အတွေ့  အကြုံတွေ ကို နောက်မှပဲပြန်ကူးပြီး ပို့တော့မယ်။ သည်နေ့အဖို့ သည်လောက်ရေး လျှင် လုံလောက် ပါပြီ။ နေ့စဉ်မှတ်တမ်းတစ်ခုလို နည်းနည်း ချင်းရေး သွားလိုက်လျှင် မှတ်တမ်းပြုစုပြီးသားလည်း ဖြစ်၊ အေးရီမလည်း ကြွေ့ နေ့စဉ်လှုပ်ရှားမှု တွေ ကို သိနိုင်ပေမည် ။

“ဘွန်းနီးဒေး” အကြံကောင်းပေပဲဟု ကြွေက ကျေနပ်စွာ ပြုံးနေသည်။

ဖျက်ခနဲဆို လျှပ်စစ်မီးလုံးကလေး မျက်တောင်ခတ်လေသည်။

“အာ-ဟုတ်ပါရဲ့ ။ ကိုးနာရီတောင် ထိုးတော့မှာ ပဲ။ မီးဖြတ်တော့မယ်လို့ အချက်ပေးပြီ”

ကြွေရုပ်သည် မှတ်မှတ်ရရထားသော ခုတင်၏ ညာဘက်ခေါင်းရင်းရှိ ပြတင်းပေါက်လက် ရန်းမှ နှစ် တောင့်ထိုး၊ လက်နှိပ်ဓာတ်မီးကလေးကို လှမ်းယူသည်။ ဓာတ်ငွေ့မီးခြစ်ကို လှမ်းယူပြန် ကာ မီးခြစ်ခြစ်လိုက်သည်။ နှို့မှု န့်ဘူးခွံအလွတ်တွင် ထွန်းညှိထားရသည်။

တစ်ဖန် နှစ် တောင့်ထိုး လက်နှိပ်ဓာတ်မီးကလေးကို ကိုင်ပြီး၊ အိပ်ခန်းတံခါးကို ချက်ဖွင့်ကာ ကပ်လျှက် ရေချိုးခန်းအိမ်သာသို့ဝင်သည်။ ကဗျာကသီ မျက်နှာသစ်၊ သွားတိုက်၊ အပေါ့အပါးသွား။

မရှေးမနှောင်းပင် မီးမှိတ်သွားတော့သည်။ လက်နှိပ်ဓာတ်မီးအသုံးပြုကာ အခန်းထဲပြန် လာပြီးနောက်၊ ဖယောင်းတိုင်မီးမှု တ်ကာ အိပ်ရာထဲတန်းဝင်လေ၏ ။

အိမ်ကိုခြင်ဆန်ခါတွေ အပြည့် တပ်ဆင်ထားသော ကြောင့် ခြင်ထောင်ထောင်စရာမလိုပါ။

ရုတ်တရက် မာထန်ပြီး စူးစူးရှရှနိုင်လှသော အသံတစ်ခုကို ကြားလိုက်ရသည့်အတွက် ကြွေရုပ်လန့်ဖျပ်တုန်လှုပ်သွားသည်။

ကွီလူမြစ်ထဲမှ ရေမြင်းတွေ ၏ မြူးထူးပျော်ရွှင် အော်ဟစ်သံတွေ ဖြစ်မည် ဟု တွေးမိတော့မှ စိတ်သက်သာသွားသည်။ ဘုရားရှိခိုးဖို့ သတိရလာကာ သေချာတတ်သမျှ ဘုရားရှိခိုးတွေ ရွတ်ဆို ရတော့သည်။

ကြွေရုပ် ကောင်းကောင်းအိပ်မပျော်ပါ။ ခဏခဏ နိုးလာလိုက်၊ ငိုက်မြည်းလိုက် ဖြစ်နေ သည်။



အပိုင်း(၆)

အဖြူရောင် ကျောက်သလင်း မိဘမဲ့ ကလေးသူငယ်စောင့်ရှောက်ရေး အဖွဲ့အစည်းမှ ကြည့် ရှုစောင့်ရှောက်နေသော ကလေးရှစ်ယောက် အနက်တွင် အိပ်ခ်ျအိုင်ဗွီအေ့စ်ဝေဒနာရှင် ကလေးငါး ယောက် ခန့် ပါဝင်သည်။ အများ စုမှာ မူကီကွစ်နယ်မှ ဖြစ်ပြီး အနည်းစု ကတော့ ကွန်ဂိုတစ်လွှား ဆင်းရဲငတ်မွတ်သော နယ်မြေများ မှ ပို့ဆောင်ရောက်ရှိကြပေသည်။

ကလေးများ ဂေဟာကို မနက်ဖြန်ကျမှ လှည့်လည်လေ့လာရမည် ဖြစ်သည်။

ယနေ့အဖို့ လက်ထောက်အုပ်ချုပ်ရေး မှူး မဒမ်မွိုက်ဇဲလ်ကြွေ အက်စ်တီ Kyaw S T အ ဖြစ် ပုံမှန်တာဝန်တွေ ကို လက်ခံရယူ၏ ။

ကလေးများ အား ချက်ပြုတ်ကျွေးမွေးရေး ၊ အိပ်ရာစာကြည့်ခန်း၊ ကစားခန်း၊ ကစားကွင်း၊ ကလေးတွေ ၏ ပညာသင်ကြားရေး နှင့် ကျန်းမာရေး စောင့်ရှောက်မှု တာဝန်များ ကိုပါ ပါပါကာမိုတို၊ မာမာကာမိုတိုနှင့် ကြွေတို့ စီမံချက်ရေး ဆွဲရမည် ။

ဂေဟာ၏ တာဝန်ခံ ဆရာဝန် ဖြစ်သူ (သာသနာပြုဆေးရုံမှ ခွဲစိတ်အထူးကု ဆရာဝန်လည်း ဖြစ်သော ) ဒေါက်တာကာဇွန်းဂါး လိုအပ်သလို အချိန်ပိုင်းလာရောက်ကြည့်ရှုကုသပေးသော အထူး ကုများ ၊ သူနာပြုများ တို့နှင့် ညှိနှိုင်းပြီး အကောင်အထည်ဖော်ရမည် ။ ကျသင့်သော ၀န်ဆောင်စရိတ် များ ကို သာသနာပြုဆေးရုံကြီးသို့ လစဉ်ရှင်းလင်းပေးအပ်ရသည်။ ကလေးသူငယ်ပြုစုဆောင် စောင့်ရေး တာဝန်ခံများ ၊ အရာရှိများ ၊ ၀န်ထမ်းများ ၊ အထွေထွေအလုပ်သမားများ အား ကြွေမှ တာ ၀န်ခွဲဝေနေရာချရမည် ။ ငွေစာရင်းကိုင်ရမည် ။ ၀န်ထမ်းများ ၏ ခံစားခွင့်၊ ရှောင်တခင်ခွင့်၊ လုပ်သက် ခွင့်၊ ဖျားနာခွင့် တို့ကို တွက်ချက်ဖြတ်တောက်ရမည် ။ ခရီးသွားစရိတ်၊ နေ့တွက်စရိတ်တို့ကို တွက် ချက်ညှိနှိုင်းရမည် ။ တစ်လတစ်ကြိမ် ကင်ရှားဆားရုံးချုပ်သို့ ငွေသွားထုတ်ပြီး ၀န်ထမ်းတွေ ကို လစာ ထုတ်ပေးရမည် ။

ကြွေသိချင်နေမိသည့် ပက်ထရိစ်မွန်နေးရီ၏ လုပ်ငန်းတာဝန်တွေ ကို မေးမြန်းနေရန် မလို အပ်ဘဲ ကြွေသိလာရသည်။ သူသည် အီလက်ထရောနစ် တာဝန်ခံ ဖြစ်သလို၊ ကြွေတို့လို မွန်ဒဲလေး တွေ ကိုလည်း စာသင်ပြပေးသည်။ သို့တိုင် သူ့လစာငွေသည် ဖရော့လေးရာ (ဒေါ်လာရှစ်ဆယ် ကျော်ကျော်လေး)သာ ရှိလေသည်။

ယနေ့လက်ရှိ-လက်ကျန်ပစ္စည်း အသေးစိတ်စာရင်း ပြုစုရမည် ။ ပစ္စည်းပျက်စီးယိုယွင်းလျှင် ထိန်းသိမ်းပြုပြင်ခြင်း၊ မလုံလောက်လျှင် ထပ်မံဝယ်ယူခွင့်တောင်းခံခြင်း၊ သတ်မှတ်ထားသော အတိုင်းအတာပမာဏတစ်ခုအထိ ကြွေက တာဝန်ယူဝယ်ခြမ်းဖြည့်ဆည်းခြင်း။

ဝန်ထမ်းနှစ် ဆယ်၊ မိဘမဲ့ကလေးရှစ်ဆယ်၏ တာဝန်က မနည်းလှ။

ကလေးသူငယ် ထိန်းသိမ်းစောင့်ရှောက်သော ၀န်ထမ်းများ ၏ တာဝန်ခွဲဝေမှု ကို ကလေးသူ ငယ်ထိန်းသိမ်းစောင့်ရှောက်ရေး အုပ် မာမာကာမိုတိုက တာဝန်ယူသည်။ မာမာကာမိုတိုထံမှ တက် လာမည့်  အစီရင်ခံစာများ ကို ကြွေကထပ်ဆင့်စိစစ်ပြီး လချုပ်ကာ ပါပါကာမိုတို၏ အတည်ပြုချက် လက်မှတ်ရယူပြီးနောက် လစာငွေထုတ်သော အခါမှာ တစ်ပါတည်း ရုံးချုပ်သို့ ယူသွားပေးပို့ပေး ရမည် ။

ခရစ်စမတ်ပွဲတော် ၊ အီစကာပွဲတော် ၊ နိုင်ငံတော် အထိမ်းအမှတ်နေ့များ တွင် ကျောင်းအ တွက် ဘုရားရှိခိုးနှင့် ပျော်ရွှင်ပွဲတွေ ကို တာဝန်ယူ ကျင်းပပေးရမည် ။

အခါအားလျော်စွာ ရောက်ရှိလာသော ကျောက်သလင်း၏ ဧည့်သည်များ ကို ကြိုဆိုဧည့် ၀တ်ပြုရမည် ။ အစည်းအဝေးများ ဖြစ်မြောက်အောင် အကောင်အထည်ဖော်ပေးရမည် ။ အလှူရှင် များ အား အဖြူရောင် ကျောက်သလင်းများ ၏ လုပ်ငန်းတွေ ကို ပြသရှင်းပြရမည် ။

သူတို့အတွက် ဗီဇာ၊ လေယာဉ်လက်မှတ်၊ စီစဉ်ဆောင်ရွက်ပေးဖို့နှင့် အကြိုအပို့လုပ်ပေးဖို့ လုပ်ငန်းတွေ အတွက်တော့ ရုံးအကူ Office Assistant စေဇိုလက်ဒီလွန်းဘို ရှိလေသည်။

စေဇိုက သူ့လက်ထဲမှ ခပ်ရွဲရွဲ ခပ်ညစ်ညစ် မီးခိုးရောင် ဖိုင်တွဲ ကလေးကို ဖွင့်ကာ ကြွေ့ ရှေ့ သို့ တွန်းပို့သည်။

နှစ် ယောက် သားအတော် ကြီး အားစိုက်ရှင်းလင်း နားထောင်ကြရပြီး ချွေးစို့စပြုတော့မှပင် အဖြူရောင် ကျောက်သလင်းသို့ ကနေဒါမှ အလှူရှင် ဧည့်သည်တော် သုံးဦး လာရောက်မည့် အ ကြောင်းကို စေဇိုက ပြောပြသတင်းပို့နေခြင်း ဖြစ်ကြောင်း နားလည်နိုင်တော့သည်။

“ဘယ်ဘက်ဆုံးက ကွီလူမြစ်ကမ်းနဲ့ အနီးဆုံးတိုက်ဟာ ကျွန်တော် တို့ရဲ့ ဧည့်ရိပ်သာပဲမာ မာကြွေ၊ မွန်ဒဲလေးတွေ ကိုထားတယ်။ သူတို့အတွက် အဲဒီ မှချက်ပြုတ်တဲ့ အခါလည်းရှိ၊ မစ်စယွန်နဲ တွေ အိမ်တွေ မှာ အလှည့်ကျ ကျွေးမွေးတဲ့အခါလည်းရှိ”

စေဇို တာဝန်ယူ ဦးစီးဆောင်ရွက်ရသည့် ယင်းလုပ်ငန်းတာဝန်တွေ ကို ကြွေက ခွဲဝေလွှဲယူ ရမည် ဖြစ်ရာ သဘောကောင်းပြီး ကူညီလိုဟန်ရှိသော စေဇိုနှင့် အတူတကွ အလုပ်တွဲ ဖက်လုပ်ပြီး ကူညီလိုဟန်ရှိသော စေဇိုနှင့် အတူတကါ အလုပ်တွဲ ဖက်လုပ်ကိုင်ရမည် ကို ကြွေအားရှိသည်။

ကြွေကမနက်တိုင်းမှာ ပါပါကာမိုတိုထံမှ ပစ္စည်းစာရင်းကို လက်ခံပြီး နေ့ခင်းမှာ မာမာကာမို တိုထံမှ ပစ္စည်းစာရင်းတွေ ကို လက်ခံသည်။ အလုပ်ဝင်စမို့ အမှားအယွင်းနည်းအောင် ပိုင်းခြားခွဲဝေ ပြီး လုပ်ကိုင်ရတာ ပါ။

အဖြူရောင် ကျောက်သလင်းတွင် ရှိသော လင်းခရုဇာကားအတွက် ဓာတ်ဆီကို ဌာန၀င်း အတွင်းမှာ ပင် ဆီတိုင်ကီနှင့် လှောင်ထားသည်။ ဆီထုတ်ယူခွင့်စာရွက်ကို ကြွေရုပ်က လက်မှတ် ရေး ထိုးပေးရသည်။

ဓာတ်ဆီကို အဖွဲ့အစည်းက ရေလမ်းဖြင့် မှာ ယူသိုလှောင်ထားလေသည်။

စာရင်းတွေ ကို လွှဲပြောင်းလက်ခံပြီးနောက် ကြွေသည် ဇိုင်ယာငွေငါးဆယ်ကို လက်ဝယ် ကိုင်ဆောင်ထားနိုင်ခွင့် ရရှိသွားလေသည်။

တာဝန်အားလုံး ခွဲဝေလွှဲပြောင်းပြီးသော အခါ နေ့ခင်း နှစ် နာရီထိုးပြီး ဖြစ်လေ၏ ။ ပါပါနှင့် မာမာကာမိုတိုတို့သည် ဆာလောင်လှပြီဟု ခပ်သုတ်သုတ်အိမ်ပြန်သွားကြပြီး ကြွေနှင့် စေဇိုသာ ကျန်ရစ်တော့သည်။

စေဇိုမှာ မျက်နှာချိုချို အရပ်မနိမ့်မမြင့် အသားမမည်းလှဘဲ ဆံပင်သာ မမြင်ရလျှင် မြန်မာ နိုင်ငံ အနောက်မြောက်ပိုင်းဒေသမှ ချင်းလူမျိုးတစ်ဦးနှင့် ဆင်တူနေသည်။

သူသည် ကြွေလက်ဆောင်ပေးသော အင်းလေးလွယ်အိတ်ပေါက်စလေးကို အလွန်နှစ် သက်သည်။ လေဂလိစ် I'eglise ဘုရားရှိခိုးကျောင်းသို့သွားတိုင် ဘိဘလေ bible သမ္မာကျမ်းစာ အုပ် ထည့်သွားမည် ဟု သူကဆို၏ ။

ဆိုလိုချက်များ ကို ရှင်းလင်းစွာ နားလည်အောင် နှစ် ယောက် သားအတော် အားစိုက်ကြရ သည်။ စေဇိုက အင်္ဂလိပ်စကား လုံးဝမတတ်သော ကြောင့် ဘာသာစကားဆက်သွယ်ရေး လမ်း ကြောင်း အဖုအထစ်ရှိလေသည်။

“မာမာကြွေ စိတ်မပျက်ပါနဲ့၊ နောက်တစ်လလောက်နေရင် ပြင်သစ်နဲ့ ကီတူဘာ ပိုတက် လာပြီး အဆင်ပြေသွားမှာ ပါ” ဟု သူက အားပေးသည်။

“မွန်ဒဲလေးတွေ မရောက်ခင် ကလေးအင်္ကျီတွေ ပြီးအောင် ချုပ်ရမယ် မာမာကြွေ”

“ဟုတ်ကဲ့။ အရင်တစ်ခေါက်လာကြတုန်းက ကလေးတွေ အ၀တ်နွမ်းလို့ဆိုပြီး မွန်ဒဲလေး တွေ က အလှူငွေတွေ ပို့ပေးထားတာ ခုထိ ဘာမှမချုပ်ရသေးဘူး။ ခုမှ မာမာကာမိုတိုက အပ်ချုပ် သည်တွေ ကို ဆင့်ခေါ်နေတာ။ အပ်ချုပ်သည် ရှားပါးရတဲ့အထဲ ကျောက်သလင်းကပေးတဲ့ အပ်ချုပ် ခက နည်းလို့ မချုပ်ချင်လှဘူး”

“ပေးတာနည်းရင် ပိုတောင်းပစေပေါ့၊ ဒါမှ ကျွန်မတို့က ပို့ပေးနိုင်မှာ ပေါ့”

“ပိုက်ဆံရှားတယ် မာမာကြွေ၊ အပေးနည်းလည်း ချုပ်ပါတယ်၊ အလုပ်ကရှားတယ် မာမာ ရဲ့ ၊ အလုပ်ရှားဆိုမရှိဘူးလေ၊ ဟီးဟီး”

“အလုပ်မရှိဘူး၊ ဟုတ်လား”

“ပိုက်ဆံပေးပြီးခိုင်းတဲ့ အလုပ်မရှိဘူးလို့ပြောတာပါ”

ကြွေသည် ခေတ္တတွေ ဝေသွားသည်။ ဟုတ်တာပေါ့လေ။ ပိုက်ဆံပေးပြီးခိုင်းတဲ့ အလုပ်ရှား ပါးတော့ ပိုက်ဆံရတဲ့အလုပ်လုပ်မှလည်း တခြားလိုချင်တာတွေ နဲ့ ဖလှယ်နိုင်မှာ ဆိုတော့ ခိုင်းမဲ့ အလုပ်ရှိခဲ့ရင် အရနည်းတယ်များ တယ် ချေးမများ သာပေဘူးပေါ့။

“ရောက်မှာ က ဆယ်ခုနစ်ရက်နေ့ဆိုတော့ အချိန်မီလောက်ပါတယ်နော်”

“ကျွန်တော် တို့ကျောက်သလင်းမှာ ရှိတဲ့ အပ်ချုပ်စက်နှစ် လုံးနဲ့ သူတို့မှာ ရှိတဲ့စက်တွေ ပေါင်း ရင် ကလေးတွေ နဲ့ မိန်းကလေးတွေ အတွက် ဆယ်ရက်နဲ့ပြီးနိုင်ပါတယ်။ ဆယ်ကျော်သက် ယောက်ျားလေးတွေ အတွက် ဘောင်းဘီရှည်တွေ က အချိန်ယူတယ်။ အဲဒါကို အဆင်ပြေအောင် ကျွန်တော် တို့ လုပ်နိုင်တာက ကျွန်တော် ကင်ရှားဆားသွားပြီး ချုပ်ပြီးသားတွေ ၀ယ်လာနိုင်တယ်”

“မာမာကာမိုတိုနဲ့ တိုင်ပင်ကြည့်လေ၊ ပါပါကာမိုတိုဆီမှာ ထုတ်ဖို့ငွေရှိနိုင်မလား”

“ယာနစေးပါ” ကျွန်တော် မသိပါဘူးဟု စေဇိုက ပုခုံးတွန့်ပြီး ရေရွတ်၏ ။

“အလှူရှင်တွေ လာသွားတာ ဘယ်တုန်းကလဲ”

“မနှစ် က ခရစ်စမတ်မှာ ပါ၊ ကျွန်တော် ပြောတယ်လို့တော့ မပြောနဲ့နော်”

“စိတ်ချပါ၊ မပြောပါဘူး”

စေဇိုသည် အခန်းထဲမှ ထွက်ခွာမည် ပြုပြီးမှ တစ်စုံတစ်ရာသတိရသလို ပြန်လှည့်လာသည်။

“မစ်စီယော်နဲ ပါပါယောနသန်နဲ့ မာမာအလင်းက မာမာကြွေကို မနက်ဖြန်ဒင်နာစားဖို့ ဖိတ် ပါတယ်၊ မာမာကြွေအိမ်နဲ့ တစ်အိမ်ပဲခြားတယ်၊ အကြောင်းပြန်ပါတဲ့-လာမယ်လို့ ကျွန်တော် ပြော လိုက်ရမလား”

“ကောင်းသားပဲ၊ ပြောလိုက်ပါနော်”

ကြွေသည် ထွက်သွားသော စေဇို၏ နောက်ကျောကိုကြည့်ရင်း ကျောက်သလင်းကလေး များ အတွက် အ၀တ်အစားကိစ္စကို စဉ်းစားကာ ကျန်ရစ်သည်။ ခုနှစ် လကြာခဲ့ပြီးသော အလှူငွေ တွေ ကို အ၀တ်အစားလုံးဝ မချုပ်ပေးခဲ့ဘူးလား၊ အဲဒါကို ဘာကြောင့် စေဇိုက ပုန်းလျှိုး ကွယ်လျှိုး အုပ်ဆိုင်းနေရတာ လဲ။ ညနေပြန်တွေ့ ကြသော အခါ မာမာကာမိုတိုအား ကလေးတွေ အ၀တ်အစား အကြောင်းကို ကြေံက မေးမြန်းသည်။

“ကလေးတွေ က သိပ်အကြီးမြန်တာ၊ သေးကုန်ကျပ်ကုန်မှစိုးရတယ်လေ၊ အခုချုပ်မှ သစ် သစ်လွင်လွင် ရှိမှာ ပေါ့” ဟု မာမာကာမိုတိုက အေးအေးဆေးဆေးရှင်းပြသည်ကို အင်တင်တင်နှင့် ပင် ကြွေ လက်ခံထားလိုက်ရပေ၏ ။

စေဇိုအား ကင်ရှားဆားသို့ လွှတ်သင့်မလွှတ်သင့်ကိုမူ မနက်ဖြန်ကျမှ အစည်းအဝေးငယ် တစ်ခုခေါ်ဖို့ ပါပါကာမိုတိုအား တောင်းဆိုမည် ဟု ကြွေက စိတ်ကူးသည်။

ထိုညတွင် အလုပ်ခွင်မှတ်တမ်းကို ကြွေရုပ်က အတိအကျ တိုတိုရှင်းရှင်း လိုရင်း ရေး မှတ် သည်။

ကြွေမပျက်မကွက် တာဝန်ယူရေး မှတ်ရမည့်  အလုပ် ဖြစ်သည့်အတွက် လေးလေးနက်နက် စဉ်းစားပြီးမှ မြန်မာလိုပဲ မှတ်တမ်းတင်သည်။ ဒါဟာ အင်္ဂလိပ်ဘာသာ၊ ပြင်သစ်ဘာသာ ကျွမ်းကျင် သော ကီတူလူမျိုးတွေ ကြားမှာ အကောင်းဆုံးသော လုံခြုံမှု ပါပဲ။

အခွင့်ကြုံ၍ အေးရီမထံ စာတိုက်မှ စာထည့်ပေးဖို့ စေဇိုနှင့် ပေးလိုက်မည် ဆိုလည်း စာ အိတ်ဖောက်ကာဖတ်ကြည့်လျှင်ပင် နားမလည်နိုင်မည့်  မြန်မာစလုံးတွေ ကို ကြွေ ဖွဲ့နွှဲ့စီကုံး ဖြစ် လေသည်။

ငါ့မှာ လုကူစားရတာ ဖြင့် နှစ် ရက်ရှိသေး၊ စိတ်ထင်အလေးချိန်နှစ် ပေါင်လောက်လျော့ကျ သွားပြီး အောက်မေ့မိတယ်။ စေဇိုကိုကင်ရှားဆားလွှတ်ပြီး ယောင်္ကျားလေးတွေ အတွက် ဘောင်းဘီရှည်ဝယ်ခိုင်း ဖြစ်ရင်တော့ ငါ့အတွက် ဆန်ဆီဆားမှာ ရမယ်။

ယနေ့ညနေစာကို မင်ရှင်နရီဆမ်နှင့် ဇနီးဗစ်ကီတို့က ကြွေ့အားဖိတ်ခေါ်ကျွေးမွေးသည်။ လူကုစားနေရသည်ကိုကြင်နာမဆုံး ဖြစ်ကာ ဆန်နှင့် ဂျုံအချို့ခွဲပေးသည်။ ဟင်းရွက်ဆီတစ်ပုလင်း သည် လက်ဆောင်ပေးလိုက်သေး၏ ။ စာရင်းရေး ပေးပြီး ကင်ရှားဆားမှ အ၀ယ်တော် မပုတိုအား ပေးခိုင်းလိုက်လျှင် မပုတိုဝယ်ပေးလိမ့်မည် ဟု သူတို့က အကြံပေး၏ ။

“မွန်ဒဲလေးတွေ ကဲဒီဆီပဲသုံးတယ်။ ကျွန်မတို့စားတဲ့ဆီအုန်းက အရသာလည်းကောင်း၊ ဈေးလည်းသက်သာတယ်။ ဒါပေမဲ့ နံလို့တဲ့ မစားကြဘူး၊ အရောင် ချွတ်မထားတာလည်း သူတို့ မကြိုက်ဘူး”ဟု မွေးယူးမားက ပြောပြသည်။

အဲသည်ညမှာ လည်း ဟစ်ပိုပေါ်တွမ်တွေ ကတော့ အော်မြဲမြူးမြဲ ဖြစ်မှာ ပါ။ ကြွေမှာ တော့ အလုပ်ခွင်ဝင်ရသည်မှာ လူမမောသည့်တိုင် စိတ်တွေ မောဟိုက်သည်နှင့် ခေါင်းချသည်ဆိုတရှူးရှူး အိပ်မောကျသွားတော့တာပါပဲလေ။

ပဲစိမ်းတောင့်၏ နံနက်ခင်းသည် သာယာလှပနေသည်။ ကြွေရုံးခန်းဝရောက်သည်နှင့် စေဇို က ခေါင်းမော်ကြည့်ကာ ထိုင်ရာမှထပြီး ဦးညွတ်ဂါရ၀ပြုသည်။ “ဘော့တေ မာမာကြွေဟုလည်း နှုတ်ခွန်းဆက်သည်။

“ဘော့တေ စေဇို”

စေဇိုသည် အခန်းတံခါးအနီးအထိ ထွက်ကြိုကာ ကြွေ့လက်ထဲမှ အတက်ချီအိတ်မည်း ကလေးကို လှမ်းယူပြီး ကြွေ့စာပွဲပေါ်တင်ထားပေးသည်။

“ကျွန်တော် တို့ ကလေးတွေ ကို သွားလှည့်ပတ်ကြည့်ကြရမယ်။ ဆရာဝန်ရောက်မလာခင် ဘာများ လိုအပ်နေမလဲ သွားကြည့်ထားမှ ဖြစ်မှာ ။ ဟိုတစ်ခေါက်က ခုတင်တိုင်ကျိုးပြီး ဆရာဝန့် ခြေထောက်ပေါ်ပြုတ်ကျလို့ ဆရာဝန်တော် တော် စိတ်ဆိုးတယ်။ ဇိုင်ယာဝါလူမျိုးကလေးငယ်တွေ အပေါ် ခွဲခြားနှိမ့်ချတယ်လို့ သူကစွပ်စွဲနေကျ”

ကြွေရုပ်က ဖိုင်တွဲ ကို ကောက်ကိုင်ကာ မိဘမဲ့ကလေးတို့ပျော်စံရာ ရိပ်သာသို့ သွားဖို့ အသင့် ဖြစ်သည့်တိုင် စေဇိုမှာ မူကား၊ သူ့စားပွဲမှ မထနိုင်သေးဘဲ စာရေး တာကို လက်စသတ်နေရသေး သည်။

“အဲဒါဟုတ်သလောက်လည်း ဟုတ်တယ် မာမာကြွေကျွန်တော် တစ်ခုပဲ စိတ်မကောင်းတာ က သူများ လူမျိုးက ခွဲခြားနှိမ့်ချတာခံရရင် တော် သေးတယ်။ ကိုယ့်လူမျိုးအချင်းချင်း မာမာကာ မိုတိုက နှိမ့်ချတာတော့ လွန်တာပေါ့ဗျာ ”

“မာမာကာမိုတိုကတကယ်ပဲ ကလေးတွေ ကို ခွဲခြားတတ်လို့လား စေဇိုရဲ့ ”

“တပ်ပေးဘိုကုတပ်ပေး”တစ်အား တစ်အားကို ရိုက်သပေါ့ဗျာဟု စေဇိုသည် လကတစ်ဖက် က ကိုင်ထားသော ဘောလ်ပင်ဖြင့် ကျန်လက်ကို တဖတ်ဖတ်ရိုက်ပြသည်။ ပြီးတော့မှ သတိရသွား လေဟန် သူ့ပါးစပ်ကို သူလက်ဖမိုးဖြင့် ပိတ်၏ ။

“ခွင့်လွှတ်ပါ မာမာကြွေ၊ ကျွန်တော် ပြောတာတွေ မကြားဘူးလို့ ထားလိုက်ပါနော်” ကြွေရုပ် ဟန်လုပ်ရယ်မောရသည်။

“ဆာဗားဆာဗား ကောင်းပြီ၊ ကောင်းပြီ၊ ကျွန်မနားကန်းနေလိုက်ပါပြီရှင်”

တံခါးတွန်းဖွင့်သံကြောင့် စေဇုရောကြွေရုပ်ပါ အထိတ်တလန့် ဖြစ်သွားကြသည်။ ပွင့်လာ သော တံခါးကို ကိုင်ထားသော အသားဖြူလက်ကိမြင်မှ နှစ် ယောက် သား တစ်ယောက် ကို တစ်ယောက် ကြည့်ကာ သက်ပြင်းချမိကြရလေ၏ ။

အခန်းထဲဝင်လာသော ပက်ထရိစ်က “ကွန်းမားမာမာကြွေ၊ ကွန်မားစေဇို”ဟု နှုတ်ခွန်းဆက် သည်။ ပြီးတော့ သူကပြုံး၍ မေးလိုက်သည်။

“စိတ်ဝင်စားစရာပါလား၊ ကြွေကဘာလို့နားကန်းပေးနေရတာ လဲ”

စေဇိုမျက်နှာပျက်သွားသည်။

“ကျွန်တော် ဘာမှပြောမနေပါဘူး မွန်ဆီယာပက်ထရိစ်”

“ကျွန်တော် လည်းဘာမှမကြားပါဘူးဗျာ”

သူကကြွေ့စားပွဲပေါ်သို့ဖိုင်တွဲ တစ်ခုကို တင်လိုက်သည်။

သူ့နှုတ်ခမ်းပါးကလေး မသိမသာတွန့်လျှက် စွဲလမ်းချစ်ခင်ဖွယ်ရာပြုံးကာ ဘယ်လက် မြှောက်ပြ နှုတ်ဆက်ခဲ့ပြီး အခန်းထဲမှပြန်လှည့်ပျောက်ကွယ်သွားတော့သည်။

စေဇိုသည် ပြုံးဖြီးဖြီးနှင့် သူ၏ အတန်ငယ်ကောက်ချိတ်သော ၀လုံးလုံးတင်ပါးဆုံကလေး တလှုပ်လှုပ်နှင့် လက်နှစ် ဖက်ကို ဘယ်ညာယမ်းခါလျက်နေသည်။

“သူက သူ့အသားဖြူတာနဲ့ပဲ သူ့သွေးထဲမှာ အမည်းသွေးတစ်ဝက်ပါနေတယ်ဆိုတာ မေ့ မေ့နေတယ်”

“အို-စေဇိုကလဲ”

ပက်ထရိစ်ဟာ ဒီလိုလူစားဟုတ်မယ်မထင်ပါဘူးဟု ငြင်းချက်ထုတ်ချင်သော လျှာကို အသာမှေးကိုက်ပြီး ထိန်းသိမ်းလိုက် ရသည်။ သူတို့လူမျိုးသူတို့အကြောင်းကို သူတို့အချင်းချင်း ကသာ ပိုသိမှာ ပါ။ ကြွေကတစ်ပြည်သူပေပဲ။ မနေ့တစ်နေ့ကမှ သူတို့ရေမြေသို့ အမှတ်မထင် ရောက်ရှိလာရသူလေ။

စေဇိုစာအသုံးသတ်နေခိုက် ကြွေကဒစ်စ်ကတ်ကို ဖွင့်ကြည့်သည်။

စာပေးပို့သူသည် မီရှဲလ်ကိုယ်တိုင် ဖြစ်လေ၏ ။

“ကျွန်မအဆင်ပြေမယ်လို့ မျှော်လင့်တဲ့အကြောင်း မီရှဲလ်ကရေး လာတယ်၊ အယ်လေထရဲ ဂျော်တီးလ်၊ သူဟာသိပ်ကိုကြင်နာတတ်သူပါပဲ”

စေဇိုက ပခုံးတွန့်သည်မှတစ်ပါး တစ်စုံတစ်ရာမှတ်ချက်မပေး။

“မာမာကာမိုတိုလည်း မလာသေးဘူး”

“ကလေးဆောင်ကနေ စောင့်နေမယ်ထင်တယ်”

“ဒါဆိုလည်းသွားကြစို့၊ ဆရာဝန်ထက်အရင်လည်းရောက်နှင့် ရင်ကောင်းမှာ ပေါ့”

စေဇိုက ဖိုင်တွဲ ကိုကိုင်ကာ ကြွေနောက်တစ်လှမ်းကွာမှ လိုက်လာသည်။

သူတို့သည် ရုံးခန်းမှထွက်လာကာ လမ်းကူးပြီး ကလေးများ ဂေဟာဘက်သို့ လျှောက်လာ ကြသည်။

ဂေဟာတိုက်တန်းလျားရှည်ကြီး၏ ထောင့်စွန်းအခန်းမှာ ဂေဟာရုံးခန်း ဖြစ်သည်။ ဂေဟာ ကလေးထိန်းအင်နီတာက ကြွေတို့လာနေသည်ကို မြင်သည်နှင့် တံခါးဝသို့ ထွက်ကြိုနေသည်။ သူမသည် ကျောက်သလင်းဝတ်စုံ ဖြစ်သော စိမ်းဖန့်ဖန့်အရောင် နောက်ခံတွင် ပဲစိမ်းထောင့်ကလေး တွေ ကြဲပြန့်နေသည်။ သူမအသားအရေသည် ညိုမောင်းရုံသာရှိပြီး မည်းမည်းချိတ်ချိတ်ကြီး မဟုတ်ပါ။ သို့ သော် နှုတ်ခမ်းတွေ ကမူကား ကြွေ့အမြင်တွင် မလှဘူးထင်မိအောင် အတော် ထူ ပိန်းသည်။

“မွန်ဂန်းဂါနောက်ကျမယ်တဲ့ မာမာကြွေ၊ ညက အစာအိမ်ပေါက်တဲ့လူနာခွဲစိတ်ရတယ်တဲ့၊ ကျွန်မပဲလိုက်ပြနှင့် ပါလို့ သူ့တပည့်လာပြောထားပါတယ်”

အခန်းများ ၊ ရေချိုးခန်းအိမ်သာများ ကို ရှင်းလင်းသန့်စင်ပေးရန် သန့်ရှင်းရေး သမားများ ကို လည်း အမျိုးသားနှစ် ဦး၊ အမျိုးသမီးနှစ် ဦးခန့်အပ်ထားသည်။ ထမင်းစားခန်းတွင် လည်း ကလေးများ စားသောက်ရာ၌ ရှင်းလင်းပြင်ဆင်သိမ်းဆည်းဖို့ သူတို့ပဲ အလှည့်ကျတာဝန်ခွဲဝေယူကြရသည်။

ထုံးစံအတိုင်းအပြန်အလှန်နှုတ်ခွန်းဆက်ကြလေသည်။ ကောင်းသော နေ့ပါ။ ကျန်းမပါစ၊ ကျန်မာ ပါတယ်။ ကျေးဇူးပါပဲ။ “ကျွန်မတို့ အသုံးအဆောင်ပရိဘောဂတွေ ကို ခပ်မြန်မြန်ပဲ စစ်ဆေးလိုက်ကြ မယ်၊ ရေပိုက်၊ ဘုံဘိုင်ခေါင်း၊ အိမ်သာတွေ လည်း လှည့်ပတ်စစ်သွားကြတာပေါ့၊ ရေကန်၊ မီးဖိုချောင်၊ ထမင်းစားခန်းအားလုံး စစ်ရဦးမှာ ဆိုတော့ မာမာကြွေတော့ ပင်ပန်းမှာ ပဲ”

“ဒါကျွန်မအလုပ်ပါ အင်နီတာရယ်၊ မွန်ဂန်းဂါလာရင် အပြစ်မတွေ့ ဖို့ အရေး ကြီးပါတယ်”

မွန်ဂန်းဂါဆိုသည်မှာ ကီတူဘာစကားအရ ဆရာဝန်ဟု အဓိပ္ပာယ်ရသည်။ ဆရာဝန်၏ အမည် ကာဇွန်းဂါး ဖြစ်လေသည်။ ကလေးတွေ ၊ ၀န်ထမ်းတွေ ၏ ကျန်းမာရေး သာမက ကျောက်သလင်းဌာနကြီးတစ်ခုလုံး၏ သန့်ရှင်းရေး ကိုလည်း သူကစစ်ဆေးကြည့်ရှုတာဝန်ယူပေး ၏ ။

အနီးဆုံးအခန်းမှာ လသားကလေးငယ်တွေ ထားသော အခန်း ဖြစ်သည်။ ဆေးရုံက ကလေး တစ်လပြည့်မှ လာရောက်လွှဲပြောင်းပေးသွားလေ့ရှိသည်။ အဖြူရောင် ကျောက်သလင်း အငယ်ဆုံး ကလေးသည် အသက်နှစ် လခွဲရှိလေပြီ။

ဂေဟာတွင် လသားကလေးငယ် စုစုပေါင်းငါးယောက် ရှိ၏ ။

မွေးကတည်းက မျက်စေ့မမြင်နားမကြားရှာသော ကလေးမှာ မိခင်ကဆေးရုံမှာ ထားရစ်ခဲ့ ပြီး ဆင်းပြေးသွားခဲ့ရာ ကျောက်သလင်း၏ စောင့်ရှောက်မှု ခံယူရသော ကလေး ဖြစ်လာခဲ့ပြီး ယခု အခါ ခြောက်လတင်းတင်းပြည့်ခဲ့ပြီဟု အင်နီတာက ပြောပြသည်။ အကြီးဆုံးကလေးက ဆယ့် တစ်လသမီး ဖြစ်ပြီး ပါပါကာမိုတို၊ မာမာကာမိုတို၊ အင်နီတာတို့ တစ်တွေ သာမက၊ ဆရာဝန်ကြီး ကာဇွန်းဂါးကိုပင်လျှင်၊ ဘော့တေဘွန်ဂျူးနှင့် နှုတ်ခွန်းဆက်တက်နေပြီ။ မာမား ပါပါး လုကူနှင့် စကားတွတ်တီးတွတ်တာ ချွဲကာနွဲ့ကာ မပီကလာ ပီကလာ ပြောတတ်နေပါပြီ။

အဲသည်အခန်းမှာ ဖယောင်းပုဆိုးတွေ အတော် ပေါက်ပြဲနေပြီမို့ ကလေးတွေ လေးဖက် တွားသော အခါ ထိရှငြိလဲနိုင်သည်။ ထို့ကြောင့် အသစ်လဲလှယ်ပေးဖို့ လိုအပ်သည်ဟု ကြွေရုပ်က မှတ်ချက်ရေး သည်ကို အင်နီတာကျေနပ်ဝမ်းသာနေခဲ့သည်။

“ကျွန်မပြောတာကျတော့ မာမာကာမိုတိုက ကျောက်သလင်းမှာ ရန်ပုံငွေ အားနည်းနေ တယ်တဲ့ အရေး တယူရှိပုံချင်းကွာတယ် မာမာကြွေရဲ့ ”

“ကျောက်သလင်းဟာ ကလေးတွေ အတွက် ဖွဲ့စည်းထားတာမဟုတ်လား၊ သူတို့သက်သာ ကျန်းမာရေး ဟာ ပထမ ဖြစ်သင့်တာပေါ့။ ပြီးတော့လည်း အင်နီတာက ဂေဟာရဲ့ လက်မှတ်ရ ကလေးထိန်းပဲ။ ကလေးနို့မှု န့် ဘယ်လောက်လိုအပ်တယ်ဆိုတာ ပြောခွင့်ရှိတာပေါ့”

“ကလေးနို့မှု န့်ဟာ ဒီလခွဲတမ်းအရ နည်းတယ်။ တစ်လသားကလေး ထပ်ရောက်လာတော့ နို့မှု န့်ရမယ် ထင်ပေမယ် တစ်လခွဲသာကြာသွားတာ၊ လုံးဝထပ်မပေးဘူး”ဟု အင်နီတာက ပြောသည်။

“အရင်အပတ်က ထပ်ရောက်တာ စာရင်းထဲမှာ ကျွန်မတွေ့ တယ်၊ မာမာကာမိုတိုက မပေး ဘူးလား”

“ကျွန်မ မသိသေးလို့ ထင်ပါရဲ့ ၊ ဟုတ်ပါလိမ့်မယ်”

“အင်နီတာသိဖို့လိုတာပေါ့၊ မဟုတ်ရင် ကလေးနို့မသောက်ရဘဲ ဖြစ်နေမှာ ပေါ့”

စေဇိုသည် ကလေးသူငယ်ချော့မြှူးသော တေးတစ်ပုဒ်ကို မပွင့်တစ်ပွင့်မကြားတကြား ညည်းနေသည်။

“ရေထဲကျသွားပြီ၊ ငါးကြီးမျိုလိုက်”

စေဇို့မျက်နှာက ပြုံးစေ့စေ့၊ သူ့အမူအလေ့အတိုင်း သူ့တင်ပါးကလေး လှုပ်တုတ်လှုပ်တုတ် နှင့် ။ အင်နီတာက စေဇိုကို မျက်စောင်းထိုးကာ တော် စမ်းပါဟာ မာန်မဲသည်။

“ကျွန်မပြောတယ်လို့ မာမာကာမို ကိုကိုမပြောပါနဲ့နော်”

ကြွေမျက်နှာအိုသည်။ တစ်ယောက် လာလည်း မပြောပါနဲ့ တစ်ယောက် လာလည်း မပြောပါ နဲ့။ သည်မိဘမဲ့ဂေဟာမှာ ဘာကြောင့် များ သည်လောက်တောင် လျှို့ဝှက်နေကြတာလဲ။

အဆွယ်ကလေး ထုတ်ထားသော အခန်းတွင် အိပ်ချပ်အိုင်ဗွီပိုးပါသော ကလေးငယ် တစ်ယောက် နှင့် အေအိုင်ဒီအက်စ် ဖြစ်နေသော ကလေး တစ်ယောက် ရှိနေသည်။ သူတို့ကို ပြုစုဖို့ သီးခြားကလေးထိန်း တစ်ယောက် ခန့်အပ်ထားလေသည်။

ယခု ၁၉၉၅ခုနှစ် ပိုင်းမှာ အာဖရိက နိုင်ငံအချို့နှင့် အတူ ဇိုင်ယာနိုင်ငံမှာ လည်း ပိုးကူးစက်ခံ ရသူတွေ ရှိနေခဲ့ပြီ။ ဟောသည် ဘန်ဒုဒူခရိုင်မှာ သာ ခရစ်ယာန်သာသနာပြုလုပ်ငန်းက အနှစ် ငါး ဆယ်ကျော် လွှမ်းမိုးခဲ့သော ကြောင့် ပိပိပြားပြား စောင့်စောင့်ထိန်းထိန်း နေထိုင်ကြာသူတွေ များ ပြား ပြီး လိင်မှု လုပ်ငန်းတွေ မပေါ်ထင်ဘဲရှိနေသည်။ ကြေးနီမိုင်းများ ၊ ရာဘာခြံများ သို့ အလုပ်သွား ရောက်ပြီး ပြန်လာကြသော အလုပ်သမားတွေ ထံမှ ဇနီးသို့ ကူးစက်ကာ ကိုယ်ဝန်ရှိလာ၊ အိပ်ခ်ျအိုင် ဗွီပိုးပါသော ကလေးတွေ မွေးဖွားလာကြခြင်း ဖြစ်လေသည်။

နောက်တစ်ခန်းသည် ငါးနှစ် အောက် ကလေးသူငယ်များ အတွက် ဖြစ်သည်။

စီပီ Cerebral palsy ဟု ဒေါက်တာကာဇွန်းဂါးပြောဆိုသော ဦးနှောက်အားနည်းသည့် ဝေ ဒနာရှင်ကလေးမှာ အသက်သုံးနှစ် ရှိပြီ ဖြစ်သော်လည်း ကိုယ့်ဘာသာမထိုင်နိုင်၊ မစားနိုင်၊ စကား မပြောနိုင်၊ အသိနှင့် ခံစားချက် မပြည့်စုံရှာပါ။

ကျန်ကလေးနှစ် ယောက် မှာ အစာအာဟာရချို့တဲ့သော ကွာရှာကော Kwashiorkor၊ မာရစ် မတ် Marasumus ဝေဒနာတွေ ခံစားနေကြရသည်။ သူတို့သည် မိဘမဲ့ဂေဟာရောက်လာပြီးသည့် တစ်နှစ် ကျော်ကာလအတွင်း အာဟာရပြည့်သော အစာအစားစားသုံးပြီး သက်ဆိုးရှည်လာသည့် တိုင် သိသိသာသာ ပိုပြီးကျန်းမာသန်စွမ်းလာခြင်း မရှိသေးဘူးဟု အင်နီတာက ပြောပြသည်။

အလတ်ကောင်ကလေး ကတော့ စိတ်မနှံ့ရှာပါ။ သူသည် အကြောင်းမဲ့ ပြုံးရယ်နေတာ လေဟာနယ်အတွင်း မမြင်ရသော အရာများ နှင့် စကားပြောဆိုနေလေ့ရှိသည်။ သူဘာမြင်သလဲ၊ ဘယ်သူတွေ လဲမေးလျှင် မပြောပြ။ “ခုထိပဲ သူ့ကို ဂရုစိုက်ပြီး အီးအီးတည်မှ၊ မဟုတ်ရင် ပါချပြီး ဆော့နေစားနေ၊ သိပ်စိတ်ပျက်ဖို့ကောင်းတယ်”

ငါးနှစ် မှ ဆယ့်တစ်နှစ် အထိ တစ်ခန်း၊ ဆယ့်နှစ် နှစ် မှ ဆယ့်ရှစ်နှစ် အထိ တစ်ခန်း။ ယောက်ျားလေးနှင့် မိန်းကလေး၏ အဆောင်များ အလယ်တွင် ထမင်းချက်ဆောင် ထမင်းစားခန်း နှင့် ပန်းခြံတို့က ကြားခံနေသည်

ထိုအခန်းများ မှကလေးကြီးတွေ ကတော့ ကျောင်းတက်သွားကြလေပြီ။ ကျောက်သလင်းမှ ကလေးတွေ ကို ခြံနီးချင်း ဧ၀ံဂေလိခရစ်ယာန်သာသနာပြုကျောင်းမှာ ပဲ အပ်နှံသည်။ သာသနာပြု ကျောင်းကလည်း မိဘမဲ့ကလေးတွေ ကို အခမဲ့ကျောင်းနခွင့် ပြုလေသည်။

“ကလေးကြီးတွေ က ဆိုးတယ် မာမာကြွေ၊ တံခါးမျောက်လက်ကိုချိုးဖဲ့ပြီး အခန်းထဲဝင် တယ်၊ ဘယ် တစ်ယောက် မှန် ကျွန်မတို့ မသိနိုင်ဘူးလို့ သူတို့က ထင်နေတယ်၊ ဒါပေမဲ့ ဒီလို ဆိုးသွမ်းတဲ့ ကလေးမျိုးက ဒီအခန်းမှာ နှစ် ယောက် ပဲရှိတာပါ”

အင်နီတာပြသော မျောက်လက်ကို ဖြုတ်ရန်နှင့် အသစ်လဲလှယ်ရန် ကြွေကစာရင်းမှတ်ရ ပြန်သည်။

“ဟောဟိုမှာ မျက်နှာကြက်ကျွံကျနေတာတွေ့ လား မာမာကြွေ၊ ကလေးတွေ မျက်နှာ ကြက်ပေါ်တက်ပြီး ငှက်ဖမ်းတာတဲ့”

ကြွေ၏ စာရင်းရှည်သထက်ရှည်လာလေသည်။

“ကလေးတွေ ခြင်သိပ်ကိုက်တာပဲ။ ဟိုဘက်မိန်းကလေးဆောင်က တစ်ယောက် တောင် စောစောက အဖျာတက်နေတယ် မာမာကြွေရဲ့ ၊ ငှက်ဖျားပဲပေါ့။ ခုလောက်ဆိုရင်တော့ အဖျားကျ လောက်ပြီ”ဟု အင်နီတာကပြောသည်။

လေဇာရီကို တစ်ဝိုက်သည် ကံကောင်းထောက်မစွာ ပင် ပြင်းထန်ငှက်ဖျားဆို ဖော်စီပရမ်မရှိ လှပဲ ဗိုက်ဗက်စ်သာအ ဖြစ်များ သည်ဟု သာသနာပြုများ က ဆိုသည်။ သူတို့ကိုယ်တိုင်လည်း ကာကွယ် ဆေးတွေ သောက်နေရင်းကပဲ ငှက်ဖျား ဖြစ်ကြတာပဲတဲ့။ လူတိုင်းလိုလို ငှက်ဖျားရှိနေကြ သည်ကို ကြွေစိတ်မကောင်းစရာ သိမြင်ရပေ၏ ။ သူတို့တစ်တွေ သည် အချိန်တန် ငှက်ဖျားတက်၊ အဖျားကျသွားပြီးလျှင် အချိန်အနည်းငယ် ခြေကုန်လက်ပန်းကျနေတာ၊ တော် ကြာအလုပ်ထလုပ်၊ ကလေးဆိုလည်း ထကစားနှင့် နောက်သုံးလေးရက်ကျမှ တစ်ကြိမ်အဖျားတစ်ပတ်ပြန်ကျော့လာ ပြန်တာပါတဲ့။

တကယ်ပင်အသက်ဆယ့်သုံးနှစ် အရွယ် မိန်းကလေးတစ်ဦးမှာ သမံတလင်းပေါ်တွင် ခွေခေါက်လဲလျောင်းပြီး မျက်လုံးများ မှိတ်နေလေသည်။

“နဒွမ်းဘာ၊ နဒွမ်းဘာ” မိန်းကလေး၊ မိန်းကလေး။

ကြွေသည် ကလေးမ၏ နံဘေးသို့ ဒူးထောက်ထိုင်ချပြီး ပခုံးကိုကိုင်လှုပ်နှိုးသည်။ ကလေးမ လေးက မျက်လုံးယဲ့ယဲ့ဖွင့်ကာ အင်ဟု အသံပြုပြီးနောက် ပြန်မှိတ်သွားခဲ့သည်။

“အို မာမာကြွေ၊ ရပါတယ်၊ ထ၊ ထ သူတို့ဒီလိုပဲ အဖျားကျရင် မောပြီးအိပ်သွားတာ၊ တော် ကြာနိုးလာရင် ကောင်းသွားမှာ ပါ”

“ဒါပေမဲ့ သူတို့သမံတလင်းပေါ် တုံးလုံးပက်လက် မထားခဲ့ချင်ပါဘူး အင်နီတာရယ်၊ ခုတင်ပေါ် တင်ပေးလိုက်ကြရအောင်ပါ”

စေဇိုနှင့် အင်နီတာသည် ကြွေ့ကိုမလွန်ဆန်နိုင်၍ သာ ကလေးမကို ၀ိုင်းဝန်းပွေ့ချီပြီး ခုတင်ပေါ် တင်ပေးလိုက်ကြစေကာမူ၊ လှောင်ချင်သလို ပြုံးချင်သလို မျက်နှာပိုးမသေကြ။

“မွန်ဂန်းဂါလာတော့မှာ ပါ၊ ဆေးသောက်လိုက်ရင် ပျောက်သွားမှာ ပါ”ဟု ကြွေက နှစ် သိမ့် အားပေးသည်။

“ငှက်ဖျားဒေသဆိုတော့ ဘယ်တော့မှ မပျောက်ဘူးမာမာကြွေ ”ဟု အင်နီတာကပြောဆဲ စေဇိုက သူမ၏ လက်မောင်းကို တတောင်နှင့် တွတ်ပြီး ဆရာလုပ်မနေပါနဲ့ဆိုသော သဘောနှင့် တား မြစ်သည်။

အင်နီတာက သူမ၏ ပါးစပ်ကို လက်ဖ၀ါးနှင့် ပိတ်ကာ ကြွေ့အားတောင်းပန်သော မျက်လုံး များ နှင့် လှမ်းကြည့်လေသည်။

ရှင်တို့ဟာဘယ်စကားကိုမှ ပွင့်ပွင့်လင်းလင်း စိတ်ထဲရှိသလို မပြော ကတော့ဘူးလားဟု အော်ဟစ်လိုက်ချင်စိတ်ကိုကြွေမနည်းမျိုသိပ်လိုက်ရလေ၏ ။

“ဘွန်ဂျူး မာမာကြွေ၊ ကွန်မား”

ခပ်ဝေးဝေးမှ လှမ်းအော်နှုတ်ဆက်သံကြောင့် ကြွေလှည့်ကြည့်သည်။

“နောက်ကျသင့်လို နောက်ကျရတာ ပါလို့ မာမာကာမိုတို ကတော့ ပြောမှာ ပါပဲ” ဟု စေဇိုက တိုးတိုးတိတ်တိတ် အတင်းပြောသည်။

မာမာကာမိုတို၏ လက်ထဲတွင် လျှောက်လွှာစာရွက်ရှည်တစ်စောင်ပါလာသည်။

“ရုံးချုပ်ဝင်ပြီး မာမာကြွေ ရုံခန်းမှာ ပစ္စည်းလျှောက်လွှာ ကော်ပီဝင်ထားနေတာနဲ့ ကျွန်မနောက်ကျသွားတယ်၊ မာမာကြွေတို့လည့်စစ်လို့တောင် ပြီးတော့မှာ ပဲကိုး၊ မွန်ဂန်းဂါက ကျွန်မထက်တောင် နောက်ကျသေး”

“ညက ဆေးရုံမှာ ခွဲစိတ်လူနာရှိလို့ မအိပ်ရလို့ပါတဲ့၊ သူ့တပည့်လာပြောပါတယ်”ဟု အင်နီ တာက ပြောသည်။

“ဂိုထောင်ကနေ ကျွန်မ ကတော့ ပစ္စည်းတစ်ချို့ထုတ်ခဲ့ပြီ၊ ကလေးတွေ အေးတာနဲ့ စောင်တွေ လိုတယ်လေ၊ ပြီးတော့ခြင်ထောင်လိုတယ်”

“အခုဆောင်းကုန်တော့မှပဲ မာမာကာမိုတိုရဲ့ ၊ ဂိုတောင်မှာ စောင်လက်ကျန်နည်းနေပြီ မဟုတ်လား”

“ကျွန်မထုတ်လာတာ အကုန်ပဲမာမာကြွေ”

“ထပ်မှာ ထားတာ ရောက်မှ ထုတ်ရအောင်လား”

“ကလေးတွေ ချမ်းနေတာတွေ့ သွားပြီ မွန်ဒဲလေးတွေ မှတ်ချက်ဆိုး ပေးသွားမှာ စိုးရတယ်”

ကြွေရုပ်ရောက်ခါစက သည်ထက်အများ ကြီးပိုချမ်းသော်လည်း ဧည့်သည်တွေ လာမှ အမြင် လှအောင် ထုတ်မည် ဟုမာမာကာမိုတုပြောခဲ့သည်အတိုင်း ခုမှထုတ်ယူလာပြီး ခင်းကျင်းပြင်ဆင် တော့မည် ။

“မွန်ဂန်းဂါလာပြီ”ဟု အင်နီတာက ပြောသည်နှင့် ကြွေကလည်ပြန်လှည့်ကြည့်လိုက်လေ သည်။

အရပ်မြင့်မြင့်ပိန်ပိန်ပါးပါး နှုတ်ခမ်းမွှေးမုတ်ဆိတ်မွှေးမှာ ကျူးဘားသမ္မတ ကတ်စထရိုပုံစံ သပ်ရပ်စွာ သထားသည်။ အသားအရေး မမည်းလှဘဲ လတ်သည် ဆိုရမည် ။ သူ၏ ဂျူတီကုတ် သည် သန့်စင်သော်လည်း ၀တ်ဖန်များ ပြီးနွမ်းရိကာ သူ့အရပ်ထက်စာလျှင် တိုနံ့နံ့ ဖြစ်နေတာပဲ ပြောစရာရှိပေမည် ။

“ဘွန်းဂျူးမဇ်ကြွေ၊ ကျွန်တော် နောက်ကျသွားတာ ခွင့်လွှတ်ပါဗျာ၊ ညကခွဲစိတ်ခန်းထဲဝင်ရ တာ တစ်ညလုံတစ်ရေး မှ မအိပ်လိုက်ရဘူးဗျ”

ကြွေသည် မာမာကာမိုတိုနှင့် ဆက်ပြီးမဆွေးနွေးနိုင်ဘဲ အကြွေးချိန် တေးမှတ်ထားလိုက်ရ သည်။ နောက်တစ်ချိန်ချိန် စာထုတ်ကာ ကလေးစောင်ကိစ္စနှင့် ပတ်သက်ပြီး အစည်းအဝေး ထိုင်ကြရပါလိမ့်မည် ။ စောစောက စိစစ်ကြည့်ရှုပြီးသား ကလေးပေါက်စဆောင်၊ အိပ်ခ်ျအိုင်ဗွီ၊ အေ့ဒ်စ်ဆောင်၊ ငါးနှစ် အောက်အဆောင်၊ ကလေးကြီးများ အဆောင်တွေ ကို တစ်ဖန်ထပ်ကျော့ လှည့်လည်ကြည့်ရှုကြရပြန်သည်။ ပြီးတော့မှ ရေကန်၊ မီးဖိုချောင်၊ ထမင်းစားခန်း။

အိပ်ခ်ျအိုင်ဗွီပိုးပါးသော ကလေးသည် ဒေါက်တာ ကာဇွန်းဂါး အခန်းထဲသို့ ၀င်လာသည်နှင့် ဘွန်ဂျူးပါးပါးဟု ခေါ်ကာ နှုတ်ဆက်သည်။ ဆရာဝန်က လက်ကမ်းကြိုဆိုသည်နှင့် တစ်ပြိုင်နက် တောက်တောက်လျှောက်သွားကာ ရင်ခွင်ထဲသို့ ၀င်သွားလေ၏ ။

“သိပ်အကင်းပါးတဲ့ကလေးဗျ၊ သက်ဆိုးရှည်မှ မဟုတ်တာ ကြိုသိနေတော့နှမြောတယ်”

အေ့စ်ဝင်နေပြီး အနာအဆာကလေးတွေ နှင့် ပိန်လှီနေသော ကလေးကိုလည်း ကလေး ထိန်းလက်မှ လှမ်းယူကာ ပွေ့ချီချော့မြူသည်။ ငှက်ဖျားမကလေးကို ကြွေတို့သေချာချွေး သုတ်လဲ လှယ်ထားပေးတာတောင် မလုံလောက်ဘူးထင်တာ ဆရာဝန်က မာမာကာမိုတိုအား အပြစ်တင် သေးသည်။ အင်္ကျီလည်ကုတ်ဖွာနေတာကို လက်နှင့် တို့သည်။ အင်္ကျီလက်မောင်းစုတ် နေသည်ကို သူ့လက်သန်းထိုးထည့်ပြသည်။ တဟိဟိကျိတ်ရယ်အားရနေသော စေဇိုအား မာမာကာမိုတိုက မျက်စောင်းတခဲခဲ ဖြစ်နေလေ၏ ။

“ဆေးရုံဝတ်စုံ ထပ်ချုပ်ပါဦးလို့ ခင်ဗျားကို တစ်ရာ့တစ်ကြိမ်မြောက်ပြောရာမှာ စိတ်မ ကောင်းစရာပဲ၊ ခင်ဗျားတို့မှ ကိုယ့်လူမျိုးကို ဂရုမစိုက်ရင် အသားဖြူတွေ ကတော့ ဝေးရောပေါ့ဗျာ၊ ကျုပ်တို့တစ်တွေ ကို သူတို့ရဲ့ ခွေးတွေ ကြောင်တွေ လောက် တန်ဖိုးမထားရဲတဲ့အထဲ”

ဒေါက်တာကာဇွန်းဂါးသည် လူနာတွေ အပေါ် အတော် ကြင်နာသူ တစ်ယောက် ဖြစ်သည်ဟု ကြွေသတိပြုမိလေသည်။ သည်မျှသာမက သူ့လူမျိုးအရေး ကိုလည်း ဂရုထားသူ ဖြစ်ကြောင်း အမှတ်ပေးကာ လေးစားနေမိပြန်သည်။

“ကျွန်တော့် ကို ဆရာဝန် ဖြစ်အောင် သင်ပေးတဲ့အတွက် သာသနာပြုတွေ ကို ကျေးဇူးတင် ပါတယ်၊ ဒါပေမယ့် ကျွန်တော် တို့ရဲ့ စိန်တွေ ၊ ရာဘာတွေ ၊ ကြေးနီတွေ ၊ ယူရေနီယမ်တွေ ကို သူတို့လူ မျိုးတွေ ၀ယ်ယူနိုင်အောင် လမ်းချောပေးသလို ဖြစ်ခဲ့ရတဲ့အတွက်တော့ ၀မ်းနည်းမိတာပေါ့ဗျာ”

လူဖြူတွေ အနှစ် နှစ် အလလ အဆီစားအသားမျိုခဲ့သည်ဒဏ်ကို သူတို့လူမျိုးတွေ နာကျင်ခံ စားနေကြရပါကလားဟု ကြွေက တွေးတောရင်း မဆီမဆိုင်ဝင်ပြီး အားနာနေမိပါလေ၏ ။

ကြွေရုပ်၏ ထမင်းစားခန်းသည် စာသင်ခန်း ဖြစ်လာခဲ့သည်။ ဘာသာရပ်များ သင်ကြားရာ စာသင်ခန်း ဖြစ်လာခဲ့သည်။ စသင်ချိန် တစ်ကြိမ်လျှင် နှစ် နာရီကျ သတ်မှတ်သည်။ ပက်ထရစ်က ဘာသာရပ်နှစ် ခုစလုံးပင် တစ်ပတ်ငါးကြိမ်ကျစီ သင်စေချင်သော်လည်း ကြွေ ကတော့ ဤမျှ အချိန် မပေးချင်။

“တစ်ပတ်ကို ကီတူဘာနှစ် ကြိမ် ပြင်သစ်စာ သုံးကြိမ်ပဲ သင်ချင်တယ်၊ ဒီထက်တော့ ကျွန်မမှတ်နိုင်မှာ မဟုတ်ဘူး”

ဆရာသည် ကျောက်သလင်းဖြူ၏ အချိန်ပိုင်း ၀န်ထမ်းလည်း ဖြစ်နေပြန်တော့ အထက်အ ရာရှိ ကြွေ၏ ဆန္ဒအတိုင်း လိုက်လျောရပေတော့စည်။ ပက်ထရိစ်စာလာသင်မည့်  ပထမဆုံးနေ့ တွင် ကြွေနှင့် မွေယူးမားတို့က ပက်ထရိစ်လာရောက်တပ်ဆင်မည့်  ကျောက်သင်ပုန်းမည်းမြင်သာ အောင် အလင်းရောင် ကောင်းကောင်းမြင်ရမည့် နေရာ ဖြစ်အောင် စားပွဲ၊ ကုလားထိုင် ရွှေ့ကြရ၏ ။

“ပက်ထရိစ်ရဲ့ အဖေဟာ ဘဲလဂျစ်ပေမဲ့ သူ့အမေက ဇိုင်ယာဝါ၊ ကီတူဘာလူမျိုးပဲ မာမာ ကြွေ”

ဇိုင်ယာနိုင်ငံသား၊ ကီတူဘာလူမျိုးဟု ကြွေက သိမှတ်လိုက်ရလေသည်။ ထိုစကားကို ပြော စဉ်တွင် မွေယူးမားသည် ကြွေရုပ်၏ မျက်နှာကိုတည့်တည့်မကြည့်။ မစ်ရှင်နရီမကလေးတစ် ယောက် ဟစ်ပိုပေါ်တမ်ကိုက်ပြီး သေဆုံးဖူးကြောင်းပြောနေစဉ်တုန်းကလို၊ ကြွေ့ဆံပင်တွေ ဖြောင့် စင်းအောင် ဘာဆေးလိမ်းသလဲကလေးတွေ က တစ်ခါတစ်ရံ မရိုးသားတတ်၊ ဖြောင့်မတ်စေကာမူ ပိပိရိရိတော့လည်း မလိမ်ညာတတ်ပေ။

“ဟုတ်ရဲ့ လား မွေယူးမားရယ်၊ သူ့ကို ကြည့်ရတာ လူဖြူစစ်လိုပါပဲလား”

“သူ့အမေက သူ့ကို မွေးခဲ့ပြီး သူ့အမေနဲ့ပဲ ကြီးပြင်းလာတာ တစ်ရွာလုံးအသိပဲ မာမာ ကြွေ၊ အို - ကျွန်မ ဘာလို့ မာမာကြွေကို လျှောက်ပြောနေမိပါလိမ့်၊ ပတ်ထရိစ်တော့ ကျွန်မကို စိတ်ဆိုးတော့မှာ ပဲ”

ပက်ထရိစ် မွန်နေးရီ၊ သူ့မျိုးရိုးနာမည် အရ သူ့အဖေဘက်က အမည် ဖြစ်နိုင်သော မွန်နေးရီ ဆိုသည်မှာ ဘယ်လ်ဂျီယမ် ဖြစ်ပါလိမ့်မည် ထင်သည်။

“သူ့အမေရဲ့ နာမည် က ဘာတဲ့လဲ”

ကြွေရုပ်၏ အသံခတ်ဆတ်ဆတ် ဖြစ်သွားကြောင်း ကိုယ့်ဘာသာရိပ်မိသည်။ မွေယူးမားက မျက်လွှာပင့် အကဲခတ်လေသည်။

“ပြောလေ မွေယူးမား၊ တို့သိချင်လို့ပါ” ဟု ကြွေလေသံပြန်ပျော့ပျောင်းသွားသည်။

“မာဘူဘာလီ”

“သူ့အဖေက ပက်ထရိစ်ကို ခေါ်မသွားဘူးလား”

“ယာန စေးပါ” ကျွန်မ မသိဘူးဟု ပြောရင်း မွေယူးမားပုခုံးတွန့်သည်။

“သူက ကျွန်မထက် အရင်မွေးတာလေ၊ အရင်ဇူလိုင်ဆယ့်ငါးရက်နေ့က နှစ် ဆယ့်လေးနှစ် ပြည့်သွားပြီး၊ သူ့ကို မွေးတုန်းက ကျွန်မမှ မမွေးသေးတာ”

“မွေယူးမားက ဘယ်နှနှစ် ရှိပြီမို့လဲ”

“ဆယ့်နှစ် ”

“ဒါပေမယ့် လူများ တွေ ပြောတာ ကြားဖူးမှာ ပေါ့၊ မကြားဖူးဘူးလား”

မွေယူးမား ခေါင်းခါသည်။ မပြောချင်ခြင်းသာ ရှိရမည် ။ မသိဘဲနေလောက်ဘူးဟု ကြွေ တွေးမိသည်။ ခေါ်မသွားလို့သာ သည်ဇိုင်ယာမှာ ပက်ထရိစ် ကျန်ရစ်ကြောင်းသိသာပါသည်။

“ဒါပေမယ့် ပက်ထရိစ်ဟာ တကယ့်လူဖြူပါပဲ၊ မွေယူးမား မပြောရင် သိမှာ မဟုတ်ဘူး”

“နောက် ခင်လာကြရင်ပြောမှာ ပါ၊ လူတွေ က သိပ်ပြောချင်တယ်၊ ကျွန်မတို့မှာ စိတ်ဝင်စား စရာ သိပ်မရှိတော့ ရှိတာကို အရေး တကြီးလုပ်ပြီး ပြောကြတာပဲ”

အိမ်ရှေ့ဝင်းတံခါးကလေးမှ တစ်စုံ တစ်ယောက် တွန်းဖွင့်ဝင်လာသံကြားရသည်။ ရှူးဖိနပ် နှင့် ကွန်ကရိလမ်း ထိခတ်သံကြောင့် လာသူသည် ပက်ထရိစ် ဖြစ်မည် ဟု ကြွေရုပ်တို့ သိနေကြလေ သည်။ မွေယူးမားသည် ချက်ချင်း နောက်ဆုတ်ကာ မီးဖိုချောင်သို့ ၀င်သည်။

“ဘွန်းဂျူး မာမာကြွေ”

သူက သူ့ရှေ့ထိုးရှူးဖိနပ်ကို ချွတ်ကာတံခါးနံဘေးတွင် ချွတ်သည်။ သူ့ဖိနပ်တစ်ဖက်သည် အောက်ခံဟပြီး မသေမသပ် ဖြစ်နေသည်ကို ကြွေမြင်တွေ့ လိုက်ရပြန်တော့သည်။

“ဘွန်ဂျူး ပက်ထရိခ် အဲ ယောင်လို့ ပက်ထရိစ်”

ကြွေက ပါးစပ်ကို လက်ဖ၀ါးနှင့် အုပ်ကာ ပြင်သစ်အသံထွက်သို့ ပြင်ဆင်လိုက်သည်တွင် ပက်ထရိစ် ပြုံးရယ်လိုက်လေသည်။ ဖြူဖွေးညီညာသော သွားတွေ ကို နှစ် လိုစွာ ကြည့်ရင်း သူဟာ အတော် ရုပ်ချောမော အဆင်ပြေလွန်းသူပဲဟု ကြွေမတွေးဘဲ မနေနိုင်ခဲ့။

“အက်စေးယေးဝူ” ထိုင်ပါရှင့်။

သူ့ကို စားပွဲထိပ်တွင် နေရာပေးသော အခါ သူကလက်ထဲတွင် ကိုင်လာသော စာအုပ်က လေးကို စားပွဲမျက်နှာပြင်ပေါ်သို့တင်သည်။ ကြွေက ဗလာစာအုပ်နှင့် ခဲတံအသင့် တင်ထားသော သူ့လက်ဝဲဘက်နေရာတွင် ၀င်ထိုင်သည်။ သူ့စာအုပ်သည် ခပ်နွမ်းနွမ်း ဖြစ်ပြီး ပလတ်စတစ် အကြည်နှင့် ဖုံးအုပ်ထားသည်။ ဘာစာအုပ်လဲဆိုတာကို ကြွေက အကဲခတ်ကြည့်ရှုသည်။

Le francais

En premiere annee

Livre de lecture

ကြွေ့ကို သူသင်ပေးမည့်  သင်ခန်းစာတွေ ပါလား၊ ပြင်သစ်သငယ်တန်းဖတ်စာပေါ့လေ၊ ကြွေက သိပ်ပြီး စိတ်အထာမကြည်၊ ရန်ကုန်မှာ သာ ဆက်ရှိနေလျှင် သည်တစ်နှစ် ကျောင်းဆက် တက်ပြီးသည်နှင့် ဒစ်ပလုံးရတော့မည့်  ကြွေကလို လူကိုများ သူငယ်တန်းဖတ်စာ သင်မလို့တဲ့။

“ပထမစာမျက်နှာကို ဖတ်ကြည့်ပါ မာမာကြွေ”

“ခဏနေပါဦး ပက်ထရိစ်၊ စာမသင်ခင် ကျွန်မတစ်ခု တောင်းဆိုပါရစေဦး”

ပက်ထရိစ်၏ မျက်ခုံးတစ်ဖက် မြင့်တက်သွားသည်။ အဲဒါကို ကြည့်ကောင်းနေတာ ကတော့ သူကိုက ကြည့်ကောင်းတာလား၊ ကြွေရုပ်ကို သူ့ကို ကြည့်မိတိုင်းကိုပဲ ကြည့်ကောင်းနေတော့ တာလား။

“ကျွန်မကို ကြွေလို့ မခေါ်နိုင်ဘူးလား၊ မာမာကြွေ ဆိုတာကြီးက နားထောင်လို့ မကောင်းလို့ပါ”

“ဒါဟာ ယဉ်ကျေးမှု ၊ လေးစားမှု အရ အဲဒီ လို ခေါ်ကြတာပါ”

“ဟုတ်ပါတယ်လေ၊ ဒါပေမယ့် ကျွန်မတို့ သီးသန့်စာသင်တဲ့အချိန်မှာ တော့ ကြွေလို့ပဲ ခေါ် စေချင်တယ်လေ”

“ကောင်းပါပြီခင်ဗျား”

သူ့နှုတ်ခမ်းပါးကလေးက အပြုံးလေးတစ်ခုကို ဖုံးဖိလိုက်သလိုပင်။ အို - ကြွေဟာ ကလေး ဆိုး တစ်ယောက် လိုများ ဖြစ်နေလေပြီးလား။

"မာမာကြွေ ပြင်သစ်စာ ဘယ်လောက်တတ်သလဲဆိုတာ ကျွန်တော် က စာပေးပွဲစစ်မယ် နော်"

ဂွန်းကနဲ ဒန်အိုးလွတ်ကျသံ၊ သမံတလင်းပေါ် နှစ် လိမ့်သုံးလိမ့် လိမ့်သွားသံတို့ကြောင့် မီးဖို ချောင်ဘက်သို့ နှစ် ယောက် သား လည်ပြန်လှည့်ကြည့်မိသွားကြသည်။

ကပျာကသီ ဒန်အိုးကောက်ယူသံ၊ မသဲမကွဲ ခွင့်လွှတ်ပါ ရေရွတ်သံ။

"အယ်လေ လိဒိယော့တ်" သူကငတုံးပဲ။

ပက်ထရိစ်က အေးစက်စွာ ပြောလိုက်သည့်အတွက် ကြွေရုပ် တအံ့တသြ ဖြစ်သွားရသည်။ အချင်းချင်း အဲသလိုတော့ မနှိမ်သင့်ပါဘူးဟု တွေးလိုင်မိရင်း တစ်လက်စတည်း ပက်ထရိစ်ဟာ မွေ ယူးမားနှင့် သူ့ကိုယ်သူ တန်းမတူဘူး သဘောထားပါကလားဟု သဘောရလိုက်မိလေသည်။

ပြင်သစ်စာသင်ရက်ကို တစ်ပတ်လျှင် သုံးကြိမ်သတ်မှတ်သည်။ ပက်ထရိစ်က တစ်ပတ်ငါး ကြိမ် သတ်စေချင်သော်လည်း ကြေ ဤမျှ အချိန်မပေးချင်။

"ကျွန်တော် တို့ စာဖတ်ကြည့်ကြမလား ကြွေ"

ပက်ထရိစ်က ကြွေ ဟု ပီပီသသ ခေါ်ဆိုလိုက်သဖြင့် ကြွေ ကျေနပ်သွားသည်။

ဘာဘာ ဟု ကြွေ ဖတ်သသည်။

အသက် ကိုးနှစ် အရွယ် ကောင်ကလေး တစ်ယောက် ၏ ပုံ၊ ဆံပင်လိမ်ကောက်ကွေးကလေး တွေ က ဦးရေပြားမှာ ကပ်နေသည်။ နှုတ်ခမ်းက ခပ်ထူထူကလေးပေမဲ့ တရားလွန်ရုပ်ဆိုးလောက် အောင်မထူပါ။

ဆာဖီ

- ဘာဘ့အရွယ် မိန်းကလေးတစ်ဦး၏ ပုံ၊ ဆံပင်ကောက်ကွေးတွေ ကို ဆွဲဆန့်ပြီး ကြိုးက လေးတွေ နှင့် ချည်ထားသည်။ သူမလည်း ပြုံးပြုံးရယ်ရယ်နှင့် နှုတ်ခမ်းထူကြီးလုံးဝ မဟုတ်။

ပါပါ

- အသက် အစိတ်သုံးဆယ်အရွယ် အမျိုးသားတစ်ဦး၏ ပုံ၊ သူ့ဆံပင်တွေ သည် ဘာဘာ့ ထက်ရှည်ပြီး ဦးရေတွင် မည်းနက်ခွေလိပ်လျက်ရှိသည်။ သူ့နှုတ်ခမ်းပါးပါးကို တင်းတင်း စေ့ကာ ပြုံးနေလေသည်။

ဘာဘာ စောလူး ပါပါ

- ဘာဘာသည် ပါပါအား နှုတ်ခွန်းဆက်ပါသည်။

စာဖီ စာလူး ပါပါ

- စာဖီသည် ပါပါအား နှုတ်ခွန်းဆက်ပါသည်။

ပတ်ထရိစ်က ကြွေအသံထွက်ကို ပြင်ပေးသည်။

"ဇိုင်ယာဝါတွေ ရဲ့ ရုပ်ရည်ကို ကြွေ သတိထားမိစေချင်လို့ပါ" ဟုလည်း သူ့ရည်ရွယ်ချက် ကို ရှင်းပြသည်။

"လေဇာရီကို တစ်မြို့သားလုံးနီးပါး တွေ့ ဖူးနေပါပြီ၊ ဒါပေမယ့်"

"တွတ်စီတွေ ထဲမှာ ရုပ်ဆိုးတဲ့သူ ပိုများ တယ်၊ ရ၀မ်ဒါက တွတ်စီတွေ ကို ဟူတူတွေ က ဂျီနို ဆိုက်မျိုးတုံး သတ်ဖြတ်လိုက်တာတွေ က တစ်လှည့်ပြန်နိုင်လာပြီး ဟူတူတွေ ကို ဂလဲ့စားချေ သတ်ဖြတ်နေလို့ ဇိုင်ယာထဲ ပြေးလာနေကြရပြန်တယ်"

သူ့စကားကို နားထောင်ရင်း လူမည်းမျိုးကွဲ နာမည် တွေ ကို ကြွေရုပ်မှတ်သားထားနေ ရသည်။ တွတ်စီ၊ ဟူတူ၊ ရ၀မ်ဒါနိုင်ငံ။ ကြွေရုပ်သည် အာဖရိကတိုက်ထဲ ရောက်လာပြီးမှ အာဖရိက မြေပုံကို မသိပါလားဟု ကိုယ့်ကိုယ်ကိုယ် အပြစ်တင်မိသည်။

"ကွန်ဂိုမြစ် ဟိုဘက်ကတိုင်းပြည်ကို ကွန်ဂိုဘရာ ဇာဗီးလ်လို့ခေါ်ပြီး ဒီတိုင်းပြည်ကျ ဇိုင်ယာ လို့ ခေါ်တယ်နော်"

"အရင်ဘယ်လ်ဂျီယမ် အုပ်ချုပ်တုန်းက ဘယ်လ ဂျီယမ်ကွန်ဂိုလို့ ခေါ်ခဲ့ကြတယ်။ အဲဒီ မတိုင်မီ ကတော့ လီယို ပိုးလ်ဒ်ကွန်လို့ ခေါ်ခဲ့ကြတယ်။ ဘုရင်စနစ်နဲ့ အုပ်ချုပ်ခဲ့တယ်။ ရိုးရာ စီးပွား ရေး စနစ်တွေ ပြောင်းလဲလာပြီး နိုင်ငံရေး လည်း ထက်ကြပ်မကွာ ပြောင်းလဲလာတော့ အရင်းရှင် စနစ် ဖြစ်လာခဲ့ပြန်တယ်။ မူဘိုတူ လက်ထက်ကျမှ ဇိုင်ယာ ဖြစ်သွားတာ"

"အာဖရိကတိုက်ရဲ့ သယံဇာတတွေ ဟာ အနောက်တိုင်း စီးပွားရေး ဈေးကွက်အတွက်သာ မက အနောက်တိုင်းနည်းပညာတွေ အတွက်လည်း အကျိုးပြုခဲ့တယ် ကြွေ" ဟု ပက်ထရိစ်က သုံး သပ်ပြသည်။

ပထမဆုံးအနုမြူဗုံများ ကို တီထွင်ပြုလုပ်စဉ်တုန်းက မန်းဟပ်တန်စီမံကိန်းတွင် ဘယ်လ်ဂျီ ယမ်ကွန်ဂိုမှ ယူရေနီယမ်သည်လည်း အပါအ၀င် ဖြစ်ခဲ့သည် ဆိုလေသည်။ ဂျက်လေယာဉ်အင်ဂျင် စက်များ အတွင် ဘယ်လဂျီယမ်၏ ကိုဘော့လို သယံဇာတများ သည် မရှိမ ဖြစ်လိုအပ်ခဲ့လေသည်။ ပြောကြကြေးဆိုလျှင် ကမ္ဘာ့ကိုဘော့ပိုင်ဆိုင်မှု ၏ ၉၀ရာနှုန်း၊ ခရုမ်းပိုင်ဆိုင်မှု ၏ ၈၀ရာနှုန်း၊ ပလက် တီနမ်နှင့် စိန်ပိုင်ဆိုင်မှု အနန္တသည် အာဖရိကတိုက်၏ ပိုင်နက်တွင် ရှိနေသည်ဟု ပက်ထရိစ်က ကြွးဝါလေ၏ ။

"အာဖရိကသယံဇာတ စက်မှု လုပ်ငန်းပေါ်မှာ အနောက်တိုင်းနည်းပညာတွေ အခြေပြု ထွန်းကားလာခဲ့တာ အရှင်းကြီးပါကြွေ၊ အာဖရိကတိုက်သားတွေ ကို ဖိနှိပ်ကျွန်လုပ်ပြီး ဖိနှိက်ခဲ့တာ နဲ့အမျှ အနောက်တိုင်းသားတွေ ဟာ တရိပ်ရိပ်ဖွံ့ဖြိုး ကြွယ်ဝလာခဲ့တာပါပဲ"

ပက်ထရိစ် မခံချိသလို ဟက်ကနဲ ရယ်မောသည်။

"၁၈၈၁ ခုနှစ် အထိ ကျွန်တော် တို့နိုင်ငံဟာ နယ်နိမိတ်မရှိခဲ့ဘူး၊ ဥရောပသားတွေ နဲ့ ကမ္ဘာ့ဖိ အားတွေ ကြောင့် ဘယ်ဂျီယမ်ကွန်ဂို ဖြစ်လာခဲ့တာ၊ လောဘတကြီး ရက်ရက်စက်စက် ကိုလိုနီ အလုပ်ခံရတဲ့ အာဖရိကနိုင်ငံတွေ အနက် ကျွန်တော် တို့နိုင်ငံဟာ ကြမ်းကြမ်းကြုတ်ကြုတ် အနှိပ် ကွက်အခံရဆုံးပဲလို့ မျက်မှော က်ခေတ်သမိုင်းမှာ မှတ်တမ်းတင်ထားတယ်။ ဘဲလဂျစ်အုပ်ချုပ်ပုံက များ သော အားဖြင့် လက်ဖြတ်အပြစ်ပေးတာပဲ"

သူ့မေးကြောကလေးတင်းကနဲ ဖြစ်သွားလျက် မခံချိသော အရပ်ယောင်ကို "ဇိုင်ယာဟာ ရာဘာအထွက်ဆုံးနိုင်ငံပါ။ ရာဘာအတွင် အလုပ်ကြမ်းလုပ်ကြရတဲ့ လူဦးရေဆယ်သန်းလောက် ဟာ ရောဂါ ဒဏ်ခံစား၊ အလုပ်ဖိစီးမှု ဒဏ်ခံစားနဲ့ သေကြေပျက်စီးကြ၊ ငတ်မွတ်ကြပေါ့ဗျာ၊ ဒါတွေ ကို ကြွေ နားလည်ဦးမှာ မဟုတ်ပါဘူး"

ပက်ထရိစ်သည် သူအသားဖြူနေခြင်းနှင့် ဇိုင်ယာ၏ ဖိနှိပ်ခံရခြင်းနှင့် ပတ်သက်ပြီး ဘယ်လို ခံစားရသလဲ ဆိုတာကို ကြွေက မစဉ်းစားတတ်ဘဲရှိနေ၏ ။

၁၉၆၀ ကျတော့မှ ကွန်ဂိုလွတ်လပ်ရေး ရတယ်၊ တိုင်းပြည်အုပ်ချုပ်ရေး နဲ့ ဥပဒေကို ဘယ်နိုင် ငံသားမှ အတွေ့ အကြုံ မရှိကြဘူးပေါ့၊ တစ်နိုင်ငံလုံးမှာ တက္ကသိုလ်ဘွဲ့ရ ၁၇ ယောက် ပဲ ရှိတယ်လို့ အဲဒီ တုန်းက ကုလသမဂ္ဂအထွေထွေအတွင်းရေး မှူး ဆာဘရိုင်အားဂတ်က မှတ်သားခဲ့တယ်"

ပက်ထရိစ်သည် အသားဖြူတာတစ်ခုတည်းကြောင့် တော့ ဘ၀င်မြင့်နေတာ မဟုတ် လောက်ပဲ သူ့အင်္ဂလိပ်စာ၊ ပြင်သစ်စာဘွဲ့တွေ ဒစ်ပလုံးတွေ နှင့် အတူ သူလေ့လာမှတ်သားထား သော ဗဟုသုတစရည်အိုးကလည်း ကြီးမားပေတာကိုးဟု ကြွေရုပ် အသိအမှတ်ပြုလိုက်လေသည်။

"ဇိုင်ယာသမိုင်း စာအုပ်တစ်အုပ်လောက် ပြီးတော့ အာဖရိကန်ပထ၀ီစာအုပ် တစ်အုပ် လောက်ရှိရင် ကျွန်မကို ငှားပါလား ပက်ထရိစ်"

ကျွန်တော် တို့ တစ်နေ့လောက် ကွီလူမြစ်ကမ်းက စာကြည့်တိုင်မှာ သွားရှာကြတာပေါ့၊ သာ သနာပြုတွေ ရဲ့ စာကြည့်တိုက်လေ၊ ကျွန်တော် က သူတို့ကို စာသင်ပေးရတော့ အထူးအခွင့်အရေး အနေနဲ့ သူတို့ရဲ့ စာကြည့်တိုက်ကို အသုံးပြုနိုင်တယ်"

ကြွေသည် ပက်ထရိစ်အား ငေးကြည့်နေမိသည်။

"တကယ်တော့ ကျွန်တော် တို့နိုင်ငံကို လျှိုဝှက်ဆန်းပြားတဲ့ မုဆိုကြီးအယ်လင်ကွာတာမိန်း ဆိုတာကို ဆာအာသာ ကွန်နွန်ဒွိုင်းဆိုတဲ့ စာရေး ကြီးက ဖန်ဆင်းရေး ဖွဲ့ခဲ့တယ်"

စိမ်းဖန့်ဖန့်သူ့ပါးစောင်တွင် မွေးညှင်းကောက်ကွေးကွေးလေး တစ်ခွေကို သတိထားမိသွား သည်။ အမှိုက်ကပ်နေတာပဲဟု အသာအယာဖယ်လိုက်ချင်လာမိပြီးမှ ရုတ်တရက် သတိထားမိ သွားသည်။ ဒါဟာ တကယ်တော့ သူ့ပါးမြိုင်းမွေးကလေးပါကလား။ စိုက်ကြည့်နေမိရင်း ပါးစောင်း ရိုးနားတွင် နောက်တစ်ခွေတွေ့ ပြန်လေသည်။ သြော် သူ့အသားဖြူနေသော်လည်း သူ့သွေးက တော့ တကယ့်ဇိုင်ယာသွေးပါကလား။ အဖြူကို အထင်ကြီးချင်တတ်သော ကြွေဥာဉ်ဆိုးကလေးက ကြွေ့အား အနည်းငယ် ၀မ်းနည်းနှမြောသလို ခံစားလိုက်ရစေလေ၏ ။

ထိုနေ့အဖို့ စာပိုတတ်လှသည် မဟုတ်သော်လည်း ဇိုင်ယာအကြောင်း အနည်းငယ်ပိုသိ ကာ အထူးသဖြင့် လူမည်းသွေးသည် အသားရောင် သာဖျောက်နိုင်မည် ။ သူတို့၏ ကောက်ကွေး လိပ်သော အမွေးအမျှင်ဗီဇ ကတော့ ဘယ်လိုမှ မပျောက်ပျက်ကြောင်း ကောင်းကောင်းသိလိုက်ရ လေ၏ ။

ရန်ကုန်တုန်းက စကားပြောဖော်မရှိခဲ့သမျှ စကားပြောကျင့်ပေးသည့်အနေနှင့် သင်ခန်းစာ ကြွေ့အား အတော် ကလေး တိုးတက်စေလေသည်။

"ဂျဗေး ၀ူ ဖေး အန် ဘာတို မန်" နက်ဖြန် ကျွန်မရှင့်အတွက် ကိတ်မုန့်အမှတ်နှင့် ကြွေက ပြောသည်။

"ရေယားလ်မာ" တကယ်လား ဟု ပက်ထရိစ်က ဇဝေဇ၀ါ တုံ့ပြန်သည်။ ပက်ထရိစ်အပြန် တွင် ကြွေက ခြံတံခါးဝအထိ လိုက်ပို့နှုတ်သည်။

"စာသင်ပေးတာက ဇိုင်ယာအကြောင်း ပြောပြတာကော ကျေးဇူးတင်ပါတယ်"

"ဇိုင်ယာအကြောင်းနာထောင်ပေးဖို့ ကျွန်တော် ကလည်း ကျေးဇူးတင်တယ်ကြွေ၊ ပက်ထရိစ်အကြောင်းနားထောင်ပေးရင် ကျွန်တော် က ပိုပြီးကျေးဇူးတင်ဦးမယ်"

"ရှင်"

"ပက်ထရိစ်လူမင်းဘာ အကြောင်းပါ၊ ကြွေ သိပ်စိတ်ဝင်စားမှာ "

သြော်- ပက်ထရိစ် လူမင်းဘာတဲ့။ ပက်ထရိစ် မွန်နေရီ မဟုတ်ဖူးပေါ့လေ။ အင်း -တော် သေးတာပေါ့။

"အာ မန် " နက်ဖြန်နော်။

"၀ီ အာ မန် " ဟုတ်ကဲ့ နက်ဖြန်။

ကြွေရုပ်ပြည်လှည့်လာသည်နှင့် မွေယူးမားသည် အိမ်တံခါးဝသို့ ရောက်ရှိနေလေပြီ။ "မာမာကြွေပြောတာ မှားနေတယ်၊ ကိတ်မုန့်ကို ဂါတို gateau လို့ခေါ်တယ်၊ ဘာတို bateau ဆို တော့ လှေ ဖြစ်သွားတာပေါ့။

ကြွေရုပ် ရှက်အမ်းအမ်း ရယ်မိသလို ဖြစ်သွားပြီးမှ ဘာကြောင့် မွေယူးမားဟာ ကြွေရုပ်နှင့် ပက်ထရိစ် ပြောစကားတွေ ကို ကြားသိနေရတာ လဲ၊ သည်ကလေးမ တယ်စပ်စုပါလားနှင့် ဘ၀င် မကျ ဖြစ်လာလေသည်။

"ပက်ထရိစ်က သူ့ကိုယ်သူ ဘဲလ်ဂျစ်အစစ် ထင်နေလားမသိပါဘူး။ အစက သူ့နာမည် ကွန်ဂိုလေး သိလား၊ ပက်ထရစ်လူမင်းဘာကို သိပ်ကြည်ညိုလို့ဆိုပြီး ပက်ထရစ်မွန်နေးရီလို့ သူက နာမည် ပြောင်းလိုက်တယ်"

မွေယူးမားဒက နှုတ်ခမ်းကလေးမဲ့တဲ့တဲ့နှင့် မကျေမနပ်ပြောနေသည်။

အဲဒါကို ကြွေက နားဝင်မဖြောင့်။

"တကယ်ဆို ကွန်ဂိုလေးဆိုတာ ကီတူဘာစကားနဲ့ဆိုရင် သက်တံ့လို့ အဓိပ္ပာယ်ရတယ် မာမာကြွေရဲ့ ၊ ဘယ်လောက်လှတဲ့နာမည် ကလေးလဲ၊ အဲဒါများ သူက ပြောင်းပစ်တယ်။ သူကိုက ဘဲလ်ဂျစ် ဖြစ်ချင်နေတာပါ။

ပက်ထရိစ်က သူ့ကိုယ်သူ ဘာပြဲဖစ်ချင်ချင် မွေယူးမား အနေသာကြီးပါ။ ပြောလိုက်ချင် စိတ်ကို မျိုသိပ်ထားလိုက်ရသည်။ ဆယ်ကျော်သက်ကလေး မွေယူးမားက လူပျိုကလေး တစ် ယောက် အပေါ် စိတ်ဝင်စားနေသည်ဆိုလည်း ကြွေကနားလည်ပေးသင့်ပါသည်။ လူကြီးသူမတစ်ဦး ပီသစွာ နှင့် ကြွေသည် သဘောထားကြီးမြင့် စိတ်ရှည်ပေးသင့်တာပေါ့။

အေးရီမရေ- လူမျိုးခွဲခြားရေး မှု အသားအရောင် ခွဲခြားမှု တွေ ငါ့မှာ လည်း ရှိနေတယ်ဆိုတာ ငါ့ကိုယ်ငါသိလိုက်ရတော့ တော် တော် ရှက်စိတ်တိုမိတယ်။ ငါကလေ ပက်ထရိစ်ကို လူဖြူထင်နေ တုန်းကလို မဟုတ်တော့ပဲ သူ့မှာ ပါနေတဲ့အမည်းသွေးကို မလိုလား ဖြစ်နေမိတယ်လေ။ ငါဟာ အတော် ပဲစိတ်ထားမကောင်းတာပါကလား။





ဝန်ဇင်းချစ်သူများ မြနှောင်းညို ၏ “ သည်ဖက်ကမ်းမှ လွမ်းကိန္နရီ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


သံယောဇဉ် ငွေသောင်ဦး

လိပ်ပြာစိမ်း၍…

မျက်မာန်တော်မညှိုးနဲ့အချစ်ရယ်