Cover

သြကာသ ၊ သြကာသ ၊ကာယကံ ၊ ၀စီကံ ၊ မနောကံ သဗ္ဗဒေါသ

ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပါစေခြင်း အကျိုးငှာ

ပထမ ၊ ဒုတိယ ၊ တတိယ ၊ တစ်ကြိမ် ၊နှစ် ကြိမ် ၊သုံးကြိမ် မြောက်အောင်

ဘုရားရတနာ ၊ တရားရတနာ ၊သံဃာရတနာ ၊ရတနာမြတ်သုံးပါးတို့ကို

အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ရှိခိုးပူဇော် ဖူးမြော်မာန်လျော့

ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် အပါယ်လေးပါး ၊ ကပ်သုံးပါး ၊

ရပ်ပြစ်ရှစ်ပါး ၊ ရန်သူမျိုးငါးပါး ၊ ၀ိပတ္တိတရားလေးပါး ၊ ဗျဿနတရား ငါးပါး တို့မှ

အခါခပ်သိမ်း ကင်းလွတ်ငြိမ်းသည် ဖြစ်၍ နိဗ္ဗါန်ချမ်းသာ တရားတော် မြတ်ကို

ရပါလို၏ အရှင်ဘုရား။

အနက် ။ ။

သြကာသ သြကာသ ၊သြကာသ - ရှိခိုးပါရစေ အခွင့်ပြုတော် မူပါ (၃) ကြိမ် ။

ကာယကံ ၊၀စီကံ ၊ မနောကံ သဗ္ဗဒေါသ ခပ်သိမ်းသော အပြစ်တို့ကို ပျောက်ပစေခြင်းအကျိုးငှာ - ကိုယ်ဖြင့် ပြုမူပြစ်မှားမိခဲ့သော ကာယအမူ၊ နှုတ်ဖြင့် ပြောဆိုပြစ်မှားမိခဲ့သော ၀စီအမှု ၊ စိတ်ဖြင့် ကြံစည်ပြစ်မှားမိခဲ့သော မနောအမှု စသည့် ထိုကံသုံးပါးတွင် တစ်ပါးပါး သော ကံတို့ဖြင့် ဘုရား၊ တရား၊ သံဃာ၌ လည်းကောင်း ၊ ဆရာသမား မိဘ ဘိုးဘွား အစရှိသော လူကြီးသူမများ ၌ လည်းကောင်း ပြစ်မှားမိခဲ့လျှင် ကင်းရှင်းပြေပျောက်ပါစေခြင်း အကျိုးငှာ ၊ ပထမ ၊ဒုတိယ ၊တတိယ ၊ တစ်ကြိမ် ၊နှစ် ကြိမ် ၊သုံးကြိမ်မြောက်အောင် - ပထမက ဒုတိယ ၊ ဒုတိယက တတိယ ၊ တစ်ကြိမ်က နှစ် ကြိမ် ၊ နှစ် ကြိမ်က သုံးကြိမ်တိုင်အောင် ဘုရားရတနာ ၊ တရားရတနာ ၊ သံဃာရတနာ ရတနာမြတ်သုံးပါးတို့ကို အရိုအသေ အလေးအမြတ် လက်အုပ်မိုး၍ ၊ရှိခိုးပူဇော် ဖူးမြော်မာန်လျော့ ကန်တော့ပါ၏ အရှင် ဘုရား ။

ဟိတ်ဟန်မပြ မာန်မာန လျော့ချ၍ ကြည့်ရှုဖူးမြော် ကန်တော့ပါ၏ အရှင်ဘုရား ။

ကန်တော့ရသော အကျိုးအားကြောင့် - ဤကန်တော့ရသော ကုလိုလ်အကျိုးအား အစွမ်းကြောင့် ၊

အပါယ်လေးပါး - (၁) ကုသိုလ်ကောင်းမှု များ စွာ ပြုခွင့်မရကြသော ငရဲကြီးများ ဖြစ်ကြသည့်

(က) အကုလိုလ်ကံ မကုန်သေးသမျှတစ်ခါတည်း သေကြေပျောက်ပျက်မသွားဘဲ ထပ်ခါထပ်ခါ အသက်ရှင်လျှက် ငရဲထိန်းတို့၏ ခုတ်ဖြတ်မှု ကိုသာ ပြင်းစွာ ခံကြရရှာသော သိဉ္စိုးငရဲ ၊

(ခ) ငရဲသားတို့ကို ငရဲထိန်းတို့က သားကောင်ကို ခွေးတွေ လိုက်သလို အတင်းလိုက်ကြပြီး မောဟိုက်သွားသည့်အခါ သစ်တုံးကြီးကို သစ်ရွေသမားတို့က ခုတ်ရွေကြသကဲ့သို့ ကျကျနန မျဉ်းကြိုးချ၍ ပက်လက်တစ်မျိုး ၊ မှော က်လျက်တစ်မျိုး ၊ ၀ဲယာတစ်မျိုး ၊ ရှေ့နောက်တစ်မျိုး အားဖြင့် အကုလိုလ်ကံ မကုန်သေးသ၍ လွတ်ခွင့်မရနိုင်ကြ ဘဲ အမျိုးမျိုးခုတ်ရွေခံကြရသည့် ကာဠသုတ်ငရဲ ၊

(ဂ) အောက်မြေအပြင်မှာ မီးလျံတွေ ထလျှက် အထု (၉) ယူဇနာရှိသော သံမြေပြင်ကြီး ဖြစ်၌ ငရဲသားတို့ဟာ ထန်းပင်ငုတ်လေးတွေ စိုက်ထားသလို ခါးထိအောင်စိုက်ထားခြင်းခံရပြီး အရှေ့အရပ်မှ လာသော သံတောင်ကြီးက စားမည် ၀ါးမည် ဆိုနေသလို တဒိန်းဒိန်း တခြိမ်းခြိမ်းမြည် ဟီးလျက် ကြိတ်ကာကြိတ်ကာ အနောက်အရပ်သို့ သွားပြီး ၊ နောက်တောင်အရပ်မှ သံတောင်ကြီးက ထိုနည်းအတိုင်းပင် ကြိတ်ကာကြိတ်ကာမြောက်အရပ်သို့သွားပြီးလျှင် အနောက်အရပ်သို့ ရောက်ပြီးသော သံတောင်ကြီးကလည်း အရှေ့အရပ်သို့ကြိတ်ကာကြိတ်ကာပြန်၍ လာခြင်းဖြင် အရပ်လေးမျက်နှာမှသံတောင်တွေ သန်းဥတုတ်သလို ဖိနှိပ်ကြိတ်ချေသော်လည်း အကုသိုလ်ကံ မကုန်သမျှငုတ်စုစု ပေါ်ထွက်လျက် ဆက်ကာဆက်ကာ အကြိတ်ခံရရှာသော သံဃာတငရဲ ၊

(ဃ) မိးတောက်တို့သည် တ၀ုန်းးဝုန့်း ထလျက် ငရဲသို့ကျရောက်သူတို့၏ ဒွါရ (၉) ပေါက်မှ အတင်းဝင်ရောက်လောင်ကျွမ်းသဖြင့် အလွန်အားငယ်စွာ တစာစာအော်ကြရရှာပြီး ပြင်းစွာ ငိုကြွေးခြင်းဖြင့် မီးတောကမီးလျှံ အလောင်ခံနေကြရသေ ရောရုာဝငရဲ ၊

(င) မီးခိုးတို့တစ်ငရဲလုံးဖုံး လွမ်းနေပြီး ငရဲသို့ကျရောက်သူတို့ကို မီးခိုးတို့ကအတွင်းအပြင် အတင်းဝင်၍ နှူးနှပ်ကြသော ကြောင့် ငရဲသူ ငရဲသားတို့မှာ ဘာမှနတတ်နိုင်ြ ကတော့ပဲ သနားစဖွယ် အားငယ်စွာ အော်နေကြရရှာသော မဟာရောရုဝငရဲ ၊

(စ) ငရဲသို့ကျရောက်သော သတ္တ၀ါများ ကို ထန်းလုံးလောက်ကြီးမား၍ မီးလျှံထသော သံတံကျင်၌ မလှုပ်နိုင်အောင် စိုက်ထားပြီးလျှင် ထိုသံတံမှ ထွက်သော မီးလျှံတို့က အမြဲပူလောင်စေတတ်သော တာပနငရဲ ၊

(ဆ) မီးလျှံထနေသော သံတောင်ကြီးနှင့် ထိုသံတောင်၏ အောက်ခြေ၌ သံတံကျင်တွေ စိုက်ထူထားပြီး ငရဲသူငရဲသားတို့ကို ငရဲထိန်းတို့က သံတောင်ပေါ်သို့ မတက်တက်အောင် ရိုက်နှက်၍ တင်ကြပြီး သံတောင်ပေါ်သို့ရောက်သော အခါ ကံကြမ္မာအလျောက် လေမုန်တိုင်းပေါ်ပေါက်၍ ထိုလေမုန်တိုင်းက တောင်ခြေ၌ ရှိသော တံကျင်ပေါ်ရောက်အောင် တိုက်လွှင့်ချလိုက်သဖြင့် တံကျင်အဖျား၌ ကား ခနဲ စူးဝင်ခြင်းခံကြရရှာသော မဟာတာပန ငရဲ ၊

(ဇ)မီးတောကိမီးလျှံများ အကြားမရှိပဲ တစ်ငရဲလုံးမီးလျှံများ ဆက်နေပြီးငရဲသားချင်းလည်း ၀ါးကျည်တောက်အတွင်း မုန်ညှင်းစေ့ကလေးတွေ ပြည့်ကျပ်နေသကဲ့သို့ အကြားမရှိပြည့်ကျပ်နေအောင် ဆင်းရဲဒုက္ခ အကြားအရှိ ၊ ဒုက္ခမှ လွတ်ကင်း၍ ချမ်းသာခွင့် လုံးဝမရနိုင်ဘဲ မီးလျှံ ၊ သတ္တ၀ါ ၊ ဆင်းရဲခြင်း ဒုက္ခဤသုံးမျိုးတို့ဆက်စပ်နေသော အ၀ီစိငရဲတို့နှင့် ထို ငရဲတစ်ထပ်တစ်ထပ်၌ ဘင်ပုပ်ငရဲ ၊ ပြာပူငရဲ ၊ လက်ပံတောငရဲ ၊ သန်လျက်ရွက်တောငရဲ ၊ဝေတ္တရဏီ“ သံရည်မြစ်ငရဲ ၊ ဟု တံတိုင်းခတ်သကဲသို့ ရံပတ်၍ နေသော ငရဲအရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊

(၂) ဆင် ၊မြင်း ၊ ကျွဲ ၊ နွား ၊ ခွေး ၊ ကြက် ၊ ငှက် ငါးလိပ်စသော ကုန်းနေ ရေနေ အခြေလေးချောင်း ၊ အခြေနှစ် ချောင်း ၊ အခြေအများ သတ္တ၀ါတို့နှင့် မြွေ စသော အခြေမရှိသော သတ္တ၀ါများ ဖြစ်ကြသည့် တိရစ္ဆာန် အ ဖြစ်ရောက်ရခြင်းလည်းကောင်း ၊

(၃) တစ္ဆေ ၊ မှင်စာ ၊ သရဲ သဘက် အစိမ်းဖုတ်ကောင် ၊ကျတ်ကောင် စသည့် ပြိတ္တာ ဖြစ်ရခြင်းလည်းကောင်း ၊

(၄) ပြိတ္တာအကြီးစားများ ဖြစ်ကြပြီး နေ့စံညခံ ၊ ညခံနေ့စံ စသည်ဖြင့် လည်း ခံနေကြရရှာသော အသူတကာယ် အရပ်၌ ကျရောက်ရခြင်းလည်းကောင်း ၊ ကပ်သုံးပါး - (၁) တုတ် ဓါး သေနတ် ဗုံး အမြောက် စသော လက်နက်ဖြင့် သေကြေပျက်စီးရခြင်း (သတ္တန္တရကပ် ) ၊ (၂) ပလိပ် ရောဂါ ၊ ကာလ ရောဂါ ၊ ကျောက် ရောဂါ ၊ အဖျား ရောဂါ စသည်ဖြင့် ကူးစက်မြန်သော ကြောင့် မြို့နယ်အနှံ့ သေကြေပျက်စီးရခြင်း (ရောဂန္တရကပ်) ၊(၃) မြို့နယ်အနှံ့အပြားတို့၌ အစားအသောက်ပြတ်ငတ်၍ သေကြေပျက်စီးရခြင်း ( ဒုဗ္ဘိက္ခန္တရကပ် ) တို့နှင့် ကြံကြိုက်ရခြင်းလည်းကောင်း ၊ ရပ်ပြစ်ရှစ်ပါး - မဂ်ဖိုလ်ရအောင် တရားအားထုတ်ခွင့်မရခြင်းကြောင့် အပြစ် ဖြစ်သော အရပ်ေးသများ ဖြစ်ကြသည့် (၁၊၂၊၃) ဘုရားပွင့်နေဆဲအခါ ငရဲ ၊ တိရစ္ဆာန် ၊ပြိတ္တာ စသော အပါယ်အရပ် ( အသူတကယ်ကို ပြိတ္တာမျိုး၌ ယူ ) ၊ (၄) ဘုရားရှင်ပွင့်ဆဲ ဘုရားရှင်ကိုမဖူးတွေ့ နိုင် ၊ တရားမနာနိုင်ကြရှာသော ခန္ဓာကိုယ်သာရှိ၍ စိတ်ဝိညာဏ်မရှိသော အသညသတ်ဗြဟ္မာများ နှင့် စိတ်ဝိညာဏ်သာရှိပြီး ခန္ဓာကိုယ်မရှိသော အရူပဗြဟ္မာများ ဖြစ်ကြသည့် ဒီဃာယုနတ်တို့အရပ် ၊ (၅) အစွန်အဖျား တောတောင်အကြား လူရိုင်းများ နေသည့် ပစ္စ န္တရာဇ်အရပ် ၊ (၆) ဘုရားပွင့်ဆဲအခါ မိစ္ဆာဒိဋ္ဌိရှိနေခြင်း ၊ (၇) ဘုရားပွင့်ဆဲအခါ တရားနာလည်းလောက်သော ဥာဏ်မရှိသူ ၊(၈) တတ်သိနားလည်လောက်သော ဥာဏ်ရှိသော်ငြားလည်း ဘုရားမပွင့်သော အခါလူ ဖြစ်ရခြင်းလည်းကောင်း ၊

ရန်သူမျိုးငါးပါး- (၁) ရေ ၊(၂) မီး ၊ (၃) ခိုးသူ ၊(၄) အမွေခံသားဆိုး သမီးဆိုး (၅) မင်းဆိုး စသည့် ဘေးငါးမျိုးနှင့် ကြုံတွေ့ ရခြင်းလည်းကောင်း ၊ ၀ိကတ္တတရားလေးပါး - ဖောက်ပြနချို့ယွင်းခြင်း ၊ ပျက်စီးခြင်းဟုဆိုအပ်သော (၁) မင်းဆိုး မင်းယုတ်အုပ်စိုးသော အခါ ဖြစ်သည့် ကာလ၀ိပတ္တိ ၊(၂) အအပါယ်လေးပါးတို့၌ ဖြစ်ရခြင်း စသည့်မကောင်းသော ဂတိ ဖြစ်၍ ဂတိဝိပတ္တိ ၊ (၃) ရုပါအဆင်းအင်္ဂါချို့တဲ့ခြင်းစတဲ့ ဥပဓိဝိပတ္တိ ၊(၄) အသိအလိမ္မာ ဥာဏ်ပညာ သတိဝီရိယမရှိပဲ ပြုမူ ၊ပြောဆို ကြံစည်မူ ပယောဂ၀ိပတ္တိ စသည့်မကောင်းသော အဖြစ်ဆိုးတို့နှင့် လည်းကောင်း ၊ဗျဿနတရားငါးပါး - (၁) ဆွေမျိုးပျက်စီးခြင်း ဥာတိဗျဿန ၊(၂) စည်းစိမ်ဥစ္စာ ပျက်စီးခြင်း ဘောဂဗျဿန ၊(၃) အနာ ရောဂါ ဖြစ်ခြင်း ရောဂဗျဿန ၊(၄) မှားယွင်းသော မိစ္ဆာအယူကိုယူခြင်း ဒိဋ္ဌိဗျဿန ၊ (၅) သီလပျက်ခြင်း သီလဗျဿန စသော ပျက်စီးခြင်းတို့နှင့် ကြုံတွေ့ ရခြင်း ဟူသော ၊ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည် ဖြစ်၍ -

ဤမကောင်းသော တရားတို့မှ အခါခပ်သိမ်းကင်းလွတ်ငြိမ်းသည် ဖြစ်၍ ၊ မဂ်တရား - သော တာပတ္တိမဂ် ၊ သကဒါဂါမိမဂ် ၊ အနာဂါမိမဂ် ၊ အရဟတ္တမဂ် ၊ ဖိုလ်တရား - သော တာပတ္တိဖိုလ် ၊ သကဒါဂါမိဖိုလ် ၊ အနာဂါမိဖိုလ် ၊ အရဟတ္တဖိုလ် ၊ နိဗ္ဗါန်ချမ်းသာ - ခန္ဓာအသစ် တစ်ဖန်မ ဖြစ်ရာ ၊သေခြင်းသဘောလည်း မရှိရာ ၊ ဒုက္ခအပေါင်းမှလည်း ကင်းဝေးရာ အမြတ်ဆုံးချမ်းသာ ဖြစ်သည့် နိဗ္ဗါန်စသော ၊ တရားတော် မြတ်တို့ကို သံသရာ၌ ကြာရှည်စွာ မကျင်လည်ရတော့ပဲ အမြန်ဆုံး ရရပါလို၏ အရှင်ဘုရား ။

* * *


ခုနှစ် နေ့ဘုရားရှိခိုး

(၁)သန္ဓေယူတော် မူသော နေ့

ကြာသာပတေးနေ့

သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်၊ သော င်းခွင်

စကြာဝဠာ၊ နတ်ဗြဟ္မာတို့၊ ညီညာရုံးစု၊

တောင်းပန်မူကြောင့် ၊ ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်

“ဝါဆိုလပြည့် ကြွက်မင်းနေ့ဝယ်၊ ချမ်းမြေ့ကြည်ဖြူ

သန္ဓေ ယူသည်” နတ်, လူ ငြိမ်းဖို့ကိန်းပါကို…။

* * *


(၂) ဖွားတော် မူသော နေ့

သော ကြာနေ့

သန္ဓေယူကာ၊ ဆယ်လကြာသော်၊

“မဟာ သက္ကရာဇ်၊ ခြောက်ဆယ်ရှစ်ကြုံ၊ ကဆုန်လပြည့်

သော ကြာနေ့ဝယ်” ချမ်းမြေ့စုံစီ၊ လုဗ္ဗနီ ၌ မဟီလှိုက်ဆူ၊

“ဖွားတော် မူ”သည် ၊ နတ်လူအောင်မျှို့လမ်းပါကို…..။

* * *


(၃)တောထွက်တော် မူသော နေ့

တနင်္လာနေ့

ဖွားမြင်မြောက်သော်၊ ဆယ်ခြောက်နှစ် ရွယ်

ပျိုမြစ်နုနယ်၌ ၊ သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်၊

ဆယ်သုံးနှစ် လျှင်၊ ဘုန်းသစ်လျှံလူ၊ စံတော် မူ၍ ၊

“ရွယ်မူနုဖြိုး၊ နှစ် ဆယ်ကိုးဝယ်” လေးမျိုးနိမိတ်၊

နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ငြင်ငြို၊ သံဝေပိုက၊

“၀ါဆိုလပြည့် ကျားမင်းနေ့ဝယ်၊ ချမ်းမြေ့ရဂုံ

တော် ရပ်လှုံသည်” စုံမြိုင်ပင်ရိပ်ခမ်းမှာ ကို……။

* * *


(၄) ဘုရား ဖြစ်သော နေ့

ဗုဒ္ဓဟူးနေ့

တောရပ် မြိုင်ပေါ်၊ ခြောက်နှစ် ပျော်၍ ၊

ခါတော် တစ်ဖုံ၊ ပွင့်ချိန်ကြုံက၊ “ကဆုန်လပြည့်၊

ဆင်မင်းနေ့ဝယ်” မြေ့ပရမေ၊ ပလ္လင်ဗွေထက်၊

ရွှေညောင်တော် ကြိး ဗိတာန် ထိးနှင့် ၊ မငြိးကြည်

ဖြူနေတော် မူလျက်၊ ရန်မြူခပင်း၊ အမိုက်သင်းကို

အရှင်းပယ်ဖျောက်၊ အလင်းပေါက်ကာ၊

ထွန်းတောက် ဘုန်းတော် ၊ သော င်းလုံး ကျော်သည်၊

သုံးဖော်လူတို့ ငြမ်းပါကို….။

* * *


(၅)ဓမ္မစင်္ကြာဟောတော် မူသော နေ့

စနေနေ့

ဘုရား ဖြစ်ကာ၊ မိဂဒါသို့ ၊ စကြာရွှေဖ၀ါးဖြန့်ချီ

သွား၍ ၊ ငါးပါးဝဂ္ဂီစုံအညိနှင့် မဟီတစ်သော င်း

တိုက်အပေါင်းမှ၊ ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား

“၀ါဆိုလပြည့်၊ စနေနေ့ဝယ်၊ ကြွေ့ကြွေ့ လျှံတက်၊

ဓမ္မစက်ကို” မိန့်မြွတ်ထွေပြား၊

ဟောဖော်ကြားသည်၊ တရားနတ်စည်ရွှမ်းတယ်ကို….။

* * *


(၆)ပရိနိဗ္ဗာန်

အင်္ဂါနေ့

တရားနတ်စည်၊ ဆော်ရွှမ်းလည်က၊

သုံးမည် ဘုံသိုက် တစ်သော င်းထိုက်ဝယ်၊

ကျွတ်ထိုက်သသူ နတ်လူဗြဟ္မာ၊

သတ္တ၀ါကို ခေမာ သော င်သို့

ဖောင်ကူးတို့ဖြင့် ဆောင်ပို့ပြီးကာ၊

“၀ါလေးဆယ့်ငါး သက်ကားရှစ်ဆယ်”

စုံပြည့်ကြွယ်က ရာလေးဆယ်ရှစ်(၁၄၈)၊

သက္ကရာဇ်ဝယ်၊ နယ်မလ္လာတိုင်း၊

စံနိုင်းမယုတ် ကုဿိန္နာရုံ အင်ကြင်းစုံ၌

“ကဆုန်လပြည့် အင်္ဂါနေ့ဝယ်”

ချမ်းမြေ့နိဗ္ဗူ စံတော် မူသည်၊

ဝှန်းဆူသော င်းလုံးကျော်တယ်ကို….။

* * *


(၇)တေဇောဓာတ်လောင်ကျွမ်းသော နေ့

တနင်္ဂနွေနေ့

နဗ္ဗူစံပြီး၊ ရှုမအီသာ၊ သိင်္ဂိ ရွှေလှော်၊

လောင်းတော် ကို “ထိုရော်ကဆုန်၊

လဆုတ် ကြုံ၍ ၊ ဂဠုန်နေ့ဝယ်” ခိုးငွေ့မနှော၊

ဓာတ်တေ ဇောလျှံတက် ကော်ရော်၊

မီးပူဇော်သည်၊ မွေတော် ရှစ်စိတ်ကြွင်းတယ်ကိုး…။

* * *


ဓမ္မစကြာသုတ် ပါဠိနှင့် မြန်မာပြန်

ဓမ္မ စကြာ အမွှမ်း

(က) ဘိက္ခူနံ ပဉ္စဝဂ္ဂီနံ၊

ဣသိပတန နာမကေ ၊

မိဂဒါယေ ဓမ္မဝရံ ၊

ယံ တံ နိဗ္ဗာန ပါပကံ ။

(ခ)သဟမ္ပတိ နာမကေန၊

မဟာဗြဟ္မေန ယာစိတော ၊

စတုသစ္စံ ပကာသေန္တော ၊

လောကနာထော အဒေသယိ ။

(ဂ)နန္ဒိတံ သဗ္ဗဒေဝေဟိ၊

သဗ္ဗသမ္ပတ္တိသာဓကံ ။

သဗ္ဗလောက ဟိတတ္ထာယ၊

ဓမ္မစက္ကံ ဘဏာမ ဟေ။

၁ – ဓမ္မစကြာ နိဒါန်း

ဧဝံမေသုတံ –

ဧကံ သမယံ ဘဂဝါဗာရာဏသီယံ ဝိဟရတိ ဣသိပတနေ မိဂဒါယေ ။

တတြ ခေါ ဘဂဝါပဉ္စဝဂ္ဂီယေ ဘိက္ခူ အာမန္တေသိ –

၂ – အယုတ်တရား နှစ် ပါး

ဒွေ မေ ဘိက္ခဝေ အန္တာ

ပဗ္ဗဇိတေန န သေဝိတဗ္ဗာ။

ကတမေ ဒွေ –

ယော စာယံ ကာမေသုကာမသုခလ္လိ ကာနု ယောဂေါ

ဟီနော ဂါမ္မောပေါထုဇ္ဇနိကော

အနရိယော အနတ္တ သံဟိတော၊

ယော စာယံ အတ္တကိလမထာနုယောဂေါ

ဒုက္ခော အနရိယောအနတ္တသံဟိတော။

၃ – အလယ်အလတ်အကျင့်တရား

ဧတေ ခေါ ဘိက္ခဝေ ဥဘောအန္တေ

အနုပဂမ္မ မဇ္ဈိမာပဋိပဒါ

တထာဂတေန အဘိသမ္ဗုဒ္ဓါ

စက္ခုကရဏီ ဉာဏကရဏီဥပသမာယ အ ဘိညာယ

သမ္ဗောဓာယ နိဗ္ဗာနာယသံဝတ္တတိ ။

ကတမာ စသာ ဘိက္ခဝေ

မဇ္ဈိမာ ပဋိပဒါတထာဂတေန အဘိသမ္ဗုဒ္ဓါ

စက္ခုကရဏီ ဉာဏကရဏီ

ဥပသမာယ အဘိညာယ

သမ္ဗောဓာယ နိဗ္ဗာနာယသံဝတ္တတိ ။

အယမေဝ အရိယော အဋ္ဌင်္ဂိကောမဂ္ဂေါ ။

သေယျထိဒံ -သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပေါ

သမ္မာဝါစာ သမ္မာကမ္မန္တောသမ္မာအာဇီဝေါ

သမ္မာဝါယာမော သမ္မာသတိသမ္မာသမာဓိ။

အယံ ခေါ သာ ဘိက္ခဝေ

မဇ္ဈိမာ ပဋိပဒါတထာဂတေန အဘိသမ္ဗုဒ္ဓါ

စက္ခုကရဏီ ဉာဏကရဏီ

ဥပသမာယ အဘိညာယ

သမ္ဗောဓာယ နိဗ္ဗာနာယသံဝတ္တတိ ။

၎ – ဒုက္ခ သစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေဒုက္ခံ အရိယသစ္စံ ။

ဇာတိပိ ဒုက္ခာ ၊ ဇရာပိဒုက္ခာ ၊

ဗျာဓိပိဒုက္ခော ၊မရဏံပိ ဒုက္ခံ ၊

အပ္ပိယေဟိ သမ္ပယောဂေါဒုက္ခော ၊

ပိယေဟိ ဝိပ္ပယောဂေါဒုက္ခော ၊

ယမ္ပိစ္ဆံ န လဘတိ ၊ တမ္ပိဒုက္ခံ ၊

သံခိတ္တေန ပဉ္စုပါဒါနက္ခန္ဓာ ဒုက္ခာ ။

၅ – သမုဒယ သစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေဒုက္ခသမုဒယံ အရိယသစ္စံ ။

ယာယံ တဏှာ ပေါနောဗ္ဘဝိကာ

နန္ဒီရာဂ သဟဂတာတတြာတတြာ ဘိနန္ဒိနီ ။

သေယျထိဒံ -ကာမ တဏှာဘဝတဏှာ ဝိဘဝတဏှာ ။

၆ – နိရောဓသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ

ဒုက္ခနိရောဓံ အရိယသစ္စံ ။

ယော တဿာယေဝ တဏှာယ

အသေသ ဝိရာဂနိရောဓောစာဂေါ

ပဋိနိဿဂ္ဂေါ မုတ္တိအနာလယော ။

၇ – မဂ္ဂသစ္စာ

ဣဒံ ခေါ ပန ဘိက္ခဝေ

ဒုက္ခနိရောဓဂါမိနိပဋိပဒါ အရိယသစ္စံ ။

အယမေဝ အရိယော အဋ္ဌင်္ဂိကောမဂ္ဂေါ ။

သေယျထိဒံ -သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပေါ

သမ္မာဝါစာ သမ္မာကမ္မန္တောသမ္မာအာဇီဝေါ

သမ္မာဝါယာမော သမ္မာသတိသမ္မာသမာဓိ။

၈ – ဒုက္ခသစ္စာ ၌ သစ္စဉာဏ်

” ဣဒံ ဒုက္ခံ အရိယသစ္စ “န္တိမေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၉ – ဒုက္ခသစ္စာ ၌ ကိစ္စဉာဏ်

” တံ ခေါ ပနိဒံ ဒုက္ခံအရိယသစ္စံ ပရိညေယျ ” န္တိမေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၀ – ဒုက္ခသစ္စာ ၌ ကတဉာဏ်

” တံ ခေါ ပနိဒံ ဒုက္ခံအရိယသစ္စံ ပရိညာတ ” န္တိမေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၁ – သမုဒယသစ္စာ၌ သစ္စဉာဏ်

” ဣဒံ ဒုက္ခသမုဒယံ အရိယသစ္စ ” န္တိမေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၂ – သမုဒယသစ္စာ ၌ ကိစ္စဉာဏ်

” တံ ခေါ ပနိဒံဒုက္ခသမုဒယံ အရိယသစ္စံ ပဟာတဗ္ဗ ” န္တိ မေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၃ – သမုဒယသစ္စာ ၌ ကတဉာဏ်

” တံ ခေါ ပနိဒံဒုက္ခသမုဒယံ အရိယသစ္စံ ပဟီန ” န္တိ မေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၄ – နိရောဓသစ္စာ ၌ သစ္စဉာဏ်

” ဣဒံ ဒုက္ခနိရောဓံအရိယသစ္စ ” န္တိမေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၅ – နိရောဓသစ္စာ ၌ ကိစ္စဉာဏ်

” တံ ခေါ ပနိဒံဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကာ တဗ္ဗ ” န္တိ မေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၆ – နိရောဓသစ္စာ ၌ ကတဉာဏ်

” တံ ခေါ ပနိဒံဒုက္ခနိရောဓံ အရိယသစ္စံ သစ္ဆိကတ” န္တိ မေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၇ – မဂ္ဂသစ္စာ ၌ သစ္စဉာဏ်

” ဣဒံ ဒုက္ခနိရောဓဂါမိနီ ပဋိပဒါ အရိယ သစ္စ ” န္တိမေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၈ – မဂ္ဂသစ္စာ ၌ ကိစ္စဉာဏ်

” တံ ခေါ ပနိဒံဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝေတဗ္ဗ ” န္တိ မေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၁၉ – မဂ္ဂသစ္စာ ၌ ကတဉာဏ်

” တံ ခေါ ပနိဒံဒုက္ခနိရောဓ ဂါမိနီ ပဋိပဒါ အရိယသစ္စံ ဘာဝိတ ” န္တိ မေ ဘိက္ခဝေ

ပုဗ္ဗေအနနုဿုတေသု ဓမ္မေသု

စက္ခုံ ဥဒပါဒိ၊ဉာဏံဥဒပါဒိ ၊

ပညာ ဥဒပါဒိ ၊ဝိဇ္ဇာဥဒပါဒိ ၊ အာလောကော ဥဒပါဒိ ။

၂၀ – ရှေးက ဘုရား ဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ယာဝကီဝဉ္စ မေ ဘိက္ခဝေ

ဣမေသု စတူသု အရိယသစ္စေသု

ဧဝံ တိပရိဝဋ္ဋံဒွါဒသာကာရံ

ယထာဘူတံ ဉာဏဒဿနံ နသုဝိသုဒ္ဓံ အဟောသိ ။

နေဝ တာဝါဟံ ဘိက္ခဝေသဒေဝကေ လောကေ

သမာရကေ သဗြဟ္မကေ

သဿမဏ ဗြာဟ္မဏိယာ ပဇာယသဒေဝမနုဿာယ

” အနုတ္တရံ သမ္မာသမ္ဗောဓိံအဘိသမ္ဗုဒ္ဓေါ ” တိ ပစ္စညာသိံ ။

၂၁ – ယခုမှ ဘုရား ဖြစ်ကြောင်းဝန်ခံပုံ

ယတော စ ခေါ မေ ဘိက္ခဝေ

ဣမေသု စတူသု အရိယသစ္စေသု

ဧဝံ တိပရိဝဋ္ဋံဒွါဒသာကာရံ

ယထာဘူတံ ဉာဏဒဿနံသုဝိသုဒ္ဓံ အဟောသိ ။

အထာဟံ ဘိက္ခဝေ သဒေ၀ကေလောကေ၊

သမာရကေ သဗြဟ္မကေ

သဿမဏ ဗြာဟ္မဏိယာ ပဇာယသဒေဝမနုဿာယ

” အနုတ္တရံ သမ္မာသမ္ဗောဓိံအဘိသမ္ဗုဒ္ဓေါ ” တိ ပစ္စညာသိံ ။

၂၂ -ပစ္စဝေက္ခဏာဉာဏ်ဖြင့် သိမြင်ပုံ

ဉာဏဉ္စ ပန မေ ဒဿနံဥဒပါဒိ

” အကုပ္ပါ မေ ဝိမုတ္တိ ၊

အယမန္တိမာ ဇာတိ ၊ နတ္ထိဒါနိ ပုန ဗ္ဘ ဝေါ ” တိ။

၂၃ – ပဉ္စဝဂ္ဂီရဟန်းတို့ တရားကို နှစ်သက် ကြပုံ

ဣဒမဝေါစ ဘဂဝါ ။

အတ္တမနာ ပဉ္စဝဂ္ဂီယာ ဘိက္ခူ

ဘဂဝတော ဘာသိတံအဘိနန္ဒုန္တိ။

၂၄ – အရှင်ကောဏ္ဍညသော တာပန် ဖြစ်ပုံ

ဣမသ္မိံ စ ပနဝေယျာကရဏသ္မိံ ဘည မာနေ

အာယသ္မတော ကောဏ္ဍညဿ ဝိရဇံဝီတမလံ ဓမ္မစက္ခုံ ဥဒပါဒိ

” ယံ ကိဉ္စိ သမုဒယဓမ္မံ၊ သဗ္ဗံတံ နိရောဓ ဓမ္မ ” န္တိ ။

၂၅ – နတ်၊ ဗြဟ္မာ တို့ကောင်းချီးပေးပုံ

ပဝတ္တိတေ စ ပန ဘဂဝတာဓမ္မစက္ကေ

ဘုမ္မာ ဒေဝါသဒ္ဒမနုဿာဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယံဣသိပတနေ မိဂဒါယေ

အနုတ္တရံဓမ္မစက္ကံ ပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

ဘုမ္မာနံ ဒေဝါနံသဒ္ဒံသုတွာ

စာတုမဟာရာဇိကာ ဒေဝါသဒ္ဒ မနုဿာ ဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယ

ဣသိပတနေ မိဂဒါယေအနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

စာတုမဟာ ရာဇိကာနံဒေဝါနံ သဒ္ဒံ သုတွာ

တာဝတိံသာ ဒေဝါသဒ္ဒမနုဿာဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယံ

ဣသိပတနေ မိဂဒါယေ

အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

တာဝတိံသာနံ ဒေဝါနံ သဒ္ဒံသုတွာ

ယာမာ ဒေဝါသဒ္ဒမနုဿာဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယံ

ဣသိပတနေ မိဂဒါယေအနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

ယာမာနံ ဒေဝါနံ သဒ္ဒံသုတွာ

တုသိတာ ဒေဝါသဒ္ဒမနုဿာဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယံ

ဣသိပတနေ မိဂဒါယေ

အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

တုသိတာနံ ဒေဝါနံ သဒ္ဒံသုတွာ

နိမ္မာနရတီ ဒေဝါသဒ္ဒမနုဿာဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယံ

ဣသိပတနေ မိဂဒါယေအနုတ္တရံ ဓမ္မစက္ကံ ပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

ပရနိမ္မိတဝသဝတ္တီနံဒေဝါနံ သဒ္ဒံ သုတွာ

ဗြဟ္မ့ကာယိကာ ဒေဝါသဒ္ဒမနုဿာဝေသုံ

” ဧတံ ဘဂဝတာ ဗာရာဏသိယံ

ဣသိပတနေ မိဂဒါယေ

အနုတ္တရံ ဓမ္မစက္ကံပဝတ္တိတံ

အပ္ပဋိဝတ္တိယံ သမဏေန ဝါဗြဟ္မဏေန ဝါ

ဒေဝေန ဝါ မာရန ဝါ

ဗြဟ္မုနာ ဝါ ကေနစိ ဝါလောကသ္မိံ ” တိ ။

ဣတိဟ တေန ခဏေန တေန လယေန

တေန မုဟုတ္တေန ယာဝဗြဟ္မလောကာ သဒ္ဒေါ အဗ္ဘုဂ္ဂစ္ဆိ ။

၂၆ – တစ်သော င်းသော လောကဓာတ် တုန်လှုပ်ပုံ

အယဉ္စ ဒသသဟဿိ လောကဓာတု

သံကမ္ပိ သမ္ပကမ္ပိသမ္ပဝေဓိ ။

၂၇ – အရောင် အလင်း ဖြစ်ပေါ်လာပုံ

အပ္ပမာဏော စ ဥဠာရောဩဘာသော

လောကေ ပါတု ရဟောသိ

အတိက္ကမ္မ ဒေဝါနံဒေဝါနုဘာဝန္တိ ။

၂၈ – မြတ်စွာ ဘုရားဥဒါန်းကျူးပုံ

အထ ခေါ ဘဂဝါ ဣမံ ဥဒါနံဥဒါနေသိ

” အညာသိ ဝတ ဘောကောဏ္ဍညော ၊

အညာသိ ဝတဘော ကောဏ္ဍညော “တိ ။

ဣတိဟိဒံ အာယသ္မတောကောဏ္ဍညဿ

အညာသိ ကောဏ္ဍညောတွေ ဝနာမံ အဟောသိ ။

၂၉ – အညာသိကောဏ္ဍညရှင်ရဟန်းအ ဖြစ် တောင်းပုံ

အထ ခေါ အာယသ္မာအညာသိကောဏ္ဍညော

ဒိဋ္ဌဓမ္မော ပတ္တဓမ္မော

ဝိဒိတဓမ္မောပရိယောဂါဠဓမ္မော

တိဏ္ဏ ဝိစိကိစ္ဆော

ဝိဂတကထံကထော

ဝေသာရဇ္ဇပ္ပတ္တော

အပရပ္ပစ္စယော သတ္ထုသာသနေ

ဘဂဝန္တံ ဧတဒဝေါစ

” လဘေယျာဟံဘန္တေ ဘဂဝတောသန္တိကေ ပဗ္ဗဇ္ဇံ ၊

လဘေယျံ ဥပသမ္ပဒ ” န္တိ ။

၃၀ – ဧဟိ ဘိက္ခုရဟန်းအ ဖြစ်ရပုံ

၁။ ” ဧဟိ ဘိက္ခူ” တိဘဂဝါ အဝေါစ ၊

သွာက္ခာတော ဓမ္မော ၊ စရဗြဟ္မစရိယံ

သမ္မာဒုက္ခဿ အန္တကိရိယာယာတိ ။

၂။ သာဝ တဿ အာယသ္မတော

ဥပသမ္ပဒါ အဟောသီတိ ။

ဓမ္မစက္ကပ္ပဝတ္တန သုတ္တံနိဋ္ဌိတံ ။

* * *


ဓမ္မစက္ကပ္ပဝတ္တနသုတ်မြန်မာပြန်

၁။အခါတစ်ပါး၌ မြတ်စွာ ဘုရားသည် ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တော၌ သီတင်းသုံးနေတော် မူ၏ ၊ ထိုအခါ မြတ်စွာ ဘုရားသည် ပဉ္စဝဂ္ဂီရဟန်းတို့ကို မိန့်တော် မူ၏ -

၂။ ရဟန်းတို့ရဟန်း ဖြစ်သူသည် အစွန်းနှစ် ပါးတို့ကို မမှီဝဲအပ်ကုန်၊ အဘယ်နှစ် ပါးတို့နည်း –

1. ယုတ်ညံ့၍ ရွာသူတို့၏ အကျင့် ဖြစ်သော ပုထုဇဉ်တို့၏ အလေ့အကျင့်သာ ဖြစ်၍ အရိယာတို့၏ အလေ့အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကာမဂုဏ်တို့၌ ကာမဂုဏ်ချမ်းသာကို ကပ်ငြိသော အားဖြင့် အဖန်တလဲလဲ လိုက်စားအားထုတ်ခြင်း လည်းကောင်း၊

2. ကိုယ်စိတ်၏ ဆင်းရဲခြင်းကို ဖြစ်စေတတ်သော အရိယာတို့၏ အကျင့် မဟုတ်သော အကျိုးစီးပွားနှင့် မစပ်ယှဉ်သော ကိုယ်ပင်ပန်းမှု ကို အားထုတ်ခြင်းလည်းကောင်း

ဤနှစ် ပါးတို့တည်း။

၃။ရဟန်းတို့ ဤအစွန်းနှစ် ပါးတို့သို့ မကပ်ရောက်မူ၍ မြတ်စွာ ဘုရားသည်အထူးသဖြင့် သိတော် မူအပ်သော ပညာမျက်စိကို ပြုတတ်သော ၊ ဉာဏ်အမြင်ကိုပြုတတ်သော ၊ အလယ်အလတ် ဖြစ်သော အကျင့်သည် ကိလေသာ ငြိမ်းရန် အလို့ငှါ ဖြစ်၏ ၊ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏ ၊ သစ္စာလေးပါးကိုသိရန် အလို့ငှါ ဖြစ်၏ ၊ နိဗ္ဗာန်ကို မျက်မှော က်ပြုရန် အလို့ငှါ ဖြစ်၏ ။

ရဟန်းတို့မြတ်စွာ ဘုရားသည် အထူးသဖြင့် သိတော် မူအပ်သော ပညာမျက်စိကို ပြုတတ်သော ၊ ဉာဏ်အမြင်ကို ပြုတတ်သော ၊ ကိလေသာ ငြိမ်းခြင်းငှါ၊ ထူးသော ဉာဏ်ဖြင့် သိခြင်းငှါ၊သစ္စာလေးပါးကို သိခြင်းငှါ၊ နိဗ္ဗာန်ကို မျက်မှော က်ပြုခြင်းငှါ ဖြစ်သော ထိုအလယ်အလတ် ဖြစ်သော မြတ်သော အကျင့်ကား အဘယ်နည်း၊

အင်္ဂါရှစ်ပါးရှိသော ဤအရိယမဂ်ပင်တည်း။ ဤသည်ကား အဘယ်နည်း –

1. မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’၊ (တနည်း) ကောင်းစွာ မြင်ခြင်း

2. မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ (တနည်း) ကောင်းစွာ ကြံခြင်း

3. မှန်ကန်သော စကား’သမ္မာဝါစာ’၊ (တနည်း) ကောင်းစွာ ပြောဆိုခြင်း

4. မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’၊ (တနည်း) ကောင်းစွာ ပြုလုပ်ခြင်း

5. မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ (တနည်း) ကောင်းစွာ အသက်မွေးခြင်း

6. မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ (တနည်း) ကောင်းစွာ အားထုတ်ခြင်း

7. မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ (တနည်း) ကောင်းစွာ အောက်မေ့ခြင်း

8. မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’၊ (တနည်း) ကောင်းစွာ တည်ကြည်ခြင်းတို့တည်း။

ရဟန်းတို့မြတ်စွာ ဘုရားသည် အထူးသဖြင့် သိတော် မူအပ်သော ၊ ပညာမျက်စိကို ပြုတတ်သော ၊ဉာဏ်အမြင်ကို ပြုတတ်သော ၊ အလယ်အလတ် ဖြစ်သော ၊ ဤမြတ်သော အကျင့်သည် ကိလေသာငြိမ်းရန် အလို့ငှါ ဖြစ်၏ ၊ ထူးသော ဉာဏ်ဖြင့် သိရန် အလို့ငှါ ဖြစ်၏ ၊(သစ္စာလေးပါးကို) သိရန် အလို့ငှါ ဖြစ်၏ ၊ နိဗ္ဗာန်ကို မျက်မှော က်ပြုရန်အလို့ငှါ ဖြစ်၏ ။

၎။ ရဟန်းတို့ဤသည်ကား ဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။

ပဋိသန္ဓေတည်နေရခြင်းသည်လည်း ဆင်းရဲ၏ ၊

အိုရခြင်းသည်လည်းဆင်းရဲ၏ ၊

နာရခြင်းသည် လည်းဆင်းရဲ၏ ၊

သေရခြင်းသည်လည်းဆင်းရဲ၏ ၊

မချစ်သော သူတို့နှင့် အတူနေရခြင်းသည်လည်း ဆင်းရဲ၏ ၊

ချစ်သော သူတို့နှင့် ကွေကွင်းရခြင်းသည်လည်း ဆင်းရဲ၏ ၊

လိုချင်ရာကိုမရခြင်းသည်လည်း ဆင်းရဲ၏ ၊

အကျဉ်းအားဖြင့် စွဲလမ်းရာ အာရုံ ဖြစ်သော ခန္ဓာငါးပါးတို့သည်လည်း ဆင်းရဲကုန်၏ ။

၅။ရဟန်းတို့ ဤသည်ကား ဆင်းရဲခြင်း၏ အကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ အကြင် တဏှာသည် ဘဝသစ်၌ ဖြစ်စေတတ်၏ ၊ နှစ်သက် ခြင်းတပ်မက်ခြင်းနှင့် တကွ ဖြစ်၏ ၊ ထိုထို အာရုံ၌ လွန်စွာ နှစ်သက် တတ်၏ ။ထိုတပ်မက်မှု ‘တဏှာ’ ဟူသည် အဘယ်နည်း၊

* ကာမ၌ တပ်မက်မှု ‘ကာမတဏှာ’၊

* သဿတဒိဋ္ဌိနှင့် တကွ ဖြစ်သော တပ်မက်မှု ‘ဘဝတဏှာ’၊

* ဥစ္ဆေဒဒိဋ္ဌိနှင့် တကွ ဖြစ်သော တပ်မက်မှု ‘ဝိဘဝတဏှာ’ တို့တည်း။

၆။ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ယင်းဆင်းရဲ၏ ချုပ်ငြိမ်းရာဟူသည် ထိုတပ်မက်မှု ‘တဏှာ’ ၏ သာလျှင် အကြွင်းမဲ့စွဲမက်မှု ကင်းပျောက် ချုပ်ငြိမ်းရာ စွန့်လွှတ်ရာ တစ်ဖန် စွန့်ပယ်ရာလွတ်မြောက်ရာ မကပ်ငြိရာပင် ဖြစ်၏ ။

၇။ရဟန်းတို့ ဤသည်ကား ဆင်းရဲ၏ ချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ဖြစ်သော အရိယာတို့၏ အမှန်တရားတည်း။ ဤအရိယမဂ်သည် အင်္ဂါရှစ်ပါးရှိ၏ ၊အင်္ဂါရှစ်ပါးဟူသော်ကား

1. မှန်ကန်သော အမြင် ‘သမ္မာဒိဋ္ဌိ’၊ (တနည်း) ကောင်းစွာ မြင်ခြင်း

2. မှန်ကန်သော ကြံစည်မှု ‘သမ္မာသင်္ကပ္ပ’၊ (တနည်း) ကောင်းစွာ ကြံခြင်း

3. မှန်ကန်သော စကား’သမ္မာဝါစာ’၊ (တနည်း) ကောင်းစွာ ပြောဆိုခြင်း

4. မှန်ကန်သော အလုပ် ‘သမ္မာကမ္မန္တ’၊ (တနည်း) ကောင်းစွာ ပြုလုပ်ခြင်း

5. မှန်ကန်သော အသက်မွေးမှု ‘သမ္မာအာဇီဝ’၊ (တနည်း) ကောင်းစွာ အသက်မွေးခြင်း

6. မှန်ကန်သော အားထုတ်မှု ‘သမ္မာဝါယာမ’၊ (တနည်း) ကောင်းစွာ အားထုတ်ခြင်း

7. မှန်ကန်သော အောက်မေ့မှု ‘သမ္မာသတိ’၊ (တနည်း) ကောင်းစွာ အောက်မေ့ခြင်း

8. မှန်ကန်သော တည်ကြည်မှု ‘သမ္မာသမာဓိ’၊ (တနည်း) ကောင်းစွာ တည်ကြည်ခြင်းတို့တည်း။

၈။ ရဟန်းတို့”ဤတရားသည် ဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားမည် ၏ ” ဟု (ဘုရား မ ဖြစ်မီ)ရှေးက မကြားဖူးကုန်သော (ဒုက္ခသစ္စာ) တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၉။ရဟန်းတို့ ”ထိုဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိထိုက်၏ ” ဟု (ဘုရားမ ဖြစ်မီ) ရှေးက (မကြားဖူးကုန်သော ဒုက္ခသစ္စာတရားတို့၌ )

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၀။ရဟန်းတို့ ”ထိုဆင်းရဲ ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပိုင်းခြား၍ သိခဲ့ပြီ” ဟု (ဘုရား မ ဖြစ်မီ) ရှေးက မကြားဖူး ကုန်သော (ဒုက္ခသစ္စာ)တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၁။ရဟန်းတို့ ”ဤတရားသည် ဆင်းရဲခြင်း၏ အကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားမည် ၏ ”ဟု (ဘုရားမ ဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ) တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၂။ရဟန်းတို့ ”ထိုဆင်းရဲခြင်း၏ အကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားကိုပယ်အပ်၏ ” ဟု (ဘုရားမ ဖြစ်မီ) ရှေးက (မကြားဖူးကုန်သော သမုဒယသစ္စာတရားတို့၌ )

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၃။ရဟန်းတို့ ”ထိုဆင်းရဲခြင်း၏ အကြောင်း ဖြစ်သော အရိယာတို့၏ အမှန်တရားကိုပယ်ပြီးပြီ” ဟု (ဘုရားမ ဖြစ်မီ) ရှေးက မကြားဖူးကုန်သော (သမုဒယသစ္စာ)တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ်’ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၄။ရဟန်းတို့ ”ဤတရားသည် ဆင်းရဲ၏ ချုပ်ရာ ဖြစ်သော အရိယာတို့၏ အမှန်တရားမည် ၏ ”ဟု (ဘုရားမ ဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၅။ရဟန်းတို့ ”ထိုဆင်းရဲ၏ ချုပ်ရာ ဖြစ်သော အရိယာတို့၏ အမှန်တရားကိုမျက်မှော က် ပြုအပ်၏ ”ဟု (ဘုရားမ ဖြစ်မီ) ရှေးက (မကြားဖူးကုန်သော နိရောဓသစ္စာတရားတို့၌ )

ငါဘုရားအားပညာမျက်စိသည်ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ်’ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၆။ရဟန်းတို့ ”ထိုဆင်းရဲ၏ ချုပ်ရာ ဖြစ်သော အရိယာတို့၏ အမှန်တရားကိုမျက်မှော က်ပြုပြီးပြီ” ဟု (ဘုရားမ ဖြစ်မီ) ရှေးက မကြားဖူးကုန်သော (နိရောဓသစ္စာ) တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၇။ရဟန်းတို့ ”ဤတရားသည် ဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်းအကျင့် ဖြစ်သော အရိယာတို့၏ အမှန်တရားမည် ၏ ” ဟု (ဘုရားမ ဖြစ်မီ) ရှေးကမကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။

၁၈။ရဟန်းတို့ ”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်) သို့ ရောက်ကြောင်း အကျင့် ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများ အပ်၏ ” ဟု (ဘုရားမ ဖြစ်မီ) ရှေးက(မကြားဖူး ကုန်သော မဂ္ဂသစ္စာ တရားတို့၌ )

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’သည် ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ၊

၁၉။ရဟန်းတို့ ”ထိုဆင်းရဲချုပ်ရာ (နိဗ္ဗာန်)သို့ ရောက်ကြောင်း အကျင့် ဖြစ်သော အရိယာတို့၏ အမှန်တရားကို ပွားများ ပြီးပြီ” ဟု (ဘုရားမ ဖြစ်မီ) ရှေးကမကြားဖူးကုန်သော (မဂ္ဂသစ္စာ) တရားတို့၌

ငါဘုရားအားပညာမျက်စိသည် ထင်ရှား ဖြစ်၏ ၊ အသိဉာဏ်သည် ထင်ရှား ဖြစ်၏ ၊ အပြားအားဖြင့် သိတတ်သော ဉာဏ် ‘ပညာ’ သည် ထင်ရှား ဖြစ်၏ ၊ ထိုးထွင်း၍ သိသော ဉာဏ် ‘ဝိဇ္ဇာ’ သည်ထင်ရှား ဖြစ်၏ ၊ အလင်းရောင် သည် ထင်ရှား ဖြစ်၏ ။ (၄)

၂၀။ရဟန်းတို့ ”ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်တစ်ဆယ့်နှစ် ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင် မစင်ကြယ် သေးသမျှကာလပတ်လုံး ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများ နှင့် တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကို ကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟုဝန်မခံခဲ့ချေ။

၂၁။ရဟန်းတို့ ”ဤအရိယာတို့၏ အမှန်တရားလေးပါးတို့၌ ဤသို့ သုံးပါးသော အပြန်တစ်ဆယ့်နှစ် ပါးသော အခြင်းအရာရှိသော မှန်ကန်သော ဉာဏ်အမြင်သည် စင်ကြယ်လာသော အခါ၌ သာလျှင် ငါသည် နတ် မာရ်နတ် ဗြဟ္မာနှင့် တကွသော နတ်လောကနှင့် သမဏဗြာဟ္မဏမင်းများ လူများ နှင့် တကွသော လူ့လောက၌ အတုမရှိသော အလုံးစုံသော တရားတို့ကိုကိုယ်တိုင်မှန်စွာ သိသော (အရဟတ္တမဂ်) ဉာဏ်ကို သိပြီဟု ဝန်ခံခဲ့၏ ၊

၂၂။ငါ၏ (ကိလေသာတို့မှ) လွတ်မြောက်မှု သည် မပျက်စီးနိုင်ပြီ၊ ဤကား အဆုံးစွန်သော ဘဝတည်း၊ ယခုအခါ ဘဝသစ်၌ ဖြစ်ခြင်း မရှိတော့ပြီဟု ငါ့အား ပစ္စဝေက္ခဏာဉာဏ်အမြင်သည် ဖြစ်ပေါ်လာ၏ ။

၂၃။မြတ်စွာ ဘုရားသည် ဤစကားကို မိန့်တော် မူ၏ ၊ ပဉ္စဝဂ္ဂီငါးပါး ရဟန်းတို့သည်နှစ် လိုကုန်သည် ဖြစ်၍ မြတ်စွာ ဘုရား၏ တရားတော် ကို ဝမ်းမြောက်စွာ ခံယူကြလေကုန်၏ ။

၂၄။ဤဂါထာမဖက် သက်သက်သော ဒေသနာတော် ကို ဟောတော် မူသည်ရှိသော်အသျှင်ကောဏ္ဍညအား ” ဖြစ်ခြင်း သဘောရှိသော တရားအလုံးစုံသည်ချုပ်ခြင်းသဘောရှိ၏ ” ဟု (ကိလေသာ) မြူ အညစ်အကြေး ကင်းသော တရားမျက်စိ’သော တာပတ္တိမဂ်ဉာဏ်’ သည် ဖြစ်ပေါ်လာ၏ ။

၂၅။ဤသို့ မြတ်စွာ ဘုရားသည် ဓမ္မစကြာတရားတော် ကို ဟောတော် မူသည်ရှိသော်”ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာတစ်ဦး တစ်ယောက် မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော် ကိုဟောတော် မူ၏ ” ဟု ဘုမ္မစိုးနတ်တို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့်ကြွေးကြော်ကုန်၏ ။

ဘုမ္မစိုးနတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ ”မြတ်စွာ ဘုရားသည် ဗာရာဏသီပြည် ဣသိပတနမိဂဒါဝုန်တောဝယ် လောက၌ သမဏဗြာဟ္မဏ နတ် မာရ်နတ် ဗြဟ္မာ တစ်ဦး တစ်ယောက် မျှမဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာ တရားတော် ကို မြတ်စွာ ဘုရား ဟောတော် မူ၏ ”ဟု စာတုမဟာရာဇ်နတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏ ။

စာတုမဟာရာဇ်နတ်တို့၏ ကောင်းချီးပေးသံကို ကြား၍ တာဝတိံသာနတ်တို့သည် အဆင့်ဆင့် ကြွေးကြော်ကုန်၏ ။

ယာမာနတ်တို့သည်အဆင့်ဆင့် ကြွေးကြော်ကုန်၏ ။

တုသိတာနတ်တို့သည်အဆင့်ဆင့် ကြွေးကြော်ကုန်၏ ။

နိမ္မာနရတီနတ်တို့သည်အဆင့်ဆင့် ကြွေးကြော်ကုန်၏ ။

ပရနိမ္မိတဝသဝတ္တီနတ်တို့သည်အဆင့်ဆင့် ကြွေးကြော်ကုန်၏ ။

”မြတ်စွာ ဘုရားသည်ဗာရာဏသီပြည် ဣသိပတန မိဂဒါဝုန်တောဝယ် လောက၌ သမဏ ဗြာဟ္မဏ နတ်မာရ်နတ် ဗြဟ္မာတစ်ဦး တစ်ယောက် မျှ မဟောနိုင်သော အတုမရှိသော ဤဓမ္မစကြာတရားတော် ကိုဟောတော် မူ၏ ” ဟု ဗြဟ္မာတို့သည် ကောင်းချီးပေးသံကို အဆင့်ဆင့်ကြွေးကြော်ကုန်၏ ။

၂၆။ဤသို့ လျှင် ထိုအချိန် ထိုအခါ ထိုကာလတွင် အကနိဋ္ဌဗြဟ္မာ့ပြည် တိုင်အောင်ကောင်းချီးသံသည် ပြန့်နှံ့၍ တက်၏ ၊ ဤတစ်သော င်းသော လောကဓာတ်သည်လည်းတုန်လှုပ်၏ ၊ ပြင်းစွာ တုန်လှုပ်၏ ၊ ထက်ဝန်းကျင် တုန်လှုပ်၏ ၊

၂၇။အတိုင်းအရှည်မရှိ ကြီးမားသော အရောင် အလင်းသည်လည်း လောက၌ နတ်တို့၏ အာနုဘော်ကို ကျော်လွန်၍ ထင်ရှား ဖြစ်ပေါ်၏ ။

၂၈။ထိုအခါ မြတ်စွာ ဘုရားသည် ”ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကိုသိလေပြီတကား၊ ရဟန်းတို့ ကောဏ္ဍညသည် သစ္စာလေးပါးတရားကို သိလေပြီတကား” ဟုဤဥဒါန်းကို ကျူးရင့်တော် မူ၏ ။ ဤဥဒါန်းကို ကျူးရင့်တော် မူသော ကြောင့် သာလျှင်အသျှင်ကောဏ္ဍညအား ‘အညာသိ ကောဏ္ဍည’ ဟူ၍ သာ အမည် တွင် ၏ ။

၂၉။ ထို သော တာပန် ဖြစ်ပြီးသော အခါ၌ ရှည်သော အသက်တော် ရှိသော အရှင် အညာသိ ကောဏ္ဍညသည်

* ကိုယ်တိုင် မြင်အပ်ပြီးသော တရားရှိသည် ဖြစ်၍

* ကိုယ်တိုင် ဆိုက်ရောက်အပ်ပြီးသော တရားရှိသည် ဖြစ်၍

* ကိုယ်တိုင် သိအပ်ပြီးသော တရားရှိသည် ဖြစ်၍

* ကိုယ်ပိုင်ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော တရားရှိသည် ဖြစ်၍

* ယုံမှားခြင်း၏ တဘက်ကမ်းသို့ ရောက်အောင် ကူးမြောက်ပြီးသည် ဖြစ်၍

* သို့ လော သို့ လော တွေးတောယုံမှားခြင်းမှ လွတ်ကင်းသည် ဖြစ်၍

* ကြောက်ရွံ့မှု ကင်းလျက် ရဲရင့်ခြင်းသို့ ရောက်သည် ဖြစ်၍

မြတ်စွာ ဘုရား၏ သာသနာတော် အတွင်း၌ သိမြင်ပြီးသော ဉာဏ် အစွမ်းအားဖြင့် သူတပါးတို့အားယုံကြည်အားထားခြင်းမရှိလေသော ကြောင့် ဘုန်းတော် ကြီးသော မြတ်စွာ ဘုရားကိုဤသို့ သော စကားကိုလျှောက်ထားတောင်းပန်လေ၏ ။

“အရှင်ဘုရား– တပည့်တော် သည် ဘုန်းတော် ကြီးသော မြတ်စွာ ဘုရား၏ အထံတော် ၌ ရဟန်းအ ဖြစ်ကိုရလိုပါသည်ဘုရား။ ပဉ္ဇင်းအ ဖြစ်ကိုရလိုပါသည်ဘုရား။” ဤသို့ လျှောက်ထားတောင်းပန်လေ၏ ။

၃၀။ မြတ်စွာ ဘုရားသည်ဤသို့ မိန့်တော် မူ၏ ။

“အိုရဟန်း လာလော့ ငါဘုရားသည် တရားတော် မြတ်ကို ကောင်းစွာ ဟောကြားတော် မူအပ်ပြီ။သံသရာ ၀ဋ်ဆင်းရဲ၏ အဆုံးတိုင်အောင် ပြုခြင်းငှာ ကောင်းစွာ မြတ်သော မဂ်အကျင့်ကို ကျင့်လေလော့”

ဤသို့ မိန့်တော် မူ၏ ။ရှည်သော အသက်တော် ရှိသော ထို အရှင် ကောဏ္ဍညအား ထို ဧဟိဘိက္ခု -ပဉ္ဇင်းအ ဖြစ်သည်သာလျှင် ဖြစ်လေသတည်း။

* * *


သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုးနှင့် အနက်

သမ္ဗုဒ္ဓေဂါထာဘုရားရှိခိုး

ပါဠိ

သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ၊ ဒွါဒသဉ္စ သဟဿကေ။

ပဉ္စသတ သဟဿာနိ၊ နမာမိ သိရသာမဟံ။

အပ္ပကာ ၀ါဠုကာ ဂင်္ဂါ၊ အနန္တာ နိဗ္ဗူတာ ဇိနာ။

တေသံ ဓမ္မဉ္စ သံဃဉ္စ၊ အာဒရေန နမာမဟံ။

နမက္ကာရာနုဘာဝေန၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ။

အနေကာအန္တရာယာပိ၊ ၀ိနဿန္တု အသေသတော။

* * *


အနက်

အဋ္ဌ၀ီသံ

- သုံးပါးဘ၀ သုံးလောကတွင် ဉာဏရောင် ဖိတ် အောင်ဘိသိတ်နှင့် နှစ် ကျိပ်ရှစ်ဆူကုန်သော ၊

သမ္ဗုဒ္ဓေ စ

– တန်ဆောင်ပမာ ဉာဏ်ရောင် ၀ါဖြင့် သစ္စာပွင့်လင်း တရားမင်းတို့ကိုလည်းကောင်း၊

ဒွါဒသဉ္စ သဟဿကေ

– နိဗ္ဗာန်ကိန်းအောင်း စက်မွေ့လျောင်းသည့် တစ်သော င်းနှစ် ထောင်ကုန်သော ၊

သမ္ဗုဒ္ဓေစ

– လရောင် ပမာ ဉာဏ်ရောင် ၀ါဖြင့် သစ္စာလင်းပြောင် မြတ်ဘုန်းခေါင်တို့ကိုလည်းကောင်း၊

ပဉ္စသတ သဟဿာနိ

– သော င်းတိုက်စကြ၀ဠာ ဂုဏ်ဝါရောင် ရှိန်း ငါးသိန်းကုန်သော ၊

သမ္ဗုဒ္ဓေစ

– နေရောင် ပမာ ဉာဏ်ရောင် ၀ါဖြင့် သစ္စာလင်းထိန် မြတ်မုနိတို့ကိုလည်းကောင်း၊

အဟံ

– အကျွန်ုပ်သည်၊

သိရသာ

– ဦးခေါင်းရတနာ မြတ်အင်္ဂါဖြင့် ၊

နမာမိ

– ရိုသေညွတ်ကျိုး လက်အုပ်မိုး၍ ရှိခိုးပါ၏ ။

ဂင်္ဂါ-ဂင်္ဂါယ

– ဂင်္ဂါမြစ်အတွင်း၌ ၊

ဝါဠုကာ

– ရှိကြကုန်သော သဲတို့သည်၊

အပ္ပကာ

– နည်းကြကုန်သေး၏ ၊

နိဗ္ဗုတာ

– ဘုံဇာတ်သိမ်း၍ ငြိမ်းအေးတော် မူကြကုန်ပြီးသော ၊

ဇိနာ

– နှောင့်ယှက်ဖန်လာ မာရ်ငါးဖြာကို အရိယာမဂ် ဘုန်းရောင် စက်ဖြင့် ချိုးဖျက်လွယ်ကူ အောင်တော် မူသော ဘုရားရှင် အပေါင်းတို့ကား၊

အနန္တာ

– သင်္ချာဂဏန်း ရေတွက်မှန်းလည်း ဆုံးခန်းတိုင်မြောက် မရောက်နိုင်ကြကုန်။

တေ ဇိနေ စ

– ထိုဘုရားရှင်တို့ကိုလည်းကောင်း

တေသံ

– ထိုငါးသိန်း တစ်သော င်း နှစ် ထောင် နှစ် ကျိပ်ရှစ်ဆူကုန်သော ဘုရားရှင်၊ မရေတွက်နိုင်သော ဘုရားရှင်တို့၏ ၊

ဓမ္မဉ္စ

– တရားတော် မြတ်တို့ကိုလည်းကောင်း၊

သံဃဉ္စ

– တပည့်သား သံဃာတော် မြတ်တို့ကို လည်းကောင်း၊

အဟံ

– အကျွန်ုပ်သည်၊

အာဒရေန- အာဒရံ

– ရိုသေစွာ ၊

နမာမိ

– ရှိခိုးပါ၏ ။

နမက္ကာရာ နုဘာဝေန

– ဤသို့ ရှိခိုးပူဇော် ဖူးမြော်မာန်လျှော့ ကန်တော့ရသော ပဏာမကုသိုလ်စေတနာကြောင့် ၊

သဗ္ဗေ

– ခပ်သိမ်းကုန်သော ၊

ဥပဒ္ဒဝေ

– ဘေးရန်တို့ကို၊

ဟိတွာ

– ပယ်ဖျောက်၍ ၊

အနေကာအန္တရာယာပိ

– တစ်ပါးမက များ လှသွယ်သွယ် အန္တရာယ်တို့သည်လည်း၊

အသေသတော

– အကြွင်းအကျန် မရှိသော အားဖြင့် ၊

ဝိနဿန္တု

– ပျောက်ပျက်ပါစေကုန်သတည်း။ ။

* * *


ပဋ္ဌာန်း (၂၄) ပစ္စည်း

ဟေတု ပစ္စယော —— အကုသိုလ်ကင်း၍ ကုသိုလ်နှင့် ယှဉ်တွဲ ရပါစေသား။

အာရမ္မဏ ပစ္စယော — မျက်စိနှင့်နားသည် နိဗ္ဗာန်သို့ မျက်မှော က်ပြုရပါစေသား။

အဓိပတိ ပစ္စယော —– ရုပ်၊ နာမ် နှစ် ပါးတို့ကို စောင့်ရှောက် ထိန်းသိမ်းနိုင်ရပါစေသား။

အနန္တရ ပစ္စယော —— များ စွာ သော ကုသိုလ်တရားတို့ကို မျက်မှော က်ပြုရပါစေသား။

သမနန္တရ ပစ္စယော —- ရုပ်နှင့်နာမ် အတူရှိသော တရားတို့ကို မျက်မှော က်ပြုရပါစေသား။

သဟဇာတ ပစ္စယော — ရုပ်, ရုပ်ချင်း၊ နာမ်, နာမ်ချင်း ထင်ရှားစွာ သိရပါစေသား။

အညမည ပစ္စယော — ရုပ်မှနာမ်သို့ ၊ နာမ်မှရုပ်သို့ ပြောင်းလဲ၍ သိရပါစေသား။

နိဿယ ပစ္စယော —- ရုပ်နာမ် နှစ် ပါးတို့၏ တည်နေရာကို သိရပါစေသား။

ဥပနိဿယ ပစ္စယော – ရတနာသုံးပါးကို ဦးထိပ်ထားရပါစေသား။

ပုရေဇာတ ပစ္စယော — ရှေးက ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကိုမျက်မှော က်ပြုရပါစေသား။

ပစ္ဆာဇာတ ပစ္စယော — နောက်မှ ဖြစ်သော အကုသိုလ်ကိုပယ်၍ ကုသိုလ်ကို မျက်မှော က်ပြုရပါစေသား။

အာသေဝန ပစ္စယော – လိုရာဆန္ဒ မရှိအောင် ပြည့်စုံရပါစေသား။

ကမ္မ ပစ္စယော ——– ကံသုံးပါးကို ထိန်းသိမ်းနိုင်ရပါစေသား။

ဝိပါက ပစ္စယော —— ဝဋ်ကြွေး သုံးသွယ်ကို ပယ်ဖျက်ရပါစေသား။

အာဟာရ ပစ္စယော — လိုရာဆန္ဒကို ပြည့်စုံစွာ ထောက်ပံ့နိုင်ရပါစေသား။

ဣန္ဒြိယ ပစ္စယော —– နာမ်ရုပ်ကို ထိန်းသိမ်းတတ်သော ပညာနှင့် ပြည့်စုံရပါစေသား။

ဈာန ပစ္စယော ——– သူတော် ကောင်းတရား (ရ)ပါး၊ ဉာဏ်စဉ် (၅)ပါးနှင့် ပြည့်စုံရပါစေသား။

မဂ္ဂ ပစ္စယော ———- ဘာဝနာ (၂)ပါး အပေါင်းကို အာရုံပြု၍ အထွဋ်အထိပ် ပညာကိုရ, ရပါစေသား။

သမ္ပယုတ္တ ပစ္စယော — သူတော် ကောင်းတို့နှင့်ပေါင်း၍ (ရ)ဖြာသော တရားနှင့် ယှဉ်တွဲရပါစေသား။

ဝိပယုတ္တ ပစ္စယော —- သူယုတ်မာနှင့်ဝေး၍ အကုသိုလ် ကင်းရှင်းရပါစေသား။

အတ္တိ ပစ္စယော ——- သမုတိနယ်၏ အရှိကို ဟုတ်မှန်စွာ သိရပါစေသား။

နတ္တိ ပစ္စယော ——– ပရမတ္တ မရှိတရား၏ အသိကို မျက်မှော က်ပြုရပါစေသား။

ဝိဂတ ပစ္စယော —— ရှေး၌ ပွင့်ပြီးကုန်သော ဘုရားတို့ကို ရှိခိုးရပါစေသား။

အဝိဂတ ပစ္စယော —- ပွင့်လတ္တံ့သော ဘုရားတို့ကို ရှိခိုးရပါစေသား။

* * *


ဘေးရန်ကင်းကွာ စီးပွာဖြာသည့် ဂုဏ်တော် ကွန်ချာ ဂါထာ

သော ဘဂ၀ါ ဣတိပိ အရဟံ၊
အရဟံ ၀တ သော ဘဂ၀ါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ အရဟံ။

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။

သော ဘဂ၀ါ ဣတိပိ သုဂတော၊
သုဂတော ၀တ သော ဘဂ၀ါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သုဂတော။

သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊
လောက၀ိဒူ ၀တ သော ဘဂ၀ါ၊
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ၊
လောက၀ိဒုံ သိရသာ နမာမိ၊
ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ။

သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂ၀ါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊
သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။

သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ။

သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ၊
ဘဂ၀ါ ၀တ သော ဘဂ၀ါ၊
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဘဂ၀န္တံ သိရသာ နမာမိ၊
န၀မော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ။

သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ၊
လောက၀ိဒူ ၀တ သော ဘဂ၀ါ၊
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ၊
လောက၀ိဒုံ သိရသာ နမာမိ၊
ပဉ္စမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ လောက၀ိဒူ။

သော ဘဂ၀ါ ဣတိပိ သုဂတော၊
သုဂတော ၀တ သော ဘဂ၀ါ၊
သုဂတံ သရဏံ ဂစ္ဆာမိ၊
သုဂတံ သိရသာ နမာမိ၊
စတုတ္ထော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သုဂတော။

သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သော ဘဂ၀ါ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ၊
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ၊
ဆဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ။

သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော၊
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သော ဘဂ၀ါ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ၊
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ၊
တတိယော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော။

သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ၊
သတ္ထာ ဒေ၀မနုဿာနံ ၀တ သော ဘဂ၀ါ၊
သတ္ထာရံ ဒေ၀မနုဿာနံ သရဏံ ဂစ္ဆာမိ၊
သတ္ထာရံ ဒေ၀မနုဿာနံ သိရသာ နမာမိ၊
သတ္တမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သတ္ထာ ဒေ၀မနုဿာနံ။

သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ၊
သမ္မာသမ္ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ၊
ဒုတိယော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ။

သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ၊
ဗုဒ္ဓေါ ၀တ သော ဘဂ၀ါ၊
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊
ဗုဒ္ဓံ သိရသာ နမာမိ၊
အဋ္ဌမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ။

သော ဘဂ၀ါ ဣတိပိ အရဟံ၊
အရဟံ ၀တ သော ဘဂ၀ါ၊
အရဟန္တံ သရဏံ ဂစ္ဆာမိ၊
အရဟန္တံ သိရသာ နမာမိ၊
ပထမော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ အရဟံ။

သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ၊
ဘဂ၀ါ ၀တ သော ဘဂ၀ါ၊
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ၊
ဘဂ၀န္တံ သိရသာ နမာမိ၊
န၀မော ၀ဇီရပါကာရော၊
သော ဘဂ၀ါ ဣတိပိ ဘဂ၀ါ။

ဂုဏ်တော် ကွန်ချာပြီး၏ ။

* * *


စိန္တာမဏိ ဂါထာ

စိန္တာမဏိ ရတနာနိ ၊ ဗုဒ္ဓံ ဗုဒ္ဓရတနာနံ ။

ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။

စိန္တာမဏိ ရတနာနိ ၊ ဓမ္မံ ဓမ္မ ရတနာနံ ။

ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။

စိန္တာမဏိ ရတနာနိ ၊ သံဃံ သံဃရတနာနံ ။

ကရံ ကရတိ သရဏံ ၊ ခိပ္ပမေဝ သမိဇ္ဈတု ။

စိန္တာမဏိ ဂါထာတော် ရွတ်ဖတ်ရခြင်း အကျိုး

ဤ စိန္တာမဏိ ဂါထာတော် ကို ရွတ်ဆိုခြင်းဖြင့် အကြံ အစည် အောင်မြင်စေတတ်သည် ။ရာထူးဌာနန္တရ ရရှိစေတတ်သည် ။ လူ ၊ နတ် တို့ချစ်ခင် နှစ်သက် ခြင်း ခံရတတ်သည် ။ မိမိ တို့ ၏ ပစ္စည်းဘဏ္ဍာ၊ ရတနာ၊ ရွှေ ၊ ငွေ စသည်တို့ကို တစ်ပါးသူတို့ ခိုးဝှက် ယူငင်မရနိုင်ဘဲအကြိတ် အခဲ အမြဲတည်ရှိခြင်း ၊ လိုချင်တောင့်တ သော ပစ္စည်း များ ရရှိတတ်ခြင်း အကျိုးများ ကိုခံစားရရှိနိုင်လေသည် ။

ဂါထာမန္တန်တော် ဖြစ်စဉ်

အလိုရှိတိုင်း ၊ တောင့်တတိုင်း ၊ ပြည့်စုံစေတတ်သော စိန္တာမဏိ ဂါထာမန္တန်တော် ကြီး ဖြစ်ပေါ်လာပုံမှာ …

မြင်းမိုရ်တောင်၏ မြောက်မျက်နှာ ကို အစိုးရသော ဝေဿဝဏ္ဏ ( ကုဝေရ )နတ်မင်းကြီး ၏ ထံပါး ၌ သုံးနှစ် တိုင်တိုင် အလုပ်အကျွေး ပြုစုခဲ့သော ” စန္ဒာမုခိ “ဘီလူးမ သည် နတ်မင်းကြီး ၏ ဆုတော် လာဘ်တော် အ ဖြစ် အနံ ငါးယူဇနာ ၊ အလျားယူဇနာ ၃၀ရှိသော တောအုပ်ကို အပိုင်စားရ သော တောစိုး နတ်ဘီလူးမ အ ဖြစ်စံမြန်းနေပေသည် ။

ထိုတောအုပ်ကို အပိုင်စားရသူပီပီ တောအုပ် အတွင်း ဖြတ်သန်းလာသူ လူသားအားလုံးတို့အား ဖမ်းဆီးသတ်ဖြတ်စားသောက်နေလေသည် ။ တစ်နေ့တွင် ဗာရာဏသီ ပြည်မှ ပုဏ္ဏား လုလင်ပျို တစ်ယောက် သည် ကုန်သည်ဘာဝ နွားလှည်းများ ဖြင့် တပည့်အပေါင်းခြံရံ ကာ ထိုတောအုပ်ကို ဖြတ်သန်းမိလေရာ ဘီလူးမ ၏ ဖမ်းဆီးခြင်းကို ခံရလေသည် ။

ယခင် ဖမ်းဆီးရသူများ ကို သတ်ဖြတ်စားသောက်လေ့ ရှိသော်လည်း ယခု ဖမ်းမိသူ ပုဏ္ဏား ငယ်မှာ ချောမောလှပ သော လူပျို လူရွယ် ချစ်စဖွယ် ဖြစ်နေသဖြင့် မသတ်ရက် ၊ မစားရက်တော့ဘဲ လင်မယား အ ဖြစ် ပေါင်းသင်းနေထိုင်ကာ တခြားတစ်ပါးသို့ ထွက်မပြေးနိုင်အောင် ကျောက်ဂူအတွင်းမှာ အလုံပိတ်ထားလျက် နေ့စဉ် သစ်သီးဝလံ များ ကို ရှာဖွေ ကျွေးမွေးထားလေသည် ။

ဘီလူးမ နှင့် ပုဏ္ဏားနှစ် ဦးညား၍ သားကလေး တစ်ယောက် ဖွားမြင်ပြီး ၁၆ နှစ် မြောက်အရွယ်ရောက်လာသော အခါ ဖခင် နှင့် မိခင် ရုပ်သွင်ခြားနား မတူငြားသဖြင့် မိခင် အစာရှာသွားခိုက် ဖခင် ကို မေးမြန်းရာ ဖခင် က နောက်ကြောင်း ဖြစ်ရပ် များ ပြောပြသိရှိသဖြင့် မိမိတို့ နှင့် အသွင်တူရာ လူ့ရပ်လူ့ရွာသို့ သွားလိုလှသဖြင့် မိခင်မရှိခိုက် တစ်နေ့ မိမိ ၏ အားခွန်ဗလ နှင့် ကျောက်ဂူတံခါး ကို ဖွင့်၍ ဖခင် ကို ထမ်းပြီး ပြေးလေတော့သည် ။

စန္ဒာမုခိ ဘီလူး မ ပြန်လာပြီး ကျောက်ဂူ အတွင်းမှ သားအဘနှစ် ယောက် ကို မတွေ့  သဖြင့် လိုက်ရှာရာ တောတွင်းတစ်နေရာ ၌ တွေ့ ပြီး ပြန်ခေါ်ထားလေသည် ။ တောတွင်းမှာ မပျော်ပိုက်တော့သော သားအဘ နှစ် ယောက် မှာ နောက်မကြာမီ ယခင်ကကဲ့သို့ ထွက်ပြေးပြန်ရာ ဘီလူးမ က ပြန်လည်ဖမ်းမိပြန်လေတော့သည် ။

နှစ် ကြိမ်တိုင်ပြန်လည် အဖမ်းခံရသော သားအဘ နှစ် ယောက် မှာ အလွယ်တကူ ထွက်မပြေးဝံ့တော့ဘဲ ဘီလူးမ ယုံကြည်လောက်သည်ထိ ကိုယ်ရှိန်သတ်၍ နေရတော့သည် ။တစ်နေ့တွင် သား ဖြစ်သူက မိခင် ဖြစ်သူအား မျက်နှာချိုသွေးပြီး ပိုင်နက်အကျယ်အဝန်းကို မေးကာ နယ်စပ်နေရာ ဒေသများ ကို လိုက်လံကြည့်ရှု မှတ်သားထားလေသည် ။

သို့နှင့် အခွင့်အရေး ရသော တစ်နေ့တွင် ဖခင်ကို ထမ်းကာ မိခင်၏ ပိုင်နက်နယ်စပ်လွတ်လေရာ အနီးဆုံးစခန်းသို့ လှမ်းပြေးကြလေတော့သည် ။

သားအဘ နှစ် ယောက် အတွက်သစ်သီးဝလံရှာဖွေ၍ ပြန်လာသော စန္ဒာမုခိ ဘီလူးမ မှာ ကျောက်ဂူ အတွင်းမှာ သား နှင့် လင်ကိုမ တွေ့ သဖြင့် ပူပင်သော က ကြီးစွာ ပိုင်နက် အတွင်းလိုက်လံရှာဖွေရာ မိမိ ပိုင်နက် မှလွတ်ရာ မြစ်လယ်ကောင်သို့ ရောက်နေသော သား အဘ နှစ် ယောက် ကို တွေ့ သဖြင့် ငိုယိုတမ်းတကာ အမြန်ပြန်လာရန် တောင်းပန် ခေါ်ငင်လေတော့သည် ။

မိခင်ပိုင်နက် မှ လွတ်မြောက် နေကြောင်းသိသော သား က ပြန်မလာနိုင်ကြောင်း ၊ အမျိုးဇာတ်တူရာ လူသားတို့ နေထိုင်ရာ လူ့ ရပ် လူ့ရွာသို့ သွားခွင့်ပြုပါတော့ ဟုပြန်လည်ပြောကြားလေတော့သည် ။

ခေါ်မရသည့် အဆုံးတွင် မိခင်ဘီလူးမကြီးက ” လူ့ရပ်လူ့ရွာ မှာ ဘာပညာမှ ငါ့သားမတတ်လျင် ငတ်မွတ်ဆင်းရဲ ဒုက္ခကြုံလိမ့်မည် ၊ ဒီတော့ ခိုးသူ ခြေရာ ရှာပြီး ဥစ္စာကို ဖော်ပေးနိုင်တဲ့ စိန္တာမဏိ ဂါထာတော် ကို ငါ့သားသင်ယူသွားပေတော့ ” ဟု မျက်ရည် လည်ရွဲ နှင့် ပူပွဲ ကြီးဆင်ကာ စိန္တာမဏိ ဂါထာတော် မြတ် ကို မြစ်ကမ်းပါးပေါ်မှ သင်ပေးလေတော့သည် ။

မြစ်လယ်မှ လက်အုပ်ချီ၍ စိန္တာမဏိ ဂါထာသင်ယူနေသော သားသည် ဂါထာရသည် နှင့် တပြိုင်နက် ရုတ်တရက်လဲကျသွားသော မိခင်ကြီး ကို ပြေးထူရာ ရင်ကွဲနာ ကျ၍ ဘဝ ပြောင်းသွား သည်ကို တွေ့ ရလေတော့သည် ။

သားအဘ နှစ် ယောက် မှာ သော က မကင်းတောတွင်းမှာ ပင် ဘီလူးမအလောင်းကို တောပန်းတောင်ပန်းများ ဖုန်းအုပ်သဂြိုဟ်ခဲ့ပြီးဗာရာဏသီ ပြည်သို့ ပြန်လည်ရောက်ရှိလာခဲ့ကြလေသည် ။

ဗာရာဏသီပြည်တွင် သူခိုး ခြေရာခံ၍ စိန္တာမဏိ မန္တန်တော် ကို ရွတ်ဆို၍ ဥစ္စာပစ္စည်းများ ကို ရှာဖွေပေးနိုင်သဖြင့် ” ပဒကုသလ” ဟု အမည် တွင် လျက် ပညာရှင် သူကြွယ် ဖြစ်ခဲ့သည်မှ စ၍ စိန္တာမဏိ ဂါထာတော် ဟု ဖြစ်ပေါ်ရွတ်ဆိုပွါးများ ခဲ့ကြပါသတည်း ။

* * *


အောင်ခြင်းရှစ်ပါး ဂါထာ

ဇယမင်္ဂလဂါထာ (အတို)

မာရံ ယက္ခံ ဂဇံ စောရံ၊ စိဉ္စမာနဉ္စ သစ္စကံ။

နာဂံ ဗကံ ဇိနိ ဇိနော၊ ဟောတု မေ ဇယမင်္ဂလံ။

ဇယမင်္ဂလဂါထာ (အရှည်)

ဗာဟုံသဟဿ မဘိနိမ္မိတ သာဝုဓန္တံ၊ ဂိရိမေခလံ ဥဒိတဃောရံ သသေန မာရံ၊

ဒါနာဒိ ဓမ္မ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

မာရာတိရေက မဘိယုဇ္ဈိတ သဗ္ဗ ရတ္တိံ၊ ဃောရံ ပနာဠာဝက မက္ခမ ထဒ္ဓ ယက္ခံ၊

ခန္တိ သုဒန္တ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

နာဠာဂိရိံ ဂဇံဝရံ အတိမဒ္ဒဘူတံ၊ ဒါဝဂ္ဂိ စက္က မသနီဝ သုဒါရုဏန္တံ၊

မေတ္တမ္ဗုသေက ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

ဥက္ခိတ္တ ခဂ္ဂ မဘိဟတ္ထ သုဒါရုဏန္တံ၊ ဓာဝံ တိယောဇန ပထဂုင်္လိမာလ၀န္တံ၊

အိဒ္ဓါဘိသင်္ခတ မနော ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

ကတွန ကဋ္ဌ မုဒရံ အိဝ ဂဗ္ဘိနိယံ၊ စိဉ္စာယ ဒုဋ္ဌ ၀စနံ ဇနကာယ မဇ္စျေ၊

သန္တေန သော မ ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

သစ္စံ ၀ိဟာယ အတိသစ္စက ၀ါဒကေတုံ၊ ၀ါဒါဘိရောပိတ မနံ အတိအန္ဓဘူတံ၊

ပညာ ပဒီပ ဇလိတော ဇိတ၀ါ မုနိန္ဒော၊တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

နန္ဒောပနန္ဒ ဘုဇဂံ ၀ိဝိဓံ မဟိဒ္ဓိံ၊ ပုတ္တေန ထေရဘူဇဂေန ဓုနာပယန္တော၊

အိဒ္ဓူပဒေသ ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

ဒုဂ္ဂါဟ ဒိဋ္ဌိ ဘုဇဂေန သုဒဋ္ဌ ဟတ္ထံ၊ ဗြဟ္မံ သုတံ ဇုတိ မဟိဒ္ဓိံ ဗကာဘိဓာနံ၊

ညာဏဂဒေန ၀ိဓိနာ ဇိတ၀ါ မုနိန္ဒော၊ တံ တေဇသာ ဘ၀တု မေ ဇယ မင်္ဂလဂ္ဂံ။

ဧတာပိ ဗုဒ္ဓဇယ မင်္ဂလံ၊ အဋ္ဌဂါထာယော ၀ါစာနော ဒိနံ၊ ဒိနေ သာရတ္တေ မတန္တိ ဟိတွာန၊

အနေက၀ိဝိဓ နိစ္စုပတွာ နိမောက္ခံ၊ သုခံ အဓိဂမေယျ နရော သပညော။

ယောဇိနော=အကြင်ငါးမာရ်ပယ်ဘိ ဂုဏ်သတ္တိကြောင့် ဇိနအမည် ရွှေဘွဲ့တော် ချီအပ်သော မြတ်စွာ ဘုရားသည်။

၁။ မာရံ=ယူဇနာတရာ့ငါးဆယ် အံ့ဖွယ်ကြီးဘိ ဂိရိမေခလာ မည် သာတွင် ခြင်း နတ်ဆင်မင်းထက် စီးနင်းတက်၍ ကြောက်မက်ဖွယ်သာ စစ်ဗိုလ်ပါနဲ့ ၀ဲယာစီယှက် လက်ရုံးတထောင် ဖန်ဆင်းဆောင်၍ နိုင်ယောင်စစ်ထိုး ကျော်လွံ့ဟိုးသား တန်ခိုးတောက်ပ တေဇထန်ပြင်း မာရ်နတ်မင်းကိုလည်းကောင်း။

၂။ ယက္ခံ=စွယ်ရှည်ငေါငေါ မြင်သူမောမျှ နက်ကျောနီကျင် မွေးမျှင်မုတ်ဆိတ် ဖွားလျားမြိတ်သား လန့်ထိတ်ဖွယ်သာ ကြီးဧရာနှင့် သင်္ချာမြားမြောင် လေးထောင်သုံးရာ နှစ် ဆယ်သာအောင် များ စွာ လူသား နေ့တိုင်းစားသည့် စွမ်းအားကြီးလှ အာဠာဝကတွင် ခြင်း ဘီလူးမင်းကိုလည်းကောင်း။

၃။ ဂဇံ=ဆယ့်ခြောက်မောင်းအိုး ဖြိုးဖြိုးပြည့်နှက် သေအရက်ကို တိုက်လျက်ထန်ပြင်း နင်းစိမ့်ရည်မှတ် ဒေ၀ဒတ်တို့ တိုက်လွှတ်သော အား ဘုရားမြတ်စွာ ဆွမ်းခံရာ၌ ပက်ပါဦးတည် စူးစူးရည်၍ သတ်မည် ဧကန် အမြန်ပြေးလာ သံဆိုးစွာ ဖြင့် နာဠာဂီရိ မည် ရှိခေါ်တွင် မင်းစီးဆင်ကိုလည်းကောင်း။

၎။ စောရံ=သုံးယူဇနာ ရှည်စွာ ချင့်မှန်း ခရီးလမ်းကို မပန်းမဟိုက် မရှိုက်လျင်ပြင်း တဟုန်ခြင်းဖြင့် ပြေးနင်းစွမ်းနိုင် ပြိုင်သူဘက်ရှား လူအများ ကို ဓားလှံစွဲကာ ဖမ်းသတ်ကာလျှင် ယူခါလက်ညှိုး ကြိုးဖြင့် သီရုံး ပန်းကုံးအသွင် လည်ဝယ်ဆင်သော ကြောင့် အင်္ဂုလိမာလ မည် ရတွင် ပြီး သူခိုးကြီကိုလည်းကောင်း။

၅။ စိဉ္စမာနဉ္စ=ပရိသတ်အား မြတ်ဘုရားလျှင် တရားဟောကာ နေစဉ်ခါ၌ သေချာပြေပြစ် ပတ်ရစ်ဖွဲ့နှောင် ကိုယ်ဝန်ဆောင်၍ ဘုန်းခေါင်လူ့ဖျား ကျွန်မအားကို ပြစ်မှားပြီးခါ ဘယ့်ကြောင့် သာလျှင် အိပ်ရာမပြင် သူတော် စင်သို့ မမြင်သော့ ထွေ ဣနြေ္ဒနှင့် နေသနည်းဟု အမှု ဖွေရှာ စွပ်စွဲလာသော စိဉ္စမာမည် ထုတ် မိန်းမယုတ်ကိုလည်းကောင်း။

၆။ သစ္စကံ=၀ါဒတထောင် အာဂုံဆောင်၍ ဂုဏ်ရောင် လွှားပ မိုက်မာနကြောင့် အနိစ္စအနတ္တ သင်္ခါရကို နိစ္စအတ္တာ ထပ်၍ သာလျှင် မြတ်စွာ ရှင်စော တရားဟောလည်း သဘောမကျ မှားလေစွဟု ရှုတ်ချခါခါ ပြစ်တင်လာသော မိစ္ဆာယူကြိုက် ပရိဗိုဇ်သစ္စက ကူဋဒန္တကိုလည်းကောင်း။

၇။ နာဂံ=လေးလျံရောင် စို တောင်မြင်းမိုရ်ကို ကိုယ်ဖြင့် ခုနစ်ထပ် ရစ်ပတ်ကာလွှမ်း တတ်နိုင်စွမ်းသော ကြမ်းထန်းခက်ထန် မျက်စောင်းမာန်နှင့် ပဌမံအာလိန္ဒ နေသမျှတလွှား နတ်နဂါးကို ပိုင်ကာစိုးရ တန်ခိုးပြသည့် နန္ဒောပနန္ဒတွင် ခြင်း နဂါးမင်းကိုလည်းကောင်း။

၈။ ဗကံ=သဿတဒိဋ္ဌိ မှားဘိအယူ မိစ္ဆာဟူသား ဘူဇဂမြွေ ကိုက်လေတုံလတ် အာဘဿရာ ဗြဟ္မာခပင်း တုံ့ဝပ်ခြင်းနှင့် ကြီးမင်းတေဇ တန်ခိုးပသား ဗကမည် သာ ထိုဗြဟ္မာကိုလည်းကောင်း။

အဇိနိ=တန်ခိုးဉာဏ်ရှိန် ၀ရဇိန်စက်မြတ် အတုလွှတ်ဖြင့် မချွတ်အောင်တော် မူလေပြီ။

တံ တေဇသာ=ထိုသို့ အောင်ခြင်း တရားမင်း၏ ထွန်းဝင်းတေဇော် အာနုဘော်ဖြင့် ။

မေ=အကျွန်ုပ်အား။

ဇယျမင်္ဂလံ= ရောဂါ ဘေးဒဏ် ရန်မာန်ခပင်း စိုးရိမ်ခြင်းကို နှိမ်နင်းအောင်တတ် ကောင်းမြတ်လှစွာ မင်္ဂလာသည်။

ဟောတု=စင်စစ်မသွေ ဖြစ်ပါစေသတည်း။

* * *


ရသေ့ကြီး ဦးခန္တီ ဘုရားရှိခိုး ဂါထာ

အရဟံ ဗဟိအန္တဇယံ၊ သုဂတံ

အမိတံ ၀ိရဇံ လလိတံ အတုလံ

စရဏံ တိဘ၀ူပသမံ ယမကံ

သုခဒံ သရဏံ ပဏမာမိ ဇိနံ

အနက်

အရဟံ-လူမင်း၊ နတ်မင်း၊ ဗြဟ္မာမင်းတို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေထသော ၊ အရဟံ-လူ၊ နတ်၊ ဗြဟ္မာသတ္တ၀ါတို့၏ ကြည်ဖြူကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေထသော ၊ အရဟံ-မကောင်းမှု အကုသိုလ်ပြုရန် ဆိတ်ကွယ်သော နေရာရှိတော် မမူထသော ၊ ဗဟိအန္တဇယံ-အတွင်းရန် အပြင်ရန် ယင်းနှစ် တန်ကို တွန်းလှန်ဖြိုဖျက် အောင်ပွဲဆက်တော် မူပြီးထသော ၊ သုဂတံ-ကောင်းသော စကား ကိုသာ ဆိုတော် မူတတ်ပါပေထသော ၊ သုဂတံ-ကောင်းသော နိဗ္ဗာန်ချမ်းသာသို့ ကြွသွားတော် မူပြီးထသော ၊ အမိတံ-မနှိုင်းယှဉ်အပ်သော ဂုဏ်တော် အပေါင်းနှင့် ပြည့်စုံတော် မူပါပေထသော ၊ ၀ိရဇံ-ကိလေသာမြူမွေး အညစ်အကြေးတို့မှ ကင်းဝေးတော် မူပါပေထသော ၊ လလိတံ- ရောင် ခြည်တော် ခြောက်သွယ်တို့ဖြင့် ကွန့်မြူးစမ္ပါယ် တင့်တယ်တော် မူပါပေထသော ၊ အတုလံ-သီလစသော ဂုဏ်တော် တို့ကြောင့် ပြိုင်ဘက် ရည်တူ ရှိတော် မမူထသော ၊ စရဏံ-နိဗ္ဗာန်ရောက်ကြောင်း အကျင့်ကောင်း အကျင့်မြတ်နှင့် ပြည့်စုံတော် မူပါပေထသော ၊ တိဘ၀ူပသမံ-ဘ၀သုံးပါး ဘုံသုံးပါးတို့၌ ကိလေသာအပူမီးတို့ကို ငြိမ်းအေးတော် မူပြီး ထသော ၊ ယမကံ-ရေ၊ မီးအစုံအစုံ တန်ခိုးပြာဋိဟာတို့ကို ပြစွမ်းတော် မူနိုင်ပါပေထသော ၊ သုခဒံ-လူချမ်းသာ နတ်ချမ်းသာ နိဗ္ဗာန်ချမ်းသာတော် မြတ်တို့ကို ပေးစွမ်းတော် မူနိုင်ပါပေထသော ၊ သရဏံ-လူ၊ နတ်၊ နဂါး၊ သိကြား၊ ဗြဟ္မာ သတ္တ၀ါဝေနေ များ ဗိုလ်ခြေတို့၏ အားထားကိုးကွယ်ရာအစစ် ဧကန် ဖြစ်တော် မူသော ၊ ဇိနံ-ငါးမာရ်အောင်မြင် သဗ္ဗညုတဘုရားရှင်ကို၊ အဟံ-တပည့်တော် သည်၊ ပဏမာမိ-ကိုယ်၊ နှုတ်၊ နှလုံးသုံးပါး လုံးဖြင့် ကိုင်းညွှတ်ရိုကျိုး လက်စုံမိုးလျှက် ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား။

* * *


နမောတေ ဂါထာတော် ကြီး

နမော တေ ဗုဒ္ဓ၀ိ ရတ္ထု ၊ ၀ိပ္ပမုတ္တောသိ သဗ္ဗဓိ၊

နမော တေ ဗုဒ္ဓဝိ ရတ်ထု၊ ဝိပ်ပမုတ်တောသိ သဗ်ဗဓိ

သမ္ဗာ ဓပ္ပဋ္ဋိန္နောသ္မီ ၊ တဿ မေ သရဏံ ဘ၀၊

သမ်ဗာဓပ် ပတိပန်နောသမီံ တတ်သ မေ သရဏံ ဘဝ ။

အဓိပ္ပာယ်

ရဲရင့်တည်ကြည် ဇာနည်မည် သော ကြီးမားသော လုံ့လရှိတော် မူသော ဗုဒ္ဓရှင်တော် မြတ်ဘုရား ရှင်တော် မြတ်ဘုရားအား နမော ရှစ်ခိုးခြင်း ဖြစ်ပါစေ။

ရှင်တော် မြတ်ဘုရားသည် ခတ်သိမ်းလုံးစုံ ကျဉ်းမြောင်းခြင်းမှ လွတ်မြောက်တော် မူသည် ဖြစ်တော် မူပါပေ၏ ။သံသယာ ဝဲဂရက်မှ ဖယ်ထွက်လို၍ ကြံတွေးရည်မျှော် တပည့်တော် သည် ကျဉ်းမြောင်းကြပ်တည်း လွန်ဆင်းရဲသည့် ဝဲသြောဂ ရေစုန်၌ နစ်မြှုပ်၍ နေရပါသည်။

သံသရာဘောင်အတွင်းမှ လွတ်ကင်းရာမျှော် ထိုဘုရားတပည့်တော် အား စဉ်းကပ်လှဲလျှောင်း၊ပုန်းအောင်း၊ မှီတွယ် ကိုးကွယ်ရာသည် ဖြစ်တော် မူပါအရှင်ဘုရား။

* * *


စက်ကြီး (၁၃)ပါး ဂါထာ ပါဠိတော်

သြောင်း - တစ်ရာ့ရှစ်ကွက် ဗုဒ္ဓစက်။

တစ်ဆယ့်လေးချက် ဓမ္မစက်။

တစ်ဆယ့်ရှစ်ချက် သံဃာ့စက်။

လရောင်းဝင်းလျက် ရှင်ပစ္စေကဗုဒ္ဓါ ရဟန္တာစက်။

မြင်းမိုရ်တောင်ဦး မြင့်ခေါင်ကျူးလျက် မိဘစက်။

ဂုဏ်ကျေးဇူး အထူးသိလျက် ဆရာ့စက်။

ဗြဟ္မစိုရ်လက်နက ဗြဟ္မာ့စက်။

မိုးကြိုးလက်နက် သိကြားစက်။

လောင်မီးကျလျက် နတ်တို့စက်။

ဘွဲ့ဖြူလက်နက် ဘီလူးစက်။

တောင်ဟုန်းပြင်းလျက် ဂဠုန်မင်းစက်။

အာခံတွင်းက ဝင်းဝင်းတောက်လျက် နဂါးစက်။

သုံးထောင်သင်္ချာဟေဝန္တာ အာဏာစိုးလျက် သီဟစက်။

စက်ကြီးတစ်ဆယ့်သုံးပါး၊ ရွတ်သံကြားက ဘေးများ မြင်မှု ၊

မကောင်းစုတို့၊ ဝေးကကြဉ်ရှောင်၊ အောင်စေတတ်သည်။

မြတ်သည့်ဆရာ ပညာတည်း။

သြောင်း - နမော ဗုဒ္ဓါ နုဘာဝေန၊

သြောင်း - နမော ဓမ္မာ နုဘာဝေန၊

သြောင်း - နမော သံဃာ နုဘာဝေန၊

သြောင်း - ဒူရေ ဒူရေ၊ သွား ဟုံ ဟုံ။

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ရွတ်ဆိုရခြင်းအကျိုး

စက်ကြီး (၁၃)ပါး ဂါထာမန္တန်တော် ကို နေ့စဉ် ရွတ်ဖတ်ခြင်းဖြင့် မိမိတို့အိမ်၌ ကျက်သရေမင်္ဂလာ တိုးတက် ပွားများ စေပါသည်။ ကျရောက်ဆဲ၊ ကျရောက်လတ္တံ့သော ဘေးအန္တရာယ်များ လည်း ကင်းဝေးစေပါသည်။ ထို့ပြင် အမိ၊ အဘ၊ ဆရာသမား စသော ချစ်ခင်နှစ်သက် သူတို့နှင့် မကွဲမကွာ အတူတကွ နေထိုင်ရသော အကျိုးတို့ကိုလည်း ရရှိစေနိုင်ပါသည်။ ဤဂါထာမန္တန်တော် ကို ကုန်းလမ်း၊ ရေလမ်း၊ လေယာဉ်ခရီးလမ်းတို့ သွားလာရာ၌ အထူးသတိပြုကာ တလေးတစား ရွတ်ဆိုပွားများ သင့်ပါသည်။ ယင်းဂါထာမန္တန်တော် ကို ရွတ်ဖတ်ပွားများ ပြီးသော အခါ မိမိကိုယ်စောင့်နတ် အပါအဝင် နတ်တို့အား အမျှပေးဝေပါ။ လမ်းခရီး၌ အန္တရာယ် တစ်စုံတစ်ခု ကြုံလာသည့်တိုင် ၎င်းနတ်တို့က မိမိအား ကျေးဇူးတင်သော အားဖြင့် တုံ့ပြန်ကူညီကြလိမ့်မည် ။ သူတော် ကောင်း နတ်ကောင်းမ ဆိုသည့် သဘောကို စဉ်းစား ဆင်ခြင်ရန် ဖြစ်ပါသည်။

* * *




ဝန်ဇင်းချစ်သူများ ဓမ္မ ၏ “ သမ္ဗုဒ္ဓေဂါထာနှင့် အခြားတန်ခိုးကြီး ဂါထာများ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ဓမ္မစကြာသုတ်ပါဠိ (မြန်မာပြန်)

အနတ္တလက္ခဏသုတ် ပါဠိတော် မြန်မာပြန်

ကောသလအိမ်မက် ၁၆-ချက်