Cover

(စာရေး သူ၏ အမှာ စာ)

ကျွန်တော် ရေး သားခဲ့သော ''ကျောပိုးအိတ်လေးကိုချီကာလွယ်'' စာအုပ်၏ အမှာ စာတွင် အသက်အရွယ်ကြီးရင့်လာပြီ ဖြစ်၍ နောက်ထပ် စာတစ်စောင် ပေတစ်ဖွဲ့ရေး သားနိုင်တော့မည် မဟုတ်ကြောင်း ရေး သား ခဲ့သော စာရေး သူသည် ယခုတော့ ဒုတိယစာအုပ်အား ရေး သားထုတ်ဝေ ခဲ့ပြီ ဖြစ်ပါသည်။

ကျွန်တော် ၏ ''ကျောပိုးအိတ်လေးကိုချီကာလွယ်'' စာအုပ်ပုံနှိပ် ထုတ်ဝေပြီးနောက် စာနယ်ဇင်းအသီးသီး၊ ဂျာနယ်မျိုးစုံ၊ M.R.T.V.4 ၊ လူပုဂ္ဂိုလ်အသီးသီးစသည်တို့မှ ယင်းတို့၏ အမြင်၊ အဆိုးအကောင်း၊ လိုအပ် ချက်၊ ခံစားချက်မျိုးစုံတို့အား ရေး သားထုတ်ဖော်ပြောဆိုဝေဖန်ခဲ့ပါသည်။ မိတ်ဆွေများ ၊ လုပ်ဖော်ကိုင်ဖက်များ ၊ လူကြီး၊ လူငယ်မျိုးစုံကလည်း စာအုပ်အားဝေဖန်ခဲ့ပါသည်။ ထို့အပြင် ကျွန်တော် ၏ လုပ်ဆောင်ချက်များ ၊ အတွေ့ အကြုံများ ကိုလည်း စာအုပ်များ ထပ်မံရေး သားပါရန် တိုက်တွန်းကြ ပါသည်။

ကျွန်တော့် အနေဖြင့် ဘဝမှတ်တမ်းကြီးတစ်ခုလုံးအား စာအုပ်အ ဖြစ် ရေး သားခဲ့ရာ စာရေး သားခဲ့ရသော မောပန်းမှု အား စာဖတ်သူများ ၏ တုံ့ပြန်မှု ကို ကျေနပ်အားရမှု ဖြင့် ဖြေဖျောက်နိုင်ခဲ့ပါသည်။ ရှည်လျား သော ဘဝတစ်လျှောက်တွင် လုပ်ဆောင်ခဲ့သော အလုပ်များ ၊ ဘဝအတွေ့  အကြုံများ ၊ ခံစားချက်များ ၊ အပျော်များ ၊ အမောများ ကတော့ အများ အပြား ရှိခဲ့ပါသည်။ ထိုအကြောင်းအရာအများ အပြားထဲမှ စာရေး ဖို့စဉ်းစား ကြည့်ရာ ကျွန်တော် ၏ ဒုတိယဇာတိမြို့ကဲ့သို့ ဖြစ်နေသော မိတ္ထီလာမြို့ အကြောင်းကို ရေး သားရန် စိတ်ကူးမိပါသည်။

မိတ္ထီလာမြို့သည် ၁၉၄၈ ခုနှစ် တွင် တစ်ကြိမ်၊ ၁၉၅၈ ခုနှစ် တွင် တစ်ကြိမ်၊ စုစုပေါင်းနှစ် ကြိမ်တွင် ခုနစ်နှစ် ခန့်ကြာအောင်နေထိုင်ခဲ့ပါသည်။ ကြီးမားသော စစ်ဘေးစစ်ဒဏ်သင့်ပြီး မယ်တစ်ရွာမောင်တစ်မြို့ တစ်ကွဲ တစ်ပြားထွက်ပြေးရသော မြို့လည်း ဖြစ်ပါသည်။ ထို့အပြင် သံချပ်ကာကား တပ်ရင်းမှူးနှင့် မိတ္ထီလာတပ်နယ်မှူး တာဝန်များ အား ဒုတိယဗိုလ်မှူးကြီး အဆင့်ဖြင့် ထမ်းဆောင်ခဲ့သည့်မြို့လည်း ဖြစ်ပါသည်။ ဤစာအုပ်တွင် မိတ္ထီလာမြို့အကြောင်း၊ မိတ္ထီလာမြို့မှ မိတ်ဆွေ များ အကြောင်း၊ မိတ္ထီလာတပ်နယ်မှ တပ်များ ၊ တပ်မှူးများ အကြောင်း၊ မိတ္ထီလာတိုက်ပွဲနှင့် သာစည်တိုက်ပွဲအကြောင်း၊ အထူးသဖြင့် မိတ္ထီလာ ကန်တော် အကြောင်းအား ရေး သားထားပါသည်။

''လူကလေးတဲ့ချော့စရာ မိတ္ထီလာကန်တော် အောက်က ဖားကောက်ခဲ့ပါ။ ဖားပါရင်တစ်ကောင်ပေးပ။ မျက်လုံးကြောင်တောင် တောင်နဲ့ ဖားကောင်ကသေး။'' ဆိုသည့် ရှေးကအမည် မသိ စာဆိုတစ်ဦး ရေး သားခဲ့သော ''သားချော့တေး'' ကိုဖြင့် ကျွန်တော် တို့ မြန်မာများ ကလေးဘဝက နားဆင်ပြီး အိပ်ရာဝင်ခဲ့ကြရတာ ဖြစ်ပါသည်။ မိတ္ထီလာကို ရောက်ဖူးသူရော၊ မရောက်ဖူးသူပါ မျက်စိထဲတွင် ရေကန်ကြီးအား မြင်ယောင်ပြီး အိပ်ရာဝင်ခဲ့ရတာ ဖြစ်ပါသည်။

နှစ် ပေါင်းရာထောင်ချီပြီး ကြာမြင့်ခဲ့ပြီ ဖြစ်သော မိတ္ထီလာကန်တော် မတိမ်ကောရေး အတွက် ကျွန်တော် မည် ကဲ့သို့ လုပ်ဆောင်ခဲ့သည်ကို ကြိုးစားပြီး မှတ်တမ်းရေး သားခဲ့ပါသည်။ မြန်မာနိုင်ငံအထက် အညာဒေသ ရှိ မိတ္ထီလာကန်တော် မှ ပေးဆပ်နေသော အိုအေစစ်ကဲ့သို့ အေးမြခြင်းအား ခံစားသိရှိ တန်ဖိုးထားတတ်ကြစေရန် ရည်ရွယ်ရေး သားခဲ့ရာ ဘဝမှတ်တမ်း ကြီး ဖြစ်သော ''ကျောပိုးအိတ်လေး''ကို မမီနိုင်သော်ငြားလည်း အေးမြခြင်း အား ပေးစွမ်းနိုင်သည့် အိုအေစစ်လေးတစ်ခုအ ဖြစ် စာဖတ်သူများ ခံစား မှတ်ယူနိုင်ပါစေကြောင်း ဆုတောင်းလိုက်ရပါသည်။

စာဖတ်သူများ အားခင်မင်လေးစားချစ်ခင်စွာ ဖြင့် တင့်ဆွေ(ဖျာပုံ)

* * * * *


အခန်း (၁)

သားချော့တေး

လူကလေးတဲ့ ချော့စရာ

မိတ္ထီလာကန်တော် အောက်က ဖားကောက်ခဲ့ပါ။

ဖားပါရင် တစ်ကောင်ပေးပ။

မျက်လုံးကြောင်တောင်တောင်နဲ့

ဖားကောင်က သေး။

ကျွန်တော့် ရင်ထဲတွင် စွဲထင်ကျန်ရစ်သော မြို့တစ်မြို့

ကျွန်တော် ၏ ဇာတိချက်ကြွေမွေးရပ်မြေသည် မြစ်ဝကျွန်းပေါ် ဒေသ၊ ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့ ဖြစ်ပါသည်။ ကျွန်တော့်  ကို မိဘနှစ် ပါးက ဖျာပုံမြို့တောင်ပိုင်းပထမလမ်းတွင် မွေးဖွားခဲ့ပါသည်။ မိဘနှစ် ပါးက မွေးဖွားသန့်စင်ပြီးသော အခါ မွေးဖွားပြီး ကလေးငယ်၏ ချက်ကြိုးချက်တံကို ထိုဒေသတွင် ပင် မြှုပ်နှံသော ကြောင့် မွေးဖွားရာဒေသ ကို ဇာတိဟုခေါ်ဆိုရုံသာမက ဇာတိချက်ကြွေမွေးရပ်မြေဟုခေါ်ဆိုခြင်း ဖြစ်သည်။

ဇာတိရပ်ရွာ

ဇာတိရပ်ရွာသည် အလွန်မှအရေး ကြီးသည်။

ဇာတိရပ်ရွာသည် ထိုသူ၏ ဘဝပုံရိပ်ကို စတင်ပုံဖော်ရာ ဘူမိ နက်သန်လည်း ဖြစ်သည်။ ငါ ကတော့ မြစ်ဝကျွန်းပေါ်သားကွဲ့၊ ရွှေဘို သားကွ၊ မုံရွာသားဟေ့၊ မန္တလေးသားတဲ့၊ တောင်ငူသား၊ မော်လမြိုင်သူ၊ အညာသူအညာသား၊ အောက်သူအောက်သားစသည်ဖြင့် မွေးဖွားရာအရပ်၊ ဇာတိကိုအကြောင်းပြု၍ ဂုဏ်ယူတတ်ကြသည်။ ဇာတိသည် (၁)ပဋိသန္ဓေ တည်ရာအရပ်၊ (၂)မျိုးရိုး၊ (၃)မွေးဖွားရာအရပ်တို့ကို ဇာတိဟုခေါ်သည်။ ဇာတိစိတ်ဆိုသည်မှာ မွေးကတည်းကပါလာသော စိတ်၊ ပင်ကိုစိတ် ပင်ကို ဥာဏ် ဖြစ်သည်။ ဇာတိကိုအခြေခံ၍ မာန်မာနထားတတ်သည်။ ထို့ကြောင့် ပင် ဇာတိ၊ ပုည၊ ဂုဏ်၊ မာနဟူသော စကားရပ်ရှိသည်။ မာန်မာနတရား သည် ဇာတိဟူသော မွေးဖွားရာအရပ်၊ မွေးဖွားသူတို့၏ မျိုးရိုးကို လိုက်၍ လည်းကောင်း၊ ကြွယ်ဝချမ်းသာမှု ဂုဏ်သရေရှိမှု အရှိန်အဝါကြောင့် လည်းကောင်း မာန်မာနရှိတတ်သည်။ ဇာတိသွေးဆိုတာလည်း ရှိသေး သည်။ မိမိနှင့်မွေးဖွားရာအရပ်ဒေသချင်းတူသူအချင်းချင်း၊ တစ်ရပ်တည်းနေ တစ်ရေတည်းသောက်သူချင်းချင်း တစ်ရပ်တည်းသား၊ တစ်တိုင်းပြည် တည်းနေသူ၊ ကိုယ့်နိုင်ငံ ကိုယ့်လူမျိုးအတွက် အသက်စွန့်ကြိုးပမ်းသော သတ္တိကိုလည်း ဇာတိသွေး၊ ဇာတိမာန်ဟုခေါ်သည် (မြန်မာအဘိဓာန်)။

ကျွန်တော် တို့လည်း ကိုယ့်ဇာတိရပ်ရွာကိုတော့ သတိရလွမ်းဆွတ် အမှတ်ရပါသည်။ တို့ရပ်ရွာမှာ ဘာတွေ ရှိတယ်၊ ဘယ်သူဘယ်ဝါက ငါတို့အရပ်သား စသည်ဖြင့် ဂုဏ်ယူတတ်ကြသည်။

ကျွန်တော် ၏ ဇာတိရပ်ရွာသည် ဧရာဝတီတိုင်းဒေသကြီး ဖြစ် သည်။ မိုးများ ၍ ချောင်းတွေ မြောင်းတွေ ပေါသည်။ ဧရာဝတီတိုင်းဒေသကြီး တွင် ပေါက်ရောက်သော သစ်ပင်တို့က အထက်မြန်မာနိုင်ငံတွင် ပေါက် ရောက်သော ထနောင်းပင်၊ တမာပင်တို့နှင့် မတူ၊ ဒီရေတော၊ လတာပြင် တော၊ ချောင်းသွယ်၊ မြစ်ဆိပ် တို့တွင် ပေါက်ကြသော ဓနိတော၊ လမုတော တို့ ဖြစ်ကြသည်။ မြစ်ဝကျွန်းပေါ်သားတို့က သူတို့ငယ်စဉ်က ကြီးပြင်း လာခဲ့ကြသော ဓနိတော၊ လမုတော၊ ဓနိပင်၊ လမုပင်၊ ဗေဒါပင် ဗေဒါသိုက်တို့ကို စွဲလမ်းတတ်ကြသည်။ သူတို့နှင့်မနီးစပ်သော သဘာဝ ပတ်ဝန်းကျင်ကို မစွဲလမ်းမတမ်းတ၊ ရင်ထဲတွင် စွဲနစ်စွာ မကျန်ရစ်သည်ကို လည်း အပြစ်ဆိုဖွယ်ရာမရှိပေ။ ထို့ကြောင့် လည်း ဇာတိရပ်ရွာကို လွမ်းဆွတ် ကြ သတိရကြသည်မှာ ဓမ္မတာပင် ဖြစ်ကြသည်။ ကြီးပြင်းလာသော အခါ မိမိတို့ငယ်စဉ်က နေထိုင်ခဲ့ရာ ဇာတိရပ်ရွာသို့ ပြန်ကြ၍ ကုသိုလ်ကောင်းမှု များ ကို ပြုတတ်ကြ၏ ။ မိမိတို့မွေးဖွားရာဇာတိရပ်ရွာတွင် တံတားပြင်၊ လမ်းပြင်၊ ကျောင်းဆောက်စသည်ဖြင့် မိမိတို့တတ်အားသမျှ ကုသိုလ် ကောင်းမှု ပြုကြသည်။ မိမိတို့ရပ်ရွာရှိ မိဘဘိုးဘွားတို့၏ အလှူဒါန ဘုရား ကျောင်းကန်ဇရပ်များ ကို ပြင်ကြဆင်ကြအသစ်မွမ်းမံတတ်ကြသည်။

ကျွန်တော် သည်လည်း ကျွန်တော့် ဇာတိရပ်ရွာတွင် ရှိသော မိဘ လက်ငုတ်ကောင်းမှု အလှူတို့ကို ထိန်းသိမ်းခြင်း၊ တတ်အားသမျှတိုးချဲ့ လှူဒါန်းခြင်း၊ ပြုပြင်ခြင်းတို့ကို ပြုပါသည်။

ထို့အပြင် ဇာတိရပ်ရွာသာမက မိမိတို့တာရှည်စွာ နေခဲ့ရသော ဒေသ၊ မိမိအောင်မြင်မှု ရရှိခဲ့သော ဒေသ၊ မိမိအားရင်းနှီးချစ်ခင်သော သူတို့ ပေါများ ရာဒေသများ ကိုလည်း ဇာတိမဟုတ်သော်လည်း မိမိပညာ သင်ကြားဆည်းပူးရာအရပ်၊ မိမိဇနီး၊ ခင်ပွန်း ဖြစ်သူ၏ မွေးရပ်ဇာတိအစ ရှိသော အရပ်ဒေသများ ကိုလည်း မိမိတို့၏ ဇာတိရပ်ရွာသဖွယ် မိမိနှလုံး၊ ဦးနှောက်တွင် စွဲထင်၍ ကျန်ရစ်တတ်ကြသည်။ ထိုဒေသများ ကို မိမိ၏ ဒုတိယဇာတိမြို့အ ဖြစ်ထားရှိကာ သံယောဇဉ်ရှိတတ်သူများ ရှိပါသည်။ ထိုအထဲတွင် ကျွန်တော် လည်း ပါဝင်သည်။

ဒုတိယဇာတိမြို့

ကျွန်တော် ၏ ပထမချက်မြှုပ်ဇာတိရပ်ရွာသည်ကား မြစ်ထိပ်၊ လမ်းဆုံရောင်းဝယ်မှု စည်ကားရာနေရာ၊ ထမင်းဆိုင်အစုအဝေးတွင် ထမင်းဈေးဟု အမည် နာမခေါ်တွင် သော ဖျာပုံမြို့ ဖြစ်သည်။ ဖျာပုံမြို့သည် ကျွန်တော် ၏ ပထမဇာတိရပ်ရွာ ဖြစ်၏ ။ ကျွန်တော် ၏ ဒုတိယဇာတိမြို့သည် ကား မြန်မာပြည်အလယ်ပိုင်းမှ မိတ္ထီလာကန်တော် ကြီးနှင့်အတူ ခံ့ညား တင့်ဆန်းလှသော ၊ သမိုင်းအစဉ်အလာ ကြီးမားသော မြို့ပြရပ်ရွာ ဖြစ်သည့် မိတ္ထီလာမြို့ ဖြစ်ပါသည်။ မိတ္ထီလာမြို့တွင် ကား ကျွန်တော် ဖြစ်ရပ်များ စွာ နှင့် ကြုံရသည်။ ထိတ်လန့် စွန့်စားရသည်များ ၊ ပြုပြင်တည်ဆောက်ရသည်များ ၊ စီမံကွပ်ကဲရသည်များ စသည့်အခြင်းကိစ္စများ စွာ ကို ကျွန်တော် သည် မိတ္ထီလာမြို့တွင် လုပ်ဆောင်ခဲ့ရသည်။ ထို့ကြောင့် လည်း ယင်းမြို့ကို ကျွန်တော် သံယောဇဉ် ငြိတွယ်နေမိသည်။

မိတ္ထီလာမြို့သို့ ကျွန်တော် သည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး တည်တံ့ခိုင်မြဲရေး အတွက်ကြိုးပမ်းစဉ်၌ တစ်ကြိမ်၊ ၁၉၅၈ ခုနှစ် တွင် တစ်ကြိမ် စုစုပေါင်း နှစ် ကြိမ်ရောက်ရှိ၍ အချိန်ကာလအားဖြင့် ၇ နှစ် ကြာနေထိုင်ခဲ့ဖူးသည်။ ကျွန်တော့် ဘဝ သက်တမ်း ၈ဝ ကျော် ၉ဝ နီးပါးတွင် ၇ နှစ် ဆိုသော ကာလသည် ဘဝသက်တမ်းတစ်ခုလုံး၏ ဆယ်ပုံ ပုံလျှင်တစ်ပုံသာ ဖြစ်သော်လည်း ဘာကြောင့် ရယ်မသိ၊ မိတ္ထီလာမြို့သည် ကျွန်တော့် ရင်ထဲတွင် စွဲထင်ကျန်ရစ်နေသည်။ တကယ်တော့ မိတ္ထီလာမြို့ သည် ကျွန်တော့် ဘဝတွင် အောင်ပွဲတွေ ရရှိခဲ့သော မြို့လည်းမဟုတ်၊ အထူးထူးသော ဘွဲ့ထူးဂုဏ်ထူးတွေ များ ရရှိခဲ့သော မြို့လည်းမဟုတ်၊ ကျွန်တော့်  ရင်ထဲတွင် စွဲထင်ကျန်ရစ်သော မြို့တစ်မြို့ ဖြစ်သည်ကားမှန် ပါ၏ ။

တပ်မတော် ထဲမှာ ထင်ရှားသော စာပေပညာရှင်တစ်ဦး ဖြစ်သူ မဟာကဗျာဆရာကြီွးှ့နါမနအေ စသနအူကေမနအေန ဒေါက်တာထီလာစစ်သူ သည် မိတ္ထီလာဇာတိ၊ မိတ္ထီလာခရိုင် ရွှေစစ်သည်ရွာမှ ရွှေစစ်သည် ရွာသား ဖြစ်သည်။ သူကသူ့ဇာတိရပ်ရွာကို ဂုဏ်ယူစွာ ဖြင့် ထီလာစစ်သူဟု ကလောင်အမည် ခံယူပါသည်။ အဓိပ္ပာယ်က မိတ္ထီလာဇာတိစစ်သည် စစ်သား၊ ရွှေထီလာသားစစ်သူ ဖြစ်ပါသည်။

မိတ္ထီလာမြို့ မိတ္ထီလာဇာတိ ဖြစ်သည်ကို ဂုဏ်ယူ၍ မှည့်ဆိုသော အခြားပုဂ္ဂိုလ်များ လည်းရှိကြပါသည်။ ယင်းတို့မှာ ထီလာစိုးမြင့်ထယ် စသည်တို့ ဖြစ်ပါသည်။ မိတ္ထီလာသားဆရာထီဆိုလျှင် တိုင်းသိ ပြည်သိ နာမည် ရှိသူ ဖြစ်ပြီး မိတ္ထီလာ ဆရာထီဆိုသော ကြောင့် သူကအခြားသူများ နှင့် မတူ ထီနှစ် လုံးရှိသူ ဖြစ်ပါ၏ ။

မြန်မာ့တပ်မတော် တွင် မိမိရပ်ရွာဇာတိမဟုတ်သော်လည်း မိမိ ရင်ထဲတွင် စွဲထင်နေသော မြို့အမည် ကို ကလောင်အမည် ခံယူထားသော တပ်မတော် တပ်သားများ လည်းရှိပါသည်။ တစ်ဦးသော ပုဂ္ဂိုလ်မှာ ''ကေတုမတီ ကြည်အောင်'' ဖြစ်ပါသည်။

ပြန်ကြားရေး ဝန်ကြီး၊ ယဉ်ကျေးမှု ဝန်ကြီးစသည့် နိုင်ငံတာဝန် များ ကိုလည်း ထမ်းဆောင်ခဲ့သူ၊ တပ်ဖက်တွင် ရော စာပေရေး ရာဖက်တွင် ပါ ထူးချွန်သူ တပ်မတော် သားတစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြည်အောင်သည် အညာသားစစ်စစ် ဖြစ်ပါလျက် ကေတုမတီအမည် ကိုခံယူသည်။ ကေတု မတီနှင့် ပတ်သက်ပါက သံယောဇဉ်များ ၊ ဘဝ ဖြစ်ရပ်များ ရှိပါလေမည် ။ သူက သူ၏ ကလောင်အမည် ကို ကေတုမတီတပ်၍ တပ်မတော် မှ အနား ယူသော အခါ ကိုကြည်အောင်သည် တောင်ငူမြို့၌ ဘုရားတည်သည်ဟုပင် ကြားရပါသည်။ သာဓုလည်းခေါ်ပါသည်။

ကျွန်တော် က ကျောပိုးအိတ်ကလေးကို ချီကာလွယ်စာအုပ်ကို ရေး တော့ ကျွန်တော့် ကလောင်အမည် ကို တင့်ဆွေ(ဖျာပုံ)ဟု ဇာတိရပ်ရွာ အမည် တပ်၍ ကလောင်အမည် ယူပါသည်။ ကျွန်တော့်  ဇာတိရပ်ရွာ (ဖျာပုံ)မွေးရပ်မြေ၏ အမည် ကိုကလောင်အမည် အ ဖြစ် ခံယူခြင်း ဖြစ်ပါသည်။ ဇာတိမွေးရပ်မြေ ဖျာပုံပြီးပါက ကျွန်တော့် ရင်ထဲတွင် စွဲထင်သော မြို့သည် ကား ဖော်ပြပါအတိုင်း မိတ္ထီလာမြို့ ဖြစ်သည်။

မိတ္ထီလာကန်တော် အောက်က

မိတ္ထီလာမြို့သည် ရင်ထဲတွင် စွဲထင်စရာမြို့ ဘာပြုလို့ ဖြစ်ရတာ လဲ ဟုဆိုပါက -

မိတ္ထီလာကန်တော် ကြီးတည်ရှိနေခြင်းက ကျွန်တော့် ဘဝတွင် စွဲထင်အမှတ်ရစရာ အကြောင်းတစ်ရပ် ဖြစ်ပါသည်။

ကျွန်တော် တို့ ငယ်စဉ်က -

လူကလေးတဲ့ချော့စရာ။

မိတ္ထီလာ ကန်တော် အောက်က

ဖားကောက်ခဲ့ပါ။

ဖားပါရင် တစ်ကောင်ပေးပ။

မျက်လုံးကြောင်တောင်တောင်နဲ့

ဖားကောင်ကသေး။

ဟူသော ကလေးကဗျာလေးဖြင့် ချော့သိပ်ခြင်းခံရသည်။ မြန်မာ တိုင်းလည်း ဤကလေးချော့ ကဗျာလေးဖြင့် ချော့သိပ်ခြင်းကိုခံရကြဖူး သည်သာ ဖြစ်၏ ။ သို့ သော်လည်း မိတ္ထီလာကန်ကိုကား ကလေးတိုင်း မမြင်ဘူးကြ။

မိတ္ထီလာကန်ခြေမှ ဖားကောင်များ သည်လည်း သေးလှမည် မဟုတ်ပါ။

သို့ သော် မိတ္ထီလာကန်က ကြီးလွန်း၍ ကန်အောက်ကဖားက သေးသွားခြင်း ဖြစ်ပါသည်။ ဖားကောင်ကသေးဟုဆိုခြင်းသည် မိတ္ထီလာ ကန်ကြီးကြောင်းကို ပြောဆိုလိုခြင်း ဖြစ်သည်။

မိတ္ထီလာကန်သည် နှစ် ပေါင်းရာထောင်ချီ၍ ကြာမြင့်ခဲ့ပြီ ဖြစ်၍ ပျူခေတ်ကပင် မိတ္ထီလာကန်ကြီး တည်ရှိခဲ့သည်ဟုဆိုပါသည်။ မိတ္ထီလာ ကန်ကြီးသည် သဘာဝ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး ၊ လယ်ယာ လုပ်ငန်းအရပ်ရပ်အတွက် စိုက်ပျိုးရေရရှိစေရေး အတွက်သာမက အညာ ဒေသတွင် ပတ်ဝန်းကျင်နေ ပြည်သူတို့သောက်ရေ၊ သုံးရေရရှိပြီး ကန္တာရ အလယ်တွင် ရှိသော အိုအေစစ်ပမာတည်ရှိနေသော ကန်တော် ကြီး ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်း မိုးနည်းရေရှားရပ်ဝန်း၌ စိမ်းလန်းစိုပြည် စွာ တည်ရှိနေသော မိတ္ထီလာကန်တော် ကြီး၏ သဘာဝ ပတ်ဝန်းကျင်က စွဲမက်စရာ ဖြစ်ပါသည်။

* * * * *


အခန်း (၂)

မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်း

မိတ္ထီလာကန်တော် ကြီးသည် သမိုင်းအစဉ်အလာအရနှစ် ရာထောင် မက ရှည်လျားထင်ရှားသော ကန်တော် မဟာ ဖြစ်ပါသည်။ ထို့ကြောင့် လည်း လွန်ခဲ့သော နှစ် ပေါင်း ၄၅ဝ ကျော်ကပင် စာဆိုအကျော် အမော် ပေလေးပင် ရှင်လေးပါးအဝင်အပါ အရှင်မဟာသီလဝံသ ကိုယ်တိုင် မိတ္ထီလာကန်တော် ကြီးအကြောင်းကို သျှိသျှားကန်အမည် ဖြင့် ကန်တော် ဘွဲ့ မော်ကွန်းကို ရေး သားစိုက်ထူတော် မူခဲ့သည်။ ရှေးအခါက မိတ္ထီလာ ကန်တော် ကို သျှိသျှားကန်ဟုခေါ်သည်။

ဆရာတော် ရှင်မဟာသီလဝံသ၏ သျှိသျှားကန်တော် ဘွဲ့ မော်ကွန်းသည် မိတ္ထီလာကန်တော် ၏ ရှေးဦးအထောက်အထားတစ်ရပ် ဖြစ်ပါသည်။

* * * * *


သျှိသျှားကန်တော် ဘွဲ့မော်ကွန်း

ကျူးလော့စစ်ခေါင်၊ တောင်ခရီးလျှင်၊ လမ်းကြီးဖိုင်ဖိုင်

ဂနိုင်ကျယ်ဝန်း၊ ပင်ခြေသန်းသား၊ ချုံတန်းနွယ်ယှက်၊

သွားလာခက်မျှ၊ ကုန်းတက်ချောက်ဝင်၊ လှည်းဒေါင်ဒင်နှင့်၊

ရေရှင်ချောင်းကြီး၊ ဖြိုင်ဖြိုင်စီးလျက်၊ ကျွန်သီးကိုယ်ရံ၊

ဆင်မြင်းသံနှင့် ၊ မညံခေါင်းလောင်း၊ ရင့်ညောင်းမြည် ၍ ၊

စည်ရှည်ကမ်းနား၊ အင်တိုင်ဖျားဝယ်၊ ရေသားမည်းစင်၊

ပိုက်ရှုပ်ငင်သည်၊ ကန်တွင် ဦးနား၊ ရေဆည်ထားလျက်၊

ထက်ဖျားရှည်သွန်း၊ ပိန်းကောဝန်းနှင့် ကူးသန်းလျင်ဆော၊

ဘောသည်မြင်သော်၊ ခေါ်ချင်ရင့်ဧ၊ မေးလတ်လင့်သည်

ကန်တွင်းငါးယူ၊ နောင်ရေသူ၊ လွယ်ကူမကျန်၊

ခြင်းရာပြန်လော့၊

နက်ဟန်မြစ်ရှိ၊ ကြောက်ဖွယ်လိနှင့်၊

ရေတိပြည့်လွှမ်း၊ ကန်သာဝှမ်းကား၊ နှိုင်းတမ်းပုံတု၊

ဟုတ်လုလုတည့်၊ ဂုရုဧသန်၊ ဟေမဝန်ဝယ်၊

ဆဒ္ဒန်ဝရာ၊ အိုင်ကုဏ္ဍာမှ၊ အာကာမိုးသူ၊

သိကြားယူသား၊ ကြာဖြူဝတ်နံ့၊ ချိုပျံ့ပျံ့တည့်၊

အလွှံ့ဝန်းကျင်၊ မန်းပင်ရောက်ရော၊ အင်တိုင်းတောဝယ်၊

ဘောနှောလည်ယှက်၊ တူပြိုင်စက်သား၊ ရွှေငှက်ဟင်္သာ၊

ကြိုးကြာကရဝိတ်၊ ရေလုံးပိတ်မျှ၊ မဆိတ်မညံ

တောင်ယံလေဟုန်၊ ဂဠုန်လည်းသုတ်၊ ကျောက်ရုပ်ဆန်းပြား၊

အုဌ်တိလွှား၍ တလားပျဉ်ထပ်၊ သံမှိုကွပ်လျက်၊

စောင့်ကြပ်မြဲတန်၊ တည်ခဲ့ရန်သည်၊

ဤကန် ဘယ်မင်းရိုက်ရာနည်း။

Cover

မိထိလာကန်တော်

မိတ္ထီလာကန်တော် မဟာဘွဲ့ကို အရှင်မဟာသီလဝံသတစ်ပါး တည်းသာ စပ်ဆိုခဲ့သည်မဟုတ်၊ မိတ္ထီလာကန်တော် မင်္ဂလာမော်ကွန်းကို ကုန်းဘောင်ခေတ်ပဉ္စမဘုရင် ဘိုးတော် ဘုရားလက်ထက်၌ လည်း စာဆို ဝက်မစွတ်မြို့စား နဝဒေးကလည်း စပ်ဆိုခဲ့သည်။

ဘိုးတော် ဘုရားသည် သက္ကရာဇ် ၁၁၅၈ ခုနှစ် တွင် မိတ္ထီလာ ကန်ကိုဆည်ဖို့ရန် တပ်တော် အခင်းအကျင်းဖြင့် ရောက်ရှိခဲ့သည်။ ထိုသို့ ရောက်ရှိစဉ် ဝက်မစွတ်မြို့စားနဝဒေးက မိတ္ထီလာကန်တော် မင်္ဂလာဘွဲ့ကို စပ်ဆိုခဲ့ပါသေးသည်။

ဝက်မစွတ်မြို့စားက မိတ္ထီလာကန်တော် ကြီးကြောင့် လယ်ယာ လယ်ကောင်းများ စွာ ပေါ်ထွက်လာသည်။ ကန်ရေကိုသောက်သုံးရရုံသာ မက ဆန်ရေစပါးကောက်ပဲသီးနှံ စိုက်ပျိုးနိုင်သည်။ ကန်တော် ကြီး နောင် အရှည်တည်တံ့အောင် စီမံပြုစုလုပ်ဆောင်ခဲ့ပုံများ ကို မော်ကွန်းရေး ထိုး ပြုစုခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်းတွင် ယခင် အနော်ရထာစော မင်းကြီးနှင့် နရပတိစည်သူမင်းကြီးလက်ထက်တွင် လည်း ကန်တော် ကြီးကို ဆည်ဖို့ခဲ့ကြောင်း တင်ပြရေး သားဖွဲ့ဆိုထားသည်ကို တွေ့ ရှိရသည်။ မိတ္ထီလာကန်တော် အမည် ကိုလည်း သျှိသျှားကန်ဟုခေါ်ကြောင်း ဖော်ပြထား ပါသည်။ မိတ္ထီလာကန်တော် ကို ဘိုးတော် ဘုရားလက်ထက် ခရစ်နှစ် ၁၈ ရာစုအထိ သျှိသျှားကန်ဟုခေါ်သေးကြောင်းတွေ့ ရှိရသည်။ မိတ္ထီလာ ကန်တော် ကြီး၏ ရေကိုမြောင်းငယ်မြောင်းသေးမှ သယ်ယူပြီး လယ်ယာ ထွန်ယက်စိုက်ပျိုးရေး ကို ဆောင်ရွက်ကြကြောင်း ဖော်ပြထားရာ ပတ်ဝန်းကျင်ဒေသရှိ ပြည်သူများ အတွက် ကျေးဇူးကြီးမားသော ကန်တော် ကြီး ဖြစ်ကြောင်းလည်း ဖော်ပြပါရှိသည်။

* * * * *


ဝက်မစွတ်မြို့စား၏ မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်း

(ဝက်မစွတ်မြို့စားစာဆိုနဝဒေးပြုစုသည်)

(၁)

ရှုလော့သည်ရှည်၊ မော်ကွန်းစည်ပိမ့်၊ မြန်ပြည်လယ်ညွန်း

သပြေကျွန်းထက်၊ အဝန်းစကြာ၊ ဆက်ကာကာလျင်

သုနာပရန်၊ ညာဆန်တထောက်၊ ပြည်ကြီးဆောက်သား

သုံးယောက် နှောင်းမြော်၊ ညီတော် ရဲခေါင်၊ နှစ် ပါးနောင်လျှင်၊

ရွှေတောင်သာရိပ် အောင်မြေထိပ်ထက်၊ ပယ်နှိပ်ရန်နယ်၊

ရွှေဘုံတည်သည်၊ ရွှေပြည်အမရ၊ စိုးပိုင်သလျက်၊

ပထမရာဇဝင်၊ ဆင်ဖြူ့ရှင်ဟု၊ မင်းလျှင်ရှည်ကျူး၊

မကြားဘူးသား၊ မြို့ဦးဇာတိ၊ မုဒ္ဓါဘိဖြင့် ၊

သီရိပဝရဝိဇယာ နန္တယသတြိဘာဝ နာဒိတျာဓိပတိ

ပဏ္ဍိတမဟာဓမ္မရာဇာ၊ ဓိ၊ ရာဇာ

မည် တော် သာနှင့် သူရာသိကြား၊ နဂါးဂဠုန်

ဆူမှု န် ရစ်စက်၊

ကျော်ဝှန်တက်သည်

ဘဝဂ်ပဲ့တင်ကျူးသကား။

* * * * *


(၂)

အမရပူ၊ နွတ္ထတံဆိပ်၊ ကမ္ပည်းလိပ်ဖြင့် ၊

ဖြန့်ရိပ်စက်ချိ၊ အောင်ဘူမိထက်

တြိဘဝန၊ သြကာသဟု၊ နေကနွယ်လာ၊

ဓမ္မရာကား၊ ဧကာဒသ၊ ဆယ့်တစ်ဆတွင် ၊

ပရမဇာတိ၊ လက်မွန်ချိနှိုက်၊ အာဒိကရိုက်၊

သိမ်းပိုက်ဆက်ရှည်၊ ပြုစုတည်သား၊ ဤသည်ရပ်ဌာန်၊

နတ်ရေကန်ကို သမန်သရော်၊ ဘေးလောင်းတော် တို့၊

ရှုမြော်ဆည်ပြု၊ ဆည်သမှု လည်း၊ သဲဖြူနတ်မောက်၊

ပေါက်မြဲပေါက်ခဲ့၊ သိုက်ရောက်မိန့်မှာ ၊ ကြောင်းညီစွာ ဖြင့်

မထောင်းတာမြောက်၊ နတ်မောက်တောင်ပိုင်း၊ အလှိုင်းနှစ် ရပ်၊

မြဲးသေကြပ်လျက်၊ မဟာကပ်ကိန်း၊ တစ်သိန်းကုဋေ၊

တွက်ရေမနှိုင်း၊ စဉ်ကိုင်းတရှည့်၊ တင်းကျမ်းပြည့်မျှ၊

ပတ်လှည့်ရှည်စွာ ၊ တည်စိမ့်ငှာဟု၊ သမုဒြာပတ်ကုံး၊

တုလွတ်ကြုံး၍ ၊ ကျွန်းလုံးသပြေ၊

တာဝန်းဝေသည် လုပ်ခြေလက်မွန်ရှူးသကား။

ဝက်မစွတ်မြို့စား စာဆိုနဝဒေးသည် မိတ္ထီလာကန်ကို သျှိသျှား ကန်ဟုလည်း ခေါ်ကြောင်းတွေ့ ရှိရသည်။ မိတ္ထီလာကန်သည် ရှေးမြန်မာ ဘုရင်များ လက်ထက်ကတည်းကပင် အရေး ပါသော ကန်ကြီး ဖြစ်ကြောင်း သမိုင်းမှတ်တမ်းများ အရသိရှိသည်။ မိတ္ထီလာကန်၏ အသုံးဝင်မှု ကို သိရှိသော ရှေးမြန်မာ မင်းကြီးများ သည် မိတ္ထီလာကန်ကျိုးပေါက်ပါက ဘုရင်ကိုယ်တိုင်ဦးဆောင်၍ ဆည်ဖို့ခဲ့ကြောင်း တွေ့ ရှိသည်။ မိတ္ထီလာကန်ကို ဝက်မစွတ်မြို့စား စာဆိုနဝဒေးကသာမက တွင်းသင်းတိုက်ဝန်မဟာစည်သူ ကလည်း မိတ္ထီလာကန်တော် ဘွဲ့ကို အောက်ပါအတိုင်းစပ်ဆိုခဲ့သည်-

* * * * *


အမရပူရပဌမမြို့တည်နန်းတည်။ မင်းတရားကြီးလက်ထက်။

တွင်းသင်းတိုက်ဝန် မဟာစည်သူဆို မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်း

(၁)

ကျူးလော့မြေတာ။ စဉ်လာလမ်းထက်။ ကူးသန်းရှက်၍ ။

ထက်သက်ကုန်းကျင်း။ ဆွံ့နင်းဘားခုံ။ စမုံလက်သုံး။

တောင်ပြုံးမြိုင်စေး။ ငှက်ကျေးရွှင်စံ၊ ပျံကြမစဲ။

ရင့်ရုနွဲးလျက်။ ပြောင်းလှဲရွက်ကြွေ။ တောင်လေရစ်ဆင်။

မင်းလွင်ဝေမြူး။ ညွန့်ဖူးထွက်သစ်။ ပရစ်ဖြေစ။

ကြွှေကျထပ်ဆင့်။ ပွင့်မစဲတည့်။ ခဝဲယှက်သန်း။

ခက်လန်းပင်ကျိုင်း။ အင်တိုင်းစုံသာ။ ဝေဖြာရိပ်စွန်း။

တန်ဆောင်နန်းက။ နတ်ပန်းမာလာ။ ရေမြူတာနှင့် ။

မထောင်းတာနတ်။ ဆင်မှတ်စလွယ်။ ကြိုးကျယ်ဦးဖြူ။

မှန်ကူးရေး ထင်။ ဝတ်မြန်းဆင်လျက်။ ရုပ်သွင်ဆန်းလူး။

ကြိုလင့်ထူးသော်။ ဘုန်းလူးမင်းကျော်။ ခေါ်ကာမေး၏ ။

ချမ်းဧသာလွန်။ ဤရေကန်ကား။ ဆဒ္ဒန် ဟူဘိ။ တွေးထင်ရှိရှင့်။

ဂတိတကိုယ်။ သက်နှံဆိုသည်။ မည် ညိုသော င်တင်း။

ရွှေပိန်ညင်းလည်း။ သာချင်းကျူးဧ။ ရင့်ရုကြွေးလျက်။

မြစ်ထွေးဇင်ယော်။ မြည် သံကျော်နှင့်။ ရေပေါ်ပျံသန်း။

ရှုမခန်းမျှ။ ပွင့်ဝန်းကြာမျိုး။ ပြည့်လျှံဖြိုးလျက်။

ကျော်ဟိုး ပတ်လည်။ လွန်ချမ်းကြည်သည်။

ဘုန်းစည်ဘယ်မင်း ရေကန်တည်း။ ။

* * * * *


(၂)

ကျွန်ုပ်စီလျဉ်။ ခူစဉ်ရှေးဖျား။ ကြားလိုက်သည်မူ။

ချမ်ကြည်သီတာ။ မိတ္ထီလာဟု။ မည် လာပေါက်ပြ။

ခေါ်ဝေကြ၏ ။ တာမဆယ်ပြန်။ နက်ခြင်းလွန်လျက်။

လက်မွန်ဦးတည်။ ပွင့်လင်း စည်သား။ ရွှေပြည်သာထွက်။

အရိမဒ်ဝယ်။ နေနတ်ညွန့်ညာ။ လေးကျိပ်ခြောက်တွင် ။

ချမ်းဘောက်သပြေ။ စကြာလှေနှင့် ။ ညာကြေလှည့်လည်။

ရည်ညွန့်နှည်လျက်။ စက်ခြည်မိုးရှိ။ ထွန်းလျှံသား။

နရပတိမည် ဟု။ မင်းစည်သူလျှင်။ ပြောထူဗိုလ်ပါ။ မှီခိုရာပြင့်။

နော်ရထာသွေး။ ဘိုးတော် ဘေး၏ ။ လုပ်ရေး ဆောင်ငန်း။

ကိုင်းကျွန်းလယ်တာ။

သမုတ်ရာတွင် ။ ကမ္ဘာချင်းအောင်။ တည်ခဲ့ဆောင်၍ ။

ယဉ်ဘောင်လင့်ပြည့်။

ရှုကြည့်မရဲး။ ရေပေါ် ဝဲသား။ ဝမ်းပဲဟင်္သာ။

ကြိုးကြာစက္ကဝါက်။ ရေကြက်၊ ရေသား။ အပါးပါးနှင့် ။

သျှိသျှားသင်းကြီး။ တသီး မည် ဟူ။ သံပိုင်းထူသည် ။ ။

စည်သူမင်းကြီးရေကန်တည်း။

* * * * *


အခန်း (၃)

ကျမ်းသမိုင်းရာဇဝင်လာ မိတ္ထီလာ

ရှေးဟောင်း မြန်မာနိုင်ငံတွင် ပျူခေတ်ကာလကတည်းကပင် ဆည်မြောင်းတာတမံများ ကို တည်ဆောက်ခဲ့ကြသည့် အထောက်အထား များ ရှိပါသည်။ တောင်တွင်းကြီးရာဇဝင်တွင် ပျူပန်ထွာဘုရင်မသည် ရေကန်ရေမြောင်းစနစ်ကိုသုံး၍ သူ့နိုင်ငံကို သူကာကွယ်ထားသည်ကို တွေ့ ရသည်။ တကောင်း၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာ အစရှိသော ပျူမြို့များ သည် မြစ်နှင့်မနီးမဝေးတွင် တည်ထား၍ မြစ်မှရေများ ကို တူးမြောင်းများ ဖောက်လုပ် သွယ်ယူပြီး စိုက်ပျိုးရေး နှင့်သောက်သုံးရေ အတွက် အသုံးပြုခဲ့ကြသည်။ ပျူမြို့ဟောင်းများ တွင် သောက်သုံးရေသည် မြို့နေပြည်သူများ အတွက် အထူးအရေး ကြီးသဖြင့် ကန်ကြီးများ တူးဖော် ခဲ့ကြသည်။ ဟန်လင်းပျူမြို့ဟောင်းတွင် ပျူခေတ်ကတည်းက တည် ဆောက်ခဲ့သော နဂါးရုံတစ်ဖက်ဆည် ကန်ကြီးရှိသည်။ ယင်းကန်ကြီးကို စနစ်တကျအုတ်ရိုးတန်းဖြင့် တည်ဆောက်ခဲ့သဖြင့် ယနေ့ထက်တိုင်အောင် တည်တံ့ခိုင်မြဲနေသည်ကိုတွေ့ ရှိရသည်။ အခြားပျူမြို့ပြမြို့တော် များ တွင် လည်း ကန်ကြီးများ တည်ဆောက်ထားကြသည်။ မိတ္ထီလာကန်တော် သည်လည်း ပျူခေတ်ကတည်းကတည်ရှိသော ကန်တော် မင်္ဂလာ ဖြစ်သည်ဟု ဆိုကြသည်။

Cover

ကောင်းမှု တော် ဘုရားကျောက်စာ

မိတ္ထီလာကန်အမည် ကို ကျောက်စာများ တွင် လေ့လာသူတို့က စစ်ကိုင်းမြို့ ကောင်းမှု တော် ဘုရား တံတိုင်းအတွင်းရှိ သက္ကရာဇ် ၉၉၈ ခုနှစ် (အေဒီ ၁၆၃၆)တွင် ရေး ထိုးခဲ့သော ကောင်းမှု တော် ဘုရားကျောက် စာတွင် မိဒ္ဓိလာပြည်ဟုကန်တော် အမည် ဝေါဟာရရေး ထိုးထားသည်ကို တွေ့ ရသည်။ ယင်းမိဒ္ဓိလာပြည်သည် ရှေးခေတ် ဗုဒ္ဓကျမ်းဂန်များ အလာ ဇာတ်ဝတ္ထုများ ထဲတွင် တည်ရှိခဲ့သော မြို့တစ်မြို့အမည် နာမကို ရေး ထိုး ထားခြင်း ဖြစ်သည်။

မိတ္ထီလာမြို့လင်းဇင်းကန်ကျောက်စာ

မိတ္ထီလာကန်အမည် ကိုကျောက်စာများ တွင် သျှိသျှာကန်ဟုရေး ထိုး ထားကြောင်းတွေ့ ရှိရသည်။ မြန်မာသက္ကရာဇ် ၇ဝ၁(အေဒီ ၁၃၃၉) ခုနှစ် ရေး ထိုးခဲ့သော မင်းသတိုးသီဟသူရကျောက်စာတွင် သျှိသျှာဥူံမ်၊ သက္ကရာဇ် ၇ဝ၃ (အေဒီ ၁၃၄၁) ခုနှစ် ရေး ထိုးခဲ့သော ကိုယ်တော် ပျောက် ဘုရားကျောက်စာတွင် သျှိသျာတဝ်၊ သက္ကရာဇ် ၇ဝ၄ (အေဒီ ၁၃၄၂) ခုနှစ် ရေး ထိုးခဲ့သော စစ်ကိုင်းအဘယကြီးကျောင်းကျောက်စာတွင် သိသျာကန်၊ သက္ကရာဇ် ၇၁၄ (အေဒီ ၁၃၅၂) ခုနှစ် ရေး ထိုးခဲ့သော မိတ္ထီလာမြို့လင်းဇင်းကန်၊ မန်ကျည်းပင်အောက်တွင် ရှိခဲ့သော ယခု မန္တလေးမြို့နန်းတွင်းရုံအမှတ်-၄၆၉ ကျောက်စာတွင် သိသျာ ဟုစတင် တွေ့ ရှိရသည်။ မိတ္ထီလာကန်ပေါင်ပေါ်မှ ရရှိသော ကျောက်စာအရ ခရစ်နှစ် ၁၃၅၂ ခုနှစ် အထိ မိတ္ထီလာကန်ကို သိသျာကန် ဟုခေါ်ခဲ့ကြောင်းတွေ့ ရှိရ သည်။ ကျောက်စာပါဝေါဟာရသိသျာသည် ယခုအခေါ်သျိသျှားကို ခေါ်ခြင်း ဖြစ်၍ ခရစ်နှစ် ၁၄ ရာစုတွင် မိတ္ထီလာကန်ကို သျှိသျှားကန်ဟု ခေါ်ခဲ့ကြောင်း ဦးစွာ တွေ့ ရှိရပါသည်။

ဘိုးတော် ဘုရားခေါ် ဗဒုံမင်း (အေဒီ ၁၇၈၂-၁၈၁၉) လက်ထက် ခရစ်နှစ် ၁၇၉၆ တွင် ရေး ထိုးခဲ့သော မိတ္ထီလာကန်တော် ကြီးသမိုင်း ကျောက်စာတွင် ကန်မထိလာဟုဖော်ပြထားကြောင်း သိရှိရပါသည်။ ဘိုးတော် ဗဒုံမင်းလက်ထက်အနယ်နယ်အရပ်ရပ်မှ ကျောက်စာများ ကို အမရပူရနေပြည်တော် သို့သယ်ယူစဉ် မိတ္ထီလာမြို့၊ မိတ္ထီလာကန် (လင်းဇင်းကန်)မှ မန္တလေးနန်းတွင်းရုံအမှတ် ၄၆၉ ကျောက်စာကို ယခု မန္တလေးမြို့သို့ သယ်ယူခဲ့ပါသည်။ ယင်းကျောက်စာ၏ အထက်တွင် ''မိတ်ထိလာမြို လင်စင်ကန်ရို မကြည်ပင်တွင် ရှိ'' ဟု ရေး ထိုးထားသော စာသားပါရှိပါသည်။ ယင်းခေတ်က မိတ္ထီလာကန်ကို မိတ်ထိလာဟု ရေး ထိုးထားကြောင်းတွေ့ ရှိရသည်။ ဗဒုံမင်းသည် မိတ္ထီလာကန်ဆည်ဖို့ရန် ၁၇၉၆ ခုနှစ် မတ်လ ၂၂ ရက်တွင် တပ်စဉ်အတိုင်း ချီတက်ပါသည်။ မင်းကြီးသည် မိတ္ထီလာကန်ကို ၁၇၉၆ ခုနှစ် ဧပြီလ ၁ဝ ရက်တွင် စတင်ဆည်ဖို့ပါသည်။ မိတ္ထီလာကန်ကိုဆည်ဖို့ပြီးသဖြင့် ၁၇၉၆ ခုနှစ် ဇူလိုင်လ ၂၃ ရက်တွင် အမရပူရနေပြည်တော် သို့ပြန်လည် ကြွချီတော် မူခဲ့ကြောင်း မှတ်တမ်းများ တွင် တွေ့ ရှိရပါသည်။

မိတ္ထီလာကန်အမည် ကိုကျောက်စာတွင် တွေ့ ရှိရသည့်အတိုင်း သိသျာကန် (သျှိသျှားကန်)ဟုခေါ်ခဲ့ကြောင်း အထောက်အထားများ ဆက်တွေ့ ရှိရသည်။ သက္ကရာဇ် ၈၄၂(အေဒီ ၁၄၈ဝ)တွင် ဆရာတော် ရှင်မဟာသီလဝံသ စပ်ဆိုခဲ့သော သျှိသျှားကန်တော် ဘွဲ့မော်ကွန်းတွင် သျှိသျှားသင်းကြီးကန်၊ သျှိသျှားအုပ်သီး၊ မြို့သင်းကြီးတို့ဟုတွေ့ ရှိရသည်။ အင်းဝခေတ်ရွှေနန်းကြော့ရှင် နရပတိမင်း(အေဒီ ၁၅ဝ၁-၁၅၂၇) လက်ထက်တွင် ဆိုခဲ့သော မော်ကွန်းဟုသိရှိရသော်လည်း မော်ကွန်းရေး ထိုး သော ကာလသည် အင်းဝပြည်စုန်မင်းသီဟသူ (၁၄၆၈-၁၄၈၂) ကာလက ဖြစ်ကြောင်းတွေ့ ရှိရသည်။ ဆရာတော် ၏ မော်ကွန်းအရ အင်းဝခေတ် ခရစ်နှစ် ၁၅ ရာစုတွင် မိတ္ထီလာကန်တော် ကို သျှိသျှားကန်ဟုခေါ်၍ မိတ္ထီလာမြို့ကို သင်းကြီးမြို့ဟုခေါ်ခဲ့ကြောင်း တွေ့ ရှိရသည်။

အင်းဝနေပြည်တော် ကို ယခင်ကမိတ္ထီလာပြည်ဟုခေါ်ကြောင်း ညောင်ရမ်းမင်းလက်ထက်မေးသဖြင့် ဆရာတော် အနန္တဓဇနှင့် ပင်းတလဲ မင်းလက်ထက် တောင်ဖီလာဆရာတော် တို့ကဖော်ပြဖူးကြောင်း သိရှိရပါ သည်။

ဆရာတော် ရှင်မဟာသီလဝံသနှင့် ခေတ်ပြိုင် ဆရာတော် ရှင်မဟာ ရဋ္ဌသာရ (အေဒီ ၁၄၆၈-၁၅၃ဝ)သည်လည်း မိတ္ထီလာကန်တော် ဘွဲ့ မော်ကွန်းတစ်စောင်ရေး ခဲ့သေးကြောင်း သိရှိရသည်။ ထိုမော်ကွန်းတွင် မိတ္ထီလာကန်ကိုမည် သို့ခေါ်ဝေါ်ခဲ့ကြောင်း မော်ကွန်းကို မတွေ့ ရှိရသဖြင့် မသိရှိရပေ။ မိတ္ထီလာကန်ကို သျှိသျှားကန်ဟုခေါ်ဆိုရေး သားခဲ့မည် ဟုသာ ယူဆရပါသည်။

ဆရာတော် အရှင်အဂ္ဂသမာဓိသည် ခရစ်နှစ် ၁၅၄၅ တွင် မဂ္ဃစိုး ဆန်းပျို့ကိုရေး သားခဲ့ပါသည်။ ယင်းပျို့ထဲတွင် မိဓိလာမြို့ဘွဲ့လင်္ကာပါရှိ ကြောင်းသိရှိရသည်။ သို့သော်လည်း ထိုပျို့ပါ မိဓိလာမြို့သည် မြန်မာနိုင်ငံ ရှိ မိတ္ထီလာမြို့ကို ဖွဲ့ဆိုထားခြင်းမဟုတ်ဘဲ အိန္ဒိယနိုင်ငံတွင် တည်ရှိခဲ့သော မိဓိလာမြို့အကြောင်းသာ ဖြစ်ကြောင်းသိရှိရသည်။

ဇမ္ဗူ့ဒီပဥဆောင်းကျမ်း

အနောက်ဖက်လွန်မင်း (အေဒီ ၁၆ဝ၆-၁၆၂၈) လက်ထက်တွင် စုဆောင်းရေး သားခဲ့သော ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတွင် ယင်းတော် မြို့နယ်ကား အရှေ့ကိုလားသော်သစ္စေးတောအဆုံး၊ တောင်ကိုလားသော် ယမည်းသင်း မြေနှင့် ကျော်ခိုင်း၊ အနောက်ကိုလားသော်အောင်သာ မိတ္ထီလာကန်ကြီးထိ၊ မြောက်ကိုလားသော်တောင်တွင်းငယ်တော် တောင်ဘီလူးတောင်ကျောင်း ထိ၊ မိတ္ထိလာမြေနယ်အပိုင်း အခြားကား အရှေ့ကိုလားသော် ကန်ကြီးရိုး၊ တောင်ကိုလားသော် ဆီးကုန်းအရာတော် ၊ အနောက်ကိုလားသော် ပင်းတလဲ မြေနှင့် ကျောခိုင်း၊ မြောက်ကိုလားသော် သဘမ်းအင်းအခြားဟု ဖော်ပြ ထားပါသည်။ မိတ္ထိလာကန်အမည် ကို ဇမ္ဗူ့ဒီပဥဆောင်းကျမ်းတွင် မိတ္ထိလာကန်ကြီးဟု ပထမဆုံးစတင်တွေ့ ရှိရသည်။ မိတ္ထီလာမြို့ကိုလည်း မိတ္ထီလာမြို့မြေနယ်ဟုတိကျစွာ ဖော်ပြထားပါသည်။ မိတ္ထီလာဝေါဟာရကို ကန်အမည် တွင် မိတ္ထီလာကန်ဟုလုံးကြီးတင်ဆန်ခတ်ရေး ၍ မြို့အမည် တွင် မိတ္ထိလာမြေနယ်ဟု လုံးကြီးတင်ဖြင့် သာ ဖော်ပြထားကြောင်းတွေ့ ရှိရသည်။

ဦးကုလားရာဇဝင်လာမိတ္ထီလာ

ဦးကုလားရာဇဝင်ကြီးတွင် ကမ္ဘာဦး၌ ဖြစ်သော တစ်ကျိပ်တစ်ပါး မြောက်သော မဟာသမ္မတမင်းသည် မင်း ဖြစ်တော် မူလျှင် ဇမ္ဗူဒီပါကျွန်းသူ ပေါင်းတို့၏ စီးပွားအလို့ငှာဓမ္မသတ်ကျမ်းဂန်တို့ကိုပြုစုသည်။ နောင်လာ လတ္တံ့သော အခါ ခိုးသား၊ ဓားပြအစရှိသော သူပုန်သူကန်တို့သည် မနှောင့် ယှက်နိုင်အောင် မြို့ပြ၊ ကျုံးမြောင်း၊ ပစ္စင်၊ ရင်လျှောက်အစရှိသော မြို့၏ အင်္ဂါခုနစ်ပါး၊ မြို့၏ အစာလေးပါးနှင့်ပြည့်စုံသော သလ္လာတိုင်း ကုသဝတီ ပြည်၊ မဂဓတိုင်းရာဇဂြိုဟ်ပြည်၊ ဝိဒေဟတိုင်း မိဓိလာပြည် တို့ကို တည်တော် မူသည်။ မဟာသမ္မတမင်း၏ အဆက်အနွယ်တော် နာဂဒေဝ မင်း၏ သား၊ မြေး၊ မြစ် ဖြစ် နှစ် ကျိပ်ငါးပါးသော မင်းတို့သည်ကာ မိဓိလာပြည်၌ ဖြစ်တော် မူကုန်၏ ဟု ဖော်ပြထားသည်ကို လေ့လာတွေ့ ရှိ ရသည်။

ဦးကုလားမဟာရာဇဝင်ကြီးတွင် တစ်စီးရှင်သီဟသူ ပင်းယမြို့ကို တည်၍ ၆ နှစ် (အေဒီ ၁၃၁၈) ရှိသော အခါ သားတော် ဥဇနာကိုအိမ်ရှေ့ ပေးတော် မူ၏ ။ သားတော် အငယ်နော်ရထာကို ရှစ်ရှားမြို့ကို ပေးတော် မူ၏ ။ သက္ကရာဇ် ၇၃ဝ(အေဒီ ၁၃၆၈)တွင် မိတ္ထိလာကန်ပေါက်၍ ဘုရင်မင်းကြီး စွာ လည်းကန်ကိုဆည်တော် မူ၏ ဟုဖော်ပြထားကြောင်းတွေ့ ရှိရပါသည်။ ပင်းယခေတ်အေဒီ ၁၄ ရာစုတွင် မိတ္ထီလာမြို့ကို ရှစ်ရှားမြို့ဟုခေါ်ကြောင်း တွေ့ ရှိရပါသည်။ အင်းဝခေတ်အေဒီ ၁၄ ရာစုတွင် မိတ္ထိလာကန်ဟုခေါ်နေ ပြီ ဖြစ်ကြောင်းတွေ့ ရှိရပါသည်။

ပြည်ကြီးတစ်ဆယ့်ကိုးပြည်အမည် တွင် ဗာရာဏသီပြည်ကြီး၊ သာဝတ္ထိပြည်ကြီး၊ ဝေသာလီပြည်ကြီး၊ မိဓိလာပြည်ကြီး၊ အာဠာဝီပြည်ကြီး စသည်ဖြင့် ဖော်ပြထားရာတွင် မိတ္ထီလာပြည်ပါရှိသည်။ မိတ္ထီလာကန် တော် ၏ အမည် သည် အိန္ဒိယနိုင်ငံတွင် တည်ရှိခဲ့သော ရှေးဟောင်း မိဓိလာ ပြည်ကြီး၏ အမည် ကိုယူ၍ ခေါ်ခြင်း ဖြစ်သည်ဟု စာပေပညာရှင်၊ သမိုင်း ရာဇဝင်ပညာရှင်တို့ကဆိုသည်။

ဦးကုလားမဟာရာဇဝင်ကြီးတွင် မိတ္ထီလာကန်တော် နှင့် ပတ်သက် ၍ သက္ကရာဇ် ၇၃ဝ (အေဒီ ၁၃၆၈)တွင် မိတ္ထီလာကန်ပေါက်၍ လျှောက် လာ၏ ။ ဘုရင်မင်းကြီးစွာ လည်း ဆင်၊ မြင်း၊ အလုံးအရင်း အများ နှင့် ချီတော် မူ၍ ကန်ကိုဆည်တော် မူ၏ ။ ထိုအခါမြေကို တူးရာတွင် ယိုးဒယား လင်းဇင်းမင်းသားမင်းသမီးတို့ အရုပ်ကိုရွှေဖြင့် သွန်း၍ ကမ္ပည်းစာနှင့်တကွ တွေ့ လေ၏ ။ ဘုရင်မင်းကြီးစွာ လည်း ဝန်းစင်းသူကြီးကိုခေါ်၍ မေးတော် မူ၏ ။ ဝန်းစင်းသူကြီးလည်း ''ကျွန်တော် တို့မသိပါ၊ ဝန်းစင်းရွာတွင် အသည်သား တစ်ယောက် သည် ယာထွန်ချွတ်လျှင်ခါးတွင် ပုရပိုက်နှင့် ပညာရှိရာဆည်းကပ်၍ အကြားအမြင်နှင့် ပြည့်စုံသည်။ ထိုသူသိမြင်မည် '' ဟူ၍ နားတော် လျှောက်၏ ။ မင်းကြီးလည်းဝန်းစင်းအသည်သားကိုခေါ်၍ မေးတော် မူသော် ''ကျွန်တော် ကြားဖူးပါသည်။ ဘုရားဘေးလောင်းတော် အလောင်းစည်သူမင်းကြီး တိုင်းခန်းလှည့်တော် မူသော အခါ ထိုသို့သော မင်းတို့ကိုသစ္စာတော် ပေးပြီးသော်လျှင် သားသမီးတို့ကိုယူ၍ ခြေရင်းတော် ဝယ်မြဲရ၏ ။ တစ်ရံရောအခါ အလောင်းစည်သူမင်းကြီး မိတ္ထီလာကန်ကို ဆည်ခိုက် နောက်တော် တွင် ပါသော မင်းသမီး၊ မင်းသားတို့သည် ကြမ္မာ ကုန်သော ကြောင့် လာလတ္တံ့သော မင်းတို့ တွေ့ မြင်လေသော်သိစေသတည်း ဟူ၍ အရုပ်ကို ကမ္ပည်းနှင့်မြှုပ်ထားတော် မူခဲ့ကြောင်းကို နားတော် လျှောက် လေ၏ ''ဟုဖော်ပြထားပါသည်။

* * * * *


အခန်း (၄)

စေတီယကထာ

မုံရွေးစေတဝန်ဆရာတော် ကြီးရေး သားခဲ့သော စေတီယကထာ မည် သော ရာဇဝင်ချုပ်တွင် မိတ္ထီလာကန်တော် သည် ပျူခေတ်ကပင် တည်ရှိခဲ့ကြောင်း၊ ''မိထိလာကန်ကြီးကို အနော်ရထာမင်းစောပင် ရှေးကန်ဟောင်းကိုဆည်သည်''ဟု သမိုင်းစာကဆိုပါသည်။ ထိုကန်ကို နရပတိစည်သူမင်းကြီးသည် ဆည်သည်ဟုဆိုသည်။ မင်းကြီးစွာ စော်ကဲ လည်း ထပ်မံဆည်ပြန်၏ ဟု ဖော်ပြထားပါသည်။

ပုဂံခေတ် အနော်ရထာမင်းကြီးသည် မိတ္ထီလာကန်ကြီးကို မိမိ ကိုယ်တိုင်အသစ်တည်ဆောက်ခြင်း မဟုတ်ဘဲ၊ ယခင်ခေတ်ကတည်းက ရှိခဲ့သော ရှေးကန်ဟောင်းကိုဆည်သည်ဟု တွေ့ ရှိရသဖြင့် မိတ္ထီလာ ကန်တော် သည် အနော်ရထာမင်းမတိုင်မီကပင် တည်ရှိနေကြောင်း တွေ့ ရှိရသည်။ ထို့ကြောင့် မိတ္ထီလာကန်တော် သည် သရေခေတ္တရာ ပျူခေတ်ကတည်းက တည်ရှိနေမည် ဟု သုတေသနပြုသူတို့ ယူဆကြခြင်း ဖြစ်ပါသည်။

တွင်းသင်းရာဇဝင်လာမိတ္ထီလာ

တွင်းသင်းမြန်မာရာဇဝင်သစ်တွင် သက္ကရာဇ် ၇၃၁ (အေဒီ ၁၃၆၉)တွင် မိတ္ထီလာကန်တော် ပေါက်သည်ကို ဆည်တော် မူမည် ဟု စစ်အင်္ဂါလေးပါးနှင့်ချီသွားတော် မူ၍ မြေကိုတူးပေါက်ရာတွင် မြေအထဲ၌ ရွှေရုပ်ငွေရုပ်သွန်းလုပ်၍ ကမ္ပည်းစာရင်းနှင့်ထားသော ယိုးဒယားလင်းဇင်း မင်းသမီး မင်းသားတို့ အရုပ်ကိုတွေ့ ၍ ဝန်းစင်းသူကြီးအား မေးသည်ကို ''ကျွန်ုပ်တို့မသိ၊ ဝန်းစင်းရွာတွင် အသည်သားထွန်ချွတ်လျှင် ပုရပိုက် ခါးချိကာ ပညာရှိထံ ဆည်းကပ်သည်၊ သူသိရာသည်''ဟု လျှောက် သဖြင့်အသည်သားကိုခေါ်၍ မေးသော် ''အရှင်မင်းကြီးဘေးလောင်းတော် နရပတိစည်သူ တိုင်းခန်းလှည့်လည်၍ အပြန် ဤရေကန်ကို ဆည်တော် မူခိုက် ယိုးဒယားမင်း လင်းဇင်းမင်းတို့က ဆက်လိုက်သော မင်းသား မင်းသမီးတို့ အနိစ္စရောက်၍ နောက်နောင်သော မြေးတော် မြစ်တော် တို့ သိရစ်ပစေဟု ရွှေရုပ်ကိုစာရင်းကမ္ပည်းနှင့်ထားခဲ့ကြောင်း''ကို လျှောက် လျှင် အားရတော် မူ၍ ခြေရင်းတော် ၌ မြဲစေ၏ ဟု ဖော်ပြထားသည်။

တွင်းသင်းမြန်မာရာဇဝင်သစ်တွင် လည်း ပင်းယမင်းတစ်စီး ရှင်သီဟသူ၏ ညီတော် ရှိရှားသည် ကန်းနီးစားသော နော်ရထာဟု ဖော်ပြ ထားသည်။ သက္ကရာဇ် ၈၆၅ (အေဒီ ၁၄ဝ၃)ညောင်ရမ်းစား ဘယကျော်ထွန် လွန်၍ သား ဘယကျော်ထင်ခံ ငတုံးတာနှင့် ညီဘယနန်သူခံ ငပြည့်ဝတို့ တောင်ငူကိုအမှီပြု၍ ယင်းတော် ရှိရှားက သော င်းကျန်းလေသည်။ နေမျိုးကျော်ထင်က ယင်းတော် စား ရှိရှားစား ငတုံးတာငပြည့်ဝ လာချေ သည်။ ရှင်မဟာသီလဝံသစပ်ဆိုတော် မူသော ရှစ်ရှားကန်ဖွဲ့ ဟု ဖော်ပြ ထားပါသည်။ တွင်းသင်းတွင် လည်း မိတ္ထီလာမြို့ကို ရှိရှားမြို့၊ မိတ္ထီလာကန် ကို ရှစ်ရှားကန်ဟုဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။

တွင်းသင်းမင်းကြီး၏ မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်းတွင် လည်း သျှိသျှားသင်းကြီးကန်၊ မိတ္ထိလာကန်ဟု ဖော်ပြထားကြောင်းတွေ့ ရှိရ ပါသည်။ တွင်းသင်းမင်းကြီးနှင့်ခေတ်ပြိုင်အမရပူရ ပထမမြို့တည်နန်းတည် မင်းတရားကြီးလက်ထက် ဗလနန်သူဆိုသော မိတ္ထီလာကန်တော် ဘွဲ့မော်ကွန်းတွင် လည်း သျှိသျှားသင်းကြီးကန် မိတ္ထိလာကန်ဟု ဖော်ပြ ထားကြောင်း တွေ့ ရှိရပါသည်။

မှန်နန်းရာဇဝင်လာမိတ္ထီလာ

မှန်နန်းရာဇဝင်တော် ကြီးတွင် လည်း ဦးကုလားရာဇဝင်ကြီးအတိုင်း မိတ္ထီလာကန်ပေါက်၍ ဘုရင်မင်းကြီးစွာ လည်း ကန်ကိုဆည်တော် မူ၏ ။ တစ်ရံရောအခါ အလောင်းစည်သူမင်းကြီး မိတ္ထီလာကန်ကို ဆည်ခိုက် နောက်တော် တွင် ပါသော မင်းသမီးမင်းသားတို့ ကြမ္မာကုန်သော ကြောင့် လာလတ္တံ့ မင်းတို့တွေ့ မြင်လေသော် သိစေသတည်းဟူ၍ အရုပ်ကို ကမ္ပည်းနှင့်မြှုပ်ထားတော် မူခဲ့ကြောင်းကို နားတော် လျှောက်၏ ဟု တူညီစွာ ဖော်ပြထားပါသည်။

မှန်နန်းရာဇဝင်ကြီးတွင် လည်း သီဟသူမင်းသည်သားတော် ဥဇနာကိုအိမ်ရှေ့နန်းလျာထားတော် မူသည်။ သားတော် ကျော်စွာ ကို ပင်လယ်မြို့၊ သားတော် နော်ရထာကို သျှိသျှားမြို့ကိုပေးတော် မူသည်ဟု တွေ့ ရှိရသည်။ သျှိသျှားသင်းကြီးကန်၊ မိတ္ထိလာကန်ဟု ဖော်ပြထားကြောင်း တွေ့ ရှိရပါသည်။

မဏိရတနာပုံကျမ်း

မိတ္ထီလာအမည် ကို အင်းဝခေတ် ဒုတိယမင်းခေါင်လက်ထက် သက္ကရာဇ် ၈၆၄ ခုနှစ် ၊ အေဒီ ၁၅ဝ၂ မဏိရတနာပုံကျမ်းတွင် ညောင်ရမ်းစား မင်းရဲကျော်ထင် အနိစ္စရောက်လျှင် ညောင်ရမ်း၊ ကူကြီး၊ ယင်းတော် ၊ မိတ္ထီလာ၊ ပြည်ညောင်၊ သာဂရသည် ၆ မြို့နှင့်တကွ မင်းရဲ ကျော်ထင်ကြီးသား ဘယကျော်ထင်၊ မင်းတုန်းတာ၊ မင်းပြည့်ဝတို့ တောင်ငူမှာ ကျွန်ခံလေ၏ ဟုဖော်ပြထားရာ၊ မိတ္ထီလာသည် ခရစ်နှစ် ၁၅ဝ၂ ခုနှစ် တွင် မြို့ ဖြစ်တည်နေပြီ ဖြစ်ကြောင်းတွေ့ ရှိရသည်ဟု ပညာရှင်တို့က ဆိုသည်။

မဏိရတနာပုံကျမ်းတွင် ပါသော မင်းရာဇာအကြောင်းတွင် အင်းဝ နေပြည်တော် မှ သည်တောင်ကို အင်္ဂလိပ်တိုင် ၇၂ ကွာသော မိဓိလာ ကန်အောက်ဝန်းဇင်းရွာတွင် အသည်သားသည်ငယ်စဉ်ကပင် ဗဟုသုတကို လေ့လာ၍ နေသည်နှင့် အရွယ်ရောက်သော အခါ ထိုရွာသူကြီးသမီးနှင့် ချစ်ခင်ရည်ငံကြသည်တွင် သူကြီးက ဤသူကားကြိုးကြိုးပမ်းပမ်းဆင်းရဲ ခံ၍ လုပ်စားမည့် သူမဟုတ်၍ ငါတို့မနှစ်သက် လို၊ သမီးကြိုက်လျှင် သည်လယ် သည်နွားနှင့်လုပ်စား၍ လွတ်ရာတွင် နေပါလေဆိုသော ကြောင့် ထိုမိန်းမနှင့် သင့်မြတ်၍ ရပ်ရွာဓလေ့ လယ်ထွန်ယာခုတ်လုပ်စားနေထိုင်ရာ မြန်မာသက္ကရာဇ် ၇၃ဝ ပြည့်နှစ် (အေဒီ ၁၃၆၈)က မိဓိလာကန်တော် ကျိုးပေါက်၍ အင်းဝနေထွက်ဘုရင်မင်းကြီးစွာ စော်ကဲသည် နိုင်ငံတော် အားနှင့် ချီ၍ ဆည်ဖို့ပြုပြင်တော် မူရာ ကန်ရိုးပေါ်တွင် မိန်းမရုပ်နှင့် နတ်ကွန်းနတ်နန်းတစ်ခုရှိသည်ကို သိမီလောက်သော သူတို့အား မေးမြန်း တော် မူသော် မတင်လျှောက်နိုင်ကြ၍ ရပ်ရွာမှာ အမှတ်အသား အကြား အမြင်နှင့် ပြည့်စုံသူရှိ၊ မရှိကို မေးစစ်တော် မူလျှင် ''ဝန်းဇင်းရွာသူကြီး သမက် ပညာအမှတ်အသားများ ပါသည်'' ဟု လျှောက်ထားကြသော် ရွာသူကြီးမှ တောင်းခေါ်ရာ သူကြီးကသမီးကိုခေါ်၍ -

''ညဲ့ခင်ပွန်းသည်မတော် တဆမင်းပေါက်စိုးကြား ပြောဆို ကြံစည်မိသည် ဖြစ်မည် ၊ ယခု မင်းဧကရာဇ်က တောင်းခေါ်တော် မူသည်''

ကြောက်လန့်တကြားပြောဆိုလျှင် မယား ဖြစ်သူလည်း စိုးရိမ် သော ကရှိလှ၍ ဗျာပါဒကြီး ဦးဆံဖားလျားနှင့်လယ်ထွန်ရာသို့ လိုက် လာသည်ကိုမြင်လျှင် လယ်ထွန်ရပ်၍ အကြောင်းကို မေးမြန်းလင့်သော်-

''အမောင့်ကိုမင်းဧကရာဇ်က တောင်းခေါ်သည်''ဟု ပြန်ပြော လျှင် လျှောက်ထားရန်အကြောင်းကို သိရင်း ဖြစ်၍ မည် သို့မည် ဝါမဆို ကန်သင်းဆုံက သပြေပင်သို့ တက်၍ သပြေပန်းများ ကို ချိုးယူခဲ့ပြီးလျှင် မိမိထွန်ယက်စေခိုင်းသော နွားနှစ် ကောင်၏ ချိုမှာ သပြေပန်းစည်း၍ အမောင် တို့သားနှစ် ယောက် ကို ယနေ့မှစ၍ အဖမစေခိုင်းပြီ''ဟု ထမ်းပိုးက လွှတ်သည်တွင် မယားကအကြောင်းကိုမေးသော်-

''ရှင်မ မစိုးရိမ်လင့်၊ ငါ၏ ပညာအကျိုးကို ခံစားရတော့မည် ''ဟု ရွှင်လန်းစွာ ပြောဆိုပြန်လာကြ၍ ရှေ့တော် သို့ရောက်သည့် ကာလ နတ်ကွန်း၏ အကြောင်းကို မေးမြန်းတော် မူရာ နတ်ကွန်းမဟုတ်ပါ၊ ပုဂံပြည်ကဘေးလောင်းတော် အနော်ရထာမင်းစောသည် ကန်ကို ဆည်လုပ်တော် မူရာ ကမ္ဗောဇတိုင်း စော်ဘွားကြီးက အလွန်လှမြတ်သော သမီးကညာဆက်လာ၍ ခြေရင်းတော် ၌ အမြဲစေပါးတော် မူသည့်အတွင်း ထိုမိဖုရားငယ်သည် လတ်တလော ရောဂါ ကပ်ရောက်သေဆုံးသည်တွင် အနော်ရထာမင်းစောလည်း ထိုမိဖုရားငယ်၏ အဆင်းသဏ္ဌာန်၌ တပ်မက် မူးယစ်၍ မပစ်စွန့်နိုင်၊ အလောင်းတော် ကိုပင်ကြည့်၍ သာနေတော် မူ၍ အမတ်တို့က ထိုမိဖုရားငယ်၏ အလောင်းနှင့် အဆင်းအင်္ဂါတူမျှအောင် ရွှေစင်ကိုသွန်းလုပ်ပြီးလျှင် ထိုရွှေစင်ရုပ်ကိုဆက်သ၍ မိဖုရားအစား ဤရွှေစင်ရုပ်ကိုကြည့်ရှုတော် မူပါ၊ ဥဒ္ဓုမာတကံစသည်ဖြင့် ပုပ်နံဖူးရောင် ဖောက်ပြန်တတ်သော အကောင် ဖြစ်၍ သင်္ဂြိုဟ်ပါရစေဟုလျှောက်၍ သင်္ဂြိုဟ်သည်။

နော်ရထာမင်းစောလည်း ရွှေရုပ်ပုံကိုအပါးတော် ၌ အမြဲထားပြီး လျှင် ပုဂံနေပြည်တော် သို့ ဆောင်ယူခဲ့မည် ကြံရွယ်တော် မူသည်ကို မှူးမတ်တို့က သေသော သူ၏ ရုပ်သဏ္ဌာန်သည် အမင်္ဂလာ ဖြစ်၍ ဘုန်း ကျက်သရေရှိသော မင်းဧကရာဇ်တို့ စံတော် မူရာ ရွှေထီးရွှေနန်းနှင့်မတန်ဟု တင်လျှောက်ကြသည်တွင် ဘုရင်မင်းကြီးသည် ရွှေရုပ်ကိုမဖျက်ရက်၍ တန်ဆောင်းပြဿာဒ်နှင့်ကောင်းမွန်စွာ ထားခဲ့လိုသော်လည်း ရွှေသား ဖြစ် သော ကြောင့် နောင်အခါဖျက်ယူကြလိမ့်မည် ဟု ဤရွှေရုပ်ကိုကန်ရိုးတွင်းမှာ ရုတ်တရက် မဖျက်ဆီးနိုင်အောင် ခဲခက်သေချာစွာ ကျောက်ခန်းကျောက် တာ အကြီးအကျယ်သွင်း၍ ထိုရွှေရုပ်နှင့် တူအောင် သစ်သားကိုထုလုပ် ပြီးလျှင် ကန်ရိုးပေါ်တွင် တန်ဆောင်းပြဿာဒ်ကောင်းမွန်စွာ နှင့် ထားတော် မူခဲ့ပါသည်။

နောင်ကာလရှည်မှ ဤကန်ရိုးသို့ရောက်သွားသူတို့ ပန်းမန်၊ ကွမ်း၊ လက်ဖက်ဦး၊ စားဦး၊ သောက်ဦးတင်ကြ၍ နတ်ဟုခေါ်ဝေါ်ပညတ် ကြပါသည်ဟုတင်လျှောက်၍ ကန်ရိုးကန်ဘောင်ကို ဖျက်ယူစေရာ ရွှေသား ရုပ်ပုံတော် ကိုရတော် မူလျှင် ဘုရင်မင်းကြီးစွာ စော်ကဲသည် ဤသူကား အမှတ်အသား ကောင်းမွန်စုံစေ့လှ၏ ။ ဆုလာဒ်များ စွာ သနားတော် မြတ်ခံ စေ၍ စည်းတပစ်ဟူသော အမတ်လတ်တို့ အမည် နှင့် သူကောင်းပြုတော် မူပြီးလျှင် အင်းဝပြည်သို့ ခေါ်ယူတော် မူခဲ့သည်ဟု အစဉ်ပြောထုံးရှိသည်။ နောက်မင်းရာဇာဟူသော အမည် နှင့် အမတ်ကြီးခန့်တော် မူသည်။ ထိုအမတ်ကြီးမင်းရာဇာသည် အင်းဝမြို့မှာ ဘုရင်သုံးဆက် မင်းကြီး စွာ စောကဲ (အေဒီ ၁၃၆၇-၁၄ဝဝ)၊ ဆင်ဖြူရှင် (အေဒီ ၁၄ဝဝ)၊ မင်းခေါင် (အေဒီ ၁၄ဝဝ-၁၄၂၃)မြောက် ၅၃ နှစ် တိုင် ပြောဆိုသမျှပုံပြင် စကား ရပ်ကို မြန်မာသက္ကရာဇ် ၁၁၄၃(အေဒီ ၁၇၈၁)တွင် မင်းရာဇာ လျှောက် ထုံးများ သည် ကျမ်းစာတစ်စောင် ဖွဲ့စည်းလျက်မဟုတ်၊ အမှတ်အသားမျှသာ ရှိသည် ဖြစ်၍ ထိန်းသိမ်းပျောက်ပျက်အံ့စိုးသော ကြောင့် ဇိနာလင်္ကာရ မဟာဓမ္မရာဇာဂုရု တံဆိပ်တော် ရှိသော ရဟန်းတော် ရှင်စန္ဒလင်္ကာသူမြတ် သည် မဏိရတနာဟူသော အမည် နှင့် ပုံပြင်ကျမ်းစာပြုစု၍ ထားခဲ့ကြောင်း ဖော်ပြထားပါသည်။

ရှေးရာဇဝင်သမိုင်းများ အရ မိတ္ထီလာကန်အမည် ကို ခရစ်နှစ် ၁၃၆၈ (အေဒီ ၁၄ ရာစု)တွင် စတင်၍ မိဓိလာကန်၊ မိတ္ထိလာကန်စသည် ဖြင့် ခေါ်ဝေါ်နေပြီ ဖြစ်ကြောင်း တွေ့ ရှိရသည်။ မိတ္ထီလာကန်ကျိုးပေါက်၍ ဆည်သော ရှေးမင်းများ ကို မဏိရတနာပုံကျမ်းတွင် ပုဂံအနော်ရထာမင်း၊ ရာဇဝင်ချုပ်တွင် အနော်ရထာမင်း၊ ဦးကုလားရာဇဝင်တွင် အလောင်း စည်သူမင်း၊ မှန်နန်းရာဇဝင်ကြီးတွင် အလောင်းစည်သူမင်း၊ တွင်းသင်း ရာဇဝင်တွင် နရပတိစည်သူမင်းဟု ရာဇဝင်များ တွင် ကွဲပြားစွာ ဖော်ပြ ထားသည်။

မဏိရတနာပုံကျမ်းအရ အနော်ရထာမင်းကြီးက ထပ်မံ၍ ဆည်သော မင်းသာ ဖြစ်နိုင်ပါသည်။ မိတ္ထီလာကန်တော် ကို အနော်ရထာ မင်းကြီး ကန်ကျိုးပေါက်၍ ဆည်ပြီးနောက် အလောင်းစည်သူမင်း၊ နရပတိစည်သူမင်းတို့ လက်ထက်တွင် လည်း မိတ္ထီလာကန်တော် ကို ဆည်မည် ဟု ယူဆရပါသည်။ အင်းဝ မင်းကြီးစွာ စော်ကဲ လက်ထက်တွင် မိတ္ထီလာကန်တော် ကျိုးပေါက်၍ ပြန်ဆည်ဖို့ရာမှ ရှေးမင်းများ လက်ထက် တွင် လည်း ဆည်ဖို့ခဲ့ကြောင်း မှတ်တမ်းများ အရသိရှိခဲ့ရပါသည်။

မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း

မိတ္ထီလာအမည် ကိုမြန်မာမင်းအုပ်ချုပ်ပုံစာတမ်းတွင် တမ္ပဒီပတိုင်း၊ ပုဂံတည်စအခါ၊ အလားအလာမှာ အောက်ပါအတိုင်း ဖြစ်တန်ရာသည် ဟူ၍ ယူဆသင့်သော သဘောလမ်းဖြောင့်တန်းသည်-

(၁) အရှေ့အလား၊ ရမည်းသင်းနယ်နှင့် အစပ် ရှိရှားမြို့နယ်ထိ

(၂) အရှေ့တောင်အလား၊ တောင်ငူနယ်နှင့် အစပ်။

(၃) တောင်အလား၊ သရေခေတ္တရာမြို့နယ်အစပ်။

(၄) အနောက်တောင်အလား၊ အရှေ့သက်နယ်အစပ်။

(၅) အနောက်အလား၊အရှေ့ကမ်းယမ်းနယ်စပ်

(၆) အနောက်မြောက်အလား၊ အတွင်းရုံးနယ်နှင့်အစပ်

(၇) မြောက်အလား၊ ပြင်ရုံးနယ်အစပ်

(၈) အရှေ့မြောက်အလား၊ သင်းပွင့်တောင်ကုန်း

(၁) အရှေ့အလား၊ ရှိရှားမြို့နယ်ဟုသည်ကား ယခုအခါ မိတ္ထိလာ ခေါ်သော မြို့ပင်တည်း။ ပင်းယတစီးရှင် သားတော် အငယ်နော်ရထာ စားသော ရှိရှားမြို့ဆိုသည်မှာ လည်း၊ မိတ္ထီလာမြို့ပင် ဖြစ်သည်။ ကောဇာ သက္ကရာဇ် ၈ဝဝ ကျော်တွင် ရှင်မဟာသီလဝံသ ဆရာတော် စပ်ဆိုသော ရှိရှားကန်ဘွဲ့ ဆိုသည်မှာ လည်း မိတ္ထီလာကန် ပင် ဖြစ်သည်။ ရှိရှားကန်၊ ရှိရှားမြို့တွင် သည်မှာ ၊ ရှိရှားပင် (သျှိသျှားပင်) အများ ပေါက် ရောက်သော နေရာကို အစွဲပြု၍ ခေါ်ကြသည်။ ရှိရှားပင်ဆိုသည်မှာ အသီးငယ်သော ဆီးဖြူပင်တမျိုးပင် ဖြစ်သည်၊ မိတ္ထီလာကန်သမိုင်းများ နှင့် ကျောက်စာများ က ဂေါတမဘုရားဘိုးတော် အဉ္စနမင်းကြီးကစ၍ မိတ္ထိလာကန်ဆည်ဖို့သည် ဟူ၍ ရေး သားကြသည်။ ယုတ္တိတန်မတန် ဆင်ခြင်ရန်ရှိသည်။ သတ်ပုံ အရေး မှာ လည်း အချို့ကရှိရှား၊ အချို့က ရှစ်ရှားဟု အရေး အသားကွဲပြား သေးသည်။

ပုဂံနော်ရထာမင်းစောလက်ထက် မြန်မာနယ်နှင့် ရှံးနယ် အခြား မြို့ရွာ ၄၃ ခု တည်ထောင်သည့်အခါ မိတ္ထိလာအရှေ့ဘက်တတန်း ညောင်ရမ်း၊ လိုင်းတက်၊ သာဂရ၊ မြို့လှ၊ မြစ်သား စသော နယ်များ လည်း ပါဝင်သည်။ ၄င်းအပြင်လည်း ရမည်းသင်းနယ်သည် ရှေးအခါက ရုံးနယ် ဖြစ်သည်အရာကို ရာဇဝင် ဝါသနာပါသူတို့ အသိအမှတ် ထပ်တူကျရုံမက ရမည်းသင်းမှန်လျှင် ရှံးဆိုသော ဥဒါန်းစကားလည်း ထင်ရှားတည်လျက် ပင်ရှိသည်။

မြန်မာနိုင်ငံတွင် ထင်ရှားသော ကန်ချောင်း ဆည်မြောင်းများ ကို ရှေ့ဦးစွာ နော်ရထာမင်း ပြုစုခဲ့သော အချက်သက်သေခံ များ စွာ ရှိသေး သည်။

ယခုအခါ မိတ္ထိလာခေါ်သော ကန်ကြီး ကိုလည်း၊ ရှေ့ဦးစွာ နော်ရထာမင်းပြုစုတော် မူခဲ့သည့်အရာ။ ကျောက်စာနှင့် တကွ ရာဇဝင်များ အထင်အရှားရှိသည်။ မိတ္ထိလာကန် ကျောက်စာတွင် ၊ သက္ကရာဇ် ၄၁၆ ခု၊ အနော်ရထာမင်းစော၊ ဒီဃနတ်။ သုခနတ်။ ဘယပါမိကနတ်။ ဓမ္မနတ် ဟူသော နတ်ကြီးလေးပါး အစောင့်ထားကြောင်း။ တောင်မြောက်တာ ပေါင်း လေးသော င်းနှင်နှင်ရှိကြောင်း။ ရေဝင်မြောင်းမ ၃ဝဝ။ မြောင်းကွေ့ ၂၅ဝ ရှိကြောင်းများ နှင့် ဆိုသည်။

မိတ္ထိလာကန် သမိုင်းမော်ကွန်းများ မှာ ။ မြတ်စွာ ဘုရား ဘိုးတော် အဉ္စနမင်းကြီးကစ၍ ။ မိတ္ထီလာကန်ကို ပြုစုဟန်ဆိုကြသည်။ ထိုစကားကို ပညာရှိကြီးများ က စဉ်းစားချင့်ချိန်သင့်သည်ဟု ဆိုကြသည်။ ရှင်သီလဝံသ ရေး သော ရှိရှားကန် မော်ကွန်းလည်းရှိသည်။ ရှိရှားကန်ဟူ၍ ¤င်း။ ရှစ်ရှားကန်ဟူ၍ ¤င်း။ နှစ် မျိုးပင် ရေး သားခေါ် ဝေါ်ကြသည်။ မိုင်းခိုင်းမြို့စား အတွင်းဝန်မင်း အမှတ်အသားမှာ ။ အနော်ရထာမင်းပြုစုသည့်အခါ၊ မြို့မည် ကို သင်းကြီးမြို့။ ကန်မည် ကိုမဟာမင်္ဂလာ မေတ္တာကန်သမုတ်ကြောင်း။ အနော်ရထာမင်း စပြုမီအခါက။ ကာလာဝကကန်ခေါ်ကြောင်း။ နော်ရထာ မင်းနောက်။ အလောင်းစည်သူမင်း ပြုစုသည့်အခါ။ မြို့မည် ကို ရှိရှားမြို့၊ ကန်မည် ကို ရှိရှားကန် သမုတ်ကြောင်းများ နှင့် ရေး သားရှိသည်။ ¤င်းပြင် လည်း။ ¤င်းအမှတ်အသားတွင် ။ အလောင်းစည်သူလက်ထက်။ ပုပ္ပါး တောင်ခြေကို ရေထိမထိမေးရာ။ ရေမထိလာဟု ပြောဆိုသော စကားအရင်း ရှိ၍ ။ မထိလာကန်ခေါ်ကြောင်းများ နှင့် လည်း ရေး သားပါရှိသည်။ သို့ရာ တွင် ။ ရာဇဝင်များ အလိုအားဖြင့် ။ သက္ကရာဇ် ၆၇၄ ခုနှစ် တိုင်။ ရှိရှားမြို့ဟူ၍ ခေါ်တွင် လျက်ရှိသေးသည်။ ပင်းယမြို့တည်၊ သီဟသူနန်းတက်စ။ စကားတွင်းသားတော် ဥဇနာကို နန်းလျာထား၍ ။ သားတော် ကျော်စွာ ကို ပင်လယ်မြို့။ သားတော် နော်ရထာကို ရှိရှားမြို့ အသီးအသီး ပေးသည်ဟူ၍ ပါသည်။ သည်ကိုရည်၍ ငစည့်ကူးမင်း ဧးချင်းတွင် ။ ညီငယ်ရင်းချာ။ နော်ရထာမူ။ မည် သာ ရှစ်ရှား။ မြို့ကိုစား၏ ။ ဟူ၍ စပ်ဆိုသည်။ မည် သည့် အခါ မထိလာတွင် သည် မသိနိုင်။

၎င်းပြင် ပန်းရောင် မြစ်တွင် ။ ကင်းတားဆည်။ ငနိုင်ငသည် ဆည်။ ပြောင်းပြာဆည်။ ဂူမည်းဆည်ဟူ၍ ။ ဆည်းကြီးလေးတန် ဆည်သည်။ မက္ခရာမြစ်တွင် ။ နွားတက်ဆည်။ ကွမ်းဆေးဆည်။ ကူတော် ဆည်ဟူ၍ ။ ဆည်ကြီးသုံးတန်ဆည်သည်။ ထိုဆည်ကြီးခုနစ်တန်ကရေများ မှာ ။ မြန်မာလယ်မင်းပယ်ရှစ်သိန်းရှိသော ။ ဥယဉ်မြေလယ် မြေများ သုံးဆောင် မှီခိုရသည်။ ဥယဉ်စောင့်။ ဆည်စောင့်။ ကန်စောင့်။ ရွာကြီး ၁၂ ရွာ ပြုစုတည်ထားသည်။ ထိုဆည်များ မြောင်းကန်များ သည်။ ယခုအခါ မိတ္ထိလာ ဒီဝီဇံခရိုင်နယ်တွင် ပါဝင်လျက်ရှိသည်။

၎င်းပြင် တောင်တွင်းနှင့် ချင်းတွင်းချောင်းများ မှာ လည်း ဆန်စပါး များ စွာ ထွက်အောင်။ ဆည်မြောင်း ကန်ချောင်းများ စွာ ပြုစုသေးသည်။ ၁-ရှိရှားရွာနှင့် ရှိရှားကန်ကိုပြုစုသည်။ ယခုအခါမိတ္ထိလာမြို့တွင် နေသည်။ မြို့သည်။ ရှိရှားကန်ကို စောင့်ရှောက်စေရန် တည်ထားသော ရွာကြီး ဖြစ်သည်။ ရှိရှားကန် ဆိုသည်မှာ လည်း။ ယခုအခါ မိတ္ထီလာကန်တွင် နေသည်။ ၂-ပင်လယ်ရွာ။ နောက်မြို့သမုတ်သည်။ ၃-ပြစ်မနာ။ ၄-မြစ်သား။ ၅-မြင်းခုတိုင်ဟုဖော်ပြထားပါသည်။ (မူရင်းသတ်ပုံအတိုင်း)

မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းအရ ခရစ်နှစ် ၁ဝ၅၄ တွင် မိတ္ထီလာ ကန်ကို ပုဂံခေတ်အနော်ရထာမင်း တည်ဆောက်ဆည်ဖို့ခဲ့ကြောင်း တွေ့ ရှိရ သည်။ မိတ္ထီလာကန်ကိုဘုရားရှင်ဘိုးတော် အဉ္စနမင်းကြီးစတင် တည်သည် ဟုဆိုခြင်းမှာ မဟုတ်နိုင်ဟုယူဆရပါသည်။ မိတ္ထီလာမြို့ကို သင်းကြီးမြို့ဟု ခေါ်ရာ ရှင်မဟာသီလဝံသ ပျို့ပါသင်းကြီးမြို့နှင့် တူညီနေကြောင်း တွေ့ ရှိရ သဖြင့် ယင်းခေတ်ကမိတ္ထီလာမြို့ကို သင်းကြီးမြို့ဟုခေါ်ခဲ့ကြောင်း တွေ့ ရှိရ ပါသည်။ မိတ္ထီလာကန်အမည် ကို မဟာမင်္ဂလာမေတ္တာကန်ဟုလည်း ခေါ်ခဲ့ ကြောင်း တွေ့ ရှိရပါသည်။ အနော်ရထာမင်းကန်မဆည်မီကပင် ကန်ရှိနေ၍ ကာလာဝကကန်ဟုခေါ်ရာ ပုဂံခေတ်ဦးကရှေ့ပိုင်းပျူခေတ် ဟုယူဆရပါ သည်။ အလောင်းစည်သူမင်းလက်ထက်ကပင် ရှိရှားမြို့ (သျှိသျှားမြို့)၊ ရှိရှားကန် (သျှိသျှားကန်)ဟုခေါ်တွင် နေပြီ ဟုထင်မြင်ရပါသည်။ အလောင်း စည်သူလက်ထက်တွင် မထိလာကန်ဟုခေါ်သေးကြောင်း တွေ့ ရှိရပါသည်။ အိန္ဒိယမြို့အမည် မိဓိလာပြည်မှ ပြောင်းလဲ၍ အင်းဝခေတ်တွင် မိတ္ထီလာမြို့၊ ကန်အမည် ဖြစ်လာခြင်းဟု ယူဆမိပါသည်။

မိတ္ထီလာကန်အမည် ကို ကျောက်စာများ နှင့် သမိုင်းမှတ်တမ်းများ အရ သျိသျာကန်၊ သျှိသျှားကန်၊ သိသျှားသင်းကြီးကန်၊ သျှစ်သျှားမိဓိ လာကန်၊ ရှိရှားကန်၊ ရှစ်ရှားကန်၊ မဟာမင်္ဂလာမေတ္တာကန်၊ ကာလာဝကကန်၊ မိဓိလာကန်၊ မထိလာကန်၊ မိတ္ထိလာကန်၊ မိတ္ထီလာကန်စ သည်ဖြင့် ခေါ်ခဲ့ ကြောင်း တွေ့ ရှိရပါသည်။ မိတ္ထီလာမြို့အမည် ကိုလည်း သျှိသျှားမြို့၊ ရှိရှားမြို့၊ ရှစ်ရှားမြို့၊ သင်းကြီးမြို့၊ မိဓိလာမြို့၊ မိထိလာမြို့၊ မထိလာမြို့၊ မိတ်ထိလာမြို့၊ မိတ္ထိလာမြို့၊ မိတ္ထီလာမြို့ဟုခေါ်ခဲ့ကြောင်း တွေ့ ရှိရပါသည်။

* * * * *


အခန်း (၅)

ပျဉ်းမနား(သို့မဟုတ်)ကျွန်တော့် ဘဝခရီးလမ်းမှ

အောင်မြေမြို့

ကျွန်တော် ၏ မွေးရပ်ဌာနေဇာတိမြေကား ဖျာပုံခရိုင် ဖျာပုံမြို့ ဖြစ်ပါသည်။ ကျွန်တော် ၏ ဒုတိယဇာတိမြို့သည်ကား မိတ္ထီလာဟု ကြေညာခဲ့ပြီး ဖြစ်ပါသည်။ ကျွန်တော် သည် သံယောဇဉ်ကြီးသူပီပီ ကျွန်တော် ချစ်သော တတိယမြို့လည်းရှိသေးသည်။ ထိုမြို့ကို ကျွန်တော် ၏ အောင်မြေဟုသတ်မှတ်ထားပါ၏ ။ ထိုမြို့သည်ကား အခြားမြို့မဟုတ်၊ ပျဉ်းမနားမြို့ ဖြစ်ပါသည်။ ပျဉ်းမနား၊ မိတ္ထီလာအစရှိသော မြို့များ သည် ကျွန်တော့်  ဘဝခရီးတစ်လျှောက် လျှောက်လှမ်းခဲ့ရာတွင် နားခဲ့ နေခဲ့ ဖြတ်သန်းခဲ့ရသော မြို့များ ဖြစ်သည်။

ရန်ကုန်မြို့တွင်းမှ မင်္ဂလာဒုံသို့ ခရီးသွားရာတွင် ရန်ကုန်နှင့်မင်္ဂလာဒုံ အကြား ဘတ်စကားမှတ်တိုင်များ ကို ဖြတ်သန်းရသည်။ ထိုအခါအချို့ မှတ်တိုင်များ ကိုသာမန်အားဖြင့်သာဖြတ်သွား ဖြစ်သော်လည်း ဂိတ်ရင်း ဂိတ်ဖျား၊ ခရီးသွားရာတွင် အချို့မှတ်တိုင်များ တွင် ကား ကားပြောင်း စီးရတာ မျိုး၊ ဒီမှတ်တိုင်ရောက်မှ ကားပိုကျပ်လာတာမျိုး စသည်ဖြင့် အမှတ်တရကားမှတ်တိုင်များ ရှိတတ်သည်။ ကျွန်တော် ၏ ဘဝခရီးလမ်း ဂိတ်ရင်း ဂိတ်ဖျားခရီးသွားရာတွင် ကျွန်တော် ၏ ဇာတိရပ်ရွာ ဖျာပုံမြို့သည် ဂိတ်ရင်း ဖြစ်ခဲ့ပြီး သေခြင်းတရား၏ သဘောအရ ဂိတ်ဖျားကိုမူ မခန့်မှန်း လိုသေးပဲရှိ၏ ။ သို့ သော်လည်း ဂိတ်ရင်း၊ ဂိတ်ဖျားအကြား ဘဝခရီး မှတ်တိုင်များ တွင် မိတ္ထီလာ၊ ပျဉ်းမနားအစရှိသော မြို့များ သည် ကျွန်တော့်  ဘဝတွင် အမှတ်ထင်ထင် ကျန်ရစ်ခဲ့သည့် ဘဝမှတ်တိုင်မြို့များ ဖြစ်ပါ၏ ။

ကျွန်တော့် ဘဝခရီးလမ်းတွင် အလှည့်အပြောင်း အကွေ့အကောက် အတက်အဆင်းများ စွာ ကို ဖြတ်သန်းခဲ့ရာ မြန်မာ့တပ်မတော် သို့ ဝင်ရောက်၍ စစ်မှု ထမ်းခဲ့ခြင်းသည် အရေး ကြီး၍ အခြေခံအကျဆုံးသော အပြောင်း အလဲ ဖြစ်ပါ၏ ။

တပ်မတော် သည် အခရာ

ကျွန်တော် သည် လွတ်လပ်ရေး ရယူလိုသော မျိုးချစ်စိတ်ကို အရင်းခံ၍ တပ်မတော် သို့ ဝင်ခဲ့သည်။ တကယ်တော့ တပ်မတော် ထဲဝင်မှ မျိုးချစ်စိတ်ကိုပြသည်မဟုတ်၊ မျိုးချစ်စိတ်ကိုပြသရန် အခြားနည်းများ စွာ ရှိပါသေး၏ ။ သို့သော် ကျွန်ဘဝမှမြန်မာ့လွတ်လပ်ရေး ရရှိရန် တပ်မတော် သည် အခရာ ဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ်ကို လိုအပ်ပါက လက်နက်နှင့် တိုက်ထုတ်မှရမည် ဟု ကျွန်တော် ယုံကြည်ကာ ကျွန်တော် သည် မြန်မာ့ တပ်မတော် သို့ နှစ် ချီနှစ် လား ဝင်ခဲ့သည်။

ပထမအကြိမ် ဝင်ရောက်ခဲ့ခြင်းသည် ဂျပန်ခေတ် ဗမာ့တပ်မတော် သို့ ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ကျွန်တော့် အသက် ၁၈ နှစ် သာ ရှိသေးသည်။ ကျွန်တော် သည် ဇာတိရပ်မြေ ဖျာပုံမှရန်ကုန်သို့ ၁၉၄၃ ခုနှစ် မတ်လ ၁ ရက်တွင် ထွက်လာပြီး ယင်းမှတစ်ဆင့် ပျဉ်းမနားမြို့သို့ တက်လာကာ ပျဉ်းမနားမြို့တွင် ဗမာ့တပ်မတော် BDAတပ်ရင်း(၆)သို့ တပ်သားအဆင့်ဖြင့်ဝင်ခဲ့သည်။ မျိုးချစ်စိတ် ထက်သန်စွာ ဖြင့် လွတ်လပ်ရေး အတွက် အသက်ပင်သေပါစေ ဆိုသော စိတ်ဖြင့် အသက်ပေးအပ်၍ ဗမာ့တပ်မတော် သို့ ဝင်ခဲ့ခြင်း ဖြစ်၏ ။

Cover

တပ်မတော် သို့ဝင်ကာစ စာရေး သူထမင်းချက်ရန် ရေစည်ကြီးတွန်းလာစဉ်
ပျဉ်းမနာမြို့လယ်ရှိ ဤတံတားပေါ်တွင် ဖခင်ကြီးက စာရေး သူအား
မမျှော်လင့်ဘဲ မြင်တွေ့ သွားခဲ့သည်။

ဘီဒီအေတပ်ရင်း(၆)တွင် စစ်သည်အ ဖြစ် တာဝန်ထမ်းဆောင် နေရာမှ ဗိုလ်သင်တန်းတက်ရောက်ရန် စစ်ဆေးရွေးချယ်ခြင်းခံရသည်။ မင်္ဂလာဒုံဗိုလ်သင်တန်းကျောင်း အပတ်စဉ်(၂)တွင် တက်ခဲ့ရသည်။ ဗိုလ် သင်တန်းတွင် အချို့အားအကြပ်အ ဖြစ်လည်းကောင်း၊ အချို့အား ဗိုလ် လောင်းအ ဖြစ်လည်းကောင်း သင်တန်းဆင်းစေခဲ့ပြီး ကျွန်တော် အပါအဝင် သင်တန်းသား ၄ဝ ဦးတို့အား အထူးတပ်စုအ ဖြစ် ထပ်မံလေ့ကျင့်ခဲ့ ပါသည်။ ကျွန်တော် တို့အား ဂျပန်နိုင်ငံရှိဘုရင့်စစ်တက္ကသိုလ်သို့ စေလွှတ်ပြီး စစ်ပညာများ သင်ယူစေခဲ့သည်။ ထို ၄ဝ ဦးအနက် ခြေလျင်တပ်သို့ ၂ဝ ဦး၊ အမြောက်တပ်သို့ ၁ဝ ဦးနှင့် လေတပ်သို့ ၁ဝ ဦး ခွဲခြားသင်ကြား ပေးခဲ့သည်။

ကျွန်တော် သည် ခြေလျင်တပ်ဗိုလ်လောင်းအ ဖြစ် ဂျပန်နိုင်ငံ ဘုရင့်စစ်တက္ကသိုလ် အပတ်စဉ်(၅၈)တွင် သင်တန်းတက်ရောက်အောင်မြင် ခဲ့သည်။

ဂျပန်များ လက်နက်ချ၍ ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသော အချိန် ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၂၈ ရက်နေ့တွင် ကျွန်တော် တို့ မြန်မာ နိုင်ငံသို့ ကံကောင်းထောက်မစွာ ဖြင့် အသက်ရှင်လျက် ပြန်လည် ရောက်ရှိ ခဲ့ပါသည်။

ထိုအချိန်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေး မရရှိသေးဘဲ အင်္ဂလိပ်တို့က C.A.S(B) Civil Affairs Service(Burma) စနစ်ဖြင့် အုပ်ချုပ် နေချိန် ဖြစ်ရာ အင်္ဂလိပ်စစ်တပ်မှ ကျွန်တော် တို့အား စစ်ကြောရေး ပြုလုပ်၍ ပြန်လွှတ်လိုက်သဖြင့် ကျွန်တော် တို့သည် ဂျပန်စစ်တက္ကသိုလ်ဆင်း ကျောင်း သားအ ဖြစ်မှ အရပ်သားများ ပြန်၍ ဖြစ်သွားကြပါသည်။ ထိုအချိန်သည် တိုင်းရင်းသားထုကြီးတစ်ရပ်လုံးကလည်း လွတ်လပ်ရေး ကိုသာ လိုလား တောင့်တကြိုးပမ်းနေချိန် ဖြစ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည်လည်း မြန်မာနိုင်ငံလွတ်လပ်ရေး အတွက် ဦးဆောင်ကြိုးပမ်းနေရာ သီဟိုဠ်နိုင်ငံ ကန္ဒီမြို့ရှိ မဟာမိတ်စစ်ဌာနချုပ်တွင် မဟာမိတ်များ နှင့်တွေ့ ဆုံဆွေးနွေးပြီး နောက် ဗိုလ်ချုပ်အောင်ဆန်းသည် နိုင်ငံရေး ဘက်သို့ ကူးပြောင်းခဲ့ပြီး ဖ.ဆ.ပ.လ အဖွဲ့ချုပ်အား ခေါင်းဆောင်နေချိန်လည်း ဖြစ်ပါသည်။ ဗမာ့တပ်မတော် အား လက်ျာဖရီးမင်းစာချုပ်ဖြင့် ပြန်လည်ထူထောင် ခဲ့သည်။ ယခင်အင်္ဂလိပ်စစ်တပ်တွင် အမှု ထမ်းခဲ့သူများ ၊ ဘီအိုင်အေ၊ ဘီဒီအေတွင် ပါဝင်ခဲ့သူများ နှင့် အခြားပါဝင်သူများ အား စိစစ်ရွေးချယ်၍ ဗမာ့တပ်မတော် တွင် ခန့်အပ်တာဝန်ပေးခဲ့သည်။

ကျွန်တော့် အနေဖြင့် နိုင်ငံကလည်း လွတ်လပ်ရေး မရသေး၊ ပညာရေး ကလည်း ၁ဝ တန်းနှင့် တစ်ပိုင်း တစ်စ ဖြစ်နေရာ ကျောင်းဆက်နေ မလား၊ စီးပွားရေး ပဲလုပ်မလား၊ စစ်ထဲဝင်မလား၊ အမျိုးမျိုး စဉ်းစားရ ပါသည်။

ဘဝအကွေ့အပြောင်းကဆန်းကြယ်လှပါသည်။ မြန်မာ့လွတ်လပ် ရေး အတွက် ကျွန်တော် တို့သည် ဂျပန်နိုင်ငံတွင် စစ်ပညာများ သွားရောက် သင်ကြားခဲ့ခြင်း ဖြစ်သည်။ သို့ သော်မြန်မာနိုင်ငံတွင် ဂျပန်တော် လှန်ရေး ပြုလုပ်တော့ ကျွန်တော် တို့က ဂျပန်လက်ထဲတွင် ဖြစ်သည်။

သူတို့လက်ထဲတွင် ဖုတ်လိုကဖုတ်၊ လှော်လိုကလှော်၊ ကြော်လျှင် လည်းခံကြရမည့် ဘဝ ဖြစ်သည်။ သို့ သော် ကျွန်တော် တို့သည် ကံကောင်း ထောက်မစွာ ဖြင့် မြန်မာနိုင်ငံသို့ ပြန်ရောက်လာခဲ့သည်။ ပြန်ရောက်လာတော့ ကျွန်တော် တို့ကိုဂျပန်စစ်တက္ကသိုလ်ဆင်းများ အနေနှင့် အစစ်ဆေးခံရ၏ ။

ဗိုလ်ချုပ်အောင်ဆန်းအစရှိသော လူကြီးများ က ပြောဆိုညှိနှိုင်း ထားသော ကြောင့် သာ ကျွန်တော် တို့သည် စစ်ကြောရုံခံရပြီး အရပ်သား ဘဝပြန်ရောက်သွားသည်။ ဂျပန်ပြန်ဟုဆိုကာ မယုံသင်္ကာစွာ ဖြင့် ချုပ်နှောင် ဖမ်းဆီးပါကလည်း မတတ်နိုင်ပါ၊ ဂျပန်မှ အသက်နှင့် ကိုယ်အိုးစားမကွဲဘဲ ပြန်ရောက်လာတာက ကံကောင်းလှပြီဟု ထင်မှတ်ရမှာ ဖြစ်ပါသည်။

ကျွန်တော် တို့ တပ်မတော် ထဲဝင်ခဲ့ခြင်းသည် မြန်မာ့လွတ်လပ်ရေး အတွက် ဖြစ်သည်။ ယခုအချိန်တွင် လွတ်လပ်ရေး မရသေး၊ သို့ သော် ကျွန်တော် တို့စစ်ပညာတော့ တတ်ထားကြပြီ ဖြစ်သည်။ ကျွန်တော် တို့ တတ်ထားသော စစ်ပညာဖြင့် မြန်မာ့လွတ်လပ်ရေး အတွက် အသက်ပေး ကြိုးပမ်းကြရဦးမှာ ဖြစ်၍ ကျွန်တော် တို့ တပ်မတော် ထဲသို့ ထပ်မံဝင်ရောက် ရန် ဆုံးဖြတ်ခဲ့ကြပြန်ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့ 

တပ်မတော် သို့ ပြန်လည်ဝင်ရောက်ရန် ဗိုလ်ရွေးအဖွဲ့တွင် ဝင် ရောက်အရွေးခံရာ ကိုယ်အလေးချိန်မပြည့်၍ ဆေးစစ်ချက် မအောင်မြင် သဖြင့် Waiting List စာရင်းတွင် သာ ပါခဲ့သည်။ မည် သို့ဆက်လုပ် မည် ကို စဉ်းစားရင်းတစ်နေ့တွင် တာဝါလိန်းရှိ ဗိုလ်ချုပ်အောင်ဆန်း၏ အိမ်သို့ သွား၍ တွေ့ ခွင့်တောင်းရာ ဗိုလ်ချုပ်အောင်ဆန်းက လက်ခံတွေ့ ဆုံသည်။ ကျွန်တော် သည် ဗိုလ်ချုပ်အား အကျိုးအကြောင်းပြောပြ၍ ဗိုလ်ချုပ်ထံမှ လမ်းညွှန်မှု တောင်းခံရာ -

''အေး အဲဒါဆို ပြည်သူ့ရဲဘော်ထဲဝင်ပေါ့ကွ''ဟု ပြောပါသည်။ ကျွန်တော် လည်း ဘာမှမပြောဘဲ ပြန်ခဲ့ပါသည်။ ကျွန်တော် ၏ စိတ်ထဲတွင် နိုင်ငံရေး ပါတီတစ်ခုခု၏ အဖွဲ့အစည်းတစ်ရပ်ရပ်တွင် ပါဝင်ရသည် ထက် နိုင်ငံ့အမှု ထမ်းအ ဖြစ် တပ်မတော် ထဲဝင်ရသည်ကိုသာ ပိုမိုနှစ်သက် သဖြင့် ၁၉၄၆ ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် ပြည်မြို့ ဘုရားကြီးစခန်းရှိ ဒုဗိုလ်မှူးကြီး နေဝင်း(လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးဦးနေဝင်း)၏ တပ်တွင် ရဲဘော်အ ဖြစ် ဒုတိယအကြိမ် စစ်မှု ထမ်းဘဝသို့ တက်လှမ်းခဲ့ပြန်ပါသည်။

ပျဉ်းမနားသို့ ရောက်ရှိ

ပြည်မြို့တွင် လေ့ကျင့်ရေး များ လုပ်ခဲ့ရပြီး ၁၉၄၇ ခုနှစ် တွင် ပျဉ်းမနားသို့တပ်ရင်းတစ်ရင်းလုံးပြောင်းရွှေ့ရောက်ရှိပြီး ပျဉ်းမနား၊ လယ်ဝေး၊ တောင်ညို၊ သာဝတ္ထိ၊ တပ်ကုန်း၊ ရမည်းသင်းတဝိုက်တွင် ကွန်မြူနစ်များ အား စစ်ဆင်ရေး များ ဆောင်ရွက်ရပါသည်။ ထိုအချိန်တွင် အရာခံဗိုလ်အဆင့် အထိ ရာထူးတိုးမြှင့်ခြင်းခံရပါသည်။

မှတ်မှတ်သားသားရှိခဲ့သော ဖြစ်စဉ်တစ်ခုမှာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင် ကြီးများ လုပ်ကြံခံရကြောင်း ကြားသိရပါသည်။ ကျွန်တော့် တို့ တပ်ရင်း တစ်ရင်းလုံး ဝမ်းနည်းကြေကွဲယူကျုံးမရ ဖြစ်ကြရပါသည်။ တပ်ရင်းမှူး ဖြစ်သူ ဒုဗိုလ်မှူးကြီးနေဝင်းသည် ညတွင်းချင်းပင်ဂျစ်ကားဖြင့် ရန်ကုန်သို့ အရေး ပေါ်ထွက်ခွာသွားသည်ကို ကောင်းစွာ မှတ်မိနေပါသည်။ ဤ အကြောင်းအရာများ ကို ကျွန်တော် ၏ ကျောပိုးအိတ်ကလေးကို ချီကာလွယ် စာအုပ်တွင် လည်း အကျယ်တဝင့်ဖော်ပြထားပါသည်။

၁၉၄၈ ခုနှစ် စက်တင်ဘာလ ၂ဝ ရက်နေ့တွင် ကျွန်တော့် အား ပြန်တမ်းဝင်အရာရှိ ဒုဗိုလ်အ ဖြစ် ခန့်အပ်ခြင်းခံခဲ့ရပါသည်။ ကျွန်တော် ၏ ပြန်တမ်းဝင်အမှတ်မှာ ကြည်း/၅၃၆၇ ဖြစ်သည်။ ပျဉ်းမနားတွင် စစ်သားဘဝရဲဘော်အဆင့်ဖြင့် စတင်ဝင်ရောက်ခဲ့ပြီး ပျဉ်းမနားမှာ ပင် အရာရှိအ ဖြစ် ရာထူးခန့်အပ်ခြင်းခံရသဖြင့် ပျဉ်းမနားသည် ကျွန်တော့်  ဘဝ၏ အလှည့်အပြောင်းနေရာ Turning Point မြို့တစ်ခု ဖြစ်ပါသည်။ အောင်မြင်မှု များ ကို စတင်ရရှိခဲ့သော အောင်မြေလည်း ဖြစ်သော ကြောင့် ပျဉ်းမနားဆိုသော မြို့သည်လည်း ကျွန်တော့် ဘဝတွင် အမှတ်တရမြို့ ဖြစ်ပါသည်။

ယခုတော့ ပျဉ်းမနားတဝိုက်တွင် ပြည်ထောင်စုမြန်မာနိုင်ငံတော် ၏ နေပြည်တော် ကြီးကို တည်ဆောက်နေသော ကြောင့် ကျွန်တော့် ဘဝအမှတ် တရမြို့တွင် ယခုကဲ့သို့ ခမ်းနားမှု ၊ ထည်ဝါမှု ၊ အရေး ပါမှု များ ကြောင့် ဝမ်းသာရပါသည်။

* * * * *


အခန်း (၆)

မြို့မိတ္ထီလာ လွန်သာယာသည်

ကျွန်တော် ၏ ဒုတိယဇာတိမြို့ဟု တင်စားအပ်သော မိတ္ထီလာမြို့ ကို လူတိုင်းရင်းနှီးသိကျွမ်းကြမည် သာ ဖြစ်သည်။ ကလေးငယ်ဘဝက မိတ္ထီလာကန်တော် အောက်ကဖားနှင့် ချော့သိပ်ခြောက်သိပ်ခြင်းခံရ၍ လည်းကောင်း၊ ကြီးလာတော့ ခရီးသွားလျှင် မလွဲမရှောင်သာဖြတ်သွား ဖြတ်လာပြုရသော ကြောင့် လည်းကောင်း မိတ္ထီလာကို အနည်းနှင့်အများ လူတိုင်းသိနေကြပြီး ဖြစ်သည်။

မိတ္ထီလာမြို့သည် မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်တို့၏ ရုံးစိုက်ရာမြို့ ဖြစ်သည်။ မိတ္ထီလာမြို့သည် ရန်ကုန်မြို့မှ ခရီးမိုင် ၃၄ဝ ခန့်ဝေး၍ မန္တလေးမြို့မှ ၉၅ မိုင်ဝေးပြီး ရန်ကုန်-မန္တလေး ကားလမ်းပေါ်တွင် တည်ရှိသည်။

လမ်းဆုံ၊ လမ်းခွမြို့လည်း ဖြစ်၍ လွတ်လပ်ရေး ရပြီးချိန်မှစပြီး ပိုမို၍ လူသွားလူလာစည်ကားသော မြို့၊ ကုန်စည်ဖြတ်သန်းသွားလာ ဖလှယ်ရာမြို့ ဖြစ်ခဲ့ရပါသည်။

Cover

မိတ္ထီလာမြို့သည် မိတ္ထီလာကန်ကြောင့် ရာသီဥတုကောင်းမွန် မျှတကာ ခြောက်သွေ့သော်လည်း ယခင်ကပင် လေကောင်း လေသန့် ရရှိသဖြင့်အဆုတ်နာ ရောဂါ ၊ နှလုံး ရောဂါ ဝေဒနာရှင်တို့အတွက် ဆေးကုသ အနားယူရန် သင့်မြတ်သော မြို့အ ဖြစ်ထင်ရှား၏ ။ ယင်းဝေဒနာရှင်များ သည်လည်း မိတ္ထီလာမြို့သို့ လာရောက်ဆေးကုသမှု ခံကြသည်။ ကျွန်တော် ကိုယ်တိုင်ပင်လျှင် မိတ္ထီလာမြို့သို့ နှစ် ကြိမ်ရောက်ရှိရာတွင် ဒုတိယအကြိမ် သည် ဆေးကုသရင်း တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းရောက်ရှိခဲ့ခြင်း ဖြစ်သည်။

မိတ္ထီလာမြို့သည် အိမ်ခြေ ၅၂၉၅၇ အိမ်နှင့် လူဦးရေနှစ် သိန်း ကျော်ရှိသည်။ မိတ္ထီလာမြို့သည်တပ်မတော် (လေ) တပ်လေယာဉ်ကွင်းရှိပြီး

တပ်မတော် တပ်ပေါင်းစု၊ တပ်မတော် ဌာနချုပ်များ ရှိရာ မြို့လည်း ဖြစ်သည်။ မိတ္ထီလာချည်မျှင်နှင့် အထည်စက်မှအစ စက်မှု ဇုံရှိရာမြို့လည်း ဖြစ်သည်။ မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများ အပြင် ဆရာအတတ် သင်သိပ္ပံကျောင်းလည်းရှိ၏ ။

မိတ္ထီလာကန်တော် ကြီးသည် မိတ္ထီလာမြို့အနောက်ဘက်တွင် ရှိ၍ မိတ္ထီလာကန်ကြောင့် မိတ္ထီလာ မြို့သည် ပို၍ ထင်ရှားသည်။

မိတ္ထီလာမြို့တွင် ရှေးဘုရင်များ လက်ထက်ကပင် တည်ထား ကိုးကွယ်ခဲ့ကြသော ဘုရားစေတီတော် များ ရှိသည်။ ရွှေမင်းဝံတောင်ထိပ် ထက်၌ တည်ရှိသော ရွှေမြင်တင်စေတီသည် ထင်ရှား၍ ကဆုန်လပြည့်၊ တန်ဆောင်မုန်းလပြည့်နေ့များ တွင် နှစ် စဉ်ပွဲတော် ရှိသည်။

မိတ္ထီလာခရိုင်သည် ကျောက်ဆည်၊ မြင်းခြံ၊ ရမည်းသင်း စသော အခြားခရိုင်မြို့များ နှင့် ထိစပ်လျက်ရှိသည်။ မိတ္ထီလာခရိုင်တွင် မိတ္ထီလာ၊ သာစည်၊ ဝမ်းတွင်း၊ သဲတော၊ မလှိုင် အစရှိသော မြို့ကြီးများ ရှိသည်။

မိတ္ထီလာခရိုင်သည် ရာသီဥတုအားဖြင့် ခြောက်သွေ့သည်။ မိုးခေါင်၊ ရေရှားဒေသ ဖြစ်၍ မိုး အရွာနည်းပြီး တစ်နှစ် လုံးတွင် မိုးရေချိန် လက်မ ၂၅.၃၅ မျှသာရှိ၏ ။ မိတ္ထီလာခရိုင်အတွင်း၌ ရွာသွန်းသော မိုးရေချိန်လက်မနည်းခြင်း၊ ခြောက်သွေ့ခြင်းတို့ကြောင့် ရှား၊ ထနောင်း၊ ဆူးရစ်၊ ကျားလျာ၊ ကုက္ကိုလ်၊ မန်ကျည်း၊ ဆီး၊ ထန်း အစရှိသော အပင်များ သာပေါက်ရောက်ပြီး သစ်တောကြီးများ မရှိပါ။ မိတ္ထီလာ ခရိုင်သည် မြေသြဇာကောင်းသော ကြောင့် ဝါဂွမ်း၊ ပဲအမျိုးမျိုး၊ လူး၊ ဆတ်၊ နှမ်းတို့ စိုက်ပျိုးသည်။ မိတ္ထီလာကန် အစရှိသော ခရိုင်အတွင်းရှိ ကန်တို့မှ ရေကို ရေမြောင်းဖြင့်ရေသွယ်၍ ဆန်စပါးစိုက်ပျိုးသည်။

Cover

မိတ္ထီလာကန်သည် အလျား ခုနစ်မိုင် အနံမိုင်ဝက်ရှိ၍ ဧရိယာ စတုရန်းမိုင်ပေါင်း သုံးမိုင်ခွဲရှိသည်။ မိတ္ထီလာကန်ကို ကန်နှစ် ကန်ဖြင့် ဖွဲ့စည်းထားသည်။ တောင်ကန်နှင့်မြောက်ကန်ဟူ၍ ဖြစ်သည်။ မိတ္ထီလာသူ မိတ္ထီလာသားတို့သည် မိတ္ထီလာကန်ရေကို သောက်သုံးကြသည်။

မိတ္ထီလာကန်သည် အခြားကန်များ နှင့်မတူဘဲ အံ့ဖွယ်ကိုးပါး ရှိသည်ဟု ယုံကြည်ကြသည်။ ယင်းတို့မှာ -

၁။ မိတ္ထီလာကန်မှ ရေတွင် နဝတတ်အိုင်မြတ်မှ ရေပါရှိသည် ဟု ယုံကြည်ကြသည်။

၂။ မိတ္ထီလာကန်ရေသည် အကြောင်းမဲ့နောက်ကျုံ့ခြင်းမရှိ။

၃။ အကြောင်းမဲ့ ညှီဟောက်နံစော်ခြင်းမရှိ။

၎။ ကန်တော် ရေပြင်တွင် အမှိုက်သရိုက်များ မရှိတတ်။

၅။ အပုပ်အကောင်သတ္တဝါများ ကြာရှည်မရှိ။

၆။ ကန်တော် တွင် ရတနာအမျိုးမျိုးတို့ တည်ရှိ၏ ။

၇။ ကြာအစရှိသော အပင်ရေမှော်ပင်တို့ မပေါက်ကြ။

၈။ ကန်အတွင်းရှိ ကြိုးကြာရုပ်နှုတ်သီးသို့ ရေမစွတ်။

၉။ ကန်ရေသည် မိုးမရွာသော်လည်း သုံးနှစ် သုံးမိုးလုပ်ကိုင် စားသောက်ဖို့အတွက် လုံလောက်သည်။

မိတ္ထီလာကန်တော် မြတ်၏ ကမ်းပတ်ပတ်လည်တွင် သိမ်ကိုးသိမ်၊ ဂူကြီးကိုးဂူ၊ ကုန်းကြီးကိုးကုန်း၊ အင်းကြီးကိုးအင်း၊ အိုင်ကြီးကိုးအိုင် ရှိသည်။

မိတ္ထီလာကန်သည် သဘာဝ အားဖြင့် ဖြစ်တည်နေသော ကန် မဟုတ်ဘဲ လူတို့ဆည်ဖို့ပြုပြင်ထားသော ကန် ဖြစ်သည်။

မိတ္ထီလာကန်ကို ယခင်က သျှိသျှားကန်ဟုလည်း ခေါ်တွင် သည်။ ကန်ပေါင်ကုန်းပတ်လည်တွင် သျှိသျှားပင်များ ရှိခြင်းကို အစွဲပြု၍ ခေါ်ဆိုခြင်း ဖြစ်သည်။ ကန်တော် မိတ္ထီလာကို ကာဠာဝကကန်၊ မင်္ဂလာ ကန်၊ မေတ္တာကန် စသည်ဖြင့်လည်း ခေါ်ဆိုကြသည်။ မိတ္ထီလာကန်ပေါ်ရှိ မြို့ကိုလည်း ကန်ကိုအစွဲပြု၍ မိတ္ထီလာမြို့ဟု ခေါ်ဆိုကြသည်။

* * * * *




ဝန်ဇင်းချစ်သူများ တင့်ဆွေ (ဖျာပုံ) ၏ “ မထိကန်သာ ရေကြည်ရှာခဲ့ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ခေတ်အဆက်ဆက် တိုးတက်ကြံဆ စက်မှုကဏ္ဍ

ပြည်တွင်းသောင်းကျန်းမှုများနှင့်သာ ရုန်းကန်လာရသော လွတ်လပ်ရေး