မြန်မာပြန်သူ၏ အမှာ စာ
ဤစာအုပ်ကို ရေး သူစာရေး ဆရာမ ဆီမွန်ဒီဗူဗွားသည် ခေတ်သစ် ပြင်သစ်စာပေလောကတွင် ထင်ရှားသူတစ်ဦး ဖြစ်သည်။ ထင်ရှားသော အကြောင်းမှာ သူ၏ အရေး အသားများ နှင့် သူ၏ အတွေးအ ခေါ်အယူအဆများ ကြောင့် ဖြစ်သည်။
ဒီဗူးဗွားသည် ပါ၇ီမြို့တွင် ၁၉၀၈ခုနှစ် ကမွေးဖွားခဲ့သည်။ သူ့အဖေမှာ ရှေးဆန်သည့် ရှေ့နေတဦး ဖြစ်သည်။ သူသည် ၁၉၂၉ ခုနှစ် တွင် ဆိုဗွန်းတက္ကသိုလ်မှ ဒဿနိက အဓိကဖြင့် ဘွဲရခဲ့သည်။ ထိုနှစ် က ထိုဘာသာရပ်တွင် သူက ဒုတိယ အမှတ်အများ ဆုံးဖြင့် အောင်မြင်ခဲ့ပြီး စာရေး ဆရာ ဒဿနပညာရှင် ယန်းပေါဆာ့တ်မှာ ပထမ အမှတ်အများ ဆုံးဖြင့် အောင်မြင်ခဲ့သည်။နောက်တွင် ဆာ့တ်သည်ဒီဗူးဗွား၏ ရာသက်ပန်မိတ်ဆွေ ဖြစ်လာခဲ့သည်။
သူတို့နှစ် ယောက် ၏ ဆက်ဆံရေး သည် ပြင်သစ်ပြည်နှင့် အနောက်နိုင်ငံ စာပေလောကတွင် လူပြောများ ခဲ့သော ဆက်ဆံရေး ဖြစ်သည်။သူတို့နှစ်ဦးသည် တရားဥပဒေက ပြဋ္ဌာန်းထားသော သတ်မှတ်ချက်များ လူ့အဖွဲ့အစည်းက လက်ခံထားသော ထုံးစံဓလေ့များ ကို ဘေးချိန်ပြီး တစ်သက်လုံး အတူတကွနေထိုင်ခဲ့ကြသည်။ဒီဗူးဗွားသည် ၁၉၃၁ ခုနှစ် မှ ၁၉၃၇ ခုနှစ် အထိ မာဆေးမြို့ လိုင်ဆီကျောင်းတော် တွင် စာပေများ ကိုပို့ချခဲ့ပြီး ၁၉၃၈ ခုနှစ် နောက်ပိုင်းတွင် ပါရီမြို့ရှိတက္ကသိုလ်များ တွင် စာပေများ ကို ပို့ချခဲ့သည်။စစ်ပြီးသော အခါဒီဗူးဗွားသည် ဖြစ်တည်မှု ပဓါန၀ါဒ ဒဿနဂိုဏ်းတွင် ထင်ရှားသော ခေါင်းဆောင်တစ်ဦး ဖြစ်လာခဲ့သည်။
သူ၏ ပထမဆုံးဝတ္ထု ဖြစ်သော “သူလာရောက်နေထိုင်သည်” ဆိုသော ၀တ္ထုကို ၁၉၃၃ ခုနှစ် တွင် စတင်ထုတ်ဝေခဲ့ပြီး ဖြစ်တည်မှုပဓါန၀ါဒနှင့် ပတ်သက်သော စာတမ်းငယ် အမြောက်အမြားကိုလည်းရေး သားခဲ့သည်။၁၉၅၄ ခုနှစ် တွင် “အခြားသူများ ၏ သွေး” ဆိုသည့် ၀တ္ထုရှည်တစ်ပုဒ်ကို ထုတ်ဝေခဲ့သည်။ ထို့နောက် “ဒုတိယလိင်” ဆိုသည့်မိန်းမတို့အကြာင်းနှင့် ပတ်သက်သော ဣတ္တိဘာဝကျမ်းနှစ် ကျမ်းတွဲ ကို ရေး ခဲ့သည်။ မွေးဖွားလာသည့်မှစ၍ အပျိုဘော်ဝင်အရွယ် အလယ်အဖွားအိုကြီး ဖြစ်သည်အထိ မိန်းမတို့၏ စိတ်တ္တဗေဒ မိန်းမတို့၏ အတွေးအခေါ်တို့ကိုအသေးစိတ်ရွေးချယ်ပြသထားသဖြင့် မိန်းမစိတ်ကျမ်းအ ဖြစ်နာမည် ကျော်ခဲ့သည်။ထို့နောက် “မန်ဒရင်း” “ခရီးရှည်ချီတက်ပွဲ” စသည့်ဝတ္ထုများ ကို ရေး ခဲ့သည်။ ၁၉၆၀ခုတ၀ိုက်တွင် ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိသုံးတွဲ ကိုထုတ်ဝေခဲ့သည်။ယင်းတို့မှာ “၀တ္တရားကျေသော သမီး တစ်ယောက် ၏ မှတ်တမ်းများ ” ၊ “ဘ၀၏ ပန်း အပွင့်လန်းဆုံးအချိန်” နှင့် “ပတ်ဝန်းကျင်၏ စေ့ဆော်မှု” စသည်တို့ ဖြစ်သည်။
ယခုမြန်မာပြန်ဆိုထားသည် “ရေပွက်ပမာ” ၀တ္ထု ကို ၁၉၆၅ ခုနှစ် တွင် ရးပြီးနောက်ဆုံး ၀တ္ထု ဖြစ်သော “ဇရာ”ဆိုသည့်ဝတ္ထုကို၁၉၇၂ခုနှစ် တွင် ရေး သားခဲ့သည်။သူနှင့် ဆော့တ်တို့ဆက်ဆံရေး နှင့် ပတ်သက်၍ ဒီဗူဗွားကဤသို့ရေး ခဲ့သည်။ကျွန်မဘ၀တွင် သံသယရှိစရာမလိုသော အောင်မြင်မှုတစ်ခုကားရှိခဲ့ပါသည်။ယင်းမှာ ကျွန်မနှင့် ဆာ့တ်တို့၏ ဆက်ဆံရေး ဖြစ်ပါသည်။သူနှင့် အနှစ် သုံးဆယ်ကျော်ပေါင်းသင်းနေထိုင်ခဲ့သည့် ကာလ၌ ကျွန်မတို့သည်တစ်ညသာ ခွဲခွာခဲ့ကြဖူးပါသည်။ ထိုမျှ နှစ် ပေါင်းများ စွာ အတူနေထိုင်ခဲ့ကြသော်လည်း ကျွန်မတို့နှစ် ယောက် သည်တစ်ဦး၏ စကားတွင် တစ်ဦးစိတ်ဝင်စားမှုလျော့ပါးခြင်းမရှိခဲ့ကြပါ။ကျွန်မတို့နှစ် ယောက် သည် တစ်ယောက် ပြောသည့်စကားကို တစ်ယောက် အလေးအနက်စိတ်ဝင်စားစွာ နားထောင်ကြသည်ဟု အမျိုးသမီးမိတ်ဆွေတစ်ဦးက မှတ်ချက်ချဖူးပါသည်။ သို့တိုင်အောင် ကျွန်မတို့နှစ် ယောက် သည်တစ်ဦး၏ အတွေးများ ကို တစ်ဦးဝေဖန်ထောက်ပြခြင်း၊ ပြင်ဆင်ပေးခြင်း၊ ရှင်းလင်းအောင်အတည်ပြုပေးခြင်း စသည်တို့လုပ်ခဲ့သည့် အခါများ လည်းရှိပါသည်။ ကျွန်မတို့တွင် တူညီသော အမှတ်ရစရာတွေ ရှိပါသည်။ တူညီသော ညဏ်ရည်ရှိကြပါသည်။ တူညီသော အတိတ်ပုံရိပ်လွှာတွေ ရှိကြပါသည်။ ကျွန်မတို့နှစ် ဦးသည် တူညီသော လက်နက်တန်ဆာပလာများ ဖြင့် ကမ္ဘာ့လောကကြီးကို နားလည်အောင် ကြိုးစား ဆုပ်ကိုင်ခဲ့ကြသသည်။ တူညီသော ဘောင်အတွင်းတွင် ရပ်ခဲ့ကြသည်။ တူညီသော မှတ်ကျောက်ဖြင့် စစ်ဆေးကြည့်ခဲ့ကြသည်။ ကျွန်မတို့နှစ် ယောက် သည် စကားပြောလျှင် တစ်ယောက် က ၀ါကျအစကိုပြောပြီး တစ်ယောက် က ၀ါကျအဆုံးကို အဆုံးသတ်ပေးတတ်သည်။ တစ်ယောက် ယောက် က မေးခွန်းတစ်ခုကိုမေးလိုက်လျှင် ကျွန်မတို့အဖြေများ သည် တစ်ထပ်တည်းကျနေတတ်သည်။စကားတခွန်း ၊ အာရုံတစ်ခု၊ အရိပ်အမြွတ်တစ်ခုစလိုက်သည်နှင့် ကျွန်မတို့နှစ် ယောက် သည် တစ်လမ်းတည်းသွားနေသည်ကို တွေ့ ရတတ်ပါသည်။ နိဂုန်းတစ်ခုတည်းက ရောက်နေတတ်ကြပါသည်။ ထိုအ ဖြစ်သည် အခြားသူ တစ်ယောက် အနေဖြင့် နားလည်နိုင်ဖွယ်ပင်မရှိပါ။ စာရေး ရာမှာ ပင် တစ်ခါတစ်ရံ တစ်ယောက် နှင့် တစ်ယောက် အတွေးချင်းထပ်နေကြကာ ထိုအတွေးကို အတူတူရေး မိလျက်သား ဖြစ်နေတတ်ကြပါသည်။ ၁၉၅၂ ခုနှစ်တုန်းက ဆာ့တ်ရေး ခဲ့သည့်မှတ်တမ်းတစ်ခုကိုမကြာသေးမီက ကျွန်မဖတ်ခဲ့ရပါသည်။ ထိုမှတ်တမ်းကိုယခင်တစ်ခါမှ ကျွန်မမဖတ်ဖူးခဲ့ပါ။ ထိုမှတ်တမ်းထဲတွင် နောင်ဆယ်နှစ် အကြာတွင် ကျွန်မရေး ခဲ့သည့် “ကိုယ်ရေး မှတ်တမ်းများ ” ထဲတွင် ပါဝင်သည့် စာတစ်ပုဒ်နှင့် စကားလုံးက အစတိုက်ဆိုင်နေသည်ကို သွားတွေ့ ၇ပါသည်။တစ်ချို့ က ကျွန်မစာအုပ်များ ကို ဆာ့တ်ရေး ပေးသည်ဟုပင်ပြောကြပါသည်။ ကျွန်မစာပေဆုရစဉ်က မိတ်ဆွေ တစ်ယောက် က ဒီတစ်ခါ သတင်းစာနှင့် အင်တာဗျူး လုပ်ရင်မန်းဒရင်း ၀တ္ထုကိုမင်းကိုယ်တိုင် ရေး တယ်ဆိုတာသေသေချာချာထည့်ပြောစမ်းပါ။လူတွေ ကမင်းကိုဘယ်လိုပြောနေကြတယ်မှတ်သလဲ၊ ဆုရမှာ ပေါ့တဲ့၊ သူ့နောက်ကဆာ့တ်ကရေး ပေးတာကိုတဲ့ ဟု စေတနာဖြင့် ပြောဖူးပါသည်။ မှန်ပါသည်။ ဆာ့တ်ကြောင့်ကျွန်မစာရေး ဆရာ ဖြစ်အောင် သူလုပ်ပေးဖူးသည့် အချစ်တစ်ချက်တော့ရှိပါသည်။ ယင်းမှာ ကျွန်မစာမူကိုထုတ်ဝေသူထံယူသွားပြီး စကားပြောပေးခြင်း ဖြစ်ပါသည်။ထိုကိစ္စမှာ ပင်တစ်အုပ်မှာ ထုတ်ဝေသူက ငြင်းလိုက်သဖြင့် နောက်မှ ထုတ်ဝေရပါသည်။ ထားပါတော့။ မိန်းမဆိုသည်မှာ ဒုတိယတန်းသတ္တ၀ါ ၊ ကစားကရာပစ္စည်း၊ အရာရာအရေး ကြီးသည့် မဟာဖိုတို့ကို မှီတွယ်နေရသည့် ကပ်ပါးပိုးဟူသော အစွဲသည် ကျွန်မတို့ ပြင်သစ်လူအဖွဲ့အစည်းတွင် အမြစ်တွယ်နေသော အယူအဆ ဖြစ်ပါသည်။
ဒီဗူဗွားသည် သူနှင့် ဆာ့တ်တို့၏ ဆက်ဆံရေး ကို ထိုသို့ရေး ခဲ့သည်။
ဒီဗူဗွား၏ ကိုယ်ရေး မှတ်တမ်း အတွဲ သုံးတွဲ သည် ဆာ့တ်နှင့် သူတို့ရှေ့ဆောင် ဖြစ်ခံသော ဖြစ်တည်မှု ပဓာန၀ါကိုအတော် ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြနိုင်သော စာအုပ်များ ဖြစ်လေသည်။
ယခုမြန်မာပြန်ဆိုသည့် “ရေဗွက်ပမာ” ကားသူ့အမေကွယ်လွန်သည့် အကြောင်းကို ရေး သားထားခြင်း ဖြစ်သည်။ သို့ရာတွင် ထိုမျှမကပါ။ သေခြင်းတရားနှင့် ပတ်သက်သော ဖြစ်တည်မှု ပဓန၀ါဒ၏ အမြင်ဟုလည်း ဆိုနိုင်လိမ့်မည် ထင်ပါသည်။
မြသန်းတင့်
အခန်း (၁)
၁၉၆၃ ခု အောက်တိုဘာလ ၂၄ ရက်ကြာသပတေးနေ့ ညနေ လေးနာရီအချိန်တွင် ကျွန်မ သည် ရောမမြို့ မီနာဗာဟိုတယ်က ကျွန်မအခန်းထဲတွင် ရှိနေသည်။ နောက်တစ်နေ့တွင် အိမ်သို့ပြန် မည် ဖြစ်သဖြင့် စာရွက် စာတမ်းများ ကို သိမ်းဆည်းနေစဉ် တယ်လီဖုန်းခေါင်းလောင်း သံမြည် လာ၏ ။ ဘိုစ်က ပါရီမှ လှမ်းခေါ် နေခြင်း ဖြစ်သည်။ “ခင်ဗျားအမေမတော် တဆ ထိခိုက်လို့” ဟု သူကပြော သည်။ မော်တော် ကား တိုက်တာပဲ ဖြစ်မည် ဟု ကျွန်မထင်လိုက်သည်။ အမေသည် တောင်ဝှေး တစ်ချောင်းဖြင့် လမ်းမမှ စင်္ကြံ ပေါ်သို့ ခက်ခက်ခဲခဲ တက်မည် ။ ထိုစဉ် မော်တော် ကား ၀င်တိုက်သွားပုံ ရသည်။ “ရေချိုးခန်းထဲမှာ ချော်လဲတာ တင်ပဆုံ ရိုးကျိုးသွားတယ်” ဟု ဘိုစ်က ပြောသည်။ ဘိုစ်သည် အမေနှင့် တစ်တိုက်တည်းနေသူ ဖြစ်သည်။ မနေ့ည ဆယ်နာရီလောက်က သူနှင့် အော်လဂါတို့ အပေါ် ထပ်သို့ တက်သွားကြောင်း၊ သူတို့အရင် လူသုံးဦး ရောက်နေသည်ကို တွေ့ ရကြောင်း၊ အမျိုးသမီး တစ်ယောက် နှင့် ရဲနှစ် ယောက် တို့ ဖြစ်ကြောင်း၊ “ဒုတိယထပ် အထက်က လှေကားထစ်ပေါ် မှာ ” ဟု အမျိုးသမီးပြောနေသည်။ မဒမ်ဒီဗူဗွား တစ်ခုခု ဖြစ်လာသားဟု စုံစမ်းကြည့်ကြောင်း၊ လဲကျ လို့ဟုပြောကြောင်း ၊ မဒမ်ဒီဗူဗွားသညှ်နှစ် နာရီကြာမျှ ကြမ်းပြင်ပေါ်တွင် ၀မ်းလျားထိုးကာ တယ်လီဖုန်း ဆီသို့ လာရကြောင်း၊ သူ့အသိ မဒမ်ကာကျူး ကို ခေါ်ပြီးအပြင်မှနေ ၍ တံခါးကို ဖျက်အ၀င်ခိုင်းကြောင်း ဘိုစ်နှင့် အော်လဂါတို့လည်း သူတို့နှင့် အပေါ်ထပ်သို့ လိုက်သွားကြကြောင်း၊ အနီရောင် ချည်ကတ္တီပါ ည၀တ်အင်္ကျီကိုဝတ်လျက် ကြမ်းပြင်ပေါ်တွင် ခဲကျနေသည်ကို တွေ့ ရကြောင်း၊ တစ်တိုက်တည်းနေ သော အမျိုးသမီး ဆရာဝန် ဒေါက်တာလာကရိုးက တင်ပဆုံရိုး ကျိုးသွားသည်ဟု ပြောကြောင်း၊ သူနာ ပြု ကားဖြင့် ဗျူစီကိုးဆေးရုံသို့ ပို့လိုက်ကြောင်း၊ ထိုညတစ်ညလုံးဆေးရုံ သာမာန်ခန်းတွင် ထားရ ကြောင်း၊၊
“ဒါနဲ့ ကျွန်တော် က အပြင်ဆေးတိုက် တစ်တိုက်ကို ပို့လိုက်တယ်၊ အဲ့ဒီမှာ ဆရာဘီရှိတယ်လေ၊ အရိုးကုမှာ တော့ အကောင်းဆုံးမဟုတ်လား၊ အဘွားကြီး ကတော့ မပို့ပါနဲ့လို့ အတင်းပြောတယ်၊ ခင်ဗျားမှာ ပိုက်ဆံအကုန်အကျ သိပ်များ နေလိမ့်မယ်တဲ့၊ မနည်းကြီးပြောမှ လက်ခံတယ်” ဟု ဘိုစ်က ပြောသည်။သြော် ဖြစ်မှ ဖြစ်ရလေအမေရယ်၊ လွန်ခဲ့သည့် ငါးပတ် ကျွန်မ မော်စကိုမှ ပြန်ရောက်ခါစ အမေ နှင့် အတူသွား ၍ နေ့လည်စာစားခဲ့သေးသည်။အမေ့ကိုကြည်ရသည်မှာ ထုံးစံအတိုင်းချည့်ချည့်နဲ့နဲ့၊ တလောကတုန်းကမူ သူ့ကိုယ်သူ အ၇ွယ်နှင့် စာလျှင် နုသေးသည်ဟုဆိုကာ ပီတိတွေ ဖြစ်ခဲ့သေးသည်။ သို့ ရာတွင် ယခုမူ သူ့ကိုယ်သူ မလှည့်စားနိုင်တော့၊ အမေသည် အသက် ခုနစ်ဆယ်နှစ် ရှိပြီ၊ အိုစာကျ ရှာပြီ၊ စစ်ပြီးကတည်းက ဖြစ်ခဲ့သော အဆစ်အမြစ်ကိုက်သည့် ရောဂါ ကလည်း တစ်နှစ် တစ်နှစ် ဆိုး လာသည်။ အနှိပ်သည်တွေ ဆေးတွေ ကုခဲ့သော်လည်း ဘာမျှမထူး၊ သူနေသည့် တိုက်တန်းကို တစ် ပတ်လောက် လှည့်လျှောက်လျှင်ပင် တစ်နာရီလောက်လျှောက်ရသည်။ အကိုက်အခဲအားကြီးသဖြင့် အက်စပရင် ခြောက်ပြားလောက်သောက်သည့်တိုင် ညညတွင် ကောင်းကောင်းမအိပ်နိုင်၊ လွန်ခဲ့သည့် နှစ် နှစ် သုံးနှစ် အထူးသဖြင့် လွန်ခဲ့သည့် ဆောင်းတွင်းတုန်းကမူ မျက်ကွင်းကြီးတွေ မဲ့ညိုနေကာ မျက် နှာ ကလည်း အတော် ချုံးကျသွားသည်။ နှာခေါင်းတ၀ိုက်ကလည်း ကျုံ့ဝင်သွားသည်။ သူ့ဆရာဝန် ဖြစ် သူ ဒေါက်တာဒီကမူ အသည်းချွတ်ယွင်းပြီး ၀မ်းချုပ်လို့ ဖြစ်တာ၊ ကိစ္စမရှိဟု ပြောသည်။ ဆရာသည် အမေ့ ကို ဆေးအမျိုးမျိုးပေး ၏ ။ ၀မ်းချုပ်သည့် အတွက် မန်းချည်းယိုကို အစားခိုင်းသည်။ ထိုနေ့က အမေကောင်းကောင်း မကျန်းမာသည်ကို တွေ့ ရသည့်အခါတွင် ကျွန်မအံ့သြခြင်းမ ဖြစ်၊ အမေသည် နွေရာသီတွင် အနားမယူ ဖြစ်ခဲ့သည့်အတွက်သာ ကျွန်မစိတ်မကောင်း ဖြစ်မိသည်။ တကယ်ဆိုလျှင် အမေသည် ကျေးလက်က စခန်းလေးတစ်ခုတွင် ဖြစ် ဖြစ် မယ်သီလရှင် ဇရပ်တွင် ဖြစ် ဖြစ် သွား ၍ အနား ယူဖို့ကောင်း ၏ ။ သို့ ရာတွင် မေရီနက်တွင် ရှိသည့် ကျွန်မညီမ ၀မ်းကွဲ ဂျင်းကခေါ်မည် လား၊ ရှာရက်ဘာ ဂျင် ရှိ ကျွန်မညီမက ခေါ်မည် လားဟု မျှော်နေပုံရသည်။ သူတို့နှစ် ယောက် လုံး မခေါ် ဖြစ်သည့်အခါတွင် အမေသည် ပါရီတွင် သော င်တင်နေရစ်ခဲ့၏ ။ မိုးကလည်းရွာလိုက်သည့် ဖြစ်ခြင်း၊ ပါရီတစ်မြို့လုံးလည်း လူသူကင်းရှင်းလျှက်။ “ငါဘယ်တုန်းကမှ အားမငယ်တက်ဘူးအေ၊ ဒါပေမယ့် အဲဒီ တုန်း ကတော့ တော် တော် အားငယ်တယ်” ဟု အမေက ပြောသည်။ ကံအားလျော်စွာ ကျွန်မ ညီမနှင့် တွေ့ ပြီး မကြာခင်မှာ ပင် ညီမ ဖြစ်သူက အယ်ဇေနယ်သို့ ခေါ်သွားသည်။ ယခုဆိုလျှင် သူ့အပေါင်းအသင်းတွေ လည်း ပါရီ သို့ ပြန်ရောက်ကုန်ကြပြီ။ ကျွန်မလည်း ကမ္ဘာအနှံ့ ခရီးထွက် နေရာမှ ပြန်လာပြီ။ တင်ပဆုံရိုးကျိုးသည်မှ အပ အမေ့ကျန်းမာရေး သည် အကောင်းပကတိ။ နှလုံးအခြေနေကလည်း ကောင်း၊ သွေးပေါင်ချိန် က လည်း ငယ်ငယ်ရွယ်ရွယ်မိန်းမပျိုလေး တစ်ယောက် အတိုင်းပင်။ ရုတ်တရက် ချက်ချင်း သည်လိုအ ဖြစ်မျိုးနှင့် တွေ့ လိမ့်မည် ဟု ဘယ်တုန်းကမှ ကျွန်မ မထင်ခဲ့။
ညနေခြောက်နာရီတွင် အမေရှိရာ အပြင်ဆေးကုခန်း သို့ ကျွန်မ တယ်လီဖုန်း ဆက် ၍ စကား ပြောသည်။ ကျွန်မ လည်းအိမ်သို့ ပြန်လာမည် ဖြစ်ကြောင်း၊ ရောက်လျှင်ရောက်ချင်း အမေ့ဆီ လာခဲ့မည် ဖြစ်ကြောင်း ပြောလိုက်၏ ။ အမေကမယုံမရဲ၊ အသံတုန်တုန်ဖြင့် စကားတွေ ပြန်ပြော
၏ ။ ဒေါက်တာဘီက တယ်လီဖုန်းကိုကောက်ကိုင်ပြီး စနေနေ့ မနက်တွင် အမေ့ အရိုးကို ခွဲစိတ်ကုသ မည် ဟု ဆိုသည်။
ပြန်ရောက် ၍ သူ့ခုတင် အနီးသို့ ကျွန်မရောက်သွားသည့် အခါတွင် “နေနိုင်လိုက်တာအေ၊ နှစ် လ လုံးလုံး စာကလေး တစ်စောင်တောင် ရေး ဖော်မရဘူး” ဟု ပြောသည်။
ကျွန်မက မကြာသေးမီကမှ ခွဲခဲ့ရခြင်း ဖြစ်ကြောင်း၊ ရောမမှာ နေ ၍ စာတစ်စောင်ထည့်လိုက် သေးကြောင်း ပြန်ပြောသည့်အခါတွင် အမေသည် ကျွန်မစကားကို မယုံသည့်ဟန်ဖြင့် နားထောင်နေ သည်။ သူ့လက်နှင့် နဖူးမှာ ချစ်ချစ်တောက်လျက်၊ ပါးစပ်ကလည်း နည်းနည်း ရွဲ့နေသည်။ စကားပြော တော့လည်း မပီမသ ဗလုံးဗထွေး။ သတိလည်းသိပ်မကောင်းချင်၊ လဲကျသွားစဉ်က လန့်သွားသဖြင့် ထိုသို့ ဖြစ်နေသလောမသိ။ သို့ မဟုတ်လျှင်လည်း နည်းနည်း ပါးပါး လေဖြတ်သော ကြောင့် လဲကျသွား ခြင်းလောမဆိုနိုင်။ အမေသည် အမြဲတမ်းအကြောဆွဲနေတတ်သည်။အမြဲတမ်းကြီးတော့ မဟုတ်ပါ၊ ကြာတော့ကြာပါပြီ။ ဘယ်တုန်းက ဖြစ်ခဲ့သည်ကို ကျွန်မ မမှတ်မိတော့။ အမေသည် မျက်လုံးကို မကြာ ခဏစုံမှိတ်တတ်၏ ။ မျက်ခုံးသည် အထက်သို့ တက်သွားပြီး နဖူးတွန့်သွားတတ်၏ ။ သူ့အနားသို့ ကျွန်မ ရောက်ကတည်းက တချိန်လုံးထိုအတိုင်း ဖြစ်နေသည်။ တစ်စက္ကန့်ကလေးမျှ မရပ်။ ပြေချောဝိုင်းဝန်း သည့် မျက်ခွံများ အောက်သို့ ကျလာသည့်အခါတွင် မျက်လုံးကို လုံးဝဖုံးသွားတက်သည်။ လက် ထောက်ဆရာဝန် ဖြစ်သည့် ဒေါက်တာဂျေ လာကြည့်ပြီး ခွဲစိတ်ကုသဖို့ မလိုကြောင်း။ တင်ပဆုံရိုး ကျိုး သွားခြင်းမဟုတ်ဘဲ ရွေ့သွားခြင်းသာ ဖြစ်ကြောင်း၊ သုံးလလောက်အတွင်းတွင် ပြန်ကောင်းသွားမည် ဖြစ် ကြောင်းဖြင့် ပြောသည်။ အမေသည် စိတ်သက်သာရာရသွားပုံရ၏ တယ်လီဖုန်းနားသို့ ရောက်အောင် ဘယ်လိုပင်ပန်းတကြီးသွားရပုံ၊ သူဘယ်လို စိုးရိမ်ပုံ စသည်တို့ကို မပီမသနှင့် ပြောသည်။ အမေ့ကို ဆေးရုံသို့ ပို့လိုက်စဉ်က ည၀တ်အင်္ကျီဖြင့် ဖြစ်ပြီး ဘာအ၀တ်စားမျှ ပါမလာ။ နောက်တစ်နေ့တွင် မှ အော်လဂါက သွားတိုက်ဆေး၊ သွားပွတ်တံစသည့် ရေအိမ်သုံး ပစ္စည်းများ ၊ အော်ဒီကလုံး ရေမွှေး ပုလင်းနှင့် အိပ်ရာထဲတွင် ၀တ်သည့် အဖြူရောင် သိုးမွးဆွယ်တာ လှလှကလေးကို လာပို့သည်။ အော် လဂါကိုကျေးဇူးတင်ကြောင်း ပြောသည့် အခါတွင် အော်လဂါက “မလိုပါဘူး အန်တီရယ်၊ ကျွန်မက အန်တီကို ချစ်လို့လုပ်ပေးတာဟု ပြောသည်။ အမေသည် ထိုအကြောင်းကို တွေးရင်း ချစ်လို့ လုပ် ပေး တာတဲ့” ဟု မကြာခဏ ပြောတတ်သည်။
ထိုနေ့ ညနေတွင် အော်လဂါက “သူများ တွေ အပေါ်မှာ ၀န်ထုပ်ဝန်ပိုးကြီး ဖြစ်နေမှာ ကို စိုးတယ် တဲ့၊ စိတ်မကောင်းဘူးတဲ့၊ သူ့အတွက် တစ်ခုခု လုပ်ပေးရင်ကျေးဇူးတင်လို့ မဆုံးတော့ဘူး၊ မင်းသာမြင် ရင် ရင်ကွဲမှာ ”ဟု ပြောပါသည်။
အော်လဂါသည် ဒေါက်တာဒီကိုလည်း မကျေမနပ် ဖြစ်နေသည်။ သူ့ကိုမခေါ်ဘဲ ဒေါက်တာ လာဂရိုး ကိုခေါ်သဖြင့် ဒေါက်တာဒီ စိတ်ကောက်နေကြောင်း၊ ထို့ကြောင့် ကြာသာပတေးနေ့ က ဆေး ရုံသို့ လာမကြည့်ခြင်း ဖြစ်ကြောင်း ပြောသည်။
“ကိုယ် တယ်လီဖုန်းနဲ့ မိနစ်နှစ် ဆယ်လောက်ပြောတယ်၊ လဲလို့ လန့်သွားတုန်းကရော၊ ဆေးရုံ တင်တဲ့အခါမှာ ရော သူလာကြည့်ပြီး အားပေးဖို့ကောင်းတာပေါ့၊ ဒါပေမယ့် မလာဘူး ဆရာ”
ဘိုစ်ကမူ အမေ့ကို လေဖြတ်သည်ဟု မထင်။ လဲကျ၍ သူသွားထူစဉ်က အမေသည် လန့်သွားသလိုလို ဖြစ်သော်လည်း သတိကောင်းကောင်း ရနေကြောင်း၊သို့ ရာတွင် သုံးလအတွင်း ပြန်ကောင်းမည် ဆို သည်ကိုမူ သံသယ ရှိကြောင်းဖြင့် ပြောသည်။ တင်ပဆုံရိုး ကျိုးသည့်ကိစ္စသည် အသေးအဖွဲမျှသာ ဖြစ် ၏ ။ သို့ ရာတွင် အိပ်ရာထဲတွင် ကြာရှည်စွာ လှဲနေရသဖြင့် အိပ်ရာပူမိကာ အနာတွေ ပေါက်နိုင်သည်။ အသက်ကြီးသူများ ဆိုလျှင် တော် တော် နှင့် မပျောက်တော့။ လဲနေရခြင်းသည် အဆုတ်များ အတွက် ပင်ပန်းလှသည်။ ထိုစဉ် အဆုတ်ရောင် ရောဂါ ၀င်လာကာကိစ္စချောတတ်သည်။ ကျွန်မကား သည် လောက် စိတ်ထိခိုက်ခြင်း မ ဖြစ်ပါ။ အမေသည် ကြည့်တော့သာ ပါးပါးလှပ်လှပ်ကလေး ဖြစ်သော် လည်း အလွန်စိတ်ခိုင်သူ ဖြစ်ပါသည်။ သည်အသက် သည်အရွယ်မှ သေမည် ဆိုလျှင်လည်း သေ ပျော်သည့်အရွယ်သို့ ရောက်ပါပြီ။
ဘိုစ်က တယ်လီဖုန်းဆက်ထားသဖြင့် ကျွန်မညီမလည်း သိနေလေပြီ။ ကျွန်မသည် သူ့ထံ တယ်လီဖုန်း ဆက်၏ ။ “သူ တစ်ယောက် တည်းနေရတာ ကို နည်းနည်း မှ စိတ်မချဘူး” ဟုသူကပြော သည်။ သူတို့ဆီတွင် လာနေစဉ်က အမေသည် အိုစာကျသွားကာ ချည်နဲ့သွားသဖြင့် “အဘွားကြီး ဒီဆောင်းတွင်းမှ ခံပါ့မလားမသိဘူး” ဟု သူ့ယောက်ျား လီယွန်နယ်ကိုပင် ပြောမိသေးသည်။ တစ်ည တွင် မူ အမေသည် အကြီးအကျယ်ဗိုက်နာ၏ ။ ဆေးရုံသို့ ပို့ရောက်တော့မလိုပင် ဖြစ်ခဲ့သည်။ သို့ ရာတွင် မနက် ရောက်သည့်အခါတွင် သက်သာသွားခဲ့၏ ။ အမေ့ကို ကားဖြင့် ပါရီသို့ ပြန်ပို့ပေးသည့် အခါတွင် အ မေသည်ရွှင်လန်းကျန်းမာနေသည်ကို တွေ့ ၇၏ ။ စိတ်ထဲမှာ ကြည့်ပြီး ပေါ့ပါးနေတာပဲဟုပင် ပြောလိုက် သေးသည် ဆို ၏ ။ သို့ ရာတွင် ချော်မလဲမီ ဆယ်ရက်လောက်အလို အောက်တိုဘာလလယ်လောက် တွင် မူ ဖရန်စိုင်းဒိုင်တဲတို့က ကျွန်မထံ တယ်လီဖုန်းဆက်သည်။
“ ခုပဲ မင်းအမေ နေ့လယ်စာစားပြီး ပြန်လာတယ်၊ သူ့ ကျန်းမာရေး ကြည့်ရတာ ကိုယ် အားမရဘူး ၊ မင်းတို့ကို သိတိပေးဖို့ လိုတယ် ထင်လို့ ဖုန်းကောက်ဆက်တာ ” ဟုပြောသည် ။ ကျွန်မ ညီမသည် အကြောင်းတစ်ခုကို ရမယ်ရှာကာ ပါရီသို့ ချက်ချင်း ဆင်းသက်လာခဲ့ပြီး အမေ့ကို ဓာတ်မှန်ပါရဂူတစ်ဦးထံ ခေါ်သွားသည်။ ဓာတ်မှန်ပြား များ ကို စစ်ဆေးပြီးသည့်နောက်တွင် ဓာတ်မှန်ပါရဂူက “ဘာမှမစိုးရိမ်ပါနဲ့ ၊ အူထဲမှာ အလုံးတစ် ဖြစ်ပြီး ပိတ်နေတယ် ၊ အူ ပိနေတာ့ ၀မ်းတို့ဘာတို့ ကောင်းကောင်းသွားလို့ မရတော့ဘူးပေါ့ ၊ အမေကြီးက အစာတို့ဘာတို့ ကောင်းကောင်းမစားတော့ အဟာရဓာတ်ချို့ တဲ့နေတာပေါ့။ ကိစ္စမရှိပါဘူး ” ဟု သေသေချာချာပြောလိုက်သည်။ အမေ့ကို အစာကောင်းကောင်း စားရန် ပြောပြီး အစွမ်းထက်သည့် ဆေးများ ကိုလည်း ပေးလိုက်သည်။ ညီမ ဖြစ်သူ ပိုပေးကမူ “ ကျွန်မ ကတော့ စိုးရိမ်နေတယ်၊ တစ်ယောက် ယောက် ခေါ်အိပ်ဖို့ ပြောတာပဲ ၊ ဒါပေမဲ့ သူ့အခန်းထဲမှာ ဆွေမတော် မျိုးမစပ် မိန်းမ တစ်ယောက် နဲ့ မအိပ်ချင်ဘူးတဲ့ ” ပြောသည်။ သို့ ဖြင့် ကျွန်မ ပရတ်သို့ မသွားမီ အမေ့ကို ပါရီသို့ခေါ်ထားရန် ကျွန်မတို့ ညီအစ်မနှစ် ယောက် တိုင်ပင်ကြသည်။
နောက်တစ်နေ့တွင် လည်း အမေ့ပါးစပ်မှာ ရွဲ့မြဲရွဲ့နေပြီး စကားပြောရာတွင် လည်း မပီမသ ဖြစ်နေသည်။ ၀န်းဝိုင်းသော မျက်ခွံများ သည် မျက်လုံး ပေါ်သို့ တွဲ ကျကာ မျက်လုံးသည် တက်လိုက်ဆင်းလိုက် ဖြစ်နေသည်။ လွန်ခဲ့သည့် အနှစ် နှစ် ဆယ်လောက်က ဘိုင်စကယ်စီးရင်း လဲကျ၍ ကျိုးသွားသော ညာဘက်လက်မှာ ပြန်မကောင်းတော့ပြီ။ ထိုအထဲတွင် ယခုတစ်ကြိမ်တွင် လဲကျသဖြင့် ဘယ်ဘက်လက်လည်း နာနေရာ လက်နှစ် ဘက်လုံး မလှုပ်နိုင်တော့ပြီ။ သို့ရာတွင် ကံကောင်းသဖြင့် အမေသည် ပြုစုယုယမှု ကို ကောင်းစွာ ရရှိပါသည်။ ဆေးတိုက်က သူ့အခန်းမှာ လမ်းမနှင့် ဝေးသဖြင့် အသံဗလံတို့လည်း တိတ်ဆိတ်သည်။ ရှေ့တွင် ပန်းခြံတစ်ခုလည်းရှိသဖြင့် ရှုခင်းကောင်းသည်။ ခုတင်ကို နံရံအနီးသို့ ရွှေ့ပေးထားသဖြင့် နံရံတွင် တပ်ထားသော တယ်လီဖုန်းနှင့် လည်းနီးသည်။ အမေသည် လှဲနေသည်ဟု မရှိ ။ ခေါင်းအုံးကို ခုကာထိုင်နေတက်သည်။ သို့ ထိုင်နေခြင်းဖြင့် အဆုတ်များ အလုပ်လုပ်ရ လွယ်ကူစေသည်။ အမေ၏ လေမွေ့ရာမှာ လျှပ်စစ်စက်တစ်ခု ဖြင့် ဆက်သွယ် ထားသဖြင့် ဖောင်းလိုက်ပိန်လိုက် ဖြစ်နေသော ကြောင့် အနှိပ်ခံရသည့်နှယ် ဖြစ်နေသည်။ အိပ်ရာပူ အနာများ မ ဖြစ်အောင်စီမံထားခြင်း ဖြစ်သည်။ မနက်တုန်းက အမေ့ထံသို့ အကြောပါရဂူတစ်ဦး ရောက်လာပြီး ခြေထောက်များ ကို လေ့ကျင့်ခန်း လုပ်စေပါသည်။ ဤသို့ လုပ်ခြင်းဖြင့် ဘိုစ် ပြောသလို လေဖြတ်သည့် ရောဂါ မှ ကာကွယ်ခြင်း ဖြစ်ပုံရသည်။ သူ့အား အဖော်တစ်ဦးက အမဲသားစသည်တို့ကို လှီးပေးပြီး အစာကျွေးကြောင်း၊ အစာမှာ ကောင်းမွန်ကြောင်းဖြင့် အမေက မပီဝိုးတ၀ါးဖြင့် ကျွန်မကို ပြောပြသည်။ အမှန်အားဖြင့် မူ ဆေးရုံတွင် ထိုအစာများ ကို မကျွေးပါ။ ပူတင်းအကြမ်းနှင့် အာလူးလောက်ကိုသာ ကျွေးပါသည်။ လူမမာကို ပူတင်းကြမ်း ကျွေးသည်ကို ကျွန်မအံ့သြ နေပါသည်။ နောက်တစ်နေ့တွင် အမေသည် ခါတိုင်းထက် စကားပီလာပါသည်။ ထိုနေ့က တယ်လီဖုန်းရှိရာသို့ ရောက်အောင်ကြမ်းပြင်ပေါ်တွင် နှစ် နာရီလောက် တွားသွားရပုံကို အမေ ပြန်ပြောတတ်သည်။
“အနားမှာ တယ်လီဖုန်းရှိတာ တော် သေးတာပေါ့လို့၊ငါ့လိုပဲ တစ်ယောက် တည်းနေတဲ့ မဒမ်မာရွှန်း ကိုပြောပြရသေးတယ်၊ မတတ်နိုင်ဘူးလေ၊ တယ်လီဖုန်းဆီတော့ရောက်အောင် သွားရတာ ပေါ့” ဟုပြောတတ်သည်။ အမေသည် ထိုစကားလုံးကို မကြာခဏ ပြောတတ်သည်။
“အဲဒီ တယ်လီဖုန်းနားသာ ရောက်အောင်မသွားနိုင်အောင်မသွားနိုင်ခဲ့နိုင်ခဲ့ရင် အဲဒီ နေ့က ငါသေမှာ ပဲ”
အမေသည် တယ်လီဖုန်းပြောမည့် သာပြောသော်လည်း တစ်ဖက်က ကြားအောင် အော်နိုင်မည် မထင်။ ကျွန်မသည် အမေ့ဒုက္ခကို တွေးကြည့်မိလေသည်။အမေသည် ဘာသာတရားကို ကိုင်းရိုင်းသူ ဖြစ်ပါသည်။ သို့ ရာတွင် အသက်ကြီး၍ ချည့်နဲ့ကာ အိုမင်းတွင်းဆုံးကျလုနီးသည့်တိုင်
လူ့ဘ၀ကြီးကို အလွန်အမင် ခုံမင်တွယ်တာသူ ဖြစ်သည်။တိရစ္ဆာန်များ သေရမှာ ကို ကြောက်သလို သေရမည် ကို အလွန်ကြောက်သူ ဖြစ်ပါသည်။ အမေသည် သူမကြာခဏ မက်ဖူးသော ခြောက်အိမ်မက် တစ်ခု အကြောင်းကို ကျွန်မညီမအား ပြောပြတတတ်၏ ။
“ငါ့ကို နောက်ကလိုက်လာလို့ ပြေးလိုက်ရတာ အေ၊ လူ့ကိုမောနေတာပဲ၊ နောက်ဆုံးတော့ နံရံကြီးတစ်ခုတွေ့ တာနဲ့ ငါလည်းနံရံကြီးပေါ်ကို တက်ပြေးရတော့တာပေါ့။ ဒီနံရံကြီး ပေါ်က နေပြီးတစ် ဖက်ကို ခုံချမလို့တဲ့၊ နောက်ကလိုက်လာတာ ဘာမှန်းတော့မသိဘူး၊ ကြောက်လိုက်တာအေ၊ မပြောပါ နဲ့တော့၊ သေရမှာ ကို ဒီလောက်မကြောက်ပါဘူး၊ ခုန်ချလိုက်ရမှာ ကိုကြောက်တာ”
အမေက ကျွန်မညီမကို ပြောပြပါသည်။ ကြမ်းပေါ်တွင် ၀မ်းလျားထိုး သွားနေစဉ်က သူခုန်ချဖို့ အချိန်သည် ရောက်လာပြီကို အမေထင်ပုံရသည်။
“အမေ လဲကျသွားတုန်းက တော် တော် နာသွားတယ် ထင်တယ်” ကျွန်မမေးလိုက်သည်။
“ဟင့် အင်း မနာပါဘူး၊ လဲကျသွားမှန်းတောင်မသိလိုက်ဘူး”
အမေသည် သတိလက်လွတ် သွားဟန် တူပါသည်။ ခေါင်းထဲတွင် တရိပ်ရိပ် မူးသည်ကို မူ အမေမှတ်မိလိုက်၏ ။ဆရာဝန်ပေးသည့် ဆေးတွေ ကို သောက်ပြီးသည့် အခါတွင် ဒူးတွေ ညွတ်ညွတ် သွားသည်ကို သတိထားမိကြောင်းဖြင့် ပြောပြ၏ ။ ဒူးတွေ ညွတ်သွား သဖြင့် ကွပ်ပျစ်ကလေးပေါ်တွင် ခဏလှဲနေလိုက်ရသည်။ ကျွန်မတို့ ညီမ၀မ်းကွဲ မာသီက သူ့အခန်းမှ ဆေးပုလင်းများ ကို ယူလာသည့် အခါတွင် ဆေးပုလင်းများ ကို မသင်္ကာသဖြင့် ကျွန်မယူကြည့်မိသည်။ အမေက ထိုဆေးများ ကိုပင် ဆက် သောက်ချင်သည်။ ကျွန်မကမူ ထိုဆေးများ ကို မသောက်စေချင်တော့ပါ။
ထို့နေ့ ညနေတွင် ပါမောက္ခ ဘီ အမေ့ကို လာကြည့်သည်။ ဆရာထွက်သွားသည့်အခါတွင် ကျွန်မသည် ဆရာ့နောက်မှ လိုက်လာခဲ့၏ ။ နေပြန်ကောင်းလာလျှင် အလျင်တုန်းကလိုပင် လျှောက် နိုင်မည် ဟု ဆရာက ပြောပြသည်။
“အရင်ကလိုပဲ တောက်တောက်တောက်တောက်နဲ့ သွားနိုင်မှာ ပါ” ဟု ဆရာကပြောသည်။ အမေသည် အားနည်း၍ မူးမေ့လဲကခြင်း ဖြစ်သည်ဟု ဆရာထင်ပုံရသည်။ ၀မ်းပိုက်မကောင်းကြောင်း ကို ပြောပြသည့်အခါတွင် လည်း ဆရာသည် အရေး တကြီးထားပုံ မရ။ ဆိုင်ရာတို့က တင်ပဆုံရိုး ပြုတ် သည်ဟု မှတ်ချက်ရေး ထားသည့်အတွက် ဆရာကလည်း ထိုအတိုင်းပင် လက်ခံထားပါသည်။ နောက် မှ သမားတော် တစ်ဦးနှင့် စစ်ဆေးကြည့်ရမည် ဟု ဆိုပါသည်။
“နေပြန်ကောင်းသွားရင် အမေ အရင်ကလိုပဲ လမ်းပြန်လျှောက်နိုင်မှာ ပါ။ အဲ့ဒီတော့ ပုံမှန်ပြန် ဖြစ်သွားမှာ ပေါ့”
“အို၊ တော် ပြီ တော် ပြီ၊ ငါဒီအခန်းကို ဘယ်တော့မှ ပြန်မသွားတော့ဘူး၊ ဒီအခန်းကိုလဲ မကြည့် ချင်တော့ဘူး၊ အလကားနေပါဆိုတောင်မနေဘူး”
အမေသည် သူ့တိုက်ခန်းကလေးကို တော် တော် သဘောကျပါသည်။ မူလက နေခဲ့သည် ရူးဒီနီ လမ်းက တိုက်ခန်းကို တော် တော် မုန်းပါသည်။ အသက်ကြီး လာပြီးသည့် အခါတွင် စိတ်တိုလာသည့် အတွက်ကြောင့် တစ်ကြောင်း၊ သူ့စိတ်အားငယ် သည့် ရောဂါ ဆိုးလာသည့် အတွက်ကြောင့် တစ် ကြောင်း ထိုအခန်းလေးမှာ အဖေ၏ အော်ဟစ်ငေါက်ငမ်းသံ တို့ဖြင့် ညံနေတတ်ပါသည်။ အဖေနှင့် ကျွန် မအဘွားတို့ ရှေ့ဆင့်နောက်ဆင့် ကွယ်လွန်ပြီးသည့် နောက်တွင် အမေသည် သူ့အတိတ်ဟောင်းနှင့် လမ်းခွဲ ချင်ပုံ ရပါသည်။ သူ့အသိ တစ်ယောက် မှာ ခေတ်ဆန်ဆန် တိုက်ခန်းကလေးတစ်ခုကို ဌားနေရာ အမေသည် ထိုခေတ်ဆန်ဆန်တိုက်ခန်းလေးကို တော် တော် သဘောကျသည်။ ထိုနှစ် မှာ ၁၉၄၂ ခုနှစ် ဖြစ်ရာ ထိုစဉ်က ယခုလောက်နေရာလထိုင်ခင်း မရှားသေးသဖြင့် အမေသည် သူ့စိတ်ကြိုက် ခေတ် ဆန်ဆန် တိုက်ကလေးတစ်ခုသို့ ပြောင်းနေနိုင်ခဲ့သည်။ အမေသည် အရင်အိမ်တုန်းက သုံးသည့် သပြေသီးမှည့်ရောင် သစ်တော် သားစားပွဲကြီး၊ ဒုတိယ ဟင်နရီဘုရင်ခေတ်သုံး ထမင်းစားခန်း ကုလား ထိုင်စားပွဲများ ၊ နှစ် ယောက် အိပ်ခုတင်ကြီးနှင့် ဂရင်းပီယာနိုကြီးကို ရောင်းပစ်ခဲ့သည်။ ကျန်ပရိဘောဂ များ နှင့်ကော်ဇောအနီအဟောင်းကြီးကိုမူ ယူလာခဲ့သည်။ ကျွန်မ ညီမဆွဲသည့် ပန်းချီကားများ ကို နံရံတွင် ချိတ်၏ ။ အိပ်ခန်းထဲတွင် ကွပ်ပျစ်တစ်လုံးကို ထားသည်။ အမေသည် အတွင်းလှေကားကို ဆင်းလိုက် တက်လိုက်ဖြင့် ပျော်နေသည်။ ကျွန်မကမူ ထိုနေရာကို သိပ်မကြိုက်လှပါ။ သူ့အခန်း မှာ ဒုတိယထပ် တွင် ရှိပြီး ပြတင်းပေါက်များ ရှိသည့်တိုင် အလင်းရောင် ကောင်းကောင်းမရချင်။ အိပ်ခန်း၊ မီးဖို ခန်းနှင့် ရေချိုးခန်းစသည့် အပေါ်ထပ်အခန်းများ မှာ အမြဲလိုလို မှော င်နေတတ်ပြီး တက်ရဆင်းရ ခက်သဖြင့် အမေသည် ထိုအခန်းများ မှာ ပင် တစ်နေ့လုံးအချိန်ကုန်တတ်သည်။ ထိုအခန်းတွင် အမေနေလာခဲ့သည်မှာ အနှစ် နှစ် ဆယ်လောက်ရှိပြီ ဖြစ်သဖြင့် နံရံများ ၊ ပရိဘောဂများ နှင့် ကော်ဇော ကြီှးမှာ လည်း စုတ်ပြတ်ညစ်ပတ်နေလေပြီ။ ၁၉၆၀ ခုနှစ် တွင် တိုက်ပိုင်ရှင်ပြောင်း၍ လူငှားများ ကို နှင် မည် ဟုကြားသည့်အခါတွင် အမေသည် သီလရှင်ဇရပ်တစ်ခုတွင် သွား၍ မေမည် ဟု စိတ်ကူးသေး၏ ။ သို့ ရာတွင် သူ့စိတ်ကြိုက်ဇရပ်ကလည်း ရှာမတွေ့ နိုင်ပါ။ သူ့နေရာဟောင်းကိုလည်း သူတွယ်တာနေလေ ပြီ။ အိမ်ငှားကို အလွယ်တကူ နှင်မချနိုင်ကြောင်းသိရလေသော အခါတွင် ကား အမေသည် ဘယ်ကိုမှ မပြောင်းတော့ပဲ ထိုအခန်းမှာ ပင် ဆက်နေခဲ့သည်။ သူနေပြန်ကောင်းလာလျှင် သက်သော င့်သက်သာ နေနိုင်မည့်  ဇရပ်တစ်ဆောင်ကို လိုက်ရှာ၇မည် ။
“စိတ်ချပါ အမေရယ်၊ ဒီတိုက်ခန်းကို အမေပြန်မသွားရပါဘူး၊ ကျွန်မရှာပေးပါ့မယ်” ဟု ကျွန်မ ပြောရသည်။
တနင်္ဂနွေနေ့ အထိ သူ့မျက်ခွံများ မှာ မျက်လုံးပေါ်သို့ တွဲ ကျနေဆဲ။ သတိကလည်း မကောင်း ချင်သေး၊ စကားပြောသည့်အခါတွင် လည်း ခပ်လေးလေး ဖြစ်နေသည်။ အမေသည် သူ့နောက်က အလိုက်ခံရကြောင်းကို နောက်တစ်ကြိမ် ပြောပြန်သည်။ သို့ ရာတွင် ဆေးတိုက်သို့ ပိုးထားသည့် အတွက်မူ သူစိတ်သက်သာရာ၇သည်။ အမေသည် အပြင်ဆေးကုခန်းကို တော် တော် အားကိုးဟန် တူ၏ ။
“ဆေးရုံမှာ ဆိုရင် ငါ့ကို မနေ့တည်းက ခွဲစိတ်ပြီးလောက်ပြီ၊ ခုဆေးခန်း ကတော့ ပါရီမှာ အကောင်းဆုံး ဆေးခန်းလို့ထင်တာပဲ” ဟု အမေက ပြောသည်။ အမေသည် တစ်စုံတစ်ခုကို ချီးမွမ်းချင်လျှင် အခြား တစ်စုံတစ်ခုကို ကဲ့ရဲ့ပြစ်တင်မှ ပြည့်စုံသည်ဟု ထင်သလောမပြောတတ်။ အနီးရှိ ဆေးတိုက်တစ်ခုကိုလည်း ကဲ့ရဲ့လိုက်သေးသည်။
“ဒီဆေးခန်းက ဂျီဆေးခန်းထက် ကောင်းတယ်ဆိုပဲ၊ ဂျီဆေးခန်း ကတော့အလကားပဲတဲ့”
တနင်္လာနေ့ ကျွန်မ ရောက်သွားသည့်အခါတွင် “ငါအိပ်မပျော်တာဘယ်နှစ် ကမ္ဘာလောက် များ ရှိပြီလဲမသိဘူး” ဟုပြောပါသည်။ အမေ့ကိုကြည့်ရသည်မှာ ပုံမှန် ပြန် ဖြစ်လာပါသည်။ အသံက ကြည် လင်ပီသ၍ မျက်လုံးများ ကလည်း အနီးပတ်ဝန်းကျင်ကို ကောင်းကောင်းသတိပြု မိပါသည်။
“ဒေါက်တာလာထရိုးဆီကို ပန်းစည်းကလေးတစ်စည်းလောက်တော့ ပို့ဖို့ကောင်းတယ်” ဟု ပြောသဖြင့် ပို့ပေးမည် ဖြစ်ကြောင်း ကျွန်နကပြောရသည်။
“ပြီးတော့ ငါ့ကို လာကြည့်တဲ့ ရဲသားတွေ ကိုရော တစ်ခုခုပေးဖို့ကောင်းတယ်၊ သူတို့ခမျာ ငါ့အတွက် တော် တော် ဒုက္ခခံကြရရှာတာ”
မလိုကြောင်း ကျွန်မက မနည်းပြောယူရသည်။
အမေသည် ခေါင်းအုံးကို ကျောမှီလိုက်ပြီးနောက် ကျွန်မကို စေ့စေ့ကြည့်ကာ ပြတ်သားစွာ ပြောသည်။
“ငါ့ခန္ဓာကိုယ်ကြီးကို တော် တော် အလုပ်ပေးခဲ့ပြီးပြီ၊ ငါလည်းမောလှပြီ၊ သိပ်မခံနိုင်တော့ဘူး၊ အိုမင်းမစွမ်းတော့ မဟုတ်သေးပါဘူး၊ ဒါပေမဲ့ ကိုယ်အခြေအနေကိုယ်သိမှ ဖြစ်မယ်လေ၊ နောက်ဆယ့် လေးငါးရက်ဆိုရင် ငါအသက် ၇၈ ပြည့်တော့မယ်၊ ရ၈နှစ် ဆိုတာ နည်းတဲ့အသက်မဟုတ်ဘူး၊ ဒီတော့ ကိုယ့်ဘာသာကိုယ် ဆင်ဆင်ခြင်ခြင် နေမှ ဖြစ်မယ်၊ အခန်းသစ်တစ်ခန်း စရတော့မှာ ပေါ့အေ”
ကျွန်မသည် အမေ့ကို မြတ်နိုးစွာ ကြည့်နေမိပါသည်။ ယခင်က အမေသည် သူ့ကိုယ်သူ ကြီးသည်ဟု မထင်၊ ခပ်ငယ်ငယ် ဟုပင် အောက်မေ့ခဲ့၏ ။ တစ်ခါတွင် သူ့သမက်က သူ့ကိုသတိပေးရာ အမေသည် စိတ်ဆိုး မာန်ဆိုးဖြင့်
“ငါအိုပြီဆိုတာ ငါဘာသာသိသဟဲ့၊ အိုတော့ ဘာ ဖြစ်သလဲ၊ နောက်မှာ ငါ့ကို အိုစကားလာ မပြောနဲ့” ဟုပြောဖူးသည်။
ယခု နှင်းမြူဝိုးဝါးထဲတွင် သုံးရက်ကြာမျှ မြောပါနေပြီးနောက် အမေသည် သူ့သက်တမ်း ၇၈ နှစ် ကို ရင်ဆိုင်ရန်ခွန်အားတွေ ရုတ်တရက် ၇လာခဲ့သည်။ အမြင်ကြည်လင်သွားပြီ။ ပိုင်းဖြတ်မူ ရှိလာ ခဲ့ပြီ။ ကဏ္ဍသစ်တစ်ခုကို စသည်ဟု ပြောနေပြီ။
အဖေဆုံးပြီးကတည်းက အမေသည်ကဏ္ဍသစ် တစ်ရပ်ကို အံ့သြဖွယ်သတ္တိဖြင့် ရင်ဆိုင်ခဲ့၏ ။ အမှန်အားဖြင့် အဖေဆုံးသည့်အခါတွင် အမေသည် အကြီးအကျယ်စိတ်ထိခိုက်ခဲ့သည်။ သို့ ရာတွင် အမေသည် အတိတ်ညွန်ထဲတွင် အနစ်မခံ၊ လင်သံယောဇဉ် ပြတ်တောက်သွားသည့် အခါတွင် အမေ သည် ထိုအခွင့်အရေး ကိုယူ၍ သူ့အကြိုက် နှင့် အညီ သူ့ဘ၀ကိုပြနထူထောင်ခဲ့သည်။ အဖေဆုံးသည့် အခါတွင် အမေ့အတွက် တစ်ပြားတစ်ချပ်မှ မထားနိုင်ခဲ့။ ထိုစဉ်က အမေသည် ငါးဆယ့်လေးနှစ် ရှိနေ လေပြီ။ အမေသည် သင်တန်းများ ကို တက်၏ ။ စာမေးပွဲများ ကို ဖြေခဲ့၏ ။ ဘွဲ့လက်မှတ် တစ်စောင်ယူ ကာ ကြက်ခြေနီ အသင်းတိုက်တွင် စာကြည့်တိုက်မှူး ရအောင် လုပ်နိုင်ခဲ့၏ ။ အလုပ် သွားရန်အတွက် နောက်တစ်ကြိမ် ဘိုင်စကယ်စီးသင်ခဲ့သည်။ စစ်ပြီးသည့်အခါတွင် လည်း အနားမနေ။ အိမ်တွင် စက်ချုပ်ဆိုင်တစ်ခု ထောင်ရန် စိတ်ကူး သည်။ ထိုအချိန်တွင် ကျွန်မလည်းအမေကိုထောက်ပံ့နိုင်သော အခြေအနေတွင် ရှိနေပြီ။ သို့ ရာတွင် အမေသည် အအားနေတတ်သူ မဟုတ်ပါ။ သူ့စိတ်ကြိုက် လွတ်လွတ်လပ်လပ် နေချင်သူပီပီ သူ့တွင် လုပ်စရာတွင် တစ်ပုံတစ်ပင်ပေါ်လာကာ အလုပ်နှင့် လက်မပြတ်အောင် ရှိခဲ့သည်။ အမေသည် ပါရီမြို့ပြင်ရှိ ကျန်းမာရေး စခန်းတစ်ခုတွင် စေတနာ့ဝန်ထမ်း စာကြည့်တိုက်မှူး သွားလုပ်၏ ။ ရက်ကွက်ထဲရှိ ဗရင်ဂျီ အသင်းတစ်ခုမှ စာကြည့်တိုက် တစ်ခုတွင် လည်းသွား၍ စေတနာ့ဝန်ထမ်း အလုပ်လုပ်လိုက်သေး၏ ။ စာအုပ်တွေ ကို ကိုင်တွယ်နေရလျှင်၊ စာအုပ်တွေ ကို ဖုံးအုပ်နေရလျှင်၊ စာအုပ်တွေ ကို စီနေရလျှင်၊ စာကြည့်တိုက် လက်မှတ်တွေ ကို ထုတ်ပေးနေရ လျှင် စာဖတ်သူများ ကို အကြံဥာဏ်ပေး နေရလျှင် အမေသည် မောသည်မရှိ။ အမေသည် ဂျန်မန် ဘာသာနှင့် အီတလီဘာသာကိုလည်း သင်လိုက်သေးသည်။ အင်္ဂလိပ်စာ ကိုလည်း ပြန်၍ လေ့လာလိုက်သေးသည်။ ဇာထိုး ပန်းထိုး ကလပ်များ သို့ သွားပြီး ပန်းထိုးပေး၏ ။ အလှူပွဲများ ၊ နိဗ္ဗန်ဈေးများ တွင် လည်း ကူရောင်းပေး၏ ။ ဟောပြောပွဲ ဆိုလျှင်လည်း အမေရှေ့ဆုံးမှ ရောက်သည်သာ။ အမေ့တွင် မိတ်ဆွေသစ်များ မနည်း။ မိတ်ဟောင်းဆွေဟောင်း တွေ နှင့် လည်း အဆက်မပြတ်ပေ။ အဖေ “ဂဂျီကဂျောင်” ကျသဖြင့် အဆက်ပြတ်ခဲ့ရသော ဆွေမျိုးတွေ နှင့် လည်း ပြန်၍ ဆက်၏ ။ သူ့အခန်းလေးသို့ ဖိတ်၍ သူတို့ကို ဖိတ်ကျွေးရသည်မှာ လည်း မကြာခဏပင်။ သို့ ဖြင့် အမေသည် အဖေရှိစဉ်က သူမလုပ်ခဲ့သည်ကို အတိုးချ၍ လုပ်နိုင်ခဲ့သည်။ ခရီးတွေ သွားနိုင်ခဲ့သည်။ ခြေထောက်တွေ ကို တောင့်တင်းလာစေသည့် အရိုးကျီးပေါင်းတက် ရောဂါ ကိုလည်း အမေသည်ဇွဲရှိရှိ တိုက်ခဲ့၏ ။ ကျွန်မ ညီမငယ် ဗီယင်နာတို့၊ မီလန်တို့ နေစဉ်ကလည်း သွားမိအောင် သွားလိုက်သေးသည်။ နွေတွင် အမေသည် ဖလောရင့် နှင့် ရောမလမ်းမ တကာတို့တွင် ရောက်နေပြီ။ ဘယ်လဂျီယန်နှင့် ဟော်လန်တို့တွင် ရှိသည့် ပြတိုက်များ ကိုလည်း သူ့လျှောက်ကြည့် သည်။ လေဖြတ်ခါနီး တော့မှပင် အမေသည် ကမ္ဘာတစ်ခွင် ခရီးပြင်းနှင်သည့် အလုပ်ကို ရပ်လိုက်ခြင်း ဖြစ်သည်။ သို့ တိုင်အောင် သူ့ညီမတွေ ၊ မိတ်ဆွေတွေ က ပါရီမြို့ပြင်သို့ ဖြစ်စေ၊ ကျေးလက်သို့ ဖြစ်စေ ဖိတ်လျှင် အမေသည် မည် သူ တား၍ မျှမရ။ နောက်တစ်ကြိမ် မစဉ်းစားဘဲ ကောက်ကာငင်ကာ ထသွားတတ်သဖြင့် သူ့ကို ရထားစောင့်က တွဲ ပေါ်သို့ ချီပိုးတင်ရသည်ကလည်း အကြိမ်ကြိမ်၊ အမေအပျော်ဆုံးမှာ မော်တော် ကားဖြင့် အရီးသွားခြင်း ဖြစ်သည်။ မကြာသေးမီကပင် သူ့မြေးတူမ ကတ်သရင်းက သူ့စစ်ထရွန်ကားစုတ်ကလေးဖြင့် မေရီညက်သို့ ခေါ်သွားရာ အမေသည် ညကြီး မင်းကြီးမှာ ပင် မိုင်သုံးရာခရီးကို မပင်မပန်းလိုက်သွားခဲ့သည်။ ကားပေါ်မှ ဆင်းလာသည့်အခါ၌ အမေသည် ပွင့်ခါစ ပန်းပွင့်လို လန်းဆန်းလျက်။
အမေ ဖျက်လတ်သွက်လက်ပုံကို ကြည့်၍ ကျွန်မမှာ အံ့သြမဆုံးတော့။ သူ့သတ္တိကိုလည်း ကျွန်မ မလေးစားဘဲ မနေနိုင်။ စကားပြောနိုင်သည်နှင့် တစ်ပြိုင်နက် မမေသည် ထိတ်လန့် တုန်လှုပ် စေသည့် စကားများ ကို အဘယ်ကြောင့် များ ပြောနိုင်လေသနည်း။ သူလေဖြတ့်၍ ဆေးရုံရောက်သည့် ပထမ ည အကြောင်းကို ကျွန်မပြောပြသည့်အခါ ကျွန်မသည် ကျောစိမ့်နေသည်။
“အောင်တန်းစား မိန်းမတွေ အကြောင်း ညည်းလဲသိသားပဲ၊ ဆေးရုံက သူနာပြုဆရာမ တွေ လေ၊ ဒီကောင်မတွေ ဟာ ငွေညှစ်ဖို့လောက်ပဲ သိကြတာ”
အလိုအလျောက် အသက်ရှုသကဲ့သို့ ထိုစကားလုံးများ သည် လည်း သူ့ပါးစပ်မှအလို အလျောက် ထွက်လာသော စကားလုံးများ ဖြစ်ပါသည်။ သို့ ရာတွင် ထိုစကားလုံးများ သည် သူ့စိတ်ရင်း တိုင်း ပြောသည့် စကားလုံးများ ဖြစ်ပါသည်။ ထိုစကားလုံးများ ကို နားထောင်ရင်း ကျွန်မစိတ်မကောင်း ခြင်းကြီးစွာ ဖြစ်ရပါသည်။ သူ့ကို ကြည့်တော့ ဝေဒနာကို ခံစားနေရသည့် လူမမာ။ ထို လူမမာ တစ်ယောက် ၏ ခေါင်းထဲတွင် ထိုမျှရင့်သီးသော အတွေးတွေ ၀င်နေသည်ကို စဉ်းစားမိသည့် အခါတွင် ကျွန်မတော် တော် စိတ်ထိခိုက်ပါသည်။
အမေ့ခုတင်အနီးသို့ အကြောကု အထူးဆရာဝန်ကြီးရောက်လာကာ စောင်ကို ခွာပြီးနောက် အမေ့ခြေထောက်ကို ကိုင်ကြည့်သည်။ အမေသည် ဆေးရုံအ၀တ်အစားကြီးကို အောက်ခံမပါ ဘာမပါ ၀တ်ထားသည်။ အမေ့ဝမ်းဗိုက်မှာ ၀မ်းရေတွေ အစင်းအစင်းတွန့်နေပြီး ပြောင်တင်းနေသော မိန်းမ ကိုယ်ကလည်း ဟောင်းလောင်း ဖြစ်နေပါသည်။
“အခုတော့ အရှက်လဲ ကုန်ပါပြီအေ” ဟု အမေက အံ့သြသံဖြင့် ပြောသည်။
ကျွန်မက……………..
“ဒီအရွယ်ရောက်မှတော့ ဘာရှက်စရာရှိသေးလဲ အမေရယ်”
ပြောမည့် သာ ပြောရသည်။ ကျွန်မ မမြင်ရက်ပါ။ ထို့ကြောင့် မျက်နှာကို တခြားသို့ လွှဲထားကာ ဆေးတိုက်ပေါ်က လှမ်းမြင်ရသော ပန်းခြံကို စိုက်ကြည့်နေလိုက်သည်။ အမေ့အား ဗလာကိုယ်တီး မြင်ရသည်ကို ကျွန်မ မမြင်ရက်။ မမြင်ချင်။ ကျွန်မသည် အနတ္တသဘောကို အသင့်အတင့်နှလုံးသွင်း နိုင်သူ ဖြစ်သည်ဟု ထင်ပါသည်။ ကလေးတုန်းကမူ ကိုယ်ခန္ဓာကိုယ်ကြီးကို စက်ဆုပ် မုန်းတီးလာ၏ ။ ထိုသို့ မြင်ခြင်းသည် သဘာဝ ကျသည်ဟုလည်း ကျွန်မ ထင်ပါသည်။ ယခု အမေ့၏ ခန္ဓာကိုယ်ကို မြင်ရ သည့်အခါ၌ စက်ဆုပ်ခြင်းနှင့် မြတ်နိုးခြင်းဟူသော ဆန့်ကျင်ဘက် ခံစားချက် နှစ် မျိုးပေါ်ပေါက်လာ ခြင်းမှာ လည်း သဘာဝကျသည်ဟု ကျွန်မ ထင်ပါသည်။ သို့ တိုင်းအနတ္တသဘောကို ဤမျှရှုနိုင်ပါ လျက် ကျွန်မတုန်လှုပ်ချောက်ချားနေခြင်းကို ကျွန်မအံ့သြနေသည်။ အမေက သူ့ခန္ဓာကိုယ်ကို ဘာမျှ အရေး မကြီးသည့်နှယ် ပေယျာလကန်ပြုနေသည်ကို မြင်ရသည့်အခါတွင် ပို၍ စိတ်ထိခိုက်ခြင်း ဖြစ် ရသည်။ အမေသည် တစ်သက်လုံး ထိန်းသိမ်းဖုံးကွယ်လာခဲ့သည် တို့ကို စွန့်လွှတ်လိုက်လေပြီ။ ကျွန်မသည် ထိုအတိုင်း ကြည့်နေရုံသာ ရှိတော့သည်။
တစ်ခါကမူ ထိုဥတုဇရုပ်ကလာပ်ကြီးသည် မိုက်မဲသော အရှိန်အဟုန်ဖြင့် ခုတ်မောင်းလျက်ရှိသ ဖြင့် ဇီဝရုပ် တည်းဟူသော နာမ်ဓာတ် လှုပ်ရှားနေသည်ဟု ထင်ရ ၏ ။ သို့ ရာတွင် အမေက ဥပေက္ခာပြု လိုက်သည်နှင့် ထိုခန္ဓာကိုယ် အတ္တဘောကြီးသည် အတ္တဘောကြီးမှလွဲ၍ အခြားဘာမျှ မဟုတ်တော့ သော အရာအ ဖြစ်သို့ တစ်မုဟုတ်ချင်း ပြောင်းလဲသွားခဲ့လေပြီ။ ကိုယ်ခန္ဓာ အတ္တဘောကြီးသည် ရုပ် ဆောင်နေသော အပုပ်ကောင်ကြီးနှင့် မခြားတော့ပြီ။ ကျွမ်းကျင်သူတို့ လက်တွင် မှော က်လိုမှော က် လှန်လိုလှန် အလုပ်ခံနေရသော အကာအကွယ်မဲ့ သနားဖွယ် အလောင်းကောင်ကြီးနှင့် မခြားတော့ပြီ ကျွန်မ အမေဟုပင် ထင်သည်။ ထို အတ္တဘောကြီးသည် တစ်နေ့တွင် ချုပ်ငြိမ်ပျောက်ကွယ် သွားရ တော့မည် ဟု တစ်ခါမျှ ကျွန်မ လေးလေးနက်နက် မစဉ်းစားမိခဲ့။ ယခုမှပင် အမေသည် သေဒဏ် စီရင် ချက်အဆိုင်းခံထားရသည့် အလောင်းကောင်းကြီး တစ်ခုဟု ပထမဆုံးအကြိမ် ကျွန်မ သဘောပေါက် ခဲ့သည်။ ယခုမှပင် အမေသည် သေဒဏ်ဏ်ရင်ချက် အဆိုင်းခံထားရသည့် အလောင်းကောင်ကြီး တစ်ခုဟု ပထမဆုံးအကြိမ် ကျွန်မ သဘောပေါက်လာခဲ့သည်။
မိန်းမတို့အကြောင်း | မှောင်မိုက်မှာငို | တိမ်းရှောင်သူ |