Cover

ဒေါက်တာတင်ထွန်းဦး၏ အမှာ

ဆောင်းပါးရှင်ချစ်နိုင်(စိတ်ပညာ)က အပျိုမဂ္ဂဇင်းမှာ လစဉ်ရေးသား ဖော်ပြခဲ့သည့် ဆောင်းပါးများ နှင့် ဆောင်းပါးအသစ်မား ထည့်ပေါင်းကာ စာအုပ်တစ်အုပ်ထုတ်လို၍ အမျာစာရေးပေးပါဟု အကူညီတောင်းလာသောအခါ ရေးပးမည်ဟု ကတိပေးလိုက်ပါသည်။ ထိုအခါ မည်သို့ ရေးရမည်ဟု စဉ်းစားမိပါ၏ ။

ဆရာချစ်နိုင်(စိတ်ပညာ)၏ ဆောင်းပါးများ ကို ကျွန်တော်တည်း ဖြတ်ထုတ်ဝေသော သုတစွယ်စုံ၊ ဓူဝံနှင့်အာရောဂျံမဂ္ဂဇင်းများ ၌ ဖော်ပြခဲ့ဘူးပါတယ်။ စာဖတ်ပရိတ်သက်က နှစ်သက်ကြပါတယ်။ အထူးသဖြင့် လူငယ် စာဖတ်ပရိတ်သက်က သဘောကျပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်တို့သည် စာပေအခန်းဖြင့် စာဖက်သူတို့၏ ဆန္ဒသဘောထား ကို သိခွင်ရနေသောကြောင့် ဖြစ်ပါသည်။ စာဖက်ပရိတ်သက် တစ်ဦးကဆိုလျှင် ဆရာချစ်နိုင် (စိတ်ပညာ)၏ ဆောင်းပါး ဆိုပါက အနည်းဆုံးရ လောက်ဖက်ကြောင်း ၊ မရှင်း၍ မဟုတ်၊ အလွန်ဖက်ကောင်းလှသဖြင့် အခါခါထပ်၍ ဖတ်မိခြင်းဖြစ်ကြောင်း စာရေးဘူးပါသည်။

သူ၏ ပထမဆုံး ပွဲဦးထွက်လက်ရာ ဤစာအုပ်မှာ စာဖက်ပရိတ်ကြီုက်ပြီးသား စာမူများ ပင်ဖြစ်ပါသည်။ ဆယ်ကျော်သက် လူငယ်လူရွယ်များ အတွက် ချစ်ခင်ကြင်နာစွာ ဖြင့် ရင်းရင်းနှီးနှီး ဆွေးနွေးထားသော ပေစာများ ဖြစ်လေသည်။ ချိုသာပျော့ပျောင်းစွာ အားပေးထားသည်။ အားတက်လာအောင် လှုံဆော်ထားသည်။ အနိုင်မခံအရှုံးမပေးရန် တိုက်တွန်းပေးနေသည်။

သူသည် လုံ့ ရှိသူဖြစ်၏ ။ ၀ိဇ္ဖာဘွဲ့ စိတ်ပညာကို (၁၉၇၀) အတန်းထဲမှာ ပထမ ရပြီးအောင်ခဲ့၏ ။ ဒေါက်တာစိန်တူ (ပါမောက္ခ) ၏ ထူးချွန်ဆုရခဲ့၏ ။ အသုံးချစိတ်ပညာသင်တန်း (၁၉၈၂-၈၃) တွင်လည်း ပထမရ၍ အောင်မြင်သဖြင့် ပါမောက္ခချုပ် ဒေါက်တာကျော်စိန်က ဆုချီးမြင့်ခဲ့သည်။ စိတ်ပညာကို သူအထူးစိတ်၀၀င်စား၍ စိတ်ပညာအချေခံသော ဆောင်းပါးများ ရေးတက်ရာ သူ့စတွေထဲ့မှာ သူ၏ မေတ္တာနှင့် စေတနာကို တွေ့ရပါသည်။

စိတ်ကစားလွယ်သော၊ ဆုံးမရခက်သော၊ ကလန်ကဆန် သို့ မဟုတ် ထော်လော်ကန့်လန့် အရွှဲ့တိုက်ချင်တက်သော အပျိုဖော်ဝင်စအရွယ် လူငယ်များ အတွက် လိုအပ်သောစာအုပ်မျိုးကို ဖက်ချင်စဖွယ် ဖြစ်လာအောင် ဤစာအုပ်တွင် ဆွဲဆောင်ဖွဲ့နွဲ့ ရေးသားထားကြောင်း တွေ့ရသည်။ ဤအရွယ်တွင် လမ်းမမှားဖို့ရာ အထူးအရေးကြီးလှသဖြင့် ဤစာအုပ်ရေးသူ ဆရာချစ်နိုင် (စိတ်ပညာ) အားကျွန်တော်က အားပေးထောက်ခံချင်ပါသည်။

လူငယ်လူရွယ်တွေကြားမှာ ဤကဲ့သို့ ဖတ်၍ ကောင်းသော ပေးစားဟန်ဖြင့် ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း ရေးသားခြင်းသည်ကောင်းလှပါသည် ။ အခက်အခဲကိုရင်ဆိုင်ရဲအောင် ၊ လောကဓံ ၏ ဒုက္ခအမျိုးမျိုးကို ကို ခံနိုင်ရည်ရှိအောင်၊ ဇွဲလုံလပြည်ဝသော ပညာရှာသူများ အမြင်ကျယ်ပြိး သဘောထားရင့်ကျက်သူများ ဖြစ်အောင် အလေးထား၍ ရေးသားတိုက်တွန်းချက်သည် အနာဂတ်ပန်းဥယျဉ်ကြီး အတွက်အဖိုးတန်လှသော မျိုးစေ့သစ်ပင်တို့ကို မြေဆီပက်ဖျန်း၍ မိုးရေဖြင့် လန်းဆန်းစေခြင်းဟုပင် ဆိုချင်တော့သတည်း။

ဒေါက်တာတင်ထွန်းဦး၊ စာတည်းချုပ်

သုတစွယ်စုံနှင့် အာရောဂျံမဂ္ဂဇင်း

၁၇-၅-၉၆

စာရေးသူ၏ အမှာ စာ

ကျွန်တော်တို့သည် အနာဂတ်ကို မျှော်လင့်အားထားကြသူများ ဖြစ်ကြပါသည်။ ကျွန်တော်တို့သည် သာမန်ဆင်းရဲသားဘ၀မှ ရုန်းကန်ကြိုးစား ခဲ့ကြရပါသည်။ ကိုယ့်အားကိုကိုးခဲ့ကြရပါသည်။

ကျွန်တော်က စိတ်ပညာဖြင့်ဝိဇ္ဇာဘွဲ့ရသည်။

ကျွန်တော်ဇနီးက ဓာတုဗေဒအဓိကဖြင့် သိပ္ပံဘွဲ့ရသည်။

“ အေးကွာ၊ စိတ်နဲ့ ဓာက်နဲ့ပေါင်းတော့ စိတ်ဓာတ်ကောင်းကြရမျာပေါ့ ” အားမျှောသောစကားကို ဆိုမြဲ။

အခက်အခဲတွေတိုင်း ကျွန်တော်တို့ ဇနီးမောင်နှံသည် ပျော်ပျော်ရွင်ရွင်နှင့် အပြုံးမပျက် ဖြတ်ကျော်ခဲ့ကြသည်။ ကျွန်တော်သည် လနှင့် နှစ်နှင့်ချီ၍ ရပ်ဝေးသို့ ခရီးထွက်ကာ တာဝန်ထမ်းရသူဖြစ်၏ ။ သို့ ရာတွင် သမီးတို့ သားတို့၏ ပညာရေးကိုတော့ ဂရုစိုက်သည်။ အလေးထားသည်။ ရှေ့တန်းတစ်နေရာရောက်ရောက်၊ နိုင်ငံရပ်ခြားဒေသရောက်ရောက်၊ သမီးတို့သားတို့ကို ပညာကြိုးစားကြရန် အဝေးမှစာရေးမြဲ၊ အားပေးမြဲဖြစ်သည်။

သမီးနှစ်ယောက်ရှိရာ အတန်းတိုင်းမှာ ပ၊ ဒု၊ တ အဆင့်တော့ စာမေးပွဲတိုင်းမှာ ရခဲ့ကြသည်။ တောလက်ကျေးရွာဒေသဖြစ်၍ ဘာကျူရှင်မှမထားခဲ့ရပါ။ ကိုယ်တိုင်အားထုတ်ကြ။

သမီးကြီးသည် မြိုနယ်၊ ပြည်နယ်အဆင့်ဆင့်တွင် ယျဉ်ပြိုင် အရွေးခံရပြီး ၁၉၉၅ ခုနှစ်လွတ်လပ်ရေးနေ့ အထက်တန်းအဆင့်ဉာဏ်စမ်း ပဟေဠိပြိုင်ပွဲမှာ တစ်နိုင်ငံလုံး ပထမဆုရခဲ့၏ ။ ကလောမြို့ ၏ ဂုဏ်နှင့် ရှမ်းပြည်နယ်၏ ဂုဏ်ကိုဆောင်ခဲ့ပါ၏ ။ သူ့အစွမ်းနှင့်သူ။သမီးငယ်သည်လည်း ထိုနည်းတူ။

သမီးငယ်သည် ၁၉၉၄ ခုနှစ် ဒုတိယအကြိမ် အမျိုးသားအားကစားပွဲတော် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ တနိုင်ငံလုံးမှာ တတိယဆုရခဲ့၏ ။ ၁၉၉၅ ခုနှစ် ရှမ်းပြည်နယ်အထက်တန်းအဆင့် စာစိစာကုံးပြိုင်ပွဲမျာ နှစ်သိမ့်ဆုရခဲ့၏ ။ ၁၉၉၅ ခုနှစ် ရွှေရတုတပ်မတော်နေ့ ရုပ်မြင်သံကြားအထက်တန်းအဆင့် ဉာဏ်စမ်းပဟေဠိ နှစ်သိမ့်ဆုရခဲ့၏ ပြည်နယ်အဆင့် ပထမဆု ဖြစ်၏ ။ ရှမ်းပြည်နယ် ကလောမြိုမှာ တော့ ကျွန်တော်တို့မိသားစုသည် ပညာရေးကို အထူးပင်အရေးထားကြောင်း အားလုံးသိကြ၏ ။

ကျွန်တော်၏ သူငယ်ချင်းတွေမှာ လည်း သမီးတွေရှိကြသည်။ တူမလေးတွေ ပညာရေးကို အလေးထားကြစေချင်သည်။ ကျွန်တော်တို့ မိသားစုတစုတည်း ကောင်းစားဖိုမရည်ရွယ်ပါ။ အနာဂတ်ခေတ်လောကကြီးတစ်ခုလုံးကောင်းစားစေချင်သည်။ ဖွံဖြိုးစေချင်သည်။တိုးတက်စေချင်သည်။ ဤသို့ ဆိုလျှင် နောင်တစ်ချိန်မှာ လူကြီးဖြစ်လာကြမည့် တူ တူမငယ်အားလုံးကို အားပေးရမည်။ ဖေးရမည်။ ဤသို့ ပင် ကျွန်တော်ခံ ယူမည်။

အနာဂတ်ဘ၀ သာယာစေရမည်။

ဤစေတနာဖြင့် အပျိုမဂ္ဂဇင်းမှာ “ ချစ်လို့ပြောတာမှတ်ပါ ” ဆောင်းပါးများ ကို ကျွန်တော်ပေးစားပုံစံဖြင့် ရေးသားခဲ့ခြင်းဖြစ်သည်။ စုစုစည်းစည်း ဖတ်ချင်ပါသည်။ ကလေးတွေ အတွက်ဝယ်ပေးချင်ပါသည်ဟု ဆိုလာကြသော သူငယ်ချင်းတွေ၊ ကျောင်းဆရာ၊ ဆရာမ ၊ အပေါင်းအသင်းတွေ၏ ဆန္ဒကိုဖြည့်ဆည်းရန် ဤစာအုပ်ကိုထုတ်ဝေလိုကသည်။

သမီးတို့သားတို့ အားလုံးဖက်ကြည့်ကြပါ။

ပညာရေးသာမဟုတ်။

အရွယ်သဘာဝ တိမ်းတက်စောင်းတက်တာတွေကိုလည်း နားဝင်ချိုအောင် ထိန်းမ၍ ရှင်းပြထားသည်။ ကိုယ့်ကဉ်ကျေးမှု ကိုယ့်အသိုက်အ၀န်းကို အကျိုးပြုနိုင်အောင် ဖတ်ချင်စဖွယ် ရေးဖွဲ့ထားပါသည်။

အနာဂတ်ကို မျှော်ကိုးယုံကြည်စွာ စိတ်ရင်းစေတနာ ဖြူဖြူစင်စင်နှင့် ရေးသားခဲ့သဖြင့် ဤဆောင်းပါးများ သည် တစ်စုံတရာ အကျိုးများ ပါလိမ်မည်ဟု အမှာ စကားဆိုပါရစေ။ တော်လည်းတော်ကြကောင်းလည်းကောင်းကြ။

ပျော်ပျော်ရွင်ရွင်ဖကတ်၍ အောင်မြင်တိုးတက်ကြပါစေဟု တောင်းဆုခြွေပါသည်။

စာဖက်သူအားလုံးကို လေးစားစွာ

ချစ်နိုင် (စိတ်ပညာ)

၃၀-၁-၉၆

ဆဋ္ဌမအကြိမ် ပုံနှိပ်ခြင်းအတွက် စာရေးသူ၏ ကျေးဇူးတင်စကား

ပေးစာဆောင်းပါးလေးတွေကို စုထုတ်ပါက တိုက်တွန်းကြသော စာဖတ်ပရိတ်သက်အား ဦးစွာ ပထမ ကျေးဇူးတင်စကား ဆိုရပါလိမ်မည်။ ကျွန်တော်ရေးခဲ့သမျှ အဆက်မပြက် ထည့်သွင်းဖော်ပြပေးခဲ့ကြသော အပျိုမစာတည်းအဖွဲ့ အယ်ဒီတာများ ကိုလည်း ကျေးဇူးတင်စကား ဆိုပါရပါစေ။

ဆရာထင်လင်း၊ ဆရာချစ်စံဝင်း၊ ဆရလယ်တွင်းသားစောချစ်၊ ဆရာချစ်ဦးညို( အလို….ချစ်တွေချည်းပါတကား၊ ဆရာမ ခင်နှင်းယုမှသည် ဆရာမ ဂျူး အစရှိသည့် ကျွန်တော်တို့ ကိုးကားစရာ မူရင်းစာအုပ်များ ကို ရေးသားခဲ့ကြသော ပုဂ္ဂိုလ်အားလုံးတို့ကိုလည်းရိုသေစွာ ကျေးဇူးတင်ပါကြောင်း ဤနေရာမှ ဖော်ပြလိုက်ပါသည်။

ဒေါက်တာတင်ထွန်းဦး၊ ပန်းချီညီညီ၊ စိစဉ်သူဦးသောင်းဖေ၊ ပုံနှိပ်အရာရှိ ဗိုလ်ကြီးသိန်ထွန်း၊ စာပေလုပ်သားပုံနှိပ်တိုက်မှ ဦးလွင်စန်းယဉ်၊ သရုပ်ဖော် ကာတွန်းဆရာ ဆရာသော်က၊ ငွေကြည်၊ မြေဇာ၊ မောင်ဝဏ္ဏ၊ သစ်ထွဏ်၊ မောင်မောင်အောင် နှင့် တင်အောင်နီ၊ ကွပ်ကဲ စီမံသူ ဆရာဦးမြင့်ကြွယ်၊ ဦးလှကြွယ် အစရှီသော ပါဝင်ကူညီပေးကြ သူများ အားလုံးကို လည်းကျေးဇူးမမေ့ပါ။

ခင်မင်လေးစားစွာ

ချစ်နိုင်( စိတ်ပညာ)

၂၆-၈-၉၇

(၁)

အခန်း(၁)

စာပေရဲ့ အရသာ

ချစ်သမီး မေလေး

ရွှင်လန်းချမ်းမြေ့ပါစေ …..

ဟိုးလွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က အင်မတန်ချစ်ခင်ကြတဲ့ ကျောင်းနေဖက်သူငယ်ချင်း ၂ ယောက်ရှိကြသတဲ့။ ၉ တန်း၊ ၁၀ တန်းကျောင်းတစ်ကျောင်းတည်းက စာသင်ခန်းတစ်ခန်းထဲမှာ ရှေ့ခုံ၊ နောက်ခုံ ထိုင်ခဲ့ကြတယ်။ အသက် ၁၅ နှစ်၊ ၁၆ နှစ်အရွယ်။

တစ်ယောက်က မိန်းကလေးပါ။ အဲဒီ အစိုးရအထက်တန်း တစ်ကျောင်းလုံးမှာ တော့ အလှဆုံး၊ အယဉ်ဆုံး၊ ဣနြေ္ဒအရဆုံးလို့ အားလုံးသော ဆရာမ များ ၊ ကျောင်းသားကျောင်းသူများ က မှတ်ယူခဲ့ရတဲ့မိန်းမပျို။ တစ်ဦးကတော့ ယောက်ျားလေး။ စာကြိုးစားတယ်၊ စာဖတ်များ တဲ့ စာ ကြမ်းပိုး။

သူတို့နှစ်ယောက်ဟာ သမီးရည်းစားလားလို့ တချို့လူငယ်ချင်းကျောင်းနေဖက်တွေက ထင်ရလောက်အောင် ရင်းနှီးကြသတဲ့။ ရင်းနှီးကြရချင်းအကြာင်းအရင်းကတော့ စိတ်တူကိုယ်တူ ၀ါသနာတူနဲ့ စိတ်ပါဝင်စားမှု ချင်း တူညီကြလို့ပဲကွယ်။

သူတို့ ၀ါသနာပါတာက စာဖက်တာ၊ ကဗျာဖက်တာ၊ ပြီးတော့ကဗျာစပ်တာ။ ဒီတော့သူတို့မှာ ပြောစရာစကားတွေက တွေတုန်းတွေ့ခိုက် ပြောလို့မကုန်နိုင်လောက်အောင် များ တယ်။ ပြောချင်တာတွေလည်း အများ ကြီး၊ နားထောင်ချင်တာကလည်း အများ ကြီးဆိုတော့ သူတိုချင်း တတွက်တွက်ပြောနေကြတာက ဘေးလူမနာလိုချင်စရာဖြစ်ရတာ ပေါ့။

တကယ်တော့ သူတို့သူငယ်ချင်းနှစ်ယောက်ဟာ ချစ်သူသမီးရည်းစားလည်း မဖြစ်ခဲ့ပါဘူး။ အဲ့ဒီလိုစိတ်မျိုးလဲ တစ်ယောက်ကမျှ မပေါ်ပေါက်ခဲ့ပါဘူး။ မသန့်ရှင်းတဲ့အချစ်မျိုး၊ စိတ်ကူးမျိုးနဲ့တစ်ခါမျှမပြစ်မှားမိဖူးကြပါဘူး။ မောင်လို နှမလိုသာ ဖြူစင်တဲ့မေတ္တာနဲ့ ခင်မင်ခဲ့ကြတာမှန်ပါပဲ။

ဘာကြောင့်ဒီလိုပြောနိုင်ရလည်းဆိုတော့ အဲ့ဒီကောင်လေးမှာ လဲ( နာမည်တခုခု အနေနဲ့ပေါ့ ) မော်မော်ဆိုတဲ့ ချစ်သူရည်းစားရှိသတဲ့။ အဲဒီ သူငယ်ချင်းမိန်းကလေးမှာ လဲ ( နာမည်တခုလိုပဲသဘောထားပေါကွယ်) ကျော်ကျော်ဆိုတဲ့ ရည်းစားချစ်သူရှိနေသတဲ့၊။

အခုလို နှစ်ပေါင်းများ စွာ ကြာညောင်းလာခဲ့ပြီဖြစ် ပေမဲ့လဲ အဝေးတနေရာဆီ မှာ ရှိနေကြပေမဲ့လည်း သူတို့သူငယ်ချင်းနှစ်ယောက်ဟာ အချစ်ဆုံးသူငယ်ချင်းအနေနဲ့ တည်ကြည်ခိုင်မြဲနေဆဲ ။ ဒီတော့သူငယ်ချင်းလို့ပဲ ဆက်၍ ခေါ်မည်။ နောင်ကာလ အသက်ထက်ဆုံးတိင်အောင် ဒီလိုပဲ သန့်စင်ကြည်လင် ခင်မင်နေကြအုံးမှာ ပဲလို့ ယုံကြည်ရတယ်လေ။ အချိန်ကာလ က သက်သေပြခဲ့ပြီးပြီ ။

ဆယ်ကျော်သက်ကောင်လေးဟာ သူ့ချစ်သူမော်မော်နဲ့ အကြောင်းတစ်ခုခုကြောင့် ကွဲကွသွားသတဲ့။ ဒီတခါမှာ အချစ်ဆုံးသူငယ်ချင်း မိန်းကလေးက စိတ်မကောင်းချင်းများ စွာ ကြားကဖြစ်ခဲ့ရရှာတယ်။ ကံမကောင်းစွာ နဲ့ မိန်းကလေးသူငယ်ချင်းခမျာမှာ လည်း သူ့ချစ်သူကျော်ကျော်နဲ့ ကွဲသွားရပြန်ပါရော။ ဒီတခါမှာ လည်း သူငယ်ချင်းကောင်လေးမှာ သနားကြေကွဲခြင်းများ ခံစားခဲ့ရတာ ပါပဲ။ ဖြစ်မှဖြစ်ရလေ သူငယ်ချင်းရာပေါ့။

ပိုပြီးတော့ ကံမကောင်းတာက အဲဒီ မိန်းကလေးဟာ အိမါထောင်ကျတဲ့အခါလဲ သူခင်ပွန်း (အမည်တခု ထားပေးကြဦးစို့) မောင်မောင်ဆိုတဲ့လူနဲ့ စိတ်သဘောထားမတိုက်ဆိုင်လို့ သမီးလေးတစ်ယောက်မွေးဖွားပြီးကာမှ ကွာရှင်းပြတ်စဲသွားရပြန်သတဲ့။ သြော်….. ဒုက္ခပါပဲနော်။

ချစ်သူနဲ့လွဲ ခင်ပွန်းကြင်သူနဲ့ကွဲ ကံမကောင်းရှာတဲ့သူငယ်ချင်းအတွက် စိတ်ဆင်းရဲခြင်း ပြင်းထန်စွာ သူ့သူငယ်ချင်းမှာ စာနာခံစားတာပေါ့။ ဒီအထဲမှာ ကံအဆိုးဆုံးသူလို့ ဖြစ်ခဲ့ရတာ ကတော့ လူမမည်သမီးငယ်လေးပါပဲ။ အပြစ်မရှိတဲ့ ဖတကွဲ သမီးလေးခမျာမှာ လောကအလယ် မျက်စိ သူငယ်နားသူငယ်နဲ့ ဘ၀ကိုစတင်ဖြတ်သန်းခဲ့ရရှာတယ်။ နုနယ်တဲ့အသက်အရွယ်အတွက် စူရှပြင်းထန်တဲ့ နာကျင်မှု တွေပါ။ အဲ့ဒီလူဟာ သမီးမေလေးဖြစ်ခဲ့ရင် အခုစာရေးတဲ့ ဦးဦးဟာ ဘယ်သူဖြစ်မလဲ၊ သမီးစဉ်းစားကြည့်ပေတော့။

ဦးဦးစာရေးမယ် ချစ်သမီးမေလေး။

သမီးနဲ့ ဦးဦးဟာ ဘာမှဆွေမတော် မျိုးမစပ်ပေမဲ့ အချစ်ရဆုံးသူငယ်ချင်းရဲ့ သမီးမို့ ဦးဦး ဒီစာကိုရေးတယ်။ အားငယ်ဖို့ရာ ကြုံတွေ့လာတဲ့ လောကဓံကို ခံနိုင်ရည်ရှိအောင်၊ ရဲ့ ရင့်တည်ငြိမ်စွာ နဲ့ ဘ၀ရဲ့ မှန်တိုင်းဒဏ်တွေကို အောင်အောင်မြင်မြင် ရင်ဆိုင်ဖြတ်သန်းပြီး အောင်ပန်းဆင်နိုင်အောင် ဦးဦးအားပေးမယ်။

ဘယ်သောအခါမျှ သမီးလေး စိတ်အားမငယ်နဲ့ နော်သိလား။ ချစ်သမီးမေလေးလိုပဲ ဦးဦးဟာ မုန်တိုင်းထန်တဲ့လောကဓံကြားက ဒဏ်ရာဒဏ်ချက်ပေါင်း များ စွာ ခံစားလျက် ချိတက်ခဲ့ရပါတယ်။ နာကျင်ခါးသီးတဲ့ ဝေဒနာများ စွာ ကိုလည်း ဖြတ်သန်းကျော်လွှားခဲ့ရပါတယ်။ မျက်ရည်အသွယ်သွယ် စီးကျအောင် ဖိစီးနှိပ်ခံနေရတဲ့ ကြားက ငါ အားမလျှောဘူး။ အရှုံးမပေးဘူးလို့ စိတ်ထဲက အံကို တင်းတင်း ကြိတ်ထားပြီး ဒီခရီးကို လျှောက်လှမ်းခဲ့ရတယ်။ ဘယ်တုန်းကမှ မညည်းညူခဲ့ဘူး။

ဆင်းရဲခြင်း၊ နိမ်ကျခြင်း၊ ၀ိုင်းပယ်ခံရခြင်း၊ အနှိပ်ခံရခြင်း ၊ လူရာမသွင်းခြင်းနဲ့ အသိအမှတ်မပြုခြင်းတွေကို တွန်းလှန်ပြီး ဒီဘ၀ကိုရောက်အောင် ရုန်းကန်ခဲ့ရတယ်။

လောကဓံရဲ့ အဖိအနှိပ်၊ အထုအထောင်းဒဏ်တွေကို အလူးဒလူးအလှိမ်လှိမ်ခံစားခဲ့ရ ပေမယ့် အရှုံးမပေးလက်မမြှော က်ဘဲ တရွေရွေလှမ်းခဲ့တယ်။ ဝေဒနာတွေကို အကျယ် မချဲခဲ့ပါဘူး။

ဟိုးလွန်ခဲ့တဲ့ အနှစ်သုံးဆယ်လောက်က ( ဦးဦးသမီးတို့အရွယ်ပေါ့ ) စာရေးတဲ့လူဖြစ်ရမယ်ဆိုပြီး မမှိတ်မသုန် ဦးတည်ကြိုးစားခဲ့တဲ့ ရညိမှန်ချက်ဟာလဲ တဖြည်းဖြည်းနဲ့နီးလို့နီးလို့ လာနေပြီ။ ဦးဦးရဲ့ ပန်းတိုင်ဟာ ချမ်းသာဖိုလဲမဟုတ်ဘူး ။ ကျော်ကြားဖို့လည်းမဟုတ်ဘူး။ စည်းစိမ်ဥစ္စာ ပေါကြွယ်စွာ ခံစားဖို့လည်း မဟုတ်ဘူး။

သမီးမေလေးလို အားပြုစရာ လိုအပ်နေသူမျိုးအတွက် အခုလို စာတွရေးပြီး အားပေးနိုင်တဲ့ကိုယ် ဖြစ်ရလိုခြင်းသည်ပင်လျှင် ဦးဦး ရဲ့ ပန်းတိုင်ပါပဲ။

တောင်ပြိုရာ မြတ်ပြက်ရတဲ့ဘ၀မျိုးတွေ၊ မြေစာပင်လို ဘ၀နာရတဲ့ အဖြစ်မျိုးတွေ။

မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာတာပဲ ဖြစ်ချင်ဖြစ်ပါစေ။ ကာကွယ်ပေးချင်တယ်။ ဒီစေတနာနဲ ဒီစာမျက်နှာတွေကိုရေးမယ်။ ဒါကြောင့် ဦးဦးက ချစ်လို့ပြောတာမှတ်ပါလို့ ခေါင်းစဉ်အမည် ပေးလိုက်တယ်။

ဦးဦးဟာ စိတ်ပညာရှင်တာ့မဟုတ်ပါဘူး။

သာမန်စိတ်ပညာ အထူးပြုနဲ့ ရိုးရိုးဝိဇ္ဇာဘွဲ့ကို လွန်ခဲ့တဲ့အနှစ် ၂၀ ကျော်က ရခဲ့ရုံပါ။ အသုံးချ စစ်ဆေးရေးစိတ်ပညာ ( ဘွဲ့ လွန် ) တော့ ၁ နှစ်ခွဲ ဆက်တက်ခဲ့ဘူးတယ်။ ဒါပေမဲ့နှစ် ခြိုက် မြတ်နိုးစွာ အစဉ်သဖြင့် ကြိုးစားလေ့လာနေတဲ့ ချစ်သောဘာသာရပ်မို့ ( စိတ်ပညာ ) လို့နောက်ကထည့်ထားတာပေါ့။ သိပ္ပံပညာရပ်တခုမှာ သုတေသနနဲ့ အနှစ် ၂၀ ကင်းကွာခဲ့ရင် တကယ်တော့ သိပ်ပြီး ခေတ်နောက်ကျကျန်ရစ်ခဲ့ပါပြီ။ ဒါကိုသိပါတယ်။ အထူးပြုလေ့လာနေဆဲ၊ ပညာရှာဆဲ စာသင်သားတစ်ဦး အနေနဲ့ ဆိုလိုပါတယ်။

စာသံ၊ ပေသံ၊ သုတေသီလေသံနဲ့ ဦးဦးမရေးဘူးနော်။ သံယာဇဉ်နှလုံးသားနဲ့ ဦးဦးရေးမယ်ကွယ်။ ဦးဦး ခံစားဖြတ်သန်းခဲ့ရတဲ့ အတွေအကြုံနဲ့ အတွေးအမြင်ကို အခြေခံပြီးတော့သမီးမေလေးကို အားပေးပျိုးထောင်မယ်။ ဦးဦး ရဲ့ စေတနာဟာ သမီးငယ်ဘ၀ အလယ်မှာ အောင်မြင်တင့်တယ်ရေအတွက် မလွဲမသွေ အကြိုးပေးစေရမယ်။

ပထမဦးဆုံးတိုက်တွန်းချင်တာကတော့ သမီးမေးလေး စာတွဖတ်စေချင်တယ်။

သမီးမှာ အကိုလည်းမရှိ၊ အစ်မလဲမရှိ၊ မာင်လဲမရှိ၊ ညီမလဲမရှိ၊ မွးချင်းမရှိလို အားငယ်စရာမလိုဘူး၊။ လောကမှာ အများ သူငါ တစ်ယောက်တည်းပဲ ရုန်ကန်လှုပ်ရှားကြရတာ ပါ။ တစ်အူထုံဆင်း မွေးချင်းတွများများ ရှိရင် အဖော်အပါင်းတွေများ တော့ ကောင်းတာဟုတ်ပါရဲ့ ။ မရှိတော့လဲ ဘာဖြစ်သးလဲ။ မရှိတာလဲကောင်းတာပဲ။ ပ်ါလီယာနာအတွေးနဲ့ ရှုမြင်ရမှာ ပေါ့။

ဟော့ ပေါ်လီယာနာအတွေးဆိုတာပါသွားတယ်။ ဒီနမည်ကိုသိတယ်နာ်။ မသိသေးရင် အမျိုးသားစာပေဆု (ဘာသာပြန်) ရထားတဲ့ ဆရာကြီး ထင်လင်းဘာသာပြန်တဲ့ “ ပေါ်လီယာနာ” ဆိုတဲ့ စာအုပ်ကို အငှားဆိုင်တခုခုက ရှာဖက်ကြည်စေလိုပါတယ်။

သမီးဖတ်ဖြစ်အာင်ဖတ်ပါလို့ ထပ်ပြီးတိုက်တွန်းချင်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါတွေ၊ ၀မ်းနည်းအားငယ် ခံစားရတဲ့အချိန်တွေမှာ ဦးဦးဟာ အဲ့ဒီစာအုပ်ကို ငှားငှားပြီးဖက်ရင်း စိတ်ကိုတင်းထားနိုင်ခဲ့တယ်။ ဖြေသိမ့်နိုင်တဲ့အမြင်ကို ရခဲ့ဖူးတယ်။

အခု တတိယအကြိမ်ရိုက်နှိပ်ခြင်းလားမသိဘူး၊ ထပ်ပြီးထွက်နေပါတယ်။ အငှားဆိုင်တွေမှာ ရှိနိုင်ပါတယ်။ ဖက်ကြည်ပါနော်။

ဒီစာဟာ စာအုပ်တွေကို ညွှန်းဖို့မရည်ရွှယ်ခဲ့ပါဘူး။ ဒါပေမဲ့ အကြောင်းတိုက်ဆိုင်လို့ တစ်လက်စတည်းမှာ ဆက်ပြီး ဖော်ပြလိုက်ချင်တယ်။

နောက်တစ်အုပ်။

ဦးထွန်းလှရေးတဲ့ “ ဘာလဲဟဲ့ လောကဓံ ” ဆိုတဲ့ စာအုပ်ကလေးတစ်အုပ်ကိုလည်း ရှာဝယ်ပြီးဖတ်ကြည်လိုက်ပါဦး။ အဲ့ဒီစာအုပ်ကို အသက် ၂၅ နှစ်အရွှယ်သာ ရှိသေးတဲ့ မောင်ထွန်းလှဆိုတဲ့ သူငယ်လေး တစ်ယောက်ကရေးခဲ့တာ။

အံသြစရာပါပဲ၊ နှစ်ပေါင်း ၆၀ ကြာခဲ့ပါပြီ။

အခုဒီစာအုပ်ကို ယာမင်းကြီးစာပေက တတိယအကြိမ် ပြန်လည်ပုံနှိပ်ဝေလိုက်တာ့လဲ့ ခေတ်မီနေဆဲ့ပါပဲ။ ဖတ်တဲ့လူတိုင်းကို အားမန်တွေ၊ အသိအမြင်အသစ်တွ ပေးဝေတုန်းပါပဲ။

စကားလုံး၊ ၀ါကျ၊ စာပိုဒ်ကအစ စာအုပ်တစ်အုပ်လုံးဟာ အပြစ်ဆိုတာ ရှာမတွေလောက်အောင် အရသာရှိနေတုန်းပါပဲ။ သမီးဖက်ကြည်မိရင် သဘောကျပါလိမ်မည်။

အခုအခါမှာ ရှားပါလှတဲ့ စာအုပ်ကောင်းတွေဟာ အဟာင်းဘ၀ကနေ ပြန်ပြီးရှင်သန်ထမြောက် အသစ်ဘ၀ရောက် လာနေကြတယ်။ အသက် ၂၅ နှစ်လောက်က မောင်ထွန်းလှဟာ အခုအခါအသက် ၈၃ နှစ်ရှိခဲ့ပါပြီ။ ဇရာပိုင်းရောက်နေပြီ ဆိုရပါတော့မယ်။ ဒါပေ့မယ့် သူ အဲ့ဒီအရွယ်ကရေးခဲ့တဲ့ စာပေကတာ့ ကနေ့ တိုင်အောင် မအိုသေးဘူး။ နောင်လဲ အိုမင်းရင့်ရော် သွားမယ် မဟုတ်တော့ဘူး။

ဝဏ္ဏပဘာ အစချီလင်္ကာ၊ ပုရေနိသင် အစချီလင်္ကာ၊ အရှင်မဟာ ရဋ္ဌသာရရဲ့ ကဗျာများ ဟာ သစ်လွန်လန်းဆန်းစေ နုပျိုနေသလိုပေါ့။

စာပေဆိုတာ မအိုဘူး၊ မဟောင်းဘူး၊ စာကောင်းပေကောင်းတွေဟာ အစဉ်သစ်လွန်လန်းဆန်းနေမှာ ပဲ။ သူတိုကို သမီးအဖော်ရရင် ဘာလိုသေးလဲ။

သမီးရဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကမှ တခါတရံ သမီးနဲ့ စိတ်ကာက်ချင်ကောက်အုံးမယ်။ မခ်ါတမ်းလုပ်ချင်လုပ်ဦးမယ်။ စာပေအဖော်ကတော့ အမြဲတစေမိတ်ဆွကောင်းပဲ။

စာဖတ်နော်။ စာများများ ဖတ်ရင် သမီးဟာ သမီးရဲ့ မေမေ မွေးရကျိုးနပ်တဲ့သမီးကောင်းလဲဖြစ်မယ် ။ အမိမြေက မွးရကျိုးနပ်တဲ့သမီးကောင်းလဲဖြစ်မယ်။ အမိမြေက မွေးရကျိုးနပ်တဲ့ နိုင်ငံသမီးကာင်းလဲဖြစ်လာမယ်။ မလွဲမသွေပဲ။

“ အင့်း့  စာမဖတ်ရင် အဲဒါတွေ မဖြစ်နိုင်ဘူးလား ”

“ ဟုတ်တယ်သမီး ”

စာမဖတ်တဲ့သူတွေမှာ အနှစ်ရှိတဲ့ ဦးနှောက်ကိုလည်း မရနိုင်ဘူး။ ဆင်ခြင်မြော်မြင် ဉာဏ်လည်း မရင်သန်ဘူး။ စာပေထဲ့မှာ မှ သုတ အများ ကြီးရှိတာ။

စာပေဟာ အလင်းရောင်လည်းပေးတယ် ။ စာပေဟာ ဇွဲသတ္တိကိုလည်းပေးတယ်။

ရုပ်ရှင်၊ တီဗီ၊ ဗီဒီယို၊ ရေဒီယို၊ ရေဒီယိုစသည်ဖြင့် သုတ၊ ရသ ရရှိနိုင်တဲ့ ခေတ်သစ်လူထုဆက်သွယ်ရေး ပစ္စည်းကိရိယာတွေက အများ ကြီး နေရာယူလာပါတယ်။ ကျယ်ပြန့်လာပါတယ်။ နောင်လဲပေါ်လာ ကြလိမ့်ဦးမယ်။

ဒါပေမယ့် စာပေနေရာကိုတော့ အစားမထိုးနိုင်ပါဘူး။ ယှဉ်နိုင်ကောင်း ယှဉ်နိုင်ပါလိမ့်မယ်။ အနာဂတ် တချိန်ချိန်မှာ တွင်ကျယ်မှု သာကောင်းလာပါလိမ်မယ့်။ ဒါပေမယ့် စာပေကိုတော့ အစတုံးအောင် ဖြိုလှဲ ဖျက်ဆိးသွားနိုင်မယ်လို့ ဦးဦးမထင်မိဘူး။

ပေါ်လီယာနာကို မေတ္တာရှင်မလေး ငြိမ်းငြိမ်းအိ ဆိုပြီး မှီငြမ်းတဲ့ရုပ်ရှင်ဟာ ပရိတ်သက်လက်ခံခဲ့ပါတယ်။ ရုပ်ရှင်သရုပ်ဆောင် အင်္ဂလန်စိမ်ဆိုတဲ့ မိန်းကလေးတောင် အကယ်ဒမီရွေစင်ရုပ်ရရှိပြီး ငြိမ်းငြိမ်းအိ ဆိုတဲ့ နာမည်တစ်လုံး ရသွားခဲ့ပါသေးတယ်။ ရုပ်ရှင် အဖြစ်ပြောင်းလဲ တင်ပြလို့ ရနိုင်ပါရဲ့ ။ ထားပါတော့။

နင်လာဟဲ့ လောကဓံကိုတော့ စာအုပ်အဖြစ် ဖတ်ရတာ က သမီးအတွက် အရသာအပြည့်အ၀အထိအတွေ့ လို့ ရနိုင်ပါမယ်လို့ ရနိုင်ပါမယ်လို့ ဦးဦးက ပြောချင်တယ်။

ဦးဦး နမူနာပြောပြတဲ့ ဒီစာအုပ် နှစ်အုပ်ကိုလည်း ဖတ်ဖြစ်အောင်ရှာဖတ်ကြည့်ပါ။ နောက်ပြီးတော့လေ စာပေကောင်း အကောင်း ဆုံးဆွေမွန်ဖြစ်တဲ့အတွက် ၊ အဖော်အပေါင်းအစစ်အမှန်ဖြစ်တဲ့ အတွက်စာဖတ်တဲ့အလေအကျင့်ကို များများ လုပ်ဖို့ရာ တိုက်တွန်း ချင်ပါတယ်ကွယ်။

သမီးတို့ ကျောင်းပိတ်ရက်လည်းဖြစ်တယ် မဟုတ်လား။ အားလပ်ချိန်တွေကို အကျိုးရှိအာင်လေ။ ခံတွင်းတွေ့တဲ့စာကိုဖတ်ပါ။ များများ ဖတ်လာမိတဲ့အခါ စာပေရဲ့ အရသာကို သမီး လေးလဲ ကိုယ်တိုင် မြတ်နိုးတက်လာပါလိမ့်မယ်။ အကျိုးကျေးဇူးကို လက်တွေ့ရလာပါလိမ့်မယ်။

ချစ်သမီးရဲ့ ဦးဦး

ချစ်နိုင် (စိတ်ပညာ)



ဝန်ဇင်းချစ်သူများ ချစ်နိုင်(စိတ်ပညာ) ၏ “ ချစ်လို့ ပြောတာမှတ်ပါ ” ကိုကြိုက်ရင် Facebook မှာ Like လုပ်ပြီး သူငယ်ချင်းတွေကို Share ပေးပါအုံးနော်။


ချစ်လို့ပြောတာမှတ်ပါ ရေဒီယိုဟောပြောချက် (၂)

တန်ဖိုးရှိလှ လူငယ်ဘဝ

ဘ၀တက်လမ်း၏ ခြေလှမ်းများ